YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Song of the Moon E27 CM.mp4

378.99 MB N/A video/mp4 247 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Gumraah
5

Gumraah 2023 (Imdb 6.4/10) နာမည်ကြီးတွေဖြစ်တဲ့ အဒီတရာကပူးရ်နဲ့ Super 30 ကားထဲက မင်းသမီးချော မရူနယ်သာကာတို့နဲ့အတူ တက်သစ်စမင်းသမီးချောလေး ဗီဒီကာ ပင်တိုတို့ ဦးဆောင်ပါဝင်ထားတဲ့ ရုံတင်စုံထောက်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ဇာတ်လမ်းအစမှာတော့ အိမ်တစ်ခုထဲမှာတွေ့ရတဲ့ အလောင်းကနေစပါတယ် စုံထောက်မင်းသမီးက ဆားပုလင်းနှင်းမောင်ဆန်ဆန်ပဲ လူသတ်မှုကို ဘေးကကြည့်နေတဲ့အတိုင်း ဘယ်အပေါက်ကဝင် ဘယ်အပေါက်ကထွက် ဘယ်လိုသတ်ပြီး ဘယ်နားမှာဘာရှိတယ်ဆိုပြီး ကြွယ်ပြပြီးတော့ ဘေးပတ်ဝန်းကျင်ဘာညာ လူတွေကို စစ်မေးအပြီးမှာ သံသယရှိဖွယ်လူတစ်ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ် ပြသနာက အဲ့လူကိုဖမ်းပြီးမှ နောက်ထပ်အဲ့လူနဲ့ချွတ်စွပ်တူတဲ့ လူတစ်ယောက်က စခန်းကို ထပ်ရောက်လာတဲ့အခါမှာ ရုပ်ချင်းတူတဲ့လူနှစ်ယောက်က ဘာတွေလဲ လူသတ်မှုကို ဘယ်သူကကျူးလွန်ခဲ့တာလဲ ဘာကြောင့်ကျူးလွန်ခဲ့တာလဲ စသည်ဖြင့် ရင်ခုန်ခံစားကြည့်ရှုရမှာဖြစ်ပြီး ဇာတ်လမ်းအဆုံးထိ နောက်ကြောင်းပြန်လိုက် အမှုကိုစုံစမ်းလိုက်နဲ့ မရိုးအောင်ကြည့်ရမယ့်အပြင် မင်းသားမင်းသမီးချောလေးတွေကလည်း အဆစ်ပါသေးတာမို့ CM bollywoodပရိသတ်ကြီးတို့ လက်မလွှတ်တမ်း ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ် အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM bollywood Team ကနေ တင်ဆက်ပေးထားပါတယ် File size…1.87GB / 830MB Quality…1080p HD RIP  / 720p HD RIP Format…mp4 Duration….2h 5mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai~Aditi~Chiclon3~Zwe Yan Naing

Comedy • Drama
5 2023 130 mins
Gumraah
The Raven
6.3

The raven 2012 ကွင်းဆက်လူသတ်သမား စုံထောက်ဇာတ်လမ်းမျိုးကိုမှ ၁၈၀၀ ပြည့်နှစ်ကာလကို အခြေခံထားပြီး ခမ်းခမ်းနားနားရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ မင်းသားတွေကလဲ 2012 ကမ္ဘာပျက်ဇာတ်ကားထဲက john cusack နဲ့ Dracula untold မင်းသား luke evans တို့ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကဗျာဆရာ၊ စာရေးဆရာ အက်ဒ်ဂါအလန်ပိုး ရဲ့ ပရိသတ်တဦးဖြစ်သူ လူသတ်သမားက ပိုးရဲ့ စိတ်ကူးယဉ်လူသတ်ဇာတ်လမ်းတွေကို အခြေခံပြီး လူသတ်မှုတွေစတင်ကျူးလွန်ခဲ့ပြီး ပိုးရဲ့ချစ်သူကိုပြန်ပေးဆွဲကာ သူမရှိရာနေရာကိုလာဖို့ လူတယောက်သတ်ပြီးတိုင်း သဲလွန်စတွေချန်ထားပေးတာတွေကနေတဆင့် လူသတ်သမားကိုဖော်ထုတ်နိုင်မလား ပိုးရဲ့ချစ်သူကိုရော အချိန်မီကယ်တင်နိုင်မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကစိတ်ကူးယဉ်ဇာတ်လမ်းဆိုပေမယ့် အက်ဒ်ဂါအလန်ပိုးရဲ့ ကဗျာတွေ ပုံပြင်ဇာတ်လမ်းတွေကတော့ ပိုးရဲ့စာအုပ်တွေထဲကယူသုံးထားတာတွေဖြစ်ပါတယ်။ File size…  1.1 GB /  489 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 51m Genre ..... Thriller , Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Chit Min Thu

Drama • History • Romance
6.3 2012 111 mins
The Raven
Sin City
7.4

ဇာတ်လမ်းလေးပုဒ်ပါတယ်။အဲ့ဒီလေးပုဒ်လုံးရဲ့ Time Lineကဆက်နေတယ်။ဘာကအရင် ဘာကနောက်ဆိုတာကိုတော့ ပရိတ်သတ်ကို Mind Blowningလုပ်ဖို့ချန်သွားတယ်။ ဒါကလည်း အရသာတစ်မျိူးပါပဲ။ နံပါတ်၂ဇာတ်လမ်းဆို ကျွန်တော်ဖတ်ဖူးတဲ့ဘာသာပြန် ၀တ္တုတစ်ပုဒ်ကိုတောင် သတိရစေတယ်။ မောင်မိုးသူရဲ့သေနေ့။ အဲ့ဒီ၀တ္တုထဲမှာ ရောဂါနဲ့သေတော့မယ့်အမျိုးသမီး တစ်ယောက်က သူ့ကိုယ်သူသတ်ဖို့ တစ်ဆင့် လူသတ် သမားငှားထားတယ်။ ဘယ်သူလဲ သူမသိရဘူး။ ရောဂါရှိတယ်ဆိုတာကမှားနေတော့ လူသတ်သမားလက်က သူပြေးဖို့ဖြစ်လာတယ်။ ဒီထဲက Customer always Rightဆိုတဲ့အပိုင်းဟာ အဲ့ဒီ၀တ္တုကို တခြားအမြင်ကပြထားသလိုပါပဲ။ Customer Always Rightက အတော်အနုပညာ ဆန်သလို ကျန်တဲ့ သုံးပိုင်းကလည်း မနုံနဲ့ဘူး။ Crimeကားတွေကြိုက်တဲ့လူဖြစ်ဖြစ် Actionကားတွေကြိုက်တဲ့လူဖြစ်ဖြစ် ဇာတ်အိမ်ဆန်းတာတွေ ကြိုက်တဲ့လူဖြစ်ဖြစ်မကြည့်ရသေးလို့ ကြည့်ပြီးရင်တော့ . . . လွန်ခဲ့တဲ့ဆယ့်ငါးနှစ်ကထွက်ခဲ့တဲ့ ရုပ်ရှင်ကို ဆယ့်ငါးနှစ်လုံးမကြည့်ခဲ့မိလို့ နောင်တ ရမယ့်ရုပ်ရှင်မျိုးပါပဲ။ Sin City အဆက်အနေနဲ့ Sin City: A Dame to Kill For (2014) ဆက်လက်ထွက်ရှိခဲ့ပြီး ဒီမှာ https://channelmyanmar.org/sin-city-a-dame-to-kill-for-2014/ ကြည့်ပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(4.8 GB)/(2 GB) Quality….BluRay(Unrated.Recut.Extended Version)1080p HEVC/720p Format…mkv/mp4 Duration….02:21:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by WiRa Aung

Adventure • Comedy • Family • Fantasy
7.4 2005 124 mins
Sin City
Dangerous Methods
4

အလက်ဆာ ဟာ ဟောလီးဝုဒ်မှာလုပ်ကိုင်နေတဲ့ ရည်မှန်းချက်ကြီးသူ လက်‌ထောက်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အထက်လူကြီးဖြစ်သူ ရှယ်ရွန်ဝါးမန်းဟာ နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဒက်စမွန်ဂေ့ဂျ်ရဲ့ လက်ထောက် လုပ်ပေးဖို့ ကမ်းလှမ်းလာပါတယ်။ အလက်ဆာလည်း ပိုက်ဆံလည်းရမယ် ရာထူးလည်းတိုးမယ်ဆိုပြီး အပျော်လွန်ကာ လက်ခံလိုက်ပါတယ်။ ဒီလိုနဲ့ အလက်ဆာလည်း အလုပ်ကိစ္စအတွက် လူမနီးသူမနီးနေရာ တစ်ခုကို ‌ရောက်လာရင်း ဒက်စမွန်ဂေ့ဂျ်နဲ့ နှစ်ယောက်တည်း တစ်အိမ် တည်းမှာ အတူနေဖို့ ဖြစ်လာပါတော့တယ်။ ဒက်စမွန်ဂေ့ဂျ်ဟာ နာမည်ကြီး သရုပ်ဆောင်ဖြစ်တာနဲ့အညီ သူ့သရုပ်ဆောင်ချက်တွေကို ပီပြင်စေချင် တာကြောင့် ရုပ်ရှင်မရိုက်ခင် ပြင်ဆင်လေ့ရှိသူပါ။ ထို့ကြောင့်လည်း လူမနီးသူမနီးနေရာတစ်ခုမှာနောက်ဇာတ်ရုပ်အတွက် ပြင်ဆင်ဖို့လုပ်ရင်း အလက်ဆာ့ကို လက်ထောက်အနေနဲ့ ခေါ်ထားတာပါ။ ဒက်စမွန်ဂေ့ဂျ်ဟာ နောက်သရုပ်ဆောင်ရမယ့် သူ့ဇာတ်ရုပ်ကို အပီအပြင် စျာန်ဝင်စားရင်း လေ့ကျင့်ဖို့ လုပ်နေတဲ့အချိန်နဲ့ ပထမဆုံးအကြိမ် ဒီလို နာမည်ကြီးအတွက် လက်ထောက် လုပ်ပေးရမယ့် အလက်ဆာတို့ ကြားမှာ ဘာတွေဆက်ဖြစ်မှာလဲ။ နောက်ရုပ်ရှင်မှာ ဒက်စမွန် သရုပ်ဆောင်ရမယ့် ဇာတ်ကောင်ကရော ဘယ်လို ဇာတ်ကောင်ဖြစ်မလဲဆိုပြီး အလှည့်အပြောင်း တွေနဲ့ ဒီကားလေးမှာ ဆက်လက်ခံစားလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size..........(2.5 GB) / (557 MB) / (338 MB) Quality............WebRip 1080p / 720p / 480p Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama, Horror Translator.......Leonard Lin Encoder..........SWM

Horror • Thriller
4 2022 78 mins
Dangerous Methods
The Horde
5.8

ဒီတစ်ခေါက်မှာတော့ ၂၀၀၉ခုနှစ်ကထွက်ရှိထားတဲ့ ပြင်သစ် ဇွန်ဘီကားတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ ရဲတပ်ဖွဲ့ရဲ့ အဖွဲ့၀င်တစ်ယောက်ဟာ ဂန်းစတားတစ်ယောက် သတ်တာကိုခံလိုက်ရပြီးတဲ့နောက် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ သူ့အတွက် လက်စားပြန်ချေဖို့ ကြိုးစားကြပါတော့တယ်။ သူတို့ဟာ ဂန်းစတားနေတဲ့ မြို့အပြင်က စွန့်ပစ်ထားတဲ့ တိုက်ဆီကိုရောက်ပြီး မကြာခင်မှာပဲဇွန်ဘီတွေကလည်း သူတို့ဆီကို ရောက်လာကြပါတော့တယ်။ ဒီလိုနဲ့ ရဲတွေရယ်၊ ဂန်းစတားအဖွဲ့ရယ်၊ ဇွန်ဘီတို့ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးကို စိတ်၀င်စားစရာကောင်းအောင်၊ အသည်းယားစရာကောင်းအောင် ရိုက်ကူးထားတာကြောင့် ဇွန်ဘီကားသဘောကျသူတွေ ကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ပါတယ်။ File size…1.31GB / 538MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 30m Genre ..... Action / Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Comedy • Drama • Romance
5.8 2010 98 mins
The Horde
The Matrix
8.2

Matrix သမိုင်းအကျဉ်း ၂၁ ရာစု အလယ်ပိုင်းလောက်မှာ လူသားတွေဟာ စိက်အသိဉာဏ် AI ကို တီထွင်ခဲ့ပါတယ်။ လူသားတွေကိုယ်စား အလုပ်တွေအကုန်ခိုင်းလို့ရတဲ့ စက်တွေပေါ်လာပြီး လူတွေအကုန် အလုပ်လုပ်စရာမလိုဘဲ နှပ်နေလို့ရလာတာပေါ့။ ဒါပေမဲ့ အသိဉာဏ်ရှိလာတဲ့ စက်တွေကလည်း လူတွေဟာ သူတို့ကို ခိုင်းစရာ ပစ္စည်းသက်သက်လိုပဲ သဘောထားတာကို မကျေနပ်နိုင်ပဲ ဆန္ဒပြတာမျိုးတွေ ဖြစ်လာပါတယ်။ အကြီးဆုံးပြဿနာကို အစပြုစေခဲ့တာကတော့ B1-66ER ဆိုတဲ့ အိမ်အကူစက်ရုပ်ဟာ သူ့ကိုဖျက်ဆီးပြီးအသစ်အစားထိုးတော့မယ့် အိမ်ရှင်တွေကို သတ်ဖြတ်ခဲ့တဲ့အမှုပါပဲ။ ဒီအမှုကို တရားရုံးမှာ B1-66ER က မိမိကိုယ်ကိုယ်ခုခံကာကွယ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ သူမသေချင်ပါဘူးတဲ့။ လူသားရှေ့နေကလည်း ကူညီခဲ့ပေမဲ့ အမှုရှုံးခဲ့ပြီး စက်ရုပ်ဟာ ဖျက်ဆီးခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ စက်ရုပ်အခွင့်အရေးအတွက် စက်ရုပ်တွေရော စာနာတတ်တဲ့လူသားတွေရောက တစ်နိုင်ငဲံလုံးမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့လူတွေရော စက်ရုပ်တွေရောကို လူသားအဓိကဝါဒီတွေက ရက်ရက်စက်စက်နှိမ်နင်းခဲ့တဲ့အပြင် စက်ရုပ်တော်လှန်ရေးကြီး ဖြစ်လာမှာကို စိုးရိမ်တဲ့ ကုလ UN က စက်ရုပ်အားလုံးကို ဖျက်ဆီးဖို့ ရုတ်တရက် လုပ်ဆောင်လိုက်ပါတော့တယ်။ ဒီဖြစ်စဉ်ကြီးမှာ အသက်ရှင်ကျန်ခဲ့တဲ့ စက်ရုပ်အနည်းစုဟာ လူတွေနဲ့ အတူယှဉ်တွဲနေထိုင်ဖို့ကိုလက်လျှော့ပြီး မီဆိုပိုတေးမီးယားဆိုတဲ့ လွတ်မြောက်နယ်မြေကို ထွက်သွားခဲ့ကြတယ်။ အဲဒီမှာပဲ 01 ဆိုတဲ့ ပထမဆုံး စက်ရုပ်နိုင်ငံ ပေါ်ပေါက်လာပါတော့တယ်။ 01 ဟာ သူတို့ကိုယ်သူတို့ ပိုအသိဉာဏ်ရှိလာအောင် ဖန်တီးခဲ့သလို လူတွေလိုအပ်တဲ့ စက်တွေ နည်းပညာတွေကိုလည်း ပြန်ရောင်းစားပြီး တဖြည်းဖြည်းနဲ့ စီးပွားရေးမှာ လူတွေထက် အဆမတန် အင်အားကြီးလာခဲ့ပါတယ်။ လူသားငွေကြေးတန်ဖိုးတွေလည်း ကျဆင်းပြီး အင်အားချည့်နဲ့လာတဲ့အတွက် UN က 01 ကို စီးပွားရေးပိတ်ဆို့ခဲ့တယ်။ ဒါကို ညှိနှိုင်းဖို့ ရောက်လာတဲ့ စက်ရုပ်သံတမန်တွေကိုလည်း တိုက်ခိုက်ဖျက်ဆီးခဲ့တယ်။ အဲဒီနောက်မှာ UN က စက်ရုပ်နိုင်ငံကို လက်ဦးမှုယူ တိုက်ခိုက်ခဲ့ပြီး ၂၂ ရာစု အလယ်လောက်မှာ စစ်ပွဲကြီးစတင်ခဲ့ပါတယ်။ ဒါ့အပြင် အနုမြူနဲ့ပါ လက်ဦးအောင် ထုခဲ့ပါတယ်။ ဒါပေမဲ့ စက်ရုပ်တွေက လူတွေထက်ပိုမာတဲ့ အတွက် မျိုးမပြုတ်ခဲ့ပါဘူး။ အဲဒီမှာ မျိုးမပြုတ်ဘဲ ကျန်ခဲ့တဲ့စက်ရုပ်တွေဟာ တစ်ကမ္ဘာလုံးက စက်တွေကို စုစည်းပြီး ပြန်ထိုးစစ်ဆင်ပါတော့တယ်။ အရှေ့အလယ်ပိုင်း ဥရောပ အရှေ့ပိုင်းတွေကိုပါ သိမ်းပိုက်လာနိုင်ခဲ့တယ်။ အရေးနိမ့်လာတဲ့လူသားတွေဟာ အမှောင်မုန်တိုင်းလို့ ခေါ်တဲ့ စစ်ဆင်ရေးတစ်ခုကို လုပ်ခဲ့တယ်။ ဒါကတော့ စက်ရုပ်တွေရဲ့ အဓိကစွမ်းအင်ရင်းမြစ်ဖြစ်တဲ့ နေကို ဖြတ်တောက်ဖို့ပါပဲ။ ကမ္ဘာ့လေထုအကာတစ်ခုလုံးကို နာနိုဗုံးတွေနဲ့ဖောက်ခွဲပြီး တိမ်မည်းကြီးတွေ ဖုံးသွားအောင်လုပ်ပြီး ကမ္ဘာပေါ်မှာ နေရောင်ပျောက်ကွယ်သွားအောင်လုပ်ခဲ့တာပါပဲ။ ဒီစစ်ဆင်ရေးကြောင့် စက်ရုပ်တွေအင်အားချိနဲ့သွားပေမဲ့ မကြာခင်မှာပဲ အနုမြူစွမ်းအင်ကို အစားထိုးပြီး ပြန်အင်အားများလာခဲ့တယ်။ပြီးတော့ လူသားပုံစံစက်ရုပ်တွေကိုမသုံးတော့ဘဲ ပိုပြီးတိုက်ခိုက်နိုင် အားသုံးနိုင်တဲ့ စန်တီနယ်လို စက်ရုပ်တွေကို သုံးလာခဲ့တယ်။ လူသားတွေ အကျအဆုံးများပြီး ငတ်မွတ်လာတဲ့အချိန်မှာတော့ UN ရဲ့ရှေ့ကို စက်ရုပ်သံတမန်နောက်တစ်ခေါက်ရောက်လာပါတော့တယ်။ ဒီတစ်ခါမှာတော့ စက်ရုပ်သံတမန်က ထွေထွေထူးထူးညှိနှိုင်းမနေတော့ပါဘူး။ သူ့ကိုယ်သူဖောက်ခွဲပြီး ကမ္ဘာခေါင်းဆောင်အားလုံးနဲ့ နယူးယောက်မြို့ကြီးကို ဖျက်ဆီးပစ်လိုက်ပါတော့တယ်။ ခေါင်းဆောင်မရှိတော့တဲ့ တပ်တွေကိုလည်း စက်ရုပ်တပ်တွေက အသာအယာအနိုင်ယူပြီး လူသားတွေ ကျဆုံးသွားခဲ့ပါတော့တယ်။ ဒါ့အပြင် စက်ရုပ်တွေဟာ နေ နဲ့ အနုမြူစွမ်းအင်အပြင် နောက်ထပ် စွမ်းအင်ရင်းမြစ်တစ်ခုကို တွေ့ရှိလာခဲ့ပါတယ်။ ဒါကတော့လူသားတွေကို ဖမ်းဆီးထားပြီး သူတို့ ကိုယ်ကနေ လျှပ်စစ်စွမ်းအင်တွေ ထုတ်ယူတာပါ။ အဆုံးမရှိတဲ့ကွင်းပြင်ကြီးတွေထဲမှာ လူသားတွေ သန်းချီပြီး ဖမ်းဆီးထားပြီး စွမ်းအင်ထုတ်ယူပါတော့တယ်။ အဲဒိဖမ်းဆီးထားတဲ့လူသားတွေရဲ့ စိတ်ကို အကျဉ်းချဖို့အတွက် Matrix ကို ဖန်တီးလိုက်တာပါပဲ။ Matrix ဆိုတာကတော့ Virtual Reality တစ်ခုပါပဲ။ လူသားတွေရဲ့ စိတ်ကို ကွန်ပြူတာစနစ်ထဲကို ထည့်သွင်းထားပြီး ၁၉ ရာစု ၂၀ ရာစုခေတ်မှာ သူတို့ဘာသာ အသက်ရှင်နေထိုင်နေကြသလို ထင်ယောင်ထင်မှား ဖြစ်စေခဲ့တာပါ။ (ဒါကတော့ ၁ ၂ ၃ ကြည့်ပြီးမှ ဆက်ဖတ်သင့်ပါတယ်) Matrix ရဲ့ ပထမဆုံးဗားရှင်းမှာတော့ လူသားတွေဟာ လုံးဝပြီးပြည့်စုံပြီး လိုလေးသေးမရှိတဲ့ ကမ္ဘာကြီးထဲမှာ နေထိုင်ရတာပါ။ ဒါကို လူသားတွေရဲ့စိတ်က ဖြစ်တည်မှုအစစ်လို့ လက်မခံနိုင်တဲ့အတွက် Matrix ပထမဆုံးပရိုဂရမ် ကျရှုံးသွားပါတော့တယ်။ ဒီတော့ စက်ရုပ်တွေက လူသားတွေကို စစ်တွေဆက်တိုက်ဖြစ်နေပြီး ဒုက္ခပင်လယ်ဝေနေတဲ့ Matrix တစ်ခုဖန်တီးပေးပြန်ပါတယ်။ ဒါကိုလည်း လူသားဦးနှောက်က လက်မခံပြန်ပါဘူး။ နောက်ဆုံးမှာတော့ လူသားတွေရဲ့ဘဝအစစ်လို့ အဓိကယုံကြည်စေဖို့ လိုအပ်တဲ့အရာဟာ Choice လို့ခေါ်တဲ့ ရွေးချယ်မှု ရှိတယ်လို့ ထင်ရတဲ့ ကမ္ဘာပဲဆိုတာ စက်ရုပ်တွေ သိသွားပါတယ်။ ဒီတော့မှ Matrix ဟာ အောင်မြင်ပြီးလူသားတွေကို ဖြစ်တည်မှုအတုထဲမှာ အကျဉ်းချထားနိုင်ပါတော့တယ်။ ဒီ Matrix ထဲမှာပဲ ရင်းမြစ်ကုတ်ကို ထိန်းချုပ်တဲ့ Architect ဗိသုကာဆိုတဲ့ လူကို ဖန်တီးထားလိုက်တယ်။ ပြီးတော့ လူသားတွေကိုလေ့လာပြီး ပြောင်းလဲပေးနိုင်ဖို့ ရှေ့ဖြစ်ဟော Oracle ဆိုတဲ့ ပရိုဂရမ်တစ်ခုကိုဖန်တီးထားတယ်။ ဒါပေမဲ့ ဒီ Matrix ဟာလည်း လူသား ၉၉ ရာနှုန်းကိုပဲ လှည့်စားနိုင်ပါတယ်။ ၁ ရာခိုင်နှုန်းကတော့ ဒါဟာ အတုအယောင်လို့ သံသယဝင်လာတဲ့ ပရိုဂရမ်ချို့ယွင်းချက်တွေဖြစ်လာတယ်။ အဲဒီ မက်ထရစ်ကနေ လွတ်မြောက်လာပြီး Zion လို့ခေါ်တဲ့ နောက်ဆုံးလူသားတိုင်ပြည်ကို တည်ထောင်လာတယ်။ ပြီးတော့ ဒီလူတွေကပဲ Matrix ထဲကို ပြန်ဝင်လာပြီး လူသားအားလုံးကို လွတ်မြောက်အောင် ပြန်တိုက်ခိုက်လာတယ်။ ဒီလို error လူတွေကို ကာကွယ်ဖို့ အေးဂျင့်ဆိုတဲ့ အင်အားကြီးတဲ့ ပရိုဂရမ်မျိုးတွေဖန်တီးထားခဲ့တယ်။ ဒီတော့ Matrix စနစ် တည်ငြိမ်ဖို့ အဲဒီ ချို့ယွင်းကုတ်တွေ အားလုံးကို သယ်ဆောင်နေတဲ့ ပရိုဂရမ်တစ်ခုကို ဖန်တီးလိုက်တယ်။ The One ခေါ် Neo ပေါ့။ အဲဒီ The One ဟာ လူသားအားလုံးကို ကယ်တင်မယ့်သူလို့ Zion တွေ ယုံကြည်စေခဲ့တယ်။ ဒါပေမဲ့ အဲဒီ The One ရဲ့ လမ်းကြောင်းဟာ နောက်ဆုံးမှာ ဗိသုကာဆီမှာ အဆုံးသတ်ပါတယ်။ Neo ဟာ လူသားတွေကို ကယ်တင်ဖို့ သူ့ကိုယ်သူ စတေးခံရမယ်။ သူသေသွားချိန်မှာ သူ့ရဲ့ မူလ ကုတ်တွေအားလုံးကို မူလရင်းမြစ်ကုတ်ထဲကို ပူးပေါင်းစေပြီး Matrix ကို reload ဖြစ် အစက ပြန်စတင်စေတာပါ။ Zion ဆိုတဲ့ လူသားကမ္ဘာကိုလည်း အားလုံးပျက်စီးစေမှာပါ။ မပျက်စီးခင်မှာ Neo ကို လူသား ၂၃ ယောက်ရွေးချယ်ခိုင်းပြီး Matrix အသစ်ပြန်စ Zion အသစ်ပြန်စပြီး နောက်တစ်ဖန် ထိန်းချုပ်လည်ပတ်စေတာပါ။ ဒီလိုနဲ့ Matrix ရဲ့ error တွေကိုရှင်းပြီး reload လုပ်ခဲ့တာ ငါးကြိမ်တိုင်ခဲ့ပါပြီ။ Neo ငါးယောက်လည်း သေဆုံးပြီးခဲ့ပါပြီ။ အခု Matrix ရုပ်ရှင်ထဲက ၆ ယောက်မြောက် Neo ကတော့ မတူတဲ့လမ်းကို ရွေးခဲ့ပါတယ်။ ရင်းမြစ်ကုတ်ဆီမှာ အသေခံရမယ့်အစား သူ့ချစ်သူ ထရစ်နတီကို ကယ်တင်ခဲ့တယ်။ နောက်ပြီးတော့ ဇိုင်ရွန်တွေ ပျက်စီးရမယ့်စား စစ်ပြေငြိမ်းနိုင်ဖို့ စက်ရုပ်မြို့တော်အထိ ရောက်အောင်သွားပြီး အပေးအယူလုပ်ပြီးမှ အသေခံခဲ့တာပါ။ ဒီလိုနဲ့ ကမ္ဘာကျော် Matrix ရုပ်ရှင်တွေ အဆုံးသတ်ခဲ့တာပါ။ ဒီတစ်ခါတော့ Matrix ပြန်လည်ရှင်သန်ခြင်းမှာ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်လိုက်ရအောင်။ The Matrix ဇာတ်ကားအားလုံးကို https://channelmyanmar.org/?s=the+matrix+neo  မှာကြည့်ပါ။ File size…(4.9 GB)/(1.3 GB)/(700 MB) Quality….BluRay 4K HEVC/1080p HEVC / 720p Format…mkv/mp4 Duration….02:16:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Hein Thet Naing,Little Neo

Drama • Fantasy • Romance
8.2 1999 136 mins
The Matrix
Lost and Found
7.2

Lost and Found (1996) ~ IMDb – 7.2/10, Rotten Tomatoes – 76% ~ နေလာရင်းဘဝမှာ မကြာမကြာဆိုသလို တစ်စုံတရာတော့ ပျောက်ရှနေကျပါပဲ။ ခဏခဏသေးသေးမွှားမွှားလေးတွေကနေ ရံဖန်ရံခါ ကြီးကြီးမားမားတွေ အထိ ပျောက်ရှနေတတ်တယ်။ တစ်ရံတစ်ခါမှာတော့ အကြီးဆုံးဆိုတဲ့အရာတွေအထိပေါ့။ ဆိုးဆိုးရွားရွားဆို လက်ထဲကိုင်ထားတဲ့ အင်္ကျီကို ဘယ်နားကျလို့ ကျခဲ့မှန်းမသိတဲ့ အဖြစ်မျိုးအထိ မကြာမကြာရှိခဲ့ဖူးတယ်။ သတိလက်လွတ်ဖြစ်စေ အထားအသိုမှားသည်ဖြစ်စေ အရေးအကြီးဆုံးဆိုတဲ့ အရာတွေကို ကျွန်တော်တို့ ပျောက်ရှဖူးခဲ့မှာပဲ။ မက်စက်တွယ်တာတဲ့ တစ်စုံတရာကို ပျောက်ရှဆုံးရှုံးတယ်ဆိုတာ ဘာနဲ့မှမတူတဲ့ ဝေဒနာပေါ့။ ပြန်ရှာလို့မတွေ့နိုင်တဲ့အရာဆိုတာ မရှိဘူးတဲ့။ ပိုက်ဆံအိတ် အခိုးခံရတယ် ဆိုပါစို့။ အချင်းတစ်ကီလိုမီတာဝန်းကျင်က အမှိုက်ပုံးတစ်ပုံးပုံးထဲ အဲဒီပိုက်ဆံအိတ်ကို ပြန်တွေ့မှာပဲတဲ့။ ဒီစကားမှန်ရဲ့လားတော့ ကျွန်တော်မသိဘူးပေါ့။ ရုပ်ရှင်ထဲက Takeshi ကတော့ ပျောက်ဆုံးပစ္စည်းရှာဖွေရေးလုပ်ငန်း ထောင်ထားတယ်။ သတိလက်လွတ်နဲ့ ခါးပိုက်နှိုက်ခံရသည်ဖြစ်စေ၊ ကိုယ်တိုင်က အထားအသိုမှားသည်ဖြစ်စေ၊ ဘာမဆိုကို ပြန်ရှာပေးတဲ့ အလုပ်ပေါ့။ ပိုက်ဆံအိတ်၊ ဖုန်း၊ ဈေးသည်ရဲ့အလေး၊ အိမ်မွေးတိရိစ္ဆာန်ကနေ သရဲအထိ သူတို့မရှာပေးတာ ဘာဆိုဘာမှမရှိဘူး။ တစ်ခါတလေကျ လူတစ်ယောက်ပေါ့။ ကံဆိုးရင်တော့ တောဘဲရိုင်းတွေကနေ သေပြီးသားလူအထိ ရှာပေးရတတ်တယ်။ ပြန်ရှာလို့မတွေ့နိုင်တဲ့အရာဆိုတာမရှိဘူးဆိုတဲ့ ဆောင်ပုဒ်နဲ့ ပျောက်တာမှန်ရင် ရှာပေးတဲ့ သူတို့ဟာ သွေးကင်ဆာဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ပျောက်နေတဲ့ မျှော်လင့်ချက်ကို ရှာပေးဖို့ အကြောင်းဖန်လာခဲ့တယ်။ အဝေးဆီက ဥဩဆွဲသွားတဲ့ ရထားသံနောက်မှာ တွဲလျောင်းပါသွားတဲ့ မျှော်လင့်ချက်တွေ၊ မှောင်ရီလု သိဟ်ရာသီညနေခင်းရဲ့ မြေသင်းနံ့တွေ၊ အင်္ဂတေတွေ ကွာကျနေတဲ့ လမ်းဘေးအုတ်ခုံကလေးပေါ်က နေ့တွေ၊ ကမ္ဘာအစွန်းတစ်ဖက်ဆီ မျှော်ရီရင်း တငွေ့ငွေ့ကုန်လွန်ခဲ့ဖူးတဲ့ အနီးအနားမေတ္တာတွေ၊ မှောင်ချိန်မတိုင်ခင် လင်းတဲ့နေ့တွေ…၊ ဘယ်တစ်ခုက ပိုပြန်ရှာတွေ့ဖို့ခက်လဲ။ အစကတည်းမပိုင်ခဲ့တဲ့အရာလား အထားအသိုမှားခဲ့တဲ့အရာလား။ သူ့အချစ်ဟာ အစကတည်းက ကျွန်တော်မပိုင်ခဲ့တဲ့ အရာလား၊ သတိလက်လွတ်ဖြစ်ခဲ့ခြင်းလား။ ပြန်ရှာလို့မတွေ့နိုင်တဲ့ တစ်စုံတရာတွေ ပျောက်ဆုံးသွားတဲ့အခါ ဘယ်လိုအလင်းနဲ့ ဖာထေးမလဲ။ မှော်ပညာဆိုတာကို ယုံလား။ ဒီကမ္ဘာကြီးရဲ့ ဟိုးဖက်အလွန်မှာ ဘာမဆိုဖြစ်နိုင်တဲ့တစ်နေရာ ရှိချင်ရှိမပေါ့။ နားထင်မှာ သေနတ်တေ့လျက်သားသူအတွက် ဖားမိုးတွေရွာကျလာသလိုမျိုး “Desus Ex Machina”, မျှော်လင့်ချက်ကျန်ဖို့သက်သက် ရိုးရိုးလေး ယုံကြည်ထားတဲ့ “Desus Ex Machina”, မှော်ဆန်တဲ့ ဖြစ်ရပ်တွေ ဒီကမ္ဘာမှာ မရှိပါဘူးလို့ ဘယ်သူတွေပြောလဲ။ တကယ်တမ်း ချစ်တတ်ခဲ့ရင် အခိုက်အတန့်တိုင်း မှော်ဆန်ခဲ့မှာပဲ။ မပိုင်မဆိုင်ရတော့ရင်တောင် ပြန်ယူဆောင်မသွားနိုင်တော့တဲ့ ဟိုးတုန်းက ညနေခင်းတွေဟာ ဒီဘဝအတွက် ရတုအဆက်ဆက် မှော်ဆန်နေလိမ့်ဦးမယ်။ ကြားဖူးတယ်… ဘယ်သူမဆို တစ်ဦးတစ်ယောက်ရဲ့ ဒဏ်ရာတွေ ကုစားပေးနိုင်တဲ့ မှော်ဆရာတွေ ဖြစ်နိုင်သလို ဘဝရဲ့အခိုက်အတန့်တိုင်း ဘဝရဲ့အပိုင်းအစတိုင်းက မှော်ဆန်နိုင်သတဲ့။ “ဟေး ဂျွန် အချစ်ကိုမနိုင်မချင်း သယ်ဆောင်လာတဲ့ တမျှော်တခေါ်အနမ်းရဲ့ ဟိုးအတွင်းဘက်မှာ အိမ်ဆီပြန်ခေါ်မယ့်လမ်း ပါသကွဲ့။ အဲဒီမြေ ငါနမ်းလိုက်ပါရစေတော့…” – မောင်သိန်းဇော် — — — — — — (Lost and Found ဟာ ဒီဘက်က ဟောင်ကောင်ပရိသတ်တွေ ပြောတာသိပ်မတွေ့ရပေမဲ့ အာရှရုပ်ရှင်ပရိသတ်တွေကြားတော့ တော်တော်လေး ဘောင်ဝင်တဲ့ ဟောင်ကောင်ကားပါ။ ကျွန်တော်တို့လို နှောင်းပိုင်းလူတွေ ဒီကားကို ကြည့်ဖြစ်ကြရင် ဝေါင်ကာဝေးကားတွေနဲ့ ကျွန်တော်တို့ကိုဖမ်းစားခဲ့ပြီး ဟောင်ကောင်ကားကောင်း မနည်းရိုက်ခဲ့တဲ့ Takeshi Kaneshiro ကြောင့်လို့ပြောရင် မမှားပါဘူး။ Takeshi Kaneshiro ကြောင့် ဒီရုပ်ရှင်ကို ကြည့်ဖြစ်ခဲ့တယ်ဆိုပေမဲ့ Lost and Found ဟာ Takeshi Kaneshiro ရဲ့ Solo ကားတွေထဲ အကောင်းဆုံးကားလို့ပြောလို့ရတဲ့အထိ လှတဲ့ ရုပ်ရှင်ပါပဲ။ ဟောင်ကောင်ဂိတစ်ချို့ရဲ့ အကြိုက်ဆုံး ဟောင်ကောင်ရုပ်ရှင်ငါးဆယ်ထဲ ထက်ဝက်လောက်မှာ နေရာယူနေတတ်ပြီး ရိုမန့်ဒရာမာကြိုက်တဲ့လူတွေဆို တစ်ခါကြည့်ပြီးတာနဲ့ နောက်တစ်ခါပြန်ကြည့်ချင်စိတ်ပေါ်စေမယ့်အထိ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရှင်ပါပဲ။ မင်းသမီးကလည်း Faye Wong နဲ့ တော်တော်လေးဆင်သလို သူ့အလှကလည်း ဒီကားကို ပိုတောက်ပစေခဲ့တဲ့ တစ်ချက်လို့ပြောရင်မမှားပါဘူး။ သီချင်းတွေကလည်း ကားနဲ့အတော်လေးပနံသင့်တဲ့ ရိုမန့်ကားတွေမှာ ပါသင့်ပါထိုက်တဲ့ အချက်တွေ အကုန်ပါနေတဲ့ တော်တော်ကောင်းတဲ့ ရုပ်ရှင်ပါ) [ဝတ္တုတွေထဲမှာ ဇာတ်လိုက်မင်းသား သို့ မင်းသမီး ကြုံနေရတဲ့ အခက်အခဲပြဿနာတစ်ခုကို အလွယ်တကူ ဖြေရှင်းတဲ့နည်းရှိပါတယ်။ ဝေဖန်ရေးဝေါဟာရအနေနဲ့ Deus Ex Machina လို့ ခေါ်တယ်။ နတ် သို့မဟုတ် နတ်ဘုရားတစ်ပါးပါးက ဝင်ကယ်လိုက်တာမျိုးပါပဲ။ ဂရိရှေးဟောင်းပြဇာတ်တွေက အစပြုတယ်။ သဘောက ဒီလို။ မင်းသား သို့ မင်းသမီးဟာ အခက်အခဲ ဒုက္ခနဲ့ရင်ဆိုင်နေရတယ်။ အဲ့ဒါကို သဘာဝကျကျ နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းဖို့မကြိုးစားဘဲ နတ်လိုလို သိကြားလိုလို တန်ခိုးရှင်တွေက ဝင်ဖြေရှင်းလိုက်လို့ ပြေလည်ပြီး ဇာတ်သိမ်းသွားတယ်။ အဲ့ဒီလို ဝင်ဖြေရှင်းပေးလိုက်တာကို ဘာမှသွားပြောလို့မရဘူး။ သဘာဝမကျဘူးလို့ ပြောလို့မရဘူး။ မဖြစ်နိုင်ဘူးလို့လည်း ပြောလို့မရဘူး။ – ဇော်ဇော်အောင်၏ ဝေဝေရီရီမှ ] (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 1.02GB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 49Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Thriller
7.2 1996
Lost and Found
The Doorman (O Porteiro)
6.3

ဗော့ဒီစနေ ဆိုတာက နယ်မြို့လေးကနေ ရီယို ဒီ ဂျနေးရိုးမြို့ကိုတက်လာပြီး ကွန်ဒိုတစ်ခုမှာ ဧည့်ကြိုလုပ်ရင်း မိသားစုဘဝလေးတစ်ခုကို ထူထောင်နေခဲ့တဲ့လူပါ။ ဘရာဇီးသားဗော့ဒီစနေ ကြောက်ရတဲ့အရာကတော့ ပဲခူးသားတွေနဲ့အတူတူပါပဲ၊ မိန်းမပါ။ ဗော့ဒီစနေရဲ့ မိန်းမဖြစ်သူ လော်ရီဇီကတော့ ဗော့ဒီစနေကို နိုင်လွန်းသူဖြစ်ပြီး တစ်နေ့တစ်နေ့ ဆူဆူညံညံဖြစ်နေတဲ့ မိသားစုလေးတစ်ခုပါပဲ။ ဒီလိုရိုးသားပြီး သဘောကောင်းတဲ့ လူရိုးကြီးဖြစ်တဲ့အပြင် ကွန်ဒိုမှာနေတဲ့လူတွေ အကူအညီတောင်းသမျှကိုလည်း မညည်းမညူနဲ့လုပ်ပေးတတ်တာမလို့ ကွန်ဒိုက လူတိုင်းကလည်း ဗော့ဒီစနေဆိုရင် သဘောကျကြပါတယ်။ သူ့ကိုအပြစ်မြင်နေသူကတော့ ကွန်ဒိုမန်နေဂျာအသစ် အက်စတိုဖိုပါ။ ဗော့ဒီစနေက ဧည့်ကြိုဆိုပေမဲ့လည်း တာဝန်ချိန်ဆိုရင် ဝင်ပေါက်နေရာမှာရှိမနေဘဲ ကွန်ဒိုမှာနေတဲ့သူတွေကို ပတ်ကူညီနေတာကြောင့် နောက်ဆို ဝင်ပေါက်မှာရှိမနေရင် အလုပ်ဖြုတ်မယ်ဆိုပြီးတော့ပါ သတိပေးထားခဲ့ပါတယ်။ ကွန်ဒိုအစည်းအဝေးလုပ်မဲ့နေ့မှာ ဗော့ဒီစနေတစ်ယောက် သူ့ရဲ့ပုံမှန်အလုပ်တာဝန်တွေလုပ်နေရင်း ကွန်ဒိုတစ်ခုလုံးကို အနုကြမ်းစီးဓားပြတိုက်ခံရလိုက်ရပါတယ်။ ဗော့ဒီစနေကိုလည်း အတွင်းလူ ကြံရာပါအဖြစ် မန်နေဂျာက တိုင်ချက်ဖွင့်လိုက်တာကြောင့် ဗော့ဒီစနေတစ်ယောက် ရဲစခန်းရောက်သွားခဲ့ပါပြီ။ ဒီလိုနဲ့ ဓားပြမှုကြံရာပါအဖြစ်ကနေ ဗော့ဒီစနေတစ်ယောက် အပြစ်မရှိကြောင်းသက်သေပြပြီး ပြန်လွတ်လာနိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ ဘရာဇီး ဟာသရုပ်ရှင်ကားဖြစ်တဲ့အပြင် ဟာသတွေကိုလည်း ရုပ်တည်ကြီးတွေနဲ့ဖောက်နေကြတာမလို့ အူနှိပ်နေအောင် ရယ်နေရမှာသေချာပါတယ်။ File size…(1.4 GB)/(730 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT

6.3 2023 83 mins
The Doorman (O Porteiro)
NH10
7.2

NH 10 (2015) IMDb – 7.2 /10 ဒီတစ် ခေါက်မှာ တော့PKကားထဲက နာမည်ကြီးမင်းသမီးအနွတ်ရှ်ကားပါဝင်တဲ့ 2015ထွက် Thriller/Drama ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအညွှန်း ခရီးထွက်လာတဲ့အဝေးပြေးလမ်းမပေါ်က အာဂျွန်နဲ့မီရာဆိုတဲ့လင်မယားဟာ မထင်မှတ်ထားပဲ လူသတ်မှုတစ်ခုကိုမျက်မြင် တွေ့လိုက်ရပြီး နောက်မှာ သူတိုနှစ်ဦးကိုပါ လူသတ်သမားအုပ်စုက ကိစ္စရှင်းဖိုကြံစည်ကာလိုက်သတ်ပါတော့တယ် လူသူနည်းပါးတဲ့အဝေးပြေးလမ်းမကြီးရဲ့ လမ်းကြောင်းပေါ်မှာ သူတိုရအောင်ထွက်ပြေးနိုင်ပါ့မလား လူသတ်မှုရဲ့ နောက်ကွယ်မှာရော ဘာဇာတ်လမ်းတွေရှိနေမလဲဆိုတာ ဇာတ်ကားတလျှောက်လုံး သဲထိတ်ရင်ဖိုစွာကြည့်ရှု့သွားရမှာဖြစ်ပါတယ် ဒီကားရဲ့အညွှန်းနဲ့ဘာသာပြန်သူက Khin Khin ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

7.2 2015
NH10
Hunt the Wicked
5.8

ဒီဇာတ်လမ်းလေးထဲမှာ အမှုလိုက်ရာမှာ အလွန်တော်တဲ့ ဟွမ်မင်ကျင်းနဲ့ ဒုစရိုက်လုပ်ရာမှာ အလွန်တော်တဲ့ ဝေ့ယွင်ကျိုးတို့ဟာ ဝူစူးလီမြို့ရဲ့ မြေအောက်မူးယစ်ဒုစရိုက်ဂိုဏ်းကြီးတစ်ခုကြောင့် အကြိမ်ကြိမ်တွေ့ဆုံပြီး သူသေကိုယ်သေတိုက်ခိုက်ခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ဝင်နဲ့ ဒုစရိုက်သမားတွေမှာ တချို့က ဓားသွားအောက်ကနေ ငြိမ်းချမ်းမှုအတွက် ကြိုးပမ်းကြတယ်။တချို့က လမ်းမှားပေါ်မှာ အသက်ပေးသွားကြရတယ်။ ဒုစရိုက်မှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် စုံစမ်းစစ်ဆေးပြီးမှ ဖုံးကွယ်ထားတဲ့ မူးယစ်ကွန်ယက်ကြီး တစ်ခုလုံးပေါ်ထွက်လာတဲ့ အခါမှာတော့…… ရဲနဲ့ ဒုစရိုက်သမားတို့တွေ မကောင်းမှုကို အပြစ်ပေးတဲ့အခါ ဘယ်လို ကွာခြားကြသလဲ…… သူတို့ရဲ့ မတူညီတဲ့ ဆုံးဖြတ်ချက်နောက်မှာ ဘဝလမ်းကြောင်းတွေ ဘယ်လို ကွာခြားသွားကြမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူကြည့်ရှုခံစားလိုက်ရအောင်နော်။

5.8 2024
Hunt the Wicked
Within
5.5

အမေရိကန် Horror ကားကိုမှ Parasite လို Vibe မျိုးလေးနဲ့ ကြည့်ရှုချင်ရင်တော့ အခုတင်ဆက်ပေးမဲ့ ကားလေးက ကွက်တိပဲဖြစ်မှာပါ။Parasite လိုမျိုးကြီးလုံး၀တူနေတာတော့ မဟုတ်ဘဲနဲ့ အိမ်ထဲမှာ တစ်ယောက်ယောက်ရှိနေတယ်ဆိုတဲ့ ခံစားချက်ကြီးနဲ့ ကျောချမ်းစေမှာကတော့အသေအချာပါပဲ။ ခေါင်းကြီးတွေကတော့ မင်းသမီးချောချောလေးကို ငေးနေတာနဲ့တင် ကြောက်ချိန်ရမယ်မထင်ပါဘူး။ဇာတ်လမ်းနာမည်ကတော့ Within ဖြစ်ပြီး IMDb Rating 5.1 ရရှိထားတဲ့ 2016 တုန်းက ထွက်ရှိခဲ့တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အမေရိကန် သည်းထိပ်ရင်ဖို ဇာတ်ကားတွေကတော့ ထုံးစံအတိုင်းပဲ မိသားစုတစ်စုက အိမ်သစ်တစ်လုံးကို ပြောင်းရွှေ့လာရာကနေ စပါတယ်။သူတို့မိသားစုမှာ အဖေ မိထွေးနဲ့ ဆယ်ရာဆိုတဲ့သမီးဖြစ်သူ ဆိုပြီးမိသားစုဝင် ၃ ယောက်ရှိပါတယ်။မိထွေးဆိုပေမဲ့ ဆယ်ရာနဲ့ အရမ်းအဆင်ပြေပြီး သင့်မြတ်ကြပါတယ်။အိမ်ကိုရောက်လာ ခါစမှာတော့ ဘာပြဿနာထွေထွေထူးထူးမှမရှိခဲ့ပေမဲ့ သူတို့ခေါ် ခိုင်းတဲ့ ဘေးအိမ်ကသော့ပြင်ဆရာကတော့ ကြောက်စရာ ကောင်းပြီးတော့ ကြောင်တောင်တောင်နိုင်ပါတယ်။အဲ့ဒီအပြင်ကိုမှ ဆယ်ရာက တစ်ခါတစ်လေအိမ်ထဲမှာ လူရိပ်တွေ့တာတွေ အသံတွေကြားနေရတာတွေ ခဏခဏဖြစ်လာပြီး စိတ်ခြောက်ခြား နေပါတော့တယ်။ ဆယ်ကျော်သက်တစ်ယောက်ရဲ့ စကားဆိုတော့လည်း အဖေနဲ့ မိထွေးဖြစ်သူက သိပ်မယုံချင်ကြပါဘူး။ဒီလိုနဲ့ ဆယ်ရာပြောနေတာ အမှန်တွေဖြစ်တယ်ဆိုတဲ့ အကြောင်းသက်သေထွက်ရှိလာပြီး နောက်မှာတော့ သူတို့ရဲ့အိမ်ထဲမှာသူတို့မထင်မှတ်ထားတဲ့ ဘယ်လို ကြောက်စရာကောင်းတဲ့ အရာတွေရှိနေမယ်ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.22GB / 470MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2016 88 mins
Within
The Cheating Game
5.6

The Cheating Game (2023) IMDb Rating (5.6) ဒီဇာတ်လမ်းလေးမှာ Hope က သူ့ရည်းစား တခြားမိန်းကလေးနဲ့ ဖောက်ပြန်နေတဲ့ sex ဗီဒီယိုကိုမြင်ပြီး ရည်းစားနဲ့လမ်းခွဲခဲ့ရတဲ့ Content creator တစ်ယောက်ပါ။ အလုပ်ကိုပဲချစ်တဲ့သူပီပီ content တွေရဖို့ပဲ ကြိုးစားရင်းက အရာရာပြီးပြည့်စုံပြီး လိုက်ဖက်ညီနေတဲ့ လူကောင်းလေးတစ်ယောက်နဲ့ ထပ်တွေ့ပြန်ပါတယ်။ ဒါပေမဲ့ အဲဒီကောင်လေးက Hope ထင်သလို Perfect ဖြစ်နေတဲ့သူတစ်ယောက်လား ဒါမှမဟုတ် သူ့မှာ Hopeမသိတဲ့ လျှို့ဝှက်ချက်တွေရှိနေမလားဆိုတာကိုတော့ ဒီဖိလစ်ပိုင်အချစ်ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ပဲဖြစ်ပါတယ်) File size…(1.6 GB) / (755 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:45:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin

5.6 2023 105 mins
The Cheating Game
Maid Droid Origins

Maid Droid Origins ဆိုတာက ၂၀၂၄ ခုနှစ်ထွက် sci-fi စိတ်လှုပ်ရှားဖို့ကောင်းတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ Rich Mallery ကဒီကားကိုဒါရိုက်တာအဖြစ်ရိုက်ကူးထားပြီး အနာဂတ်နည်းပညာနဲ့ စိတ်ပညာဆိုင်ရာလှည့်ကွက်တွေကိုရောစပ်ပြထားပါတယ်။ Eve ဆိုတဲ့ အင်ဒရွိုက်က မတော်တဆယောက်ျားတစ်ယောက်ကိုသတ်ပြီး နောက်ဆုံးတော့ သူ့ကိုယ်သူရှာဖွေဖို့ နည်းပညာရှင် Timothy ကိုပြန်ပြီးတော့လိုက်ရှာပါတော့တယ်။ Timothy ရဲ့အိမ်မှာ ဝင်ခိုနေရင်း Timothy နဲ့ သူ့ဇနီး Belle တို့ကြားက သူစိမ်းဆန် ဆက်ဆံရေးတွေကြောင့် စိတ်လှုပ်ရှားဖို့ကောင်းနေပါတယ်။ ဒီဇာတ်ကားက လူသားတန်ဖိုး၊ စိတ်ပိုင်းဆိုင်ရာတွေ၊ နည်းပညာနဲ့ လူသားဆက်ဆံရေးအကြောင်းတွေကို တင်ပြထားတဲ့အတွက် sci-fi နဲ့ စိတ် အကြောင်းတွေကိုရင်သပ်မောဖွယ်ဇာတ်လမ်းကြိုက်သူတွေအတွက် တော်တော်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ လူ့ဘဝနဲ့ စက်ရုပ်တစ်ရုပ်ကြားက မူမမှန်မှုတွေနဲ့ ကွာခြားမှု့တွေကို ရင်သပ်ရှုမောဖို့ ကြည့်ရှုချင်တဲ့သူတွေအတွက်ဇာတ်ကားတစ်ကားပါပဲ။ သိပ်မကြာခင်မှာပဲ Tubi ကနေ တရားဝင်စတင်ပြသနေပြီမို့ sci-fi ကားကြိုက်သူတွေ၊ စိတ်ကူးယဉ်ရုပ်ရှင်ချစ်သူတွေအတွက် မမေ့မလျော့ကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲ။ File size…(871 MB)/(542 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Science Fiction, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

0 2024
Maid Droid Origins