YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Somebody.S01E02.Episode.2.1080p(CM).mp4

452.88 MB N/A video/mp4 551 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
JCVD
6.6

jcvd ဆိုတာက ဗန်ဒိန်းလို့ကျွန်တော်တို့သိကြတဲ့ အက်ရှင်မင်းသားကြီးJean-Claude Van Dammeရဲ့အတိုကောက်ပါ။ ဒီကားဟာဆိုရင်သူ့ရဲ့အခြားအက်ရှင်ကားတွေလိုမဟုတ်ဘဲ မင်းသားကြီးရဲ့လက်တွေ့ဘဝတွေ၊ ခံစားချက်တွေ၊ သူဖော်ပြချင်တဲ့ သူ့ရဲ့ကိုယ်ပိုင်ဒုက္ခတွေကိုတင်ဆက်ထားတာပါ။ ဇာတ်လမ်းအစမှာဆိုရင် မင်းသားကြီးဗန်ဒိန်းရဲ့ ကလေးအုပ်ထိန်းခွင့် တရားရင်ဆိုင်ပြီးရှုံးနိမ့်တာတွေမြင်ရမှာပါ၊ သူ့ရဲ့ရုပ်ရှင်တွေက အက်ရှင်ကားတွေဖြစ်တာကြောင့် သမီးဖြစ်သူက ကျောင်းမှာ လှောင်ခံပြောင်ခံရလို့ ဖေဖေနဲ့အတူနေဖို့မ‌ရွေးချယ်ပါဘူးလို့ တရားရုံးမှာထွက်ဆိုခဲ့တာပါတဲ့။ ဒီလိုနဲ့တရားခွင်မှာရှုံးနိမ့်ပြီး ဘယ်လ်ဂျီယံကိုပြန်လာခဲ့တော့လည်း ပြည်ပမှာအနေကြာသွားတဲ့အတွက် ATMကငွေထုတ်မရ၊ ငွေလည်းအဆင်မပြေဖြစ်ရပြန်ပါတယ်၊ ငွေလွှဲယူဖို့အတွက် ဘဏ်ကိုအသွားမှာပဲ ဓားပြတိုက်မှုတစ်ခုထဲပါသွားပါတော့တယ်၊ ဒါပေမယ့် အက်ရှင်ကားတွေထဲကလိုတိုက်ခိုက်ဖြေရှင်းမှာမျိုးမဟုတ်ဘဲ မင်းသားကြီးရဲ့လက်တွေ့ဘဝထဲကပုံစံအတိုင်းပဲဖြေရှင်းသွားမှာဖြစ်ပါတယ်။ တကယ့်ကိုလက်တွေ့ဆန်တဲ့ရုပ်ရှင်ပါပဲ။ အက်ရှင်မင်းသားလည်း သာမန်လူတစ်ယောက်ပါပဲ၊ သူလည်း ကမ္ဘာကြီးအတွက်ပြန်အကျိုးပြုချင်တယ်ဆိုတာမျိုးကိုမြင်တွေ့ရမယ့် ကားကောင်းလေးပါပဲ။ File Size :(2.1GB)(904 MB) and (313MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:37:00 Genre : Action , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Action • Romance
6.6 2008 96 mins
JCVD
[18+] Malena
7.4

၁၉၄၁ ခုနှစ်က စစ္စလီကျွန်းပေါ်မှာနေတဲ့ အသက် ၁၃ နှစ်သား ကောင်လေးတစ်ယောက် လမ်းခဲ့ရတဲ့ မာလိနာဆိုတဲ့ မိန်းမတစ်ယောက်အကြောင်း.....။ ဒုတိယကမ္ဘာစစ်ကြောင့် ခိုကိုးရာမဲ့သွားတဲ့မိန်းမတစ်ယောက်၊ လှပလွန်းသောကြောင့် ယောက်ကျားတိုင်းက စိတ်ဝင်စားပြီး တစ်ခြားမိန်းမတွေက မနာလိုဖြစ်ခြင်းခံနေရတဲ့ မိန်းမတစ်ယောက်၊  ကံဆိုးမှု တွေကြောင့် ဖခင်ဖြစ်သူရဲ့ အထင်လွဲမှုကို ခံရပြီး စားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ရတဲ့ မိန်းမတစ်ယောက်၊ အရာရာကို ခွင့်လွှတ်သည်းခံပြီး ချစ်သူခင်ပွန်းရဲ့ဖေးမမှုနဲ့ ဘဝကိုတည်ငြိမ်စွာ ပြန်လည်လျှောက်လှမ်းနိုင်ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ အကြောင်း.....။ ဒီဇာတ်ကားထဲမှာ လူတွေရဲ့ မနာလိုစိတ်တွေ၊ အချောင်ရလိုမှုတွေ၊ အားနည်းသူကို ပျက်စီးစေချင်ကြတဲ့စိတ်တွေနဲ့ ယောင်္ကျားတွေရဲ့ စိတ်ကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ပြထားပါတယ်။ ကြီးကောင်ဝင်စ လူငယ်လေးတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ လူတွေအကြောင်း သင်ယူခဲ့မှုတွေကိုလည်း အထင်အရှားမြင်ရမှာ ဖြစ်ပါတယ်။ မင်းသမီးကတော့ သိပ်ညွှန်းစရာလိုမယ် မထင်ပါဘူး။ ဆိုဖီယာလော်ရင့်ပြီးရင် အီတလီရဲ့ နာမည်အကြီးဆုံးမင်းသမီးဖြစ်တဲ့ Monica Bellucci ပါ။ ဒီဇာတ်ကားထဲမှာ အလှပဆုံးအချိုးအစားလို့ ပြောကြတဲ့ ၃၆-၂၄-၃၅ ဆိုတဲ့ သူမရဲ့အလှအပကို သေသေချာချာ မြင်ရမှာဖြစ်ပါတယ်။ သူရဲ့ခန္ဓာကိုယ်အလှအပအပြင် သူ့ရဲ့သရုပ်ဆောင်မှုတွေကြောင့်လဲ ဝေဖန်ရေးဆရာတို့ရဲ့ ချီးကျူးခြင်းကို ခံခဲ့ရပါတယ်။ "သရုပ်ဆောင်တယ်ဆိုတာ စကားလုံးတွေနဲ့တင်မဟုတ်ဘဲ တစ်ကိုယ်လုံးအသုံးချပြီး အမူအရာလုပ်တာပါ" ဆိုတဲ့ သူမရဲ့စကားအတိုင်းပဲ ဒီဇာတ်ကားမှာ စကားပြောနည်းနည်းနဲ့ သူမရဲ့တစ်ကိုယ်လုံးကို အသုံးချသရုပ်ဆောင်သွားပါတယ်။ ဒီဇာတ်ကားဟာ ၂၀၀၀ ခုနှစ်ရဲ့ အော်စကာတန်းဝင်ဇာတ်ကားလဲဖြစ်တာကြောင့် ဘယ်လိုမှ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ကြောင်း လက်တို့လိုက်ပါတယ်။ Uncut Version နဲ့တင်ထားတာမို့ မိသားစုနဲ့တော့မကြည့်သင့်တဲ့ဇာတ်ကားပါ။ (ဘာသာပြန်သူနဲ့ အညွှန်းရေးထားသူကတော့ Nyi Nyi Kyaw Myint ဖြစ်ပါတယ်။) File size…(2.4 GB) and (1.1 GB) Quality….BluRay 1080p and 720p (HEVC Encode) Format…mkv/mp4 Duration….01:49:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nyi Nyi Kyaw Myint

Animation • Drama • Family
7.4 2000 109 mins
[18+] Malena
Short Term 12
7.8

လူတယောက်ကိုသူ့ရဲ့အပြင်ပန်းပုံစံနဲ့ သူ့စိတ်ထဲမှာဒီလူဘာတွေဖြစ်နေလဲ ဆိုတာကိုဆုံးဖြတ်လို့မရဘူး။သတ်သေဖို့ကြိုးစားတဲ့သူတွေရဲ့အများစုက အပြင်လောကမှာပျော်ရွှင်နေသယောင်ထင်ခဲ့ရသူတွေချည်း။ Short Term 12 ဆိုတာက ဒီလိုမျိုးကိုယ့်ကိုယ်ကိုယ်အန္တရာယ်ပြုနိုင်တဲ့ ကလေးငယ်တွေကိုကြည့်ရှုစောင့်ရှောက်ပေးတဲ့နေရာလေးတခု။ ဒီမှာအလုပ်လုပ်နေတာက ဂရေ့စ်ဆိုတဲ့ပျော်ပျော်ပဲနေတတ်တဲ့ကောင်မလေးနဲ့ သူ့ကိုအရမ်းချစ်အရမ်းဂရုစိုက်တဲ့ မေဆင်ဆိုတဲ့ချစ်သူကောင်လေး။ ဒီစခန်းကကလေးတွေရဲ့သူတို့ခံစားခဲ့ရတဲ့ဒုက္ခအဖုံဖုံတွေ စိတ်ခံစားချက် အမျိုးမျိုးတွေကိုကူညီဖြေရှင်းပေးနေကြတာပေါ့။ ဒါပေမယ့်တကယ့် အတွင်းမှာတော့သူမရဲ့ခံစားချက်တွေကိုဖွင့်ပြောဖို့ခက်နေတဲ့ စိတ်ဓာတ်ကျ နေတဲ့ဂရေ့စ်။ သူမရဲ့ဘေးမှာဒါကိုစိတ်ရှည်ရှည်နဲ့သည်းခံကူညီပေးဖို့ အသင့်ဖြစ်နေသူတော့မေဆင်။ သူ့လိုမျိုးကလေးတွေကူညီနေတဲ့ဂ‌ရေ့စ်ကရော ဒါကို‌မေဆင်နဲ့အတူကျော်ဖြတ်နိုင်ပါ့မလား။ ဂရေ့စ်ရဲ့အတိတ်ကရော ဘာကြောင့်ဒီလိုမျိုးဖြစ်စေခဲ့တာလဲ။အဆုံးမှာသူတို့နှစ်ယောက်အတူတူ ပျော်ရွှင်စွာ‌နေနိုင်ကြမလားဆိုတာကိုShort term 12 ဆိုတဲ့အင်ဒီးဒရာမာ ကားလေးမှာရှုစားပေးကြပါဦး။ Captain marvel မှBrie Larson Bohemian rhapsodyမှ Rami Malek တို့လိုသရုပ်ဆောင်တွေကလည်းပါ၀င်ထားသလို Brie Larson ရဲ့ အကောင်းဆုံးသရုပ်ဆောင်ချက်တွေကိုလည်းခံစားနိုင်မှာပါ။ File size…1.16GB / 496MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 36m Genre .....  Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

7.8 2013 96 mins
Short Term 12
[21+]A Serbian Film
5.5

(သွေးထွက်သံယိုနဲ့ မိသားစုနဲ့မကြည့်သင့်တဲ့ အခန်းများစွာပါလို့ သတိထားစေချင်ပါတယ်..) မီလိုဆိုသူကတော့ မိန်းမရောသားသမီးရောကို အလေးထားတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မီလိုဟာ ညစ်ညမ်းရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်တာကြောင့် ဝမ်းစာအတွက် ညစ်ညမ်းရုပ်ရှင်ရိုက်ရင်း အတော်လေး အောင်မြင်တဲ့သူတစ်ဦးအဖြစ် ရပ်တည်နေတဲ့ အနေအထားမှာပါ။ အချိန်‌အတော်ကြာ အနားယူထားတဲ့ မီလိုဆီကို ငွေကြေးအမြောက်အများတန်တဲ့ ကမ်းလှမ်းချက်တစ်ခု ရောက်လာခဲ့ပါတယ်။ သားဖြစ်သူရဲ့ ပညာရေးစရိတ်တွေအတွက် စိတ်ချချင်တဲ့ မီလိုတစ်ယောက် ကမ်းလှမ်းချက်ကို လက်ခံပြီးနောက်မှာတော့ မထင်ထားတဲ့ ဖြစ်ရပ်တွေက ဆိုက်ရောက်လာပါတော့တယ်။ ဇာတ်ညွှန်းမရတဲ့ ညစ်ညမ်းရုပ်ရှင်တစ်ခုရဲ့ နောက်ကွယ်မှာ ဘယ်လိုသည်းထိပ်ရင်ဖိုစရာတွေ ရှိနေမလဲဆိုတာ ရင်ခုန်စရာကောင်းတာမို့ သွေးထွက်သံယိုကြိုက်တဲ့ ပိရိသတ်တွေ အကြိုက်တွေ့ကြလိမ့်မယ်လို့လည်း မျှော် File Size : (2.1GB)(623 MB) and (232MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…01:44:00 Genre : Horror,Mystery , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by DS Encoded by SD

Action • Drama • War
5.5 2010 104 mins
[21+]A Serbian Film
Lake Mungo
6.2

ဆယ်ကျော်သက်မလေး အဲလစ်ပါးမားတစ်ယောက် ရုတ်တရက် ရေနစ်ဆုံးတဲ့သတင်းက သူတို့ရပ်ကွက်မှာ ဟိုးလေးတကျော်ပါပဲ။ ကျန်ရစ်သူ ပါးမားမိသားစုဝင်တွေလည်း အတော်လေး ဝမ်းနည်းကြေကွဲနေကြတာပေါ့။ တစ်ရက်မှာတော့ အဲလစ်တစ်ယောက် မကျွတ်လွတ်သေးပဲ သူ့အစ်ကို ရိုက်ကူးတဲ့ပုံတွေထဲမှာ ပါလာတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြန်ပါတယ်။ ဒီလိုနဲ့ သူ့ကိုယ်သူ စိတ်တန်ခိုးရှင်လို့ အမည်ခံတဲ့ ရေးဆိုသူပါ ပါဝင်ပတ်သက်လာပြီး အဲလစ် သေဆုံးခဲ့ရတာ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားဆိုတာကို မိသားစုဝင်နဲ့ အသိမိတ်ဆွေတွေကို အင်တာဗျူးလုပ်ထားသလို format နဲ့ ကြည့်ရှုခံစားရမယ့် Horror ကားတစ်ကားမို့ ခံစားကြည့်ကြပါဦး File Size : (4.6GB) and (947MB) Quality : Blu-Ray 1080P5.1Ch,720p Format…mp4 Duration…01:27:00 Genre : Horror, Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae

Action • Drama • Thriller
6.2 2009 87 mins
Lake Mungo
Loving Adults
6.3

IMDb Rating - 6.4/10 ဇာတ်လမ်းအစ မိုးသည်းနေတဲ့ ညတစ်ညမှာ ခရစ်စတန်ဆိုတဲ့ အမျိုးသားက သူ့မိန်းမ လီယိုနိုရာ အပြေးလေ့ကျင့်ပြီးအလာကို စောင့်မျှော်နေပါတယ်။ ခရစ်စတန်ဆိုတဲ့ အမျိုးသားက ဗိသုကာပညာရှင်ဖြစ်ပြီးသူရဲ့ အမျိုးသမီး လီယိုနိုရာက အရမ်းတော်တဲ့ စန္ဒယားပညာရှင်တစ်ဦးပါ။ သူတို့နှစ်ယောက်ရဲ့ သားလေး ဂျိုဟန် အရမ်းနေမကောင်းဖြစ်တော့ လီယိုနိုရာက သူ့ရဲ့ career ဘဝကို စွန့်လွှတ်ပြီး တစ်သက်လုံး သူ့သား ကိုပဲ အမြဲတန်းစောင့်ရှောက်လာခဲ့တာပါ။ တစ်ရက် ခရစ်စတန်က အလုပ်က လုပ်ဖော်ကိုင်ဖက်အမျိုးသမီး စီနာနဲ့ ဖောက်ပြန်နေတာကို လီယိုနိုရာသိသွားတဲ့အခါမှာတော့ သူတို့ရဲ့ အိမ်ထောင်ရေးက ဘယ်လိုဆက်ဖြစ်မလဲ။ အိမ်ထောင်ပြုတယ်ဆိုတာ အမြဲတမ်း ဘဝရဲ့ပျော်ရွှင်မှုအစစ်မဖြစ်နိုင်ဘူး။ အခက်အခဲတွေကို  အများ ကြီး ရင်ဆိုင်ကျော်ဖြတ်လာပြီးမှ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ ဖြစ် ပေါ်လာတဲ့အချိန် သူတို့ရဲ့အိမ်ထောင်ရေးကို ဘယ်လိုတည်မြဲအောင် တည်ဆောက်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(1.49 GB) / (688 MB) / (406 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 44mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama, Thriller Translator.......Parris Encoder..........SWM

Drama
6.3 2022 106 mins
Loving Adults
Lesson Plan
6.3

သူ့နာမည်က ဒမ်မီယမ်... သူဟာ အသွင်ယူရဲဟောင်းတစ်ယောက်ဖြစ်ခဲ့ဖူးပြီး မူးယစ်ဆေးလောကမှာ အသွင်ယူဖူးလို့ ဒီလောကကို ထုံးလိုကျေ ရေလိုနောက်တယ်။ တစ်နေ့ကျ အထက်တန်းကျောင်းတစ်ကျောင်းမှာ ဆရာဖြစ်တဲ့သူ့ သူငယ်ချင်းဟာ သူ့အခက်အခဲတစ်ခုအတွက် အကူအညီလာတောင်းတယ်။ ဒါပေမဲ့ သူမကူညီခဲ့ဘူး။ သိပ်မကြာခင်မှာပဲ... သူ့ သူငယ်ချင်းဟာ ချောက်ချခံရပြီး မတရားသဖြင့် နာမည်ဆိုးနဲ့သေခဲ့ရတယ်။ ဒီတော့ သူက ရှင်နေတုန်း ကူညီဖို့ ငြင်းဆန်မိခဲ့တဲ့ နောင်တနဲ့ အဲဒီအထက်ကျောင်းမှာ အစားထိုးဆရာအဖြစ် ဝင်လုပ်ပြီး သူ့ သူငယ်ချင်းအတွက် လက်စားချေဖို့ ကြိုးစားခဲ့တယ်။ ဒီလိုနဲ့ အဲဒီကျောင်းမှာ ဘာတွေဖြစ်ခဲ့လဲ။ သူငယ်ချင်းရဲ့ သေဆုံးမှုအပေါ် တာဝန်ရှိသူတွေကို ဘယ်လိုရှာဖွေမလဲ… ဆရာတစ်ယောက်အဖြစ် အသွင်ယူထားတဲ့ ဒမ်မီယမ်ရဲ့ ကျောင်းပေါ်က နေ့စွဲတွေကော ဘယ်လိုဖြစ်မလဲ... ဒီ ၂၀၂၂ မှ ထွက်ထားတဲ့ Low budget ပိုလန်ကားလေးပါ... စိတ်ဝင်စားရင် ဒေါင်းကြည့်လိုက်ပါဦး... (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 910MB Quality - 1080p, 720p Format - mp4 Duration - 1H 41Min Genre - Action, Crime Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama • Romance
6.3 2022 101 mins
Lesson Plan
My Man
6.1

အသက် ၁၀ နှစ်အရွယ် ဟာနာ ဆိုတဲ့ ကလေးမလေးတစ်ယောက်က ဆူနာမီကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး တစ်ကောင်ကြွက်ဘဝကို နေ့ချင်းညချင်း ရောက်ရှိသွားပါတယ်... မုန်တိုင်းဒဏ်ကို အလူးအလဲခံခဲ့ရပြီး မိဘနှစ်ပါလုံးဆုံးပါးသွားတဲ့ ဟာနာလေးကို ၂၆ နှစ်အရွယ် ဂျွန်ကိုဆိုတဲ့ အမျိုးသားတစ်ယောက်က မွေးစားခဲ့ပါတယ်... ဂျွန်ကိုနဲ့ ဟာနာတို့ မြို့ငယ်လေးတစ်မြို့မှာ အတူနေထိုင်ခဲ့ကြပါတယ် တစ်နေ့ သူတို့နေတဲ့မြို့ငယ်လေးမှာ လူသတ်မှုတစ်ခု ပေါ်လာခဲ့ပါတယ် နောက်တော့ ဂျွန်ကိုနဲ့ဟာနာတို့လည်း လျှို့ဝှက်ချက်တစ်ခုနဲ့ တိုကျိုမြို့ကို ပြောင်းရွေ့သွားပါတော့တယ် ဟာနာတို့ ဘာလို့တိုကျိုကို ပြောင်းသွားကြတာလဲ... ဂျွန်ကိုတို့ သားအဖနဲ့ သူတို့မြို့က လူသတ်မှုနဲ့ ဘယ်လိုဆက်စပ်မှုရှိလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးကြပါဦး ဒီဇာတ်ကားက ဆုတွေလည်း ရရှိထားပြီး ဒရမ်မာဇာတ်လမ်းအေးအေးလေးတွေကို ကြိုက်တဲ့ ပိရိသတ်တွေ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ File Size__(2.2GB) / (1.1GB) Quality__1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__02:02:00 Type__Crime, Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Parris Encoded by Naing Aung Latt

Action • Crime • Thriller
6.1 2014 129 mins
My Man
The French Dispatch
7.1

ရုပ်ရှင်တစ်ပုဒ်ဟာ ပြဇာတ်တစ်ပုဒ်လို အိပ်ရာဝင်ပုံပြင်တစ်ပုဒ်လို စိတ်ကူးယဉ်ဆန်ပြီးလှပ​နေပြီဆိုရင် Director Wes Andersonရဲ့လက်ရာ​တွေနဲ့ မကင်းနိုင်ပါဘူး၊ သူ့ဇာတ်ကား​တွေရဲ့ narrativeပုံစံ ဇာတ်လမ်းတင်ဆက်ပုံနဲ့ Uniqueဖြစ်သလို Colorfulလည်းဖြစ်တဲ့ ရိုက်ကွင်းအပြင်အဆင်တွေ​ကြောင့် ရုပ်ရှင်နဲ့မတူဘဲ ပုံပြင်ကမ္ဘာထဲ လက်​တွေ့​ရောက်သွားသလို ခံစားချက်မျိုး၊ The Palais Garnier ပြဇာတ်ရုံမှာ ကိုယ်တိုင်ပြဇာတ်ကြည့်​နေရသလို ခံစားချက်မျိုး ရ​စေတာကို - The Grand Budapest Hotel (2014) နဲ့ - Moonrise Kingdom (2012)မှာ ခံစားခဲ့ရပြီးပါပြီ၊ ဒီ ဇာတ်လမ်းကလည်း Wes Andersonရဲ့ ​နောက်ထပ် ရုပ်ရှင်မဟုတ်​သောရုပ်ရှင်၊ ပြဇာတ် မဟုတ်​​သော ပြဇာတ်လို့ ထပ်ရည်ညွှန်းရမယ်ထင်ပါတယ် ဒီဇာတ်လမ်းက​​တော့ Andersonရဲ့ ဝတ္ထုတို​တွေကို ချစ်မြတ်နိုးမှု၊ စာနယ်ဇင်း​လောကကို နှစ်ခြိုက်မှုအ​ပေါ် ရုပ်ရှင်ဇာတ်ကားအဖြစ် အသက်သွင်းလိုက်တဲ့ လက်ရာမွန်တစ်ခုပါပဲ၊ Cast​တွေကလည်း ​ပြေးကြည့်စရာမလို​​​​အောင်ကို ဒိတ်ဒိတ်ကြဲ​ဖြစ်တဲ့၊ သူ့လက်စွဲ​တွေ ဖြစ်တဲ့ - Tilda Swinton (Dr. Strange, The Grand Budapest Hotel) - Ghostbusters မင်းသားကြီး Bill Murray၊ - The Pianistရဲ့မင်းသားကြီး Adrien Brody၊ - Edward Norton (Fight Club) တို့အပြင် Timothée Chalamet, Saoirse Ronan, Owen Wilson, Léa Seydoux, William Dafoe တို့လို အရှိန်အဝါကြီးတဲ့ Cast​တွေဖြစ်တာမလို့ Wesရဲ့လက်ရာဟာ ပိုကြွသလို ပိုလည်း လှပ​စေပါတယ်၊ USA ..Kansasမြို့ လုပ်ငန်းရှင်ကြီးတစ်ဦးရဲ့သားဖြစ်သူ ပထမနှစ်​ကျောင်းသား​လေး Arthur Juniorရဲ့ ခရီးသွားမှတ်တမ်း​စာစဉ်မှအစပြုခဲ့တဲ့ The French Dispatch မဂ္ဂဇင်းဟာ သူဆုံးပါးချိန်မှာပဲ ​နောက်ဆုံးထုတ်​ဝေမှုနဲ့ ပိတ်သိမ်းရ​တော့မှာပါ၊ နှုတ်ဆက်စာအုပ်မှာအထူးစာမူအဖြစ် ထည့်​ဝေဖို့ မဂ္ဂဇင်းရဲ့ထိပ်သီးစာမူရှင်​တွေဆီက စာမူ​တောင်းတဲ့အချိန်မှာ စာမူ၄ပုဒ်ထွက်လာပါတယ်၊ မဂ္ဂဇင်းတိုက်ရဲ့ဘဏ္ဍာ​ရေးအ​ခြေအ​နေအရ စာမူတိုင်းကိုထည့်ဖို့ခက်ခဲ​နေတဲ့အချိန်မှာ တစ်ပုဒ်ချင်းစီကို အယ်ဒီတာ​တွေအ​​နေနဲ့ အ​သေးစိတ်အကဲဖြတ်ရင်း ဇာတ်လမ်းတို​လေး ၄ပုဒ်အဖြစ် ကွဲထွက်သွားပါတယ် ဇာတ်လမ်း၁ပုဒ်ချင်းစီတိုင်းဟာ Arc တစ်ခုလို စာမူရှင်ရဲ့အာ​ဘော်အရ အ​ရေးအသား၊ တင်ဆက်ပြသပုံ၊ အ​ကြောင်းအရာ​တွေ အမျိုးမျိုးကွဲထွက်​နေတဲ့အခါ တစ်ပိုင်း​ရောက်တိုင်း အရသာတစ်မျိုးခံစားရင်း ချိုချဉ်ငန်ဖန်စပ်ခါး ​သောင်း​ပြောင်း​ထွေလာအရသာကို တပြိုင်တည်းရရှိစေမှာပါ၊ ဝတ္ထုတို​တွေဖြစ်တဲ့အတွက်​ကြောင့် တစ်ပိုင်းချင်းစီဟာ ပုံပြင်ဖတ်​နေရသလို ခံစားမိ​စေတဲ့ Wesရဲ့အာ​ဘော်က​နေလည်း ​သွေဖီမသွားပြန်ပါဘူး၊ တစ်ပိုင်းချင်းစီက ရသတစ်မျိုး​ပေးသလို ကိုယ့်အ​တွေးနဲ့ ကိုယ်​​​သောက်ကြသည် ဆိုသလို ဇာတ်လမ်းက​ပေးတဲ့ အမြင်​တွေ၊ ခံစားချက်​တွေ အ​တွေးအ​ခေါ်​တွေ တစ်ဦးနဲ့တစ်ဦးတူမှာ မဟုတ်ပါဘူး၊ ဒီလိုမတူခြားနားတဲ့ အမြင်​တွေကိုပဲ Wes Anderson အ​နေနဲ့ ​ပေးချင်ပုံရပါတယ် ဇာတ်ကား​ကောင်းကြီးဖြစ်တာနဲ့အညီ သူနဲ့ထိုက်တန်တဲ့ rating​တွေ အသိအမှတ်ပြုခံရမှု​တွေ ကပ်ပါလာမြဲပါပဲ၊ ရုပ်ရှင်အသိုင်းအဝိုင်းမှာ အရှိန်အဝါကြီးတဲ့ Cannes နဲ့ Golden Globe award ​တွေအတွက် Nominations ​ဝင်ထားသလို လက်ရှိမှာ စုစု​ပေါင်း nomi 44ခုထိ စာရင်းရှိတဲ့ဇာတ်ကားဖြစ်ပါတယ်။ Detroit Film Critics Society (DFCS) နဲ့ Southeastern Film Critics association မှာ Best Ensemble 2 ဆုကိုလည်း ပူပူ​နွေး​နွေးရရှိထားတာပါ၊ ပုံမှန် ရုပ်ရှင်ကြည့်ပရိတ်သတ်​တွေနဲ့ မစိမ်းတဲ့ - IMDbမှာ 7.5, -Rotten Tomatoes မှာ review​ပေါင်း 273ခုနဲ့ Tomatometer 74%အထိ ​မှတ်​ကျောက်တင်ထားနိုင်ပါတယ်၊ ဒါရိုက်တာ Wes Andersonရဲ့ရုပ်ရှင်မဟုတ်​သောရုပ်ရှင်ကို ခံစားကြည့်ရှုရင်း စိတ်ကူးယဉ်ကမ္ဘာမှာ ​ပျော်​မွေ့နိုင်ဖို့ CMမှ တင်ဆက်​ပေးလိုက်ပါပြီ အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ JYJ ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Drama, Romance Quality….WEB-DL 1080p and 720p File size…1.5GB and 894MB and 293MB Format…mp4 Duration….1h 47min Subtitle….Myanmar Subtitle (Hardsub) Translator ..... JYJ Encoder ..... August

Sci-Fi & Fantasy
7.1 2021 108 mins
The French Dispatch
Deepwater Horizon
6.9

သမားရိုးကျနိုင်လွန်းတဲ့ သို့ ပုံစံခွက်ထဲအများစုဝင်တဲ့ ဇာတ်လမ်းအမျိုးအစားထဲမှာ disaster/survival ရုပ်ရှင်များလည်း ပါပါတယ်။ Titanic, The day after tomorrow တို့လိုကားတွေ လူကြိုက်များခဲ့၊ အောင်မြင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ ဒါမျိုးကားတွေ သိပ်အလုပ်မဖြစ်ခဲ့ကြတာကိုတွေ့ရပါတယ်။ ဥပမာ World Trade Centre, Poseidon တို့လိုကားတွေ။ ဒီလိုဇာတ်ကားများမှာ ဖော်မျူလာကျ ဇာတ်ကြောင်းပြောတဲ့ပုံက ကျွန်တော်တို့နဲ့အတော်ကျွမ်းဝင်နေခဲ့ပြီ။ အစပိုင်းမှာ Victims ဖြစ်လာကြမယ့်သူတွေရဲ့ မိသားစုဘဝတွေကိုပြမယ်။ ဒါဟာ နောက်ပိုင်းမှာ ဇာတ်ကောင်ကိုပိုမိုကရုဏာသက်စေဖို့အထောက်အကူပြုတယ်။ ဇာတ်ကားအလယ်လောက်မှာ ဘေးဆိုးကြီးနဲ့မိတ်ဆက်ပေးမယ်။ သေကြ၊ ကြေကြ၊ ပျက်ဆီးကြမယ်။ ကိုယ်ကျိုးစွန့်အနစ်နာခံကြမယ့် သူရဲကောင်းတွေပါမှာဖြစ်သလို တစ်ဘို့သမား ဗီလိန်များလည်းပါရလိမ့်မယ်။ ဒီလို ပုံစံကျရှိနေတဲ့ ဇာတ်လမ်းအမျိုးအစားမို့လို့ ပရိသတ်တွေရိုးအီလာတာရှိမှာဖြစ်သလို ဒီပုံစံမှာ ဆက်လက် ရင်ခုန်ခံစားချင်၊ စီးမျောချင်တဲ့ပရိသတ်လည်းရှိဦးမှာပါပဲ။ အဲလိုဇာတ်ကားအများစုက ဖြစ်ရပ်မှန်တွေဖြစ်နေတတ်တာကတော့ ပရိသတ်ကိုစွဲငြိစေတဲ့အချက်တစ်ချက်လို့ထင်မိပါတယ်။ Deepwater Horizon ဟာလည်း 2010 ကဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်တစ်ခုဖြစ်ပါတယ်။ Deepwater Horizon ဆိုတဲ့ ပင်လယ်ရေနံတူး Rig ကြီးဟာ မက္ကဆီကိုပင်လယ်ကွေ့မှာ မတော်တဆ မီးလောင်ပေါက်ကွဲခဲ့ပြီး အမေရိကန်ရဲ့ အဆိုးရွားဆုံး လောင်စာဆီဖိတ်စင်မှုကြီးဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြီးအပေါ် သေချာလေ့လာရေးသားထားတဲ့ New York Times ကဆောင်းပါးကိုအခြေခံကာ ဒီရုပ်ရှင်ကိုရိုက်ကူးခဲ့တာပါ။ ဒါကြောင့်မို့လို့လည်း အချက်အလက်ပိုင်းဆိုင်ရာ တိကျတယ်လို့ ချီးကျူးခံရပါတယ်။ ရေနံတွင်းကြီးကိုပိုင်တဲ့ BP managers တွေဟာ သတ်မှတ်ထားတဲ့အချိန်ထက် တစ်လနီးပါးလောက်နောက်ကျနေပြီဖြစ်တဲ့လုပ်ငန်းကို အချိန်မီပြီးစီးဖို့ရော၊ ငွေချွေတာတဲ့သဘောရောနဲ့ ပင်လယ်ရေအောက်ဖိအားတိုင်းတာတဲ့ test တစ်ခုကို (Cement test ဟုကြားသည်။ မသေချာပါ။) မလုပ်ဖို့ဆုံးဖြတ်လိုက်တယ်။ တကယ်ရေနံတူးကြသူတွေကတော့ Transocean ဆိုတဲ့ Drilling company ကသူများဖြစ်ပါတယ်။ Michael Williams (Mark Wahlberg) က Transocean ရဲ့ Chief electric technician တစ်ယောက်ပါ။ ရေနံတွင်းတူးသမားတွေရဲ့ Captain (Kurt Russell) ကတော့ သင်္ဘောပေါ်ကလူအားလုံးရဲ့ ဘေးကင်းလုံခြုံရေးအတွက် သူတာဝန်ရှိတာမို့ BP managers များရဲ့ လက်လွတ်စပယ်ဆုံးဖြတ်ချက်အတွက်အခြေအတင်စကားများကြတယ်။ နောက်ဆုံးတော့ Cement test မလုပ်ရင်တောင် နောက်ထပ်စမ်းသပ်မှုတစ်ခုဖြစ်တဲ့ Negative pressure test ကိုပြုလုပ်ဖို့သဘောတူကြတယ်။ ဒီ test ကိုပြုလုပ်လိုက်တဲ့အခါ ပင်မရေနံပိုက်လိုင်းမှာ ဖိအားတွေဟာ အန္တရာယ်ရှိအဆင့်ထိ မြင့်တက်နေခဲ့ပါတယ်။ ပုံမှန်ဆိုရင် လုပ်ငန်းကိုရပ်ဆိုင်းလိုက်ရတော့မှာဖြစ်ပေမယ့် BP representative တစ်ဦး (John Malkovich) က ဖိအားများရင် ရေနံတွေဘာလို့ပန်းထွက်မလာတာလဲလို့ အကြောင်းပြပြီး (သူ့ရဲ့ Bladder effect ဆိုတာတွေရှင်းပြပြီး) ပင်မရေနံလိုင်းရဲ့ဘေး၊ kill line မှာနောက်ထပ် Negative pressure test ထပ်လုပ်စေပါတယ်။ ဒီတစ်ခါမှာတော့ pressure က zero level ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ရေနံတူးခြင်းလုပ်ငန်းစတင်လိုက်တဲ့အခါ ရေအောက်ဖိအားတွေတအားတက်လာခဲ့ပြီးနောက်................... Deepwater Horizon ကလည်း ပုံစံခွက်ထဲကနေဖောက်ထွက်ထားတဲ့ဇာတ်ကားမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် ကြည့်ရတာ ကျေနပ်နှစ်သိမ့်မှုကိုတော့ပေးစွမ်းနိုင်ပါတယ်။ ဒီနှစ်အစောပိုင်းလောက်က ထွက်ရှိထားတဲ့ ပုံစံတူ The finest hours ထက်ပိုကြိုက်မိပါတယ်။ The lone survivor ရဲ့ဒါရိုက်တာ Peter Berg ကရိုက်ကူးထားတာပါ။ ဒါကြောင့်လည်း တချို့နေရာတွေမှာ The lone survivor နဲ့ဆင်တူနေတာကို သတိမထားဘဲမနေနိုင်ဘူး။ အထူးသဖြင့် Lone survivor ထဲက တောင်ပေါ်ကခုန်ချကြတဲ့အခန်းတုန်းကလို ခံစားချက်မျိုး ဒီကားမှာ ပြန်လည်ခံစားမိတယ်။ ဒါရိုက်တာဟာ ဇာတ်လမ်းကို overdramatized ဖြစ်သွားမှာစိုးရိမ်ဟန်တူပါတယ်။ ဇာတ်ကောင်မိတ်ဆက်မှုတွေ လိုတာထက်မပိုတာတွေ့ရပါတယ်။ ဇာတ်လမ်းကပိုကျစ်လစ်သွားပေမယ့် ဇာတ်ကောင်များနဲ့သိပ်မရင်းနှီးလိုက်တာကတော့ အပြစ်ပေါ့လေ။ လူဆိုး၊ လူကောင်း၊ သူရဲကောင်းကွဲပြားပေမယ့်လို့ အသေးစိတ်လေးတွေထိ မသွားတာကိုပြောချင်တာပါ။ ရေနံတွေပန်းထွက်လာတာကနေစပြီး အဆုံးထိရောက်တဲ့ဇာတ်ကားရဲ့ action အပိုင်းတွေကတော့ တကယ်ကို ရင်သပ်ရှုမောဖြစ်ဖွယ်ရာပါပဲ။ မီးတောက်ကြီးတွေ၊ ပေါက်ကွဲတာတွေက ပီပြင်လှပါတယ်။ ဒါမျိုးပီပြင်အောင်ရိုက်ခဲ့လို့လည်း budget က သန်းတစ်ရာကျော်ခဲ့တာပေါ့။ လောလောဆယ်ထိတော့ သန်းသုံးဆယ်ကျော်ပဲပြန်ရသေးတယ်လို့ကြားပါတယ်။ ဇာတ်ကားအစမှာ Mark Wahlberg ရဲ့ သမီးဖြစ်သူက ရေနံတူးတာအကြောင်း ကိုကာကိုလာဘူးနဲ့ နိမိတ်ပြသွားတဲ့အခန်းလေးကို ပြီးသွား မှပြန်တွေးရင်းသဘောကျမိတယ်။ သတိထားမိတဲ့ထူးခြားချက်လေးတွေပြောရရင်တော့ Mark Wahlberg ကို A perfect storm ဆိုတဲ့ပုံစံတူဇာတ်ကားမှာ မြင်တွေ့ခဲ့ပြီးပြီးဖြစ်သလို Kurt Russell ဟာလည်း Poseidon မှာပါဝင်ခဲ့ပါတယ်။ ပင်လယ်ပျော်တွေပေါ့။ နောက် Kate Hudson အတွက်လည်း ပထွေးဖြစ်သူ Kurt Russell နဲ့ ပထမဆုံးတွဲဖက်ပါဝင်တဲ့ဇာတ်ကားဖြစ်ခဲ့တာပါ။ ဇာတ်ကားအဆုံးမှာ တကယ့်အပြင်က heroes တွေရဲ့ပုံတွေ၊ news footage တွေကို စာတန်းထိုးရင်းပြသွားတယ်။ ကြည့်ရတာ အဖိုးတန်ပါတယ်။ ဘာသာပြန်ပေးထားတဲ့သူကတော့ အမကြီး Poe Thinzar Kyaw ဖြစ်ပါတယ်ဗျ။ (ဇာတ်လမ်းအညွှန်းကိုတော့ Movies We Watch We Feel ကနေကူးယူဖော်ပြခဲ့တာပါ)

Adventure • Comedy • Family • Fantasy
6.9 2016 107 mins
Deepwater Horizon
Tiger Stripes
6.1

Tiger Stripes 2023 ဒီဇာတ်ကားဟာ မလေးအမျိုးသမီးဒါရိုက်တာ အမန်ဒါနယ်အူက သူ့ရဲ့ပွဲဦးထွက်လက်ရာအဖြစ် လက်စွမ်းပြရိုက်ကူးထားတာဖြစ်ပြီး ကိန်းရုပ်ရှင်ပွဲတော်မှာ ဝေဖန်ရေးဆရာတွေရဲ့အကောင်းဆုံးရုပ်ရှင်ဆု၊ ၉၆ မြောက်အော်စကာဆုပေးပွဲအတွက် မလေးရှားနိုင်ငံရဲ့ ကိုယ်စားပြုရုပ်ရှင် စတဲ့ ဆုပေါင်း ဂုဏ်ပုဒ်ပေါင်းများစွာရရှိထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။….. ဇာတ်ကားကတော့ Body Horror ကားဖြစ်လို့ တချို့ဇာတ်ဝင်ခန်းတွေကတော့ အသက်မပြည့်သူတွေ ရောဂါအခံရှိသူတွေ မကြည့်ရှုသင့်ကြောင်း တစ်ခါတည်း ပြောကြားပေးလိုပါတယ်။…… ဇာတ်လမ်းလေးကတော့ ကြုံတွေ့နေကျ အာရှနိုင်ငံအများစုရဲ့ မိန်းကလေးတွေ အပျိုဖော်ဝင်ချိန်ကြုံရတဲ့ပြသနာလေးတွေ ရှေးရိုးစွဲကြတဲ့ လူ့အဖွဲ့အစည်းတွေ မိန်းမတွေကို လူတန်းစားခွဲခြား ဆက်ဆံတာတွေ စတဲ့ပြသနာများစွာကိုပဲ ရိုက်ကူးပြထားတာပါ ထူးခြားသွားတာကတော့ မတူညီတဲ့ရှုထောင့်တစ်ခုကနေ ယနေ့ခေတ်မှာ ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတော့ ဒီလိုပြသနာတွေဟာ ခုလိုတိုးတက်နေတဲ့ခေတ်ကြီးမှာ ရှိနိုင်သေးတာလားလို့ မေးခွန်းထုတ်မိမှာပါပဲ တစ်တော့ခ်ဆော့နေတဲ့ကောင်မလေးမှာ Mens ကြောင့် သူငယ်ချင်းတွေကြားထဲပြသနာတက်တဲ့အထိ Sex education အားနည်းတယ်ဆိုတာ အရှေ့တိုင်းရဲ့တချို့ရှေးရိုးစွဲမှုတွေကို မေးခွန်းထုတ်ချင်စရာပါပဲ… ကိုယ်တိုင်ကြည့်ဖြစ်မှ ပိုအရသာရှိမဲ့ကားမို့ အားလုံးပဲ အာရှအမျိုးသမီးဒါရိုက်တာတစ်ယောက်ရဲ့ ကမ္ဘာထိထိုးဖောက်နိုင်ခဲ့တဲ့ ပွဲဦးထွက်လက်ရာကို ခံစားနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲဖြစ်ပါတယ် Genre….. Horror Quality…. 1080p | 720p File size… 1.9GB | 758MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

Comedy • Drama • Fantasy
6.1 2023
Tiger Stripes
Ricky Stanicky
6.2

ယခုတင်ဆက်ပေမယ့်ဇာတ်ကားလေးကတော့ မကြာသေးခင်ကမှ အသစ်ဆက်ဆက်ထွက်ရှိလာတဲ့ Comedy ဇာတ်မြူးလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Peacemaker ဇာတ်ရုပ်နဲ့လူသိများကြတဲ့ John Cena က အဓိကသရုပ်ဆောင်အဖြစ်ပါဝင်ရိုက်ကူးထားတာပါ။ ဒါ့အပြင် High School Musical / The Greatest showman တို့နဲ့လူသိများတဲ့ မင်းသားချော Zac Efron လည်းပါဝင် သရုပ်ဆောင်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်း *************** ဒင်း၊ ဝက်စ်နဲ့ ဂျေတီလို့ခေါ်တဲ့ ကလေးသုံးယောက်ဟာ Halloween ညတစ်ခုမှာ လူမရှိတဲ့အိမ်တစ်လုံးကို မတော်တဆ မီးရှို့လိုက်မိကြပါတယ်။ ဒီကိစ္စကို အပြစ် လွှဲချဖို့အတွက် ရစ်ကီ စတန်နစ်ကီဆိုတဲ့ စိတ်ကူးယဉ် သူငယ်ချင်းတစ်ယောက်ကို သုံးယောက်ပေါင်းပြီး လုပ်ကြံဖန်တီးခဲ့ကြပါတယ်။ အဲ့နောက်ပိုင်းကနေစပြီး သူတို့တွေအသက်တွေကြီးလာကြတဲ့အထိ ကိစ္စတစ်ခုခု ရှိတိုင်း ရစ်ကီစတန်နစ်ကီဆိုတဲ့ သူငယ်ချင်းကို လွှဲချ ခေါင်းစဉ်တပ်တာမျိုးက အကျင့်လိုဖြစ်လာကြပါတယ်။ တစ်နေ့မှာတော့ ဘယ်လိုမှရှောင်လွှဲလို့မရတော့တဲ့ အကြောင်းအရင်းတစ်ခုကြောင့် ရစ်ကီစတန်နစ်ကီကို မိသားစုမိတ်ဆွေတွေရှေ့ လူလုံးပြကြရဖို့အကြောင်းဖန် လာပါတော့တယ်။ အဲ့လိုအချိန် သူတို့နဲ့ ဘားတစ်ခုမှာ မထင်မှတ်ပဲ ဆုံဖြစ်ခဲ့တဲ့ အပေါစားသရုပ်ဆောင် ရော့ဒ် (John Cena) ကို ရစ်ကီစတန်နစ်ကီအဖြစ် တစ်ပွဲထိုး သရုပ်ဆောင်ဖို့ ငှားရမ်းခဲ့ကြရာကနေ ပိုကြီးတဲ့ပြဿနာတွေ အစပြုလာခဲ့ပါတော့တယ်။ ဒီဇာတ်ကားဟာ Comedy/ Fantasy genre ဖြစ်တဲ့အလျှောက် ဟာသလေးတွေအဆဲလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှm ဖြစ်တဲ့အတွက် ညစ်ညူးနေတဲ့စိတ်တွေကို ခဏတာ အပန်းပြေသွားစေမှာပါလို့ ညွှန်းဆိုလိုက်ပါရစေ။ File size…2.29GB / 1GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 53m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi , Thinn , Muse & TD

Adventure • Animation • Comedy • Family • Science Fiction
6.2 2024 113 mins
Ricky Stanicky
Thirteen

IMDb rating- 6.8/10 Award – 14wins & 49nominations ဒီကားလေးကတော့ နာမည်အတိုင်းပဲ ၁၃နှစ်အရွယ် ကောင်မလေးနှစ်ယောက်အကြောင်းကိုရိုက်ထားတဲ့ ဒရာမာကားလေးပါ။ မြီးကောင်ပေါက်အရွယ်တွေက သစ်ရွက်လှုပ်ရင်တောင် စိတ်လှုပ်ရှားတတ်တဲ့အရွယ်တွေဖြစ်ပြီး မိုက်ရူးရဲဆန်တတ်ကြတဲ့အရွယ်ပါ။ ထရေစီက အစတုန်းတော့ စာတော်ပြီးလိမ္မာတဲ့ကျောင်းသူတစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူနဲ့အတူနေတာပါ။ ကျောင်းမှာ အီဗီဇိုမိုရာဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ပေါင်းမိပြီး နောက်မှာတော့ အလစ်သုတ်တာ ခိုးတာ ဆေးသုံးတာနဲ့ လိင်ကိစ္စတွေကိုပါ အစုံလုပ်လာခဲ့ပါတယ်။ ဒီကားလေးက လက်တွေ့ဆန်ပြီး တချို့ဇာတ်၀င်ခန်းတွေက တော်တော်disturbing ဖြစ်ပါတယ်။ သရုပ်ဆောင်နှစ်ယောက်ကလည်း အဲဒီအချိန်မှာ ၁၄နှစ်သာရှိကြပါသေးတယ်။ ပြီးတော့ အီဗီအဖြစ်သရုပ်ဆောင်တဲ့ Nikki Reedက ဒီကားဇာတ်ညွှန်းကို co-writerအဖြစ် ပါ၀င်ရေးသားထားပြီး သူ့ဘ၀တစ်စိတ်တစ်ပိုင်းကိုထည့်ရေးသားထားတာပါတဲ့။ ဆုတွေလည်းအများကြီးရထားတဲ့အပြင် အော်စကာဆုတစ်ဆုအတွက်လည်း ဆန်ခါတင်၀င်ထားပါသေးတယ်။ (ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေနဲ့ကိုယ်လုံးတီးဇာတ်၀င်ခန်းအချို့ကြောင့် Rated-Rအမျိုးအစားဖြစ်ပါတယ်။) File size…(2.6 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Drama, Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiri Nwe

Drama
0 2003
Thirteen
Dharmaveer 2
7.1

Dharmaveer 2: Mukkam Post Thane (2024)”စံပြ ၂” ======================================== အိန္ဒိယနိုင်ငံရေးမှာ လွှမ်းမိုးမှုကြီးခဲ့တဲ့ နိုင်ငံရေးသမားကြီး အာနန်ဒီဂေရဲ့ ဘဝဇာတ်ကြောင်း အပိုင်းနှစ်ကို စီအမ်ကနေ ပရိသတ်တွေအတွက် ထပ်မံတင်ဆက်ပေးချင်ပါတယ်။ ဓမ္မဝီရလို့ နာမည်ရခဲ့တဲ့ အာနန်ဒီဂေဟာ အိန္ဒိယနိုင်ငံရေးလောကမှာ အင်မတန်လေးစားခံရတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး အိန္ဒိယရဲ့ လက်ရှိ မျက်မှောက်ခေတ်ရွေးကောက်ပွဲတွေအထိ သူ့ရဲ့ လွှမ်းမိုးမှုတွေ ကျန်ရှိနေဆဲပါပဲ။ ဒီ ဓမ္မဝီရ အပိုင်းနှစ်မှာလည်း ပထမပိုင်းတုန်းကလိုပဲ အာနန်ဒီဂေရဲ့ နိုင်ငံရေးအတွေးအခေါ်တွေ၊ ဘာသာရေးအယူအဆတွေ၊ လွှမ်းမိုးမှုကြီးပုံတွေကို ထပ်မြင်ရမှာဖြစ်ပြီး ရုပ်ရှင်တစ်ခုတည်းနဲ့ အလုံးစုံအောင်မပြနိုင်ခဲ့တဲ့ ဓမ္မဝီရခေါ် အာနန်ဒီဂေရဲ့ ဘဝဇာတ်ကြောင်းကို ဆက်လက်မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Zwe Yan ~ Linn Lunn ~ ToMo ~ Yunni ~ KKKZ တို့ပဲဖြစ်ပါတယ်။)

7.1 2024 157 mins
Dharmaveer 2