YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Social.Currency.S01E05.Breaking.Point.720p(CM).mp4

564.29 MB N/A video/mp4 24 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Jason Bourne
6.3

2002 လောက်ကဖြစ်မယ်ထင်တယ်။ James Bond နဲ့ဆန့်ကျင်ဘက် ဇာတ်ကောင်တစ်ယောက် ရုပ်ရှင်လောကမှာ ပေါလာတယ်။ နာမည်ကတော့ Jason Bourne တဲ့။ သူ့ကိုကျွန်တော်တို့စတွေ့တော့ Mediterranean ပင်လယ်ထဲမှာ မျောနေတဲ့သူတစ်ယောက်အဖြစ်။ ကျောမှာလည်း သေနတ်ကျည်ပေါက်ရာ နှစ်ခုနဲ့။ ပြဿနာက သူဟာ ဘယ်ကလာပြီး ဘာဖြစ်ခဲ့လဲဆိုတာ သူကိုယ်တိုင်မသိတာပဲ။ ဒီလိုနဲ့သူတစ်ဖြည်းဖြည်းသိလာတာကတော့ သူဟာ CIA Operation တစ်ခုဖြစ်တဲ့ Treadstone လက်အောက်မှာ အလုပ် လုပ်ခဲ့တဲ့ CIA အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်ဆိုတာပဲ။ ဒါပေမဲ့ တစ်ဖွဲ့လုံးနဲ့တစ်ယောက်ခွဲထွက်သွားတဲ့ Jason Bourne တစ်ယောက်ဟာ CIA ရဲ့အရှုပ်အရှင်းတွေမှာ ပါဝင်ပတ်သက်လာခဲ့တာ Bourne Identity (2002), Bourne Supermacy (2004), Bourne Ultimatum (2007) နဲ့ယခုဆိုရင် Jason Bourne (2016) ထိတောင်ရှိလာခဲ့ပြီလေ။ (2012 က ထွက်ခဲ့တဲ့ Bourne Legacy ဆိုတဲ့ဇာတ်ကားကို ကျွန်တော် ထည့်မရေးခဲ့ဘူး။ စကားချပ်) -------------------------------------------------------------------------------------------- Jason Bourne ဇာတ်ကားတွေဟာ ကျွန်တော်တို့လို ယောင်္ကျားလေးပရိသတ်တွေအတွက်တော့ James Bond ထက်တောင်ပိုမိုနှစ်သက်တဲ့ ဇာတ်ကောင်ဖြစ်လာခဲ့တယ်။ ဘာကြောင့်လဲလို့ဆိုတော့ တိကျတဲ့အဖြေတစ်ခုက တစ်ခြား Action ဇာတ်ကားတွေနဲ့မတူတဲ့ Action ခန်းတွေကို တင်ပြပုံဆန်းသစ်လို့ပဲ။ Die Hard ဇာတ်ကားတွေကို စိန်ခေါ်ခဲ့တဲ့ 21 ရာစုရဲ့အကောင်းဆုံးသော Action ဇာတ်ကား Franchise အဖြစ် နာမည်တပ်ခြင်းခံခဲ့ရတယ်။ ကျွန်တော်လို့Jason Bourne အမာခံပရိသတ်တိုင်း ယခု Jason Bourne (2016) ဇာတ်ကားကို သွားကြည့်ကြတဲ့ ရည်ရွယ်ချက်တစ်ခုကတော့ Jason Bourne ဒီလောကကြီးထဲကို ဘာကြောင့်ပြန်ဝင်လာတာလဲဆိုတဲ့ အကြောင်းပြချက်ကို သိချင်လို့ပဲ။ ဒါပေမဲ့ ဇာတ်လမ်းပြီးဆုံးသွားတဲ့အခါမှာတော့ ထိုအကြောင်းပြချက်ကို ခိုင်မာစွာ မတွေ့ခဲ့ရဘူး။ အတိတ်က မိသားစုဝင်တစ်ယောက်ကို ဇာတ်လမ်းရဲ့ရည်ရွယ်ချက်တစ်ခုအဖြစ် ထည့်ထားလိုက်ပြီး ဇာတ်ကားကို အလွယ်တကူ ဖန်တီးလိုက်တယ်လို့ပဲ ခံစားလိုက်ရတယ်။ ------------------------------------------------------------------------------------------- အမှန်တော့ Jason Bourne သည် ပြီးဆုံးခဲ့ပြီ။ သူ့ရဲ့နိဂုံးသည် 2007 လောက်က New York မြိ ု့ရဲ့East River ထဲကနေ လွတ်မြောက်သွားခြင်းကနေ အဆုံးသတ်ခဲ့ပြီလေ။ ဒါဆို အခုမှ ဘာကြောင့်ပြန်လာရသလဲ။ ဘာကြောင့်လဲဆိုတာတော့ ကျွန်တော်မပြောလိုတော့ဘူး။ ဒါပေမဲ့ သေချာတာက သူ CIA ထဲမဝင်ခင်က အကြောင်းအရာတွေနဲ့CIA ကို ဝင်ရောက်ခါစက အဖြစ်အပျက်တွေကို စက်ဝိုင်းတစ်ပတ်ပြည့်အောင် ဇာတ်လမ်းကို ပိတ်ပစ်ခဲ့ကြတယ်။ Operation Blackbriar ကို သူဖော်ထုတ်ခဲ့တာ ဆယ်စုနှစ်တစ်ခုနီးပါးကြာမြင့်ခဲ့ပြီ။ သူဟာ အတိတ်ကိုလည်း ပြန်မှတ်မိသင့်သလောက် မှတ်မိနေပြီ။ ငြိမ်းချမ်းတဲ့ဘဝတစ်ခု မဟုတ်ပေမဲ့ လွတ်ကင်းတဲ့နေရာတစ်ခုမှာ သူဟာ အသက်ရှင်နေတယ်။ သူကျင်လည်ခဲ့တဲ့ လောကကြီးနဲ့ပြတ်ခဲ့တာ ဘယ်လောက်ကြာမြင့်ခဲ့ပြီလဲပင် မသိပေ။ ဒါပေမဲ့ သူ့ရဲ့လွတ်ကင်းနေတဲ့ ကိုယ်ပိုင်ဘဝကို ပြန်ဝင်ရောက်လာတာက Nicky Parsons။ ဒီတစ်ခါ သူမရောက်ရှိလာတာ ပို၍ အရေးကြီးတဲ့အကြောင်းအရာတစ်ခု ပါလာလိမ့်မယ်ဆိုတာ သူကြိုတင်ခန့်မှန်းပြီးသား။ ထို့ကြောင့်လည်း သူမချိန်းဆိုထားတဲ့အတိုင်း သူမကို တွေ့ဆုံခဲ့တယ်။ သူထင်ထားတဲ့ တစ်ခြားအကြောင်းအရာတော့မဟုတ်။ သူမယူဆောင်လာတဲ့ သတင်းက သူ့ရဲ့အတိတ်က သူ မသိသေးတဲ့ ပို၍အရေးကြီးတဲ့ သတင်းတစ်ခုပဲ။ Iceland ရဲ့Reykjavík မြို့မှာ Nicky Parsons တစ်ယောက် CIA ရဲ့Mainframe servers တစ်ချို့ကို hack ပြီး အချက်အလက်တစ်ချို့ကို ယူဆောင်လာကတည်းက CIA က သူမနောက်ကို ထပ်ချက်မကွာ လိုက်လာနေပြီ။ ဒီနေရာမှာ CIA ဟာ Nicky Parsons နောက်ကို လိုက်ရင်း ကြုံတွေ့လိုက်ရတဲ့ သူတစ်ယောက်ကတော့ သူတို့မျှော်လင့်ထားတဲ့သူတစ်ယောက် မဟုတ်။ ဘာကြောင့်လဲဆိုတော့ ထိုသူက Jason Bourne …. ------------------------------------------------------------------------------------------- ဇာတ်ကောင် Jason Bourne ဟာ CIA Operative ကို ထွက်လာခဲ့တာ ကြာပြီဖြစ်သလို မင်းသား Matt Damon ဟာ Jason Bourne ဇာတ်ကောင်ကနေ ထွက်ခွာခဲ့တာ ကြာခဲ့ပြီ။သူ့အနေနဲ့ယခုဇာတ်ကားကို ပြန်လည် ရိုက်ကူးဖြစ်လိမ့်လို့တောင် ထင်မထားခဲ့ဘူး။ Bourne Ultimatum (2007) မှာ အားလုံးအဆုံးသတ်ခဲ့ပြီလို့သူတို့အားလုံးထင်ခဲ့ကြတာကိုး။ ဘာကြောင့်လဲဆို ပထမဇာတ်ကား 3 ကားအခြေခံရိုက်ကူးခဲ့တဲ့ စာရေးဆရာ Robert Ludlum ကိုယ်တိုင်ရေးခဲ့တဲ့ ဝတ္ထုတွေဟာလည်း 3 အုပ်ပဲရှိပြီး Bourne Ultimatum မှာ နိဂုံးချုပ်ခဲ့ပြီကိုး။ Director Paul Greengrass ကိုယ်တိုင်လည်း ထို project နေထွက်ခွာခဲ့တယ်။ ဒါကြောင့်လည်း 2014 September လတုန်းက Director Paul Greengrass နဲ့မင်းသား Matt Damon တို့နောက်ထပ် Jason Bourne ဇာတ်ကားသစ်ကို ရိုက်ကူးတော့မယ်လို့သတင်းထွက်လာတော့ လူတိုင်း အံ့သြသင့်ခဲ့တာကိုး။ -------------------------------------------------------------------------------------------- Jason Bourne ဇာတ်ကားတွေဟာ အရင်တုန်းကတော့ ပရိသတ်တွေအပေါ်မှာ Entertainment အနေတစ်ခုနဲ့သာ စံနှုန်းတင်ထားခြင်းခံခဲ့ရပေမဲ့ ယခုနှောင်းပိုင်းနှစ်တွေအတွက်တော့ Edward Snowden ရဲ့case တွေဟာ ကမ္ဘာအနှံကလူသားတွေနဲ့မိတ်ဆက်ခဲ့ပြီးနောက် ထိုတစ်ကယ့် ဖြစ်ရပ်မှန်တွေဟာ ယခုလို ဆင်တူယိုးမှားဇာတ်လမ်းမျိုးတွေဖြစ်တဲ့ Jason Bourne လို ဇာတ်ကားတွေအပေါ်မှာတော့ ဖိအားတွေ ရှိလာခဲ့ရတယ်။ လူတိုင်းဟာ Jason Bourne ကို Snowden နဲ့Reference တောင်လုပ်ချင်လုပ်လာကြတယ်။ Jason Bourne ဟာ ဇာတ်လမ်းတွေထဲမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေဖြစ်နေပေမဲ့ Snowden ကတော့ လက်တွေ့ကျွန်တော်တို့ရဲ့ပြင်ပကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ လတ်တလော အဖြစ်အပျက်တွေပဲလေ။ ----------------------------------------------------------------------------------------- ထားပါ။ ကျွန်တော် ဇာတ်ကောင်အကြောင်းနည်းနည်းပြောချင်လို့။ ကျွန်တော်ကိုယ်တိုင်ရော ကျွန်တော်တို့Page က တစ်ခြား Admins တွေပါ Jason Bourne အကြောင်း မရေးဖူးသေးဘူးလေ။ Jason Bourne ဟာ ဘယ်လိုလူစားမျိုးလဲဆိုတာပေ့ါ။ စောစောက ပြောခဲ့တဲ့အတိုင်း သူဟာ James Bond လို စုံထောက်မျိုးတော့မဟုတ်ဘူး။ James Bond နဲ့အရာအားလုံးကွာခြားတယ်။ သူဟာ စကားနည်းသလောက် ဘယ်အရာကိုမှ အကျိုးအမြတ်မယူဘူး။ လက်တွေ့လောကနဲ့ပိုနီးစပ်တယ်။ အလွန်တော်ပေမဲ့ အသုံးမဝင်တဲ့ လူစားမျိုး။ သူဟာ သူ့ရဲ့ဖြစ်တည် အသက်ရှင် ရပ်တည်မှုကို နေ့စဉ်နဲ့အမျှ မေးခွန်းထုတ်နေရမဲ့ သူမျိုးလို့ကျွန်တော်တွေးမိတယ်။ သူဟာ အမြဲတမ်း နိုကြားနေတဲ့ သတိနဲ့နေတဲ့လူသား။ တိုက်ခိုက်မှု စွမ်းရည်ကိုပြောရမယ်ဆိုရင် အရွယ်အစားကို သူဂရုမစိုက်။ လူကောင်ချင်း မျှတသည်ဖြစ်စေ မမျှတသည်ဖြစ်စေ သူ့မှာ တစ်ခြားပြိုင်ဘက် ရန်သူထက် သာလွန်နေတဲ့တစ်ချက်က လက်ရှိအခြေအနေကို ကောင်းစွာအသုံးချနိုင်တဲ့ ထက်မြက်တဲ့ဉာဏ်စွမ်းရည်ပဲ။ သူ့မှာ Superpowers တွေ မရှိဘူး။ သို့သော် Skills တွေတော့ ရှိတယ်။ ဒါကို ဆိုလိုချင်တာ။ ဥပမာ သူ့မှာ လတ်တလော အခြေအနေအရ လက်နတ်မရှိပေမဲ့ အနီးအနားမှာ ရှိတဲ့ Magazine စာအုပ်တို့ဘာတို့ကိုတောင် ကောင်းစွာအသုံးချသွားပြီး ရန်သူကို ပြန်လည် ကောင်းမွန်စွာ တိုက်ခိုက်နိုင်တဲ့ သူမျိုး။ ကျွန်တော်တို့တွေ သူ့ကို နှစ်သက်ရတဲ့ အချက်ကလည်း ဒီအချက်ပဲ။ သူဟာ ကျဉ်းတည်းကျပ်တည်း အခြေအနေတစ်ခုကနေ မည်ကဲ့သို့လွတ်မြောက်အောင် စွမ်းဆောင်နိုင်တယ်ဆိုတာကို ပရိသတ်တစ်ယောက်အနေနဲ့ကြည့်ရတာ Jason Bourne ဇာတ်ကားတွေရဲ့အဓိကအချက်တစ်ခုပဲ။ ပြောရမယ်ဆိုရင် Daniel Craig ရဲ့ပြန်လည်ဆန်းသစ်ထားတဲ့ James Bond ဇာတ်ကားတွေဟာ Jason Bourne ဇာတ်ကားတွေကို စံနမူနာ ယူခဲ့တယ်လို့တောင် ထင်မှတ်စရာ ကောင်းလှတယ်။ ဒါဆို ခု ကျွန်တော် ဆက်ပြောချင်တဲ့ အကြောင်းအရာက Jason Bourne ရင်ဆိုင်ရတဲ့ ကြေးစားလူသတ်သမားလို့မြန်မာလို ရိုးရှင်းစွာခေါ်လို့ရတဲ့ Assets တွေအကြောင်းပဲ။ အရင် ဇာတ်ကား 3 ကားရဲ့Assets တွေအဖြစ် Clive Owen, Karl Urban နဲ့Edger Ramirez တို့က သရုပ်ဆောင်ခဲ့ကြပြီး ယခုနောက်ဆုံးဇာတ်ကားမှာတော့ Vincent Cassel က သရုပ်ဆောင်ခဲ့တယ်။ တစ်ကယ့်ကို Deadly Assassins တွေပါ။ အရင်ဇာတ်ကားတွေက Assets တွေက တာဝန်နဲ့ဝတ္တရားကြောင့်ဖြစ်ပေမဲ့ ယခုဇာတ်ကားက Asset (Vincent Cassel) ကတော့ Bourne အပေါ်မှာ Personally အရပါ နာကျည်းချက်တွေ ရှိနေခဲ့ခြင်းကြောင့် ပိုမိုပြင်းထန်တယ်လို့ခံစားခဲ့ရပါလိမ့်မယ်။ ယခုဇာတ်ကားသစ်မှာ Matt Damon နဲ့Julia Stiles တို့က ပြန်လည်ပါဝင်ခဲ့ကြပြီး ကျန်သရုပ်ဆောင်တွေကတော့ Tommy Lee Jones, Alicia Vikander, Vincent Cassel နဲ့Riz Ahmed တို့ပဲဖြစ်တယ်။ သရုပ်ဆောင်တွေအပိုင်းမှာတော့ Matt Damon ရဲ့ဇာတ်ကောင်ကို ပိုအလေးပေးရေးသားထားတဲ့ ဇာတ်ညွှန်းကြောင့် မည်သူမှ ပို၍ကောင်းတယ်ဆို ဝေဖန်ဖို့ခဲယဉ်းတယ်။ -------------------------------------------------------------------------------------------- အရင် Jason Bourne ဇာတ်ကားတွေကို ကြည့်ဖူးတဲ့သူတွေ ခုစာဖတ်သူတွေထဲမှာ ရှိတယ်ဆိုရင် ဘယ် Action ဇာတ်ဝင်ခန်းတွေကို မှတ်မိနေသေးလဲ။ ထို ဇာတ်ဝင်ခန်းတွေကြောင့်ပဲ Jason Bourne ဇာတ်ကားတွေဟာ နာမည်ကြီးခဲ့တာပါ။ ကျွန်တော်ရှင်းပြပါရစေ။ ခုနောက်ပိုင်းနှစ်တွေမှာ Action ကားတွေ မြောက်များစွာ ထွက်ပေါ်လာတယ်နော်။ ဒါပေမဲ့ ထိုရုပ်ရှင်တွေရဲ့ဇာတ်ဝင်ခန်းတွေကို မှတ်မိပါသေးလား? ကျွန်တော့်အတွက်တော့ တစ်ချို့ဇာတ်ကားတွေဟာ ဝါးတားတားပါပဲ။ ဒါပေမဲ့ Jason Bourne ဇာတ်ကားတွေရဲ့Action ဇာတ်ဝင်ခန်းတွေကိုတော့ ခုထိ မှတ်မိနေတုန်းပဲ။ ဥပမာ .. Bourne Identity ထဲကဆိုရင် American သံရုံးကနေ ထွက်ပြေးရတဲ့အခန်း။ တိုက်အစွန်အဖျားလေးတွေပေါ်မှာ ကန့်လန့်သွားနေရတဲ့ ထိုအခန်းရယ်၊ ပြင်သစ်နိုင်ငံ Paris မြို့ပေါ်က လမ်းမတွေပေါ်က Car Chasing ခန်း နဲ့ထိုဇာတ်ကားရဲ့နောက်ဆုံးခန်း တိုက်အတွင်းက လှေကားထစ်တွေပေါ်ကနေ အောက်ကို တစ်ရှိန်ထိုးခုန်ချပြီး လှေကားပေါ်က ရန်သူတွေကို သေနတ်နဲ့ပစ်သွားတဲ့အခန်းတွေ။ နောက်ပြီး Bourne Supermacy ဆိုရင်လည်း စစချင်းမှာပဲ Marie မောင်းနှင်နေတဲ့ ကားကို အနောက်က လူသတ်သမားက ထပ်ကြပ်မကွာလိုက်ပြီး သူမကို သတ်ဖြတ်လိုက်တဲ့အခန်း၊ Berlin မြို့က ဘူတာရုံက ဇာတ်ဝင်ခန်း နဲ့နောက်ဆုံး Moscow မြို့ပေါ်က လမ်းမတွေပေါ်က ရန်သူနဲ့သဲကြီးမဲကြီးတိုက်ခိုက်ကြတဲ့ Car Chase ခန်းတစ်ခန်း။ ထို့နောက် ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ Bourne Ultimatum ဇာတ်ကားထဲက ပထမဆုံး ဇာတ်ဝင်ခန်းဖြစ်တဲ့ London မြို့ရဲ့Waterloo ဘူတာရုံက လူအုပ်တွေကြားထဲက သတင်းစာဆရာကို ကယ်တင်တဲ့အခန်း၊ ထို့နောက် Tangiers က ပြေးတန်းလိုက်တန်းဇာတ်ဝင်ခန်း (ကျွန်တော် အကြိုက်ဆုံး) ဒီဘက် အဆောက်အဦးရဲ့ပြတင်းပေါက်ကနေ ဟိုဘက် အဆောက်အဦးရဲ့ပြတင်းပေါက်ကို ခုန်ချသွားတာကို Cinematography ကပါ သရုပ်ဆောင်နောက်က အတူ လိုက်ရိုက်ပြသွားတဲ့ အခန်း၊ နောက်ဆုံး New York မြိ ု့ရဲ့Parking Bay ကနေ ကားကို နောက်ပြန်မောင်းချသွားတဲ့ Car Chasing အခန်းတွေဟာ ကျွန်တော်တို့ရုပ်ရှင်ချစ်သူတွေအတွက် ဘယ်တော့မှ မမေ့တဲ့ ဇာတ်ဝင်ခန်းတွေ။ ------------------------------------------------------------------------------------------ ယခုဇာတ်ကားမှာလည်း ထိုကဲ့သို့Iconic ခန်းတွေမပါဘူးလားဆိုတော့ ပါတာပေါ့။ ပထမဆုံး action ခန်းဖြစ်တဲ့ Greece နိုင်ငံက ဆန္ဒပြပွဲညက ဒေါသထွက်နေတဲ့လူအုပ်ကြီးတွေနဲ့မဲမဲမြင်သမျှလိုက်ဖမ်းဆီးနေတဲ့ ရဲသားတွေရဲ့ကြားထဲကို ရောက်သွားတဲ့ Jason Bourne နဲ့Nicky Parsons တို့အပြင် သူတို့နှစ်ယောက်ကို သတ်ဖြတ်ဖို့လိုက်နေတဲ့ Asset ရဲ့ရန်က ပြေးရတဲ့ ဇာတ်ဝင်ခန်းဟာ အသက်ရှုမှားလောက်ပါပေတယ်။ ဒါတင်ပဲလား။ ဘယ်ကမလဲ။ နောက်ဆုံး Las Vegas ရဲ့ညက လမ်းမတွေပေါ်က Car Chasing ခန်းဟာ ဒီနှစ်အတွက် အကောင်းဆုံး Action ခန်း ဆိုတဲ့ ဆု ရဖို့တောင် ထိုက်တန်လွန်းတယ်။ ထိုဇာတ်ဝင်ခန်းလေးကိုပဲ ရိုက်ကူးဖို့မိုင်တစ်ဝက်ခန့်ကို ပိတ်ခဲ့ရတယ်။ သေသေချာချာ စဉ်းစား ဆုံးဖြတ် plan ချပြီး အသေးစိပ်ရိုက်ကူးခဲ့တဲ့ ဇာတ်ဝင်ခန်းတစ်ခန်းပါ။ ထိုအခန်းလေးတစ်ခန်းကို ရိုက်ကူးဖို့ပဲ ပြင်ဆင်ခဲ့ရတဲ့ အချိန်က 7 လ ကြာပြီး၊ တစ်ကယ် ရိုက်ကူးခဲ့ချိန်ကတော့ 17 ည တိတိပါ။ သူတို့ရိုက်ကူးနေတဲ့အချိန်တိုင်း လမ်းမတွေပေါ်မှာ အမှန်တစ်ကယ် ရှိနေခဲ့တဲ့ ကားအရေအတွက်ဟာ ပျမ်းမျှအားဖြင့် 300 ကျော်ခန့်ရှိပြီး သူတို့ရိုက်ကွင်းမှာ အမှန်တစ်ကယ် ဖျက်ဆီးခဲ့ကြတဲ့ ကားအရေအတွက်ကတော့ 60 ဖြစ်ပြီး (ဒါတောင် Rehearsals လုပ်ခဲ့တုန်းက ဖျက်ဆီးခဲ့တဲ့ ကားအရေအတွက်မပါပါ။) Stunt drivers ပေါင်း 45 ယောက်တိတိ နဲ့သရုပ်ဆောင်ပေါင်း အယောက် 250 ကို အသုံးပြုခဲ့ကြပါတယ်။ ဒါဟာ ဇာတ်ဝင်ခန်းလေး တစ်ခန်းအတွက် အသုံးပြုခဲ့ကြတဲ့ ဒီဇာတ်ကားရဲ့အလေးထားမှု သက်သက်ပဲ။ နောက်ဆုံးပြောချင်တာ တစ်ခုကတော့ ဒီဇာတ်ကားဟာ အကောင်းဆုံး Jason Bourne ဇာတ်ကားတစ်ကား မဟုတ်ခဲ့ပေမဲ့ ဒီနှစ်အတွက်တေ့ာ အကောင်းဆုံး Action ဇာတ်ကားဆိုတာ ကျွန်တော် ရဲရဲကြီးပြောရဲပါတယ်လို့ပဲ။ နောက်ထပ် Jason Bourne ဇာတ်ကားတွေအတွက် မသေချာတော့ပေမဲ့ ထပ်မံ ရှိလာအုံးမယ်ဆိုရင်လည်း ကျွန်တော်ကတော့ ကြိုဆိုနေမှာပါ။ IMDb Rating: 6.6/ 10 Rotten Tomatoes Rating: 54% ~WH~ (ရုပ်ရှင်အညွှန်းကို Movies-we watch,we feel. မှကူးယူဖော်ပြပါသည်။) The Bourne ဇာတ်ကားများကို (The Bourne – Collection) တွင်ကြည့်ရှုပါ။ File size…(1GB) Quality…HD-Rip Blurred 720p Format…mp4 Duration….02:02:20 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Action & Adventure • Mystery • Sci-Fi & Fantasy
6.3 2016 123 mins
Jason Bourne
KKN di Desa Penari: Luwih Dowo, Luwih Medeni
5.5

KKN di Desa Penari: Luwih Dowo, Luwih Medeni (2023) KKN di Desa Penari က အင်ဒိုနီးရှားရုပ်ရှင်မှာ ဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် စံချိန်တင်ထားတဲ့ဖြစ်ရပ်မှန် horror ဇာတ်ကားပါ။ ဒီဇာတ်လမ်းစပေါ်လာပုံကလဲထူးဆန်းပါတယ်။ တွစ်တာမှာ Simpleman ဆိုတဲ့အကောင့်ကနေ ဒီဇာတ်လမ်းကိုစတင်ရေသားခဲ့တာပါ။ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပြီး လူတွေစိတ်ဝင်စားမှုများလာလို့ရုပ်ရှင်ရိုက်ကူးတဲ့ထိပါ ဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ကျောင်းသား၆ ယောက်အကြောင်းပါ။ သူတို့က ရွာတစ်ရွာမှာ ရပ်ရွာဝန်ဆောင်မှုပရောဂျက်ကိုသွားလုပ်ခဲ့ပါတယ်။ သူတို့အတွက်ဒီပရောဂျက်အောင်မြင်ပြီးမှပဲဘွဲ့ရမှာပါ။ ဒီရွာနာမည်နဲ့တည်နေရာကိုတော့ ချန်လှပ်ပြသထားပါတယ်။ ဒီရွာရောက်ရောက်ချင်းမှာပဲ ရွာသူကြီးကသူတို့ကို ဆောင်ရန်ရှောင်ရန်တွေညွှန်ကြားပေမယ့် သူကလဲသိပ်တော့မပွင့်လင်းခဲ့ပါဘူး။ ကျောင်းသားတွေကလဲ သူများအကျိုးဆောင်ဖို့လာခဲ့ပေမယ့် ကိုယ့်ကိုယ်ကျိုးတွေဆန္ဒတွေကိုရှေ့တန်းတင်ပြီး မဖောက်သင့်တဲ့စည်းတွေကိုဖောက်မိတဲ့အခါ ဘာတွေဖြစ်ကြမလဲကြည့်ရှုရမှာပါ။ မြန်မာမှာလဲလူကြီးတွေပြောတာကြားဖူးတဲ့ ကျတ်ရွာတို့ အစောင့်လဲတယ်တို့ အစောင့်အရှောက်ရှိတယ်တို့ ဆိုတဲ့အကြောင်းအရာတွေကို ကြားဖူးနားဝကနေ မျက်စိထဲကွက်ကွက်ကွင်းကွင်းမြင်လာတဲ့အထိ ကြက်သီးတဖျင်းဖျင်းနဲ့ကြည့်ရမယ့်ကားပါပဲ။ ဇာတ်ကားရဲ့ခေါ်ဆောင်မှုကဘယ်လောက်အားကောင်းလဲဆိုရင် အပြင်မှာလူတွေက ဒီရွာကိိုလိုက်ရှာကြ ဒီကြုံခဲ့ရတဲ့လူတွေကိုလိုက်ရှာကြတဲ့အထိဖြစ်ခဲ့လောက်အောင်ပါပဲ။ (မူရင်း KKN di Desa Penari ကိုလဲ CM မှာတင်ဆက်ပေးထားပြီးသားပါ။) ဒီဇာတ်လမ်းကဘာကွာသွားလဲဆိုရင် Luwih Dowo Luwih Medeni ဆိုတာက ပိုရှည်လျားသော ပိုကြောက်စရာကောင်းသောလို့အဓိပ္ပါယ်ရပါတယ်။ မူရင်းဇာတ်လမ်းကို မိနစ်၄၀ ပိုဖြည့်ပေးထားပြီး အရင်ဇာတ်လမ်းမှာတုန်းက ပရိသတ်မရှင်းမလင်းဖြစ်ရတဲ့အကြောင်းအရာတွေကိုဖြည့်စွက်ပေးထားတယ် ဇာတ်လမ်းကိုမူရင်းအရေးအသားနဲ့ပိုတူအောင်အားဖြည့်ထားတယ် … တည်းဖြတ်မှုတွေကလဲ မူရင်းထက် ပိုကောင်းလာတာကြောင့် မကြည့်ရသေးသူတွေရော ကြည့်ရှုပြီးသူတွေအတွက်ပါ ပိုပြီးပြည့်စုံတဲ့ဇာတ်လမ်းပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre….. Horror, Mystery Quality…. 1080p | 720p | 480p File size… 2.2GB | 1GB | 500MB Format… mp4 Duration…. 2h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rashida Encoder ….. Aaron

Drama • Comedy • Romance
5.5 2023
KKN di Desa Penari: Luwih Dowo, Luwih Medeni
Remp-It 2

Remp-it 2 (2022) 2022 ခုကထွက်ရှိထားတဲ့ မလေးရှားဆိုင်ကယ်ပြိုင်ပွဲကားလေး တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ယခင်က လမ်းမပေါ်မှာတရားမဝင် ဆိုင်ကယ်ပြိုင်ပွဲတွေ ဝင်ပြိုင်နေတဲ့ မဒီ တစ်ယောက်လမ်းပေါ်ကနေဆင်းကာ တရားဝင် ဆိုင်ကယ်ပြိုင်ကွင်းထဲဝင်ပြီး ရိုးရိုးသားသားနဲ့ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ပြီး နေနေပါတယ်။ ဒါ့အပြင်ရွိုင်းဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ပါ ဆိုင်ကယ်မောင်းသင်တန်းဖွင့်ပြီး ဆိုင်ကယ်မောင်းနည်းပြအဖြစ်နဲ့ ဘဝကိုကြိုးစားနေသူပါ။ ဒါပေမဲ့ အရင်ကသူနဲ့ ရန်ငြိုးရှိခဲ့တဲ့ ဆိုင်ကယ် ဂိုဏ်းတစ်ခုက ပြန်လည်ပေါ်လာပြီး အရင်ကရန်ကြွေးတွေ မဒီရဲ့ ဘဝထဲပြန်ဝင်ရောက်လာတဲ့အခါ ဘယ်လိုပြန်လည်ပြီး ရင်ဆိုင်မလဲ။ ကြားထဲကနေ ဘယ်ကမှန်းမသိတဲ့ သူ့ရဲ့သားဆိုတဲ့ ကလေးတစ်ယောက်ပေါ်လာပြီး ပေါ့ပေါ့နေပေါ့ပေါ့စားလုပ်တတ်တဲ့ သူ့အကျင့်တွေနဲ့ ဒီကလေးတစ်ယောက်ကို ဘယ်လို တာဝန်ယူပြီး သားအဖဆက်ဆံရေးကို ဘယ်လိုပြန်လည် တည်ဆောက်မလဲဆိုတာကို ကြည့်ရှုအားပေးလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime, Drama Quality…. 1080p | 720p File size… 2.1GB | 969MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

Western • Crime • Drama • Romance
0 2022
Remp-It 2
The Salvation
6.7

classic westernကားကောင်းကောင်းကြည့်ချင်တယ်… actionခန်း သေနတ်ပစ်ခန်းကောင်းကောင်းတွေလည်းပါရမယ်.. ဇာတ်လမ်းကလည်း Drama Thrillerလေးမှဆိုရင် ဒီကားကို ကြည့်ဖြစ်အောင်ကြည့်ပါဗျာ…။ သရုပ်ဆောင်ထားတဲ့ မင်းသားတွေကလည်း ခပ်အေးအေးနဲ့ ဇာတ်ရုပ်နဲ့ လိုက်ဖက်လွန်းပါတယ်…။ Danish မင်းသားကြီး Mads Mikkelsenရဲ့ သရုပ်ဆောင်ဟန်တွေကို ဒီမှာမြင်တွေ့ရဦးမယ့်အပြင် မင်းသားကြီး Mikael Persbrandtကလည်း အားဖြည့်ပါဝင်ထားပါတယ်…။ မင်းသမီးEva Greenဆိုရင် တစ်ကားလုံးစကားတစ်ခွန်းမှမပြောဘဲ လူကြမ်းမကြီးအသွင်နဲ့ သရုပ်ဆောင်ပြသွားပါ‌သေးတယ်…။ စကားများများမပြောဘဲ ရိုက်ကွင်းရိုက်ကွက်နဲ့ ဇာတ်အိမ်ထဲမျှောပြီးခံစားရမယ့်ကားမျိုးပါ…။ ဇာတ်ကြောင်းကလည်းရိုးရိုးရှင်းရှင်းပါပဲ… သားနဲ့ဇနီးက ဗီလိန်တွေသတ်ဖြတ်တာကိုခံလိုက်ရလို့ တုန့်ပြန်လက်စားချေတဲ့ ဖခင်တစ်ယောက်ရဲ့ဇာတ်လမ်းပါ…။ ခံစားကြည့်ရှုလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်ဗျ…။ File size…1.44GB / 671MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.7 2014
The Salvation
Easy Money
5.7

ငွေတုငွေစစ်အရှုပ်တော်ပုံ ဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အခြေခံလူတန်းစားတစ်ယောက်ဖြစ်တဲ့ ချောင်ရှီချင့်ဟာ တစ်နေကုန်ကံဆိုးနေခဲ့ပါတယ်။ စိတ်ညစ်ညစ်နဲ့တံတားအောက်ကိုသွားတဲ့အချိန်မှာ ပိုက်ဆံသေတ္တာတစ်ခုကိုကောက်တွေ့ရပါတယ်။ သူကဒီပိုက်ဆံသေတ္တာကိုရဲလက်အပ်ရမလား ဘာလုပ်ရမလဲတွေဝေနေတဲ့အချိန်မှာ…… လင်ကြီးဆီကပိုက်ဆံတွေကိုခိုးပြီး ပိုက်ဆံအတုနဲ့လဲဖို့ကြိုးစားနေတဲ့စုံတွဲတစ်တွဲနဲ့ မထင်မှတ်ပဲ လက်ဆွဲသေတ္တာချင်လွဲသွားခဲ့တယ်။ တကယ်တော့ ချောင်ရှီချင့်လက်ထဲကပိုက်ဆံသေတ္တာက ရိုက်ကူးရေးသုံးတဲ့ပိုက်ဆံအတုတွေပါ။ ခိုးလာတဲ့ပိုက်ဆံကအတုတွေဖြစ်သွားတော့ စုံတွဲကခေါင်းမီးတောက်တော့တာပဲ။ ဒီလိုနဲ့ ချောင်ရှီချင့်ကငွေတုဆိုပြီးရဲလက်ကိုအပ်ဖို့ကြိုးစားတဲ့ ပိုက်ဆံတွေနဲ့ရွာလည်နေတော့တာပါပဲ။ ပေါ့ပေါ့ပါးပါး စိတ်အပန်းဖြေချင်တဲ့အခါမှာ သေချာပေါက်ကြည့်သင့်တဲ့ အခွီကားလေးတစ်ကားပါပဲ။

5.7 2023
Easy Money
[18+] The Sexual Story of O

The Sexual Story of O (1984) Erotic ဇာတ်ကားတွေနဲ့နာမည်ကြီးတဲ့ စပိန်ဒါရိုက်တာကြီး Jesús Franco ရဲ့လက်ရာဖြစ်ပါတယ်။ စွန့်စားခန်းတွေကိုရှာဖွေနေတဲ့ အိုဒီလ်ဆိုတဲ့ ဆယ်ကျော်သက်မိန်းမငယ်လေးဟာ အိမ်နီးချင်းလင်မယားရဲ့သွေးဆောင်မှုကိုခံခဲ့ရပြီး အတွေ့အကြုံထူးတွေမှာ ယစ်မူးနေခဲ့မိပါတယ်။ ဒါပေမဲ့ အဲဒီလင်မယားက သူ့ကို တဏှာကျွန်အစွန်းရောက်တွေဖြစ်တဲ့ ဗွန်ဘေကီမင်းသားနဲ့ ကြင်ယာတော်ဆီမှာ ရောင်းစားဖို့ကြံစည်ထားခဲ့တာပါ။ သူတို့ရဲ့အကြံအစည်အောင်မြင်သွားမလား… အဲဒီလိုအဖြစ်ဆိုးကနေ လွတ်မြောက်အောင် ကူညီမယ့် ကယ်တင်ရှင်ပေါ်လာမလား… ဆိုတာကို ဆက်လက်ရှုစားကြပါ။ ဥရောပရှေးဟောင်းကားတွေထုံးစံ အတော်ကြမ်းတဲ့ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 745MB Quality – 1080p, 720p Format – mp4 Duration – 1H 30Min Genre – Romance Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Drama • Mystery
0 1984 90 mins
[18+] The Sexual Story of O
Hong Kong Runaway
7.6

ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် အင်ဒိုနီးရှား Comedy/ Adventure ဇာတ်ကားတစ်ကားတင်ဆက်ပေး လိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆူလဲယ်ဟာ အင်ဒိုနီးရှားနိုင်ငံ ကျေးလက်မှာနေတဲ့ စိတ်ရင်းကောင်းတဲ့လူတစ်ယောက်ပါ။ သူ့မှာ ချစ်ရတဲ့ အီအစ်ဆိုတဲ့ ချစ်သူလေး ရှိပါတယ်။ ဒါပေမယ့် အီအစ်ဟာ ဆိုင်ကယ်စီးနိုင်ပြီး ပိုက်ဆံရှိတဲ့ မလေးရှားပြန် ချက်ချက်နဲ့ တွဲလိုက်ပြီး ဆူလဲယ်ကို ထားပစ်ခဲ့ပါတယ်(Women….)။ ဒီလိုနဲ့ စိတ်ဓာတ်ကျသွားတဲ့ ဆူလဲယ် ဟာလည်း ပိုက်ဆံရှိမှ အီအစ်က သူ့ကို ပြန်စိတ်ဝင်စားမှာဆိုပြီး သူ့ဦးလေး အကူအညီနဲ့ မလေးရှားမှာ အလုပ်လုပ်ဖို့ သွားပါတော့တယ်။ ဦးလေးဖြစ်သူ ဆွာဆိဟာ ဆူလဲယ်ကို မလေးရှားကို ခေါ်မသွားဘဲ ဟောင်ကောင်ကို လိမ်ခေါ်သွားပြီး ရထားဘူတာတစ်ခုမှာ ထားဖြစ်ခဲ့ပါတယ်။ ဆူလဲယ်လည်း မယောင်မလည်နဲ့ ဟောင်ကောင်မှာ တစ်ယောက်တည်း ကျန်နေခဲ့ပြီး အာလင်းဆိုတဲ့ ကောင်မလေးနဲ့ ဆုံဖြစ်ပါတယ်။ ဒါပေမယ့် အာလင်းကို သူ့ရှေ့တင် ပြန်ပေးဆွဲသွားတာကို မြင်လိုက်ရတာမို့ လိုက်ကယ်ဖို့ ကြိုးစားပါတော့တယ်…..။ ဆူလဲယ် တစ်ယောက် ဟောင်ကောင်မှာ ဘယ်လိုအလွဲတွေကြုံမလဲ၊ ဘာတွေ စွန့်စားခန်းဖွင့်ရမလဲဆိုတာကို ဆက်လက် ကြည့်ရှုလိုက်ပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonard Lin ဖြစ်ပါတယ်) Genre….. Adventure, Comedy Quality…. 1080p WEB-DL | 720p WEB-DL File size… 1.66GB | 869MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

7.6 2018
Hong Kong Runaway
Thirteen

IMDb rating- 6.8/10 Award – 14wins & 49nominations ဒီကားလေးကတော့ နာမည်အတိုင်းပဲ ၁၃နှစ်အရွယ် ကောင်မလေးနှစ်ယောက်အကြောင်းကိုရိုက်ထားတဲ့ ဒရာမာကားလေးပါ။ မြီးကောင်ပေါက်အရွယ်တွေက သစ်ရွက်လှုပ်ရင်တောင် စိတ်လှုပ်ရှားတတ်တဲ့အရွယ်တွေဖြစ်ပြီး မိုက်ရူးရဲဆန်တတ်ကြတဲ့အရွယ်ပါ။ ထရေစီက အစတုန်းတော့ စာတော်ပြီးလိမ္မာတဲ့ကျောင်းသူတစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူနဲ့အတူနေတာပါ။ ကျောင်းမှာ အီဗီဇိုမိုရာဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ပေါင်းမိပြီး နောက်မှာတော့ အလစ်သုတ်တာ ခိုးတာ ဆေးသုံးတာနဲ့ လိင်ကိစ္စတွေကိုပါ အစုံလုပ်လာခဲ့ပါတယ်။ ဒီကားလေးက လက်တွေ့ဆန်ပြီး တချို့ဇာတ်၀င်ခန်းတွေက တော်တော်disturbing ဖြစ်ပါတယ်။ သရုပ်ဆောင်နှစ်ယောက်ကလည်း အဲဒီအချိန်မှာ ၁၄နှစ်သာရှိကြပါသေးတယ်။ ပြီးတော့ အီဗီအဖြစ်သရုပ်ဆောင်တဲ့ Nikki Reedက ဒီကားဇာတ်ညွှန်းကို co-writerအဖြစ် ပါ၀င်ရေးသားထားပြီး သူ့ဘ၀တစ်စိတ်တစ်ပိုင်းကိုထည့်ရေးသားထားတာပါတဲ့။ ဆုတွေလည်းအများကြီးရထားတဲ့အပြင် အော်စကာဆုတစ်ဆုအတွက်လည်း ဆန်ခါတင်၀င်ထားပါသေးတယ်။ (ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေနဲ့ကိုယ်လုံးတီးဇာတ်၀င်ခန်းအချို့ကြောင့် Rated-Rအမျိုးအစားဖြစ်ပါတယ်။) File size…(2.6 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Drama, Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiri Nwe

Drama
0 2003
Thirteen
Gobangiri (or) Bushido
7.5

Gobangiri (or) Bushido (2024) IMDb Rating (7.5) ယာနာဂီတကခုနိုရှင်းဟာ ဆာမူရိုင်းတစ်ယောက်ဖြစ်ပြီး မှားယွင်းတဲ့ စွပ်စွဲခံရမှုတခုကြောင့် မြို့ကနေမောင်းထုတ်ခံခဲ့ရပြီး သူ့သမီး ကီနုနဲ့အတူ ဆင်းဆင်းရဲရဲ နေထိုင်လျက်ရှိပါတယ်… ဒါပေမယ့် ဆာမူရိုင်းတို့ရဲ့စံအတိုင်း လူနေခြုံကြားပေမယ့် စိတ်နေဘုံဖျားရှိသူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ကျားထိုးရတာကို ဝါသနာကြီးပြီး ပညာရှင်အဆင့်လို့ ဆိုနိုင်ပေမယ့် လောင်းကစားလုပ်ရတာ မကြိုက်သူတစ်ယောက်ဖြစ်တော့… ကျားထိုးရုံမှာ အပျော်သွားကစားတာကလွဲပြီး တစ်ခါမှ လောင်းကြေးနဲ့ မကစားခဲ့ဘူး… ဘာလို့လဲဆိုတော့ တစ်ချိန်က ကျားကစားရင်း လွဲချော်မှုတစ်ခုကြောင့် ဇနီးသည်ကို ဆုံးရှုံးတဲ့အထိ ဖြစ်ခဲ့ရတာကြောင့်ပါ.. တစ်နေ့မှာတော့ သူ့ဇနီးသည် သေဆုံးရတဲ့ ဖြစ်ရပ်မှန်ကိုသိသွားတဲ့အခါမှာတော့ လက်စားချေဖို့ ဖြစ်လာပါတော့တယ်။ ဒါပေမယ့် ဆာမူရိုင်းတစ်ယောက်ဖြစ်လို့ အမုန်းကို လက်စားချေရင် သူ့အသက်ကို ပြန်ပေးဆပ်ရမှာလည်း သိနေပြန်တာမို့.. သူလက်စားချေရင် သမီးလေးနဲ့ ခွဲရမှာမို့ လက်စားချေဖို့လမ်းကို သူရွေးချယ်မှာလား… သူလက်စားချေဖို့ ဘာတွေက ဖိအားပေးမှာလဲ… ဒီဇာတ်ကားက ဆာမူရိုင်းခေတ်ကို နောက်ခံထားတာမို့ ကြည့်နေကြမဟုတ်သူတွေအတွက် ပျင်းဖို့ကောင်းကောင်း ကောင်းနိုင်ပေမယ့် ဂျပန်သမိုင်းနဲ့ ဆာမူရိုင်းတို့ စိတ်နေစိတ်ထားကို နားလည်ချင်ရင်တော့ ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Chu Chu ဖြစ်ပါတယ်။) File size…(1.6 GB) / (860 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….02:09:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Chu Chu

7.5 2024
Gobangiri (or) Bushido
Shaft
6

Shaft (2000) IMDb Rating (6.0) / Rotten Tomatoes (67%) ရှက်ဖ် ကို အတော်များများ ကြိုက်ကြမယ် ထင်ပါတယ်။ ဆမ်မြူရယ် ဂျက်ဆန် ကြီးက အထာကျတာကိုး။ ဒီကားကတော့ ဂျွန်ရှက်ဖ် တစ်ယောက် စုံထောက်အလုပ်ကနေ ဘယ်လိုထွက်လာပြီး အလွတ်စုံထောက်ဖြစ်လာလဲဆိုတာ တွေ့ရမှာပါ။ သူနဲ့အပြိုင်ဗီလိန်မင်းသားက ခရစ်ရှန်ဘေး ဆိုတော့ အတော်ကောင်းနေတာပါပဲ။ ဒီဇာတ်လမ်းအစမှာ သန်းကြွယ်သူဌေးကြီးရဲ့ သားတစ်ယောက်က ကလပ်မှာ လူသတ်လိုက်တယ်။ တရားခံကို ဖမ်းပေးလိုက်နိုင်ပေမယ့် သက်သေက ထွက်ပြေးနေလို့ အာမခံရသွားတယ်။ ဒီအမှုကို တရားမျှတမှုရဖို့ ရှက်ဖ်ကြီး သဲကြီးမဲကြီးလိုက်ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Littleneo ဖြစ်ပါတယ်။) File size…(1.6 GB) / (870 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Thriller Duration….01:41:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Littleneo

6 2000
Shaft
Graveyard Shark

အက်ဘီဟာ သဘာဝနယ်လွန် သတ္တဝါတွေ ပဟေဠိတွေကို အဖြေရှာဖို့ ကြိုးစားနေတဲ့သူပါ။ တစ်ချိန်တည်းမှာပဲ ဝီလ်စ်ဘိုရိုပွိုင့်ရဲ့ သင်္ချိုင်းမြေမှာ သင်္ချိုင်းငါးမန်းက သတ်ဖြတ်နေတယ်ဆိုတဲ့ ကောလဟာလတွေလဲ ပျံ့နှံ့နေပါတယ်။ သင်္ချိုင်းငါးမန်းလက်က လွတ်လာတဲ့ အသက်ရှင်ကျန်ရစ်သူတွေလဲရှိပြီး အဆိုပါ အသက်ရှင်သူတွေအတွက် အပတ်စဥ်တွေ့ဆုံပွဲလေး လုပ်လေ့ရှိပါတယ်။ ဒီကောလဟာလတွေကို အဖြေရှာဖို့ ဆွေးနွေးပွဲကို ဦးဆောင်တဲ့ ဒေါက်တာက အက်ဘီ့ကို လာရှာပါတယ်။ အက်ဘီလဲ အလုပ်ကို လက်ခံလိုက်ပြီး သင်္ချိုင်းငါးမန်းနောက်ကို လိုက်ဖို့ ပြင်ပါတော့တယ်။ ရုပ်ရှင်က အနည်းငယ် budget ဆန်ပြီး 18+ အခန်းတွေနဲ့ စကားပြောကြမ်းတာလေးတွေ ပါတာကို သတိပြုစေချင်ပါတယ် File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre… Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Boomer

0 2024 97 mins
Graveyard Shark
The Wish Swap
6.8

The Wish Swap (2025) ကံကြမ္မာရဲ့ဆန်းကြယ်မှုဆိုတာ လူတိုင်းစီကို တစ်နည်းမဟုတ်တစ်နည်း အခွင့်အရေးတစ်ခုမဟုတ်တစ်ခုနဲ့ ရောက်လာတတ်ကြတယ်တဲ့ လူတိုင်းဟာ ကိုယ့်ဖူးစာဖက်ကို တကယ်မှန်ကန်တဲအချိန်မှာတွေ့မိတတ်ကြမလားမသိနိုင်ပေမယ့် လွဲချော်သွားကြတဲ့အခါ အချိန်နဲ့ကံကြမ္မာကိုပဲ အပြစ်တင်တတ်ကြတာပေါ့ ဒါဆိုရင် ကံကြမ္မာကရော အမြဲတမ်း လွဲမှားမှုတွေပဲပေးနေတတ်သလား မဟုတ်ရင် ပိုကောင်းတဲ့ သင့်တော်တဲ့လူတစ်ယောက်ဆီကို တွန်းပို့ပေးမှာလားဆိုတာ မျှော်လင့်ရင်ခုနနိုင်မယ့်ဒီဇာတ်ကားလေးကတော့ မတူညီတဲ့ဘဝပုံစံနှစ်ခုနဲ့ ဟန်နရီနဲ့ကေစီတို့နှစ်ဦးသား အကြောင်းတိုက်ဆိုင်လို့တောင် တွေ့နိုင်ဖွယ်မရှိတဲ့သူတို့နှစ်ယောက်က တိုက်တိုက်ဆိုင်ဆိုင်ပဲ ကံကြမ္မာရဲ့မျက်နှာသာပေးမှုကြောင့် မွေးနေ့အတူတူအဖြစ် မွေးနေ့ပွဲလုပ်တဲ့ဆိုင်လေးမှာ ဆုံတွေ့ခဲ့ကြတယ် အဲဒီကနေ သူတို့နှစ်ယောက်ဘဝကို မသိမသာတိုးတိုးတိတ်တိတ်လေး ပြောင်းလဲသွားစေမယ့် ကံကြမ္မာရဲ့ဆန်းကြယ်မှုကတော့ မွေးနေ့ကိတ်တစ်ခုတည်းပေါ် ဆုတောင်းမိကြတဲ့သူတို့နှစ်ဦးသား ဆုတောင်းတွေအမှန်တကယ်ဖြစ်လာတာပါပဲ ဒါပေမယ့် သူတို့ဆုတောင်းတွေက တစ်ဦးဆုတောင်းတစ်ဦးဆီမှာဖြစ်ပေါ်လာရင်း ဘယ်လိုမျိုး ဖြည့်ဆည်းသွားကြမလဲ ဘယ်လိုမျိုးယုံကြည်ချက်တွေ ခိုင်မာမှုတွေက နှစ်ယောက်သားအချင်းချင်း အမြစ်တွယ်ငြိလာကြမလဲ ပေါ့ပါးတဲ့ခံစားချက်အတက်အကျလေးနဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေါ်လာပုံကို ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်

6.8 2025 84 mins
The Wish Swap