YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Snowy 18mmsub MWM.mp4

514.9 MB N/A video/mp4 21 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Christmas Karen
8

ကာရင်' ဆိုတဲ့စကားလုံးကို ဒီခေတ်မှာ သိပ်မစိမ်းကြတော့ဘူးလို့ ထင်ပါတယ်။ 'ကာရင်' ဆိုတာ နေရာမရွေး ကွိုင်ရှာတတ်တဲ့ ပြဿနာအိုး၊ လူမျိုးရေးခွဲခြားဆက်ဆံတတ်တဲ့ သက်လတ်ပိုင်း အမေရိကန် လူဖြူအမျိုးသမီးကြီးတွေကို ခေါ်ဆိုတဲ့ ဗန်းစကားတစ်ခုပါ။ ကာရင်တွေရဲ့ ထစ်ခနဲရှိ လက်သုံးစကားတွေက 'ငါ ရဲခေါ်လိုက်မယ်' 'မန်နေဂျာနဲ့ စကားပြောမယ်' 'နင်တို့နေတဲ့နိုင်ငံကိုသာ ပြန်သွား' ဆိုတာတွေပါ။ 'ကာရင်' ဆန်ပြီး ကာရင်လို့အမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ ခရစ္စမတ်အကြိုညမှာ အရင်က သူဌေးမဟောင်းနဲ့ ပြန်ဆုံခဲ့ပါတယ်။ သူမရဲ့ သူဌေးဟာ လွန်ခဲ့တဲ့ နှစ် ၂၀ က ခရစ္စမတ်ညမှာ ဆုံးပါးသွားခဲ့သူပါ။ တစ္ဆေအဖြစ်နဲ့ လာရောက်ခြောက်လှန့်ခဲ့တဲ့ သူမရဲ့ သူဌေးဖြစ်သူဟာ ရှင်သန်နေစဥ်ကာလမှာ လုပ်ခဲ့မိတဲ့ ပြစ်ဒဏ်တွေကြောင့် ကြေးချွတ်သန့်စင်ဘုံမှာ ပြစ်ဒဏ်ခံနေရသူတစ်ဦးလည်း ဖြစ်ပါတယ်။ လေလွင့်တစ္ဆေဖြစ်နေတဲ့သူမဟာ အသက်ရှိနေစဥ်ကာလမှာ သူတစ်ပါးရဲ့ယောကျာ်းတွေနဲ့ အိပ်မိခဲ့တဲ့အတွက် အပြစ်ကြွေးဆပ်နေရပါတယ်။ ဒါပေမဲ့ ထိုအပြစ်ကြွေးကြောင့် ဘယ်လိုမျိုးများ ချုပ်နှောင်ခံနေရသလဲ...။ သူမလို မဖြစ်စေဖို့ ကာရင့်ကို လာရောက် သတိပေးတဲ့အခါမှာရော ဘယ်လိုမျိုးတွေ ဆက်ဖြစ်မလဲ...။ ဒီလိုနဲ့ ကာရင်တစ်ယောက် သူမရဲ့ သူဌေးဟောင်း လွှတ်ပေးလိုက်တဲ့ တစ္ဆေတွေနဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလတွေရဲ့ ခရစ္စမတ်တွေကို ပြန်လည်သွားရောက်ခဲ့တဲ့အခါမှာရော ဘယ်လိုအကြောင်းအရာတွေကို သိရှိလိုက်ရမလဲ။ ပြဿနာအိုး ကာရင်နဲ့ တစ္ဆေတို့ရဲ့ ခရီးလမ်းဟာရော ဖြောင့်ဖြူးပါ့မလား... ပြဿနာ တက်ရော တက်ပါ့မလား...။ ဒီလိုနဲ့ ကာရင်တစ်ယောက် ခရစ္စမတ်ပေါင်းများစွာ ပြန်လည်ဖြတ်သန်းရချိန်မှာ တွေ့ကြုံရမယ့်ဖြစ်ရပ်တွေနဲ့ ကိစ္စရပ်တွေကို ရယ်စရာ မောစရာ ဒေါသထွက်စရာ စုံလင်စွာနဲ့ ကြည့်ရှုနိုင်တော့မှာပါ။ ​ရာသီဥတုအေးတဲ့ဆောင်းညတွေမှာ Christmas Vibe အပြည့်နဲ့ အပန်းဖြေဖို့ဆိုရင် ဒီလိုဇာတ်ကားကောင်းလေးတစ်ခုကိုလည်း လက်မလွတ်ပါစေနဲ့နော်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shin Mann Htet Myat မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 880MB Quality - 1080p, 720p Format - mp4 Duration - 1H 38Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Shin Mann Htet Myat Encoded by Y

8 2022 98 mins
A Christmas Karen
The Final Game
6.9

သင့်အနေနဲ့ အားကစားရုပ်ရှင်ကားကောင်းလေးတွေ၊ ဘောလုံးပွဲ Documentary ကောင်းလေးတွေ၊ ရုပ်ရှင်လေးတွေကြည့်ရတာကို နှစ်သက်တယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးကိုလည်း လက်လွတ်မခံသင့်ပါဘူး။ သင်ဟာ ပီလီရဲ့ရုပ်ရှင်နဲ့ Documentary ကို ကြည့်ထားဖူးသူ၊ ရော်နယ်ဒို၊ မက်ဆီ၊ ဖာဂူဆန်၊ ရွန်းနီ၊ အာဆင်ဝင်းဂါးစတဲ့ ဘောလုံးအကျော်အမော်တွေရဲ့ ရုပ်ရှင်တွေကို မလွတ်တမ်းကြည့်ရှုတတ်သူဆိုရင်တော့ ဒီရုပ်ရှင်ကားကောင်းလေးဟာလည်း သင့်အတွက် ထပ်မံထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကောင်းလေးကတော့ ဘောလုံးလောကအကြောင်း၊ ဘောလုံးပြိုင်ပွဲတွေအကြောင်းမဟုတ်ဘဲ အိုလံပစ်ပြိုင်ပွဲတွေထဲက ဝါတာပိုလိုအသင်းတွေအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ကားကောင်းလေးပါပဲ။ IMDb အနေနဲ့လည်း 6.7/10 တောင်ရရှိထားတဲ့ စပိန်ကားကောင်းလေးဖြစ်ပြီး ရထားတဲ့ Rating တွေနဲ့ ထိုက်ထိုက်တန်တန် သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်ပိုင်နိုင်မှု၊ ဇာတ်လမ်းဇာတ်ကွက်နိုင်နင်းမှုရှိတဲ့ ကားကောင်းလေးလည်းဖြစ်ပါတယ်။ အားကစားရုပ်ရှင်ကြည့်တတ်သူတိုင်းအတွက် နောက်ထပ် ဆွေမျိုးမေ့စေမယ့်ဟင်းတစ်ခွက်ဖြစ်ပြီး မမြည်းစမ်းလိုက်ရရင်တော့ နောင်တရနိုင်တဲ့ဟင်းလျာလေးတစ်ခွက်လို့ပြောရမှာပါပဲ။ ဒီရုပ်ရှင်လေးထဲမှာတော့ ၁၉၉၂ ခုနှစ်တုန်းက ဝါတာပိုလိုအိုလံပစ်ဖိုင်နယ်ပွဲအတွက် ကြိုးစားနေကြတဲ့ စပိန်ဝါတာပိုလိုလက်ရွေးစင်အသင်းရဲ့ အခက်အခဲတွေ၊ အရှုပ်အထွေးတွေကို ဇာတ်ကွက်ကောင်းကောင်းနဲ့ ရှုစားရမှာဖြစ်ပြီး ဖြစ်ရပ်မှန်ဇာတ်လမ်းကိုလည်း ရိုက်ကူးထားတာဖြစ်တဲ့အပြင် နာမည်ကြီးစပိန်စီးရီးတစ်ခုဖြစ်တဲ့ Money Heist က ဒန်ဗာ့နေရာမှာသရုပ်ဆောင်တဲ့ နာမည်ကြီး စပိန်သရုပ်ဆောင် Jaime Lorente López ပါပါတဲ့ ရုပ်ရှင်လေးဖြစ်တာကြောင့် 42 segundos ရုပ်ရှင်ကားလေးကို ရှု့စားအားပေးလှည့်ပါဦးခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို San Thu Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 890MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 46Min Genre - Adventure, Biography, Drama Subtitle - Myanmar Subtitle (Hardsub) Translated by San Thu Aung Encoded by Y

Horror • Mystery • Thriller
6.9 2022 106 mins
The Final Game
(18+) Moonlight Butterfly
6

ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဘားမှာ ဖျော်ဖြေပေးနေရတဲ့ မိန်းမလှလေး.... ဘားမယ်ဆိုပေမယ့် အလှသွေးကြွယ်ချက်က ၉+ဆိုတော့ ဖောက်သည်တွေ တသောသောနဲ့ အမြဲ အလုပ်များနေတာပေါ့ သူဒီလိုလုပ်ရတာလဲ ဝါသနာကြောင့်မဟုတ်ပဲ သူ့ရဲ့ဘဝပေးကံလေး နိမ့်နေလို့ပါ... နိမ့်ပုံကတော့ အမေက ကျောက်ကပ်အမြဲဆေးနေရတဲ့ ရောဂါသည် လူမမာကြီး... မောင်ဖြစ်သူကလဲ ကျောင်းတက်နေရတဲ့ လူငယ်လေးဆိုတော့ အမကြီးအမိရာဆိုတဲ့အတိုင်း သူမရဲ့ လှပတဲ့ကောက်ကြောင်း ပေါ်လွင်တဲ့နှာတံ ဝိုင်းစက်နေတဲ့ မျက်လုံးလေးတွေကို အသုံးချပြီး ပိုက်ဆံရှာရတာပေါ့ဗျာ သူ့ရဲ့ စပါယ်ရှယ်ဝန်ဆောင်မှုကိုတော့ လပြည့်နေ့တရက်သာ ပေးပါတယ် လပြည့်နေ့တိုင်း သူမကသူမရဲ့အလှတရားကို ပေါ်လွင်တောက်ပစေမယ့် အဝတ်အစားတွေနဲ့ တညတာအဖော်ရှာဖွေရင်း မထင်မှတ်ထားတဲ့ ယောကျာ်းနှစ်ယောက်နဲ့တွေ့ဆုံမိချိန်မှာတော့.... File size…1.8GB / 866MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Dark

Comedy • Fantasy
6 2022 104 mins
(18+) Moonlight Butterfly
Run Rabbit Run
5.2

Netflix​ ရဲ့နောက်ဆုံးထွက် Psychological Horror ရုပ်ရှင်အမျိုးအစားဖြစ်တဲ့ Run Rabbit Run က​ သြစတြေးလျ​ရုပ်​ရှင်​ဖြစ်ပြီး​ ဇွန်​ 28​ ရက်နေ့မှာ Netflix​ မှာ​စတင်ထုတ်လွှင့်ခဲ့ပါတယ်။ ဒီဇာတ်ကားကို Sundance ရုပ်ရှင်​ပွဲတော်​မှာလည်း​ premier အဖြစ်​ပြသခဲ့ပါသေးတယ်။ Succession မှာ​ ပါဝင်ခဲ့တဲ့ Sarah Snook က​ အဓိက​ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ Sarah က​ မျိုး​ဥနဲ့သားအောင်ခြင်းဆိုင်ရာ​ ဆရာဝန်တစ်ဦးဖြစ်ပြီး သဘာဝလွန်ဖြစ်ရပ်များကိုမယုံကြည်သူ လက်တွေ့ကျသူတစ်ဦးဖြစ်ပါတယ်။ Sarah မှာ​ Mia လို့ခေါ်တဲ့သမီးလေးနဲ့အတူရှိပြီး ခင်​ပွန်းဖြစ်သူ​ Pete​ နဲ့ကွာရှင်းထားပါတယ်။ တစ်နေ့​မှာတော့​ သမီးဖြစ်သူ Mia က​ ထူးထူးဆန်းဆန်းအပြုအမူတွေကို​ ပြုမူလာပြီး​ တစ်နေ့​တခြား​ Mia ရဲ့အခြေအနေက ပိုမိုဆိုးရွားလာချိန်မှာတော့ Sarah တစ်ယောက်​ သူမေ့ထားတဲ့အတိတ်ဟောင်းတစ်ခုရဲ့​ခြောက်လှန့်မှုကို​ ရင်ဆိုင်​ရပါတော့တယ်။ Run​ Rabbit​ Run​ ဇာတ်ကား​က​ စိတ္တဇ​ Horror ဇာတ်ကား​မျိုးဖြစ်ပြီး​ တခြားသော သြစတြေးလျ​ Horror ရုပ်ရှင်များဖြစ်တဲ့ The​ Babadook,​ Relic, Bloody Hell တို့လို Theme မျိုးဖြစ်ပါတယ်။၊ Horror ကားပေမဲ့ ဝုန်း​ဒိုင်းခြောက်လှန့်တဲ့ Jump​scare​ တွေလုံးဝမပါဘဲ Hereditary လိုမျိုး ဖြည်းဖြည်းချင်း​ ဇာတ်​ရှိန်မြှင့်သွားတဲ့ပုံစံမျိုးပါ။ သားအမိ​နှစ်ဦးရဲ့​ အထီးကျန်​ဆန်​တဲ့​ ဆက်နွယ်​မှုအကြားမှာ tension တွေတဖြည်းဖြည်းပေါ်လာပြီး ရုပ်ရှင်​ရဲ့နောက်ဆုံးပိုင်းတွေမှာ ဖြစ်ရပ်​မှန်နဲ့ ထင်ရာမြင်ရာစိတ်ကူးယဥ်မှုတွေအကြား ဝေခွဲ​မရဖြစ်လာတဲ့​ မိခင်​တစ်ဦး​နေရာမှာ​ သရုပ်ဆောင်​တဲ့​ Sarah Snook​ ကို​ ဝေဖန်​သူများက​ ချီး​ကျူးခဲ့ကြပါတယ်။ Horror ကား​ဖြစ်​ပေမဲ့​ Chilling​ ဖြစ်ပြီး​ ပြင်း​ထန်တဲ့စိတ်ခံစားမှုတွေ၊ နောင်တ​တရားနဲ့​ အတိတ်​ရဲ့ခြောက်လှန်မှုတွေအကြား​ လွန်​ဆွဲရုန်းကန်နေရတဲ့ မိခင်တစ်ဦးအကြောင်းကို တင်ဆက်​ထားတဲ့​ Run Rabbit​ Run ဟာ​ Black Swan လို​ Psychological​ Horror ရုပ်ရှင်​မျိုးကို​နှစ်သက်သူတွေအတွက်တော့ မဖြစ်မနေကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။

Action • Fantasy
5.2 2023 100 mins
Run Rabbit Run
The Novelist’s Film
7

The Novelist’s Film (2022) ~ IMDb – 7/10, Rotten Tomatoes – 100% ~ Directed by Hong Sang-soo ဟုံဆန်ဆူးဟာ မနှစ်ကထွက်တဲ့ ၂ကားကနေ အခုထိ ဒါရိုက်တာတွေ မင်းသမီးတွေ စာရေးဆရာတွေအကြောင်းချည်း ရိုက်လာတာပါ။ ဇာတ်ညွှန်းနဲ့ ဇာတ်လမ်းတင်ဆက်ပုံအရဆို In Front of Your Face က ပိုသာတယ် ထင်ကောင်းထင်ရပေမဲ့ ကျွန်တော်တော့ ဒီသုံးကားထဲ The Novelist’s Film ကို အကြွေဆုံးပါပဲ။ In Front of Your Faceထဲက သရုပ်ဆောင်တွေရော၊ Introduction ထဲက သရုပ်ဆောင်တွေရော ပြန်သုံးထားပါတယ်။ ဇာတ်လမ်းကတော့ သူ့နာမည်အတိုင်းပါပဲ စာရေးဆရာရိုက်တဲ့ ရုပ်ရှင်အကြောင်းပေါ့။ နာမည်ကြီးစာရေးဆရာမတစ်ယောက်ရှိတယ်။ သူစာမရေးနိုင်တာ နည်းနည်းကြာပြီ။ သူစာမရေးနိုင်တဲ့ သဘောက သူက ပုံမှန်ဆို ဘာမှမဟုတ်တဲ့ အကြောင်းအရာလေးတွေကို တစ်ခုခုခံစားရအောင် ရေးနိုင်စွမ်းရှိတဲ့ သူမျိုးပေါ့။ အရင်ကတော့ ဒီလိုရေးနိုင်တာက သူ့အတွက် ပါရမီလိုလို ဘာလိုလို သူခံစားခဲ့ရတယ်။ ကြာတော့ သူ့ဘာသာ ဒါကြီးက ဟန်များပြီး မရိုးသားဘူးလို့ မြင်လာရော။ စာရေးဆရာရဲ့ အလုပ်က စာဆက်ရေးနေဖို့ပဲလေ။ ဒီတော့ သူဆက်ရေးတယ်။ မကြိုက်ဘူး။ ဖြဲပစ်တယ်။ ဒီလိုနဲ့လည်နေတာပဲ။ ဒီလိုနဲ့စိတ်ပြေလက်ပျောက် ခရီးထွက်ရင်း သူသိပ်ကြိုက်တဲ့၊ ကားမရိုက်တာကြာပြီဖြစ်တဲ့ မင်းသမီးနဲ့တွေ့တယ်။ ဂင်မင်ဟီးပေါ့။ သူနဲ့တွေ့တဲ့အခန်းမှာ ဂင်မင်ဟီး အပြင်ဘဝနဲ့ ခပ်ဆင်ဆင်စကားတွေသုံးပြီး ဂင်မင်ဟီး ကားသိပ်မရိုက်ရတဲ့ အကြောင်းရင်းကိုတောင် ရှင်းသွားတယ်။ ပြီးကျ စာရေးဆရာမက သူစာရေးမရလို့ ဇာတ်ကားတစ်ကားရိုက်ကြည့်ချင်တဲ့အကြောင်း ဂင်မင်ဟီးကိုပြောပြီး အတူတူရိုက်ကြတယ်။ စာကျတော့ ရေးလို့မရဘူး။ ရုပ်ရှင်ကိုကျ ဇာတ်ညွှန်းပါရေးပြီး ရိုက်ဖို့လုပ်တာက နည်းနည်းတော့ မဆီလျော်ဘူးထင်စရာပဲ။ ဒါကိုလည်း သူက သူရိုက်ချင်တဲ့ ပုံစံကိုပြောပြပြီး ပြန်ရှင်းသွားတယ်။ သူ့ရုပ်ရှင်ရိုက်နည်းက ဇာတ်ညွှန်းမရှိတာလည်း မဟုတ်ဘူး။ ရှိတယ်။ ဒါပေမဲ့ သူတည်ဆောက်ထားတဲ့ ဇာတ်ညွှန်းထဲ သူ့အလိုလို ဆင့်ပွားဖြစ်လာတဲ့အရာတွေကိုလည်း ဇာတ်ညွှန်းအတိုင်းကိုက်အောင် ပိတ်ဆို့ပစ်တာမျိုးမရှိတဲ့ပုံစံမျိုးပေါ့။ စာရေးတာမှာလည်း ဒီလိုမျိုး ခပ်ဆင်ဆင်တော့ရှိပေမဲ့ ရုပ်ရှင်မှာလောက်တော့ မလွတ်လပ်ဘူးပေါ့။ စာရေးတာမှာက ကိုယ့်ဇာတ်ကောင်တွေကို ကိုယ်မထိန်းနိုင်တော့တာမျိုး သူ့ဘာသာ အသက်ဝင်လာတာမျိုးပေါ့။ မင်းလူတော့ အမှာစာတစ်ခုမှာ ဒီလိုဖြစ်ဖူးတယ်လို့ ရေးထားတာပဲ။ ခပ်ဆင်ဆင်ပြောရရင် ဇာတ်ညွှန်းက ပန်းပွင့်တစ်ပွင့်ပွင့်တာကို ရိုက်မယ်ထား။ ဒါရိုက်တာက ပန်းပွင့်လာတာကို ထိုင်ရိုက်တယ်ထား။ သူရိုက်နေတုန်း ပွင့်ပွင့်ချင်း ပန်းကတစ်လွှာ အလိုလိုကြွေသွားတယ်ထား။ ဒါရိုက်တာက သူ့ဇာတ်ညွှန်းအရ ပွင့်တဲ့အထိပဲဖြစ်ရမယ်ဆိုပြီး တစ်လွှာကြွေတာကို ကန့်သတ်ပြီး ဖယ်မပစ်တဲ့ပုံစံမျိုး ရိုက်တယ်ပေါ့။ ဒီရုပ်ရှင်ဟာ စာရေးသားခြင်းမှာ သူမရတဲ့ လွတ်လပ်ခြင်းမျိုးကို စာရေးဆရာမက ရုပ်ရှင်ရိုက်ပြီး ပြန်ရှာတဲ့ အကြောင်းပါပဲ။ ဟုံဆန်ဆူးဟာ သူပြချင်တဲ့ပွိုင့်ကို တော်တော်လှလှပပကို ပြသွားပါတယ်။ မနှစ်ကအကောင်းဆုံးကားတွေထဲ ဟုံဆန်ဆူးရဲ့ In Front of Your Face ကို ထည့်ခဲ့ရသလို ဒီနှစ်လည်း ဟုံဆန်ဆူးရဲ့ The Novelist’s Film ကို ဒီနှစ်ရဲ့အကောင်းဆုံးကားတွေ စာရင်းထဲ ထည့်ရဦးမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.73GB, 1.13GB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 32Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Biography • Drama • History
7 2022 92 mins
The Novelist’s Film
A Chinese Fairy Tale A Chinese Ghost Story
5.6

မိစ္ဆာမလေးနဲ့ ခပ်အအ လူငယ်လေးရဲ့ လောကတစ်ဖက်ခြား အချစ်ဇာတ်လမ်းလေးဟာ သိပ်ကိုလှပပြီး လွမ်းတရင်ဆို့ဖွယ်လေးပေါ့ဗျာ။ ကဝေမကြီးရဲ့ ထိန်းချုပ်မှုအောက်မှာ ယောက်ျားတွေကို မြူစွယ်လို့ ဝိညာဉ်အာဟာရ ရှာပေးရတဲ့ မိစ္ဆာမလေးတွေရဲ့ ဂန္ဓာလရာဇ် တစ်ထောင့်တစ်ညပုံပြင်လေးတစ်ခု။ ဒီဇာတ်ကားကို Joey Wong နဲ့ စတင်ရင်းနှီးခဲ့ရတာ။ လေပေါ်မှာလွင့်မြောနေပြီး ပိတ်စပါးပါးလေးတွေတလွင့်လွင့်နဲ့ သူ့ရဲ့အလှက ရွှေစင်ကို သကြားမင်းကိုယ်တိုင် ထုဆစ်ထားသလိုပါပဲ။ အဲဒီဇာတ်ကားဟာ သိပ်ကိုအောင်မြင်လွန်းလို့ ဟောင်ကောင်ရုပ်ရှင် ဂန္ထဝင်ဇာတ်ကား ၁၀၀ ထဲမှာ နံပါတ် ၅၀ ချိတ်ခဲ့တာပေါ့။ ဒါနဲ့ပဲ အဆက် ၂ ကား၊ animated ရုပ်ရှင်တစ်ကား၊ တီဗီ series တစ်ခုနဲ့ အခုတင်ဆက်ပေးမယ့် ၂၀၁၁ remake ဇာတ်ကားတို့ အဆင့်ဆင့်ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ မကောင်းဆိုးဝါးမလေး စုစင်း နေရာမှာ Lui Yifei (ဂူးဂူး) ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဂူဂူးရယ်လို့ ထင်ရှားလှတဲ့ ကျွန်တော်တို့ရဲ့ အိပ်မက်မင်းသမီးလေးဟာ ဒီဇာတ်ကားမှာတော့ Joey Wong ရဲ့လောင်းရိပ်အောက်က ဖောက်မထွက်နိုင်ခဲ့ပါဘူး။ ဘယ်လိုပဲပြောပြော၊ မူလ A Chinese Ghost Story ရဲ့ဇာတ်ကွက်နဲ့ ကျောရိုးကိုဖောက်ထွက်ပြီး ရသအသစ်တွေကို ထပ်ပေးနိုင်တဲ့ကားဖြစ်ပါတယ်။ အချစ်မှာကန့်သတ်ချက်တွေမရှိဘူးဆိုကြပေမယ့် သဘာဝခြင်း ကွာခြားလှတဲ့လူသားနဲ့မိစ္ဆာလောက ၂ခုကြားမှာ လွမ်းမောဖွယ်အဖြစ် တည်ရှိနေမယ့် အချစ်တစ်ခုကိုမြင်တွေ့ရတာဟာ လက်တွေ့ဘဝတွေထဲမှာ အချစ်ကိုဖွေရှာခြင်းလို ရင်ကိုထိရှစေခဲ့ပါတယ်။ ဇာတ်လမ်းကတော့ အားလုံးသိထားပြီးသားပါ။ မကောင်းဆိုးဝါးမလေးတွေကို ကဝေမကြီးကထိန်းချုပ်ပြီးခိုင်းစား။ ခပ်အအ လူငယ်လေး သူတို့ဆီရောက်လာ။ စုစင်း နဲ့တွေ့။ ချစ်မိသွား။ စုစင်း က သူ့ကိုကာကွယ်။ တာအိုဆရာတွေနဲ့ ကဝေမကြီးနဲ့ချ။ နိုင်ချွေးစန် ဆိုတဲ့ ခပ်အအလူငယ်လေး ကဝေမကြီးလက်က စုစင်းရဲ့ ခန္ဓာကိုယ်ကို ခိုးယူပြီး ထွက်ပြေးကြတဲ့ဇာတ်လမ်းပါပဲ။ ကဲ။ သရဲကားကို စောင်ကိုက်ပြီး ကြည့်ကြရအောင်လား‌ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်)

Horror • Romance
5.6 2011
A Chinese Fairy Tale A Chinese Ghost Story
Monica and Friends: Bonds
7.1

တစ်ခါတစ်လေမှာ ကလေးတွေဟာ လူကြီးတွေနဲ့ တွေးခေါ်ပုံချင်း အတော်လေးကွာခြားတတ်ပါတယ်။ လူကြီးတွေတန်ဖိုးထားတတ်တဲ့ ရွှေ၊ ငွေ၊ အသုံးအဆောင်ပစ္စည်း၊ တန်ဖိုးကြီးအရာတွေဟာ သူတို့အတွက် ဘာမှအသုံးမဝင်သလိုဖြစ်နေတတ်ပေမယ့် သာမန်စာရွက်လေးတစ်ရွက်၊ အရုပ်ကလေးတစ်ရုပ်၊ တိရစ္ဆာန်ကလေးတစ်ကောင်၊ အသေးအဖွဲလေးတစ်ခုဟာ သူတို့အတွက် အပျောက်ရှမခံနိုင်လောက်အောင် အဖိုးတန်နေ၊ အဓိပ္ပါယ်ရှိနေတတ်ပြန်ပါတယ်။ ဒါဟာ ကလေးအများစုမှာရှိတတ်တဲ့ ယေဘုယျစိတ်အလုပ်လုပ်ပုံ psychology ဖြစ်ပါတယ်။ အဲ့သဘောတရားနဲ့ ဆက်စပ်နေတဲ့ ၂၀၁၉ ခုနှစ်ထွက် ဘရာဇီး family adventure ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကို ၂၀၁၉ ခုနှစ် ဟောလိဝုဒ်ဘရာဇီးရုပ်ရှင်ပွဲတော်ကာလမှာ စတင်ပြသခဲ့တာ ဖြစ်ပါတယ်။ ဒါရိုက်တာ Daniel Rezende ကရိုက်ကူးထားပြီး ကလေးသရုပ်ဆောင် Giulia Benite၊ Kevin Vechaitto၊ Laura Rauseo၊ Gabriel Moreira တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး Mauricio de Sousa ရဲ့ Monica’s Gang ကိုအခြေခံရိုက်ကူးထားတဲ့ ပေါ်တူဂီစကားပြောဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘရာဇီးမြို့ငယ်လေးတစ်မြို့က လမ်းတစ်လမ်းမှာ ဂျင်မီဖိုက်၊ စမတ်၊ မိုနီကာနဲ့ မဂ္ဂီတို့ဟာ မတည့်အတူနေ သူငယ်ချင်းလေးယောက်ပါ။ မိုနီကာဟာ မိန်းကလေးဆိုပေမယ့် စွာတေးလန်လေးဖြစ်နေလို့ တစ်လမ်းလုံးရဲ့ လမ်းဗိုလ်လိုဖြစ်နေသူလေးပါ။ ဂျင်မီဖိုက်ကတော့ မိုနီကာ့နေရာကိုယူချင်နေတဲ့ အကြံဉာဏ်ထုတ်တတ်တဲ့ ကောင်လေးပါ။ အဲ့လိုတစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်နေကြရင်းနဲ့ တစ်နေ့မှာ ဂျင်မီဖိုက်မွေးထားတဲ့ ခွေးလေးဟာ ထူးဆန်းစွာနဲ့ ပျောက်ချင်းမလှပျောက်သွားပါတယ်။ အဲ့အခါမှာ ပိုင်ရှင်ဖြစ်သူဂျင်မီဖိုက်တစ်ယောက် မစားနိုင်၊ မအိပ်နိုင် ကြေကွဲနေချိန်မှာ မတည့်အတူနေ ကျန်သူငယ်ချင်းတွေက လာရောက်အားပေးစကားပြောပြီး ခွေးလေးကိုလိုက်ရှာကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မြို့အနီးအနားဝန်းကျင်မှာ သတင်းစုံစမ်းရင်း လူတစ်ယောက်က ခေါ်သွားကြောင်းစုံစမ်းမိတဲ့အခါမိမိတို့အိမ်က လူကြီးတွေမသိအောင် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီး လေးယောက်သား ခွေးရှာပုံတော်ဖွင့်ထွက်ခဲ့ကြပါတော့တယ်။ သူတို့ခွေးလေးကို လွယ်လွယ်ကူကူပဲ ပြန်တွေ့မလား၊ ဘယ်လိုအခက်အခဲတွေ ဖြတ်ကျော်ပြီးမှ ပြန်တွေ့မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောရရင် ဒီဇာတ်ကားလေးဟာ ပေါ့ပေါ့ပါးပါးမိသားစုဇာတ်ကားလေးဆိုပေမယ့် ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေ၊ အထူးသဖြင့် ကလေးသရုပ်ဆောင် လေးယောက်ရဲ့ သရုပ်ဆောင်ချက်ကို အတော်လေးသဘောကျမိပါတယ်။ ဇာတ်ကားတစ်ကားလုံးနီးပါးကို သူတို့လေးယောက်ရဲ့ ဟန်ချက်ညီညီ၊ အပေးအယူမျှမျှ ဟာကွက်မရှိသရုပ်ဆောင်သွားချက်ဟာ ဇာတ်ကားတစ်ကားလုံးကို ပျင်းမသွားရအောင် ထိန်းထားပေးသလို ဇာတ်ကားတစ်ကားလုံးရဲ့ အသက်လို့လည်း ပြောလို့ရပါတယ်။ တခြား အထူးပြုလုပ်ချက်တွေ၊ CGI၊ VFX effects တွေ မွှနေအောင်သုံးမထားပေမယ့် ကောင်းမွန်တဲ့ setting၊ ပါဝင်တဲ့ဇာတ်ဆောင်တွေရဲ့ အပေးအယူမျှတဲ့သရုပ်ဆောင်ချက်၊ ဇာတ်အိမ်ရဲ့ အချိတ်အဆက်မိ ထောင့်စေ့မှုတွေကိုကြည့်ယုံနဲ့ ဘရာဇီးဇာတ်ကားတွေဟာ ရုပ်ရှင်အဆင့်အတန်းတစ်ခုမှာရှိမှန်း တန်းသိနိုင်ပါတယ်။ လူနဲ့ တိရစ္ဆာန်ကြားက ချည်နှောင်မိတဲ့သံယောဇဥ်အကြောင်းကို adventure ရသလေးရောစွက်ရင်း အကောင်းဆုံးတင်ဆက်ပြထားပါတယ်။ ထူးခြားဆန်းပြားလွန်းတဲ့ ဇာတ်လမ်းမျိုးမဟုတ်ပေမယ့် IMDb rating 7.1 အထိ ရထားတာကိုကြည့်ခြင်းအားဖြင့် ဇာတ်ကားရဲ့အရည်အသွေးကို ခန့်မှန်းနိုင်မှာဖြစ်ပြီး ကြည့်ရှုဖို့ တင်ဆက်လိုက်ပေးရပါတယ်။ File size…(1.9 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:37:00 Genre…Adventure, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

7.1 2019
Monica and Friends: Bonds
Aberrance
7.2

Aberrance (2022) 2022 တုန်းကထွက်ရှိထားတဲ့ မွန်ဂိုလီးယားက Thriller ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ IMDB မှာလဲ 7.3 အထိရရှိထားပြီး ခရမ်းချဉ်သီးမှာလဲ လတ်လတ်ဆတ်ဆတ် 83% တောင်ရထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းတင်ဆက်ပုံကလည်း မြင်နေကျပုံစံမဟုတ်ဘဲ Thriller ဆိုတိုင်း အမှောင်ကားတွေလို့ ထင်ရင်မှားသွားပါလိမ့်မယ်။ လင်းလင်းချင်းချင်းကြီးမှာတင် ရိုက်ကူးထားပြီး ဇာတ်လမ်းဇာတ်သွားကလဲ တဖြည်းဖြည်းနဲ့ ဆွဲခေါ်သွားတဲ့ပုံစံပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မြို့ပေါ်ကနေ ကျန်းမာရေးအတွက် တောရွာလေးတစ်ခုကို ခဏပြောင်းလာတဲ့ လင်မယားနှစ်ယောက် ဆရာဝန်အကြံပေးတဲ့အတိုင်းပြောင်းရွေ့လာခဲ့ကြပါတယ်။ အိမ်နီးချင်းဘေးအိမ်ဆိုလို့လဲ တစ်အိမ်ထဲရှိပါတယ်။ ဒါပေမဲ့ ပြောင်းလာတဲ့ လင်မယားနှစ်ယောက်က သိပ်မမူမမှန်ဘဲ ယောက်ျားဖြစ်သူက မိန်းမကိုအမြဲတစေ နှိပ်စက်နေတတ်ပါတယ်။ ဒါကို ဘေးအိမ်ကလူက မသင်္ကာတာကြာနေပါပြီ။ နောက်ဆုံး ဘေးအိမ်က အိမ်နီးချင်းက မနေနိုင်တဲ့အဆုံး လင်မယားနှစ်ယောက်အကြောင်းကို စောင့်ကြည့်နေရာမှ လင်မယားနှစ်ယောက်ရဲ့ လျှို့ဝှက်ချက်ဟာ ဘာဖြစ်မလဲ အိမ်နီးချင်လူကကော ဒီဇာတ်လမ်းထဲမှာ ဘယ်လိုနေရာကနေဝင်ပြီး ပါဝင်ပတ်သက်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး …. အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama, Horror Quality…. 1080p | 720p File size… 1.6GB | 679MB Format… mp4 Duration…. 1h 16min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

7.2 2022
Aberrance
Mr. Vampire 3
7.1

တရုတ်ခုန်ဆွသရဲကားလို့နာမည်ကြီးခဲ့တဲ့ Mr Vampire ပြန်တင်ပေးလိုက်ပါတယ်။ စုစုပေါင်းလေးကားရှိပြီး ၁နဲ့၂ ကိုတင်ဆက်ပေးပီးပါပြီ ဒီလင့်ကိုနိပ့်ပီးရှာနိုင်ပါတယ် ၁ နဲ့ ၂ နဲ့ ၃ ကအဆက်အစပ်မရှိပါဘူး။ ဦးလေးမင်ဆိုတဲ့ မောင်ရှန်းဆရာဟာ အစွမ်းမထက်ပေမဲ့ အကြံဉာဏ်မျိုးစုံရှိသူ ဖြစ်ပါတယ်။ သူ့အနားမှာ တာ့ပေါင်နဲ့ စေ့ပေါင်ဆိုတဲ့ သရဲနှစ်ကောင်ကို ခေါ်ထားပြီး လိုက်လိမ်နေသူ ဖြစ်ပါတယ်။ သူဌေးကြီး ထန်ပိုင်ဝမ့်အိမ်အတွက် သရဲနှင်ပေးတဲ့အချိန်မှာ သရဲမိသားစုနဲ့ တွေ့ပြီး ထွက်ပြေးခဲ့ရပါတယ်။ ညအချိန်ကြီး ဦးလေးမင်ဟာ တိတ်ဆိတ်နေတဲ့ ရွာတစ်ခုထဲ ရောက်လာခဲ့ပါတယ်။ အဲ့ဒီရွာမှာ ဓားပြတွေ သောင်းကျန်းနေတဲ့အတွက် အစောင့်အကြပ်တင်းကျပ်နေချိန်ဖြစ်ပြီး ဦးလေးမင်ကို ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ဖမ်းဆီးခဲ့ပါတယ်။ တာအိုဆရာကြီး ဦးလေးကျိုက အချိန်မီရောက်လာလို့ ဦးလေးမင်လည်း အသက်ရှူချောင်ခဲ့ပါတယ်။ ထိုအချိန်မှာပဲ ဓားပြတွေ ရောက်လာခဲ့ပြီး ရွာသားတွေက စည်းလုံးစွာနဲ့ ဓားပြတွေကို နှင်ထုတ်နိုင်ခဲ့ပြီး ဓားပြနှစ်ယောက်ကို ဖမ်းဆီးရခဲ့ပါတယ်။ ဓားပြတွေရဲ့ သွေးအရောင်ကို ကြည့်ပြီး ဓားပြတွေဟာ သာမန်လူမဟုတ်ကြောင်း ဦးလေးကျိုသတိထားမိသွားပါတယ်။ ဦးလေးကျိုရဲ့ မွေးနေ့မှာ အလွှဲလေးတွေဖြစ်ပြီး တာ့ပေါင်နဲ့ စေ့ပေါင်က အဖမ်းခံလိုက်ရပါတယ်။ နောက်မှာ ဦးလေးကျိုရဲ့ ဆုံးမမှုကြောင့် ဦးလေးမင်ဟာ သရဲနှစ်ကောင်ကို လွတ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ တာ့ပေါင်ကို ဓားပြတွေက အသုံးချဖို့ ဖမ်းသွားခဲ့ပါတယ်။ ဓားပြတွေ တာ့ပေါင်ကို ဘယ်လို အသုံးချကြမလဲ….. ဦးလေးမင်နဲ့ ဦးလေးကျိုတို့ ပူးပေါင်းပြီး ရွာသားတွေကို ဘယ်လိုကယ်တင်မလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်

7.1 1987
Mr. Vampire 3
Summer of Sam

ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်နဲ့ စိတ်ကူးယဉ် ပေါင်းစပ်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ၁၉၇၆ နဲ့ ၁၉၇၇ ခုနှစ်တုန်းက နယူးယောက်မှာ ဆမ်ရဲ့သားလို့ အမည်ခံတဲ့ ကွင်းဆက်လူသတ် သမားတစ်ယောက် ပေါ်လာခဲ့ပါတယ်။ သူ့ကိုဖမ်းမိတဲ့အချိန်မှာ လူ‌ခြောက်ယောက်ကိုသတ်ခဲ့ပြီးပါပြီ။ ဆမ်ရဲ့သားဟာ .၄၄ ပြောင်းဝအကျယ် ရှိတဲ့ သေနတ်တစ်လက်နဲ့ ကားပေါ်မှာ ချိန်းတွေ့နေတဲ့ အတွဲတွေကို ပစ်ခတ်လေ့ရှိပါတယ်။ ဆမ်ရဲ့သား ဆိုတဲ့ လူသတ်သမားက ဒီဇာတ်ကားမှာ အရေးကြီးတဲ့နေရာက ပါဝင်နေပေမယ့် လူသတ်သမားရဲ့အကြောင်းကို အလေးထားရိုက်ပြထားတာတော့မဟုတ်ပါဘူး။ ဒီလူသတ်သမားကြီးစိုးနေတဲ့အချိန်မှာ ပြည်သူတွေ ဘယ်လိုနေကြလဲဆိုတာကို ပိုပြီး အသားပေး ရိုက်ထားပါတယ်။ ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင် ဆမ်ရဲ့သား လူတွေပြန်စသတ်တဲ့အချိန်မှာ ရစ်ချီဆိုတဲ့ ကောင်လေးဟာ သူ့အရင်နေခဲ့တဲ့ ရပ်ကွက်ကိုပြန်ရောက်လာပါတယ်။ ရစ်ချီရဲ့ ပန့်ခ်ပုံစံအဝတ်အစားတွေ ခပ်ကြောင်ကြောင်အပြုအမူတွေကြောင့် သူ့ရဲ့ ငယ်သူငယ်ချင်း ဗင်နီ ကလွဲလို့ တခြားသူတွေက သူ့ကိုသဘောမကျကြပါဘူး။ ကြောက်စိတ်တွေများနေကြတဲ့ ရပ်ကွက်ကသူတွေဟာ ရစ်ချီကို လူသတ်သမားလို့ သံသယဝင်လာကြတဲ့အခါမှာတော့… File size…(3 GB)/(1.7 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:22:00 Genre… Crime, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

Thriller • Drama • Action • Crime
0 1999
Summer of Sam
Turtle
6.9

Turtle (2018) “လိပ်ကလေး” IMDb – 6.9/10 ၂၀၁၈ကထွက်ရှိခဲ့ပြီး အားလုံးနဲ့မစိမ်းတဲ့ ဇာတ်ပို့သရုပ်ဆောင် ဆန်ဂျေးမီရှရာ အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားတဲ့ အိန္ဒိယကျေးလက်ဇာတ်လမ်းလေးကို တင်ဆက်ပေးပါရစေ။ ရွာမှာ မိုးခေါင်ရေရှားဖြစ်ပြီး ရေတွင်းရေကန်တွေ ခန်းခြောက်ကုန်တာ ရှစ်နှစ်ကြာခဲ့ပါပြီ။ ဒါကို ရွာလူကြီးရမ်ကာရန်ရဲ့ ကျိန်စာသင့်နေတဲ့မြေးဖြစ်သူကံဆိုးမှုကြောင့်လို့ ယိုးမယ်ဖွဲ့ကြပါတယ်။ မြေးဖြစ်သူကိုအပြစ်တင်ကြတာ မခံနိုင်တဲ့ရမ်ကာရန်က သူ့ခြံဝင်းထဲမှာ ဘိုးဘေးတွေမြှုပ်ထားခဲ့တဲ့ ရွှေချောင်းတွေရှိတယ်။ အဲဒါတွေကို တူးပြီး ရေကန်အကြီးကြီးဆောက်ပေးမယ်လို့ ကတိပြုလိုက်ပါတယ်။ ဒီမှာပဲ ရွာသူရွာသားတွေစုရုန်းပြီး ရွာလူကြီးရမ်ကာရန်ရဲ့ခြံဝန်းထဲမှာ ရွှေချောင်းတွေရှာဖို့ မြေတူးကြရာကစ မထင်မှတ်ထားတဲ့အရာတွေ ဖြစ်လာခဲ့ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL ~ Yunniတို့ဖြစ်ပါတယ်)

Thriller • Crime • Action
6.9 2018
Turtle
Goebbels and the Führer
6.7

Goebbels and the Führer (2024) IMDb Rating (6.7) ဂျိုးဆတ်ဂိုးဘဲလ်က ဟစ်တလာရဲ့ အာဏာ အကြီးမားဆုံး အလွမ်းမိုးနိုင်ဆုံးကာလမှာ ဝါဒဖြန့်ချီရေး ဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ် စစ်ပွဲနိုင်မယ့် အရိပ်အယောင်အခြေအနေတွေကနေ ရှုံးနိုင်တဲ့ အခြေအနေကို တဖြည်းဖြည်းသဘောပေါက်လာတဲ့ အခါမှာတော့….. ဂျာမနီစကားပြော သတင်းမှတ်တမ်းရုပ်ရှင်ဇာတ်ကားကောင်းတခုဖြစ်ပါတယ်။ ပြတ်သားကြည်လင်လှတဲ့ ခင်းကျဉ်းပြသမှုတွေနဲ့ ဒုတိယ ကမ္ဘာစစ် ဂျာမနီ အခြေအနေကို တစေ့တစောင်းနှိက်နှိက်ချွတ်ချွတ်ကြည့်ကြည့်ဖို အကောင်းဆုံး ဇာတ်ကားဆိုလည်းမမှားပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Dar Dar ဖြစ်ပါတယ်။) File size…(2.1 GB) / (990 MB) Quality….WEBRip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, History, War Duration….02:04:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Dar Dar

Thriller • Drama • Mystery
6.7 2024 123 mins
Goebbels and the Führer
Teaching Mrs. Tingle

IMDb rating – 5.4 Rotten Tomato -19% Teaching Mrs. Tingle ဆိုတဲ့ကားလေးက ပေါ့ပေါ့ပါးပါး လူငယ် အထက်တန်း‌ ကျောင်းသား ကားလေး တစ်ကားပဲဖြစ်ပါတယ် လိတ်အန်း ဆိုတဲ့ ခပ်အေးအေး အဓိက ဇာတ်ကောင် ကောင်မလေးဟာ စာအရမ်းကြိုးစားပြီ ‌ကျောင်းသားထူးချွန်ဆု ကိုရယူနိုင်ဖို့ကြိုးစားနေသူပါ ၊ ဒီဆုကိုရနိုင်မှ သူဟာ ပညာသင်ထောက်ပံ့ဆုကို ရပြီး ဟားဗက် တက္ကသိုလ်ကို တက်ရောက်နိုင်မှာမလို့ပါ။ ဒါဟာ မွေးရပ်မြို့ကထွက်ပြီး ကျောင်းတက်ဖို့က သူမရဲ့ အိပ်မက်လိုပါပဲ ၊ သူ့အမေကိုလဲ ပြန်ငဲ့ရတဲ့သူမို့ စိတ်ဒါဏ်ရာတွေလဲရှိနေသူပါ ကျောင်းမှာ သူမရဲ့ အခက်အခဲဟာ အကျင့်ယုတ်လွန်းလို့ တစ်ကျောင်းလုံးရဲ့ ချဉ်ဖက် အဖြစ် သတ်မှတ်ခံထားရတဲ့ သမိုင်း ဆရာမ တင်ဂယ်ပါပဲ ၊ တင်ဂယ်က သူ့ကို မုန်းတယ် ၊မနာလိုဘူးပေါ့။ လိတ်အန်းက နောက်ဆုံးစာမေးပွဲမတိုင်ခင် လူချမ်းသာဖြစ်ပြီး အမြဲ အဆင့်တစ် ရနေတဲ့ကောင်မလေးကို ကျော်တက်ပြီး ပညာသင်ဆုကို ရအောင် ‌ကြိုးစားဖို့ တစ်ပတ်ပဲ အချိန်ရပါတော့တယ် အဲ့လိုနဲ့ သမိုင်းဆရာမ တင်ဂယ်ရယ် ၊ လိတ်အန်း ၊သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း နဲ့ ကောင်လေး တစ်ယောက်စတဲ့ သူတွေကြားမှာ ပြဿနာတစ်ခုတက်ပြီး အထင်လွဲမှုတွေ ဖြစ်လာပါတယ် အိမ်မက်တွေအတွက်အရာရာပေးဆပ်ထားပြီး အပျက်ဆီး မခံနိုင်တဲ့ လိတ်အန်းလည်း ရွေးချယ်စရာ မရှိတော့ပဲ ဘာဖြစ်ဖြစ်လုပ်မှရတော့မယ့်အခြေနေမှာ လိတ်အန်းနဲ့ သူ့သူငယ်ချင်း တို့တွေ ဘာတွေ ဆက်လုပ်ကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါး ခံစားကြည့်ရမယ့် အမျိုးစားလေးပဲဖြစ်ပါတယ် File size…(2.3 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Horror, Thriller, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Kafka

Family • Fantasy • Adventure • Drama
0 1999
Teaching Mrs. Tingle