YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Snowy 17mmsub MWM.mp4

575 MB 1080p video/mp4 21 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
¡Que Viva México!
7.3

Pancho ဆိုတဲ့လူက စက်ရုံတစ်ခုမှာ ရာထူးခပ်မြင့်မြင့်နဲ့လူပေါ့ သူဌေးနဲ့ကလည်းပနံသင့်တယ်ပေါ့... တစ်နေ့မှာတော့ သူ့မွေးရပ်မြေက အဖေက သူ့အဖိုးဆုံးသွားတဲ့အကြောင်းရယ် သူ့အဖိုးက သူရှိမှ သေတမ်းစာဖတ်ခိုင်းတဲ့အကြောင်းရယ်ကို ဖုန်းလှမ်းဆက်ပါတော့တယ်... အစကတော့ မသွားမလို့လုပ်နေပေမယ့် အိပ်မက်တစ်ခုမက်ခဲ့လို့ သွားဖို့ဖြစ်လာပါတယ်။ ဒါကြောင့် သူ့သူဌေးကို ခွင့်တောင်းပြီး မွေးရပ်မြေကို ထွက်လာခဲ့ပါတယ်။ ဟိုရောက်တော့ ဆုံးသွားတဲ့ သူ့အဖိုးက သူတို့မိသားစုအတွက် ဘယ်လို အမွေတွေ ခွဲထားခဲ့လဲဆိုတာကြည့်ကြရမှာပါ.. .အမွေတွေက မမျှမတခွဲထားကြတဲ့အပြင် မိသားစုဝင်တွေကလည်းများတာမို့ တစ်ဦးကို တစ်ဦးမကျေနပ်ကြပဲ အမွေလုကြပါတယ်. ..အမွေလုကြပေမယ့် စိတ်ဆင်းရဲစရာမပါပဲ ပေါ့ပေါ့ပါးပါး ဟာလေးတွေ ထည့်သွင်းထားတာမို့ ပေါ့ပေါ့းပါးပါးကြည့်လို့ရပါတယ်...အမွေဆိုတာ ထိုက်မှရတာမို့ မိသားစုထဲက ဘယ်သူနဲ့ထိုက်လဲ ဆိုတာ အခွီတစ်သိန်းနဲ့ ကြည့်လိုက်ပါဦး.... File Size :(4.5GB) &(1.6GB) Quality : ‌WEB-DL 1080P5.1Ch,720P Format…mp4 Duration…03:11:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated  Eric Encoded by Phyo Pyae

Comedy • Romance
7.3 2023 191 mins
¡Que Viva México!
Men of Plastic
5.6

မင်းသားကြီး မာဒုန်ဆော့ရဲ့ အရင်ဇာတ်ကားတွေနဲ့ မတူတဲ့ ပုံစံကွဲမျိုး ကြည့်ရှုခံစားရမှာပါ။ Drama Comedy အမျိုးအစားဖြစ်လို့ အခွီတွေလည်း ပါဝင်ပြီး ဇာတ်ကားလေးကလည်း တော်တော်ကို စိတ်ဝင်စားစရာ ကောင်းသလို မင်းသားကြီး မာဒုန်ဆော့ရဲ့ သရုပ်ဆောင်ပီပြင်မှုကြောင့်လည်း ဒီဇာတ်ကား ကြည့်ရှုရတာ တန်တယ်လို့ ခံစားကြရမှာ သေချာပါတယ်။ အဲ့ဒီအပြင် Hospital Playlist မင်းသားကြီး ဂျောင်းဂယောင်းဟို ကလည်း အဓိကဇာတ်ဆောင်အနေနဲ့ တွဲဖက် သရုပ်ဆောင်ထားတာမို့ လက်လွတ်မခံသင့်ဘူးနော်။ ဇာတ်လမ်းအကျဉ်း ... ဒယ်ဂုဆိုတဲ့ လူတစ်ယောက်က ဂန်းနမ်မြို့ရဲ့ ချမ်းသာတဲ့ ရပ်ကွက်ဖြစ်တဲ့ အာ့ဂူဂျောင်းမှာ မွေးဖွား ကြီးပြင်းလာသူ တစ်ယောက်ဖြစ်ပြီး‌တော့ ပလတ်စတစ် ဆာဂျရီဆေးရုံနဲ့ အရေပြားအလှပြုပြင်ရေး ဆေးရုံတွေ ပေါများတဲ့ ဆိုလ်းတောင်ပိုင်းမှာ ပလတ်စတစ် ဆာဂျရီ လုပ်ငန်းကို စတင်ချင်တဲ့ စိတ်ကူးစိတ်သန်း ရှိနေသူ တစ်ယောက်လည်းဖြစ်ပါတယ်။ တစ်နေ့မှာ သူက ပလတ်စတစ် ဆာဂျရီလောကမှာ အရည်အချင်းရှိတဲ့ ခွဲစိတ်ဆရာဝန် ဘတ်ဂျီဝူနဲ့ တွေ့ခဲ့ပေမဲ့ ကံဆိုင်းချင်တော့ ဘတ်ဂျီဝူက ဆေးကုသခွင့် လိုင်စင် ရုတ်သိမ်းခံထားရသူဖြစ်နေပါတယ်။ ဒါပေမဲ့လည်း အိပ်မက်တွေကို အကောင်ထည်ဖော်ဖို့ သူတို့ နှစ်ယောက်က ပူးပေါင်းပြီး အာ့ဂူဂျောင်းမှာ ပလတ်စတစ်ဆာဂျရီ လုပ်ငန်းကို အကျိုးတူ လုပ်ဆောင်ကြတဲ့အခါ ... ဘယ်လို အလွဲလေးတွေဖြစ်မလဲ? အတုအယောင်တွေ လုပ်ဖို့ဖြစ်လာတဲ့အခါ ဘယ်လိုအန္တရာယ်တွေနဲ့ ရင်ဆိုင်ရမလဲ? ဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းကိုတော့ Miri ကရေးပေးထားပါတယ်။) File Size          : 2.2GB, 893MB, 444MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 52mins Genre              : Comedy,, Drama Translated by Hnin Win, Miri & Estel Encoded by Kinnov

Crime • Drama • Mystery
5.6 2022 112 mins
Men of Plastic
Maalai Nera Malipoo
8.4

Maalai Nera Malipoo(2023) လက်တွေ့ကျကျ ဘဝကိုမှအစ်အမှန်အတိုင်းရိုက်ပြတာကြိုက်တဲ့ CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးချင်တာကတော့ IMDb 9.5/10 ရရှိထားတဲ့ အသစ်စက်စက် ဘောလိဝုဒ်ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးမှာတော့ ပြည့်တန်ဆာမလေးတစ်ယောက်ရဲ့ ရုန်းလေနစ်လေတဏှာသားကောင်ဘဝထဲကနေ သားလေးတစ်ယောက်ကို ပျိုးထောင်ဖို့ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေကြုံရတယ်ဆိုတာကို အခြေတည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ နိုင်သူအကုန်စားတဲ့ လောင်းကစားဆန်ဆန်လောကကြီးမှာ ဘူမသိကိုးမသိနဲ့ ဒုက္ခတောထဲ ဒိုင်ပင်ထိုးဝင်မိရာက ဘာတွေဖြစ်လာလဲ… ဒုက္ခတောထဲကနေ မိခင်မေတ္တာကြောင့် ဘယ်လိုတွေ စွန့်စားခဲ့ရလဲ… ခြေကျွံလက်ကျွံပြီး ဝင်သွားမိတဲ့ဒီလမ်းကနေ ပြန်ရောလှည့်နိုင်ပါ့မလား… စတာတွေကိုတော့ မိုးအေးအေးမှာ ကြည့်လို့ကောင်းမယ့် ခပ်ငြိမ်ငြိမ်ဇာတ်လမ်းလေးမို့ CM ပရိသတ်ကြီးကြည့်ရှုဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော် ။ (အညွှန်းရေးသားသူကတော့ Aditi ဖြစ်ပြီ ဘာသာပြန်တွေကတော့ Aditi ~ BpL ~ Zwe ~ Yunni တို့ပဲဖြစ်ပါတယ်)

Comedy • Drama • Fantasy
8.4 2022
Maalai Nera Malipoo
Abulele
5.8

Abulele (2015) =========== “တကယ်လည်းမရှိ၊ ရှိခဲ့ရင်လည်း ခင်ဗျားတို့ ကျွန်တော်တို့ မမြင်နိုင်မယ့် ဖြစ်တည်မှုတစ်ခုအကြောင်းပေါ့ဗျာ”။ အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့တော်မှာ ကျောရိုးခံထားတဲ့ လျှို့ ဝှက်ဆန်းကြယ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ မြေထဲ ပင်လယ်ဒေသမှာ ကလေးနဲ့ခွေးပဲ အယုံအကြည်ရှိကြတယ်ဆို ပြီး အိပ်ရာဝင်ပုံပြင်တစ်ခုမျှသာ သမုတ်ခံထားရတာကတော့ Abulele ဆိုတဲ့ ရှေးဒဏ္ဍာရီလာသတ္တဝါကြီးတွေပဲဖြစ်ပါတယ်။ အစ်ကိုဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးနောက် အိမ်မှာရော ကျောင်း မှာပါအဆင်မပြေဖြစ်ပြီး မဝင်ဆံ့နိုင်သလိုခံစားနေရတဲ့ အာဒမ်နဲ့ ဗုံးခိုကျင်းထဲကသတ္တဝါကြီးတို့ သူငယ်ချင်း​တွေဖြစ်လာကြတဲ့ အခါမှာတော့….. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(1.2 GB) / (436 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure, Family Translator…….Hnin Wut Yi Encoder……….SWM

5.8 2015 90 mins
Abulele
Dylan & Zoey

Dylan & Zoey (2022) ================= ဖတ်ဖူးတဲ့စာသားလေးရှိတယ်။ ပုဆိန်ကမမှတ်မိပေမဲ့ သစ်ပင်ကမမေ့ဘူးတဲ့။ လုပ်တဲ့သူကတော့ သူတို့လုပ်ခဲ့တာတွေကို မေ့ပြီးနေနိုင်ပေမဲ့ ခံရတဲ့သူမှာတော့ အလဲလဲအကွဲကွဲပါပဲ။ ဇိုဝီနဲ့ ဒီလန်က အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်။ အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာသွားပြီး ပြန်ဆုံကြတဲ့အခါမှာ လောကဓံရဲ့ထုထောင်းမှုကြောင့် နှစ်ယောက် သားက ဒဏ်ရာတွေကိုယ်စီနဲ့ပါ။ အတိတ်ရဲ့အရိပ်မည်းကြီးအောက်ကနေ ရုန်း မထွက်နိုင်တဲ့ သူတို့နှစ်ယောက်က အချင်းချင်းဘယ်လိုကူညီပေးကြမလဲ။ ဘယ် လိုကုစားပေးကြမလဲ။ သင်ဆိုရင်ရော သင့်သူငယ်ချင်းအတွက် ဘယ်အတိုင်း အတာထိ ပေးဆပ်နိုင်မလဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size……….(1.17 GB) / (420 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 22Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator……EL Encoder……….SWM

0 2022 83 mins
Dylan & Zoey
Boogeyman
4.2

Boogeyman (2005) ============== “အဲဒါကိုပြောစမှတ်တွင်တဲ့ဇာတ်လမ်းတစ်ခုလို့ ထင်ထားပေမဲ့ မဟုတ်ခဲ့ဘူး” ဒီတစ်ခေါက် ပရိတ်သက်ကြီးအတွက် Boogey man ဆိုတဲ့ Horror/ Mystery ဆန်ဆန် ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့… တင်က သူ့အဖေရဲ့ပုံပြင်တွေကြောင့် ဗီရိုတွေကိုအရမ်းကြောက်တတ်တဲ့သူပါ။ အဲဒီဗီရိုတွေထဲကနေ Boogey man ကြီး ထွက်လာပြီးတော့ သူ့ကိုခေါ်သွားတော့ မယ်လို့ကို ယုံကြည်ပြီး ကြောက်ရွံ့တဲ့အထိပါပဲ။ တစ်နေ့မှာတော့ သူ့အဖေကို Boogey man ကခေါ်သွားတာကို သူ့မျက်စိရှေ့မှာတွေ့လိုက်ရပါတယ်။ သူက ၈ နှစ်သာရှိသေးတာကြောင့် အားလုံးက သူ့အဖေကို အိမ်ကနေထွက်သွားတာ ကလေးကစိတ်ဒဏ်ရာမရချင်လို့ လုပ်ဇာတ်ဖန်တီးပြီးပြောတာလို့ထင်ခဲ့ကြတာပေါ့။ တင် ကိုယ်တိုင်ကလည်း Boogey man က လက်တွေ့တကယ်ရှိနေခဲ့တယ်ဆိုတာ ကို မယုံကြည်ချင်ခဲ့ပါဘူး။ ၁၅ နှစ်ကြာပြီး တင်ရဲ့အမေအသုဘပွဲနေ့မှာ တင်တစ် ယောက် Boogey man ကိုစတွေ့ခဲ့တဲ့ အိမ်ကိုပြန်သွားဖို့ဖြစ်လာတဲ့အခါမှာတော့ သူကြောက်ရွံ့နေတဲ့ Boogey man က အပြင်မှာတကယ်ရှိနေတာလား၊ သူ့ရဲ့စိတ်က ထင်ယောင်ထင်မှားဖြစ်ပြီး ဆွဲတွေးနေတာလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်) File Size……….(1.7 GB) / (686 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 29Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama,Horror, Mystery Translator…….June Encoder……….SWM

Fantasy • Horror
4.2 2005 89 mins
Boogeyman
Apurva
7.7

Apurva 2023 (အမြန်လမ်းမှ ကြမ္မာဆိုး) ဘောလီးဝုဒ်ဇာတ်ကားတွေထဲမှာ အရမ်းကိုမှရှားပါးတဲ့ Thriller ဇာတ်လမ်းကောင်းလေးတစ်ခုကို Disney plus က Streaming လုပ်လုပ်ချင်းမှာပဲ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဒီထဲက မင်းသမီးက heopanti 2 Student of the tear 2 Marjaavaav ဇာတ်ကားတို့နဲ့လူသိများမှာဖြစ်တဲ့ ညှို့အားပြင်း လုံးကြီးပေါက်လှ မင်းသမီးလေး Tara Sutaria (တာရာ) ပဲ ဖြစ်ပါတယ် မင်းသမီးလေးက လှသလောက် ဇာတ်ကတော့ ပိုးစိုးပက်စက်နာပါတယ် I spit on your grave လိုမျိုးလူဆိုးဓားပြတွေကြား ရောက်သွားလို့ အနှိပ်စက်ခံ အနိုင်ကျင့်ခံရတာကို လက်လွတ်ထွက်ပြေးပြီး လက်စားပြန်ချေရမယ့် ဇာတ်လမ်းလေးပါ အဓိကဇာတ်ဆောင် အပရူဗာအဖြစ် မင်းသမီးချောလေးတာရာက အထူးသရုပ်ဆောင်ပေးထားပြီး သူ့ရဲ့စေ့စပ်ထားတဲ့ သတို့သားလောင်း ဆစ်ဒါ့သ်ရှိရာသို့အသွားမှာ အဝေးပြေးလမ်းမှာ သူခိုးဂျပိုးတွေ ဓားပြတိုက်ဖမ်းခေါ်တာခံလိုက်ရကာ ဘယ်လိုလွတ်အောင် ကြိုးစားမလဲဆိုတာ survival အရသာအပြည့်အဝခံစားရမဲ့ thriller ကားကောင်းလေးလို့ ချက်ချင်းပြေးကြည့်ကြပါလို့ လက်တို့ပေးပါရစေ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood team ကပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

7.7 2023
Apurva
The Marsh King’s Daughter

နာမည်ကြီး ပြန်ပေးသမား လူသတ်သမားရဲ့ သမီးဖြစ်သူအကြောင်း ဇာတ်လမ်းဆင်ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်အသစ်ပဲဖြစ်ပါတယ်။ အဓိကမင်းသမီးအဖြစ် စတားဝေါရ်မင်းသမီး ဒေစီရစ်ဒလီက ပါဝင်ထားပါတယ်။ Divergent, Illusionist တို့လို နာမည်ကျော်ကားတွေရဲ့ ဒါရိုက်တာ Neil Burger ကပဲ ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဟယ်လင်နာဟာ အဖေဖြစ်သူ မုဆိုး ဂျေကော့ နဲ့အတူ ကလေးဘဝထဲက မုဆိုးပညာတွေ သင်ပြီးတောထဲမှာပဲ မိသားစုသုံးယောက် နေလာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့အမေက သူ့ကိုခေါ်ပြီးထွက်ပြေးလာတော့မှ သူ့အဖေဟာ သူ့အမေကို အတင်းဖမ်းဆီးပေါင်းသင်းထားတာသိလိုက်ရပါတော့တယ်။ သူတို့သားအမိနောက်ကိုလိုက်လာရင်း ဂျေကော့ အဖမ်းခံလိုက်ရပြီး ထောင်နန်းစံသွားတဲ့အခါ ဟယ်လင်နာလည်း ဘဝသစ်စခဲ့ပြီး သမီးတစ်ယောက် ယောကျ်ားတစ်ယောက်နဲ့တည်ငြိမ်နေပါပြီ။ ဒါပေမဲ့ တစ်နေ့မှာ သူ့ရဲ့အဖေ ထောင်ထဲကနေထွက်ပြေးလွတ်မြောက်သွားကြောင်း ကြားလိုက်ရတဲ့အခါ အတိတ်က အရိပ်တွေကို ရင်ဆိုင်ပြီးဖြေရှင်းဖို့ ကြိုးစားရပါတော့တယ်။ File size…(1.7 GB)/(973 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

0 2023
The Marsh King’s Daughter
Holiday Road
7.2

Holiday Road (2023) ================ IMDb Rating – 7.2/10 အားလပ်ရက်‌ အထူးသဖြင့် ခရစ္စမတ်လိုအားလပ်ရက်မှာ ကိုယ်ချစ်ရတဲ့သူတွေနဲ့အတူ အချိန်ကုန်‌ဆုံးချင်ကြတာဟာ သိပ်ကြည်နူးစရာကောင်းတယ်လို့ပြောရင် မှားမယ်မထင် ပါဘူး။ အဲလို ချစ်ရသူတွေနဲ့ ခရစ္စမတ်ကိုအတူဖြတ်သန်း ချင်တဲ့သူတွေထဲမှာ ဒန်ဗာမြို့ကိုသွားမဲ့ သူစိမ်းရှစ်ယောက် လည်းပါဝင်ပါတယ်။ ရာသီဥတုဆိုးရွားလွန်းတဲ့အတွက်ကြောင့် လေယာဉ်ခရီး စဉ်တွေကိုပယ်ဖျက်လိုက်တဲ့အခါမှာတော့ လူရှစ်ယောက်က ကားတစ်စီးငှားပြီး ဒန်ဗာကို ကုန်းလမ်းကနေသွားဖို့ ‌အ ကြောင်းဖန်လာပါတော့တယ်။ ခရီးလမ်းတစ်လျှောက် တစ် ယောက်အကြောင်းတစ်ယောက်ဝေမျှ၊ အတူရယ်မောပျော် ရွှင်ရင်းနဲ့ ဖြတ်သန်းသွားတဲ့အကြောင်းနဲ့ ခရစ္စမတ်မှော်အ ကြောင်းကို ခရစ္စမတ်အားလပ်ရက်မှာ ကြည့်ရှုဖို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size……….(1.67 GB) / (770 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Khant Sett Naing Encoder……….SWM

7.2 2023 84 mins
Holiday Road
The Angry Black Girl and Her Monster
5.4

ဗကေးရီးယားဆိုတာ အသက် ၅ နှစ်သားထဲက အမေကိုဆုံးရှုံးခဲ့ရသူဖြစ်ပါတယ်။ မောင်လေး ခရစ်စ်ကလည်း မကောင်းတဲ့လူတွေနဲ့ပတ်သက်မိပြီး အသက်ဆုံးခဲ့ရပါတယ်။ ဒါပေမဲ့ ဗကေးရီးယားမှာ မှတ်ယူထားတာတစ်ခုရှိတယ်။အဲဒါကတော့ သေခြင်းတရားဆိုတာရောဂါတစ်မျိုးပဲ။ ရောဂါဆိုရင်ကုသလို့ရရမယ်။ သေခြင်းကိုကုသချင်တဲ့ ဗကေးရီးယားဆိုတဲ့ဆယ်​ကျော်သက်ကောင်မလေးရဲ့အကြံက တကယ်ပဲအလုပ်ဖြစ်ပါ့မလား။ ရုပ်ရှင်ခေါင်းစဉ်မှာ ဒေါသထွက်နေသော လူမည်းကောင်မလေးနှင့်သူမ​၏ မကောင်းဆိုးဝါး ဆိုတာမလို့ မကောင်းဆိုးဝါးတွေရောပါလာဦးမှာလား…. File size…(2.1 GB)/(920 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:31:00 Genre…Drama, Fantasy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucifer Maximoff

5.4 2023
The Angry Black Girl and Her Monster
The Legend of Lake Hollow

ဒဏ္ဍာရီလာ ဟော်လိုးရေကန် ဒီကားလေးကတော့ ၂၀၂၄ခုနစ်ကထွက်ထားတဲ့ တုန်လှုပ်ချောက်ခြားစရာ သရဲကားလေးပါ ဒီဇာတ်ကားကိုတော့ Legacy (2013)၊ change is good (2018) တို့နဲ့နာမည်ကြီးတဲ့ ဒါရိုက်တာ Chris Halloကရိုက်ကူးထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ မာခ့် ကာဆန် ဒမ် သူငယ်ချင်းတစ်စုက ဝေးလံခေါင်သီတဲ့ဟော်လိုးရေကန်ဘေးနားက သစ်သားအိမ်တစ်အိမ်မှာ အပျော်ခရီးထွက်လာကြတယ် ဒမ်က သူ့စေ့စပ်ထားတဲ့ ရှေးယ်နဲ့ ရှေးသူငယ်ချင်း လော်ရီရယ်တို့ကိုပါ ခရီးထဲခေါ်လာတယ် ပျော်ပျော်ပါးခရီးစဉ်ဖြစ်မယ်လို့ ထင်ထားတဲ့သူတို့ချင်းတစ်စု ရေကန်ပတ်ဝန်းကျင် ကင်မရာတွေကနေတစ်ဆင့် သရဲတစ္ဆေနှင့် နတ်ဆိုးပုံရိပ်များကို မြင်တွေ့လာကြသော်အခါ….. သူတို့သူငယ်ချင်းတစ်စု ဒီဖြစ်ရပ်ဆိုးကြီးနှင့် တုန်လှုပ်ချောက်ချားစွာ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာကိုတော့ The Legend of Lake Hollow ဇာတ်ကားတွင် သည်းထိတ်ရင်ဖို ခံစားကြည့်ရှုနိုင်ပါတယ် ဇာတ်လမ်းအညွှန်းအား April Snowက ရေးသားတင်ပြထားပါသည်။ File size…(1.1 GB)/(530 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:28:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by April Snow

0 2024 88 mins
The Legend of Lake Hollow
Rules of Engagement
6.4

Rules of Engagement (2000) ဒီရက်ပိုင်း ပျင်းပျင်းနဲ့ဇာတ်ကားတွေ လိုက်ရှာကြည့်ရင်း အသိအစ်ကိုတစ်ယောက်ထည့်ပေးထားတဲ့ ထဲက ဇာတ်ကား တစ်ကား ကြည့်ဖြစ်လိုက်တယ် ကောင်းနိုး ကောင်းနိုးနဲ့ ဇာတ်ကားတွေ လိုက်ရှာကြည့်ရင်း ကြည့်မိလိုက်တာက rules of engagement ဆိုတဲ့ကားဇာတ်လမ်းက စစချင်း အမေရိကန် ဗီယက်နမ် စစ်ပွဲထဲက တိုက်ပွဲတစ်ခုကနေ စတည်ထားတယ်စိတ်ထဲထင်လိုက်တာက စစ်ကားတစ်ကားပေါ့.. စစ်ကားတွေလည်း မကြည့်ဖြစ်တာလည်း ကြာ နောက်ပြီး Marvel heroes ဇာတ်ကားတွေက မျက်စိတစ်ဖက်လပ်နဲ့ခပ်ကြမ်းကြမ်းဘဲကြီး Agents of shieldဒါရိုက်တာ Nick Fury အနေနဲ့လူသိများတဲ့ မင်းသား ကြီး Samuel L. Jackson တစ်ယောက် ဘယ်လိုပွဲထွက်လာမလဲသိချင်လို့ဆက်ကြည့်ဖြစ်လိုက်တယ်ကြည့်နေရင်း ကြည့်နေရင်းနဲ့ဇာတ်ကားက အသွင်ပြောင်းလာတယ် သေနတ်သံတွေ တစ်ဒိုင်းဒိုင်းပစ်တာမမြင်ရတော့ဘဲ စကားသံတွေပဲ အဆက်မပြတ်ကြားလာရတယ်။ ရုပ်ဆိုးဆိုး အဘိုးကြီး နှစ်ယောက်ဦးဆောင်ထားတဲ့ကားစကားတွေချည်းပဲ ပြောနေလို့ဇာတ်ကားပေါ် အာရုံတစ်ချက် လွတ်မသွားစေရဘူး သေသပ်တဲ့ ဒိုင်ယာလော့တွေဖုံးကွယ်ထားတဲ့ မြုပ်ကွက်တွေ နဲ့ဘာဆက်ဖြစ်မလဲ ဆိုတဲ့ စိတ်ကိုနှိုးဆွပြီး ဇာတ်ကားဆုံးတဲ့အထိ ဆွဲဆောင်သွားတယ်ထူးထူးခြားခြားလို့ပြောရမလား အကြမ်းအရမ်းခန်းတွေနဲ့နာမည်ကြီး ဇာတ်ကောင် Samuel L. Jackon (Nick Fury) ကို တစ်ခါမှမမြင်ဖူးတဲ့ပုံစံနဲ့မြင်လိုက်ရတယ်။ ဇာတ်ကားအကြောင်းကိုအတိုချုပ်ပြောရရင် ကာနယ် Childers (Jackson) တစ်ယောက် ယီမင်မှာရှိတဲ့ အမေရိကန်သံရုံးကသံအမတ်မိသားစုကို ဆန္ဒပြမှုတွေကြားကနေ သွားခေါ်ဖို့အမိန့်ပေးခံရတယ်။ သူရောက်တဲ့အချိန်မှာ အခြေအနေ ကတော်တော်ဆိုးနေပြီ ဆန္ဒပြလူအုပ်စုက ခဲတွေ မီးတုတ်တွေနဲ့ပစ်ခတ်နေသလို ခေါင်းမိုးပေါ်ကနေလည်း သေနတ်တွေနဲ့ပစ်ခတ်နေပြီကယ်ထုတ်မှရမယ့် အခြေအနေမှာမို့သံအမတ် လင်မယားကို ကယ်ထုတ်နေတဲ့အချိန်မှာတင် တပ်သားသုံးယောက် ကျသွားတယ်။ ကျည်ဆံတွေကြား တပ်ဖွဲ့ဝင်တွေ ခေါင်းမဖော်ရဲတဲ့ အခြေအနေမှာ Childers အနေနဲ့သူ့ရဲဘော်တွေကို ဆန္ဒပြ လူအုပ်ကြားပစ်မိန့်ပေးလိုက်တယ် ကလေးတွေ သက်ကြီးရွယ်အိုတွေ မိန်းမတွေ ပါဝင်တဲ့ ဆန္ဒပြလူအုပ်ကြား ပစ်ခတ်အပြီးမှာ တစ်ဖက်ကသေနတ်သမားတွေ ရပ်သွားသလို သံရုံးလည်း စုတ်ပြတ်ကျန်နေခဲ့တယ်။ ပြသာနာက အဲ့မှာစတာပဲ အမေရိကန်တပ်ဖွဲ့ဝင် သုံးယောက်သေဆုံးသွားသလို ဆန္ဓပြလူအုပ်ဘက်ကလည်း ၈၃ ယောက်သေဆုံးသွားတယ်။ သေဆုံးသူတွေထဲမှာ ကလေးသူငယ်တွေ အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေလည်း ပါလာခဲ့တယ်။ အဲ့ဖြစ်ရပ်အပြီးမှာတော့ နိုင်ငံတကာ သတင်းစာတွေကြား ခေါင်းကြီးပိုင်းမှာပါလာခဲ့ပြီး အမေရိကန်လုံခြုံရေးဆိုင်ရာ အကြံပေးအနေနဲ့ကာနယ် Childers တစ်ယောက်ကို စစ်ခုံရုံးတင်ဖို့လုပ်ပါတော့တယ်။ ဘာတွေဖြစ်ခဲ့လဲ ဘယ်လိုဖြစ်ခဲ့လဲ သူမသိချင်ဘူး သူသိတာက နိုင်ငံတကာက ပေးလာမယ့် ဖိအားတွေ အားလုံးကို ကာနယ် Childers နဲ့ပဲ စတေးလိုက်ဖို့ဆုံးဖြတ်လိုက်တယ်အဲ့အချိန်မှာ ကာနယ် Childers အနေနဲ့လုံးဝ တုန်လှုပ်သွားတယ်။ တစ်သက်လုံး သူအသက်ပေးကာကွယ်လာတဲ့တာဝန်ထမ်းဆောင်လာတဲ့ သူ့အမိမြေက သူ့ကို ငြိမ်းချမ်းရေးပျက်ပြားစေမှု မလျော်ကန်သော ပြစ်မှုလုပ်ဆောင်မှုလူသတ်မှုစတာတွေနဲ့စွဲချက်တင်လာခဲ့တယ်။ သူအမှုနိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ သူမြတ်နိုးတဲ့ စစ်သားဘဝ ကနိထ္ထိ တံသွားပြီ သူသေဒဏ်ကျနိုင်တယ် နှစ်ရှည်လများ တစ်သက်လုံး ထောင်ထဲမှာ နေသွားရနိုင်တယ်။ ဆယ်ခုနှစ်များစွာတာဝန်ကျေပွန်စွာ ထမ်းဆောင်လာခဲ့သမျှ နေ့ချင်းညချင်း တရားခံ တစ်ယောက်လိုသတ်မှတ်ခံလိုက်ရတယ်.. ဒီအချိန်မှာသူဆွဲမိ ဆွဲရာ ဆွဲလိုက်တဲ့ကောက်ရိုး တစ်မျှင်က သူ့ရဲ့အချစ်ဆုံး သူငယ်ချင်း လည်းဖြစ် ရဲဘော်ရဲဘက်ဟောင်းလည်းဖြစ်တဲ့ Hodges ဗီယက်နမ် စစ်ပွဲမှာ တိုက်ပွဲဝင်ပြီးကတည်းက ရုံးပိုင်းဆိုင်ရာ တွေနဲ့ပဲ ကျင်လည်နေခဲ့ရသူ စစ်ဘက်ရှေ့နေတစ်ယောက်ဆိုပေမယ့် အမှုတောင် ကောင်းကောင်းမလိုက်ခဲ့ဘူးသလို ရက်ပိုင်းအတွင်းမှာပဲ အငြိမ်းစားယူတော့မယ်သူ အသိုင်းအဝိုင်းတွေ မိဘတွေက တားတဲ့ကြားက သူ့အချစ်ဆုံးသူငယ်ချင်းလည်း ဖြစ် သူ့အသက်သခင်လည်း ဖြစ်တဲ့ Childersကို အမှုလိုက်ပေးဖို့ဆုံးဖြတ်လိုက်တဲ့အခါ သူတို့ရင်ဆိုင်ရမှာက စစ်ဘက်ရှေ့နေ့တွေထဲက အတော်ဆုံး ဆွဲချရှေ့နေတစ်ယောက် ဒါ့အပြင် နိုင်ငံတော် လုံခြုံရေးအကြံပေးရဲ့ဖိအားတွေနဲ့သက်သေခံတွေ သူကိုယ်တိုင် ကယ်တင်ပေးခဲ့တဲ့သံအမတ်ကိုယ်တိုင်က သူ့ဘက်မှာမရှိ သူတို့အဖြစ်က သတ်ကွင်းထဲက သိုးငယ်တွေလို.. ဒီလို အခြေအနေနဲ့ နှစ်ဦးသား တရားခွင်မှာ ရင်ဆိုင်ရတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုမှန်းလို့မရအောင် ရိုက်ပြသွားတာကိုက စိတ်ဝင်စားဖွယ်ကောင်းလွန်းလှတယ် ဒီအခြေအနေမှာ ဇာတ်လမ်းကိုအမြင့်ဆုံး ရောက်အောင် ဆွဲခေါ်သွားသူတစ်ယောက်က Childers အဖြစ် သရုပ်ဆောင်သွားတဲ့ မင်းသားကြီး Jackon ပါပဲ။ တစ်ခြားသော သူရိုက်ခဲ့သမျှ ဇာတ်ကောင်တွေနဲ့လုံးဝတစ်သီးတခြား သရုပ်ဆောင်သွားတယ် စစ်သည်တော်ကောင်းတစ်ယောက်ရဲဘော်ရဲဘက်တွေ အတွက်ဆို ဘာပဲလုပ်ရ လုပ်ရဆိုတဲ့ သူတစ်ယောက်အဖြစ်သရုပ်ဆောင်သွားတယ်.. ကျည်ဆံတွေ တစ်ဖွဲဖွဲကျနေတာတောင် နိင်ငံတောင် အလံကို ရအောင်ပြန်ယူတဲ့သူ မထင်မှတ်ထားတဲ့အချို့အကွေ့ သေဒဏ်ကျခံရနိုင်တဲ့ အခြေအနေမှာ ဝမ်းနည်းစိတ်နဲ့မျက်ရည်ကျမိပေမယ့် အထက်က အစောင့်တစ်ယောက်ချထားစရာမလိုအောင် ယုံကြည်ရတဲ့သူ ရန်သူဖြစ်တဲ့ ဗီယက်နမ် ဗိုလ်ချုပ်ဟောင်းကတောင် အလေးပြုရတဲ့သူ.. တော်လှပါတယ်ဆိုတဲ့ ရှေ့နေတွေကိုခေါက် အချစ်ဆုံး သူငယ်ချင်းကြီးကိုသာ အကူအညီတောင်းတဲ့သူ..သူပြောတဲ့စကားက တစ်ခွန်းတည်း တိုက်ပွဲဆိုတာကို လက်တွေ့မကြုံဘူးတဲ့သူတွေကို ငါ့ဘက်က မလိုက်စေချင်ဘူးတဲ့.. ယောကျ်ားရင့်မာ စစ်သားကြီးတစ်ယောက် ဝမ်းနည်းစိတ် တွေနဲ့မျက်ရည်ကျမိပုံက ပရိတ်သတ် ရင်ထဲ ကူးစက်လာအောင်သရုပ်ဆောင် ကောင်းလွန်းလှတယ်ကြည့်ကြည့်ပါ.. မြှုပ်ကွက်တွေ ဒိုင်ယာလော့တွေ လိုက်ဖက်ကောင်းမွန်တဲ့ ဇာတ်ရုပ်တွေက သင့်ကို ဇာတ်လမ်းပြီးဆုံးတဲ့အထိဆွဲဆောင်သွားမှာအသေအချာပါ.. Imdb 6.4 ရထားတဲ့ ဒီကားက သင့်ကို စိတ်မပျက်စေရုံမက သင့်ကို အမြင်အသစ်တွေ ခံစားချက်အသစ်တွေပေးစွမ်းနိုင်မှာပါ.. ဇာတ်လမ်းအရသာ ပျက်မှာဆိုးလို့ဇာတ်လမ်းကို အပျိုးလေးပဲ ရေးပေးထားပါတယ်..ဘာတွေ ဆက်ဖြစ်မလဲသေချာသိချင်ရင်တော့ ကြည့်ကြည့်လိုက်ပါ မိတ်ဆွေ.. (ရုပ်ရှင်အညွှန်းကို Waiyan Naung’s Facebook မှကူးယူဖော်ပြပါသည်။) File size…(9.7 GB) / (2.3 GB) / (1.5 GB) Quality….Blu-Ray 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Thriller, War Duration….02:07:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Hades

6.4 2000 128 mins
Rules of Engagement
Cinderella’s Curse
5.9

Cinderella’s Curse (2024) ဒီဇာတ်လမ်းကတော့ နာမည်ကျော်စင်ဒရဲလားပုံပြင်ကိုမှ သူ့ရဲ့မူရင်း နတ်သမီးပုံပြင်လိုမဟုတ်ဘဲ ကလေးတွေမကြည့်သင့်တဲ့ ထိတ်လန့်ဖွယ် သွေးအလိမ်းလိမ်းနဲ့ dark horror version ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Cinderella ပုံပြင်အတိုင်း ယုတ်မာတဲ့ သူ့ရဲ့မိထွေးနဲ့အစ်မနှစ်ယောက်က Cinderella ကို နှိပ်စက်တာပေါ့။ ဒါပေမဲ့ ရိုးရာပုံပြင်ထဲက Cinderella က သူ့ကိုမြင်မြင်ချင်းချစ်တဲ့ မင်းသားလေးရှိပေမဲ့ ဒီထဲမှာတော့ မင်းသားလေးက သူ့ရဲ့ မိထွေးဘက်က အစ်မနှစ်ယောက်ထဲက တစ်ယောက်နဲ့ ချစ်သူတွေဖြစ်နေတာပါပဲ။ ပြီးတော့ ပုံပြင်ထဲကလို Cinderella ကို ကပွဲကိုသွားနိုင်ဖို လာပြီးကူညီမှာက နတ်သမီးမေမေ မဟုတ်ဘဲ ချောက်ချားစရာနတ်ဆိုးမိန်းမကြီး ဖြစ်နေတယ်။ ဒီလိုနဲ့ Cinderella က သူ့ကိုနှိပ်စက်ခဲ့တဲ့လူတွေအကုန်လုံးကို ဘယ်လိုမျိုး လက်စားပြန်‌ချေသွားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာထိတ်လန့်ဖွယ် ‌သွေးသံတရဲရဲဇာတ်ခန်းတွေနဲ့ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (880 MB) / (580 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Fantasy, Horror, Mystery, Romance, Thriller Duration….01:19:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin

Crime • Action • Thriller
5.9 2024 82 mins
Cinderella’s Curse
Bridge of Spies
7.6

Bridge of Spies (2015) IMDb Rating (7.6) / Rotten Tomatoes (91%) ဒီရုပ်ရှင်ရဲ့ အမည်ကတော့ အနောက်ဘာလင်နဲ့ အရှေ့ဂျာမဏီတို့အကြား နယ်စပ်ဒေသမှာ တည်ဆောက်ထားတဲ့ Glienicke Bridge ကို ညွှန်းဆိုတာပါ။ ထိုတံတားကို “Bridge of Spies” လို့ ခေါ်ရတဲ့အကြောင်းရင်းကတော့ စစ်အေးကာလမှာ ဖမ်းဆီးခံသူလျှိုတွေကို အဲဒီတံတားပေါ်ဝယ် အကြိမ်ပေါင်းများစွာ လဲလှယ်ခဲ့ကြလို့ပါတဲ့။ ဒီရုပ်ရှင်ဇာတ်ကားက အဲဒီတံတားကြီးရဲ့ ပထမဦးဆုံးသော အမေရိကန်-ရုရှား သူလျှိုလဲလှယ်မှုအကြောင်းပဲ ဖြစ်ပါတယ်။ Steven Spielberg ရိုက်ကူးပြီး Tom Hanks နဲ့ Mark Rylance တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ် ဖြစ်တယ်။ Academy Award ၆ ခု လျာထားခံရပြီး Rylance က Best Supporting Actor ဆုကိုရရှိခဲ့ပါသေးတယ်။ ဇာတ်လမ်းအကျဉ်း ၁၉၅၇ ခုနှစ်မှာ ရူဒေါ့ဖ် အေဘယ်ကို ဆိုဗီယက်သူလျှို ဖြစ်တယ်ဆိုတဲ့ စွဲချက်နဲ့အတူ နယူးယောက်မြို့မှာ ဖမ်းဆီးလိုက်တယ်။ အေဘယ်ရဲ့ ဥပဒေအကြံပေးနေရာအတွက် နယူးယောက်ရှေ့နေအဖွဲ့က တာဝန်ပေးအပ်လိုက်သူကတော့ ဂျိမ်းစ် ဘီ ဒိုနိုဗန်ဆိုတဲ့ အာမခံရှေ့နေတစ်ဦးဖြစ်တယ်။ “ကျွန်တော်က အာမခံရှေ့နေလေ၊ ကျွန်တော် ပြစ်မှုဆိုင်ရာဥပဒေနဲ့ပတ်သက်ပြီး ရှေ့နေမလိုက်တာ နှစ်နဲ့ချီနေပြီ၊ ဘာလို့ ကျွန်တော့်ကို တာဝန်ပေးတာလဲ … ဪ ကျွန်တော်က ဆိုဗီယက်စပိုင်ကို ကာကွယ်ပေးပါတယ်ဆိုပြီး လူမုန်းခံရမယ့်အပြင် အမှုကိုကလည်း အရှုံးခံပေးရဦးမှာတဲ့လား” ဒီလိုစကားတွေ ပြောခဲ့ပေမယ့် ဒိုနိုဗန်ဟာ အေဘယ်ကို ခင်ဗျားကသူလျှိုလားဆိုတဲ့ မေးခွန်းကို တစ်ချက်ကလေးတောင် မမေးဘဲ ကာကွယ်ရေးရှေ့နေ ဖြစ်လာတဲ့ သူ့အလုပ်ကို သူတာဝန်ကျေပွန်အောင် လုပ်ဆောင်ခဲ့တယ်။ အေဘယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှ ရရှိအောင် ကြိုးပမ်းပေးခဲ့တယ်။ တစ်နိုင်ငံလုံးက ကွန်မြူနစ်ကောင်ကို ကာကွယ်ပေးတဲ့ ရှေ့နေဆိုပြီး ဝိုင်းတိုက်ခိုက်ကြ၊ အိမ်အထိ လာရောက်ပြီး ပစ်ခတ်မှုတွေ ပြုလုပ်တာတောင် သူ့အမှုသည် သေဒဏ်မကျသင့်စေရေး အစွမ်းကုန် ကြိုးစားပြီး အထက်လွှတ်တော်တရားရုံးအထိ အယူခံဝင်ပေးခဲ့တယ်။ ဒီလိုနဲ့ ၁၉၆၀ ပြည့်နှစ်ရောက်လာပြီး သတင်းတွေထဲမှာ အမေရိကန်သမ္မတက ကြေညာချက်တစ်ခု ထုတ်ပြန်တယ်။ နာဆာရဲ့ မိုးလေဝသလေယာဉ်တစ်စီး လမ်းကြောင်းလွဲပြီး ဆိုဗီယက်ပိုင်နက် ဟိုးအတွင်းထဲမှာ ပျက်ကျသွားတယ်။ လေယာဉ်နဲ့ လေယာဉ်မှူးကို ပြန်တောင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အခြေအနေတွေက ရှုပ်ထွေးလာပါပြီတဲ့။ သိပ်မကြာပါဘူး … ရှေ့နေ ဒိုနိုဗန်ဆီကို စာတစ်စောင်ရောက်လာတယ် … အမေရိကန်လေယာဉ်မှူးနဲ့ ဆိုဗီယက်သူလျှိုကြီးကို လဲလှယ်ဖို့အတွက် စိတ်ဝင်စားပါတယ်တဲ့။ ဒီတော့ ဒိုနိုဗန်လည်း ဘာလင်တံတိုင်းတည်ဆောက်နေတဲ့ကာလကြီးမှာ ဘာလင်မြို့ကို ချီတက်လာရတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nway Oo K Zaw ဖြစ်ပါတယ်။) File size…(3.2 GB) / (1.3 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Thriller Duration….02:21:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Nway Oo K Zaw

Horror • Thriller
7.6 2015 141 mins
Bridge of Spies