Marry my dead body (2023)
စော်မရှိဘဲမရှိလေးတွေအတွက် ရွေးစရာတစ်ခုကိုချပြလိုက်တဲ့ Taiwan BL movie ကား Marry My Dead Bodyလေး ထွက်ရှိလို့လာပါပြီ။
Trailerထွက်လာကတည်းက တော်တော်လေးစိတ်ဝင်စားခံနေရတဲ့movieလေးလည်းဖြစ်
BL romance သီးသန့်ကြီးမဟုတ်ဘဲ Crime suspense လေးပါတွဲပါသေးတဲ့အပြင်
ထိုင်ဝမ်BLပီပီ လက်ကိုင်ရုံနဲ့ပြီးတဲ့ဂျင်းတွေနည်းတဲ့ကားလေးဆိုတော့ အများကြီးဆက်မညွှန်းတော့ပါဘူး...
21 ရာစု LGBTQကာလကြီးထဲမှာ လိင်တူချစ်သူဆိုတာ ဘာရယ်မဟုတ်ပေမဲ့
homophobic ရဲသားလေးဝူမင်ဟန်ကတော့ ဒါကိုလက်မခံပါဘူး။
လိင်တူချစ်သူဆိုတာကို ရွံစရာလို့သတ်မှတ်တဲ့အပြင် ဂေး ဆို ပိုပြီး ချိုးနှိမ်တတ်လို့ အပြစ်ပေးခံရသူလည်းဖြစ်ပါတယ်။
ဒီလိုနဲ့ မူးယစ်ရာဇာကြီးရဲ့ တပည့်တစ်ယောက်ကိုလိုက်ဖမ်းရင်းနဲ့ သူပစ်ချခဲ့တဲ့သက်သေတွေကို လိုက်ကောက်ရင်း
သက်သေမဟုတ်တဲ့ စာအိတ်အနီလေးကို ကောက်မိတဲ့အခါ ...
စာအိတ်ကိုကောက်လိုက်တာနဲ့ ဝိုင်းအုံလာကြတဲ့အဒေါ်ကြီးတစ်သိုက်နဲ့
သူတို့ပြောသွားတဲ့ စာအိတ်ထဲက ဓာတ်ပုံပိုင်ရှင်ကောင်လေးနဲ့ လက်ထပ်ရမယ်ဆိုတဲ့
ထူးဆန်းတဲ့စကားတွေဟာ ဝူမင်ဟန်အတွက်တော့ ဟာသတစ်ခုထက်မပိုပါဘူး။
ဓာတ်ပုံပိုင်ရှင်က ကောင်လေးဖြစ်နေပြန်တော့ သရဲနဲ့မှတော့ မဂေးနိုင်ဘူးဆိုတဲ့မင်ဟန်ကတော့
အဘွားကြီးရဲ့ လက်မထပ်ရင်ကံဆိုးလိမ့်မယ်ဆိုတဲ့စကားကို လျစ်လျူရှုပြီးထားခဲ့တာပေါ့။
ဒါပေမဲ့ သူ့ရဲ့မူပိုင်ရှင်လေးက သူ့နောက်ကလိုက်နေလေတော့ သရဲကြောက်တဲ့မင်ဟန်တစ်ယောက်
သရဲနဲ့လက်ထပ်ရမယ့်အပြင် သရဲတွေမြင်နေရတဲ့ပြဿနာကြီးက ဆီးကြိုနေတဲ့အခါ...
တျဲကြောက်ပါတယ်ဆိုမှ တျဲနဲ့မှညားတဲ့မင်ဟန်တစ်ယောက် ပဟေဠိတွေနဲ့ သေဆုံးသွားခဲ့ရတဲ့
တျဲလောင်ကုန်းလေး မောင်းပန်ယွီရဲ့အမှုကို အတူတူစုံစမ်းရင်းနဲ့ ထူးခြားတဲ့ခံစားချက်တွေ ပေါက်ဖွားလာလေမလား။
သာမန်မဟုတ်တဲ့နှောင်ကြိုးတစ်ခုကနေ အချစ်စစ်တို့ ဖြစ်တည်လာနိုင်မှာလား။
ပန်ယွီရဲ့သေဆုံးမှုနောက်ကွယ်မှာရှိနေတဲ့လူကိုရော မင်ဟန်တစ်ယောက် ဖော်ထုတ်နိုင်မလားဆိုတာ အားလုံးအတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။
အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့
ဘာသာပြန်ထားတာကတော့ Joyz, Mary, Thae, Su Myat တို့ပဲ ဖြစ်ပါတယ်။
Horror • Thriller
7.3
2023
130 mins