YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Snowdrop.2021.EP16.THE END.WEB-DL.1080P.mp4

1.75 GB N/A video/mp4 2517 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Fallen Angels
7.7

IMDb - 7.6/10 , RT - 95% Bodyguards and Assassins, God of Gamblers တို့မှာ သရုပ်ဆောင်ဖူးတဲ့ Leon Laiရယ် Forever Friendsနဲ့ The Crossingတို့ရဲ့ မင်းသားTakeshi Kaneshiroတို့နဲ့အတူတူ Royal Tramp , Swordsman တို့ရဲ့ မင်းသမီး Michelle Reisတို့က ၃ယောက်သား ဒီကားကို အနှစ်အရသာရှိလှစွာ ပုံဖော်ထားပါတယ်။ ဇာတ်လမ်းကတော့ ဟောင်ကောင်က လုပ်ကြံရေးသမား၂ယောက်ရယ် ရရာအလုပ်ကို လုပ်နေတဲ့လူရယ်၊ ထိုလူ၃ယောက်ရဲ့ သူတို့ရဲ့ ဘဝနဲ့ အချစ်ရေးအကြောင်းကို ထူးခြားစွာဖော်ပြထားတဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်။ လူတွေက နေ့စဥ် ကိုယ်ကျွမ်းကျင်ရာကို လုပ်ကိုင်ရင်း အချစ်နဲ့နားခိုရာကို ရှာဖွေလေ့ရှိပါတယ်။ အချစ်ကို ပျောက်လို့လိုက်ရှာရင်း ကိုယ့်ရဲ့ စိတ်ဝိညာဉ်ကိုပါ ပျောက်ဆုံးတတ်​ပြီး သူတို့၃ယောက် ဘဝကို ဘယ်လိုနေထိုင်ကြလဲဆိုတာကို R rated ဆန်ဆန်လေးကို ရယ်ရယ်မောမောလေးနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်က ဇာတ်လမ်းဇာတ်သားကိုသာမက cinematicရော sound tractတွေရော အရမ်းလိုက်ဖက်ညီလွန်းလှပါတယ်။ ဇာတ်လမ်းဇာတ်ကွက်က ငြိမ့်ငြိမ့်ညောင်းညောင်းလေးနဲ့ဇာတ်လမ်းရဲ့ အရသာကို ခံစားရစေမှာပါ။ Emotionalဆန်တဲ့ ဒိုင်ယာလော့တွေလည်းပါပြီး အထူးသဖြင့် Leon Lai၊ Michelle Reis၊ Takeshi Kaneshiroတို့ ၃ယောက်သားရဲ့ သရုပ်ဆောင်ချက်တွေက ထိမိလွန်းလှပြီး Personallyအရဆိုရင် 10 out of 10 ပေးမိတဲ့ ရုပ်ရှင်ဖြစ်ကြောင်း ပြောရင်း အညွှန်းလေးကို အဆုံးသတ်လိုက်ပရစေ။ File size…(1.7 GB)/(822 MB)/(419 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:38:00 Genre...Action, Romance, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Action • Thriller
7.7 1995 98 mins
Fallen Angels
Invitation to a Murder
5.9

စုံထောက်ဝတ္ထုတွေကို ကြိုက်နှစ်သက်သူမှန်ရင် ရှားလော့ဟုမ်းဝ‌တ္ထုတွေကို မကြိုက်တဲ့လူမရှိသလောက်ပါဘဲ။ ငယ်စဉ်က ရှားလော့ဟုမ်းဝတ္ထုစနက်နဲ့ စုံထောက်ရူးရူးခဲ့ဖူးသူတွေထဲမှာ ကျွန်တော်ကိုယ်တိုင်အပါအဝင်ဖြစ်ခဲ့တာပေါ့။ အခုဒီကားလေးထဲက ဇာတ်လိုက်ကျော်လေး Miranda Greenသည်လည်း ကျွန်တော်တို့လိုပဲ Mysteryတွေကိုနှစ်သက်တဲ့ စုံထောက်ရူးလေးတစ်‌ယောက်ပါပဲ။ စုံထောက်ရူးပီပီ သူ့ရဲ့mottoကတော့ "Every contact leaves a trace"ပါတဲ့။ Mirandaက ကမ္ဘာကျော်စုံထောက်ဝတ္ထုရေးတဲ့စာရေးဆရာ Agatha Christie ရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်ပြီး စွန့်စားခန်းတွေကို နှစ်သက်သူဆိုလည်းဟုတ်ပါတယ်။ အမြင်စူးရှပြီး ထက်မြက်လွန်းတဲ့Miranda ကျိုးကြောင်းဆက်စပ်ဆင်ခြင်နိုင်စွမ်းမြင့်တဲ့Mirandaတစ်ယောက် သူ့ရဲ့ နုနုရွရွ ပန်းရောင်းရတဲ့အလုပ်နဲ့ နည်းနည်းလေးမှ မအပ်စပ်ဖြစ်‌လို့‌နေတာပေါ့။ လှပပေမဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာတွေမရှိတဲ့အလုပ်ခွင်မှာ မပျော်ပိုက်တဲ့ Mirandaအတွက်တော့ Christie ရဲ့စာအုပ်တွေက သူအသက်ဆက်နိုင်မဲ့ အိုအေစစ်ပါပဲ။ ဒီလိုနဲ့ Mirandaဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ ဖိတ်စာတစ်စောင်နဲ့အတူ ထူးဆန်းတဲ့သူဌေးကြီးတစ်ယောက်ဖြစ်တဲ့ Louis Findleyနဲ့ တွေ့ဆုံဖို့အတွက် ကျွန်းတစ်ကျွန်းကို ဖိတ်ခေါ်ခံရတဲ့အခါမှာတော့ သာမန်လူတစ်ယောက်ဆို အတွေးစုံနဲ့ဗျာများနေမှာပေမဲ့ စွန့်စားခန်းကိုငတ်မွတ်နေတဲ့ Mirandaကတော့ Christieရဲ့စာအုပ်‌တွေထဲကလိုစူးစမ်းရှာ‌ဖွေထောက်လှမ်းအခွင့်အရေးကို အရယူဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ကျွန်းကိုသွားတဲ့လမ်းမှာ သိလိုက်ရတာကတော့ သူနဲ့အတူ သူနဲ့တစ်ခါမှမသိကျွမ်းဖူးတဲ့ လူ ၅ ယောက်ကိုပါ အတူတူဖိတ်ခေါ်ထားတယ်ဆိုတာကိုပါပဲ။ Louis Findleyဆိုတာနဲ့ အထည်အလိပ်လုပ်ငန်းပိုင်ရှင် ဘီလီယံနာဆိုတာကလွဲလို့ ဘာမှကိုမသိရလောက်အောင် ဓာတ်ပုံပါရှာမရလောက်အောင် သိုသိပ်လွန်းတဲ့ တစ်ကိုယ်တော်နေရတာကိုပဲကြိုက်တဲ့ သူဌေးကြီးရဲ့ဖိတ်စာက Mirandaတို့ ၆ ယောက်ဆီကို ဘာဖြစ်လို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာရတာလဲ။ သူကိုယ်တိုင် ဖိတ်ခေါ်ခဲ့တာပေမဲ့ တကယ်ရောက်လာချိန်မှာ Findleyတစ်ယောက် ဘာလို့ထွက်မတွေ့ဘဲရှောင်နေပြီး ဝန်ထမ်းတွေနဲ့ လွှတ်ထားတာလဲ။ ကျွန်း‌ကိုရောက်လာတဲ့ အခြားလူ ၅ ယောက်မှာရော ဘာအကြံတွေရှိနေကြတာလဲ။ ပဟေဠိတွေနဲ့ပြည့်နှက်နေတဲ့ ဒီကျွန်းလေးရဲ့လျှို့ဝှက်ချက်ကို Mirandaတစ်ယောက် ဖော်ထုတ်နိုင်မှာလားဆိုတာ ကြည့်ရှုခံစားရင်း အဖြေရှာလိုက်ကြရအောင်ပါ။ File size…(1.6 GB)/(700 Mb)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:32:00 Genre...Mystery Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy

Adventure • Drama • Family
5.9 2023 93 mins
Invitation to a Murder
Vive L'Amour
7.1

~ IMDb - 7.4/10, Rotten Tomatoes - 86% ~ Directed by "Tsai Ming-liang" ထိုင်ဝမ်ရဲ့ ပထမနယူးဝေ့ကို ၁၉၈၂ နှောင်းပိုင်းတွေမှာ Edward Yang တို့ Hou Hsiao-hsien တို့နဲ့ တခြားဒါရိုက်တာတချို့ရဲ့ ရုပ်ရှင်တွေနဲ့ စတင်ခဲ့ပြီးတဲ့နောက် Tsai Ming-liang တို့ Ang Lee တို့အပါအဝင် ၁၉၉၀နှောင်းပိုင်း ဒါရိုက်တာတစ်ချို့က သူတို့ရုပ်ရှင်တွေနဲ့ ဒုတိယနယူးဝေ့ကို အသက်သွင်းခဲ့ကြပါတယ်။ အားလုံးဟာ ဟောင်ကောင် ပြည်မတို့နဲ့မတူတဲ့ ထိုင်ဝမ်ရုပ်ရှင်ဆိုတဲ့ အငွေ့အသက်တစ်ခု သီးခြားခံစားရအောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာကောင်းတွေချည်းပါပဲ။ သူတို့ထဲမှာ Tsai Ming-liang ရဲ့ ရုပ်ရှင်တွေဟာ တင်ပြပုံ အထူးခြားဆုံးလို့ပြောရမှာပါပဲ။ Ang Lee ကတော့ အမေရိကန်ရောက်သွားပြီး ပေါကားပေါင်းစုံပါရိုက်လာပေမဲ့ Tsai Ming-liang ဟာ နှစ်ပေါင်းများစွာကနေ ပြီးခဲ့တဲ့ ၂၀၂၀အထိလည်း ဒီလိုပုံစံကားမျိုးတွေကို ရိုက်တုန်းပါပဲ။ သူ့ရဲ့ပထမဆုံးရုပ်ရှင် Rebels of the Neon God မှာ သူ့ရုပ်ရှင်ဟာ ထိုင်ပေမြို့အငွေ့အသက် တော်တော်လေးလွှမ်းထားတယ်လို့ဆိုလို့ရပေမဲ့ အဲဒီနောက်ပိုင်းရုပ်ရှင်တွေမှာတော့ သူဟာ နေရာအစွဲကင်းတဲ့သူလို့ သူပြောဖူးတဲ့စကားနဲ့အညီပဲ သူ့ရုပ်ရှင်တွေဟာ ဒေသအပိုင်းအခြားမရွေးတဲ့ မြင်နေကြုံနေခက်ခဲခြင်းတွေ အာသီသတွေကို ပုံဖော်တဲ့ ရုပ်ရှင်တွေပိုဆန်လာတယ်။ သိသလောက်တော့ သူဟာ ဇာတ်လမ်းတစ်ခုတည်းထဲ နောက်ဇာတ်လမ်းပိစိလေးတွေကို ယက်ဖွဲ့တတ်တဲ့ဒါရိုက်တာမျိုးဖြစ်ပြီး အဲဒီဇာတ်လမ်းတွေမှာလည်း သေချာတဲ့ပြချင်တာတစ်ခု ရှိနေတတ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာဆိုရင်လည်း Main Story ဖြစ်တဲ့ မသိလိုက်ပါဘဲ တစ်ခန်းတည်း နေဖြစ်သွားကြတဲ့ လူသုံးယောက်ရဲ့ ဇာတ်လမ်းသုံးခုကို ပေါင်းစပ်ပေးထားပြီး တခြားဇာတ်လမ်းပိစိလေးပါထည့်ထားပါသေးတယ်။ သူ့ရုပ်ရှင်တွေဟာ ကင်ကီဒွပ်ရဲ့တစ်ချို့ကားတွေလောက်တော့ လုံးဝစကားမပြောတဲ့ ကားတွေတော့မဟုတ်ပေမဲ့ တော်တော်လေး စကားနည်းပြီး အပြကို ဦးစားပေးတဲ့ ရုပ်ရှင်တွေပါပဲ။ သူ့အပြတွေဟာလည်း တစ်ခါတလေကျ နိမိတ်ပုံဆန်ပြီး တစ်ခါတလေကျ တော်တော်လည်းစားပါတယ်။ ဒီထဲမှာဆို ဒီကားရဲ့ Theme ကို အရိုးအိုးရောင်းတဲ့နေရာနဲ့ ထပ်ဆင့်ပုံဖော်သွားခဲ့သလို ဖရဲသီးတစ်လုံးနဲ့ အာသီသကိုပုံဖော်သွားခဲ့သလိုပေါ့။ နားလည်ရတော့ခက်တဲ့အခန်းတွေလည်း ပါတတ်ပါတယ်။ အရေးတော့မကြီးလှပါဘူး။ သူပြတာကို ကြည့်လိုက်တယ်၊ ကြည့်နေတုန်း အဲဒီခပ်ဆန်းဆန်းအပြတွေကို သဘောကျနေမယ်၊ ကိုယ့်စိတ်နဲ့ကိုယ် အဓိပ္ပာယ်ကောက်ပြီး တစ်ခုခုခံစားလိုက်ရမယ်၊ အရသာရှိနေမယ်ဆို ပြီးပြီပဲမလား။ ကိုယ့်စက္ခုနဲ့ သိစိတ်ကရတဲ့ အရသာကိုမခံစားဘဲ ဒါရိုက်တာ တကယ်တမ်းပြချင်တာဘာလဲ ထိုင်ခေါင်းစားနေမယ်ဆို Art House ကားကြည့်ပေမဲ့ Art House ကား အရသာမရသလို ဖြစ်သွားမလားပဲ။ ဒီတော့ ဒီရုပ်ရှင်ဟာလည်း တစ်ခုခုကိုနားလည်ချင်စိတ်နဲ့ကြည့်ရမယ့် ရုပ်ရှင်မျိုးလို့တော့ ကျွန်တော်တော့မထင်ဘူး။ သူ့အရသာကို ခင်ဗျား ဒီတိုင်းခံစားလိုက်ရမယ့် ရုပ်ရှင်မျိုးပါပဲ။ အရင်နှစ်က သူ့ပထမဆုံးကားဖြစ်တဲ့ Rebels of the Neon God ကို တင်ပေးခဲ့ပြီးဖြစ်ပါတယ်။ အခု Vive L'Amour ကတော့ သူ့ရဲ့ ဒုတိယကားပါ။ အနောက်တိုင်း ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရခဲ့သလို Art Film ကောင်းတွေကို ပြန်လည်ထိန်းသိမ်းထုတ်ဝေပေးတဲ့ Criterion Collection ကလည်း ဒီကားကို ပြန်ထုတ်ပေးထားခဲ့ပါတယ်။ Vive L'Amour ဆိုတဲ့ ပြင်သစ်စကားရဲ့ အဓိပ္ပာယ်ကတော့ ချစ်သက်ရှည်စေလို့ အဓိပ္ပာယ်ရနေပြီး တစ်ချို့ရုပ်ရှင်တွေလို ရုပ်ရှင်ရဲ့အပြနဲ့ ဒီစကားလုံးကို တွဲဖက်ခံစားကြည့်ဖို့ကလည်း တော်တော်တော့နားလည်ရခက်ပါတယ်။ ဘာလို့ဆို ဒီရုပ်ရှင်ရဲ့ Theme လို့ ခံစားရတဲ့အရာနဲ့ တော်တော်မဆီမဆိုင်ဖြစ်နေတာကိုး။ ယူသလိုပဲ ရမှာပါပဲ။ တစ်ချို့အတွက်တော့ အကြိုက်ဆုံးကားဖြစ်သွားနိုင်တာပါပဲ။ တစ်ချို့အတွက်ကလည်း ဖြစ်ခဲ့ပြီးပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 820MB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 58Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.1 1995 118 mins
Vive L'Amour
Gabriel's Inferno
8.5

အခု တခေါက်ဇာတ်ကားလေးကတော့ ကန်နေဒီရန်စာရေးဆရာတစ်ယောက် ရေးသားထားပြီး New York မြို့မှာ ရောင်းအားအကောင်းဆုံးစာအုပ်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ခံစားချက်တွေကို မျိုသိပ်ထားတတ်တဲ့ ပရော်ဖက်ဆာနဲ့ ရည်မှန်းချက်ကြီးမားပြီး တချိန်က ချစ်ခဲ့ရတဲ့ချစ်သူနဲ့ ပြန်လည်ဆုံစည်းခွင့်ရဖို့ ကြိုးစားနေတဲ့ scholarship ကျောင်းသူတစ်ဦးရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ အချစ်စစ်တို့မည်သည်‌ ဖြောင့်ဖြူးခြင်းမရှိဟု ဆိုလေ့ရှိသည့်အတိုင်း သူတို့ ခက်ခဲပင်းပန်းပြီး အချစ်စစ်တစ်ခုဆုံဆည်းဖို့ကြိုးစားကြတာကို အခုလိုမိုးရာသီချိန်မှာ မိမိချစ်ရတဲ့သူ ဒါမှမဟုတ် ကော်ဖီတစ်ခွက်နဲ့ အေးအေးဆေးဆေးကြည့်လို့ကောင်းမယ့် romance ဇာတ်ကားလေး တစ်ကားပါပဲ။ ပရော်ဖက်ဆာ Gabriel Emerson နဲ့ Scholarship ကျောင်းသူ Julianne Mitchell တို့ရဲ့ ပတ်သက်မှုက ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်ခုန်ကြည်နူးဖွယ်ရာ ဇာတ်လမ်းဇာတ်ကွက်များနှင့် ကြည့်ရှူခံစားရမှာ ဖြစ်ပါတယ်.. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်... File Size : (1.03GB) and (454MB) Quality : WEB-DL 720p Format…mp4 Duration…02:03:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Theint Encoded by Phyo Pyae

Drama • Horror • Thriller
8.5 2020 122 mins
Gabriel's Inferno
One Day, You Will Reach the Sea
7.1

လွမ်းမောဖွယ် ဂျပန် drama ဇာတ်ကားလေး တစ်ကားပါ။ မနကိုတနိဆိုတဲ့ အရမ်းအေးဆေးရှက်ရွံ့ပြီး လူတွေနဲ့သိပ်အဆက်အဆံလုပ်လေ့မရှိတဲ့ မိန်းကလေးတစ်ယောက်မှာ အရမ်းရင်းနှီးချစ်ခင်တဲ့သူငယ်ချင်းဆိုလို့ တက္ကသိုလ်စတက်ကတည်းက မိန်းကလေးလေးအချင်းချင်းတောင် ကြိတ်ပြီးအားကျရလောက်အောင်ချစ်စရာကောင်းပြီး၊ လူတကာနဲ့ဝင်ဆန့်တဲ့ ဆုမိရဲဆိုတဲ့ မိန်းကလေးသူငယ်ချင်းတစ်ယောက်ပဲရှိခဲ့ပါတယ်။ ဆုမိရဲတစ်ယောက်သေဆုံးသွားချိန်မှာတော့ ကိုတနိဟာ ဖြေမဆည်နိုင်အောင်ဖြစ်ခဲ့ပြီး အတိတ်တွေထဲမှာပဲပိတ်မိနေခဲ့ပါတယ်။ လက်ရှိဘဝကို အဆင်ပြေအောင်ရှေ့ဆက်နေပေမဲ့လည်း အတိတ်ကသူငယ်ချင်းမလေးဟာဘယ်လိုထူးခြားတဲ့မိန်းကလေးမျိုးဖြစ်ခဲ့တာတွေ၊ နှစ်ဦးကြားက သံယောဇဉ်တွေ၊ အတူပျော်ခဲ့ဖူးတဲ့အမှတ်တရ၊ ဖြစ်ရပ်တွေကို ပြန်ပြောင်းသတိရရင်း လွမ်းဆွတ်ရပုံတွေကို လွမ်းမောဖွယ်ရိုက်ကူးတင်ဆက်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Moe Lay ပါ။) File Size : 1.7GB, 784MB & 382MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 2hr & 6mins Genre : Drama Translated by Moe Lay Encoded by Kinnov

Comedy • Family • Fantasy
7.1 2022 126 mins
One Day, You Will Reach the Sea
Only
5.5

ကျွန်တော်တို့ ကိုဗစ်ကာလကို ပြန်တွေးကြည့်ကြရအောင် တစ်နေရာရာကို သွားမယ်ဆို Mask တွေတပ်ကြ၊ တစ်ခုခုကိုင်ပြီးရင် လက်ကို HandGel နဲ့ အရေလန်မတတ်ပွတ်ကြ၊ ပြင်ပက ပစ္စည်းတစ်ခုခု ရောက်လာရင် ပိုးသတ်ဆေးနဲ့ တရှူးရှူး ဖြန်းကြနဲ့။ တစ်နေ့တစ်နေ့ တဝီဝီမြည်နေတဲ့ ဆေးရုံကားသံတွေ၊ ဘယ်သူတော့ ဆုံးသွားပြီ ဆိုတဲ့ သတင်းတွေကြားထဲမှာ အိမ်မှာ ကိုယ့်ဟာကိုယ် ပြန်အကျဉ်းချထားရတာလည်း အသက်ရှင်မဝစရာ၊ ရူးချင်စရာပေါ့၊၊ ဒီကားထဲက ဗိုင်းရပ်(စ်)ကတော့ အဲ့ထက်ဆိုးတယ်၊၊ အဲ့ထက်လည်း ရက်စက်ပြင်းထန်တယ်၊၊ ကမ္ဘာပေါ်ကို ကြယ်တံခွန်တစ်ခုဖြတ်သန်းအပြီးမှာ ဘ ာမှန်းမသိတဲ့ မြူမှုံတွေဟာ ကမ္ဘာ့လေထုကိုဖုန်းလွှမ်းသွားတယ်၊၊ အဲ့ဒီ မြူမှုံတွေထဲမှာ HNV 21 လို့ခေါ်တဲ့ ဗိုင်းရပ်(စ်)တစ်မျိုးပါပြီး အဲ့ဒီဗိုင်းရပ်(စ်)ဟာ အမျိုးသမီးတွေကို ဦးတည်ထိခိုက်စေတယ်၊၊ ဘယ်လောက်ပြင်းထန်လဲဆို ပိုးကူးခံရတဲ့ အမျိုးသမီးဟာ (၄)ရက်အထိ အသက်ရှင်နိုင်ရင် ကံကောင်းတယ်လို့ ဆိုရတဲ့အထိပဲ၊၊ ဒါပေမယ့် ဒီဗိုင်းရပ်(စ်)ဟာ အမျိုးသားတွေကိုတော့ ကြီးမားတဲ့ အန္တရာယ်မပေးနိုင်ဘူး၊၊ ဒီလိုနဲ့ ဗိုင်းရပ်(စ်)လက်ချက်နဲ့ ကမ္ဘာပေါ်က အမျိုးသမီးတွေ နေ့စဉ် သန်းနဲ့ချီသေဆုံးပြီး မျိုးသုဉ်း လုဖြစ်ကုန်တယ်၊၊ မိန်းမဆိုတာ ဘယ်လိုမျိုးလဲလို့ မေးယူရတဲ့အထိ ဖြစ်ကုန်တယ်၊၊ အစိုးရတွေအနေနဲ့လူဦးရေပြန်လည်တိုးပွါးရေးအတွက် အမျိုးသမီးတွေကို ဖမ်းပြီး စမ်းသပ်ရတဲ့အထိ ဖြစ်လာတယ်၊၊ အမျိုးသမီးတစ်ဦးကို ဖမ်းမိရင် ဒေါ်လာနှစ်သန်းအထိ ထုတ်ထားတာကြောင့် အမျိုးသမီးတွေကို အသဲအသန်လိုက်ရှာကြတဲ့ အမျိုးသမီးမုဆိုးတွေလည်း ပေါ်လာကြတယ်၊၊ အဲ့ဒီရိုက်ခတ်မှုတွေကို တစ်ကမ္ဘာလုံးက စုံတွဲတွေနည်းတူ ဝီ(လ်)နဲ့ အေဗာဆိုတဲ့ စုံတွဲလေးတစ်တွဲကလည်း ခံရတယ်၊၊ ကမ္ဘာပျက်ကိန်းစကတည်းက သတိကြီးတဲ့ ဝီ(လ်)ဟာ အေဗာကို ရောဂါပိုး အန္တရာယ်၊အစိုးရရဲ့ စမ်းသပ်မှုတွေ အန္တရာယ်၊ လူသားမုဆိုးတွေအန္တရာယ်ကနေ ဖွက်ထားပြီး ကာကွယ်ပေးခဲ့တယ်၊၊ ဒါပေမယ့် နှစ်တွေချီကြာလာတဲ့ အခါမှာ အေဗာတစ်ယောက် မွန်းကြပ်လာတယ်၊၊ ဝီ(လ်)အနေနဲ့လည်း ရောဂါပိုး carrier ဖြစ်နေတာကြောင့် အေဗာနဲ့ ဝီ(လ်)ဟာ တစ်အိမ်ထဲ နေရပေမယ့် စည်းတွေခြားနေကြတယ်၊၊ ဒီစုံတွဲလေး ဒီလိုအခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါ့လား၊သူတို့ ဆက်ဆံရေးဟာ လေးလံတဲ့ဝန်ထုပ်ဝန်ပိုးတွေနဲ့ ဘယ်လိုခရီးဆက်ကြမလဲစတာတွေကို ဒီဇာတ်ကားမှာ past apocalyptic romance အနေနဲ့ ခံစားတွေ့ရှိရမှာဖြစ်ပါတယ်၊၊

Comedy • Drama
5.5 2020 98 mins
Only
Under the Silver Lake
6.4

ငွေရောင်ကန်ရဲ့ အောက်မှာတဲ့ ဇာတ်ကားနာမည်က လန့်စရာကြီး သတ်တော့မယ်ဖြတ်တော့မယ်။ Crime, Drama ဆိုတော့ လူတွေအားရပါးရသတ်တော့မယ်လို့ထင်ကြမှာပါ။ ဒါပေမယ့် မဟုတ်ပါဘူး။ ဒီ ၂၀၁၈ ထွက် Ultimate Spider-man မင်းသား Andrew Garfield ပါဝင်သရုပ်ဆောင်ထားတဲ့ Under the Silver Lake ဇာတ်ကားလေးက ပုံမှန် Crime, Drama တွေနဲ့ပုံစံမတူဘဲ လူတော်တော်များများက Psycho(ဆိုက်ကို) ကားလို့ခေါ်ကြတဲ့ကားမျိုးဖြစ်နိုင်ပါတယ်။ နည်းနည်းလည်းကြောင်တောင်တောင်နိုင်သလိုပါပဲ။ ဒါပေမဲ့ ဒီဇာတ်လမ်းထဲကလို လူတိုင်းမြင်နေကြားနေတဲ့ သတင်းတွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေ၊ ကြော်ငြာတွေထဲမှာ လူတချို့ပဲသိနိုင်မယ့် ထူးခြားတဲ့ လျှို့ဝှက်သတင်းစကားတွေကို ထည့်သွင်းထားသလိုမျိုး ဒီဇာတ်ကားထဲမှာ တချို့လူတွေပဲ ခံစားနားလည်နိုင်မယ့်ခံစားမှုမျိုးတွေ သတင်းစကားတွေ အများကြီးပါနေတာတော့ အသေအချာပါပဲ။ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် လူတိုင်းမြင်နေကြပေမယ့် လူတိုင်းမသိကြတဲ့လျှို့ဝှက်ချက်တွေကိုတော့ ကိုယ်တိုင်ရှာကြည့်ကြပါတော့။ လူသိပ်မသတ်ပေမယ့် ကြမ်းခန်းရမ်းခန်းနည်းနည်းပါတဲ့ R-rated ဇာတ်ကားဖြစ်တဲ့အတွက် မိသားစုနဲ့ကြည့်ဖို့မသင့်တော်ပါဘူး။ ဒီဇာတ်ကားလေးရဲ့ IMDB Rating ကတော့ ၆.၅ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ) File Size : (950 MB) and (440 MB) Quality : Blu-Ray 720p Running Time : 2hr 19min Format : Mp4 Genre : Comedy, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-PSYCHD Translated by d3mon Encoded by Thanhtike Zaw

Drama
6.4 2018 139 mins
Under the Silver Lake
Spectral
6.4

စစ်ကားရုပ်ရှင်တွေ ကြိုက်နှစ်သူတွေရော Horror Movie ကြိုက်သူများအတွက်ပါ အဆင်ပြေစေမယ့် ရုပ်ရှင်ကားကောင်း တစ်ခုပါ.... ကြည့်ရှုရင်း နဲ့ လိုက်ပါရင်ခုန်စေမိမယ့် ရုပ်ရှင်ကားကောင်း တစ်ကား ဆိုလဲ မမှားပါဘူး... ဇတ်လမ်းပုံစံကတော့ ဒေါက်တာ Clyne ဟာ စစ်ဖက်သုံး ကင်မရာတွေကို တီထွင်ပေးရတဲ့သူပါ... တစ်နေ့မှာတော့ စစ်ပွဲထဲတွင် စစ်သားတွေ အကြောင်းအရာမသိသော အရာဝတ္တု တစ်ခုရဲ့ သတ်ဖြတ်ချင်းကို ခံရပြီး သေဆုံးခဲ့ကြပြီး ထိုအရာကိုလဲ ဒေါက်တာ Clyne တီထွင်ပေးသော ကင်မရာဖြင့်သာ မြင်နိုင်ခဲ့တာကြောင့် ဒေါက်တာ Clyne ကို စစ်ဘက် အဖွဲ့အစည်းက ပြန်လည် ခေါ်ယူပြီး စစ်ဆေးခဲ့ပါတယ်... သူတို့ မြင်ခဲ့တာအရာသည် ဘယ်လိုအရာမျိုး ဖြစ်တယ်ဆိုတာ သေချာသိရဖို့ အတွက် ဒေါက်တာ Clyne နှင့် စစ်တပ် တပ်ဖွဲ့ တစ်ခု ဖွဲ့ကာ စစ်မြေပြင်ကို သွားရောက်လေ့လာခဲ့ပါတယ် ထိုလေ့လာတဲ့ ခရီးတွင်ပဲ ကံဆိုးစွာ ထပ်မံ သတ်ဖြတ်ခံရပြီး ထိုအရာများသည် လူသား ပုံစံ ရှိပြီး ဝိဉာဉ်များသဖွယ် နံရံများကို ဖြတ်သွားနိုင်ကာ ထိတွေ့မိသူတိုင်း အေးခဲအသက်ပျောက်သွားပါတယ် မည်သည့် လက်နက်ဖြင့်မှ တိုးမပေါက် သက်၍ မရနိုင်ပါ ထိုအရာများ မှာ မကောင်းဆိုးဝါး များလော စစ်ဘက်ဆိုင်ရာ လျို့ဝှတ်ချက်များလားဆိုတာ ဘာသာပြန် Bro Chan နှင့် Bro Kaung တို့၏ ဘာသာပြန် လက်ရာကောင်းများဖြင့် ပြန်ပေးထားသော Spectral ရုပ်ရှင်ကားကို Download ဆွဲပြီး ကြည့်ရှုခံစားလိုက်ကြပါ ခင်ဗျာ.... (သစ်ဆန်းခန့်)

Action • Adventure • Animation • Family • Fantasy
6.4 2016 109 mins
Spectral
Drift

ဂျက်ကွီလင်းဆိုတဲ့ ကောင်မလေးဟာ ဝန်ကြီးသမီးတစ်ဦးဖြစ်ပြီး လန်ဒန်မှာ သွားရောက်နေထိုင်နေသူပါ။တစ်ရက်မှာတော့ မိသားစုတွေနဲ့ တွေ့ဆုံဖို့ သူဟာ Liberia ကိုနှစ်ပတ်ကြာပြန်လာခဲ့ပါတယ်။ အဲ့ဒီအချိန်နိုင်ငံအတွင်းမှာ ပဋိပက္ခပေါင်းများစွာနဲ့ ပြည်တွင်းစစ်ပေါ်ပေါက်လာပြီး ဂျက်ကွီလင်းတို့ ဝန်ကြီးမိသားစုအိမ်ဟာလည်း ပုန်ကန်သူတွေလက်အောက်ကို ကျရောက်ကာ ကံကြမ္မာဆိုးဝင်ခဲ့ပါတော့တယ်။ နိုင်ငံဟာလည်း စစ်မီးကြောင့် ပျက်စီးနေတဲ့အချိန် ဂျက်ကွီလင်းဟာ နိုင်ငံ‌က ထွက်ပြေးပြီး ဂရိကျွန်းလေးတစ်ကျွန်းကို ရောက်ရှိသွားခဲ့ပါတယ်။ ဝန်ကြီးသမီးတစ်ဦးဖြစ်ပြီး ဘဝမှာ အဆင်ပြေပြေနေခဲ့ရသူတစ်ယောက် နိုင်ငံပျက်စီးနေချိန် ဂရိကျွန်းမှာ နေ့စဉ်ဘဝကို ခက်ခဲစွာရှင်သန်နေထိုင်ရပုံကို ကြည့်ရှုခံစားရမယ့် Drama ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် File size…(2.1 GB)/(988 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

0 2024
Drift
Pride
6.3

ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ၁၉၇၄ ခုနှစ်နောက်ခံ အားကစားဒရမ်မာ ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဖယ်လာဒဲဖီးယားပြည်နယ်က ရေကူးနည်းပြ ဂျင်မ်အဲလစ်စ်ရဲ့ ဘဝဇာတ်လမ်းဆိုလည်း မမှားပါဘူး။ ၁၉၇၄ ခုနှစ်မှာ ကောလိပ်ဘွဲ့ရ ဂျင်မ်အဲလစ်အတွက် အလုပ်ရှာရခက်ခဲတဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ မြို့တော်ဌာနကနေ ဖယ်လာဒဲဖီးယားက ရပ်ကွက်ငယ်လေးတစ်ခုက အပန်းဖြေစင်တာတစ်ခုကို ပိတ်သိမ်းပေးဖို့ ကမ်းလှမ်းတလာတဲ့ အလုပ်တစ်ခုကို လက်ခံခဲ့ပါတယ်။ အဆိုပါစင်တာမှာ အလုံးစုံပျက်ဆီးနေတဲ့ ရေကူးကန်တစ်ခုကို ဂျင်မ်အနေနဲ့ ပြန်လည်အသုံးပြုလို့ရတဲ့အထိ ပြင်ဆင်ခဲ့ပါတယ်။ ရပ်ကွက်ထဲက လူမည်းဆယ်ကျော်သက် ယောကျ်ားလေးတွေကို ရေကူးဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက်မှာတော့ ရေကူးအသင်းတစ်ခု တည်ထောင်ဖို့အထိ စည်းရုံးနိုင်ခဲ့ပြီး တက္ကသိုလ်အဆင့် ပြိုင်ပွဲတွေထိပါ ခြေဆန့်နိုင်ဖို့ အိပ်မက်ကိုယ်စီ ပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်။ ယောကျ်ားလေးတွေပဲ ရှိတဲ့ ရေကူးအသင်းထဲကို ဝီလီဆိုတဲ့ ပါရမီရှင်ရေကူးသမား အမျိုးသမီးငယ်လေး ပါ ပူးပေါင်းလာချိန်မှာတော့ တခြားလူဖြူရေကူးအသင်းတွေတန်းတူ အစွမ်းပြလာနိုင်ခဲ့ပါတယ်။ လူမည်း ရေကူးသမားတွေကို နေရာတိုင်းမှာ နှိမ့်ချဆက်ဆံလူမျိုးရေးခွဲခြားခံနေရတဲ့ အချိန်ကာလကြီးမှာ ဂျင်မ်အဲလစ်စ်က သူ့ရဲ့ရေကူးသမားဘဝက မပြီးဆုံးနိုင်ခဲ့တဲ့အိပ်မက်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ မျှော်လင့်ချက် ရောင်ခြည်သမ်းလာခဲ့ပါတယ်။ ရေကူးအသင်းသားတွေရဲ့ ရေကူးကန်အတွင်းနဲ့ အပြင်ဘဝကိုပါ ထိန်းကျောင်းပေးရင်းနဲ့ပဲ ဂျင်မ်အဲလစ်စ်ရဲ့ ရေကူးအသင်းလေးဟာ ဘယ်လ်တီမိုးတက္ကသိုလ် အမျိုးသားရေကူးပြိုင်ပွဲဗိုလ်လုပွဲအထိပါ တက်ရောက်လာနိုင် ခဲ့ပါတယ်။ Pride, Determination, Resilience နဲ့ Philadephia Department of Recreation ကို ကိုယ်စားပြုတဲ့ Team PDR ရဲ့ ကြိုးစားအားထုတ်မှုတွေကို အပြည့်အဝမြင်တွေ့ရမှာဖြစ်ပါတယ်။ ” နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ မဆုတ်မနစ်ကြိုးစားသူတွေရဲ့ဆီမှာ ဂုဏ်သိက္ခာကတော့ အမြဲတမ်း ရှိနေမှာပါ” ဘဝရဲ့ အနိမ့်အမြင့် အတက်အကျ နဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်မယ့် စိတ်ခွန်အားဆေးကောင်း တစ်ခွက် ဖြစ်နိုင်စေဖို့အတွက် ဒီဇာတ်လမ်းကလေးကို CM ကနေ ပရိသတ်များကြည့်ရှုနိုင်ဖို့ တင်ဆက် ပေးလိုက်ပါတယ်။ File size… 1.3 GB / 852 MB Quality… Web-Rip 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Drama/Sport Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

Family • Animation • Fantasy
6.3 2007 104 mins
Pride
[18+] Himas
7.6

Himas (2024) ========== ဒါနာဟာ တစ်ချိန်က ပြည့်တန်ဆာတစ်ဦးဖြစ်ခဲ့ပေမယ့် လက်ရှိကာလမှာတော့ ငယ်သူငယ်ချင်း မီးသတ်သမားဟောင်းတစ်ယောက်နဲ့အိမ်ထောင်ကျပြီး ရိုးရှင်းတဲ့ဘ၀ကိုတည်ဆောက်ဖိုကြိုးစားနေပါတယ်။ သူ့ခင်ပွန်းဖြစ်သူ အက်ဒ် ဟာ ဖာတန်းမီးလောင်တုန်း သူ့အသက်ကိုကယ်တင်ခဲ့ရာက ရခဲ့တဲ့ဒဏ်ရာနဲ့မျက်စိကွယ်နေသလို အဲ့ဒီစိတ်ဒဏ်ရာတွေကြောင့် ယောက်ျားကိစ္စစွမ်းဆောင်ရည်မှာပါ ချိုယွင်းစပြုနေပါပြီ။ အဲ့ဒါကြောင့်ပဲ ဒါနာစာကြည့်တိုက်တစ်ခုမှာ အလုပ်ရသွားတဲ့နောက် အက်ဒ်အတွက် သူဖွင့်ထားတဲ့ Spa မှာကူဖော်လောင်ဖက်ရဖိုအဖော်တစ်ယောက်လိုအပ်လာပါတယ်။ အဲ့ဒီလိုအဖော်အဖြစ် အက်ဒ်ရွေးချယ်လိုက်တဲ့သူကတော့ သူတိုရွာမှာ ကြုံရာကျပမ်းလုပ်နေတဲ့ ကိုကွိင်းဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ပါ။ သူ့ရဲ့စွမ်းဆောင်ရည်လိုအပ်ချက်ကြောင့် ဟာစလာဖြစ်နေတဲ့ ဇနီးဖြစ်သူနဲ့သန်သန်မြန်မြန်သွေးသားဆန္ဒတက်ကြွတဲ့ လူငယ်လေးတိုနှစ်ဦးကိုအနေနိးစပ်အောင်ဖန်တီးပေးလိုက်တာဟာ သူ့အတွက်အမှားတစ်ခုဖြစ်လာမလား? ဒါမှမဟုတ် သူ့ဇနီးဟာ တကယ်ပဲအရင်လိုအကျင့်စရိုက်တွေကိုမေ့ပစ်ပြီးသူ့အပေါ်သစ္စာစောင့်ထိန်းသူတစ်ယောက်ဖြစ်နေပြီလား? ဆက်လက်ရှုစားကြပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1.4GB)/(650MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:48:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

Drama • Romance
7.6 2024
[18+] Himas
A Sibila
5.8

Sibila ( 2023 ) စီဘယ်လ် ဒီတစ်ခါ CM ပရိသတ်ကြီးကို တင်ဆက်ပေးမှာကတော့ Sibila ဆိုတဲ့ ဖြစ်ရပ်မှန်ပေါ်တူဂီကားပဲဖြစ်ပါတယ်။ မှတ်တမ်းတင်ရုပ်ရှင်ကားမျိုးဖြစ်ပြီး ၂၀ရာစုအလယ်ပိုင်း ပေါ်တူဂီမြောက်ပိုင်း ကျေးလက်ဒေသကို အခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Sibila ဆိုတဲ့အမျိုးသမီးရဲ့ ငယ်စဉ်ဘ၀ကနေ စတင်ထားပါတယ်။ အိမ်မှာအချစ်မခံရတဲ့ ဒီမိန်းကလေးဟာ အမည်မသိရောဂါတစ်ခုကြောင့် တစ်နှစ်လောက်အိပ်ရာထဲလဲပြီးနောက်မှာတော့ အကြားအမြင်ရသလိုလို နမိတ်ဖတ်သူလိုလိုနဲ့ အားလုံးရဲ့အာရုံစိုက်မှုတွေရအောင် ဖန်တီးလာပါတယ်။ နောက်ပိုင်း သူ့အဖေသေပြီး မောင်တွေလည်း တကွဲတပြား ကိုယ့်အိမ်ကိုယ်တည်ထောင်ပြီးနေကြပါတော့တယ်။ အဲဒီကနေ သူ့ရဲ့သက်လတ်ပိုင်းဘ၀နဲ့ မှတ်တမ်းတင်ရုပ်ရှင်ရိုက်ရလောက်အောင် ဘာအကြောင်းများရှိလို့လဲဆိုတာတွေကိုတော့ သူနဲ့အတူငယ်ဘ၀ကနေ ကြီးတဲ့အထိ လိုက်ပါခံစားပေးပါဦးဗျာ ( အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni , KKKZ, Bluri , Zwe Yan , LinnLunn တို့ပဲဖြစ်ပါတယ် )

5.8 2023
A Sibila
Scooby-Doo! Adventures: The Mystery Map
5.2

ဒီဇာတ်လမ်းမှာတော့ စကူဘီဒူးနဲ့ ရှက်ဂီတို့နှစ်ယောက် ပီဇာဝယ်စားရင်း ပီဇာမုန့်ထဲက ရတနာသိုက်မြေပုံတစ်ခု ရလာပြီး အဲဒီမြေပုံအတိုင်း ရတနာသိုက်ကို လိုက်ရှာဖို့ ပြင်ဆင်ကြပါတော့တယ်။ အဲဒီမြေပုံက နာမည်ကျော် ပင်လယ်ဓါးပြကြီးတစ်ယောက်ရဲ့ မြေပုံကြီးဖြစ်နေတာမို့ ရတနာတွေအများကြီးရှိမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ရှာပုံတော်ဖွင့်ကြတာပါ။ ဒါပေမဲ့ သူတို့ရဲ့ရှာပုံတော်ခရီးမှာ ပင်လယ်ဓါးပြကြီးနဲ့ သူ့လက်စွဲတော် ကြက်တူရွေးကြီးရဲ့ ဝိညာဉ်တွေရဲ့ နှောင့်ယှက်မှုတွေ၊ သူတို့လိုပဲ ရတနာသိုက် လာရှာတဲ့ ရှေးဟောင်းသုတေသန ပညာရှင်တွေ စသဖြင့် အနှောင့်အယှက် မျိုးစုံကြားကနေ ရတနာသိုက်ကြီးကို ရှာတွေ့သွားမလား၊ ဘယ်လိုပြဿနာမျိုး ပဟေဠိမျိုးတွေ ကြုံရဦးမလဲဆိုတာ Stop Motion Puppet အန်နီမေးရှင်းပုံစံမျိုးနဲ့ ကြည့်ရှုရမှာပါ။ File Size : 998 MB, 473 MB Quality : WEB-DL 1080p / 720p Running Time : 44min Format : Mp4 Genre : Adventure, Comedy, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

5.2 2013 42 mins
Scooby-Doo! Adventures: The Mystery Map
Stockholm Bloodbath

အခုတင်ဆက်ပေးမယ့်ဇာတ်လမ်း‌လေးကတော့ နိုင်ငံရေးဇာတ်လမ်းတွေ စိတ်ဝင်စားတဲ့သူတွေအတွက် အကြိုက်တွေ့မယ့် တော်လှန်ရေးကားပုံစံလေးဖြစ်ပါတယ် ဇာတ်လမ်းကိုအရမ်းပြောလိုက်ရင် spoilမိသွားနိုင်လို့ အတိုချုပ်ပဲပြောပါရ‌စေရှင့် အဓိက ကတော့ နိုင်ငံရေးကားလို့ပြောရပါမယ် ချစ်ကြည်ရေးကို ဗန်းပြပြီး နိုင်ငံကိုသိမ်းတာကို မခံနိုင်လို့ပြန်လည်တော်လှန်ကြရာကနေ အဲ့ထဲက နိုင်ငံရေးအရှုပ်တော်ပုံတွေ ဘုရင်နဲ့ဘုန်းတော်ကြီးတစ်ယောက်ပူးပေါင်းကြံစည်မှုတွေနဲ့ အရမ်းဇာတ်အိမ်ခိုင်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာလည်းဖြစ်တာကြောင့် ပရိတ်သတ်တွေကို ရသတစ်ခုတော့ပေးစွမ်းနိုင်မှာပါသေချာပါတယ် File size…(5.8 GB) /(2.6 GB)/(1.3 GB) Quality….Webrip 4K HEVC/1080p / 720p Format…mp4 Duration….02:25:00 Genre… Action, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe

Comedy • Drama
0 2023 145 mins
Stockholm Bloodbath