YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Snowdrop.2021.EP15.WEB-DL.720P.mp4

679.48 MB N/A video/mp4 7978 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Straw Dogs
5.9

1971 က နာမည်တူဇာတ်ကားကိုပဲ ပြန်လည်ဖန်တီးထားတဲ့ သည်းထိပ်ရင်ဖို ဒရာမာဇာတ်ကားလေးတခုနဲ့မိတ်ဆက်ပေး ချင်ပါတယ်။ The Legend of Tarzan The Northman စတဲ့ဇာတ်ကားတို့နဲ့ နာမည်ကြီးလာခဲ့တဲ့Skarsgård မိသားစု၀င်တယောက်ဖြစ်တဲ့ Alexander Skarsgårdနဲ့ Hairspray, Sonic the hedgehog, Enchantedစသဖြင့် ကျရာဇာတ်ကောင် အတော်များများမှာသရုပ်ဆောင်နိုင်တဲ့James Marsdenတို့က ပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဘလက်ဝါးတား မစ္စစပီဆိုတာက အမေရိကန်နိုင်ငံရဲ့ တောင်ဘက်ကမြို့လေးတမြို့။ Redneck လို့‌ခေါ်ကြတဲ့ ရှေးရိုးစွဲလူဖြူတွေအများစုနေထိုင်ကြတယ်။ဒီနေရာကို ပြောင်းလာတာက ဒေးဗစ် ဆန်မနာဆိုတဲ့ရုပ်ရှင်စာရေးဆရာနဲ့ မင်းသမီးငယ်ငယ်ချောချောလေး အေမီ ကိတ်စ်တို့လင်မယား နှစ်‌ယောက်ပါ။အေမီကိတ်စ်ရဲ့ဇာတိဖြစ်တဲ့ဘလက်၀ါးတား မြို့လေးကလူ‌‌တွေကအပြင်လူကိုသိပ်ပြီး မကြိုဆိုတတ်သလို မြောက်ပိုင်းကလာတဲ့သူဌေးလိုလိုပညာတတ်ဆရာကြီးတွေ ကိုကြည့်မရဘူး။ ဒီလိုအချက်တွေနဲ့သွားညီနေတဲ့ဒေးဗစ် တယောက်က မြို့ရဲ့အချောလေး အေမီကိုမှပိုင်ဆိုင်သွားခဲ့ တော့မျက်စိစပါးမွှေးစူးစရာဖြစ်နေခဲ့တယ်။အထူးသဖြင့် ကတော့ ချာလီဆိုတဲ့အေမီရဲ့ရည်းစားဟောင်းနဲ့သူ့ရဲ့ သူငယ်ချင်းလက်သမားအဖွဲ့နဲ့ တွန် ဟက်ဒွန်ဆိုတဲ့ ဘုကလန့်အရက်သမားနည်းပြဟောင်းတို့ရဲ့မျက်စိထဲမှာပါပဲ။ ဒီခပ်ထန်ထန် ဘီယာလက်ကမချ သေနတ်တကားကားနဲ့ သူ့ကိုကြည့်မရတဲ့မြို့ခံတွေအကြား မြို့သားကြီးဒေးဗစ် တယောက်ဘယ်လိုရှင်သန်ရမလဲ။ သူတို့ကိုမကြိုဆိုတဲ့ဒီမြို့ မှာသူတို့ဆက်ရောနေသင့်ရဲ့လား။ချာလီရဲ့ အေမီအပေါ် မပြတ်နိုင်သေးတဲ့ မျက်၀န်းတွေအောက်နဲ့ဒေးဗစ်နဲ့အေမီတို့ရဲ့ ခပ်တင်းတင်းအိမ်‌ထောင်ရေးတို့အကြားဘယ်လိုဆက်ဖြစ်ဦးမှာလဲ။ သူတို့သုံးယောက်ရဲ့အရှုပ်တော်ပုံတွေက နောက်ဆုံးမှာတော့ ဘယ်လိုပြီးဆုံးသွားမလဲဆိုတာကိုStraw dogs ဆိုတဲ့ ဒီဇာတ်ကားလေးမှာရှူစားပေးပါဦး............. File size…2.06GB / 828MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ..... Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Reality
5.9 2011 110 mins
Straw Dogs
Stroke of Luck

2022ခုနှစ်မှာထွက်ရှိထားတဲ့stroke of luckဆိုတဲ့ဒီကားလေးကတော့ Romance Comedy ကားကောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးက‌တော့ နေသန် ဆိုတဲ့ မြို့မှာနေတဲ့ကောင်လေးက ကျေးလက်မှာနေတဲ့ သူ့အဖေရဲ့‌မွေးမြူး‌ရေးခြံကို သွားပြီး အလုပ်လုပ်ဖို့အကြောင်းဖန်လာပါတော့တယ်။ မြို့မှာ ကြော့ကြော့လေးနေတတ်တဲ့ မြို့သားလေး ကျေးလက်ကမွေးမြူးရေးခြံကို‌ ရောက်တာနဲ့ အလွဲ‌တွေကြီးပဲ စလုပ်ပါ‌တော့တယ်။ မြို့ကို အရမ်းပြန်ချင်တဲ့‌ကောင်လေးကို သူ့အ‌‌ဖေက ဒီမှာအလုပ်တစ်လလုပ်ပြီးမှ မြို့ကိုပြန်ရမယ် အလုပ်မလုပ်ရင်လုံး၀မပြန်ရဘူးလို့ ရာဇသံ‌ပေးလိုက်ပါတယ်။ အဲလိုနဲ့အလွဲ‌တွေလုပ်ရင်းလုပ်ရင်းလုပ်ရင်းနဲ့သူ့ကိုကူညီပေးတဲ့မွေးမြူ‌ရေးခြံမှာအလုပ်လုပ်တဲ့ "ဆာရာ" ဆိုတဲ့‌ ကောင်မလေးနဲ့ ဖြည်းဖြည်းရင်းနှီးလာပြီး သူ့ကို စတင်သ‌‌ဘောကျလာပါ‌တော့တယ်။ အဲ့လိုနဲ့နေသန်တစ်‌ယောက် တစ်လအလုပ်လုပ်ပြီးပဲအိမ်ပြန်သွားမလား ‌။‌ ကောင်မလေးနဲ့ရောအဆင်ပြေပါ့မလားဆိုတာကိုတော့ပရိတ်သတ်ကြီးပဲကြည့်ရှုခံစားလိုက်ပါ။ မွေးမြူရေးခြံမှာနေတဲ့တစ်လအတွင်းဘယ်လိုအလွဲတွေလုပ်တယ်ဆိုတာကို ပျော်ပျော်ကြီးကြည့်ရမယ့်ခွီရမယ့်အပြင် ကျေးလက်မှာရိုက်ကူးထားတဲ့အတွက်သဘာ၀ရှုခင်းတွေကလဲအရမ်းကိုမှလှပပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyalsin Yati Ko ပဲ ဖြစ်ပါတယ်။ Genre..... Comedy Quality…. 1080p | 720p | 480p File size… 1.2GB | 655MB | 314MB Format… mp4 Duration…. 1h 21min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kyalsin Yati Ko Encoder ..... Aaron

Thriller
0 2022
Stroke of Luck
Pyali
9

ဒီဇာတ်ကားလေးကတော့ မိသားစုနဲ့အတူတူကြည့်ဖို့အတွက် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်မှာပါ။ မောင်နှမနှစ်ယောက်ရဲ့တစ်ယောက်‌အပေါ်တစ်ယောက်ထားတဲ့ ၅၂၈မေတ္တာလေးကို ကြည့်ရှုခံစားကြရမှာဖြစ်ပြီး ကလေးတိုင်းမှာ ထူးခြားမှုလေးတွေ ကိုယ်စီရှိကြတယ်ဆိုတာကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ ဇီရာဆိုတဲ့ကောင်လေးတစ်ယောက်မှာ ပရာလီလို့ခေါ်တဲ့အရမ်းချစ်စရာကောင်းတဲ့ညီမလေးတစ်ယောက်ရှိပါတယ်။ ဇီရာက သူကိုယ်တိုင် အရွယ်လေးနဲ့မလိုက်အောင်အလုပ်တွေဖိလုပ်ပြီး ညီမလေးကို တတ်နိုင်သမျှ လိုလေသေးမရှိအောင် စောင့်ရှောက်ထားပါတယ်။ ဂုဏ်ပကာသနတွေမပေါပေမယ့် ပျော်ရွှင်နေတတ်ကြတဲ့မောင်နှမနှစ်ယောက်ဟာ တစ်နေ့မှာအကြောင်းကြောင်းကြောင့် သံလမ်းဘေးကနေရာလေးကို စွန့်ခွာပြီး နေစရာအသစ်တစ်ခုကို ရှာဖွေရပါတော့တယ်။ လမ်းဘေးမှာပဲနေရတဲ့ကလေးတွေမလို့ ခိုကိုးရာမဲ့‌ဖြစ်နေတဲ့အချိန်မှာ အန္တရာယ်တွေကြုံလာရပြီး ဇီရာဟာလည်း အစ်ကိုဖြစ်သူပီပီ ညီမလေးကို ကာကွယ်စောင့်ရှောက်ပါတော့တယ်။ သူတို့လေးတွေ ဘယ်လိုဆက်ဖြစ်ကြမလဲ။ သူတို့ဘဝတွေ‌ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…2GB / 1GB Quality…1080p HD RIP /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cherry ~ Sai ThuRein

Drama • Thriller
9 2022 116 mins
Pyali
Kaliwaan
5.8

18+ ဆိုပြီး အားရပါးရပြေးမငမ်းခင် တစ်ခုသတိပေးချင်တာက ဒီဇာတ်ကားက သတ်ခန်းဖြတ်ခန်း သွေးထွက်သံယိုတွေနဲ့ Thriller အမျိုးအစားလဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့... ဘူဂီက သာမန်လူလတ်တန်းစားမိသားစုက မွေးဖွားလာပြီးကျောင်းတက်အလုပ်လုပ်နေဆဲလူငယ်တစ်ယောက်ဖြစ်ပြီး၊ သူ့မိဘတွေကတော့မုန့်တိုက်တစ်ခုဖွင့်ထားပါတယ်။ သူ့ကောင်မလေး မော်နီကာ ကတော့ အနှိပ်ခန်းတစ်ခုမှာ အလုပ်လုပ်ပြီး မကြာခဏငွေတောင်းကြမ်းတဲ့ အဒေါ်လောင်းကစားသမားကြောင့် ဒီဘဝက ရုန်းထွက်လွတ်မြောက်ဖို့ ကြိုးစားရင်း သံသရာလည်နေရသူပါ။ တစ်နေ့တော့ မော်နီကာကိုတစ်ဖက်သတ်ကြိတ်ကြိုက်နေတဲ့ ရာဂျီဆိုတဲ့လူတစ်ယောက်က အလုပ်ရှာပေး ငွေတွေနဲ့မက်လုံးပေးရင်း မော်နီကာရဲ့ကာမကိုရယူချိန်မှာ ဘူဂီတွေ့မြင်သွားခဲ့ပြီး ရုတ်တရက် ဖြစ်ပေါ်လာတဲ့ သဝန်တိုပူလောင်မှုနဲ့ ရာဂျီခေါင်းကိုခဲနဲ့ထုသတ်ဖို့ကြိုးစားပါတယ်။ မော်နီကာအဆွဲမြန်လို့ သေတဲ့အထိဖြစ်မသွားပေမယ့် အဲ့ဒါကြောင့်ပဲ ပြဿနာပိုကြီးဖို့ဖြစ်လာပါတော့တယ်။ ရာဂျီရဲ့မိသားစုဟာ သြဇာကြီး၊ ငွေကိုရေလိုသုံးပြီးတော့ သူတို့သားအတွက် ကလဲ့စားကိုရအောင်ယူမှာဖြစ်သလို၊ ဘူဂီရဲ့မိခင်ကလဲ သူ့သားအန္တရာယ်မကျရောက်စေဖို့ ဘူဂီဦးလေးဖြစ်သူရဲအရာရှိကိုအကူအညီတောင်းမိသွားတဲ့အခါ..။ ဘူဂီနဲ့မော်နီကာတို့တင်မက သူတို့ရဲ့မိသားစုတွေပါ ဒီပြဿနာအရှုပ်ထုပ်ထဲ ဘယ်လိုနစ်ကျွံဝင်သွားမလဲ? သူတို့အတွက်အဖြေ ဒါမှမဟုတ် ထွက်ပေါက်တစ်ခုကိုအချိန်မှီရှာတွေ့ကြမလားဆိုတာ ဆက်လက်ရှုစားကြပါ။ Vivamas Princess လို့ခေါ်ကြတဲ့ညှို့မင်းသမီးပေါက်စလေး AJ Raval နဲ့အတူ Vince Rillon "Siklo" (2022) တို့ဦးဆောင်ပါဝင်ထားပြီး မင်းသမီးအသစ်လေးတစ်ချို့ကိုလဲ မိတ်ဆက်ပြထားပါသေးတယ်။ စိတ်ညစ်ညူးစရာကောင်းအောင် ကြမ်းတမ်းရက်စက်တဲ့ နှိပ်စက်သတ်ဖြတ်ခန်းတွေ၊သာမန်လိင်ဆက်ဆံခန်းတွေတင်မက၊ Incest တွေ သီရိစံတွေပါ ပါဝင်တဲ့အတွက်မိသားစုနဲ့လုံးဝကြည့်လို့မရတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File Size : (1.5 GB) & (600 MB) Quality : WEB-DL 1080p & 720p Running Time : 01:52:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Alias Encoded by RGB

Drama • Romance
5.8 2022 111 mins
Kaliwaan
Norwegian Wood
6.3

မူရာကာမိရဲ့ ၀တ္တုရှည်ကို ပြန်ရိုက်ထားပြီး နာမည်ကျော်တဲ့ တစ်ကားတည်းသောကားပါပဲ။ သို့ပေမဲ့ မူရာကာမိ၀တ္တုတိုတွေကို ရိုက်ထားတဲ့ ကျန်တဲ့နာမည်ကျော်ရုပ်ရှင်တွေဖြစ်တဲ့ Burningတို့ Drive My Carတို့လို မာစတာပိစ်အဆင့်ထိတော့ ဖြစ်မသွားပေမဲ့ Norwegian Woodကို ရိုက်တဲ့ ပြင်သစ်အခြေစိုက် ဗီယက်နမ် ဒါရိုက်တာTran Anh Hung ဟာ The Scent of Green PaPayaတို့ Cycloတို့လို အရည်အသွေးမြင့် Art Filmတွေကို ရိုက်ခဲ့တဲ့သူဆိုတော့ ခပ်ညံ့ညံ့ကားတော့ မဟုတ်ခဲ့ပါဘူး။ စာမျက်နှာ ၃ရာကျော်စာအုပ်ကြီးကို ခြုံလွှမ်းရိုက်ရတာဆိုတော့ စာအုပ်ဖတ်ဖူးတဲ့သူတွေက စာအုပ်ကပေးချင်တဲ့ အချက်ကိုမရဘူးပြောကြပေမဲ့ စာအုပ် မဖတ်ထားရင် သူ့နည်းသူ့ဟန်ကို ကောင်းကောင်းမြင်နိုင်တယ်ဆိုကြပါတယ်။ Cinematographerက ထိုင်၀မ်သား Mark Lee Ping-bingပါ။ ဝေါင်ကာဝေးရဲ့ In The mood for loveအပြင် ထိုင်၀မ်ရဲ့ဆရာတစ်ဆူဖြစ်တဲ့ Hou Hsiao-Hsienရဲ့ ကားတိုင်းနီးပါးမှာလည်း စီနီမာတိုဂရပ်ဖာလုပ်ခဲ့တဲ့သူပါ။ သူ့စီနီမာကို အသည်းစွဲကြိုက်ကြတဲ့သူတွေမနည်းပါဘူး။ သရုပ်‌ဆောင်တွေက Death Note မူလကားရဲ့ L ဖြစ်တဲ့ Kenichi Matsuyama, Drive My Carထဲက Reika Kirishima, ဘရက်ပစ်ရဲ့ babel, Pacific Rim, 47 Roninsတို့ထဲတောင် ပါဖူးတဲ့ Rinko Kikuchiတို့တွေပါ။ Norwegian Woodဆိုတဲ့ နာမည်ဟာ မူရာကာမိ ယူနေကျအတိုင်း the Betales သီချင်းနာမည်ကို ယူထားတာဖြစ်ပြီး Drive my carဆိုတာလည်း the Betales သီချင်းနာမည်ပါပဲ။ မူရင်း Norwegian Woodစာအုပ်ဟာ မူရာကာမိရဲ့ မစ္စတာပိစ်လို့လည်း ပြောကြပါတယ်။ ဇာတ်လမ်းကတော့ မူကာရာမိဆန်ဆန်ပါပဲ။ မူရင်းစာအုပ်ထဲက စာသားတွေကို Narrativeထည့်ပြောသွားပြီး ပုံဖော်သွားပါတယ်။ မူရာကာမိဖန်တွေ ကြိုက်မယ့် ကျန်တဲ့မူရာကာမိကားတွေအတိုင်း ဇာတ်ကောင်ဗဟိုပြုပုံဖော်ထားတဲ့ ရုပ်ရှင်ပါ။ အဟောင်းပေမဲ့ Art Filmကားကောင်းကောင်း တောင့်တနေတဲ့လူတွေအတွက် Norwegian Woodဟာ ရွှေပါပဲ။ **** စာအုပ်ကို အရင်သွားမဖတ်မိဖို့တော့ လိုပါတယ်။ အညွှန်းကိုတော့ WiRa Aung က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Chu Chu ပဲ ဖြစ်ပါတယ်။ Genre.....Drama, Romance Quality….1080p | 720p| 480p File size…2GB | 999MB | 289MB Format…mp4 Duration….2h 13min Subtitle….Myanmar Subtitle (Hardsub) Translator ..... Chu Chu Encoder ..... August

Horror • Thriller
6.3 2010 133 mins
Norwegian Wood
In Her Name
7

ပြင်သစ်နိုင်ငံ ဂျာမနီနိုင်ငံတို့မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေပေါ် မူတည်ပြီး ရိုက်ကူးထားတဲ့ ပြင်သစ်ကားလေးပါ။ သားသမီးဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ ကိစ္စတစ်ခုပေါ်မှာ အဖေတစ်ယောက်အနေနဲ့ အရှုံးမပေးပဲ ဇွဲနပန်းကြီးစွာ ၂၇ နှစ်လောက်ထိ ကြိုးစားမှုတွေကို တင်ဆက်ပေးထားတဲ့ မှုခင်းနောက်ခံ ရုပ်ရှင်လေး ဖြစ်ပါတယ်။ ဇနီးသည်ရယ် သားတစ်ယောက် သမီးတစ်ယောက်ရှိပြီး စာရင်းကိုင်လုပ်ငန်းနဲ့ အဆင်ပြေနေတဲ့ အန်ဒရေးတစ်ယောက်ဟာ ဇနီးသည်ဖောက်ပြားတာကို လက်ဝယ်မိပြီး ကွာရှင်းပြီးတဲ့နောက် ၁၉၈၂ ခုနှစ်မှာ သတင်းဆိုးတစ်ခု ကြားလိုက်ရပါတယ်။ အဲဒါကတော့ ကျောင်းပိတ်ရက်ဖြစ်လို့ သားသမီးတွေကို မိခင်ရှိရာ ဂျာမနီကို အလည်အပတ်ဆိုပြီး ပို့လိုက်ရတာကနေ သမီးဖြစ်သူ ဆုံးပါးသွားတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း သေဆုံးရခြင်း အကြောင်းအရင်းကို အတိအကျ မသိရလို့ လိုက်လံ စုံစမ်းရာကနေ နောက်ကွယ်က ရွံရှာဖွယ် အမှန်တရားကို သိလိုက်ရတဲ့အချိန် တရားခံဖြစ်သူကို တစ်ကမ္ဘာလုံးနဲ့တစ်ယောက် ဆန့်ကျင်ပြီး အပြစ်ပေးနိုင်ဖို့ ဘယ်လိုတွေ ကြိုးစားရုန်းကန်ရလဲဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ အန်ဒရေးနေရာကလည်း ပြင်သစ် ဝါရင့်မင်းသားကြီး Daniel Auteuil သရုပ်ဆောင်ထားတာပါ။ File size…1.38GB / 627MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 27m Genre ….. Biography , Drama , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat

7 2016 87 mins
In Her Name
Butchers Book Two: Raghorn

ဒီတစ်ခါ ၂၀၂၀ က ထွက်ခဲ့တဲ့ Butchers ရဲ့ နောက်ဆက်တွဲ Butchers Book : Raghorn ကို ကြည့်ရှုရမှာပါ။ ပထမ ကားတုန်းက ဒါရိုက်တာ ဆုရခဲ့သလို ဒုတိယဇာတ်ကားမှာလည်း ၂၀၂၃ Nightmare ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး ဇာတ်ပို့ဆု ရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်း အကျဉ်း **************** ပြန်ပေးသမားတစ်စု လူချမ်းသာ သူဌေးသမီးတစ်ယောက်ကို ကောလိပ် ကျောင်းသားဆောင်ကနေ ပြန်ပေးဆွဲပြီး နယ်ဘက်ကို မောင်းခေါ်လာခဲ့ပါတယ်။ ကံဆိုးချင်တော့ လမ်းမှာသမင်ကို ဝင်တိုက်မိ ကားမတော်တဆမှု ဖြစ်သွားခဲ့ပြီး မတော်တဆဖြစ်တဲ့ အနီးမှာ လူသားစား စိတ္တဇလူသတ်သမားတွေ နေတဲ့အိမ် ဖြစ်နေတာပါ။ ဒီလူတွေက ဖမ်းမိတဲ့သူတွေ မှန်သမျှကို တစ်စစီ ခုတ်ထစ် ဖြတ်ထုတ်ပြီး သူများနာကျင်မှုကို အရသာခံတတ်တဲ့ လူသားစားတွေပါ။ ဒီလူတွေ လက်က လွတ်အောင် ပြေးနိုင်ပါ့မလား။ ဖမ်းမိသူတွေကို ဘယ်လိုမျိုး ရက်ရက်စက်စက် သတ်ဖြတ်မလဲ ဆိုတာကို ကြည့်ရှုရမှာပါ။ နှိပ်စက်ညဉ်းပန်း၊ သွေးထွက်သံယိုမှုတွေနဲ့ သွေးပျက်ဖွယ် ရိုက်ကူးချက်တွေ ပါတဲ့ အတွက် နှလုံးမကောင်းတဲ့သူတွေ မကြည့်သင့်ပါဘူးနော်။ File size…1.44GB / 685MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Horror • Mystery
0 2024 88 mins
Butchers Book Two: Raghorn
Juna Furniture
7

Juna Furniture (2024) အမေ့လျော့ခံ အာဃာတ Genre – Drama IMDB – 7.8/10 ဇာတ်လမ်း၊ ဇာတ်ညွန်း၊ ဒါရိုက်တာနဲ့ ဇာတ်ဆောင်နေရာအားလုံးကို မင်းသားကြီး Mahesh Manjrekar တစ်ယောက်တည်းတာဝန်ယူ ရိုက်ကူးဖော်ဆောင်ထားတဲ့ အသစ်ထွက် အိန္ဒိယဒရမ်မာကားကောင်းလေးဖြစ်ပါတယ်။ ဂိုဗင်ပတ်သာခ်ဆိုတဲ့ အသက် ၇၀ အရွယ် ဘဲကြီးဟာ ဇနီးဖြစ်သူနဲ့ လင်မယားနှစ်ယောက်တည်း အေးအေးဆေးဆေး ဖြတ်သန်းနေလျက်ရှိပါတယ်။ ရပ်ကွက်ထဲမှာလည်း မတရားတာမြင်ရင် မနေနိုင်ပဲ ဝင်ဝင်ပါမိလို့ ရပ်ကွက်ဇိုးလေးတွေနဲ့လည်း မကြာခဏ နောင်ဂျိန်ပလေးရသူပါ။ မဟုတ်မခံလူမှန်ကြီးတစ်ယောက် ဆိုပါစို့။ သားဖြစ်သူကတော့ နေရာကောင်းရထားတဲ့ အစိုးရအရာရှိဖြစ်ပြီး ချမ်းသာတဲ့ လုပ်ငန်းရှင်ရဲ့သမီးနဲ့ လက်ထပ်ထားပြီး ယောက္ခမဖြစ်သူနဲ့ အဆင်ပြေပြေရှိပြီး သူတိုနဲ့သာ အတူတူနေထိုင်တာပါ။ မိဘရင်းတွေဆီလည်း သိပ်မတွေ့ဖြစ်ပဲ ငွေရေးကြေးရေးလောက်သာ ထောက်ပံ့ထားသူပေါ့။ တစ်ရက်ကျ ဖခင်ဖြစ်သူဆီကို လစဉ်ငွေပို့ဖို့ မေ့ပြီး နောက်ကျတာတွေရယ် ရေပေါ်ဆီဘဝမှာ သာယာယစ်မူးနေပြီး မပေါ့ဆအပ်တာတွေ ဖြစ်သွားတဲ့အခါ ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်လာပြီး သားအဖရင်းနှစ်ယောက်ကြား အာဃာတမီးတောက်တစ်ခု ပေါ်ထွန်းလာတဲ့အခါမှာတော့…..။ ရုပ်ဝါဒီတွေ ကြီးစိုးနေတဲ့ လူ့အသိုင်းအဝန်းမှာ သားသမီးတွေရဲ့ လျစ်လျူရှုမှု ခံရတဲ့ သက်ကြီးရွယ်အိုမိဘတွေရဲ့ဖြစ်ပေါ်လာတဲ့ ပြဿနာ အကျပ်အတည်းဒုက္ခတွေကို မီးမောင်းထိုးပြပေးထားတဲ့ ပညာပေးကားကောင်းလေးပဲ ဖြစ်ပါတယ်လို့ နိဂုံးချုပ်လိုက်ပါစေဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်)

7 2024
Juna Furniture
The Man with the Answers
6.8

The Man with the Answers ( 2021 ) ဒီရုပ်ရှင်က Cyprus နဲ့ Greece နဲ့ Italy သုံးနိုင်ငံ ပူးတွဲထုတ်ထားတဲ့ ရုပ်ရှင်။ ဇာတ်ကတော့ အဘွားနဲ့အတူတူနေနေတဲ့ လူငယ်လေးတစ်ယောက် အဘွားဆုံးသွားပြီးနောက်ပိုင်း သူ့အမေရှိတဲ့ ဂျာမနီကို ခရီးထွက်တဲ့အကြောင်းပေါ့။ နောက်အိမ်ထောင်ပြုပြီး တစ်နိုင်ငံခြားဆီမှာ အိမ်ထောင်ကျနေတဲ့အမေဆီကို မေးခွန်းတွေအပြည့်နဲ့ ထွက်လာခဲ့တဲ့ ခရီးတစ်ခုအကြောင်းပဲ။ သူ့ခရီးဟာ ပင်လယ်တွေ တောတန်းတွေ လမ်းသွယ်တွေနဲ့ လှပနေခဲ့သလို သူ့ရင်ဘတ်ထဲမှာလည်း မရေရာခြင်းတွေ နာကြဉ်းခြင်းတွေ မကျေနပ်ခြင်းတွေ ပြည့်နေခဲ့တယ်။ သိပ်လှတဲ့ ခရီးတစ်ခုကို သူထွက်လာပေမဲ့ အဲဒီအလှတွေကို သူမမြင်နိုင်အောင်ဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ လမ်းမှာ အကြောင်းတရား ရေရေရာရာမရှိဘဲ ခရီးထွက်နေတဲ့လူတစ်ယောက်နဲ့ သူတွေ့ခဲ့တယ်။ သူတို့သူငယ်ချင်းဖြစ်လာကြတယ်။ သူ့သူငယ်ချင်းက သူ့ကို ဒီခရီးအရဲ့အရသာကို အပြည့်အဝခံစားနိုင်အောင် ကူညီပေးခဲ့တယ်။ သူ့ရင်ထဲက ပဟေဠိတွေရဲ့အဖြေကိုတော့ ကူထုတ်ပေးနိုင်လား ဒီခရီးက အဆုံးသတ်ကောင်းမှာလားဆိုတာကိုတော့ ကျွန်တော်တို့ ကိုယ်တိုင်ပဲ ဆက်ကြည့်ရလိမ့်မယ်။ ဒီရုပ်ရှင်ဟာ မေးခွန်းတွေနဲ့ လူတစ်ယောက်အကြောင်းပေမဲ့။ ရုပ်ရှင်နာမည်ကတော့ အဖြေတွေနဲ့ လူတစ်ယောက်အကြောင်း ဖြစ်နေခဲ့တယ်။ သူ့သူငယ်ချင်းပြောသလို ကမ္ဘာကြီးက ရိုးရှင်းတဲ့အဖြေတွေနဲ့ ဖြေမရအောင် ရှုပ်ထွေးလွန်းနေတယ်ဆိုတော့ ဒီဟာတွေရဲ့ အဖြေကိုသူတွေ့မတွေ့ မရေရာနိုင်ဘူး။ ရေရာတာကတော့ ဒီရုပ်ရှင်ဟာ လူနှစ်ယောက်နဲ့ ခရီးတစ်ခုကို သေချာလေးသက်ဝင်ခံစားနိုင်အောင်ပြထားတဲ့ ခရီးတစ်ခုအကြောင်း အလှပဆုံးရုပ်ရှင်တစ်ကားဆိုတာပါပဲ။ စိတ်ဟာ မငြိမ်းနိုင်တဲ့အခါ ကြည့်လိုက်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်) Genre….. Drama, Romance Quality…. 1080p WEB-DL | 720p WEB-DL File size… 1.3GB | 671MB Format… mp4 Duration…. 1h 20min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

6.8 2021
The Man with the Answers
Summer in Closed Eyes
6.6

Summer in Closed Eye (2018) သိပ်များများစားစားတော့ ညွှန်းစရာမလိုလောက်ပါဘူး။ ဒီတလော ရေပန်းတော်တော်စားနေတဲ့ Maiထဲက မင်းသမီးရိုက်ခဲ့တဲ့ ရုပ်ရှင်ပါ။ ဒီထဲလဲ ဆက်တိုက် တော်တော်လေးဇာတ်နာသလို အဆုံးထိဇာတ်နာကောင်းတုန်းပဲ။ ဒါရိုက်တာကတော့ ဒီကားက သူ့ပွဲဦးထွက်ကားဖြစ်သလို ထပ်ရိုက်ထားတာလည်း မရှိတော့ ဒါရိုက်တာအကြောင်းပြောဖို့တော့ခက်လိမ့်မယ်။ ဒါပေမဲ့ ဒီဒါရိုက်တာက သူ့ဝမ်းစာကို ဂျပန်ရုပ်ရှင်နဲ့ အဓိကဖြည့်ခဲ့တယ်လို့တော့ ထင်တယ်။ ဂျပန်မှာ အဓိကဇာတ်အိမ်တည်ထားတာပေမဲ့ ဗီယက်နမ်ဒါရိုက်တာရိုက်တဲ့ကားဆိုတော့ ဂျပန်အငွေ့အသက်မပါလောက်ဘူးထင်ထားပေမဲ့ ဂျပန်အငွေ့အသက်တော့ လွှမ်းနေသေးတယ်။ ဇာတ်ကတော့ ရိုမန့်ပါးပါးလောက်ပဲပါပြီး အဖေနဲ့ သမီးကြားက သံယောဇဉ်ကို အဓိကထားပြီး တည်ထားတယ်။ အားလုံးရဲ့ကွင်းဆက်ကတော့ ဓာတ်ပုံပညာ။ အဖေက ဓာတ်ပုံဆရာ။ ဓာတ်ပုံကိုချစ်တဲ့စိတ်ကြောင့် သူ့အဖေနဲ့ သူ့အမေကွဲပြီး သူ့အဖေဂျပန်ကိုရောက်သွားသလို သူကလည်း ဓာတ်ပုံကိုချစ်လာခဲ့တယ်။ သူ့အမေဆုံးပြီးနောက် သူ့အဖေကိုရှာဖို့ ဂျပန်ကိုသွားတဲ့အချိန် သူ့အဖေကိုမတွေ့ဘဲ ဓာတ်ပုံဆရာကောင်လေးတစ်ယောက်နဲ့တွေ့ပြီး ဓာတ်ပုံဆိုင်လေးတစ်ဆိုင်ကိုရောက်လာခဲ့တယ်။ အဲဒီကနေမှ သူ့အဖေရဲ့ ဇာတ်ကြောင်းကို သိရဖို့ဖြစ်လာတဲ့အကြောင်းပါပဲ။ ဗီယက်နမ်ဒါရိုက်တာနဲ့ ဗီယက်နမ်မင်းသမီးနဲ့ရိုက်တဲ့ကားပေမဲ့ ဂျပန်တော်တော်ဆန်တာမို့ ဂျပန်ရိုမန့်ကားပရိသတ်တွေအတွက်လည်း ကြည့်လို့ကောင်းမယ့် ရုပ်ရှင်ပါပဲ။ တစ်နေ့နေ့မှာ မင်းဘာကိုမှ မမြင်ရတော့ဘူးဆိုရင် မင်းအမြင်ဆုံးက ဘာများဖြစ်မလဲ။ တစ်နေ့နေ့မှာ မင်းဘာကိုမှ မကြားရတော့ဘူးဆိုရင် မင်းအကြားချင်ဆုံးက ဘယ်စကားဖြစ်မလဲ။ တစ်နေ့နေ့မှာ မင်းစကားလုံးဝမပြောနိုင်တော့ဘူးဆိုရင် မင်းအပြောချင်ဆုံးစကားက ဘာဖြစ်မလဲ။ တစ်နေ့နေ့မှာ မင်းဘာကိုမှ မမှတ်မိနိုင်တော့ဘူးဆိုရင် မင်းအမှတ်မိချင်ဆုံးက ဘာကိုများဖြစ်မလဲ။ ဒီထဲက အဓိကဇာတ်ကောင်သုံးယောက်ဟာ ဓာတ်ပုံတွေရဲ့နောက်ကျောမှာရေးထားတဲ့ ဒီမေးခွန်းတွေကို သူ့နည်းသူ့ဟန်နဲ့ ဖြေသွားခဲ့ကြတယ်။ ဘာကိုမှ မမြင်ရတော့ဘူးလို့ မှတ်ယူပြီး မျက်လုံးတွေမှိတ်ထားလိုက်ရင် ငါအမြင်ချင်ဆုံးက နွေဥတုတစ်ခုပေါ့။ အရာရာဟာ သူ့သဘောသူဆောင်ခဲ့ရင်တောင် အဲဒီနွေရာသီဆီကိုတော့ ငါရောက်အောင်ပြန်လာဖြစ်ဦးမယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiR‌a Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p WEB-DL | 720p WEB-DL File size… 1.5GB | 753MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiR‌a Aung Encoder ….. Aaron

6.6 2018
Summer in Closed Eyes
The Post-Truth World
6

မီဒီယာတွေက အမှန်ပြောနေတာလား…တရားစီရင်ချက်တိုင်းက ဖြောင့်မတ်မှန်ကန်နေလား…. ဒီအဖြေမသိတဲ့ ပုစ္ဆာနှစ်ပုဒ်ကို The Post Truth World ဆိုတဲ့ ကားလေးက စဉ်းစားစရာတချို့ပေးသွားမှာပါ…. ဇာတ်လမ်းလေးကတော့ တက်လမ်းတွေအပြည့်ရှိတဲ့ ဘေ့စ်ဘောကစားသမားလေး ကျန်းကျန်ယိတစ်ယောက်က သူ့အိပ်မက်ကို အကောင်အထည်ဖော်မယ့် အမေရိကန် ကစားသမားအဖွဲ့ထဲ ပါဝင်ခွင့်ရချိန်မှာပဲ…. သူချစ်ရတဲ့ ချစ်သူ သေဆုံးသွားခဲ့ပြီး… သူကလည်း လူသတ်သမားအဖြစ်နဲ့ သံတိုင်အနောက်ကို ရောက်သွားခဲ့ပါတယ်… ၇ နှစ် ကြာတဲ့အထိ သေဒဏ်ပေးမယ် တစ်သက်တစ်ကျွန်းချမယ်နဲ့ မပြတ်သားနိုင်တဲ့ ဆုံးဖြတ်အမိန့်ကို စောင့်ရင်း… လျိုလီမင် ဆိုတဲ့ မီဒီယာသမား တစ်ဦးကို အသုံးချပြီး ထောင်အပြင်ကို ထွက်ပြေးနိုင်ခဲ့ပြီး… သူသဲလွန်စတွေကိုရှာဖွေခဲ့တယ်…. ထူးဆန်းတာက သူအသုံးချတဲ့ မီဒီယာသမားကလည်း သူ့အမှုကို ပြန်လည်တူးဆွပြီး သူအပြစ်မဲ့ကြောင်းကို သက်သေရှာနေတာတဲ့…. သူတို့ချင်း ယုံကြည်မှုရပြီး ပူးပေါင်းမိမှာလား… တကယ်ပဲ ကျန်းကျန်ယိက သူအပြစ်မရှိကြောင်း သက်သေပြဖို့ ထွက်ပြေးခဲ့တာလား… သူတကယ်ပဲ အပြစ်မရှိဘူးလား….နောက်ပြီး လျိုလီမင်ကရော ဘာလို့ ဒီအမှုကို ပြန်တူးဆွတာလဲ…ရဲဖက်ဆိုင်ရာနဲ့ တရားရုံးကတော့ ကျန်းကျန်ယိက လူသတ်သမားလို့ တစ်ထစ်ချဆုံးဖြတ်ခဲ့တာပဲ… ဒါက မှားယွင်းနေခဲ့တာလား… ဒီအမှုကို ပြန်တူးဆွလို့ ဘာနောက်ဆက်တွဲတွေ ကြုံတွေ့ရဦးမှာလဲ… စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးမို့ CM ချစ်ရတဲ့ ပရိသတ်တို့လည်း အတူကြည့်ပြီး ဦးနှောက် အလုပ်ပေးလိုက်ကြရအောင်

6 2023
The Post-Truth World
In the Mood for Love
8.1

Romance/Drama Genre မှာ တကယ်တမ်း ရင်ထဲစွဲစွဲလမ်းလမ်းဖြစ်ပြီးအမြဲတမ်း သတိတရဖြစ်နေစေတဲ့ရုပ်ရှင်က တော်တော်လေးရှားတယ်လို့ ပြောလို့ရပါတယ်။ ဇာတ်သိမ်းမှာ ချစ်တာနဲ့ ကွဲတာနှစ်မျိုးပဲ နှစ်ပင်လိမ်ပြီး ဇာတ်အိမ်တွေ အက်ကြောင်းထပ်နေတဲ့ခေတ်ကာလမှာ Lost in Translation, Eternal Sunshine of the Spotless Mind, In the Mood for Loveလို ဇာတ်ကားမျိုးတွေဟာ သာမန်အချစ်ဇာတ်လမ်းတစ်ခုဆိုတာထက် အများကြီးပိုမိုပြသသွားနိုင်ခဲ့ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမယ့်ရုပ်ရှင်ကတော့ ဟောင်ကောင်ဒါရိုက်တာ ဝမ်ကာဝေရဲ့ အကောင်းဆုံးလက်ရာလို့တင်စားခေါ်ဝေါ်ကြတဲ့ In the Mood for Love ဆိုတဲ့ဇာတ်ကားပါ။ ဝမ်ကာဝေဟာ အရှေ့တိုင်းရုပ်ရှင်လောကရဲ့ဆရာတစ်ဆူဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ရုပ်ရှင်တွေဟာ မှတ်တိုင်များစွာ စိုက်ထူနိုင်ခဲ့ပါတယ်၊ အဲ့ဒီဇာတ်ကားတွေထဲမှာIn the Mood for Love ကတော့ သူရိုက်ကူးခဲ့တဲ့ တခြားရုပ်ရှင်ဇာတ်ကားတွေနဲ့ မတူပဲ သီးခြားပုံစံတစ်မျိုးအဖြစ်ကွဲထွက်နေခဲ့ပါတယ်။ In the Mood for Love ရဲ့ဇာတ်အိမ်က အရမ်းကိုရိုးရှင်းလွန်းပြီး ဇာတ်လမ်းစကြည့်တာနဲ့ ဘာဆက်ဖြစ်မယ်ဆိုတာခပ်ရေးရေးလေး တွေးလို့ရလောက်ပါတယ်။ တိုက်ခန်းတစ်ခန်းမှာ ငှားနေကြတဲ့ ဘေးချင်းကပ် အိမ်နီးချင်းလင်မယားစုံတွဲ ၂ တွဲမှာ မစ္စတာချန်နဲ့ မစ္စချောင်တို့က ဖောက်ပြန်နေကြတာကို ဆိုင်ရာလက်တွဲဖော်တွေဖြစ်တဲ့မစ္စချန် နဲ့ မစ္စတာချောင်တို့က သိသွားတဲ့အခါ သူတို့နှစ်ယောက်ကပါ ထပ်ပြီးဖောက်ပြန်တာကို ရိုးရိုးရှင်းရှင်းလေးရိုက်ကူးပြထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝမ်ကာဝေဟာ ရုပ်ရှင်အတတ်ပညာကို ကောင်းမွန်ပိုင်နိုင်စွာအသုံးချပြီးဒီရုပ်ရှင်ထဲက ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ မစ္စတာချောင်နဲ့ မစ္စချန်ရဲ့ စိတ်တွင်းခံစားချက်တွေကို ရုပ်ရှင်ကြည့်ပရိသတ်တွေဆီ ယူဆောင်ပြလာခဲ့ပါတယ်။ သာမန်ရိုက်ချက်တွေနဲ့မတူပဲ သရုပ်ဆောင်တွေကို ဘောင်ကျဉ်းကျဉ်းလေးပဲ ပေးထားတာတွေ၊ ဇာတ်ဝင်ခန်းတွေတိုင်းလိုလိုမှာ အနှောင့်အယှက်ဖြစ်စေမယ့်အရာ တစ်ခုခုထည့်ထားတာတွေကြောင့် ဒီနှစ်ယောက်ကြားက ရှေ့မတိုးသာ၊ နောက်မဆုတ်သာတဲ့အခြေအနေတွေဟာ ပိုပြီးပေါ်လွင်လာခဲ့ပါတယ်။ In the Mood for Love ကို ရွေ့လျားနေတဲ့ကဗျာတစ်ပုဒ်လို့ တင်စားကြပြီး ဒီရုပ်ရှင်ဟာ စကားလုံးတွေထက် ဇာတ်ဆောင်နှစ်ယောက်ရဲ့အကြည့်တွေ၊ ဟန်ပန်အမူအရာတွေနဲ့ ဇာတ်လမ်းကိုတည်ဆောက်သွားခဲ့တာပါ။ သူတို့ရဲ့ လှုပ်ရှားမှုနောက်ကိုလိုက်ကြည့်နေရတာဟာကဗျာရှည်တစ်ပုဒ်ကို ဖတ်ပြီး ခံစားနေရသလိုပါပဲ။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ Nostalgia (အတိတ်ကပျော်စရာအခိုက်အတန့်တွေကို အောက်မေ့သတိရခြင်း) ဆိုတဲ့အချက်ကို ကောင်းကောင်းကြီးပုံဖော်သွားနိုင်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာရိုက်ကူးခဲ့တာဖြစ်ပေမယ့် ဝမ်ကာဝေဟာ ရုပ်ရှင်ရဲ့ အရောင်တွေကို ၁၉၆၀ ဝန်းကျင်ကထွက်ရှိတဲ့ရုပ်ရှင်ဆန်ဆန် အရောင်မျိုးအသုံးပြုသွားခဲ့ပြီး ဇာတ်အိမ်ကိုလဲ ၁၉၆၂ ခုနှစ် ဟောင်ကောင်မှာ အခြေတည်ထားလိုက်ပါတယ်။ ဒီဇာတ်ကားဟာ အချစ်ဇာတ်ကားကြည့်ပြီးမျက်ရည်လည်ရွှဲငိုချင်သူတွေ၊ ရိုမန်တစ်ဆန်ချင်သူတွေအတွက်တော့ ကိုက်ညီမယ့်ရုပ်ရှင်မဟုတ်ပေမယ့် တစ်ခါတစ်ခေါက်လောက်တော့ မြည်းစမ်းကြည့်သင့်တဲ့ အနုပညာလက်ရာမြောက်ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ကို အနုပညာလက်ရာတစ်ခု၊ ကဗျာစာပေတစ်ခုလို ခံယူထားတဲ့သူတွေအတွက်တော့ ဒီရုပ်ရှင်ဟာ တွေးလို့ကုန်နိုင်မှာမဟုတ်ပါဘူး။ အဖော်အချွတ်ဇာတ်ဝင်ခန်းမပြောပါနဲ့၊ နမ်းရှုတ်တဲ့အခန်းတောင် တစ်ကွက်မှမပါဝင်ပဲ အချစ်ဇာတ်လမ်းတစ်ခုကို လှလှပပလေးပုံဖော်သွားခဲ့တဲ့ဝမ်ကာဝေရဲ့ လက်ရာကို အခုပဲ ကြည့်ရှူလိုက်ကြပါ။ ဘဝအတွက် တွေးစရာတစ်ခုခုတော့ ကျန်ရစ်စေခဲ့ရမယ်ဆိုတာရဲရဲကြီးအာမခံရဲပါတယ်။ File size… 2 GB / 723 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Drama / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Arkar Phyo

Action • Crime • Drama
8.1 2000 98 mins
In the Mood for Love
Reality Bites: A Hannah Swensen Mystery
6.5

Reality Bites: A Hannah Swensen Mystery (2025) IMDb Rating (6.5) ဒီဇာတ်ကားကတော့ Reality Bites Franchise ကြီးရဲ့ ၂၀၂၅ ခုနှစ်မှာ အသစ်ထွက်ရှိထားတဲ့ Crime, Mystery ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ထူးခြားတာတစ်ခုကတော့ ဒီဇာတ်ကားထဲမှာ ဇာတ်ညွှန်းဆရာမဖြစ်တဲ့ Alison Sweeney ကိုယ်တိုင် ဇာတ်ဆောင်မင်းသမီးအနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Spin-off တစ်ခုပြီးတစ်ခု စာရေးဆရာတွေပြောင်းပြောင်းသွားကြပေမယ့် အခုဒီတစ်ခေါက်ထွက်ထားတဲ့ဇာတ်ကားကတော့ ဖေဖော်ဝါရီလကမှ premiere ထားတာဖြစ်ပေမယ့် IMDB မှာ rating 6.5 အထိရရှိထားပြီဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဟန်နာစဝင်ဆန်လို့ခေါ်တဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ဟာ လိတ်ခ်အီဒန်လို့ခေါ်တဲ့မြို့လေးတစ်မြို့မှာ မုန့်ဖုတ်ဆိုင်တစ်ခုဖွင့်ထားတာပါ။ သူဟာ ငယ်ငယ်ကတည်းက ဟင်းချက်အစီအစဉ်တစ်ခုကိုတွေ့ပြီးတဲ့နောက် မုန့်လုပ်ဝါသနာအရမ်းပါသွားပြီး အဲဒါနဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုရတဲ့အထိကို မုန့်ဖုတ်ရတာကိုစွဲလန်းသွားတာပါ။ တစ်နေ့မှာတော့ သူ့ရဲ့မုန့်ဖုတ်ဆိုင်ကို တီဗီရှိုးအစီအစဉ်တစ်ခုကနေ ရိုက်ကူးရေးနေရာလိုလို့ဆိုပြီး အသည်းအသန်တောင်းဆိုလာခဲ့ပါတယ်။ မထင်မှတ်ထားစရာပဲ အဲဒီအစီအစဉ်က ဟန်နာငယ်ငယ်တုန်းက အမြဲကြည့်ပြီးအားကျခဲ့ရတဲ့ ကွန်နီမက်ခ်ကိုယ်တိုင်ရဲ့ ရှိုးပဲဖြစ်နေပါတယ်။ သူ့ရဲ့ idol နဲ့ တွေ့ချင်တာကတစ်ကြောင်း idol ရဲ့ မုန့်လုပ်ပုံတွေကို ကိုယ်တိုင်မြင်ချင်နေတာကတစ်ကြောင်းနဲ့ ဟန်နာ့မှာ ရင်တလှုပ်လှုပ်စောင့်စားနေခဲ့တာပါ။ စိတ်မကောင်းစွာနဲ့ ဟန်နာ့မုန့်ဖုတ်ဆိုင်မှာ ပထမရက်အတွက်ရိုက်ကူးရေးလုပ်ပြီး ဒုတိယနေ့မရောက်ခင်မှာပဲ မနက်အစောကြီး ဟန်နာတစ်ယောက်ဆိုင်သွားဖွင့်ပေးဖို့သွားတဲ့အချိန်မှာ ရိုက်ကူးရေးရဲ့ ပရိုဂျူဆာက အစအဆုံးမရှိသေနေတာကိုတွေ့ရပါတယ်။ ဒီလိုနဲ့ ဟန်နာတစ်ယောက် ဘယ်လောက်ထိထိန့်လန့်သွားလဲ တကယ့်နောက်ကွယ်က အဖြစ်မှန်ကကော ဘယ်လိုဖြစ်မလဲဆိုတာကို ဒီဇာတ်ကားထဲမှာ cozy ဖြစ်ဖြစ် စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.7 GB) / (840 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Mystery Duration….01:25:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Action • Crime
6.5 2025 84 mins
Reality Bites: A Hannah Swensen Mystery
Babah

ဒီနေ့ကျွန်တော်ပြောပြပေးချင်တာက “Babah” (2024) ဆိုတဲ့ မလေးရှားဇာတ်ကားလေးအကြောင်းပါ ဒီဇာတ်ကားက မလေးရှားရဲ့ ဒရာမာကားတစ်ကားဖြစ်ပြီး ဒါရိုက်တာ Mohd Shah Faizul Ibrahim က ရိုက်ကူးထားတာပါ ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၅ ရက်နေ့ကစလို့ မလေးရှားရဲ့ ရုပ်ရှင်ရုံတွေမှာ ပြသခဲ့တာဆိုတော့ လောလောလတ်လတ်ကားလေးတစ်ကားပေါ့ ဒီဇာတ်ကားထဲမှာ ဇာတ်လမ်းက အရမ်းကိုရိုးရှင်းပြီး နှလုံးသားကို ထိတဲ့အကြောင်းအရာလေးပါ အဓိကဇာတ်ကောင်ကတော့ Isyak ဆိုတဲ့ ဖခင်တစ်ယောက်ဖြစ်ပြီး Qi Razali က သရုပ်ဆောင်ထားပါတယ် သူ့သမီးလေး Maya (Sweet Qismina သရုပ်ဆောင်) ကို မွေးကတည်းက ကြီးတဲ့အထိ ဂရုစိုက်ပြီး ပြုစုပျိုးထောင်တဲ့ ဖခင်တစ်ယောက်ရဲ့ ဘဝခရီးလမ်းကို ပြသထားတာပါ ဒီဇာတ်လမ်းမှာ မိသားစုရဲ့ချစ်ခြင်းမေတ္တာ အခက်အခဲတွေကို အတူဖြတ်ကျော်နိုင်တဲ့ စွမ်းအား ပြီးတော့ ဘဝရဲ့အတက်အကျတွေကို ထိထိမိမိ ဖော်ပြထားပါတယ် ဇာတ်အိမ်ကတော့ ဒီလိုပါ Isyak ဆိုတဲ့ ဖခင်ကြီးက သူ့သမီး Maya ကို အရမ်းချစ်တယ် ဒါပေမယ့် ဘဝက သူတို့ကို အမြဲတမ်း ချောချောမွေ့မွေ့ မဖြတ်သန်းစေပါဘူး Isyak တစ်ယောက် အလုပ်ပြုတ်သွားတာနားမကြားတော့တာတွေကို ကြုံရတယ် အဲဒီအချိန်မှာ Maya လည်း အိမ်ထောင်ကျပြီး မမျှော်လင့်ဘဲ Guillain-Barré Syndrome ဆိုတဲ့ အာရုံကြောဆိုင်ရာ ရောဂါတစ်ခုကို ခံစားရတယ် ဒီလိုနဲ့ သမီးဖြစ်သူရဲ့ ဘဝမှာ ထပ်ပြီး အားကိုးအားထားရတဲ့ ဖခင်တစ်ယောက်အနေနဲ့ Isyak က ပြန်ပါဝင်လာရပါတယ် ဒီလိုနဲ့ သူတို့ သားအဖနှစ်ယောက်ရဲ့ ဆက်နွယ်မှုက ဘယ်လောက်တောင် ခိုင်မြဲပြီး ချစ်ခြင်းမေတ္တာနဲ့ ပြည့်နှက်နေလဲဆိုတာကို တွေ့ရမှာပါ ဒီဇာတ်ကားက ကြည့်ရင်း မျက်ရည်ဝဲလာနိုင်တယ်လို့ ပြောရမယ် အထူးသဖြင့် မိဘနဲ့ သားသမီးဆက်ဆံရေး ဒါမှမဟုတ် ဘဝမှာ အခက်အခဲတွေ ဖြတ်ကျော်နေရတဲ့ သူတွေဆိုရင် ဒီကားက ရင်ထဲထိမှာသေချာတယ် သရုပ်ဆောင်တွေဖြစ်တဲ့ Qi Razali၊ Sweet Qismina တို့အပြင် Cristina Suzanne (Hayati အဖြစ် မိခင်နေရာ) တို့ကလည်း သူတို့ရဲ့ ဇာတ်ကောင်တွေကို အသက်ဝင်အောင် သရုပ်ဆောင်ပေးထားတာမို့ ကြည့်ရတာ ပိုပြီး ခံစားရတယ် ဒါကြောင့် သူငယ်ချင်းတို့လည်း ဒီဇာတ်ကားလေးကို အခွင့်ရရင် ကြည့်ကြည့်ပါ ရိုးရှင်းပေမယ့် နှလုံးသားကို ထိတဲ့ မိသားစုဇာတ်လမ်းလေးတစ်ခုကို ခံစားရမှာပါ ကျွန်တော်တော့ ဒီကားကို အကြိုက်ဆုံး မလေးရှားကားစာရင်းထဲ ထည့်ထားလိုက်ပါပြီ File size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Khant

Comedy
0 2024
Babah