YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Snow Sword Stride E04 (720p) CM.mp4

375.44 MB N/A video/mp4 3186 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Alexander
5.9

Alexander (2004) ဇာတ်ကားက လူသားသမိုင်းတစ်လျှောက် အလွှမ်းမိုးနိုင်ဆုံး ပုံရိပ်တစ်ခုဖြစ်တဲ့ Alexander the Great ရဲ့ ဒဏ္ဍာရီဆန်တဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ။ ရုပ်ရှင်ကို အရမ်းကြီးတဲ့ ရည်မှန်းချက်တွေနဲ့ ရိုက်ကူးပုံဖော်ခဲ့ပေမဲ့လို့ ပရိသတ်ကို မဆွဲဆောင်နိုင်ဘဲ မျှော်လင့်သလောက် ဖြစ်မလာတဲ့ ဇာတ်လမ်းတစ်ခုအဖြစ် အဆုံးသတ်ခဲ့ရပါတယ်။ Alexander the Great ဆိုတာက ခရစ်တော်မပေါ်မီ BC 356 ခုနှစ်ကနေ 323 အထိ နေထိုင်အသက်ရှင်သွားခဲ့တဲ့ မက်ဆာဒိုးနီးယားဘုရင် ဧကရာဇ်တစ်ပါးပေါ့။ BC ဆိုတာ AD သက္ကရာဇ်နဲ့ မတူပါဘူးနော်။ သူက 5000 ကစပြီး နောက်ပြန်ရေတွက်လာရတာပါ။ အလက်ဇန်းဒါး ဘာ့ကြောင့်ကြီးမြတ်ရသလဲလို့မေးရင် အဖြေတွေ အများကြီးရှိနိုင်ပါတယ်။ ဒီထဲကမှ ကျွန်တော်သဘောအကျဆုံးအချက်ကို ထုတ်ပြောပြပါ့မယ်။ သူက သမိုင်းမှာ အကြီးဆုံးအင်ပါယာကြီးကို ထူထောင်ခဲ့သူပါ။ နယ်မြေပေါင်း မြောက်များစွာကို သိမ်းပိုက်ပြီး မြေပြင်ကို တစ်လမချင်းဆီမှာ သွေးပေါင်းများစွာသွန်းလောင်းပြီး အင်ပါယာကို ထုဆစ်ခဲ့သူပါပဲ။ သူ့ရဲ့ စစ်ရေးလှုံ့ဆော်မှုတွေ၊ နည်းဗျူဟာကောင်းမွန်မှုတွေ၊ ယဉ်ကျေးမှုလွှမ်းနိုင်မှုတွေနဲ့ ကမ္ဘာကို ပုံဖော်ခဲ့သူတစ်ယောက်ပါ။ အလက်ဇန်းဒါးရဲ့ဖခင် ဖိလစ် က သိုးကျောင်းလူမျိုးစုတွေကို စုစည်းပြီး ဂရိလူမျိုးစုတွေကို အောင်နိုင်သိမ်းသွင်းခဲ့သူပါ။ အလက်ဇန်းဒါးအတွက် အစကောင်းတစ်ခုပါပဲ။ ဖိလစ် ရဲ့အိပ်မက်ကတော့ ဥရောပကနေ အာရှအထိခြေဆန့်လို့ ပါရှန်းအင်ပါယာကို အောင်နိုင်ချင်တာပါပဲ။ အလက်ဇန်းဒါးက သူ့ဖခင်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ရုံမက ဘယ်သူမှလိုက်မမီနိုင်တော့တဲ့ ဂုဏ်ရည်ထွန်းပြောင်မှုကိုပါ တည်ဆောက်နိုင်သွားခဲ့ပါတယ်။ အလက်ဇန်းဒါးက မင်းသားတစ်ပါးအဖြစ်မွေးလာ၊ အချိန်တန်ဘုရင်ဖြစ်၊ တပ်ကိုဦးဆောင်၊ နယ်မြေတွေကို သိမ်းသွားခဲ့တာမဟုတ်ပါဘူး။ သူ့ဘဝက စကတည်းက ယဉ်သလိုကိုလို့ ပြောရမှာပဲ။ မိခင်က ဘာဘာရီယန် လို့ခေါ်တဲ့ လူရိုင်းမျိုးနွယ်ဝင်တစ်ယောက်ပါ။ ဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် မျိုးမစစ်သားတစ်ယောက်အနေနဲ့ အလက်ဇန်းဒါးဟာ ထီးနန်းရဲ့ ဆက်ခံသူမဟုတ်ပါဘူး။ ဖခင်က ဂရိသူကိုယူ၊ သားကလေးမွေးလိုက်တဲ့အချိန် အလက်ဇန်းဒါးဟာ ရှင်ဘုရင်ရဲ့ အစ်ကိုတော်အဖြစ် ဇာတ်သိမ်းရဖို့ပဲရှိပါတော့တယ်။ ဒုတိယသားတော် လသားအရွယ်မှာပဲ ဘုရင်ကြီး ဖိလစ် လုပ်ကြံခံလိုက်ရခြင်းက အလက်ဇန်းဒါးကို နေ့မကူးဘဲ ဘုရင်ဖြစ်သွားစေခဲ့ပါတယ်။ အဲဒီနောက် အလက်ဇန်းဒါးဟာ ပါရှန်းပြည်ကိုခြေဆန့်လို့ ပါရှန်းဘုရင် ဒရိုင်းရပ်စ် ကိုဖယ်ရှားပြီး ဘေဘီလုံကို သိမ်းပိုက်ခဲ့တယ်။ အလက်ဇန်းဒါးအတွက် အင်ပါယာကိုထူထောင်တဲ့လမ်းကြောင်းတလျောက်မှာ အရေးအပါဆုံးကတော့ အရည်အချင်းပြည့်ဝလှတဲ့ စစ်ဗိုလ်ချုပ်တွေရယ်၊ သူ့ကို အူလှိုက်သည်းလှိုက်ချစ်တဲ့ စစ်တပ်ကြီးရယ်တို့ပါပဲ။ ငယ်စဉ်ကတည်းက သူငယ်ချင်းတွေဖြစ်ကြတဲ့ ဟက်ဖိုက်စတီရန်၊ ပထောလမီ၊ ကတ်ဆန်းဒါ၊ နီရားကတ်စ်၊ ကရားတို့စ် တို့ရဲ့ ပြောင်မြောက်တဲ့စစ်ရေးစွမ်းရည်တွေက အလက်ဇန်းဒါးအတွက် ကျားကို တောင်ပံတပ်ပေးလိုက်သလိုပါပဲ။ အီဂျစ် နဲ့ ပါရှန်းကို အောင်နိုင်ပြီးနောက်မှာ အိန္ဒိယအထိ လက်တံမီခဲ့ပြီး သမိုင်းတလျောက် အကြွယ်ဝဆုံး အင်ပါယာကြီးဖြစ်ခဲ့တာပါ။ အလက်ဇန်းဒါးက မျိုးသမီးတွေကို သဘောမကျပါဘူး။ သူ့အမေရဲ့ လောဘနဲ့ ရက်စက်မှုတွေကို ငယ်ရွယ်စဉ်အသည်းနုနုနဲ့ မြင်ခဲ့ရတာတွေကြောင့်ပေါ့။ ဒီတော့ သူ့မှာ ကောင်လေးချစ်သူ နှစ်ဦးရှိပါတယ်။ ငယ်ပေါင်းသူငယ်ချင်း ဟက်ဖိုင်စတီရန် နဲ့ ပါရှန်းက သုံ့ပန်းကောင်ကလေး ဘာဂိုအက်စ် တို့ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ရော့ဇာနာ ဆိုနဲ့ ဘာဘာရီယန်နွယ်ဝင် အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ပြီး သားတစ်ယောက်ထွန်းကားခဲ့ပါတယ်။ နောက်ထပ် မိဖုရားနှစ်ယောက်လည်း တင်မြှောက်ခဲ့ပါသေးတယ်။ အလက်ဇန်းဒါးက ပါရှန်းယဉ်ကျေးမှုကို တော်တော်လေး အားကျလေးစားသူဖြစ်တာနဲ့အညီ သူတို့ရဲ့ မက်ဆာဒိုးနီးယန်းယဉ်ကျေးမှုနဲ့ ရောယှက်စေခဲ့ပါတယ်။ ပါရှန်းကရတဲ့ တော်ဝင်မျိုးနွယ်ဝင် စစ်သုံ့ပန်းတွေကို တော်ဝင်မိသားစုသဖွယ်ပဲ ဆက်ဆံခဲ့သူတစ်ယောက်ပါ။ သူဟာ မက်ဆာဒိုးနီးယားရဲ့ ချစ်ခင်မှုသာမက၊ ပါရှန်းနဲ့ အိန္ဒိယတို့ရဲ့အချစ်ကိုပါ အထိုက်အလျောက် ရခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ သူမသေခင်အထိ သူ့ရဲ့အင်ပါယာကြီးက ညီညွတ်စုစည်းနေခဲ့တာပေါ့။ ပါရှန်းကိုသိမ်းခဲ့တဲ့ ဂယ်ဂွယ်မယ်လာတိုက်ပွဲ၊ အိန္ဒိယဆင်တပ်နဲ့ ဆင်နွှဲခဲ့တဲ့ တောတွင်းတိုက်ပွဲတွေဟာ အလက်ဇန်းဒါး ဘာကောင်ဆိုတာကို မှတ်ကျောက်တင်ခဲ့တာတွေပေါ့။ အိန္ဒိယကအပြန် ဘေဘီလုံကိုပြန်ရောက်အပြီး မကြာခင်မှာပဲ အလက်ဇန်းဒါးသေဆုံးခဲ့ပါတယ်။ ဒီအကြောင်းတွေက ဇာတ်ကားထဲမှာ စုံစုံလင်လင် ပါမှာဖြစ်လို့ ဆက်မပြောတော့ပါဘူး။ ဇာတ်ကားအကြောင်းပဲ ဆက်ပြောကြတာပေါ့။ ကြီးမြတ်တဲ့ အလက်ဇန်းဒါးရဲ့ ဘဝဇာတ်ကြောင်းကြီးကို ရုပ်ရှင်တစ်ခုတည်းနဲ့ ပုံဖော်ခဲ့တဲ့အခါမှာ လူအများစုရဲ့ မျှော်လင့်ချက်ကို မဖြည့်ဆည်းနိုင်ခဲ့ပါဘူး။ ရုပ်ရှင်ပြသချိန်က သုံးနာရီကျော်ရှိပြီး ဗိုလ်ချုပ် ပထောလမီ ကို သမိုင်းပညာရှင်အဖြစ် နာမည်ပြောင်အပေးခံရတဲ့အထိကို သူ့ရဲ့ဇာတ်ကြောင်းပြ နောက်ခံစကားပြောက နေရာတကာပါနေတာပါပဲ။ ဇာတ်ကားကြည့်တဲ့သူတွေအနေနဲ့ အနှောင့်အယှက်ကြီးစွာ ခံစားခဲ့ရသတဲ့။ အကယ်ဒမီများရှင် မင်းသားကြီး Colin Farrell ရယ်၊ ကျွန်တော်တို့ရဲ့ Angelina Jolie ရယ်၊ ကျွန်တော်သိပ်ကြိုက်ရတဲ့ အဘိုကြီးမင်းသား Anthony Hopkins ရယ်၊ စသဖြင့် Cast ကတော့ ဖျားသွားလောက်စရာပါပဲ။ ဒါပေမဲ့ Box Office မှာတော့ စရိတ်ကာမိရုံပဲပြန်ရခဲ့တာပါ။ Rating ကလည်း ထိုးဆင်းသွားပြီး Rotten Tomatoes မှာလည်း စုတ်ပြတ်သွားတာပဲ။ ပိုဆိုးတာက အဆိုးဆုံးရုပ်ရှင်ဆု၊ အဆိုးဆုံးသရုပ်ဆောင်ဆု၊ အဆိုးဆုံးဂီတဆု ဘာညာ ဆိုးဆိုးဝါးဝါးဇာတ်ကားတွေကို ပြောင်လှေင်ပြီးပေးတဲ့ ဆုတွေစာရင်းမှာ အနုပညာရှင် အတတ်ပညာရှင်ဆုတွေ တန်းစီပြီး စာရင်းဝင်ကုန်တာပါ။ အဆိုးဆုံးဆုတွေ မရခဲ့ပေမယ့် အဆိုးဆုံးအမျိုးသမီးစကားပြောဟန်ဆုတော့ ရသွားသေးတယ်။ Angelina Jolie နဲ့ Rosario Dawson တို့ရဲ့ မက်ဆာဒိုးနီးယန်းလေသံနဲ့ ဘာဘာရီယန်လေသံ လုပ်ပြောတာတွေ မပီမပြင်ဖြစ်ရတယ်ပေါ့လေ။ ဒါပေမဲ့ ဒီဇာတ်ကား ကျဆုံးရခြင်းက အနုပညာနဲ့ အတတ်ပညာတို့နဲ့ မဆိုင်ဘူးလို့ ကျွန်တော်ယူဆတယ်။ သမိုင်းရဲ့ အကြီးမြတ်ဆုံး ဧကရာဇ်တစ်ပါးကြီးကို လူတွေက နတ်ဘုရားဆန်ဆန် ယူဆ အထင်ကြီးထားချိန်မှာ ရုပ်ရှင်က သဘာဝဆန်လွန်းသွားလို့ လူတွေ စိတ်ပျက်သွားပုံရပါတယ်။ ရင်ထဲမှာ ပုံဖော်ထားတဲ့သူရဲကောင်းကြီးကို လိင်တူချစ်သူ၊ မာန်တက်နေတဲ့ အရက်သမားတစ်ယောက်အနေနဲ့ မြင်လိုက်ရချိန်မှာ လက်မခံနိုင်ဖြစ်ကြတယ်ထင်ပါရဲ့။ အလက်ဇန်းဒါးသာ တကယ်မရှိခဲ့ဘဲ ဒီဇာတ်ကားက စိတ်ကူးယဉ်ဇာတ်ကောင်တစ်ခုကို ပုံဖော်ထားတယ်ဆိုရင် ဒီဇာတ်ကားအောင်မြင်မှုက မိုးထိုးသွားမှာပါပဲ။ ဒါ့အပြင် ဒီဇာတ်ကားက တိုက်ပွဲမြင်ကွင်းတွေမှာ ချီးကျူးမှုတွေရရှိထားတဲ့ စစ်ပွဲဇာတ်လမ်းကောင်းတစ်ခု ဖြစ်တာကတော့ သေချာပေါက်ပါပဲ။ ( ဘာသာပြန်းပြီး အညွှန်းရေးသားထားသူကတော့ Arr Khun Winchester ဖြစ်ပါတယ် ) File Size__(4GB) / (2.2GB) Quality__BluRay_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__03:27:00 Type__Action, Adventure, Drama, History Subtitle__Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Naing Aung Latt

Action • Thriller
5.9 2004 175 mins
Alexander
The Man from Toronto
6.5

ဟာသသရုပ်ဆောင် ကယ်ဗင်ဟာ့ နဲ့ ဝူဒီ ဟာရယ်ဆန်တို့ ပါဝင်ထားတဲ့ နက်ဖလစ် ဟာသ အက်ရှင် ကားအသစ်ထွက်လာပါပြီ။ Hitman Bodyguard နဲ့အတော်ဆင်ပါတယ်။ ရယ်ရတယ်၊ အတိုက်အခိုက်တွေပါတယ်။ rating လည်း ကောင်းကောင်းရထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တက်ဒီဆိုတဲ့လူဟာ ဘာလုပ်လုပ်တလွဲတွေချည်းပဲမို့ အလုပ်မှာမအောင်မြင်တဲ့လူတစ်ယောက်ပါ။ သူ့မိတ်ဆွေတွေကတောင် တစ်ယောက်ယောက်တလွဲလုပ်ရင် တက်ဒီမလုပ်နဲ့ဆိုပြီး ပြောင်ကြတဲ့အထိပါပဲ။ သူ့မိန်းမရဲ့ မွေးနေ့အတွက် တဲအိမ်တစ်ခုကိုသွားနေရာချရင်း လွဲနေကျ တက်ဒီတစ်ယောက် တဲမှားပြီးရောက်သွားပါတယ်။ သူရောက်သွားတဲ့ တဲက လူတွေကတော့ တိုရန်တိုကလူ ဆိုတဲ့ နာမည်ကြီး ကြေးစားလူသတ်သမား၊ နှိပ်စစ်စစ်ဆေးရေးသမားကို မျှော်နေကြတာပါ။ သူတို့ကလည်း တိုရန်တိုကလူကိုမမြင်ဖူးဘဲ တက်ဒီ့ကို အရှုပ်ထုပ်ကြီးထဲ ဆွဲထည့်မိသွားတဲ့အခါ... File size…(1.98GB/(1.07GB)/(772MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Action / Comdey / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Horror
6.5 2022 113 mins
The Man from Toronto
Operation Mincemeat
6.5

ကင်းစ်မန်းရဲ့ မင်းသားကြီး ကိုလင်ဖာ့သ် နဲ့ Price and Prejudice တို့ Three Musketeers တို့လိုရုပ်ရှင်ကြီးတွေရဲ့ မင်းသား မက်သရူး မစ်ဖက်ဒီရန်တို့ ပါတဲ့ ဒုတိယကမ္ဘာစစ် ဖြစ်ရပ်မှန်ရုပ်ရှင်အသစ်ပါ။ စစ်ပွဲကြီးတွေမှာ လူတွေလက်နက်တွေနဲ့ ရှေ့တန်းမှာ အပြိုင်တိုက်ကြသလို နောက်တန်းမှာလည်း သူလျိုတွေ ထောက်လှမ်းရေးတွေ ဉာဏ်ချင်းပြိုင်ပြီး အပြိုင်ကျဲကြတာလည်း စစ်ပွဲအဆုံးအဖြတ်ဖြစ်လာစေတာကို သိကြမှာပါ။ ဒီရုပ်ရှင်ထဲက အဖြစ်ကတော့ ကမ္ဘာစစ်အတွင်း အကြီးဆုံးအောင်မြင်ခဲ့တဲ့ လှည့်ကွက်ကြီးတစ်ခုဖြစ်ပြီး အင်အားသိန်းချီတဲ့ စစ်ဆင်ရေးကြီးတစ်ခုရဲ့ အသက်လည်း ဖြစ်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးနာမည်က အော်ပရေးရှင်း မင့်စ်မိထ် တဲ့။ မင့်စ်မိထ် ဆိုတာ အသားစင်းကောတွေ အကြာကြီးခံအောင် ထိန်းသိမ်းထားတဲ့အသားတွေကို ပြောတာပါ။ မဟာမိတ်တပ်တွေဟာ ဥရောပစစ်မြေပြင်မှာ နာဇီတွေနဲ့တိုက်ပွဲအတွက် အဆုံးအဖြတ်ဖြစ်စေမယ့် နေရာတစ်ခုဖြစ်တဲ့ စစ္စလီကို ဧရာမထိုးစစ်ကြီး ဆင်နွှဲဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ စစ္စလီဟာ ဗြူဟာအရ အရေးပါတာကို ဟစ်တလာလည်း သိထားပြီးဖြစ်လို့ ခံစစ်ကို အကြီးအကျယ်ပြင်ဆင်နေပါပြီ။ ခံစစ်တိုက်စစ်သဘောအရ အင်အားမကွာရင် တိုက်စစ်ဘက်က အကြီးအကျယ်ကျဆုံးတတ်တာမို့ တိုက်ဖို့မဖြစ်နိုင်သလောက်ဖြစ်နေပါတယ်။ ဒီတော့ ထောက်လှမ်းရေးအဖွဲ့က မဟာမိတ်တွေဟာ ဂရိကို တိုက်မယ်လို့ ယုံအောင် လုပ်နိုင်ရင် ဟစ်တလာရဲ့တပ်တွေ စစ္စလီကနေ ဂရိကု ရွှေ့သွားခဲ့ရင်တော့ စစ္စလီတိုက်ပွဲကို အကျအဆုံးနည်းနည်းနဲ့ အနိုင်ရလိမ့်မယ်လို့ အကြံပြုလာပါတယ်။ ဒါပေမဲ့ မဟာမိတ်တွေဘက်က လှည့်စားမှာကိုလည်း ဂျာမနီက မျှော်လင့်ပြီးသားဖြစ်တော့ လှည့်စားတာကို လှည့်စားမှန်းမသိအောင်ဘယ်လိုလှည့်စားမလဲဆိုတာက အကြီးအကျယ်ပြဿနာဖြစ်လာပါတယ်။ ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ခွဲရဲ့ အကြံကတော့ ဗြိတိန်တပ်သားအလောင်းတစ်ခုကို ဂျာမန်သူလျိုတွေအများကြီးလည်းရှိတဲ့ ကြားနေနိုင်ငံလည်းဖြစ်နေတဲ့ စပိန်မှာ မျောပြီးရောက်သွားအောင်လုပ်မယ်၊ အဲဒီအလောင်းထဲမှာ မဟာမိတ်တွေ ဂရိကိုတိုက်မယ့် အကြံအစည်တွေ မှတ်တမ်းတွေ အတုထည့်ပေးလိုက်မယ်ဆိုတာပါပဲ။ အဲဒီမှာ ဒီဇာတ်လမ်းရဲ့အဓိက ဇာတ်ကွက်တွေစလာတာပါပဲ။ အလောင်းဟာ ဘယ်လိုအလောင်းဖြစ်ရမလဲ၊ ရင်ခွဲစစ်ဆေးခံရရင် အလိမ်မပေါ်အောင် ဘာတွေပြင်ဆင်မလဲ၊ အလောင်းရဲ့ ရာဇဝင်ကိုလိုက်လာရင် ခိုင် မာအောင်ဘာတွေလုပ်မလဲ၊ အလောင်းမှာပါတဲ့ မှတ်တမ်းတွေဟာ အစစ်ဖြစ်ကြောင်း ယုံအောင်ဘယ်လိုလှည့်စားမလဲ စတာတွေအားလုံးကို တဆင့်ချင်းအသေးစိတ်ပြင်ဆင်ရပါတော့တယ်။ ကျန်တာကိုတော့ ရုပ်ရှင်ထဲမှာ ဆက်ခံစားကြည့်လိုက်ပါဦး။ တစ်ကားလုံး စိတ်ဝင်စားစရာတွေ ရယ်စရာလေးတွေ ရင်ခုန်စရာတွေနဲ့ ပြည့်နေတာမို့ အားလုံးကြိုက်ကြမှာပါ။ File size…(1.4GB)/(830MB)/(323MB) Quality…. 1080p/720p / 480p Webdl Format…mp4 Duration….02:08:00 Genre...Drama/WAR Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Mr. Anderson

Comedy • Drama
6.5 2022 128 mins
Operation Mincemeat
Ostrov

လင်မယားနှစ်ယောက်အပန်း‌ဖြေခရီးထွက်ရင်း ခင်ပွန်းဖြစ်သူက ကွာရှင်းပေးဖို့တာင်းဆိုခဲ့ပါတယ်။အဲ့ဒါကြောင့်ဇနီးဖြစ်သူကစိတ် တိုပြီးချက်ချင်းပြန်ကြဖို့ပြောပါတယ်။ ယောကျာ်းဖြစ်သူကလည်း လေယာဉ်မရလို့ ရတဲ့ကုန်တင်လေယာဉ်အစုတ်နဲ့ပြန်ဖို့စီစဉ်လိုက် ရာမှ လေယာဉ်ပျက်ကျပြီးလင်မယားနှစ်ယာက်ကျွန်းတစ်ခုပေါ် သောင်တင်သွားပါတော့တယ်။ အဲတော့ လူသူမရှိတဲ့ကျွန်းပေါ်မှာရန်ဖြစ်ထားကြတဲ့လင်မယား နှစ်ယောက်ဘယ်လိုဖြတ်သန်းကြမလဲ၊ နောက်ပြီးတော့ ဘယ်လို တလွဲတွေလုပ်ကြမလဲ၊ သူတို့နှစ်ယောက်ကြားကသဘောထား ကွဲလွဲမှုတွေကိုဘယ်လိုပြင်ကြမလဲဆိုတာကိုကြည့်ရှုရမဲ့ comedy ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Zarni Oo ဖြစ်ပါတယ်) File Size..........(1.67 GB) / (742 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 25Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator......Khant Zarni Oo Encoder..........SWM

Action
0 2023 100 mins
Ostrov
Annem
5.8

Annem (2019) =========== Genre – Drama IMDB – 5.8/10 ဒရမ်မာကားတွေနဲ့ မျက်ရည်ခြူတဲ့နေရာမှာ တူရကီကားတွေ ပိုင်နိုင်နေကြ သလား။ လူတိုင်းသိကြမယ့်ကားလေးပြောဆို ကိုရီးယားကလေးမလေးနဲ့ တူရကီစစ်သားကြီးတို့ မေတ္တာအကြောင်း ရိုက်ထားတဲ့ Ayla ဆိုတာ ရှိပါ တယ်။ တကယ်ကို ကြည့်မိတဲ့လူတိုင်း မျက်ရည်ဝဲရတဲ့ကားပါ၊ အခုလည်း မျက်ရည်ခြူမယ့်နောက်တစ်ကားဖြစ်ပါတယ်။ ဒီတစ်ခါတော့ မိခင်မေတ္တာ ကို ဖော်ကျုးထားတဲ့ ဒရမ်မာကားလေးပေါ့။ တူရကီက ရွာလေးတစ်ရွာမှာ အသက်ကြီးမှ သမီးလေးမွေးထားတဲ့ လင် မယားရှိကြတယ်၊ ယောက်ျားကတော့ မြင်းလောင်း အရက်သောက်နဲ့ ဆူပူ တကျက်ကျက်ပေါ့လေ။ မအေကြီးခမျာကျ ချစ်ရှာတယ်။ အသက်ကြီးမှ ရတာအပြင် သူ့လို ပညာမတတ်တာမျိုး မဖြစ်စေချင်လို့ ကျောင်းလည်းတက် စေချင်တယ်၊ ယောက်ျားကတော့ တားတာပေါ့လေ၊ အချိန်တန် ယောက်ျား ပေးစားပြီး လယ်လုပ်ရမယ်ပေါ့။ ဒါပေမဲ့ အတိုက်အခံတွေကြားက မအေ အိုကြီးလည်း ရအောင်ထားခဲ့ရှာပါတယ်၊ မရှိလည်း တတ်နိုင်သလောက် ဖြည့်ဆည်းပေးရင်းနဲ့ပေါ့။ ဒီလိုနဲ့ အသက်ကြီးလာခဲ့တော့ အမေအိုကြီးက ချစ်ပြီး သည်းသည်းလှုပ် နေသလောက် ဆယ်ကျော်သက်ဖြစ်လာတဲ့ကောင်မလေးက ရွာသူအဖွား ကြီး သူ့ကို အရှက်ကွဲရစေတယ်ပေါ့လေ။ ဒီရွာကြီးမှာလည်း မနေချင်တော့ ဘူး မြို့သွားပြီး ကောလိပ်တက်ချင်လာတယ်။ အိမ်မှာလည်း မိဘတွေနဲ့ တကျက်ကျက်ဆိုတော့ စိတ်ညစ်လာတယ်ပေါ့။ ဒီလိုနဲ့ တစ်ရက်ကျ ကော လိပ်ဝင်ခွင့်အောင်လို့ အတောင်စုံတဲ့ငှက်မလေး ပျံသန်းဖို့ အချိန်ကျလာခဲ့ တဲ့အခါမှာတော့……..။ တကယ်ကိုမျက်ရည်ဝဲရမယ့် အမေနဲ့သမီး ဒရမ်မာကားလေးပါ မိခင်လုပ်တဲ့ မင်းသမီးကြီးဆို တော်တော်သရုပ်ဆောင်ကောင်းပြီး ကျွန်တော်တို့ ဟိုးအရင် ချိုပြုံးတို့အမေလုပ်တုန်းက ခေတ်ကိုတောင် သတိရစေပါတယ်၊ နောက်ပြီး နောက်ကွယ်ကနေ ကောင်းကောင်းပံ့ပိုးနေတာကတော့ နောက်ခံတေးဂီတ ပါပဲ တကယ်ကို ဆွေးမြေ့ဖွယ်လေးတွေနဲ့ ပုံဖော်ထားတာပါ။ သမီးဖြစ်သူနေ ရာက မင်းသမီးကလည်း အတော်ခပ်ချောချောပါပဲ။ စိတ်ခိုင်တဲ့အချိန်ဆိုရင် တော့ အတူတူကြည့်ပြီး မိခင်ကျေးဇူး အောက်မေ့လိုက်ကြရအောင်လားဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.56 GB) / (632 MB) / (364 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 50Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Thura Aung Encoder……….SWM

5.8 2019
Annem
It’s Quieter in the Twilight
7.8

It’s Quieter in the Twilight (2022) ========================= IMDb Rating – 7.8/10 အာကာသထဲမှာရှိတဲ့ဂြိုဟ်တွေအကြောင်း စိတ်ဝင်စားကြတဲ့သူတွေ၊ အထူးသဖြင့် တိုးတက်နေတဲ့ သိပ္ပံနည်းပညာတွေနောက်ကို လိုက်နေ ကြတဲ့သူတွေအဖို့ ဒီမှတ်တမ်းရုပ်ရှင်က ရတနာသိုက်တစ်ခုပါပဲ။ ပေး ရတဲ့အချိန်နဲ့ တန်တဲ့ information တွေ knowledge တွေကို ရချင် တယ်ဆိုရင်တော့ must watch ပါပဲလို့ ထပ်ပြီးညွှန်းပေးချင်ပါတယ်။ 1977 ခုနှစ်မှာ NASA က Jupiter နဲ့ Saturn ဂြိုဟ်နှစ်လုံးကို စူး‌စမ်း လေ့လာဖို့အတွက် Voyager 1 နဲ့ Voyager 2 ဆိုတဲ့ အာကာသယာဉ် နှစ်စင်းကို လွှတ်တင်ခဲ့ပါတယ်။ ပထမမစ်ရှင်ကတော့ ဒီဂြိုဟ်နှစ်လုံးကို လေ့လာဖို့အတွက်ပါပဲ။ ဒါပေမဲ့ Jupiter ရဲ့ လပေါ်မှာ မီးတောင်ရှင်တွေ ရှိနေတာရယ်၊ Saturn ရဲ့ ကွင်းတွေကြားက ရှုပ်ထွေးမှု ပုံသဏ္ဍာန်တွေ ကြောင့် ထပ်ဆောင်းမစ်ရှင်‌တွေ ရှိလာခဲ့ပါတယ်။ Voyager 2 က Uranus, Neptune ဂြိုဟ်တွေနဲ့ တွေ့ဆုံမှုကို အောင်မြင် သွားပြီး ထပ်မံစူးစမ်းလေ့လာမှုတွေ ပြုလုပ်နိုင်ခဲ့တယ်။ သူကတော့ ပြင်ပ ဂြိုဟ်တွေဆီ သွားရောက်နိုင်ခဲ့တဲ့ တစ်စင်းတည်းသော အာကာသယာဉ် အဖြစ် အခုချိန်ထိ ရပ်တည်နေတုန်းပါ။ ဒါ့အပြင် 2012 August လမှာ Voyager 1 က interstellar space ထဲကို ဝင်ရောက်နိုင်ခဲ့ပြီး၊ 2018 November လမှာတော့ Voyager 2 က ဆက်လက်ဝင်ရောက်နိုင်ခဲ့ပါ တယ်။ ဒီမှတ်တမ်းရုပ်ရှင်မှာတော့ အခုလိုအောင်မြင်ခဲ့တဲ့ မစ်ရှင်တွေရဲ့ နောက်ကွယ်က Voyager အဖွဲ့သား သိပ္ပံပညာရှင်တွေရဲ့ ကြိုးစားအား ထုတ်မှုတွေကို တွေ့မြင်ကြရမှာပါ။ မစ်ရှင်တွေအကြောင်း အသေးစိတ် ရှင်းပြချက်တွေနဲ့အတူ အဖြေရှာရခက်တဲ့ အာကာသထဲက ပုစ္ဆာ‌တွေအ ကြောင်းလည်း မျက်မြင်တွေ့ရပါလိမ့်မယ်။ (ပရိသတ်တို့ စိတ်ဝင်စားကြမယ်ဆိုရင်တော့ Voyager နှစ်စင်းရဲ့ အကွာ အဝေးတွေ၊ ပတ်လမ်းတွေကို Voyager JPL NASA website ကနေ တိုက် ရိုက်ကြည့်ရှုလို့ရတဲ့အကြောင်း သတင်းပါးလိုက်ချင်ပါတယ်။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.8 GB) / (550 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 23Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary Translator……May Thet Khine Soe Encoder……….SWM

7.8 2022 83 mins
It’s Quieter in the Twilight
How Do You Know
6.7

How Do You Know(2010) *********************** 2010 ခုနှစ်က ထွက်ခဲ့တဲ့ Reese Witherspoon, Paul Rudd, Owen Wilson တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ How do you know ဆိုတဲ့ romance/comedy ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဆော့ဖ်ဘောအမျိုးသမီး ကစားသမားဖြစ်တဲ့ လီဆာဟာ အသက်အရွယ်ကြောင့် အသင်းကနေ ထွက်ရတော့မယ့်အချိန်ဟာ သူ့ဘဝအတွက် တဆစ်ချိုးဖြစ်နေခဲ့ပြီး စိတ်ပိုင်းဆိုင်ရာပြိုလဲနေတဲ့ အချိန်လို့ပြောလို့ရပါတယ်။ ဒီအချိန်မှာပဲ အမျိုးသားနှစ်ယောက်နဲ့ တချိန်တည်းမှာ ဆုံတွေ့ခဲ့ပြီး ဘယ်တယောက်ကို ရွေးချယ်ရမလဲဆိုတာ ခက်ခက်ခဲခဲ ဆုံးဖြတ်ရဖို့ဖြစ်လာပါတယ် တယောက်ကတော့ ဘေ့စ်ဘော ကစားသမား အကျော်အမော်ဖြစ်ပြီး ဥစ္စာပေါရုပ်ချော တယောက်ဖြစ်ပါတယ် ကျန်တဲ့တယောက်ကတော့ လိမ်လည်မှုနဲ့ စွပ်စွဲခံရပြီး အစိုးရရဲ့ စုံစမ်းစစ်ဆေးခြင်းကို ခံနေရတဲ့ ကုမ္ပဏီပိုင်ရှင်သားဖြစ်ပါတယ်။ ဘဝရဲ့ အလှည့်အပြောင်းတခုမှာ သူတို့ သုံးယောက် ဆုံတွေ့ခဲ့ပြီး အချစ်စစ်ဆိုတာ ဘယ်လိုမျိုးလဲလို့ လီဆာက ရွေးချယ်ရတော့မှာဖြစ်ပါတယ်။ File size… 2.1GB& 1.1GB Quality… Blu-Ray1080p,720p Format…mp4 Duration….2hr 03min Genre ….. Romance , Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Zuel Thwin

6.7 2010
How Do You Know
Higuita: The Way of the Scorpion
The Black Cauldron
6.3

Lloyd Alexander ရဲ့ The Chronicles of Prydain စာအုပ်တွဲကိုအခြေခံထားပြီး Walt Disney က 1985 မှာထုတ်ခဲ့တဲ့ ဒီကာတွန်းကားကတော့ ပရီဒိန်းခေါ် ဗြိတိသျှကျွန်းပေါ်က Taran (ထာရန်) ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ထာရန်ဟာ စစ်သည်ဖြစ်ချင်တဲ့ ပရီဒိန်းက ဝက်ထိန်းသမားလေးတစ်ယောက်ဖြစ်ပြီး မကြာခင်မှာပဲ သူစောင့်ရှောက်ပေးနေတဲ့ ဝက်မလေးတစ်ကောင်က အနာဂတ်ကိုပြောပြနိုင်တဲ့ စွမ်းအားတွေရှိတယ်ဆိုတာ သိလိုက်ရတယ်။ အဲဒီစွမ်းအားတွေကို ယုတ်မာတဲ့ဦးချိုဘုရင်ကြီးက မ ကောင်းတဲ့စွမ်းအားတွေရှိတဲ့ ဖွက်ထားတဲ့ အိုးနက်ကြီးကိုရှာဖို့လိုချင်နေတာပါ။ ဒါကြောင့် ထာရန်ဟာတောအုပ်အစွန်းက အိမ်ငယ်လေးဆီ ဝက်လေးကိုဖွက်ဖို့သွားရင်း လက်တစ်ဝက်မှာ ဝက်လေးနဲ့မျက်ချေပြတ်သွားပြီး ဝက်လေးကိုလိုက်ရှာရင်း ဦးချိုဘုရင်ကြီးရဲ့ရဲတိုက်ထဲမှာ အဖမ်းခံလိုက်ရပါတယ်။ အဲဒီနောက်မှာ မိတ်ဆွေအသစ်တွေနဲ့တွေ့ပြီး စိတ်ကူးယဉ်ဆန်ပြီး အတွေ့အကြုံမရှိတဲ့ထာရန်ဟာ ဝက်လေးကိုကယ်နိုင်ပြီး ဦးချိုဘုရင်ကြီးကို တားနိုင်မလားဆိုတာကတော့…. File size… 1.9 GB / 762 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Animation , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi

6.3 1985 80 mins
The Black Cauldron
The Last Station
6.9

၁၉၁၀ ခုနှစ်က နာမည်ကျော်စာရေးဆရာကြီး တိုစတွိုင်းနဲ့ သူ့ရဲ့ဇနီး ဆိုဖီယာဆို့ဟာ တိုစတွိုင်းရဲ့ စာပေအမွေနဲ့ ပတ်သက်ပြီးတော့ နားလည်မှုလွဲခဲ့ကြပါတယ်. ဆိုဖီယာက အဲဒီ့အမွေတွေကို သူ့ကို ပေးခဲ့သင့်တယ်လို့ ယူဆခဲ့ပေမယ့် တိုစတွိုင်းရဲ့ တပည့်ရင်းဖြစ်တဲ့ ချာ့ဖ်ကော့ဗ်ကတော့ ရုရှားပြည်သူတွေအတွက် ဖြစ်ရမယ်လို့ နားချဖို့ ကြိုးစားပါတော့တယ်. နောက်ဆုံးတော့ ချာ့ဖ်ကော့ဗ်က တိုစတွိုင်ရဲ့အိမ်ထဲကို သူလျှို တစ်ယောက်ထည့်ပြီး အဲဒီ့သူလျှိုက စာရေးဆရာကြီးရဲ့ သမီးတစ်ဦးနဲ့ မေတ္တာမျှကြတဲ့အခါ… ဖြစ်ရပ်မှန်အပေါ် အခြေခံထားပြီး နာမည်ကြီး Red Movie တွေမှာ Main role အနေနဲ့ပါဝင်ခဲ့တဲ့ မင်းသမီးကြီး Helen Mirren အပြင်, X-men Movie တွေရဲ့ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ James MaAvoy တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Michael Hoffman ရဲ့ လက်ရာဖြစ်ပါတယ်. File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre…Drama, Biography, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Jo Joe

6.9 2009
The Last Station
[18+] Delicious You Passed

******************************* ဒါလည်းကွီးယားတက်တူးမမရဲ့ကားပါပဲ..ဆိုတော့ အညွှန်းမဖတ်ဘဲ ဒေါင်းလိုက်ပါတော့.. ဂယောင်းဆူနဲ့ ယောင်းဆူ ညီအစ်ကိုနှစ်ယောက်က Enjoy Village ဆိုတဲ့ ဟိုတယ်လေးကိုဖွင့်ဖို ပြင်ဆင်နေကြတာပါ အဲဒီဟိုတယ်မှာ မန်နေဂျာအဖြစ် အလုပ်လုပ်ဖိုအတွက် သင်တန်း နည်းပြဆရာမ လုပ်ခဲ့ဖူးတဲ့ ဟန်ဂျီယူနဲ့ အရက်ဆိုင်မှာ အလုပ်လုပ်ခဲ့ဖူးသူ ယူဘန်းဆွန်းတို လာလျှောက်ကြပါတယ် ‌ဂယောင်းဆူ ယောင်းဆူ ညီအစ်ကိုနှစ်ယောက်လည်း လျှောက်ထားသူနှစ်ယောက်ကို အလုပ်ခန့်ထားဖိုရာ စမ်းသပ်မှုအမျိုးမျိုး လုပ်ကြတဲ့အခါမှာတော့… File Size : 1.7GB & 632MB Quality : WEB-DL 1080p, 720p Format…mp4 Duration…01:12:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

Comedy • Romance • Drama • TV Movie
0 2020
[18+] Delicious You Passed
An Ice Palace Romance
5.9

An Ice Palace Romance (2023) ======================= စိတ်ကူးအိပ်မက်ဆိုတာမျိုးက လိုက်နေရင်းပျောက်ဆုံးသွားတတ်ပြီး၊ ဖြစ်ချိန်တန်တော့မှ ဖျတ်ကနဲ ပြန်ပေါ်လာတာမျိုး ဖြစ်တတ်ပါတယ်။ ဒီဇာတ်လမ်းထဲက လော်ရီဆိုတဲ့ မိန်းကလေးအတွက်လည်း ဒီလိုအဖြစ် မျိုးပါပဲ။ ဇာတ်လမ်းအကျဉ်း – လော်ရီမာရှယ်ဟာ သတင်းဌာနတစ်ခုမှာ ဌာနခွဲအသစ်ရဲ့ခေါင်းဆောင် ဖြစ်အောင် ကြိုးပမ်းနေတဲ့ သတင်းသမားတစ်ယောက်ပေါ့။ လုပ်ငန်း လိုအပ်ချက်အရ သူ့ဇာတိမြိုလေးဆီက ရေခဲနန်းတော်ဆိုတဲ့ သမိုင်း၀င် စကိတ်ကွင်းဆီ သွားရဖို့ ဖြစ်လာပါတယ်။ လော်ရီအတွက် ပြန်မသွား ချင်ဆုံးနေရာ၊ ပြန်မတွေးချင်ဆုံးအတိတ်ပေမဲ့ မြို‌လေးဆီပြန်ပြီး အတိတ် ကို ပြန်တူးဖော်ရမဲ့အကြောင်းတွေ ပေါ်လာပါတယ်။ အဲဒီမှာ မာ့ခ်နဲ့ဇိုဝီတို့ သားအဖနဲ့ ကြုံဆုံမိပါတော့တယ်။ ရေခဲနန်းတော်နဲ့ပတ်သက်လို မာ့ခ်နဲ့လော်ရီတို ထိပ်တိုက်ရင်ဆိုင်ရမဲ့ ပြဿနာ က သမိုင်း၀င်အဆောက်အအုံစကိတ်ကွင်းကို ဖျက်ပြီး ခေတ်မီကွန်ဒိုတွေ ဆောက်မဲ့ ကိစ္စပါပဲ။ ရေခဲနန်းတော်ကိုကာကွယ်မဲ့ မာ့ခ်နဲ့ အထက်ကခိုင်းတဲ့ အတိုင်း လုပ်ရမဲ့လော်ရီတို ဘယ်လိုထိပ်တိုက်တိုးမလဲ၊ ဇာတိမြိုလေးမှာ လော်ရီရဲ့ပျောက်ဆုံးသွားတဲ့ အိပ်မက်ကို ဘယ်လိုပြန်ရှာဖွေမလဲ၊ ဇာတိကို ပြန်ပြီး နဖူးစာရွာလည်တဲ့ လော်ရီတစ်ယောက် အချစ်နဲ့အလုပ်ကြား ဘာကို ရွေးချယ်မလဲ… ဆိုတာကို ပေါ့ပေါ့ပါးပါးလေး ကြည့်ရှုရမှာပါ။ ခရစ္စမတ်ကို ခပ်ပါးပါးနောက်ခံထားတဲ့ အချစ်ဇာတ်လမ်းကောင်းလေး ဖြစ်တာမို Romance ရုပ်ရှင်ပရိသတ်ကြီး ကြည့်ရှုထားသင့်ပါကြောင်း ညွှန်းပေးလိုက်ပါရစေနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.44 GB) / (570 MB) Quality…………WEB-DL 1080p / 720p Duration………2Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….C’mon Encoder……….SWM

Fantasy • Family • Comedy
5.9 2023 84 mins
An Ice Palace Romance
Breaking and Re-entering
6

ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် ချမ်းသာတဲ့သူတွေဆီကနေပိုက်ဆံခိုးပြီး ဆင်းရဲသားတွေကို ပြန်လည်ခွဲဝေပေးတဲ့ သူငယ်ချင်း၄ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရရင် ဒီသူငယ်ချင်း၄ယောက်က‌ မတူညီတဲ့အရည်အချင်းတွေနဲ့ ခိုးတဲ့အလုပ်ကို professional ကျကျလုပ်ဆောင်နေကြတာပေါ့။ တနေ့မှာဝမ့်ရှင်းဘဏ်က ပရဟိတ ရန်ပုံငွေပရောဂျက်အတွက်ငွေတွေအများကြီးထည့်ထားတာကို မျက်စိကျလာခဲ့တယ် သူတို့ ၄ယောက်က ဒီလိုနဲ့တနေ့အဲ့ပိုက်ဆံကို ခိုးတဲ့အခါမှာ မထင်မှတ်ဘဲ ရှန်ရှူးဝန်ဆိုတဲ့ လွန်ခဲ့တဲ့ငါးနှစ်တုန်းက ပေါ်ကျွင့်နဲ့အဆက်သွယ်ပြတ်သွားခဲ့တဲ့ ကောင်မလေးနဲ့ပြန်ဆုံခဲ့ပါတယ် ရှန်ရှူးဝန်နဲ့ပြန်တွေ့ကြတဲ့အခါမှာတော့ သူ့ကို ဝမ့်ရှင်းဘဏ်ရဲ့ ဥက္ကဌက နှုတ်ပိတ်ဖို့ ကြိုးစားနေတဲ့အချိန်ပေါ့ အဲ့ဒါကို ပေါ်ကျွင့်တစ်ယောက် လက်ပိုက်ကြည့်မနေဘဲနဲ့ ဝင်ကူညီပေးရာကနေမှ သူတို့ခိုးယူလာတဲ့ငွေတွေကို ဘဏ်ဆီကို ပြန်မပို့ဘဲ ဥက္ကဌချန်ဟိုင်ရွေ့အိမ်ကို အရောက်ပို့ပြီး သူ့ရဲ့ မကောင်းမှုကို ဖော်ထုတ်ဖို့ကြိုးသူတို့၅ယောက် အတူတူကြိုးစားကြတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ ဒါကြီးကအမှုဆိုပေမဲ့သူတို့တွေက သမာသမတ်ကျတဲ့နည်းလမ်းအတိုင်း ကျင့်သုံးကြတဲ့အခါ ဘယ်လိုတွေဖြစ်လာကြမလဲ ဆိုတာကိုတော့ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရူလိုက်ရအောင်နော်

6 2024
Breaking and Re-entering
New York Stories
6.4

New York Stories (1989) ~ IMDb – 6.4/10, Rotten Tomatoes – 76% ~ New York Stories ကို အမေရိကရဲ့ ထိတ်ထိတ်ကြဲ ဒါရိုက်တာတွေဖြစ်တဲ့ Martin Scorsese, Francis Ford Coppola နဲ့ Woody Allen တို့ သုံးယောက်တွဲ ရိုက်ထားတယ်။ ဒီ Anthology Film မှာ Life Lessons, Life Without Zoë, Oedipus Wrecks ဆိုတဲ့ ဇာတ်လမ်း၃ခုပါတယ်။ ဒီသုံးခုလုံးမှာ တူညီတာဆိုလို့ နယူးယောက်မှာ ဇာတ်အိမ်တည်ထားတဲ့အချက်ပဲရှိတယ်။ ထိတ်ထိတ်ကြဲဒါရိုက်တာကြီးတွေချည်း ရိုက်တာပေမဲ့ အများကြီးတော့ မမျှော်လင့်ထားစေချင်ဘူး။ ပထမဆုံးဇာတ်လမ်းဖြစ်တဲ့ Life Lessons ကိုတော့ Martin Scorsese က ရိုက်ထားတယ်။ ဇာတ်လမ်းကိုတော့ ဒီမတိုင်ခင် သူ့ကို The Color of Money (1986) မှာ ဇာတ်ညွှန်းရေးပေးခဲ့တဲ့ Richard Price က ရေးပေးထားတယ်။ သူတို့၂ယောက်က The Color of Money မှာ အတွဲညီသလို ဒီမှာလည်းညီတယ်ပြောရမယ်။ တကယ်လို့သာဆို ဒီဇာတ်နဲ့ ဒီဇာတ်ကောင်တွေက စကောဆေးစိထက် ကော်ပိုလာ့ဟန်နဲ့ သွားတူမယ်။ ဇာတ်အကြောင်းအရာကတော့ ဂျက်ဆန်ပေါလော့လို Abstract Expressionism ပန်းချီဆရာတစ်ယောက်ရဲ့ နယူးယောက်က ဘဝနဲ့ သူ့ရူးသွပ်မှုအကြောင်း ရိုက်ပြထားရုံပဲ။ မင်းသားကိုတော့ Nick Nolte ကို သုံးထားတယ်။ ဒီကားပြီးတဲ့နောက်ထွက်တဲ့ Cape Fear မှာလည်း သူ့ကို ထပ်ထည့်ရိုက်ခဲ့သေးတယ်။ နယူး‌ယောက်စတိုရီဆိုတာနဲ့ အလိုက်ဖက်ဆုံးဇာတ်လမ်းလည်းဟုတ်တယ်။ Life Without Zoë ကတော့‌ ကော်ပိုလာနဲ့ သူ့သမီးဆိုဖီယာကော်ပိုလာက ဇာတ်ညွှန်းရေးထားပြီး ကော်ပိုလာက ရိုက်ထားတယ်။ ဇာတ်တော့ စိတ်ဝင်စားစရာကောင်းမလိုလေးနဲ့ နည်းနည်းဆန်းပြားမလိုလေးနဲ့ အားရစရာမကောင်းဆုံး ဇာတ်ဖြစ်သွားတယ်။ သူတို့သားအဖ၂ယောက်တွဲလုပ်ရင် အကျိုးမပေးတာတော့ အမှန်ပဲ။ ၁၂နှစ်သမီးလေးရယ် သူ့အဖေနဲ့အ‌မေရဲ့ အရှုပ်တော်ပုံတွေရယ် ‌အကြောင်းပေါ့။ ကော်ပိုလာရိုက်တယ်လို့ မထင်အောင် စုတ်ပြတ်တယ်လို့ ပြောချင်ပေမဲ့လည်း ကော်ပိုလာက မထော်မနန်း လုပ်ချင်တာလုပ်တဲ့ဘဲဖြစ်သလို သူ့သမီးဇာတ်ကိုပဲရိုက်ချင်လို့ ပိုမထော်မနန်းလုပ်ချလိုက်လားတော့ မသိဘူး။ စုတ်ပြတ်ပေမဲ့လည်း မထော်မနန်းလုပ်တတ်တဲ့ ကော်ပိုလာရဲ့စရိုက်နဲ့ချိန်ကြည့်ရင် ဖြစ်တတ်ပါတယ်လို့ တွေးရမယ့်ဇာတ်ပဲ။ ဒီထဲက အညံ့ဆုံးဇာတ်လည်းဟုတ်တယ်။ Adrien Brody အတွက်‌တော့ ဒီဇာတ်လမ်းက သူ့အတွက် ပထမဆုံးပွဲဦးထွက်ရုပ်ရှင်ဖြစ်ခဲ့တယ်။ Oedipus Wrecks ကိုတော့ ဝူဒီအယ်လန်ကိုယ်တိုင် ရေးပြီး ရိုက်ပြီး သရုပ်ဆောင်ထားတယ်။ ဒီဇာတ်အတွက်စကားကတော့ ဝူဒီအယ်လန်ကတော့ ဝူဒီအယ်လန်ပဲ။ ဒီဇာတ်နဲ့ ခုနောက်ပိုင်းထိ သူရိုက်နေတဲ့ဇာတ်တွေနဲ့ သူ့ဟန်က သူ့ဟန်အဖြစ်မြင်သာထင်နေတုန်းပဲ။ အယ်လန်ဟာ ပိုစတာမြင်ရင်တောင် သူ့ကားလို့ အလိုလိုသိစေမယ့်ဘဲပီသစွာပဲ ဒီနယူးယောက်စတိုရီရဲ့ ပိုစတာကလည်း သူ့ဟန်လို့ မြင်သာတယ်။ ဇာတ်က‌တော့ တကျီကျီနားပူ လူကြားသူကြားထိပါနားပူ လိုက်အရှက်ခွဲ‌နေတဲ့ အမေကြောင့် တိုင်ပတ်နေတဲ့ အသက်၆၀အရွယ် လူကြီးတစ်‌ယောက်ရဲ့ အဖြစ်ပေါ့။ အသက်သာ ၆၀ဖြစ်လာတယ် သူ့ကိုကလေးလို့ထင်နေသေးတဲ့ သူ့အမကြောင့် သူတိုင်ပတ်ရပုံတွေကိုပြထားတယ်။ ဝူဒီအယ်လန်ရဲ့ဇာတ်လို့ မြင်သာထင်သာရှိတဲ့ဇာတ်ပါပဲ။ ပုဂ္ဂလိက အမြင်အရဆိုရင်တော့ ဒီဇာတ်က ဒီထဲ ကျွန်တော့်အကြိုက်ဆုံးဇာတ်ပဲ။ ဝူဒီအယ်လန် ပရိသတ်ဖြစ်နေတာကြောင့်လည်းပါပါလိမ့်မယ်။ နယူးယောက်စတိုရီဆိုတဲ့ နာမည်နဲ့လိုက်ဖက်တဲ့အရသာတော့ ပေးနိုင်တယ်မမြင်ဘူး။ အဲဒီအရသာကို သူတို့ထဲ စကောဆေးစိတစ်ယောက်ပဲ ပေးနိုင်ခဲ့တာပါပဲ။ ဝူဒီ့ဇာတ်မှာ သရုပ်ဆောင်တွေအဖြစ် သူကိုယ်တိုင်ပါထားသလို သူ့အချစ်တော် Mia Farrow နဲ့ Julie Kavner တို့လည်းပါဝင်ထားတယ်။ Kirsten Dunst ရဲ့ ပွဲဦးထွက်ဇာတ်လမ်းလည်းဟုတ်တယ်။ New York Stories ကို ဒါရိုက်တာကြီး၃ယောက်ရဲ့ လက်ရာတွေကို တစ်ကားတည်းကြည့်ရမယ့် မျှော်လင့်ချက်ကြီးနဲ့တော့ ကြည့်လို့မဖြစ်ပါဘူး။ ပုဂ္ဂလိက အမြင်အရတော့ ဒီထဲ ကိုယ့်ဟန်ကိုယ်ထိန်းထားနိုင်တာ ဝူဒီအယ်လန်ပဲရှိတယ်။ သူတို့၃ယောက်ကို ချစ်လို့ပဲ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ဒီလို ထိတ်ထိတ်ကြဲ၃ယောက်တွဲရိုက်ထားတဲ့ ရုပ်ရှင်က မရှိသလောက်ရှားတယ်မဟုတ်လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 955MB Quality – BluRay 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 2H 4Min Genre – Satire, Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.4 1989 124 mins
New York Stories
The Teacher Who Promised the Sea
7.4

The Teacher Who Promised the Sea (2024) IMDb Rating (7.4) / Rotten Tomatoes (100%) တစ်ခါတလေကျ ရုပ်ရှင်မှာ ပြဿနာတစ်ခုရှိတယ်။ အဲဒီပြဿနာကို တန်ဖိုးဖြတ်ပုံ စံနှုန်းမတူညီခြင်းလို့ ခေါင်းစဉ်တပ်လည်းရတယ်။ ခံစားပုံခံစားနည်းခြင်းမတူလို့ ခံစားချက်ကွဲသွားတယ်ပြောလည်းရတယ်။ ဥပမာဆို ကျွန်တော်က ကျွန်တော်နေတဲ့ မြို့ကလေးကို ရည်းစားစာပေးတဲ့အနေနဲ့ ကျွန်တော်က ဇာတ်လမ်းတစ်ပုဒ် ရိုက်လိုက်တယ်ထား။ ကျွန်တော်ကတော့ ဇာတ်ကောင်ကို အဓိကမထားဘဲ ဒီမြို့ကလေးရဲ့ သမိုင်းကြောင်းနဲ့ ဒီမြို့ကလေးနဲ့ ဒီမြို့သားတွေရဲ့နှလုံးသားနဲ့ကြားက ကွင်းဆက်လိုဖြစ်နေတဲ့ နေရာတွေကို အဓိကရိုက်ပြလိုက်မှာပဲ။ ဒီအခါ ဒီမြို့ရဲ့သမိုင်းကို သိကြတဲ့လူတွေအတွက်တော့ ဒီနေရာတွေကို ပြတာက ထိခတ်ချင် ထိခတ်မယ်။ မသိတဲ့လူတွေအတွက်တော့ ဘာတွေလာပြနေတာလဲဆိုပြီး နည်းနည်းဝေးသွားလိမ့်မယ်။ ဘာကြီးလဲလို့ ပြောစရာဖြစ်ချင်ဖြစ်သွားလိမ့်မယ်။ တစ်ခါတလေကျ ရုပ်ရှင်မှာ အဲဒီလိုပြဿနာမျိုး ရှိတယ်။ စကားလုံးနဲ့မဟုတ်တဲ့အတွက် ယူသလိုပဲရတဲ့ ပမာဏက ပိုမြင့်မားသွားတတ်တယ်။ ဒီရုပ်ရှင်ကလည်း အဲဒီလိုပြဿနာရှိတဲ့ ရုပ်ရှင်မျိုးပဲ။ ဒုတိယကမ္ဘာစစ်မတိုင်ခင်က ဖြစ်ခဲ့တဲ့ စပိန်ပြည်တွင်းစစ်ကာလထဲ အသတ်ခံရသူတွေ တွေ့ကရာနေရာမှာ အမြုပ်ခံလိုက်ရတဲ့သူတွေ ထောင်ပေါင်းများစွာ ရှိခဲ့တယ်။ ၁၉၃၀နှောင်းကတည်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေပေမဲ့ အခုထက်ထိ ဒီသုဿန်မြေတွေကို သူတို့က တူးနေကြတုန်းပဲ။ အတိတ်ကို ပြန်ဖော်နေကြတုန်းပဲ။ အဲဒီအကြောင်းတွေကို ရိုက်ပြထားတဲ့ စပိန်ရုပ်ရှင်တွေဆိုတာလည်း ဒါပထမဆုံးတော့ မဟုတ်ဘူး။ ဒါကို အစိမ်းသက်သက်တွေ လက်ထဲ သွားထည့်ပေးလိုက်ရင်တော့ ဒီရုပ်ရှင်က ဘာကြီးလဲလို့ ပြောစရာတော့ ရှိပေမဲ့ သူ့တန်ဖိုးစံနှုန်းနဲ့ သူတော့သွားတာပါပဲ။ ဒီရုပ်ရှင်ဟာ အတိတ်အကြောင်းပါပဲ။ အမေ့ဖျောက်ခံရတဲ့ သမိုင်းတစ်ခုကို မမေ့ချင်သူတွေအကြောင်းပါပဲ။ မလှတဲ့အတိတ် မလှတဲ့သမိုင်းကိုပေါ့။ သမိုင်းဆိုတာ လှတာပဲဖြစ်ဖြစ် မလှတာပဲဖြစ်ဖြစ် သယ်ဆောင်သွားဖို့လိုတာပါပဲ။ အတိတ်တွေဆိုတာ ဘယ်တော့မှ ဖယ်ရှားပစ်လို့မရတဲ့ လှေကားထစ်တွေလို ကျွန်တော်တို့ရဲ့လမ်းအစတွေ ဖြစ်ခဲ့တယ်။ နိုင်ငံရေးမှာပဲဖြစ်ဖြစ် အနုပညာမှာပဲဖြစ်ဖြစ် ဘဝမှာပဲဖြစ်ဖြစ် အတိတ်သမိုင်းဟာ အမြဲတမ်းလက်ရှိတွေ ဖြစ်တည်လာခြင်းရဲ့ အကြောင်းရင်းအဖြစ် ရှိနေလိမ့်မယ်။ သူတို့အတိတ်ကို သူတို့မမေ့ကြတဲ့ ရုပ်ရှင်တွေကို ကျွန်တော် သဘောကျပါတယ်။ ဒီရုပ်ရှင်ကိုလည်း သဘောကျတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(2.3 GB) / (1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,History Duration….01:46:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Action • Drama • Crime
7.4 2024 105 mins
The Teacher Who Promised the Sea