YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

SnowFall E05 1080p WEB-DL CM.mp4

547.74 MB N/A video/mp4 51 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Peter Pan & Wendy
5.7

ပီတာပန်က J.M.Barrie ဖန်တီးထားတဲ့ဇာတ်ကောင်လေးဖြစ်ပြီး ပြဇာတ်ကနေစပြီး ရုပ်ရှင်ပေါင်းများစွာရိုက်ကူးထားတာမို့ ရုပ်ရှင်ချစ်ပရိသတ်တွေနဲ့ တစ်ခုမဟုတ်တစ်ခုမှာရင်းနှီးပြီးသားနေမှာပါ။ အခြေခံအားဖြင့်ဇာတ်ကားတွေမှာ ပီတာပန်က မကြီးပြင်းချင် အရွယ်မရောက်ချင်တဲ့ကောင်လေး၊ နဲဗားလန်းမှာသူ့လိုကလေးတစ်သိုက်နဲ့အတူနေတယ်။ သူ့ရန်သူကတော့ ပြောစရာမလိုပါဘူး ကပ္ပတိန်ဟုခ်ပေါ့။ သူကတစ်နေ့မှာဝင်ဒီ့ကို ကလေးငယ်တွေရဲ့မိခင်ဖြစ်ပေးဖို့လာခေါ်တယ်။ အဲ့လိုပေါ့။ J.M.Barrie ရဲ့ မူရင်းပြဇာတ်နဲ့ဝတ္ထုမှာတော့ ပီတာပန်က ဗီလိန်ပါ။ တကယ်ဆိုနဲဗားလန်းကလုံးဝမကြီးပြင်းတာမျိုးမဟုတ်ပဲ ကြီးပြင်းမှုနှေးတာပါ။ အဲ့တော့ ပီတာပန်က ကြီးပြင်းတဲ့ကလေးတွေကို ပြဿနာရှာတယ်။ တစ်ခါတလေ သူ ပျင်းရင် အချင်းချင်းပြန်သတ်ကြတယ်။ ပီတာပန်က ဂျစ်တစ်တစ်ငဆိုးလေးပေါ့။ နောက်ပိုင်းမှာမှကလေးတွေကြားမှာ ပင်လယ်ဓားပြတွေရေပန်းစားလာတာကြောင့် စာရေးဆရာက ကပ္ပတိန်ဟုခ်ကိုဗီလိန်အနေနဲ့ထည့်ခဲ့တာပါ။ ဒီ Peter Pan & Wendy ဇာတ်လမ်းမှာတော့ အပေါ်ကပြောခဲ့တဲ့ဇာတ်လမ်းသွားနှစ်ခုကြားမှာ မယုတ်မလွန်စည်းချထားတယ်ပြောရမယ်။ ပီတာပန့်ကို လူဆိုးဇာတ်မသွင်းသလို ဟီးရိုးအဖြစ်လဲပုံမဖော်ထားပါဘူး။ ပြီးတော့ ဝင်ဒီ။ တကယ်ဆိုပီတာပန်ဇာတ်လမ်းက အဓိကဝင်ဒီ့ရဲ့ဇာတ်လို့ပြောလို့ရတယ်။ လောကကြီးထဲကိုဝင်ရတော့မယ့် ကလေးတစ်ယောက်ရဲ့အကြောက်တရား မကြီးပြင်းချင်စိတ်တွေကနေ နဲဗားလန်းဆိုတဲ့အယူအဆကဖြစ်တည်လာတာပါပဲ။ ဒီဇာတ်လမ်းမှာ ဝင်ဒီ့ကိုလဲ တော်တော်အသားပေးထားသလို အရင်ကားတွေမှာမပါခဲ့တဲ့ ကွက်လပ်တွေကိုလဲဖြည့်ပေးထားပါသေးတယ်။ ရှေးရှေးကလက်ရာကောင်းများစွာလဲရှိတော့ အခုထွက်ရှိတဲ့ Peter Pan & Wendy ပေါ်ဝေဖန်သံ ချီးကျူးသံတွေလဲစုံနေပါတယ်။ ကိုယ်တိုင်သာကြည့်ရှုသုံးသပ်လို့ရအောင်တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Action, Adventure, Comedy Quality…. 1080p | 720p | 480p File size… 2GB | 920MB  460MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron

Romance • TV Movie
5.7 2023 106 mins
Peter Pan & Wendy
Champions
6.9

IMDb Rating - 6.7/10 Comedey, Drama, Sport ဒီဇာတ်လမ်းလေးကတော့ Basketball ကိုကျောရိုးယူထားပြီး ကြည့်နေတဲ့သူတွေကိုပါ ဟာသဆန်ဆန်နဲ့ စိတ်ကြည်နူးမှုလေး ကို ခံစားစေနိုင်တဲ့ Sportဇာတ်လမ်းလေးကောင်းတစ်ခုပါ။ ဒီဇာတ်ကားမှာတော့ Now You See Me, Vernon, The Hunger Games စတဲ့ရုပ်ရှင်တွေမှာ သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Woody Harrelson က နည်းပြ Marcus Marakovich အဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့.. Marcus Marakovich ဟာကစားသမားတွေကို လက်ရွေးစင် အသင်းအထိရောက်အောင် လေ့ကျင့်ပေးနိုင်တဲ့ အရည်အချင်း ရှိတဲ့နည်းပြတစ်ယောက်ပါ။ ဒါပေမဲ့ကစားပွဲတွေအတွက် ကစား နည်းပုံစံတွေကိုသာ အာရုံစိုက်လေ့ရှိပြီး အသင်းသားတွေကိုတော့ စိတ်ထဲတောင်မထားတဲ့သူပေါ့။ ဒီလိုလူကတစ်နေ့မှာတော့ အရက် မူးမူးနဲ့ကားမောင်းရင်း ရဲကားတစ်စီးကိုတိုက်မိသွားပါတယ်။ တရားရုံးကသူ့ကို ဉာဏချို့တဲ့နေတဲ့ အသင်းသားတွေကို ရက် ၉၀ ကြာ နည်းပြအဖြစ်လေ့ကျင့်ပေးဖို့ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ အသင်းသားတွေကို ဂရုမစိုက်တတ်တဲ့ Marcus တစ်ယောက်က တော့ သေချာဂရုစိုက်ပြီး လေ့ကျင့်သင်ကြားပေးဖို့လိုအပ်တဲ့ အသင်း သားတွေနဲ့ စိတ်ပျက်နေခဲ့ပါတယ်။ ဒါပေမဲ့ တစ်ရက်ထက်တစ်ရက် သူ့အသင်းသားတွေက ထင်ထား တာထက် ပိုပြီးလုပ်နိုင်စွမ်းရှိတာကို သူသတိထားမိလာပါတယ်။ နည်းပြနဲ့အသင်းသားတွေကြားက တစ်ယောက်နဲ့တစ်ယောက် နားလည်မှုယူတဲ့ပုံစံတွေ ..သူတို့တွေ ဘယ်လိုမျိုးကြိုးစား လေ့ကျင့် ယှဉ်ပြိုင်ပြီးအောင်မြင်မှုတွေကို ဘယ်လောက်ထိ ဆွတ်ခူးသွားမလဲ ဆိုတာကို ဒီဇာတ်လမ်းလေးမှာကြည့်ရှူရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို June မှရေးသားပေးပြီး၊ ဘာသာပြန်ရေး သားပေးသူများကတော့ June, EL တို့ဖြစ်ပါတယ်) File Size..........(2.13 GB) / (917 MB) / (527 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........2Hr 04Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Sport Translator.......June, EL Encoder..........Zin Phyo Aung

Action • Crime • Thriller
6.9 2023 124 mins
Champions
Baantjer: The Beginning
6.2

IMDb Rating - 6.8/10 ဒီရုပ်ရှင်ကတော့ ၁၉၈၀ ခုနှစ် နယ်သာလန်ဘုရင်မကြီး ဘီယက်ထရစ်နန်းတက်ပွဲမတိုင်ခင်ရက်ပိုင်းအနည်းငယ် အချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။ ဒီကားရဲ့ အဓိကဇာတ်လိုက်ကျော်ကတော့ ယူရီယန်နယ် ကော့ဆိုတဲ့ ကျေးလက်ဒေသကနေမှ အမ်စတာဒမ်ကိုပြောင်း ရွှေ့လာခဲ့တဲ့ စုံထောက်လေးပေါ့။ သူနဲ့အတူတူတွဲလုပ်ရတဲ့ စုံထောက်ကတော့ တိုနီမွန်တိုင်းဆိုတဲ့ အမ်စတာဖွားငလည် စုံထောက်တစ်ယောက်။ ယူရီယန်တစ်ယောက် ရောက်ရောက် ချင်းမှာတင်ကိုပဲ ကံဆိုးချင်တော့ လူဆိုးလိုက်ဖမ်းရာကနေ လူသေအလောင်းတစ်လောင်းကိုရှာတွေ့သွားခဲ့ပြီး၊ အဲဒီလူသေ အလောင်းကနေမှ နန်းတက်ပွဲကိုဝင်တိုက်ခိုက်နိုင်မယ့် သဲလွန် စတွေကိုသိသွားခဲ့ရပါတယ်။ ဒီတော့ နန်းတက်ပွဲကို တိုက်ခိုက်ဖို့ကြံစည်နေကြတာ ဘယ်သူ တွေလဲ၊ ယူရီယန်နဲ့ တိုနီတို့နှစ်ယောက် အချိန်မီတားဆီးနိုင်ကြ မလား၊ တခြားသူတို့မသိကြသေးတာတွေ ဘာတွေရှိနေနိုင်သ လဲဆိုတာကိုတော့ ဒီ Baantjer het begin (2019) ကားထဲမှာ ဆက်လက်ရှုစားကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size..........(1.87 GB) / (680 MB) / (364 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 53Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Crime, Drama Translator.......Fiona Gillen Encoder..........SWM

Drama • Thriller
6.2 2019 111 mins
Baantjer: The Beginning
5G: The Reckoning
1.2

"ညတွေဆို လေလွင့်လိုက်တာ တီတီတာတာလုပ်စရာလည်း မရှိဘူး" ဆိုပြီး လောင်နေကြတဲ့ FA ပရိသတ်ကြီးတို့အတွက် လောင်စရာအချိန်မရှိအောင် ပဟေဠိတွေ အများကြီးပေးမဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေး ပါရစေ။ ဇာတ်လမ်းကတော့ တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကာလအတွင်း ကျောင်းတစ်ကျောင်းထဲမှာ ကျောင်းသူကျောင်းသား ရှစ်ယောက် ပိတ်မိနေကြရာကနေ စတင်လာတာပါ။ သူတို့အကုန်လုံး ပြင်ပကမ္ဘာ ကြီးနဲ့ လုံးဝအဆက်အသွယ်မရဘဲ အချင်းချင်းပဲ ဆက်သွယ်လို့‌ရနေ ကြတာ ထူးဆန်းစရာတစ်ခုဖြစ်လို့နေပါတယ်။ ပိုလို့ထူးဆန်းတာက တစ်ယောက်ပြီးတစ်ယောက် ဗိုင်းရပ်စ်ကူးစက် ခံလာရပြီး ဗိုင်းရပ်စ်ပိုးက ဘယ်ကနေ ပျံ့လို့ပျံ့မှန်းမသိတွေ ဖြစ်နေ ကြတာပါ။ အကြောင်းရင်းမရှိ ရုတ်တရက်ပျောက်ဆုံးသွားမှုတွေ လူသေဆုံးမှုတွေ ဖြစ်လာပြီး အဆုံးမရှိတဲ့ ဒွိဟတွေနဲ့ တွေးလေတွေးလေ လိုက်မမီလေဖြစ်နေတဲ့ ဇာတ်လမ်းမျိုးပဲ ဆိုပါတော့။ အဲဒီဗိုင်းရပ်စ်ပိုးက ဘယ်ကနေ ကူးစက်လာတာလဲ ? သူတို့က ဘာကြောင့် ပိတ်လှောင်ခံထားရတာလဲ ? အသက်ရှင်ကျန်နေရစ်မဲ့သူက ဘယ်သူလဲ ? စတဲ့ မေးခွန်းပေါင်းများစွာကတော့ ဒီဇာတ်ကား ထုတ်လွှင့်ပြီးတဲ့ အချိန်မှာ တက်လာခဲ့တဲ့ မေးခွန်းတွေပါပဲ။ ဒီတော့ ခေါင်းစားရတာ ကြိုက်တဲ့ CM ပရိသတ်တို့ အကြိုက်တွေ့ကြမဲ့ ဇာတ်လမ်းမျိုးမို့ အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.2 GB) / (320 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 21Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......May Thet Khine Soe Encoder..........SWM

Action • Adventure • Comedy • Fantasy • Horror
1.2 2023 81 mins
5G: The Reckoning
Rocket Gang
6

အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ Student of the Year 2 ထဲမှာ ဒုတိယမင်းသားနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားချောလေး အာဒိသယစီးနဲ့ အင်မရန်းဟက်ရှမီနဲ့တွဲရိုက်ခဲ့တဲ့ Dybbuk 2021 ဟော်ရာကားထဲက မင်းသမီးချောလေး နီကီသားဒက်တားတို့ရဲ့သရဲဟာသကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက ဇာတ်လမ်းကိုယ်စီ အိပ်မက်တွေကိုယ်စီနဲ့ ရူးကြောင်ကြောင်သူငယ်ချင်းလေး ငါးယောက်ရဲ့အကြောင်းပေါ့။ သူတို့သူငယ်ချင်းငါးယောက်စလုံးဟာ သူတို့ဖြစ်ချင်တဲ့ဆန္ဒတွေကို ဖြစ်မြောက်အောင်ကြိုးစားနေပေမယ့် လုံးဝကို လက်လှမ်းမမီနိုင်တဲ့အခြေအနေမှာ မိဘတွေကလည်း သူတို့ဆန္ဒနဲ့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ သူတို့ငါးယောက်စလုံး အပန်းဖြေဟိုတယ်ကြီးတစ်ခုမှာ အခမဲ့တည်းခိုခွင့်ရသွားပါတော့တယ်။ သူတို့ ဟိုတယ်ကြီးဆီရောက်သွားတော့ ဟိုတယ်ဝန်ထမ်းတွေဟာ ကလေးတွေသာ ဖြစ်နေပြီး ဟိုတယ်တစ်ခုလုံးမှာလည်း စုစုပေါင်း ကလေးငါးယောက်ပဲရှိနေပါတယ်။ သူတို့ဟိုတယ်ကြီးဆီ ရောက်သွားတဲ့အချိန်ကစလို့ ထူးထူးဆန်းဆန်းတွေဖြစ်ပေါ်နေခဲ့ပြီး နောက်ဆုံးတော့ သူတို့ဟာ ကလေးသရဲငါးယောက်အပိုင်စီးထားတဲ့ ဟိုတယ်တစ်ခုထဲ ရောက်နေတယ်ဆိုတာကို သိလိုက်ရတဲ့အခါမှာတော့...။ ကဲ ဘာဆက်လုပ်ရမလဲ သိတယ်မလား။ ဒီဇာတ်ကားထဲမှာ cameo အနေနဲ့ ရန်ဗီးကပူးနဲ့ နိုရာဖတေဟီတို့ကလည်း ပါဝင်အားဖြည့်ထားတယ်နော်။ ရှုစားလိုက်ပါဦးနော်...။ File size…3.17GB  / 1.69GB Quality…1080p WEB DL /720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Action • Adventure • Comedy
6 2022 140 mins
Rocket Gang
The Protégé
6.6

နီကီတာဇာတ်လမ်းတွဲနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီး Maggie Q.. မားသားဖက်ခါကြီး Samuel L. Jackson နဲ့ မူရင်းဘတ်မန်းကြီး Michael Keaton တို့ပါဝင်ထားတဲ့ ​ ကြေးစားလူသတ်သမား အသတ်အဖြတ်ကားမျိုးဖြစ်ပါတယ်။ ကြေးစားလူသတ်သမား မူဒီဟာ ဗီယက်နမ်မှာတွေ့ခဲ့တဲ့ အန်နာဆိုတဲ့ကလေးလေးတစ်ယောက်ကို ​​သူ့ရဲ့တပည့်အဖြစ် လက်သပ်မွေးပြုစုပျိုးထောင်ခဲ့တာပါ... အန်နာနဲ့မူဒီတို့ဟာ လိုက်ရှာဖို့မဖြစ်နိုင်တဲ့လူတွေကို အဓိကလိုက်သတ်တဲ့ ​​​ကြေးစားဆရာတပည့်နှစ်ယောက်ဖြစ်လာပါတယ်... တစ်နေ့တော့ မူဒီဟာ သူလိုက်ရှာဖို့အခက်ခဲဆုံးလူတစ်ယောက်ကို ခြေရာခံဖို့ကြိုးစားရင်း လုပ်ကြံခံလိုက်ရပါတော့တယ်... ဒါကြောင့်မို့ သူ့တပည့်မ အန်နာဟာ တရားခံကိုအဖြေရှာဖို့နဲ့ မူဒီရှာခဲ့တဲ့လူကိုဆက်ရှာတဲ့အခါမှာ... နောက်ကွယ်မှာပါဝင်ပတ်သတ်နေတဲ့လူတွေက ဘယ်သူတွေဖြစ်နေမလဲဆိုတာ...။ မင်းသမီးလည်းမိုက် မင်းသားတွေကလည်း ဆရာကြီးတွေဖြစ်ပြီး အတိုက်အခိုက်အပစ်အခတ်တွေလည်း မိုက်တာမို့ ဂျွန်ဝစ်လို သွေးအေး Action ဇာတ်ကားမျိုးတွေကို လွမ်းနေတဲ့သူတွေအဖို့ အလွမ်းပြေစေမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Pyi T Nyein နဲ့ Chit Tee တို့မှ တင်ဆက်ထားပါတယ်။) File size…(1.8 GB) / (1 GB) / (500 MB) Quality…WEB-DL 1080p / 720p / 480p Format…mp4 Duration….01:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Pyi T Nyein & Chit Tee

Action & Adventure • Crime
6.6 2021 109 mins
The Protégé
Anna
6.5

Anna (2013) ~ IMDb rating - 6.4/10 ~ Mindscape ဆိုတဲ့ ထောက်လှမ်းရေးအေဂျင်စီက သာမန်ထောက်လှမ်းရေးအေဂျင်စီတစ်ခုမဟုတ်ဘဲ လူတွေရဲ့မှတ်ဥာဏ်တွေကိုဖတ်နိုင်တဲ့ စိတ်စွမ်းအင်ရှိတဲ့သူတွေနဲ့ဖွဲ့စည်းထားတဲ့ အေဂျင်စီတစ်ခုဖြစ်ပြီး နှစ်ပေါင်းများစွာ လက်သည်မပေါ်တဲ့အမှုတွေကို ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ ဂျွန်ဝါရှင်တန်ကတော့ Mindscape လက်အောက်က နာမည်ကြီး မှတ်ဥာဏ်စုံထောက်တစ်ဦးပါ။ အထက်လူကြီးက သူ့ကို သာမန်ဆယ်ကျော်သက်တွေထက်ထူးခြားနေတဲ့ အန်နာဆိုတဲ့ကောင်မလေးကို မှတ်ဥာဏ်ဖတ်ပေးဖို့ တာဝန်ပေးလိုက်ပါတယ်။ အန်နာက ကျောင်းတွင်းအကြမ်းဖက်မှုရဲ့တရားခံအဖြစ်နဲ့ကျောင်းထုတ်ခံထားရပြီး အခန်းပြင်ထွက်ခွင့်မရဘဲ အချိန်ပြည့်စောင့်ကြည့်ခံနေရပြီး ပထွေးဖြစ်သူက အန်နာကို စိတ်ကျန်းမာရေးဆေးရုံပို့ဖို့ပြင်နေပါတယ်။ ဂျွန်ရောက်လာတာဟာ အန်နာ့အတွက် အပြစ်ကင်းကြောင်းသက်သေပြဖို့ မျှော်လင့်ချက်ဖြစ်လာပါတယ်။ အန်နာ့ကိုမှတ်ဥာဏ်ဖတ်ရင်း ဂျွန်ရဲ့ Career တလျှောက်မှာ တခါမှမကြုံဖူးတဲ့ ထူးထူးဆန်းဆန်းအရာတွေဖြစ်လာပါတော့တယ်။ ကျောင်း Hallway ကရပ်နေတဲ့နာရီ၊ အပြင်ကကျောင်းသူစာရင်းထဲမှာမရှိတဲ့နာမည်နဲ့ အန်နာ့ကျောင်းနေဖက်တစ်ယောက်ရဲ့လည်ပင်းကအမာရွတ်အပေါက်... ဘယ်အပိုင်းတွေကအမှန်ဖြစ်ပြီး ဘယ်အပိုင်းတွေက အန်နာလုပ်ကြံဖန်တီးထားတာလဲ... တကယ်ပဲအန်နာက Victim လား... လူသတ်သမားလား... ဆိုတာ ​​​ကြည့်ရှုသူတွေကိုယ်တိုင်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 785MB Quality - 1080p, 720p IMDb Rating - 6.4/10 Format - mp4 Duration - 2H 1Min Genre - Drama, Mystery, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Action & Adventure • Animation • Sci-Fi & Fantasy
6.5 2013 99 mins
Anna
Pretty Crazy

အလုပ်မှာလည်းအောင်မြင် Handsome လည်းဖြစ်တဲ့ လူငယ်လေးတစ်ယောက် ပြီးပြည့်စုံတဲ့ မိန်ကလေးတစ်ယောက်နဲ့တွေ့ဖို့အတွက် တစ်ယောက်ပြီးတစ်ယောက်ပတ်တွဲ အချစ်စစ်ကိုလိုက်ရှာရင်း အတိတ်ကဇာတ်ရှုပ်တွေနဲ့ လက်ရှိတွဲတဲ့စော်နဲ့ တိုင်ပတ် အချစ်ဆုံးသူငယ်ချင်းရဲ့ မင်္ဂလာဆောင်မှာ သတို့သားအရံလုပ်ဖို့အတွက် တွဲစရာစော်မရှိ တိုင်ပတ် တွေ့မယ့်တွေ့တော့လည်း ကောင်မလေးက အချေတစ်လိုင်းနဲ့ အချစ်ဆိုတာ ဘာလဲ ဘယ်လဲ ဘယ်လိုလဲ ဆိုတာကို ရိုက်ပြသွားတဲ့ (Romance/Comedy) ဇာတ်ကားလေးတစ်ကားပါ ဒီတော့ ပရိတ်သတ်ကြီးလည်း အချစ်ဆိုတာဘာလဲ သိချင်ရင်တော့ ဒီဇာတ်ကားလေးကိုကြည့်ဖို့တိုက်တွန်းချင်ပါတယ် ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ် File size…(1.48 GB)/(702 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield

Action • Adventure • Drama • Fantasy • History
0 2023 90 mins
Pretty Crazy
Seththumaan
6.4

ဘောလိ၀ုဒ် ပရိသတ်များအတွက် မြင်ဖူးကြည့်ဖူးနေကြ ဇာတ်အိမ်လေးမဟုတ်ဘဲ တမူထူးခြားနေတဲ့ ဇာတ်အိမ်ကို ဖွဲ့စည်းတင်ဆက်ရိုက်ကူးထားတဲ့ Sethuthumaan မြန်မာလို ” ဝက် ” လို့ အမည်ရတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါရစေ ။ အိန္ဒိယနိုင်ငံ ရွာလေးတစ်ရွာကို အခြေပြုရိုက်ကူးထားပြီး ခြင်းတောင်းလေးတွေကို ရက်လုပ်ရောင်းချပြီး ရိုးသားကြင်နာတတ်တဲ့အဘိုးအို ပူချီပါး ….. သူတို့ရွာရဲ့ ဟိန္ဒူအမျိုးဇာတ် ခွဲခြားမှုကြောင့် ဖြစ်ပွားခဲ့အဓိကရုဏ်းမှာ မိဘနှစ်ပါးလုံးဆုံးပါးပြီး လောကကြီးအလယ်မှာ တစ်ဦးတည်း အဘိုး ပူချီနဲ့ ကျန်ရစ်ခဲ့ရှာတဲ့ မြေးလေး ကူမရီဆန် ….. အဘိုး ပူချီကတော့ မြေးလေးကို ကျောင်းကောင်းကောင်းမှာထား ပညာတွေသင်ပြီး ဘ၀ကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းစေချင်ခဲ့တဲ့ အိပ်မက်အကြီးကြီးကို လွယ်ထားရတဲ့ မြေးချစ်အဘိုးပေါ့ …. အဘိုးပူချီရဲ့ မြေရှင် ဒေါသအိုး ဗယ်လရမ်က အဘိုးပူချီ့ကို ဒေသခံအစားကြူးတဲ့သူတွေ ကြိုက်ကြတဲ့အသားဖြစ်ပြီး အမျိုးဇာတ်ထိန်းသိမ်းသူတွေ ရှုံ့ချတဲ့ အသားဖြစ်တဲ့ ” ဝက်သား “ကို စားချင်လို့ ဝက်ရှာခိုင်းတဲ့အခါ ပူချီတို့ မြေးအဘိုးနှစ်ယောက် အလုပ်ရှုပ်ကြပါတော့တယ်။ ဒါပေမယ့်လည်း ဝက်ကိုပေါ်ပြီးချိန်မှာတော့ ဒေါသအိုးမြေရှင် ဗယ်လရမ်လိုပဲ ဝက်သားကြိုက်သူ ရွာသားတို့စုစည်းလာပါတော့တယ် …. အဲဒီထဲမှာမှ ဝက်သားလေးနဲ့ အရက်လေးကို မြည်းပြီး သောက်ရင်းစားရင်း မူးလာကြတဲ့အခါမှာ နဂိုကမှ မာနကြီးပြီး ဒေါသကြီးကြတဲ့ မြေရှင်တို့ ဘာဆက်ဖြစ်ကြမလဲ ….. ပြီးတော့ အဘိုး ပူချီနဲ့ မြေးလေးကရော ဒီလို တင်းမာမှုတွေကြားထဲကနေ ဘယ်လိုရှေ့ဆက်သွားမလဲ ဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦးနော်

Comedy • Drama • Family
6.4 2021
Seththumaan
Smokin’ Aces
7.4

Smokin’ Aces(2006) အညွှန် ************************ Ryan Reynolds နဲ့ Ben Affleck တို့တွေအပြင်အခြားနာမည်ကြီးတွေအများကြီးပါတဲ့ ဒီဇာတ်ကားဟာ ကြမ်းလည်းကြမ်းသလို ဆုကြီး ၄ ဆုလည်းရရှိခဲ့တယ်… ဒီကားမှာတော့ မာဖီးယားတွေ ကြေးစားလူသတ်သမားတွေနဲ့ FBI တွေရဲ့ အားပြိုင်မှုကိုတွေ့မြင်ရမှာပါ ဘတ်ဒီအစ်စရယ်လို့ခေါ်တဲ့ဖျော်ဖြေရေးသမားက မာဖီးယားဂိုဏ်းခေါင်းဆောင်အပေါ်သစ္စာဖောက်ခဲ့တာကြောင့် သူ့နှလုံးကိုရဖို့ဆုငွေတစ်မီလီယံထုတ်ထားပါတယ် ဆုကြေးရချင်နေတဲ့ ကြမ်းကြမ်းရမ်းရမ်းကြေးစားအဖွဲ့တွေကလည်း သူ့နောက်လိုက်ပြီးသတ်ဖို့ကြိုးစားပါတယ်.. မာဖီးယားခေါင်းဆောင်ရဲ့လျှို့ဝှက်ချက်တွေသိရဖို့နဲ့ သက်သေထွက်ဆိုဖို့အတွက် သူ့ကိုကာကွယ်ပေးဖို့ အေးဂျင့်မက်စ်နာနဲ့အေးဂျင့်ကော်ရတ်သာတို့က တာဝန်ယူထားရပါတယ်… လူသတ်သမားကခုနစ်ယောက် အေးဂျင့်ကနှစ်ယောက်နဲ့ အစ်စရယ်မသေစေဖို့ကြိုးစားရပါတယ်.. အဲဒါအပြင် ဆွီဒင်လူမျိုးဆိုတဲ့ ထူးဆန်းတဲ့ဇာတ်ကောင်က ဘာဖြစ်နေမလဲ… တဖြည်းဖြည်းနဲ့ သူတို့ FBI ကြားက အရှုပ်အရှင်းတွေပေါ်လာချိန်မှာတော့ မာဖီးယားတွေနဲ့ဘယ်လိုပတ်သက်နေတာလဲ လျှို့ဝှက်ချက်တွေကဘာလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါ File Size : (2.7GB)(1.1GB) and (379 MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:48:00 Genre : Action , Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Poant Encoded by Phyo Pyae

Action • Drama • History • Thriller
7.4 2006
Smokin’ Aces
Megalodon: The Frenzy

Megalodonငါးမန်းကြီး‌တွေလို့ပြောလိုက်ရင် လူတွေကိုလိုက်လံတိုက်ခိုက်တဲ့ အစွယ်တဖွေးဖွေးနဲ့ ဧရာမငါမန်းကြီးတွေဆိုတာ အထူးတလည်မိတ်ဆက်စရာလိုမယ်မထင်ပါဘူး….။ ဒီဇာတ်လမ်းကလည်း ဒီလိုသဲထိတ်ရင်ဖိုကြည့်ရမယ့် ငါးမန်းကားပါပဲ…။ ဇာတ်လမ်းအကျဥ်းကတော့ ပင်လယ်ကမ်းလွန်တွင်းတူစင်တစ်ခုမှာ သုတေသနလုပ်ရင်းနဲ့ Megalodonငါးမန်းကြီးပေါ်လာပါတယ်….။ ပေ ၂၀၀လောက်ရှိတယ်လို့ဆိုပါတယ်…။ သို့ပေမဲ့ ဒီငါးမန်းမျိုးက ဒီတစ်ကောင်တည်းမကပါဘူး…။ အမေရိကန်စစ်သင်္ဘောတစ်စီးကိုတိုက်ခိုက်သွားတဲ့ ငါးမန်း၊ ကမ်းခြေမှာတိုက်ခိုက်သွားတဲ့ ငါးမန်းဆိုပြီး ငါးမန်းတွေ တစ်‌ကောင်ပြီးတစ်ကောင်ပေါ်လာပါတယ်…။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသန်းခွဲလောက်ကတည်းက မျိုးတုံးသွားပြီလို့သိထားတဲ့ ဒီငါးမန်းတွေဟာ အခုကျမှ ဘာလို့ရုတ်တရက်တစ်ကောင်ပြီးတစ်ကောင်ပေါ်ထွက်လာလဲ အဖြေရှာကြည့်တဲ့အခါမှာတော့….။ File size…1.38GB / 623MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 22m Genre ….. Action , Adventure , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

0 2023 82 mins
Megalodon: The Frenzy
Entergalactic
7.3

Entergalactic (2022) ~ IMDb – 7.3/10, Rotten Tomatoes – 97% ~ “အချစ်ဆိုတာ ကမ္ဘာပေါ်မှာ မတော်တဆ‌မွေးဖွားလာဖို့အလွယ်ကူဆုံးအရာပဲ။ ဒါပေမဲ့ ရည်ရွယ်ချက်ရှိရှိမချစ်သရွေ့ အစစ်အမှန်မဖြစ်လာနိုင်ဘူး” လူတိုင်းက ဘဝတစ်ကွေ့မှာတော့ အချစ်ဆိုတဲ့ခဲလုံးလေးကို ခလုတ်တိုက်မိခဲ့ဖူးလိမ့်မယ်။ အိမ်နီးချင်းရဲ့ ပါတီသီချင်းသံကျယ်လို့ သွားပြောရာကနေ ‌မြင်မြင်ချင်း အချစ်ပန်းလေးတစ်ပွင့် ဖူးလာခဲ့သလိုပေါ့။ အချစ်ဆိုတဲ့အရာက လူကို ချောက်နက်တွေအထိ ဆွဲခေါ်သွားနိုင်တယ်။ စကြဝဠာထဲအထိ သယ်ဆောင်သွားနိုင်တယ်။ Entergalactic ဆိုတာ အဲဒီအဓိပ္ပါယ်ပါပဲ။ ဒီနာမည်က Kid Cudi ရဲ့ ပထမဆုံးအလ်ဘမ်မှာပါတဲ့ Enter Galactic ဆိုတဲ့သီချင်းကနေလာတယ်။ သူ့ရဲ့ အဓိပ္ပါယ်ကတော့ လူတစ်ယောက်နဲ့ တစ်ယောက်ကြားက ဆွဲငင်အားတစ်ခုဟာ ကိုယ့်ကို စကြဝဠာအထိ ဆွဲခေါ်သွားနိုင်လောက်အောင် အားကောင်းတယ်လို့ ဆိုလိုတယ်။ စကြဝဠာကြီးကို အဆုံးအစမဲ့ကြောင်း လူတွေပြောတယ်။ ဒါဆိုရင် အချစ်ကကော။ အချစ်ဆိုတာ ချစ်နေသူနှစ်ယောက်ကြားက အဆုံးအစမဲ့ စကြဝဠာတစ်ခုပါပဲ။ ဒီမှာတော့ Street Art ဆွဲတဲ့ ဂျဘာရီတစ်ယောက် သူ့ရဲ့ဇာတ်ကောင်ကို ရုပ်ပြအဖြစ်ပြောင်းလဲဖို့ Cosmic ရုပ်ပြမှာ အလုပ်ရပြီး အိမ်ပြောင်းလာရတာကနေစတယ်။ သူလမ်းမပေါ်မှာဆွဲနေတဲ့ မစ္စတာရေဂျာ ဆိုတဲ့ဇာတ်ကောင်က Kid Cudi ရဲ့ Mr. Rager သီချင်းကို ရည်စူးထားတယ်။ သူ့ရဲ့အဓိပ္ပါယ်က ဒုံရင်းဘဝမှာပျင်းလာလို့ စွန့်စားခန်းအသစ်တွေထွက်ချင်နေတဲ့ ဇာတ်ကောင်တစ်ခုပေါ့။ ဒါက Kid Cudi အနေနဲ့ သူ့ကိုယ်သူ ပြန်ထင်ဟပ်ဖို့ ကြိုးစားခဲ့တယ်လို့ယူဆနိုင်တယ်။ ဒါကြောင့်လည်း ဒီလိုရုပ်ရှင်နဲ့အလ်ဘမ် တွဲထုတ်ခဲ့တာပဲ။ ဒီလိုနဲ့ ဂျဘာရီပြောင်းလာတဲ့ အိမ်အသစ်မှာ အိမ်နီးချင်းဖြစ်တဲ့ ဓာတ်ပုံဆရာမ မဲဒိုး နဲ့ တွေ့ပြီး အချစ်သစ်ကိုစဖို့ အကြောင်းဖန်လာတယ်။ သူတို့ချင်းက အချစ်လို့ပြောလို့လည်းမရပြန်ဘူး။ အစပိုင်းကတော့ Situationship သဘောမျိုးပေါ့။ အဲဒါကို Chapter ၆ ခုနဲ့ တခုချင်းဆွဲသွားတယ်။ ဇာတ်လမ်းတည်ဆောက်ပုံကတော့ အတော်ကောင်းတယ်လို့ပြောနိုင်တယ်။ ဒီ TV Special ကို Kid Cudi ရဲ့ Entergalactic Album ရဲ့ Visual Companion Piece အနေနဲ့ထုတ်ခဲ့တယ်။ Visual Album ဆိုတာကတော့ သီချင်းအလ်ဘမ်ကို တွဲဖက်ရုပ်ရှင်အနေနဲ့ ပိတ်ကားပေါ် ‌တင်ဆွဲလိုက်တာမျိုးပေါ့။ ဒီရုပ်ရှင်ရဲ့ ဇာတ်ကွက်အများစုကို Entergalactic အလ်ဘမ်ရဲ့ “She’s Looking For Me”, “Somewhere to Fly”, “Can’t Shake Her” နဲ့ “Do What I Want” သီချင်းတွေကို အဓိက မှီငြမ်းထားတယ်။ Music Video တွေတပုဒ်ချင်းထုတ်မယ့်အစား အလ်ဘမ်တစ်ခုလုံးစာကို ရုပ်ရှင်ထဲ ပစ်ထည့်လိုက်တဲ့သဘော။ ဒါကြောင့် သုံးထားတဲ့သီချင်းတွေ၊ Visual တွေက ကြည့်ရတာသိပ်အရသာရှိလွန်းတယ်။ လူငယ်အချစ်ဇာတ်လမ်းတစ်ပုဒ်ကို Kid Cudi သီချင်းတွေနဲ့ အလှဆင်ထားတာပဲ။ Album ထဲက သီချင်းတွေကိုလည်း သူ့အနေနဲ့‌မဟုတ်ဘဲ သူ့စိတ်ကူးထဲကဇာတ်ကောင်၊ သူ့စိတ်ကူးထဲကအချစ်၊ သူ့စိတ်ကူးထဲက စကြဝဠာကို ပုံဖော်တဲ့အနေနဲ့ ရေးခဲ့တယ်။ အလ်ဘမ်ထဲက အချစ်သီချင်းတွေတင်မကဘူး၊ ဒီ ရုပ်ရှင်ကပါ Kid Cudi ရဲ့ စိတ်ကူးထဲက အချစ်အဓိပ္ပါယ်ဖွင့်ဆိုချက်လို့သူပြောတယ်။ သူကိုယ်တိုင် ဇာတ်လမ်းရေးသလို အဓိကဇာတ်ကောင် ဂျဘာရီနေရာမှာလည်း သူ့အသံနဲ့သရုပ်ဆောင်ထားတယ်။ အသံသရုပ်ဆောင်တွေအနေနဲ့ Jessica Williams, Thimothée Chalamet, Ty Dolla Sign အပြင် တခြားသရုပ်ဆောင်တွေပါဝင်ထားတယ်။ ထူးခြားချက်အနေနဲ့ အသံသရုပ်ဆောင်တဲ့လူတွေနဲ့ ဇာတ်ကောင်တွေရဲ့ပုံစံကို ခပ်ဆင်ဆင် ဖန်တီးထားတယ်။ Animation အရဆိုရင် Spider-Verse နဲ့ ခပ်ဆင်ဆင်ပဲ။ ဒါပေမဲ့ Spider-Verse ထက်ပိုပြီး Comic ဆန်တယ်။ ကြည့်ရတာကော၊ နောက်ခံသီချင်းနားထောင်ရတာတွေကပါ ဇာတ်လမ်းအသွားနဲ့ အံဝင်ပြီး ပြီးသွားတာမြန်လိုက်တာလို့တောင်ထင်ရက်နိုင်စရာပါ။ ဇာတ်ကောင်တွေရဲ့ အဝတ်အစားကိုတော့ Virgil Abloh က သူ မကွယ်လွန်ခင်မှာ ဒီဇိုင်းဆွဲပေးသွားခဲ့တယ်။ အဲဒါကြောင့် အလ်ဘမ်နဲ့ ဒီရုပ်ရှင်ကို Kid Cudi က သူ့ရဲ့သူငယ်ချင်းဖြစ်တဲ့ Virgil Abloh ကိုရည်စူးပြီး Virgil မွေးနေ့ စက်တင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ခဲ့တယ်လို့ဆိုတယ်။ Dialogue တွေကလည်း အားရဖို့ကောင်းတယ်။ ရယ်စရာတွေ၊ ငိုစရာတွေ၊ တွေးစရာတွေ၊ မေ့နေတဲ့အချက်တွေကို ဘေးကနေဘော်ဒါတစ်ယောက်က ထိုင်အကြံပေးနေသလို ခံစားရလိမ့်မယ်။ အသုံးအနှုန်းကြမ်းနဲ့ ဝတ်လစ်စလစ်ပြကွက်တွေပါတာကြောင့် အသက်မပြည့်သေးတဲ့သူတွေအနေနဲ့တော့ မကြည့်သင့်ဘူး။ လူငယ်အထာဆိုတော့ လူငယ်စကားတွေပြောရင်း လူငယ်ကိစ္စတွေလုပ်ကြတာပေါ့။ လမ်းသရဲ ‌ဒေါင်းတောင်းပက်ရဲ့စကားအရဆိုရင်တော့… “အချစ်ဆိုတာ မြေနိုးကြီးပဲ ငါ့ကောင်တို့ရ ဒါပေမဲ့ အချစ်က ငါတို့ကိုကယ်တင်မယ့် တစ်ခုတည်းသောအရာပဲ” (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 855MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 33Min Genre – Animation, Comedy, Music Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Thriller • Mystery
7.3 2022 93 mins
Entergalactic
Rival

ရက်ဝုဒ်စပရင်းမြို့လေးဟာ မှုခင်းဖြစ်ပွားမှုနှုန်းလည်းနည်းပါးပြီး အေးချမ်းတဲ့မြို့လေးတစ်မြို့ပါ။ ဒီလိုနဲ့ ညတစ်ညမှာတော့ အချိန်ပိုင်းကလေးထိန်းလုပ်နေတဲ့ ဂျန်နာ ရိုင်လေဆိုတဲ့ ကျောင်းသူတစ်ယောက် ဓ-ားနဲ့ရက်ရက်စက်စက် ထိုးသ-တ်ခံလိုက်ရပါတယ်။ ဒီဖြစ်စဉ်ဟာ လွန်ခဲ့တဲ့ဆယ်နှစ်ကဖြစ်သွားခဲ့တဲ့ အသက်ရှစ်နှစ်အရွယ် မိုင်လို ဆောရာ ဆိုတဲ့ကောင်လေးတစ်ယောက် အသ-တ်ခံလိုက်ရတဲ့ပုံစံနဲ့ဆင်တူနေတာကြောင့် မြို့တော်ရဲမှူးလည်း လူသ-တ်သမားကို ရှာနိုင်ဖို့ ရနိုင်သမျှနည်းလမ်းတွေသုံးပါတော့တယ်။ ဒါပေမဲ့လည်း လူသ-တ်မှုတွေကဆက်တိုက်ဆိုသလို ဆက်ပြီးဖြစ်လာတဲ့အခါမှာ …. ဒီလူသ-တ်မှုပုံစံတွေကဘာလို့ဆင်တူနေရတာလဲ၊ နောက်ဆုံးမှာလူသ-တ်သမားကို ဖမ်းမိမလားဆိုတာကတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ သွေးထွက်သံယိုပြကွက်တွေ၊ အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေပါဝင်တာမလို့ (၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူးဗျ။ File size…(1.2 GB)/(550 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2023
Rival
Souleymane’s Story
7.7

Original title: L’histoire de Souleymane အကြောင်းအမျိုးမျိုးနဲ့ ကိုယ့်နိုင်ငံမှာအဆင်မပြေလို့ တိုင်းတစ်ပါးကို ပြောင်းရွှေ့ရတော့မယ်ဆိုရင် အခက်အခဲတွေဆိုတာက အနည်းနဲ့ အများတော့ကြုံရစမြဲပါပဲ။ကိုယ်ပြောင်းရွှေ့ထားတဲ့နိုင်ငံမှာ အလုပ် လုပ်ဖို့အခက်အခဲရှိကြသူတွေရှိသလို နေထိုင်ဖို့အခက်အခဲဖြစ်ကြ သူတွေလည်းရှိပါတယ်။ ဒီလိုရွှေ့ပြောင်းလုပ်သားတွေရဲ့ အခက်အခဲတွေကိုမျက်စိထဲကွင်းကွင်း ကွက်ကွက်မြင်သာလာအောင် တောင်အာဖရိက ဂင်နီကနေ ပြင်သစ်ကို ပြောင်းရွေ့လာခဲ့တဲ့ ဆူလေမန်ဆိုတဲ့လူတစ်ယောက်နဲ့နှိုင်းယှဉ်ပြီး ရိုက်ကူးပြသထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက် ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Souleymane’s Story ဖြစ်ပြီး IMDb Rating ကလည်း 7.7 အထိရရှိထားတဲ့အတွက် အချိန် ပေးရကျိုးနပ်စေပြီး ရင်ထဲမှာတစ်ခုခုထင်ကျန်စေမှာတော့အသေအချာ ပါပဲ။ ဆူလေမန်က ပြင်သစ်ကိုပြောင်းရွှေ့လာခဲ့ပြီးနောက်မှာ ခိုလှုံခွင့်တောင်းဖို့ ကြိုးစားခဲ့ပါတယ်။လက်ရှိမှာတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ တရားဝင် အလုပ်လုပ်လို့မရသေးတဲ့အတွက် အလုပ်လုပ်ခွင့်ရပြီးတဲ့လူရဲ့အကောင့်ကို ငှားပြီး Food Panda Rider လိုမျိုး စက်ဘီးတစ်စီးနဲ့စားစရာတွေလိုက်ပို့ ပေးနေခဲ့ပါတော့တယ်။သူများကိုအားကိုးပြီးအလုပ်လုပ်ရတာဖြစ်တဲ့ အတွက် သူရှာတဲ့ပိုက်ဆံသူအကုန်မရဘဲ ဝေစုတော်တော်များများကို အကောင့်ပိုင်ရှင်ကိုပေးနေရပါသေးတယ်။ဒါပေမယ့် ဒါတွေအားလုံးက သူခိုလှုံခွင့်ရသွားတဲ့အခါကျရင်တော့ အဆင်ပြေသွားမှာပါဆိုတဲ့အတွေးနဲ့ ဆူလေမန်တစ်ယောက် အံကြိတ်ပြီး အားတင်းကာ ဆက်လုပ်ကိုင် နေခဲ့တာဖြစ်ပါတယ်။သဘက်ခါကျရင် သူ့ခိုလှုံခွင့်အင်တာဗျူးဖြေရ တော့မှာဖြစ်တဲ့အတွက်‌ အေးဂျင့်သဘောလိုမျိုးလူတွေနဲ့ချိတ်ပြီး သူ့ကို လက်ခံပေးနိုင်လောက်မဲ့ မျက်ရည်ခြူဇာတ်လမ်းတွေကိုလည်း ကြိုတင် ကျက်ထားရပါသေးတယ်။ဒီလိုနဲ့ သဘက်ခါမတိုင်မှီ ဆူလေမန်ရဲ့ ခက်ခက် ခဲခဲဘ၀ကိုဖြတ်သန်းနေရပုံနဲ့ တကယ်တမ်းခိုလှုံခွင့် အင်တာဗျူးဖြေတဲ့ အခါ သူ့အားထုတ်မှုတွေက အရာထင်ပါ့မလား သူလိုချင်တဲ့ ခိုလှုံခွင့်ကို ရော ရသွားမလားဆိုတာတွေကို စိတ်ဝင်စားစရာရှုစားရမဲ့ ဇာတ်ကား ကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.52 GB) / ( 1.03GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 33m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

History • Drama • Adventure
7.7 2024 92 mins
Souleymane’s Story
Resurrecting the Champ
6.7

Resurrecting the Champ (2007) IMDb – 6.7 ကျွန်တော်တိုတွေရဲ့ဘဝမှာ သိပ်ချစ်လွန်းလို ဒီကမ္ဘာပေါ်မှာ လိမ်မပြောဖူးတဲ့သူရှိပါ့မလား.. ကျွန်တော်ကတော့ လိမ်ပြောဖူးပါတယ်။ လိမ်မပြောဖူးတဲ့သူရှိတယ်ဆိုရင်လည်း ခင်ဗျားဟာ အလိမ်အညာတွေပြည့်နေတဲ့ ဒီလောကကြီးထဲမှာ တကယ့်ကိုစံနမူနာယူထိုက်တဲ့ လူကောင်းတစ်ယောက်လို ချီးကျူးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အဲရစ်ဆိုတဲ့ဂျာနယ်လစ်တစ်ယောက်က သူ့ရဲ့သတင်းစာတိုက်မှာ တော်တော်လေးရုန်းကန်နေရပါတယ်။ အယ်ဒီတာအသစ်က သူ့ဇာတ်လမ်းတွေကို သဘောမကျဖြစ်နေတယ်။ သူ့မိန်းမနဲ့လည်း ကွဲထားတယ်။ သူသိပ်ချစ်ရတဲ့ သူ့သားလေးနဲ့လည်း အတူမနေရတော့ဘူး။ အဲ့ဒီအချိန်မှာပဲ အရင်ကလက်ဝှေ့ချန်ပီယံဟောင်းကြီးဆိုတဲ့ အိမ်ချေရာမဲ့တစ်ယောက်နဲ့အမှတ်မထင်တွေ့ဆုံမိသွားပါတယ်။ အဲရစ်က ချန်ပီယံကြီးနဲ့ရင်းနှီးသွားတဲ့အခါမှာတောင် ချန်ပီယံကြီးအကြောင်းဇာတ်လမ်းရေးရင်တောင် ကျိန်းသေပေါက်အောင်မြင်နိုင်မယ်လို ယုံကြည်ထားတယ်။ ဒီလိုနဲ့ ချန်ပီယံကြီးအကြောင်းဇာတ်လမ်းကိုရေးလိုက်တဲ့အခါမှာတော့ သူတွက်ထားတဲ့အတိုင်းပဲ နာမည်ကြီးသွားခဲ့ပါတယ်။ ပူလစ်ဇာဆုအတွက် ဆန်ကာတင်စာရင်းထဲတောင်ဝင်သွားခဲ့တယ်။ ဒါပေမယ့်… သူရေးခဲ့တဲ့ဇာတ်လမ်းထဲက မှားနေတယ်ဆိုပြီး လူတစ်ယောက်က ဖုန်းဆက်ပြောလာတဲ့အခါမှတော့ အဲရစ်ထင်ထားတာနဲ့ ဆန့်ကျင်ဘက်တွေဖြစ်လာပါတော့တယ်။ ဒီဇာတ်လမ်းကြည့်ပြီးသွားရင် ကျွန်တော်တိုကိုယ့်ကိုကိုယ် မေးခွန်းတစ်ချိုထုတ်မိကောင်းထုတ်မိကြပါလိမ့်မယ်။ ကျွန်တော်တိုက အမှန်တရားကိုတကယ်ရောသိချင်ကြရဲ့လား။ အမှန်တရားရဲ့ ခါးသီးခြင်းကိုတကယ်ရော လက်ခံနိုင်ကြရဲ့လား။ နောက်ပြီး ချစ်ခြင်းမေတ္တာနဲ့ မုသားစကားတိုကြားမှာ သိမ်မွေ့နက်နဲတဲ့ ဆက်နွယ်မှုတစ်ခုများရှိနေတာလား။ စသည်ဖြင့်ပေါ့..။ သေချာတာတစ်ခုကတော့ ကျွန်တော်တိုရဲ့ စကားတွေက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဒီစကားတွေကို လူများတွေကြားသွားခဲ့ပြီဆိုရင်တော့ ကိုယ့်စကားတွေရဲ့ အကျိုးဆက်ကို ကိုယ်သာလျှင်ရင်ဆိုင်ရမှာပါပဲ။ File Size – 1.72 GB/ 737 MB Quality – BluRay 1080p/ 720p Duration – 1h 52m Format – mp4 Genre – Drama, Sport Subtitle – Myanmar Subtitle (Hard Sub) Translated by – Pyae Hein Kyaw Encoded by – Treasure Htet

Action
6.7 2007 112 mins
Resurrecting the Champ