YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Snow Eagle Lord E22 720p WEB-DL CM.mp4

464.37 MB N/A video/mp4 466 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Fireflies in the Sun
6.4

ဇာတ်ညွှန်းဆရာ လင်ရိချန်က အချစ်အတွက်သာဆို တစ်ကမ္ဘာလုံးကို မီးပြာချပစ်မယ်ဆိုတဲ့ ဇာတ်လမ်းမျိုးတွေ ရေးလေ့ရှိပါတယ်။ အဲ့လို ဇာတ်လမ်းတွေကိုရေးတဲ့ လင်ရိချန်ဆီမှာလည်း သူချစ်ရတဲ့ ဇနီးဖြစ်သူ အားလင်နဲ့ သားဖြစ်သူ ရှောင်ချုံ ရှိပါတယ်။ ငွေကြေးမပြည့်စုံသည့်တိုင် မိသားစုကလေးက သိုက်သိုက်ဝင်းဝင်း၊ နွေးနွေးထွေးထွေးပါပဲ။ တစ်နေ့မှာတော့ သားငယ်လေး ရှောင်ချုံဆီ နှလုံးရောဂါစွဲကပ်နေပြီလည်း ကြားရော မိဘနှစ်ယောက်စလုံး ရင်မှာ ဗလောင်ကိုဆူသွားတော့တာပါပဲ။ သားငယ်ရဲ့ ရောဂါကို ကုသနိုင်ဖို့ ငွေကလည်းအလောတကြီး လိုအပ်နေချိန်ဖြစ်တယ်။ ငွေကိုအလောတကြီးရှာနေရင်းနဲ့ပဲ ဆေးရုံအတွင်းက အကျင့်ပျက်ခြစားမှူတွေအကြောင်း သိလာရတယ်။ အကျင့်ပျက်ခြစားသူတို့ရဲ့ လုပ်ရပ်တစ်ခုက သားငယ်လေးရဲ့ အသက်ကိုပါ ထိပါးလာတဲ့အခါမှာတော့ လင်ရိချန်တစ်ယောက် လက်ပိုက်ကြည့်မနေနိုင်တော့ပါဘူး။ သူ့ဇာတ်ကောင်တွေနည်းတူ သူကလည်း သားလေးအတွက်၊ မိသားစုအတွက်ဆို လက်နှေးနေမဲ့သူ မဟုတ်ပါဘူး။ လက်မနှေးတဲ့အပြင် မိသားစုကိုချစ်တဲ့အချစ်က လှုံ့ဆော်ပေးလိုက်တဲ့ ဒေါသမီးတောက်နဲ့ တစ်ကမ္ဘာလုံးကို ပြာချဖို့ စီစဉ်ပါတော့တယ်။ သူ ဘယ်လိုဘယ်ပုံတွေလုပ်မယ်ဆိုတာကိုတော့............. Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Drama , Family Runtime : 1h 58 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Rion Encoded by LK

Action • Animation • Romance
6.4 2021 118 mins
Fireflies in the Sun
Gods of Egypt
5.6

ရှေးခေတ် အီဂျစ်ပြည်ဆိုတာ အရမ်းကိုကြီးကျယ်ခမ်းနားပြီး ပျော်ဖို့ကောင်းတဲ့တိုင်းပြည်တစ်ခု။ နေနတ်မင်းကြီး Ra ရဲ့ သားတော်နှစ်ပါးထဲက Osiris က အုပ်ချုပ်ခဲ့ပြီး ခုတော့ သူ့သားဖြစ်တဲ့ ကောင်းကင်ကိုအစိုးရတဲ့ Horus နတ်ကို ထီးနန်းလွှဲပေးဖို့လုပ်တယ်။ ဒါပေမဲ့ Osiris ရဲ့ ညီ Horus ရဲ့ ဦးလေးဖြစ်တဲ့ သဲကန္တာရကိုအစိုးရတဲ့ Seth နတ်မင်းက ထီးနန်းလုတဲ့အတွက် Horus လည်း သူ့ရဲ့ အစွမ်းထက်လှပါတယ်ဆိုတဲ့ All seeing eye (Eye of horus) လည်း အဖြုတ်ခံရပြီး အကျဉ်းသားဖြစ်သွားရတယ်။ ထီးနန်းလုတာတင်မဟုတ်ဘဲ အရမ်းကိုရည်မှန်းချက်တွေကြီး ပါဝါအရမ်းမက်နေတဲ့ Seth လက်အောက်မှာ တခြား နတ်မင်းတွေအပြင် လူသားတွေပါ မျိုးပြုတ်မဲ့ကိန်းဖြစ်နေလို့ Bek လို့ခေါ်တဲ့ အညာတရ သူခိုးလေးက ချစ်သူရဲ့ တိုက်တွန်းချက်နဲ့ နတ်မင်းကြီး Horus ရဲ့ မျက်လုံးကို ခိုးပြီး Horus ကိုကူညီပြီး အီဂျစ်ပြည်ကို အတူတကွ ကယ်တင်ပုံကို အမိုက်စား စိတ်လှုပ်ရှားဖွယ် ရှုစားကြရမှာပါ။ (ဒီဇာတ်ကားက CGI အသားပေး Action,Fantasy ရုပ်ရှင်ဇာတ်ကားဖြစ်တာကြောင့် 4K HDR Quality နဲ့တင်ဆက်လိုက်ပါတယ်...HDR ဖြစ်တာကြောင့် 4K ဖိုင်ကို ဒေါင်းမယ့်သူတွေက HDR Support လုပ်မယ့် Device တွေနဲ့ကြည့်မှ ကာလာစုံမြင်ရမှာပါ...PC တို့ Android Box တို့ ခေတ်ပေါ်ဖုန်းတချို့နဲ့ ကြည့်လို့ရပါတယ်။ 1080p နဲ့ 720p ကတော့ ဘယ် Device နဲ့ဖြစ်ဖြစ် ကြည့်လို့ရပါတယ်။) File size…(4.7 GB)/(2.5 GB)/(1.1 GB) Quality….BluRay 4K HDR HEVC /1080p/720p Format…mp4 Duration….02:07:20 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Reality
5.6 2016 127 mins
Gods of Egypt
Silent River
5

Surreal filmmaking style ကိုသုံးပြီး David Lynchရဲ့ Neo Noirဟန်ကို မှီးရိုက်ထားတဲ့ ရုပ်ရှင်လို့တော့ ဆိုကြပါတယ်။ ဇာတ်ကတော့ Sci -Fiရော တမလွန်ရောကို ရောသမမွှေထားပြီး အိပ်မက်ဆန်ဆန်ပဲ ပုံဖော်ထားပါတယ်။ သေသွားတဲ့ယောက်ျားရဲ့ ဝိညာဉ်တစ်စိတ်တစ်ဒေသရှိနေတယ်လို့ ယူဆရတဲ့ ယောက်ျားရဲ့ ပုံတူစက်ရုပ်နဲ့အတူ မိန်းမတစ်ယောက်ဟာ တမလွန်က သူ့ယောက်ျားကို ပြန်ခေါ်ဖို့ ကြိုးစားရင်း ပဟေဠိဆန်တဲ့ တစ်စစီကျိုးပျက်နေတဲ့ လူတစ်ယောက်နဲ့ တွေ့ကြရာက သူတို့နှစ်ယောက်အတူ ဒီတမလွန်ဆိုတဲ့အရာကနေ ဘာတန်ကြေးပေးပြီး သူတို့ဆုံးရှုံးသွားတဲ့အရာတွေကို ပြန်ရနိုင်အောင် လုပ်လို့ရမလဲ အဖြေရှာကြတာကို အိပ်မက်ဆန်ဆန်ပုံဖော်ထားပါတယ်။ File Size__(1.7GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__02:00:00 Type__Mystery Subtitle__Myanmar Subtitle (Hardsub) Translated by — Encoded by Naing Aung Latt

Drama • History • Western
5 2022
Silent River
Spirited Away Live Stage Performance First Distribution
7

Spirited Away Live Stage Performance First Distribution(2022) *********************************************************** “Spirited Away” Live Stage Performance : First Stage Distribution Studio Ghibli ရဲ့ masterpiece တွေထဲက တစ်ခုဖြစ်တဲ့အပြင် ဆုတွေ ရရှိခဲ့တဲ့ ၂၀၀၁ ခုနှစ်ရဲ့ နာမည်ကျော် ဂျပန် anime ကားလေး Spirited Away ကို မကြည့်ဖူးတဲ့သူ မရှိသလောက်ပါပဲ ။ အခုဟာက Spirited Away ကို တိုက်ရိုက် ထုတ်လွှင့်ပြီး ပြဇာတ်အနေနဲ့ ကပြခဲ့တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေရဲ့ ပြဇာတ်အငွေ့အသက်လေးကို အပြည့်အဝ ခံစားရမှာဖြစ်ပြီး ဖန်တီးမှုတွေကိုလည်း အံ့ဩမှင်သက်ဖွယ် တွေ့ရှိရမှာပဲ ဖြစ်ပါတယ်။ ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်ကလည်း အင်မတန် ချီးကျူးစရာကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ချီဟီရိုဆိုတဲ့ ကလေးမလေးတို့ မိသားစုက နယ်မြို့လေးကို ပြောင်းလာရင်း လမ်းပျောက်ရာကနေ လှိုဏ်ဂူတစ်ခုထဲကို ဝင်ကြည့်ခဲ့တယ်။ ဒီလိုနဲ့ပဲ စူးစမ်းရင်း ချီဟီရိုရဲ့ မိဘတွေဟာ လူသူမရှိတဲ့ ဈေးထဲက အစားအစာတွေကို စားပြီး ဝက်တွေ ဖြစ်သွားခဲ့တယ်။ တကယ်တော့ သူတို့ဟာ မှော်အစွမ်း လောကထဲကို ရောက်ရှိသွားကြတာပါ။ မိဘတွေ ဝက်ဖြစ်သွားပြီး မှော်လောကမှာ ဒုက္ခရောက်နေတဲ့ ချီဟီရိုကို ဟခု ဆိုတဲ့ ကောင်လေးက ကူညီပေးခဲ့တယ်။ ဒီလိုနဲ့ပဲ ချီဟီရိုတစ်ယောက် ရောက်ရှိနေတဲ့ လောကကြီးက ဘယ်လိုလဲ ဘာတွေလဲ မိဘတွေနဲ့ရော လူ့လောကကို ပြန်နိုင်မှာလား သိရအောင် အဆုံးထိ ကြည့်လိုက်ကြရအောင်…. File Size :(3.03GB)(and (1.2GB) Quality :WEB-DL1080P, 720p Format…mp4 Duration…02:50:00 Genre : Family, Adventure , Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Kit Encoded by Phyo Pyae

Drama
7 2022
Spirited Away Live Stage Performance First Distribution
Sly
7.1

Sly (2023) ~ IMDb – 7.1/10, Rotten Tomatoes – 77% ~ စတားလုံး ကို ဘယ်သူလဲလို့ အထူးတလှယ် မိတ်ဆက်ပေးစရာလိုမယ်မထင်ဘူး။ Rocky Franchise, Rambo Franchise တွေနဲ့ အက်ရှင်ရုပ်ရှင်လောကမှာ ဂန္ထဝင်ကြီးတစ်ယောက်ဖြစ်ခဲ့တဲ့အပြင် အသက်ကြီးမှ The Expendables နဲ့ပါ အက်ရှင်ကားတွေဆက်ရိုက်ခဲ့တယ်။ ဒီ Documentary ဟာ စတားလုံးရဲ့ ခက်ထန်တဲ့ ငယ်ဘဝကနေ ဟောလိဝုဒ်ရဲ့တောင်ထိပ်တွေအထိ ဘယ်လို ခြေအားပြင်းပြင်း ဆောင့်တက်ခဲ့သလဲဆိုတာကို ခြေရာကောက်ရင်း သူထမ်းပိုးထားရတဲ့ နောင်တတွေကို ဖြုတ်ချခဲ့ဖို့ ကြိုးပမ်းပုံတွေအကြောင်းပါ။ Arnold Schwarzenegger နဲ့ Quentin Tarantino တို့လည်း ပါဝင်ထားပါတယ်။ ” ငါ့မှာ နောင်တတွေရှိလား… အေးပေါ့ နောင်တတွေအများကြီးရှိတာပေါ့ “ ရုပ်ရှင်ကို ဒီလိုစတယ်။ သူ့လို ‌ထိတ်ထိတ်ကြဲစတားတစ်ယောက်အ‌တွက် နောင်တဟာ ဘာတွေလဲ။ အမြဲတမ်း မျက်နှာမာမာနဲ့ စက်သေနတ်ကြီးကိုင်ပြီး ကြမ်းရမ်းပြခဲ့တဲ့သူတစ်ယောက်က အသက်ကြီးတဲ့အချိန်မှာ သူ့နောင်တတွေကို ပြောပြတာမြင်ရတော့ စိတ်ထဲတစ်မျိုးလေး ခံစားရမှာပါ။ ဂရုဏာလား… မေတ္တာလား… စရိုက်ကြမ်းတဲ့နယ်မှာမွေးတယ်၊ စရိုက်ကြမ်းတဲ့အဖေ့ဆီမှာ ကြီးပြင်းခဲ့ရတယ်။ ငယ်ငယ်ကတည်းက မျက်စိမှေးမှေး၊ ပါးတခြမ်းစောင်းနေတဲ့သူ့အတွက် သရုပ်ဆောင်အလုပ်ဆိုတာ အိပ်မက်ထဲမှာတောင် ‌ယောင်ပြီးမက်မယ့်ကိစ္စမဟုတ်ခဲ့ဘူး။ ဒါပေမဲ့ စတားလုံးက စိတ်ကူးယဉ်သမား… စိတ်ကူးယဉ်သမားဆိုတာထက် ရည်မှန်းချက်ကြီးတဲ့လူဆိုရင် ပိုမှန်လိမ့်မယ်။ သူ ဒီလိုရည်မှန်းချက် တပွေ့တပိုက်နဲ့ ဟောလိဝုဒ်တောနက်ကြီးထဲကိုခြေချခဲ့တယ်။ ခြင်္သေ့ပေါက်ကလေးအနေနဲ့ပေါ့။ စတားလုံးအတွက် ဇာတ်ကောင်နေရာဆိုတာမရှိဘူး။ ဘယ်ဇာတ်ကောင်နဲ့မှအံဝင်မယ်ဆိုတာမျိုး မရှိဘူး။ ဒါရိုက်တာတိုင်း ထုတ်လုပ်သူတိုင်း ဒီလိုပြောခဲ့ကြတယ်။ ဒီတော့ သူဘာလုပ်ခဲ့လဲ။ သူ့အတွက်ဇာတ်ကောင်မရှိရင် သူ့‌ဇာတ်ကောင်သူ ဖန်တီးမယ်။ ဒီလိုနဲ့ Rocky မွေးဖွားခဲ့တယ်။ Rambo မွေးဖွားခဲ့တယ်။ Rocky ရုပ်ရှင်တစ်ကားချင်းစီက သူ့ဘဝဖြတ်သန်းမှုကို ဘယ်လိုဘယ်ပုံ ထင်ဟပ်နေကြောင်း ဒီရုပ်ရှင်ထဲမှာတွေ့ရမယ်။ Rocky ရဲ့ မဆုတ်မနစ်ကြိုးစားပုံတွေ၊ မိသားစုကို ဂုဏ်ယူစေချင်ပုံတွေ၊ အချစ်ကိုတန်ဖိုးထားပုံတွေ၊ ဘဝသစ်ပြန်စပုံတွေ ဒီလိုတွေ။ Rambo ကတော့ သူ့ရဲ့ အရိုင်းဆန်တဲ့ဘက်ခြမ်းပေါ့။ သူ့ဘဝမှာ အဲဒီဇာတ်ကောင် ၂ နေရာကို သရုပ်ဆောင်ခဲ့ရတာနဲ့တင် အသက်ရှင်ရကျိုးနပ်ပြီတဲ့လေ။ ဒါပေမဲ့ စတားလုံးဘဝမှာ မပေါက်တဲ့ရုပ်ရှင်တွေ၊ မအောင်မြင်တဲ့ဆက်ဆံရေးတွေ တပုံတပင်ရှိခဲ့တယ်။ ဒါတွေကို သူ့ရဲ့ ရုပ်ရှင်တွေထဲမှာ ထည့်ရေးခဲ့တယ်။ ထည့်ပြောခဲ့တယ်။ ထည့်သရုပ်ဆောင်ခဲ့တယ်။ သူ့အတွက် ရုပ်ရှင်ရိုက်တယ်ဆိုတာ လက်တွေ့ဘဝမှာ မဖြစ်လာနိုင်တဲ့ကိစ္စတွေကို ရုပ်ရှင်ထဲဖြစ်ခွင့်ပေးလိုက်တာပဲ။ ဒီ ဒိုကူကိုကြည့်ရင်း စတားလုံးရဲ့ အရင်ကားဟောင်းတွေကိုပါ နောက်တကြိမ်ထပ်ကြည့်ချင်စိတ်ဖြစ်လာခဲ့ရင်၊ ဖြစ်လည်းဖြစ်လာနိုင်တာကြောင့် Channel Myanmar မှာ Rocky Franchise၊ Rambo Franchise အပြင် တခြား စတားလုံးရုပ်ရှင် အများစုရှိပါတယ်။ အဲဒီရုပ်ရှင်တွေထဲက စကားတစ်ကြောင်းချင်းစီကို စတားလုံးဘဝနဲ့ ယှဉ်ပြီး ပြန်ခံစားကြည့်နိုင်ပါတယ်။ သူရိုက်ခဲ့တဲ့ရုပ်ရှင်တွေက ကျွန်တော်တို့ယူဆထားတဲ့ သာမန်အက်ရှင်ရုပ်ရှင်တွေဆိုတာထက်အများကြီးပိုကြောင်း ဒီ Documentary မှာမှ သိခွင့်ရတယ်။ ရုပ်ရှင်တွေကိုလုပ်ရင်း သူ့ရင်ထဲက ဘာနဲ့ဖြည့်ဖြည့် ပြည့်မှာမဟုတ်တဲ့ ဟာကွက်တစ်ခုကိုဖြည့်ဖို့ကြိုးစားခဲ့တယ်။ ဒီလိုမင်းသားကြီးဟာ ဝမ်းနည်းစရာဇာတ်သိမ်းတွေကိုမကြိုက်ပါဘူးတဲ့။ ဘာကြောင့်မကြိုက်သလဲ ဆိုတဲ့အကြောင်းပြချက်က သူ့မှာ အခိုင်အမာရှိနေနှင့်ပြီးသားပါ။ ဒီအကြောင်းတွေနဲ့ စတားလုံးဆိုတဲ့ပြယုဂ်တစ်ခု ဘယ်လိုထုဆစ်ခဲ့သလဲဆိုတာကို ဒီ Documentary နဲ့ ခံစားလိုက်ကြတာပေါ့။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 945MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 35Min Genre – Biography, Documentary Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

7.1 2023
Sly
The X-Treme Riders

The X-Treme Riders (2023) အသစ်ထွက်ရှိထားတဲ့ ထိုင်းအက်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ ဇာတ်လမ်းအကျဉ်းကတော့ Fun နဲ့ Kla ရဲ့ အဖေက လက်ဝှေ့အားကစားရုံပိုင်ရှင်ဖြစ်ပြီးတော့ သားဖြစ်သူ Kla ကို လက်ဝှေ့အမွေ ပေးချင်နေတဲ့သူပါ။ အဖေဖြစ်သူ ရုတ်တရက်ဆုံးပါးသွားပြီးတဲ့နောက်မှာ သမီးဖြစ်တဲ့ Fun ကပဲ လက်ဝှေ့ရုံကို အမွေဆက်ခံပြီးတော့ သားဖြစ်တဲ့ Kla ကတော့ အိမ်ကနေထွက်သွားပြီး မူးယစ်ဆေးရောင်းဝယ်ရေးလုပ်တဲ့ ပြိုင်ကားမောင်းတဲ့အဖွဲ့ထဲ ဝင်သွားပါတယ်။ တစ်နေ့မှာ အမေဖြစ်သူ ကျန်းမာရေးမကောင်းဖြစ်ပြီး နှလုံးအစားထိုးကုသဖို့ ငွေအများကြီးလိုလာတဲ့အခါ Fun က MMA ချန်ပီယံတစ်ယောက်နဲ့ ယှဉ်ပြိုင်ရမယ့် လက်ဝှေ့ပြိုင်ပွဲမှာ ဝင်ပြိုင်ပြီး ဆုကြေးဘတ်တစ်သန်းရအောင် ကြိုးစားပါတော့တယ်။ တစ်ဖက်မှာလည်း မူယစ်ဆေးရောင်းဝယ်တဲ့ အဖွဲ့တွေက လက်ဝှေ့ပွဲအကြောင်းပြပြီး မူးယစ်ဆေးသယ်ပို့ဖို့ လုပ်ကြတဲ့အခါ မောင်နှမနှစ်ယောက် ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ကြည့်လိုက်ကြပါစို့။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama Quality…. 1080p | 720p File size… 1.4GB | 587MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. Aaron

0 2023
The X-Treme Riders
Identity Crisis

Grey Anatomy, History of the World, Light outနဲ့ The Fabulousတို့ထဲက သရုပ်ဆောင်ပိုင်နိုင်လှတဲ့ မင်းသမီး Scout Lepore ကနေ ဒီဇာတ်လမ်းထဲမှာ ၂ကိုယ်ခွဲပြီး လက်ဖျားခါလောက်အောင် သရုပ်ဆောင်ထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Scout Lepore အပြင် Greenhouse Academy, 20th Century Womenနဲ့ Side Effects အစရှိတဲ့ seriesတွေထဲက Finn Robertsနဲ့အတူ ဂန္တဝင်ကြီး Maria Canals-Barrera၊ Eliza Shin၊ Alexandra Boylanနဲ့ Elester Lathamတို့က အတူတကွ ဇာတ်ကို အထွတ်ထိပ်ရောက်အောင် ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဥ်းကို ပြောပြရရင် ဒီဇာတ်လမ်းကို “ကိုယ့်ကိုယ်ကိုရှာဖွေခြင်း”လို့ ဘာသာပြန်သူအနေနဲ့ သမုတ်ချင်ပါတယ်။ မက်ဒီစင် မွန်ဂိုးမယ်ရီ,ဆိုသူက မျိုးရိုးဗီဇကို လေ့လာသင်ယူနေနဲ့ ပထမနှစ် သိပ္ပံပညာရှင်လေးဖြစ်ပါတယ်။ သူက သိပ်တော်တဲ့ သိပ္ပံပညာရှင်ဖြစ်ကြောင်း သူတီထွင်ထားတဲ့ စကားပြောနိုင်တဲ့ မှန်ကို ရုပ်ရှင်အစောပိုင်းမှာတင် ကြည့်ရုံနဲ့ သိရှိနိုင်ပါတယ်။ ဒါပေမယ့် မက်ဒီစင်က သိပ်တော်လှပေမယ့် သူ့ကိုယ်သူ လူရာမဝင်သလို၊ သူ့ရဲ့အမေက သူ့ကို ဂုဏ်မယူသလို၊ အရာရာကို မလုပ်ရဲ မကိုင်ရဲ ဖြစ်နေပါတယ်။ အဲဒီလိုနဲ့ မက်ဒီစင်တစ်ယောက် ပြည့်စုံတဲ့ သူကို ဖန်တီးဖို့ Clone လို့ခေါ်တဲ့ ပုံတူပွားခြင်းနည်းပညာကို ရှာဖွေစမ်းသပ်ပါတော့တယ်။ စမ်းသပ်ရင်းကနေ နောက်ဆုံးတော့ သူ့ကိုယ်သူ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ သူမလုပ်ရဲမကိုင်ရဲဖြစ်နေတဲ့ အရာတွေကို သူ့ရဲ့ပုံပွား ကလုံးနဲ့ အစားထိုးလာပါတော့တယ်။ ကလုံးနဲ့ မက်ဒီစင် ထပ်တူညီဖြစ်အောင် Balancing လုပ်ရင်း မက်ဒီစင် တစ်ယောက် သူ့ကိုယ်သူ ရှာတွေ့သွားမလား ….. သူ ကလုံးလုပ်ခြင်းနည်းပညာကို ရှာဖွေတွေ့ရှိထားတာကို လူတွေ မသိအောင် ဘယ်လို ဖုံးဖိကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။ File size…(2.3 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Family, Science Fiction, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by MIn Khant Kyi Win

0 2023
Identity Crisis
Moon Maidens

Moon Maidens (2023) ================ အညွှန်းမစခင် ဇာတ်ကားမှာပါဝင်တဲ့လူကြီးပြကွက်တချို့ကြောင့် ကလေးသူငယ်တွေ၊မိသားစုတွေနဲ့ အတူကြည့်ရှုလို့ကောင်းတဲ့ ဇာတ်ကားမျိုးမဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။ ဇာတ်လမ်းအဖွင့်မှာတော့ မက်စ်တစ်ယောက် အိမ်နီးချင်းမိန်းမနဲ့ ကုတင်ပေါ်ရောက်နေတာကို အလုပ်ခရီးကနေ စောပြန်လာတဲ့ မိန်းမက လက်ပူးလက်ကြပ်သွားတာနဲ့အစပြုထားပါတယ်။ ပြဿနာအကြီးအကျယ်တက်မလို့ရှိသေး၊ သူတို့အိမ်နားမှာ ကျ လာတဲ့ဥက္ကာခဲအပိုင်းအစကို သူ့မိန်းမက ကောက်ကိုင်လိုက်ရာ ကနေ အခြေအနေတွေပြောင်းပြန်ဖြစ်သွားတော့တာပါပဲ။ ဖောက်ပြန်လို့စိတ်ဆိုးရမဲ့အစား သူ့မိန်းမက အရမ်းတွေအလိုက် သိပြီး လင်ထိပ်ထားစံပုံစံမျိုးဖြစ်သွားပါတယ်။ ဒါ့အပြင် အဲ့ဥက္ကာခဲ အပိုင်းအစကို ဆွဲကြိုးလုပ်ပြီး တခြားမိန်းကလေးတွေကိုပါ လိုက် ဝတ်ခိုင်းရင်း အဲ့မိန်းကလေးတွေပါ ထူးထူးဆန်းဆန်းပြောင်းလဲကုန် တော့တာပါပဲ။ တစ်ဖက်မှာတော့ မက်စ်လုပ်နေတဲ့ ဂြိုဟ်တုစီမံကိန်း ကို ခိုးဖို့ကြံနေတဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေလည်း ရှိပါသေးတယ်။ ဆက်လက်ပြီး ဇာတ်သိမ်းနဲ့အဖြေကိုသိရအောင် ဇာတ်ကားကိုကြည့် ရှုခံစားလိုက်ကြပါဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(720 MB) / (300 MB) Quality…………WEB-DL 1080p / 720p Duration………1Hr Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Sci-Fi Translator…….Ngwe Zin Encoder……….SWM

Thriller
0 2023
Moon Maidens
Distortion
6.2

Distortion (Khon Lok Jit) (2012) IMDb – 6.2/10 ရုပ်ရှင်နယ်ပယ်မှာ နိုင်ငံအသီးသီးကရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းနာမည်ပါပဲ။ အခုတင်ဆက်ပေးမဲ့ ဇာတ်လမ်းတော့ ထိုင်းရုပ်ရှင်ဇာတ်လမ်းပါ။ ထင်ယောင်ထင်မှားမှုကနေ ဖြစ်ပေါ်လာတဲ့ psychological-thriller ရုပ်ရှင်ပေါ့။ စိတ်ရောဂါပညာရှင်၊ သိပ္ပံပညာရှင်၊ စီးပွားရေးသမားနဲ့ ကျောင်းသူလေးတစ်ယောက်။ သူတို့လေးဦးကြားက ဖုံးကွယ်ထားတဲ့ အကြောင်းအရာကိုယ်စီနဲ့ တိုက်ဆိုင်စွာပဲ ကွင်းဆက်လူသတ်မှုထဲမှာ ကိုယ်စီပါဝင်လာကြတဲ့အခါ…။ ဒေါက်တာကူရန်ဆိုတဲ့ စိတ်ရောဂါပညာရှင်က သတင်းမှာတွေ့လိုက်ရတဲ့ လူသတ်မှုဖြစ်ရာနေရာကို ရောက်လာခဲ့ပါတယ်။ တိုက်ဆိုင်စွာနဲ့ပဲ အဲဒီလူသတ်မှုနောက်မှာ ကွင်းဆက်လူသတ်မှုတွေဖြစ်လာခဲ့ပြီး အသတ်ခံလိုက်ရတဲ့သူတွေကလည်း လိင်တူချစ်သူတွေဖြစ်နေပါတယ်။ ထပ်ပြီးတိုက်ဆိုင်တာက အသတ်ခံရတဲ့လူတွေဟာ ဒေါက်တာကူရန်ရဲ့ ကျောင်းနေဖက်တွေဖြစ်နေတဲ့နောက်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်) Genre….. Drama, Sci-fi, Thriller Quality…. 1080p | 720p File size… 2.6GB | 1.1GB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

6.2 2012
Distortion
Rush
8.1

Romance လည်းကြည့်ချင်တယ် Sports ကလည်း ပါချင်သေးတယ် Actionလည်း ကြည့်ချင်တာဆိုရင်တော့ တစ်ကားတည်းနဲ့ ရသမျိုးစုံခံစားရစေမဲ့ မင်းသားကြီး Chris Hemsworth ရဲ့ ဒီmovie‌‌ လေးကို recommend‌ ပေးပါရစေ။ ဒီကားကိုတော့ အားကစားကိုစိတ်ဝင်စားတဲ့သူတွေ ကားပြိုင်ပွဲတွေကြည့်ရတာ စိတ်ဝင်စားတဲ့သူတွေနဲ့ ကားတွေအကြောင်းစိတ်ဝင်စားတဲ့သူတွေ ကြည့်သင့်ပါတယ် ပြီးတော့ ဒီရုပ်ရှင်လေးက တကယ့်ဖြစ်ရပ်မှန်ပေါ်အခြေခံပြီး ရိုက်ကူးထားတာဖြစ်လို့ အစကနေအဆုံးထိ လုံးဝ မပျင်းရအောင် ဆွဲဆောင်သွားမှာအာမခံပါတယ်။ အဲ့တော့ ဇာတ်ကောင်တွေအကြောင်းကို နည်းနည်းလောက် အကျဉ်းချုံးလေး ပြောပြချင်ပါတယ် အဓိက ဇာတ်ကောင်တွေအနေနဲ့ကတော့ James Huntနဲ့ Niki Lauderဆိုတဲ့ ပြိုင်ကားသမားနှစ်ယောက်ကြားက ယှဉ်ပြိုင်မှုတွေ သူတို့ရဲ့ ဘဝစိတ်နေစိတ်ထားတွေကို ပြသထားပါတယ်။ သူတို့ကပြိုင်ဘက်‌တွေဖြစ်ပေမယ့် သဘောထားကတော့ အတော်လေးကွာခြားတယ်လို့ပြောလို့ရပါတယ် Jamesက ဆံပင်ရှည်ရှည် ခန္ဓာကိုယ်ကခပ်မိုက်မိုက်နဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေါ့၊ ဘဝကိုပျော်ပျော်နေတတ်ပြီး စည်းတွေကမ်းတွေနဲ့ဆို မနေတတ်တဲ့သူ၊ တစ်ခုခုဆို တဇွတ်ထိုးလုပ်တဲ့သူ၊ နိုင်ဖို့စိတ်အားထက်သန်ပြီး အနိုင်ရဖို့ အသက်ကိုတောင် လောင်းကြေးထပ်ရဲတဲ့သူ။ Nikiကတော့ ပုံရိုးပြီး စတိုင်လည်း သိပ်မထုတ်တတ်တဲ့သူ၊ ဘဝကို တသမတ်တည်းနေတတ်ပြီး တစ်ခုခုဆို စဉ်းစားချင့်ချိန်တွက်ချက်ပြီးမှ လုပ်တဲ့သူ။ အဲ့လိုမျိုး ဘဝခံယူချက်သဘောထားတွေ မတူကြပေမယ့် ကားပြိုင်ပွဲမှာတော့ သူတို့ရဲ့လယ်ဗယ်ကလာတူနေတဲ့အခါ ပြိုင်ပွဲတိုင်းမှာ အကြိတ်အနယ်ဖြစ်နေပြီး ထိပ်တိုက်တွေ့ရတဲ့အခါမှာ သူတို့တွေအဆင်ပြေကြပါ့မလား လူတွေယူဆထားတဲ့အတိုင်း သူတို့ကတကယ်ပဲ ရန်သူတွေလား? ကားပြိုင်ပွဲတွေရဲ့ထုံးစံအတိုင်း အသက်ကိုပါလောင်းကြေးထပ်ပြီး ပြိုင်ရတာဖြစ်တဲ့အတွက် သူတို့တွေ ဘေးကင်းကြပါ့မလား နောက်ဆုံးမှာ ဘယ်သူကအောင်နိုင်သူလဲ ဘယ်သူကအရှုံးသမားလဲ ဘယ်သူ့အယူအဆကမှန်ပြီး ဘယ်သူကမှားနေခဲ့တာလဲ စသဖြင့် drama၊ အဓိက‌ဇာတ်ကောင်နှစ်ယောက်က ပြိုင်ကားသမားတွေဖြစ်လို့ သူတို့ယှဉ်ပြိုင်တဲ့ ကားပြိုင်ပွဲတွေ အတွေ့အကြုံတွေကို ပီပီပြင်ပြင် ရိုက်ကူးထားလို့ action, sports စသဖြင့် genreအမျိုးအစားစုံလင်စွာနဲ့ သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားစွာကြည့်ရှုရမှာဖြစ်ပါတယ် File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:03:00 Genre…Action, Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe

8.1 2013 123 mins
Rush
French Kiss
6.6

When Harry meets Sally, You’ve got mail, Sleepless in Seattle လိုမျိုး 90s romantic movies တွေရဲ့ ပင်တိုင်စံ မင်းသမီးကြီး တစ်ယောက်ဖြစ်တဲ့ Meg Ryan ရဲ့ romance ကားကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကိတ်ဆိုတာက ဘ၀မှာ ဘာမှ မစွန့်စားရဲ သာမန်ရိုးကျလိုပဲ နေတတ်လွန်းတဲ့သူပေါ့။ သူ့ရဲ့ စေ့စပ်ထားသူဖြစ်တဲ့ ချာလီနဲ့ အတူတူ အိမ်လေး တစ်လုံး၀ယ် အခြေချဖို့ပဲ မျှော်လင့်ထားပြီး အချစ်မြို့တော် ပါရီမြို့ကို ချာလီနဲ့အတူတူ လေယာဉ်စီးလိုက်ခဲ့ဖို့ကိုတောင် မဝံ့ရဲတဲ့သူ‌‌လေးပါ။ ဒီလိုမျိုးကိုမှ ပါရီကို ထွက်သွားတဲ့ ချာလီတစ်ယောက်က ပြင်သစ်သူ တစ်ယောက်နဲ့ ငြိပြီး လမ်းခွဲဖို့တွေ ပြောလာတဲ့အခါမှာတော့ ကိတ်တစ်ယောက် ဘာကိုမှမကြောက်နိုင်တော့ပဲ ချာလီ့ကို ရှာဖို့ ပြင်သစ်ကို ထွက်လာရပါတော့တယ်။ ကိတ်ရဲ့ ပြင်သစ်တခွင် ချာလီ ရှာပုံတော်ခရီးမှာ ပါလာတဲ့သူကတော့ “လု”လည်းမဟုတ် “လယု”လည်းမဟုတ်တဲ့ “လျုခ်” တက်ဆီယာဆိုတဲ့ ပြင်သစ်သား သူခိုးတစ်ယောက်ပေါ့။ ကိတ်ကို အသုံးချပြီး ပြင်သစ်နိုင်ငံထဲ ပစ္စည်းခိုးသွင်းခဲ့တာကနေပဲ သူမရဲ့ ရှာပုံတော်ခရီးကို လိုက်ကူညီပေးဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ စလာတည်းက ဘုနဲ့ဘောက် တကျက်ကျက် စကားများနေရတဲ့ သူတို့ နှစ်ယောက်ရဲ့ ရည်းစားပျောက်ရှာပုံတော်ခရီးမှာ ချာလီကိုရော ရှာတွေ့ကြပါ့မလား။ ကိတ်နဲ့ လျုခ်တို့ကြားမှာ တဖြည်းဖြည်းနဲ့ ပေါက်ဖွားလာတဲ့ အချစ်မေတ္တာလေးတွေကရော သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးအတွက် လမ်းစတစ်ခု ဖြစ်လာပါ့မလား။ ဒီခရီးကြီးရဲ့အဆုံးမှာရော သူတို့တွေရဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်က ဘယ်လိုပြီးဆုံးသွားမလဲ ဆိုတာကို ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။ File size… 2.1 GB / 972 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 51m Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman

Thriller
6.6 1995
French Kiss
Killer Babes
5

· စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး နီနာ · ဆိုရှယ်မီဒီယာ အင်ဖလူယန်ဇာ လူစီယာ · ရုပ်ရှင်မင်းသမီး မာရီဆဲလာ ကျိကျိတက် ချမ်းသာတဲ့ ဒီအမျိုးသမီး ၃ ဦးဟာ မိမိချစ်ရတဲ့ ခင်ပွန်းသည်တွေထံမှာ စော်ကားမှု၊ စွန့်ပစ်မှု၊ နောက်ကျောဓားထိုးမှုတွေကို မသိတစ်ဖုံ သိတစ်ဖုံ အသီးသီး ခံနေရတာဖြစ်ပါတယ်။ သူငယ်ချင်းမ ၃ ဦးသား ကိုယ့်ခင်ပွန်းသည်တွေရဲ့ အကျင့်ယုတ်မှုတွေကို မျက်ဝါးထင်ထင် မြင်လာရတဲ့တစ်နေ့မှာ မိမိခံရတဲ့အတိုင်း ယောက်ျားတွေ ပြန်ပေးဆပ်နိုင်အောင် လက်စားချေဖို့ ကြံစည်ကြပါတော့တယ်။ သူမတို့ရဲ့ ကလဲ့စားအစီအစဥ်ကို အကောင်အထည်ဖော်ပေးဖို့ သင့်တော်မဲ့လူကို ရှာဖွေကြရင်း သီချင်းအဆိုဝါသနာရှင် ‘ကြေးစား လူသတ်သမား’ မာနွယ်လ် အာလက်ဟန်ဒရိုနဲ့ တွေ့ဆုံသွားကြတဲ့အချိန်မှာ… သူမတို့ လိုချင်တဲ့ပန်းတိုင်ဆီ အစီအစဥ်တကျ သွားနိုင်ပါ့မလား၊ ဘယ်လိုအတားအဆီးတွေကို ရင်ဆိုင်ရမလဲဆိုတာကို ဟာသနှောပြီး ရှုစားရမှာပဲဖြစ်ပါတယ်။ File size…1.81GB / 900MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 34m Genre ….. Comedy , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth

5 2024
Killer Babes
Becoming Astrid
7.1

Becoming Astrid (2018) ********************** အခု မိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ ဆွီဒင်စာရေးဆရာမ Asrid Lindgren အကြောင်းကို ကျောရိုးထားရိုက်ကူးထားတဲ့ Becoming Astrid ဆိုတဲ့ Biography, Drama ကား အမျိုးအစားပါ ကလေးတွေအတွက် စာအုပ်များစွာကို ရေးသားခဲ့တဲ့ Astrid ကို သူ့ပရိသတ်ကလေးတွေက မွေးနေ့ဆုတောင်း ပို့တဲ့အသံဖိုင်လေးကို ဖွင့်ပြီးနားထောင်တဲ့ ပုံစံနဲ့ သူ့ငယ်ဘဝကိုပါ တစ်ပါတည်း ရိုက်ကူးပြသထားပါတယ် Astrid ငယ်စဉ်ကတည်းက ပုံပြောကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ စာရေးစာဖတ်ကို အရမ်းဝါသနာပါပြီး တစ်နေ့မှာတော့ သူတို့မြို့လေးက သတင်းစာတိုက်မှာ အလုပ်သင်လုပ်ခွင့်ရခဲ့ပါတယ် အယ်ဒီတာကတော့ အိမ်ထောင်ရေးအဆင်မပြေဖြစ်နေတဲ့ သူပါ… သူစိတ်ညစ်စရာတွေကို နှစ်သိမ့်ပေးရင်း Astrid နဲ့ ချစ်ကြိုးသွယ်မိရာက Asrid တစ်ယောက် ကိုယ်ဝန်ရသွားပါတယ် ကလေးကို တိတ်တိတ်ပုန်းမွေးပြီး သားလေးကို ဒိန်းမတ်မှာ ထားခဲ့ရတဲ့ Astrid တစ်ယောက် ဘဝကို ဘယ်လိုဖြတ်သန်းခဲ့ရလဲ ဆိုတာတော့ ဆက်လက်ကြည့်ရှုကြပါ… IMDB rating 7.1 ထိ ရထားတဲ့ ဇာတ်လမ်းကားလေးဖြစ်လို့ ဒရမ်မာချစ်ပရိသတ်တွေ လက်မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းပေးချင်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်… File Size : 1.69GB / 738MB Quality : Blu-Ray 1080p / 720p Duration : 02:03:00 Genre : Biography, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by Heather Oo

Action • Thriller
7.1 2018 123 mins
Becoming Astrid
Kalashnikov
6.6

ကမ္ဘာပေါ်မှာ လူတွေရဲ့အသက်ကို အများဆုံးချွေခဲ့တဲ့ သေနတ်ကို ပြောပါဆိုရင် အေကေ-ဖော်တီဆဲဗန်း (AK-47) မောင်းပြန်ရိုင်ဖယ်ကိုပဲ ပြောရမှာပါပဲ။ အဲဒီလက်နက်ဟာ လက်နက်ငယ်လောကကို တစ်ခေတ်ဆန်းစေခဲ့ပြီး ကမ္ဘာအနှံ့မှာ အသုံးပြုတာခံခဲ့ရသလို လက်နက်ငယ်ပေါင်းများစွာဟာလည်း ဒီသေနတ်ကို အခြေခံပြီး တီထွင်ခဲ့ရတာပါ။ ဒီသေနတ်ကို official အနေနဲ့ ကာလရှညိကော့ဖ် ရိုင်ဖယ်လို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရုရှားရဲ့ လက်နက်တီထွင်သူ ဉာဏ်ကြီးရှင် မီခေး ကာလရှညိကော့ဖ် ဆိုသူက တီထွင်ခဲ့လို့ပါပဲ။ ကာလရှညိကော့ဖ်ဟာ အတန်းပညာ ဆုံးခန်းမတိုင်ခဲ့သလို တပ်ကြပ်အဆင့်နဲ့ တီထွင်သူဖြစ်လာခဲ့တာပါ။ ဒီသေနတ်ကို မတီထွင်ခင်မှာ ဒုတိယကမ္ဘာစစ်ရှေ့တန်းစစ်မျက်နှာမှာ တင့်တပ်သားအနေနဲ့ အကြီးအကျယ် တိုက်ပွဲဝင်ခဲ့ဖူးတဲ့သူ ဖြစ်ပါတယ်။ အဲဒီတုန်းက ဆိုဗီယက်တပ်တွေနဲ့ ဂျာမန်တပ်တွေ ဘတပြန် ကျားတပြန် တိုက်ခိုက်နေကြချိန်မှာ ဆိုဗီယက်တွေရဲ့ ရိုင်ဖယ်ဟာ ဂျာမန်တွေရဲ့ Sturmgewehr 44 rifle တွေကို မယှဉ်နိုင်ဘဲ အတော်အထိနာကြတဲ့ အခြေအနေမှာ ရှိပါတယ်။ ဆိုဗီယက်ဘက်မှာလည်း လက်နက်တွေကို ဆက်တိုက်စမ်းသပ်ထုတ်လုပ်နေပေမယ့် လက်နက်တစ်ခေတ်ဆန်းသွားလောက်စေမယ့် လက်နက်မျိုး ပေါ်မလာခဲ့သေးပါဘူး။ ဒီရုပ်ရှင်မှာတော့ ကာလရှညိကော့ဖ်ရဲ့ ဘဝဇာတ်ကြောင်းရယ် ဆိုဗီယက်ရဲ့ စတာလင်ဆုရ တီထွင်သူ သူရဲကောင်း ဖြစ်လာတဲ့အထိ အခက်အခဲတွေ ကျော်ဖြတ်ခဲ့ရပုံကို ပြသထားတာပဲ ဖြစ်ပါတယ်။ အတ္ထုပ္ပတိရုပ်ရှင် အမျိုးအစားကို ကြိုက်တတ်တဲ့သူတွေအတွက်တော့ ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ ဒီဇာတ်ကားကိုတော့ ရုရှားဘာသာကနေ Kay Z L က ဘာသာပြန်ပေးထားပါတယ်။ File size…(5.25 GB)/(2.2 GB)/(1 GB) Quality….Webrip 4K HEVC/Blu-Ray 1080p / 720p Format… mp4 Duration…. 01:50:00 Genre… Biography, Drama, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by KZL

Comedy • Drama
6.6 2020 105 mins
Kalashnikov
It Feeds
5.6

It Feeds (2025) IMDb Rating (5.6) / Rotten Tomatoes (84%) စင်သီယာနဲ့ဂျော်ဒန်တို့သားအမိဟာ ပရလောကကိုမြင်နိုင်စွမ်းရှိသူတွေဖြစ်ပြီး အတိတ်ကဖြစ်ရပ်ဆိုးတစ်ခုကြောင့်အခုချိန်မှာတော့ ကုထုံးပညာရှင်အဖြစ်အသက်မွေးနေပေမယ် သူတို့ကူညီနိုင်လောက်တဲ့ ပေါ့ပေါ့ပါးပါးကိစ္စလေးတွေကိုတော့ကူညီလေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူတို့အိမ်ကို ရိုင်လီဆိုတဲ့ မိန်းကလေးတစ်ယောက် ရုတ်တရက်ရောက်လာခဲ့ပြီး သူ့ကိုကူညီဖို့ဇွတ်အတင်းတောင်းဆိုခဲ့ပေမယ့် သူ့အဖေဖြစ်သူရဲ့ဆွဲခေါ်မှုကြောင့်ပြန်ပါသွားခဲ့ပါတယ်။ ကောင်မလေးကို ပူးကပ်နေတဲ့အရာ/မကောင်းဆိုးဝါးဟာ အလွန်ကြမ်းတမ်းပြီးကြောက်စရာကောင်းတဲ့သူဆိုတာပညာပိုရင့်သန်တဲ့ စင်သီယာက မြင်လိုက်ရလို့ဆက်မလုပ်ဖို့တားပေမယ့် ပြောဆိုရခက်တဲ့ ဆယ်ကျော်သက်အရွယ်ဂျော်ဒန်ကရှေ့ဆက်တိုးရင်း သူကိုယ်တိုင်မကောင်းဆိုးဝါးရဲ့သားကောင်ဖြစ်သွားချိန်မှာတော့ စင်သီယာတစ်ယောက်အကြောက်တရားကိုဘေးချိတ်ပြီး သမီးဖြစ်သူကို ကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ ထင်မှတ်မထားပဲ ကြည့်ကောင်းနေတဲ့ ဇာတ်ကားပါပဲ။ နာမည်ကျော် ဟော်ရာကားတစ်ချို့ရဲ့အငွေ့အသက်တွေမြင်ရတာမျိုးလိုတစ်ချို့ဟာကွက်လေးတွေ ဖယ်ကြည့်မယ်ဆိုရင် သရုပ်ဆောင်ကောင်းကောင်း၊ Jump scare ကောင်းကောင်းတစ်ချို့နဲ့ဟော်ရာအရသာကောင်းကောင်းခံစားရစေမယ့် ဟော်ရာချစ်သူတွေအတွက် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1 GB) / (480 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:42:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

5.6 2025 102 mins
It Feeds