YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Snow Eagle Lord E08 720p WEB-DL CM.mp4

404.93 MB N/A video/mp4 557 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Raven
6.3

The raven 2012 ကွင်းဆက်လူသတ်သမား စုံထောက်ဇာတ်လမ်းမျိုးကိုမှ ၁၈၀၀ ပြည့်နှစ်ကာလကို အခြေခံထားပြီး ခမ်းခမ်းနားနားရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ မင်းသားတွေကလဲ 2012 ကမ္ဘာပျက်ဇာတ်ကားထဲက john cusack နဲ့ Dracula untold မင်းသား luke evans တို့ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကဗျာဆရာ၊ စာရေးဆရာ အက်ဒ်ဂါအလန်ပိုး ရဲ့ ပရိသတ်တဦးဖြစ်သူ လူသတ်သမားက ပိုးရဲ့ စိတ်ကူးယဉ်လူသတ်ဇာတ်လမ်းတွေကို အခြေခံပြီး လူသတ်မှုတွေစတင်ကျူးလွန်ခဲ့ပြီး ပိုးရဲ့ချစ်သူကိုပြန်ပေးဆွဲကာ သူမရှိရာနေရာကိုလာဖို့ လူတယောက်သတ်ပြီးတိုင်း သဲလွန်စတွေချန်ထားပေးတာတွေကနေတဆင့် လူသတ်သမားကိုဖော်ထုတ်နိုင်မလား ပိုးရဲ့ချစ်သူကိုရော အချိန်မီကယ်တင်နိုင်မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကစိတ်ကူးယဉ်ဇာတ်လမ်းဆိုပေမယ့် အက်ဒ်ဂါအလန်ပိုးရဲ့ ကဗျာတွေ ပုံပြင်ဇာတ်လမ်းတွေကတော့ ပိုးရဲ့စာအုပ်တွေထဲကယူသုံးထားတာတွေဖြစ်ပါတယ်။ File size…  1.1 GB /  489 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 51m Genre ..... Thriller , Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Chit Min Thu

Drama • History • Romance
6.3 2012 111 mins
The Raven
Addams Family Values
6.9

Addams Family ဟာ အမေရိကန်ကာတွန်းဆရာ Charles Addams ဖန်တီးခဲ့တဲ့ Fictional Family တစ်ခုဖြစ်ပြီး The New Yorker မဂ္ဂဇင်းမှာ 1938 ကတည်းက စတင်ပုံနှိပ်ဖော်ပြခံခဲ့ရတဲ့ နှစ်၁၀၀နီးပါး သက်တမ်းရှိပြီဖြစ်တဲ့ ကာတွန်းဇာတ်ကောင်တွေပါပဲ။ Tom & Jerry ထက်‌တောင် နှစ်နှစ်စောပေါ်ခဲ့တဲ့ ဇာတ်ကောင်တွေ‌ပေါ့။ 1964 မှာ The Addams Family ဆိုပြီး TV series အနေနဲ့ စအသက်သွင်းခဲ့ပြီး Addams Family franchise ကြီးစတင်ခဲ့ပါတယ်။ ခုထိဆို တီဗီစီးရီး ၇ခု ထွက်ပြီးပါပြီ။ 1991-1999အတွင်းမှာတော့ ရုပ်ရှင်သုံးကားထွက်ရှိခဲ့ပြီး 2019 နဲ့ 2021 မှာတော့ အန်နီမေးရှင်း၂ကားထပ်ထွက်ခဲ့ပါတယ်။ 2022 မှာတော့ တင်ဘာတန်ရဲ့လက်ရာနဲ့ Wednesday ထွက်လာခဲ့ပါတယ်။ Addams တွေဟာ ၂၀ရာစု အမေရိကန်မိသားစုတွေရဲ့ စံအတွေးအမြင်တွေကို သရော်ထားတဲ့ ဇာတ်ကောင်တွေဖြစ်ခဲ့ပြီး ၁၉၆၄ဇာတ်လမ်းတွဲမှာမှ ဇာတ်ကောင်နာမည်တွေ စပေးခဲ့တာပါ။ ဒီဇာတ်လမ်းတွေဟာ Pop Culture တစ်ခုဖြစ်လာခဲ့ပြီး Video game တွေ Academic Book တွေအထိထွက်ခဲ့သလို အမေရိကန် Comics, Cinema နဲ့ Television တွေအပေါ် လွှမ်းမိုးမှုကြီးခဲ့ပြီး Goth Subculture နဲ့ Fashion တွေကိုလည်း မြစ်ဖျားခံစေခဲ့ပါတယ်။ တင်ဘာတန်ရဲ့ Gothic ဟန်ဟာလည်း Addams တွေနဲ့ မကင်းလောက်ပါဘူး။ အခုမှာတော့ ပထမဆုံးထွက်ခဲ့တဲ့ Addams Family ရုပ်ရှင်နှစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Classic လို့ ပြောလည်းမမှားတဲ့ကားတွေပေါ့။ ဟန်ဆောင်မှုကင်းစွာ ယုတ်မာတတ်ကြသလို သဘောရိုးနဲ့လည်း ခြေထိုးခံတတ်ကြပြီး လူ့ဘောင်ကျင့်ဝတ်တွေနဲ့ လုံးလုံးလျားလျားလွဲနေတဲ့ သူတို့ရဲ့စံတွေကြောင့် ပတ်ဝန်းကျင်ရဲ့ အမြင်မကြည်မှု၊ မြင်မှန်းတန်းမိသူတွေဆီက နားလည်ရခက်တဲ့ အကြည့်တွေနဲ့ကြည့်ခံရပေမဲ့ သဘောချင်းတူတဲ့ အမျိုးအဆွေတွေဆီကနေတော့ လေးစားချစ်ခင်မှုကို ရရှိထားကြတဲ့ မိသားစုတစ်သိုက်ဖြစ်တဲ့ Addams Family အကြောင်းကို အားလုံးသိပြီးသားဆိုတော့ အထွေအထူးတော့ ပြောစရာမလိုပါဘူး။ တင်ဘာတန်ကြီးဖန်တွေရော Addams Family ဖန်တွေရော ကြည့်သင့်တဲ့ကားလို့ပဲ ပြောစရာရှိပါတယ်။ Dark Comedy Film တွေရဲ့ ထုံးစံအတိုင်း ဒီသောက်တလွဲလောကကြီးကို ဟားတိုက်ပစ်ချင်ရင်လည်း ကြည့်သင့်တဲ့ကားတွေပါပဲ။ ----------------------------------ဇာတ်လမ်းအကျဉ်း---------------------------------- Gomez နဲ့ Morticia တို့ဟာ ရင်သွေးနှစ်ချာ အသစ်စက်စက်ကလေးကို ပိုင်ဆိုင်ထားပြီး Wednesday နဲ့ Pugsley တို့က သူတို့မောင်ညီလေးကို သတ်ဖို့ ကြံပေမဲ့ မိဘနှစ်ပါး အဆူခံလိုက်ရသာ အဖတ်တင်ပြီး မအောင်မြင်ခဲ့ကြပါဘူး။ ဒီလိုနဲ့ အက်ဒမ်စ်တို့ဟာ ဒီကလေးကိုထိန်းဖို့ Debbie လို့ခေါ်တဲ့ နာနီတစ်ယောက် ငှားလိုက်ကြပါတယ်။ သူတို့မသိလိုက်တာကတော့ Debbie ဟာ သူဌေးတွေနဲ့ လက်ထပ်ပြီး သူတို့ကိုသတ်ပြီး အမွေရအောင်ကြံတတ်တဲ့ ကွင်းဆက်လူသတ်သမားဖြစ်နေတာပါပဲ။ ဒီလိုနဲ့ Debbie ရဲ့နောက်ပစ်မှတ်ဟာ Uncle Fester ဖြစ်လာခဲ့ပါတယ်။ အကင်းပါးတဲ့ Wednesday က ဒတ်ဘီကို မသင်္ကာဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့မိသားစုနဲ့ ဒီကွင်းဆက်လူသတ်သမား ထိပ်တိုက်ရင်ဆိုင်ဖို့ အကြောင်းဖန်လာတဲ့အချိန် ငါ့မောင်လေးကို ငါကလွဲ ဘယ်သူမှ မနှိပ်စက်ရဘူးဆိုတဲ့ Wednesday ဟာ သူ့မိသားစုကို ကာကွယ်ဖို့ ဘယ်လိုကြိုးစားမလဲ မြင်ကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.02GB, 1GB Quality - 1080p, 720p IMDb Rating - 6.8/10 Format - mp4 Duration - 1h 34Min Genre - Comedy, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Crime • Drama • Thriller
6.9 1993 94 mins
Addams Family Values
The Jacket
6.9

IMDb...7.1 The Man From Earth2007,The Machinist2004,Mr. Brooks2007 , Inception 2010 တို့လို ကားတွေကိုကြိုက်တယ်ဆိုရင်တော့ ဒီဇာတ်ကားကိုကြည့်ကြပါ... ဆိုတော့ ဒီဇတ်လမ်းရဲ့ taste ဟာဘယ်လိုဖြစ်နိုင်လဲဆိုတာ အနည်းငယ်တော့ ရိပ်မိနိုင်ပါတယ်... ...ခေါင်းစားချင်တယ်...ဒါမှမဟုတ် ကွကိုယ် ဒုက္ခရောက်နေပြီလို့ ယူဆနေတဲ့သူတွေ တိုင်လည်တာတွေမှကြိုက်တဲ့သူတွေ ကလွဲလို့ ကျန်တဲ့သူတွေလက်ရှောင်သင့်ပါတယ်.. ဂျက်ဆိုတဲ့ လူဟာ စစ်သားတစ်ယောက်..ရှေ့တန်းမှာ ကံဆိုးစွာပဲ ပစ္စတိုနဲ့ အနီးကပ်တေ့ဖြုတ်ခံလိုက်ရတယ်...ဒီဒဏ်ရာကြောင့် မသေခဲ့ပေမဲ့ နောက်ဆက်တွဲသတိမေ့တတ်တဲ့ရောဂါနဲ့ အာရုံကြောရောဂါကြောင့် ပင်စင်ပေးလိုက်တယ်.... သူဟာ ပေါ့ပါးစွာ ကျောပိုးအိတ်လေးတစ်လုံးလွယ်ပြီး လမ်းမကြီးကနေ လမ်းလျှောက်ပြန်လာခဲ့တယ်.. အဲ့ဒီနောက် သူသတိရတဲ့အချိန်မှာတော့ တရားရုံးမှာ ရဲအရာရှိတစ်ယောက်ကိုသတ်မှုနဲ့ တရားရင်ဆိုင်နေရတယ်... တရားသူကြီးရဲ့ စစ်မေးမှုအောက်မှာ သူ့အဖြေက ဘာမမှတ်မိတဲ့အတွက် မသိပါဘူးဆိုတာပါပဲ... အဲ့ဒီနောက်မှာတော့... Pianist မင်းသား Adrian Brody ရယ် မင်းသမီးချော Keira Knightly ရယ် ဂျိမ်းစ်ဘွန်းမင်းသား Daniel Craig ရယ် ပါဝင်သရုပ်ဆောင်ထားပါတယ်.... File Size : (2.5GB) And (910 MB) Quality : Blu-Ray 1080p5.1ch, 720p Format…mp4 Duration…01:48:00 Genre : Fantasy , Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae

6.9 2005 103 mins
The Jacket
Ocean's Eight
7

Rihanna တို့လို အဆိုကျော်တွေအပြင် Sandra Bullock ,Cate Blanchett, Anne Hathaway စတဲ့ ဝါရင့်ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေနဲ့ Ocean ဇာတ်ကားတွေရဲ့ အရသာကိုပုံဖော်မယ့်ရုပ်ရှင်ပါ။ ဒီရုပ်ရှင်က ရှေ့ကရင်းနှီးပြီးသား ဂျော့ကလူနေးတို့ ဘရတ်ပစ်တို့ရဲ့ Ocean 11,12,13 ဇာတ်ကားသုံးကားကို ဆင့်ပွားခံယူထားတဲ့ ဇာတ်ကားဖြစ်ပြီး Theme ပုံစံလဲ တူညီပါတယ်...မတူတာကတော့ ရှေ့ကဇာတ်ကားတွေမှာ အမျိုးသားသရုပ်ဆောင်ဒိတ်ဒိတ်ကြဲတွေဖြစ်ကြပြီး အခု Ocean 8 မှာတော့ အမျိုးသမီးသရုပ်ဆောင်တွေပါ။ Anna Wintour, Zayn Malik, Katie Holmes, Maria Sharapova, Serena Williams, Kim Kardashian, Kylie Jenner, Kendall Jenner, Gigi Hadid စတဲ့နာမည်ကြီးတွေလဲ Cameo အဖြစ်ပါဝင်တာကို တွေ့မြင်ရဦးမှာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ... $150 million တန်ကြေးရှိတဲ့ Cartier စိန်ဘယက်ကြီးကို Danny Ocean ရဲ့ညီမ Debbie Ocean နဲ့အပေါင်းအပါတစ်စု ခိုးယူကြမှာပါ။ သရုပ်ဆောင်မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းကို အခြေပြုလို့ အက်ရှင်တချို့နဲ့ ရယ်မော်ပျော်ရွှင်ဖွယ်တင်ဆက်ထားတာမို့ လက်မလွတ်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားပါပဲ။ ရှေ့က Ocean ဇာတ်ကားတွေပြန်ကြည့်ချင်တယ်ဆိုရင်တော့ https://channelmyanmar.org/?s=ocean%27s မှာကြည့်လို့ရပါတယ်။ File Size : (950 MB) Quality : Blu-Ray 720p Running Time : 1hr 50min Format : Mp4 Genre : Action, Comedy, Crime Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-SPARKS Translated by Mg King Encoded by Thanhtike Zaw

Action & Adventure • Drama • Sci-Fi & Fantasy
7 2018 111 mins
Ocean's Eight
End of the Road
5

End of the Road ( 2022 ) Fast and Furiousကားတွေနဲ့ လူသိများတဲ့ Ludacrisရဲ့ action , thrillerကားအသစ်ပါ။ အကြွေးတွေပိနေလို့ အိမ်ရောင်းဆပ်ပြီး အဘွားအိမ်ကိုပြောင်းဖို့ နှစ်ညအိပ်သုံးရက်ခရီးရှည်ကြီးကို အိမ်စီးကားလေးနဲ့သွားကြတဲ့ မိသားစုတစ်စုရဲ့ လမ်းတစ်လျှောက်က အခက်အခဲတွေအကြောင်းပါ။ မတည့်မရှု့ဖြစ်နေတဲ့ သူတို့မိသားစုဟာ ဘုနဲ့ဘောက်နဲ့ ခရီးထွက်ကြရင်း လမ်းမှာ မိုတယ်တစ်ခုမှာ တစ်ညဝင်အိပ်ကြပါတယ်။ ဘေးခန်းက အသံတွေကြားလို့ သွားကြည့်တော့ လူတစ်ယောက်သေနတ်မှန်ထားလို့ ကယ်ဖို့လုပ်ရင်း သူထားခဲ့တဲ့ပိုက်ဆံလက်ဆွဲအိတ်လိုက်ကြီးကို တွေ့သွားကြတယ်။ ကယ်ဖို့လုပ်ကြပေမဲ့ မမီတော့ပါဘူး။ ငွေတွေယူပြီးပဲထွက်လာလိုက်ကြတယ်။ လမ်းခုလတ်ကျတော့ ငွေတွေရဲ့ပိုင်ရှင် မူးယစ်ရာဇာကြီးက သူ့ငွေတွေကိုပြန်တောင်းပါတယ်။ မူးယစ်ရာဇာကြီးက သူ့ကလေးတွေကိုပါပြန်ပေးဆွဲပြီးငွေတွေပြန်ရအောင်ကြံပါတယ်။ ဒီလိုနဲ့ အမေနဲ့ဦးလေးဟာ ကလေးနှစ်ယောက်အတွက် အဲဒီနယ်တစ်ခွင်က ဘယ်သူမှမော်မကြည့်ရဲတဲ့လူဆိုးကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ကြတဲ့အခါမှာတော့.. File Size__(1.5GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:29:00 Type__Action, Crime, Drama Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Adventure • Animation • Comedy • Family • Fantasy • Music
5 2022
End of the Road
Goodbye, Dragon Inn
7.1

Goodbye, Dragon Inn ( 2003 ) —————————- Directed by Tsai Ming Liang Breathless ရုပ်ရှင်ထဲက Godard ရဲ့ ဒိုင်ယာလော့တစ်ကြောင်းရှိတယ်။ ဘဝရဲ့အကြီးကျယ်ဆုံးပန်းတိုင်က immortal ဖြစ်လာပြီးမှ သေဖို့ပဲတဲ့။ ဒီလိုမသေမျိုးဖြစ်လာပြီးမှ သေသွားတဲ့လူတွေ ရှိတော့ရှိပါတယ်။ ဗန်ဂိုး , မိုးဇက် , ဟိုးမား , မိုက်ကယ်အိန်ဂျလို , တာကော့စကီး…။ လွယ်တော့မလွယ်လှဘူးပေါ့။ အခက်ဆုံးအရာလို့ ပြောရင်တောင်ရမလားပဲ။ ဂွတ်ဘိုင်ဒရာဂွန်အင်း တစ်ကားလုံးက ရုပ်ရှင်ရုံဟောင်းတစ်ခုမှာ တစ်ချိန်က legenကြီး ကင်းဟူရဲ့ ဒရာဂွန်အင်းကားပြနေတဲ့ အချိန်တစ်ခုကို ရိုက်ထားရုံသက်သက်ပဲ။ ဒီလိုရိုက်တာ Tsai Ming Liangပထမဆုံးတော့ မဟုတ်ဘူးပေါ့။ ရုပ်ရှင်ကို ရုပ်ရှင်ပိုဆန်စေခဲ့တဲ့ အင်ဂမာဘတ်မန်းတို့ အီရန်ရုပ်ရှင်က ဆရာတစ်ဆူဖြစ်တဲ့Abbas Kiraostami တို့လည်း ရိုက်ခဲ့ဖူးတယ်။ ဒါပေမဲ့ Tsai Ming Liangကလည်း Tsai Ming Liangပါပဲ။ သူ့ကားက ရုပ်ရှင်ကြည့်တဲ့သူတွေအကြောင်းကားလား ရုပ်ရှင်တကယ်မကြည့်တဲ့သူတွေအကြောင်းကားလားတော့ မသည်းကွဲဘူး။ ရုပ်ရှင်ရုံက လူတော့သိပ်မများလှဘူး။ အကုန်လုံးနီးပါးက ရုပ်ရှင်တကယ်ကြည့်နေတာမဟုတ်ဘဲ ကြောင်လာပျောက်နေတဲ့သူတွေချည်း။ ဒါကြောင့်ပဲနေပါမယ် ဒီဒရာမာကားကို Tsai Ming Liangပြန်ကြည့်တော့ ဟာသကားကြည့်သလို ခွက်ထိုးခွက်လန်ရယ်မိသတဲ့။ တော်တော်ရယ်ရတဲ့ကားပဲလို့ဖြေဖူးတယ်။ သူကလည်းသူကိုး။ ဒရာမာအခြေအနေတွေကို humour ဆန်ဆန်ပါ အငွေ့အသက်ရအောင် လုပ်နေကျပဲ။ ခုနပြောသလို ရုပ်ရှင်မကြည့်တဲ့သူတွေအကြောင်းရိုက်ထားတယ်ဆိုပေမဲ့ ကားထိုးတဲ့သူရယ် လက်မှတ်ရောင်းတဲ့မိန်းမရယ် ကာရိုက်တာကိုလည်း အထူးတလည်ပြထားသေးတယ်။ ကားထိုးတဲ့သူကတော့ သူ့ကားတွေရဲ့ အမြဲတမ်းမင်းသား Lee Kang-sheng။ ဒီရုပ်ရှင်မကြည့်နေတဲ့လူတွေကြားမှာမှ တကယ်ကြည့်တဲ့လူနှစ်ယောက်ပါတယ်။ သူတို့က Chun Shihနဲ့ Miao Tien။ ကင်းဟူရဲ့ ဒရာဂွန်အင်းရုပ်ရှင်ရဲ့ အဓိကသရုပ်ဆောင်ရယ် အရေးပါတဲ့သရုပ်ဆောင်ရယ်ပေါ့။ ရုပ်ရှင်အပြီး ထပြန်ကြတော့ သူတို့တွေ့ကြတော့ သူတို့ပြောတဲ့စကားက ” ရုပ်ရှင်ရုံကို ဘယ်သူမှမလာကြတော့ဘူး ကျွန်တော်တို့ကို ဘယ်သူမှမမှတ်မိကြတော့ဘူး”တဲ့။ သူတို့ဘဝရဲ့အကြီးကျယ်ဆုံးပန်းတိုင်ကလည်း မသေမျိုးဖြစ်လာပြီးမှ သေဖို့ပဲထင်ပါတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ရဲ့လော့ဂျစ်မှာတော့ သူတို့ဖြစ်လာကြပုံမရဘူး။ ဒီလိုပဲ ရုပ်ရှင်ကြည့်မနေတဲ့သူတွေကို ရုပ်ရှင်ကြည့်ရင်း ကြေကြေကွဲကွဲမြင်ခဲ့ရတယ်။ ရုပ်ရှင်လည်းပြီးရော မိုးလည်းမဲပြီ။ ရုပ်ရှင်တကယ်မကြည့်ခဲ့တဲ့သူတွေလည်း ပြန်ကြတယ်။ ရုပ်ရှင်ကြည့်ခဲ့တဲ့ အဘိုးကြီး၂ယောက်လည်း ပြန်ကြတယ်။ နောက်ဆုံးမှာ ရုပ်ရှင်ရုံက အလုပ်သမားတွေလည်းပြန်ကြတယ်။ ရုပ်ရှင်ရုံအဟောင်းကြီးကတော့ ကျန်နေခဲ့တယ်။ မိုးတွေလည်းရွာနေတယ်။ ရုပ်ရှင်ရုံအဟောင်းကြီးမှာ နက်ဖြန်ပြမယ့်ကားက ဒရာဂွန်အင်း မဟုတ်လောက်တော့ဘူး။ ဒရာဂွန်အင်းကတော့ မကျန်ခဲ့ဘူးပဲ ပြောရမလားပဲ။ သူတို့ထွက်မလာခင်ကတည်းက ထွက်သွားနှင့်ပြီ။ အဘိုးကြီး၂ယောက်အတွက်တော့ ကျန်ရင်ကျန်နေမှာပေါ့။ ဘာပဲဖြစ်ဖြစ် Goodbye, Dragon Inn ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(2.9GB) / (700MB) Quality__BluRay_1080p, 720p IMDb Rating__7.1/10 Format__mp4 Duration__01:23:00 Type__Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Adventure • Family • Fantasy
7.1 2003
Goodbye, Dragon Inn
Monster Inside: America’s Most Extreme Haunted House
5.5

ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ရုပ်ရှင်မဟုတ်ပဲအမေရိကရဲ့ ကြောက်စရာ အကောင်းဆုံးအိမ်ကြီးထဲက မကောင်းဆိုးဝါးတစ်ကောင် အကြောင်း ဖြစ်ရပ်မှန်တီဗီအစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။ Monster Inside America’s Most Extreme Haunted House ဆိုတဲ့ နာမည်နဲ့ထွက်ရှိထားတာဖြစ်ပြီး သည်းထိပ်ရင်ဖိုဆိုကြိုက်မှကြိုက်ဆိုတဲ့ လူတွေ လက်လွတ်မခံကြည့်သင့်တဲ့ အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်လောက်တုန်းက အမေရိကမှာဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့တဲ့ မက်ကေမီအိမ်ကြီးဆိုတဲ့ နေရာတစ်ခုရှိပါတယ်။အဲ့ဒီနေရာကို ရက်စ်မက်ကေမီဆိုတဲ့ လူက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အဲ့ဒီနေရာကိုအဓိကကြီးကြပ်ဦးစီးနေသူလည်း ဖြစ်ပါတယ်။အဲ့ဒီအိမ်ကြီးက ဘာလို့နာမည်ကြီးသွားရလဲဆိုရင် အဲ့ဒီအိမ်ကြီးထဲကို လာတဲ့ လူတိုင်းကို စစ်မှန်တဲ့ပြင်းထန်တဲ့ အလွန်အမင်းဖြစ်တဲ့သည်းထိတ်ရင်ဖို အတွေ့အကြုံတွေကို ပေးစွမ်းနိုင်လို့ပဲဖြစ်ပါတယ်။အဲ့ဒီအိမ်ကြီးထဲကို ဝင်ချင်တိုင်းလည်း ဝင်လို့မရပါဘူး။ကျန်းမာရေးစစ်ဆေးချက်တွေလုပ်ပြီး သင့်တော်တယ်ဆိုမှ သူတို့ရဲ့ စာချုပ်မှာပါတဲ့ အချက်အလက်တွေကိုသဘောတူလက်မှတ်ထိုးပြီးမှ ဝင်ခွင့်ရှိတာပါ။အဲ့ဒါကြောင့်မလို့ လည်း ယနေ့ထိတိုင်စိတ်ဝင်စားနေတဲ့လူအများအပြား ရှိနေသေးတာဖြစ်ပါတယ်။အဲ့ဒီထဲမှာကိုယ့်ကိုနှိပ်စက်မယ် ရိုက်နှက်မယ် ရေနှစ်မယ် သွားတွေဆွဲထုတ်မယ် မသေရုံတမယ်နှိပ်စက်မယ်ဆိုတဲ့ ၈ နာရီကြာဝန်ဆောင်မှုတွေ အများကြီးရပါတယ်။ဒီတော့ကိုယ့်သတ္တိကိုယ်ယုံကြည်ပြီးတော့ သည်းထိပ်ရင်ဖို အစစ် အမှန်ကိုမှခံစားချင်တယ်ဆိုရင်တော့ အဲ့ဒီကိုသွားကြဖို့အကြံပေးချင်ပါတယ်။ဒါပေမယ့် လူတွေဆိုတာသိတဲ့အတိုင်း ကောင်းတာလုပ်ရင်တောင် ဝိုင်းပြောချင်နေကြတာဆိုတော့ ဒီလိုဆိုးဝါးတဲ့ အရာတစ်ခုအပေါ်မှာလည်း သဘောထားတွေကွဲလွဲလာခဲ့ကြပါတော့တယ်။ ထောက်ခံသူတွေက ထောက်ခံ ဆန့်ကျင်သူတွေကဆန့်ကျင်ပြီးတော့ ပွဲတွေဖြစ်ခဲ့ကြတာဆိုရင် ယနေ့ထိတိုင်ပါပဲ။ဒီထဲမှာ အဲ့ဒီအိမ်ကိုသွားခဲ့ဖူးတဲ့ လူသုံးယောက်ကသူတို့ရဲ့အတွေ့အကြုံတွေ အထင်အမြင်တွေကို ပြောပြထားတာကိုအဓိကထား ရိုက်ကူးထားပါတယ်။ဒီတော့ ကိုယ်လဲစိတ်ဝင်စားလို့ သွားချင်တယ်ဆိုရင်တော့ မသွားခင် ဒီအစီအစဉ်လေးကိုကြည့်သွားဖို့ အတွက်အကြံပေးလိုက်ချင်ပါတယ်။ File size…1.60GB / 681MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 27m Genre ….. Documentary , Crime , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2023
Monster Inside: America’s Most Extreme Haunted House
The Preparation
8.1

The Preparation (2017) အညွှန်း ပုံမှန်အားဖြင့် ကင်ဆာနောက်ဆုံးအဆင့်နဲ့ သေရတော့မယ့် လူတစ်ယောက်အနေနဲ့ ဘာကိုအကြောက်ဆုံး၊ စိတ်အပူဆုံးဖြစ်မယ်လို့ ထင်ပါသလဲ? ကိုယ့်ကိုယ်ကိုသာအချစ်ဆုံးဆိုတဲ့ ယေဘုယျလူသားသဘာဝအလျောက် ကိုယ်သေရမယ့်အရေးကိုပဲ ခေါင်းထဲထည့်ကြမှာပါပဲ။ ဒါပေမယ့် ဒီသဘောတရားက ကာယကံရှင်အတွက် ချန်ခဲ့ရမယ့် ချစ်ရသူတွေဆိုတာ ရှိခဲ့ရင်တော့ အနည်းငယ်တိမ်းစောင်းသွားနိုင်ပါတယ်။ စိတ်မနှံ့တဲ့သားဖြစ်သူရဲ့ မိခင်တစ်ယောက်အနေနဲ့ရော ဘယ်လိုစိုးရိမ်ပူပန်ကြောက်ရွံ့မှုမျိုးတွေ ဖြစ်မယ်ထင်ပါသလဲ? အရင်ဆုံး ” ငါသေရင် ” ၊ ” ငါသာသေသွားခဲ့ရင် ” ဆိုတာရဲ့ နောက်ကွယ်မှာ ဖြစ်လာနိုင်တဲ့ အကောင်းအဆိုးအားလုံးကို ကြိုတင်ခန့်မှန်းဖို့ ကြိုးစားတာပါပဲ။ ဒီနေရာမှာ ကိုယ်ချန်ခဲ့ရမယ့် မိသားစုဝင်က ဉာဏ်ရည်နိမ့်ပါးသူတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ ကောင်းကျိုးဆိုတာ ရှားသလောက်ကို မရှိ၊ အဆိုးတွေပဲ ဆက်တိုက်ဖြစ်လာနိုင်တယ်ဆိုတာကို ကောင်းကောင်းနားလည်တဲ့ အင်ဂယူ့အမေကတော့ အရုပ်ကြိုးပြတ်စိတ်ဓာတ်ကျနေမယ့်အစား စွန့်စားရာကျသလို လုပ်သင့်လုပ်ထိုက်တဲ့ အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ပါတော့တယ်။ ထမင်းချက်၊ ဟင်းချက်၊ အိမ်မှုကိစ္စ‌တွေအပါအဝင် ကိုယ့်အားကိုယ်ကိုးတတ်ဖို့ကအစ လုပ်ငန်းခွင်ဝင်နိုင်ဖို့အထိ မြေတောင်မြှောက်ပေးဖို့ ၆လ၊ တစ်နှစ်သာ အချိန်ရတဲ့အခါမှာတော့ … IMDb 8.1 ရထားတဲ့ကားမို့လို့ ဇာတ်လမ်းကောင်းမကောင်းကတော့ အထွေအထူးအာမခံစရာလိုမယ်မထင်ပါဘူး။ သရုပ်ဆောင်တွေအနေနဲ့လည်း Kdrama fan တွေနဲ့မစိမ်းတဲ့ Reply 1988, Moon Lovers, Moving, High Kick 2 တို့လို နာမည်ကြီး Kdrama တွေရဲ့ Kim Sung Kyun နဲ့ Shin Se Kyung ဆိုတာနဲ့တင် ကြည့်ရတာ အသားကျမယ့် Movie တစ်ကားမို့လို့ Highly recommended ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hnin Wutyi Myaing ပဲ ဖြစ်ပါတယ်။ Genre….. Drama, Family Quality…. 1080p | 720p File size… 1.5GB | 707MB Format… mp4 Duration…. 1h 54min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hnin Wutyi Myaing Encoder ….. Aaron

8.1 2017
The Preparation
Fly Me to the Moon
6.8

Fly Me to the Moon (2024) IMDb Rating (6.8) / Rotten Tomatoes (65%) ကဲ Scarlett Johansson နဲ့ Channing Tatum တို့ သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကြီး လာပါပြီ။ ဒါရိုက်တာကတော့ ဖလက်ရှ်၊ အဲရိုး စီးရီးတို့ကို ဖန်တီးခဲ့တဲ့ Greg Berlanti ပါပဲ။ လပေါ်ကို နီးလ် အမ်းစထရောင်း ပထမဆုံး ဆင်းသက်ခဲ့တဲ့ အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ စစ်အေးတိုက်ပွဲကာလ အမေရိကန် နဲ့ ဆိုဗီယက် အားပြိုင်မှုမှာ အာကာသစီမံကိန်းတွေဟာ အရမ်းအရေးပါခဲ့ပါတယ်။ အမေရိကန်ဟာ ဆိုဗီယက်ထက်အရင်လပေါ်ကို ခြေချနိုင်ခဲ့ပေမဲ့ ဆိုဗီယက်တွေက အဲဒီအချိန်ကတည်းကရော အခုချိန်ထိ တစ်ကမ္ဘာလုံးက လပေါ်ဆင်းတဲ့အဖြစ်အပျက်ဟာ ရိုက်ကွင်းနဲ့အတုဖန်တီးထားတာလို့ စွပ်စွဲနေကြတုန်းပါပဲ။ အမှန်တရားကိုတော့ အမေရိကန်တာဝန်ရှိသူတွေပဲ သိပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ကိုးလ်ဟာ ခေါင်းမာပြီး စိတ်ဆတ်တဲ့ စစ်ပြန် ပိုင်းလော့တစ်ယောက်၊ လပေါ်ခရီးစဉ် အပိုလို-၁၁ လွှင့်တင်ရေးမှာ ညွှန်ကြားရေးမှူးတာဝန်ယူထားရတာပါ။ ကယ်လီကတော့ အရမ်းတော်တဲ့ အရောင်းမြှင့်တင်ရေးသမား၊ ကြော်ငြာအေဂျင်စီပိုင်ရှင်ပါ။ သူ့ကို အမေရိကန်အစိုးရ ထိပ်တန်းအေးဂျင့်တစ်ယော်က လပေါ်ခရီးစဉ်ကိစ္စကို တစ်ကမ္ဘာလုံး စိတ်ဝင်စားအောင် ဝါဒဖြန့်ဖို့ ကြော်ငြာပေးဖို့ အကူအညီတောင်းလာပါတယ်။ အလုပ်ကလွဲပြီး ကျန်တာ ဂရုမစိုက်တဲ့ ဘုကလန့် ကိုးလ် နဲ့ ကြော်ငြာတွေအတွက် မျိုးစုံဟန်ဆောင်စေချင်တဲ့ ကယ်လီတို့ ထိပ်တိုက်တွေ့ကြပါတော့တယ်။ နောက်ဆုံးမှာတော့ လပေါ်ကို ဆင်းတဲ့အဖြစ်အပျက်ကို အောင်မြင်သည်ဖြစ်စေ ကျဆုံးသည်ဖြစ်စေ တိုက်ရိုက်ထုတ်လွှင့်စေချင်တဲ့ ကိုးလ် နဲ့ မအောင်မြင်မှာစိုးလို့ ရိုက်ကွင်းအတု အသင့်ဖန်တီးထားမဲ့ အစီအစဉ် တိုက်ရိုက်တွေ့ကြတဲ့အခါ နောက်ဆုံးရလဒ်က ဘာဖြစ်လာမလဲ ကြည့်ရမှာပါ။ ဒီနှစ်ထဲမှာ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ကောင်းထဲမှာ ပါပါတယ်။

Mystery • Thriller • Drama
6.8 2024
Fly Me to the Moon
Umjolo: The Gone Girl
4.4

Umjolo: The Gone Girl (2024) တစ်ယောက်နဲ့ တစ်ယောက်အရမ်းချစ်ကြတဲ့ သမီးရည်းစားနှစ်ယောက် သူတိုထဲက တစ်ယောက်ရဲ့ စိတ်အစစ်အမှန်ကို သိလိုက်ရတဲ့အချိန် သူတို ဆက်ဆံရေးမှာ အဖုအထစ်တွေဖြစ်လာပြီး ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာ ရိုမတ်တစ်ဆန်ဆန်ကြည့်ရမယ့် ဇာတ်ကားတစ်ကားပါ။ ရည်းစားတွေရဲ့ တယောက်နဲ့ တစ်ယောက်ခိုင်မြဲမှုတွေ နားလည်မှုတွေ ရှိနေဖိုက လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ **18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။** (အညွှန်းနဲ့ဘာသာပြန်ကတော့ Dar Dar ဖြစ်ပါတယ်။) File size…(1.9 GB) / (1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Romance Duration….01:33:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Dar Dar

4.4 2024 94 mins
Umjolo: The Gone Girl
Don’t. Get. Out!
5.8

Don’t. Get. Out! (2018) ********************** IMDb….5.8 အရင်တုန်းက အခွေထိုးကြည့်ခဲ့ရတဲ့ Speed ဆိုတဲ့ ဘတ်စ်ကားပေါ်မှာ ဗုံးထောင်ထားတဲ့ကားကိုတော့ အနည်းနဲ့အများမှတ်မိကြဦးမှာပါ။ အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကလည်း အဲဒါမျိုးခပ်ဆင်ဆင် ရင်ခုန်စိတ်လှုပ်ရှားစေတဲ့ Feeling မျိုးရစေမဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Don’t Get Out! ဖြစ်ပြီး IMDb Rating 5.8 အထိရရှိထားပါတယ်။ ၂၀၁၈ ခုနှစ်တုန်းကထွက်ရှိခဲ့တာဆိုပေမဲ့ အခုပြန်ကြည့်ရင်တောင်မှ ကောင်းနေဆဲလို့ပြောလို့ရပါတယ်။ ဇာတ်ကားအစမှာ ကားလ်ဆိုတဲ့ အိမ်ခြံမြေစီမံကိန်းအကျိုး‌ဆောင်တစ်ယောက်က ကွာရှင်းလုဆဲဆဲမိန်းမဖြစ်သူနဲ့ ကလေးတွေဆီလာတဲ့ခရီးလမ်းကိုတွေ့ရမှာပဲဖြစ်ပါတယ်။ စစချင်းတုန်းကတော့ ၁၅ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်မလို့ ချစ်ကြည်နူးတစ်တီတူးဖို့ စိတ်ကူးနဲ့လာခဲ့ပေမဲ့ မိန်းမဖြစ်သူက အဆင်မပြေတဲ့အတွက် ရန်ဖြစ်‌ပြီး ကလေးနှစ်ယောက်ကို ကျောင်းပို့ဖို့ သူ့ကားနဲ့ထွက်လာခဲ့ပါတော့တယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာ ဘယ်ကမှန်းမသိတဲ့ ဖုန်းတစ်လုံးက သူ့ကားပေါ်ရောက်နေပြီး ဖုန်းဝင်လာခဲ့ပါတော့တယ်။ အဲ့ဒီဖုန်းကိုကိုင်လိုက်တဲ့အချိန်မှာ သူ့ကားပေါ်မှာ ဖင်ကြွလိုက်တာနဲ့ ပေါက်ကွဲမဲ့ဗုံးထောင်ထားကြောင်းသိခဲ့ရပြီး ခြိမ်းခြောက်ငွေညှစ်တာကိုခံခဲ့ရပါတော့တယ်။ စစချင်းတုန်းကမယုံပေမဲ့ ကလေးတွေအသက်ကို မစွန့်စားရဲတဲ့အတွက် ကားလ်က အဲဒီခြိမ်းခြောက်ငွေညှစ်သူရဲ့စကားအတိုင်း တသဝေမတိမ်းလိုက်နာခဲ့ပြီး နောက်ပိုင်းမှာ ရဲတွေပါ ပါဝင်ပတ်သတ်လာတဲ့အခါမှာတော့ အရှုပ်အထွေးတွေဖြစ်ကုန်ပြီး ကားလ်နဲ့သူ့ကလေးတွေ ဒီဗုံးရန်ကလွတ်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ရှုစားရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Saw Lay ပဲဖြစ်ပါတယ်…) File Size : 1.87GB/ 940MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:49:00 Genre : Action, Thriller, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Saw Lay Encoded by Tiff

Thriller • TV Movie
5.8 2018 105 mins
Don’t. Get. Out!