YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Slip.US.S01E04.720p.CM.mp4

208.77 MB 720p video/mp4 48 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Swallowed
6.3

(ရိုင်းစိုင်းတဲ့စကားလုံး​တွေ၊ ဝတ်လစ်စလစ်အခန်း​တွေပါတာ​ကြောင့် ၁၈နှစ်​အောက် သို့ ၁၈​ယောက်မပြည့်ရင်မကြည့်ကြဖို့ တိုက်တွန်းပါရ​စေ) 2022 မှာထွက်ရှိထားတဲ့ Swallowed ဆိုတဲ့ကား​လေးက သည်းထိတ်ရင်ဖိုအမျိုးအစားတစ်ခုဖြစ်ပြီး BL မကျတကျကား​​လေးပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ မကြာခင် အပြာကားသရုပ်​ဆောင်အဖြစ်နဲ့ အယ်​လ်​အေမှာ အလုပ်သွားလုပ်​တော့မယ့် အချစ်ဆုံးသူငယ်ချင်း ဘန်ဂျမင်းတစ်​ယောက် သူ့သူငယ်ချင်းဒွန်းနဲ့ အတူနှုတ်ဆက်ပွဲလုပ်​ပြီးအပြန် ဒွန်းရဲ့တရားမဝင်ပစ္စည်းတစ်ချို့ ကယ်လီဖိုးနီးယားဘက်ကို ပို့​ပေးရမယ့်အစီအစဥ်ထဲ ဝင်ပါမိသွားတဲ့အခါ ဘာ​တွေဆက်ဖြစ်မလဲ... သူတို့သယ်​ပေးရတဲ့ပစ္စည်းက​​ရော မူးယစ်​ဆေး​တွေမဟုတ်ပဲ ဘာ​တွေလဲ... ဒွန်းက​ရော ဘာလို့ဒီလို အလုပ်ကို​ရွေးချယ်ခဲ့တာလဲဆိုတာ​တွေကို သည်းထိတ်ရင်ဖိုကြည့်ရမယ့်ဇာတ်လမ်း​ကောင်း​လေးလည်းဖြစ်ပါတယ်။ ဒွန်းနဲ့ ဘန်ဂျမင်းရဲ့ တစ်​ယောက်ကိုတစ်​ယောက်ချစ်ရဲ့သားနဲ့ ဖွင့်မ​ပြောတဲ့ ​ယောကျာ်း​လေးနှစ်​ယောက်ကြားက အချစ်ကိုလည်း စိတ်ဝင်စားဖွယ်​ကောင်း​အောင် ရိုက်ပြထားပါ​သေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 750MB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 36Min Genre - Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Drama • War
6.3 2022 95 mins
Swallowed
Maigret
5.8

~ IMDb - 5.9/10, Rotten Tomatoes - 93% ~ Georges Simenon လက်စွမ်းပြခဲ့တဲ့ Maigret ဝတ္တုတွေဟာ တော်တော်အောင်မြင်ခဲ့သလို ဇာတ်ကားပြန်ရိုက်ကြတာလည်း မနည်းပါဘူး။ ဂျော့ဂျ်ဟာ အဲလ်ဘတ်ကမြူးနဲ့ ခေတ်ပြိုင်လို့ပြောလို့ရတဲ့ စာရေးဆရာဖြစ်ပြီး စည်းအပြင်ကလူလိုမျိုး ခပ်ဆင်ဆင်ဝတ္တုကို ကမြူးနဲ့ တစ်ပြိုင်တည်းထုတ်ခဲ့ဖူးတဲ့သူပါပဲ။ ကံဆိုးစွာနဲ့ ကမြူးလ်ဝတ္တုပဲ လူသိများသွားခဲ့ပါတယ်။ ဒါပေမဲ့ ဂျော့ဂျ်ဟာလည်း ဆရာတစ်ပါးဆိုတာတော့ ငြင်းမရပါဘူး။ ဂျော့ဂျ်ရဲ့ ပထမဆုံး Maigret ဝတ္တုဟာ ၁၉၃၁မှာ စထုတ်ခဲ့တာမို့ ခုဆို နှစ်တစ်ရာတောင်ပြည့်လုနီးနီးပါပဲ။ ဂန္ထဝင်စုံထောက်ဝတ္တုတွေထဲက တစ်ခုဆိုလည်းမမှားပါဘူး။ ဂျော့ဂျ်ရဲ့ပထမဆုံး Maigret ကားကိုတော့ ၁၉၃၂မှာ နာမည်ကျော် ပြင်သစ်ဒါရိုက်တာ Jean Renoir က ရိုက်ခဲ့ပြီး တော်တော်လည်း အောင်မြင်ခဲ့ပါတယ်။ စစဖွင့်ကတည်းက သမိုင်းကြီးခဲ့တဲ့ Maigret ကို အရင်နှစ်တွေတုန်းက မစ္စတာဘင်းန်တစ်ဖြစ်လဲ ရိုဝန်အက်ကင်ဆန်က သရုပ်ဆောင်ထားတဲ့စီးရီးထွက်ခဲ့ပြီး တော်တော်လည်း အောင်မြင်ခဲ့ပါတယ်။ ခုကားကတော့ နောက်ဆုံး Maigret ကားဖြစ်ပြီး ပြင်သစ်က ရိုက်ကူးထုတ်လုပ်တာပါ။ အခုဒါရိုက်တာကလည်း ဝါရင့်ပြင်သစ်ဒါရိုက်တာဖြစ်တော့ တစ်မျိုးတစ်ဖုံနဲ့ အကောင်းစားဖြစ်နေတဲ့ကားပါပဲ။ ပဲရစ်မြို့မှာ ညနေခင်းပွဲတက်ဂါဝန်လေး ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အလောင်းကို တွေ့လိုက်ရတယ်။ ဘယ်သူဘယ်ဝါရယ်မသိရတဲ့ ဒီမိန်းကလေးရဲ့ ဖြစ်တည်မှု၊ သေဆုံးခြင်းဖြစ်ရပ်မှန်နဲ့ လက်သည်တရားခံကိုရှာဖွေဖော်ထုတ်ဖို့ ရဲမင်းကြီးမိုင်းဂရက်တစ်ယောက် အစွမ်းကုန်ကြိုးစားပါတော့တယ်။ ရုပ်ရှင်ဆိုတာကိုက မှော်ဆန်တဲ့အရာမို့ ဒီကားထဲက ဇာတ်ကောင်ရဲ့ ကိုယ်ထဲဝင်ပြီး ကိုယ်တိုင်ခံစားစေမယ့် ခံစားချက်ကိုပေးတဲ့ကားမျိုးလို့ပြောရင် လွန်မယ်မထင်ပါဘူး။ တစ်ခါတလေ အဖြေတွေက ပိုလို့ရိုးရှင်းတတ်ပါတယ်။ ပဟေဠိပုစ္ဆာရဲ့ တကယ့်အဖြေထက် အဲ့ဒီ့ပုစ္ဆာကို ဘယ်လိုဖြေရှင်းလဲဆိုတဲ့ နည်းလမ်းကသာလျင် အမြဲ ပိုစိတ်ဝင်စားဖို့ကောင်းတာပဲ မဟုတ်ပါလား။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 750MB, 350MB Quality - 1080p, 720p IMDb Rating - 5.9/10 Format - mp4 Duration - 1H 29Min Genre - Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama • Romance
5.8 2022 89 mins
Maigret
(18+) The Scarlet Letter
6.6

ဒီဇာတ်ကားရဲ့နာမည်ကို The Scarlet Letter ဆိုတဲ့စာအုပ်ကို အစွဲပြုပြီး ​ပေးထားတာဆို​ပေမယ့် ဇာတ်လမ်းနဲ့ အလိုက်ဖက်ဆုံးနာမည်ကို ​စဉ်းစားရရင် "အချစ်​ကြောင့် ပျက်သုဉ်းရသူများ"လို့ ကင်ပွန်းတပ်ရင် မှားမယ်မထင်ပါဘူး။ ၂၀၀၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ Mystery Drama ရုပ်ရှင်ဖြစ်ပြီး တစ်​ခေတ်တစ်ခါက အ​တော်​ရေပန်းစားခဲ့တဲ့ ကိုရီးယားရုပ်ရှင်ပါ၊ IMDb 6.4အထိရရှိထားပြီး ဇာတ်လမ်းသွားနဲ့ plot twist​တွေက အ​တော်​လေးမိုက်ပါတယ်၊ အ​​​ဖော်အပြလည်း ကြမ်းသလို ​သွေးသံရဲရဲ​တွေလည်း ပါဝင်လို့ 18+လို့ ​ပြောလို့ရပါတယ်။ မထင်ထားတဲ့plot twistအဆန်း​​တွေကြိုက်ရင် ဒီဇာတ်ကားကို ​သေချာ​ပေါက် ညွှန်းလို့ရပါတယ်။ သရုပ်​ဆောင်​​တွေအ​​နေနဲ့ အားလုံးရင်းနှီးပြီးသား Dr. Romantic ထဲက မင်းသားကြီး Han Suk Kyu နဲ့ တချိန်က နာမည်ကြီးခဲ့တဲ့ မင်းသမီး Lee Eun Juတို့ အဓိကပါဝင်ထားသလို ဒီဘက်​ခေတ် ဒရာမာ​တွေမှာ မကြာခဏတွေ့​နေကျ မင်းသား၊မင်းသမီးကြီး​တွေ ပါဝင်ထားပါ​သေးတယ်၊ ဒီဇာတ်ကားက မင်းသမီးLee Eun Juရဲ့ ​နောက်ဆုံးဇာတ်ကား ဖြစ်ပြီး ​အညွန့်တလူလူနဲ့ ​ အောင်မြင်ကာစ ၂၄နှစ်အရွယ်မှာပဲ Suicide caseနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ ဇာတ်လမ်းအစကို ဓါတ်ပုံတိုက်ပုံရှင်အသတ်ခံရမှုနဲ့ စဖွင့်ထားပြီး စုံ​ထောက်အီဂီဟွန်းက ဒီအမှုကို ဦး​​ဆောင် စုံစမ်းစစ်​​​ဆေးရသူပါ၊ ​​သေဆုံးသူမှာ ဇနီးတစ်​ယောက်ကျန်ခဲ့ပြီး အသက်အာမခံ​ကြေးက ဝမ်သန်း၆၀၀​​အထိဖြစ်​နေလို့ ဇနီးသည်ကို သံသယတရားခံအ​ဖြစ် သတ်မှတ်ထားခဲ့ကြတာပါ၊ စုံ​ထောက်အီဂီဟွန်းကလည်း လူမှု​ရေး ​ဖောက်ပြန်နေသူဖြစ်ပြီး ကိုယ်ဝန်သည်ဇနီးရှိရဲ့သားနဲ့ တခြားသူနဲ့ ​နောက်မီးလင်း​နေခဲ့တာပါ၊ ဆိုးတာက ဇနီးဖြစ်သူနဲ့ ​မယားငယ်က အထက်တန်း​ကျောင်း သူငယ်ချင်း​တွေ ဖြစ်​နေတာပါ။ မိန်းမဖြစ်သူမှာလည်း လျှို့ဝှက်ချက်​တွေရှိ​နေပြီး အီဂီဟွန်းမသိဘဲ ကိုယ်ဝန်ဖျက်ချဖူးတဲ့သူပါ၊ ဒီလိုနဲ့ တစ်​နေ့မှာ အ​​မြှောင်မယားကပါ ကိုယ်ဝန်ရှိလာတဲ့​နောက် အီဂီဟွန်းအ​နေနဲ့ သူငယ်ချင်းနှစ်​ယောက်၊ မယားကြီးနဲ့မယားငယ်ကြား ၂​ယောက်စလုံးကိုချစ်၊ ၂​ယောက်လုံး ကလည်း ပြန်ချစ်တဲ့ကိန်း ဆိုက်လာသလို တစ်ဖက်က လူသတ်မှုကလည်း လွယ်မ​ယောင်နဲ့ခက်၊ တိမ်မ​ယောင်နဲ့နက်​နေတဲ့အခါ.... အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Drama, Mystery, Thriller Quality….1080p | 720p| 480p File size…2.1GB | 901MB | 281MB Format…mp4 Duration….1h 55min Subtitle….Myanmar Subtitle (Hardsub) Translator .....JimX Encoder .....Blank

Drama • Thriller
6.6 2004 115 mins
(18+) The Scarlet Letter
Righteous Thieves
5.8

Righteous Thieves ကတော့ မကြာသေးခင်မှထွက်ရှိထားတဲ့ ဒါရိုက်တာ Anthony Nardolilo ရိုက်ကူးထားပြီး Lisa Vidal, Carlos Miranda နဲ့ Jaina Lee Ortizတို့အဓိကပါဝင်ထားတဲ့ thriller ရုပ်ရှင်ဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်း အန်နဘယ်လ်ဟာ ကာလရှည်ကြာပျောက်ဆုံးနေတဲ့ အနုပညာလက်ရာတွေ အထူးသဖြင့် နာဇီတွေ ဂျူးလူမျိုးတွေဆီကမတရားသိမ်းယူထားခဲ့တဲ့ပန်းချီတွေကို ပြန်စုဆောင်းနေတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်ပါ။ အန်နဘယ်လ်ရဲ့ဆရာ ဂျိုးဇက်ဖ်ဟာ သူ့ဘဝတစ်ခုလုံး နာဇီတွေသူ့မိသားစုဆီကခိုးယူသွားခဲ့တဲ့ ပန်းချီလက်ရာတွေကို လိုက်လံရှာဖွေရင်း ကုန်ဆုံးခဲ့တယ်။ သူ့ဆရာရဲ့မပြီးမြောက်သေးတဲ့ရည်မှန်းချက်ကို အန်နဘယ်လ်ကဆက်အကောင်အထည်ဖော်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ ခုလက်ရှိမှာ ပန်းချီကားတချို့ဟာ ဂျာမန်လူမျိုးအရင်းရှင် အိုတိုဟိုင်ဇန်ရဲ့လက်ထဲမှာရှိနေပါတယ်။ အဲဒါတွေကိုပြန်ယူဖို့ အန်နဘယ်လ်နဲ့သူ့ညာလက်ရုံးအက်ဒီတို့ လူစုဆောင်းကြတာမှာ လူစီ (ဟက်ကာ)၊ နာဒီယာ (သော့ဝိဇ္ဇာ) နဲ့ လူမိုက် ဘရူနိုတို့က အဖွဲ့ဝင်တွေဖြစ်လာကြတယ်။ ဟိုင်ဇန်ရဲ့ အန္တရာယ်များတဲ့အစောင့်တွေ ဇီဝမက်ထရစ်သော့တွေ နည်းပညာတွေနဲ့ အထပ်ထပ်ကာကွယ်ထားတဲ့ ပန်းချီကားတွေကို ဥပဒေဘောင်အတွင်းကနေ သူတို့ပြန်ယူကြမှာပါ။ thrillerအနေနဲ့ ထူးထူး​ခြားခြားစိတ်လှုပ်ရှားစရာဇာတ်ဝင်ခန်းတွေ plot twistတွေတော့ အများကြီးမပါပေမယ့် ကြည့်ပျော်တယ်လို့မြင်မိပါတယ် soundtrack တွေတော်တော်အသားပေးထားတာတွေ့ရပြီး အဲဒီထဲက rap တွေတော်တော်မိုက်တာတော့ သဘောကျတဲ့အချက်တစ်ခုပါ File size…(1.5 GB)/(800 MB )/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:31:00 Genre...Thriller, Action, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hnin Ei Pai

Adventure • Family • Fantasy • Romance
5.8 2023 91 mins
Righteous Thieves
First Man
7

အချိန်ကာလကတော့ ၁၉၆၉ ခုနှစ် ..... ဇူလိုင်လ ၁၆ရက် ၁၃:၃၂နာရီ ခန့်ပေါ့............ စိတ်ကူးယဉ်ခဲ့ရတဲ့ လမင်းကြီးဆီကို သမိုင်းရဲ့ ပထမဆုံးအနေနဲ့ ကျွန်တော် ထွက်ခွာသွားရတော့မှာ .... အောင်မြင်မှာလား ကျရှုံးမှာလား.. ...ကျွန်တော် ဆက်မတွေးတော့ပါဘူး....... ဆုံးသွားတဲ့ ကျွန်တော့်ရဲ့သမီးလေးကို ဝမ်းနည်းစွာ သတိရနေတာလား.... .... ကျွန်တော့်ထက်အရင် လကမ္ဘာကိုသွားရောက်ဖို့ ကြိုးစားခဲ့တဲ့ သူငယ်ချင်းတွေရော.. . ကောင်းမွန်တဲ့ဘုံဘဝမှာ ပျော်ရွှင်ကျေနပ်နေပြီလား..... ဒါမှမဟုတ် ကျွန်တော်ပဲ ဒီအခန်းကျဉ်းလေးထဲမှာ စက်နှိုးမဲ့အချိန်ကို စောင့်စားရင်း ခြောက်ခြားနေမိတာလား ... . ကျွန်တော်တို့ရဲ့ အမြင်အာရုံကလဲ အကန့်အသတ်နဲ့ပဲမြင်နေရတယ် လက်တစ်ဝါးသာသာလောက် မှန်ပြတင်းလေးကနေ ကောင်းကင်ကြီးကို မျှော်ကြည့်ရင်း ကမ္ဘာလောကကြီးကို နှုတ်ဆက်ထွက်ခွာရတော့မယ် ကျွန်တော်ချစ်ခင်တဲ့ မိသားစုလေးကတော့ ကမ္ဘာမြေပေါ်က အိမ်လေးထဲမှာ ကျန်နေခဲ့မှာလေ ဘယ်သူမှ မရှိတဲ့ လကမ္ဘာပေါ်မှာ ကျွန်တော်တို့ အထီးကျန်နေမှာလား ပြီးတော့ ကမ္ဘာမြေပေါ် ပြန်မရောက်လာနိုင်ခဲ့ရင်ရော....... အဲ့လိုတွေးနေရင်းနဲ့ပဲ......ခရီးစဉ်ထွက်ခွာဖို့အတွက် တဆယ်.....ကိုး....ရှစ်......ဆိုပြီး... .အချိန်မှတ်နေတဲ့အသံကို မိုက်ခရိုဖုန်းထဲကနေ ကြားလိုက်ရတယ်...... အတိတ်ကိုတွေးပြီး လွမ်းဆွေးနေလို့ မဖြစ်တဲ့အချိန်ကို ရောက်နေပြီလေ..... အာရုံကိုစုစည်းပြီး....လက်ရှိပစ္စုပ္ပန်ကိုပဲ ရင်ဆိုင်ဖြေရှင်းမှ ကျွန်တော်တို့ အသက်ရှင်နိုင်မှာပေါ့..... သူ့နာမည်က နေးလ် အမ်းစထရောင်း...တဲ့ ၁၉၃၀ ဩဂုတ်လ ၅ရက်နေ့မှာ အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ်.. ဝါပါကိုနီတာမြို့မှာ မွေးဖွားခဲ့ပါတယ် လူသားတို့ရဲ့သမိုင်းမှာပထမဦးဆုံးသော လကမ္ဘာပေါ် ခြေချနိုင်ခဲ့သူလဲ ဖြစ်တယ် အဲ့အချိန်ကာလတုန်းက သိပ္ပံပညာရှင်တွေဟာအာကာသအကြောင်းကို အများကြီး သိပ်မသိကြသေးပါဘူး.... လေထဲပျံသန်းတဲ့ နည်းစနစ်ကိုလည်း သူတို့ခေတ်ကာလကနေ တွက်ကြည့်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ကျော်ခန့်ကမှ စတင်သိရှိခဲ့ကြတာပါ အမေရိကန်ဟာ ဆိုဗီယက်နိုင်ငံကို အနိုင်ရချင်တဲ့ဇောနဲ့သာ အချိန်တိုလေးအတွင်းမှာ ထွက်ခွာနိုင်ဖို့ ပြင်ဆင်ခဲ့ကြပေမယ့် အရမ်းလွယ်ကူတဲ့ အရာမျိုးတော့ မဟုတ်ခဲ့ပါဘူး လကမ္ဘာပေါ်ခြေချနိုင်ဖို့ ပေးဆပ်ခဲ့ရတဲ့ တန်ကြေးတွေလည်း မနည်းခဲ့ပါဘူး ငွေကြေးတစ်ခုတည်းတင် မကဘဲ အာကာသယာဉ်မှူးများစွာရဲ့အသက်တွေကိုလည်း စတေးခဲ့ကြရပါတယ် နိုင်ငံရေးအရ အဆင်မပြေခဲ့တာတွေလဲ ရှိခဲ့ပါသေးတယ် အောင်မြင်တော့မှသာ ဝိုင်းဝန်းလက်ခုပ်တီးခဲ့ကြတာဖြစ်ပြီး မအောင်မြင်ခင်မှာတော့ အဓိပ္ပါယ်မရှိဘူးလို့ လက်ညှိုးထိုးခံခဲ့ရတဲ့ ကိစ္စတစ်ခုပါ.... သူဟာ အဖက်ဖက်က ထိုးနှက်တိုက်ခိုက်တာတွေကို နာကျည်းစရာလို့မမြင်ဘဲ ခွန်အားအဖြစ်ပြောင်းလဲ အသုံးပြုခဲ့တဲ့သူတစ်ယောက်ပါပဲ ပြီးတော့နောက်တစ်ချက်က " အောင်မြင်တဲ့ ယောကျာ်းတစ်ယောက်ရဲ့ နောက်ကွယ်မှာ ထက်မြတ်တဲ့မိန်းမတစ်ယောက် ရှိတယ်"ဆိုတဲ့စကားအတိုင်းပဲ သူ့ရဲ့အမျိုးသမီးကလည်း အကောင်းဆုံးသော ပါရမီဖြည့်ဖက်တစ်ယောက်ဖြစ်ခဲ့ပါတယ် ကိုယ့်ယောကျာ်းအပေါ်ကို နားလည်မှု အပေးနိုင်ဆုံး မိန်းမတစ်ယောက်အဖြစ် ဒီရုပ်ရှင်လေးမှာ မြင်ရမှာပါ..... အနှစ်ချုပ်ပြောရရင်တော့ First Man ဇာတ်ကားဟာ IMDB 7.3ရရှိထားပြီး အနှစ်သာရပြည့်ဝတဲ့ လကမ္ဘာပေါ် ပထမဆုံးခြေချခဲ့သူ "နေးလ် အမ်းစထရောင်း"ရဲ့အတ္ထုပ္ပတ္တိကို ပြန်လည်ရိုက်ကူးထားတဲ့ ရုံတင်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် (ဒီဇာတ်ကားနဲ့အညွှန်းကို Mg King မှရင်နဲ့ခံစားပြီး ဘာသာပြန်ပေးထားပါတယ်...) File Size : (1.2 GB) Quality : BluRay 720p Running Time :2hr 21min Format : Mp4 Genre : Biography , Drama , History Subtitle : Myanmar Subtitle (Hard Sub) Translated by Mg King Encoded by Moe Myint Lwin

Crime • Drama
7 2018 141 mins
First Man
The Righteous
5.8

The Righteous(2022) =============== IMDb Rating – 5.8/10 နာကျည်းမှုနဲ့ အတိတ်မဲတွေရှိခဲ့တဲ့ ဘုန်းတော်ကြီး တစ်ယောက်ဟာ မြို့ငယ်လေးတစ်မြို့ကို ပြောင်းရွှေ့လာပြီး အဲ့ဒီမှာ မိသားစုတစ်ခု ထူထောင်ပြီး ဘုန်းတော်ကြီးဘဝကိုစွန့်လွှတ်လိုက်ပါတယ်။ တစ့်နေ့မှာ ဘုရားသခင်ကပဲ သူ့ကိုအပြစ်ပေးတဲ့ အနေနဲ့ သမီးရဲ့အသက်ကို နှုတ်ယူ သွားလေတာလား၊ အပြစ်သားတစ်ယောက်ကို ဝဋ်ဆိုတဲ့အရာကပဲ ပြန်နှိပ်စက်နေခဲ့တာလား။ သမီးကိုဆုံးရှုံးလိုက်ရတဲ့ ဘုန်းတော်ကြီး ဖရက်ဒရစ်ရဲ့ ဘဝထဲကို တစ်နေ့ လူငယ်လေးတစ်ယောက်က အိမ်ရှေ့တံခါးခေါက်ပြီး ရောက်လာပါတယ်။ ဒီကောင်လေးက သူတို့လင်မယားဘဝမှာ ဘုရားသခင်ပြန်ပေးတဲ့ ကောင်း ခြင်းလက်ဆောင်တစ်ခုလို့ ထင်မှတ်ပြီး သံယောဇဉ်တွယ်တာခဲ့မိပေမယ့်။ မကောင်းမှုတွေကပဲ ပြန်လည်အရောက်ပို့ပေးလိုက်တဲ့ ဖရက်ဒရစ်ရဲ့ အတိတ် အရိပ်ဆိုးကြီး တစ်ခုဖြစ်နေခဲ့တဲ့ အခါမှာတော့ အမှားနဲ့ အမှန်ကို အဖြူအမည်း ရုပ်ရှင်နဲ့ ဒိုင်ယာလော့ကောင်းကောင်းတွေနဲ့ တဖြည်းဖြည်းဇာတ်ရှိန်တက်လာရင်း ကြည့်ရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size……….(930 MB) / (400 MB) / (200 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 37mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Horror, Mystery Translator…….Thiha Yan Naing Encoder……….SWM

Adventure • Comedy • Drama • Family • Fantasy
5.8 2022 97 mins
The Righteous
Beasts of the Southern Wild
7.2

Beasts of the Southern Wild (2012) ~ IMDb – 7.2/10, RT – 86%, Meta – 86% ~ ဟာရီကိန်း မုန်တိုင်းကြီး လာတော့မယ်တဲ့… လူဝီစီယားနားမြစ်ဘေးက ‘ရေချိုးကန်’လို့ ခေါ်ကြတဲ့ ကျွန်းလေးတစ်ကျွန်းမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်။ တချို့က ကြောက်လို့ ပြေးကြပြီ။ တချို့ကတော့… “အို… ငါတို့ဒီမြစ်ဘေးမှာ တသက်လုံး နေလာတာ… ဒါငါတို့အိမ်၊ ဒါငါတို့ကျွမ်းကျင်ရာမြေ… ဘာကိုများ မှုနေရဦးမလဲ…” ဟုတ်ပါရဲ့… မြစ်နံဘေးမှာ နေသူတွေအဖို့ မုန်တိုင်းနဲ့အတူ ပါလာမယ့် ရေကိုပဲ အပိုလုပ် ကြောက်နေရဦးမလား… ဝေးသေးတယ်။ အစိုးရက မြောက်ပိုင်းကို ပင်လယ်ရေတက်တာလာကနေ ကာကွယ်ဖို့ တည်ဆောက်ထားတဲ့ ရေကာတာရဲ့နောက်မှာ သူတို့ရဲ့ ‘ရေချိုးကန်’လေး ရှိနေတာ။ ဝင့်ခ်ကတော့ ခေါင်းမာရဲတင်းသူပီပီ ဘာကိုမှ အကြောက်အလန့်မရှိ… ဒါပေမဲ့ သူစိုးရိမ်တာတခုက သူမရှိတော့တဲ့နောက် သူ့သမီးလေး ဟက်ရှ်ပက်ပီ တစ်ယောက်တည်း ဘယ်လိုရှင်သန်မလဲဆိုတာပဲ။ ဟက်ရှ်ပက်ပီကို ယောက်ျားလေးတစ်ယောက်လို၊ တောတွင်းသူတစ်ယောက်လို နေတတ်ထိုင်တတ်စားသောက်တတ်ဖို့၊ ဘယ်သူ့မှ အားကိုးစရာမလိုအောင် သူသင်ပေးတယ်။ မုန်တိုင်းကြီးရောက်လာပါပြီ။ သူ အရှေ့ထွက်ပြီး ဒီမုန်တိုင်းကို ရင်ဆိုင်တယ်။ ကိုယ့်အိမ်ကိုယ်ယာကို ချစ်တတ်သူ မိတ်ဆွေတစ်စုနဲ့ မုန်တိုင်းကြားထဲ ကြံ့ကြံ့ခံနေတယ်။ ရေတွေတက်လာလဲ လှေပေါ်တက်ပြီး မျှောနေကြတယ်။ အဆင်ပြေသလို နေကြတယ်။ ကိုယ့်ဒေသလေးမို့ ဘာနေနေ ပျော်စရာဖြစ်တယ်။ တဖြည်းဖြည်းနဲ့ ရက်ကြာလာတော့ သူတို့ အခက်တွေ့ရပြီ။ စားစရာရှားလာပြီ။ နေထိုင်ဖို့ ခက်ခဲလာပြီ။ အစိုးရက ဒီနယ်မြေကနေ အမြန်စွန့်ခွာကြဖို့ သတိပေးတယ်။ အိမ်ချစ်သူတစ်စုဟာ ဒီနေရာလေးကိုပဲ မက်မက်မောမော ဖက်တွယ်နေကြ… မစွန့်ခွာရက်ကြ… စားစရာ၊ နေစရာပေးပါမယ်… ဒုက္ခသည်စခန်းကို လာပါဆိုတာတောင် မသွားချင်ကြ… ဒေသချစ်စိတ်နဲ့ အခက်အခဲဒုက္ခတွေရဲ့ လွန်ဆွဲပွဲမှာ ဘယ်လိုတွေ ဆက်ဖြစ်လာကြမှာလဲ… သေမယ်ဆိုရင်တောင် ကိုယ့်တဲကုပ်လေးထဲမှာပဲ ခေါင်းချသွားချင်တဲ့ သူတို့… ဟက်ရှ်ပက်ပီတစ်ယောက် လောကကြီးထဲမှာ ဘယ်လိုတွေ ဆက်လက်ရှင်သန်ဖို့ ကြိုးစားမလဲ… ဒါတွေကို Beasts of the Southern Wild ဇာတ်ကားထဲမှာ ကြည့်ရှုခံစားရမှာဖြစ်ပြီး ဒီထဲက ဇာတ်ဆောင်ကလေးတစ်ယောက်ဖြစ်တဲ့ ဟက်ရှ်ပက်ပီနေရာက မင်းသမီးလေး ဝယ်လစ်ဟာ သူမရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့်ပဲ ၉နှစ်အရွယ်နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ဆန်ကာတင်ဝင်တဲ့ သမိုင်းတလျှောက် အသက်အငယ်ဆုံး မင်းသမီး ဖြစ်လာခဲ့တာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 810MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 33Min Genre – Adventure, Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y

7.2 2012
Beasts of the Southern Wild
D@bbe 2

ဒီကားကတော့ Dabbe series တွေထဲမှာ နည်းနည်းလေး ချာတယ်လို့ ပြောလို့ရတယ်။သို့သော်လည်း သူ့ဟာနဲ့သူတော့ မဆိုးပါဘူး။ Dabbe ကားတွေ series လိုက်ရှိပေမယ့် ဒီကားကတော့ Dabbe ဆိုတဲ့ နာမည်နဲ့ အလိုက်ဆုံးပဲ။ ဒီဇာတ်ကားတွေအရ Dabbe ဆိုတာ ကုရ်အာန် ကျမ်းစာထဲက ကမ္ဘာပျက်ကိန်းကြီးပေါ့။ ကမ္ဘာပျက်ကိန်းဆိုက်ရောက်တဲ့အခါ Dabbe ဆိုတဲ့ သတ္တဝါကြီးဟာ တစ်ကမ္ဘာလုံးကို သူ့ကွန်ရက်တွေနဲ့ ရစ်ပတ်ပြီး အိမ်တိုင်းကို ဝင်ရောက်လိမ့်မယ်လို့ (ဒီကားအရ) ကုရ်အာန်ထဲမှာ ဆိုထားတယ်။တွေးကြည့်လေ။တစ်ကမ္ဘာလုံးကို ရစ်ပတ်ထားတဲ့ ကွန်ရက်ကြီး ။ကမ္ဘာ့ကွန်ရက်ကြီး ။ World Wide Web ။ www. အင်တာနက် အင်တာနက်ပေါ်ပြီးနောက်မှာ ကျွန်တော်တို့ ဘဝတွေဟာ တစ်ဆစ်ချိုး ပြောင်းလဲသွားတယ်။အင်တာနက်ပေါ်ကနေ တစ်ဦးနဲ့ တစ်ဦး အမုန်းစကားတွေ ဖြန့်ကြတယ်။စကားလုံးတွေနဲ့ ခြိမ်းခြောက်ကြတယ်။ စိတ်တွေကို အဆိပ်ခပ်ကြတယ်။Internet ပေါ်က negative comments တွေကြောင့် ကိုယ့်ကိုကိုယ် သတ်သေသူတွေတောင် ဒုနဲ့ ဒေးပဲ။ ဒီကားထဲမှာတော့ အင်တာနက်ပေါ်လာပြီးနောက် ကမ္ဘာပျက်ကိန်းနဲ့ ကြုံရတဲ့ မိသားစုတစ်စုအကြောင်းကို Horror အနေနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ File size…1.26GB / 472MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 25m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damein

Science Fiction • Fantasy • Western
0 2009
D@bbe 2
White Paradise
5.9

ကျွန်တော်တို့ လူတွေဆိုတာ ရေကြည်ရာ မြက်နုရာ လိုက်ရှာရင်း ဘဝကိုရှင်သန်နေထိုင်ကြရတဲ့ သူတွေပါ ကိုယ်နေတဲ့နေရာက ကိုယ့်အတွက် အန္တရာယ်တစ်စုံတစ်ရာ ရှိလာပြီး ဆက်ရှင်သန်ဖို့ မဖြစ်နိုင်ဘူးဆိုရင် ကိုယ်နဲ့ကိုက်ညီမဲ့ လုံခြုံဘေးကင်းမဲ့နေရာလေးတစ်ခုကို ရှာဖွေကြရတာ ဓမ္မတာပါပဲ ဒီဇာတ်လမ်းလေးထဲမှာတော့ ကာဘူးလ်မြို့တော်မှာ ပြင်သစ်စစ်တပ်တွေတပ်စွဲထားတုန်းက ပြင်သစ်စကားပြန်လုပ်ခဲ့လို့ဆိုပြီး တာလီဘန်တွေရဲ့ အငြိုးထားတုံ့ပြန်မှုကိုခံခဲ့ရတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ ထွက်ပြေးကြရင်း ဂရိမှာ လူကွဲသွားကြပါတယ် အဲဒါကြောင့် ဇနီးဖြစ်သူက သူ့ယောကျာ်းကို နေရာအနှံ့က ဒုက္ခသည်စခန်းတွေမှာပတ်ရှာရင်း ပြင်သစ်နဲ့ အီတလီနယ်စပ်နားက ရေခဲတောင်ပေါ်ရောက်သွားခဲ့ပါတယ်။ အဲဒီမှာပဲ လောလောလတ်လတ် မတော်တဆမှုကြောင့် ဇနီးသည်ဆုံးပါးခဲ့ရတဲ့ ဆင်မြူရယ်ဆိုတဲ့ လူနဲ့တွေ့ပြီး လမ်းပြခိုင်းခဲ့တာပါ။ နယ်စပ်ကိုဖြတ်ကျော်ဖို့ဆိုတာ အထောက်အထားအပြည့်အစုံမရှိတဲ့သူအတွက်ကတော့ ဘယ်လောက်ခက်ခဲလဲ ဘယ်လိုအန္တရာယ်တွေနဲ့ရင်ဆိုင်ရလဲဆိုတာကိုပြသရင်း တကယ်စစ်မှန်တဲ့ချစ်သူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာဟာ ဘယ်လောက်ခမ်းနားလဲဆိုတာပါ ရေခဲတောင်တွေကြားမှာ အေးအေးလေးနဲ့ကြည့်ရှုရမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(1.3 GB)/(751 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Comedy • Action
5.9 2023
White Paradise
Club Zero
5.9

Club Zero (2023) ~ IMDb – 5.9/10, Rotten Tomatoes – 63% ~ Club Zero က Alice in Wonderland တို့၊ Crimson Peak တို့၊ Stoker တို့ရဲ့ မင်းသမီး Mia Wasikowska ကို တမူကွဲပြားတဲ့ ပုံစံနဲ့မြင်ရမယ့် ရုပ်ရှင်ပဲ။ အဲလစ်ထဲက ကလေးမလေးက သူရောဟုတ်ရဲ့လားထင်ရလောက်အောင် ရုပ်လည်းတော်တော်ကျသွားသလို သရုပ်ဆောင်တာလည်း ကြမ်းလာတယ်။ Club Zero က Palme d’Or ဆန်ခါတင်ဝင်ခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ နောက်ခံတေးဂီတဆုတွေတော့ တခြားရုပ်ရှင်ပွဲတော်တွေမှာ တော်တော်လေးရထားတယ်။ ဒါရိုက်တာဖြစ်တဲ့ Jessica Hausner ကတော့ သိပ်တော့မရင်းနှီးပေမဲ့ ဟိုးကတည်းက ကိန်းစ်မှာ ဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ ဒါရိုက်တာပဲ။ ဒီကားကတော့ သူ့အရင်ကားတွေနဲ့ Genre မတူဘူး။ Black Comedy, Thriller လို့ဆိုတဲ့ ဒီကားကိုတော်တော်များကတော့ Fail တယ်လို့‌ပြောကြတယ်။ ဇာတ်က ဈေးကြီးကြေးကြီးကျောင်းတစ်ကျောင်းမှာ ဇာတ်အိမ်တည်ထားတယ်။ အဲဒီကျောင်းကို ဆရာမအသစ်ရောက်လာတယ်။အဲဒီဆရာမသင်ပေးတာက အစားစားဖို့။ အစကတော့ သတိနဲ့အစားစားဖို့ သင်ပေးတာပဲ။ အစားကို ငါစားနေပြီ ငါစားနေတယ် ငါမျိုချလိုက်ပြီ သေချာသတိလေးနဲ့စားရင် ဗိုက်ခဏခဏမဆာဘူးလို့တော့ ဆိုတာပဲ။ အဲဒီလိုစားတာကလည်း အများကြီးစားရင် ခန္ဓာကိုယ်အတွက်မကောင်းဘူး။ နည်းသည်ထက်နည်းအောင်စား ဆိုပြီး ဇာတ်လမ်းက စလာတယ်။ အဲဒီလိုစရင်းနဲ့မှ အစားစားဖို့သင်ပေးတာကနေ အစားမစားဖို့ သင်ပေးတာဖြစ်သွားတယ်။ အကုန်လုံးအငတ်ခံဆန္ဒပြသလိုကို နေနေကြဖို့ တိုက်တွန်းထားတယ်။ သူ့အမျိုးအစားက ဘလက်ကော်မဒီဆိုပေမဲ့ Satire လိုလိုတော့ သွားထားတာပဲ။ သူ့ပြဿနာက ဘာကိုသရော်ချင်လို့ သရော်ချင်မှန်း သိပ်မသည်းကွဲနေဘူး။ ဒါကလည်း ကြည့်တဲ့လူတိုင်းနီးပါးဖြစ်တဲ့ပြဿနာပဲ။ ဘာပဲဖြစ်ဖြစ် ဘာပေါ်တာမပေါ်တာတွေ အသာထား ဒီတိုင်းကြည့်မယ်ဆိုရင်တော့ ဇာတ်က ဘလက်ကော်မဒီအရသာတော့ပေးနေတုန်းပဲ။ ဆိုတော့ တော်တော်ကြောင်တောင်တောင်နိုင်တဲ့ဇာတ်ကို ခပ်စားစားတင်ဆက်ထားတာ အပျင်းပြေကြည့်ချင်ရင်တော့ တော်တော်ကြည့်ရပျော်တယ်။ ကြည့်လို့ကောင်းတယ်။ အစားဆုံးကတော့ စားသည်ထက်စားလာရင်း နောက်ဆုံးအထိ စားသည်ထက်စားသွားတာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 930MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 50Min Genre – Comedy, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

5.9 2023 110 mins
Club Zero
Mission: Cross

Mission: Cross (2024) *********************** ကြမ်းခန်း ယမ်းခန်းတွေ အက်ရှင်ဇာတ်ကြမ်းတွေကိုမှ စိတ်လှုပ်ရှားတတ်တဲ့ ပရိသတ်ကြီးတို့အတွက် ဒီနေ့ ပူပူနွေးနွေးထွက်ရှိလာတဲ့ ဇာတ်ကားကောင်းတစ်ခုကို CM ကနေ တင်ဆက်ပေးလိုက်ပါတယ်နော်။ ဘတ်ဂန်မူနဲ့ ဂန်မီဆွန်းတို့ဟာ ဇနီးမောင်နှံတွေဖြစ်ပြီး ဂန်မူဟာ မီဆွန်းအပေါ် အိမ်ထောင့်တာဝန်ကို ကျေပွန်အောင် ကြိုးပမ်းနေတဲ့ ခင်ပွန်းတစ်ယောက်ပါ။ သို့သော်လည်း သူ့အတိတ်အကြောင်းနဲ့ပတ်သတ်ပြီးတော့ မိန်းမဖြစ်သူကို တစ်ခွန်းမှ ဖွင့်ဟပြောပြထားခြင်းမရှိပါဘူး။ တစ်နေ့မှာတော့ ဂန်မူဆီကို ဂျန်ဟီးဂျူဆိုတဲ့အမျိုးသမီးတစ်ယောက် ရောက်လာပါတယ်။ ဒါကို မီဆွန်းသိသွားတဲ့အခါ သူ့ယောက်ျားဟာ ဖောက်ပြန်နေတယ်အထင်နဲ့ အကြမ်းဖက်နှိမ်နင်းရေးစုံထောက်တစ်ယောက်ပီပီ ယောက်ျားနောက်ကို တိတ်တဆိတ်လိုက်ကာ စုံစမ်းစစ်ဆေးပါတော့တယ်။ ယောက်ျားဖြစ်သူရဲ့ အတိတ်ကို သိရှိသွားပြီးနောက်မှာတော့ မီဆွန်းတစ်ယောက် ဘာတွေကြုံတွေ့ရမလဲ။ ဂန်မူကရော ဟီးဂျူနဲ့ ဘယ်လိုပတ်သတ်နေပြီး ဘာတွေ လုပ်နေတာလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်တဲ့အပြင် လင်မယားနှစ်ယောက်ပေါင်းပြီး ဘယ်လိုဖိုက်တင်အခန်းတွေနဲ့ ကြမ်းမလဲဆိုတာကို ပရိသတ်ကြီးတို့ရေ ခုပဲ ခံစားကြည့်ရှုလိုက်ပါတော့နော်။ ဘတ်ဂန်မူအဖြစ် မင်းသားကြီး Hwang Jung Min၊ ဂန်မီဆွန်းအဖြစ် မင်းသမီးကြီး Yeom Jung Ah၊ ဂျန်ဟီးဆူအဖြစ် Jeon Hye Jin စတဲ့ ဝါရင့်သဘာရင့်သရုပ်ဆောင်ကြီးများအပြင် တစ်ခြားသောနာမည်ကြီးသရုပ်ဆောင်များပါဝင်ထားတာမို့ အက်ရှင်ဇာတ်ကြမ်းကိုမှ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရှုရမယ့်ရုပ်ရှင်ဇာတ်ကောင်းတစ်ကောင်းဖြစ်ပါတယ်။ (အညွှန်းကိုတော့ Thinn မှ ရေးသားထားပါတယ်။) File size…1.16GB / 530MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 30m Genre ….. Action, Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Miri Thinn, Toe Toe Aung & Emily

TV Movie • Drama • Crime
0 2024 100 mins
Mission: Cross
Anaarkali of Aarah
6.1

Anaarkali of Aarah (2017)_____IMDb – 6.1/10 Bollywood ရုပ်ရှင်လောကမှာ နာမည်ကြီး သရုပ်ဆောင်တွေ အလှိုင်လှိုင်နဲ့ တခမ်းတနားတင်ဆက် ရိုက်းကူးတင်ဆက်ထားတဲ့ ဇာတ်ကားတွေရှိသလိုနာမည်သိပ်မကြီး ဇာတ်ပို့ဇာတ်ရံအဆင့်သာသာပဲရှိတဲ့ သရုပ်ဆောင်အများစုနဲ့ ကုန်ကျစရိတ်နည်းနည်းသာ အကုန်ခံပြီး တင်ဆက်ထားတဲ့ ဇာတ်ကားတွေလည်း ရှိပါတယ်။ အဲဒါကြောင့်ပဲ ရုပ်ရှင်ကားကောင်းတကားဖြစ်ဖို့ဆိုတာကုန်ကျစရိတ်တွေအများကြီးမလိုဘူး နည်းပညာအကူအညီမလိုဘူးလူအင်အားအများကြီးမလိုဘူး ဇာတ်လမ်း ဇာတ်ညွှန်းကောင်းကောင်းနဲ့ စေတနာပါဖို့ပဲလိုပါတယ် ဒီလိုကားတွေက သက်သေပါပဲ ဘာနာမည်ကြီး သရုပ်ဆောင်မှမပါဘဲစရိတ်နည်းနည်းနဲ့ ကားကောင်းတစ်ကား ဖြစ်ကြောင်း ပြသနိုင်ခဲ့ပါတယ် ဇာတ်လမ်းကို ပြောရမယ်ဆိုရင် အာရာက ကချေသည်မလေး အနာကလီရဲ့အကြောင်းပါပဲ ကချေသည်ဆိုတာ သူတို့အိန္ဒိယမှာ ဘယ်လိုသတ်မှတ်သလဲဆိုရင် ပြည့်တန်ဆာနဲ့ ထူးမခြားနားပါပဲ သူတို့ဖျော်ဖြေတဲ့သီချင်းတွေက လိင်စိတ်ကြွအောင် အသားပေးထားပြီး လာအားပေးကြတဲ့သူတွေကလည်း မူးမူးရူးရူးနဲ့ အော်ဟစ်ကခုန်နေကြတဲ့သူတွေပါပဲ ဘောက်ဆူးချသလိုနဲ့ ဟိုနှိုက်၊ ဒီဆွဲနဲ့ အဲဒီဒဏ်တွေကိုလည်း ခံရပါတယ် တနေ့တော့ ရဲစခန်းတစ်ခုမှာ ကပြဖျော်ဖြေတဲ့ပွဲမှာ ပွဲလာအားပေးတဲ့ VIPလို့ပြောလို့ရသူ ခရိုနီဘဲတပွေက မူးရူးနဲ့စင်ပေါ်တက်ပြီး အတင်းအဓ္ဓမဆွဲလားရမ်းလား လုပ်ပါတယ် လူအများရှေ့မှာဆိုတော့ အနာကလီကလည်း ငြိမ်မနေဘဲ အဲဒီဘဲကို ပါးပြန်ချလိုက်ပါတယ် အဲဒီအချိန်မှာ ပြသနာပေါင်းစုံစ,တတ်တော့တာပါပဲ အနာကလီတစ်ယောက် ဘာတွေ ဆက်ဖြစ်မလဲ ဒီဘဲကရောဘယ်သူလဲ ဆိုတာကို …. (ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ)

6.1 2017 113 mins
Anaarkali of Aarah
People I Know
5.4

People I Know (2002) IMDb Rating (5.4) / Rotten Tomatoes (45%) အီလိုင်ဝါးမန်းဟာ ကြော်ငြာပြန်ကြားပေးရတဲ့သူပါ သူဟာအသက်အရွယ်ရလာတာနဲ့အမျှ အလုပ်အကိုင်တွေလည်းပါးလာပါတယ်။ သူ့မှာ ဆီးသွားရင်သွေးပါတတ်တဲ့ရောဂါလည်းရှိပြီး အရက်နဲ့မူးယစ်းဆေးစွဲနေသူပါ ကယ်ရီလော်နာဆိုတာကတော့ အော်စကာဆုရနာမည်ကြီးသရုပ်ဆောင်တစ်ဦးပါ။ ကယ်ရီလော်နာကပဲ အီလိုင့်ဆီကိုအလုပ်အပ်တဲ့ တစ်ဦးတည်းသောအလုပ်ရှင်ပါ ကယ်ရီလော်နာ ရှုပ်ခဲ့သမျှပြဿနာတွေကိုလည်း အကုန်လိုက်ရှင်းပေးရပါတယ်။ တစ်နေ့မှာ ကယ်ရီဟာ သူနဲ့ပက်သက်ခဲ့တဲ့ဂျေလီဟော့ပါဆိုတဲ့မော်ဒယ်တစ်ယောက်အဖမ်းခံရတဲ့ကိစ္စကို အီလိုင့်ကိုတာဝန်ဖြေရှင်းခိုင်းရာက အီလိုင့်ရဲ့ ဆိုးနေတဲ့ဘဝအပေါ် ကြီးမားတဲ့သက်ရောက်မှုကြီးဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။) File size…(3.1 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Mystery Duration….01:39:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Rubyjane

Family • Adventure • Drama
5.4 2002 100 mins
People I Know
Apsara
6.4

Apsara 2024 (အိပ်မက်မင်းသမီးလေး) ဆစ်ဒူဆိုတဲ့ကောင်လေးဟာ မိန်းမဆုံးပြီးကတည်းက ဘာအလုပ်မှမလုပ်ဘဲ အရက်ပဲသောက်နေတဲ့ အရက်သမားအဖေနဲ့အတူ နေထိုင်ပါတယ်။ ဆစ်ဒူမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ အိပ်မက်ထဲမှာ နတ်သမီးလေးလိုလှပတဲ့ ကောင်မလေးတစ်ယောက်က ပေါ်ပေါ်လာတာပါပဲ။ ဆစ်ဒူဟာ အဲဒီကောင်မလေးကို စွဲလမ်းနေပါတော့တယ်။ အပြင်မှာတော့ ဆစ်ဒူကို တစ်ဖက်သတ်လိုက်ချစ်နေတဲ့ ရင်ကူဆိုတဲ့ ကောင်မလေးကလည်း ရှိနေပြန်ပါတယ်။ တစ်ဖက်မှာလည်း ရတ်နာ ပူနဲကာတို့ နိုင်ငံရေးမိသားစုရှိနေပြန်ပါတယ်။ ဒီမိသားစုဟာဆိုရင်တော့ ရွေးကောက်ပွဲမှာ အဖေ,ခင်ပွန်းနဲ့ ဇနီးသည်တို့ တစ်လှည့်စီ ဝင်ပြိုင်ရင်း နေရာတစ်နေရာမှာ မိသားစုလိုက် အပိုင်စီးထားသူတွေပါ။ နိုင်ငံရေးလောကဆိုတဲ့အတိုင်းပဲ အရှုပ်အထွေးတွေလည်း ရှိနေတာပေါ့။ ဒီလို အဆက်အစပ်မရှိတဲ့ ရတ်နာပူနဲကာတို့ နိုင်ငံရေးမိသားစုနဲ့ ဆစ်ဒူတို့ ဘယ်လိုတွေ ဆက်နွယ်သွားကြမလဲ … ဆစ်ဒူရဲ့ အိပ်မက်ထဲက နတ်သမီးလေးကရော အပြင်မှာ တကယ်ရှိရဲ့လား … ဆစ်ဒူနဲ့ တွေ့ဆုံခွင့်ရမှာလား… ဆိုတာကိုကြည့်ရှုရမယ့် အချစ်ဒရာမာကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

6.4 2024
Apsara