YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Sleuth [2007] (MM Sub).mp4

857.83 MB 720p video/mp4 27 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Gone
6.2

IMDb 5.9/10 ရရှိထားတဲ့ Thriller, action & mystery ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Main character ဖြစ်တဲ့ Jill ရဲ့နေရာကိုနာမည်ကျော် Amanda Seyfried ကပါဝင်သရုပ်ဆောင်ထားတာပါ Jill ဟာလွန်ခဲ့တဲ့နှစ်နှစ်လောက်ကပြန်ပေးဆွဲခံခဲ့ရတာကြောင့်စိတ်ဒဏ်ရာရနေတဲ့သူဖြစ်ပြီးရဲတွေကတော့သူဘယ်လိုပြောပြောလုံးဝမယုံကြပါဘူး တစ်နေ့ သူ့ညီမလေး Molly ပျောက်သွားတဲ့အခါမှာ ရဲတွေကိုအကူအညီတောင်းလို့မရတဲ့အတွက်သူကိုယ်တိုင်လိုက်ရှာဖို့ဆုံးဖြတ်လိုက်ပါ‌တော့တယ် Molly ကိုတကယ်ပဲသူထင်နေတဲ့သူကဖမ်းသွားတာလား၊ သူ့ညီမလေးကိုရောရှာတွေ့ပါ့မလား ဆိုတာကိုဇာတ်လမ်းအဆုံးထိစိတ်လှုပ်ရှားပြီးစောင့်ကြည့်ရမဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် File size…(1.4 GB)/(710 MB)/(410 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:34:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

Action
6.2 2012 94 mins
Gone
Dead Shot

Imdb - 5.5 Rotten tomatoes - 78% Action, Mystery ကိုမှ သဘောကျပါတယ်ဆိုတဲ့ သူတွေအတွက် အသစ်သစ်စက်စက် ထွက်ရှိထားတဲ့ ၁၉၇၀ ခုနှစ်နောက်ခံ Dark thriller ဇာတ်ကား‌ကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ အိုင်းရစ်ရှ်လူမျိုး ရာဇဝတ်ပြေး တစ်ယောက်ဖြစ်တဲ့ မိုက်ကယ် အိုဟာရာ၊ Irish Republican Army ကို စိတ်ကုန်ငြီးငွေ့လာလို့ နေ့စေ့လစေ့ ကိုယ်ဝန်သည် ဇနီးဖြစ်သူနဲ့ ထွက်ပြေးမယ်အလုပ် အိုင်ယာလန် နယ်စပ်တစ်နေရာမှာပဲ SAS အဖွဲ့ရဲ့ အငိုက်ဝင်ဖမ်းခြင်းကို ခံရပါတယ်။ အကင်းပါးတဲ့ မိုက်ကယ်တစ်ယောက် လက်မတင်လေး လွတ်မြောက်သွားပေမဲ့လည်း ဇနီးဖြစ်သူကတော့ တင်းမာနေတဲ့အခြေအနေတွေကြား မတော်တဆ ကျည်သင့်သေဆုံးသွားခဲ့ရပါတယ်။ အဆိုပါ စစ်ရာဇဝတ်မှုအတွက် ကံထူးရှင် လက်ဖြောင့်တပ်သားကတော့ SAS အရာရှိ ဟင်နရီပါတဲ့။ ဥပဒေဘောင်ထဲကဖြစ်နေတော့ အထက်အရာရှိတွေကိုလည်း အားကိုးမရဘဲ မရှူနိုင်မကယ်နိုင် ဖြစ်နေခိုက် ဘယ်ကမှန်းမသိတဲ့ ကယ်တင်ရှင်ကြီးတစ်ဦး ရောက်ချလာပါတယ်။ ထောင်ဒဏ်ကလွတ်မဲ့အပြင် စစ်မှုဆက်ထမ်းခွင့်လည်း ရဦးမယ်ဆိုပြီး ကမ်းလှမ်းလာတော့ ဟင်နရီခမျာ ဘာမှန်းမသိတဲ့အလုပ်တစ်ခုအတွက် မျက်စိစုံမှိတ်ပြီး တာဝန်ကျရာ လန်ဒန်မြို့ဆီ တက်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဒေါသအိုးကွဲနေတဲ့ မိုက်ကယ်တစ်ယောက် ဟင်နရီ့ကို ရေဆုံး‌မြေဆုံးလိုက်ဖို့ စိတ်ပိုင်းဖြတ်ပြီး IRA အမည်ခံ အိုင်းရစ်ရှ်တော်လှန်ရေးတပ်နဲ့ ပြန်ဆက်သွယ်ကာ လန်ဒန်မြို့ထိ လိုက်လာပါတော့တယ်။ SAS တပ်ဖွဲ့ဝင်ဟောင်း ဟင်နရီရဲ့ အသစ်စက်စက်အလုပ်... လန်ဒန်မြို့လမ်းမတွေပေါ် တစ်စထက်တစ်စ ကြီးစိုးလာတဲ့ IRA တွေ... အဲဒီအတွက် နောက်ဆက်တွဲ ရိုက်ခတ်လာတဲ့ဒဏ်ကို ခံလာရတဲ့ အိုင်းရစ်ရှ်လူမျိုးတွေ... လက်စားချေဖို့ စိုင်းပြင်းနေတဲ့ မိုက်ကယ်... သူတို့ကြားက ဆက်နွယ်မှုတွေကိုတော့ ကိုယ်တိုင်သာ ကြည့်ရှုခံစားလိုက်ကြပါခင်ဗျား။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hugo ပဲ ဖြစ်ပါတယ်။ Genre..... Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.3GB | 587MB | 234MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hugo Encoder ..... Aaron

Crime • Drama • TV Movie
0 2023 87 mins
Dead Shot
Happening
7.2

ဒီဇာတ်ကားလေးဟာ Annie Ernaux ရဲ့ "Happening" ဆိုတဲ့ ဝတ္ထုလေးကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး IMDb 7.4 အထိရရှိခဲ့တဲ့အပြင် BAFTA Award တွေအတွက် ဆန်ခါတင်စာရင်းမှာ ပါခဲ့သလို အခြား ဆုတွေလည်း ၁၃ ခုလောက် ရရှိထားခဲ့တဲ့ ဒရမ်မာ ဇာတ်ကားကောင်းလေး တစ်ကားပါ။ ကိုယ်ဝန်ဖျက်ချတာဟာ တရားဝင်တယ် တရားမဝင်ဘူး ဆိုတာ အခု ၂၂ ရာစုအထိ နိုင်ငံအချို့မှာ debate လုပ်နေကြဆဲဖြစ်ပါတယ်။ 1960 ခုနှစ်တွေတုန်းက ပြင်သစ်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချတာဟာ တရားမဝင်ပါဘူး။ ကိုယ်ဝန်ဖျက်ချရင် ဖျက်ပေးတဲ့ ဆရာဝန်ရော ကိုယ်ဝန်ရှိသူပါ ထောင်ချခံရတဲ့ အခြေအနေပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ... အန်းဆိုတဲ့ စာပေ မေဂျာ ကျောင်းသူလေးက ပညာရေးမှာ ပါရမီပါပြီး ထူးချွန်တယ်။ လူဆိုတာကတော့ အမှားနဲ့ မကင်းကြပါဘူး။ အမှားနဲ့မကင်းတဲ့ထဲမှာမှ ကံဆိုးသွားသူက အန်း ပေါ့။ တစ်ညတာလေး မှားမိခဲ့တာဟာ အန်း ဘဝကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေခဲ့တယ်။ ဟုတ်ပါတယ် အန်းတစ်ယောက် ကိုယ်ဝန်ရသွားခဲ့တယ်။ အန်းက ဘဝရှေ့ရေး ရှိသေးတာမို့ ကလေးယူဖို့ တာဝန်မယူနိုင်သေးတဲ့အတွက် ကိုယ်ဝန်ဖျက်ချဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်ဆရာဝန်မှ မကူညီပေးခဲ့ဘူး။ ဥပဒေကလည်း လက်မခံခဲ့ဘူး။ မိဘတွေကိုလည်း ဖွင့်မပြောရဲ၊ သူငယ်ချင်းတွေကိုလည်း ဖွင့်မပြောရဲတဲ့ အန်းတစ်ယောက် ဒီအခက်အခဲကို တစ်ယောက်တည်း ဘယ်လို ကျော်လွှားနိုင်မလဲ? ဆိုတာကိုတော့ စိတ်ဝင်စားဖွယ်၊ ရင်နင့်ဖွယ် ကြည့်ရှုခံစားကြရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ။) File Size : 2.2GB, 1.1GB, 463MB Quality : 1080p WEB-DL, 720p WEB-DL, 480p Format : mp4 Duration : 1hr & 40mins Genre : Drama Translated by Kit Encoded by Kinnov

Action • Mystery • Thriller
7.2 2021 100 mins
Happening
The Hunt for Red October
7.4

~ IMDb - 7.5/10, Rotten Tomatoes - 88% ~ ဒီရုပ်ရှင်က စာ​ရေးဆရာ Tom Clancy ရဲ့ ဇာတ်​ကောင် Jack Ryan တစ်ယောက် စာမျက်နှာ​ထက်က​နေ ပိတ်ကား​ပေါ်ကို စတင်​ရောက်ရှိခဲ့တဲ့ရုပ်ရှင်ဆို မမှားပါဘူး။ Prime ရဲ့ Jack Ryan shows တွေလိုပဲ ရုပ်ရှင်ဘက်မှာ Jack Ryan Franchise ဆိုပြီး ဇာတ်ကား၅ကား ထွက်ခဲ့ဖူးပါတယ်။ CM မှာ 2014 ခုနှစ်ထွက် Jack Ryan ဇာတ်ကားကို တင်ပြီးပြီဖြစ်ပြီး အခုတင်ဆက်​ပေးမှာက​တော့ ဒီ Franchise ထဲက ပထမဆုံးကားပါ။ ဒီဇာတ်ကားက ၁၉၉၀မှာထွက်ရှိခဲ့တာဖြစ်ပြီး Jack Ryan's Theme ဖြစ်တဲ့ Political Spying ပုံစံကို သေချာခံစားရလို့ Old but Gold မှ ကြိုက်တယ်ဆိုသူ​တွေ​ရော Action ကားပရိသတ်​တွေပါ ကြိုက်မယ့် ဇာတ်ကားပါပဲ။ ဇာတ်လိုက်၂​ယောက်က​တော့ အားလုံးသိတဲ့ ဂျိမ်းစ်ဘွန်းမင်းသားကြီး Sean Connery နဲ့ Pearl Harbor နဲ့ Beetlejuice အပြင် တခြားကားပေါင်းများစွာထဲက မင်းသားကြီး Alec Baldwin ပါ။ ရုရှား​ရေတပ်ကပ္ပတိန် ရေးမီယပ်စ် ဦး​ဆောင်တဲ့ Red October ဆိုတဲ့ အဖျက်ရေငုပ်သင်္ဘောကြီးဟာ ရုရှားပြည်တွင်းက​နေ အ​မေရိကန်ကို ထွက်​ပြေးလာပြီးနောက် ရုရှားနိုင်ငံတွင်းက ​ရေတပ်သင်္ဘောအားလုံး သူတို့ပိုင်သင်္ဘောကို ပြန်ရဖို့ ဖမ်းဆီး​ရေးခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ရေးမီယပ်စ်က မထွက်ခွာခင် ​ရုရှားရေတပ်ရဲ့ဗိုလ်ချုပ်ကြီးပါဒိုရင်ကို အ​မေရိကန်ဘက်မှာ ခိုလှုံမယ့်အ​ကြောင်းစာပို့ခဲ့တာဖြစ်လို့ ရုရှား​တွေ အသည်းအသန်တားဆီးဖို့ အ​ကြောင်းဖန်လာတာပါ။ အ​မေရိကန်​တွေအမြင်မှာ​တော့ တာ​​ဝေးပစ်ဒုံး​တွေ သယ်​ဆောင်လာတဲ့ ဆိုဗီယက်ပိုင်​ရေငုပ်သင်္ဘောကြီးက အ​ကြောင်းအရင်းမသိရဘဲ သူတို့နိုင်ငံဘက်ကို ဦးတည်လာတဲ့အတွက် တားဆီးရဖို့ဖြစ်လာပါတယ်။ Red October ရဲ့ ရည်ရွယ်ချက်အစစ်ကို သတိပြုမိခဲ့က​တော့ CIA ရဲ့ သု​တေသီ ဂျက်ရိုင်ယန်ဖြစ်ပြီး သူ့အ​နေနဲ့ အဆိုပါသင်္ဘောရဲ့ကပ္ပတိန် ရေးမီယပ်စ်ရဲ့ ခိုလှုံချင်တဲ့သ​ဘောထားကို ယူအက်စ်​အာဏာပိုင်​တွေ၊ ရေတပ်အရာရှိ​​တွေ ယုံကြည်အောင် နားချရပါ​တော့တယ်။ ဆိုဗီယက်အစိုးရဘက်ကလည်း သူတို့ရဲ့​ရေငုပ်သင်္ဘောကြီး သူတို့ရဲ့မဟာရန်သူ လက်ထဲ အလွယ်တကူအ​ရောက်မခံနိုင်လို့ ​​သွေးထိုးမှု​တွေ ဆက်တိုက်လုပ်လာခဲ့လို့ ဂျက်ရိုင်ယန်နဲ့ ကပ္ပတိန်ရေးမီယပ်စ်တို့ဟာ အ​မေရိကန်နဲ့ ဆိုဗီယက်တို့ရဲ့ ​ရှေ့​နောက်ညှပ်တိုက်မှုကို ခံရမယ့်အ​​​ခြေအ​နေပါ။ ဂျက်အ​​နေနဲ့ ဆိုဗီယက်ရဲ့​သွေးထိုးမှု​တွေကို ယူအက်စ်​​အာဏာပိုင်​တွေ နားမ​ယောင်​အောင် ​ပြောနိုင်မလား။ အ​နောက်ကလိုက်ပါလာတဲ့ ရုရှားအဖျက်သင်္ဘော​တွေရန်က​နေ Red October ကိုကယ်တင်ပြီး ခိုလှုံခွင့်တောင်းချင်တဲ့ ကပ္ပတိန်ရေးမီယပ်စ်တို့ရဲ့ ရည်ရွယ်ချက်အမှန်ကို ချပြနိုင်မလားဆိုတာ ကြည့်ရှုရမယ့် Action Thriller ဇာတ်ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို X မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 780MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 2H 15Min Genre - Action, Adventure, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by X Encoded by Y

Drama
7.4 1990 135 mins
The Hunt for Red October
Doom Doom
7

Doom Doom (2021) စိတ်တုန်လှုပ်​ခြောက်ခြားပြီး အစိုးရိမ်လွန်တတ်တဲ့ အ​မေ နဲ့ ​နေထိုင်ရသူ အီနာ့မှာ အ​မေ မသိ​အောင် ဖွက်ထားရတဲ့ သမီး​လေးတစ်ဦး ရှိ​နေတယ်။ သမီးငယ်​လေးကို အ​မေ့အသိ အ​ဒေါ်တစ်​ယောက်စီမှာ အပ်ထားရတဲ့ အီနာ့ရဲ့ ဘဝဟာ ဝန်​တွေ ဖိအား​တွေ အပြည့်နဲ့ဖြစ်​နေ​ရှာတာပေ့ါ။ တစ်ချိန်က လျှမ်းလျှမ်း​တောက် ကလပ် ဒီ​ဂျေ တစ်ဦးဖြစ်ခဲ့​ပေမဲ့ အခု​တော့ ​Call Center မှာ ​​​အော်ပရာတာအဖြစ်သာ လုပ်ကိုင်ရင်း အ​မေ​ပြောတဲ့ သာမန် ဘဝ​လေးထဲ ​နေထိုင်ဖို့ ကြိုးစား​နေလျက်ရှိတယ်။ ဒါ​ပေမဲ့ တစ်​နေ့မှာ လမ်း​လေး​တစ်ခုထဲ ​လျှောက်လာရင်း ရင်ကို တဒိတ်ဒိတ် ခုန်​စေတဲ့ တီးလုံးသံ​တွေကို အီနာ ကြားလိုက်ရချိန်မှာ​တော့ သံစဥ်​တွေရဲ့ ဆွဲ​ဆောင်မှု​အောက် ​မျောပါသွားကာ နှလုံး​စေရာ အတိုင်း ဒီ​​ဂျေ ​လောကထဲ ပြန်လည် ​ခြေချဖို့ ကြိုးစားတဲ့အခါ … အီနာတစ်ယောက် သူ့ရဲ့ အိပ်မက်တွေကို တစ်ဖန် ပြန်လည် အသက်သွင်းနိုင်ပါ့မလား? သူ့သမီးလေးကိစ္စကိုကော ပြေလည်အောင် ဖြေရှင်းနိုင်ပါ့မလား? ဆိုတာတော့ ဒီဒရမ်မာ ဇာတ်လမ်းလေးထဲမှာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Song Song ပါ။) File Size : 1.9GB, 637MB, 316MB Quality : 1080p WEB-DL, 720p WEB-DL, 480p Format : mp4 Duration : 1hr & 52mins Genre : Drama Translated by Song Song Encoded by Kinnov

Comedy • Drama • Romance
7 2021
Doom Doom
A Christmas Story Christmas
6.7

ဦးစွာပြောလိုတာကတော့ Rating ပါ.. Rating မကြည့်ကြနဲ့လို့ ဆိုကြပေမယ့် ဒီလိုပွဲ‌တော်အကြောင်းပြုပြီး ပေါချင်းသောချင်းထွက်နေကြ ဇာတ်ကားတွေထဲမှာ ဒီကားဟာ တော်တော်လေးကို ကြည့်လို့ကောင်းတဲ့ ကားတစ်ကားပဲဖြစ်ပါတယ်… ခရစ္စမတ်ကားတို့မည်သည် Family Typeလေးနဲ့ ပျော်ပျ်ောရွှင်ရွှင်အဆုံးသတ်ပြီး ခရစ္စမတ်အရသာကို ခံစားရစေစမြဲဆိုပေမယ့် ဒီဇာတ်လမ်းလေးကတော့ မတူကွဲပြားဘဲ ထူးခြားမှုကို ခံစားရစေတယ်ဗျ။ ရာလ်ဖ် ပါကာဆိုတဲ့ စာရေးဆရာဟာ သားသမီး၂ယောက်ရဲ့ ဖခင်ပေါ့ … သူတို့မိသားစုဝင် ၄ယောက်ဟာ ခရစ္စမတ်တိုင်း အဝေးကလာတဲ့ အဖိုးအဖွားတွေနဲ့ ပွဲတော်ဆင်နွှဲနေကြဆိုပေမယ့် ဒီနှစ်မှာတော့ အဖေဖြစ်သူဆုံးပါးသွားတဲ့အခါ တာဝန်အားလုံးဟာ ရာလ်ဖ်အပေါ်ကျရောက်လာပါတော့တယ်… ရာလ်ဖ်ရဲ့ဖခင်ဟာ ခရစ္စမတ်ပွဲကျင်းပရာမှာ ဆရာတစ်ဆူဖြစ်တဲ့အတွက်ကြောင့် သူ့အဖေခြေရာအတိုင်းထပ်တူဖြစ်လာပါမလားလို့ ressureတွေပိုပိလာတဲ့အခါ … ရာလ်ဖ်တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းရသလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(2.5GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.6/10 Format__mp4 Duration__01:38:00 Type__Comedy, Family Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

Comedy
6.7 2022 102 mins
A Christmas Story Christmas
Nobody’s Fool

ဇာတ်လမ်းအကျဥ်းကတော့ Donald Sullivan(Sully) ဆိုတဲ့အဘိုးကြီးက သူ့သူငယ်ချင်းRubအတူ Carl Roebuckရဲ့ဆောက်လုပ်ရေးလုပ်ငန်းမှာအလုပ်လုပ်ပါတယ်။ အလုပ်လုပ်တုန်းကရခဲ့တဲ့ဒူးဒဏ်ရာအတွက်တရားရုံးကတစ်ဆင့်Carlဆီကလျော်ကြေးကိုလည်းခြေထောက်တစ်ဖက်ပဲရှိတဲ့ရှေ့နေသူငယ်ချင်းနဲ့တောင်းကြတာငြင်းခံရတယ်။ သူ့ရဲ့သားPeterတို့မိသားစုကိုပြန်တွေ့တော့ သူ့မိန်းမနဲ့သားကိုထားခဲ့တဲ့Sullyအတွက် မထင်မှတ်ထားတဲ့တာဝန်တွေကိုကြုံလာရပါတော့တယ်။ အဲ့တစ်ချိန်ထဲမှာပဲ သူ့အိမ်ရှင်အမျိုးသမီးBerylရဲ့သားကSullyကိုအိမ်မှာဆက်မထားဖို့ သူ့အမေကိုတွန်းအားပေးတဲ့အခါ Sullyဘယ်လိုဖြေရှင်းမလဲ Carlရဲ့မိန်းမကိုကြုံရင်ကြုံသလိုအီစီကလီလုပ်ရင်း Carlနဲ့တစ်ယောက်တစ်လှည့်ဘယ်လိုအနိုင်ယူကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ကြည့်ရမယ့်ကားလေးပါ ဒီကားလေးကအော်စကာနှစ်ဆုအပြင်တခြားဆုပေါင်းများစွာအတွက်လည်းNominationဝင်ထားပါတယ် ဒီဇာတ်ကားရဲ့Directorနဲ့Screenplayကတော့ Kramer vs. Kramer(1979)နဲ့ ScreenplayရောDirectorရော အော်စကာရခဲ့တဲ့Robert Bentonပါ။ ဒါ့အပြင်Bonnie and Clyde(1967)နဲ့Superman(1978)အတွက်ရောတွဲဖက်ရေးပေးခဲ့ပါသေးတယ်။ Sully အနေနဲ့ကတော့အော်စကာဆုရှင်မင်းသားကြီးPaul Newmanနဲ့ Berylနေရာမှာတော့အော်စကာဆုရှင်မင်းသမီးကြီးJessica Tandy၊ Carlအနေနဲ့ကတော့လူတိုင်းသိတဲ့Bruce Willisကသရုပ်ဆောင်ထားပေးပါတယ်။ Sullyရဲ့သားPeterနေရာမှာတော့Superman & Lois မှာ Sam Laneအနေနဲ့သရုပ်ဆောင်တဲ့ Dylan Walshပါ။ File size…(1.9 GB)/(1.1 GB)/(580 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiha

Horror • Crime • Thriller
0 1994
Nobody’s Fool
Hunt for the Wilderpeople
7.8

Hunt for the Wilderpeople (2016) ~ IMDb – 7.8/10, Rotten Tomatoes – 97% ~ သွေးမတော်သားမစပ် လူကြီးနဲ့ ကလေးတစ်ယောက် သူတို့နောက်လိုက်တဲ့ အစိုးရအဖွဲ့တွေဆီကနေ ထွက်ပြေးတဲ့ ဇာတ်လမ်းပါ။ ရစ်ကီဘိက်ကာဆိုတဲ့ မိဘမဲ့ကောင်လေးကို ဟိက်နဲ့ ဘယ်လာဆိုတဲ့ ယာသမားစုံတွဲက မွေးစားရာကနေ အရှုပ်ထုပ်တွေစခဲ့တာပါ။ ရစ်ကီက ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့အတွက်တော့ ဆိုးသွမ်းခိုးနှိုက် ဖျက်ဆီးတတ်တဲ့ ပြသာနာကောင်လေးပေါ့။ ရစ်ကီရဲ့မွေးစားအမေ ဘယ်လာကတော့ သူ့ကို ဂရုတစိုက်စောင့်ရှောက်ပေးပါတယ်။ ဟိက်ကတော့ သူ့ဟာသူနေတာပါ။ တစ်နေ့မှာ ဘယ်လာ ဆုံးသွားပြီး ဟိက်က ပြစ်မှုမှတ်တမ်းဟောင်းကြောင့် ရစ်ကီကို မွေးစားခွင့်မရတဲ့အခါ ရစ်ကီက ပြန်မလိုက်ချင်ဘဲ ထွက်ပြေးဖို့ ကြံစည်ပါတော့တယ်။ အဲဒီဒေသက လူတွေ ခြုံလို့ခေါ်တဲ့ တောအုပ်ထဲမှာ မျက်စိလည် လမ်းပျောက်ပြီး ဟိက်နဲ့ ဆုံတဲ့အခါ… ရဲတွေ အစိုးရအဖွဲ့တွေ လိုက်ဖမ်းနေလို့ မတည့်အတူနေ၂ယောက် တောထဲပုန်းခိုရင်း မထင်မှတ်ဘဲ အထင်လွဲမှုတွေဖြစ်သွားပြီး သတင်းကြီးလာတဲ့အခါ… သူတို့ ၂‌ယောက် တောထဲမှာ ဘယ်လိုပြသာနာတွေကြုံရဦးမလဲ… နောက်ဆုံးမှာ ရဲတွေလက်ကလွတ်အောင် ပြေးနိုင်ပါ့မလား… Deadpool 2 ထဲက ဖက်တီးလေးနဲ့ Jurassic Park အပြင် ကားကောင်းတွေတော်တော်များများရိုက်ခဲ့တဲ့ Sam Neill တို့ခေါင်းဆောင်ပါဝင်ထားတဲ့အပြင် Jojo Rabbit နဲ့ What We Do in the Shadows တို့လိုကားကောင်းတွေရိုက်ခဲ့တဲ့ ဒါရိုက်တာ Taika Waititi ရဲ့ လက်ရာတစ်ပုဒ်ကို ရှုစားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 820MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 1H 41Min Genre – Adventure, Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Crime • Drama • Romance
7.8 2016 101 mins
Hunt for the Wilderpeople
Gran Turismo
7.4

Gran Turismo(2023) ******************* ကားပြိုင်ဂိမ်းသမားအဖြစ်မှ ကမ္ဘာ့အဆင့်ပြိုင်ကားသမားဖြစ်လာသူ ယန်း မာဒန်ဘိုရော့ အကြောင်း ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်ပါတယ်။ ကားပြိုင်ပွဲတွေရဲ့ ရင်ခုန်ရတဲ့အရသာကိုလိုချင်ရင် ဒီရုပ်ရှင်လည်း ကြည့်ကိုကြည့်ရမှာပါပဲ။ ယန်းဟာ ကားပြိုင်ဂိမ်းတွေထဲမှာ နာမည်ကြီးဖြစ်တဲ့ ဂရန် တူရစ္စမို ဂိမ်းကို စွဲစွဲလမ်းလမ်း ကစားခဲ့သူဖြစ်ပြီး အကောင်းဆုံးဂိမ်းသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ဂရန်တူရစ္စမိုဂိမ်းဟာလည်း တကယ့်ပြိုင်ကားတွေ၊ ပြေးလမ်းတွေကို အသေးစိတ်လေ့လာပြီးမှ ထုတ်လုပ်ထားတဲ့ဂိမ်းဖြစ်လို့ အရမ်း လက်တွေ့နဲ့နီးစပ်ပြီး လူသန်းပေါင်းများစွာ ကစားနေကြတဲ့ဂိမ်းပဲဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်ကစပြီး နစ်ဆန်းကားကုမ္ပဏီနဲ့ ဆိုနီဂိမ်းတို့ ပူးပေါင်းပြီး ဂိမ်းသမားတွေကို တကယ့် ပြိုင်ကားပရော်ဖက်ရှယ်နယ်ဖြစ်လာအောင်လေ့ကျင့်ပေးတဲ့ GT အကယ်ဒမီအစီအစဉ်ကိုစတင်ခဲ့ပါတယ်။ ယန်း မာဒန်ဘရော့ကလည်း ဒီအစီအစဉ်မှာ ပါသွားခဲ့တဲ့ လူငယ်တစ်ယောက်ပါ။ ဂိမ်းသမားကနေ ပြိုင်ကားအစစ်ကိုတက်မောင်းပြီး ဆုတွေယူဖို့ဆိုတာ ဘယ်သူမှ မယုံကြည့်ခဲ့ပေမဲ့ ယန်းကတော့ ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေမှာပါ ဆုတွေရအောင်စွမ်းဆောင်နိုင်ခဲ့တဲ့အကြောင်းကို တင်ဆက်ထားတာပါ။ ပြိုင်ကားရုပ်ရှင်တွေထဲမှာ အကောင်းဆုံးတစ်ကားဖြစ်တဲ့ Ford vs Ferrari ရုပ်ရှင်လိုမျိုးပဲ အတော်ကို ကောင်းတဲ့ရုပ်ရှင်တစ်ကားပါပဲ။ IMDb မှာလည်း 7.4 အထိ ရရှိထားပါတယ်။ ဒါရိုက်တာကတော့ Elysium တို့ District 9 တို့ရဲ့ ဖန်တီးရှင် Neill Blomkamp ပါပဲ။ ယန်းမာဒန်ဘိုရော့အဖြစ် Archie Madekwe က သရုပ်ဆောင်ထားပြီး သူ့ရဲ့နည်းပြ၊အင်ဂျင်နီယာခေါင်းဆောင်အဖြစ် Stranger Things ရဲ့ မင်းသားကြီး David Harbour ပါဝင်ထားပါတယ်။ GT အကယ်ဒမီကို စီစဉ်သူ Cox အဖြစ် မင်းသားကြီး အော်လန်ဒို ဘလွန်းက ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဂရန် တူရစ္စမို ဂိမ်းဖန်တီးသူ Kazunori Yamauchi ကိုလည်း ဆူရှီဆိုင်ကလူကြီးအဖြစ် ဧည့်သည်သရုပ်ဆောင်ထည့်သွင်းသွားပါသေးတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ File Size : 1GB | 2.2GB | 6.24GB Quality : WEB-DL720p | 1080p | 4k Format…mp4 Duration…02:14:00 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌ Mr.Anderson Encoded by Phyo Pyae, Aaron

7.4 2023 135 mins
Gran Turismo
Lies My Sister Told Me

ဒီတစ်ခေါက်မှာတော့ Thriller ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရောင်းရဆုံးအချစ်ဝတ္တုစာရေးဆရာမ တစ်ယောက်ဖြစ်သူ ဂျနီဖာရေးရ်က အဖေဖြစ်သူရဲ့ သေဆုံးမှုကြောင့် စိတ်အကြီးအကျယ်ထိခိုက်သွားတဲ့ သူနဲ့ ရုပ်ချင်းခွဲမရအောင်တူတဲ့ သူ့ရဲ့အမြွှာညီမဖြစ်သူ ထရေစီရေးရ်ကို မတတ်သာဘဲ စိတ်ကျန်းမာရေးဆေးရုံမှာ တင်ထားခဲ့ရပါတယ်။ လူတိုင်းက လေးစားအားကျပြီး ချစ်ခင်ကြတဲ့ သူမကတော့ အမြွှာညီမဖြစ်သူက စိတ်ကျန်းမာရေးဆေးရုံတက်နေတဲ့အကြောင်း ဘယ်သူ့ကိုမှ အသိမပေးထားခဲ့ပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာတော့ ညီမဖြစ်သူ ထရေစီ့ကို ဧည့်တွေ့ဖို့အသွားမှာ သူ့ညီမက သူနဲ့လူချင်းလဲပြီး သူ့ဟန်ဆောင်ကာ ဆေးရုံကနေ လွတ်မြောက်သွားခဲ့ပါတယ်။ လူစားအလဲခံခဲ့ရသူ ဂျနီဖာရေးရ်ကတော့ စိတ်ကျန်းမာရေး ဆေးရုံထဲ ပိတ်မိနေခဲ့ရတာပေါ့လေ။ သူက သူ့ကိုယ်သူ ဂျနီဖာရေးရ်ပါလို့ သူနာပြုတွေ၊ ဆရာဝန်တွေကို အကြိမ်ကြိမ်ပြောပေမဲ့ အားလုံးက သူ့ကို ထရေစီလို့ပဲထင်ခဲ့ကြပြီး ဘယ်သူကမှ သူပြောတာကို မယုံပေးခဲ့တာမို့ ဆေးရုံကထွက်ပြေးနိုင်ဖို့အရေး နည်းမျိုးစုံနဲ့ကြိုးစားပါတော့တယ်။ တစ်ဖက်မှာလည်း သူ့ဟန်ဆောင်ပြီး အပြင်ကိုလွတ်မြောက်သွားခဲ့သူ ထရေစီတစ်ယောက်ကတော့ အပျော်ကြီးပျော်ကာ လုပ်ချင်တာလုပ်လို့ရပြီလို့ ထင်ခဲ့ပေမဲ့ သူ ထင်မထားတဲ့ အန္တရာယ်တွေ စိန်ခေါ်မှုတွေက သူ့ကို ဆီးကြိုလို့နေခဲ့ပါတော့တယ်။ အပြင်ကိုရောက်မှ အံ့ဩစရာကောင်းအောင် သူ သိလိုက်ရတာကတော့ သူ့အစ်မရဲ့ ဘဝဟာ ထင်သလောက်မရိုးရှင်းဘဲ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေခဲ့တယ်ဆိုတာပါပဲ။ လူတင် လျှို့ဝှက်ချက်တွေပြည့်နေတာမဟုတ်ဘဲ အိမ်က အခန်းတစ်ခန်းက သော့ပိတ်ထားပြီး ဖွင့်မရတဲ့အနေအထားမှာ ရှိနေခဲ့ရာကနေ သူ့ဆီကို သူ မဖိတ်ခေါ်ထားတဲ့ သူ့အစ်မရဲ့ဧည့်သည်တစ်ယောက်က ရောက်ရှိလာခဲ့ချိန်မှာတော့… သူသိလိုက်ရတဲ့ သူ့အစ်မရဲ့လျှို့ဝှက်ချက်တွေက ဘာတွေလဲ.. သူ့အစ်မနားက လူတွေကရော သူရဲ့နဂိုနဲ့မတူတဲ့ပုံစံတွေကို သတိထားမိသွားမှာလား.. စိတ်ကျန်းမာရေးဆေးရုံက သူ့အစ်မကရော ထွက်ပြေးလွတ်မြောက်လာနိုင်မှာလား.. ပိတ်ထားတဲ့အခန်းထဲမှာရော ဘာတွေရှိနေမှာလဲ.. နောက်ဆုံးမှာရော သူတို့နှစ်ယောက် ဘယ်လိုတွေဆက်ဖြစ်ကြမလဲ.. ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(870 MB) Quality….Webrip 720p Format…mp4 Duration….01:32:00 Genre…TV Movie, Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Drama • History
0 2022
Lies My Sister Told Me
Jurassic World
6.9

GOTG ထဲက Starlord သရုပ်ဆောင် Chris Pratt နဲ့ Spiderman ထဲက ဂွမ်သရုပ်ဆောင် Bryce Dallas Howard တို့ ပါဝင်ထားတဲ့ အမိုက်စား ဒိုင်နိုဆောကားကို ပြန်လည်တင်ဆက်လိုက်ပါတယ်။ ဒါရိုက်တာ Colin Trevorrow က ရိုက်ကူးထားပြီး Universal Pitcure ကနေ ထုတ်လုပ်ထားပါတယ်။ IMDb 6.9 နဲ့ RT 71% ရရှိထားတဲ့ သိပ္ပံအက်ရှင်ကား ဖြစ်ပါတယ်။ ဒိုင်နိုဆောတွေရဲ့ ဒီအန်အေတွေကနေတစ်ဆင့် မျိုးဗီဇအင်ဂျင်နီယာ ပညာရပ်နဲ့ သက်ရှိ ဒိုင်နိုဆောတွေကို ဖန်တီးပြီး ဂျူရက်ဆစ်ကမ္ဘာဆိုတဲ့ အပန်းဖြေဥယျာဉ်ကို တည်ဆောက်ထားပါတယ်။ လာရောက်အပန်းဖြေသူတွေကို ဆွဲဆောင်ဖို့ ရည်ရွယ်ချက်နဲ့ အသစ်အသစ်သော ဒိုင်နိုဆောတွေကို မျိုးဗီဇပေါင်းစပ်ပြီး ဖန်တီးလိုက်တဲ့အခါ ဂြိုဟ်ဆိုးစဝင်ပါတော့။ တစ်ဖက်မှာလည်း အိုဝမ်တို့က ရက်ပ်တာ ဒိုင်နိုဆောတွေရဲ့ ဉာဏ်ရည်ကို စမ်းသပ်ဖို့ ရက်ပ်တာသုံးကောင်ကို မွေးမြူလေ့ကျင့်ပေးနေကြတယ်။ ဒီကောင်တွေကို စစ်ရေးစစ်ရာမှာ အသုံးပြုဖို့အတွက် ကွင်းဆင်းစမ်းသပ်ချင်နေတဲ့သူက ရှိနေပြန်ပါတယ်။ အသစ်ဖန်တီးလိုက်တဲ့ ဒိုင်နိုဆော လွတ်ထွက်သွားတဲ့အခါမှာ သူ့အတွက် ဂွင်တွေ့သွားပြီး ပြဿနာတွေက ပိုရှုပ်လာပါတော့တယ်။ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှ ကြိုက်တယ်ဆိုသူများအတွက် ဇ ာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်မှာပါပဲ။ ကြည့်ရှုလိုက်ကြပါဦး… File size… 4.7 GB / 1.5 GB / 890 MB Quality… BluRay 4K HDR / 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Action/Sci-fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by EL MoH

Comedy • Family • Fantasy
6.9 2015
Jurassic World
Akaash Vani
6.3

Akaash Vani 2013 ( ငယ်ကချစ်အနှစ်တစ်ရာ) IMDb 6.3 တစ်ခေတ်တစ်ခါက နာမည်ကြီးလူကြိုက်များခဲ့တဲ့ရိုမန့် ဒရာမာဇာတ်ကားလေးကို ပြန်လည်တင်ဆက်ပေးချင်ပါတယ် တော်ကီအလန်းစားတွေနဲ့ စော်လိုက်နည်းကျင့်ချင်တဲ့ဘရိုတွေအတွက်တော့ ဒေါင်းကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ လိုတာမရ ရတာမလိုဆိုတာ လူ့ဆန္ဒပဲမဟုတ်လား နယ်မြို့လေးမှာကျောင်းတက်ရင်း ဒေလီမှာတက်ချင်တယ်ဆိုပြီး လာရင်းနဲ့ တစ်ကျောင်းတည်း တစ်ခန်းထဲမှာ တွေ့ဖြစ်သွားကြတဲ့ အာကတ်ရှ်နဲ့ ဗာနီတို့ ၂ယောက် ၂ယောက်သားက သရုပ်ဆောင်ပိုင်းမှာ ဝင်ပါရင်းနဲ့ အချင်းချင်းရင်းနှီးသွားကြတယ် အာကတ်ရှ်အဖို့ကတော့ ဗာနီကမြင်မြင်ချင်းအချစ်ဖြစ်ခဲ့တာပေါ့ တောကတက်လာတဲ့ တောသားလေးဖြစ်တာမို့ ရည်းစားတွေဘာတွေမထားဖူးတဲ့အာကတ်ရှ်နဲ့ ဘဲကြည်စော်ဖြစ်တဲ့ ဗာနီတို့ဇာတ်လမ်းက လွယ်ကူမနေခဲ့ဘူး ဒါပေမဲ့ လှတောသားစကားကြွယ်ဆိုသလို တောမှာနေခဲ့ပေမဲ့ စကားတစ်ပေါက် လျှမ်းလျှမ်းတောက်နေတဲ့အာကတ်ရှ်ရဲ့စကားတွေက ဗာနီ့အပြင်ကို ကြည့်ရှုသူတွေအတွက်ပါ ရယ်မောစရာတစ်ခုလိုဖြစ်နေမှာပါ ။။ ဆိုတော့ အချစ်စစ်ရဲ့လမ်းမှာ ဆူးငြောင့်ခလုတ်တွေရှိစမြဲမို့ သူတို့ဘာတွေတွေ့ကြုံသွားမလဲဆိုဝာာကိုတော့…. (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ BpL ~ ToMo တို့ပဲဖြစ်ပါတယ် )

6.3 2013
Akaash Vani
Avenging Force
5.8

ဒီဇာတ်လမ်းဟာ 1986 ခုနှစ်မှာထွက်ရှိထားတဲ့ Action/Thriller အမျိုးအစား ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ IMDb 5.8 ရရှိထားပြီးတော့ Rotten tomatoes 50% ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အေးဂျင့်တစ်ယောက်ဖြစ်တဲ့ ဟန်တာဟာ မိဘတွေဆုံးပါးသွားတဲ့အခါကစပြီး ညီမလေးကိုစောင့်ရှောက်ဖို့ အေးဂျင့်အလုပ်ကနေထွက်လိုက်ပါ‌တယ်။ တစ်နေ့တော့ သူ့ရဲ့သူငယ်ချင်းဟောင်းတစ်ယောက်ဆီအလည်သွားရင်း သူငယ်ချင်းရဲ့မိသားစုကိုလုပ်ကြံမှုနှင့် ကြုံတွေ့ပါတော့တယ်။ ထိုအခါ သူငယ်ချင်းကို အေးဂျင့်ဟောင်းဖြစ်တဲ့ဟန်တာက ဘယ်လိုကာကွယ်မလဲ၊ သူငယ်ချင်းအစစ်မှန်ဟာဘယ်လိုမျိုးလဲ ဆိုတာကို ရှုစားရမှာပါ။ 1986 ခန့်ထွက်ရှိခဲ့ပေမယ့် ယခုအချိန်ထိ ကြည့်ရှု၍ကောင်းနေဆဲ ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ အက်ရှင်ကားကြိုက်တဲ့ Channelmyanmar ပရိတ်သတ်ကြီးတို့ ခံစားကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ File Size : 2.2 GB, 1.3 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 44min Format :Mp4 Genre : Action, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : KK Encode by : Thit San Khant

Drama • Action • History
5.8 1986 104 mins
Avenging Force
The Social Network
7.7

ဒီရုပ်ရှင်ကား ဟာ Facebook တည်ထောင်သူ မာတ်ဇူကာဘတ် ရဲ့ ကျောင်းသားဘ၀ နှင့် Facebook ကို တည်ထောင်တဲ့ ကာလ တစ်လျှောက်က အကြောင်းများကို ဇတ်လမ်းရိုက်ကူးထားသည့် ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်ပါတယ်…. ရုပ်ရှင်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကလဲ ဒိတ်ဒိတ်ကျဲတွေပါပဲ Now You See Me ထဲမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Jesse Eisenberg နဲ့ Spider-Man မင်းသား Andrew Garfield တို့ဖြစ်ပြီး နာမည်ကြီးအဆိုတော် Justin Timberlake တောင် ပါဝင်ပါသေးတယ် ဒိတ်ဒိတ်ကျဲတွေ ပါဝင်ထားသလို ဇတ်လမ်းကလဲ အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်…. မတ်ဇူကာဘတ် ဟာ ဖေ့ဘုတ် ကို သူငယ်ချင်းဖြစ်သူ နဲ့ အတူ တည်ထောင်ရင်း ဖေ့ဘုတ်ရဲ့ အရှိန်အဝါ ကြီးမားလာပုံ ကို ရိုက်ပြထားပါတယ်… File size… 2.5 GB / 845 MB / 484 MB Quality… BluRay 4K HEVC / 1080p / 720p Format… mp4 Audio… AAc & E-AC-3 Duration…. 2h Genre ….. Biography, Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Nay Yell Ni

Thriller • Horror • Fantasy
7.7 2010 121 mins
The Social Network
Mujhse Dosti Karoge!
5.1

“ငါနဲ့သူငယ်ချင်းလုပ်မလား” သူငယ်ချင်း၊ ရင်းနှီးမှု အချစ်ဆိုတာ ဘာပါလဲ “အချစ်ဆိုတာ ရင်နှီးမှုပါပဲ လူတစ်ယောက်ကို မရင်းနှီးဘဲနဲ့ ဘယ်လိုမှ မချစ်နိုင်သလို သံယောဇဉ်လည်း မတွယ်နိုင်ပါဘူး ကဲ့ ဒါကြောင့် ငါနဲ့ သူငယ်ချင်းလုပ်မလား ” ဒီဒိုင်ယာလော့လေးကတော့ နာမည်ကြီး ဂန္တဝင်အချစ်ဇာတ်ကား တစ်ကားဖြစ်တဲ့ Kuch Kuch Hota Hai (1998) ထဲကပဲဖြစ်ပါတယ်။ အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကလည်း တခမ်းတနားနဲ့ အမှန်အကန်တင်ဆက်ထားတဲ့ ဘောလီဝုဒ်ကားကောင်း တစ်ကားပါပဲ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ Hrithik Roshan (ခ) လက်ပွားမင်းသား Rani Mukerji နှင့် Kareena Kapoor တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေး တပုဒ်လည်း ဖြစ်ပါတယ် အခုလို မိုးရာသီဖွဲဖွဲလေးမှာ ဒီလို Romance, Dramaကား ခပ်ကောင်းကောင်းလေးကို တခါကြည့်ဖူးရုံနဲ့ ဇာတ်ဝင်တေးအားလုံးကလည်း တသက်လုံး မေ့လျော့နိုင်မှာ မဟုတ်ပါဘူး ဒီကားကို ကြည့်ဖူးတဲ့သူတွေရှိသလို လုံးဝမကြည့်ရသေးတဲ့သူတွေလည်း ရှိပါလိမ့်မယ် အခု CMက ပြန်လည်တင်ဆက်ပေးထားတာကတော့ ရုပ်သံအကြည်လင်းဆုံးနဲ့ သီချင်းတွေကအစ မြန်မာမှုပြုပေးထားလို့ သိမ်းထားချင်သူတွေအတွက် နှစ်ခြိုက်စရာပါပဲ ဇာတ်လမ်းလေးကတော့ ရာ(ဂျ်)၊ တီနာနဲ့ ပူဂျာတို့ဟာ သိပ်ချစ်ကြတဲ့ သူငယ်ချင်းသုံးယောက်ပါ ဒီထဲမှာမှ ရာ(ဂျ်)က တီနာပေါ်မှာ ခင်မင်မှုပိုနေသလိုပါပဲ အကြောင်းကြောင်းကြောင့် ရာ(ဂျ်)တို့ မိသားစု လန်ဒန်ကိုပြောင်းသွားတဲ့အခါ တီနာနဲ့ ပူဂျာကတော့ အိန္ဒိယမှာပဲ ကျန်ခဲ့ပါတော့တယ် ရာ(ဂျ်)အနေနဲ့ မသွားခင်မှာ သူလန်ဒန်ရောက်ရင် နေ့စဉ် အီးမေးလ်ကတဆင့် စာတွေရေးမှာဖြစ်လို့ သူ့ဆီကို စာပြန်ဖို့ တီနာကို မှာကြားခဲ့ပြီး နှုတ်ဆက်ထွက်ခွာသွားခဲ့ပါတယ် ဒါပေမဲ့ ရာ(ဂျ်)တယောက် စာတွေပို့တဲ့အချိန်မှာ တီနာကတော့ စိတ်မဝင်စားဘဲ အရေးတယူမလုပ်ခဲ့ဘူး ဒီအခြေအနေမှာ သူသိပ်ချစ်တဲ့ သူငယ်ချင်းကို ပူဂျာကပဲ စာတွေပြန်ရေးခဲ့ပါတယ် ဒါပေမဲ့ စာပြန်တဲ့အခါမှာ သူ့နာမည်မသုံးဘဲ တီနာ နာမည်ကိုသုံးလိုက်ပါတယ် ၁၅ နှစ်တာ ကလေးဘဝကတည်းက တနေ့တာဖြစ်ခဲ့သမျှကို စာတွေရေးပြီး ရင်ဖွင့်ခဲ့ကြတဲ့ သူတို့နှစ်ယောက်မှာ သူငယ်ချင်းသံယောဇဉ်ထက် ပိုတဲ့အရာ တစ်ခုဖြစ်နေပါပြီ စာတွေရေးနေကြတဲ့ နှစ်ယောက်ဟာ တယောက်ကိုတယောက် မမြင်မတွေ့ဘဲ ချစ်မိနေကြပါပြီ ရာ(ဂျ်) ကသူ့ဆီစာတွေရေးနေတာ တီနာလို့ထင်မှတ်ပြီး တီနာကို ချစ်မိနေသလို ကလေးဘဝကတည်းက စာတွေရေးခဲ့တဲ့ ပူဂျာကလည်း ရာဂျ်အကြောင်း ကောင်းကောင်းကြီးသိခဲ့ပြီး ချစ်မိနေပါပြီ ရာ(ဂျ်) တစ်ယောက် လန်ဒန်ကနေ အိန္ဒိယကို ပြန်လာတဲ့အခါမှာတော့ …….. ရာ(ဂျ်)၊ တီနာနဲ့ ပူဂျာတို့ကြားက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးက ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ….. မိတ်ဆွေတို့ကို ပြောချင်တာလေးကတော့ ကိုယ်ချစ်ရတဲ့သူတယောက်ယောက်ကို တွေ့ခဲ့ပြီဆိုရင် ဒီမေးခွန်းလေးပဲ အရင်မေးလိုက်ပါ “ငါနဲ့သူငယ်ချင်းလုပ်မလား” (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ထားသူကတော့ Zaw Htoo ပါ။)

Crime • Drama • Thriller
5.1 2002 149 mins
Mujhse Dosti Karoge!