YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Slasher.S01E07.In.the.Pride.of.His.Face.720p.(CM).mp4

407.72 MB 720p video/mp4 50 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Vive L’Amour
7.4

Vive L’Amour (1994) ~ IMDb – 7.4/10, Rotten Tomatoes – 86% ~ Directed by “Tsai Ming-liang“ ထိုင်ဝမ်ရဲ့ ပထမနယူးဝေ့ကို ၁၉၈၂ နှောင်းပိုင်းတွေမှာ Edward Yang တို့ Hou Hsiao-hsien တို့နဲ့ တခြားဒါရိုက်တာတချို့ရဲ့ ရုပ်ရှင်တွေနဲ့ စတင်ခဲ့ပြီးတဲ့နောက် Tsai Ming-liang တို့ Ang Lee တို့အပါအဝင် ၁၉၉၀နှောင်းပိုင်း ဒါရိုက်တာတစ်ချို့က သူတို့ရုပ်ရှင်တွေနဲ့ ဒုတိယနယူးဝေ့ကို အသက်သွင်းခဲ့ကြပါတယ်။ အားလုံးဟာ ဟောင်ကောင် ပြည်မတို့နဲ့မတူတဲ့ ထိုင်ဝမ်ရုပ်ရှင်ဆိုတဲ့ အငွေ့အသက်တစ်ခု သီးခြားခံစားရအောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာကောင်းတွေချည်းပါပဲ။ သူတို့ထဲမှာ Tsai Ming-liang ရဲ့ ရုပ်ရှင်တွေဟာ တင်ပြပုံ အထူးခြားဆုံးလို့ပြောရမှာပါပဲ။ Ang Lee ကတော့ အမေရိကန်ရောက်သွားပြီး ပေါကားပေါင်းစုံပါရိုက်လာပေမဲ့ Tsai Ming-liang ဟာ နှစ်ပေါင်းများစွာကနေ ပြီးခဲ့တဲ့ ၂၀၂၀အထိလည်း ဒီလိုပုံစံကားမျိုးတွေကို ရိုက်တုန်းပါပဲ။ သူ့ရဲ့ပထမဆုံးရုပ်ရှင် Rebels of the Neon God မှာ သူ့ရုပ်ရှင်ဟာ ထိုင်ပေမြို့အငွေ့အသက် တော်တော်လေးလွှမ်းထားတယ်လို့ဆိုလို့ရပေမဲ့ အဲဒီနောက်ပိုင်းရုပ်ရှင်တွေမှာတော့ သူဟာ နေရာအစွဲကင်းတဲ့သူလို့ သူပြောဖူးတဲ့စကားနဲ့အညီပဲ သူ့ရုပ်ရှင်တွေဟာ ဒေသအပိုင်းအခြားမရွေးတဲ့ မြင်နေကြုံနေခက်ခဲခြင်းတွေ အာသီသတွေကို ပုံဖော်တဲ့ ရုပ်ရှင်တွေပိုဆန်လာတယ်။ သိသလောက်တော့ သူဟာ ဇာတ်လမ်းတစ်ခုတည်းထဲ နောက်ဇာတ်လမ်းပိစိလေးတွေကို ယက်ဖွဲ့တတ်တဲ့ဒါရိုက်တာမျိုးဖြစ်ပြီး အဲဒီဇာတ်လမ်းတွေမှာလည်း သေချာတဲ့ပြချင်တာတစ်ခု ရှိနေတတ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာဆိုရင်လည်း Main Story ဖြစ်တဲ့ မသိလိုက်ပါဘဲ တစ်ခန်းတည်း နေဖြစ်သွားကြတဲ့ လူသုံးယောက်ရဲ့ ဇာတ်လမ်းသုံးခုကို ပေါင်းစပ်ပေးထားပြီး တခြားဇာတ်လမ်းပိစိလေးပါထည့်ထားပါသေးတယ်။ သူ့ရုပ်ရှင်တွေဟာ ကင်ကီဒွပ်ရဲ့တစ်ချို့ကားတွေလောက်တော့ လုံးဝစကားမပြောတဲ့ ကားတွေတော့မဟုတ်ပေမဲ့ တော်တော်လေး စကားနည်းပြီး အပြကို ဦးစားပေးတဲ့ ရုပ်ရှင်တွေပါပဲ။ သူ့အပြတွေဟာလည်း တစ်ခါတလေကျ နိမိတ်ပုံဆန်ပြီး တစ်ခါတလေကျ တော်တော်လည်းစားပါတယ်။ ဒီထဲမှာဆို ဒီကားရဲ့ Theme ကို အရိုးအိုးရောင်းတဲ့နေရာနဲ့ ထပ်ဆင့်ပုံဖော်သွားခဲ့သလို ဖရဲသီးတစ်လုံးနဲ့ အာသီသကိုပုံဖော်သွားခဲ့သလိုပေါ့။ နားလည်ရတော့ခက်တဲ့အခန်းတွေလည်း ပါတတ်ပါတယ်။ အရေးတော့မကြီးလှပါဘူး။ သူပြတာကို ကြည့်လိုက်တယ်၊ ကြည့်နေတုန်း အဲဒီခပ်ဆန်းဆန်းအပြတွေကို သဘောကျနေမယ်၊ ကိုယ့်စိတ်နဲ့ကိုယ် အဓိပ္ပာယ်ကောက်ပြီး တစ်ခုခုခံစားလိုက်ရမယ်၊ အရသာရှိနေမယ်ဆို ပြီးပြီပဲမလား။ ကိုယ့်စက္ခုနဲ့ သိစိတ်ကရတဲ့ အရသာကိုမခံစားဘဲ ဒါရိုက်တာ တကယ်တမ်းပြချင်တာဘာလဲ ထိုင်ခေါင်းစားနေမယ်ဆို Art House ကားကြည့်ပေမဲ့ Art House ကား အရသာမရသလို ဖြစ်သွားမလားပဲ။ ဒီတော့ ဒီရုပ်ရှင်ဟာလည်း တစ်ခုခုကိုနားလည်ချင်စိတ်နဲ့ကြည့်ရမယ့် ရုပ်ရှင်မျိုးလို့တော့ ကျွန်တော်တော့မထင်ဘူး။ သူ့အရသာကို ခင်ဗျား ဒီတိုင်းခံစားလိုက်ရမယ့် ရုပ်ရှင်မျိုးပါပဲ။ အရင်နှစ်က သူ့ပထမဆုံးကားဖြစ်တဲ့ Rebels of the Neon God ကို တင်ပေးခဲ့ပြီးဖြစ်ပါတယ်။ အခု Vive L’Amour ကတော့ သူ့ရဲ့ ဒုတိယကားပါ။ အနောက်တိုင်း ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရခဲ့သလို Art Film ကောင်းတွေကို ပြန်လည်ထိန်းသိမ်းထုတ်ဝေပေးတဲ့ Criterion Collection ကလည်း ဒီကားကို ပြန်ထုတ်ပေးထားခဲ့ပါတယ်။ Vive L’Amour ဆိုတဲ့ ပြင်သစ်စကားရဲ့ အဓိပ္ပာယ်ကတော့ ချစ်သက်ရှည်စေလို့ အဓိပ္ပာယ်ရနေပြီး တစ်ချို့ရုပ်ရှင်တွေလို ရုပ်ရှင်ရဲ့အပြနဲ့ ဒီစကားလုံးကို တွဲဖက်ခံစားကြည့်ဖို့ကလည်း တော်တော်တော့နားလည်ရခက်ပါတယ်။ ဘာလို့ဆို ဒီရုပ်ရှင်ရဲ့ Theme လို့ ခံစားရတဲ့အရာနဲ့ တော်တော်မဆီမဆိုင်ဖြစ်နေတာကိုး။ ယူသလိုပဲ ရမှာပါပဲ။ တစ်ချို့အတွက်တော့ အကြိုက်ဆုံးကားဖြစ်သွားနိုင်တာပါပဲ။ တစ်ချို့အတွက်ကလည်း ဖြစ်ခဲ့ပြီးပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 820MB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 58Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Science Fiction • Thriller
7.4 1994 118 mins
Vive L’Amour
Ginger & Rosa
6.2

Ginger & Rosa (2012) ~ IMDb – 6.2/10, Rotten Tomatoes – 78% ~ ဆယ်ကျော်သက်လူငယ်ဘဝဆိုတာ လူကြီးတွေရဲ့ ပုံဖျက်စကားတွေနဲ့ ပြောင်စရာလိုလို လှောင်စရာလိုလိုဖြစ်နေတယ်လို့ ပြောရမလား။ သစ်ရွက်လှုပ်ရင် ရယ်တဲ့အရွယ်တဲ့။ ဒါပေမဲ့ သူ့ရင်ထဲမှာ သူ့အတွေးထဲမှာ သစ်ရွက်လေးတွေလှုပ်သွားတာထက် အဆအများကြီးပိုတဲ့အရာတွေ ရှိနေတယ်လေ။ မြီးကောင်ပေါက်မအရွယ်တဲ့။ လူပျိုပေါက်တဲ့။ ဒါပေမဲ့ သူတို့ရင်ထဲက အတွေး၊ ခံစားချက်နဲ့ သောက‌တွေက ဆန့်ကျင်ဘက်လိင်အတွက်ချည်းပဲ မဟုတ်ဘူးပေါ့လေ။ ဒီလူငယ်တွေကပဲ ကမ္ဘာကို ကိုင်လှုပ်မယ့် လူကြီးတွေ ဖြစ်လာခဲ့တာပဲမဟုတ်လား။ သူတို့တွေရဲ့ စိတ်ခွန်အားနဲ့ စွမ်းဆောင်နိုင်ရည်တွေက အကန့်အသတ်မဲ့ပဲဗျ။ ကောင်းရင်လည်း ကမ္ဘာ့ရတနာတွေ ဖြစ်လာသလို ဆိုးပြီဆိုလည်း ကမ္ဘာကို မြေလှန်ပစ်မယ်တကဲကဲ လုပ်ကြပြန်ရော။ ဟုတ်တာမဟုတ်တာတော့ အသာထား။ ဆယ့်သုံးနှစ်သမီးလေးတစ်ယောက်က နျူကလီယားစစ်ပွဲကြီးကို ရပ်တန့်ပစ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေလေရဲ့။ သူ့ရဲ့ ဖွားဖက်တော် သူငယ်ချင်းမလေးတစ်ယောက်ကလည်း သူ့ကိုယ်ပိုင်တည်ထောင်မယ့် အချစ်ကမ္ဘာကို အားလုံးနဲ့ဆန့်ကျင်ပြီး ထုဆစ်ဆဲပဲလေ။ တစ်အူထုံဆင်း ညီအစ်မအရင်းတွေထက်တောင် သာနိုင်တဲ့အချစ်မျိုးနဲ့ ချစ်ခဲ့ကြသူနှစ်ယောက်… ဂျင်းဂျာ နဲ့ ရိုဆာ။ မိဘချင်းက မိတ်ဟောင်းဆွေဟောင်းကြီးတွေ။ ဒီ နုနုငယ်ငယ်ကလေးမနှစ်ယောက်က အရွယ်နဲ့မတန်တဲ့ လုပ်ဆောင်ချက်ကြီးတွေကို လူငယ်ပီပီ မှားမှားယွင်းယွင်း လဲလဲကွဲကွဲ လုပ်နေကြပုံတွေ ကြည့်ရှုရမှာပေါ့။ ဟောဒီဗြိတိန်ဇာတ်ကားလေးက ပြည်တွင်းရုပ်ရှင်ဆုတွေ၊ သရုပ်ဆောင်ဆုတွေ၊ ပညာရှင်ဆုတွေ ဆွတ်ခူးခဲ့ပါတယ်။ ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေ ရရှိထားပြီး အထူးသဖြင့် လူငယ်သရုပ်ဆောင်တွေကို ချီးကျူးထားပါတယ်။ Maleficent ဇာတ်ကားထဲက မင်းသမီးလေး အော်ရိုရာ ကို မှတ်မိမယ်ဆိုရင်ဖြင့် ဟောဒီအမေရိကန်မင်းသမီးလေး Elle Fanning ရဲ့ အနောက်ဆန်တဲ့အလှနဲ့ မှော်ဆန်ဆန်သရုပ်ဆောင်မှုကို ဂျင်းဂျာ ဆိုတဲ့ကောင်မလေးအဖြစ် မြင်ရဖို့ရှိပါတယ်။ Alice Englert ဆိုတဲ့ ဩစတေးလျမင်းသမီးချောလေးရဲ့ အရှေ့ဆန်တဲ့အလှနဲ့ ပြေပြစ်တဲ့သရုပ်ဆောင်မှုကိုလည်း ရိုဆာ ဆိုတဲ့ အချစ်သူရဲကောင်းမလေးအဖြစ် ကြည့်ရှုရပါမယ်။ ဒုတိယကမ္ဘာစစ်အပြီး ဆိုဗီယက်ပြည်ထောင်စုနဲ့ ကျန်တဲ့မဟာမိတ်နိုင်ငံတွေအချင်းချင်း ရန်စောင်နေကြသဗျ။ နျူဒုံးကျည်တွေကိုယ်စီနဲ့ အစွယ်တပြပြလုပ်နေကြတော့ နျူကပ်ဘေးကြောင့် ကမ္ဘာပျက်တော့မလိုလိုကာလပေါ့ဗျာ။ အဆင်မပြေတဲ့ အိမ်ထောင်ရေးကိုယ်စီက မွေးဖွားလာတဲ့ကောင်မလေးနှစ်ယောက်ရဲ့ ကိုယ်စီပြဿနာတွေက ကမ္ဘာ့အရေးထက် ပိုကြီးတယ်လို့ သူတို့တွေထင်မှတ်ထားကြသလားမသိ။ အဖေ ကို အဖေလို့ ခေါ်ခွင့်မရတဲ့ ကောင်မလေးဂျင်းဂျာ ရယ်၊ အဖေခေါ်စရာကို မရှိတော့တဲ့ကောင်မလေး ရိုဆာ ရယ်၊ အချစ်ဆုံးသူငယ်ချင်းကို အချစ်ဆုံးသူပေးလိုက်ရတဲ့ ဂျင်းဂျာ၊ သူငယ်ချင်းအပေါ်ကို အဆုံးအထိ သစ္စာမဲ့ စာနာတရားမဲ့ခဲ့တဲ့ ရိုဆာ တို့ရဲ့ ဇာတ်ရှုပ်တွေကို လူကြီးမင်းတို့ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့လေ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 730MB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 30Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Crime • Thriller
6.2 2012
Ginger & Rosa
Chloe and Theo
5.8

Chloe and Theo (2015) ================ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဝင်ရိုးစွန်းကရေခဲတောင်တွေအရည်ပျော်ကျ လာမှုနဲ့အတူ အဲ့ဒီဘက်ပိုင်းမှာနေထိုင်တဲ့ အက်စကီးမိုးတွေရဲ့ နေ့စဉ်ဘဝကို ခြိမ်းခြောက်စပြုလာတဲ့နောက် သူတို့ဆီက အကြီးအကဲတွေဟာ သူတို့ထဲကမှ လူရည်လည်၊အင်္ဂလိပ်စကားတတ်တဲ့ သီယိုကို ရွေးချယ်ပြီး သူတို့ပြောချင်တဲ့ သတင်းစကားပါးဖို့အတွက် နယူးယောက်မြို့ကိုစေလွှတ်ခဲ့ပါတယ်။ မြို့တော်ကြီးမှာ သီယိုတစ်ယောက်တည်းယောင်ချာချာဖြစ်နေတုန်း ကလိုဝီ ဆိုတဲ့ အိမ်ခြေယာမဲ့ကောင်မလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးနောက် ကလိုဝီရဲ့ အတူနေမိတ်ဆွေတွေရဲ့ ကူညီမှု အားပေးမှုတွေနဲ့ ဝင်ရိုးစွန်းက အမှာစကားကို ကမ္ဘာကုလသမဂ္ဂနဲ့တကွ လူအများဆီကိုသတင်းပါးဖို့ အားထုတ်ကြပုံတွေကို ရှုမြင်ရမှာဖြစ်ပါတယ်။ ကလိုဝီအဖြစ် Dakota Johnson နဲ့ သီယိုအဖြစ်ပါဝင်ထားသူကတော့ ပြင်ပ မှာလည်း ရာသီဥတုပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီး လူတွေ awareness ရအောင် လုပ်ဆောင်နေတဲ့ Theo Ikummaq ကိုယ်တိုင်ပါပဲ။ ဒီရုပ်ရှင်ဟာလည်း သူ့ကြိုး စားမှုတွေ အားထုတ်မှုတွေကိုအခြေခံထားတာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1 GB) / (413 MB) Quality…………BLU-RAY 1080p / 720p Duration……..1Hr 40Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator……Alias Encoder……….SWM

5.8 2015
Chloe and Theo
Dracula Untold
6.3

Dracula Untold (2014) ========== Dracula Untold 2 အဆက်ထွက်ဖို့ ပြောနေကြလို့ ပထမဇာတ်ကားကို 4K Quality နဲ့ တင်ဆက်လိုက်ပါတယ်။ ဘဝမှာမလွဲမသာတဲ့အခြေနေတစ်ခုကိုရောက်လာတိုင်းလုပ်သင့်လုပ်ထိုက်တဲ့အရာကို ချက်ချင်းဆုံးဖြတ်ချက်ချပြီးလုပ်နိုင်တဲ့သူဟာ လူတော်ပါပဲ…. တကယ်လို့အဲဒီလုပ်သင့်လုပ်ထိုက်တဲ့အရာက အကောင်းဆုံးမဟုတ်ရင်တောင်မှ အဆုံးဝါးဆုံးအရာဖြစ်နေရင်ကော သင်ဘာကိုရွေးချယ်မလဲ… အရေးကြီးတဲ့အရာကိုလုပ်ဖို့ အဆုံးဝါးဆုံးအရာကိုရွေးချယ်မလား…. ဒါမှမဟုတ် ပုံမှန်သဘာဝအတိုင်းပဲရင်ဆိုင်ဖို့ ကြိုးစားမလား… ဒီဇာတ်လမ်းကိုကြည့်ရအောင်ပါ….ဒီဇာတ်လမ်းလေးဟာ ၁၉၈၇ ခုနှစ်က ထွက်ရှိထားတဲ့ Dracula ဆိုတဲ့ဝတ္တုကိုအခြေခံပြီးတော့ ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်… တိုင်းပြည်တစ်ပြည်ရဲ့ မင်းသားဘလက်ဟာ တူရကီနိုင်ငံရဲ့လက်အောက်ခံကျွန်ဘဝကနေလွတ်မြောက်လာခဲ့ပြီး တိုင်းပြည်ရဲ့ဘုရင်တစ်ပါးဖြစ်လာခဲ့ပါတယ်… စစ်ဆင်ရေးတစ်ခုမှာ မင်းသားဘလက်နဲ့သူ့ရဲ့စစ်သားတွေဟာ တူရကီတွေကိုလိုက်လံခြေမှုန်းရာကနေ ဂူတစ်ခုမှာ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်… သူ့ရဲ့စစ်သားအားလုံးသေပြီးတော့ သူတစ်ယောက်တည်းသာလွတ်မြောက်လာခဲ့ပါတယ်… တစ်နေ့ ဘလက်ဟာ သူ့ရဲ့သားနဲ့ဇနီးနဲ့အတူ Dracula နန်းတော်မှာ စားသောက်ပွဲကျင်းပနေတဲ့အချိန် တူရကီစစ်တပ်များရောက်လာပြီးတော့ ယောကျ်ားလေးအယောက် ၁၀၀၀ ကိုသူတို့စစ်တပ်အတွက်တောင်းဆိုခဲ့ပါတယ်.. ငယ်သားတွေကိုကြင်နာတဲ့ ဘလက်ဟာ လူတွေအစားငွေတွေကိုပေးဖို့ကမ်းလှမ်းခဲ့ပေမယ့်လည်းမအောင်မြင်ခဲ့ပါဘူး…ဒါကြောင့် တူရကီတွေဟာသူတို့တိုင်းပြည်ကို စစ်တိုက်ဖို့ပြင်လာပါတော့တယ်… တကယ်တမ်း စစ်တိုက်ဖို့အတွက် တူရကီတွေနဲ့ယှဉ်လာရင် သူတို့ဟာအင်အားမမျှခဲ့ပါဘူး…ဒါကြောင့်ကျူးကျော်လာတဲ့ အင်အားကြီးတဲ့တူရကီတွေကိုပြန်လည်တုန့်ပြန်ဖို့ အင်အားတွေကိုလိုလာခဲ့ပါတယ်… မင်းသားဘလက်ဟာ သူ့တိုင်းပြည်အတွက်ဆုံးဖြတ်ပြီး သူတို့ကိုတိုက်ခိုက်ခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ဆီကနေ အကူညီတောင်းခံခဲ့ပါတယ်…ဒါကြောင့် သွေးစုပ်ဖုတ်ကောင်ဟာ သူ့ကိုအင်အားကြီးမားတဲ့ Dracula အဖြစ် ၃ ရက်ရှင်သန်စေခဲ့ပါတယ်…ထို ၃ ရက်အတွင်းမှာ လူသားရဲ့သွေးကိုမသောက်ပဲနေနိုင်မှ ဘလက်ဟာ လူသားပြန်ဖြစ်မှာပဲဖြစ်ပါတယ်…တကယ်လို့သာ လူသားရဲ့သွေးကိုသောက်မိရင်တော့ သူတစ်သက်လုံး Dracula အဖြစ်နဲ့ရှင်သန်သွားရတော့မှာပဲဖြစ်ပါတယ်…. ဒီလိုအပေးယူတဲ့ပြီးတဲ့နောက်မှာတော့ ဘလက်တစ်ယောက်ဘာတွေဖြစ်လာနိုင်မလဲ… အင်အားကြီးမားလှတဲ့ တူရကီတပ်ကြီးကို သူရင်ဆိုင်နိုင်မလား…. သွေးစုပ်ဖုတ်ကောင်တစ်ကောင်ဖြစ်နေပြီဖြစ်တဲ့ ဘလက်ဟာလူသွေးမသောက်ပဲတကယ်ကောနေနိုင်မှာလား…. စိတ်ဝင်စားစွာနဲ့ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားဆိုရင်မမှားပါဘူး….

Romance • Drama
6.3 2014 92 mins
Dracula Untold
Aśoka Ashoka the Great
6.6

IMDb Rating (6.6) / Rotten Tomatoes (100%) သမိုင်းမှတ်တမ်းဝင်ဘုရင်တွေထဲမှာ အောင်ပွဲရပြီးနောက် စစ်ကိုစွန့်ပယ်ခဲ့တဲ့ တစ်ဦးတည်းသော စစ်ဘုရင်ဖြစ်သလို ဗုဒ္ဓသာသနာတော်ကို ပြန့်ပွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သီရိဓမ္မာသောကမင်းတဖြစ်လဲ အာသောကမင်းကြီး အကြောင်းကိုရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်လမ်းကြီးဖြစ်ပါတယ်။ မင်းသားကြီး ရှာရွတ်ခန်းနဲ့ မင်းသမီး ကာရီနာကပူးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ အချိန်က ခရစ်တော်မပေါ်မီ BC 260 ဝန်းကျင်ကာလတွေဖြစ်ပါတယ်။ အာသောကမင်းဟာ ဗိန္ဓုသာရမင်းနဲ့ ဓမ္မာမိဖုရားတို့ရဲ့သားတော်ဖြစ်ပြီး အိန္ဒိယနိုင်ငံသမိုင်းမှာ ပထမဆုံးသောအင်ပါယာ မောရိယနိုင်ငံတော်ကြီးကိုတည်ထောင်နိုင်ခဲ့တဲ့ စန္ဒဂုတ္တမောရိယ၏ မြေးတော်ဖြစ်ပါတယ်။ဘိုးတော်ရဲ့အင်ပါယာမှာ မသိမ်းပိုက်နိုင်ဘဲ ကျန်ရှိခဲ့တဲ့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့ကို သူ့လက်ထက်မှာ ဆက်လက်သိမ်းပိုက်ဖို့ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်… တိုက်ပွဲတိုင်းကို အောင်နိုင်ခဲ့ပေမယ့် အိန္ဒိယအရှေ့ဖက်ကမ်းရှိ ကလိင်္ဂတိုင်း(ယခု အိုရစ်ဆာပြည်နယ်)ကိုဝင်ရောက်တိုက်ခိုက်ရာမှာ ကလိင်္ဂကတိုင်းသားတို့က ရဲရဲဝံ့ဝံ့ပြန်လည်ခုခံတာကြောင့် ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပြီး လူပေါင်းများစွာ သေကြေပျက်ဆီးပြီးမှ အောင်နိုင်ခဲ့ပါတယ်။အရာအားလုံးပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အာသောကမင်းကြီးအနေနဲ့ သူ့ရဲ့အောင်နိုင်မှုတွေဟာ လူသေအလောင်းတွေအပေါ်မှာသာရှိတယ်လို့ ကလိင်္ဂကတိုက်ပွဲမှာ ထိတ်လန့်တကြားမြင်တွေ့သွားတဲ့အခါမှာတော့….ချစ်ခြင်းမေတ္တာနဲ့ လူတွေကိုထွေးပွေ့ဖိုအတွက် စစ်ကိုစွန့်လွှတ်ခဲ့ပါတော့တယ်။ ဒီ့နောက်မှာတော့ သူဟာ ဗုဒ္ဓရဲ့ ဓမ္မဖက်မှာပဲ စိတ်ကိုမြုပ်နှံခဲ့ပြီး လူ့လောကကောင်းကျိုးတွေကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ပါတယ်…. လူမဆန်တဲ့ တင်းကျပ်လွန်းတဲ့ဥပဒေများကို ဖြေလျှော့ပေးခြင်း..တိရိစ္ဆာန်ဘေးမဲ့ဂေဟာများ ဆောက်လုပ်ပေးခြင်း…လမ်းများဖေါက်ပေးခြင်း.. ဆည်မြောင်းတာတမံများ ဆောက်လုပ်ပေးခြင်း စတဲ့ကောင်းမှုတွေကို တိုင်းသူပြည်သားတို့အတွက် ဆောင်ရွက်ပေးခဲ့ပါတယ်… အထူးခြားဆုံးကတော့ တခြားဘာသာများကိုလည်း လွတ်လပ်စွာကိုးကွယ်ခွင့်ပေးခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံခြားသို့ ဗုဒ္ဓသာသနာပြုများ စေလွှတ်ခဲ့ပြီး သီဟိုဠ်ကျွန်းမှာဆိုရင် ဗုဒ္ဓသာသနာ အထူးပင် စည်ပင်ဖွံ့ဖြိုးခဲ့ပါတယ်။ ဒါကြောင့်လဲ အသောကမင်းကြီးကို ဗုဒ္ဓမှလွဲလျှင် ဗုဒ္ဓသာသနာကို ကမ္ဘာ့ဘာသာကြီးတစ်ခုဖြစ်အောင် အထိရောက်ဆုံးဆောင်ရွက်နိုင်ခဲ့သူလို့ဆိုကြတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားက အာသောကမင်းကြီးရဲ့ဘဝဇာတ်ကြောင်းကိုတင်ဆက်ထားတာမျိုးမဟုတ်ဘဲ သူ့ရဲ့လမ်း သူ့ရဲ့ဓမ္မကိုသာ နှောင်းလူတို့လျှောက်လှမ်းဖို့အတွက် ဖော်ပြတင်ဆက်ထားတာဖြစ်ပါတယ်။ အာသောကမင်းကြီးရဲ့ ဓမ္မဆိုတာကတော့ မန္တန်ရွတ်ဖတ်ပူဇော်ခြင်းနဲ့ ဘာသာရေးဓလေ့ထုံးတမ်းများကို လိုက်နာခြင်းမျိုးထက် လူ့လောက..လူ့အဖွဲ့အစည်းကို မြှင့်တင်ပေးခြင်းနဲ့လူ့လောကကောင်းကျိုးကိုသာ ဆောင်ရွက်ခြင်းမျိုးဖြစ်ပါတယ်…ဒီအယူအဆတွေကို နေရာအနှံ့နှံ့က သူ့ရဲ့ကျောက်စာတွေမှာ ဖော်ကျူးထားခဲ့တာဖြစ်ပါတယ်။ ကဲ..အာသောကမင်းကြီးရဲ့ဖြစ်တည်မှုကို ဒီရုပ်ရှင်လေးနဲ့ခံစားကြည့်ကြပါစို့။

Horror
6.6 2001
Aśoka Ashoka the Great
Nahir

Imdb – 4.7/10 အာဂျင်တီးနားတစ်နိုင်ငံလုံးကို ဂယက်​ရိုက်​သွားခဲ့တဲ့ မှုခင်းကို ပြန်လည်​ရိုက်ကူး​ထား​တဲ့ ဖြစ်ရပ်​မှန်​ရုပ်ရှင်​ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်​မှ ထွက်​ရှိထားပြီး Crime/ Drama ရုပ်ရှင်​အမျိုးအစား​ဖြစ်​ပါတယ်။ စပိန်စကား​ပြော အာဂျင်တီးနား ရုပ်ရှင်​ဖြစ်​ပြီး Nahir Galarza ဆိုတဲ့​ ၁၉ နှစ်အရွယ်​ မိန်းကလေး​တစ်ဦး​ ကျူးလွန်​ခဲ့တယ်ဆိုတဲ့ မှု​ခင်း​တစ်​ခုကို​ အခြေ​ပြု​ထား​ပြီး ဖြစ်​ရပ်​မှန်​ကို စိတ်​ကူး​ယဥ် element အချို့​ ထည့်​သွင်း​ထား​တဲ့ ဇာတ်လမ်း​ဖြစ်​ပါတယ်။ ဇာတ်လမ်းအကျဥ်း​ကတော့​ Nahir က Gualeguaychú မြို့​မှာ ဖခင်​ဖြစ်သူ​ ရဲအရာရှိ၊ မိခင်နဲ့ မောင်​လေးတစ်ဦးနဲ့ အတူနေထိုင်တဲ့ ၁၉ နှစ်အရွယ်​ မိန်းကလေး​တစ်ဦး​ဖြစ်ပါတယ်။ ရည်းစားဖြစ်သူ Fernando နဲ့ တကျက်ကျက် စကား​များ​လေ့ရှိ​ရာမှ တစ်​နေ့မှာ​ Fernando သေနတ်​နဲ့အပစ်ခံရပြီး ဆုံး​ပါးသွားပါတယ်။ Nahir​ က သူ့လက်ချက်ဖြစ်ကြောင်း ဝန်​ခံရာကနေ ဒီရုပ်ရှင်​ကိုအစပြုထားပါတယ်။ Nahir​ Galarza​ အမှုဟာ အာဂျင်တီးနား တစ်​နိုင်ငံ​လုံးကို​ အငြင်းပွားစေခဲ့တဲ့ နာမည်ကြီးမှုခင်းတစ်ခုဖြစ်ပြီး ယနေ့အထိ လူငယ်​များအကြား မှုခင်း​တွေ၊ ရာဇဝတ်​မှု​တွေကို ငြင်း​ခုံရာမှာ အကိုးအကားအဖြစ် အသုံးပြု​နေကြဆဲပါ။ Nahir​ အပေါ်​ အမြင်​တွေကလည်း တစ်ဦးနဲ့တစ်ဦး ကွဲလွဲနေကြဆဲပါ။ တစ်နိုင်​ငံလုံးကတော့ Nahir​ ကို ကရုဏာ​သက်ခဲ့ပြီး အာဂျင်တီးနား​ရဲ့ တရား​ရေးစနစ်ကို မေးခွန်း​ထုတ်​ခဲ့ကြပါတယ်။ ဒီအမှုကနေတဆင့် အမျိုးသမီး​ငယ်​တွေအတွက်​ တက်​ကြွလှုပ်ရှားသူများက တရား​ရေး​စနစ်​က အမျိုးသမီး​ငယ်​တွေအပေါ်​ ဆက်​ဆံ​ပုံ မမျှတခြင်းကို ပြုပြင်ဖို့ လှုံ့ဆော်​ခဲ့ကြ​ပါသေးတယ်။ ဒီ​ရုပ်ရှင်က Nahir ရဲ့ Unreliable Narrative ကို​ အခြေ​ပြု​ထား​ပြီး​ ကြည့်​ရှု​သူ ပရိသတ်​တွေကို ထင်​မြင်​ချက်၊ ဝိဝါဒ အမျိုး​မျိုး​ကွဲပြား​စေမဲ့ ဇာတ်လမ်း​မျိုးဖြစ်ပါတယ်။ File size…(1.5 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

0 2024
Nahir
Criminal Audition
6

Criminal Audition (2019) **************************** အခြားသူတွေရဲ့ ပြစ်မှု‌တွေကို အခကြေးငွေယူပြီး ကိုယ်စားဝင်ခံပေးဖို့ ရာဇဝတ်သား အယောင်ဆောင်တွေ မွေးထုတ်ပေးနေတဲ့ အဖွဲ့တစ်ဖွဲ့၊ သူတို့အလုပ်က ကြားဝင်လက်လျိုပြီး တရားခံအဖြစ် ဝန်ခံလိုက်ရုံသက်သက်မဟုတ်ပါဘူး။ အရမ်းစနစ်ကျပါတယ်။ အမှုတည်ဆောက်တာကနေ တရားစီရင်ချသွားတဲ့အထိ အမှုကို စောင့်ကြည့်နေတဲ့ လူတွေကြားမှာ ဟာကွက်မရှိအောင် ဇာတ်လမ်းဆင်ကြတာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ အရင်အခေါက်တွေနဲ့ မတူတဲ့ အလုပ်အပ်သူ ဖောက်သည် တစ်ယောက်ရောက်ရှိလာတဲ့အချိန်မှာတော့… အချိုးအ‌ကွေ့‌တွေနဲ့ ဘာတွေဆက်ဖြစ်ပျက်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ရိုက်ပြထားတဲ့အတွက် ဆက်လက်ကြည့်ရှူလိုက်ကြပါဦး .. File Size : 1.78 GB/ 563 MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:38:00 Genre : Comedy, Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Thithtoo Zaw Encoded by AHtet

6 2019 92 mins
Criminal Audition
A Real Job
6.6

A Real Job (2024) IMDb Rating (6.6) ဒီဇာတ်ကားလေးက ဒီနေ့ခေတ် ကျောင်းဆရာ၊ဆရာမတွေရဲ့ လူမှုဘဝမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်တွေ အခက်အခဲတွေကို ရိုက်ပြထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဘန်ဂျမင်ဆိုတဲ့ Ph.D ဘွဲရထားတဲ့ကျောင်းသားလေးက ပိုက်ဆံအခက်အခဲဖြစ်နေတာကြောင့် အလယ်တန်းပြ ဆရာအသစ်အဖြစ်နဲ့ ကျောင်းတစ်ကျောင်းကို ရောက်လာခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ ကျောင်းသားနဲ့ ဆရာ၊ဆရာမတွေရဲ့ နေ့စဉ်ဘဝ၊ တိုးတက်မှုဆိုင်ရာ ကြိုးပမ်းမှုတွေနဲ့ ကိုယ့်တက်လမ်းကိုရှာနေတဲ့ ဆရာ၊ဆရာမတွေအကြောင်း အထူးအလေးပေးပြီးရိုက်ထားတာပါ။ ဘန်ဂျမင်တစ်ယောက် ကျောင်းဆရာ ဖြစ်ရတာ ဘယ်လောက်ခက်ခဲကြောင်းနဲ့ ပြဿနာတွေကိုဘယ်လို ကိုင်တွယ်မလဲဆိုတာ သဘာဝကျလှတဲ့ သရုပ်ဆောင်မှုတွေနဲ့ အတည်းအဖြတ်မှန်တဲ့ နောက်ခံသီချင်းလေးတွေကြားမှာမျှောပါရင်း ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ KarmT ပဲဖြစ်ပါတယ်) File size… (1.7 GB) / (910 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:41:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by KarmT

Western • Horror
6.6 2024 100 mins
A Real Job
[18+] The Pursuit of Lust
6.5

The Pursuit of Lust (2025) “The Pursuit of Lust” ဟာနာမည်အတိုင်းပဲ ရမ္မက်နွံမှာနစ်ကျွံကြတဲ့ လူသားတွေအကြောင်း၊သူတို့ကို ဒီလိုဖြစ်လာအောင်တွန်းပို့ခဲ့တဲ့အခြေအနေတွေ၊ သူတို့ရဲ့မွန်းကျပ်မှု စိတ္တဇတွေ ကို ပတ်ဝန်းကျင်မှာမြင်နေကျ ကြားနေကျဖြစ်စဉ်တွေအတိုင်းရိုက်ပြထားတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ ရှားရှားပါးပါးမြင်ရခဲ့တဲ့ မွန်ဂိုလီယာနိုင်ငံထုတ်ကားဖြစ်ပြီး Vivamax ကဖြန့်ပေးထားတာပါ။ အလုပ်ကိုဦးစားပေးလွန်းပြီး ဇနီးသည်ကိုလှည့်မကြည့်နိုင်တဲ့ ခင်ပွန်းသည်၊ အိမ်မှာတစ်ယောက်တည်းအထီးကျန်နေပြီး၊ ဥပေက္ခာတွေနဲ့နေသားကျနေတဲ့ အိမ်ထောင်ရှင်မတစ်ယောက်၊ နီးစပ်ရာမှာထွက်ပေါက်ရှာမိတဲ့အဖြစ်တွေကိုနောက်ခံအခြေအနေအမျိုးမျိုးတွေနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ခံစားကြည့်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (470 MB) / (230 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….00:40:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

6.5 2025 38 mins
[18+] The Pursuit of Lust
SPL 2: A Time for Consequences
6.7

ပိတ်ရက်မှာ ဟောင်ကောင်အက်ရှင်ကားကောင်းကောင်း ကြည့်ချင်တဲ့သူတွေအတွက် 2005 ခုနှစ်က ထွက်ရှိထားတဲ့ Kill Zone 1 ရဲ့အဆက် 2015 ခုနှစ်ထွက် Kill Zone 2: A Time for Consequences နဲ့ မိတ်ဆက်ပေးပါရစေ။ ဟောင်ကောင်မှာ ခပ်စိပ်စိပ်ပေါ်လာတဲ့ ကိုယ်တွင်းအင်္ဂါမှောင်ခိုကူးမှုကို ကာကွယ်ဖို့ စုံထောက်ချန်ကော်ဟွားဟာ သူ့တူဖြစ်တဲ့ ကစ်ကို သူလျှိုထည့်ပြီး စုံစမ်းခိုင်းပါတယ်။ စုံစမ်းရင်းနဲ့ ကစ်သူလျှိုလုပ်တာ မိသွားတဲ့အခါ ထိုင်းနိုင်ငံက ထောင်တစ်ခုထဲ သူ့ကိုဖမ်းခေါ်သွားပါတော့တယ်။ တကယ်တော့ ဒီထောင်ဟာ ဟောင်ကောင်မှာ လူကုန်ကူးဖို့ဖမ်းထားတဲ့သူတွေကို ကိုယ်တွင်းအင်္ဂါထုတ်ဖို့ မ‌သ-တ်ခင်စပ်ကြားမှာ ထားတဲ့နေရာပါ။ အဲဒီက ထောင်စောင့်‌တွေထဲက တစ်ယောက်ကတော့ ချတ်ချိုင်ဆိုတဲ့ ထိုင်းရဲပါ။ သူ့သမီးလေးရဲ့ သွေးရောဂါအတွက် ဆေးဖိုးဝါးခကျေအောင်လို့ ဒီထောင်စောင့်အလုပ်ကို လုပ်ရင်းနဲ့ အဖမ်းခံရတဲ့ ကစ်နဲ့တွေ့သွားတဲ့အခါ。。。 သားအဖ၊ ညီအစ်ကို၊ ဦးလေးနဲ့တူအကြားက ချစ်ခြင်း မုန်းခြင်း၊ အတ္တနဲ့ဓမ္မအကြား ဗျာများ‌နေကြတာတွေကို ဟောင်ကောင်ကားဆန်ဆန် အက်ရှင်အကြမ်းကြီးတွေနဲ့ ရောစပ်ရိုက်ကူးထားတဲ့ Rotten tomatoes 100%, IMDb 6.7/10 ဇာတ်လမ်းကို ရှုစားကြည့်ကြပါဦး။ File size…(2.2 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:00:00 Genre… Martial, Action, Adventure, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Xing Egg

Drama • History
6.7 2015 120 mins
SPL 2: A Time for Consequences
Power On Girls
5.7

ဒီတစ်ခေါက်တော့ တရုတ် အိုင်ဒေါလ်မိန်းကလေးအဖွဲ့ တစ်ဖွဲ့ရဲ့ နောက်ကွယ်က သွေးချွေးနဲ့ အခက်ခဲ အတားအဆီးတွေကို ရသစုံပုံဖော်ထားတဲ့ ဇာတ်ကားလေးပါ။ ရသစုံဆိုတာက ဒီလိုပါ။ မိန်းကလေး အိုင်ဒေါလ်ဖြစ်လို့ တဏှာလက်မည်းတွေက အသုံးချဖို့ကြိုးစားနေတဲ့ ပုံရိပ်တချို့၊ မန်နေဂျာနဲ့ အိုင်ဒေါလ်ကြားက ဖြူစင်တဲ့ မေတ္တာ၊ အဖွဲ့သားတွေကြား အခွင့်အရေးအတွက် လုယက်တုန်း အထေ့အငေါ့လေးတွေရှိပေမယ့် အရေးကြီးရင် သွေးစည်းသွားတာလေးတွေ။ နောက်ပြီး အိုင်ဒေါလ်တိုင်းကြုံရတဲ့ အဆောင်ပြဿနာ၊ အကလေ့ကျင့်ခန်းပြဿနာလေးတွေကို ပြိုင်ဖက်အဖွဲ့နဲ့လုရပုံလေးတွေကို သုံးပြ ဟာသသဘောဆောင် တင်ဆက်ထားပါတယ်။ အကုန်မတူပေမယ့် ဒီဇာတ်ကားလေးထဲကလေ အိုင်ဒေါလ်တစ်ယောက်ရဲ့ ခက်ခဲတဲ့ လှေကားထစ်လေးတွေကို မြင်တွေ့နိုင်မှာပါ။

Science Fiction • Thriller
5.7 2020
Power On Girls
Tenu Ghodi Kinney Chadaya
4.1

Tenu Ghodi Kinney Chadaya 2025 ( ဘန်တီနှင့် ဘာဘီတို့ရဲ့ မင်္ဂလာဆောင်ပွဲလေး) ယခုတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ ပန်ချာပီ ဟာသကားလေးဖြစ်ပါတယ်။ ဘဝမှာ အိပ်မက်တစ်ခုပဲရှိပါတယ်၊ အဲဒီအိပ်မက်ကတော့ မိန်းမယူချင်တာပါဆိုတဲ့ ဘန်တေဆိုတဲ့ ကောင်လေးဟာ ရွာပတ်ဝန်းကျင်မှာပါ ဂုဏ်သတင်းတစ်ခုနဲ့ နေတဲ့ ဇိုရာဝါဆင်းဂ်ဆိုတဲ့ လူကြီးရဲ့ မြေးမလေး ဘာဘီနဲ့ လက်ထပ်ဖို့အတွက် ဖြစ်လာပါတော့တယ်။ မင်္ဂလာပွဲလုပ်ဖို့အတွက် ဘန်တေတစ်ယောက် ဘာဘီရှိရာ ရွာလေးကို ရောက်လာခဲ့ပါတော့တယ်။ အဲဒီမှာ ဇိုရာဝါဆင်းဂ်တို့ အိမ်က စားပွဲထိုးတဲ့သူတွေအကုန်လုံးဟာ သေနတ်ကိုယ်စီကိုင်ထားတာကို ထူးဆန်းစွာ တွေ့လိုက်ရပါတယ်။ ဒီနောက်မှာတော့ ဇိုရာဝါဆင်းဂ်ရဲ့ လူတွေဟာ ဘန်တေ့ကို မင်္ဂလာပွဲကနေ ပြန်ပေးဆွဲသွားရာက ဘာဘီတစ်ယောက် သူ့ သတို့သားလောင်းလေးကို ဘယ်လို ဘယ်ပုံ လိုက်လို့ရှာမလဲဆိုတာကို ဟာသလေးတွေနဲ့အတူ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Cym~ V~ KKKZ~ Zwe Yan တို့ပဲဖြစ်ပါတယ်)

Action • Adventure
4.1 2025
Tenu Ghodi Kinney Chadaya
Senseless
6

Senseless (1998) 1998မှာထွက်ရှိခဲ့တဲ့ Underrated Gem တစ်ပုဒ်နဲ့မိတ်ဆက်ပေးလိုက်ပါရစေ။ တက္ကသိုလ်ကျောင်းသားလေး ဒဲရယ်ဟာ အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နဲ့ရုန်းကန်လှုပ်ရှားနေရသူပါ။တစ်ဖက်မှာလည်း မိခင်နဲ့ညီငယ်ညီမငယ်လေးများကို ပြန်ကြည့်နေရသူတစ်ယောက်ပါ။ ရုန်းကန်နေရသူ ဒဲရယ်တစ်ယောက် ပိုက်ဆံရဖို့အရေး ဒို့အရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပိုက်ဆံရရင်ပြီးရောဆိုပြီး ဘာအလုပ်မှမရွေးဘဲ အလုပ်ပေါင်းစုံကိုလုပ်ကိုင်ရာကနေ တစ်နေ့မှာတော့ ထူးဆန်းတဲ့အလုပ်တစ်ခုကိုရှာတွေ့မိသွားပါတော့တယ်။ စီးပွားရေးမေဂျာယူထားတဲ့ ဒဲရယ်ဟာ စမိုက်ဘိတ်စ်ကုမ္ပဏီမှာလည်း အမြဲတမ်းဝန်ထမ်းဖြစ်ဖို့ကို စိတ်ကူးယဉ်နေရသူလည်းဖြစ်ပါတယ်။ အမြဲတမ်းဝန်ထမ်းဖြစ်မှသာ ဖခင်ဖြစ်သူက တာဝန်မယူချင်လို့စွန့်ပစ်သွားခဲ့တဲ့သူ့ရဲ့မိသားစုကို စောင့်ရှောက်နိုင်မှာမို့လို့ပါ။ တစ်ဖက်လည်း အလုပ်ပေါင်းများစွာနဲ့တစ်ဖက် ကိုယ့်စရိတ်ကိုရှာသုံးရင်း ဒဲရယ်ရဲ့မလျှော့သောဇွဲနဲ့အတူ တစ်ဖက်မှာလည်း စမိုက်ဘိတ်စ်မှာ အမြဲတမ်းဝန်ထမ်းဖြစ်ချင်တယ်ဆိုရင် အားကစားကလပ်တွေလူမှုရေးကလပ်တွေမှာ အသင်းဝင်ထားဖို့ကလည်း လိုအပ်တဲ့အတွက်ကြောင့် ဖတ်ဖတ်မောဖြစ်ရတဲ့ပုံတွေကို ဟာသနှောပြီးရိုက်ကူးထားတဲ့အတွက်ကြောင့် ဘဝအမောပြေချင်သူများအဖို့ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။) File size… (3.3 GB) / (1.3 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Romance Duration…. 01:33:38 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Myat Noe Yamone

Comedy • Drama • Thriller
6 1998 93 mins
Senseless
Superman
7.6

Superman (2025) IMDb Rating (7.6) / Rotten Tomatoes (83%) ဒါကတော့ HDTC Version ထဲမှာ ရုပ်ရောအသံရော အကြည်ဆုံးဗားရှင်းဖြစ်ပြီး စာတန်းထိုးလည်း ၉၉% လောက်ထိ စုံအောင်ပြန်ဆိုထားပေးပါတယ်။ ဒါရိုက်တာ ဂျိမ်းစ်ဂန်းရိုက်ကူးတဲ့ ပထမဆုံး DC Universe (DCU) အခန်း(၁) ရုပ်ရှင် ထွက်လာပါပြီ။ ပရိသတ်တွေလက်ခံနိုင်တဲ့ စူပါမန်းရုပ်ရှင်ကောင်းတစ်ခုဖြစ်လာပါတယ်။ မင်းသား David Corenswet၊ လိုးဝစ်အဖြစ် Rachel Brosnahan တို့ ကောင်းကောင်းသရုပ်ဆောင်ထားသလို ဗီလိန် လက်စ်လူသာနေရာကနေ Nicholas Hoult က အစွမ်းပြထားပါတယ်။ ဇာတ်လမ်း၊ ရိုက်ချက် တွေ အဆင်ပြေသလို ဂရင်းလန်တန်၊ ဟော့ခ်ဂဲ၊ မစ္စတာထရစ်ဖစ်တို့လို ဇာတ်ကောင်တွေလည်း ပါဝင်ထားလို့ ကြည့်ရတာ မြိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်း – – လွန်ခဲ့သော ၃ ရာစုလောက်က ပထမဆုံး စူပါစွမ်းအားရှင်တွေဖြစ်တဲ့ မက်တာလူသားတွေဟာ ကမ္ဘာပေါ်မှာ ပေါ်ပေါက်လာခဲ့ပါတယ်၊ နတ်ဘုရားများနှင့်မိစ္ဆာများရဲ့ခေတ် စတင်လာခဲ့ပါတယ်။ – လွန်ခဲ့သော နှစ် ၃၀ လောက်ကတော့ အခြားဂြိုလ်က ကလေးတစ်ယောက်ဟာ အာကာသယာဉ်နဲ့ ကမ္ဘာပေါ်ကိုအပို့ခံလိုက်ရပြီး ကန်းဆက်လယ်သမားတွေက မွေးစားထားခဲ့ပါတယ်။ – လွန်ခဲ့သော ၃ နှစ်က အဲဒီကလေးဟာ လူကြီးဖြစ်လာပြီး ကိုယ့်ကိုယ်ကိုယ် စူပါမန်းအဖြစ် ကြေညာခဲ့ပါတယ်။ မက်တာလူသားအားလုံးထဲမှာ စွမ်းအားအကြီးဆုံးပါပဲ။ – လွန်ခဲ့တဲ့ ၃ ပတ်တုန်းက စူပါမန်းဟာ ဘိုရေးဗီးရားနိုင်ငံက ဂျာဟန်ပူနိုင်ငံကို ကျူးကျော်မှာကို တားဆီးခဲ့ပြီး ကမ္ဘာအနှံ့မှာ အငြင်းပွားဖွယ်တွေ ဖြစ်စေခဲ့ပါတယ်။ – လွန်ခဲ့တဲ့ ၃ နာရီက ဘိုရေးဗီးရားတူကြီးဆိုတဲ့ မက်တာလူသားတစ်ယောက်ဟာ မက်ထရိုပိုလိမြို့ထဲမှာ စူပါမန်းကို တိုက်ခိုက်ခဲ့ပါတယ်။ – လွန်ခဲ့တဲ့ သုံးမိနစ်က စူပါမန်းဟာ ပထမဆုံးအနေနဲ့ တိုက်ပွဲရှုံးသွားပါပြီ။ ဒီလို မိတ်ဆက်အနေနဲ့ စတင်ခဲ့ပြီး စူပါမန်းရဲ့ မဟာရန်သူ လက်စ်လူသာက စူပါမန်းကိုရှင်းပစ်ဖို့ ကြိုးစားချိန်မှာ စူပါမန်း ဘယ်လိုရန်သူတွေနဲ့ တိုက်ခိုက်ရမလဲဆိုတာ ဆက်ကြည့်ရမှာပါ။ စူပါမန်းရဲ့ခွေးဖြစ်တဲ့ ခရစ်ပတိုကိုလည်း မိတ်ဆက်ထားတဲ့အပြင် role ကောင်းကောင်းပါ ပေးထားခဲ့ပါတယ်။ ကျန်တာကိုတော့ ဆက်ကြည့်လိုက်ကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကိုတော့ Mr. Anderson မှတင်ဆက်ထားပါတယ်။) File size… (2.4 GB) / (1.4 GB) Quality…. HDTC 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Adventure, Sci-Fi Duration…02:08:45 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Ka Naung Translated by Mr. Anderson

7.6 2025 130 mins
Superman