YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Sky.Castle.E20.END.1080p.CM.mp4

784.7 MB N/A video/mp4 74 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ

ယဉ်ကျေးမှု ဆိုတာကို " သဘာဝပတ်ဝန်းကျင်မှ လူတိုင်းကိုယ်တိုင်ဖန်တီးယူသော အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ယဉ်ကျေးမှု ဆိုသည်မှာ လူတစ်မျိုး၏ ဘဝတည်ဆောက် ပျိုးထောင်ပုံ နည်းနာများသာ ဖြစ်သည်။ လူ့ဘောင်အဖွဲ့အစည်းအတွင်း၌ လူတို့ ဆက်ဆံ နေထိုင်စားသောက် လှုပ်ရှားသည့် ပုံစံသည် လူတို့၏ ယဉ်ကျေးမှု စနစ်ဖြစ်သည်"လို့ ဖွင့်ဆိုထားတယ်။ သူ့ဖွင့်ဆိုချက်အတိုင်းပဲ ယဉ်ကျေးမှုဟာ ရွေ့လျောသွားတဲ့နေရာ ရွေ့လျားသွားတဲ့ပတ်ဝန်းကျင်ကိုလိုက်ပြီး မတူညီကြဘူး။ နိုင်ငံကွဲ ဒေသကွဲ အရပ်ကွဲတာတွေထားဦး။ အိမ်တစ်အိမ်ထဲတောင် အဖေနဲ့သားရဲ့ ယဉ်ကျေးမှုခြင်းက မတူနိုင်ဘူး။ ဘယ်တုန်းကမှလည်း လူကြီးတွေရဲ့ ယဉ်ကျေးမှုဟာ လူငယ်တွေရဲ့ ယဉ်ကျေးမှုနဲ့ ထပ်မတူမကျဖူးဘူး။ ဟိုးတုန်းက ဆံပင်အရှည်ထားလို့ လမ်းသရဲလို့သမုတ်ခံရတဲ့ ကျွန်တော်တို့ရှေ့မျိုးဆက်တွေနဲ့ သူတို့ရှေ့မျိုးဆက်တွေရဲ့ ယဉ်ကျေးမှုလည်းမတူသလို ကျွန်တော်တို့နဲ့ ဆံပင်ရှည်ထားတဲ့မျိုးဆက်က ယဉ်ကျေးမှုလည်းမတူဘူး။ တကယ်လို့သာ နိုင်ငံကွဲသားသမီးတစ်ယောက်နဲ့ အဖေတစ်ယောက်ရဲ့ ယဉ်ကျေးမှုဆို ဘယ်လောက်ထိ ကွာခြားသွားနိုင်လဲ။ ဒီရုပ်ရှင်က ဒီအကြောင်းပါပဲ။ ဇာတ်ကားစစအဖွင့်မှာ ကိုရီးယားမျက်နှာနဲ့ ကောင်မလေးတစ်ယောက် တည်းခိုခန်းမှာ အခန်းလာငှားတယ်။ လက်ရှိကိုရီးယားတွေထက်တောင် ကိုရီးယားစစ်တဲ့ ရုပ်ပေါက်နေပေမဲ့ တကယ်က သူက ပြင်သစ်သူ။ သူ့ကိုယ်သူ ကိုရီးယားမိဘတွေရဲ့ သမီးမှန်း မွေးစားခံထားရမှန်း သူသိထားတယ်။ ဒီတော့ ကိုရီးယားကို သူရောက်လာတာက သူ့အဖေနဲ့အမေအရင်းကို ရှာဖို့လို့ ပြောလို့ရတယ်။ ဒီလိုနဲ့ ကိုရီးယားသူငယ်ချင်းတွေနဲ့ ကိုရီးယားယဉ်ကျေးမှုအတိုင်း သူတို့အရက်ဝိုင်းဖွဲ့ကြရာကနေ သူ့မိဘတွေကိုရှာတွေ့မယ့်လမ်းစကို သူရသွားတယ်။ ကိုရီးယားရဲ့နာမည်ကြီး ကလေးမွေးစားရေးစီမံစင်တာပေါ့။ အဲဒီကိုသူသွားတော့ စင်တာရဲ့စနစ်က ထူးထူးခြားခြားပဲ သားသမီးထက် မိဘကို ကာကွယ်ပေးထားတာကိုတွေ့လိုက်ရတယ်။ မွေးစားခံခဲ့ရတဲ့ သားသမီးက မိဘရင်းကို လာစုံစမ်းရင် စင်တာက မိဘရင်းတွေကိုသိခဲ့ရင် အဲဒီမိဘရင်းတွေရဲ့ လိပ်စာကို ၃ခါတိတိ ကြေးနန်းပို့ပေးတယ်။ အကြောင်းပြန်မလာရင် ဥပဒေအရ မိဘတွေအနှောင့်အယှက်ဖြစ်မှာစိုးလို့ ဘာမှမတတ်နိုင်တော့ဘူးပေါ့။ ဘာနေနေ ဆက်သွယ်ကြည့်တော့ သူ့အဖေဘက်က ဆက်သွယ်လာပေမဲ့ သူ့အမေဘက်ကတော့ အကြောင်းပြန်မလာခဲ့ဘူး။ ဒီလိုနဲ့ သူ့အဖေနဲ့ သူ့အဖေဘက်က အမျိုးတွေနဲ့ သွားတွေ့ကြည့်ခဲ့တယ်။ သူ့ကို စကားပြန်လုပ်ပေးတဲ့လူကတော့ သူ့သူငယ်ချင်းပြင်သစ်လိုတတ်တဲ့ကောင်မလေး။ ဒီပြင်သစ်မလေးက မိဘရင်းတွေကို တွေ့လည်းတွေ့ချင်သလို ဒေါသလည်းနည်းနည်းရှိနေတယ်။ သူကိုရီးယားနိုင်ငံရဲ့စီးပွားရေးမပြေလည်တဲ့ကာလတစ်ခုမှာ သူ့သမီးကောင်းစားစေချင်လို့ မွေးစားဖို့ပေးလိုက်မိတဲ့အဖေက နောင်တနဲ့ သမီးကိုပြန်လိုချင်တယ်။ သမီးကလည်း ရိုင်းစိုင်းသလို ( သူ့နိုင်ငံနဲ့ သူ့ယဉ်ကျေးမှုအရတော့ ဒီလောက်ကြီးမရိုင်းဘူး ) အဖေကလည်း သမီးကို အတင်းဆက်သွယ်တာတွေ ဘာညာလုပ်လာတယ်။ ( ဒါကလည်း ကိုရီးယားရဲ့မိဘကို အလေးထားတဲ့ ယဉ်ကျေးမှုအရဆို ဒီလောက်မရိုင်းပေမဲ့ ကောင်မလေးအမြင်ကျ အတင်းကြီးဝင်စွက်ဖက်သလိုဖြစ်ပြီး မတရားရိုင်းသွားတယ်) ထူးတာက ဒီ၂ယောက်ကြားက ပေါင်းကူးဖြစ်တဲ့ စကားပြန်မလေးက သူတို့၂ယောက်စကားတွေကို စကားပြန်ရုံတင်မဟုတ်ဘဲ ယဉ်ကျေးမှုပေါင်းကူးပါလုပ်ပေးပြီး တစ်ယောက်စကားတစ်ယောက်နားမှာ မခါးရအောင် ဆိုသလိုမျိုး ပြန်ပေးသွားတာပဲ။ ဒီဇာတ်မှာတော့ ယဉ်ကျေးမှု ၂ခုကြားမှာ အစကတည်းက ယဉ်ကျေးမှုမတူနိုင်တဲ့ အဖေနဲ့သမီး ဘယ်လိုရှေ့ဆက်ကြမလဲ ကြည့်ကြရမှာပါ။ ဒါရိုက်တာရဲ့သူငယ်ချင်းရဲ့ ဖြစ်ရပ်မှန်ကို ပြင်ဆင်ရိုက်ကူးထားတာမို့ ဒါမျိုးအဖြစ်တွေလည်းလောကမှာ ရှိတတ်ကြောင်းလည်းသိရတာပေါ့။ Return to Seoul ဟာ ကိုရီးယားမှာ ဇာတ်အိမ်တည်ရိုက်ထားတဲ့ ကမ္ဘောဒီးယား ပြင်သစ် ဒါရိုက်တာ Davy Chouရဲ့ ကမ္ဘောဒီယားကားပါပဲ။ ကိန်းမှာ ပွဲဦးထွက်ပြခဲ့ပြီး ကမ္ဘောဒီးယားက အော်စကာ Best International Featureအတွက် သူ့နိုင်ငံကိုယ်စားပြုရွေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.68GB | 680MB | 349MB Format… mp4 Duration…. 1h 59min Subtitle…. Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... Aaron

null 2022
Return to Seoul
Tokyo Family
7.5

IMDb Rating - 7.5/10 ငါတို့ဟာ အသုံးမကျတဲ့သားတွေပေါ့။ ဘယ်တော့မှလည်း ကိုယ့်ဘဝ ကိုယ်နိုင်အောင် မကျောင်းနိုင်ခဲ့ကြပြန်။ မရှင်သန်နိုင်အောင် ရှင်သန် နေခြင်းတွေနဲ့ မရေနိုင်အောင် ရာသီတွေဘယ်ရွေ့ကြာပြီလေလဲ၊ ငါ မသိတော့တဲ့ မရေရာခြင်းတွေ။ အိမ်ပြန်မရောက်ဖြစ်တဲ့သားတွေ အတွက် အိမ်ဟာရှိနေသေးလည်း သားတွေအိမ်ပြန်ရောက်မလာဘဲ အိမ်ဟာ မရှိတရှိကလေးပဲ ငွေ့ငွေ့ကျန်။ ကမ်းကုန်အောင် ပေတေလေလွင့်နေသားတစ်ယောက်ကို အိမ်ဟာ ဘယ်တော့မှ ကျောခိုင်းမသွားခဲ့ဘူး။ "နေ့စဉ်မှာပိုက်ဆံထွက်မြဲ ရှာ တော့မလွယ်" သူ့စီးကရက်ဖိုး သူမလောက်လို့ လက်ဖြန့်တဲ့အခါလည်း ဘယ်တော့မှ အဲဒီလက်ဟာ ဗလာမဖြစ်ခဲ့ဘူး။ မမြင်ပေသေချာနေတဲ့ လူပေလူတေလေးရဲ့ ရှုပ်ပွနေတဲ့အခန်းကျဉ်းလေးကိုလည်း မမေ့ခဲ့ဘူး။ ငါ့ရဲ့ခွင့်လွှတ်လို့မရတဲ့အမှားကိုလည်း အဲဒီကမ္ဘာမှာ ငါရှာမတွေ့နိုင်ခဲ့တော့ အမှားများစွာကြား နေသားကျလာခြင်းဟာလည်း ငါယုံကြည်နေတဲ့ လူ ဆန်တဲ့ကမ္ဘာ။ "ဝေးခဲ့သူမို့ " ငါတို့ရဲ့အချစ်တို့ကိုလည်း ငါတို့ရဲ့အပြုံးလို့ ကောင်းချီးပေး ပိုခမ်းနားစေတဲ့အခါ... အခုလိုသိခြင်းနဲ့မဟုတ်ဘဲ ရင်နဲ့နားလည်နိုင်တဲ့အခါ ... အဲဒီအခါ ငါနှောင်းသွားမလား။ တကယ်တမ်းသာဆို အဲဒီအချစ်ဟာ ငါရေစုန်မျှောချင်ခဲ့တဲ့ ဘဝပေါ့။ ဘယ်တော့မှ လိမ္မာမလာနိုင်တဲ့ငါ အဖြေ မရနိုင်မှာကိုလည်း သေချာနေခဲ့ခြင်းတွေ။ "အရိပ်စစ်"ရဲ့အတိတ်ဟာာ အမြဲအသစ်ပဲ။ ဘယ်အရာတွေဘယ်လိုနေမယ် မသေချာနေလည်း ဘယ် လိုပဲ ကွေ့ကောက်စီးစီးပေါ့ ဘယ်တော့မှ နောက်ပြန်မစီးနိုင်တဲ့ အဲဒီမြစ်တွေ...။ ( " " ) - From Songs of Htoo Eain Thin (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(2.13 GB) / (899 MB) / (504 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........2Hrs 26Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......WiRa Aung Encoder..........Zin Phyo Aung

Comedy • Romance
7.5 2013 146 mins
Tokyo Family
Quaid-e-Azam Zindabad
8

ဒီတစ်ခါမှာတော့မင်းသမီးနဲ့တင်ကြည့်ရတာတန်နေမဲ့ Action/ Comedy ဇာတ်ကားကိုညွှန်းပေးချင်ပါတယ် ရင်သပ်ရှုမောရတဲ့အလှတွေနဲ့ မင်းသမီးချောလေး Mahira Khan ကဒီကားထဲမှာ တိမွေးကုအနေနဲ့ပါဝင်သရုပ်ဆောင်ထားပြီး Box Office အနေနဲ့ 420 millions ရရှိခဲ့တဲ့ဒီကားဟာ ဇာတ်လမ်းဇာတ်အိမ်ခိုင်မာတဲ့ ရုပ်ရှင်ကားတစ်ကားပါပဲ ဇာတ်လမ်းအညွှန်း... ရဲတွေကြားမှာ ဘယ်သူကလာဘ်ထိုးငွေပိုများများရလဲဆိုပြီးယှဉ်ပြိုင်ကြတဲ့ခေတ်မှာ ဂူလတ်ရဲ့အဖေရဲသားကြီးကတော့ လာဘ်ထိုးငွေဆို တစ်ရူပီတောင်မယူခဲ့တဲ့ ရိုးသားဖြောင့်မတ်သူပါ လာဘ်ထိုးငွေမယူလေတော့ငွေကြေးသိပ်အဆင်မပြေတဲ့ မိသားစုထဲပါခဲ့တာပေါ့ ဂူလတ်ငယ်ငယ်လေးတုန်းက သူ့အဖေရဲ့ဆုံးမစကားရှိပါတယ် ငွေစက္ကူထဲမှာပါတဲ့ခေါင်းဆောင်ကြီးက ပိုက်ဆံကိုအလွဲသုံးစားလုပ်ရင် စိတ်ဆိုးပါလိမ့်မယ်တဲ့ ဒီစကားက သူ့အဖေသူ့ကိုမုန့်ဖိုးမပေးချင်လို့ပြောမှန်းသိသွားတဲ့နေ့ ဂူလတ်တို့ ဖခင်တွေးထားတာနဲ့ တက်တက်စင်အောင်လွဲပါတော့တယ် ကြီးလာလို့ရဲဖြစ်လာတော့လည်း ဖခင်ရှေ့မှာတော့ ရိုးသားချင်ယောင်ဆောင်ပေမဲ့ တစ်ဖက်ဌာနထဲမှာတော့ ရာထူးတိုးသွားရင် လာဘ်ထိုးငွေမရတော့မှာစိုးလို့ ငွေပေးပြီးရာထူးမတိုးအောင်တားထားရတဲ့အထိပါပဲ ဒါပေမဲ့လည်းသူ့အဖေရဲ့စကားကမှန်ကန်လာပြီး ငွေစက္ကူကသူ့ကိုစိတ်ဆိုးမဲ့နေ့တစ်နေ့ရောက်လာပြီး သူလာဘ်ထိုးငွေယူထားသမျှပိုက်ဆံတွေမှာ ထူးဆန်းတာတွေဖြစ်လာတဲ့အခါမှာတော့ ...ဘာတွေဆက်ဖြစ်သွားမလဲ ဒီကျိန်စာကိုသူဖြေနိုင်မှာလားဆိုတာတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါနော် File size…2.3GB / 1.2GB Quality…1080p HD RIP / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai Thu Rein ~ BpL ~ Yunni

Comedy • Drama • Family
8 2022 143 mins
Quaid-e-Azam Zindabad
Good Luck to You, Leo Grande
7

လီယို ဆိုတဲ့ ကောင်လေး တစ်ယောက်ရှိတယ်...သူက လိင်လုပ်သားဘ၀နဲ့ အသက်မွေး၀မ်းကြောင်းပြုနေတဲ့သူပေါ့ သို့ပေမယ့် သူ့ဘ၀ သူ့အလုပ်ကို သူဂုဏ်ယူတယ် တစ်နေ့တော့ ဖောက်သည်တစ်‌ယောက် သူ ‌အော်ဒါ ရလေရဲ့ သူ့နာမည်ကတော့ နန်စီပါ ... ဓမ္မပညာရေး ကို သူ့ဘ၀တစ်လျှောက်လုံး သင်ပေးလာခဲ့တဲ့ အငြိမ်းစားကျောင်းဆရာမတစ်ဦး... ရိုးရိုးရှင်းရှင်း ဆိုတာထက်ကို ပျင်းစရာကောင်းလောက်တဲ့ဘ၀မျိုး ဖြတ်သန်းလာခဲ့တဲ့ အမျိုးသမီးကြီးတစ်ဦး...နောက်ဆုံးတော့ သူမဘ၀မှာ တစ်ခုခုတော့ စွဲထင်ကျန်ရစ်ခဲ့ဖို့အတွက် လိင်လုပ်သား ကောင်လေး လီယို ကို ငှားခဲ့တယ် နှစ်ယောက်သား တွေ့ဆုံမှုဟာ ဟိုတယ်အခန်းလေးတစ်ခန်းထဲမှာပဲ ဖြစ်သလို ဇာတ်လမ်းတစ်၀က်ကျော်ကျော်လောက်ဟာလည်း ဒီ အခန်းလေးထဲမှာပဲ ပြီးဆုံးသွားမယ် ဒါပေမယ့် ဟိုတယ်ခန်းလေးထဲမှာပဲ စိတ်၀င်စားစရာကောင်းလောက်အောင်ကို ရိုက်ပြသွားတယ် အငြိမ်းစားကျောင်းဆရာမတစ်ဦးက ဘ၀ကို ဘယ်လိုဖြတ်သန်းလာခဲ့လဲ ? ဘာ စိတ်လှုပ်ရှားတက်ကြွစရာမှမရှိဘဲ ပုံစံခွက်ထဲ နေသားကျလာခဲ့တဲ့ နန်စီရဲ့ ဘ၀ဟာ လီယိုနဲ့ အဲဒီအခန်းကျဉ်းလေးထဲ တွေ့ဆုံပြီးနောက်မှာ နန်စီကိုယ်တိုင် သူ့ဘ၀ကို ပြန်မေးခွန်းထုတ်စေမိတယ် ဒါ့အပြင် နန်စီဟာလည်း လီယိုရဲ့ဘ၀အပေါ် ဘယ်လိုသက်ရောက်မှုတွေပေးသွားမလဲ ? ဒီဇာတ်ကားလေးကြည့်ပြီးသွားရင် ခင်ဗျားတို့ sex အပေါ် ထားရှိတဲ့အမြင်တွေ ရှေးရိုးစွဲအယူဝါဒတွေ Sex worker တွေအပေါ် အတွေးအထင်တွေ အများကြီးပြောင်းလဲသွားပါလိမ့်မယ် ( လိင်ဆက်ဆံခန်းတွေ sex နဲ့ပတ်သက်တဲ့အသုံးအနှုန်းတွေ တပုံတပင်ပါတာကြောင့် မိသားစုလိုက် ကြည့်ရှုရန် မသင့်တော်ပါ ) File size…(1.3GB)/(643MB)/(301MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:17:00 Genre...Drama, Comdey Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Chuck

Action
7 2022 97 mins
Good Luck to You, Leo Grande
Transformers: Dark of the Moon
6.2

ဇာတ်လမ်းအကျဉ်းကတော့........ စိုင်ဘာထရွန် စစ်ပွဲများကြားကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ စိုင်ဘာထရွန်ဂြိုလ်က အာကာသယာဉ်ကြီးက လရဲ့အမှောင်ဘက်ခြမ်းကို ပျက်ကျသွားခဲ့တယ်။ ၁၉၆၉ ခုနှစ်မှာ အမေရိကန် အာကာသယာဉ် ‘အပိုလို ၁၁’က လကမ္ဘာပေါ်ကို ဆင်းသက်ပြီး The Ark ရဲ့နမူနာတွေကို ကောက်ယူခဲ့တယ်။ အော့(ပ်)တီးမတ် (စ်)ပရိုင်းက တိုင်လုံးတွေကို ရှာဖွေပြီး စင်တီနယ်ပရိုင်းကို အသက်ပြန်သွင်းဖို့ လပေါ်ကို သယ်ဆောင်သွားခဲ့တယ်။ အခုလို သယ်ဆောင်ခြင်းက ကမ္ဘာမြေကို ကျူးကျော်တိုက်ခိုက်မယ့် ဂြိုလ်သားစစ်တပ်အတွက် ဆောင်ရွက်နေတယ် ဆိုတာကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ရှားလော့(တ်)မီးရင်းသိရှိသွားတယ်။ ဒီဆက်(ပ်)တီကွန်က The Ark ယာဉ်ကိုပိုင်ဆိုင်ခွင့်ရဖို့ ဆယ်စုနှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့တယ်။ အော်တိုဘော့တွေက ကမ္ဘာမြေကနေ ပြည်နှင်ဒဏ် ပေးခံရတယ်။ အဲဒီအဖြစ်အပျက်တွေကို အခြေတည်ပြီး အက်ရှင်ဇာတ်ကား အဖြစ်ပုံဖော်ထားခြင်းဖြစ်ပါတယ်........။ ~ Review Credit (Transformers ဇာတ်ကားအားလုံးကို  https://channelmyanmar.org/?s=transformers  မှာရှာပြီး Download လုပ်လို့ရပါတယ်။ ) 4K Version ကတော့ HDR ဖြစ်တာကြောင့် ခေတ်ပေါ် Smart Device များမှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ File size…(6.8 GB)/(4.3 GB)/(2 GB) Quality….BluRay 4K HDR HEVC/1080p/720p HEVC Format…mkv/mp4 Duration….02:34:23 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Comedy
6.2 2011 154 mins
Transformers: Dark of the Moon
Broken People
3

Broken People (2023) လူတစ်ယောက်နဲ့ တစ်ယောက် သူ့အကြောင်းကိုယ့်အကြောင်း သေချာသိကြဖို့ အချိန်ဘယ်လောက်လိုပါသလဲ… လူတစ်ယောက်နဲ့ တစ်ယောက်ကြား အခိုင်မာဆုံးကြိုးတွေ ချည်ဖြစ်ဖို့ ရာသီဘယ်နှလီ ဖြတ်သန်းကြရမလဲ... တချို့တွေအဖို့ နှစ်နဲ့ချီ ဖြည်းဖြည်းချင်း ညှိယူသိယူကြရတဲ့ နားလည်မှုတွေ၊ တစ်ကြိုးချင်းရစ်ရင်းသီရင်းက ချည်နှောင်ခဲ့ရတဲ့ ရင်းနှီးမှုတွေဟာ... တချို့များအတွက်ကျတော့လည်း ဝီစကီတစ်ခွက်ပဲ လိုပါတယ်။ တစ်ခါတစ်ခါ ရင်ဖွင့်ချင်တာတွေရှိတဲ့အခါ ကိုယ့်အသိအဝန်းအဝိုင်းထဲက လူတစ်ယောက်ဆီမှာ ဖွင့်ချရတာထက် ကိုယ့်ကိုလုံးဝမသိတဲ့ လူစိမ်းတစ်ယောက်ဆီမှာ အိပ်သွန်ဖာမှောက်ပြောပြရတာက ပိုလို့ သက်တောင့်သက်သာရှိပါတယ်။ ဒီလိုနဲ့ပဲ လွန်ခဲ့တဲ့ ၅မိနစ်က သူစိမ်းတစ်ယောက်ဟာလည်း သင့်ဘဝရဲ့ အရင်းနှီးဆုံးလူတစ်ယောက်ဖြစ်သွားနိုင်ပါတယ်။ ဒီဇာတ်ကားအကြောင်းကို မပြောပြချင်ပါဘူး။ ဘာလို့ဆို ဒါဟာ သူစိမ်း၂ယောက်ကြားက ရင်းနှီးမှု မီးပွင့်လေးကို တတိယလူ(အပြင်လူ)နေရာကနေ စောင့်ကြည့်ရတဲ့ ဖီလင်လေးနဲ့ မျောရမှာမို့ပါ။ သူစိမ်း၂ယောက်... ဘားတစ်ခု... ဝီစကီခွက် ခပ်များများ... (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 755MB Quality - 1080p, 720p Format - mp4 Duration - 1H 35Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Action & Adventure • Drama • Sci-Fi & Fantasy
3 2023 95 mins
Broken People
After Blue (Dirty Paradise)
5.3

After Blue (Dirty Paradise) (2021) အရာရာမှာ အနုပညာခံစားမှု မြင့်မားတဲ့ ပြင်သစ်တို့ရဲ့ ထုံးစံအတိုင်း ဒီဇာတ်ကားကို ဖန်တီးထားရာမှာ plot နည်းနည်းနဲ့ မော်ဒန်ဆန်ဆန်ရိုက်ကူးထားတာကို တွေ့ရပါတယ်။ ရုပ်ရှင် artအဖွဲ့ရဲ့ ကြိုးစားပုံကို အဝတ်အစားတွေ ဆက်တင်တွေကြည့်ရုံနဲ့ ဘယ်လောက်ကြိုးစားထားမှန် သိသာပါတယ်။ အနုပညာသက်သက်အတွက် ဖန်တီးထားတဲ့ကားလို့တောင် ဆိုလို့ရပါတယ်။ ဇာတ်လမ်းအနေနဲ့ကတော့ အနာဂတ်က ကမ္ဘာကြီးမှာ နေထိုင်မရတော့လို့ စွန့်ပစ်ကာ After Blue ဆိုတဲ့ ဂြိုလ်ပေါ်မှာ လူတွေရွှေ့ပြောင်းနေထိုင်ကြပါတယ်။ အဲဒီဂြိုလ်ပေါ်မှာတော့ မိန်းမတွေသာ ရှင်သန်နိုင်ပြီး မေထုန်မဲ့မျိုးစပ်ကြပါတယ်။ တစ်နေ့တော့ Roxyဆိုတဲ့ကောင်မလေးဟာ သဲထဲမှာမြုပ်နေတဲ့ လူသတ်သမား Kate Bush ကို ဘုမသိဘာမသိ ကယ်မိပါတယ်။ ကယ်ပြီးပြီးချင်းမှာပဲ Kate Bushဟာ သူ့ကိုလှောင်ပြောင်ခဲ့တဲ့ Roxy သူငယ်ချင်းသုံးယောက်ကို သတ်ပစ်လိုက်ပါတယ်။ ရွာကအာဏာပိုင်တွေကတော့ Roxy ကြောင့် ကောင်မလေးတွေ သေခဲ့ရတာမို့ အပြစ်ပေးတဲ့အနေနဲ့ သူ့အမေနဲ့အတူ သားအမိနှစ်ယောက်ကို Kate Bush ကို သွားသတ်ခိုင်းပါတော့တယ်။ သားအမိနှစ်ယောက်ခမျာ ဘယ်ဆီဘယ်ဝယ်မှန်းမသိတဲ့ Kate Bush ကို သတ်ဖို့ ရှာပုံတော် ဖွင့်ကြရတဲ့အခါ … ဇာတ်လမ်းလေးထဲ ဆက်လက်ကြည့်ရှုခံစားလိုက်ကြစို့နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Jane ပါ။) File Size : 2.9GB, 1GB, 536MB Quality : 1080p WEBRip AC3 5.1CH, 720p WEBRip, 480p Format : mp4 Duration : 2hr & 9mins Genre : Fantasy, Sci-Fi Translated by Jane Encoded by Kinnov

Action • Adventure • Animation • Comedy • Family
5.3 2021 129 mins
After Blue (Dirty Paradise)
[18+] A Chinese Torture Chamber Story
5.9

ဂေါ်ဖီထုပ်ကလေးဆိုတဲ့ ခြေသေးမမိန်မပျိုလေးဟာ ဆေးဆရာယန်နေဝူ ဆီမှာအိမ်တော်ထိန်းအဖြစ်တာဝန်ထမ်းနေပါတယ်။ ဒါပေမယ့် ယန်က သူ့အပေါ်တိမ်းညွတ်နေပြီးတစ်ချိန်မှာ ကိုယ်လုပ်တော်အဖြစ်မြှောက်စားဖို့အထိ ဆန္ဒရှိနေပါတယ်။ ယန်ရဲ့ဇနီးဖြစ်သူနဲ့အောက်ရုံးတရားသူကြီးရဲ့ သားနဲ့ဖောက်ပြန်နေတဲ့ ဇာတ်လမ်းကိုဂေါ်ဖီထုပ်ကလေး အမှတ်မထင်မြင်သွားတဲ့နောက်မှာတော့ သူ့ရဲ့ဇာတ်လမ်းပေါ်လာမှာစိုးရိမ်စိတ်နဲ့ဂေါ်ဖီထုပ်ကလေးကို ယောက်ျားပေးစားပြီးအဝေးပို့လိုက်ရုံမကပဲ ဆက်လက်ဒုက္ခပေးဖို့အကြံဆိုးတွေကြံပါတော့တယ်။ အဲ့ဒါကတော့ သူပေးစားလိုက်တဲ့ဂေါ်ဖီထုပ်ကလေးရဲ့ယောက်ျားကိုတစ်ဖက်လှည့်နဲ့လုပ်ကြံပြီး အဲ့ဒီအမှုကိုဂေါ်ဖီထုပ်ကလေးနဲ့ခင်ပွန်းသည် ယန်နေဝူတို့အပေါ်ပုံချလိုက်တာပါပဲ။ဒီအမှုကိုစစ်တဲ့တရားသူကြီးကိုယ်တိုင်က ဘက်လိုက်တဲ့သူဖြစ်တဲ့အတွက်တရားခွင်မှာ အဲ့ဒီအချိန်က တရားဝင်ပြဌာန်းထားတဲ့ ရက်စက်ကြမ်းတမ်းလွန်းတဲ့နှိပ်စက်နည်းအမျိုးမျိုးနဲ့စစ်မေးတော့မှာဖြစ်ပါတယ်။ ဟောင်ကောင်ရုပ်ရှင်ရွှေခေတ် ၁၉၉၀ လွန်နှစ်များဆီက ဂန္ဓဝင်ဇာတ်ကားတစ်ကားပါ။ ဇာတ်ကားနာမည်နဲ့တွဲမသိရင်တောင် ဂရုထဲမှာ လာမေးကြတဲ့ လေပေါ်မှာဝဲပျံပြီးကိုယ်ဖော့ပညာနဲ့ဂျိန်းကြတဲ့ ဟောင်ကောင်ကတုံးကြီး Elvis Tsui ရဲ့နာမည်ကျော်ဇာတ်ဝင်ခန်းကို သိကြမှာပါ။ ဇာတ်ကားနာမည်နဲ့လိုက်အောင်အလွန်ရက်စက်ပြီး စိတ်မသက်သာဖွယ် ညှင်းပန်းနှိပ်စက်နည်းပေါင်းစုံနဲ့ကြံကြံဖန်ဖန်ပေါက်ပေါက်ရှာရှာလို့ပြောရမယ့် လိင်ဇာတ်ဝင်ခန်းတွေပါဝင်ပါတယ်။ဒါပေမယ့်လည်း Dark comedy ဆန်ဆန်မြူးမြူးသွက်သွက်နဲ့ပေါ့ပါးတဲ့တင်ဆက်ပုံအရ ကြည့်ရတာပျော်စရာကောင်းပြီး entertaining ဖြစ်တဲ့ကားပါ။ File size…(880 Mb)/(520 Mb) Quality….Webrip 720p/480p Format…mp4 Duration….01:28:00 Genre…Drama Thriller Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alias

5.9 1994
[18+] A Chinese Torture Chamber Story
REC .
7.4

အန်ဂျလာနှင့် ပက်ပလိုဟာ ရုပ်သံဌာနတစ်ခုရဲ့ တင်ဆက်သူတွေဖြစ်ကြပါတယ်။ သူတို့ဟာ ပြည်သူ့ဝန်ထမ်းတွေရဲ့ ညဆိုင်းအလုပ်တွေအကြောင်းကို တင်ဆက်ထုတ်လွှင့်ပေးသူများ ဖြစ်ကြပါတယ်။ တညမှာတော့ သူတို့ဟာ မီးသတ်ဌာနကို သွားရောက်လေ့လာခဲ့ကြတယ်။ ထိုစဉ် မီးသတ်ဌာနမှ အရေးပေါ်ဖုန်း ခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိလိုက်တာကြောင့် သူတို့နဲ့အတူ အန်ဂျလာတို့ဟာ အိမ်ယာအဆောင်အအုံတစ်ခုကို အတူ သွားရောက်ဖို့ဖြစ်လာခဲ့ပါတယ်။ ထိုအဆောက်အအုံကို ရောက်တဲ့အခါမှာတော့ ထူးဆန်းတဲ့အဖြစ်အပျက်နဲ့ ရင်ဆိုင်လိုက်ရပြီး ထိုအဆောက်အအုံကိုလည်း ပိတ်ထားလိုက်ပါတော့တယ်။ အဲဒီတော့ သူတို့ အပြင်ကိုရောက်အောင် ဘယ်လိုကြိုးစားကြသလဲဆိုတာ သည်းထိတ်ရင်ဖိုစွာနဲ့ စောင့်စားကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre…Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vio La

7.4 2007
REC .
Infinite Sea
6.2

Infinite Sea (2021) ဂလက်ဆီကြီးကို ဖြတ်သန်းပြီး… အရာအားလုံးကို ချန်ထားရစ်ပြီး တခြားဂြိုဟ်တစ်ခုမှာ ဘဝသစ်စဖို့ တွေးကြည့်မိဖူးလား… ထားခဲ့ခံရခြင်းတွေ… ကျန်ရစ်ခံရခြင်းတွေ… အထီးကျန်ဆန်မှုတွေ… “အနန္တပင်လယ်ကြီးရဲ့ တခြားတစ်ဘက်မှာ ကျွန်မကို ရှာပါ” တဲ့။ တစ်ခါတစ်ခါကျ လူတွေဟာ ထားခဲ့ခံရတယ်။ ဒါပေမဲ့ ကျန်ရစ်ခဲ့တာက သူ့ရဲ့ သူ့ဖြစ်တည်မှု အပြည့်အဝမဟုတ်တော့ဘဲ မရေရာမှုထဲပိတ်မိနေတဲ့ တစ်စိတ်တစ်ပိုင်းလောက်နဲ့ မောင်းနှင်နေရတဲ့ ခန္ဓာကိုယ်ကြီးပါပဲ။ သိပ္ပံပညာဖွံ့ဖြိုးလာတဲ့အလျောက် Robot လေး ခလုတ်နှိပ်ရုံ မပင်မပန်းနဲ့ စားပွဲပေါ်စားစရာတွေ ရောက်လာပေမယ့် တစ်ခုခုတော့ အမြဲလစ်ဟင်းနေသလိုခံစားရတာမျိုးပေါ့…။ ဒီကားထဲက ဇာတ်လိုက်ဟာ တခြားဂြိုဟ်ပေါ်လိုက်ပါခွင့်ရမယ့် ခရီးစဉ်အတွက် အရွေးမခံရသူပါ။ သိပ်ကို သွားချင်နေတဲ့ သူဟာ System ကို ဟက်ခ်ပြီး သူ့နာမည်ကို ဖြည့်ခွင့်ရဖို့ အပတ်တကုတ်လုံးပန်းနေပါတယ်။ အပေါ်မှာပြောခဲ့သလိုတော့ သိပ္ပံပညာဖွံ့ဖြိုးတာမှန်ပေမယ့် အရာရာဟာ ဆုတ်ခေတ်မှာမို့ သူလိုအပ်တဲ့အရာတွေ အမြဲတမ်းတော့မရနိုင်ပါဘူး။ ခေတ်မီပေမယ့် ခေတ်ရှားမှာ နေရသူတွေပေါ့။ ဇာတ်လမ်းအကြောင်းက အများကြီးပြောလို့မရပါဘူး။ စကားလုံးတစ်ခုတည်းနဲ့ ဒီကားအကြောင်းပြောရမယ်ဆိုရင်တော့ ‘အထီးကျန်မှု’ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 850MB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 18Min Genre – Drama, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama • Crime
6.2 2021
Infinite Sea
Taste of Cherry
7.7

Taste of Cherry ဆိုတဲ့ ခေါင်းစဉ်ကို တွေ့တဲ့အချိန်မှာ ပထမဆုံး ပေါ်လာတဲ့အတွေးကတော့ Cherry onTop ဆိုတဲ့ စကားလေးပဲဖြစ်ပါတယ်။ ဘဝကို ထပ်ပြီးပြည့်စုံသွားစေတယ်၊ ကောင်းမွန်တဲ့အရာ အဖြစ်နဲ့Cherry ကို တင်စားကြပါတယ်။ ဒီဇာတ်လမ်းမှာတော့ သူ့ရဲ့ဘဝဇာတ်သိမ်းကိုကိုယ်တိုင် အကောင်းဆုံးအဖြစ် အဆုံးသတ်နိုင်ဖို့ ချယ်ရီပင် အောက်ကို ရွေးချယ်ထားတဲ့ လူတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။ ထိုလူလတ်ပိုင်းအရွယ် မစ္စတာဘာဒီး ဟာ သူ့အတွက် အလုပ်တစ်ခု လုပ်ပေးနိုင်မယ့် လူတစ်ယောက်ကို ကားတစ်စီးနဲ့ တယ်ရန်မြို့ထဲမှာ လိုက်ရှာနေခဲ့ပါတယ်။ အဲဒီအလုပ်အတွက်လည်းငွေကြေး အမြောက်အများပေးဖို့ စီစဉ်ထားပါတယ်။ သူ့ရဲ့အကြံကတော့ သူစိတ်ကြိုက်ရွေးချယ်ထားတဲ့လူတစ်ယောက်ကို သူစိတ်ကြိုက်ရွေးချယ် ထားတဲ့နေရာမှာ သူ့ကို မြှုပ်နှံပေးနိုင်ဖို့ပဲဖြစ်ပါတယ်။ မစ္စတာဘာဒီး နဲ့ ကားလိုက်စီးရတဲ့သူတိုင်းဟာ ချယ်ရီပင်တစ်ပင်ရယ်၊ သူကိုယ်တိုင်တူးထားတဲ့ ကျင်းတစ်ကျင်း ရယ်၊ မက်မောလောက်ဖွယ် ငွေကြေးရယ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ လုပ်ရမယ့်အလုပ်က မစ္စတာဘာဒီးအနေနဲ့ အိပ်ဆေးတွေ အကုန်သောက်ပြီး ကျင်းထဲမှာ ညကတည်းက လှဲနေမယ်။ အလုပ်လက်ခံသူအနေနဲ့ မစ္စတာဘာဒီးကို မနက် (၆) နာရီမှာ (၂)ခါလာခေါ်ရမယ်။ အသက်ရှိသေးရင် သူ့ကိုဆွဲထူမယ်၊ အသက်မရှိတော့ ရင်တော့ မြေဖို့ပေးဖို့ပါပဲ။ ဒီတစ်ရက်တည်းမှာပဲ မစ္စတာဘာဒီးဟာ စစ်သားတစ်ယောက်၊ ဓမ္မစာသင်သားတစ်ယောက် နဲ့ တိရစ္ဆာန်ရုပ်လုံးသွင်းသူ တစ်ယောက် တို့နဲ့ တွေ့ဆုံပြီး ကမ်းလှမ်းပြောဆိုခဲ့ပါတယ်။ ပထမဆုံး (၂)ယောက်က ကြောက်လန့်ငြင်းဆန်သွားကြပေမယ့် တိရစ္ဆာန်ရုပ်လုံးသွင်းသူ မစ္စတာဘာဂယ်ရီကတော့ သူ့ကလေးအတွက် ငွေကိုလက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မစ္စတာဘာဂယ်ရီကတော့ ချယ်ရီပင်သွားရာ လမ်းတလျှောက်မှာ မစ္စတာဘာဒီးကိုဖြောင့်ဖြပြောဆိုသွားခဲ့ပေးမယ့် မစ္စတာဘာဒီးရဲ့ သတ်သေလိုတဲ့အကြောင်းရင်းနဲ့ ပြဿနာကို အဖြေရှာမတွေ့ခဲ့ပါဘူး။ ဒါ့အပြင် မစ္စတာဘာဒီးရဲ့ ဘဝအပေါ်အတွေးအမြင်နဲ့ ခံယူချက်ကလည်း မေးခွန်းထုတ်ဖွယ်ဖြစ်နေတဲ့အတွက် ပရိသတ်ကို မေးခွန်းများစွာနဲ့ အတွေးများစွာ ထင်ကျန်စေမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size… 1.1 GB / 680 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

TV Movie • Comedy • Romance
7.7 1997
Taste of Cherry
Dangerous Men (aka) Niebezpieczni dzentelmeni
6

ဒီဇာတ်လမ်းကတော့ Comedy/ Crime Comedy အမျိုးအစားလေးပါ ၁၉၁၄ ခုနှစ် ဇာကိုပန်နာမြို့မှာ စာရေးဆရာဂျိုးဆက်ဖ် ကွန်ရတ်နဲ့အတူ အခြားသောပိုလစ်အနုပညာသမား ၃ ဦးတို့ ပါတီတစ်ခုမှာ မူးယစ်ဆေးတွေသုံးမိပြီး နောက်တစ်နေ့သူတို့နိုး လာတဲ့အချိန် သူတို့ရဲ့ ဧည့်ခန်းထဲမှာ ယောက်ျားအလောင်းတစ်လောင်းရောက်ရှိနေတာနဲ့ ဇာတ်လမ်းကို စထားပါတယ်။ မူးယစ်ဆေးအရှိန်ကြောင့် သူတို့ ၄ ယောက်လုံးက ညကအဖြစ်အပျက်တွေကို ဘာမှမမှတ်မိတော့ဘဲ ဒီအလောင်းကို ဘယ်သူသတ်ခဲ့တာ လဲ ဘာဆက်လုပ်ကြမလဲဆိုပြီး မေးခွန်းထုတ်နေကြတဲ့အချိန် သူတို့အိမ်တံခါးကို ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တစ်ယောက်က တံခါး လာခေါက်ပါတော့တယ်။ တံခါးသွားဖွင့်ပေးတဲ့ တာဒဲအုရှ်ဇလန်စကီကတော့ ဝါသနာအရစာရေးပေမယ့် ကလေးအထူးကုဆရာဝန် တစ်ဦးဖြစ်ပြီး ထိုသူနဲ့ စကားပြောပြီးတဲ့နောက် သူက ညတုန်းကပါတီပွဲမှာ သေနတ်နဲ့ပစ်သတ်ခံရလို့သေပြီလို့သတင်းပျံ့နေကြောင်း သိလိုက်ရပါတော့တယ်။ သူတို့လေးယောက်သား နှစ်ယောက်တစ်ဖွဲ့စီခွဲကာ တာဒဲအုရှ်သေပြီလို့ ဘာလို့မြို့ထဲမှာပြောနေကြတာလဲ သူတို့အိမ်ထဲရောက်နေ တဲ့ အလောင်းကောင်ကဘယ်သူလဲ သူတို့ထဲကဘယ်သူသတ်ခဲ့တာလဲဆိုတာကို စုံစမ်းရေးထွက်လုပ်ကြရင်း နိုင်ငံရေး အရှုပ်တော်ပုံထဲပါသွားကြပုံကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:50:00 Genre… Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

6 2022 107 mins
Dangerous Men (aka) Niebezpieczni dzentelmeni
A Hidden Life
7.5

A Hidden Life (2019) IMDb Rating (7.4) / Rotten Tomatoes (82%) ” ကမ္ဘာကြီးကို ပိုကောင်းလာစေတဲ့ အဖြစ်အပျက်တွေထဲမှာ သမိုင်းမတွင်တဲ့လုပ်ရပ်တွေအများကြီးရှိပါတယ် မင်းတို့ငါတို့ရဲ့ ဘဝတွေ ဆိုးမသွားဘဲ အဆင်ပြေနေရတဲ့ အကြောင်းရင်းရဲ့ တစ်ဝက်လောက်က အညတရဘဝနဲ့ရှင်သန်ခဲ့ပြီး ဘယ်သူမှလာမတွေ့တဲ့ အုတ်ဂူတွေထဲက လူတွေရဲ့ ကျေးဇူးတွေပါပဲ။ ” – George Eliot ဒုတိယကမ္ဘာစစ်အတွင်းက အေးချမ်းပြီးလူတွေမသိတဲ့ ဘဝလေးတစ်ခု ပျက်စီးခဲ့ရတဲ့ ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံထားပါတယ်။ ဖရန့်နဲ့ ဖန်နီက ဩစတေးလျတောင်တန်းတွေကြားက အေးချမ်းသာယာတဲ့ရွာလေးတစ်ရွာမှာ ယာလုပ်ရင်း ချစ်စရာသမီးလေးသုံး‌ယောက်နဲ့အတူပျော်ရွှင်နေကြသူတွေပါ။ ဒုတိယကမ္ဘာစစ်စဖြစ်ကြတော့ ဖရန့်ကို စစ်ထဲဝင်ဖို့အမိန့်စာကျလာပါတယ်.. ဒီလိုနဲ့ လေ့ကျင့်ရေးစခန်းရောက်တဲ့အခါမှာတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲနေချင်တဲ့သူ့အနေနဲ့ ခေါင်းဆောင်တွေရဲ့လုပ်ရပ်တွေ မှန်ကန်တယ်လို့မထင်၊ စစ်ပွဲကလည်း မတရားဘူးလို့ယူဆတဲ့အလျောက် ဟစ်တလာကိုသစ္စာခံပါမယ်ဆိုတဲ့ ကျမ်းသစ္စာကိုမကျိန်နိုင်ပါဘူးဆိုပြီး ငြင်းပါလေရော။ ဒါကြောင့် သူဟာ အကျဉ်းထောင်ထဲပို့ခံလိုက်ရပြီး ပြစ်ဒဏ်စီရင်ချက်ချဖို့စောင့်ဆိုင်းနေရတဲ့ အကျဉ်းသားဘဝကို တန်းရောက်သွားပါတော့တယ်။ ဒီရုပ်ရှင်ကားက ဇာတ်လမ်းကဘာဆက်ဖြစ်မလဲဆိုတာထက် တကယ့်အပြင်က ခံစားချက်တွေကိုပဲ ပေးစွမ်းမယ့် ရုပ်ရှင်ကားဖြစ်ပါတယ်။ အကျဉ်းစခန်းက ဖရန့်နဲ့ သူ့မိန်းမနဲ့စာတွေအပြန်အလှန်ရေးပြီးလွမ်းဆွတ်ရတာတွေကိုကြည့်ပြီး နာကျင်မှုတွေက ကိုယ်ထဲထိစီးဆင်းလာမှာပါ။ သာယာပျော်ရွှင်နေတဲ့မိသားစုလေးတခုတည်ရှိခဲ့ပေမယ့် ကိုယ်မှန်တယ်ထင်တဲ့အရာကို‌ခေါင်းမာမာနဲ့ လုပ်လိုက်တဲ့လင်ယောက်ျားကြောင့် သူမဟာ ပင်ပန်းဆင်းရဲစွာအလုပ်လုပ်နေရပြီး ပတ်ဝန်းကျင်ရဲ့ဖယ်ကျဉ်ခြင်းကိုခံနေရပေမယ့် လင်ယောက်ျားအပေါ်ငြူစူခြင်းမရှိဘဲ အဆုံးထိပါရမီ‌ဖြည့်ပေးခဲ့တဲ့ မိန်းမတစ်ယောက်ကိုလည်း မှတ်ကျောက်တင်စရာမြင်တွေ့ရမှာပါ။ ဒါတွေအားလုံးက တကယ်ဖြစ်ခဲ့တဲ့အကြောင်းတွေဆိုတာတွေးမိရင် A hidden life ဆိုတဲ့အတိုင်း စစ်ရဲ့ပယောဂကြောင့်လူမသိသူမသိဘဲ ပျက်စီးခဲ့တဲ့ဘဝတွေဘယ်လောက်များရှိမလဲဆိုတာ မတွေးရဲအောင်ပါပဲ။ ဒီရုပ်ရှင်ကားက Epic historical War drama ရုပ်ရှင်ကားကြီးအဖြစ် အမြဲတမ်းမှတ်ကျောက်တင်နိုင်ခဲ့ပြီး ဆုများစွာလဲဆွတ်ခူးရရှိခဲ့ပါတယ်။

7.5 2019 173 mins
A Hidden Life
The Rose of Versailles (aka) Versailles no bara
5

The Rose of Versailles (aka) Versailles no bara (2025) IMDB – 6.0/10, MyAnimeList – 6.6/10 Netflix ကနေ မကြာခင်က ထွက်ရှိလာတဲ့ Anime ရုပ်ရှင်လေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်လေးဟာ ၁၉၇၉ ခုနှစ်က ထွက်ရှိထားတဲ့ စီးရီးကို အသက်ပြန်သွင်းထားတာဖြစ်ပြီး Musical အမျိုးအစားလည်း ပါဝင်ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ ဖြစ်ရပ်မှန် သမိုင်းကြောင်းတွေကို နောက်ခံအဖြစ် အသုံးချထားပြီး စိတ်ကူးယဉ် ဇာတ်ဆောင်နဲ့ ပုံဖော်ထားတဲ့သဘောပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ Oscar ဆိုတဲ့ မိန်းကလေးဟာ ဖခင်ဖြစ်သူက သားယောက်ျားလေးအဖြစ် ပြုစုပျိုးထောင်ခဲ့လို့ ချောမောလှပပေမဲ့လည်း ကျားကျားလျားလျားနေနေရသူ ဖြစ်ပါတယ်။ ဒီလိုနဲ့ ပြင်သစ်-သြစတြီးယား ၂ နိုင်ငံ ချစ်ကြည်ရေးအနေနဲ့ ရောက်ရှိလာတဲ့ အိမ်ရှေ့စံမင်းသမီး Marie Antoinette ကို သက်တော်စောင့် လုပ်ဖို့ ကံပါလာရာကနေ အချစ်ရေးအချစ်ရာကိစ္စတွေ နိုင်ငံရေးပဋိပက္ခတွေ တစ်ကမ္ဘာလုံးမှာ နာမည်ကျော်ဖြစ်ရပ်တစ်ခုဖြစ်တဲ့ ပြင်သစ်တော်လှန်ရေး ဆူပူအုံကြွမှု စသဖြင့် ဖြစ်ရပ်တွေမှာ Oscar တစ်ယောက် ဘယ်လိုဖြတ်သန်းကျော်ဖြတ်ခဲ့မလဲဆိုတာကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်)

Romance
5 2025 113 mins
The Rose of Versailles (aka) Versailles no bara