YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Six Flying Dragons .2015.EP37.WEB-DL1080P(CM).mp4

1.07 GB N/A video/mp4 377 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rockin' on Heaven's Door
7.9

Hong-ki Lee  နဲ့  Ma Dong-seok တို့ အဓိကပါဝင်ထားတဲ့ဒီဇာတ်ကားဟာ တစ်ခါကြည့်ပြီး တစ်သက်မမေ့နိုင်ဖို့ ဒီတစ်ခေါက် CMပရိသတ်ကြီးအတွက် ထင်မထားရလောက်အောင် ရင်ထဲမှာစွဲကျန်ရစ်ခဲ့မယ့် “Rockin On Heaven’s Door”ဆိုတဲ့ ဒီဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းကိုတော့ ထင်ရာဆိုင်းတတ်တဲ့ ခပ်ဆိုးဆိုးအိုင်ဒေါအနုပညာရှင်လေး ချွန်အွီနဲ့ အစချီထားပါတယ် တစ်နေ့ ချွန်အွီတစ်ယောက် ကလပ်မှာပြဿနာရှာမိပြီး စေတနာ့ဝန်ထမ်းအဖြစ်နဲ့ အပြစ်ပြန်ဆပ်ရဖို့ အကြောင်းဖန်လာပါတယ် ချွန်အွီလုပ်ပေးရမယ့်နေရာကတော့ နယ်မြို့လေးတစ်ခုက “ဒုံးဟျွန်း”ဆိုတဲ့ဆေးရုံတစ်ခုမှာပေါ့ ဆေးရုံကို မုန်းပါတယ်ဆိုတဲ့ ချွန်အွီအတွက် အဲဒီဆေးရုံက လူတွေကလည်း ထူးဆန်းနေပြန်ပါတယ် နောက်ဆုံးထွက်သက်ရောက်တော့မယ့် လူနာအဘွားအိုကို အသက်ရှူစက်တပ်မပေးတာမျိုး… လူနာတွေကို ဆေးလိပ်သောက်ခွင့်ပေးတာမျိုး ကလပ်သွားခွင့်ပေးတာမျိုး.. စသည်ဖြင့်ပေါ့ အဲဒီလိုဆေးရုံက လုပ်ရပ်တွေကို သဘောမကျလို့ ချွန်အွီ ထွက်ခဲ့မယ်လို့ကြံမယ့်နေ့မှာပဲ .. နောက်ကွယ်ကအကြောင်းအရာတွေကို အန်နာဆိုတဲ့ စေတနာ့ဝန်ထမ်းကောင်မလေးပြောလို့ ချွန်အွီသိသွားခဲ့တဲ့အခါ… File Size :(1.9GB)&(685MB) Quality : Blu-Ray 1080P5.1Ch,720P Format :mp4 Duration : 01:39:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Khine Khine Wai Encoded by Phyo Pyae

Romance
7.9 2013 99 mins
Rockin' on Heaven's Door
It's a Wonderful Binge
5.1

Holiday Comedy အမျိုးအစား​လေးဖြစ်ပြီး Heavy မဟုတ်ပဲ ပေါ့​​ပေါ့ပါးပါး​ ကြည့်ရတာကြိုက်တယ့် ညိုကီတို့အတွက် Recommend ​ပေးပါတယ် ။ အရက် မူးယစ်​ဆေး ​သောက်စားတာ ဒုစရိုက်မှုတစ်ခုလို ဖြစ်​နေတဲ့ကမ္ဘာမှာ မူးမူး ကွဲကွဲ ပြဲပြဲ လုပ်ချင်တာလုပ်လို့ရတဲ့ The Binge ပွဲရိုးရာ ခရစ္စမတ်​နေ့မှာ​... ​ရှေးရိုးစွဲ အ​မေနဲ့ ​ထောင်​ပြေးဦး​လေးတို့ ရဲ့ သမီး တူမ Kimmi, မျိုးရိုးတစ်ခုလုံး ​​မွေးစားခံရတာနဲ့ တည်​ဆောက်ထားတဲ့ မိသားစုမှာ ကြီးပြင်းလာတဲ့ Sarah, Sarah ကို လက်ထပ်ခွင့်​တောင်းဖို့ စီစဥ်ရင်း လက်စွပ်​ပျောက်သွားတဲ့ Hag, အ​ဖေနှစ်​ယောက်နဲ့ အ​မေတစ်​ယောက်တို့ရဲ့ သား Andrew တို့ရဲ့ကြုံ​တွေ့ရမယ့် ပြဿနာ​တွေကို ဟာသဆန်ဆန် ရိုက်ထားတာ​လေးကို ကြည့်ရင်း ရီရီ​မော​မောပဲ ဖြတ်သန်းရမှာ ​သေချာ​ပေါက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB နဲ့ Tissue တို့မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.65GB, 870MB Quality - 1080p, 720p Format - mp4 Duration - 1H 38Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by DB & Tissue Encoded by Y

Action • Crime • Thriller
5.1 2022 99 mins
It's a Wonderful Binge
The Art of Fighting
6.6

The Art of Fighting (2006) ဆုန်းဗြောင်ထယ်ဆိုတဲ့ကောင်လေးက နည်းပညာ အသက်မွေးဝမ်းကျောင်းတက်နေတာဖြစ်ပြီး အနေအေးတာရယ် ကြည့်​တာနဲ့ အားနည်းတဲ့ပုံပေါက်တာကြောင့် ကျောင်းက ဘူလီတွေရဲ့ ပစ်မှတ်ဖြစ်နေပါတယ်။ သူက မခံချင်စိတ်နဲ့ ကိုယ်ခံပညာစာအုပ်တွေ ဖတ်တယ်၊ ရန်ဖြစ်တာတော်တဲ့သူဆိုတာနဲ့ ဆရာတင်ကြည့်တယ်၊ ဒါပေမဲ့ အဆင်မပြေပါဘူး သူလုပ်သမျှက တလွဲတွေချည်း ဖြစ်နေပြီး အရှက်ကွဲရတာလည်း အခါခါ။ ဒါပေမဲ့ တစ်နေ့တော့ ဘယ်ကနေ လာမှန်းမသိတဲ့ ထူးဆန်းတဲ့ ဦးလေးကြီးတစ်ယောက်နဲ့ သူဆုံတယ်၊ အဲဒီဦးလေးကြီးက ရန်ဖြစ်တာ ကျွမ်းတော့ သူ့ကို သင်ပေးဖို့ နောက်ကတကောက်ကောက် လိုက်ပြောတယ်။ ဦးလေးကြီးက အစကတော့ ဗြောင်ထယ်ကို မသင်ပေးဘူး ဒါပေမဲ့ နောက်ကျ ဗြောင်ထယ်အဖြစ်ကို မျက်လုံးထဲ မြင်နေရတာမလို့ သင်ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒီဦးလေးကြီး သင်ပေးတဲ့ ပညာနဲ့ ဗြောင်ထယ်က ကျောင်းမှာ သူ့ကို ဘူလီလုပ်တဲ့သူတွေကို ပညာပဲ ပြန်ပေးနိုင်မလား၊ သူပဲ ထပ်ခံရဦးမလားကတော့ ဇာတ်လမ်းကြည့်မှပဲ သိနိုင်မှာမို့လို့ ..ဒီလောက်ပါပဲ။ အညွှန်းနဲ့ ဘာသာပြန်တော့ Kppks ဖြစ်ပါတယ်။ Genre….. Action, Comedy, Drama Quality…. 1080p | 720p File size…2.24GB | 976MB Format… mp4 Duration….1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kppks Encoder ….. Aaron

6.6 2006
The Art of Fighting
Exorcist II: The Heretic
3.8

1973 ခုနှစ်က ထွက်ခဲ့တဲ့ The Exorcist ရဲ့ ဒုတိယကားဖြစ်တဲ့ Exorcist 2က ပထမကားထွက်ပြီး လေးနှစ်အကြာမှာ ထွက်ခဲ့ပါတယ်။ ဒ ါရိုက်တာကတော့ မတူပေမယ့် အဓိကဇာတ်ဆောင် မင်းသမီး ရေဂန်ပြန်လည်ပါဝင်လာပြီး ဒီကားထဲမှာ အပျိုအရွယ်ရောက်လာခဲ့ပါပြီ။ ဖာသာမာရင်ရဲ့ သေဆုံးမှုကို စုံစမ်းဖို့အတွက် ဘုန်းတော်ကြီး ဖာသာလာမောင့်န်ကို တာဝန်ပေးအပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ရေဂန်က စိတ်ရောဂါကုဆရာဝန်ဆီမှာ ကုသမှုခံယူနေဆဲဖြစ်ပါတယ်။ ဆရာဝန်မရဲ့ စိတ်ချင်းဆက်သွယ်ပြီး အိပ်ငွေ့ချပေးတဲ့စက်ကို အသုံးပြုပြီး ဝါရှင်တန်က ရေဂန်ရဲ့ အခန်းထဲမှာ ဖာသာမာရင် အပနှင်နေတုန်း ဖြစ်ပျက်ခဲ့သမျှတွေကို ပြန်ပြီး ကြည့်ရှုခဲ့ပါတယ်။ ဒီမကောင်းဆိုးဝါးရဲ့ originက ဘာလဲ ဘယ်ကရောက်လာတာလဲဆိုတာ ဒီကားထဲမှာ အဖြေကို ရမှာပါ။ ပထမကားလောက် အောင်မြင်မှုမရခဲ့ပေမယ့် Exorcist fanတွေဆို ကြည့်ရှုထားသင့်တဲ့ ကားဖြစ်ပါတယ်။ File size… 3.65 GB / 1.14 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 58m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Leonie

3.8 1977
Exorcist II: The Heretic
Touch Guy Sniper
5.7

ကြေးစား စနိုက်ပါ သမားတစ်ယောက်ရဲ့ ဘဝကို ရိုက်ကူးထားတဲ့ကားလေးပေါ့… အသက်ကိုလောင်းကစားလုပ်ပြီး ရှာနေတဲ့အလုပ်ထဲမှာ စနိုက်ပါအဖွဲ့လည်း ပါတာပေါ့… ဒီဇာတ်လမ်းထဲမှာ ရှောင်လုံဆိုတဲ့ စနိုက်ပါအဖွဲ့ခေါင်းဆောင်ဟာ ဓားစာခံတွေကို ကယ်တင်တဲ့မစ်ရှင်ကို ၈ ယောက်အုပ်စုနဲ့ဆောင်ရွက်ခဲ့တာပေါ့.. အဖွဲ့တိုင်းမှာ စုန်းပြူးပါသလို သူတို့အဖွဲ့မှာလည်း အားထိုက်ဆိုတဲ့ စုန်းပြူးပါတာပေါ့.. အုပ်စုလိုက်လှုပ်ရှားမှုမှာ အကြောင်းမပြန်ချင် အမိန့်မနာခံချင်ပဲ… ငါသိပ်တော်တာပါလို့ သက်သေပြချင်နေတဲ့သူတစ်ယောက်ပေါ့… ဓားစာခံကို ဘိန်းကျွေးပြီး မေးနေတာကို သိလိုက်ရချိန်မှာ ဓားစာခံကိုကယ်လည်း သေမှာပဲဆိုပြီး ရှောင်လုံရဲ့ အမိန့်ကို မျက်ကွယ်ပြုပြီး လှုပ်ရှားလိုက်တဲ့ အားထိုက်ကြောင့် သူတို့အဖွဲ့သားတစ်ယောက် သေဆုံးခဲ့ရတယ်… ဒီအပြင် နောက်မစ်ရှင်တစ်ခုလာတော့ အစတည်းက အလုပ်အပ်သူ ဘယ်သူမှန်းမသိလို့ ထူးဆန်းရတဲ့ထဲ တစ်ဖက်ရန်သူအင်အားလည်း အတော်လေး အတွေ့အကြုံရှိသူတွေပီပီ ယှဉ်ရခက်နေတာပေါ့… အပေါ်မှာ ပြောခဲ့ဖူးတဲ့ စုန်းပြူးကပါထဖောက်တဲ့အခါမှာတော့… တဖွဲ့လုံးဘယ်လိုတွေဖြစ်ကြမလဲ..စွန့်စားခန်းကိုရော အောင်မြင်နိုင်ပါတော့မလား အမည်မဖော်လိုတဲ့ အလုပ်အပ်နှံသူကရော ဘယ်သူဖြစ်မလဲ.. ဇာတ်လမ်းလေးထဲမှာအဖြေရှာကြည့်ကြရအောင်

Science Fiction • Horror • Action
5.7 2024
Touch Guy Sniper
The Lost Cave of the Arctic Sea
5.8

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် တရုတ်သင်္ချိုင်းဖောက်တဲ့ ရုပ်ရှင်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့…… ပင်လယ်ကျွန်းတစ်ကျွန်းပေါ်မှာ နန်ယွဲ့ရှေးဟောင်းသမိုင်းဝင် နေရာဟောင်းကို ရှာတွေ့ခဲ့ပါတယ်။ ဒီနေရာက နန်ယွဲ့အမတ်ချုပ်ကြီး လွီကြားတဲ့ ရတနာတွေ ဖွက်ထားတဲ့ နေရာဖြစ်တယ်လို့ ပြောနေကြပါတယ်…… တိုက်ဖွန်မုန်တိုင်းကြီး ကျရောက်ခါနီးမှာ ထူးခြားတဲ့ နားကြားစွမ်းရည်ရှိတဲ့ ဝူဟိန်ကို နန်ယွဲ့သမိုင်းလေ့လာနေတဲ့ ကုလင်က အကူအညီတောင်းခဲ့တဲ့အတွက် ကျွန်းပေါ်ကို ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီမှာ လွီကျားတို့ခေတ်ထက် ပိုဝေးတဲ့ သမိုင်းဝင်ဂူကြီးတစ်ခုကို တွေ့သွားတဲ့အခါ စွန့်စားရေးခရီးစဉ်တစ်ခုကို စတင်ခဲ့ပါတော့တယ်…… တရုတ်သင်္ချိုင်းဖောက်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း ပုံရိပ်ယောင်တွေ တစ္ဆေတွေ မိစ္ဆာတွေ သင်္ချိုင်းထဲက ထူးဆန်းတဲ့အကောင်ကြီးတွေ မျိုးစုံကို မြင်တွေ့ရမှာဖြစ်တဲ့အတွက် အသည်းငယ်သူတွေတော့ သတိလေးနဲ့ ကြည့်ကြပါလို့……

Horror
5.8 2024
The Lost Cave of the Arctic Sea
Running on Empty
5.8

Running on Empty က ဒါရိုက်တာ/ဇာတ်ညွှန်းရေးဆရာ အသစ်ဖြစ်တဲ့ Daniel Andre ရဲ့ ပထမဆုံး debut film ဖြစ်ပြီးတော့ Lucy Hale, Dustin Milligan နဲ့ Francesca Eastwood တို့ပါဝင်သရုပ်ဆောင် ထားတဲ့ Comedy ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Life Day Count(LDC) လို့ခေါ်တဲ့ ကိုယ်သေဆုံးမဲ့ရက်ကို ကြိုတင်တွက်ချက်လို့ရတဲ့ သိပ္ပံနည်းပညာသစ်ထွန်းကားနေတဲ့ ကာလမှာ Mort တစ်ယောက် သူ့ရဲ့ရည်းစားနဲ့အတူနေဖို့ အိမ်ဝယ်ဖို့ လုပ်ရင်း သူ့ရဲ့ LDC ကိုတွက်လိုက်မိတဲ့အချိန် သူ့မှာ အသက်ရှင်ဖို့ တစ်နှစ်တောင်မကျန်တော့တာကို သိလိုက်ရပါတယ်။ သူ့ရဲ့သေဆုံးမဲ့ရက်ကိုသိလိုက်ရပြီးနောက် သူ့ရည်းစားကသူ့ကို ပစ်သွားခဲ့ပြီး လူတွေရဲ့ LDC ပေါ်အခြေခံပြီး matching လုပ်ပေးတဲ့ dating service ကနေတဆင့် Kate ဆိုတဲ့ကောင်မလေးကို တွေ့ဆုံခဲ့ရပြီးနောက်…. File size…2GB / 781MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aerin

Crime • Drama • Thriller
5.8 2024
Running on Empty
Feet of Death

ဂျေဆန်တို့နယ်မြို့လေးနားက တောထဲမှာ တိရစ္ဆာန်တိုက်ခိုက်ခံရလို့သေဆုံးမှုက ပြည်နယ်တစ်ခုလုံးထက် နှစ်ဆလောက်များနေခဲ့ပါတယ်။ အဲဒါကြောင့် ဆိုရှယ်အင်ဖလူရန်ဇာတစ်ယောက်က တောထဲကသေဆုံးမှုတွေကို စုံစမ်းဖို့ရောက်လာခဲ့တယ်။ အဲဒီအင်ဇလူရန်ဇာပါသေသွားတော့ ဇနီးဖြစ်သူသေထားတာမကြာသေးလို့ဘူနေတဲ့ သစ်တောဌာနက ဂျေဆန်တစ်​ယောက် ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး စုံစမ်းဖို့ရာဖြစ်လာပါရော။ ဒီသေဆုံးမှုတွေရဲ့ အဓိကလက်သည်က နှင်းလူကြီးဖြစ်မယ်လို့ တစ်ယောက်စကားတစ်ယောက်နား ပြောဆိုနေကြတဲ့ ကောလာဟလတစ်ခုရှိနေတာပါပဲ။ ဒီမှာပဲ ဂျေဆန်နဲ့ ရဲမှူးတို့ နှင်းလူအကြောင်းအတော်လေးသိပါတယ်ဆိုတဲ့ တောထဲက ဟင်နရီဆိုတဲ့လူဆီကို ရောက်သွားရာကစ မထင်မှတ်တာတွေ တွေ့လာရတဲ့နောက်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.7 GB)/(822 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Kyawt Hay Thar

Action • Science Fiction
0 2024
Feet of Death
Ye Zongxing
5.7

ဒီတစ်ခေါက်မှတော့ အတ္ထုပတ္တိကားလေးကို ရသဆန်ဆန်ရိုက်ကူးထားတဲ့ ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီကားမှာတော့ နှစ်ပေါင်း ၇၀၀ သမိုင်းသက်တမ်းရှိတဲ့ ရှန်ဟိုင်းမြို့ ဟာ တစ်ချိန်မှာတော့ ရေဘေးခဏခဏ ကြုံရပြီးတော့ ဘဝအသက်အိုးအိမ်ဆုံးရှုံးပြီး စီးပွားမလုပ်နိုင်ခဲ့ရာကနေ ယနေ့ တရုတ်ပြည်ရဲ့ စီးပွားမြို့တော်ဖြစ်အောင် ပြောင်းလဲခဲ့တာကတော့ ရေစီးကြောင်းကို ပြန်လည်စီမံရေးဗျူဟာ ရေးဆွဲ ဖန်တီးခဲ့တာကြောင့်ပါပဲ… ဒီကားလေးမှာတော့ သမိုင်းမေ့နေတဲ့ ယနေ့ခေတ်လူငယ်တစ်ယောက်… အဖေ့ဆီက မုန့်ဖိုးတောင်းမရလို့ စိတ်ပျက်ပျက်နဲ့ ပြန်ထွက်လာရင်း… ရေကန်ထဲပြုတ်ကျပြီး လွန်ခဲ့တဲ့ အနှစ် ၇၀၀ ကို ပြန်ရောက်သွားတဲ့အကြောင်းလေးကနေ စမှာပေါ့… တစ်ချိန်တစ်ခါက စဉ်းစားထားတဲ့ မြေပုံအပြင် ဘာမှမရှိတဲ့ ယဲ့ကျုံရှင်းတစ်ယောက်ရဲ့ ရေစီးကြောင်းကို ပြန်လည်စီမံရေးဗျူဟာ ဖန်တီးခဲ့တဲ့ လုပ်ငန်းစဉ်မှာ သူကိုယ်တိုင် ပါဝင်ကူညီခဲ့ရတဲ့အခြေအနေကို ရောက်သွားခဲ့တာပေါ့… သုတရော ရသပါ ခံစားနိုင်မယ့်ကားလေးမို့ ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်

5.7 2025
Ye Zongxing
Sad Movie
7.2

Sad Movie (2005) ******************** CM ကနေ ဒီတစ်ခါတင်ဆက်ပေးသွားမှာကတော့ 2005 ခုနှစ်က ထွက်ရှိခဲ့တဲ့ အချစ် အလွမ်း အဆွေးကားဟောင်း ကားကောင်းလေးပဲဖြစ်ပါတယ် သရုပ်ဆောင်တွေအနေနဲ့ကတော့ မြေခွေးမလေးကိုယ့်ချစ်သူကားထဲက Shin Min-A, Along With the gods ထဲက Cha Tae Hyun, Sky Castleထဲက Yum Jung-ah, Jung Woo-sung, Im Soo-jung, Son Tae-young, Lee Ki-woo, Yeo Jin-gooအစရှိတဲ့ သရုပ်ဆောင်ပေါင်းများစွာက ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ************************* ပန်းခြံမှာ Costume Character အနေနဲ့ အလုပ်လုပ်နေတဲ့ ဆွံ့အနားမကြားကောင်မလေး ဆူအွန်း ရုပ်မြင်သံကြားဌာနတစ်ခုမှာ နားမကြားသူတွေအတွက် သတင်းဘာသာပြန်သူအဖြစ် အလုပ်လုပ်နေတဲ့ ဆူအွန်းရဲ့အစ်မ ဆူဂျောင်း စူပါမားကတ်မှာ အချိန်ပိုင်းအလုပ်လုပ်နေတဲ့ ဆုဟျွန်း အလုပ်နဲ့လုံးပါးပါးရင်း သားဖြစ်သူကို အချိန်မပေးနိုင်တာကြောင့် သားလေးနဲ့အနေစိမ်းနေရှာတဲ့ အမေဖြစ်သူ ဂျူယွန်း ဒီ မိန်းကလေး ၄ ယောက်ရဲ့ မတူညီတဲ့ အချစ် အလွမ်း အဆွေး ဇာတ်လမ်း၄ခုကို ရသစုံလင်စွာနဲ့ စီးမြောရမယ့် ဇာတ်ကားကောင်းလေးဖြစ်တာမို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော် (ဇာတ်လမ်းအညွှန်းကိုတော့ PanNu Thwayက ရေးသားထားပါတယ်) File Size – 2.05 GB/ 700 MB Quality – WEB-DL 1080p/ 720p Duration – 1h 48m Format – mp4 Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hard Sub) Translated by – PanNu Thway Encoded by – Treasure Htet

Drama
7.2 2005 108 mins
Sad Movie