YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Six Flying Dragons .2015.EP30.WEB-DL720P(CM).mp4

446.47 MB N/A video/mp4 938 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
You Hurt My Feelings
7

You Hurt My Feelings (2023) ~ IMDb - 7/10, Rotten Tomatoes - 95% ~ တစ်ခါတလေမှာ ကိုယ်ချစ်ရတဲ့သူတွေအတွက် သုံးလိုက်တဲ့မုသားတွေက အဲဒီလူတွေကို နာကျင်စေတတ်ပါတယ်။ ဒီကားကတော့ ယုံကြည်မှု၊ မုသားတွေနဲ့ ချစ်ရတဲ့သူတွေကို ပြောတတ်တဲ့အကြောင်းအရာတွေအကြောင်းရိုက်ထားတာပါ။ ဘက်နဲ့ ဒန်တို့ လင်မယားမှာ အယ်လီရော့ဆိုတဲ့ သားတစ်ယောက်ရှိပြီး သူတို့ စုံတွဲက နှစ်တွေကြာတဲ့ထိ အချစ်မပြယ်ဘဲနေခဲ့ကြပါတယ်။ ဘက်က စာရေးဆရာမဖြစ်ပြီး ဒန်ကတော့ ကုထုံးဆရာ၀န်ပါ။ ဘက်မှာ ဆာရာဆိုတဲ့ ညီမတစ်ယောက်လည်းရှိပါတယ်။ သူက အိမ်တွင်းအလှဆင်တဲ့သူပါ။ ဘက်ရဲ့ အရင်စာအုပ်တစ်အုပ်က နာမည်ကြီးခဲ့ပြီး လက်ရှိနောက်တစ်အုပ်ထုတ်ဖို့လုပ်တဲ့အချိန်မှာ အေးဂျင့်က သဘောမကျပါဘူး။ ဒန်ကတော့ သဘောကျတယ်ပဲပြောပါတယ်။ ဘက်က ဒန်ပြောတာကို ယုံပါတယ်။ ဒန်ကလည်း သူ့အလုပ်မှာအဆင်မပြေတာတွေကြုံရပြီး ဆာရာတို့လင်မယားကလည်း ကိုယ်စီ အလုပ်မှာ စိတ်မောစရာတွေရှိနေကြပါတယ်။ ဆာရာရဲ့ခင်ပွန်းမက်က ပြဇာတ်သရုပ်ဆောင်ဖြစ်ပြီး အလုပ်ပြုတ်သွားပါတယ်။ ကံဆိုးတာက တစ်ရက်မှာ ဒန်နဲ့ မက်တို့ ‌ဈေး၀ယ်ရင်း ဘက်စာအုပ်ကို ဒန်ကမကြိုက်ကြောင်းပြောနေတာကို မထင်မှတ်ဘဲ ကြားလိုက်ရတဲ့အခါ... ဘက်ရဲ့ ဒန်အ‌ပေါ် နှစ်ရှည်လများ ယုံကြည်ခဲ့တာတွေ ပျောက်ဆုံးသွားသလိုခံစားလိုက်ရတဲ့အခါ... တကယ်တမ်း လူတိုင်းက ကိုယ်ချစ်ရတဲ့သူတွေ အဆင်ပြေအောင် စိတ်သက်သာအောင် လိမ်တာမဟုတ်တဲ့ အဖြူရောင်မုသားတွေသုံးတတ်ကြတာကို သတိထားမိသွားတဲ့အခါ... ဒါက ခွင့်လွှတ်ဖို့ ထိုက်တန်လားဆိုတာကိုတော့ နာမည်‌ကျော် A24 ကနေ လတ်လတ်ဆတ်ဆတ်ထုတ်ထားတဲ့ ကားသစ်လေးကြည့်ရင်းဆုံးဖြတ်ပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 735MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 33Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Drama
7 2023 93 mins
You Hurt My Feelings
Wandering
7

ဒီကားရဲ့ဒါရိုက်တာ ကိုရီးယားနွယ်ဖွား Lee Sang-il။ သူ့ကား Unforgiven ( 2013 ) နဲ့ Rage ( 2016) တို့က အာရှရုပ်ရှင် ဂျပန်ရုပ်ရှင်ပရိသတ်တွေ တစ်ခုတ်တရထည့်ထည့်ပြောရတဲ့ထဲပါတတ်တော့ သူ့စကေးကိုက လျှော့တွက်လို့တော့မရဘူး။ ဒီကားဆိုလည်း ဇာတ်အိမ်က ရှားရှားပါးပါးဇာတ်အိမ်မျိုးလို့တောင် ပြောလို့ရတယ်။ တစ်သီးတစ်သန့်ပဲနေတတ်တဲ့ အပေါင်းအသင်းသိပ်မရှိတဲ့ လူငယ်လေးနဲ့ အိမ်ကထွက်ပြေးချင်နေတဲ့ ကလေးမပေါက်စနလေးတွေ့ကြတာကနေ သဘောကောင်းတဲ့ လူငယ်လေးက ကလေးမလေးကို ခေါ်ထားရင်း ကလေးတွေကိုမှ လိင်စိတ်တိမ်းညွတ်နေတဲ့လူလို့ စွပ်စွဲခံလိုက်ရပြီး အပြစ်ရှိတယ်လို့ပါ သတ်မှတ်ခံလိုက်ရတဲ့ ဇာတ်။ ဒါပေမဲ့ အဲဒီလူငယ်လေးက ကလေးမလေးကို ဘာမှမလုပ်ခဲ့သလို ကလေးမလေးကလည်း သူ့ကြောင့်ဖြစ်သွားတဲ့ အသိကြီးနဲ့ ရှင်သန်လာခဲ့ရတယ်။ ဒီလိုနဲ့ ကလေးမလေး အရွယ်ရောက်လာတဲ့အခါ သူတို့ပြန်တွေ့ကြရာကနေ ဇာတ်ကို ဆက်အသက်သွင်းထားတယ်။ အများအမြင်တော့ ကလေးမုဒိန်းကောင်နဲ့ သူ့နစ်နာသူကလေးမလေး ချစ်မိကြတယ်လိုလို ဖြစ်လာတဲ့အခါ သူတို့တွေ လူတွေရဲ့တိုက်ခိုက်မှုတွေကို သူတို့နည်းသူတို့ဟန်နဲ့ရင်ဆိုင်ကြရာက ဒီဇာတ်ဖြစ်လာတယ်။ ဒီကားရဲ့ ဇာတ်လိုက်က ၂၀၁၄တုန်းကထွက်ထားတဲ့ ကိုရီးယားကား monster ထဲက Lee Min Kiရဲ့ဇာတ်ကောင်နဲ့ တော်တော်တူတယ်။ တခြားပွိုင့်ကနေ အဲဒီကားကို ပြန်ပြထားသလိုလိုတောင် ဖြစ်နေတယ်။ ဒါပေမဲ့ ဒီထဲက ဇာတ်လိုက်ကတော့ လီမင်ကီကာရိုက်နဲ့ ဆန့်ကျင်ဘက် အရမ်းသနားတတ်တဲ့ကာရိုက်တာမျိုးအဖြစ် အသက်သွင်းထားတယ်။ စီနီမာတို ဂရပ်ဖီတွေလည်း အတိုင်းအတာတစ်ခုအထိ လှတာမို့ ဂျပန်ရုပ်ရှင်ပရိသတ်တွေ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ မင်းသမီးကလည်း လက်ရှိဂျပန်ရဲ့ထိပ်တန်းဒါရိုက်တာတွေဖြစ်တဲ့ Hirokazu Koreeda ရဲ့Our Little Sister တို့ The Third Murderတို့ Shunji Iwaiရဲ့ Last Letter တို့လို ကားတွေမှာ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ဖူးတဲ့ Suzu Hiroseဆိုတော့ မကောင်းမှာတော့ စိတ်ပူစရာမလိုပါဘူး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre..... Drama, Mystery Quality…. 1080p | 720p | 480p File size… 1.4GB | 773MB | 402MB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... W Encoder ..... Aaron

Action • Drama
7 2022 150 mins
Wandering
Awake

၂၀၂၀ ခုနှစ်ကထွက်ရှိလာထားတဲ့ ဂျပန်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဂိမ်းတွေ၊ ပရိုဂရမ်တွေနဲ့ အဓိကဇာတ်ကောင်ကိုပဲဦးတည်ရိုက်ကူးထားတာကြောင့် ဇာတ်ကားရဲ့ Genre ကိုတော့ အတိအကျမသတ်မှတ်နိုင်ပေမယ့် စိတ်ဝင်စားစရာကောင်းတာကတော့ အသေအချာပါပဲ။ ဇာတ်လမ်းအကျဉ်းကိုပြောရရင် Shogi ကစားနည်းမှာတစ်ဖက်ကမ်းခတ်ကျွမ်းကျင်ဖို့ အိပ်မက်တစ်ခုရှိနေတဲ့ Eiichi ဆိုတဲ့လူငယ်တစ်ယောက်ဟာ ဂျပန် Shogi အသင်းအဖွဲ့ရဲ့ အတတ်သင် ကျောင်းမှာ သွားရောက်လေ့ကျင့်နေခဲ့ပါတယ်။ Shogi ဆိုတာကတော့ ဂျပန်ရိုးရာစစ်တုရင်ကစားနည်းတစ်မျိုးပါ။ သူအမြဲကြိုးစားသင်ယူနေပေမယ့်လည်း ကျောင်းရဲ့ဆရာတစ်ဆူဖြစ်နေတဲ့ Riku ဆိုတဲ့ကစားသမားကိုတော့ ဘယ်လိုမှမယှဥ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ Eiichi တစ်ယောက်စိတ်ကုန်လာပြီး သူ့ရဲ့ Shogi ကစားသမားဖြစ်ချင်တဲ့အိပ်မက်ကလည်း တဖြည်းဖြည်းဝေဝါးလာခဲ့ပါတော့တယ်။ အဲဒီနောက် သူဟာတက္ကသိုလ်တစ်ခုကိုဝင်လျှောက်ပြီး သာမန်ဘဝနဲ့နေဖို့ဆုံးဖြတ်လိုက်ပေမယ့် သူ့ဘဝတစ်လျှောက်လုံးနီးပါး Shogi အပေါ်မှာပဲစိတ်နှစ်ထားခဲ့တာကြောင့် ပေါင်းသင်းဆက်ဆံမှုလည်းအားနည်းတဲ့အတွက် မိတ်ဆွေအပေါင်းအသင်းတွေမရှိလာခဲ့ပါဘူး။ တစ်နေ့မှာတော့ Eiichi တစ်ယောက် မထင်မှတ်ပဲ AI ကို အခြေခံထားတဲ့ Shogi ကွန်ပျူတာပရိုဂရမ်တစ်ခုကိုတွေ့ရှိခဲ့ပြီး အဲဒီပရိုဂရမ်ဟာသူထင်ထားတာထက်ကို အဆင့်မြင့်နေခဲ့ပါတယ်။ အဲဒီကနေစပြီးတော့ Eiichi လည်းကွန်ပျူတာပရိုဂရမ်တွေ အထူးသဖြင့် Shogi နဲ့ပတ်သက်တဲ့ဂိမ်းတွေကို စိတ်ဝင်စားလာပါတော့တယ်။ အဲဒါကြောင့် AI လေ့လာရေးအဖွဲ့ကိုရောက်သွားပြီး စီနီယာကျောင်းသား Isono နဲ့ဆုံခဲ့ပါတယ်။ Isono ဆီကနေ AI ပရိုဂရမ်တွေအ ကြောင်းသင်ကြားရင်း သူ့ဘဝရဲ့အိပ်မက်ကလည်း တစ်မျိုးတစ်ဖုံပြောင်းလဲသွားခဲ့ပါတော့တယ်။ ဒီတစ်ခါမှာရော သူ့ရဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ပါ့မလား။ အဲဒီအိပ်မက်ကရောဘာဖြစ်မှာလဲ။ သူလက်လျှော့ခဲ့တဲ့ Shogi ထိပ်တန်းကစားသမားဖြစ်ဖို့ဆိုတဲ့ အိပ်မက်ကိုရော သူဆက်မက်နိုင်မှာလား။ Shogi ရဲ့စည်းမျဥ်းတွေနဲ့ အခေါ်အဝေါ်တွေဟာ စစ်တုရင်နဲ့အနည်းငယ်ကွဲပြားတဲ့အတွက် တချို့နေရာတွေမှာ နားလည်ရခက်နိုင်ပေမယ့် ဇာတ်လမ်းဇာတ်အိမ်နဲ့ အကြောင်းအရာကရှင်းလင်းပြီးသားဖြစ်တာကြောင့် ဒီကစားနည်းတွေအကြောင်းနားမလည်ရင်တောင် ရုပ်ရှင်ပရိသတ်တွေအတွက် ကြည့်ရကျိုးနပ်စေမယ့် ဇာတ်ကားကောင်းတစ်ကားလို့ပဲညွှန်းလိုက်ပါရစေ။ File size…1.2GB / 600MB Quality…1080p NF WEB DL AAC 5.1CH / 720p Format…mp4 Duration….1h 59m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko

Crime • Documentary
null 2020 119 mins
Awake
The Devil Wears Prada
7.4

The Devil Wears Pradaဆိုတဲ့ ဇာတ်လမ်းနာမည်လေးအတိုင်းပါပဲ။ Prada‌ဒေါက်ဖိနပ်စီးပြီး ဖက်ရှင်မဂ္ဂဇင်းလောကရဲ့ ဒိတ်ဒိတ်ကြဲအမျိုးသမီးတစ်ဦးနဲ့ ကြုံဆုံခဲ့ရပုံကို ရိုက်ကူးထားတဲ့ကားလေးပါပဲ။ ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ကြည့်ကောင်းပြီး ဆုတွေအများကြီးရခဲ့တဲ့ကားပါ။ ဇာတ်လမ်းထဲက မဂ္ဂဇင်းအယ်ဒီတာချုပ် မီရန်ဒါ ပရိစ်စလီဟာဆိုရင် အလုပ်ကို အရမ်းကြိုးစားသူ၊ လက်အောက်ငယ်သားတွေက စက်စက်ယိုအောင်ကြောက်ရသူပေါ့၊ တစ်ခါတလေကျ သူ့လက်ထောက်ကို ဖြစ်နိုင်မဖြစ်နိုင်မသိ ခိုင်းချင်ရာခိုင်းပြီး ကြပ်တတ်ပါသေးတယ်။ ဘယ်လိုလဲဆိုရင်တော့ ဟယ်ရီပေါ်တာစာအုပ်ရဲ့ မထွက်သေးတဲ့ စာမူကိုရအောင်ယူခိုင်းတာမျိုးပါ။ ဒီဇာတ်ကောင်နဲ့ သူ့ရဲ့ ဟာသတချို့ဟာ အင်္ဂလန်ဘုရင်မ Queen Elizabeth IIကို ဇာတ်လမ်းထဲပုံဖော်ထားပါ။ လက်ထောက်ဖြစ်သူက ကော်ဖီလာမပို့သေးလို့ "ကော်ဖီမရောက်သေးပါလား၊ သူသေသွားပြီလား"မေးလို့မေး ဟာရီကိန်းမုန်တိုင်းတိုက်နေတာကို "မိုးဖွဲလေးကျနေတာပါ"လို့ ပြောလို့ပြော တစ်ခုခုခိုင်းပြီးရင် "ဒါပဲ"ဆိုပြီး ပြောလွှတ်တတ်တဲ့ မူဟန်လေးတွေထည့်သွင်းရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ သတင်းထောက်ဖြစ်ချင်သူ အန်ဒီဟာ အလုပ်ရှာနေရင်းနဲ့မှာ နာမည်ကြီးဖက်ရှင်အယ်ဒီတာချုပ်ရဲ့လက်ထောက်အဖြစ်အလုပ်ရသွားပါတယ်။ သူလုပ်ချင်တာတော့ စာရေးချင်တာပါ။ ဒါပေမဲ့ ဒီအလုပ်မှာတော့ ကော်ဖီယူပေး ဖုန်းကိုင်ပေးနဲ့ စာမရေးရတဲ့အပြင် အယ်ဒီတာ့စိတ်ကြိုက်အတိုင်းနေပေးရပါတယ်။ ဖက်ရှင်အယ်ဒီတာ့စိတ်ကြိုက်ဆိုတော့လည်း အဝတ်အစားအပိုင်း အပြင်အဆင်ကအစ ခန္ဓာကိုယ်အချိုးအစားပါ ဖက်ရှင်ကျအောင်နေပေးရရင်းက ကိုယ်ပိုင်ဘဝလေးကိုပါထိခိုက်လာရော။ အလုပ်ကိုအရမ်းကြိုးစားရင် ကိုယ့်ဘဝမှာအချိန်ပေးရမှာတွေကို ပေးသင့်သူတွေကို လျစ်လျူရှုမိတာ ဓမ္မတာပဲလေ၊။ ဒီတော့ အန်ဒီတစ်ယောက် အယ်ဒီတာက ခဏခဏကြပ်တဲ့အလုပ်မှာပဲ ဆက်လုပ်မလား ဘာတွေရွေးချယ်ရင်း ဘယ်လိုခရီးဆက်မယ်ဆိုတာကို ဇာတ်လမ်းလေးထဲမှာ ပျော်ပျော်လေးကြည့်ရှုနိုင်ပါပြီ။ (နာမည်ကြီး Fashion brandတွေ၊ Designer နာမည်တွေ၊ Studioနာမည်တွေအများကြီးပါတာမို့ မြန်မာလိုနာမည်ပြန်မရေးဘဲထားခဲ့တာ မျက်စိရှုပ်မသွားပါနဲ့ဦးဗျ)

Action • Adventure • Science Fiction
7.4 2006 109 mins
The Devil Wears Prada
[18+] A Good Lawyer’s Wife
6.2

A Good Lawyer’s Wife (2003) ~ IMDb rating – 6.2/10 ~ (ဒီလိုကားတွေထုံးစံအတိုင်း လုံးဝအကြည်မလွယ်လို့ 720p ကိုပဲ အတတ်နိုင်ဆုံး ဖန်တီးပေးလိုက်ပါတယ်) ဒီကားကို 2010 မှာ The Housemaid နဲ့တစ်‌ခေါက်၊ 2012 မှာ The Taste of Money နဲ့တစ်ခေါက် ကိန်းမှာ ပြိုင်ဖို့ အဖိတ်ခံခဲ့ရတဲ့ Im Sang-soo က ရိုက်ထားတာပါ။ ကိုရီးယားရဲ့ ပါချီပါချက်မဟုတ်တဲ့ A+ မင်းသားစာရင်း၀င် Hwang Jung Min က အဓိက ပါ၀င် သရုပ်ဆောင်ထားပါတယ်။ Hwang ဟာ Ode to My Father, Veteran, New World, Deliver us from Evil စတဲ့ ကားတွေမှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။ မင်းသမီးကတော့ တောင်ကိုရီးယားရဲ့ အတော်ဆုံးဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ လီချန်းဒုံရဲ့ လက်စွဲတော် မင်းသမီး Moon So Ri ပါ။ ကိုရီးယားမင်းသမီးပေမဲ့ Minari နဲ့ အော်စကာပါရဖူးတဲ့ မင်းသမီးကြီး Youn Yuh-jung ကလည်း အားဖြည့်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ ရှေ့နေနဲ့ သူ့မိန်းမကြားက အိမ်ထောင်ရေး အရှုပ်အရှင်းတွေ၊ ရှေ့နေမိသားစုရဲ့အကြောင်းတွေ၊ သူတို့မွေးစားထားတဲ့ ကလေးရဲ့ အကြောင်းတွေကို ပြသထားတာဖြစ်ပြီး ရှေ့နေကားနဲ့ တိုက်မိတဲ့ စာပို့သမားရဲ့အကြောင်းကိုပါ အရန်အနေနဲ့ ပုံဖော်ထည့်ထားပြီး သူ့အခန်းကတော့ တော်တော်လေး အသက်၀င်လွန်းပါတယ်။ သူ့ဇာတ်ကောင်ဟာ ဘာမှဆုံးရှုံးစရာမကျန်တော့တဲ့ သူတစ်ယောက်က ဘယ်လောက်ထိ လုပ်နိုင်လဲနဲ့ လူတစ်ယောက်ရဲ့ အငုံ့စိတ်က ဘယ်လိုမျိုးလဲ သေချာပုံဖော်သွားတဲ့ ဇာတ်ကောင်ပါပဲ။ Hwang Jung Min ဟာ A+ စာရင်း၀င် မင်းသားပီပီသသ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့သလို မင်းသမီးကြီး၂ယောက်ကလည်း ပြောင်မြောက်အောင် ပုံဖော်နိုင်ခဲ့ကြပါတယ်။ ဒီလိုသရုပ်ဆောင်တွေနဲ့တင် ကြည့်သင့်တဲ့ ကားကောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 6 9 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB Quality – 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 28Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by 6 9 Encoded by RGB

Drama • Family • History
6.2 2003 106 mins
[18+] A Good Lawyer’s Wife
D@bbe: The Possession
6.8

ခရစ်ယာန်သရဲကို ဗမာဘုန်းကြီး နိုင်ပါ့မလားဆိုပြီး ဟီးဟီးဟားဟားနဲ့ ဟာသ ပြောဖူးကြတယ်မို့လား။ ဒီကားထဲက သရဲက အဲ့လို သရဲ။ဘယ်ဘုရားပြေးကပ်ရမှန်း မသိအောင်ကို ကြမ်းတာ။သူတို့ အခေါ်အရတော့ ဂျင်(မကောင်းဆိုးဝါး)ပေါ့။ အဲ့တာကလည်း အကြောင်းရှိတယ်။ ဒီဇာတ်ကား ဇာတ်အိမ်တည်ရာ တူရကီက ဟိုးနှစ်ပေါင်းထောင်ချီ ကတည်းက Abrahamic Religions လို့ခေါ်တဲ့ ဂျူး၊ခရစ်ယာန် နဲ့ အစ္စလာမ်ဘာသာတွေ ထွန်းကားခဲ့တဲ့ နေရာ။ဆိုတော့ သရဲကလည်း ကြမ်းပြီပေါ့။ဘာသာ(၃)ခုလုံးက ဘုရားတွေကို ဆင်းကယ်ကြပါဆို သလိုမျိုးပဲ။အလာရှင်မြတ်ကို တိုင်တည်ပါ၏ ဖြစ်လိုက် ၊သခင်ယေရှု၏ နာမတော်တွင် ဖြစ်လိုက်ရယ်။ဆိုတော့ ဇာတ်ကားအကြောင်း ဆက်ကြရအောင်။ ဒီကားကတော့ Dabbe series တွေထဲမှာ (၄)ကား မြောက်ပေါ့။ ပြီးတော့ အကြမ်းဆုံး ကြောက်စရာအကောင်းဆုံး ကားလို့လည်း ညွှန်းကြတယ်။ ဇာတ်လမ်းအစမှာ ဖရော့အာကတ်လို့ခေါ်တဲ့ ဟောဂျာ(ပရောဂဆရာ) တစ်ယောက်က အက်ဘရူလို့ ခေါ်တဲ့ စိတ်ရောဂါကုဆရာဝန်မ တစ်ယောက်ကို ဖိတ်ပြီး ဂျင်အပူးခံထားရတဲ့ လူနာတစ်ယောက်ကို ပရောဂ နှင်ပြတယ်။စဉ်းစားကြည့်ဗျာ။ပရောဂဆရာက လူနာကို မှော်တို့ ဓာတ်တို့ နတ်တို့နဲ့ ကုတယ်။ဆရာဝန်မက ဆေးတို့ ဘာတို့နဲ့ သိပ္ပံနည်းကျ ကုတယ်။ပရောဂဆရာအမြင်မှာ သရဲပူးတယ်ဆိုပေမယ့် ဆရာဝန်မအမြင် မှာတော့ စိတ်ကစဉ့်ကလျားဖြစ်တယ်။လူတစ်ကိုယ် စိတ်အမျိုးမျိုးဖြစ် တယ်ပေါ့။အဲ့မှာ ပရောဂဆရာ သူ့ကို ဖိတ်ပြီး ကုပြတဲ့ လူနာက ပျောက်သွားရော။ဆရာဝန်မကတော့ လုပ်ဇာတ်ကြီး မယုံဘူးပေါ့။ပြီးတော့ ရှင်ဟာ လူလိမ်မဟုတ်ဘူးဆိုရင် သူခေါ်လာပေးမယ့် လူနာကို ကုပြပါဆိုပြီး စိမ်ခေါ်တယ်။ အဲ့လူနာက သူနဲ့ တူမလိုရင်းနှီးတဲ့ ကလေးမလေး။မင်္ဂလာဆောင်တဲ့နေ့မှာ အကောင်းကြီးကနေ ထဖောက်ပြီး လူရာချီရှေ့မှာ သတို့သားကို ဓားနဲ့ ထိုးသတ်ပလိုက်တာ။ အဲ့နောက်တော့ အရူးထောင်ရောက်သွားရော။အဲ့မှာလည်း ဘယ်ဆရာဝန်မှ ကုလို့မရတဲ့သူ။ ဒါနဲ့ ပယောဂဆရာကလည်း စိမ်လိုက်ပေါ့။နှစ်ယောက်သား ကင်မရာတွေ မှတ်တမ်းတင်ပစ္စည်းတွေနဲ့ အဲ့ကောင်မလေးဆီ ချီတက်ကြရရော။ အဲ့ဒီမှာပဲ ငါးပါးရော သံဃာစင်ရော မှောက်တာပဲ။ ဘာဖြစ်မလဲ သိချင်တော့ ကိုယ့်ဟာကိုယ် ဆက်ကြည့်ကြပါ :3 IMDB လည်း 6.8 ရထားပြီး ဘာသာပြန်တဲ့ ကျွန်တော်လည်း ညဘက်မပြန်ရဲလို့ နေ့ခင်းဘက် ပြန်ထားတဲ့ ကားဆိုတော့ သရဲကားကြိုက်တဲ့သူတွေ သေချာပေါက် အကြိုက်တွေ့ပါလိမ့်မယ်။ ( ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ် ) File size…1.26GB / 472MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 14m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damein

Drama
6.8 2013
D@bbe: The Possession
Pain Hustlers
6.5

Pain Hustlers (2023) “ဆရာဝန်ဆိုတာလည်း လူတိုင်းလိုပဲ လောဘကြီးပြီး တဏှာရူးတာပါပဲ” တဲ့။ ဒီသဘောတရားကိုလက်ကိုင်ထားပြီး မီလီယံဖြစ်သွားခဲ့တဲ့ ဆေးကုမ္ပဏီတွေအကြောင်း ပြသထားတာပါ။ ဆေးကုမ္ပဏီတွေရဲ့အမြတ်ဟာ ဆေးတွေရောင်းရရင် အရမ်းကိုကြီးပါတယ်၊ ဝန်ထမ်းတွေအတွက်ကော်မရှင်ကလည်း အရမ်းကိုများပါတယ်။ ဒီတော့ ဆရာဝန်တွေ သူတို့ဆေးတွေကို ညွှန်းပေးဖို့ စည်းရုံးရပါတယ်။ အပြိုင်တွေများလွန်းတဲ့အခါ ရိုးရိုးစည်းရုံးရမဲ့အစား မက်လုံးပေးတာတွေ လာဘ်ထိုးတာတွေ မြူဆွယ်တာတွေ ပါလာပါတော့တယ်။တကယ်တော့ ဆရာဝန်တွေကို ဆေးညွှန်းပေးဖို့ လာဘ်ထိုးခွင့်မရှိပါဘူး။ လာဘ်ထိုးရင် အရေးယူခံရပါတယ်။ ဒါဆို လာဘ်မထိုးဘဲ ဆေးဝါးမိတ်ဆက်ပွဲတွေမှာ ရှင်းလင်းပြောကြားပေးဖို့ ဖိတ်ပြီး ဉာဏ်ပူဇော်ခပေးလိုက်ရင်ရော။ ဒီလိုပွဲတွေကို ရိုးရိုးမလုပ်ဘဲ ကမ်းခြေတွေ ဟိုတယ်တွေမှာ အစားကောင်းအသောက်ကောင်းတွေ၊ ဆော် ဘဲ အလန်းလေးတွေနဲ့ လုပ်ပေးလိုက်ရင်တော့ လာဘ်ထိုးတာမဟုတ်တော့ဘူးပေါ့။ ဒီနည်းနဲ့ မီလီယံနာဖြစ်လာတဲ့ ဆေးကုမ္ပဏီတစ်ခုရဲ့လက်ချက်ကြောင့် သူတို့ထုတ်တဲ့ ဘိန်းပါတဲ့ဆေးတွေစွဲပြီး ဆေးလွန်ပြီး လူသေမှုတွေအထိ ဖြစ်လာတဲ့အကြောင်းကို ပြသထားတာပါ။ ဒါဟာ အမေရိကန်ရဲ့ ဖြစ်ရပ်မှန် ဆေးဝါးလောက အရှုပ်တော်ပုံအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်အသစ်ဖြစ်ပါတယ်။ ခရစ်အီဗန် နဲ့ အမ်မလီဘလန့်တို့ ခေါင်းဆောင်ပါဝင်ထားပါတယ်။ ဘယ်ဖြစ်ရပ်မှန်လဲဆိုတော့ အမေရိကန်ရဲ့ ဘိန်းစွဲကပ်ဘေးလို့ခေါ်တဲ့ Opioid Crisis ကာလ (၁၉၉၉-၂၀၁၆) အတွင်းကို အခြေခံထားတာပါ။ လူပေါင်း ၄၅၀၀၀၀ လောက် ဘိန်းပါတဲ့ဆေးဝါးတွေကြောင့် သေဆုံးခဲ့ရတဲ့ကာလလည်းဖြစ်ပါတယ်။ အဲဒီကာလမှာ လမ်းပေါ်က မူးယစ်ဆေးတွေအပြင် ဘိန်းပါတဲ့ဆေးတွေကို မဆင်မခြင်ညွှန်းခဲ့တဲ့ ဆရာဝန်တွေကြောင့်လည်းဖြစ်ခဲ့တာပါ။ အဲဒီအမှုအခင်းနောက်ပိုင်းမှာ ဆေးဝါးမသမာမှုတွေ အနည်းငယ်လျော့နည်းသွားပေမဲ့ သဘောတရားကတော့ ဒီနေ့ခေတ်အထိ တစ်ကမ္ဘာလုံးမှာ ပြန့်နှံနေတုန်းပါပဲ။ အခုချိန်ထိ ကမ္ဘာအနှံ့က ဆရာဝန်တွေဟာ ဆေးပေးဖို့ ရွေးချယ်တဲ့အခါ ဆေးဘရန်းပေါင်းများစွာထဲက သူတို့လက်စွဲဘရန်းတွေကိုပဲ သီးသီးသန့်သန့်ညွှန်းနေကြတတ်တုန်းပါပဲ။ အချို့ဆရာဝန်တွေဟာ ကျင့်ဝတ်အတိုင်း သင့်တော်တဲ့ ဆေးကိုရွေးပေမဲ့ အချို့ကတော့ အခွင့်အရေးပေးတာများတဲ့ ဈေးပိုကြီးတဲ့ဆေးတွေကိုပဲ လက်စွဲထားပြီး ညွှန်းနေကြတုန်းပါပဲ။ ဆရာဝန်တစ်ယောက်ဟာ Vitamin-C လို အားဆေးလေးကိုတောင် ဘရန်းတစ်ခုတည်းပဲ စွဲစွဲမြဲမြဲညွှန်းပေးရင် အားဆေးကုမ္ပဏီက နောက်ဆုံးပေါ် အိုင်ဖုန်းတွေ ထွက်တိုင်းလက်ဆောင်ပေးတဲ့အထိ စွမ်းပါတယ်။ အခြားဆေးတွေဆိုရင် တွေးကြည့်လို့ရမှာပါ။ ဆေးကုမ္ပဏီဝန်ထမ်းကို ငယ်ငယ်ချောချောလေးတွေ ရွေးခန့်တာကလည်း… (အရည်အချင်းနဲ့ သွက်သက်လက်လက်ရှိလို့ရွေးရင်းတိုက်ဆိုင်သွားတာ ပြောတာပါ)။ ဆိုတော့က ဒီရုပ်ရှင်ကိုတော့ Crime, Drama, Dark Comedy ကောင်းတစ်ခုပါလို့ပဲ ညွှန်းချင်ပါတယ်။ ကြည့်ရင်း တရားပေါက်လာဖို့ တင်ပေးလိုက်ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 875MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 2H 2Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

6.5 2023
Pain Hustlers
Employee of the Month

***ဒီကားကြည့်ပြီး လစာတိုးမပေးတဲ့ သူဌေးကို အပြတ်ရှင်းပြီး အလောင်းဘယ်လိုဖျောက်ရမလဲဆိုတဲ့ အကြံတွေဘာတွေ ရသွားမယ်ဆိုရင်တော့ CM က တာဝန်မယူပါဘူးနော်။*** ဒီတစ်ခေါက်မှာတော့ IMDB 5.8/10, Rt 77% ရရှိထားတဲ့ Emplyoee of the month ဆိုတဲ့ Crime/Comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သန့်ရှင်းရေးသုံးပစ္စည်းတွေ ရောင်းတဲ့ ကုမ္ပဏီဝန်ထမ်းဖြစ်သူ အင်းနစ်က ဘက်စုံတော်ပြီး အနေအေးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဥပဒေရေးရာကျွမ်းကျင်သူတစ်ယောက်ဖြစ်ပေမဲ့ ရုံးမှာတော့ နေရာတကာ သူပဲလုပ်နေရရှာပြီး အစုံသုပ်ဖြစ်လို့နေရှာတာပါ။ အလုပ်ဝင်လာတာ ၁၇ နှစ်တောင် ရှိပြီဖြစ်ပေမဲ့ တခြားအမျိုးသားဝန်ထမ်းတွေသာ တစ်နှစ်ပြီး တစ်နှစ်လစာတိုးသွားတယ်၊ သူမမှာတော့ နဂိုအတိုင်း လစာမတိုးလို့ အလုပ်ရှင်ပတ်ထရစ်ကို သူ့ကိုလစာတိုးပေးဖို့ ဝင်ပြောရာကနေ မထင်မှတ်ထားတဲ့ ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့ပါတော့တယ်။ အဲဒါကတော့ အင်းနစ်နဲ့ အလုပ်သင်အသစ်ကလေး မယ်လိုဒီရဲ့လက်ချက်နဲ့ သူတို့ရဲ့အလုပ်ရှင်ပတ်ထရစ် သေဆုံးသွားတာပါပဲ။ တမင်လုပ်တာမဟုတ်ပေမဲ့ သေတဲ့လူက သေသွားပြီမို့ အလောင်းဖျောက်ဖို့ ကြိုးစားကြရတာပေါ့လေ။ သန့်ရှင်းရေးသုံးပစ္စည်းတွေကို ဘယ်နေရာမှာ ဘယ်လိုသုံးရမလဲဆိုတာ ကျွမ်းကျင်လှသူ အင်းနစ်ရဲ့ အရည်အချင်းတွေကို ထုတ်ပြခွင့်ရပြီး အလောင်းဖျောက်ဖို့ ကြိုးစားကြရာမှာ ရုံးခန်းထဲမှာ လူတွေဝင်လိုက်ထွက်လိုက် ဖြစ်နေတာမို့ ထင်သလိုမဖြစ်ဘဲ အခက်အခဲတွေ တသီကြီးနဲ့ ရင်ဆိုင်ကြရပါတော့တယ်။ သူဌေးအလောင်းကို ရွှေ့ဖို့လုပ်နေရင်း ရုံးက နီကိုက သိသွားလို့ နီကို့ကိုပါ ဖမ်းထားပြီး ဘယ်လိုလုပ်ရမလဲ ကြံရာမရဖြစ်နေကြတုန်း နီကိုကပါ အနိစ္စသဘောနဲ့ ကိစ္စချောသွားပြန်တာမို့ တစ်လောင်းကနေ နှစ်လောင်းအဖတ်တင်သွားပါတော့တယ်။ ဒီလိုနဲ့ အင်နစ်နဲ့ မယ်လိုဒီတို့ အခက်အခဲတွေကြားက အောင်အောင်မြင်မြင် အလောင်းတွေဖျောက်နိုင်မလား.. ဘယ်လိုအန္တရာယ် အတားအဆီးတွေကိုရင်ဆိုင်ကြရမလဲ.. အလောင်းတွေကို မဖျောက်နိုင်ဘဲ အဖမ်းပဲခံလိုက်ရမလား.. အင်နစ်တစ်ယောက် ၁၇ နှစ်စာ သန့်ရှင်းသုံးပစ္စည်းတွေကို ကိုင်တွယ်ခဲ့တဲ့အရည်အချင်းတွေကိုပဲ ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်ပြီး လွတ်မြောက်သွားမလားဆိုတာကိုတော့.. ဇာတ်လမ်းထဲမှာပဲ အခွီတစ်လိုင်း ဆက်လက်ကြည့်ရှုလိုက်ကြပါဦး… (ဒီကားရဲ့ ဇာတ်ညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.3 GB)/(719 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2021
Employee of the Month
I Need You Baby
5

I Need You Baby [2022] ( IMDb 5/10 ) ဘီနိုနဲ့ ကတ်သီတို့ လက်ထပ်ပေါင်းသင်းခဲ့ကြတာဟာ ၅နှစ်တာသက်တမ်းထဲ ဝင်ရောက်လာခဲ့ပါပြီ… သူတို့ချင်းနားလည်မှုတွေနဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားကြပေမယ့် ကတ်သရဲ့မိဘတွေကတော့ တောင်းဆိုမှုတစ်ခုကို သူတို့လင်မယား ညားကတည်းက ပြင်းပြင်းထန်ထန် တောင်းဆိုလာခဲ့ကြတာပါ… အဲ့ဒါကတော့ သူတို့ မြေးချီရရေးပဲဖြစ်ပါတယ်… ၅နှစ်အတွင်း ဗိုက်ကြီးသံလုံးဝမကြားမိသေးတာကြောင့် ကတ်သီ့မိဘတွေက ဩစတြေးလျကနေ အင်ဒိုနီးရှားထိ ပြန်လာပြီး ကတ်သီကလေးမမွေးမချင်း တစ်အိမ်ထဲအတူ နေကြမယ်လို့ ရာဇသံပေးလာပါတော့တယ်… ဒီလိုနဲ့ မိဘစကားကို မကျော်လွှားနိုင်တဲ့ ကတ်သီဟာ နှစ်ပေါင်းများစွာ ကြာရှည်လာပြီဖြစ်တဲ့ ပြဿနာကို ဖြေရှင်းမှကို ရတော့မယ့်အရေး စိုက်လာပါတော့တယ်… ကတ်သီတို့ လင်မယား ဟန်ဆောင်ဗိုက်ကြီးဖို့ ဆုံးဖြတ်လိုက်ကြပြီး ကလေးတစ်ယောက်မွေးစားဖို့လည်း စီစဉ်ထားပါတယ်… အရာရာဟာ စီစဉ်ထားတဲ့အတိုင်းဖြစ်မလာပေမယ့် ရပ်ကွက်ထဲမှာ သူတို့လင်မယားနဲ့ ရုပ်ချင်းဆင်တဲ့ လသားအရွယ်ကလေးတစ်ယောက်ကို အမှတ်မထင် တွေ့လိုက်ကြရာကနေ ဒီကလေးကို မဖို့ ကတ်သီတို့ လင်မယားတိုင်ပင်ကြပါတော့တယ်… တရားဥပဒေနဲ့ မလျော်ညီသော်ငြား ကတ်သီတို့ဟာ ကလေးထိန်းဂျူဝီကို အကြပ်ကိုင်ပြီး ကလေးကို ငှားရမ်းပါတော့တယ်… ဒီအဖြစ်ကို ကလေးမိဘတွေ သိသွားမှာလား… ကတ်သီ့မိဘတွေကရော ကတ်သီတို့ဖုံးကွယ်ထားတာကို မသိရှိဘဲ ပိပိရိရိဖြစ်သွားမလား ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size… 1.4GB | 562MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

5 2022
I Need You Baby
The Queenstown Kings
6.6

The Queenstown Kings (2023) ====================== IMDb Rating – 6.6/10 မိဘတစ်ယောက်ဖြစ်လာရင် ကိုယ်ရဲ့သားသမီးကို ကိုယ်ဖြစ်စေချင်တဲ့ လမ်းကို လျှောက်ခိုင်းမလား သူရဲ့ရည်မှန်းထားတဲ့ပန်းတိုင်အတိုင်း လျှောက် ခွင့်ပေးမလားဆိုတာ ဒီကားကို ကြည့်လိုက်ရင် စဉ်းစားစရာအတွေးတစ်ခု ဝင်လာမှာပါ။ ဇာတ်လမ်းက အာဖရိကနယ်မြို့လေးရဲ့ကွင်းစတောင်းကင်း ဘောလုံးအသင်းနဲ့ ဆက်စပ်ပြီး ပုံဖော်ထားတာပါ။ အာဖရိကရဲ့နာမည်ကျော်ဘောလုံးသမား တယ်ရာက ငယ်ရွယ်စဉ်မှာ ဇနီးနဲ့သားကိုထားခဲ့ပြီး အောင်မြင်မှုလမ်းကြောင်းကို ရွေးချယ်ခဲ့တယ်။ ငယ်ရွယ်စဉ်က ငွေကိုတပ်မက်ပြီး အဖေဖြစ်သူအမ်ကူလူရဲ့ စကားကိုနားမထောင်ဘဲ ထွက်လာခဲ့တယ်။ တယ်ရာရဲ့သားကို အဘိုးအဘွားနဲ့ဦး လေးတို့က ပျိုးထောင်ပေးခဲ့လို့ အဖေဖြစ်သူ ငယ်ငယ်ကလို ခြေစွာတဲ့ကစားသ မားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ တယ်ရာက မွေးရပ်မြေမှာနာမည်ကြီးပေမဲ့ သူရဲ့မိသားစုက သူ့ကိုသဘောမကျကြဘူး သားဖြစ်သူရဲ့ အမုန်းဆုံးလူလည်းဖြစ် နေတယ်။ နောက်ပိုင်းမှာ တယ်ရာရဲ့အဖေအမ်ကူလူက ကွင်းထဲမှာ နှလုံးဖောက်ပြီး ဆုံးပါးသွားရာက တယ်ရာတစ်ယောက် မွေးရပ်မြေကိုပြန်လာဖို့ အကြောင်းဖန်လာ တဲ့အခါ… (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size……….(2.47 GB) / (1.09 GB) Quality…………WEB-DL 1080p / 720p Duration………2Hr 17Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Sport Translator…….ZWT Encoder……….SWM

Horror
6.6 2023
The Queenstown Kings
The Polar Express
6.6

ဒီဇာတ်ကားလေးကို Forrest Gump နဲ့ Cast Away ကို ပဲ့ကိုင်ခဲ့သူ ဒါရိုက်တာ Robert Zemeckis က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ IMDB Rating 6.6 ရှိပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ကောင်လေး၊ တခြားဇာတ်ကောင်တွေဖြစ်တဲ့ ကောင်လေးရဲ့အဖေ၊ မီးရထားဂတ်ဗိုလ်၊ ဟိုဘို၊ ရုပ်သေးရုပ်နဲ့ ဆန်တာ နေရာတွေကို မင်းသားကြီး Tom Hanks ကလည်း အသံကော CGI ဇာတ်ကောင်အနေနဲ့ပါ သရုပ်ဆောင်ပေးခဲ့ပါတယ်။ ဇာတ်လမ်းလေးက ခရစ်စမတ်အကြိုညတစ်ညမှာ မှော်ဆန်ဆန်ရထားကြီးနဲ့ မြောက်ဝင်ရိုးစွန်းဒေသမှာရှိတဲ့ ဆန်တာကလော့စ်ရဲ့ နေရပ်ကိုရောက်သွားတဲ့ ကောင်လေးတစ်ယောက် အကြောင်းပါ။ ပျော်စရာတွေဟာ ယုံကြည်မှုရှိသူတစ်ယောက်အတွက် အမြဲရှိနေမယ်ဆိုတာ သိလိုက်ရတဲ့ ကောင်လေးတစ်ယောက်ရဲ့ စွန့်စားခန်းဆိုပါတော့။ မြောက်ဝင်ရိုးစွန်းကိုသွားတဲ့ ဒီခရီး တစ်လျှောက်မှာ ကောင်လေးက သူငယ်ချင်းတွေလည်းရခဲ့သလို ယုံကြည်မှုဆိုတဲ့စကားလုံးကို ကောင်းကောင်းကြီး သဘောပေါက်သွားခဲ့ပါတယ်။ ကိုယ့်လူတို့လည်း ခရစ်စမတ်မရောက်ခင် ဇာတ်လိုက်လေးနဲ့အတူ Polar Express ကြီးစီးပြီး စွန့်စားခန်း ထွက်ကြည့်ကြပါဦးနော… (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဝေယံမောင်ပါ) File Size : 4.2 GB / 1.7 GB / 910 MB Quality : Blu-Ray HEVC 4K / 1080p / 720p Running Time : 1hr 40min Format : Mkv and Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Wai Yan Maung Encode by Thit San Khant

6.6 2004 100 mins
The Polar Express
Glory: Who Will Compete
5.6

E- sport ချန်ပီယံအိပ်မက်ကို အခက်အခဲတွေ အမျိုးမျိုးကြားကနေ ရအောင်အကောင်အထည်ဖော်သွားတဲ့ မိန်းကလေးတွေအကြောင်းပဲဖြစ်ပါတယ်။ BOF ဆိုတဲ့အဖွဲ့ဟာ မိန်းကလေး ၄ယောက်၊ ယောင်္ကျားလေး ၁ယောက်နဲ့ဖွဲ့ထားတဲ့ E- sport အဖွဲ့တစ်ခုဖြစ်တယ်။ BOFဟာတွဲဖက်ညီညီနဲ့ ကြိုးစားလာခဲ့ကြတာ ပြိုင်ပွဲကြီးတစ်ခုရဲ့အမှတ်အများဆုံးရပ်တည်နေပါတယ်။ အဲဒီအချိန်မှာခေါင်းဆောင်ဖြစ်တဲ့ ရွေချီရဲ့ရည်းစားဖြစ်တဲ့ လီကျုံးရှော့ကို တစ်ဖက်ပြိုင်ဘက်အသင်းက ငွေနဲ့ပေါက်ပြီး ခေါ်သွားတဲ့အခါ BOFမှာ မိန်းကလေး၄ယောက်ပဲကျန်ခဲ့ပြီး ပြိုင်ပွဲဆက်ပြိုင်ဖို့အခက်အခဲတွေဖြစ်လာခဲ့တယ်။ သစ္စာဖောက်သွားတဲ့ရည်းစားကြောင့်ဖြစ်လာတဲ့ ဒုက္ခတွေကိုကျော်ဖြတ်ပြီး ချန်ပီယံဖြစ်အောင် အဆုံးထိဘယ်လိုကြိုးစားသွားမလဲဆိုတာ ကြည့်လိုက်ပါဦးနော်။

Drama
5.6 2025
Glory: Who Will Compete
American Girl
7.8

American Girl (2024) IMDb Rating (7.8) ပထွေးဖြစ်သူနဲ့ရန်ဖြစ်ပြီး အိမ်ကနေထွက်လာတဲ့ ကောင်မလေးတစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဆစ်နေ ဆိုတဲ့ကောင်မလေးက ပထွေးဖြစ်သူနဲ့ စကားများပြီး အိမ်ကနေ ထွက်ပြေးလာခဲ့ပြီး အတ္တလန္တာဆိုတဲ့ မြို့ကြီးကို ရောက်လာခဲ့ပါတယ်.. အတ္တလန္တာမြို့မှာနေတဲ့ အဖေဖြစ်သူကိုရှာရင်း သူလုပ်ချင်တဲ့အလုပ်တစ်ခုကို လုပ်ရင်း ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းမယ်လို့ တွေးခဲ့တဲ့သူမ.. အတ္တလန္တာလမ်းမထက် အန္တရာယ်များတဲ့လောကကြီးအလယ်မှာ ကောင်မလေးငယ်ငယ်လေးတစ်ယောက်အတွက် ဘယ်လိုတွေ ကြိုးစားရုန်းကန်ပြီး ရှင်သန်ဖို့ ကြိုးစားခဲ့ရလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size… (2.5 GB) / (1.1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:40:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

Thriller • Drama
7.8 2024 99 mins
American Girl