YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Sing.2.2021.720p.WEBRip.CM.mp4

905.52 MB N/A video/mp4 12770 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Murder Erased
6

အခုတစ်ခေါက်မှာ လျို့ဝှက်ဆန်းပြားပြီး စိတ်ဝင်စားဖို့ကောင်းလှတဲ့ မူးယစ်ဆေးလမ်းကြောင်းက နောက်ဆုံးတော့ ရုန်းထွက်လာနိုင်ခဲ့တဲ့ ဟောင်ကောင်မှုခင်းကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီဇာတ်ကားလေး အကျဉ်းကိုပြောပြရမယ်ဆိုရင်တော့ ပင်လယ်စာဆိုင်လေးဖွင့်ဖို့ ဆိုင်ခန်းငှားပြီး ပြန်လည်ပြင်ဆင်ရာကနေ အောက်ထပ် လှေကားအောက်နားလေးမှာ အပေါက်လေးဖြစ်နေခဲ့တာကိုတွေ့ခဲ့ရတယ်... အဲ့ အပေါက်လေးကို ရေဆိုးမြောင်းပိုက်ထင်ပေမယ့် လူအရိုးထွက်လာလို့ အလောင်းဝှက်ထားမှန်းသိခဲ့ရတာပေါ့.... ဒီလိုနဲ့ ဒီအလောင်းပိုင်ရှင်နဲ့ သေဆုံးတဲ့ ဇစ်မြစ်ကို လိုက်ရာကနေ အလောင်းဟာ လွန်ခဲ့တဲ့ ၈ နှစ်က အသတ်ခံရတာသိရပေမယ့် သေဆုံးရတဲ့အကြောင်းရင်းကို မသိနိုင်ဖြစ်နေရတယ်... အကြောင်းကတော့ DNA အဖြေကြောင့် ဘယ်သူဆိုတာသိရပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ဒီအမှုနဲ့ပတ်သက်တယ်ထင်ရသူနဲ့ သေဆုံးသူနဲ့ နီးစပ်သူ အားလုံးက သေဆုံးသူနဲ့ မိသားစုအကြောင်းမသိဘူးဆိုနေတာက တစ်ကြောင်း... နောက်ပြီး သေဆုံးသူအလောင်းမပေါ်ခင် ၃ နှစ်တည်းက သေဆုံးသူဇနီးဆုံးသွားတာက တစ်ကြောင်းကြောင့်ပေါ့... ကဲ ဒီလို အတားအဆီးတွေကြားကနေ အမှုမှန်ကိုဖော်ထုတ်နိုင်ပါ့မလား... သေဆုံးရတဲ့ အကြောင်းရင်းနဲ့ တရားခံကို ၈ နှစ်တောင်ကြာနေတာ သိနိုင်ပါ့မလား.... သိနိုင်တာပေါ့နော်... သိနိုင်လို့ ဇာတ်လမ်းရိုက်တာဆိုတော့ကာ ဘယ်လို အဆင့်တွေကို ဘယ်လိုကျော်ဖြတ်ပြီး ကြိုးစားဖော်ထုတ်ခဲ့တယ်ဆိုတာ ဒီဇာတ်ကားလေးကို ဒေါင်းကြည့်လိုက်ရင် သိနိုင်မှာမို့ ဉာဏ်ကစားရကြိုက်သူတွေ လက်လွတ်မခံဘဲ ကြည့်လိုက်ကြနော် [ Reviewed By Chu Chu ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Crime  Runtime : 1h 48min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded By LK

Adventure • Animation • Comedy • Family • Fantasy
6 2022 108 mins
A Murder Erased
Action Team Overlord Flower

ဒီနေ့မှာတော့ CM က ပရိတ်သတ်ကြီးကို Action ကားကောင်းကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေရှင် ။ ဇာတ်လမ်း အကျဥ်း - နိုင်ငံရပ်ခြား မြို့ကြီးတစ်မြို့မှာ တပ်စွဲထားတဲ့ GWS သတင်းအချက်အလက်နဲ့ နည်းပညာ ကုမ္ပဏီက ကွန်ယက်လုံခြုံရေး သုတေသနဲ့ ဖွဲ့ဖြိုးတိုးတတ်ရေး အရာရှိ ကျိုးမော့ဟာ ထူးထူးခြားခြားပျောက်ဆုံးလို့သွားခဲ့ပါတယ် ။ အရေးကြီးတဲ့ သတင်းအချက်အလက်တွေနဲ့ လုံခြုံရေးကို ကာကွယ်ဖို့ ချန်ယို နဲ့ မိန်ယာဆိုတဲ့ အမျိုးသမီးချောလေး နှစ်ယောက်ဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ဖို့ အန္တရာယ်ရှိတဲ့ နေရာတွေကို သွားရောက်ခဲ့ကြရပါတယ် ။ တစ်ဖက်မှာလဲ တရုတ်အမျိုးသမီးတွေဟာ သဲလွန်စ မရှိပဲ ထူးထူးခြားခြား တစ်ယောက်ပြီး တစ်ယောက် ပျောက်ဆုံးလာတဲ့အခါမှာတော့ ...? ❏ အထူးလေ့ကျင့်ထားတဲ့ မိန်းမချောလေးတွေ တာဝန်ကို ပြီးဆုံးအောင်ဆောင်ရွက်နိုင်ပါ့မလား ? ❏ သဲလွန်စတွေနောက် အပူတပြင်းလိုက်ရှာခဲ့ရင်း တကယ့်အမှန်တရားကို ရှာတွေ့နိုင်ပါ့မလား ❏ ဒီလမ်းတစ်လျှောက်မှာလဲ ဘယ်လို ကြောက်မက်ဖွယ်ကောင်းတဲ့ စိတ်ခေါ်မှူတွေကို တွေ့ဆုံကြရမလဲဆိုတာ ကြည့်ရှူရင်း မိန်းမချောလေးများရဲ့ စွန့်စားခန်းကို ဖွင့်လိုက်ရအောင်လားရှင် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action Runtime : 1h 9 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Adventure • Comedy • Fantasy
0 2022
Action Team Overlord Flower
The Call of the Wild
7.6

စာရေးဆရာကြီး ဂျက်လန်ဒန်ရဲ့ နာမည်ကျော်စာအုပ်ကိုရုပ်ရှင်အဖြစ် ရိုက်ကူးထားတာပါ။ ခေတ်ကတော့ ၁၉ရာစုနှောင်းပေါင်း ရွှေမုဆိုးတွေရဲ့ ခေတ်ပါပဲ။ မင်းသားကြီး ဟယ်ရစ်ဆန်ဖို့ဒ် ပါဝင်ထားပါတယ်။ အဓိကဇာတ်ကောင်ကတော့ အင်မတန်လိမ္မာတဲ့ ဘက်ခ်ဆိုတဲ့ ဧရာမခွေးကြီးတစ်ကောင်ပါပဲ။ ဘက်ခ်ဟာ သခင်နဲ့အတူ ပျော်ရွှင်စွာနေထိုင်တဲ့ ဘဝကနေ စွပ်ဖားလှည်းဆွဲတဲ့ခွေးအဖြစ် ရောင်းစားခံခဲ့ရတယ်။ စွပ်ဖားလှည်းတစ်စီးနဲ့အတူ စွန့်စားခန်းတွေ ဖွင့်ခဲ့ရင်း သခင်မဲ့သွားချိန်မှာ အဘိုးကြီး တစ်ယောက်နဲ့ မိတ်ဆွေဖြစ်ခဲ့ရပြန်ပါရော။ အဲဒီအဘိုးကြီးနဲ့အတူ ဘက်ခ်ဟာ လူသူမရောက်ဖူးတဲ့နေရာတွေကို စွန့်စားခန်းတွေထွက်ရင်း သူ့ဘဝအပြောင်းလဲကြီးပြောင်းလဲစရာတွေ ဆက်တိုက်ကြုံလာရပါတော့တယ်။ ဒီရုပ်ရှင်ဟာ တိရစ္ဆာန်ချစ်သူတွေ၊ စွန့်စားခန်းတွေနဲ့ စိတ်ကူးယဉ်ရတာ ချစ်သူတွေအတွက်တော့ အကောင်းစားရုပ်ရှင်တစ်ကားပါပဲ။ File Size : ( 933 MB , 340 MB) Quality : WEB-Rip 720p Running Time : 1 hr 40 min Format : Mp4 Genre : Adventure , Drama , Family Subtitle : Myanmar Subtitle (Hard Sub) Translated by Wai Yan Maung Encoded by Moe Myint Lwin

Action • Fantasy
7.6 2020 100 mins
The Call of the Wild
Cherry Magic! THE MOVIE
7.3

Cherry Magic : The Movie 2022 ========================= BL ပရိသတ်ကြီးအတွက် နွေးထွေးပြီးချစ်ဖို့ကောင်းတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ မူရင်းမန်းဂစာအုပ်ကို Live Action စီးရီးအနေနဲ့ ၁၂ ပိုင်း ပြန်လည်ရိုက်ကူးထားတာရှိပြီး အခုကတော့ တစ်ကားတည်းအပြီးအနေနဲ့ ထပ်ထွက်လာတာပါ။ ဇာတ်လမ်းကတော့ လူတစ်ယောက်ရဲ့အသားကို ထိလိုက်တာနဲ့ စိတ်ကိုဖတ်နိုင်တဲ့ ထူးထူးဆန်းဆန်းအစွမ်းကို ပိုင်ဆိုင်ထားတဲ့ ခုရိုရှိဆိုတဲ့ကောင်လေးဟာ သူ့ကိုခွက်ရှ်နေတဲ့ ကိုလူချောလေးရဲ့ စိတ်ကိုဖတ်နိုင်ခဲ့ပြီး တွဲဖြစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ မတော်တဆမှုဖြစ်ပြီး အစွမ်းပျောက်ကွယ်သွားတဲ့အခါမှာတော့… တွေ့နေကျ BL ဇာတ်အများစုထဲကလို ကျောင်းသားလေးတွေမဟုတ်ဘဲ လုပ်ငန်းခွင်အတွင်းက လူလတ်ပိုင်းအရွယ် ရင့်ကျက်တဲ့ကောင်လေးနှစ်ယောက်အကြောင်းဖြစ်တာကြောင့် တစ်ချိန်လုံးရိုနေမှာတော့ မဟုတ်ပါဘူး။ အချင်းချင်းရဲ့ဘဝတိုးတက်ရာတိုးတက်ကြောင်းကို အပြန်အလှန် အားပေးကူညီမယ်။ အခက်အခဲတွေကို အတူကျော်ဖြတ်ကြမယ်။အေးအတူ ပူအမျှခံစားပေးမယ် ။ (စိတ်ဖတ်နိုင်တယ်ဆိုတာကလွဲလို့)ကြည့်နေရင်းနဲ့ အပြင်က BL အတွဲဆိုရင်လည်း ဒီလိုပဲဖြစ်မှာလို့ တွေးမိတဲ့အထိ အိုဗာတွေသိပ်မပါဘဲ ရိုးရိုးရှင်းရှင်းလေး လက်တွေ့ဆန်အောင် ရိုက်ပြထားတာကို သဘောကျမိတာမို့ ကြည့်ရှုအားပေးကြပါဦးလို့ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Fantasy , Romance Quality…. 1080p | 720p | 480p File size… 1.1GB | 514MB | 200MB Format… mp4 Duration…. Moe Pwknt Phyu Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moe Pwint Phyu Encoder ….. August

Drama • Mystery • Science Fiction • Thriller
7.3 2022
Cherry Magic! THE MOVIE
Lift
5.4

Lift (2024) ဟာသမင်းသား ကယ်ဗင်ဟာ့ အတည်ပေါက်ရိုက်ထားတဲ့ နက်ဖလစ် သူခိုး အက်ရှင်ကားအသစ်လာပါပြီ။ ဒါရိုက်တာကလည်း The Italian Job လို နာမည်ကျော်သူခိုးကားတွေရဲ့ ဒါရိုက်တာ F. Gary Gray ပါပဲ။ ~ ဇာတ်လမ်းအကျဉ်း ~ ဆိုင်းရပ်တို့အဖွဲ့က နိုင်ငံတကာရဲတပ်ဖွဲ့ကနေ အလိုရှိနေတဲ့ သန်းချီတဲ့အနုပညာလက်ရာတွေကို လိုက်ခိုးနေတဲ့ သူခိုးအုပ်စုပါ။ အင်တာပိုက သူတို့အဖွဲ့ကို ဖမ်းမိသွားပြီး ထောင်ထဲမဝင်ချင်ရင် သူတို့ခိုးခိုင်းတာ တစ်ခုခိုးဖို့ပါပဲ။ ခိုးရမှာက‌တော့ သန်း ၅၀၀ တန် ရွှေချောင်းတွေပါ။ အင်တာပိုက သက်သေမရှိလို့ ထိလို့ မရတဲ့ ရာဇဝတ်ကောင် သူဌေးကြီးတစ်ယောက်က ဟက်ကာတွေကို သန်း ၅၀၀ ဖိုး ရွှေချောင်းပေးပြီး ကမ္ဘာ့အနှံ့မှာ ရေနဲ့လျှပ်စစ်ပေးဝေရေး ဌာနကြီးတွေကို တိုက်ခိုက်ခိုင်းမှာဖြစ်ပါတယ်။ လူတွေ ရေကြီးရေလျှံတာတွေနဲ့ ဒုက္ခရောက်တာကို အသုံးချပြီး ရှယ်ယာအမြတ်ရအောင်လုပ်မဲ့အကြံပါပဲ။ အဲဒီအကြံကိုတားဖို့ သန်း ၅၀၀ တန်ရွှေချောင်းတွေကို လေယာဉ်ပေါ်မှာ ကြားဖြတ်ခိုးရမယ်၊ သူဌေးက လိုက်သတ်မခံရအောင် သူတို့ခိုးမှန်းလည်းမသိအောင်လုပ်ရမဲ့ အခြေအနေမှာ Mission Impossible ဆန်ဆန် ဘယ်လိုဆက်လုပ်ကြမလဲ ကြည့်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 1.05GB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 44Min Genre – Action, Comedy, Crime Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

5.4 2024 107 mins
Lift
Break In

ဟယ်သာဟာ ယောကျာ်းဖြစ်သူနဲ့ အိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီးနောက် ကွာရှင်းဖို့ဆိုပြီး မိခင်ဖြစ်သူရဲ့စံအိမ်ဟောင်းကြီးကိုပြန်လာခဲ့ပါတယ်….။ အဲ့ဒီအိမ်ကြီးဟာ မြို့ပြင်ခပ်လှမ်းလှမ်းမှာတည်ရှိပြီး ဖုန်းလိုင်းလည်းမမိတဲ့ နေရာမျိုးမှာရှိတာပါ….။ အိမ်ထဲမှာလည်း တန်ဖိုးကြီးအနုပညာပစ္စည်းတွေ အများကြီးပါ…။ ဒီလိုနေရာကြီးကိုမှ ဟယ်သာကတစ်ယောက်တည်း လာနေဖြစ်ခဲ့ရင်း တစ်ရက်မှာတော့…. လူစိမ်းတစ်ယောက်ဟာ ခြံထဲကိုတိုးတိုးတိတ်တိတ်ဝင်ရင်း အိမ်ကို ဖောက်ထွင်းဖို့ကြံပါတော့တယ်…. ဒီလူကရော သာမန်ဖောက်ထွင်းသူခိုးပဲလား…ဒါမှမဟုတ် ဟယ်သာ့ကို အန္တရာယ်ပြုဖို့တမင်ရောက်လာတဲ့လူလား…. ဟယ်သာတစ်ယောက်ရော အသက်ဘေးကလွတ်ပါ့မလားဆိုတာ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ….။ File size…1.16 GB / 449 MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 18m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

0 2023 78 mins
Break In
Shinjuku incident
6.9

ဒီဇာတ်ကားလေးကတော့ ကျွန်တော်တို့အချစ်တော်မင်းသားကြီး ဂျက်ကီချန်း ရိုက်ကူးထားတဲ့ ဂျပန်ရောက် တရုတ်ဇာတ်ကားကောင်းပါ။ “ဘဝမှာ သုံးဆယ်ရာခိုင်နှုန်းက ကံတရား၊ ကျန်တာက တိုက်ပွဲပဲ” တဲ့။ ဒီဇာတ်ကားလေးမှာတော့ သံခေါင်းတစ်ဖြစ်လည်း ဂျက်ကီချန်းဟာ သူ့ကောင်မလေးတစ်ယောက် သူ့အဒေါ်ရှိရာ ဂျပန်ကိုလိုက်သွားပြီး သတင်းအစအန မရတော့တဲ့အတွက် ဂျပန်ကို တရားမဝင်မှောင်ခိုလိုက်လာပါတော့တယ်။ ဂျပန်ရောက်တော့ သူ့တို့ တရုတ်ညီနောင်တွေနဲ့အတူ တရားမဝင်လုပ်သားအဖြစ်နဲ့ ရရာအောက်ခြေအလုပ်တွေကို ကျပန်းလုပ်ရင်းနဲ့ သူ့ကောင်မလေးကို လိုက်ရှာပါတော့တယ်။ သူဟာ ဂျပန်ရောက်တရုတ်တွေ တရားဝင်နေထိုင်ခွင့်ရရှိရေးကို ကြိုးပမ်းရင်း သူ့ကောင်မလေးကို ရှာရင်းနဲ့ ဂိုဏ်းအဖွဲ့တွေနဲ့ ပတ်သက်မိလာပါတော့တယ်။ ဒီအချိန်မှာ သမာအာဇီဝကျကျ လုပ်စားချင်တဲ့ သူ့ခမျာ ဒီဂိုဏ်းပြဿနာတွေဆီကရော သူ့ညီနောင်တွေ လမ်းမှားမရောက်အောင်ရော ဘယ်လိုကြိုးပမ်းမလဲ သူ့ကောင်မလေးကိုရောရှာတွေ့နိုင်ပါ့မလား ဆိုတာကို စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(2.3 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:59:00 Genre…Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

6.9 2009
Shinjuku incident
Murdaritaville

မာဗင်တို့ သူငယ်ချင်းတွေက သူတို့လေးစားအားကျရတဲ့အဆိုတော်ရဲ့ ပရိသတ်တွေ စုစည်းကျင်းပတဲ့ ပုံစံတူ တုပဖျော်ဖြေပွဲကို သွားကြည့်မလို့ ကြံရွယ်ရင်း ဖျော်ဖြေပွဲမတိုင်ခင် တောထဲက အိမ်ကြီးထဲကို အပန်းဖြေခရီး ထွက်ခဲ့ကြပါတယ်။ အဲဒီအိမ်ကြီးကို စောင့်ရှောက်ဖို့ခိုင်းထားတဲ့ အမြဲမူးနေတဲ့ အရက်သမားကြီး ဂျိရယ်၊ ဘေးအိမ်က ဘာတွေပြောလို့ပြောနေမှန်းမသိတဲ့ ထူးဆန်းတဲ့လူကြီး ဂယ်ရတ်ရယ်နဲ့အတူ တောအုပ်ထဲက အိမ်ကြီးက သူတို့အတွက်တော့ အတွေ့အကြုံအသစ်တွေကို ပေးစွမ်းခဲ့ပါတယ်။ လူငယ်သဘာဝ ပျော်ပါး သောက်စားရင်း ဂိမ်းတွေဆော့ရင်းနဲ့ မာဗင်က အရက်သမားကြီး ဂျိရဲ့ အရက်တွေကို အလစ်သုတ်ဖို့ကြံရာက သူတို့သူငယ်ချင်းတစ်စုက ထူးခြားဆန်းပြားမှုတွေကို ဘယ်လိုကြုံတွေ့ရမလဲဆိုတာကိုတော့.. File size…(1.4 GB)/(943 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:02:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

0 2024 62 mins
Murdaritaville
[21+] Score
5.8

Score (1973) IMDb – 5.8/10 ခုနစ်ဆယ်ခုနစ်တွေနောက်ပိုင်းမှာ လိင်တူလိင်ကွဲနှစ်မျိုးစလုံးကိုစိတ်ဝင်စားကြတဲ့သူတွေအကြောင်းကို ရိုက်ကူးတဲ့ ကနဦးရုပ်ရှင်တွေထဲက တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သာယာချမ်းမြေ့ပြီး နေချင်စရာအတိပြီးတဲ့ နေရာလေးတစ်ခုမှာ | အယ်လ်ဗိုင်ရာနဲ့ဂျက်ဆိုတဲ့ ဇနီးမောင်နှံတို့ သာယာပျော်ရွှင်စွာနဲ့ နေထိုင်ကြပါတယ် သူတို့ဘ၀တွေကို ချစ်ခြင်းတရားနဲ့ ရမ္မက်တွေ ရာနှုန်းပြည့်လွှမ်းခြုံထားပြီး အချင်းချင်းသာယာပျော်ရွှင်စေဖို့ ကူညီဖေးမလို့နေကြတာပေါ့။ အဲဒီနေရာမှာပဲနေထိုင်ကြသူတွေကတော့ ဘက်ဆီနဲ့အက်ဒီဆိုတဲ့ ဇနီးမောင်နှံ။ ဘက်ဆီလေးကတော့ ဘာသာတရားကိုင်းရှိုင်းတဲ့ ကက်သလစ်အမျိုးသမီးလေး။ အယ်လ်ဗိုင်ရာက သူ့ခင်ပွန်းဖြစ်သူ ဂျက်နဲ့လောင်းထားတာက ဘက်ဆီလေးကို သူ့ဆီမှာတိမ်ထူစေဖို့။ အချိန်ကာလတစ်ခုသတ်မှတ်ပြီး ဘက်ဆီလေးကို အယ်လ်ဗိုင်ရာအပိုင်ဖြစ်ဖို့အရေး ကြိုးစားကြပုံကို နောက်ထပ်ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ မိုက်ခ်ဆိုတဲ့သူပါ ပါဝင်လာတဲ့ ငါးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကို ခံစားကြည့်ရှုကြရမှာပါ။ အဖော်အချွတ်နဲ့ ချစ်တင်းနှောတာတွေအများကြီးပါဝင်တဲ့အတွက် တစ်ကိုယ်တည်းသက်ဝင်ခံစားတာ အကောင်းဆုံးဖြစ်မှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoဖြစ်ပါတယ်)

5.8 1973 90 mins
[21+] Score
Riki-Oh: The Story of Ricky
7.1

Riki-Oh: The Story of Ricky (1991) IMDb Rating (7.1) / Rotten Tomatoes (90%) ဒီဇာတ်ကားက မင်းသား Louis Fan ရဲ့အကောင်းဆုံးအက်ရှင်ကားလို့ဆိုကြပြီး တကယ်လဲ အရမ်းကြမ်းတဲ့ ဟောင်ကောင်အက်ရှင်ဖိုက်တာကားဖြစ်ပါတယ်။ Ricky Ho: The story of Ricky ဆိုတဲ့အတိုင်း ရစ်ကီဟိုဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ဇာတ်လမ်းတစ်ပုဒ်ပေါ့ ဒီဇာတ်ကားက ၁၉၉၁ခုနှစ်မှာ ရိုက်ကူးထားတယ်ဆိုပေမယ့် ဇာတ်ကားထဲမှာအခြေတည်ထားတာ ၂၀၀၁ခုနှစ်ပါ ဇာတ်လမ်းကတော့ ၂၀၀၁ခုနှစ်မှာ ထောင်တွေက အစိုးရပိုင်မဟုတ်တော့ပဲ ပုဂ္ဂလိကတွေကိုလွှဲပေးထားပြီး ငွေရှင်အရင်းရှင်တွေခြယ်လှယ်တဲ့ခေတ်ပုံစံကို တင်ဆက်ထားပါတယ်။ အဲ့ဒီပုဂ္ဂလိကထောင်တစ်ခုကို ရစ်ကီဟိုတစ်ယောက် လူသတ်မှုနဲ့ရောက်လာပါတယ်။ ထောင်တွေရဲ့ထုံးစံအတိုင်းကြီးနိုင်ငယ်ညှင်းတွေရှိနေသလို အခုသူရောက်သွားတဲ့ထောင်မှာ လေးပိုင်းပိုင်းပြီး အဖွဲ့လေးဖွဲ့ခွဲထားပါတယ်။ အရှေ့ဆောင် အနောက်ဆောင် တောင်ဖက်ဆောင်မြောက်ဖက်ဆောင်စသည်ဖြင့်ပေါ့။ အဆောင်တစ်ခုချင်းဆီမှာဒိတ်ဒိတ်ကြဲသိုင်းကျွမ်းတဲ့ခေါင်းဆောင်တွေအုပ်ချုပ်တယ်။ ရစ်ကီဟိုဆိုတာကလဲ ခေသူမဟုတ် သေချာလေ့ကျင့်ထားတဲ့သိုင်းသမား စိတ်ကလဲမဟုတ်မခံ။ အဲ့မှာ ဗိုလ်ကျအနိုင်ကျင့်မှုတွေနဲ့မဟုတ်မခံနဲ့သွားတွေ့တော့တာပဲ။ ပြီးတော့ ထောင်ကလဲ ထောင်ကိုဗန်းပြပြီးနောက်ကွယ်မှာမဟုတ်တရုတ်လုပ်တာတွေရှိနေပြန်တော့ ရစ်ကီဟိုလိုမဟုတ်မခံနဲ့ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာ….။ ဒီဇာတ်ကားက Extreme Violence အမျိုးအစားပါ သွေးထွက်သံယိုတွေတစ်ကားလုံးပြည့်နှက်နေပါတယ်လို့တော့ ကြိုသတိပေးပါရစေ။

Drama • Comedy
7.1 1991
Riki-Oh: The Story of Ricky
The Gods Must Be Crazy III: Crazy Safari
5.4

ဒီဇာတ်ကားကတော့ ပုလင်းဟာသလို့ လူသိများတဲ့ ဇာတ်ကားတွေရဲ့ နံပါတ် ၃ ဇာတ်ကားပါ။ ရှေ့ကဇာတ်ကားတွေကို ” https://channelmyanmar.to/?s=the+gods+must+be+crazy ” မှာဒေါင်းလို့ရပါတယ်။ ဒီကားလေးရဲ့ အညွှန်းကတော့ ဒါကတော့ The Gods Must Be Crazy ရဲ့ သုံးကား‌မြောက်လို့ပြောလို့ရမယ့် တရုတ်ကျန်းရှီးစတိုင်နဲ့ပေါင်းစပ်ထားတဲ့ဟာသကားပါ။ အင်္ဂလန်မှာ အလောင်းကောင်ကြီးကိုလေလံတင်တော့ အဲ့အလောင်းကောင်ကြီးက သူ့ဘိုးဘေးဆိုတာသိလိုက်ရတဲ့ စီးပွားရေးသမားကောင်လေးက တာအိုပညာရှင်တစ်ယောက်ကိုငှားပြီး သူ့ဘိုးဘေးအလောင်းကိုဟောင်ကောင်မှာမြေမြှုပ်ပေးဖို့၀ယ်လာခဲ့ပါတယ်။ အဲ့အလောင်းကြီးက တရုတ်တစ္ဆေဖြစ်နေတဲ့အပြင် ဖြစ်ချင်တော့ လမ်းမှာသူတို့ငှားလာတဲ့ကိုယ်ပိုင်လေယာဉ်က ပျက်ပြီး သူ့ဘိုးဘေးကို လေထီးနဲ့အရင်ပို့လိုက်တော့ တရုတ်တစ္ဆေကြီးက ဘွတ်ရှ်မန်းတွေနေတဲ့ရွာကိုသွားကျပါတယ်။ အဲ့ဒီမှာ ဆရာတပည့်နှစ်ယောက်နဲ့ ဘွတ်ရှ်မန်းတွေနဲ့ တရုတ်တစ္ဆေတို့ကြား ဘယ်လိုတွေဂယက်ရိုက်ဦးမလဲ ကြည့်ကြည့်လိုက်ကြပါနော်။ ပုလင်းမင်းသားအကြောင်းဖတ်ချင်ရင်တော့ အောက်မှာဖတ်ပါ။ #Nixau_Toma ( ကမ္ဘာ့ရုပ်ရှင်လောကထဲ ဂင်းနစ်စံချိန်တင်ခဲ့သောလူရိုင်း(သို့) အောင်မြင်မှုငွေကြေးချမ်းသာမှုတွေကိုမသိခဲ့တဲ့မင်းသားတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိ ) .…………………………………………………………… ” ပီတာက ဆိတ်၇ကောင်ပေး မယ်ဆိုလို့ကျွန်တော်လိုက်လာတာ ရုပ်ရှင်ဆိုတဲ့စကားကိုကျွန်တော်အခုမှကြားဖူးတာဗျ။ ဒီမှာ နေအခါ၃၀ ဝင်တဲ့အထိနေရမယ်ပြောတယ်။ ပြီးရင်ကျွန်တော် စန်တို့ရှိတဲ့ဆီကို ဆိတ် ၇ကောင်ယူပြီးပြန်မယ်။ ” N!xau Toma တောင်အာဖရိကတိုက်အစွန် နမီးဘီးယားဆိုတဲ့နိုင်ငံသေးသေးလေးအပြင်မြို့ပြနဲ့မိုင်ပေါင်းများစွာဝေးတဲ့ အာဖရိကတောတွင်းတနေရာမှာ စန်ဆိုတဲ့အာဖရိကလူရိုင်းရွာလေးတရွာရှိခဲ့တယ်။ ဒီရွာလေးက နမီးဘီးယားနိုင်ငံထဲကကာလာဟာရီ သဲကန္တာရထဲမှာရှိပြီး အာဖရိယလူရိုင်းမျိူးနွယ်တွေထဲမှာ ခေတ်နောက်အကျဆုံးလူမျိူးစုတွေထဲက ၁၂ရာစုလူနေမှုစနစ်လိုနေထိုင်ကြတဲ့ ဘာဆာဝါ ဆိုတဲ့လူရိုင်းမျိူးနွယ်စုရဲ့ရွာလေးပါ။ အမဲလိုက် ပျားအုံဖွတ် ငါးဖမ်းရင်း အသက်မွေးကြပြီး လယ်ယာမြေစိုက်ပျိူးမှုကိုတောင်မသိရှိသလို သူတို့ဘာသာစကားဟာလူ၁သောင်းတောင်မသိတဲ့ဘာသာစကားတခုကို ပြောကြတဲ့လူရိုင်းမျိူးနွယ်ပါ။ ၃နှစ်လောက်နေမှမြို့ပြအမဲလိုက်အဖွဲ့တွေကိုတွေ့ရလေ့ရှိပြီး ဒါကိုကသူတို့အတွက်အထူးအဆန်းဖြစ်လေ့ရှိတဲ့ ကိစ္စပါ။သူတို့ယုံကြည်မှုက တခြားလူရိုင်းတွေလိုနတ်ဘုရားနဲ့ယစ်ပူဇော်မှုမဟုတ်ဘဲ ရာသီဥတုကိုယုံကြည်ကိုးကွယ်ကြတဲ့လူမျိူးတွေပါ။မှတ်တမ်းများအရ ဒီလူမျိူးစုစစ်စစ်ဟာ၂၀၀ကျော်သာကျန်တော့ပြီးသစ်တောပြူန်းတီးမှု တောင်အာဖရိကကျွန်ပြုအလုပ်ကြမ်းလုပ်ခိုင်းတဲ့သူပုန်တွေကြောင့် မျိူးတုံးလုနီးပါးအခြေအနေကိုရောက်နေရပြီး လူ၃၀ကိုတရွာလောက်ပဲနေထိုင်မှုတွေကြောင့် ဒီလူရိုင်းမျိူးနွယ်ဟာကမ္ဘာ့လူမျိူးစုထိန်းသိမ်းရေးအဖွဲ့တွေနဲ့အလှမ်းဝေးလွန်းခဲ့ပါတယ်။ အချိန်အားဖြင့် ၁၉၄၄ခုနှစ် ဒီဇင်ဘာလ ၁၆ရက်နေ့ ဒီရွာလေးမှာ N!xau Tomaဆိုတဲ့လူရိုင်းလေးတယောက်ကိုမွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ မိခင်ဖြစ်သူ ဦးလေးဖြစ်သူတွေနဲ့တမိသားစုလုံးဟာ အာဖရိကဘိန်းမှောင်ခိုအဖွဲ့တောပုန်းမှုမှာကြုံရင်း အသတ်ခံခဲ့ရပါတယ်။ ဒီလူရိုင်းလေးနဲ့သူ့အကို N!aau သာကျန်ခဲ့ပြီးတခြားရွာသူကြီးကသူတို့ညီကို၂ယောက်ကို မွေးစားခဲ့ပါတယ်။ Niaau ဟာလဲ ၉နှစ်သားမှာအပျော်တမ်းအမဲလိုက်အဖွဲ့ကပစ်သတ်တာခံခဲ့ရပြီး Tomaတယောက်ထဲမိမဲ့ဖမဲ့မိသားစုမဲ့နဲ့ဘဝကိုစတင်ဖို့ဖြစ်လာခဲ့ပါတယ်။ Tomaကလူရိုင်းပေမယ့်ဉာဏ်တော့ကောင်းတယ်။ ရွာကလူတွေထဲအမဲလိုက် အကျွမ်းကျင်ဆုံးသူရဲကောင်းဖြစ်သလို ၁၉နှစ်သားမှာငါးမွေးမြူဖို့ ရွံ့ကန်တခုကိုသူလုပ်ခဲ့ပါပြီ ဒါကသာမာန်လူတွေအဖို့ကလေးတောင်သိတယ်ဆိုပေမယ့် ဒီလိုလူရိုင်းတွေအဖို့တော့နည်းပညာသစ်တခုပါပဲ။ အဆိပ်မှုတ်ပြောင်းကိုပေ၃၀နီးပါးပစ်နိုင်အောင်လုပ်တတ်ခဲ့သလို လေးကိုလဲပေါ့ပါးပြီးအဝေးပစ်နိုင်အောင် ရွာကလူတွေကိုသူသင်ကြားပေးနိုင်ခဲ့ပါပြီ။ သူများတွေတလလောက်လိုက်ရတဲ့အမဲအုပ်ကိုသူ၁၀ရက်နဲ့လိုက်နိုင်သလိုတောလဲကျွမ်းကျင်သူပေါ့။ ဒါကြောင့်လဲရွာမှာပျိူတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်သလို Popularလဲဖြစ်လွန်းသူပါ။ ဒါပေမယ့်သူ့အသက်ကိုသူဘယ်လောက်ရှိမှန်းမရေနိုင်သလို တရက်တာအချိန်ကိုလဲနေဝင်နေထွက်တာနဲ့ပဲသိတဲ့သူပါ။ မိုးတခါရွာရင်တနှစိလို့သိတဲ့လူမျိူးစုဖြစ်သလို သမင်အုပ် တောင်ဖက်ပြောင်းရင် ၁နှစ်လို့အကြမ်းဖျင်းသိတဲ့လူမျိူးစုပါ။ နှစ်လရက်နာရီတွေကိုမသိသလိုဂဏာန်းတွေကိုလဲမသိရှိသူပါ။ ရွာမှာဆိတ်၅ကောင်ရှိသူဟာသူဌေးစာရင်းဝင်ဖြစ်ပြီးကျွဲ၁၀ကောင်အမဲလိုက်နိုင်ရင် Heroပါပဲ။ ဒီလိုနဲ့သူ့ အသက် ၂၅လို့ထင်ရတဲ့အချိန်မှာတခြားရွာကသူကြီးသမီးနဲ့လက်ထပ်ခဲ့ပြီး သူ့ရွာမှာပဲနေထိုင်ခဲ့ပါ တယ်။ ရွာဆိုတာကလဲ လူ၃၅ယောက်သာရှိတဲ့ရွာလေးပါ။ Peter Jay ……………… ပီတာကHollywood ရုပ်ရှင်လော ကမှာ ထုတ်လုပ်သူတယောက်ဖြစ်တဲ့ Jamie Uys ရဲ့သားပေါ့။ သူကိုင်တိုင်လဲSettingသမား တယောက်ဖြစ်သလိုအငယ်တန်းဒါရိုက်တာတယောက်ပါ။သူဌေးသားဖြစ်ပေမယ့်အမဲလိုက်ရ တာကိုဝါသနာပါသူတယောက်။ ၁၉၇၉ခုနှစ်မေလမှာ သူနဲ့သူငယ်ချင်း၃ယောက်တောင်အာဖရိကကိုအမဲလိုက်ထွက်ခဲ့ပါတယ်။ကိုယ်ပိုင်ဂျက်လေယာဉ်တစီးနဲ့သူငယ်ချင်းတွေအပျော်တမ်းအမဲ လိုက်ရာကနေ အင်ဂျင်မတော်မဆမှုဖြစ်ပြီးလေယာဉ်ပျက်ကျမှုကြောင့်သူတို့သူငယ်ချင်းတသိုက်ဟာကံဆိုးခဲ့ရပါတယ်။ မြို့ပြနဲ့ဆက်သွယ်မှုပြတ်သွားသလိုသူတို့လေယာဉ်ပျောက်ဆုံးမှုဟာလည်း သတင်းမှာပါခဲ့ပြီး တစီးလုံးသေဆုံးသွားကြောင်း ကြေငြာခဲ့ပါတော့တယ်။ ………………………………… ရွာသူလူတွေနဲ့အမဲလိုက်ထွက်ရင်း Toma တွေ့သွားတာကဒီသူဌေးသားပီတာရဲ့ အလောင်းကိုပါပဲ။ သေချာကြည့်မှမသေသေးပဲ အသက်ရှင်နေသေးတာကိုသိခဲ့လို့ရွာကိုကယ်လာပြီးဆေးကုပေးခဲ့ခဲ့ပါတယ်။ ကံကောင်းတယ် လို့ပဲပြောရမယ် ပီတာဟာအသက်ဘေးကနေဒီလူရိုင်းကြောင့်လွတ်ခဲ့ပါတယ်။ ဒါပေမယ့်ခြေထောက်တဖက်ကတော့ဆုံးရှူံးခဲ့ရပါတယ်။ပီတာဟာဒီလူရိုင်းရွာမှာ ၅လအထိသောင်တင်ခဲ့ပြီးTomaနဲ့လဲသူငယ်ချင်းဖြစ်ခဲ့ပါတယ်။ ပီတာက Tomaကို မြို့ပြရဲ့ဓလေ့တွေနေထိုင်မှုတွေကိုသင်ပေးတယ်။ ဒါပေမယ့်Tomaကမှတ်နိုင်စွမ်းမရှိသလိုအလွဲလွဲအချော်ချော်လုပ်လို့ဟာသတွေဖြစ်ခဲ့ရတာပေါ့။ ပီတာကideaတခုရသွားတယ်။ဟာသကားတွေရိုက်တဲ့Hollywoodကသူ့သူငယ်ချင်း Nic နဲ့ဒီလူရိုင်းရဲ့အလွဲတွေကိုရုပ်ရှင်ရိုက်ရင် တော်တော်ရယ်ရမယ်ဆိုပြီးပေါ့။ ၁၉၇၉ခုနှစ်ဒီဇင် ဘာလမှာကံကောင်းထက်မစွာနဲ့ပဲအာဖရိကသစ် တောစောင့်ရှောက်ရေးစစ်သားတွေနဲ့ပီတာတွေ့သွားပြီး မြို့ကိုပြန်ဖို့အခွင့်အရေးရခဲ့ပါတော့တယ်။ ဒါပေမယ့်သူတယောက်ထဲမပြန်ဘူး။ Tomaကိုပါခေါ်သွားချင်တယ်။ Tomaကလဲမလိုက်ရဲဘူး။ ဒီလိုနဲ့ Tomaကို ဆိတ်၇ကောင်ပေးမယ်ဆိုတဲ့ကမ်းလှမ်းမှုနဲ့ရအောင်ခေါ်နိုင်ခဲ့ပါတယ်။ဆိတ်၇ကောင်ဆိုတဲ့ပမာဏက Tomaအဖို့ရွာမှာသူဌေး ဖြစ်မယ့်အခွင့်အရေးပဲလေ။ ဒါကြောင့်ပီတာနဲ့အတူလိုက်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ #The_Gods_Must_Be_Crazy ဘုရားတွေရူးမလား လူတွေရူးမလားတော့မသိဘူး ဒီလို ၁၂၃၄ တောင်မသိတဲ့လူရိုင်းတကောင်ကိုမြို့ပေါ်ခေါ်လာပြီးရုပ်ရှင်ရိုက်ချင်တဲ့ပီတာရဲ့idea ကတော့တော်တော်ရူးလွယ်ပါတယ်ပေါ့ဗျာ။ အဖေဖြစ်သူ Jamie Uysကိုပြောတယ်ဒါပေမယ့်လက်မခံဘူး ။ ဘယ်ကလူရိုင်းကိုရုပ်ရှင်မင်းသားတင်မလဲပေါ့ ဒီကောင်ရူးနေပြီလားပေါ့ အဖေဖြစ်သူက။ ဒါပေမယ့်သားဖြစ်သူရဲ့စိတ်အားထက်သန်မှုနဲ့ ရုပ်ရှင်အပေါ်စိတ်ဝင်စားမှုသိပ်မရှိခဲ့ဘဲ လေနေတဲ့သားကပြောလာတော့အဖေဖြစ်သူကလက်ခံခဲ့ပါတော့တယ်။ သူကိုယ်တိုင် Producerလုပ်ပြီးဒါရိုက်တာတွေကိုခေါ်ပေမယ့်ဘယ်သူမှလက်မခံတဲ့အပြင်အဟားပါခံခဲ့ရတယ်။ နောက်ဆုံးသူကိုယ်တိုင်ပဲဒါရိုက်တာလုပ်ရိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။The Gods Must Be Crazy ဆိုတဲ့ဒီကားကို ၁၉၈၄ခုနှစ် ဇူလိုင်လ ၉ရက်နေ့မှာ အာဖရိက အမေရိကနဲ့ ဥရောပမှာရုံတင်ခဲ့ပါတယ်။၅သန်းပဲအကုန်ကျခံခဲ့တဲ့ဒီကားဟာ $60,000,000 ကျော်ရခဲ့သလို မထင်ထားတဲ့ရုပ်ရှင်လောကသားတွေကြားထဲဒီလူရိုင်းကတလအတွင်းရုပ်သံသတင်းတွေ interviewတွေမှာပါလာခဲ့ပါတယ်။ ဒီကားကိုရိုက်ဖို့အခက်အခဲများစွာရှိခဲ့သလို Cameraနဲ့ချိတ်ထားရင်သေနပ်ထင်လို့လန့်ပြီးဝပ်မှောက်တတ်တဲ့ဒီလူရိုင်းကြောင့် Cameraတွေကိုအဝတ်နဲ့အုပ်ပြီးရိုက်ကူးခဲ့ရသလို ဒိုင်ယာလော့တွေကိုအလုံး၁၀ထက်ပိုသင်လို့မရလို့ဖြတ်ဖြတ်ပြီးရိုက်ခဲ့ရပါတယ်။ထူးခြားမှုကတော့ဒီကားထဲကရိုက်ကွက်တွေဟာTomaသရုပ်ဆောင်နေတာမဟုတ်ပဲတကယ်ထင်ပြီးလုပ်ခဲ့ပြေးခဲ့တာတွေများပါတယ်။ ဒီကားဟာဒေါ်လာအမြတ်ငွေ သန်း၁၁၀ကျော်အထိတနှစ်အတွင်းရခဲ့သလို Tomaဟာလဲနိုင်ငံတကာဆုတွေရခဲ့ပါတယ်။ ဒီကားအတွက်Tomaဟာဒေါ်လာ၇သန်းရခဲ့ပါတယ်။ ဒါပေမယ့်ဒီဒေါ်လာတွေကိုသူဘာမှန်းမသိလို့လာမခံခဲ့ပဲပီတာကိုပဲဆိတ်၇ကောင်လိုချင်ကြောင်းပြောခဲ့ပါတယ်။ပီတာဟာဒါကြောင့် Tomaကိုဆိတ်အကောင်၃၀နဲ့အတူသူ့ရွာကိုပြန်ပို့ခဲ့ပြီး ဒေါ်လာ၃၀၀ကိုလဲသူမလိုချင်တောင်အမှတ်တရသိမ်းထားဖို့ထည့်ပေးခဲ့ပါတယ်။ ဒါပေမယ့်ဒီမှာတင်မပြီးသွားဘူး။The Gods Must Be Crazy ကအရမ်းအောင်မြင်လို့ 2 ကိုထပ်ရိုက်ဖို့ကမ္ဘာ့အနှံ့ကToma Fan တွေကတောင်းဆိုမှုတွေများလာခဲ့ပါတယ်။ ဒီအခါမှာတော့ The Gods Must Be Crazy 2ကို Hollywood ရုပ်ရှင်ထုတ်လုပ်ရေးကြီး 20th Century Fox ကထုတ်လုပ်ဖို့ကမ်းလှမ်းခြင်းခံခဲ့ရပါတော့တယ်။ TGMBC 2 ကို၁၉၉၀ခုနှစ် ဧပြီလ၁၃ရက်နေ့မှာထပ်မံရုံတင်ခဲ့ပါတော့တယ်။ ရှေ့က1လိုပဲ အောင်မြင်မှုများစွာရခဲ့ပြီးဒေါ်လာသန်း၁၅၀ကျော်အထိအမြတ်ငွေရရှိခဲ့ပါတယ်။ ဒီကားမှာတော့ Tomaရဲ့မိသားစုတစုလုံးကပါဝင်ရိုက်ကူးခဲ့ပြီးသားဖြစ်သူတွေရေကားနောက်ပါသွားမှုကိုစိုးရိမ်တကြီးနဲ့နောက်ကလိုက်တဲ့ဖခင်တယောက်ရဲ့မေတ္တာကိုရိုက်ကူးခဲ့တဲ့ကားပေါ့။ ဒီကားမှာသားဖြစ်သူတွေရဲ့ဟာသအလွဲတွေလဲပါဝင်လာသလို ဖခင်ဖြစ်သူရဲ့ကြောင်တောင်တောင်ဓလေ့စရိုက်တွေလဲပါလာခဲ့ပါတယ်။ ကလေးတွေဖြစ်ပေမယ့်တောတောင်ထဲအန္တရယ်ကြုံလာရင်ကိုယ်တိုင်ကာကွယ်မှုတွေ လူရိုင်းတွေရဲ့ရိုးသားတဲ့အကျင့်စရိုက်တွေကိုဒီကားမှာမြင်ရသလိုဟာသရောကြေကွဲစရာလေးတွေကိုပါမြင်ရစေတဲ့ကားတကားပါ။ ဒီကားအပြီးမှာတော့Toma ရဲ့လုပ်ဆောင်ချက်ကအရမ်းကြီးမားသွားခဲ့ပါပြီ။ ကမ္ဘာပေါ်ကမဖွံ့ဖြိုးသေး မြို့ပြနဲ့ဝေးတဲ့နေရာတွေက လူရိုင်းတွေရဲ့ဘဝကိုတကမ္ဘာလုံးသိအောင်ပြသခဲ့သလို Tomaဟာလဲကမ္ဘာ့လူရိုင်းမျိူးနွယ်စုတွေကိုကမ္ဘာကပစ်ထားမှုကိုချပြလိုက်တဲ့ဇာကောင်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါတင်မကပါဘူး Tomaဟာကမ္ဘာ့လူရိုင်းမျိူးနွယ်စုတွေကိုထိန်းသိမ်းကာကွယ်ရေးသံတမန်အဖြစ်ရောတောင်အာဖရိကလူမည်းတွေရဲ့စားဝတ်နေရေးသံတမန်အဖြစ်ပါခန့်အပ်ခံခဲ့ရပါတယ်။ဒါပေမယ့်သူဘာမှမသိဘူး interviewတိုင်း talkshowတိုင်း ရယ်ပြတာကလွဲရင်သူဘာမှမသိမပြောတတ်မလုပ်တတ်ခဲ့ပါဘူး။ဒီ၂ကားအပြီးမှာတော့TomaဟာHollywood အာဖရိကတင်မကပဲဟောင် ကောင်ရုပ်ရှင်လောကကပါကမ်းလှမ်းခြင်းခံခဲ့ရပါတော့တယ်။ ဟောင်ကောင်ထုတ်လုပ်ရေးနဲ့ပထမဆုံးရုံတင်လာတဲ့ကားက Crazy Safariဒီကားကလဲရှေ့ကTGMBC တွေလိုပဲအောင်မြင်ခဲ့ပါတယ်။ ဟောင်ကောင်ဒေါ်လာသိန်း၁၀၀ကျော်ရခဲ့သလို Tomaရဲ့ဘရုစလီလိုလုပ်ကွက်တွေကလဲဘရုစလီနဲ့တူအောင်ရိုက်တဲ့သူတွေထဲအအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။ တရုတ်သရဲတကောင်နဲ့တိုင်ပတ်နေတဲ့လူရိုင်းကားပေါ့။ဒီကားအပြီး Tomaဟာ Crazy Hong Kong(1993) / The Gods Must Be Funnyin China (1994) / Sekai Ururun Taizaiki ( 1996 )ကားတွေထွက်ခဲ့ပြီးလူရိုင်းတွေထဲအောင်မြင်မှုအကြီးမားဆုံးလူသားအဖြစ် 1996ခုနှစ်မှာဂင်းနစ်စံချိန်ဝင်ခဲ့ပြီးရုပ်ရှင်သမိုင်းမှာ ဟာသလူရိုင်းသရုပ်ဆောင်အဖြစ်တသက်တာအနုပညာရှင်ဆုကိုရခဲ့ပါတော့တယ်။ TomaဟာSakei Ururun Taizaikiဇာတ်ကားအပြီးမှာတော့သူ့ရွာကိုပဲပြန်ချင်ကြောင်းပြောလာခဲ့လို့ပီတာကပို့ပေးခဲ့ပြီးရုပ်ရှင် ဘယ်တော့မှထပ်မရိုက်တော့ပဲမိသားစုနဲ့အတူရွာမှာပဲအမဲလိုက်ရင်းနေထိုင်ခဲ့ပါတော့တယ်။သူဟာဒီဆယ်စုနှစ်အတွင်း ဒေါ်လာသန်း၇၀ကျော်ရရှိခဲ့ပေမယ့် ဒီစက္ကူတွေကသူ့မိသားစုအတွက်အသုံးမဝင်ကြောင်းပြောခဲ့ပြီး အာဖရိကကလေးသူငယ်များအစာအဟာရချို့တဲ့မှု Foundationကိုအကုန်လှူတန်းခဲ့ပါတယ်။ Tomaဟာကမ္ဘာပေါ်ကလူရိုင်းတွေရဲ့နေထိုင်မှု ရိုးသားမှု တောင်အာဖရိကရဲ့လူမည်းတွေရဲ့ဒုက္ခရောက်နေမှုကို ကမ္ဘာကိုသိအောင်ပြောကြားခဲ့သူဖြစ်ပြီးရုပ်ရှင်လောကမှာပထမဆုံးလူရိုင်းမင်းသားတယောက် အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၀၃ခုနှစ်ဇူလိုင်လ ၁၂ရက်နေ့မှာတော့ Toma ဟာငှက်ဖျားရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်။ ရုပ်ချောမှ စကားပြောကောင်းမှဆိုတဲ့ အနုပညာလောကမှာဒီလူရိုင်းကဘာမှသေချာမပြောတတ်ဘဲ ဂဏာန်းအလုံး၂၀ထက် ပိုမမှတ်တတ်ဘဲ ငွေတွေနာမည်ကြီးမှုတွေအောင်မြင်မှုတွေကိုမသိဘဲ ဝင်ရောက်လာခဲ့ပြီးကမ္ဘာ့ရုပ်ရှင်လောကမှာနာမည်တခုထားသွားခဲ့ပါတယ်။ အာဖရိက မော့စ် ပုလင်းမင်းသားလို့မြန်မာကသိကြတဲ့ Toma ဟာဂျစ်ကားပြောင်းပြန်မောင်းတာတွေခြင်္သေ့လိုက်လို့ပြေးတာတွေ ပုလင်းတလုံးနဲ့တရွာလိုက်ပြသနာတက်တာတွေ မြို့ပြကိုသားဖြစ်သူတွေနောက်လိုက်ရင်းဝရုန်းသုန်းကားဖြစ်တာတွေ တရုတ်သရဲနဲ့အသီးခူးတာတွေ တောတွင်းဟာသအလွဲတွေနဲ့ သူ့ရိုးသားဖြူစင်တဲ့အပြူံးဘဝမှာမိသားစုကလွဲပြီးဘာမှမသိတဲ့လူတယောက်အဖြစ် ငွေကြေးအောင်မြင်မှုတွေမရှိဘဲ ပျော်ရွှင်တဲ့လူတယောက်အဖြစ်နေထိုင်နိုင်ကြောင်းလူရိုင်းတွေရဲ့အရိုးခံစိတ်ထားတွေက ကမ္ဘာ့ရုပ်ရှင်လောကမှာရောကမ္ဘာပေါ်ကလူတွေအတွက်မှာမမေ့နိုင်စရာလူတယောက်ပါ။ သူဒေါ်လာသန်းချီပိုင်ဆိုင်ခဲ့တယ်။ ဒါပေမယ့် ဒီချမ်းသာမှုတွေနဲ့မိသားစုဘဝကိုမလဲခဲ့ဘူး။ အောင်မြင်မှု StarIdol Fan ပရိတ်သတ်ဆိုတာကိုမသိဘူး။ဒီလိုလူမျိုး ရုပ်ရှင်လောကမှာရော အနုပညာလောမှာပါတယောက်မှမရှိပါဘူး။ Forever Respect My Childhood Idol Ref : Twitter The Gods Music Be Crazy Book Inc Magazine (Toma ) ထက်ဝန (ရုပ်ရှင်အညွှန်းကို Htet Wa Na Facebook မှကူးယူဖော်ပြပါသည်။) File size…(2.3 GB)/(1.2 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:36:00 Genre… Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phu Thet Khin

TV Movie • Comedy • Romance • Family
5.4 1991 96 mins
The Gods Must Be Crazy III: Crazy Safari
The Teacher Who Promised the Sea
7.4

The Teacher Who Promised the Sea (2024) IMDb Rating (7.4) / Rotten Tomatoes (100%) တစ်ခါတလေကျ ရုပ်ရှင်မှာ ပြဿနာတစ်ခုရှိတယ်။ အဲဒီပြဿနာကို တန်ဖိုးဖြတ်ပုံ စံနှုန်းမတူညီခြင်းလို့ ခေါင်းစဉ်တပ်လည်းရတယ်။ ခံစားပုံခံစားနည်းခြင်းမတူလို့ ခံစားချက်ကွဲသွားတယ်ပြောလည်းရတယ်။ ဥပမာဆို ကျွန်တော်က ကျွန်တော်နေတဲ့ မြို့ကလေးကို ရည်းစားစာပေးတဲ့အနေနဲ့ ကျွန်တော်က ဇာတ်လမ်းတစ်ပုဒ် ရိုက်လိုက်တယ်ထား။ ကျွန်တော်ကတော့ ဇာတ်ကောင်ကို အဓိကမထားဘဲ ဒီမြို့ကလေးရဲ့ သမိုင်းကြောင်းနဲ့ ဒီမြို့ကလေးနဲ့ ဒီမြို့သားတွေရဲ့နှလုံးသားနဲ့ကြားက ကွင်းဆက်လိုဖြစ်နေတဲ့ နေရာတွေကို အဓိကရိုက်ပြလိုက်မှာပဲ။ ဒီအခါ ဒီမြို့ရဲ့သမိုင်းကို သိကြတဲ့လူတွေအတွက်တော့ ဒီနေရာတွေကို ပြတာက ထိခတ်ချင် ထိခတ်မယ်။ မသိတဲ့လူတွေအတွက်တော့ ဘာတွေလာပြနေတာလဲဆိုပြီး နည်းနည်းဝေးသွားလိမ့်မယ်။ ဘာကြီးလဲလို့ ပြောစရာဖြစ်ချင်ဖြစ်သွားလိမ့်မယ်။ တစ်ခါတလေကျ ရုပ်ရှင်မှာ အဲဒီလိုပြဿနာမျိုး ရှိတယ်။ စကားလုံးနဲ့မဟုတ်တဲ့အတွက် ယူသလိုပဲရတဲ့ ပမာဏက ပိုမြင့်မားသွားတတ်တယ်။ ဒီရုပ်ရှင်ကလည်း အဲဒီလိုပြဿနာရှိတဲ့ ရုပ်ရှင်မျိုးပဲ။ ဒုတိယကမ္ဘာစစ်မတိုင်ခင်က ဖြစ်ခဲ့တဲ့ စပိန်ပြည်တွင်းစစ်ကာလထဲ အသတ်ခံရသူတွေ တွေ့ကရာနေရာမှာ အမြုပ်ခံလိုက်ရတဲ့သူတွေ ထောင်ပေါင်းများစွာ ရှိခဲ့တယ်။ ၁၉၃၀နှောင်းကတည်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေပေမဲ့ အခုထက်ထိ ဒီသုဿန်မြေတွေကို သူတို့က တူးနေကြတုန်းပဲ။ အတိတ်ကို ပြန်ဖော်နေကြတုန်းပဲ။ အဲဒီအကြောင်းတွေကို ရိုက်ပြထားတဲ့ စပိန်ရုပ်ရှင်တွေဆိုတာလည်း ဒါပထမဆုံးတော့ မဟုတ်ဘူး။ ဒါကို အစိမ်းသက်သက်တွေ လက်ထဲ သွားထည့်ပေးလိုက်ရင်တော့ ဒီရုပ်ရှင်က ဘာကြီးလဲလို့ ပြောစရာတော့ ရှိပေမဲ့ သူ့တန်ဖိုးစံနှုန်းနဲ့ သူတော့သွားတာပါပဲ။ ဒီရုပ်ရှင်ဟာ အတိတ်အကြောင်းပါပဲ။ အမေ့ဖျောက်ခံရတဲ့ သမိုင်းတစ်ခုကို မမေ့ချင်သူတွေအကြောင်းပါပဲ။ မလှတဲ့အတိတ် မလှတဲ့သမိုင်းကိုပေါ့။ သမိုင်းဆိုတာ လှတာပဲဖြစ်ဖြစ် မလှတာပဲဖြစ်ဖြစ် သယ်ဆောင်သွားဖို့လိုတာပါပဲ။ အတိတ်တွေဆိုတာ ဘယ်တော့မှ ဖယ်ရှားပစ်လို့မရတဲ့ လှေကားထစ်တွေလို ကျွန်တော်တို့ရဲ့လမ်းအစတွေ ဖြစ်ခဲ့တယ်။ နိုင်ငံရေးမှာပဲဖြစ်ဖြစ် အနုပညာမှာပဲဖြစ်ဖြစ် ဘဝမှာပဲဖြစ်ဖြစ် အတိတ်သမိုင်းဟာ အမြဲတမ်းလက်ရှိတွေ ဖြစ်တည်လာခြင်းရဲ့ အကြောင်းရင်းအဖြစ် ရှိနေလိမ့်မယ်။ သူတို့အတိတ်ကို သူတို့မမေ့ကြတဲ့ ရုပ်ရှင်တွေကို ကျွန်တော် သဘောကျပါတယ်။ ဒီရုပ်ရှင်ကိုလည်း သဘောကျတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(2.3 GB) / (1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,History Duration….01:46:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Action • Drama • Crime
7.4 2024 105 mins
The Teacher Who Promised the Sea