YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Silo.S01E04.1080p.CM.mp4

470 MB N/A video/mp4 1018 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Detective Dee and Grand Canal Dragon
3

ယခုတစ်ခေါက် မှုခင်းစုံထောက်ကားတွေကြိုက်တတ်တဲ့သူတွေအတွက် စုံထောက်ကြီးဒီးရန်ကျယ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ချွေကုန့်ခုနှစ်မှာ ဝူကျဲထျန်းဟာ လုံမိန်သို့ တိုင်းခန်းလှည့်လည်ရာမှာ စီးမာချိန်ကျန်းနဲ့ မူးမတ်ရာကျော် လိုက်ပါလာခဲ့ပါတယ်။ ညအချိန် လော့ယန်က လူသောင်းချီတဲ့ လမ်းတွေပေါ်ကနေ လုံမိန်သုံး အပြေးလာကြပြီး မင်းကြီးကို လာရောက်ဖူးမြော်ကြပါတယ် အဲ့အချိန်မှာ တူးမြောင်းကြီးထဲကနေ နဂါးသဏ္ဍာန်တိရိစ္ဆာန်ကြီးက တော်ဝင်သင်္ဘောကို တိုက်ခိုက်ခဲ့ပါတယ်။ လော့ယန်မှ ပြည်သူတွေက နိမိတ်ဆိုးအဖြစ်နဲ့ ပြောဆိုနေကြတဲ့အတွက် ဝူကျဲထျန်းက ဒေါသူပုန်ထပြီး ဒီးရန်ကျယ်ကို နဂါးမင်းအမှုကို စစ်ဆေးဖို့ ပြန်လည်ဆင့်ခေါ်ခဲ့တယ်။ လော့ယန်တစ်မြို့လုံးမှာ ကောလာဟလတွေနဲ့ ပြည်သူအားလုံး ကြောက်လန့်နေကြပါတယ်။ ဒီးရန်ကျယ်တစ်ယောက် နဂါးမင်းအမှုကို ၇ ရက်အတွင်း အဖြေထွက်အောင် စုံစမ်းစစ်ဆေးဖို့ အမိန့်ကျလာတဲ့အခါမှာ အခက်အခဲတွေ အန္တရာယ်တွေကြားက အမှန်တရားကို ဘယ်လိုဖော်ထုတ်မလဲဆိုတာကို ရုပ်ရှင်လေးနဲ့အတူ ခံစားအဖြေရှာလိုက်ကြရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Moon Encoded by LK

3 2023 70 mins
Detective Dee and Grand Canal Dragon
While You Were Sleeping
7

မင်းသမီးကြီး Sandra Bullockသရုပ်ဆောင်ထားတာဆိုတော့ မကောင်းမှာစိုးရိမ်စရာမလိုပါဘူး။ ဘဝဆိုတာ ဘယ်တော့မှ ကိုယ်စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာဘူးတဲ့။ ရထားဘူတာရုံမှာ အလုပ်လုပ်တဲ့ကောင်မလေးLucyဟာ ဘူတာရုံကိုရထားလာစီးနေကျ ကိုယ်တော်ချောတစ်ယောက်ကို ကြိတ်ကြွေနေခဲ့ပါတယ် ။ ကိုယ့်ဘက်ကကြွေနေရပေမဲ့ သူက ကိုယ်ရှိမှန်းတောင် မသိပါဘူး။ တစ်နေ့မှာ ထိုကိုယ်တော်ချောဟာ လူရမ်းကားတွေကြောင့် ပလက်ဖောင်းပေါ်ကနေ ရထားသံလမ်းပေါ်ကို ပြုတ်ကျသွားပါတယ်။ ဒီအချိန်မှာ Lucyက ကယ်ပေးပြီး ဆေးရုံပို့လိုက်ပါတယ်။ ကိုယ်တော်ချော ကိုမာရနေပြီး မိသားစုတွေရောက်လာချိန်မှာ Lucyကို သူတို့ချွေးမလောင်းအဖြစ် ထင်မှတ်မှားသွားကြပါတယ်။ Lucyလည်း အဖြစ်မှန်ကို ရှင်းပြချိန်မရလိုက်ပါဘူး။ ဒီလိုနဲ့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ပါဦးခင်ဗျာ။ ချစ်စရာကောင်းတဲ့အချစ်မြူးကားလေးမို့ လက်မလွှတ်တမ်း ကြည့်ရှူလိုက်ကြပါဦး။ File Size : (4.5GB) and (866MB) Quality : Blu-Ray 1080P5.1Ch,720p Format…mp4 Duration…01:43:00 Genre : Romance, Drama,  Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Comedy • Crime • Thriller
7 1995 103 mins
While You Were Sleeping
Jingle All the Way
6

ခရစ္စမတ်နီးလာတိုင်း ကျွန်တော်တို့ကြည့်လေ့ကြည့်ထရှိတဲ့ကားလေးဆိုရင်တော့ Home Alone (1990) လေးပဲဖြစ်မယ်ထင်ပါတယ်။ ဘာလို့ကြည့်လဲဆိုရင်တော့ ငယ်ဘဝကို ပြန်ခံစားချင်လို့ ကြည့်တယ်ဆိုပါတော့ဗျာ။ 1990‌ ကျော်ခုနှစ်များဆီက အငွေ့အသက်တွေ၊ ထိုနေ့ခေတ်များဆီက ခရစ္စမတ်ကျင်းပပုံတွေ၊ ခေတ်‌တစ်ခေတ်ရဲ့ သဘောသဘာဝတွေရဲ့ ခံစားလို့ရတဲ့ ရုပ်ရှင်လေးတွေပဲဆိုပါတော့။ ဒီလိုရုပ်ရှင်လေးတွေထဲမှာ ကျွန်တော့်အတွက်တော့ Home Alone ပြီးရင် အကြိုက်ဆုံးခရစ္စမတ်ကားလေးဖြစ်တာကတော့ ဒီကားလေးပဲဗျ။ တကယ်ကောင်း၊ ရှယ်ကောင်း၊ တော်တော်ကောင်းပါတယ်။ တကယ်ကြည့်ထိုက်တယ်ဗျ။ ဇာတ်လမ်းလေးက အစ အလယ်ကနေ အဆုံးဇာတ်ဝင်ခန်းထိကို ကောင်းတာဗျ။ တကယ်လည်း တစ်ကားလုံးတောက်လျှောက် စိတ်လှုပ်ရှားမှုအပြည့်နဲ့ကို ကြည့်နေရတဲ့ကားပါ။ ပြီးတော့ ပိုထူးဆန်းတာကို ပြောပြပါဆိုရင်တော့ ဒီဇာတ်ကားလေးကို ကျွန်တော်တို့ရဲ့အက်ရှင်မင်းသားကြီး၊ Terminator မင်းသားကြီးအာနိုးလ်က သရုပ်ဆောင်ထားတာပါပဲ။ မင်းသမီးဟာလည်း ၉၀ ကျော်ခုနှစ်များရဲ့နာမည်ကျော်မင်းသမီး ရိတာဝေလ်ဆန်က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Comedy/ Family အမျိုးအစားမလို့ ဘယ်လိုကားမျိုးလေးလဲဆိုတာကိုတော့ ခန့်မှန်းလို့ရလောက်မယ်ထင်ပါတယ်။ သုံးခဲ့တဲ့ဘက်ဂျက်ရဲ့ နှစ်ဆကျော်ဝင်ငွေပြန်ရခဲ့တဲ့ ဒီရုပ်ရှင်ကားလေးဟာ ဒေါင်းကြည့်ဖို့တကယ်ထိုက်တန်လှတာမို့ ခရစ္စမတ်မှာ chill ဖို့ Jingle All the Way လေးကို ဒေါင်းကြည့်ကြပါဦး။ ပြောဖို့တစ်ခုကျန်ခဲ့တယ်ဗျို့။ ဇာတ်ဝင်သီချင်းတွေ တကယ်ရှယ်ကောင်းပဲဗျ။ ကဲ Jingle All the Way လေးကို ရှုစားအားပေးလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို San Thu Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 1.05GB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 29Min Genre - Adventure, Comedy, Family Subtitle - Myanmar Subtitle (Hardsub) Translated by San Thu Aung Encoded by Y

Crime • Horror • Thriller
6 1996 89 mins
Jingle All the Way
Luzifer
5.3

~ Rotten Tomatoes - 100% ~ Horror ရုပ်ရှင်ပေမဲ့ ကနေဒါက ရုပ်ရှင်ပွဲတော်တွေမှာ Best Picture ရထားပါတယ်။ Horror ဆိုပေမဲ့ အကြမ်းပတမ်းတွေ မပြဘဲ သိမ်သိမ်မွေ့မွေ့နဲ့ စိတ်ညစ်အောင် ရိုက်ပြထားတဲ့ ရုပ်ရှင်ပါ။ ဂျာမန်စကားပြောရုပ်ရှင်ဖြစ်ပြီး Rotten Tomatoes 100% ရထားတဲ့ Art House ဆန်ဆန် ရုပ်ရှင်လို့ပြောလည်း မမှားပါဘူး။ ဖြစ်ရပ်မှန်ကို အခြေတည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဘာသာရေးတွေ နတ်ဆိုးတွေနဲ့ ဆိုက်ကိုဆန်ဆန် ပုံဖော်ထားပါတယ်။ အသက်ကြီးလာပေမဲ့ ကလေးစိတ်ပဲရှိသေးတဲ့ သားကို ကာကွယ်ပေးချင်လို့ လူမနီးသူမနီးတောကြီးထဲ သွားနေတဲ့အမေနဲ့ သူ့သားကြားက စိတ္တဇဆန်ဆန်ဖြစ်ရပ်တွေကို စိတ်ညစ်စရာကောင်းအောင် ရိုက်ပြထားတဲ့ ရုပ်ရှင်ပါ။ Metaphor တွေ တပုံတပင်သုံးထားတဲ့ ဥရောပ Art Houseရုပ်ရှင်တွေကို မြည်းစမ်းကြည့်ချင်တဲ့သူတွေ ကြည့်သင့်တဲ့ ရုပ်ရှင်ဖြစ်ပြီး Actor တွေရော Actress တွေရော ရုပ်ရှင်ပွဲတော်တွေမှာ ဆုရထားပါတယ်။ တလောကထွက်ခဲ့တဲ့ You Won't Be Aloneဆိုတဲ့ Art House ဆန်ဆန် စုန်းကားနဲ့ ပြသပုံတောင်နီးစပ်ပါတယ်။ အရသာတော့မတူဘူးပေါ့။ ဒီရုပ်ရှင်က ဘုရားသခင်ကို ယုံကြည်ပြီး နတ်ဆိုးဆိုတာ ဘာလဲအဖြေရှာတဲ့ ရုပ်ရှင်နဲ့ပိုတူပါတယ်။ ရှားရှားပါးပါး Horror ရုပ်ရှင်ကို RT 100% ရထားပြီး ဆုတွေအများကြီးရထားတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.31GB, 571MB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 43Min Genre - Drama, Horror Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy
5.3 2022 103 mins
Luzifer
Qimen Flying Armor

အလင်းရောင်အောက်မှာ အရိပ်ရှိလိမ့်မယ်တဲ့။ ဒီတစ်ခေါက် ဘာသာပြန်တင်ဆက်ပေမယ့် ရုပ်ရှင်လေးရဲ့ အကျဉ်းလေးကတော့- ဝမ်ရှောင်ရှာဆိုသူဟာ မြို့ငယ်လေးတစ်မြို့မှာ မျက်ကန်းအဖေနဲ့အတူ ခြင်းတောင်းတွေ ရက်လုပ်ရောင်းချနေသူဖြစ်ပါတယ်။ သူ့ရဲ့ တစ်ခုတည်းသောဆုတောင်းက သူ့အဖေရဲ့မျက်စိကို ပြန်မြင်စေချင်တာပဲ ဖြစ်ပါတယ်။ သူ့အဖေအတွက် ဆေးကုပေးဖို့ သမားတော်ကို ရှာဖွေရင်း ချီရင်ဂိုဏ်းက ရှန်လန်အာနဲ့ တွေ့ဆုံခဲ့ပြီး အကြံအစည်ကြီးတစ်ခုထဲကို မတော်တဆဝင်ရောက်သွားခဲ့ပါတယ်။ ချီရင်ဂိုဏ်းဟာ လောကကိစ္စတွေမှာ ဝင်မပါပဲ ထျန်းကျွယ်ဝမ်ချဲ့ဆိုတဲ့ နတ်ပစ္စည်းတစ်ခုကို ကာကွယ်စောင့်ရှောက်နေရတဲ့ဂိုဏ်းတစ်ခုဖြစ်ပါတယ်။ အဲ့ဒီနတ်ပစ္စည်းကို လိုချင်နေတဲ့ မိစ္ဆာအရှင်ကြီး မော်ကျိုကတော့ ဝမ်ရှောင်ရာရဲ့အဖေကိုဖမ်းဆီးထားပြီး သူ့အတွက်ချီရင်ဂိုဏ်းထဲမှ ဝမ်ချဲ့ကိုယူခဲ့ပေးဖို့ခြိမ်းခြောက်ခဲ့ပါတယ်။ ချီရင်ဂိုဏ်းထဲ ရောက်လာတဲ့ ဝမ်ရှောင်ရှာတစ်ယောက် ဖုံးကွယ်ထားတဲ့ သူ့ဘဝအကြောင်းကို သိပြီးနောက်- သူ့အဖေကို ကယ်တင်နိုင်ပါ့မလား ...... သူ့ခန္ဓာကိုယ်ထဲက အစွမ်းတွေကို ဘယ်လိုရလာပြီး ဘယ်လိုအသုံးချသွားမလဲ...... ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon  Encoded by LK

Action & Adventure • Crime • Drama • Mystery
0 2023 77 mins
Qimen Flying Armor
The Tender Bar
6.6

အချိန်က ၁၉၇၂ ခုနှစ်... ဖခင်ဖြစ်သူက မိသားစုကို စွန့်ပစ်သွားတဲ့နောက် ဂျေအာ လို့ခေါ်တဲ့ ကိုးနှစ်အရွယ်ကောင်လေးတစ်ယောက် သူ့အမေနဲ့အတူတူ အဘိုး အဘွားနဲ့ ဦးလေးတို့ရှိတဲ့ အိမ်ကြီးမှာ နေဖို့ဖြစ်လာတယ် ပြဿနာပေါင်း သောင်းခြောက်ထောင်တွေရယ် ပညာတတ်မရှိတဲ့ သူတို့မိသားစုမှာ ကိုးနှစ်သား ဂျေအာကတော့ သူတို့အိမ်ရဲ့ ဆည်းလည်းလေးပဲ ဒီတော့ ဒီလိုအရှုပ်ထုပ်တွေထဲကနေ အမေဖြစ်သူကတော့ သူ့လိုမဖြစ်စေချင်လို့ ဂျေအာကို ကောလိပ်ပညာတတ်ကြီးတစ်ယောက်ဖြစ်အောင်ထားမယ်ဆိုပြီး သန္နိဌာန်ချထားတယ် အဖေမရှိတဲ့ ဂျေအာအဖို့ ဦးလေးဖြစ်သူ ချာလီကို အရမ်းအားကိုးတယ် ချာလီကလည်း ဂျေအာအပေါ်ကို အဖေတစ်ယောက်လို အစ်ကိုတစ်ယောက်လိုစောင့်ရှောက်ပေးပါတယ် တကယ်တော့ ကိုးနှစ်သားကလေးတစ်ယောက်အတွက် မြင်ရကြားရသမျှအရာရာဟာ သူ့အတွက် သင်ယူစရာချည်းပဲ ဒီတော့ ဖခင်မရှိတဲ့ ဂျေအာအဖို့ ဘားဆိုင်ဖွင့်ထားတဲ့ ဦးလေးချာလီဟာလည်း သူ့အတွက် ဆရာပါဘဲ ကောလိပ်မတက်ခဲ့ရတဲ့ ဘားပိုင်ရှင်ချာလီဟာ လူနုံလူအတစ်ယောက်တော့မဟုတ်ခဲ့ဘူး အတန်းပညာ မပြည့်စုံပေမယ့် ဘ၀ပညာပြည့်စုံနေတဲ့သူတစ်ယောက်...သူ့တူလေးဂျေအာကို လူတော်လူကောင်းတစ်ယောက်ဖြစ်အောင် သူသိသမျှ တတ်သမျှ အရာရာတိုင်းနဲ့ ပံ့ပိုးပေးတယ် ဘားမှာရှိသမျှ စာအုပ်တွေကို ဂျေအာဖတ်ဖို့ပေးတယ် စာဖတ်များရင် စာရေးဆရာတစ်ယောက်ဖြစ်လာနိုင်တယ်ဆိုတဲ့ ချာလီရဲ့ စကားကြောင့် ဂျေအာရဲ့ အိပ်မက်က စာရေးဆရာ ဖြစ်သွားတော့တယ် ဒါပေမယ့် တစ်ဖက်မှာလည်း သူ့သားကို ရှေ့နေတစ်ယောက် ဖြစ်စေချင်တဲ့ အမေ့ရဲ့ အိပ်မက်ကလည်း ရှိနေပြန်တယ် ချာလီရဲ့ပံ့ပိုးမှုနဲ့ လူတော်တစ်ယောက်ဖြစ်လာတဲ့ဂျေအာဟာ ပညာရေး အိပ်မက် မိသားစုရှုပ်ထွေးမှု စတာတွေကြားထဲမှာ သူ့ရဲ့ ရည်မှန်းချက်တစ်ခုဖြစ်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်လာဖို့ ကြိုးစားမှုတွေကို ငေးမောကြည့်ရှုရမှာ ဖြစ်တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ်ပါ Cast တွေအနေနဲ့ဆိုရင်လည်း Batman မင်းသားကြီး Ben Affleck.. Ready Player One မင်းသား Tye Sheridan စတဲ့နာမည်ကြီးတွေပဲမို့ လက်လွှတ်မခံသင့်တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကောင်းတစ်ပုဒ်ဆိုတာ ပြောစရာလိုမယ် မထင်‌ပါဘူး ခံစားလိုက်ကြပါဦး File size…(1.7 GB)/(1 GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:46:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Chuck and Thiha Yan Naing

6.6 2021 104 mins
The Tender Bar
Harry Potter and the Chamber of Secrets
7.7

Platform 9¾ ကနေ ပြန်လည် ကြိုဆိုပါတယ်။ Hogwarts ရထားကြီးနဲ့ wizarding world ကို အလည်တစ်ခေါက် ထပ်သွားပြီး Chapter တစ်ခုချင်းစီကို အစဉ်လိုက် ပြန်အလွမ်းသည်ကြမယ်ဗျာ ... ခင်ဗျားက muggle မဟုတ်ရင်တော့ အသက်ရှင်ကျန်ခဲ့သူ ကောင်လေးအကြောင်း ကြားဖူးပြီးသားဖြစ်မှာပါ ... သူ့နာမည်က Harry Potter တဲ့ .. ထင်ရှားတဲ့အမှတ်အသားဆို နဖူးမှာ အမာရွတ်လေးနဲ့ မှန်ကြောင်ကောင်လေးတစ်ယောက်ပါပေါ့ ။ ဒီ အမာရွတ်လေး ရခဲ့တဲ့ ညကနေ စလို့ သူဟာ သူကိုယ်တိုင် မသိပါဘဲ မှော်လောကမှာ ကျော်ကြားလာခဲ့တယ်... မနာခံသူ မှန်သမျှ အရှင်မထားတတ်တဲ့ မှော်ဆရာကြီး တစ်ယောက်ရဲ့ လက်က လွတ်မြောက်ခဲ့သူအဖြစ်ပေါ့... မှော်ဆရာကြီးက ဘယ်သူလဲတော့ လာမမေးပါနဲ့ ... ကျွန်တော်တို့ သူ့နာမည်ကို ထုတ်မပြောကြဘူး ... သိုပေမဲ့ Harry Potter ဆိုတဲ့ မှော်ဆရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိအပြည့်မွေးပြီး ရွန်၊ ဟာမွိုင်နီဆိုတဲ့ သူငယ်ချင်း ၂ ယောက်နဲ့အတူ ဒီမှော်ဆရာကြီးနဲ့ အချိန်အကြာကြီး ရင်ဆိုင်ခဲ့ပါတယ် ... အဆိုးနဲ့အကောင်း အမှောင်နဲ့အလင်း အမည်းနဲ့အဖြူလို ဆန့်ကျင်နေတဲ့ ဒီ မှော်ဆရာ ၂ ယောက်ရဲ့ တိုက်ပွဲရှည်ကြီးကို ပြန်လှန်လေ့လာလိုက်ကြပါစို့... မြန်မြန်တက်ကြဗျို့ Hogwarts ရထားကြီး ထွက်တော့မယ် !! (The Philosopher's Stone(or)The Sorcerer's Stone (2001) နဲ့ The Chamber of Secrets (2002) နှစ်ကားက ရုံတင်ဗားရှင်းထက် 10မိနစ်စာလောက်ပိုပါတဲ့ EXTENDED Version ထွက်ထားပါတယ်။ဒါကြောင့်မို့ 1080p နဲ့ 720p ကို EXTENDED version နဲ့ တင်ဆက်ထားပြီး 4K ကတော့ ရုံတင်ဗားရှင်းဖြစ်ပါတယ်။) File size…(5.7 GB) /(2.5 GB)/(1.1 GB) Quality….BluRay 4K HEVC/EXTENDED 1080p /720p Format…mkv/mp4 Duration….02:54:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Yoon Sandi Aung

Comedy • Drama
7.7 2002 161 mins
Harry Potter and the Chamber of Secrets
Trumbo
7.4

ဒီတစ်ခါမှာတော့ စာရေးဆရာ ဒေါ်လ်တန်ထရမ်ဘိုရဲ့ဘဝအကြောင်းကိုရိုက်ကူးထားတဲ့ Trumbo ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးထဲမှာ Breaking Bad ထဲမှမင်းသားကြီး Bryan Cranstonကပါဝင်သရုပ်ဆောင်ထားပြီး Malificent ထဲက မင်းသမီးလေး Elle Fanning လည်းပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ ထရမ်ဘိုဟာ 1947 မှာဟောလိဝုဒ်ရဲ့အအောင်မြင်ဆုံးထိပ်သီးစာရေးဆရာတစ်ယောက်ပါ ဒါပေမဲ့ သူနဲ့အတူ အခြားအနုပညာရှင်တချို့ဟာ ကွန်မြူနစ်တွေအဖြစ် စုံစမ်းစစ်ဆေးခံရပြီး တရားရင်ဆိုင်ရပါတယ် နောက်ပြီး သူတို့တွေကို နာမည်ပျက်စာရင်းသွင်းပြီး သပိတ်မှောက်ကြပါတယ်။ ထရမ်ဘိုတို့ဟာလည်း အလုပ်သမားအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားမှုတွေမှာထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီး ထောင်ကျခဲ့ပါတယ်။ ထောင်ကထွက်လာပြီးနောက်မှာ သူ့ကိုဘယ်သူကမှအလုပ်တွဲမလုပ်ကြတော့ပါ မခေါ်မပြောနဲ့ဝိုင်းပြီးခွဲခြားခံခဲ့ရပါတယ်။ ဒါပေမဲ့ အဲ့လိုအခြေအနေမှာတောင် ဒေါ်လ်တန်တစ်ယောက် စကားလုံးနဲ့ဥာဏ်ပညာကိုအသုံးချပြီး အကယ်ဒမီဆုနှစ်ဆုကိုရအောင်ယူပြခဲ့ပါတယ် အဲ့နောက်မှာတော့ နာမည်ပျက်စာရင်းဆိုတာကြီးကို ဖျောက်ဖျက်ဖို့သူဘယ်လိုကြိုးစားခဲ့တယ်ဆိုတာကို ပုံဖော်ရိုက်ကူးထားပါတယ် ဒီဇာတ်ကားဟာ ဒေါ်လ်တန်ထရမ်ဘိုရဲ့ အတ္ထုပ္ပတ္တိကိုရိုက်ကူးထားတဲ့ Biography Film အမျိုးအစားလေးပါ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre…Drama, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

7.4 2015
Trumbo
The Song of Lunch
7.3

(function(f,b,n,j,x,e){})(); ကဗျာဆရာကြီး ခရစ်စတိုဖာရိဒ်ရဲ့ “The Song of Lunch” လို့အမည်ရတဲ့ ကဗျာကို ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော်ရိုက်ကူးထားပြီး IMDb 7.3 အထိရရှိထားတဲ့ မြင်တွေ့ရခဲတဲ့ ရှားရှားပါးပါးရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ဆောင်တွေကလည်း ဝါရင့်သရုပ်ဆောင်မင်းသားကြီး Alan Rickman နဲ့ မင်းသမီးကြီး Emma Thompson တို့ပါ။ ကဗျာကိုပြန်လည်ရိုက်ကူးထားတဲ့အတွက် ဒီရုပ်ရှင်ထဲမှာ ကာရိုက်တာတွေရဲ့နာမည်တွေကို သူ၊ သူမ အစရှိသဖြင့်ပဲ သုံးစွဲထားပါတယ်။ “သူ”ဆိုတာက လန်ဒန်မြို့က စာပေထုတ်ဝေသူ သက်ကြီးပိုင်းအမျိုးသားကြီးပါ။ “သူမ”ကတော့ “သူ့”ရဲ့ရည်းစားဟောင်းဖြစ်သူ၊ လက်ရှိအချိန်မှာ ဇနီးကောင်းတစ်ဦး၊ သားတွေရဲ့အမေကောင်းတစ်ဦးတောင် ဖြစ်နေပြီး ဘ၀မှာအထိုင်ကျနေတဲ့သူ။ မတွေ့ရတာ ဆယ်စုနှစ်တစ်ခု ကျော်ပြီဖြစ်တဲ့ သူ နဲ့ သူမဟာ လန်ဒန်မြို့၊ ဆိုဟိုရပ်ကွက်ထဲက စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လယ်စာအတူစားဖို့ အကြောင်းဖန်လာခဲ့တယ်။ သူဟာ စားသောက်ဆိုင်ကိုသွားဖို့ ရုံးခန်းကနေဆင်း လမ်းလျှောက်လာကတည်းကနေစပြီး မြင်မြင်သမျှအရာကို စာဆန်ပေဆန်တဲ့စကားလုံးတွေနဲ့ ပုံဖော်လာလိုက်တာ သူမနဲ့အတူ နေ့လယ်စာစားပြီးချိန်အထိပါပဲ။ တချိန်ကသိပ်ချစ်ခဲ့ရပြီး ကံဆိုးစွာနဲ့လွဲချော်ခဲ့ရတဲ့ “သူမ”ကို ပြန်တွေ့လိုက်ရတဲ့အချိန်မှာ သူနဲ့ သူမ ဘာတွေပြောကြမလဲ၊ “သူ့”ရင်ထဲက ဘယ်လိုခံစားချက်‌တွေ ထွက်လာမလဲ၊ ဒီထွက်ပေါ်လာတဲ့ ခံစားချက်တွေကို ၀မ်းနည်းစရာအကောင်းဆုံး ကဗျာအဆန် စာအဆန်ဆုံးစကားလုံးတွေနဲ့ ဘယ်လိုပုံဖော်မလဲ၊ သူတို့ရဲ့ နေ့လယ်စာ‌တွေ့ဆုံမှုလေးရဲ့ အဆုံးသတ်ကရော ဘယ်လိုဖြစ်သွားမလဲ ဆိုတာကိုတော့ မိနစ် ၅၀ ကြာတဲ့ ရုပ်ရှင်လေးထဲမှာ ဆက်လက်စီး‌မျောခံစားကြည့်ဖို့ ညွှန်းဆိုရင်းနဲ့ပဲ… File size…(830 Mb)/(320 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….00:50:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

7.3 2010
The Song of Lunch
God of Novels
5.2

Our Story ( 2020 ) ================ Our Storyဟာ ဂျပန်ကျောင်းတွင်းရိုမန့်ဇာတ်လမ်းလို့ ပြောလို့ရပေမဲ့ ကျောင်းတွင်းရိုမန့်က ဒီကားရဲ့ တစ်စိတ်တစ်ဒေသအဖြစ်ပဲတည်ရှိနေခဲ့တယ်။ သူ့နာမည်အတိုင်းပဲ Our Storyဟာ ဇာတ်လမ်းရေးတဲ့အကြောင်း တစ်နည်းပြောရရင် လူငယ်စာရေးဆရာနှစ်ဦး ဝတ္တုရေးတဲ့အကြောင်းပေါ့။ မင်းသားကတော့ တက်သစ်စ စာရေးဆရာအဖြစ်ရပ်တည်ပေမဲ့ သူ့ခံယူချက်က ငွေရတဲ့စာတွေ ရေးနိုင်ဖို့လို ခံယူထားတဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်။ ဒီလိုခံယူရတာကလည်း သူ့အဖေက ဝတ္တုတွေရေးရင်း အိမ်စရိတ်မထောက်နိုင်ဘဲ သူကိုယ်တိုင်လည်း ဝတ္တုရေးတဲ့စားပွဲပေါ်ပဲ ကွယ်လွန်သွားခဲ့တော့ ဆန်းတော့မဆန်းဘူး။ ဒါပေမဲ့ သူကိုယ်တိုင်လည်း ငွေရတဲ့စာတွေ မရေးနိုင်ခဲ့ဘူး။ မင်းသမီးကတော့ နာမည်ကြီးဘတ်ဆဲလားစာရေးဆရာမဖြစ်နေတဲ့ အထက်တန်းကျောင်းသူလေး။ မင်းသားဖြစ်ချင်တဲ့ ဘဝမျိုးကို ပိုင်ထားတဲ့သူ။ ဒါပေမဲ့ သူကတော့ ဝတ္တုရေးတဲ့အလုပ်ကို ချစ်သလို ဝတ္တုတွေကို ချစ်တယ်။ ဒီလိုနဲ့ သူတို့စာတွေကို အကဲဖြတ်ပေးနေတဲ့သူက သူတို့ကို စာအုပ်တစ်အုပ်အတူတူရေးခိုင်းခဲ့တယ်။ မင်းသမီးက ဇာတ်လမ်းတွေးပြီး မင်းသားက စကားလုံးနဲ့ပုံဖော်ပေးရတယ်။ ကျောင်းလည်းတူ အလုပ်လည်းအတူတူလုပ်နေရပေမဲ့ ခံယူချက်ချင်းမတူလို့ မတည့်နေတဲ့ သူ၂ယောက် သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကို အတူတူရေးကြရင်း သူတို့ရဲ့နောက်ခံဇာတ်လမ်းတွေပါ ပုံပေါ်လာပြီး သူတို့ချင်းနားလည်လာတဲ့အခါ ဘယ်လိုဇာတ်လမ်းမျိုးကို သူတို့ဖန်တီးဖြစ်ကြမလဲ မြင်ကြရမယ့်ဇာတ်ပဲ။ ကျောင်းတွင်းရိုမန့်လေးတော့ နည်းနည်းစွတ်ထားတယ်။ Kingdomတို့ Gintamaတို့ထဲက ဂျပန်မင်းသမီးချောလေး Kanna Hashimotoက အဓိကသရုပ်ဆောင်ပေးထားတာမို့ ဂျပန်မင်းသမီးချောချောလေးနဲ့ကြည့်ရမယ့် ဂျပန်ကျောင်းသားဇာတ်လို့ ပြောလည်းမမှားပါဘူး ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File size_(1.6GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:45:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W

Comedy
5.2 2020 106 mins
God of Novels
Lockdown Lovers
7.6

ဒီတစ်ခေါက်မှာတော့ ကိုဗစ်‌‌ဖြစ်တုန်းက lockdown ကာလတွေကိုပြန်အမှတ်ရသွားစေမဲ့ GLဇာတ်ကားလေး တစ်ခုကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ Kristal ဟာ ကိုဗစ်မဖြစ်ခင်တစ်ပတ်လောက်အလိုမှာ Australia ကို ခရီးထွက်လာခဲ့ပြီး Lisetteဆိုတဲ့ ခပ်မိုက်မိုက် Bartender ကောင်မလေးတစ်ယောက်နဲ့ ငြိမိသွားပါတယ်။ ခရီးကမပြန်ခင် Lisette အိမ်မှာ ခဏလိုက်နေနေတုန်း ကိုဗစ်ရောဂါပြန့်ပွားလာတာကြောင့် လေယာဉ်လည်း cancel ဖြစ်သွားပြီး lockdown ကျသွားပါတော့တယ်။ တစ်ယောက်ကိုတစ်ယောက် one night stand လို့သာ သတ်မှတ်ထားခဲ့ကြပေမဲ့ lockdown ကြောင့် တစ်အိမ်တည်း တူတူနေကြရတဲ့အခါမှာ အရာရာကချောမွေ့မနေခဲ့ပါဘူး။ Kristal က အရာရာကို တိတိကျကျ အစီအစဉ်ဆွဲ ကြိုတင်ပြင်ဆင်တတ်တဲ့ အကျင့်စရိုက်မျိုးရှိပေမဲ့၊ Lisette ကတော့ ထင်ရာစိုင်း လုပ်ချင်ရာလုပ် ဖြစ်သလိုနေ တတ်တဲ့ လူမျိုးပါ။ ဒီလို အကျင့်စရိုက်ချင်း ဆန့်ကျင်ဘက်ဖြစ်နေတဲ့နှစ်ယောက်ရဲ့ ကြားထဲက ပဋိပက္ခတွေ သံယောဇဉ်ဖြစ်တည်လာပုံတွေကို plot twist ပါးပါးလေးထည့်ပြီး ကျကျနနရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Kristal နဲ့ Lisette တို့ရဲ့အချစ်လမ်းခရီးက ဖြောင့်ဖြူးနိုင်ပါ့ မလားဆိုတာကတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှု လိုက်ကြရအောင်ပါ။ File size…1.50GB / 686MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 59m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

7.6 2023
Lockdown Lovers
Rocky Road to Berlin
7.4

ယခုတစ်ယောက်တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ KUZMA SCRYABINရဲ့ ဇာတ်လမ်းကို အခြေခံပြီးတော့ ရိုက်ကူးတင်ဆက်ထားတဲ့ Adventureပုံစံ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ကူဇ်မာဆိုတာကတော့ ယူကရိန်းက ဖျော်ဖြေပွဲလုပ်ခါနီး ရော့ခ်သမားလေးတစ်ယောက်ပေါ့။ ကူဇ်မာဟာ ချစ်သူလေးဘာရ်ဘာရဲ့ ကားစီးချင်တဲ့ အိပ်မက်တွေအမှန်ဖြစ်လာဖို့အတွက် စုထားတဲ့ပိုက်ဆံလေးနဲ့ တစ်ပတ်ရစ်အဟောင်းတန်းက ပိုဘီဒါကားလေးတစ်စီးကို ဝယ်ယူလိုက်တဲ့အခါမှာ ကားကစုတ်နေတဲ့အတွက် ချစ်သူလေးရဲ့ စိတ်ခုချင်းကို ခံလိုက်ရပါတော့တယ်။ ဒီလိုနဲ့ ဖျော်ဖြေပွဲလုပ်ဖို့ ရက် ဘယ်လောက်မှ မကျန်တော့တဲ့အချိန်မှာ အဖော်ကောင်း ဘာ့ဒ်ဆိုသူနဲ့ ချိန်မိပြီးတော့ ဘာလင်မှာ ပိုဘာဒါကားကို မာစီဒီးနဲ့ လဲချင်တဲ့သူရှိတယ်ဆိုတာကို သိလိုက်ရတဲ့နောက်မှာတော့ ဘာ့ဒ်နဲ့အတူ ဘာလင်ကို လိုက်ခဲ့ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ ကူဇ်မာနဲ့ ဘာ့ဒ်တို့ နှစ်ယောက်သား ဘာလင်ကို ခရီးဆက်ရာကနေ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရမလဲ ……. စိတ်ဓာတ်တွေကျပြီး ဂီတလမ်းကြောင်းကို စွန့်ပစ်ချင်စိတ်ဖြစ်နေတဲ့ ကူဇ်မာတစ်ယောက်ရော ဒီခရီးစဉ်မှာ ဘယ်လိုစိတ်အပြောင်းအလဲတွေဖြစ်ဦးမလဲ …… ခရီးစဉ်ရဲ့အဆုံးမှာရော ဘယ်လိုအဆုံးသတ်တွေက စောင့်ကြိုနေမလဲ ….. ဆိုတာတွေကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲဖြစ်ပါတယ်) File size…(1.8 GB)/(940 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:44:00 Genre… Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sakura

7.4 2023 100 mins
Rocky Road to Berlin
100 Yards
6

တရုတ်ကွန်ဖူးအက်ရှင်ရုပ်ရှင်မှ ကြည့်ချင်ပါတယ်ဆိုတဲ့ CM ရဲ့ ပရိသတ်တွေအတွက်အက်ရှင်ကားကောင်းလေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- 1920 ခုနှစ်မှာ ထျန်းကျင်းသိုင်းခန်းမရဲ့ ခန်းမသခင်ကြီးဟာ ဆုံးပါးသွားခဲ့ပါတယ်။ သခင်ကြီးဟာ အသက်ရှင်စဉ်က သားဖြစ်သူရှန်အန့်ကို ရှုပ်ထွေးလှတဲ့ သိုင်းလောကထဲက ထွက်ခွာစေချင်တဲ့အတွက် သူ့အတွက် ဘဏ်မှာ အလုပ်တစ်ခု ရှာပေးခဲ့ပြီး တပည့်ကြီး ချီချွမ်ကို ဆက်ခံခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ရှန်အန့်ကတော့ ဒီဆုံးဖြတ်ချက်ကို မကျေနပ်နိုင်ဖြစ်ခဲ့ပါတယ်။ သူ့အဖေနီးပါး သိုင်းပညာမှာ ပါရမီပါပေမဲ့ အဖေ့ကို မျက်နှာလိုက်တယ်လို့ ထင်ခဲ့ပြီး ဂိုဏ်းတူအစ်ကို ချီချွမ်းကို သိုင်းပညာအရ စိန်ခေါ်ဖို့ ကြိုးစားနေခဲ့ပါတယ်။ တစ်ဖက်မှာလည်း ချီချွမ်းဟာ သိုင်းလောကရဲ့ စည်းမျဉ်းတွေကို အကြိမ်ကြိမ်ဖောက်ဖျက်နေတဲ့အတွက် ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့ရပါတယ်။ သိုင်းလောက အကြီးအကဲတွေက ရှန်အန့်ကို ပြန်လာစေချင်ပြီး သိုင်းယှဉ်ပြိုင်တဲ့ နည်းလမ်းနဲ့ ချီချွမ်းကို သိုင်းလောကထဲက နှင်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ ဒီရုပ်ရှင်ထဲမှာ သိုင်းလောက ရှုပ်ထွေးမှုတွေ၊ အက်ရှင်သိုင်းကွက် လှလှလေးတွေ ၊ 1920 ပတ်ဝန်းကျင်က ရုပ်ရှင်ရိုက်ကွက် လှလှလေးတွေ အားလုံးကို ခံစားရမှာ ဖြစ်တဲ့အတွက် အက်ရှင်ရုပ်ရှင်ကြိုက်သူတွေအတွက် ကြည့်သင့်တဲ့ ရုပ်ရှင်ဖြစ်တယ်ဆိုရင်လည်း မမှားဘူးနော်။

Drama
6 2024
100 Yards
Missing Child Videotape

“Missing Child Videotape” က ဒါရိုက်တာ Ryota Kondo ရဲ့ ပွဲဦးထွက် J-horror ရုပ်ရှင်ဖြစ်ပြီး Rairu Sugita၊ Amon Hirai နဲ့ Kokoro Morita တို့ သရုပ်ဆောင်ထားတယ်။ ဇာတ်လမ်းက Keita ဆိုတဲ့ လူငယ်တစ်ယောက်အကြောင်း။ သူ့ညီလေး Hinata ပျောက်ဆုံးသွားတာ ၁၃ နှစ်ရှိပြီး အဲဒီဒဏ်ရာက သူ့ကို ခြောက်လှန့်နေဆဲပါ။ တစ်နေ့မှာ သူ့အမေဆီက ထူးဆန်းတဲ့ VHS တိတ်ခွေတစ်ခု ရောက်လာတယ်။ အဲဒီမှာ Hinata ပျောက်ဆုံးသွားတဲ့ အခိုက်အတန့်ကို ရိုက်ထားတာပါ။ Keita က သူ့သူငယ်ချင်း Tsukasa နဲ့ သတင်းထောက် Mikoto တို့နဲ့အတူ ညီလေးပျောက်ဆုံးခဲ့တဲ့ ထူးဆန်းတဲ့ တောင်တန်းထဲကို ပြန်သွားပြီး အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားတယ်။ ဒီရုပ်ရှင်က ခုန်ထွက်ခြောက်လှန့်တဲ့ ဇာတ်လမ်းမဟုတ်ဘဲ ဖြည်းဖြည်းချင်း ကြောက်စရာအငွေ့အသက်တွေ တည်ဆောက်ထားတာပါ။ VHS တိတ်ခွေရဲ့ ဝါးပြီး မထင်မရှားတဲ့ ပုံရိပ်တွေနဲ့ အသံဒီဇိုင်းက ထိတ်လန့်စရာ ပိုကောင်းတယ်။ ရုပ်ရှင်က ၁ နာရီ ၄၄ မိနစ်ကြာ၊ ဂျပန်ဘာသာနဲ့ ရိုက်ထားပြီး ဇွန်လ ၁၃၊ ၂၀၂၅ မှာ ဗီယက်နမ်မှာ ရုံတင်ခဲ့တယ်။ IMDb မှာ 5.7/10 ရထားပြီး Tokyo International Film Festival မှာ ပြသခဲ့ပါတယ်။ J-horror ကြိုက်သူတွေအတွက် မနှစ်မြို့စရာလည်း ဖြစ်နိုင်ပေမယ့် လေးနက်တဲ့ စိတ်ခံစားမှုနဲ့ ထိတ်လန့်မှုကို ပေါင်းစပ်ထားတဲ့ ကားကောင်းတစ်ကားပါ။ File size…(1.3 GB)/(915 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Mystery, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Khant

0 2025 86 mins
Missing Child Videotape