YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Silent Hill Revelation (2012) 720p [CM] TRA.mp4

776.31 MB N/A video/mp4 130 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Future Is a Lonely Place
6.8

ဒီတစ်ခေါက်မှာတော့ ဂျာမန် Action/Drama ဇာတ်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားရဲ့ မူရင်းနာမည်ကတော့ "Die Zukunft ist ein einsamer Ort" ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဖရန့် ဟာ သူ့ယောက်ဖ ဓားပြတိုက်ပြေးလာတာကို ကိုယ်စား၀င် အဖမ်းခံခဲ့ပြီး ‌ထောင်အချခံလိုက်ရပါတယ်။ ဒါပေမယ့် သူထောင်အကျခံခဲ့တဲ့ အကြောင်းပြချက်က ဒီတစ်ခုတည်းမဟုတ်ဘဲ တခြားရည်ရွယ်ချက်တစ်ခုပါ ရှိနေခဲ့ပါတယ်။ လက်စားချေဖို့ပါ။ သူအငြိုးရှိနေတဲ့ ဆေးရောင်းသမားတစ်ဦးကို တိုက်ခိုက်ဖို့ကြံစည်ရင်း ဆေးအရောင်းအ၀ယ်လောကထဲ ရောက်ရှိသွားတဲ့အခါ သူ့အကြံအစည် အောင်မြင်နိုင်ပါ့မလား။ ဘယ်လိုအန္တရာယ်တွေ၊ အခက်အခဲတွေ ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…1.31GB / 538MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 41m Genre ..... Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Action • Thriller
6.8 2021 101 mins
Future Is a Lonely Place
Baba, Baby O...
8

ဒီတစ်ခါမှာတော့ IMDb 7.6/10 ထိရရှိထားတဲ့ Romance/Comedyဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ အချစ်ကိုစိတ်နာခဲ့ပေမယ့် ကလေးချစ်တာကြောင့် မွေးစားသားနှစ်ယောက်နဲ့ပျော်နေတဲ့လူပျိုကြီး မိဂတ်ဒ်တစ်ယောက်ရေစက်အကြောင်းဖန်လာပြီး ဘရစ်ရှတီလေးနဲ့တွေ့ဆုံခဲ့ပါတယ် အချစ်ကိုကြောက်နေပေမယ့်လည်းဘရစ်ရှတီနဲ့ တွေ့တဲ့အချိန်မှာတော့မိဂတ်ဒ်ရဲ့ဘဝကတစ်ဆစ်ချိုးပြောင်းလဲသွားပါတော့တယ် ပြဿနာကတော့ ဘရစ်ရှတီမှာ ရှုဗစ်ဒ်လို့ခေါ်တဲ့တွဲနေတဲ့လူတစ်ယောက်ရှိနေတာပါပဲ ဒါ့အပြင်ကို မိဂတ်ဒ်ကလည်းချစ်ရေးဆိုဖို့ကြောက်ရွံ့နေခဲ့ပါတယ် ဒါပေမယ့်အချစ်စစ်မဟုတ်ရင်ကြာလာတာနဲ့အမျှရိုးလာကြတာဆိုတော့ အချစ်စစ်မဟုတ်ဘဲ အရာရာကိုပေါ့ပျက်ပျက်တွေးတဲ့ ရှုဗစ်တစ်ယောက်ကို ဘရစ်ရှတီလည်းစိတ်ကွက်လာပါတော့တယ် ဒါပေမယ့်လည်းသူတို့နှစ်ယောက်ကနိုင်ငံခြားမှာအခြေချဖို့စီစဉ်ပြီးသားဖြစ်နေပြီး သွားလာခွင့်ဗီဇာကျလာခဲ့ချိန်မှာတော့ မိဂတ်ဒ်နဲ့ဘရစ်ရှတီတို့နှစ်ယောက်လမ်းခွဲသွားမှာလား ဘာတွေဆက်ဖြစ်သွားမလဲဆိုတာတော့ဆက်လက်ကြည့်ရှုဖို့ပဲညွှန်းပေးချင်ပါတယ် အသက်အရွယ်ကွာခြားတဲ့ ဦးနဲ့ကလေးအရွယ်ပုံစံဖြစ်နေတာကြောင့်အသဲတစ်ယားယားနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်ရှင် (အညွှန်းရေးသားသူက Yunni ဖြစ်ပါတယ်) File size…1.6GB / 700MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Yunni & Jerrica

Drama • Romance
8 2022 145 mins
Baba, Baby O...
Where the Wild Things Are
6.5

ကလေးဘဝဆိုတာ ၊ လူ့ဘဝရဲ့ နိဗ္ဗာန်ဘုံတဲ့။ ပြီးတော့ ကလေးဘဝဆိုတာ အပူပင်ကင်းတယ်လို့လဲ ပြောကြတယ်။ ဒါပေမယ့် အဲဒါ တကယ်ရော ဟုတ်ရဲ့လား။ ဒီယူဆချက်‌တွေဟာ broken familyတွေ၊ family issue တွေများတဲ့ မိသားစုတွေမှာ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေ အတွက်တော့ မှန်မယ် မထင်ပါဘူး။ မိသားစုတစ်စု ပြိုကွဲသွားတဲ့အခါ ထိလွယ်ရှလွယ်တဲ့ ကလေးလေးတွေဟာ ပိုပြီးတော့ ထိခိုက်ခံစားကြရပါတယ်။ ကလေးသဘာဝ စိတ်ခံစားချက်တွေကို ထုတ်မပြောပြတတ်ကြပေမယ့်၊ အတွင်းစိတ်မှာ‌တော့ စိတ်ဒဏ်ရာတွေ ရနေတတ်ပါတယ်။ ဒီဇာတ်ကားမှာတော့ broken familyတစ်ခုက မက်စ်ဆိုတဲ့ ဆယ်နှစ်သားအရွယ် ကောင်လေးတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေကို အပီပြင်ဆုံး အထိမိဆုံးနဲ့ အနုပညာမြောက်အောင် ပညာသားပါပါ ပုံဖော်ရိုက်ကူးထားပါတယ်။ မြင်နေကျ မဲပြာပုဆိုး family drama အကွက်တွေ တစ်ကွက်မှမပါပဲနဲ့ ဒီဇာတ်ကားလေးက သင့်ကို မျက်ရည်ဝဲအောင် လုပ်ပြပါလိမ့်မယ်။ ပြီးတော့ ဒီဇာတ်ကားရဲ့ ဇာတ်လမ်း တင်ဆက်ပုံကလဲ တခြား ရုပ်ရှင် အများစုနဲ့မတူပဲ ထူးခြား ကွဲထွက်ပြီး ကြည့်ပြီးတာနဲ့ တစ်သက်မမေ့မယ့် ကားမျိုးဖြစ်တာမို့ ကျွန်တော်ကတော့ highly recommendပါ။ မင်းသားကြီး Tom Hanksကိုယ်တိုင် producerအနေနဲ့ပါဝင်ပြီး ဒေါ်လာ သန်း100 အကုန်ကျခံ ရိုက်ကူးထားပါတယ်။ ဒါရိုက်တာကလဲ ဒီလို တမူထူးခြားတဲ့ ကားတွေကို ရိုက်တတ်တဲ့ Spike Jonzeပါ။ သူ့ကိုတော့ Her(2013) ကားနဲ့ အများစု သိကြမှာပါ။ ငွေကြေးအရ အမြတ်သိပ်မထွက်ခဲ့ပေမယ့် အနုပညာပိုင်းအရ အတော်လေး အောင်မြင်ခဲ့ပြီး ၂၀၀၉ခုနှစ်ရဲ့ အကောင်းဆုံ း ရုပ်ရှင်တွေစာရင်းတွေမှာ အမြဲ top 10က ပါလေ့ရှိတဲ့ ရုပ်ရှင်ပါ။ ကလေးဖတ် ရုပ်ပြစာအုပ်ကို အခြေခံပြီး ရိုက်ထားတာဖြစ်ပေမယ့် ၊ ကလေး လူကြီးမရွေး ကြည့်လို့ အဆင်ပြေပါတယ်။ တကယ်လို့သာ သင်ဟာ broken family တစ်ခုမှာ ကြီးပြင်းခဲ့တဲ့ကလေး ဒါမှမဟုတ် ကိုယ်တိုင်က အိမ်ထောင်ရေး အဆင်မပြေတဲ့ မိဘမျိုး ဖြစ်နေခဲ့ရင်တော့ ဒီဇာတ်ကားလေးကို သေသေချာချာ အချိန်ယူပြီး အနည်းဆုံး နှစ်ခေါက်လောက် ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။ ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ဆိုပေးထားတာကတော့ Kaung Khant Winဖြစ်ပါတယ်။ File size…1.57GB /750MB Quality…1080pBluRay AAC5.1CH / 720p Format…mp4 Duration….1h 41m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Kaung Khant Win

Thriller
6.5 2009 101 mins
Where the Wild Things Are
Predestination
7.4

ကျွန်တော်တို့ အတိတ်ကို ပြန်သွားကြမယ်ဗျာ။ ပြီးရင် ကျွန်တော်တို့ ပြန်ပြင်ချင်တာလေးတွေပြင်ကြမယ်။ စာမေးပွဲမှာ မကျက်လိုက်ရလို့ မဖြေလိုက်ရတဲ့ စာပုဒ်လေးတွေ ကျက်ပြီး ပြန်ဖြေမယ်။ ပျောက်သွားတဲ့ဆိုင်ကယ်လေးကို မပျောက်ခင်ညမှာ အိပ်ခန်းထဲအထိထည့်ပြီး ဖက်အိပ်မယ်။ မဟုတ်တာလုပ်မိလို့ ပြတ်သွားရတဲ့ ex လေးကို မလွှတ်တမ်းဖက်ပြီး သူ မကြိုက်တဲ့အလုပ်ကို ရှောင်ခဲ့မယ်။ ဒါမှမဟုတ် မဟုတ်တာတွေပဲ လျှောက်လုပ်ပြီး ဖြစ်ထွန်းသင့်သလောက် ဖြစ်မလာတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ ပါးသွားရိုက်ကြမယ်။ အတိတ်ဟာ ပြုပြင်လို့ ရကောင်းတဲ့အရာ ဟုတ်ပါသလား။ ပြုပြင်ချင်တိုင်း ပြုပြင်လို့ရရင်ရော အနာဂတ်တွေက ပိုကောင်းလာပါ့မလား။ သဘာဝလောကကြီးက စီမံပေးပြီးသား ဇာတ်ခုံပေါ်မှာ အလိုက်သင့်ကနေရတာကပဲ လူပီသလေမလား။ ကျွန်တော်တို့မှာ မလိုချင်တဲ့ အတိတ်ရယ် ပြန်တမ်းတ လွမ်းမောရတဲ့အတိတ်တွေရယ် ရှိကြမှာပါ။ ဒါပေမဲ့ အတိတ်ဆိုတာ အတိတ်ပဲဖြစ်တာကြောင့်မလို့ နောက်မှာပဲ ချန်ထားခဲ့တာ အကောင်းဆုံးဖြစ်လေမလား။ အချိန်ခရီးသွားတာကို ဇာတ်လမ်းဆင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေ အများကြီးထဲကမှ ဩစတေးလျဇာတ်ကားလေးကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်။ 7.5 IMDb နဲ့ Rotten Tomato 84% ရထားတဲ့ ဇာတ်ကားလေးဆိုပေမဲ့ Box Office မှာတော့ သိပ်အောင်မြင်တယ်လို့ မ‌ဆိုနိုင်ခဲ့ပါဘူး။ အမြတ်ငွေ ဒဿမ စွန်းစွန်းပဲ ရခဲ့ပေမယ့် အခြားဘက်ကကြည့်ရင် သူထွက်ရှိခဲ့တဲ့ 2014 ခုနှစ်က ဇာတ်ကားကောင်းတွေ များခဲ့တော့ ပရိသတ်တွေ ရုပ်ရှင်ရုံတွေကြား ဗျာများခဲ့ရပုံပေါ်ပါတယ်။ ပထမဆုံး ဒီဇာတ်ကားကို စိတ်ဝင်စားတာကတော့ မင်းသားကြီး Ethan Hawke ကြောင့်ပါပဲ။ သူ့ကို The Magnificent Seven (Remake) ထဲမှာ‌တင် တော်တော်သဘောကျခဲ့တာမလို့ပါ။ ပြီးတော့ တမူထူးခြားတဲ့ ဇာတ်လမ်းသွားကလည်း အခြားအချိန်ခရီးသွားဇာတ်ကားတွေကနေ သိသိသာသာ ကွဲပြားပါတယ်။ ဇာတ်ကားနာမည်ကတင် ဆွဲဆောင်နိုင်မှုရှိတာမလို့ပါ။ အချိန်ခရီးသွားတာကို ဗြန်း‌ဗြန်းကွဲ ကြိုက်သလိုလုပ်ခွင့်ရှိပြီး ဟိုဝင်ဒီထွက် ဘုရားသခင်နီးပါး အစွမ်းအစရှိပေမဲ့ "ဇာတ်ဆရာစေစား ခိုင်းနွားလားသို့" ပြားပြားဝပ်ခဲ့ရတဲ့လူသားတစ်ယောက်အကြောင်းဖြစ်လို့ "ကြိုတင်စီမံ ကြမ္မာဖန်" လို့ အနီးစပ်ဆုံး ပြောနိုင်ပါလိမ့်မယ်။ Plot Twist ကို အသားပေးတဲ့ဇာတ်ကားဖြစ်တဲ့အတွက် ဇာတ်လမ်းအညွှန်းကတော့ နှစ်ကြောင်းလောက်နဲ့ ပြီးသွားနိုင်ပါတယ်။ အင်မတန်ကျွမ်းကျင် သပ်ရပ် ခြေရာစေ့တဲ့ ဗုံးသမားတစ်ယောက်နောက်ကို အသည်းအသည်လိုက်နေရတဲ့ အဖွဲ့အစည်းကြီးတစ်ခု ရှိပါတယ်။ အေးဂျင့် (၁၁) ယောက်ထဲက အတော်ဆုံး အေးဂျင့် "ဂျွန်ဒိုး" က ရင်ဘက်ကိုရော အသည်းကိုရော အချိန်တွေရောရင်းပြီး ဗုံးသမားကို လိုက်လံသုတ်သင်ခဲ့ရပါတယ်။ ဒါပေမဲ့ သူကဘယ်သူလဲ၊ သူသုတ်သင်ရမယ့် ဗုံးသမားက ဘယ်သူလဲ၊ ဗုံးသမားကရော ဘာ့ကြောင့် လူ‌အများကြီးကို လိုက်သတ်နေရတာလဲ ဆိုတာတွေကို တွေ့မြင်ရမှာပါ။ အထူးအကြံပေးချင်တာကတော့ ဒီဇာတ်ကား နာမည်ကျော်ရတဲ့အကြောင်းအရင်းက စကားပြောတွေဖြစ်လို့ စကားပြောတွေကို ‌‌ကျော်ကြည့်ချင်တဲ့သူတွေ၊ မုန့်နှိုက်စားရင်း စကားလုံးတွေ မဖတ်လိုက်ရသူတွေကတော့ ဇာတ်လမ်းကို ထဲထဲဝင်ဝင်နားလည်ဖို့ အားစိုက်ရမယ်ထင်ပါတယ်။ ဇာတ်လမ်းကို နားမလည်ဘူးဖြစ်စေ၊ ဇာတ်လမ်းကိုမကြိုက်ဘူးဖြစ်စေ ကျွန်တော့်ရဲ့ ဘာသာပြန် ညံ့ဖျင်းမှုပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဇာတ်ကားက အရမ်းကောင်းလို့ပါပဲခင်ဗျာ။ (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားပေးထားပါတယ်) Size - 1.12GB, 505MB Quality - Bluray 1080p, 720p IMDb Rating - 7.5/10 Duration - 1hr 37mins Subtitles - Myanmar Hardsub Format - MP4 Genre - Action, Drama, SciFi Translated by Arr Khun Winchester Encoded by Y

Drama
7.4 2014 97 mins
Predestination
The Venus Effect
6.9

သာယာပျော်ရွှင်တဲ့မိသားစုလေးကနေ ဆင်းသက်လာတဲ့ သာယာပျော်ရွှင်ဖွယ် ကောင်းတဲ့ relationship တစ်ခုကို ပိုင်ဆိုင်ထားတဲ့ကောင်မလေးတစ်ယောက် အကြောင်းကို ရိုက်ကူးထားတဲ့ Comedy Romance Film လေးပဲ ဖြစ်ပါတယ်။ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ သာမာန်ဘဝလေးထဲက ကောင်မလေးတစ် ယောက်ရဲ့ စိတ်ကို ပြောင်းလဲသွားအောင် လုပ်နိုင်စွမ်းရှိတဲ့အရာက ဘယ်အရာ ဖြစ်ပါလိမ့်မလဲ။ အချစ်ဆိုတဲ့အရာဟာ ထူးဆန်းပါတယ်။ stereotype တွေကို ဂရုမစိုက်ဘူး ချစ်ချင်ရင် ချစ်ခွင့်ရတဲ့ ဘဝမျိုးကို ပိုင်ဆိုင်ခွင့်ရတာမျိုးက ကောင်းမွန် တဲ့ဘဝကို ပိုင်ဆိုင်ရခြင်းပါ။ ဒီဇာတ်ကားလေးမှာတော့ straight တစ်ယောက်ဖြစ်တဲ့ကောင်မလေးကနေ lesbian အဖြစ် coming out လုပ်ဖို့အတွက် အားယူရတဲ့ momentsတွေ struggles တွေကို ပုံဖော်ရိုက်ကူးပေးထားတာမို့ ပရိသတ်ကြီးအတွက် သဘာဝဆန်သော ဇာတ်ညွှန်းဇာတ်ကွက်များကိုပေးစွမ်းနိုင်တဲ့ ကားကောင်းလေးတစ်ကားဖြစ်တယ်လို့ ပြောပါရစေ။ ဒီကားလေးရဲ့အနှစ်သာရကတော့ Love itself is beautiful ပါပဲ။ 18+ scene တစ်ချို့ပါတာကိုလည်း ကြိုတင်သတိပေးပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Yoonwahwah Theint ဖြစ်ပါတယ်) File Size - (2.02 GB) / (954 MB) / (631 MB) Quality – BluRay 1080p / 720p/480p Duration - 1h 45mins Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, Drama, Romance Translator – Yoonwahwah Theint Encoder – SWM

Crime • Drama
6.9 2021 105 mins
The Venus Effect
Poupelle of Chimney Town
6.4

Poupelle of Chimney Town (2020) ========================= IMDb Rating – 6.4/10 Chimney Town (မီးခိုးခေါင်းတိုင်မြို့) ဆိုတဲ့ မီးခိုးတွေနဲ့အမြဲပိတ်နေပြီး အပြင်လောကကြီးနဲ့ လုံးဝအဆက်အသွယ်ပြတ်နေတဲ့မြို့လေးက လုဘိချိ ဆိုတဲ့‌ကောင်လေး နဲ့ အမှိုက်လူသား ဖြစ်တဲ့ ပိုပဲ့လုတို့ရဲ့ စွန့်စားခန်းကို ငိုလိုက် ရယ်မောလိုက်နဲ့ ရသစုံလင်စွာ ကြည့်ရမှာဖြစ်တယ်။ လုဘိချိရဲ့ အဖေဖြစ်သူ ဘရူနို က ကောင်းကင်မှာကြယ်တွေရှိကြောင်း လူတွေကြားထဲမှာပြောလေ့ရှိတယ်။ အဲ့မြို့ကလူတွေက‌တော့ “ဟာ ဒီကောင် င‌ပေါကြီး” ဘာညာနဲ့ သူပြောကိုမယုံကြဘူး မြို့တစ်ခုလုံးက မီးခိုးခေါင်းတိုင်တွေကထွက်တဲ့ မီးခိုးတွေနဲ့ပိတ်နေတာကိုး ဒါပေမယ့် သူ့သားကတော့ ကြယ်တွေကို အရမ်းကြည့်ဖူးချင်နေတာ အဲတာနဲ့ တစ်နှစ်လောက် ကြာသွားပြီး ဟောလိုးဝင်းနေ့မှာ တစ်ကိုယ်လုံးအမှိုက်တွေနဲ့ဖွဲ့စည်းထားတဲ့ အမှိုက် လူသား တစ်ယောက် မြို့ထဲကိုရောက်လာခဲ့တယ်။ အဲ့နေ့ကလည်း ဟောလိုးဝင်းဆိုတော့ အားလုံးက သူ့ကို လူလို့ပဲထင်ပြီး ဝတ်စုံဘယ်လောက်မိုက်ကြောင်း ချီးကျူးကြတာပေါ့ နောက်မှ လူမဟုတ်မှန်းသိသွားကြတော့ သက်ဆိုင်ရာတွေက လိုက်ဖမ်းလို့ ထွက်ပြေးရင်း လုဘိချိ နဲ့တွေ့ပြီး သူတို့ရဲ့စွန့်စားခန်းလေး စတင်လာခဲ့ပါတယ်။ ဒီ ဇာတ်ကားလေးက နာမည်ကြီးရုပ်ပြကာတွန်းစာအုပ်ဖြစ်တဲ့ “Poupelle of Chimney Town” ကို anime အဖြစ် ပုံဖော်ထားတဲ့ကားလေးဖြစ်ပြီး ဇာတ်လမ်းရော animation ကရော ကောင်းတဲ့ထဲပါတာမို့လို့ ကြည့်ရှူဖို့အတွက် recommend ပေးပါတယ်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size……….(1.6 GB) / (850 MB) / (550 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 40mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Family, Fantasy Translator…….Khant Sett Naing Encoder……….SWM

Comedy • Drama • Western
6.4 2021
Poupelle of Chimney Town
Spirit Doll
5.7

Spirit Doll (2023) CM ပရိသတ်ကြီး ညဘက်ကြည့်ဖို့ အင်ဒိုနီးရှား Horror ကားပါ အာရှသရဲကားတွေက ဟောလိဝုဒ်သရဲကားတွေနဲ့ atmosphere (အငွေ့အသက်) ရော theme(အာဘော်) ပါ ကွဲပြားတာများပါတယ် ကျွန်တော့်အမြင်အရဆိုရင် အာရှ horror ကားတွေက အယူအဆတွေက ကျွန်တော်တို့ရဲ့ ရိုးရာဓလေ့တွေနဲ့ ပိုပြီးနီးစပ်တာမို့ ပိုပြီး ကြောက်စရာကောင်းတယ် ထင်ပါတယ် ရုပ်ရှင်နာမည်အတိုင်းပဲ ဝိညာဥ်အရုပ်လေး တစ်ရုပ်အကြောင်းပါပဲ ဇာတ်လမ်းအကျဥ်းကတော့ ဒါရာ ဆိုတဲ့ နာမည်ကြီး horror queen မင်းသမီးတစ်ယောက် ရိုက်ကွင်းမှာ သုံးတဲ့ spirit doll အရုပ်လေးကို အိမ်ယူလာပါတယ် သူ့ရဲ့ အမျိုးသားနဲ့ကွာရှင်းထားတာဖြစ်ပြီး သမီးလေးတစ်ယောက်ကတော့ အဖေအိမ်နဲ့ အမေ့အိမ်တစ်လှည့်စီ သွားနေနေရပါတယ် သမီးလေးကလည်း အဖေ့ဆီမှာပဲ အမြဲနေချင်တာကြောင့် သားအမိနှစ်ယောက် ပြဿနာတက်ကြရင်း တစ်နေ့ သမီးလေး လှေကားပေါ်က မတော်တဆ ကျပြီး သေဆုံးသွားပါတော့တယ် “မိခင်သောက” အင်ဒိုဗားရှင်းကို ကျောထဲစိမ့်နေအောင် ညဘက် မီးပျက်တဲ့အချိန် စောင်ခြုံသာ ကြည့်ကြပါ အညွှန်းရေးသားသူက KKKZ ဖြစ်ပြီး ဘာသာပြန်ကတော့ Zwe Yan ~ KKKZ တို့ဖြစ်ပါတယ်

5.7 2023
Spirit Doll
Di Bawah Umur
5.5

Di Bawah Umur [2020] (IMDb 5.5/10) အာယိုတို့ ကျောင်းကို ကျောင်းသူအသစ်ကလေးတစ်ယောက် ရောက်လာပါတယ်.. သူ့နာမည်က လာနာတဲ့… လာနာကို အာယို သဘောကျတယ် ဒါပေမဲ့ ခက်တာက လာနာဟာ အာယိုတချိန်က အရမ်းခင်ခဲ့တဲ့ ကယ်ဗင်ရဲ့ ညီမဝမ်းကွဲဖြစ်နေပါတယ်… အာယိုနဲ့ ကယ်ဗင် ခွာပြဲရခြင်းကလည်း အကြောင်းအရင်းသက်သက် ရှိလို့နေပြန်ပါတယ်… ခွာပြဲတာမှ တစ်ယောက်နဲ့တစ်ယောက် ရန်ဆောင် လုံးထွေးသတ်ပုတ်တဲ့အဆင့်ပါပဲ… တစ်ဖက်မှာလည်း လာနာ ဂျာကာတာကို ကျောင်းပြောင်းလာရခြင်းဟာ သူ့အစ်မ အိမ်ထောင်မကျခင် ကိုယ်ဝန်ရှိသွားတာကြောင့် သူတို့မိသားစုက လာနာကို ဒီလိုအဖြစ်မျိုးက ကင်းဝေးအောင် အဒေါ်တွေရှိရာ ကယ်ဗင်တို့အိမ်ကို ပို့ထားတာပဲ ဖြစ်ပါတယ်… အထက်ကျောင်းသားကျောင်းသူတွေ ဖြစ်ကြတာမို့ ဇယားရှုပ်ရှုပ်ယှက်ယှက်တွေနဲ့ လိင်မှုကိစ္စတွေကလည်း လက်တည့်စမ်းကြနဲ့ ကောလဟာလတွေကလည်း ပျံ့လို့နှံ့လို့ပေါ့… ဒီလိုအနေအထားမျိုးမှာ စော်ကြည်ဘဲ အာယိုတစ်ယောက် ရည်းစားမထားဖို့ တားမြစ်ခံထားရတဲ့ လာနာ့အချစ်ကို ဘယ်လိုမျိုး သိမ်းပိုက်မိအောင် ကြိုးစားမလဲ ရှုစားကြရမှာပဲဖြစ်ပါတယ် အညွှန်း န့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p File size… 1.4GB | 582MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

5.5 2020 91 mins
Di Bawah Umur
All India Rank
6.6

All India rank IMDb 7.2/10 Rotten Tomatoes 67% မြန်မာနိုင်ငံမှာ ဆယ်တန်းဖြေလို့မေဂျာရွေးတဲ့အခါ ဆေးကျောင်း၊ နည်းပညာတက္ကသိုလ်၊ UFL စသည်ဖြင့် ခေတ်စားကြသလိုပဲ အိန္ဒိယမှာလည်း IIT က ခေတ်စားတဲ့တက္ကသိုလ်တစ်ခုပါ။ ဝင်ခွင့်ရဖို့အရေး အနီးကပ်သင်တန်းတွေတက်၊ အချိန်အကြာကြီးပြင်ဆင်ကြ၊ စာမေးပွဲတွေဝင်ဖြေကြနဲ့ တကယ့်ကို ကျောင်းသားလောကရဲ့ စစ်ပွဲတစ်ခုပါပဲ။ ဒီကျောင်းသားတွေထဲမှာ ဗီဗက်ကလည်း တစ်ယောက်အပါအဝင်ပါပဲ။ သားဖြစ်သူပို ဖြစ်မြောက်စေချင်တဲ့ မိဘတွေရဲ့လမ်းညွှန်မှုနဲ့ မြို့ပေါ်က နာမည်ကြီးနည်းပြအတန်းကို ဝင်ခွင့်စာမေးပွဲဝင်ဖြေပြီးနောက် မြို့ပေါ်ကအဆောင်မှာ မအူမလည်နဲ့ကျန်ခဲ့ရတော့မဲ့ ဗီဗက်တစ်ယောက် သူသိထားတဲ့၊ သူမြင်ခဲ့ဖူးတဲ့ လောကနဲ့ကွာတဲ့ ပြင်ပလောကကို အဆောင်ကျောင်းသားဘဝမှာပဲ စကြုံလိုက်ရပါပြီ။ စားပွဲပေါ်ထိုင်ပြီး ဘောပင်၊ စာအုပ်နဲ့တိုက်ရတဲ့ပွဲမှာ ၁၇ နှစ်အရွယ် မအူမလည်လေး ဗီဗက်တစ်ယောက် အဖေ့ရည်မှန်းချက်အတိုင်းပဲ အောင်မြင်ပြီး တက္ကသိုလ်တက်ခွင့်ရနိုင်သွားမလား။ ဒါမှမဟုတ် သူဖြစ်ချင်တဲ့ အိပ်မက်တစ်ခုခုရှာတွေ့ပြီး ကိုယ်ထင်ရာလမ်းကို လျှောက်ဖြစ်မလားဆိုတာတော့ ပရိသတ်ကြီးပဲ ဆက်လက်ရှုစားလိုက်ပါတော့နော်။ အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်။

6.6 2023
All India Rank
4bia (Phobia)
6.7

VHS horrorတွေလို တိုတိုနဲ့လိုရင်းရောက်တဲ့ Anthology horror geneကိုလည်းကြိုက်တယ်၊ asian အငွေ့အသက်လေးလည်း ပါစေချင်တယ်ဆိုသူတွေအတွက် 2008 ခုနှစ်ထွက် Phobia ဆိုတဲ့ ထိုင်းသရဲကားလေး တင်ဆက်ပေးလိုက်ပါပြီ။ Anthology ပီပီ ဇာတ်လမ်းမတူ ဒါရိုက်တာမတူတဲ့ ဇာတ်လမ်း 4 ခုကို ဒီကားလေးမှာ ခံစားရမှာပါ။ ပထမဆုံးအနေနဲ့ အထီးကျန်နေလို့ အွန်လိုင်းမှာချစ်သူရှာရင်း အဖြစ်ဆန်းသွားတဲ့ မိန်းကလေးအကြောင်းရိုက်ကူးထားတဲ့ အထီးကျန်ကမ္ဘာ Loneliness သာမန်ကျောင်းတွင်းအနိုင်ကျင့်မှုကနေ အောက်လမ်းတွေပါလာတဲ့အခါ အဖြစ်ဆိုးသွားတဲ့ ကျောင်းသားတစ်စုအကြောင်း ပုံဖော်ထားတဲ့ မရဏကျိန်စာ Deadly Charm သိပ်ချစ်ကြတဲ့ ရွှတ်နောက်‌နောက်သူငယ်ချင်းရဲ့ အမြဲထာဝရသူငယ်ချင်းဆိုတာ ဘယ်အထိရောက်မလဲဆိုတဲ့ The Man In the Middle နောက်ဆုံးအနေနဲ့ကတော့ တော်ဝင်မင်းသားရဲ့ ကြင်ယာတော်မင်းသမီးနဲ့ လေယာဉ်မယ်ကြားက ဇာတ်ရှုပ်အကြောင်းတွေ့မြင်ရမယ့် Flight 244 Anthology တွေရဲ့ထုံးစံအတိုင်း fast plot ကိုတွေ့မြင်ရမှာဖြစ်ပြီး Horror sceneအသားပေးထားတာမလို့ မီးပြတ်နေတုန်း နားကြပ်နဲ့အရသာရှိရှိခံစားနိုင်ဖို့ ရှုစားလိုက်ရအောင်ပါ။ File size… 2.3 GB / 1 GB Quality… Web-DL NF 1080p / 720p Format… mp4 Duration…. 1h 55m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Mary Christ

Mystery • Thriller • Crime • Horror
6.7 2008 120 mins
4bia (Phobia)
Million Dollar Arm
7

ဒီကားလေးကတော့ 2014 ကထွက်ရှိထားတဲ့ တကယ့်ဖြစ်ရပ်မှန် ကို အခြေခံရိုက်ကူးထားတဲ့ sports dramaကားလေးဖြစ်ပါတယ်။ Life of Paiဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Indiaမင်းသား Suraj Sharma နဲ့ Slumdog millionaire မှာ ပါတဲ့ Madhur Mittal တို့လည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်တဲ့အတွက် တကယ်ကို ကြည့်လို့ကောင်းတဲ့ကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အားကစားagentတွေ ဖြစ်ကျတဲ့ J.B Bernstein နဲ့ သူ့ရဲ့ Partner Ash Vasudevan တို့က Los Angeles က သူတို့ company မှာ အခက်တွေ့နေကျတဲ့ သူတွေဖြစ်ပါတယ် JB ကလည်းအားကစားသမားအသစ်တွေမွေးမထုတ်ပေးနိုင်တာကြာပါပြီ အဲဒါနဲ့ သူကဘယ်သူမှ မထိရသေးတဲ့ဈေးကွက်ဖြစ်တဲ့ India မှာ baseball ကစားသမားအသစ်တွေကို ရှာဖို့ အတွက် million dollar arm ပြိုင်ပွဲကို ကျင်းပဖို့စီစဉ်ခဲ့ပါတယ်။ဒီလိုနဲ့ သူလိုချင်တဲ့အားကစားသမားကောင်:တွေကိုရှာတွေ့နိုင်ပါ့မလား သူတို့ နဲ့ရော အဆင်ပြေကြမလား ဆိုတာကို ကြည့်ရှုရမဲ့ motivational ကားလေးဖြစ်ပါတယ် File size…(2 GB)/(990 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:04:00 Genre… Biography, Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin

7 2014 124 mins
Million Dollar Arm
Into the Storm
5.8

အိုကလာဟိုးမားပြည်နယ်မြို့တစ်ခုအတွင်းရှိ အထက်တန်းကျောင်းတစ်ခုရဲ့ စင်မြင့်ထက်မှာ ကျောင်းအုပ်ကြီးက ကျောင်းဆင်းပွဲမိန့်ခွန်း ပြောနေပါတယ်။ မိန့်ခွန်းမဆုံးခင်မှာ မိုးလေးတွေတဖွဲဖွဲရွာလာတဲ့အတွက် ဘွဲ့ဝတ်စုံဆင်မြန်းထားတဲ့ ကလေးတွေ ထီးတွေ အမြန်ဖွင့်လိုက်ကြပါတယ်။ တဖြည်းဖြည်းသည်းလာတဲ့မိုးကြောင့် ကျောင်းအုပ်ကြီးလည်း မိန့်ခွန်းအမြန်လက်စသတ်လိုက်တယ်ဆိုရင်ပဲ ဘွဲ့ဦးထုပ်တွေလေပေါ်ပစ်မြှောက်လိုက်တာနဲ့အတူ မုန်တိုင်း အရေးပေါ်အချက်ပေး ဥသြသံက ဆူညံစွာထွက်ပေါ်လာတယ်။ ဒုကျောင်းအုပ် ဂယ်ရီဖူလ်လာ (Gary Fuller) နဲ့ အုပ်ချုပ်သူတွေက ကလေးတွေကို အဆောက်အအုံထဲ အမြန်ပြေးဝင်ဖို့ အော်ဟစ်နေကြတယ်။ ကျောင်းထဲရောက်တာနဲ့ ကလေးတွေကို နံရံတဖက်တစ်ချက်စီမှာ ဝပ်နေကြဖို့ညွန်ကြားနေတုန်း သစ်ပင်ကြီးတစ်ပင် ကျောင်းမှန်တံခါးကိုခွဲပြီး ဝုန်းဆို ဝင်လာပါတယ်။ ကျောင်းထဲက ပစ္စည်းတွေ စာရွက်တွေလည်း အရှိန်ပြင်းလွန်းတဲ့လေကြောင့် တံခါးဆီလွင့်ကုန်တယ်။ အကာအကွယ်ယူပြီး ဝပ်နေကြဖို့ ဂယ်ရီ အတင်းအော်ပြီးသတိပေးပေမယ့် နောက်ကျသွားခဲ့ပြီး ကျောင်းရဲ့ခေါင်းမိုးတွေပြိုကျကာ ကျောင်းသားတွေလည်းလေပြင်းနဲ့အတူ တံခါးဝဆီတရွတ်တိုက်ပါသွားကြသည်။ မုန်တိုင်းစဲသွားလို့ ဂယ်ရီ ကျောင်းအပြင်ကိုထွက်ကြည့်လိုက်တဲ့အခါမှာတော့ ပတ်ဝန်းကျင်တစ်ခုလုံး ကမ္ဘာပျက်သည့်အလား အပျက်အဆီးများဖြင့်သာပြည့်နှက်နေတာကို တွေ့လိုက်ရသည်။ တချိန်ထဲမှာပဲ မုန်တိုင်းမှတ်တမ်းတင်တဲ့အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ပိ(ထ်) (Pete) နဲ့ အယ်(လ)ဆင် (Allison) တို့ခေါင်းဆောင်တဲ့အဖွဲ့ကလည်း မိုးလေဝသ သတင်းတွေကတဆင့်ခြေရာခံကာ တော်နေးတိုး (tornado) မုန်တိုင်းတိုက်ခတ်မယ်လို့ ခန့်မှန်းရတဲ့ အဲ့ဒီမြို့ကိုရောက်နေကြပါတယ်။ သူတို့အဖွဲ့နဲ့အတူ အပြင်းဆုံးမုန်တိုင်းတစ်ခုအတွင်းမှာတောင် မုန်တိုင်းမျက်စိကို အမိအရမှတ်တမ်းတင်ဖို့ သေချာတည်ဆောက်ထားတဲ့ တိုက်တပ်(စ်) (Titus) လို့ခေါ်တဲ့ သံချပ်ကာယဉ်တစ်စီးလဲပါလာပါတယ်။ မုန်တိုင်းရှိရမယ်လို့ သေချာတဲ့တွက်ကိန်းနဲ့ရောက်နေကြတဲ့ ပိ(ထ်)နဲ့အဖွဲ့က ကွန်ပျူတာမှာ လေပြင်း မုန်တိုင်းအချက်ပြနေရာကနေ မိုးကြိုးမုန်တိုင်းငယ်အဖြစ် ပြောင်းသွားတဲ့အတွက် စိတ်ညစ်နေရာ သူတို့တည်းခိုရာ ဟိုတယ်ခေါင်မိုးပေါ်ကို လက်သီးဆုပ်ခန့်ရှိတဲ့မိုးသီးတွေ ကြွေကျလာပါတော့တယ်။ အဲ့ဒီနောက်မှာတော့ သူတို့စောင့်စားနေတဲ့ တော်နေဒိုး မုန်တိုင်းကိုလည်းမျက်ဝါးထင်ထင်တွေ့မြင်ရပါတော့တယ်။ တိုက်တပ်(စ်)ကို သေချာခြေကုတ်ယူကာ မုန်တိုင်းဗဟိုကိုမှတ်တမ်းတင်ဖို့ စောင့်ဆိုင်းနေပေမယ့် မုန်တိုင်းက လမ်းကြောင်းသွေဖယ်ကာ မြို့ရဲ့ အထက်တန်းကျောင်းတည်ရှိရာကို ဦးတည်သွားပါတော့တယ်။ မုန်တိုင်းကြီးတိုက်ခတ်နေစဉ်အတွင်း သူတို့အတွက် ပုန်းခိုရာ နေရာရှာတွေ့ပါ့မလား။ မြို့သူမြို့သားတွေအပါအဝင် ဂယ်ရီ တို့သားအဖသုံးယောက်နဲ့ အယ်(လ)ဆင်တို့အားလုံး အသက်ရှင်နိုင်ပါ့မလား။ မုန်တိုင်းဗဟိုကို မှတ်တမ်းတင်ရိုက်ကူးဖို့ တိုက်တပ်(စ်)ကို ၁၀နှစ်ကျော်ကြာအောင် တည်ဆောက်ရင်း စောင့်နေခဲ့ရတဲ့ ပိ(ထ်)ကရော သူ့ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ပါ့မလား စတဲ့ စတဲ့ ဇာတ်သိမ်းခန်းကိုတော့ စာဖတ်သူကိုယ်တိုင် ခံစားကြည့်ရှုနိုင်ဖို့ ချန်ထားလိုက်ပါတယ်။ အထူးပြုလုပ်ချက်တွေနဲ့ မွမ်းမံကာ ယုတ္တိမဲ့အောင်ရိုက်ကူးထားသည်ဟု မည်သို့ပင်ဆိုစေ လူသားတွေ တကယ်ကြုံတွေ့ခံစားရသည့် သဘာဝဘေးအန္တရယ် အကြောင်းရိုက်ကူးထားသောကြောင့် အချို့ဇာတ်ဝင်ခန်းတွေမှာ အသက်ပင်မရှုရဲလောက်အောင်ထိတ်လန့်တဲ့ ခံစားချက်မျိုးပေးစွမ်းနိုင်တဲ့ရုပ်ရှင်ပါပဲ။ ဥပမာ- မုန်တိုင်းလေပွေက အတင်းစုပ်ယူနေတဲ့ ကားရဲ့တံခါးကိုအတင်းဖက်တွယ်ကာ လေပွေထဲပါလုဆဲဆဲ ဖြစ်နေတဲ့ အယ်(လ)ဆင်ကို ဂယ်ရီကအတင်းပြန်ဆွဲယူတဲ့အခန်း (မုန်တိုင်းထဲပါခါနီးမှာ မုန်တိုင်းကချက်ချင်းရပ်သွားတဲ့အတွက် နှစ်ယောက်လုံး မြေကြီးပေါ်ပြုတ်ကျကာ သီသီလေးလွတ်သွားတာကိုရှုစားရမှာပါ)၊ မီးလောင်နေတဲ့ ဓါတ်ဆီဘောက်ဆာကားကြီးကို စုပ်ယူသွားတဲ့ လေပွေကြီးက မီးလေပွေကြီးဖြစ်သွားပြီး ကင်မရာမန်းကို မုန်တိုင်းဝဲကတော့ထဲ စုပ်ယူသွားတဲ့ဇာတ်ဝင်ခန်း၊ အပြင်းထန်ဆုံးတိုက်ခတ်ပြီး မုန်တိုင်းကြီးငြိမ်သွားတဲ့အခါ အယ်(လ)ဆင်က မုန်တိုင်းပြီးသွားပြီလားလို့မေးတော့ ပိ(ထ်)က ဟင့်အင်း၊ အခုက မုန်တိုင်းဗဟိုချက်ကိုရောက်သွားလို့ ခဏငြိမ်သွားတာ၊ အဆိုးဆုံးအဆင့်က မရောက်သေးဖူးလို့ပြန်ဖြေတဲ့စကားအဆုံး ကြားလိုက်ရတဲ့ မုန်တိုင်းတိုက်သံနဲ့အတူ ကြောက်မက်ဖွယ် မုန်တိုင်းမြင်ကွင်း၊ မုန်တိုင်းထဲ ရဲရဲကြီးတိုးဝင်သွားတဲ့ ပိ(ထ်) နဲ့ သူ့ရဲ့ တိုက်တပ်(စ်)ယာဉ်ရဲ့ ဇာတ်သိမ်းခန်း စတဲ့ဇာတ်ဝင်ခန်းတွေကြောင့် ရင်သပ်ရှုမောဖွယ် ရသကိုခံစားရမှာပါ။ (ဇာတ်ကားထဲမှာ ကိုယ်ချင်းမစာနိုင်တဲ့ ဇာတ်ဝင်ခန်းတွေကတော့ မုန်တိုင်းဒီလောက်ပြင်းနေတာတောင် သူတို့ဖုန်းတွေလိုင်းမိနေကြတဲ့အခန်းတွေပါ) ဒီဇာတ်လမ်းကို ကြည့်ပြီးတဲ့ အမေရိကန်ပြည်သားတစ်ချို့ကတော့ သူတို့နိုင်ငံမှာ ဗုံးခိုကျင်းတွေထက် မုန်တိုင်းဒဏ်ခံနိုင်မယ့် အဆောက်အအုံတွေသာ ရှိစေချင်တော့ကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။ (ဇာတ်လမ်းအညွန်းကို Movie Guideမှ ကူးယူးဖော်ပြ ထားတာဖြစ်ပါတယ်) File size… 4.5 GB / 2 GB / 976 MB Quality… Web-Rip 4K / 1080p / 720p Format… mp4 Duration…. 1h 29m Genre ….. Action/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant

5.8 2014
Into the Storm
An Arrow Through the Heart
5.8

မြို့တော်မှာ နေတဲ့ယန်မိသားစုတစ်စုကတစ်နေ့မှာတော့ လုပ်ကြံသူတွေ သတ်ဖြတ်တာခံလိုက်ရပေမဲ့ သားဖြစ်သူယန်ဟိုင်ကိုလွတ်မြောက်အောင် ကာကွယ်ပေးခဲ့တာပေါ့။ဒီလိုနဲ့ ယန်ဟိုင်တစ်ယောက်ယန်ရှီပါးရှိတဲ့နေရာဆီ သွားရှာခဲ့တယ်။ယန်ရှီပါးက ရှောင်ဟိုင်အဖေဆီကနေကြားနေကျမြှားပစ်တဲ့နေရာမှာ ဆရာတစ်ဆူလိုထူးချွန်တဲ့ နတ်လေးသမားပေါ့။ ဒါပေမဲ့ရှောင်ဟိုင်လာတဲ့ အချိန်နောက်ကျသွားပြီး ယန်ရှီပါးတစ်ယောက်ဟာလွန်ခဲ့တဲ့ (၂) နှစ်လောက်တည်းက ဆုံးပါးသွားခဲ့တယ်။သမီးဖြစ်သူ ယန်ရှောင်ဖျင်ကတော့ မျက်မမြင်ဖြစ်ပေမဲ့လေးအတတ်ကိုအဖေအမွေဆက်ခံသူပီပီ ထူ းချွန်ပြောင်မြောက်လှတယ်။သူနဲ့အတူနေတဲ့ ရှောင်ပုကတော့ စစ်မြေပြင်ကနေကောက်ယူလာတဲ့ မိဘမဲ့ဖြစ်ပြီးရှောင်ဟိုင်က သေဆုံးသွားတဲ့မိဘတွေကို လက်စားချေဖို့ ရှောင်ဖျင်ဆီကနေလေးအတတ်ကိုသင်ယူခဲ့တယ်။ ဒီလိုနဲ့ ၃ ယောက်သားအေးအေးချမ်းချမ်းဖြတ်သန်းနေကြတဲ့ ချင်းဆွေရွာမှာတစ်နေ့တော့ ပင်လယ်ဓါးပြတွေ တိုက်ခိုက်တာခံရပါတော့တယ်။ အကြောင်းရင်းကတော့ ဝေါတိုင်းပြည်ဓါးပြခေါင်းဆောင်ရဲ့သမီးဖြစ်သူနဲ့ရှောင်ဟိုင်တို့တွေ့ပြီး သမီးဖြစ်သူကမြင်မြင်ချင်းချင်းမှာတင်ရှောင်ဟိုင်ကို ချစ်မိသွားရာ သူနေထိုင်တဲ့ချင်းဆွေရွာကိုသွားပြီး ရှောင်ဟိုင်ကိုဖမ်းခေါ်ပြီး သူ့ဘေးနားမှာ ထားဖို့ကြံစည်ပါတော့တယ်။ ဓါးပြခေါင်းဆောင်သမီးဖြစ်သူကလည်း နှလုံးရောဂါကြောင့် တစ်နှစ်ပဲအသက်ရှင်တော့ရတယ်ဆိုပေမဲ့ မတူညီတဲ့အင်္ဂါနဲ့ဖွဲ့စည်းထားတဲ့နှလုံးကိုစားပါက ရောဂါပျောက်နိုင်တယ်လို့သမားတော်ကပြောခဲ့တဲ့အပေါ် ရှောင်ဖျင်ကိုမြင်မြင်ချင်းချင်း မတူညီတဲ့အင်္ဂါနဲ့ဖွဲ့စည်းထားတဲ့ နှလုံးကိုယူဖို့ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ ပင်လယ်ဓါးပြတစ်ဖွဲ့လုံးချင်းဆွေရွာက ရွာသားတွေကိုဖမ်းဆီးသတ်ဖြတ်ထားတာကို ရှောင်ဟိုင်ပြန်လာတဲ့အချိန်တွေ့သွားတဲ့အခါ ရှောင်ဖျင်ကိုကယ်ဖို့ လိုက်ရှာရင်းဘာတွေဆက်ဖြစ်ကြမလဲ။ လေးအတတ်အင်မတန်တတ်ကျွမ်းလှတဲ့မျက်မမြင်ရှောင်ဖျင်တစ်ယောက် ဘယ်လိုတွေအရည်အချင်းတွေများဖုံးကွယ်ထားသေးလဲစတာတွေကို ဒီဇာတ်လမ်းလေးထဲမှာ ဖော်ပြသွားတာမို့လို့ဒီဇာတ်လမ်းလေးကို ကြည့်ရူလိုက်ရအောင်

5.8 2024
An Arrow Through the Heart
Sugar Baby Youtopia
5.2

Sugar Baby (2018) IMDb Rating (5.2) ဒီအီတလီရုပ်ရှင်ကတော့ ရိုးရိုးလေးပေမဲ့ အကြောင်းအရာမဆိုးဘူးလို့ပြောရမယ်။ အစစအရာရာပျက်ယွင်းနေတဲ့ ယောက်ျားသားမရှိတဲ့ အဘွား, အမေ, သမီးပဲရှိတဲ့ မိသားစုတစ်ခုရဲ့ အခက်အခဲတွေကို အခြေတည်ထားတယ်။ သူတို့မိသားစုက နေထိုင်စားသောက်ဖို့ ခက်ခဲနေတဲ့အပြင် အိမ်ကလည်း အပေါင်ဆုံးတော့မယ် စားစရာခက်ခဲရုံမက နေစရာပါမရှိဖြစ်တော့မယ်။ ဒီအချိန်မှာ အမေတစ်ယောက်ရဲ့ စိတ်ဖိစီးမှုတွေကို ကျွန်တော်တို့ကိုပြတယ်။ အဲဒီဒဏ်ကို သမီးက ခံရပုံကိုလည်းပြတယ်။ ဖြေရှင်းကြပုံကတော့ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းပါပဲ။ သူ့သမီးက စစချင်း Dark Web မှာ အဖော်အချွတ်လုပ်ရင်း ရတဲ့ငွေနည်းနည်းကို သူ့အမေကိုပေးတယ်။ ဒါပေမဲ့ ပိုကြီးတဲ့ပြဿနာက နှစ်ပတ်အတွင်းအိမ်ကိုလေလံတင်ရောင်းတော့မယ်လို့ ဘဏ်က စာပို့လာတာပေါ့။ ဒီအချိန်မှာ အားလုံးကြံရာမရဖြစ်နေကြတဲ့အချိန် သူ့သမီးက သူ့အပျိုစင်ဘဝကို လေလံတင်ရောင်းပြီး ဒီပြဿနာကို ဖြေရှင်းပေးဖို့လုပ်ခဲ့တယ်။ ဘာတွေဆက်ဖြစ်မလဲတော့ ရုပ်ရှင်မှာ ဆက်မြင်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.8 GB) / (640 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:32:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by W

History
5.2 2018 94 mins
Sugar Baby Youtopia