YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Shooting.Night.Out.S01E06.220616.720p-CM.mp4

1.42 GB N/A video/mp4 70 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Legacy Peak
4.8

တောတွင်းစွန့်စားခန်းဖွင့်တဲ့ဇာတ်ကားမျိုးကိုမှ exaggerated ဖြစ်နေတဲ့ scene တွေမပါဘဲ ကိုယ်ကိုယ်တိုင်တောတွင်းရောက်သွားတဲ့အခါ တကယ်တမ်းကြုံတွေ့လာရနိုင်တာတွေကိုပဲ ရိုက်ပြထားတဲ့ သဘာဝအဆန်ဆုံး adventure movie မျိုးကို သဘောကျတယ်ဆိုရင် Legacy Peak ဆိုတဲ့ ဒီဇာတ်ကားလေးကိုကြည့်ဖို့ ကျွန်တော်ညွှန်းချင်ပါတယ်ဗျာ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျေဆန်ဆိုတဲ့ သက်လတ်ပိုင်းဘဲတစ်ပွေက သူလက်ထပ်လုဆဲဆဲအမျိုးသမီးရဲ့ သားနဲ့သမီးဆီမှာ မျက်နှာကောင်းရဖို့အတွက် သူ့အမျိုးသမီးရဲ့မိသားစု ခရစ်စမတ်ကိုအတူတူနွှဲကြမဲ့အပန်းဖြေအိမ်လေးဆီ ကလေးနှစ်ယောက်ကိုခေါ်ပြီး ဘိုးရင်းဂျက်တစ်စီးနဲ့ ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း စီစဉ်တဲ့အတိုင်းဖြစ်မလာခဲ့ဘဲ လေယာဉ်ပျက်ပြီး လီဂေဆီတောင်ထိပ်နားကတောနက်ကြီးထဲကို သုံးယောက်သားရောက်ရှိသွားပါတော့တယ်။ လူတွေဟာ အခက်အခဲတွေကြုံလာရချိန် ကိုယ်နဲ့အတူရင်ဆိုင်မဲ့ရဲဘော်ရဲဘက်တွေနဲ့ ရင်ဘတ်ချင်းနီးတတ်ကြသလိုပဲ ဒီသုံးယောက်သားဟာလည်း အခက်အခဲတွေကြားမှာမှ တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာ၊ တစ်ယောက်စိတ်ရင်းအမှန်ကိုတစ်ယောက် မြင်ခွင့်ရလာပါတော့တယ်။ ဒီဇာတ်လမ်းမှာက အဓိကအနေနဲ့ တောတွင်းစွန့်စားခန်းတွေထက် သူတို့သုံးဦးသားကြားက မေတ္တာတွေ၊ အခက်အခဲတွေကို အတူရင်ဆိုင်ကြပုံတွေကို ရိုက်ပြထားတာမို့ ကြည့်ပြီးတဲ့အချိန်မှာလည်း တစ်ခုခုတော့ကျန်ခဲ့မှာ အသေအချာပါပဲဗျာ။ File size…(1.6 GB)/(966 MB)/(466 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:34:00 Genre...Adventure, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mariposa

Action • Comedy • Crime
4.8 2022 94 mins
Legacy Peak
Life in a Metro
6.3

ဒီဇာတ်ကားလေးကတော့ ပရိတ်သတ်တို့ရဲ့ အချစ်တော်မင်းသားကြီး အီရ်ဖားန်ခန်းနဲ့ မင်းသမီး ရှီလ်ပါးရှတ်သီးတို့ပါဝင် သရုပ်ဆောင်ထားတဲ့ Romance/Drama အမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေး တစ်ကားဖြစ်ပြီး IMDb ratingကလည်း 7.4အထိရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်း အရည်အချင်းပြည့်ဝတဲ့ အကမယ်တစ်ယောက်ဖြစ်တဲ့ ရှီခါဟာ သူမရဲ့ ကလေးနဲ့ အိမ်ထောင်ရေးအတွက် သူ့ရဲ့ပညာရေးနဲ့ သူ့ဘဝတက်လမ်းတွေကို စွန့်လွှတ်ခဲ့ပါတယ်။ ၇နှစ်လောက် ကြာလာတဲ့အခါမှာတော့ သူတို့ရဲ့ အိမ်ထောင်ရေးအခြေအနေဟာ ယိုယွင်းစဖြစ်နေမှန်း သူမသတိထားမိလာခဲ့တယ်။ ရှီခါဟာ ပြဇာတ်မင်းသားတစ်ယောက်ကို စွဲလမ်းမိသွားပြီး သူမရဲ့ ယောကျာ်းဟာလည်း သူ့ရုံးက ကောင်မလေးတစ်ယောက်နဲ့ ငြိငြိတွယ်တွယ် ဖြစ်လာပါတော့တယ်။ ရာဟုလ်ဆိုတဲ့ ဉာဏ်များတဲ့ သူကတော့ သူ့ရဲ့အခန်းကို ခိုးချိန်းကြတဲ့အတွဲတွေကို ငှားလေ့ရှိသတဲ့။ ဒီဇာတ်ကားထဲမှာ အဓိကဇာတ်ကောင် ၉ယာက်ပါဝင်ပြီး သူတို့၉ယောက်ဟာ အချင်းချင်း သိကျွမ်းကြပြီး အားလုံးဟာ မွမ်ဘိုင်းမြို့မှာ အလုပ်လုပ်ကြပါတယ်။ တစ်နေ့မှာတော့ သူတို့ ၉ယောက်ရဲ့ ကံကြမ္မာအလှည့်အပြောင်းကြီး ဖြစ်ပေါပြီး တစ်ယောက်နဲ့တစ်ယောက် ကံကြမ္မာချင်းရောယှက်သွားကြ‌ပြီး စိတ်ခံစားချက်ကို အနိုင်ယူဖို့ ကြိုးစားကြတဲ့အခါ ... အရမ်းကောင်းတဲ့ Old but Goldဇာတ်ကားကောင်းလေးတစ်ကား ဖြစ်တာမလို့ ဘောလိဝုဒ်ချစ်သူများ လုံးဝ လက်မလွှတ်သင့်ပါကြောင်း ... ဘာသာပြန်သူတွေကတော့ Thaik San,Intelligence,Soe Kalayarနဲ့ Thandar Ooတို့ ဖြစ်ပါတယ် File size…2.1GB / 935MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San & Intelligence & Soe Kalayar & Thandar

6.3 2007 124 mins
Life in a Metro
Thousand and One Lies
8

1001 Nunakal (2022) IMDb-8.0/10 ဇာတ်လမ်းတင်ဆက်ပုံခပ်ဆန်းဆန်းလေးနဲ့ အိမ်ထောင်သည်တွေ၊ အိမ်ထောင်တခုထူထောင်ဖို့ စဉ်းစားနေသူတွေကို အသိလေးတခုပေးနိုင်တဲ့ အိန္ဒိယကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းနာမည်က မုသားစကား ၁၀၀၁တဲ့။ ဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်တွေကို မျက်နှာသစ်သရုပ်ဆောင်တွေ သုံးထားပေမယ့် ကျရာဇာတ်ရုပ်နဲ့လိုက်ဖက်အောင် ပါဝင်နိုင်ကြတာကို စိတ်ဝင်တစားနဲ့ကြည့်ကြရမှာပါ။ နေရာတခုတည်းမှာပဲ အဓိကတည်ပြီး ရိုက်ထားတဲ့ဇာတ်လမ်းတွေကိုကြည့်လိုက်ရင် စိတ်ဝင်စားစရာကောင်းရင်ကောင်း မဟုတ်ရင် ပျင်းစရာကောင်းလာရော။ကျွန်တော့်အမြင်အရကတော့ ဒီဇာတ်လမ်းကစိတ်ဝင်စားစရာပဲ။ဘာလဲဆိုတော့ ကြုံဖူးသိဖူးနေကြအကြောင်းရာတွေပါသလို ဘာတွေဖြစ်လာဦးမလဲ ဘာတွေပေါ်လာဦးမလဲဆိုတာမျိုးကို သိချင်စိတ်ဖြစ်အောင် ရိုက်ထားနိုင်လို့။ ဇာတ်လမ်းအကျဉ်းကိုပြောရရင် အဆောက်အဦးကြီးတခုမီးလောင်တယ်။အဲဒီမှာနေတဲ့ တိုက်ခန်းတွေက မိသားစုနှစ်ခုက သူတို့သူငယ်ချင်းအရင်းကြီးတယောက်အိမ်မှာ ခဏလာတည်းတယ်။ညစာစားကြရင်း နောက်ရက်မှာ အိမ်ရှင်လင်မယားရဲ့ ဆယ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့ရောက်မယ်ဆိုတာသိတော့ ပြန်မယ့်ဟာ မပြန်ကြသေးဘဲ ပွဲလေးကျင်းပကြတာပေါ့။တကယ်ခင်မင်ကြတဲ့ သူငယ်ချင်းအရင်းကြီးတွေပဲစုပြီးပွဲလေးလုပ်ရော။ အဲဒီမှာ သူငယ်ချင်းတွေဝိုင်းထိုင်ကြရင်း သူတို့တွေပြောကြတဲ့အကြောင်းအရာတွေ အဖြစ်အပျက်တွေက ဇာတ်လမ်းကိုဆွဲခေါ်သွားတာပဲ။ကွဲပြားတဲ့အမြင်တွေ အယူအဆမတူညီကြတာတွေကနေ သူတို့ရဲ့ဘ၀တွေကို စကားတွေကနေတဆင့် တင်ဆက်ပြသသွားတာကို ကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~Zwe~Yunniတို့ဖြစ်ပါတယ်) File size…1.37GB  /  613MB  Quality…1080p WEB DL  / 720p Format…mp4 Duration….1h 45mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  V~BpL~Zwe~Yunni

Drama • Mystery
8 2022 104 mins
Thousand and One Lies
Mountain Village Inn
5.9

CM မှာအရင်တင်ပြီးသားဖြစ်တဲ့ ( The Haunting)ဆိုတဲ့ဇာတ်ကားရဲ့ နောက်တစ်ကားဖြစ်တဲ့ အိမ်ခြံမြေလုပ်ငန်းရှင်လေးJiang Shuoရဲ့ အိမ်အရောင်းဝယ်လုပ်ငန်းကိုလုပ်ကိုင်ရင်း နောက်ထပ်ကြုံတွေ့ရတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ရေမြေမကောင်းလို့ လာဘ်မကောင်းလို့ သရဲခြောက်လို့ ဆိုပြီး အလောတကြီးရောင်းချင်တဲ့အိမ်တွေကတော့ Jiang shuo ရဲ့အကြိုက်ပါပဲ။ ဒီတစ်ခါမှတော့ Jiang ဟာ အယူသီးတဲ့ထုံးတမ်းဓလေ့တွေရှိတဲ့ တောင်ပေါ်ကမိုတယ်တစ်ခုကိုဆောက်လုပ်ရေးကုမ္ပဏီတစ်ခုအတွက် သွားဝယ်ပေးရင်း ကြုံတွေ့ခဲ့ရတဲ့လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်လေးပါ….. ရွှံံတောင်ပြိုတဲ့ဖြစ်ရပ်ကြောင့် မိုတယ်မှာတည်းတဲ့ တောင်တက်သမား (၃၆)ယောက်ဟာပျောက်ဆုံးနေပြီး ဘယ်လိုမှရှာမတွေ့တော့ပါဘူး….. မိုတယ်ကိုဝယ်ဖို့ရောက်လာတဲ့ Jiang တို့လူစုဟာ လူပျောက်မှုနဲ့ပတ်သက်ပြီး ဘာတွေသိလာရမလဲ…… ခြောက်ခြားစရာကောင်းတဲ့ဒီမိုတယ်မှာ ဘယ်လိုကျောချမ်းစရာတွေ ကြောက်စရာတွေနဲ့ကြုံရဦးမလဲဆိုတာ ခံစားလိုက်ဦးနော်…..

5.9 2023
Mountain Village Inn
Keep You Safe
6

ပိုင်ဆိုင်မှုအားလုံးကို မိဘမဲ့ဂေဟာသို့ လှူဒါန်းခဲ့တဲ့အတွက် နာမည်ကြီးသွားတဲ့ “အလှူရှင်အစ်မ” ကြီးဟာ တစ်ညအတွင်းမှာပဲ ကလပ်မှ “ကောင်မလေး” အဖြစ် သတင်းထွက်လာသောအခါ…… အခုတစ်ခေါက် CM ပရိသတ်တွေအတွက် Keep you safe ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ – သူငယ်ချင်းအတွက်နဲ့ ရန်ဖြစ်ပြီး ထောင်ကျခဲ့တဲ့ ဝေ့ဖျင်အန်းဟာ ထောင်ထွက်ပြီးနောက် သင်္ချိုင်းမြေရောင်းသူအဖြစ်နဲ့ အသက်မွေးနေခဲ့ပါတယ်။ လူလတ်အရွယ်မှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေတဲ့ ဝေ့ဖျင်အန်းဟာ သူ့ရဲ့ သေဆုံးသွားပြီဖြစ်တဲ့ ဖောက်သည်ဖြစ်သူ ဟန်လုရဲ့ ကောလာဟလ သတင်းကို ကြားသိခဲ့ရပါတယ်။ ထို ကောလာဟလသတင်းကို ဖြေရှင်းနိုင်ရန်အတွက်၊ ကတိတစ်ခုအတွက် ဝေ့ဖျင်အန်းဟာ ကောလာဟလတွေရဲ့ အရင်းအမြစ်ကို လိုက်ရှာပါတော့တယ်။ လမ်းတစ်လျှောက်မှာ အခက်အခဲတွေနဲ့ ပြည့်နက်နေခဲ့တယ်။ သူ့ညီမဖြစ်သူ ဝေ့ရူရိကလဲ ကောလာဟလဖြန့်တဲ့ထဲ ပါနေပြီး ချမ်းသာကြွယ်ဝလှတဲ့ ဒါရိုက်တာဖုန်ရဲ့ လိုက်လံ နှောင့်ယှက်ခြင်းကိုလဲ ခံခဲ့ရပါတယ်။ တဖြည်းဖြည်းနဲ့ သူဟာ “ကိုယ်မှန်တယ်ထင်တဲ့အရာကိုလုပ်ခြင်း” က ပိုပြီးတော့ စိတ်ချမ်းသာစေတယ်ဆိုတာ နားလည်လာခဲ့ပါတယ်။ ဝေ့ဖျင်အန်းတစ်ယောက် ကောလာဟလတွေကို ဖြေရှင်းနိုင်ပါ့မလား…… ဟန်လုရဲ့ သင်္ချိုင်းနေရာကိုရော ထိန်းသိမ်းထားပေးနိုင်မလာ…… ဆိုတာကို CM ရဲ့ ဘာသာပြန်လေးနဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

6 2023
Keep You Safe
No Bears
7.3

No Bears (2022) ~ IMDb – 7.3/10, Rotten Tomatoes – 99% ~ ဒီကားက​တော့ 2022 မှာထွက်ရှိထားပြီး စုံတွဲနှစ်တွဲကြားက အချစ်​အတွက်ရုန်းကန်ရတာ​တွေကို ရိုက်ပြထားတဲ့ ဒရာမာဇာတ်ကား No Bears ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ထူးခြားချက်​က​တော့ ပါဝင်သရုပ်​ဆောင်တဲ့ ဇာတ်​ဆောင် Pahani ကိုယ်တိုင် ဒါရိုက်တာလုပ် ဇာတ်ညွှန်း​ရေးထားတာပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ ရွာရဲ့ရိုးရာအရ မိမိချက်ကြိုး​ပေါ်မှာ ​ရေးထိုးထားတဲ့ ​​​ယောက်ျားလေးနာမည်နဲ့သာလက်ထပ်ရမှာဖြစ်တဲ့ ဂျူဇယ်တစ်​ယောက် တခြား​ယောကျာ်း​လေးအ​ပေါ် ​ချစ်မိသွားတဲ့အလာ… တစ်ဖက်မှာ​တော့ ဆိုးဝါးခက်ခဲလှတဲ့ဘဝက​နေလွတ်​မြောက်ဖို့ နယ်​စပ်က​​နေအကြိမ်ကြိမ် ကြိုးစား​ပေမဲ့ တဖက်နိုင်ငံကိုမ​ရောက်ဘဲ တစ်​နေ့ ပတ်စ်ပို့အတု​တွေနဲ့ နိုင်ငံခြားသွားဖို့ အခွင့်အ​ရေးရလာ​ပေမဲ့ တစ်​ယောက်တည်းသာ သွားရမယ်မှန်း ဇာရာသိသွားတဲ့အခါ… မတူညီတဲ့ ​နေရာ​ဒေသ၊ မတူညီတဲ့ ဘဝဖြတ်သန်းမှု​တွေရှိ​နေ​ပေမယ့် တူညီတဲ့အချစ်​ရေးကိစ္စ​တွေရှိ​နေတဲ့ စုံတွဲနှစ်တွဲကို တစ်လှည့်စီ စိတ်ဝင်စားစရာ​ကောင်း​အောင် ရိုက်ပြထားတဲ့ ဒရာမာကား​ကောင်း​​​ပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 860MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 46Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

7.3 2022 107 mins
No Bears
The Great Escaper
7.2

ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားတဲ့ The Great Escaper ရုပ်ရှင်မှာ မင်းသားကြီး Michael Caine က ဒုတိယကမ္ဘာစစ် D-Day မှာပါဝင်တိုက်ခိုက်ခဲ့တဲ့ ရေတပ်သားကြီး Bernard Jordan နေရာကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားဟာ အဓိကဇာတ်ဆောင်နှစ်ဦးဖြစ်တဲ့ Michael Caine နဲ့ မင်းသမီးကြီး Glenda Jackson တို့ရဲ့ နောက်ဆုံးရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။ မင်းသမီးကြီး Glenda Jackson ဟာ သူမရဲ့ဇာတ်ဝင်ခန်းများရိုက်ကူးပြီး ကိုးလအကြာမှာ ကွယ်လွန်သွားခဲ့ပြီး မင်းသားကြီး Michael Caine ကတော့ ၂၀၂၃ ခုနှစ် အောက်တိုဘာမှာ ရိုက်ကူးရေးကနေအနားယူလိုက်ပြီဖြစ်ပါတယ်။ ဇာတ်လမ်းအနှစ်ချုပ် ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှတော်ဝင်ရေတပ်မှာ အမှုထမ်းခဲ့တဲ့ အသက် ၈၉ နှစ်အရွယ် စစ်ပြန်ကြီး Bernard Jordan ဟာ ပြင်သစ်နိုင်ငံမှာပြုလုပ်တဲ့ နော်မန်ဒီကမ်းတက်တိုက်ပွဲ နှစ် (၇၀) ပြည့်အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်လိုတဲ့အတွက် သူနေထိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာကနေ ခိုးထွက်လာခဲ့ပါတယ်။ အဘိုးအိုကြီးတစ်ယောက်တည်း အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပြီး ပြင်သစ်နိုင်ငံကိုထွက်လာခဲ့တဲ့သတင်းဟာ လူမှုကွန်ယက်နဲ့သတင်းဌာနတွေမှာ နေ့ချင်းညချင်းနာမည်ကျော်သွားပေမယ့် သူဘယ်ရောက်နေတယ်ဆိုတာ ဘယ်သူမှမသိကြပါဘူး။ အောက်မေ့ဘွယ်အခမ်းအနားတက်ရောက်ဖို့လာတာဆိုပေမယ့် စစ်မှုထမ်းဟောင်းကြီးမှာ တခြားလုပ်စရာကိစ္စလေးတွေလည်းရှိနေသလို ကမ္ဘာစစ်ကြီးပြီးကတည်းက စိတ်အာရုံမှာ မကြာခဏခြောက်လှန့်နေတဲ့ ကိစ္စတစ်ခုကို ဖြေရှင်းတဲ့ဆန္ဒလည်းရှိပါ သေးတယ်။ ဒီလိုစွန့်စားခန်းဖွင့်နေချိန်မှာပဲ ဂေဟာမှာကျန်ခဲ့တဲ့ ဇနီးသည်ကျန်းမာရေး ချွတ်ယွင်းလာတာကို မသိသေးတဲ့ စစ်မှုထမ်းဟောင်းကြီးဟာ သူလုပ်စရာရှိတာကိုသာ သဲကြီးမဲကြီးအာရုံစိုက်နေရာက ဘဝတူစစ်ပြန်ကြီး Arthur ရဲ့အကူအညီကြောင့် မမျှော်လင့်ထားတဲ့နေရာကို ရောက်ခဲ့ပါတော့တယ်။ ခရီးသွားဟန်လွဲဆုံရတဲ့ Arthur ရဲ့ နောက်ကွယ်မှာ ဘာဇာတ်လမ်းတွေရှိမလဲ၊ Bernard သူရည်မှန်းထားတာတွေ အားလုံးလုပ်နိုင်ပါ့မလား။ သူတွေ့ချင်တဲ့အရာတွေနဲ့တွေ့နိုင်ပါ့မလား၊ ကျန်ရစ်ခဲ့တဲ့ ဇနီးသည်ရဲ့ ကျန်းမာရေးအခြေအနေဟာ ပြန်ရောက်တဲ့အထိ အသက်ရှည်ပါ့မလားဆိုတာ IMDB 7.2, Rotten Tomato 79% ရထားတဲ့ The Great Escaper ရုပ်ရှင်ဇာတ်ကားနဲ့ အတူစီးမျောရင်းခံစားသက်ဝင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ File size…1.28GB / 499MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 36m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by miyamoto

7.2 2023
The Great Escaper
Quan Dao: The Journey of a Boxer
5.9

ဒီဇာတ်လမ်းမှာတော့ ရှောင်နျိုဆိုတဲ့ကောင်လေးရဲ့အဖေက သူ့သူငယ်ချင်းကောင်းကို ကာကွယ်ပေးဖို့အတွက် မျက်စိမမြင်ဖြစ်သွားခဲ့တယ် အဲဒီအချိန်ကစပြီး သူ့သူငယ်ချင်းတွေဆီကဝေးကွာပြီး သူ့သားနှင့်အတူ တိတ်ဆိတ်အေးချမ်းတဲ့ဘဝကို ဖြတ်သန်းခဲ့တယ် နှစ်ပိုင်းလောက်ကြာပြီးတဲ့အခါမှာ သူငယ်ချင်းနှစ်ယောက်ကပြန်တွေ့ကြပြီး သူ့သားရှောင်နျိုကို သူငယ်ချင်းထံမှာလက်ဝှေ့သင်စေခဲ့တယ် ဆရာဖြစ်သူရဲ့သင်ကြားပေးမှုအောက်မှာ ရှောင်နျိုက ထူးချွန်တဲ့လက်ဝှေ့သမားတစ်ယောက် ဖြစ်လာခဲ့တယ် နောက်တော့လက်ဝှေ့သင်တန်းရဲ့ ငွေကြေးအခက်အခဲကြောင့် ရှောင်နျိုနှင့်သူငယ်ချင်းဖြစ်သူမာကျိုင်တို့က ငွေရှာဖို့ကြိုးစားရင်း လမ်းမှားသို့ရောက်ရှိခဲ့ပါတော့တယ်

5.9 2020
Quan Dao: The Journey of a Boxer
Constantine
7

ဒီနေ့တင်ပေးမယ့် ဇာတ်ကားကတော့ CM ပရိတ်သတ်တို့ ဂွတ်ရှယ်အကြိုက်တွေ့မယ့်ဇာတ်ကားပါပဲ မက်ထရစ်နဲ့ speed စတဲ့ ဇာတ်ကားတို့အပြင် မကြာသေးခင်ကထွက်ထားတဲ့ John Wick ဇာတ်ကားတို့ရဲ့သရုပ်ဆောင် ကမ္ဘာကျော်မင်းသား Keanu Reeves ရဲ့ ခပ်မိုက်မိုက်ဇာတ်ကားတစ်ကားပါ 2005 ခု နှစ်မှာထွက်ရှိထားပြီး ဒါရိုက်တာ Francis Lawrence က ရိုက်ကူးပြီး ဒေါ်လာ သန်း ၁၀၀ အကုန်အကျခံကာရိုက်ကူးခဲ့တာ ရုပ်ရှင်အတွက် ပြန်ရတဲ့ငွေကတော့ ဒေါ်လာ သန်း ၂၃၀ ပဲဖြစ်ပါတယ် IMDb Rating မှာလည်း 7.0 ရရှိထားပါတယ်.. ဇာတ်လမ်းပုံစံကတော့ ဂျွန်ကွန်စတန်တင်းဟာ နတ်ဆိုးတွေကိုအမဲလိုက်တဲ့သူတစ်ဦးဖြစ်ပါတယ်.. မကောင်းဆိုးဝါးတွေ..ကြားထဲမှာပဲ သူ့ဘဝကိုရှင်သန်ပြီး..သူလုပ်ခဲ့တဲ့ အရာတွေကြောင့်သူသေရင် ငရဲကိုသာ သွားရလိမ့်မယ်ဆိုတာကို သူကိုယ်တိုင်လည်းသိပါတယ်..ဆေးလိပ်အရမ်းသောက်တာကြောင့် အဆုတ်တခုလုံးစုတ်ပြတ်သတ်နေပြီး သေဖို့အချိန်ကလည်းနီးကပ်နေပါပြီ..ကွန်စတန်တင်းဟာ သူသေရင် ငရဲအစားကောင်းကင်ဘုံကို တက်ရဖို့အတွက်..စွန့်စားမှုတခုကို အမြဲတမ်းလိုက်ရှာပြီး လုပ်ဖို့ကြိုးစားနေပါတယ်..သူ့ရဲ့ဝိဉာဉ်ဟာငရဲနဲ့ပဲသက်ဆိုင်တယ်လို့ မကောင်းဆိုးဝါးတွေကလည်း ယူဆတဲ့အတွက် သူ့ကိုအမျိုးမျိုးသတ်ဖို့ကြိုးစား..စိတ်အနှောက်အယှက်ပေးနေကြပါတယ်. တစ်နေ့မှာ ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ညီမဖြစ်သူကို မကောင်းဆိုးဝါး နတ်ဆိုးတွေလိုက်လံနှောက်ယှက်တဲ့အခါမှာ..ဂျွန်ဟာ အဲ့အမျိုးသမီးဘက်ကနေ ကူပါတော့တယ်.. ကောင်းကင်တမန် ..နဲ့..နတ်ဆိုးတွေ..အပြင်..နတ်ဆိုးဘုရင် လူစီဖာ နဲ့ပါ..ပါဝင်ပတ်သတ်မှုတွေနဲ့အတူ ဂျွန် ကွန်စတန်တင်းရဲ့ စွန့်စားမှုတွေ..ခပ်မိုက်မိုက်ရိုက်ချက်တွေကို ဆက်လက်ရှုစားကြပါ

7 2005 121 mins
Constantine
Rush
8.1

Romance လည်းကြည့်ချင်တယ် Sports ကလည်း ပါချင်သေးတယ် Actionလည်း ကြည့်ချင်တာဆိုရင်တော့ တစ်ကားတည်းနဲ့ ရသမျိုးစုံခံစားရစေမဲ့ မင်းသားကြီး Chris Hemsworth ရဲ့ ဒီmovie‌‌ လေးကို recommend‌ ပေးပါရစေ။ ဒီကားကိုတော့ အားကစားကိုစိတ်ဝင်စားတဲ့သူတွေ ကားပြိုင်ပွဲတွေကြည့်ရတာ စိတ်ဝင်စားတဲ့သူတွေနဲ့ ကားတွေအကြောင်းစိတ်ဝင်စားတဲ့သူတွေ ကြည့်သင့်ပါတယ် ပြီးတော့ ဒီရုပ်ရှင်လေးက တကယ့်ဖြစ်ရပ်မှန်ပေါ်အခြေခံပြီး ရိုက်ကူးထားတာဖြစ်လို့ အစကနေအဆုံးထိ လုံးဝ မပျင်းရအောင် ဆွဲဆောင်သွားမှာအာမခံပါတယ်။ အဲ့တော့ ဇာတ်ကောင်တွေအကြောင်းကို နည်းနည်းလောက် အကျဉ်းချုံးလေး ပြောပြချင်ပါတယ် အဓိက ဇာတ်ကောင်တွေအနေနဲ့ကတော့ James Huntနဲ့ Niki Lauderဆိုတဲ့ ပြိုင်ကားသမားနှစ်ယောက်ကြားက ယှဉ်ပြိုင်မှုတွေ သူတို့ရဲ့ ဘဝစိတ်နေစိတ်ထားတွေကို ပြသထားပါတယ်။ သူတို့ကပြိုင်ဘက်‌တွေဖြစ်ပေမယ့် သဘောထားကတော့ အတော်လေးကွာခြားတယ်လို့ပြောလို့ရပါတယ် Jamesက ဆံပင်ရှည်ရှည် ခန္ဓာကိုယ်ကခပ်မိုက်မိုက်နဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေါ့၊ ဘဝကိုပျော်ပျော်နေတတ်ပြီး စည်းတွေကမ်းတွေနဲ့ဆို မနေတတ်တဲ့သူ၊ တစ်ခုခုဆို တဇွတ်ထိုးလုပ်တဲ့သူ၊ နိုင်ဖို့စိတ်အားထက်သန်ပြီး အနိုင်ရဖို့ အသက်ကိုတောင် လောင်းကြေးထပ်ရဲတဲ့သူ။ Nikiကတော့ ပုံရိုးပြီး စတိုင်လည်း သိပ်မထုတ်တတ်တဲ့သူ၊ ဘဝကို တသမတ်တည်းနေတတ်ပြီး တစ်ခုခုဆို စဉ်းစားချင့်ချိန်တွက်ချက်ပြီးမှ လုပ်တဲ့သူ။ အဲ့လိုမျိုး ဘဝခံယူချက်သဘောထားတွေ မတူကြပေမယ့် ကားပြိုင်ပွဲမှာတော့ သူတို့ရဲ့လယ်ဗယ်ကလာတူနေတဲ့အခါ ပြိုင်ပွဲတိုင်းမှာ အကြိတ်အနယ်ဖြစ်နေပြီး ထိပ်တိုက်တွေ့ရတဲ့အခါမှာ သူတို့တွေအဆင်ပြေကြပါ့မလား လူတွေယူဆထားတဲ့အတိုင်း သူတို့ကတကယ်ပဲ ရန်သူတွေလား? ကားပြိုင်ပွဲတွေရဲ့ထုံးစံအတိုင်း အသက်ကိုပါလောင်းကြေးထပ်ပြီး ပြိုင်ရတာဖြစ်တဲ့အတွက် သူတို့တွေ ဘေးကင်းကြပါ့မလား နောက်ဆုံးမှာ ဘယ်သူကအောင်နိုင်သူလဲ ဘယ်သူကအရှုံးသမားလဲ ဘယ်သူ့အယူအဆကမှန်ပြီး ဘယ်သူကမှားနေခဲ့တာလဲ စသဖြင့် drama၊ အဓိက‌ဇာတ်ကောင်နှစ်ယောက်က ပြိုင်ကားသမားတွေဖြစ်လို့ သူတို့ယှဉ်ပြိုင်တဲ့ ကားပြိုင်ပွဲတွေ အတွေ့အကြုံတွေကို ပီပီပြင်ပြင် ရိုက်ကူးထားလို့ action, sports စသဖြင့် genreအမျိုးအစားစုံလင်စွာနဲ့ သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားစွာကြည့်ရှုရမှာဖြစ်ပါတယ် File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:03:00 Genre…Action, Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe

8.1 2013 123 mins
Rush
Swatantra Veer Savarkar
7

Swatantra Veera Savarkar 2024 IMDb 7.7 ဘတ်ဂျက်သန်း၂၀၀သုံးထားပြီး အိန္ဒိယနိုင်ငံသားတွေ လွတ်လပ်ရေးကြိုးပမ်းခဲ့ပုံကိုရိုက်ကူးတင်ဆက်ထားပါတယ် အဓိကရုဏ်းတွေနဲ့ အင်္ဂလိပ်ဗြိတိသျှတွေက အိန္ဒိယကိုသိမ်းပိုက်တဲ့ခုနှစ်အစမှာပေါ့ တစ်နိုင်ငံလုံး မီးခိုးငွေ့တလူလူနဲ့ အိန္ဒိယသား‌တွေရဲ့အလောင်းထားဖို့တောင် တွင်းကြီးကြီးတူးထားကြတဲ့အထိပါပဲ တွင်းပြည့်သွားရင် မီးရှို့ရင်းထပ်သတ်နေတဲ့ဒီသံသရာထဲကရုန်းထွက်ချင်နေကြတဲ့ အိန္ဒိယပြည်သူတွေအတွက် လူအင်အား လက်နက်အင်အားနဲ့ ကံကြမ္မာအင်အားက သူတို့ဘက်မှာမရှိနေခဲ့ ဒီလိုဆင်းရဲဒုက္ခထဲကလွတ်မြောက်ဖို့ သူတို့ရဲ့မျှော်လင့်ချက်ရောင်ခြည်က ဗီဒီဆာဗာကာပါ ဉာဏ်ပညာထက်မြက်ပြီး မှတ်နိုင်စွမ်းမြင့်မားသူပီပီ အင်္ဂလိပ်နိုင်ငံသွား အဲ့ဒီကအမြင့်ဆုံးကျောင်းမှာ ကျောင်းတက်ပြီး ထိပ်တန်းကျောင်းသားဖြစ်အောင်လုပ်ခဲ့တယ် ကျောင်းကနှင်ထုတ်ချင်ရင်တောင် နောက်လှည့်ကြည့်ရင် ဘာအပြစ်မှမရှိအောင်နေခဲ့ပြီး နိုင်ငံခြားကလူတွေတောင်ရှိန်ရတဲ့ ထိပ်တန်းကျောင်းသားကြီးတစ်ယောက် ဒီကျောင်းကဘွဲ့ရရင် လန်ဒန်ထိတက်ပြီး ဥပဒေပညာကိုသင်ယူ သူတို့ရဲ့လွတ်လပ်ရေးအတွက် ပညာတွေကိုလေ့လာပြီး အိန္ဒိယကိုပြန်ကယ်တင်မဲ့သူ့အိပ်မက်က ခက်ခဲကြမ်းတမ်းတဲ့လောကဓံကြား အဆင်ပြေသွားမလားဆိုတာကိုတော့… ( အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

7 2024
Swatantra Veer Savarkar
Perspectiva
6.2

အချိန်ခရီးသွားတာကိုအခြေခံထားတဲ့ ထူးခြားတဲ့ဇာတ်လမ်းပုံစံနဲ့ စပိန်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ လာမဲ့ မနက်ဖြန်မှာ မင်း ဘာဖြစ်နေမလဲ တွေးမိဖူးလား။ ဒါမှမဟုတ် လာမဲ့အပတ်၊ လာမဲ့လ၊ လာမဲ့နှစ်မှာပေါ့။ LookAppဆိုတဲ့ အက်ပ်တစ်ခုနဲ့ မင်းရဲ့ အနာဂတ်ကို ခန့်မှန်းလိုက်ပါ။ ပထမဆုံးအသုံးပြုသူတွေကို တစ်နှစ်တာအချိန်ထိ အခမဲ့အသုံးပြုခွင့်ပေးခဲ့တဲ့ LookAppအက်ပလီကေးရှင်း။ အာရွန်ကတော့ အချစ်ဆုံးသူငယ်ချင်းအာနီနဲ့ အချစ်ရဆုံးမိန်းကလေးအူရာတို့ကို သစ္စာဖောက်နေတယ်လို့ သံသယရှိနေတဲ့သူ။ LookAppအက်ပလီကေးရှင်းကိုသုံးပြီး သူ့သံသယတွေကို စစ်ဆေးတဲ့အခါမှာတော့။ အနာဂတ်ဆိုတာမရှိရင်ရော အနာဂတ်ကိုကြည့်နေလို့ ဘာထူးတော့မှာလဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1 GB)/(430 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:30:00 Genre… Drama, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

Crime • Action • Thriller
6.2 2024 90 mins
Perspectiva
Bart Bagalzby and the Garbage Genie
4.8

Bart Bagalzby and the Garbage Genie (2025) ဒီဇာတ်ကားတော့ 2025 နှစ်စပိုင်းကထွက်ရှိထားတဲ့ မိသားစုဟာသဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ကလေးတွေအတွက်​မှော်ဆန်ဆန် ဂျင်နီဇာတ်ကောင်ကိုပါ ဇာတ်ပို့အဖြစ်ဇာတ်အိမ်တည်ပြီတော့ ရိုက်ကူးထားတာဖြစ်တဲ့အတွက် လူကြီးလူငယ်မျိုးစုံအတွက် ရသပေးစွမ်းနိုင်တယ်လို့လည်း ဆိုရမှာပါ။ ဇာတ်လမ်းအကျဉ်း ဘာ့ထ်လို့ခေါ်တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ ဂီတနောက်ခံရှိတဲ့မိသားဟုအသိုင်းအဝိုင်းကနေလာခဲ့တာပါ။ ဂန္တဝင်ဂီတမျိုးရိုးကိုပိုင်ဆိုင်ထားတဲ့ဘာ့ထ်ဟာ သူ့ရဲ့ ဖခင်တိုက်တွင်းရာ သံစုံသီချင်းအဖွဲ့ထဲမပါဘဲ ၁၉၉၀ နှောင်းပိုင်းမှာ ခေတ်ထခဲ့တဲ့ ရော့ခ်တီးဝိုင်းနဲ့ နာမည်ကြီးချင်တာပါ။ ဒီလိုနဲ့ တစ်နှစ်တစ်ခါပြိုင်လေ့ရှိတဲ့ တီးဝိုင်းပြိုင်ပွဲကိုဝင်ပြိုင်ဖို့အတွက် ကျောင်းတွင်းတီးဝိုင်းကနေ လူရွေးပွဲကိုဝင်ပြိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း စိတ်မကောင်းစွာနဲ့ ကျောင်းသားသစ်တစ်ယောက်ကနေ သူ့ကိုကျောသွားတာပါ။ ဒီလိုနဲ့ စိတ်ပျက်ရင်း ပြန်လာတဲ့အချိန်မှာတော့ လမ်းမှာ အကျယ်ချုပ်မိနေတဲ့ ဂျင်နီတစ်ကောင်နဲ့တွေ့သွားပါတယ်။ ဂျင်နီကလည်း ဘာ့ထ်ရဲ့ ဆန္ဒတွေကို ဘယ်လိုဖြည့်ဆည်းပေးမလဲ ဒါ့အပြင် ဘာ့ထ်ကရော ဂျင်နီ့ကိုပါ ဘယ်လိုပြန်ပြီးအကျိုးပြုပေးသွားမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ စိတ်ဝင်တစားရှုစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.6 GB) / (830 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Family, Music Duration….01:17:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Comedy • Romance
4.8 2025
Bart Bagalzby and the Garbage Genie