YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Shooting.Night.Out.S01E04.220525.480p-CM.mp4

697.03 MB N/A video/mp4 10 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hocus Pocus 2
7.4

Hocus Pocus ဆိုတာ 1993 တုန်းက အောင်မြင်ခဲ့တဲ့ မှော်၊ မိသားစု၊ ဟာသ စုန်းမဇာတ်လမ်းလေးပါ။ အခုကတော့ အဆက်အနေနဲ့ ဒစ္စနေးက ပြန်လည်တင်ဆက်လိုက်ပါပြီ။ ၁၉၉၃ တုန်းကရုပ်ရှင်ကိုလည်း ချန်နယ်မြန်မာမှာပဲ ကြည့်ရှုနိုင်ပါတယ်။ ဇာတ်လမ်းအညွှန်း မီးတောက်နက် ဖယောင်းတိုင်ဟာ ပြန်လည် ထွန်းလင်းလာပြန်ပါပြီ ပရိသတ်ကြီးရေ ၀င်နီ၊ ဆာရာနဲ့ မယ်ရီ ညီအစ်မ 3 ယောက်နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့သူတွေကတော့ ဒါ ဘာကို ဆိုလိုတာလဲ သိလောက်ကြမယ် ထင်ပါတယ်..... ဒီစုန်းမ သုံးဖော်ဟာ မီးတောက်နက်ဖယောင်းတိုင် မီးလင်းနေမှ အသက်ရှင်နိုင်သူတွေဖြစ်ပါတယ်။ သူတို့ဟာ အသက်ရှင်ဖို့အတွက် ဆယ်ကျော်သက်လေးတွေရဲ့ အသက်ကိုလည်း စားသောက်ရပါသေးတယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀၀ကျော်တုန်းက ဟောလိုး၀င်တစ်ညမှာ ကောင်လေးတစ်ယောက်ရဲ့ လက်ဆော့မှုကြောင့် သူတို့တွေ ပေါ်လာပြီး ဆေလင်မြို့ကို အမွှေကြီး မွှေသွားခဲ့ပါတယ်။ အခု ၂၁ ရာစုမှာလည်း admirer တစ်ယောက်ကြောင့် လိုချင်တာရဖို့ဆို ဉာဏ်နီဉာဏ်နက်များပြီး ရအောင်ယူတတ်တဲ့ စုန်းမသုံးဖော်ဟာ ဆေလင်ကို လက်စားချေဖို့ ပြန်ပေါ်လာခဲ့ပါပြီ။ သူတို့ ဘယ်လိုမွှေပြီး ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဟောလိုး၀င်း vibe လေးနဲ့အတူ ကြည့်ရှုပေးကြပါဦး File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre...Comedy, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP,Thiha,Yoon Hocus Pocus 1 Download Link

Drama • Romance
7.4 2022 107 mins
Hocus Pocus 2
Soldier
6.4

၁၉၉၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီ အက်ရှင်ဇာတ်ကားလေးဟာ သာမန် စစ်ကားတစ်ကားထက်ပိုတဲ့ ခေတ်ဟောင်း ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားလေးကို ကြည့်ရင်း ကျွန်တော်တို့ ငယ်စဥ်က တစ်အုပ် ၁၀၀ ၁၅၀ နဲ့ ငှားဖတ်ခဲ့ရတဲ့ ဒီရဲဂျာတို့ ရာမာဖုံတို့လို ကာတွန်းစာအုပ်တွေကိုတောင် ပြေးသတိရမိပါသေးတယ် " စစ်သား ဆိုတာ မိတ်ဆွေ နဲ့ မိသားစု မရှိရဘူး စစ်ပွဲက မိတ်ဆွေဖြစ်ပြီး တပ်စုကြီးက မိသားစုပဲ " ဒါ ဇာတ်ကားထဲက စာသားလေး လက်မရွံ့တပ်သားတွေဖြစ်အောင် ကလေးဘ၀ထဲကနေ ပြုစုပျိုးထောင်ရင်း အင်အားကြီးလာတဲ့ တပ်စုကြီးတစ်စု...အချိန်ကြာလာတဲ့အခါမှာ လက်မရွံ့တပ်သားတွေလည်း အသက်ကြီးကြရတာပဲ ဒါကိုမှ ကာနယ်မက်ကမ် ဆိုတဲ့သူဟာ မျိုးရိုးဗီဇပြုပြင်ပြီး မွေးထုတ်ထားတဲ့ စက်ရုပ်ဆန်ဆန် စစ်သားတွေနဲ့ အစားထိုးဖို့ လုပ်လာတယ် တော့ဒ်ကတော့ တပ်စုကြီးရဲ့ စစ်သားဟောင်းတွေထဲက အထူးချွန်ဆုံး စစ်သားတစ်ယောက်ဖြစ်ပြီး တပ်သားသစ်တွေနဲ့ အစားထိုးဖို့လုပ်ရင်း စွန့်ပစ်ခံလိုက်ရတော့တယ် အဲဒါကပဲ သူ့အတွက် ကောင်းဖို့ဖြစ်လာတယ်လို့ပြောရမလား ဘ၀မှာ အမိန့်တွေနာခံရတာထက် ပိုသာတဲ့အရာတွေ ရှိသေးတယ် ဆိုတာ စွ့န်ပစ်ခံရတဲ့နေရာက ဖုန်းဆိုးမြေမှာ နေထိုင်သူတွေက သူ့ကို စောင့်‌ရှောက်ပေးလို့ သိခဲ့ရတယ် တိုက်ဆိုင်ချင်တော့ တပ်စုကြီးဟာ သူတို့ရဲ့ မျိုးဗီဇပြုပြင်ထားတဲ့ တပ်သားသစ်တွေကို စမ်းသပ်ဖို့ အဲဒီစွန့်ပစ်မြေကြီးကို ရွေးချယ်လိုက်တဲ့အခါမှာတော့ တော့ဒ် တစ်ယောက် မြေပြင်ပေါ်က လူတွေကို စောင့်ရှောက်ဖို့ တစ်တပ်လုံးနဲ့ တစ်ယောက် ရင်ဆိုင်ဖို့ ဖြစ်လာပါတော့တယ် အဟောင်းထဲက အကောင်းဖြစ်တဲ့ အက်ရှင်ကားလေးမို့ ဒေါင်းရတာ တန်စေမယ်လို့ အာမခံပါတယ် File size…(1.96GB)/(1.16GB)/(695MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:39:00 Genre...Action / Drama / Sci -fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Chuck

Drama • Music • Romance
6.4 1998 99 mins
Soldier
Rudrangi
7

Rudrangi (2023) IMDb-7.4/10 လူတစ်ယောက်ရဲ့ အတ္တမာန အလိုလောဘတွေကြောင့် အပြစ်မရှိတဲ့ ချစ်သူတွေ နစ်နာကြတာ ရှေးရှေးတုန်းတည်းက ဆိုပါတော့။ ရူဒရန်ဂီနဲ့ မာလက်ရှ်ဆိုတာ ကလေးဘ၀ကတည်းက အဘိုးကိုယ်တိုင် လက်ထပ်ပေးခဲ့တာ။အသိအမှတ်ပြုတဲ့ သဘောလောက်ပေါ့။ ဘီးမ်ရောဝ်ဆိုတာ နယ်တွေသိမ်း မိန်းမတွေနဲ့ပတ်ပြီးပျော်ပါးနေတဲ့သခင်တစ်ယောက်။ ဘူဂျန်ဂါရောဝ်နဲ့က အာဏာလုဘက် အပြိုင်တွေ။နှစ်ယောက်စလုံးက ဆိုးသွမ်းတဲ့သခင်တွေ။ တယောက်နဲ့ တယောက်သူသေကိုယ်သေ အပြိုင်သတ်ဖို့ကြိုးစားနေကြတာ။ အဲဒီလိုဆိုးဝါးလှတဲ့သခင်တွေနဲ့ သွားပတ်သက်မိတဲ့ မာလက်ရှ်တစ်ယောက် သခင်နှစ်ယောက်ကြားက အရှုပ်တော်ပုံကြီးမှာ ဘယ်လောက်ထိပါဝင်ပတ်သက်မိသွားမလဲ သူ့သခင်လို့သတ်မှတ်ခဲ့တဲ့ ဘီးမ်ရောဝ်က ရူဒရန်ဂီကိုတက်မက်စိတ်နဲ့ ရေရှားပါးလိုအပ်နေတဲ့ရွာလေးကိုအသုံးချပြီး ရူဒရန်ဂီကိုတစ်ညတာပိုင်ဆိုင်ခွင့် တောင်းဆိုလာတဲ့အခါမှာတော့ မာလက်ရှ်တစ်ယောက် ချစ်ရတဲ့ရူဒရန်ဂီကိုရော ကာကွယ်နိုင်ပါ့မလား။ အချစ်နဲ့သက်သေတည်ကြတဲ့ အပြစ်မဲ့သူအများစုနဲ့ဘက်ကပဲ အနိုင်ယူမလား။ အာဏာပါဝါရှိတဲ့လူတွေကပဲ ကြီးစိုးခြယ်လှယ်သွားနိုင်မလား။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~Aditi~BpL~Yunni~Cherry~Moonတို့ပဲဖြစ်ပါတယ်) File size…3GB / 1.57GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Aditi~BpL~Yunni~Cherry~Moon

Action & Adventure • Drama • Sci-Fi & Fantasy
7 2023 142 mins
Rudrangi
Three Lines of Reincarnation
5.9

မြေအောက်သင်္ချိုင်းဖောက်ထွင်းတဲ့ဇာတ်ကားတွေကိုရိုးအီနေကြပြီလား….. ဒီတစ်ခါတော့ မြေအောက်မှာရတနာတွေဖွက်တဲ့အခါ ခိုးယူခံရနိုင်တဲ့အန္တရာယ်များတဲ့အတွက် ယိ၊ကျန်း၊တင်း မျိးနွယ်(၃)စုရဲ့အကူအညီနဲ့ရေအောက်မှာ ရတနာသိုက်တည်ပြီးမြှုပ်နံကြပါတယ်တဲ့။ မျိုးနွယ်(၃)စုရဲ့ထူးခြားချက်ကတော့ ရေအောက်မှာအသက်ရှူနိုင်ပြီး စိတ်ကြိုက်သွားလာနိုင်တဲ့ ရေသရဲလို့ခေါ်တဲ့ထူးခြားတဲ့လူတွေရှိနေခြင်းပါပဲ။ ယိဆာ့ဆိုတဲ့ကောင်မလေးဟာ ထူးဆန်းတဲ့ရောဂါကိုကုသဖို့အတွက်နဲ့ သူငယ်ငယ်တုန်းက သူတို့မျိုးနွယ်တစ်စုလုံး မျိုးတုန်းလုမတတ်ဖြစ်ခဲ့ရတဲ့ဖြစ်ရပ်မှန်ကို ဖော်ထုတ်ဖို့ကြိုးစားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အားလုံးပဲရေအောက်ကမ္ဘာရဲ့လျှို့ဝှက်ချက်တွေကိုအတူဖော်လုပ်လိုက်ကြပါဦးနော်……

5.9 2023
Three Lines of Reincarnation
Arachnophobia
6.5

Arachnophobia (1990) ~ IMDb – 6.5/10, Rotten Tomatoes – 93% ~ ကြောက်ဖို့ကောင်းတဲ့ အကောင်ကားတွေ၊ ထိတ်လန့်ဖို့ကောင်းတဲ့ အကောင်ကားတွေများများစားစားရှိတဲ့ထဲကမှ ခု Arachnophobia ဆိုတဲ့ရုပ်ရှင်ထဲမှာတော့ မင်းသားကိုယ်တိုင် ပင့်ကူကိုကြောက်နေရတာဖြစ်ပါတယ်။ Arachnophobia ဆိုတဲ့စာလုံးကိုက ပင့်ကူကိုကြောက်လန့်ခြင်းဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင် သုတေသနလုပ်တဲ့လူတစ်စုက ဗင်နီဇွဲလားမှာ ပင့်ကူမျိုးစိတ်သစ်ကိုသွားရောက်ရှာဖွေရင်း သူတို့ရဲ့အပြန်လမ်းမှာ ဓာတ်ပုံဆရာတစ်ယောက်နဲ့အတူ ပင့်ကူဘုရင်ကြီးက ကပ်ပါလာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဆရာ၀န်ဖြစ်သူ မင်းသားဟာ ပင့်ကူကပ်ပါလာတဲ့ ဓာတ်ပုံဆရာရဲ့နယ်မြို့‌လေးဆီကို ပြောင်းလာခဲ့တယ်။ ဓာတ်ပုံဆရာကတော့ ပင့်ကူကိုက်လို့သေဆုံးသွားပေမဲ့ အဲဒီနယ်မြို့လေးမှာတော့ ပင့်ကူဟာ စတင်နယ်ချဲ့ပါတော့တယ်။ ဆရာ၀န်ခမျာ နယ်မြို့လေးမှာ အထိုင်ကျဖို့ကြိုးစားရင်း ပင့်ကူရဲ့ပြဿနာတွေကိုလည်း အဖြေရှာရပါသေးတယ်။ ဇာတ်ကားလေးက အကောင်ကားသီးသန့်မဟုတ်ဘဲ ဟာသလေးနှောလိုက်၊ ဗဟုသုတလေးပေးလိုက်နဲ့ အကြောက်တရားကို ဘယ်လိုကျော်လွှားမလဲဆိုတာကိုပါ ပညာပေးသွားတဲ့အတွက် မိုးအေးအေးနဲ့ ဇိမ်ခံကြည့်လို့ရမယ့် ရုပ်ရှင်ကားလေးဖြစ်တဲ့အကြောင်း ညွှန်းဆိုလိုက်ပါရစေ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 970MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 49Min Genre – Comedy, Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

6.5 1990 109 mins
Arachnophobia
Bhoothnath Returns
6.6

Bhoothnath Return (2014) ************************* ဒီဇာတ်ကားလေးကတော့ 2008က ထွက်ရှိထားတဲ့ Bhoothnathဆိုတဲ့ ဇာတ်ကားရဲ့ အဆက် Comedy/Drama အမျိုးအစား ဟင်ဒီဇာတ်ကားတစ်ကားဖြစ်ပြီး IMDb ratingကလည်း 6.6အထိ ရရှိထားပါတယ်။ Bhoothnath 2008ထဲမှာဆိုရင် ဘူးသ်နားသ်ဟာ ကလေးတစ်ယောက်ကို ခြောက်ပေမဲ့ အဲ့ကလေးက မကြောက်ခဲ့တာကြောင့် ကလေးတစ်ယောက်ကိုတောင် ကြောက်အော်မခြောက်နိုင်ဘူး ဆိုပြီး တခြားသရဲတွေက လှော်ပြောင်သရော်ကြပါလေရော။ အဲ့လိုနဲ့ သူ့ရဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ဖို့ရာ ကမ္ဘာမြေကို ပြန်လည်ဆင်းသက်ပြီး သရဲအဖြစ် ပြန်လည် ခြောက်လှန့်ဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။ ဒီလိုနဲ့ ကမ္ဘာမြေကို ရောက်လာပြီးတော့ အက္ကရူးသ် ဆိုတဲ့ ကောင်လေးကို ခြောက်လှန့်ခဲ့ပေမယ့် အက္ကရူးသ်ကမကြောက်ခဲ့ပဲ ဘူးသ်နားသ်နဲ့ သူငယ်‌ချင်းတောင်ဖြစ်သွားကြပြီး သရဲခြောက်ပါတယ်ဆိုပြီး နာမည်ကြီးတဲ့နေရာတွေမှာ ဆက်မခြောက်တော့အောင် နှစ်ယောက်သား လိုက်လံကူညီကြပြီး အခအကြေးငွေကြေးတွေလည်း ရလာပါတော့တယ်။ တစ်နေ့မှာတော့ ဘောင်းဝ်ဆိုတဲ့ နိုင်ငံရေးသမားတစ်ယောက်က သူ့ရဲ့ ဆောက်လက်စ အဆောက်အဦးတစ်ခုမှာ ရှိနေတဲ့ သရဲကို ရှင်းထုတ်ပေးနိုင်ရင် ရူပီ သိန်း၂၀ ပေးမယ်လို့ ကမ်းလှမ်းလာရာမှာတော့… ဘယ်လို အရှုပ်အထွေးတွေနဲ့ ဆက်လက် ကြုံတွေ့ကြရမလဲ… ဘူးသ်နားသ်တို့အဖွဲ့ သရဲကို ရှင်းထုတ်နိုင်မှာလား… ဘယ်လိုအခက်ခဲတွေနဲ့ ရင်ဆိုင်ကြရမလဲ… ဆိုတာတွေကိုတော့ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့… ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

6.6 2014
Bhoothnath Returns
The Remains of the Day
7.8

The Remains of the Day (1993) ~ IMDb – 7.8/10, Rotten Tomatoes – 96% ~ ဒီရုပ်ရှင်ဟာ အော်စကာ ဆန်ခါတင်စာရင်းမှာ ၈ ဆုတောင် တသီကြီးဝင်ခဲ့ပေမယ့် အဲဒီတုန်းက သူနဲ့ အပြိုင်က Schindler’s List ဖြစ်နေခဲ့တာကြောင့် ဘာဆုမှ ချိတ်မသွားရှာခဲ့တဲ့ တစ်ခါတုန်းက အကောင်းဆုံးရုပ်ရှင်တစ်ကားပါ။ ခုခေတ်ရဲ့ ဂန္ထဝင်တွေလို့ သမုတ်ခံနေကြရပြီ‌ဖြစ်တဲ့ Sir Anthony Hopkins, Hugh Grant, Christopher Reeve နဲ့ Emma Thompson တို့လို ပုဂ္ဂိုလ်တွေ ခေါင်းဆောင်ပါဝင်ထားပါတယ်။ ၁၉၃၀ ပြည့်လွန်နှစ်တွေရဲ့ ဗြိတိန်မှာ ဇာတ်အိမ်တည်ထားတဲ့ သစ္စာရှိ၊ တာဝန်သိ အိမ်တော်ထိန်းကြီးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ Booker Prize ရထားတဲ့ နာမည်တူ စာအုပ်ကိုပဲ ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်မတိုင်ခင်က ကြီးကျယ်ခမ်းနားတဲ့ အင်္ဂလိပ်လူမျိုး အထက်တန်းလူတန်းစားတစ်ရပ်ကိုတွေ့မြင်ရမှာပါ။ စည်းစနစ်ကြီးပြီး အလုပ်မှာသာ အရာရာမြှုပ်နှံထားတဲ့ စတီဗင်ဆိုတဲ့ အိမ်တော်ထိန်းကြီးတစ်ယောက် သူအိမ်ကြီးရှင် သခင်ဒါလင်တန်အပေါ် မှာထားတဲ့အကြွင်းမဲ့ယုံကြည်မှုနဲ့ သစ္စာတရားအပေါ် သခင်ဒါလင်တန် ကွယ်လွန်ပြီးနှစ်အတော်ကြာမှ သူကိုယ်တိုင်ပြန်မေးခွန်းထုတ်လာမိပါတယ်။ သခင်ဒါလင်တန်ဟာ တကယ့်လူကြီးလူကောင်းစစ်စစ်တစ်ယောက် အရှိန်အဝါကြီးသူတစ်ယောက်ဖြစ်ခဲ့ပေမဲ့ သူ့ရဲ့ တလွဲစာနာမှုတစ်ခုအပေါ် အခြေခံမိတဲ့ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့် ဗြိတိန်နိုင်ငံသားတွေရဲ့ သစ္စာဖောက်လို့ အခေါ်ခံရမှုတွေအောက်မှာ နောက်ဆုံးနေ့တွေကို ဖြတ်သန်းခဲ့ရသူပါ။ ဂုဏ်ရှိန်ပြင်းချိန်ကစလို့ မီးငယ်မှိန်ချိန်အထိ အနားမှာ တောက်လျှောက်ခစားခဲ့တဲ့သူကတော့ အိမ်တော်ထိန်းကြီး စတီဗင်ပါ။ ဒါလင်တန်စံအိမ်ကြီးနဲ့ သခင်ဒါလင်တန်ဟာ စတီဗင်အတွက်တော့ ကမ္ဘာတစ်ခုလုံးပါပဲ။ သူ့ရဲ့ သခင်အသစ်က နားရက်ပေးပြီး ခရီးသွားခိုင်းချိန် “ကမ္ဘာကြီးကို နောက်ဆုံးမြင်ခဲ့တာ ဘယ်တုန်းကလဲ စတီဗင်” လို့မေးတာကို “အတိတ်တုန်းကတော့ ကမ္ဘာကြီးကသာ ဟောဒီအိမ်ကြီးဆီ အမြဲ အလည်လာနေကျပဲ” လို့ ပြန်ဖြေတတ်သူမျိုးပေါ့။ ဇာတ်လမ်းအစစ်ကဘယ်အချိန်မှာစလဲဆိုတော့ သခင်ဒါလင်တန် ကွယ်လွန်သွားပြီးနောက် စာနယ်ဇင်းတွေမှာ ပလူပျံနေတဲ့ မကောင်းသတင်းကို ကြားပြီး မခံမရပ်ဖြစ်တဲ့စိတ်နဲ့အတူ စတီဗင်ဆီ ရောက်ရှိလာခဲ့တဲ့ စာတစ်စောင်ကြောင့်ပါ။ စာကိုပို့လိုက်သူကတော့ တခြားမဟုတ်ဘဲ တစ်ချိန်က စတီဗင်နဲ့အတူ အိမ်တော်ကြီးမှာ အတူခစားခဲ့ကြတဲ့ မစ္စကန်တွန်ဆိုတဲ့ အမျိုးသမီးပါပဲ။ အိမ်တော်ထိန်းကြီးရဲ့ မျက်လုံးတွေကတဆင့် လွန်ခဲ့တဲ့ နှစ်၂၀က ဒါလင်တန်စံအိမ်မှာ ဖြစ်ပျက်ခဲ့သမျှတွေကို လက်ရှိအချိန်နဲ့ လူးလာကူးရင်းတွေ့ရမှာပါ။ ရုပ်ရှင်က ၂နာရီ ၁၄ မိနစ်စာဆိုပေမဲ့ ဘဝကြီးတစ်ခုလုံးစာကြာတယ်လို့ ခံစားရပါလိမ့်မယ်။ မကောင်းတဲ့သဘောနဲ့ပြောတာမဟုတ်ဘဲ အဲဒီလောက်ထိကို လူကိုကျေနပ်သွားစေတယ်လို့ ပြောချင်တာပါ။ မဆိုသစလောက်လေးတော့ လေးပေမယ့် ပေါ့ပေါ့ပါးပါးခံစားရစေမယ့် အပိုင်းလေးတွေလည်း ပါပါတယ်။ ဒီကားရဲ့ အိမ်တော်ထိန်းကြီး စတီဗင်နေရာမှာ သရုပ်ဆောင်ဖို့ကို Sir Anthony Hopkins က ဘတ်ကင်ဟမ်နန်းတော်မှာ အဲလိဇဘက်ဘုရင်မကြီးအတွက် အနှစ် ၅၀ အမှုထမ်းခဲ့တဲ့ Cyril Dickman လို့ခေါ်တဲ့ အိမ်တော်ထိန်းကြီးတစ်ယောက်ဆီကနေ လေ့လာသင်ယူအကြံတောင်းခဲ့တာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 900MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 2H 14Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Crime • Thriller
7.8 1993 134 mins
The Remains of the Day
The Watcher in the Woods

ဒစ္စနေးကနေ ထုတ်ပေမဲ့ အရမ်းကြောက်ဖို့ကောင်းတဲ့ ဟော်ရာကား အမေရိကန်မိသားစုဖြစ်တဲ့ ပေါလ်နဲ့ဟယ်လင်တို့ဟာ သမီးနှစ်ဦးနဲ့အတူ အင်္ဂလန်ကျေးလက်ပိုင်းက စံအိမ်ကြီးတစ်ခုကိုပြောင်းရွှေ့လာခဲ့ကြပါတယ်။ရောက်ရောက်ချင်းနေ့မှာပဲ သမီးနှစ်ယောက်ဟာ ပတ်လည်ဝိုင်းနေတဲ့ တောအုပ်ထဲမှာသွားကစားကြရင်းထူးခြားတဲ့ အမျိုးအမည်မသိတဲ့ခံစားချက်ကိုရရှိခဲ့သလို သမီးကြီးဖြစ်တဲ့ ဂျန်က အိမ်ကြီးပေါ်ကိုရောက်တော့လည်း မှန်ထဲမှာ သူ့အရိပ်ပေါ်မလာဘဲ မျက်လုံးစည်းခံထားရတဲ့ မိန်းကလေးတစ်ယောက်အရိပ်ပေါ်လာတာကိုမြင်တွေ့ခဲ့ရပါတယ်။ တဖြည်းဖြည်းပတ်ဝန်းကျင်နဲ့ရင်းနှီးလာရင်း သိခဲ့ရတာက သူတို့ခြံဝင်းကြီးထဲက ဧည့်သည်ဆောင်မှာနေထိုင်တဲ့ သူတို့ရဲ့အိမ်ရှင် အယ်လ်၀ုဒ်ဆိုတဲ့အမျိုးသမီးကြီးမှာ တစ်ချိန်က ဂျန်နဲ့ရွယ်တူဆယ်ကျော်သက်သမီးလေးရှိခဲ့ပြီး ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တယ်ဆိုတာကိုပါပဲ။ ဒီလိုနဲ့ ဂျန်ရော သမီးငယ် အယ်လီပါ ထူးခြားတဲ့ အရိပ်အယောင်တွေအသံတွေရဲ့ခြောက်လှန့်မှုကိုဆက်တိုက် တွေ့ကြုံခံစားလာရပြီး မမြင်နိုင်တဲ့တစုံတရာဟာ သူတို့ကိုဆက်သွယ် အကူအညီတောင်းနေတယ်ဆိုတာကိုသိလာရပါတော့တယ်။ သူတို့ကိုခြောက်လှန့်နေတဲ့အရာဟာ ပျောက်ဆုံးနေတဲ့မိန်းကလေးရဲ့တစ္ဆေဖြစ်မလား? အဲ့ဒီခြောက်လှန့်မှုတွေဟာ သူတို့ညီအစ်မနဲ့ဘယ်လိုပတ်သက်နေမလဲ? သူတို့ကိုဆက်သွယ်တောင်းခံလာတဲ့ အကူအညီကိုရောပေးအပ်နိုင်ပါ့မလားဆိုတာကို ဆက်လက်ရှုစားကြပါ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre…Fantasy, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

0 1980
The Watcher in the Woods
Island of the Dolls

Island of the Dolls (2023) အရုပ်ကျွန်းဆိုတာကို ကြားဖူးကြမှာပါ မက်ဆီကိုနိုင်ငံမှာရှိတဲ့ အရုပ်တွေအများကြီးရှိတဲ့ ကျွန်းလေးတစ်ကျွန်းပါ။ကျွန်းပေါ်မှာ အရုပ်တွေအများကြီး ဒီတိုင်းချိတ်ဆွဲထားတာဆိုတော့ တွေးကြည့်ရင်တောင် ကြောက်ဖို့ကောင်းတဲ့နေရာပါ။ အဲ့လိုနေရာမှာ နောက်ခံဇာတ်လမ်းတွေကလဲ အများကြီးရှိပါတယ်။ လူပြောများတဲ့ဇာတ်လမ်းတွေ ကောလဟာလတွေ အများကြီးပါ။ ဒီလိုကြောက်ဖို့ကောင်းတဲ့ နေရာအကြောင်းကို ဦးတည်ပြီးရိုက်ထားတဲ့ HORROR ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ၂၀၂၃ တုန်းကထွက်ရှိထားတဲ့ ဟော်ရာကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ လူငယ်တစ်စု အရုပ်ကျွန်းပေါ်ကို သွားဖို့ကြိုးစားပေမဲ့ ဒေသခံတွေကတော့ အရုပ်ကျွန်းပေါ်မသွားစေချင်ကြပါဘူး။ ဒါပေမဲ့ ကျွန်းပေါ်ကိုအတင်းမရရအောင် သွားမယ်ဆိုတော့ မပို့ချင်ပို့ချင်ပဲ ပို့ပေးလိုက်ရပါတယ်။ ဒါပေမဲ့ အဲ့ကျွန်းပေါ်ရောက်တော့ တစ်စုံတစ်ခုက နိုးထလာခဲ့ပြီဆိုတာကိုတော့ ဘယ်သူမှမသိကြပါဘူး။ သူတို့တွေဘယ်လို အရာနဲ့ရင်ဆိုင်ရမယ်ဆိုတာ သူတို့ကြားထဲမှာရှိတဲ့ လူတွေက လျှို့ဝှက်ချက်ကိုယ်စီနဲ့ဆိုတာ ဇာတ်လမ်းအလှည့်ပြောင်းလေးတွေနဲ့ ကြည့်ရမဲ့ ဟော်ရာကားလေးပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 939MB | 415MB Format… mp4 Duration…. 1h 18min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

0 2023
Island of the Dolls
Revolver
7

Revolver (2024) ***************** ဒီတစ်ခါတော့ CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိထားတဲ့ ခပ်မိုက်မိုက် Action Crime Movie လေး တင်ဆက်ပေးထားပါတယ်။ Cast တွေအနေနဲ့ကတော့ အားလုံးရဲ့အချစ်တော် မင်းသား Ji Chang Wook၊ The Glory ထဲက မင်းသမီး Lim Ji Yeon၊ Kill Boksoon ထဲက မင်းသမီးကြီး Jeon Do Yeon တို့က အဓိကပါဝင်သရုပ်ဆောင်ထားတဲ့အပြင် Lee Jeong Jae, Jeon Hye Jin တို့ကလည်း Cameo ပါထားပြီး အရန်ဇာတ်ဆောင်တွေ အားလုံးကလည်း ရှယ်တွေမို့လို့ မဖြစ်မနေကို ကြည့်သင့်တဲ့ Movie လေးပါနော်။ ဇာတ်လမ်းအကျဉ်း စုံထောက်ဟာဆူယောင်း (Jeon Do Yeon)က အန်ဒီ(Ji Chang Wook) နဲ့ အပေးအယူလုပ်ပြီး သူ့အစားထောင်ထဲဝင်ပြီး ပြစ်ဒဏ်ခံခဲ့တဲ့သူပါ။ ဒါပေမဲ့၂နှစ်ကြာလို့ ပြစ်ဒဏ်ခံယူပြီးထောင်ကနေ ထွက်လာတဲ့အချိန်မှာတော့ အပေးအယူအတိုင်း ရသင့်တာတွေမရဘဲ စွန့်ပစ်ခံလိုက်ရတဲ့ ဟာဆူယောင်းက ကတိပေးထားတဲ့အတိုင်း သူရရမယ့် လျော်ကြေးတွေကို ရနိုင်ဖို့ လက်မရွံ့ကြိုးစားပါတော့တယ်။ သူ့ဘက်မှာရပ်တည်ပေးမယ့်သူ တစ်ယောက်မှမရှိတဲ့ အချိန်မှာ သရုပ်မှန်သေချာမသိရတဲ့ ဂျောင်ယွန်းဆွန်း (Lim Ji Yeon)က ဟာဆူယောင်းဆီ ရောက်လာခဲ့ပြီး သူ့အတွက် တစ်ယောက်တည်းသော အကူအညီပေးတဲ့သူ ဖြစ်လာခဲ့တယ်။ ဟာဆူယောင်းတစ်ယောက် ဂျောင်ယွန်းဆွန်းဆီက အကူအညီရယူရင်း ပေးထားတဲ့ ကတိမတည်ဘဲ သူ့ကိုစွန့်ပစ်သွားတဲ့ အန်ဒီအပေါ်မှာ ဘယ်လိုလက်စားချေသွားမလဲ…။ အန်ဒီရဲ့ နောက်ကွယ်ကအကြောင်းတွေကို ဖော်ထုတ်တဲ့အခါမှာလည်း နောက်ကြောင်းတွေ တူးလေ ပိုအန္တရာယ်ကြီး အားကြီးတဲ့ အန်ဒီရဲ့ နောက်ခံဂိုဏ်းအရှုပ်ထုပ်တွေပုံတွေအကြောင်းကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုပေးပါဦးနော်။ (ဇာတ်လမ်းအကျဉ်းကို Vanessa မှ ရေးသားပေးထားပါတယ်။) File size…1.53GB / 550MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 55m Genre ….. Action, Thriller, Crime, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Vanessa Han, Yupar, Emily Muse & Miri Toe

7 2024
Revolver
Girl Scout
5.5

Girl Scout (2008) ********************* ဒီတစ်ခါမှာတော့ Kim Sun-Ah, Na Moon-hee, Goo Jun-Hee တို့လို့ ဝါရင့်မင်းသမီးကြီးတွေ ပါဝင်ထားတဲ့ ရယ်လည်းရယ်ရပြီး စိတ်ဝင်စားဖို့လည်းကောင်းတဲ့ 2008 ခုနှစ်ထွက် ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရပ်ကွက်ထဲက ဆံသဆိုင်မှာ စုကြေးငွေ စုကြရင်း ငွေလိမ်ခံလိုက်ရတဲ့ အမျိုးသမီးတွေအကြောင်းပါပဲ ။ ရှယ်ယာကစားရင် ရှယ်ယာရှုံး ၊ အထည်ဆိုင်ဖွင့်တော့ အရင်းပြုတ်တဲ့အပြင် ယောကျ်ားကပါ ထားသွားတဲ့ ချွဲမီဂယောင်းအတွက်တော့ အဲဒီပိုက်ဆံက စားသောက်ဆိုင်လေး ဖွင့်ဖို့ စုထားတဲ့ပိုက်ဆံဖြစ်သလို နှလုံးရောဂါရှိနေတဲ့ သားလေးရဲ့အမေ အိုဘုံဆွန်းကလည်း သူ့သား ခွဲစိတ်ဖို့ စုထားတဲ့ ပိုက်ဆံပါတဲ့။ စူပါမားကတ်မှာ ခါးကျိုးမတတ်အလုပ်လုပ်ရတဲ့ အဘွားအို အီမန်ကလည်း ငွေလိမ်ခံရလို့ သားဖြစ်သူဆီမှာ အထုအထောင်းခံရပြန်ပေါ့။ အဲဒီမှာပဲ အကြွေးနွံနစ်နေတဲ့ ဂန်အွန်းဂျီကပါ အဒေါ်ကြီး သုံးယောက်နဲ့အတူ အလိမ်ခံရတဲ့ငွေတွေကို ပြန်ရှာဖို့အရေး လေးယောက်သား ကြိုးစားကြတဲ့ အခါမှာတော့… သူတို့အလိမ်ခံရတဲ့ ပိုက်ဆံတွေ တကယ်ပဲ ပြန်ရမှာလား..။ အဲဒီကိစ္စတွေ နောက်ကွယ်မှာ ဘာတွေရှိဦးမှာလဲ..။ တစ်ဖက်က ပိုက်ဆံနဲ့ ဆွဲဆောင်လာတဲ့အခါ သူတို့ လေးယောက်ရော စည်းစည်းလုံးလုံး ဆက်ရှိနိုင်ပါ့မလားဆိုတာကိုတော့ ဒီ Girl Scout ရုပ်ရှင်မှာ ဆက်ရှုစားလိုက်ရအောင်နော် ။ (ဇာတ်လမ်းအကျဉ်းကို Hazelle မှ ရေးသားပေးထားပါတယ်။) File size…1.42GB / 670MB Quality…WEB-DL 1080p/ WEB-DL 720p Format…mp4 Duration….1h 40m Genre ….. Comedy, Crime, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Hazelle

5.5 2008 100 mins
Girl Scout
Gifted Hands: The Ben Carson Story
7.5

ဒီဇာတ်လမ်းက အမေရိကန်က နာမည်ကျော် အာရုံကြောခွဲစိတ် ဆရာဝန်ဘန်ကာဆင်ရဲ့အတ္ထုပ္ပတ္တိကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီး IMDb 7.5နဲ့ RT 85%ထိ rating ကောင်းတွေ ရရှိထားတာပဲ ဖြစ်ပါတယ်။ ခွဲစိတ်ဆရာဝန်ကြီး ဘင်ကာဆန်တစ်ဖြစ်လဲ ဘင်ဂျမင်ကာဆန်ဟာ တစ်ကိုယ်တော်မိခင်ရဲ့ ပျိုးထောင်မှုနဲ့ ကြီးပြင်းလာခဲ့ရသူဖြစ်ပြီး ငယ်စဉ်က အတန်းထဲမှာ နောက်ဆုံးကရေရင် ထိပ်ဆုံးရတဲ့အထိ ပညာရေးပိုင်းမှာအားနည်းခဲ့သူပါ။ ဒါပေမဲ့ ကိုယ်တိုင် ပညာမတတ်လို့ ရုန်းကန်ခဲ့ရတဲ့ မိခင်ဖြစ်သူက သူ့သားနှစ်ယောက်ကို ပညာတတ်ဖြစ်စေချင်တာကြောင့် ငယ်ငယ်ကတည်းက ပုံသွင်းလေ့ကျင့်ရင်း တဖြည်းဖြည်းနဲ့ ထူးချွန်တဲ့သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ မိဘအစုံအလင်မရှိတဲ့ သားသမီးတွေရဲ့ ထုံးစံအတိုင်း ဘင်မှာ ဒေါသမထိန်းနိုင်တဲ့ ဉာဉ်ဆိုးတစ်ခုရှိသလို အဲဒီစိတ်ကြောင့်ဘဝပျက်နိုင်တဲ့အထိ ဖြစ်သွားတဲ့ အခြေအနေတွေလည်းအများကြီးကြုံခဲ့ရတဲ့သူပါ။ ဒီလိုမျိုး ငွေကြေးပိုင်း လူမျိုးရေးပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာ ပြဿနာပေါင်းစုံ ကြုံတွေ့ခဲ့ရတဲ့ ဘင်ကာဆန်ဘဝကနေ တစ်ချိန်မှာခေါင်းချင်းဆက်အမြွှာနှစ်ဦးကို အသက်ရှင်လျက် အောင်မြင်စွာခွဲစိတ်ပေးနိုင်ခဲ့တဲ့ ခွဲစိတ်ဆရာဝန်ကြီး ဘင်ကာဆန် ဖြစ်လာတဲ့အထိဘဝဇာတ်ကြောင်းကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ အားကျအတုယူစရာ ကောင်းလောက်အောင် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မိဘမေတ္တာတွေ၊ မိသားစုကြားကချစ်ခြင်းမေတ္တာတွေကို ပေါ်လွင်ထင်ရှားအောင် ရိုက်ကူးထားသလို မှတ်သားစရာ ဆေးပညာဆိုင်ရာ ဗဟုသုတ‌တွေလည်းပါတာမို့ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ File Size : 1.8 GB, 777 MB Quality : WEB-DL 1080p / 720p Running Time : 1hr 30min Format : Mp4 Genre : Biography, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

7.5 2009
Gifted Hands: The Ben Carson Story
Love Fool
5.9

ဘဝပေးအခြေအနေအရ ငယ်ငယ်ကတည်းက လူမိုက်တစ်ယောက်ဖြစ်လာပေမယ့် သမာရိုးကျဘဝကိုပဲ တပ်မက်တဲ့ထိုင်ဝမ်လူငယ်တစ်ယောက်ရဲ့ ဘဝဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ အားချွမ်ဟာ ဆုန်းရန်ဆိုတဲ့လူမိုက်ခေါင်းဆောင်ဆီမှာ ငယ်ငယ်ကတည်းကခိုလှုံခဲ့ပြီးတော့ သူ့ရဲ့ညီအစ်ကိုရင်းလို့ချစ်ရတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေခဲ့တယ်။ သူကလူမိုက်တစ်ယောက်ဖြစ်ပေမယ့် သာမန်လူတွေလိုပဲ အလုပ်လုပ်ပိုက်ဆံရှာပြီး အိမ်ထောင်ပြုကလေးမွေးပြီး သမာရိုးကျနေနိုင်ဖို့ အိပ်မက်ရှိခဲ့တယ်။ တစ်ရက်မှာတော့ သူတို့အားကိုးရတဲ့အစ်ကိုကြီးဆုန်းရန်ဟာ တခြားလူမိုက်အဖွဲ့ကသတ်တာကိုခံလိုက်ရပြီးတော့ ညီအစ်ကိုတွေက သာမန်ဘဝနဲ့ပဲဇာတ်မြှုပ်နေခဲ့ကြတယ်။ သူတို့ဘဝကိုဒီလိုပဲ သမာရိုးကျနိုင်သွားပြီလို့ထင်ပေမယ့် သူတို့အစ်ကိုကြီးထားခဲ့တဲ့မြေကို ပြန်လည်တည်ဆောက်ရေးအတွက် အင်အားစုတစ်ခုက မျ က်စိကျနေတော့ အားလုံးဟာ မထင်မှတ်ထားတာတွေဖြစ်လာခဲ့တယ်။ ကိုယ့်ရဲ့အရင်းနီးဆုံးသူက ရန်သူဖြစ်လာပြီး သစ္စာဖောက်လာတဲ့အခါ ကိုယ်ချစ်ရတဲ့သူတွေအတွက်အန္တရာယ်ဖြစ်လာတဲ့အခါ အားချွမ်တို့ညီအစ်ကိုတွေဟာ အရင်လမ်းကိုပြန်လျှောက်ဖို့ဖြစ်လာခဲ့ပါတယ်။ အစ်ကိုကြီးထားခဲ့တဲ့မြေကို ကာကွယ်ဖို့အတွက် သူတို့ရဲ့နောက်ဆုံးတိုက်ပွဲဟာ ဘယ်လိုဖြစ်လာမလဲ …… ဂိုဏ်းစတားဇာတ်လမ်းမျိုးတွေကိုကြိုက်တတ်တဲ့ပရိသတ်အတွက် အကြိုက်တွေ့စေမယ့် ထိုင်ဝမ်ကားကောင်းပဲဖြစ်ပါတယ်။

Romance
5.9 2023
Love Fool
Supposed
6

Supposed (2024) *************** အခုတစ်ခါမှာ အလှည့်ကျလာတဲ့ Movie လေးကတော့ မင်းသားကြီး Anandaရဲ့ romance drama ဇာတ်လမ်းလေးဖြစ်ပြီး ဆိုရှယ်မီဒီယာကနေ ဇာတ်လမ်းစတဲ့အချစ်တစ်ခုအကြောင်းကို ရိုက်ပြထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်… ဆိုရှယ်မီဒီယာခေတ်ရောက်လာတာနဲ့အညီ လူတွေကြားမှာ ဆက်ဆံရေးတွေတိုးတက်လာသလို အွန်လိုင်းပေါ်က fake id တွေလည်း တစ်နေ့တခြားများလာတာပေါ့…ဒီလိုပဲ online relationshipတွေနဲ့အတူ အထိအတွေ့သာယာရုံသက်သက် ပတ်သက်မှုတွေလည်း မှိုလိုပေါက်လာပါတော့တယ်…အဲဒီလို ဆိုရှယ်မီဒီယာတွေနဲ့ ဘဝကိုပျော်မွေ့နေသူကတော့ ‘နွမ်’ဆိုတဲ့ သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ပါပဲ…အပြင်လောကမှာ အလုပ်ကြိုးစားပြီး တည်ငြိမ်တယ်လို့ထင်ရတဲ့’နွမ်’ဟာ အွန်လိုင်းလောကမှာတော့ ‘နွန်’ဆိုတဲ့နာမည်နဲ့ စော်တရုန်းရုန်းနဲ့ မောင်ပြုံးလုပ်နေတာပါ…သူ့အတွက်ကတော့ တည်ငြိမ်အေးဆေးတဲ့ဆက်ဆံရေးတစ်ခုထက် အပျင်းပြေရုံ ရမ္မက်ဖြေရုံ တခဏဆက်ဆံရေးက ပိုပြီးပျော်စရာဖြစ်နေတာပေါ့… ဒီလိုနဲ့တစ်နေ့မှာ ဆိုရှယ်မီဒီယာက သူ့ရဲ့ပို့စ်မှာ ကွန်မန့်လာရေးတဲ့ ‘ဒီးယား’ဆိုတဲ့ကောင်မလေးကို သဘောကျမိပြီး တစ်ယောက်အကြောင်း တစ်ယောက်မမေးကြေးဆိုတဲ့ သဘောတူညီချက်နဲ့ တွဲဖို့ဆုံးဖြတ်ပြီးမှ နွမ်ဘက်က ခံစားချက်တွေပိုလာချိန်မှာတော့… နွမ်တစ်ယောက် ကိုယ့်စကားနဲ့ကိုယ် ဘယ်လိုတွေ တိုင်ပတ်မလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင်… ဇာတ်လမ်းအညွှန်းနှင့် ဘာသာပြန်သူကတော့ Mary ဖြစ်ပါတယ်… File Size : 2GB / 676MB Quality : WEB-DL 1080p / 720p Duration : 01:38:00 Genres : Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Mary Encoded by Heather Oo

Thriller • Crime • Mystery • Romance
6 2024 98 mins
Supposed
The Monster Il mostro
7.4

The Monster (1994) Il mostro IMDb Rating (7.3) Life Is Beautiful (1997) နဲ့နာမည်ကျော်ခဲ့တဲ့ အီတလီ မင်းသားကြီး Roberto Benigni နဲ့ မင်းသမီး Nicoletta Braschi တို့ရဲ့ နာမည်ကျော်ဟာသကားဖြစ်ပြီး စတင်ရုံတင်ချိန်ကတည်းက သုံးပတ်ဆက်တိုက် နံပါတ်တစ်ဖြစ်ခဲ့တဲ့အပြင် ပြည်တွင်းမှာ သမိုင်းတစ်လျှောက်ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့တာမလို့ Life Is Beautiful လိုပဲ သူတို့နှစ်ယောက်ရဲ့နောက်ထပ်စုံတွဲဇာတ်ကားကောင်းတစ်ကားလို့ ဆိုရမှာပါ။ ဇာတ်လမ်းကတော့.. လောရစ်စ်က ကုန်တိုက်ကြီးတစ်ခုအတွက် လူရုပ်တွေနေရာချသယ်ပို့ရတဲ့အချိန်ပိုင်းအလုပ်တစ်ခုလုပ်ပြီးတော့ လက်ထောက်မန်နေဂျာရာထူးရဖို့အတွက် တရုတ်စာလည်းသင်နေပါတယ်။ လက်ရှိမှာတော့ ဘိုင်ကျနေတဲ့အတွက် သူ့အိမ်ခန်းငှားခမပေးနိုင်တာကြာပြီဖြစ်သလို မြို့မှာလည်း တစ်ခြား ကြွေးရှင်တွေမနည်းတဲ့အတွက် အမြဲတမ်းရှောင်ပုန်းနေရတတ်ပါတယ်။ အဲ့ဒီအချိန်မှာပဲ သူတို့မြို့မှာ အလွန်ကြောက်စရာကောင်းပြီး မိန်းမတွေကိုမှရွေးသတ်တတ်တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်သောင်းကျန်းနေပြီး ရဲတွေ စုံထောက်တွေခေါင်းခဲနေရတဲ့အနေအထားပါ။ နဂိုကတည်းက အူကြောင်ကြောင် တလွဲတချော်တွေနဲ့လောရစ်စ်ဟာ အကြွေးရှင်တွေကိုပါ ရှောင်နေရတဲ့အတွက် ပုံမှန်ထက်ပိုထူးခြားနေတဲ့အချက်က သူ့ကိုရဲတွေရဲ့စက်ကွင်းထဲရောက်သွားစေပြီး ကွင်းဆက်လူသတ်သမားဟာ သူပဲလို့တစ်ထစ်ချ ယူဆခံလိုက်ရပါတော့တယ်။ အဲ့ဒါကြောင့်ပဲ ရဲတပ်ဖွဲ့က ရဲမေလှလှလေးတစ်ယောက်ကို သူ့အခန်းထဲထိ သူလျှိုအဖြစ်လွှတ်ပြီး အနီးကပ်စုံစမ်းခိုင်းတဲ့အခါမှာတော့ လောရစ်စ်နဲ့ရဲမေလေးနဲ့ နောက်ကွယ်ကကြိုးကိုင်နေတဲ့ ရဲမှူးတွေ၊ ဆရာဝန်တွေကြားက အလွဲလွဲအချော်ချော်အမှားတွေနဲ့ တစ်ကားလုံးခွီနေရမယ့်ဇာတ်ကားပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားပါတယ်။)

Family
7.4 1994 112 mins
The Monster Il mostro