YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Shogun.2024.S01E02.Servants.of.Two.Masters.720p.DSNP.WEB-DL {CM}.mp4

438.23 MB 720p video/mp4 5001 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Winning Team
5.7

1942 ခုနှစ်မှစပြီး ပင်ဘောကိုရာဇဝတ်အဖွဲ့အစည်းတွေချုပ်ကိုင်ထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အမေရိကန်ကမြို့တော်တော်များများမှာ ပိတ်ပင်ပစ်ခဲ့ပါတယ် ။ 1970 ပြည့်နှစ်တွေမှာ Roger Sharpe ဆိုတဲ့နှုတ်ခမ်းမွှေးကားကားနဲ့လူတစ်ယောက် နယူးယော့မြို့ကြီးကိုစာရေးဆရာဖြစ်ချင်လို့ ရောက်လာရင်း မဂ္ဂဇင်းတိုက်တစ်ခုမှာအလုပ်လည်းရ Ellen ဆိုတဲ့ကောင်မလေးလည်းရပြီး သာယာနေတဲ့အချိန်မှာ သူရဲ့တစ်ခုတည်းသောထွက်ပေါက်ဖြစ်တဲ့ ပင်ဘောကိုပိတ်ပင်ထားကြောင်းသိရှိသွားတဲ့အချိန် Roger တစ်ယောက် စာရေးဆရာအနေနဲ့ရော Music and Amusement Association(MAA) နဲ့ပူးပေါင်းပြီးရော ပင်ဘောတရားဝင်ပြန်လည်ဖြစ်မြောက်ရေးအတွက် ဘယ်လိုတွေကြိုးစားမလဲဆိုတာကို ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာဆိုရင်တော့ ပင်ဘောရဲ့ကယ်တင်ရှင်ကြီးRoger Sharpe ရဲ့ဖြစ်ရပ်မှန်ဘဝကိုအခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်ခင်ဗျာ ။ ပင်ဘောကိုအကြောင်းပြချက်မျိုးစုံနဲ့ပိတ်ပင်ထားတဲ့ အမေရိကန်ကမြို့တွေရဲ့ဥပဒေတွေ၊ ပင်ဘောစတီထွင်တုန်းကနဲ့အခု ဘယ်လိုတွေပြောင်းလဲသွားလဲဆိုတာတွေနဲ့ Roger နဲ့ Ellen တို့အတူဖြတ်သန်းခဲ့ကြပုံကို လက်ရှိအချိန်မှာ Roger Sharpe ကပြန်ပြောပြနေပုံနဲ့တစ်မျိုး 1970 တုန်းက Roger Sharpe အနေနဲ့တစ်ဖုံ ဟာသလေးနှောပြီးတင်ဆက်ထားပါတယ် ။ ဒါရိုက်တာတွေကတော့ညီအကိုတွေဖြစ်တဲ့ Austin နဲ့ Meredith Bragg ကရိုက်ကူးထားတာဖြစ်ပြီး Roger အငယ်အနေနဲ့ West Side Story(2021) ထဲက Mike Faist နှင့် Roger အကြီးကတော့ Dennis Boutsikaris တို့ပဲဖြစ်ပါတယ်။ Ellen အနေနဲ့ Teen Wolf နှင့် Gotham စီးရီးတွေအပြင် Swamp Thing ထဲမှာပါ Abby Arcane အနေနဲ့ပါဝင်ထားတဲ့ ကောင်မလေးချောချောလေး Crystal Reed ကသရုပ်ဆောင်ပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာ ။ File size…(1.4 GB)/(900 MB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:24:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiha

Drama • Romance
5.7 2023 84 mins
A Winning Team
Hunger
7.3

ဒီဇာတ်ကားဟာ ၁၉၈၁ခုနှစ်က အိုင်ယာလန်တောင်ပိုင်း Mazeအကျဉ်းထောင်မှာ Irish Republicanခေါင်းဆောင်တစ်ဦးဖြစ်သူ Bobby Sands အစာငတ်ခံဆန္ဒပြခဲ့တဲ့အကြောင်းရိုက်ကူးတင်ဆက်ထားတာပါ။ ဘာကြောင့်ဒီလို ဆန္ဒပြပွဲတွေဖြစ်လာရသလဲဆိုတော့ ၁၉၇၂ခုနှစ်မှာ အိုင်ယာလန်မှာ နိုင်ငံရေးအကျဉ်းသားတွေဟာဆိုရင် ရာဇဝတ်သားတွေလို ထောင်ဝတ်စုံဝတ်စရာမလို၊ အလုပ်ကြမ်းလုပ်စရာမလို၊ ကိုယ်ပိုင်အဝတ်ဝတ်ဆင်ခွင့်ရှိပြီး တစ်ပတ်တစ်ခါဧည့်တွေ့ခွင့်၊ အစားအစာလက်ခံခွင့်တွေ၊ ထောင်ကန်တင်းမှာပဲ ကိုယ်ပိုင်ပိုက်ဆံနဲ့ဝယ်စားခွင့် စတဲ့နိုင်ငံရေးအခွင့်အရေးတွေရှိကြောင်း ပြဌာန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ၁၉၇၆ခုနှစ်မှာ ဗြိတိသျှအစိုးရဟာ ဒီနိုင်ငံ‌ရေးခံစားခွင့်တွေပိတ်သိမ်းလိုက်ပြီး နိုင်ငံရေးအကျဥ်းသားတွေကို ရာဇဝတ်သားတွေလိုဆက်ဆံပါတော့တယ်။ ဒါကိုလက်မခံနိုင်တဲ့ ထောင်ကျနေတဲ့ IRA(Irish Republican Army)တပ်ဖွဲ့ဝင်တွေဟာ နည်းမျိုးစုံသုံးပြီး သပိတ်ကိုစတင်ခဲ့ပါတယ်... ဖြစ်ရပ်မှန်ဖြစ်တဲ့အပြင် ကြမ်းတမ်းရက်စက်တာတွေကို ထင်သာ မြင်သာအောင်ရိုက်ပြထားတဲ့ Biography ကားကောင်းမို့ ခံစားကြည့်ကြပါဦး... Bobby Sandsနေရာမှာတော့ X-menထဲက Magnetoမင်းသားကြီးMichael Fassbenderသရုပ်ဆောင်ထားပါတယ်ဗျ။ File Size :(2.4GB) and (948MB) Quality : Web-Dl1080p, 720p Format…mp4 Duration…01:36:00 Genre : Biography, Drama, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae

Drama • Romance
7.3 2008 96 mins
Hunger
Top Gear
7

IMDb 8.3/10 Top Gear တဲ့။ ဇာတ်ကားနာမည်ကြည့်လိုက်တာနဲ့ ကားတစီးနဲ့ ပတ်ကြမ်းတာမျိုးဖြစ်မှာပဲလို့ တွေးမိလိုက်တယ်မလား။ ဟုတ်ပါတယ် ခုတင်ဆက်ပေးမဲ့ ဇာတ်ကားက... မူးယစ်ရာဇာ စစ်ဒါးသ်ဆိုတဲ့ လူက မွမ်ဘိုင်းကနေ လစ်ထွက်ပြီး ဟိုက်ဒရာဘတ်ကနေ စင်ကာပူကို ထွက်ပြေးဖို့ ကြိုးစားနေတဲ့အချိန်။ ကျွန်တော်တို့ ဇာတ်လိုက်ကျော် အာဂျွန်က ခုမှ ပူပူနွေးနွေး အိမ်ထောင်ကျပြီးကာစ၊သူက တက္ကစီဒရိုက်ဘာ၊ မင်း ဘွဲ့ရပြီးသားကို ဘာလို့ တက္ကစီဆွဲစားနေတာလဲဆိုတော့ ကျွန်တော့်မိန်းမကို ကားစီးစေချင်လို့၊ ရတဲ့ဘွဲ့နဲ့ အလုပ်ဝင်လုပ်ရင် ဆိုင်ကယ်နားတောင် ကပ်နိုင်မှာမဟုတ်ဘူး တဲ့၊မိန်းမကို အဲ့လောက်ချစ်တာ၊ တရက် တက္ကစီဆွဲပြီး အိမ်ပြန်တဲ့လမ်းမှာ လမ်းကြုံတယ်ဆိုပြီး လူ၂ယောက် တင်ခေါ်လာရာကနေအစ၊ အဲဒီလူ၂ယောက်က မူးယစ်ဂိုဏ်းနဲ့ပက်သတ်နေပြီး သူ့အကြောင်းကလည်း လမ်းမှာ ပြောထားဆိုထားတာ သိနေတော့ သူ့ဇနီးချောလေးကို ပြန်ပေးဆွဲပြီး သူတို့ ပြောတာ လုပ်ခိုင်းပါရော၊ နောက်ခံတီးလုံးတွေရော သီချင်းတွေရောက ရေလည်မိုက်ပြီး ဇာတ်လမ်းကရော မိတ်ဆွေတို့ကို ပျင်းစေမှာမဟုတ်ဘူးဆိုတာ လက်တို့ရင်း ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။ (အညွှန်းကို chiclon3 မှရေးထားပြီး chiclon3 & Bpl & Yunni & YH တို့က ဘာသာပြန်ထားပါတယ်) File size…1.6GB / 800MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by chiclon3 & Bpl & Yunni & YH

Action • Drama
7 2022 121 mins
Top Gear
The Last: Naruto the Movie
7.7

Narutoဆိုတဲ့ animeဟာ ၂၀၀၀ခုနှစ်ဝန်းကျင်က နာမည်အကြီးဆုံးကြီးသုံးကြီးမှာ (One piece, bleach, naruto)ပါခဲ့ပြီး သူ့​ခေတ်သူ့အခါအချိန်တုန်းက ကြည့်ရှုသူ​တွေရဲ့ပါးစပ်ဖျားမှာ never give up, this is my way of ninja, Dattebayo ?ဆိုပြီးရွတ်ဆိုခဲ့ကြတဲ့ အထိ moti​ပေးနိုင်ခဲ့တာပါ။ ရုပ်ရှင်အ​နေနဲ့လည်း က​လေးဘဝကို ၃ကားထွက်ခဲ့ပြီး  shippuden လူငယ် ဘဝက​တော့ ၇ ကားအထိထွက်ခဲ့ပါတယ်။ ဒီကားက​တော့ shippuden ရုပ်ရှင်​တွေထဲမှာ သတ္တမကားဖြစ်ပြီး IMDb 7.6/10 My anime list 7.8/10ရထားပါတယ် ဇာတ်လမ်းအကျဥ်းကို​မ​ပြော​တော့ပါဘူး။ ဒီကားမှာ Narutoနဲ့ Hinataတို့ချစ်သွားကြပုံကိုမြင်ရမှာဖြစ်ပြီး Hinata ရဲ့ ပထမ​ ယောက်ျားအ​ကြောင်းလည်း ကြည့်ရမှာပါ။ ? Borutoစီးရီးကြည့်​နေတဲ့သူဆိုရင် Borutoရဲ့မျက်လုံးက ဘာလို့ရတာလဲဆိုတာကိုပါ ရိပ်သံဖမ်းသံသိရမယ့်ရုပ်ရှင်ပါ။ File size…1.42GB / 652MB Quality…1080p  / 720p Format…mp4 Duration….1h 52m Genre ..... Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Dr Nyan

Action • Thriller
7.7 2014 114 mins
The Last: Naruto the Movie
Purple Hearts
8.2

အကောင်းတကော့အကောင်းဆုံး မာစတာပိစ်ကားတွေ စီးရီးတွေကို တင်ဆက်ပေးနေတဲ့ နက်ဖလစ် ရဲ့ အကောင်းစား ရိတ်တင်မြင့် ဒရာမာကားသစ်လေးကို ပြန်လည်တင်ဆက်လိုက်ပါတယ်။ နက်ဖလစ်က ထုတ်ရင် မကောင်းတဲ့ကားမရှိသလို ဒီကားကလည်း သူ့ထုတ်တဲ့ကားတွေထဲမှာမှ ရိတ်တင် ၇ကျော်နေတဲ့ ရုပ်ရှင်ပါပဲ။Tess Wakefield ရဲ့ ဝတ္တုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ခပ်ချောချော အမေရိကန်အဆိုတော်မလေး Sofia Carsonက အဆိုတော်မလေးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ သီချင်းတွေလည်း မနည်းမနောပါတာမို မြူဇစ်ကယ်ဒရာမာကြိုက်တဲ့သူတွေ အကြိုက်တွေ့ကြမယ့် ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းကတော့ မရိန်းတပ်သားလေးတစ်ယောက်ရှိတယ်။ အစက သူက ဆေးသမား နောက်မှဆေးပြတ်ပြီး တပ်သားဖြစ်လာတာ။ သူတိုအိမ်က မျိုးဆက်သုံးဆက်လုံး မရိန်းတပ်သားတွေ။ သူ့အဖေဆို စစ်တပ်ကပေးတဲ့ Purple Heartsဆုကိုရထားတယ်။ တိုက်ပွဲမှာ တာဝန်ထမ်းဆောင်ရင်း ရန်သူကြောင့် ထိခိုက်ဒဏ်ရာရတာတို သေတာတိုဖြစ်ရင်ပေးတဲ့ဆုပေါ့။ ကိုယ့်သေနတ်နဲ့ ကိုယ်ပြန်ပစ်မိရင်တော့ မပေးဘူးပေါ့။ ကံဆိုးချင်တော့ ငနဲက စစ်တပ်ထဲသာဝင်တယ် အကြွေးကမကြေသေးဘူး။ ဒီတော့ဆေးရောင်းတဲ့ကောင်က သူ့ဆီက ငွေလာကောက်တယ်။ သူ့မိသားစုကိုရန်ရှာမှာစိုးလို ပေးပေမဲ့ ငွေကမလောက်နေဘူး။ တစ်ဖက်ကလည်း ဂီတကိုဝါသနာထုံပြီး ဆီးချိုရှိတာမို အင်ဆူလင်ဖိုးနဲ့တင် မွဲတေနေတဲ့ အဆိုတော်မလေးရှိတယ်။ သူ့ကျန်းမာရေးအာမခံက သူလိုတဲ့ အင်ဆူလင်ပမာဏအတွက် မကာမိတော့ ၊ အိတ်စိုက်ဝယ်စရာလည်းမရှိနဲ့ ဒုက္ခများနေတာ။ တစ်ည မရိန်းတပ်သားတွေ သူအလုပ်လုပ်တဲ့ ဘားမှာ ပွဲလာလုပ်ရင်း မရိန်းတပ်သားမယားဆို ကျန်းမာရေးအာမခံအပြည့်ရတယ်ဆိုလို မရိန်းတပ်သားကို ရှာကြံလက်ထပ်ဖိုလုပ်တယ်။ အကြွေးဆပ်ဖို ငွေလိုနေတဲ့စစ်သားရယ် ဆေးဖိုးငွေလိုနေတဲ့ကောင်မလေးရယ်ပေါင်းပြီး လက်ထပ်ပွဲအတုလုပ်လိုက်ကြတယ်။ ကောင်မလေးလည်း ဆေးဖိုးရ စစ်သားလည်း ထောက်ပံ့ကြေးရပေါ့။ အဲဒီကနေမှ သူတိုရဲ့ လွမ်းမောဆွတ်ပျံ့ဖွယ်အချစ်ဇာတ်လမ်းလေးဆီ ဘယ်လိုဆက်သွားမလဲဆိုတာကိုတော့ သီချင်းလေးတအေးအေးနဲ့ တငြိမ့်ငြိမ့်ချင်း ခံစားကြည့်လိုက်ကြပါတော့။ File Size__(2.8GB) / (1.1GB) Quality__WEB-DL_1080p, 720p IMDb Rating__7.2/10 Format__mp4 Duration__02:05:00 Type__Drama, Music, Romance Subtitle__Myanmar Subtitle (Hardsub) Translated by --- Encoded by Naing Aung Latt

Horror
8.2 2022 122 mins
Purple Hearts
Fifty Shades Freed
6.7

Fifty Shades Freed ရဲ့ preview ကိုတော့ စာအုပ်ထဲဇာတ်လမ်းနဲ့Trailer ကိုဆက်စပ်ပြီးဖော်ပြပေးပါမယ်။ Trailer ဟာ Christian နဲ့ Ana မင်္ဂလာဆောင်တဲ့ဇာတ်ဝင်ခန်းနဲ့ဖွင့်ထားပြီး Grey တို့ဇနီးမောင်နှံ ဥရောပတခွင် ဟန်နီးမွန်းထွက်တဲ့ ပုံရိပ်တွေကိုမြင်တွေ့ရမှာပါ။ဒါပေမယ့် သူတို့ရဲ့ ဟန်းနီးမွန်းမှာ အကြောင်းတစ်စုံတစ်ခုကြောင့် နောက်ကြောင်းမအေးဖြစ်ခဲ့ရပါတယ်။ အကြောင်းကတော့ Christian ရဲ့ ရုံးအဆောက်အဦးမှာ မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး ထိုမီးဟာ မတော်တဆကြောင့်လောင်ကျွမ်းတာမျိုးမဟုတ်ပဲ တစ်စုံတစ်ဦးရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ရပ်ကြောင့်ဖြစ်ကြောင်း Christian သိလိုက်ရပါတယ်။ ဒါပေမယ့် Ana ရဲ့အကူအညီနဲ့ တရားခံဘယ်သူဖြစ်တယ်ဆိုတာကို Christian တစ်ယောက်အတည်ပြုနိုင်ခဲ့တယ်။ သူတို့ ဟန်းနီးမွန်းကပြန်ရောက်ပြီး လုပ်ငန်းခွင်ထဲပြန်ဝင်ကြရတဲ့အခါ Ana ဟာ Acting Fiction Editor မဟုတ်တော့ပဲ Fiction Editor ဖြစ်နေပါပြီ။ Christian Grey ရဲ့ အရှိန်အဝါကြောင့် ပစားပေးခြင်းခံရတာကို မလိုလားတဲ့ Ana ဟာ SIP ရုံးတွင်းမှာ Ana Steele အနေနဲ့ ပဲ ဆက်အလုပ်လုပ်ချင်ပေမယ့် Christian ရဲ့ မရမကတောင်းဆိုမှုကြောင့် Ana Grey နာမည်နဲ့ အလုပ်လုပ်ခဲ့တယ်။ Trailer နောက်တစ်ကွက်မှာတော့ Christian တစေ်ယာက် Ana ကို အင်မတန်လှတဲ့ အိမ်တစ်အိမ်ဆီခေါ်သွားခဲ့တယ်။ Ana ကိုယ်တိုင်လည်း အလွန်နှစ်သက်တဲ့ ထိုအိမ်ကို အသစ်ပြန်ဆောက်ရာမှာ အဓိကကျသူကတော့ နာမည်ကြီး ဗိသုကာပညာရှင် Gia Matteo…. ရွှေရောင်ဆံပင်နဲ့ အလန်းစား Gia Matteo ကသူမမျက်စိရှေ့မှာတင် Christian ကို ကလူ၏သို့မြှူ ၏သို့ လုပ်လာတဲ့အခါ Ana တစ်ယောက် Gia ကို သတိပေးဖို့ဖြစ်လာပါတော့တယ်။ ဒါတင်မကသေးပါဘူး… Gia ဟာ Christian ရဲ့ အစ်ကိုElliot (Ana အချစ်ဆုံးသူငယ်ချင်း Kate ရဲ့ချစ်သူ) ကိုလည်း ချဉ်းကပ်နေသူဖြစ်ပါတယ်။ [??သိတယ်မှလား? အချစ်ဆုံးသူငယ်ချင်း (2) ယောက် လူတစ်ယောက်တည်းကို ပြိုင်တူကြည့်မရဖြစ်ပြီဆိုရင် အဲ့ဒိလူသတိထားပြီးနေမှတော်ကာကျမယ်ဆိုတာ ???] နောက်တစ်ခန်းမှာတော့ Ana မောင်းလာတဲ့ကားကို နောက်ကကားတစ်စီးက ဝင်တိုက်ဖို့ကြိုးစားနေတာကိုတွေ့ရမှာပါ။ Ana နဲ့ Christian တို့ အိမ်အသစ်ကိုကြည့်ပြီးအပြန်လမ်းမှာ ဘယ်ကမှန်းမသိတဲ့ကားတစီးရဲ့ အသည်းအသန် ရန်ရှာအန္တရာယ်ပြု ခြင်းကိုခံခဲ့ရတယ်။ Christian ဟာ Ana တစ်ခုခုဖြစ်သွားမှာစိုးရိမ်တာကြောင့် ဘယ်သောအခါမှ သူမကို ကိုယ်တိုင်ကားမောင်းခွင့်မပေးခဲ့သူဖြစ်ပြီး ပထမဆုံး ခွင့်ပြုလိုက်တဲ့အချိန်မှာ ထိုပြသနာမျိုးကြုံခဲ့ရတာပါ။ ဒါပေမယ့်လည်း Ana ရဲ့ကားမောင်းကျွမ်းကျင်မှုအရည်အချင်းဟာ Christian ကိုပါးစပ်အဟောင်းသားဖြစ်စေခဲ့ပါတယ်။ Trailer မှာ စိတ်ဝင်စားဖို့အကောင်းဆုံးဇာတ်ဝင်ခန်း (2) ခုထဲက ပထမတစ်ခုကတော့ Christian က သူ့ရဲ့ အဆက်ဟောင်းလဲဖြစ် လုပ်ဖော်ကိုင်ဖက်လဲဖြစ်တဲ့ Mrs. Robinson တစ်ဖြစ်လဲ Elena ကိုသွားတွေ့ခဲ့တာပါပဲ. Fifty Shades Darker မှာ Christian ဟာ Mrs.Robinson နဲ့ သူရဲ့ဆက်ဆံရေးပြီးဆုံးသွားတဲ့အကြောင်း Ana ကို အတိအလင်းပြောခဲ့ပြီးမှ ဘာအတွက်ကြောင့်သွားတွေ့ခဲ့သလဲဆိုတာက စဉ်းစားချင်စရာပါ။ Ana က “Did you sleep with her?” လို့မေးလိုက်တဲ့အချိန်မှာလဲ ပြန်မဖြေနိုင်ဖြစ်နေတဲ့ Christian နဲ့ Mrs.Robinson ကို လုံးဝမနှစ်မြို့တဲ့ Ana တို့ကြားက ဆက်ဆံရေး ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ 2018 Valentine Day မှာ အဖြေရှာကြည့်ရမှာပါ။ နောက်ထပ်စိတ်ဝင်စားဖွယ်ရာဇာတ်ဝင်ခန်းတစ်ခုကတော့Jack Hyde က Christian ရဲ့ ညီမဖြစ်သူ Mia (Rita Ora) ကိုဖမ်းဆီးထားပြီး Ana ကိုချိန်းခြောက်နေတာပါ။ ဆိုတော့ကာ Ana နဲ့ Mia နှစ်ယောက်စလုံး Jack ရဲ့ လက်ထဲကနေလွတ်မြောက်နိုင်ပါ့မလား? ဒါမှမဟုတ် Mia ကိုတော့လွှတ်ပေးပြီး Christian ကို မုန်းတီးတဲ့ ရန်ငြှိုးကြောင့် Ana အသက်ကို ရန်မူမှာလား? Ana ကရော Jack Hyde တောင်းဆိုတဲ့ တောင်းဆိုချက်တွေကိုလိုက်လျှောနိုင်မှာလား? စတဲမေးခွန်းတွကိုတော့ 2018 မှပဲသိရမှာပါ။ စာအုပ်ကတော့ သေသပ်တဲ့ဇာတ်ကွက်တွေနဲ့ စာဖတ်သူကို လက်ကမချနိုင်အောင်ဖမ်းစားထားခဲ့ပါတယ်။ James Foley ကရော စာအုပ်ထဲကအတိုင်း ရိုက်ကူးပါ့မလားဆိုတာကလည်း လူကိုမရိုးမရွဖြစ်စေပြန်ပါတယ်။ Red Room ထဲက အခန်းတွေကိုလည်း ကြည့်ရမှာဖြစ်ပြီး Fifty Shades Darker ထဲက နာမည်ကြီး Ben & Jerry Ice-cream ဇာတ်ဝင်ခန်းကလည်း Freed မှာပါဝင်လာနိုင်ပါတယ်။ Red Room ထဲက အခန်းတွေနဲ့အပြိုင် Ana နဲ့ Christian ရဲ့ Romantic ဇာတ်ဝင်ခန်းတွေကိုကြည့်ရမှာပါ။ ဟန်းနီးမွန်းဇာတ်ဝင်ခန်းတွေကို ပြင်သစ်နိုင်ငံရဲ့လှပလွန်းတဲ့ နာမည်ကြီးနေရာတွေနဲ့ ပြင်သစ်နိုင်ငံတောင်ပိုင်းက ကမ်းခြေမှာ အဓိကထားရိုက်ကူးခဲ့ပြီး အမိုက်စားမြင်ကွင်းတွေနဲ့ အမိုက်စားစုံတွဲလေးကို ကြည့်ရှုခံစားရမှာအသေအချာပါ။ ပြင်သစ်ကမ်းခြေက ဇာတ်ဝင်ခန်းမှှာတော့ Dakota ကို Bikini အဝါလေးနဲ့မြင်တွေ့ရမှာဖြစ်ပြီး ထိုဇာတ်ဝင်ခန်းရိုက်ကူးချိန်ကတည်းက Dakota ရဲ့ Body ဟာ သောသောညံအောင် ချီးကျူးခံခဲ့ရပါတယ်။ ( comment မှာ ပုံတင်ပေးထားပါတယ်) Mrs.Grey လို့ပါးစပ်ဖျားကမချအောင်ခေါ်ပြီး Ana အမှတ်တမဲ့ပြောဖူးတဲ့အရာသေးသေးလေးတွေကအစဖြစ်အောင်လုပ်ပေးတတ်တဲ့Christian , Ana အလုပ်လုပ်နေတဲ့ SIP Publushing ကို မင်္ဂလာလက်ဆောင်အဖြစ်ပေးခဲ့တဲ့ Christian , သဘောင်္စီးရင်းနဲ့ “အဲ့ဒိအိမ်ကနေကြည့်ရတဲ့မြင်ကွင်းကသိပ်လှမှာပဲ” လို့ရေရွတ်မိလို့ ထိုအိမ်ကိုမရရအောင်ဝယ်ပေးခဲ့တဲ့ Christian , ဇနီးသည်ရဲ့ လုံခြုံမှုကို အရာအားလုံးထက်ဦးစားပေးတဲ့ Christian ဟာ ဆွဲဆောင်မှုအတော်ရှိသလို အတော်ကြီးကို Romantic ဆန်ပါတယ်။ ပထမဆုံးရုပ်ရှင် Fifty Shades of Grey ထဲက Christian Grey နဲ့ ယှဉ်ရင် အများကြီး နူးညံ့ လူသားဆန်လာတဲ့ Christian Grey ကိုတွေ့ရမှာပါ။ Christian အတွက်ဆိုရင် သူ့မိသားစုဝင်တွေကိုပါ ချစ်ခင်ကာကွယ်တတ်တဲ့ Ana ရဲ့ ချစ်ခြင်းကလည်း ရေးပြလို့ဆုံးမယ်မထင်ပါဘူး။ James Foley ဟာ စာအုပ်ထဲမှာမပါတဲ့ဇာတ်ဝင်ခန်းတစ်ခန်းကိုထည့်သွင်းထားပြီး ထိုဇာတ်ဝင်ခန်းဟာ Ana ရဲ့ နားချဖျောင်းဖျမှုကြောင့် Christian တစ်ယောက် သူ့မိခင်ရင်းရဲ့ အုပ်ဂူကို သွားရောက်လည်ပတ်တဲ့အခန်းဖြစ်ပါတယ်။ ဒါကြောင့်ပဲ Admin ကတော့ James Foley တစ်ယောက် ဘယ်ဇာတ်ဝင်ခန်းတွေကိုများထပ်ပြောင်းလိုက်ဦးမလဲလို့ စိတ်ဝင်စားနေမိပါတယ်။ (Fifty Shades Freed ရုပ်ရှင်အညွန်းကို Nucleon FB Page မှ ကူးယူဖော်ပြပါသည်။) အားလုံးသိကြတဲ့အတိုင်းပါပဲ....Fifty Shades of Grey တဖြစ်လဲ မောင်ဂရေးရဲ့အကွက်ငါးဆယ်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားဟာ ဖိုမသဘာဝချစ်ကြကြိုက်ကြရာမှာ တခါတလေ ဘာတွေလိုအပ်လဲဆိုတာ မကွယ်မဝှက် ချပြထားတဲ့ ဇာတ်ကားပါ။ ပိုက်ဆံရှိယုံနဲ့လဲ အချစ်ကိုကျေနပ်စေမှာမျိုးမဟုတ်... ရုပ်ချော ရုပ်ဖြောင့်နေယုံနဲ့လဲ အချစ်က တင်းတိမ်နေမှာမျိုးမဟုတ်... အလိုလိုက်အကြိုက်ဆောင်တိုင်းလဲ အချစ်က တည်မြဲနေမှာမျိုးမဟုတ်... အချစ်ဆိုတာ တစ်ယောက်စိတ်ရူးပေါက်တာကို တစ်ယောက်ကနားလည်ပေးနိုင်ပြီး နှစ်ယောက်တူတူစခန်းသွားရတာမျိုးပါ။ ကဲ...မောင်ဂရေးနဲ့ မစတီးတို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာ...။ Fifty Shades ဇာတ်ကားက ၃ ကားထွက်ရှိခဲ့ပြီး ၃ ကားလုံးကို https://channelmyanmar.org/?s=fifty+shades+of+grey  မှာကြည့်ရှုနိုင်ပါတယ်။ 4K BluRay Unrated Version နဲ့ တင်ဆက်ထားတာမို့ ရုံတင်ဗားရှင်းထက် ပိုပြည့်ပြည့်စုံစုံရှုစားရမှာဖြစ်ပါတယ်။ File size…(5.9 GB)/(1.2 GB) Quality….Unrated BluRay 4K HEVC/1080p Format…mkv/mp4 Duration….01:50:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Zuel Khant Thwin

Romance
6.7 2018 105 mins
Fifty Shades Freed
A Dog's Purpose
7.6

ဘေလီ လို့ခေါ်တဲ့ ရွှေဝါရောင် အမဲလိုက်ခွေး အမျိုးအစားလေး က သူ့ကို တကယ်ချစ်ပြီး ကြင်နာပေးတဲ့ အီသန် နဲ့ ဟန်နာ တို့ရဲ့အချစ်တော်ခွေးလေးပေါ့ အီသန် က ဘေလီ ကို Rugby ဘောလုံးလေးနဲ့ကစားနည်းလေးတွေ သင်ပေးခဲ့တယ် တစ်နေ့မှာတော့ အကြောင်းကြောင်းကြောင့် အီသန် နဲ့ ဟန်နာ တို့ လမ်းခွဲ ခဲ့ကြတယ် နောက်ပိုင်း အီသန် ပညာသင်ဖို့ထွက်ခွာသွားခဲ့တဲ့အချိန်မှာတော့ ဘေလီ လေးလည်း သခင်ကို လွမ်းတဲ့စိတ်နဲ့ နေမကောင်းဖြစ်ပြီး ဆရာဝန်တွေက သူ့အတွက် အကောင်းဆုံး ဖြစ်အောင် လုပ်ပေးခဲ့ကြတယ် ဒီလိုနဲ့ ဘေလီဟာ နောက်ဘဝတစ်ခုမှာတော့ ရဲတပ်သား ခွေးလေးဘဝကို ပိုင်ဆိုင်ခဲ့ပြီး သူတတ်စွမ်းသလောက် အခြားလူတွေ နဲ့သူ့ရဲ့သခင်အသစ်ကို ကူညီပေးခဲ့တယ် ဒါပေမဲ့လည်း ဘေလီ ကတော့ အီသန် ကို မေ့လို့မရနိုင်ခဲ့ပါဘူး နောက်ဆုံး ဘဝတစ်ခုမှာတော့ သူတကယ် အကျပ်အတည်းနဲ့ရုန်းကန်ခဲ့ရပါတယ် သူ့ကိုမချစ်တဲ့ သူ့သခင်တစ်ယောက်က စွန့်ပစ်ခဲ့တဲ့ အချိန်မှာတော့ အိမ်မပြန်တော့ပဲ ခြေဦးတည့်ရာထွက်လာရင်း အရင်ဘ၀ သူနဲ့ရင်းနှီးတဲ့ နေရာတစ်ခုကို ပြန်ရောက်လာခဲ့တယ် ဒီအချိန်မှာတော့ သူဟာ အီသန် ကို ရှာတွေ့နိုင်ခဲ့ပါပြီ အီသန် ကတော့ သူ့ကို မသိခဲ့ပါဘူး ဘေလီလေး တစ်ယောက် အထီးကျန်နေတဲ့ အီသန်ကို ဘယ်လိုကူညီမလဲ သူက ဘေလီ ပါဆိုတာကို အီသန် သိအောင် ဘယ်လို ကြိုးစားမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှုလိုက်ကြပါဦး ခင်ဗျာ ဘဝများစွာ ဖြတ်သန်းခဲ့ရပေမဲ့ သခင်ကို ချစ်တဲ့စိတ် သခင်အပေါ်သံယောဇဉ်ကြီးတတ်တဲ့ ခွေးလေးတွေ ရဲ့အကြောင်းကို ရိုက်ကူးထားတာတဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် CM ပရိသတ်တွေထဲကမှ တရိစ္ဆာန်ချစ်သူလေးတွေ သဘောကျ နှစ်သက်ကြလိမ့်မယ် ထင်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Carey Nyein ပဲဖြစ်ပါတယ်) File Size : 850 MB /300 MB Quality :  Bluray 720P Running Time : 1hr 40minutes Format : Mp4 Genre :    Action, Comedy,Drama Encoder : Thanhtike Zaw

Action & Adventure • Animation • Sci-Fi & Fantasy
7.6 2017 100 mins
A Dog's Purpose
[18+] Love Actually… Sucks!
4.1

Love Actually Sucks(2011) ======================= လူရယ်လို့ဖြစ်လာရင် အချစ်ဆိုတာ တသက်လုံးကြုံတွေရမယ့် ခံစားချက်တခုဆိုရင် မမှားပါဘူး… လူတိုင်း ဆယ်ကျော်သက်ကနေ သေတဲ့အထိ အချစ်ဆိုတဲ့ခံစားချက်က တောက်လျှောက်အရိပ်တခုလို လိုက်နေပြီး အဲ့ဒီခံစားချက်ကနေပဲ အမုန်း အလွမ်း စိတ်ဒဏ်ရာ ပျော်ရွှင်မှု ၀မ်းနည်းမှုစတဲ့ ခံစားချက်တွေပါ ပါ၀င်လာမှာပါ … အချစ်ကြောင့် ဘ၀တွေချိုသာပြီး ပျော်ရွှင်သွားရတဲ့လူတွေရှိသလို အချစ်ကြောင့်ပဲ ဘ၀က ကော်ဖီခါးခါးထဲ အခါးမှုန့်ထပ်ထည့်မိသလို ပိုခါးသွားတဲ့လူတွေ ရှိပါတယ် ဒီဇာတ်လမ်းကတော့ အချစ်ကြောင့်ဘဝပျက်သွားသူတွေ‌ပေါ့ ချိုလှလို့ မက်မောမိတဲ့အရာက အဆင်မပြေမှုတွေပေးတဲ့အခါ အချစ်ဟာခါးလှပါတယ်ဆိုပြီး အချစ်ကို ရွံစရာ မခင်တွယ်စရာခံစားချက်အဖြစ်ပစ်ပယ်သွားရတဲ့ သူတို့ဘ၀တွေကို အရှိတိုင်းဖွင့်ဟပြသသွားမှာပါ

Adventure • Drama • Fantasy • Science Fiction
4.1 2011 83 mins
[18+] Love Actually… Sucks!
Dick
6.2

IMDb Rating (6.2) / Rotten Tomatoes (72%) ကမ္ဘာ့နိုင်ငံရေးအကြောင်းတီးမိခေါက်မိရှိသူဆိုရင်တော့ အမေရိကန်နိုင်ငံက Watergate Scandal ဆိုတဲ့ ကိစ္စကိုသိကြမှာပါ။ သမ္မတ နစ်ဆင်လက်ထက်က နိုင်ငံရေးအရှုပ်တော်ပုံတစ်ခုပေါ့။ သတင်းထောက်လောကမှာဆိုရင်လည်း ဒီကိစ္စက အတုယူမှတ်သားဖွယ်သတင်းတင်ဆက်မှုတစ်ခုအဖြစ်ရှိခဲ့ပါတယ်။ ဒီ Dick ဆိုတဲ့ဇာတ်ကားကတော့ အဲဒီအဖြစ်အပျက်ကို Parody ဆန်ဆန် သရော်ထားတဲ့ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်ကဖြစ်တဲ့အတွက် လက်ရှိအချိန်မှာနာမည်ကြီးနေတဲ့ Deadpool မင်းသားရဲ့ ငယ်ဘဝသရုပ်ဆောင်ပုံတွေကိုတွေ့ရမှာပါ။ Dick မှာဆိုရင် စပိုင်ဒါမန်းမင်းသမီးလို့နာမည်ကြီးတဲ့ Kristen Dunst၊ အော်စကာစာရင်းဝင်မင်းသမီး Michelle Williams တို့အဓိကပါဝင်ထားကြပါတယ်။ ဆယ်ကျော်သက်ကောင်မလေး ၂ ယောက်ဟာ မအူမလည်နဲ့ အမေရိကန်သမ္မတကြီးဆီရောက်သွားပြီးတော့ သမ္မတကြီးရဲ့ လျှို့ဝှက်ချက်တွေကို အမှတ်မထင်ရခဲ့ကြပြီး သူတို့ရဲ့ ဆယ်ကျော်သက်စိတ်တွေကြောင့်ပဲ ဒီအရှုပ်တော်ပုံကြီးပေါ်ပေါက်ခဲ့ရတယ်ဆိုပြီး တကယ့်အဖြစ်အပျက်ကို ဟာသဆန်ဆန်ပြန်လည်ပုံဖော်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ရိုးအီနေတဲ့ နိုင်ငံရေးအရှုပ်တော်ပုံဇာတ်လမ်းကို နောက်ထပ် ဗားရှင်းတစ်မျိုးနဲ့ဟာသဆန်ဆန်ကြည့်ချင်ရင်တော့ Dick ကိုကြည့်ပါလို့ပဲ ညွှန်းဆိုလိုက်ပါရစေ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Mugiwara Ya မှ တင်ဆက်ထားပါတယ်။)

6.2 1999 94 mins
Dick
North by Northwest
8.3

ဒီတစ်ခါမှာတော့ ၁၉၅၉ ခုနှစ်က စပိုင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Thriller/Mystery အမျိုးအစားဖြစ်ပြီး IMDB 8.3/10, Rt 97% ရရှိထားပြီး မင်းသားကြီး Cary Grant နဲ့ မင်းသမီးကြီး Eva Marie Saint တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရော်ဂျာက နယူးယောက်က ကြော်ငြာအမှုဆောင်တစ်ယောက်ဖြစ်ပြီး အလုပ်ကိုတန်ိဖုးထားကာ ဘဝကို ကြိုးကြိုစားစား ဖြတ်သန်းနေသူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ မမျှော်လင့်ဘဲ သူ့ကို ကတ်ပ်လန်ဆိုတဲ့လူလို့ အခိုင်အမာ စွပ်စွဲပြီး ပြန်ပေးဆွဲခံလိုက်ရပါတယ်။ သူက သူ့ကို ပြန်ပေးဆွဲထားသူတွေကို သူက ရော်ဂျာဖြစ်ကြောင်း၊ ကတ်ပ်လန်မဟုတ်ကြောင်း ဘယ်လောက်ပဲ ရှင်းပြပြောဆိုပေမဲ့ တစ်ဖက်ကလူတွေက လက်မခံဘဲ သူ့အသက်ကို ရန်မူဖို့ ကြိုးစားခဲ့ရာမှာတော့.. သူက တကယ်ပဲ သူတို့ပြောသလို ကတ်ပ်လန်ဆိုတဲ့လူလား၊ အသတ်ခံရမှာစိုးလို့ ဟန်ဆောင်နေတာလား၊ တကယ်လို့ သူက ကတ်ပ်လန်မဟုတ်ဘူးဆိုရင်ရော သူတို့က ဘာလို့ သူ့ကို မယုံတာလဲ။ အဲဒီလူတွေရဲ့ လက်ထဲကနေရော သူ အသက်ရှင်လျက် ထွက်ပြေးနိုင်ပါ့မလား။ ငိုအားထက် ရယ်အားသန်လို့ ဆိုရမလား၊ ရယ်အားထက် ငိုအားသန်လို့ပဲ ခေါ်ရမလား မသိနိုင်ရှာတဲ့ သူ့အဖြစ်က ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ (အညွန်းနဲ့ ဘာသာပြန်က Emily ပါ။) File size…(2.3 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:16:00 Genre… Action, Adventure, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

Horror
8.3 1959
North by Northwest
The Hangover
7.7

The Hangover (2009) IMDb Rating (7.7) / Rotten Tomatoes (79%) ❝ လူလတ်ပိုင်းတွေ ဗရုတ်ကျရင် လူငယ်တွေထက်ပိုကြမ်းတယ် ❞ • 2009 ခုနှစ်တုန်းကထွက်ခဲ့တဲ့ The Hangover ရုပ်ရှင်ကို ကျွန်တော်တို့လို ယောကျ်ားလေးတော်တော်များများကတော့ ကြည့်ဖူးလောက်ပါတယ်..အပေါ်ရံခြုံကြည့်ရင်တော့ ဒီရုပ်ရှင်က သာမန် Bachelor Party မှာသောင်းကျန်းကြတဲ့ သူငယ်ချင်းတွေအကြောင်းရိုက်ပြထားတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ ဒီထက်ပိုပါတယ်.. • ဇာတ်လမ်းက Phil, Stu နဲ့ Doug ဆိုတဲ့ သူငယ်ချင်းသုံးယောက်မှာ Doug က မင်္ဂလာဆောင်တော့မှာဖြစ်တဲ့အတွက် Bachelor Party အဖြစ် Vegas ကိုသွားဖို့စီစဉ်ကြပါတယ်..ဒီမှာမှ သတို့သမီးရဲ့ အစ်ကိုဖြစ်သူ Alan ကိုပါခေါ်သွားဖို့ဖြစ်လာရာကနေ ဇာတ်လမ်းစပါတယ်.. • The Hangover ရဲ့ ဇာတ်လမ်းကျောရိုးဟာ Alan မွှေတာတွေကြီးပါပဲ..အကုန်လုံးဟာ Party ကို သာမန်သောက်စားပြီးပဲဖြတ်သန်းဖို့ စီစဉ်ထားကြပေမယ့် စိတ်ရောဂါရှိတဲ့ Alan ဟာ သူတို့အုပ်စုကို Wolf Pack လို့သတ်မှတ်ထားပြီး Party Drug တွေခိုးထည့်ကာ အမြဲမွှေလေ့ရှိပါတယ်..အကြောင်းအရင်းကတော့ ပိုပျော်ရအောင်၊ ပိုသောင်းကျန်းလို့ကောင်းအောင်ပေါ့..ဒါပေမယ့် အမြဲတမ်းလွဲပြီး ပြဿနာတက်ကြတာပါပဲ.. • ညဘက်မှာ လေးငါးပင်လိမ်ပြီး လုပ်ချင်တိုင်းလုပ်ထားကြ၊ မနက်ကြရင်ဘာမှမမှတ်မိပဲ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို သဲလွန်စရှာ လိုက်ရှင်းကြရတော့တာပါပဲ.. • ဒီထဲမှာတော့ သူငယ်ချင်းတွေပျော်အောင် အလိုလိုက်ပြီး လိုက်လုပ်ပေးနေပေမယ့် အမြဲပျောက်သွားလိုက်၊ ကျန်နေခဲ့လိုက်၊ ပြန်ပေးဆွဲခံလိုက်နဲ့ ခံနေရတဲ့ Doug.. • မိန်းမတွေကလေးတွေရှိပေမယ့် အမြဲတစ်ဇွတ်ထိုးလုပ်တတ်ပြီး သောင်းကျန်းဖို့မြှောက်ပေး၊ မနက်ပြဿနာတက်ရင် ရှေ့ကနေဒိုင်ခံရှင်းတဲ့ Phil.. • ပျော်ရပါးရဖို့ဆို ရှေ့ဆုံးကနေတက်ကြွနေပေမယ့် တကယ်ပြဿနာတက်လာပြီဆို သေလောက်အောင်ကြောက်တဲ့ သွားဆရာဝန် Stu.. • စိတ်ရောဂါအခံလေးသာရှိတာ တကယ်သောင်းကျန်းရပြီဆို သူပဲအမြဲစမွှေ၊ မဟုတ်ကဟုတ်ကလူတွေနဲ့လျှောက်ပက်သက်ပြီး ပြဿနာကိုမကြီးကြီးအောင်လုပ်၊ အသက်ကြီးနေပေမယ့် မိဘလုပ်စာပဲထိုင်စားနေလို့ အနှိမ်ခံရတာကနေ အဖော်မက်ပြီး လျှောက်လုပ်တတ်တဲ့ Alan.. • ဒီလိုမျိုး Characters တွေနဲ့ Trilogy ကို ဖြတ်သန်းရမှာဖြစ်ပါတယ်..ဒီထဲမှာမှ Leslie Chow ဆိုတဲ့ Ken Jeong သရုပ်ဆောင်ထားတဲ့ Iconic ဖြစ်တဲ့ ဇာတ်ကောင်ကလဲ သောက်မြင်ကပ်စရာကောင်းအောင် ပါလာဦးမယ့်အပြင် Mike Tyson ကြီးရဲ့ Cameo ကလဲ ရယ်နေရဦးမှာပါ.. • The Hangover Trilogy မှာ Iconic ဖြစ်စရာ Moments တွေ၊ တကယ်ရယ်ရတဲ့ ဟာသတွေ၊ သောက်တလွဲ Lines တွေနဲ့ လူလတ်ပိုင်းတွေဘယ်လို ဗရုတ်ကျလဲဆိုတာကို မြင်တွေ့မှာပါ..Part I နဲ့ Part II က ဇာတ်လမ်းကျောရိုးတူပြီး Part III ကတော့ Conclusion သဘောမျိုးနဲ့အဆုံးသတ်ထားပါတယ်.. • ဒီရုပ်ရှင်က တကယ်မောပန်းနွမ်းနယ်နေချိိန် Comfort ရုပ်ရှင်တစ်ခုအနေနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေစုပြီး Movie Night မှာပဲဖြစ်ဖြစ် ကြည့်လို့ကောင်းတဲ့ Comedy ရုပ်ရှင်တစ်ခုပါ..ဒါပေမယ့် R-Rated ဖြစ်တာကြောင့် မိသားစုနဲ့ကြည့်မယ်ဆို တော်တော်ပွင့်လင်းမှရပါမယ်..နောက်ပြီး Credit ထိုးတဲ့အထိကြည့်ဖို့မမေ့ပါနဲ့လို့ပြောရင်း အကြံပြုလိုက်ရပါတယ်ခင်ဗျာ.. #cultureflix #thehangover (ရုပ်ရှင်အညွှန်းကို Culture Flix FB Page မှ ကူးယူဖော်ပြပါသည်။) The Hangover ရုပ်ရှင်ကား ၃ ကားရှိပြီး ၃ ကားစလုံးကို ဒီမှာ https://www.channelmyanmar.to/?s=the+hangover+2009 ကြည့်ပါ။

Science Fiction • Horror • Action • Drama
7.7 2009
The Hangover
Zodiac
7.7

Zodiac (2007) IMDb Rating (7.7) / Rotten tomatoes (90%) Robert Downey Jr. ,Jake Gyllenhaal , Mark Ruffalo တို့လို တကယ့်ထိပ်တန်းမင်းသားတွေနဲ့ ဒါရိုက်တာကြီး David Fincher ရဲ့ နာမည်ကြီးရုပ်ရှင်ကားတစ်ကားပါပဲ။ ၁၉၆၈ လောက်မှာ အတွဲလိုက်လူသတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ Zodiac Sign နာမည်ခံ လူသတ်သမားအကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် မှုခင်းကားတစ်ကားဖြစ်ပါတယ်။ ထူးခြားတာက ဒီလူသတ်သမားကို ခုချိန်ထိ ဖမ်းမမိသေးဘဲ သူဘယ်သူလဲဆိုတာကို ဒါရိုက်တာ David Fincher တို့အဖွဲ့ဟာ အချိန်ကြာမြင့်စွာသုတေသနပြုလုပ်ပြီး ဒီရုပ်ရှင်ကားကိုရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းသွားကတော့ ..အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုခရိုနီကယ် သတင်းစာကို တစ်နေ့မှာ စာတစ်စောင်ရောက်လာခဲ့တယ်.. ဒီစာထဲမှာ လူတစ်ယောက်က သူအရင်နှစ်တွေတုန်းက ဘယ်နေရာမှာဘယ်လို လူတွေသတ်ခဲ့တယ်ဆိုတာကို ရေးထားတယ်… သူ့သတင်းတွေကို သတင်းစာခေါင်းကြီးပိုင်းတွေထည့်ပေးဖို့နဲ့ မထည့်ပေးရင် ထပ်ပြီးလူသတ်မှုတွေကျူးလွန်နေမယ်ဆိုတဲ့ခြိမ်းခြောက်ထားတယ်.. ဒီတော့သတင်းစာက လူတွေလည်းခေါင်းခြောက်ပြီး ရဲစခန်းကိုဖုန်းဆက်စုံစမ်းကြည့်တဲ့အခါ စာထဲမှာ ရေးသားထားတဲ့အမှုတွေဟာ အဲ့ဒီနေ့အထိ တရားခံမပေါ်သေးတဲ့ လူသတ်မှုတွေဖြစ်နေတယ်… အဲ့ဒီအချိန်ကစပြီး ရဲတွေလည်းခြေရာခံရင်း သတင်းထောက်တွေကလည်းခြေရာခံရင်း လူသတ်သမားကလည်းလူတွေသတ်ရင်း တရားခံကို လက်ပူးလက်ကြပ်မဖမ်းနိုင်လောက်အောင် သက်သေတွေ သဲလွန်စတွေ အမှုကွင်းဆက်တွေ ပျောက်သွားရင်းနဲ့ နှစ်ပေါင်း ၃ဝကျော်ကြာတဲ့အထိ အမှုဟာ သို့လော သို့လောနဲ့ဖြစ်နေခဲ့ပါတယ်.. တကယ့်ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာမလို့ ပိုလို့ကြောက်စရာကောင်းပြီး ပါဝင်တဲ့မင်းသားတွေ နာမည်ကြီးသလောက် ဇာတ်လမ်းဟာလည်း အစကနေအဆုံးတိုင်အောင် ကောင်းမွန် ရှည်လျားလှပါတယ်… ၁၉၇၀ ခုနှစ်ဝန်းကျင် နည်းပညာတွေ သိပ်မဖွံ့ဖြိုးသေးခင် အမေရိက ဆန်ဖရန်စစ္စကိုမှာ ရဲတပ်ဖွဲ့ဘယ်လိုအမှုလိုက်တယ်ဆိုတာကို ဒီဇာတ်လမ်းထဲမှာ မြင်တွေ့ရမှာပါ… Director’s Cut Version နဲ့ တင်ဆက်ထားတာမလို့ ရုံတင်ဗားရှင်းထက် ပိုမိုရှည်လျားပြီး ၃ နာရီနီးပါး အမှုလိုက်ကြရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကို Zuel Khant Thwin မှတင်ဆက်ထားပါတယ်။)

7.7 2007 157 mins
Zodiac
Killer Heat
5.6

Mystery/ Crime ရုပ်ရှင်အမျိုးအစားဖြစ်တဲ့ ဒီဇာတ်လမ်းထဲမှာတော့ Divergent ရုပ်ရှင်တွေနဲ့ The Fault in Our Stars တို့က မင်းသမီးချော ‘Shailene Woodley’၊ Bodyguard စီးရီးက မင်းသား ‘Richard Madden’ နဲ့ (500) Days of Summer နဲ့ Don Jon ဇာတ်ကားတို့က မင်းသား ‘Joseph Gordon-Levitt’ တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ – ဂရိနိုင်ငံက လူသူခေါင်ခိုက်တဲ့ကျွန်းတစ်ကျွန်းပေါ်မှာ ‘လီယို’ဆိုတဲ့ သူဌေးသားတစ်ယောက်က ကိရိယာမဲ့ တောင်တက်ရင်း ခြေချော်ကျကာ တောင်ပေါ်ကပြုတ်ကျပြီး သေဆုံးသွားခဲ့ပါတယ်။ လီယိုမှာက ‘အီလီယက်စ်’လို့ခေါ်တဲ့ အမြွှာညီအစ်ကိုရှိပြီး သူ့အမြွှာရဲ့ ဇနီးလုပ်သူ ‘ပန်နီလိုပီ’ဆိုတဲ့ မိန်းမချောလေးနဲ့က တက္ကသိုလ်တက်စဉ်အရွယ်က သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း ဖြစ်ခဲ့ဖူးပါတယ်။ ‘နစ်ခ် ဘာလီ’ကတော့ နယူးယောက်ကနေ မိသားစုရေးရာပြဿနာတစ်ခုကြောင့် အေသင်ဘက်မှာ အလွတ်စုံထောက် လုပ်နေသူတစ်ဦး ဖြစ်ကာ ပန်နီလိုပီက သူမရဲ့ မတ် တစ်ဖြစ်လဲ သူမ တစ်ချိန်က ရင်းနှီးခဲ့ရတဲ့ မိတ်ဆွေတစ်ဦးဖြစ်သူ လီယိုရဲ့ သေဆုံးမှုကို စုံစမ်းဖို့အတွက် နစ်ခ်ကို ပိုက်ဆံအများကြီးပေးပြီး သူမတို့မိသားစုနေထိုင်ရာ ကျွန်းကြီးဆီကို ခေါ်လိုက်ပါတော့တယ်။ မိသားစုစီးပွားရေးမှာလည်း ဘာမျှဝင်မပါဘဲ အေးအေးဆေးဆေးနေတတ်တဲ့ လီယိုရဲ့ သေဆုံးမှုက တကယ်ပဲ မတော်တဆမှုလား သတ်ခံရတယ်ဆိုရင်ရော ဘယ်သူကသတ်လိုက်တာဖြစ်မလဲ အမေရိကားကနေ ထွက်ပြေးလာတဲ့ နစ်ခ်ရဲ့ ရာဇဝင်ကရော ဘာဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ File size…(5 GB)/ (1.5 GB)/(750 Mb) Quality….Webrip 4K HEVC/ 1080p / 720p Format… mkv/mp4 Duration…. 01:37:00 Genre… Crime, Drama, Mystery, Romance, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield , Ka Naung Translated by Nway Oo K Zaw

Drama • Thriller
5.6 2024 97 mins
Killer Heat
A Hidden Life
7.5

A Hidden Life (2019) IMDb Rating (7.4) / Rotten Tomatoes (82%) ” ကမ္ဘာကြီးကို ပိုကောင်းလာစေတဲ့ အဖြစ်အပျက်တွေထဲမှာ သမိုင်းမတွင်တဲ့လုပ်ရပ်တွေအများကြီးရှိပါတယ် မင်းတို့ငါတို့ရဲ့ ဘဝတွေ ဆိုးမသွားဘဲ အဆင်ပြေနေရတဲ့ အကြောင်းရင်းရဲ့ တစ်ဝက်လောက်က အညတရဘဝနဲ့ရှင်သန်ခဲ့ပြီး ဘယ်သူမှလာမတွေ့တဲ့ အုတ်ဂူတွေထဲက လူတွေရဲ့ ကျေးဇူးတွေပါပဲ။ ” – George Eliot ဒုတိယကမ္ဘာစစ်အတွင်းက အေးချမ်းပြီးလူတွေမသိတဲ့ ဘဝလေးတစ်ခု ပျက်စီးခဲ့ရတဲ့ ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံထားပါတယ်။ ဖရန့်နဲ့ ဖန်နီက ဩစတေးလျတောင်တန်းတွေကြားက အေးချမ်းသာယာတဲ့ရွာလေးတစ်ရွာမှာ ယာလုပ်ရင်း ချစ်စရာသမီးလေးသုံး‌ယောက်နဲ့အတူပျော်ရွှင်နေကြသူတွေပါ။ ဒုတိယကမ္ဘာစစ်စဖြစ်ကြတော့ ဖရန့်ကို စစ်ထဲဝင်ဖို့အမိန့်စာကျလာပါတယ်.. ဒီလိုနဲ့ လေ့ကျင့်ရေးစခန်းရောက်တဲ့အခါမှာတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲနေချင်တဲ့သူ့အနေနဲ့ ခေါင်းဆောင်တွေရဲ့လုပ်ရပ်တွေ မှန်ကန်တယ်လို့မထင်၊ စစ်ပွဲကလည်း မတရားဘူးလို့ယူဆတဲ့အလျောက် ဟစ်တလာကိုသစ္စာခံပါမယ်ဆိုတဲ့ ကျမ်းသစ္စာကိုမကျိန်နိုင်ပါဘူးဆိုပြီး ငြင်းပါလေရော။ ဒါကြောင့် သူဟာ အကျဉ်းထောင်ထဲပို့ခံလိုက်ရပြီး ပြစ်ဒဏ်စီရင်ချက်ချဖို့စောင့်ဆိုင်းနေရတဲ့ အကျဉ်းသားဘဝကို တန်းရောက်သွားပါတော့တယ်။ ဒီရုပ်ရှင်ကားက ဇာတ်လမ်းကဘာဆက်ဖြစ်မလဲဆိုတာထက် တကယ့်အပြင်က ခံစားချက်တွေကိုပဲ ပေးစွမ်းမယ့် ရုပ်ရှင်ကားဖြစ်ပါတယ်။ အကျဉ်းစခန်းက ဖရန့်နဲ့ သူ့မိန်းမနဲ့စာတွေအပြန်အလှန်ရေးပြီးလွမ်းဆွတ်ရတာတွေကိုကြည့်ပြီး နာကျင်မှုတွေက ကိုယ်ထဲထိစီးဆင်းလာမှာပါ။ သာယာပျော်ရွှင်နေတဲ့မိသားစုလေးတခုတည်ရှိခဲ့ပေမယ့် ကိုယ်မှန်တယ်ထင်တဲ့အရာကို‌ခေါင်းမာမာနဲ့ လုပ်လိုက်တဲ့လင်ယောက်ျားကြောင့် သူမဟာ ပင်ပန်းဆင်းရဲစွာအလုပ်လုပ်နေရပြီး ပတ်ဝန်းကျင်ရဲ့ဖယ်ကျဉ်ခြင်းကိုခံနေရပေမယ့် လင်ယောက်ျားအပေါ်ငြူစူခြင်းမရှိဘဲ အဆုံးထိပါရမီ‌ဖြည့်ပေးခဲ့တဲ့ မိန်းမတစ်ယောက်ကိုလည်း မှတ်ကျောက်တင်စရာမြင်တွေ့ရမှာပါ။ ဒါတွေအားလုံးက တကယ်ဖြစ်ခဲ့တဲ့အကြောင်းတွေဆိုတာတွေးမိရင် A hidden life ဆိုတဲ့အတိုင်း စစ်ရဲ့ပယောဂကြောင့်လူမသိသူမသိဘဲ ပျက်စီးခဲ့တဲ့ဘဝတွေဘယ်လောက်များရှိမလဲဆိုတာ မတွေးရဲအောင်ပါပဲ။ ဒီရုပ်ရှင်ကားက Epic historical War drama ရုပ်ရှင်ကားကြီးအဖြစ် အမြဲတမ်းမှတ်ကျောက်တင်နိုင်ခဲ့ပြီး ဆုများစွာလဲဆွတ်ခူးရရှိခဲ့ပါတယ်။

7.5 2019 173 mins
A Hidden Life