YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

shogun.2024.s01e01.720p {CM}.mp4

501.35 MB N/A video/mp4 5349 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Passengers of the Night
7.1

၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပြင်သစ်ရုပ်ရှင်ကားတစ်ကားဖြစ်ပြီးတော့ IMDb 7 ရထားပါတယ်။ ၁၉၈၀ ခုနှစ် ဝန်းကျင်ကာလကို အခြေခံထားပြီးတော့ ပြင်သစ်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း ငြိမ့်ငြိမ့်ညောင်းညောင်း၊ အေးအေးလေးနဲ့ ဇာတ်လမ်းထဲကို မျောသွားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ Elisabeth ဟာ ခင်ပွန်းသည်ကထားသွားတော့ ဆယ်ကျော်သက်အရွယ် ကလေးနှစ်ယောက်နဲ့ ဘဝကို တစ်ကိုယ်တည်း ရုန်းကန်ရပါတော့တယ်။ အလုပ်မလုပ်ဘဲ အိမ်ရှင်မအလုပ်ပဲလုပ်လာခဲ့တော့ အလုပ်ရှာရခက်နေပါတယ်။ နောက်ဆုံးမှာ ညပိုင်းရေဒီယိုထုတ်လွှင့်တဲ့ အစီအစဉ်တစ်ခုမှာ အလုပ်ဝင်လို့ရသွားတော့ Talualah ဆိုတဲ့ အိမ်ခြေရာမဲ့မိန်းကလေးတစ်ယောက်နဲ့ဆုံလို့ သနားပြီး အိမ်ကိုခေါ်သွားခဲ့ပါတယ်။ မိသားစုကို တစ်ကိုယ်တည်းတာဝန်ယူရတဲ့ မိခင်တစ်ယောက်အနေနဲ့ သားသမီးတွေအပေါ် ကာကွယ်စောင့်ရှောက်ပေးတဲ့အပြင် သွေးမတော်သားမစပ် Talualah ကိုလည်း ကူညီစောင့်ရှောက်ပေးတဲ့ Elisabeth ရဲ့ ဘဝဇာတ်ကြောင်းနဲ့ သူတို့မိသားစုရဲ့ ဘဝဖြတ်သန်းပုံကို လှလှပပရိုက်ပြထားပြီး အေးအေးငြိမ့်ငြိမ့်လေးနဲ့ ကြည့်ရမယ့်ဇာတ်လမ်းဖြစ်လို့ ပြင်သစ်ရုပ်ရှင်တွေကို သဘောကျတဲ့သူတွေအတွက် အကြိုက်တွေ့စေမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.9Gb | 833MB | 405MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron

Action • Drama • Science Fiction • Thriller
7.1 2022 111 mins
The Passengers of the Night
The Foggy Mountain
2

ဒါကတော့ 2020 လောက်ကထွက်ထားတဲ့ Vietnam action ကားလေးဖြစ်ပါတယ်။ IMDb မှာတော့ 5.9/10 ရရှိထားပြီး အက်ရှင်ဇာတ်ကြမ်းမှကြည့်ချင်တယ်ဆိုသူများအတွက် သင့်တော်မယ့် ဇာတ်ကြမ်းကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အငြိမ်းစားယူပြီး မျက်မမြင်မိန်းမနဲ့ပဲ အချိန်ပေးနေတဲ့ ဖိုက်တာဟောင်းကြီးတစ်ယောက်အကြောင်းပါ။ မိန်းမဖြစ်သူရဲ့မျက်လုံးကိုရအောင်ကုပေးဖို့ကြိုးစားနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ တစ်နေ့မှာတော့ အလုပ်ရှင်ဟောင်းမှပေးတဲ့ တာဝန်ကို ငြင်းပယ်လိုက်တဲ့အတွက်ကြောင့် အလုပ်ရှင် ဂိုဏ်းစတားခေါင်းဆောင်ဟာ ဖိုက်တာဟောင်းကြီးရဲ့ မိန်းမကို သတ်လိုက်ပါတာ့တယ်။ ဒီအတွက် သူ သူ့မိန်းမအတွက် ဘယ်လိုလက်စားပြန်ချေမယ်ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါခင်ဗျ။ အက်ရှင်ခန်းတွေအများကြီးနဲ့ ဇာတ်ကြမ်းကားပီသတဲ့အတွက်ကြောင့် Actionသမားတွေအတွက် တင်ပေးလိုက်ပါတယ်ခင်ဗျ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xavier Zy ပဲ ဖြစ်ပါတယ်။ Genre..... Action Quality…. 1080p | 720p | 480p File size… 1.4GB | 758MB | 359MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xavier Zy Encoder ..... August

Drama
2 2020 87 mins
The Foggy Mountain
Umma
5.4

Killing Eve ဇာတ်လမ်းတွဲနဲ့လူသိများတဲ့ ကိုရီးယားမင်းသမီး Sandra Oh ဦးဆောင်ပါဝင်ထားတဲ့ Horror ကားကောင်းလေး ဖြစ်ပါတယ်။ Asian အငွေ့အသက်တွေပါတဲ့ Horror Genre အမျိုးအစားဖြစ်တာကြောင့် ကြောက်ဖို့ မကောင်းမှာတော့ မပူရပါဘူး။ ဇာတ်လမ်းပုံစံကတော့ မိခင်ရဲ့ညှင်းပန်းနှိပ်စက်မှုကြောင့် ကိုရီးယားကနေ US ကိုထွက်ပြေးပြီး အခြေချနေထိုင်လာခဲ့တဲ့ အမန်ဒါဟာ ခရစ်ဆိုတဲ့ သမီးလေးတစ်ယောက် အရွယ်ရောက်လာတဲ့အထိပါပဲ။ သားအမိနှစ်ယောက် ပျားမွေးမြူရေးလုပ်ကိုင်ရင်း ဖုန်းမရှိ..အီးမေးလ်မရှိ အင်တာနက်မရှိဘဲ ပတ်ဝန်းကျင်နဲ့အဆက်သွယ်ဖြတ်ကာ ဇာတ်မြှုပ်နေထိုင်ခဲ့ကြပါတယ်။ ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာဖန်လာတော့ အမန်ဒါရဲ့ ဦးလေးဖြစ်သူဟာ ကိုရီးယားကနေ အိမ်ရှေ့တံခါးဝဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတယ်။ သူနဲ့အတူ သေဆုံးသွားတဲ့ အမန်ုဒါအမေရဲ့ အရိုးပြာနဲ့အကြွင်းအကျန်ပစ္စည်းတွေ ပါလာခဲ့ပါတယ်။ သမီးကိုနောက်ဆုံးစွဲလန်းစိတ်နဲ့သေသွားခဲ့တဲ့ အမန်ဒါရဲ့ မိခင် ဝိဉာဉ်ဟာ ခရစ်နဲ့အမန်ဒါတို့ နှစ်ယောက်ဘဝထဲ ဂြိုလ်ဆိုးတွေဝင်လာခဲ့တဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ ဒီ Umma ဆိုတဲ့ဇာတ်ကားလေးမှာ ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် Genre.....Drama,Horror, Mystery Quality….WEB-DL 1080p and 720p and 480p File size… 1.47GB and 728MB and 288MB Format…mp4 Duration….1h 23min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thiha Yan Naing Encoder ..... August

Comedy • Drama
5.4 2022 83 mins
Umma
The Dig
6.9

IMDb Rating - 7.1/10 "ရှေးဟောင်းသုတေသနကို အခြေခံတဲ့ ရုပ်ရှင်တွေကို ကျွန်တော်တို့ကြည့်ကြတဲ့အခါ စိတ်ကူးယဉ်ဆန်လွန်းတဲ့ ရုပ်ရှင်တွေကို တွေ့ရတာများပါတယ်။ ရှေးဟောင်းကျိန်စာတွေ၊ ရွှေပုံကြီးတွေ၊ တူးဖော်တာထက် ဖျက်ဆီးတဲ့ဘက် ပိုရောက်နေတဲ့ ရှေးဟောင်းသုတေသန ပညာရှင်တွေ ပါတတ်တဲ့ ရုပ်ရှင်မျိုးတွေပေါ့။ ဒါပေမဲ့ Netflixရဲ့ The Digကတော့ "ရှေးဟောင်း သုတေသနဆိုင်ရာ တူးဖော်မှုအကြောင်း ပိုသိမြင်နားလည်စေမယ့် ရုပ်ရှင်တစ်ကားပါပဲ။"လို့ ရုပ်ရှင်ဝေဖန်ရေးသမားတစ်ယောက်က ဆိုပါတယ်။ တကယ်လည်း ဟုတ်ပါတယ်။ The Dig ဟာ အင်္ဂလန်ရဲ့အကြီးကျယ်ဆုံး ရှေးဟောင်းသုတေ သနဆိုင်ရာ တွေ့ရှိမှုဖြစ်ခဲ့တဲ့ Sutton Hoo ဆိုက်ကို တွေ့ရှိခဲ့တဲ့အကြောင်းကို ရိုက်ပြထားတာပါ။ Sutton Hoo ဆိုက်ဟာ အမှောင်ခေတ်လို့ခေါ်တဲ့ ၆ရာစုလောက်က Anglo-Saxons‌တွေရဲ့ အကြွင်းအကျန်တွေကိုတွေ့ခဲ့တဲ့ အတော်ရှေးကျတဲ့ ဆိုက်ပါပဲ။ Sutton Hoo ဆိုက်ကို မတွေ့ခင် အထိ အမှောင်ခေတ်မှာ ယဉ်ကျေးမှု၊ အနုပညာနဲ့ ငွေကြေး မရှိဘူးလို့ ယုံကြည်ခဲ့ကြတာဖြစ်ပြီး Sutton Hooဆိုက်က ရခဲ့တဲ့ရှေးဟောင်းပစ္စည်းတွေက ဒီအမြင်ကို ပြောင်းလဲပေးခဲ့ပါတယ်။ ထူးတာက ဒီဆိုက်ကို ဗြိတန်ပြတိုက်က ကမကထပြုတူးဖော်ခဲ့တာမဟုတ်ဘဲ အီဒစ်ပရီတီလို့ခေါ်တဲ့ အင်္ဂလိပ်လူမျိုးမြေပိုင်ရှင်မ တစ်ယောက်က ကမကထပြုပြီး ဘာဆေးဘရောင်းလို့ခေါ်တဲ့ အလယ် တန်းနဲ့ကျောင်းထွက်ခဲ့တဲ့ ရှေးဟောင်းသုတေသနပညာကို ကိုယ်ထူကိုယ်ထ လေ့လာထားတဲ့သူက တူးဖော်ခဲ့တာပါ။ The Dig ဟာ Sutton Hoo ဆိုက်ကို မတူးဖော်ခင် ဘာဆေးဘရောင်းနဲ့ အီဒစ်ပရီတီ စတွေ့ကြတဲ့ အချိန်ကစလို့ ဆိုက်ကို တူးဖော်ရာမှာ ကြုံခဲ့တဲ့ အခက်အခဲတွေ၊ အလယ်ခေတ်က သင်္ဘောစတွေ့တဲ့ အချိန်မှာ ဗြိတန်ပြတိုက်က မောင်ပိုင်စီးလုပ်တာတွေကနေ နောက်ဆုံး ဆိုက်ကရခဲ့တဲ့ ရတနာတွေ ဘာဖြစ်သွားတယ်ဆိုတာအထိ ပြည့်ပြည့်စုံစုံပုံဖော်ထားပါတယ်။ ဒုတိယကမ္ဘာစစ်ပျိုးချိန်ကိုလည်း ထည့်သွင်းပုံဖော်သွားပြီး ကာရိုက်တာတွေကိုလည်း အီဒစ်ရဲ့ဘ၀နဲ့ ဘာဆေးရဲ့ ဘွဲ့ရမဟုတ်ပေမဲ့ သူ့ပညာကိုချစ်တဲ့စိတ် ၊ ဘွဲ့ရမဟုတ်လို့ လူရာမ၀င်ခဲ့ခြင်းတွေကိုပါ ပြည့်ပြည့်စုံစုံပုံဖော်သွားပါတယ်။ ဒုတိယ ကမ္ဘာစစ်ဖြစ်လုဆဲဆဲကာလမှာ တူးကြတာဆိုတော့ စစ်မခြေအနေနဲ့ သူတို့အခြေအနေကိုလည်း ပေါင်းစပ်ပုံဖော်သွားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ Sutton Hooက ရတနာတွေကို လန်ဒန် မြေအောက်ဘူတာရုံမှာ သိုဝှက်ထားခဲ့ပါတယ်။ သရုပ်ဆောင်တွေကလည်း ဂတ်စ်ဘီရဲ့ဒေစီ Carey Mulligan၊ စင်ဒရဲလား Lily Jamesနဲ့ Schindler's List, The English Patient ,The King's Manက Ralph Fiennesတို့လို နာမည်ကျော် သရုပ်ဆောင် တွေပါပဲ။ Simon Stoneကရိုက်ထားပြီး Biography , History, Drama အမျိုးအစားကားပေမဲ့ စီနီမာ တိုဂရပ်ဖီဟာ အတော်မျက်စိထဲ ၀င်တာကြောင့် ကြည့်ရတာပျင်းဖို့မကောင်းဘဲ ဆွဲဆောင်မှုရှိပါတယ်။ Sutton Hooဆိုက်ကို တူးဖော်တဲ့အချိန်မှာ ဒုတိယကမ္ဘာစစ် အစပျိုးစပြုနေပါပြီ။ စစ်ဖြစ်တော့မှာမို့ တစ်ချို့လုပ်ငန်းတွေကိုတောင် ရပ်နားထားရပါပြီ။ ဘာဆေးရော အီဒစ်ရော ဗြိတန်ပြတိုက်က တာ၀န်ရှိ သူတွေရောဟာ စစ်ထက် ပိုအရေးကြီးတဲ့အရာလို့ ခံယူပြီး ဆက်တူးဖော်ခဲ့ကြတာပါပဲ။ ရုပ်ရှင်ထဲက ဘာဆေးရဲ့ စကားအတိုင်းပြောရရင် "ရှေးဟောင်းသုတေသနဟာ အတိတ်အတွက်မဟုတ်သလို ပစ္စုပ္ပန်အတွက်လည်း မဟုတ်ပါဘူး။ အနာဂတ်အတွက်ပါပဲ။ ‌ဒါမှနောက်မျိုးဆက်တွေက သူတို့ဘယ်ကဆင်းသက်လာလဲသိမှာဖြစ်ပြီး ရှေးဟောင်းသုတေသနဆိုတာ လူတွေကို သူတို့ဘိုးဘေးဘီဘင်တွေနဲ့ ဆက်စပ်ပေးထားတဲ့ ကြိုးပါပဲ။" ထိုနည်း၎င်းပဲ " သမိုင်းသင်တယ်ဆိုတာ မအအောင်လို့"ဆိုတဲ့ ဒေါက်တာသန်းထွန်းစကားအတိုင်းဆို ရှေးဟောင်းသုတေသနဟာ အနာဂတ်အမျိုးဆက်တွေ မအဖို့အတွက်ပါပဲ။ အနာဂတ်အတွက်ပါပဲ။ The Digဟာ မအအောင် ကြည့်သင့်တဲ့ ရှေးဟောင်းသုတေသနကို လက်တွေ့ကျကျ ပုံဖော်ထားတဲ့ ရှားပါးရုပ်ရှင်ကားပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size - (1.65 GB) / (772 MB) / (502 MB) Quality – WebRip 1080p / 720p/480p Duration - 1h 52mins Subtitle – Myanmar Hardsub Format – MP4 Genre : Biography, Drama, History Translator – WiRa Aung Encoder – SWM

Comedy • Drama
6.9 2021 112 mins
The Dig
Happy Death Day
6.6

Thillerဇာတ်ကားကောင်းလေးကြည့်ချင်သူများအတွက်ကားအသစ်လေးပါ။ Before I Fallဆိုတဲ့ကားလေးနဲ့ပုံစံတူလေးပါပဲ။ ဒီကားလေးမှာကတော့ပိုပြီးစိတ်လှုပ်ရှားစရာကောင်းပြီးMysteryဆန်တဲ့ပုံစံကိုတွေ့ရမှာပါ။ လူ့ရုပ်သကန်ကိုသေချာပြဆိုနိုင်တဲ့ဇာတ်ကားမျိုးတွေပါ။ လူဆိုတာမျိုးကဘာမှမဖြစ်ခင်မှာတော့ဘာမှမဖြစ်သလိုပေါ့ပေါ့နဲ့ကိုယ့်ယူဆချက်နဲ့ကိုယ်နေထိုင်ကြပေမယ့် တကယ်တမ်းအကျဉ်းကျပ်ထဲရောက်ချိန်မှာတော့ပြောင်းလဲလာတတ်ကြတာပါပဲ။ ဇာတ်လမ်းလေးကိုအရင်ပြောချင်ပါတယ်။ ထရီဇာဆိုတဲ့ကောလိပ်ကျောင်းသူလေးတစ်ယောက်ဟာတနင်္လာနေ့တစ်မနက်မှာကာတာဆိုတဲ့ကျောင်းသားအဆောင်လေးထဲမှာနိုးထလာခဲ့ပါတယ်။ ညဖက်ပါတီမှာအသေသောင်းကျန်းပြီးယောကျာ်လေးတစ်ယောက်ရဲ့အခန်းမှာရောက်မနက်အိပ်ရာနိုးရတယ်ဆိုတာကိုကြည့်ခြင်းအားဖြင့်ထရီဇာရဲ့ဇာတ်ကောင်သဘာဝကိုသိနိုင်ပါတယ်။ ခေတ်ဆန်ဆန်ပိုက်ဆံရှိမိဘအသိုင်းအဝိုင်းကလာပြီးကိုယ်စိတ်ထင်သလိုလုပ်နေတဲ့ကျောင်းသူလေးတစ်ယောက်ပါပဲ။ ဒီနေရာမှာဇာတ်ကားကိုစိတ်ဝင်စားစေတာကတော့အဲဒီနေ့ဟာသူ့မွေးနေ့ဖြစ်နေပါတယ်။ မနက်နိုးလာကတည်းကညအထိပုံမှန်လိုပဲဖြတ်သန်းလာခဲ့ပေမယ့်ညနက်ပိုင်းပါတီကိုသွားတဲ့လမ်းရောက်တဲ့အချိန်မှာပဲသူ့ဘဝစကြမ်းပြီလို့ပြောရမှာပါပဲ။ ညဖက်ပါတီကိုသွားရင်လမ်းမှာလူတစ်ယောက်ရဲ့လက်ချက်နဲ့အသတ်ခံလိုက်ရတာပါ။ ဇာတ်လမ်းကအဲဒီမှစတာပါ။ သူအသတ်ခံလိုက်ရပြီးရုတ်တရတ်ပြန်နိုးလာပါတယ်။ နိုးလာတဲ့နေရာကလည်းမနက်ကသူနိုးလာတဲ့အခန်းသူနိုးလာတဲ့ပုံစံအတိုင်းသူ့မွေးနေ့မှာပဲသူပြန်နိုးလာခဲ့တာပါ။ အိပ်မက်လိုလိုဘာလိုလိုနဲ့ဦးနှောက်ခြောက်နေရင်းထရီဇာတစ်ယောက်အဲဒီညမှာလူသတ်သမားလက်ချက်နဲ့နောက်တစ်ခါအသတ်ခံလိုရပြီးတဲ့အခါမှာတော့ သူပြန်လည်နိုးထလာချိန်မှာHappy Birthday မဟုတ်ပဲ Happy Death Dayဖြစ်နေပြီး ရက်တစ်ရက်ထဲမှာပဲပိတ်မိနေတော့တာပါပဲ။ ထရီဇာတစ်ယောက် အဲဒီတစ်ရက်တည်းမှာပဲအဖန်တလဲလဲနိုးထလာလိုက်သေဆုံးလိုက်နဲ့သံသရာလည်နေရင်း လူတွေအကြောင်း၊သူ့အကြောင်းကိုသူပိုသိလာပါတော့တယ်။ သူ့ပတ်ဝန်းကျင်ကလူတွေအကြောင်းပိုသိလာတယ်။ ဟန်ဆောင်မှုတွေကြားကလူတွေရဲ့မျက်နှာဖုံးတွေကိုလည်းမြင်လာပါတယ်။ တဖြေးဖြေးနဲ့စိတ်ညစ်လာတဲ့ထရီဇာတစ်ယောက်၊ ဘဝမှာသူ့စိတ်တိုင်းကျလုပ်ချင်ရာလုပ်ခဲ့တဲ့ထရီဇာတစ်ယောက် အခုတော့သူလိုချင်တာမနက်ဖြန်ဆိုတဲ့ဆုတောင်းပဲရှိပါတော့တယ်။ ဒါဟာကျွန်တော်တို့သတိမပြုမိတာဒါရိုက်တာပြလိုက်တာပါပဲ။ မနက်ဖြန်ပေါင်းများစွာရှိတဲ့အချိန်တုန်းကတန်ဖိုးမထားပဲအီလေးဆွဲခဲ့ပေမယ့် အဲဒီမနက်ဖြန်ကိုလက်လွှတ်လိုက်ရချိန်တစ်နည်းအားဖြင့် နောက်ထပ်အခွင့်အရေးမရှိတော့ချိန်မှာတမ်းတကြတာသဘာဝပါပဲ။ ဒီကားလေးကတော့ စိတ်လှုပ်ရှားစရာ၊စဥ်းစားစရာလေးတွေနဲ့တင်ဆက်ထားတဲ့အတွက်တစ်မျိုးတစ်ဖုံခံစားမှုရစေမှာပါ။ လူသတ်သမားကရောဘယ်သူလဲ၊ ဘာကြောင့်သူ့ကိုသတ်ရတာလဲ၊ Happy Birthdayနေ Happy Death Day ဖြစ်သွားရှာတဲ့ထရီဇာတစ်ယောက်ရောအဲဒီသံသရာထဲကလွတ်မြောက်နိုင်မှာလားဆိုတာတော့ဆက်ကြည့်လိုက်ပါဦး။ ဇာတ်ကားအဆုံးသတ်ကယုတ္တိမတန်ဘဲအငြင်းပွားစရာရှိပေမယ့်စဉ်းစားစရာ၊စိတ်လှုပ်ရှားစရာခံစားမှုရသတွေကတော့အပြည့်အဝပေးမှာဖြစ်ပါတယ်။ (ဘာသာပြန်သူကတော့ သူရဇာနည်အောင်ပါ) File Size : (752 MB) Quality : WEB-DL 720p Running Time : 1hr 36min Format : Mp4 Genre :Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encoded by Thanhtike Zaw

Horror
6.6 2017 97 mins
Happy Death Day
Carnifex
4.7

ဒီဇာတ်ကားက ရုပ်ရှင်ဆိုတာထက် documentary ဘက်ကို ပိုသွားတယ်ဗျ။အဓိကအားဖြင့် ဩစတေးလျတောမီးတွေအကြောင်း၊မျိုးသုဉ်းပျောက်ကွယ်ခါနီး ရှားပါးတိရစ္ဆာန်တွေအကြောင်း နဲ့ တောမီးကြောင့် တိရစ္ဆာန်တွေစားကျက်နယ်မြေပျောက်ပြီး ကမောက်ကမ ဖြစ်ရပုံတွေကို ချပြထားတာ။အဲ့အထဲမှာမှ ဇာတ်ကြောင်းလေး နည်းနည်းထည့်ပြီး Thriller/ Horror ဘက်ကို သွားထားတာ။ အစပိုင်းတွေက စကားပြောခန်းတွေများတယ်ဆိုပေမယ့် ဩစတေးလျနိုင်ငံရဲ့ ရှားပါးမျိုးစိတ်တွေအကြောင်းကို (ဇာတ်ကားအရ) ရှင်းပြသွားတာမို့ စိတ်ဝင်စားဖို့ကောင်းပြီး ဇာတ်လမ်းရဲ့ climax အထိ ဆွဲခေါ်သွားပါလိမ့်မယ်။ ဇာတ်လမ်းအကြောင်းလေး နည်းနည်းပြောပြရရင် ဘန် နဲ့ ဂရေ့(စ်) ဆိုတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား ဂေဟဗေဒပညာရှင်နှစ်ယောက်ဟာ ဘေလေဆိုတဲ့ မှတ်တမ်းရုပ်ရှင်ရိုက်တဲ့ ကောင်မလေးနဲ့ ဩစတေးလျတောနက်ထဲ တစ်ခုကို ထွက်လာခဲ့ကြတယ်။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က တောထဲမှာ တပ်ထားခဲ့တဲ့ ကင်မရာတွေကို စစ်ပြီး အဲ့ဒီဧရိယာမှာ ရှားပါးမျိုးစိတ်တွေရှိမရှိ ရှာဖို့နဲ့ တောမီးကြောင့် တိရစ္ဆာန်တွေ စားကျက်မြေ ပြောင်းလဲရပုံတွေကို လေ့လာဖို့ပေါ့။ ကင်မရာသမား ဘေလေလဲ ပါတယ်ဆိုတော့ လမ်းတစ်လျှောက်သွားရင်းနဲ့ တွေ့ရကြုံရတာတွေကို မှတ်တမ်းတင်လိုက် သူတို့ရဲ့ လက်ရှိအလုပ်အကြောင်း ရှင်းပြရင်း မှတ်တမ်းရိုက်ကူးလိုက်နဲ့ပေါ့။ သူတို့မသိတာက လူတွေတစ်ခါမှ မတွေ့ဖူးတဲ့ သားရဲမျိုးစိတ်အသစ်တစ်ခုဟာ တောမီးကြောင့် စားကျက်မြေပြောင်းလာရပြီး သူတို့နဲ့ အနီးအနားကို ရောက်လာတယ်ဆိုတာပဲ။ ဘန်၊ဘေလေ နဲ့ ဂရေ့(စ်)တို့ သုံးယောက် တောနက်ထဲအထိ ရောက်လာပြီး မမျှော်လင့်ဘဲ အဲ့အကောင်ကြီးနဲ့ တွေ့တဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဒီဇာတ်ကားကို ကြည့်ရှုရင်း အဖြေရှာကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ File size…(3.7GB) / (1.5GB) / (1.0B) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:33:00 Genre…Horror / Sci-Fic / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Damien

4.7 2022
Carnifex
The Ancestral
4.8

The Ancestral (2021) ဒီတစ်ခါမိတ်ဆက်ပေးသွားမယ့် ဇာတ်ကားလေးကတော့ The Ancestral ဆိုတဲ့ သဲထိတ်ရင်ဖို ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Horror ဇာတ်လမ်းလေးဆိုပေမဲ့ ယန်းတို့မိသားစုဝင်တွေကြားက ချစ်ခြင်းမေတ္တာတွေကို အများကြီး ဖော်ပြထားတဲ့ drama ဆန်ဆန်ကားလေးပါ။ ဇာတ်လမ်းအညွှန်းကတော့ … အိပ်ရင် ဘီလူးစီးတဲ့ ရောဂါကို ခံစားနေရတဲ့ယန်း၊ ယန်းဆိုတာကတော့ ဗီယက်နမ်လူမျိုး မိသားစုလေးတစ်ခုက သမီးလေးပါ။ သူခံစားနေရတဲ့ ဝေဒနာနဲ့ပတ်သက်ပြီး အဖြေရှာဖို့ သူတို့တစ်မိသားစုလုံးက ရှေးဟောင်းအိမ်ကြီးတစ်ခုကို ပြောင်းလာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ယန်းတစ်ယောက်တည်းမဟုတ်တော့ဘဲ အဲ့ဒီ မိသားစုက သမီးငယ်လေးနှစ်ယောက်လုံး ဘယ်သူမှ မမြင်ရတာတွေကို မြင်လာရပါတယ်။ ဒီကိစ္စကိုဖြေရှင်းဖို့ အဖေဖြစ်သူက စိတ်ကျန်းမာရေး အထူးကု နဲ့ ကြိုးစား ကုသပေးပေမဲ့ ကိစ္စတွေက ထင်ထားတာထက်ပိုပြီး နက်နဲနေတဲ့ အခါ … ဘာတွေဆက်ဖြစ်မလဲ ရုပ်ရှင်ထဲ ကြည့်ရှုရင်း အဖြေရှာလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Eric ပါ။) File Size : 1.7GB, 731MB & 350MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 1hr & 41mins Genre : Horror Translated by Eric Encoded by Kinnov

Animation • Comedy • Drama • Family
4.8 2021 101 mins
The Ancestral
Eye for an Eye
6.6

IMDb Rating 6.6 ရရှိထားတဲ့ Eye for an Eye ဆိုတဲ့ ၂၀၁၉ ခုနှစ်က ထွက်ရှိထားတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒရာမာ ပြစ်မှု သည်းထိတ်ရင်ဖိုအစရှိတဲ့ ရသအမျိုးမျိုးအထွေအထွေကို ပေါင်းစပ်ရိုက်ကူးထားပြီး ကြည့်ရကျိုးနပ်မဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ပါဒင်ဆိုတဲ့ မူးယစ်ဆေးရောင်းဝယ်တဲ့ ဒုစရိုက်ဂိုဏ်းကြီးရဲ့ လှုပ်ရှားနေပုံတွေကို တွေ့ရမှာဖြစ်ပြီး သူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ အဖေဖြစ်သူကတော့ ထောင်ကျနေရာကနေ ကျန်းမာရေးမကောင်းတဲ့အတွက် ဆေးရုံတက်ဖို့ထောင်ထဲကထွက်လာခဲ့ပါတော့တယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး မကျေနပ်ဖြစ်တဲ့သူက မကျေနပ်ကြပါဘူး။ဘာလို့လဲဆိုတော့ သူရောင်းခဲ့တဲ့ မူးယစ်ဆေးဝါးတွေကြောင့် ဘဝပျက်ခဲ့ရတဲ့လူတွေ သေခဲ့ရတဲ့လူတွေ မနည်းလို့ပါပဲ။မာရီယိုဆိုတဲ့ လူတစ်ယောက်ကလည်း သူ့ညီကိုမူးယစ်ဆေးကြောင့် ဆုံးရှုံးခဲ့ရဖူးပါတယ်။ဖြစ်ချင်တော့ မာရီယိုကမစ္စတာပါဒင်လာရောက်နေထိုင်တဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာကသူနာပြုဖြစ်နေတဲ့အခါမှာတော့ သူတို့နှစ်ယောက်တွေ့ကြပြီး ဘယ်လိုစိတ်ဝင်စားစရာတွေကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ File size…1.65GB / 728MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 47m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Thriller
6.6 2019 107 mins
Eye for an Eye
Ribblehead

အင်ဒီရုပ်ရှင်တစ်ခုဖြစ်တဲ့ Ribblehead က ထွက်​တာ​မကြာသေးတဲ့ ဗြိတိသျှ​ စိတ္တဇ​ဒရာမာရုပ်ရှင်ဖြစ်ပြီး သဘာဝ​လွန် Horror လို့​လည်းပြောလို့ရပါတယ်။ ဇာတ်ကား​နာမည်ဖြစ်တဲ့ Ribblehead​ က ဗြိတိန်​နိုင်​ငံမှာတည်​ရှိပြီး လူသိများကျော်ကြားတဲ့ Landmark ဒေသဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာပါဝင်တဲ့ တောင်ကြားဖြတ်တံတားနဲ့ ရထားလမ်း​အကြောင်း​ကို​လည်း​ Documentary တွေ​အများကြီး​ရိုက်​ထားတာရှိပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ မာခ့်စမစ်ဆင် ဟာ စာအုပ်​တစ်​အုပ်​တည်း​နဲ့ အောင်မြင်​သွား​တဲ့​ လူငယ်​စာရေးဆရာ​ဖြစ်ပြီး အရက်​စွဲနေပါတယ်။ ဒုတိယ​တစ်အုပ်ကိုရေးဖို့ကြိုးစားရင်း စိတ်ပိုင်းအခြေအနေဆိုးဝါးလာပြီး စာဆက်ရေးဖို့ အခက်​အခဲတွေရှိလာတာကြောင့် ဇနီး​ဖြစ်သူနဲ့အတူ အမွေရထားတဲ့ ကျေး​လက်​ဒေသ​က အိမ်ကြီးတစ်လုံးကိုပြောင်းလာခဲ့ပါတယ်။ အဲဒီ​ဒေသမှာ နာမည်​ကျော်​ Ribblehead တံတား​ကြီးနဲ့ ရထားလမ်း​ရှိပြီး ဒီရထားလမ်းကိုဖောက်လုပ်ရင်း အလုပ်သမား​တွေအများကြီးကွယ်လွန်ခဲ့ရပြီး မာခ့်​ရဲ့အဘေးဖြစ်သူလည်းပါဝင်ပါတယ်။ သူ့ရဲ့​ဒုတိယ​ဝတ္ထု​ကို ဒီ​ရထား​လမ်းအကြောင်း အခြေခံပြီး ရေးမယ်လို့ဆုံးဖြတ်ပြီး လိုအပ်​တဲ့သမိုင်းအချက်အလက်တွေကို သုတေသန​ပြုရှာဖွေရာကနေ ကြောက်​စရာကောင်းတဲ့ အဖြစ်​အပျက်တွေ တစ်ခု​ပြီး​တစ်ခုပေါ်လာပြီး အရှိတရားနဲ့ စိတ်​ထင်​ယောင်မှား​မှုကြား ဝေခွဲမရဖြစ်လာကာ သူနဲ့သူ့ဇနီးဖြစ်သူ ဆာရာတို့ရဲ့အသက်အန္တရာယ်အထိ ခြိမ်း​ခြောက်​လာပါတော့တယ်။ ဇာတ်လမ်း​က slow burn အမျိုး​အစားဖြစ်ပြီး ဇာတ်​အိမ်​က လှပကောင်းမွန်ပါတယ်။ ဇာတ်​ရှိန်​တက်တာ အနည်းငယ်နှေးပြီး စိတ္တဇ​ဒရာမာ​အမျိုးအစား​ဖြစ်ပေမဲ့ သဘာဝလွန်ပြကွက်တွေလည်းပါဝင်ပါတယ်။ မာခ့်​မြင်နေရတဲ့ ဖြစ်​ရပ်တွေက သူ့စိတ်ထင်မဟုတ်ဘဲ တကယ်​ဖြစ်​ခဲ့တာမျိုးပါ။ ဇာတ်ကား​ရဲ့ Cinematography​ က ကောင်း​မွန်ပြီး Ribblehead​ ဒေသရဲ့လှပတဲ့ရှုခင်းတွေကို မြင်​တွေ့ရမှာပါ။ Slow burn အင်ဒီရုပ်ရှင်မျိုးကြိုက်ရင် သေချာ​အချိန်​ယူပြီး ကြည့်ရှုသင့်တဲ့ ဇာတ်​ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(1.3 GB)/(550 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

Fantasy • Animation • Family
0 2022 85 mins
Ribblehead
The Celebration

IMDb 8.1 / Rotten Tomatoes 91% / Meta score 82% အထိရရှိခဲ့ပြီး ဆုပေါင်း ၂၈ ခုထိအပိုင်သိမ်းခဲ့တဲ့ Drama/Thriller ရှေးရုပ်ရှင်တစ်ခုပါ။ ဇာတ်လမ်းအကျဉ်းကတော့ အဖေကြီးရဲ့ အသက် ၆၀ နှစ်ပြည့်မွေးနေ့ကို စံအိမ်ကြီးတစ်ခုမှကျင်းပဖို့အတွက် သားသမီး မြေးမြစ်တွေအပြင် အသိမိတ်ဆွေတွေပါ လူစုံတက်စုံ ရောက်ချလာကြပါတယ်။အဲဒီည ညစာစားပွဲမှာ သားဖြစ်သူထဲက တစ်ဦးက အဖေကြီးနဲ့ သားသမီးတွေကြားက ရုပ်ဆိုးအကြီးတန်တဲ့လျှို့ဝှက်ချက်တွေကို လူပုံလယ်မှာ ညစာစားပွဲအတွက် မိန့်ခွန်းပြောရင်း ငယ်ကျိုးငယ်နာတွေ အကုန်ဖော်ပစ်လိုက်ပါတော့တယ်။ ဇာတ်အိမ်ကတော့ များများစားစားထပ်မရှင်းပြတော့ပါဘူး။ ဒီရုပ်ရှင်က Dogme ရုပ်ရှင်ပါ။ Dogme 95 ဆိုတာက 1995 ခုနှစ်တုန်းက ဒိန်းမတ်ဒါရိုက်တာတွေ တည်ထောင်ခဲ့တဲ့ ရုပ်ရှင်ဖန်တီးရေးလှုပ်ရှားမှုတစ်ခုပါ။ Dogme ရဲ့ နည်းစနစ်ကတော့ ရုပ်ရှင်တစ်ခုကို အထူးပြုလုပ်ချက်တွေ၊ နည်းပညာတွေမသုံးဘဲ ရိုးရာစံတွေနဲ့အညီပဲရိုက်တာပါ။ ဥပမာအနေနဲ့ပြောရရင် ဒီရုပ်ရှင်ထဲကအသံတွေက အာတီဖီရှယ် လူလုပ်အသံတွေမပါဘဲ အသံအားလုံးကို ရိုက်ကွင်းမှာပဲတန်းသွင်းပါတယ်။ ကင်မရာကိုင်တဲ့နေရာမှာလည်း ဘာစက်ပစ္စည်းကိရိယာအကူအညီကိုမှမယူဘဲ တစ်ကားလုံး ကင်မရာကို လက်နဲ့ပဲကိုင်ပြီးရိုက်ကူးတာပါ။ သရုပ်ဆောင်က ချော်လဲတဲ့အခန်းဆိုရင် ကင်မရာကို ကိုယ်တိုင်ကိုင်ပြီးချော်လဲပြရတယ်။ ရေမရောထားတဲ့ ရုပ်ရှင်စစ်စစ်ကိုမှကြည့်ချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်က သေချာပေါက်မြည်းစမ်းကြည့်ရမယ့်ရုပ်ရှင်ဖြစ်ကြောင်း အကြံပေးလိုက်ပါတယ်။ File size…(2.3 GB)/(2.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

0 1998 105 mins
The Celebration
CIA: Comrade In America
6.4

CIA : Comrade in America (2017) “ချစ်သူရှိရာသို့…” IMDb 6.4 Sita Ramam၊ King of Kotha နဲ့ Charlie တို့လို ရုပ်ရှင်တွေထဲက မင်းသား Dulquer Salmaan အဓိကပါဝင်ထားပြီး Dunki လို စာရွက်စာတမ်း မရှိဘဲ အမေရိကားသွားမယ့် ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ရပါတယ် အာဂျီဟာ ကီရယ်လာ ကွန်ဂရက်ပါတီက နိုင်ငံရေးသမားတစ်ယောက်ရဲ့ သားဖြစ်နေပေမယ့် သူယုံကြည်ရာဝါဒကိုသာ စွဲကိုင်ထားသူပါ ဘာနေနေ အပြုံးမပျက်ဘဲ ဘဝကို ကိုယ်နေချင်သလို ဖြတ်သန်းရင်း တစ်နေ့ အမေရိကန်နိုင်ငံသူလေး ဆာရာနဲ့ ချစ်သူတွေ ဖြစ်လာတယ် ဆာရာက သူနဲ့ အမေရိကားကို လိုက်ဖို့ခေါ်တိုင်း တွင်တွင်ငြင်းပေမယ့် တစ်နေ့တော့ သူ့ချစ်သူကောင်မလေးဟာ အမေရိကားကို ပြန်သွားပြီဖြစ်ကြောင်း၊ တခြားယောကျာ်းတစ်ယောက်နဲ့ အတင်းအကျပ်လက်ထပ်ခိုင်းဖို့ စီစဥ်နေပြီဖြစ်ကြောင်း သိရတော့ …. နှစ်ပတ်ဆိုတဲ့အချိန်အတွင်း ချစ်သူရှိရာ အမေရိကားကို စာရွက်စာတမ်းတွေမပါဘဲ ရောက်အောင်ဘယ်လိုသွားမလဲ… အခက်အခဲမျိုးစုံနဲ့ စွန့်စားခန်းလေးကို ပရိသတ်ကြီး ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

6.4 2017
CIA: Comrade In America
The Gangster, the Cop, the Devil
6.9

The Gangster, The Cop, The Devil (2018) *********************************** 4K နဲ့ ထိုးတာကြည့်ချင်တဲ့သူတွေအတွက်ရှယ် Quality နဲ့ အပဒိတ်ပေးထားပါတယ်… ၂၀၁၈ တုန်းက ထွက်ရှိခဲ့တဲ့ မာဒုန်ဆွတ်ရဲ့ ဇာတ်လမ်းကောင်းတစ်ကားပါ Train to Busan ထဲက လူသန်ကြိး မာဒုန်ဆွတ်ဆိုတာနဲ့ ဇာတ်လမ်းက ကောင်းပြီးသားဆိုတာ ခန့်မှန်းမိမှာပါ အခုကားကတော့ ဇာတ်လမ်းနာမည်အတိုင်းပါပဲ ဂိုဏ်စတားတစ်ယောက်ရယ် ရဲတစ်ယောက်ရယ် မကောင်းဆိုးရွားတစ်ကောင်ရဲ့ ဇာတ်လမ်းပါ သူတို့ ၃ ယောက် ဘယ်လိုများ ဆက်စပ်နေကြပါလိမ့် ချွန်းချောင်တောင်ပိုင်းမှာ ဆက်တိုက်ဆိုသလို ဖြစ်နေတဲ့ လူသတ်မှုတွေကို ကွင်းဆက်လူသတ်မှုအဖြစ် ဆက်စပ်မိတဲ့ ရဲစုံထောက် တစ်ယောက်….. မမျှော်လင့်ဘဲ ကွင်းဆက်လူသတ်သမားရဲ့ ဓားနဲ့အထိုးခံလိုက်ရတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်…… လူသတ်သမားကို မိဖို့အရေး ပူးပေါင်းလိုက်ကြရဖို့ ဖြစ်လာတဲ့အခါ….. ရဲ နဲ့ လူဆိုး ပူးပေါင်းဖို့ရာ ဖြစ်နိုင်ပါ့မလား????? ကွင်းဆက်လူသတ်သမားကိုရော ဖမ်းမိပါ့မလား????? မှုခင်းဇာတ်လမ်းဖြစ်တဲ့အတွက် စလယ်ဆုံး လုံး၀စိတ်ဝင်စားဖို့ ကောင်းပါတယ် တစ်ကားလုံးကို အသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရမယ့် ကိုရီးယားကားကောင်းတစ်ကား ဖြစ်ပါတယ်ဗျာ File size…(5.6GB) /(1.9 GB)/(778 MB) Quality….Web-Dl 4K HEVC/ 1080p / 720p Format…mp4 Duration….01:54:00 Genre… Action, Adventure, Crime Subtitle….Myanmar Subtitle (Hardsub) Encoder…. Theint Naychi Wai Translated by Phyo Pyae

6.9 2019
The Gangster, the Cop, the Devil
Pandemonium
5.4

Pandemonium ( 2023 ) ဒီပြင်သစ်ကားက စိတ်ဝင်စားစရာတော့ကောင်းတယ်။ ဇာတ်ကတော့ စစအဖွင့်မှာတင် လူနှစ်ယောက် စကားပြောတာနဲ့ စထားတယ်။ သူတို့နှစ်ယောက်စလုံးက သေပြီးသား တစ်ယောက်က သေမှန်းသိတယ်။ တစ်ယောက်က သေမှန်းမသိသေးဘူး။ သေမှန်းသိတဲ့လူရဲ့ဆိုင်ကယ်ကို သေမှန်းမသိတဲ့လူက ကားနဲ့တိုက်မိလို့ သူတို့နှစ်ယောက်စလုံးသေသွားကြတာ။ ဒီလိုနဲ့ သူတို့စကားပြောကြတယ်။ ခဏနေတော့ တစ်ယောက်က သူတို့တွေဂီတသံကြားရတယ်။ ကောင်းကင်ဘုံတံခါးလို့ထင်ရတဲ့ တံခါးတစ်ခု ပေါ်လာတယ်။ သူတို့ထဲကတစ်ယောက်က ဝင်ဖို့ကြိုးစားကြည့်ပေမဲ့ ဝင်လို့မရဘူး။ ခဏနေတော့ သူတို့အော်သံတွေကြားလာရတယ်။ ငရဲတံခါးကပေါ်လာတယ်။ ဒီကားမှာ ကောင်းဘုံတံခါးရော ငရဲတံခါးရောရှိပေမဲ့ ငရဲဘက်ခြမ်းကိုပဲ အဓိက ပြသွားတယ်။ ကောင်းကင်ဘက်ခြမ်းမှာ ဘာတွေဖြစ်လာမလဲတော့မပြသွားပေမဲ့ ငရဲရဲ့ ရက်စက်မှုကို သေချာပြသွားခဲ့တယ်။ ငရဲကလူတွေ ဘာလို့ငရဲရောက်လာသလဲလည်း ပြသွားခဲ့တယ်။ သေချာတာတော့ ဟော်ရာကားပေမဲ့ ငရဲကိုပြသွားတဲ့ ကြည့်ကောင်းတဲ့ဟော်ရာကားပါပဲ။ ဒါပေမဲ့ ငရဲသားရဲ့စကားအတိုင်းဆို ဒီရက်စက်မှုတွေဟာ ငရဲရဲ့အစပဲရှိသေးတယ်လို့ဆိုတယ်။ ကျန်တဲ့ငရဲ ဘယ်လောက်ထိ ရက်စက်မလဲတော့ တွေးကြည့်လို့တောင်ရဲချင်စရာမရှိပါဘူး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 1.02GB } 524MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. W Encoder ….. Aaron

5.4 2024
Pandemonium
No Other Land
8.4

No Other Land ( 2024 ) IMDb Rating (8.4) / Rotten Tomatoes (100%) ဒီဒိုကူမန်ထရီကိုတော့ ပါလက်စတိုင်းနဲ့အစ္စရေး တက်ကြွလှုပ်ရှားသူ လူငယ်တွေဖြစ်တဲ့ Basel Adra, Hamdan Ballal, Yuval Abraham နဲ့ Rachel Szor တို့က ရိုက်ထားတာပါ။ ပါလက်စတိုင်းနဲ့ အစ္စရေးရဲ့ အခြေအနေတစ်စွန်းတစ်စကို ပါလက်စတိုင်းကလူငယ်တွေရော အစ္စရေးက လူငယ်တွေရော ပေါင်းရိုက်ထားတာလို့ပြောလို့ရပါတယ်။ အစ္စရေးဘက်က ပါလက်စတိုင်းလူမျိုးရွာသားတွေကို နယ်မြေတစ်ခုကနေ စစ်တပ်အင်အားကိုသုံးပြီး အတင်းနှင်တဲ့ အဖြစ်အပျက်တစ်ခုကို ကိုယ်တွေ့ကြုံခဲ့တဲ့လူငယ်တွေ ဒိုကူမန်ထရီအဖြစ် ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ အဓိကဇာတ်ကောင်တွေကတော့ ပါလက်စတိုင်းသားတက်ကြွလှုပ်ရှားသူနဲ့ အစ္စရေးဂျာနယ်လစ်တို့ပါပဲ။ ဒါရိုက်တာတွေထဲလည်း သူတို့ပါပါတယ်။ ဒီဒိုကူမန်ထရီကို ၂၀၁၉ကနေ ၂၀၂၃အထိအတွင်းမှာ ရိုက်ကူးထားပြီး ၂၀၂၃အောက်တိုဘာမှာ ပရိုဒတ်ရှင်းအပြီးသတ်ခဲ့ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.3 GB) / (1.2 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Documentary Duration….01:36:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by W

Science Fiction • Horror • Thriller
8.4 2024
No Other Land