YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Shock Wave [2017] (MM Sub).mp4

851.06 MB N/A video/mp4 1717 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Master Gardener
6.2

Master Gardener (2022) ~ IMDb - 6.3/10, Rotten Tomatoes - 70% ~ "God's Lonely Man" ဘုရားသခင်ရဲ့အထီးကျန်လူ တနည်းအားဖြင့် သင်းကွဲလူ ဆိုတာကို ဒါရိုက်တာကြီး Martin Scorsese ရဲ့ Taxi Driver ထဲမှာလည်းကြားဖူးခဲ့မှာပါ။ လူ့အဖွဲ့အစည်းနဲ့သိပ်မရော မအပ်စပ်ဘဲ တစ်ယောက်တည်း နေ့စဉ်ဓူဝ ကိုယ့်အတွေးနဲ့ကိုယ်ချာချာလည်ရင်း သင်းကွဲတစ်ယောက်လိုအထီးကျန်နေတဲ့ ဇာတ်‌ကောင်မျိုးတွေပေါ့။ အဲဒီလိုဇာတ်ကောင်တွေက တစ်နေ့မှာ လှုပ်နှိုးခံလိုက်ရတဲ့အချိန် ပရိသတ်တွေကို " ဒီကောင်ဘာတွေလုပ်မလဲမသိဘူး" ဆိုတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တာက ဒီလိုရုပ်ရှင်ဇာတ်ကားတွေရဲ့ အရသာတစ်ခုပါပဲ။ ဒီရုပ်ရှင်က ဇာတ်ကောင်ကလည်း အဲဒီလို သာမန်ဥယျာဉ်မှူး။ လတ်တလောမှာတော့ သာမန်ဥယျာဉ်မှူးပေါ့။ သူ့မှာလည်း အတိတ်ကစိတ်ဒဏ်ရာတွေ၊ အိပ်မက်ဆိုးတွေ၊ နောင်တတွေကျန်နေပေမဲ့ သာမန်ဥယျာဉ်မှူးတစ်ယောက်လို ဂရေ့စ်ဝုဒ်ဆိုတဲ့ ဥယျာဉ်ကြီးထဲမှာ ‌ဘဝကိုဖြတ်သန်းနေတာမျိုးပါ။ ဒါပေမဲ့ တစ်နေ့မှာ ဂရေ့စ်ဝုဒ်ပိုင်ရှင် နော်မာရဲ့ မြေးတူမ မာယာ ဆိုတဲ့ ကောင်မလေးတစ်ယောက် အလုပ်သင်အနေနဲ့ရောက်လာပြီး ပြဿနာတွေပါခေါ်လာခဲ့ချိန်မှာတော့ " ဒီကောင်ဘာတွေလုပ်မလဲမသိဘူး" ဆိုတာလေးဖြစ်ဖို့ အ‌ကြောင်းခံလေးတွေပေါ်လာပါတော့တယ်။ ဒီရုပ်ရှင်မှာသဘောကျမိတာတစ်ခုက ပန်းအကြောင်းတွေပါ။ သူ့ရဲ့ ဂျာနယ်မှာထည့်ရေးသမျှ ပန်းအကြောင်းတွေနားထောင်ရင်း ကိုယ်တိုင်ပါ ထပြီး ပန်းတွေစိုက်ပစ်ချင်စိတ်တောင်ပေါက်လာနိုင်ပါတယ်။ ဂျိုဝယ်အက်ဂျာတန်လို ဘဲကြီးက ပန်းလှလှလေးတွေစိုက်နေတာမြင်ရတာကလည်း တစ်မျိုးလေးကြည့်ကောင်းနေတာပေါ့လေ။ "God's Lonely Man" ဆိုလို့ ဒါရိုက်တာဘယ်သူလဲ ပြေးကြည့်စရာမလိုပါဘူး။ အဲဒီလို ရုပ်ရှင်မျိုးတွေကို အသည်းခိုက်တဲ့ Taxi Driver ဇာတ်ညွှန်းရေးခဲ့တဲ့သူ Paul Schrader ကိုယ်တိုင်ဖြစ်နေလို့ပါ။ Paul Schrader က ဇာတ်ညွှန်းတင်မက ဒါရိုက်တာလည်းကောင်းကောင်းကြီးလုပ်နိုင်တယ်ဆိုတာကို Mishima, Blue collar နဲ့ First Reformed ကားတွေမှာ မြင်ခဲ့ရပြီးပါပြီ။ အင်တာဗျူးတစ်ခုမှာ သူနောက်ဆုံးရိုက်ထားတဲ့ ရုပ်ရှင်သုံးခုဖြစ်တဲ့ First Reformed (2017), Card Counter (2021) နဲ့ အခု Master Gardener ရုပ်ရှင်တွေက ဇာတ်လမ်းချင်းမတူပေမဲ့ စိတ်ပိုင်းဆိုင်ရာကျောရိုးချင်း ဆက်နွယ်နေတဲ့ Trilogy တစ်ခုလို့ ပြောခဲ့ဖူးပါတယ်။ ဥပမာ ကားရယ် လေယာဉ်ရယ် ရထားရယ် နဲ့ ခရီးသွားသလိုပေါ့။ ခရီးသွားနေတယ်ဆိုတဲ့ သဘောတရားချင်းတူတယ် ဒါပေမဲ့ သွားပုံချင်းမတူတာမျိုး။ အဲဒီသဘောတရားအတွက် ကား၊ လေယာဉ်၊ ရထား သုံးမျိုးလုံး စီးကြည့်စရာမလိုပေမဲ့ အချိန်ရရင်တော့ ၃ ကား စလုံးကို မြည်းကြည့်စေချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ဗယ်လာဒိုလစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးရုပ်ရှင်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့တဲ့အပြင် Alien Franchise ထဲက မင်းသမီးကြီး ဆစ်ဂေါနီးဝီဗာကလည်း ဒီရုပ်ရှင်နဲ့ ပေါ်တူဂီရုပ်ရှင်ဆု CinEuphoria ရဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုရခဲ့ပြီး ဂျိုဝယ်အက်ဂျာတန်ကလည်း အမျိုးသားဇာတ်ဆောင်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့ပါသေးတယ်။ ပန်းကလေးတွေအကြောင်းရုပ်ရှင်တွေကြည့်တိုင်း ကြည်အေးရဲ့ မောင်ကိုကိုနှင့်မြနန္ဒာ စာအုပ်ထဲက "ကမ္ဘာပေါ်မှာ လူနည်းနည်းနဲ့ ပန်းတွေအများကြီးရှိရင် သိပ်ကောင်းမှာပဲ" ဆိုတာလေးကိုပဲ အမှတ်ရနေမိပါတယ်။ ပန်းကလေးတွေရဲ့အလှနဲ့ ရုပ်ရှင်ရဲ့ အလှအပနှောထားတာလေးကတော့ ဒီရုပ်ရှင်ရဲ့ မျက်စိပသာဒအဖြစ်ရဆုံး အချက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 540MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 51Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Crime • Thriller
6.2 2023 111 mins
Master Gardener
Spicy Police Flower 3

၁၉၀၀ခုနှစ်လောက်တုန်းကတောင်အာဖရိက မိုင်းတွင်းတစ်ခုမှာတူးဖော်ရရှိခဲ့တဲ့ ဒေါ်လာသန်း၂၀တန်ဖိုးရှိတဲ့ တောင်အာဖရိကနှလုံးသားလို့ခေါ်တဲ့စိန်တုံးကြီးကို လိုချင်တပ်မက်တဲ့မသမာလောဘသားတွေဟာ သူဌေးကြီးရဲ့သမီးကိုပြန်ပေးဆွဲခဲ့ပါတယ်။ ဓားစာခံကိုကယ်တင်ဖို့နဲ့ ပြန်ပေးတရားခံတွေကိုဖမ်းဆီးနိုင်ဖို့အတွက် ထန်ရှီးယွီတို့အမျိုးသမီးအထူးရဲအဖွဲ့ကိုတာဝန်ပေးအပ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာရော ထန်ရှီးယွီတို့အဖွဲ့က ဓားစာခံကိုဘေးကင်းကင်းနဲ့ကယ်တင်နိုင်ပါ့မလား...... ဉာဏ်များတဲ့ပြန်ပေးတရားခံတွေကိုရော အမိဖမ်းနိုင်ပါ့မလား...... မမရှီးယွီတို့အဖွဲ့ ဘယ်လိုတွေလက်စွမ်းပြကြဦးမလဲဆိုတာကို ဆက်ပြီးကြည့်လိုက်ကြပါဦးနော် [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Crime Runtime : 1h 23 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Adventure • Family
0 2023
Spicy Police Flower 3
Coast Guard Malaysia: Ops Helang
2

မလေးရှားကမ်းခြေစောင့်တပ်ရဲ့ အထူးတပ်ဖွဲ့ဝင် ဗိုလ်တစ်ဦးဖြစ်သူ ဟဖစ်ဟာ မှုခင်းတိုက်ဖျက်စစ်ဆင်ရေးတွေပြုလုပ်အပြီးမှာတော့ ဇနီးလောင်းလေးနဲ့ ဘဝအသစ်စမယ်ဆိုပြီး ကျွန်းလေးတစ်ကျွန်းမှာ စေ့စပ်ပွဲလေးကျင်းပလက်ထပ်ကြတယ်ပေါ့။ ကံဆိုးချင်တော့ အဲ့နေ့ညမှာပဲ ပင်လယ်ဓားပြတွေက ကျွန်းကိုဝင်စီး ဟဖစ်တို့ ဇနီးမောင်နှံအပါအဝင် မိသားစုနဲ့ ပွဲလာသူတွေကို လူတွေကိုဖမ်းဆီး ဓားစာခံလုပ်ကာဖမ်းခေါ်သွားပါတယ်။ ဒါပေမယ့် ဟဖစ်ကတော့ ဒဏ်ရာရကာ ကံကောင်းပြီးဓားပြတွေလက်ထဲမှလွတ်မြောက်လာခဲ့ပြီး ဇနီးဖြစ်သူနဲ့မိသားစုကိုပြန်ကယ်ဖို့ကြိးပမ်းပါတော့တယ်။ ဒီဓားပြမှုဟာ သာမန်ဖြစ်ရိုးဖြစ်စဥ်မဟုတ်ဘဲ တခြားအကြောင်းအရာများစွာ နောက်ကွယ်မှာ ရှိနေသေးကြောင်းသိလိုက်ရတဲ့အခါ.... ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားနိုင်ပါပြီ။ File Size :(1.4GB) and (654MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:30:00 Genre : Action, Adventure, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Drama • Thriller
2 2023 90 mins
Coast Guard Malaysia: Ops Helang
Ashiap Man
2

"ကောင်လေး ရေပို့ပေးပါဦး" "အဆင်သင့်ပဲဗျို့" "ကောင်လေး ခေါင်မိုးလေးပြင်ပေးပါဦး" "အဆင်သင့်ပဲ" လူတွေကိုကူညီဖို့ဆိုရင် အသင့်လူသား(Ashiap Man)က အမြဲတမ်းအဆင်သင့်ရှိနေပါတယ်။ ငယ်ငယ်လေးတည်းက မိဘရဲ့ဆုံးမသွန်သင်မှုကြောင့် လူတကာကိုကူညီတတ်သူ၊ သာမန်လူတစ်ယောက်လို ဉာဏ်ရည်ဉာဏ်သွေးမျိုးမရှိပေမယ့် ကိုယ်ချစ်တဲ့သူတွေကိုတော့ အမြဲတမ်းကာကွယ်ပေးချင်တဲ့သူ၊ လူစွမ်းကောင်းဖြစ်ဖို့ကိုရူးသွပ်ပြီး သူ့ရဲ့အစွမ်းတွေနဲ့ လူတွေကိုကူညီဖို့အမြဲတမ်းအဆင်သင့်ရှိနေသူ အသင့်လူသားတစ်ဖြစ်လည်း ဇူးဟာဆိုရင် ငယ်ရွယ်စဉ်ကတည်း အများအကျိုးကိုသယ်ပိုးဖို့ ဆန္ဒပြင်းပြခဲ့သူပါ။ သူကိုယ်တိုင် ဆန္ဒပြင်းပြသလိုပဲ သူ့တစ်ရွာလုံးဟာဆိုရင်လည်း သူ့အပေါ်ယုံကြည်ကိုးစားပြီး ချစ်ခင်ခြင်းကိုခံရသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့သူတို့နေတဲ့ရွာကို မိန်းကလေးတစ်ယောက်ရောက်လာပြီး အဲ့ဒီမိန်းကလေးကို ဇူးတစ်ယောက်သဘောကျမိပါတော့တယ်။ တစ်ဖက်မှာလည်း သူတို့ရွာနေရာမှာ အိမ်ရာစီမံကိန်းကိုအကောင်အထည်ဖော်ဖို့ ရွာသားတွေကိုဖိအားပေးနှင်ထုတ်ခံရတဲ့အခါမှာတော့ အမြဲတမ်းအဆင်သင့်ရှိခဲ့တဲ့အသင့်လူသား ဘယ်လိုမျိုးရွာကိုကာကွယ်ပေးသွားမလဲ။ ဒီမိန်းကလေးရဲ့နောက်ကြောင်းကရော ဘာတွေရှိနေမလဲ? ဇူးတစ်ယောက် လူစွမ်းကောင်းဖြစ်ဖို့ ကြိုးစားပုံတွေ သူ့ရဲ့ရပ်ရွာကို ဘယ်လောက်အထိချစ်တယ်ဆိုတာတွေ သူချစ်တဲ့သူတွေအတွက် ဘယ်လောက်အထိအသင့်ရှိလဲဆိုတာတွေကို ပေါ့ပေါ့ပါးပါးမိသားစုရုပ်ရှင်တစ်ခုအဖြစ် ကြည့်ရှုခံစားရမယ့် အင်ဒိုနီးရှားဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က APP ပါ။) File Size          : 1.8GB, 806MB, 422MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 31mins Genre              : Action, Adventure, Comedy Encoded by Kinnov

Drama • Romance
2 2022 102 mins
Ashiap Man
Meat Grinder
5.5

Slasherရုပ်ရှင်​တွေမှာ Sawနဲ့ Wrong Turn franchise​တွေက iconic filmတွေ ဖြစ်သလို အ​ရှေ့တိုင်းဘက်မှာ​ဆို ဟောင်​ကောင်ရုပ်ရှင်​တွေရဲ့ ပြကွက်​ကြမ်းကြမ်းနဲ့ အ​ပြောကြမ်းကြမ်း​တွေက slasher genre ကိုမှ ကြိုက်တဲ့သူတွေကြား ရေပန်းစားပါတယ်။ အ​ရှေ့တိုင်း ရုပ်ရှင်တွေက လက်​တွေ့ဘဝနဲ့ ပိုနီးစပ်တာ​ကြောင့် ​ဖြစ်ရပ်မှန်လိုလို စိတ်ကူးယဉ်လိုလို မတင်မကျဖြစ်​စေသလို ဆင်ဆာ​တွေလည်း ရှယ်ပလန်နဲ့ ထိခဲ့တာပါ။ အခုဇာတ်ကားကလည်း မူရင်းဖြစ်တဲ့ ထိုင်းနိုင်ငံအပြင် နိုင်ငံအများစုမှာ ပေါက်​ရောက်ခဲ့သလို ရှယ်အဘန်းခံ၊ ရှယ်ဆင်ဆာဖြတ်ခံခဲ့ရတာ​ကြောင့် originalနဲ့ uncut version ၂မျိုးဖြန့်ချီခဲ့ရတာပါ။ ဆင်ဆာ​ဖြေ​လျှော့မှု​ စပေးခဲ့တယ်ဆိုတဲ့ ၂၀၀၉မှာ ပြခဲ့တာ​တောင် ရက်စက်ကြမ်းကြုတ်မှု​နဲ့ ​သွေးသံရဲရဲပြကွက်​တွေ များလွန်းတာ​ကြောင့် ကြာချိန် ၁၀၂မိနစ်ထိရှိတဲ့ မူရင်းversionကို ၈၄မိနစ်ထိ ဖြတ်ချပြီး ပြသခဲ့ရပါတယ်။ တချို့​သော ဇာတ်ဝင်ခန်း​တွေကို စ ဆုံး ပြန်ရိုက်ကူးရတာ​တွေရှိသလို blur effect​ ထည့်ခဲ့ရတာ​တွေလည်း ရှိပါတယ်။ ၂၀၁၀ခုနှစ်မှာ​တော့ uncut versionကိုဖြန့်ချီခဲ့ပြီး Negative review​ များစွာရခဲ့သလို ​တောင်ကိုရီးယားနိုင်ငံမှာ၂ခါတိတိ banခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံတစ်ဝန်းလုံးက ခေါက်ဆွဲဆိုင်​တွေရဲ့ ဆန္ဒပြခြင်းကို ခံခဲ့ရပြီး မူရင်းနာမည် Kuai-tiao Nuea Khon( လူသား​ခေါက်ဆွဲ)ဆိုတာကိုပါ ​ပြောင်း​လဲလိုက်ရပါတယ်။ ဒီလိုနာမည်ဆိုး​တွေရှိခဲ့​ပေမယ့် ထိုင်းရုပ်ရှင် အစည်းအရုံး ဆု​ပေးပွဲမှာ Best Actressဆု Best Art Directionဆုနဲ့ Best Make-upဆု​တွေမှာ ဆန်ကာတင်စာရင်း ဝင်ခဲ့ပါ​သေးတယ်။ ဇာတ်လမ်းက​တော့ ငယ်စဉ်ကတည်းက ကြမ်းတမ်းခက်ထန်တဲ့ ဘဝကို ရင်ဆိုင်ခဲ့ရတဲ့ ဘွတ်ဆိုတဲ့ အမျိုးသမီးအ​ကြောင်းပါ။ ခ​ယောင်းလမ်းလို ခါးသီးလှတဲ့ဘဝကြီး​ကြောင့် စိတ်​ဒဏ်ရာ​အပြည့်နဲ့ တခြားသူမမြင်ရတာ​ မြင်​နေရ၊ တခြားသူမကြားရတာတွေ ကြား​နေရသူ​ပေါ့။ စိတ်ဒဏ်ရာက စိတ်ဒဏ်ရာ၊ စားဝတ်​နေ​ရေးက စားဝတ်​နေ​ရေးဖြစ်​​နေပြန်တော့ အ​​မေ့ရဲ့ လက်ငုတ်လက်ရင်း ​ခေါက်ဆွဲ​ရောင်းပြီး အသက်​မွေးရပြန်ပါ​သေးတယ်။ ဒီလိုနဲ့ပဲ တစ်​နေ့ ​ခေါက်ဆွဲလှည်း​လေးတွန်းပြီး ​ဈေး​ရောင်းထွက်လာချိန် ​ကျောင်းသားအဓိကရုဏ်းနဲ့ တည့်တည့်တိုး​​ပြီး ဆန္ဒပြသူတစ်​ယောက်ရဲ့ လက်ကိုဆွဲ အဆွဲမခံရဖို့အ​ရေး ​ပြေးရပါ​တော့တယ်။ သူပစ်ထားခဲ့တဲ့ ​ခေါက်ဆွဲလှည်းနားမှာလည်း ဖမ်းဆီးခံထားရသူ​တွေ၊သွေးထွက်သံယိုနဲ့ ​ကျောင်းသား​တွေ၊အ​လောင်း​တွေ ပလူပျံလို့​ပေါ့။ ဘွတ်လည်း သူ့လှည်း ပြန်ယူပြီး အဆိုပါ အနိဌာရုံ​တွေကြားထဲက ဖြတ်ပြန်လာပါ​တော့တယ်။ အိမ်​ရောက်ချိန် လှည်းထဲက​​ သွေး​စိမ့်ထွက်​နေတာမြင်လို့ ကြည့်လိုက်မှ အထဲမှာ ​ကျောင်းသားအ​လောင်းတစ်ခု ရှိ​နေတာပါ။ နဂိုစိတ်​ဝေဒနာရှင် ဘွတ်ဟာ ဒါကိုမြင်​တော့ ကြံရာမရဖြစ်ရင်း အသား​ပေါ်ပြီး သူ​​ရောင်းတဲ့ ​ခေါက်ဆွဲပြုတ်ထဲ ထည့်​ရောင်းလိုက်ပါတယ်။ သူ​​ရဲ့ အသားလုံး​ခေါက်ဆွဲဟာ နာမည်ကြီးလာခဲ့သလို ဆန္ဒပြတဲ့​နေ့က သူ့လက်ကိုဆွဲ​ပြေးခဲ့တဲ့ ​ကောင်​လေးအ​ပေါ် မေတ္တာရှိလာတဲ့ ဘွတ်အဖို့ ​​​​ပန်းခင်းလမ်းကိုရောက်​တော့မလို ခံစားရပြီးမှ မ​ထင်ထားတဲ့ ကိစ္စ​တွေ ဖြစ်လာပါတယ်။ သူအသား​ပေါ်​ရောင်းလိုက်တဲ့ ​​ကျောင်းသား​လေးက သူမေတ္တာရှိ​နေသူရဲ့ သူငယ်ချင်းဖြစ်​နေသလို သူ့ခေါက်ဆွဲဆိုင်​လေးက ​အသားလုံး​ခေါက်ဆွဲ​ကြောင့် နာမည်ရလာပြီး​နောက် အသားလုံးလုပ်ဖို့ ကုန်ကြမ်း​တွေလိုလာတဲ့အခါ... အသတ်အဖြတ် အခုတ်အထစ်​က​တော့ တစ်ကားလုံး အလျှံပယ်ပါပဲ။ မင်းသမီးကြီး Mai Charoenpuraကလည်း ဆန်ကာတင်စာရင်းမှာ ထိုက်ထိုက်တန်တန်ပါခဲ့တယ်လို့ ​ပြောရ​လောက်​အောင် သရုပ်​ဆောင် ​စွမ်းရည်ကို ပြထားတာပါ။ ဘွတ်ရဲ့ စိတ်ဒဏ်ရာအကျိုးဆက်​တွေကို ရိုက်ပြတဲ့​နေရာမှာ FFP shotစတိုင် ဆက်တိုက်ရိုက်ကူးထားတဲ့ပုံစံက ဘွတ်ရဲ့စိတ်အ​ခြေအ​နေကို အ​တော်​ပေါ်လွင်​စေသလို VHS​အခွေပုံစံ Retroပြကွက်​တွေကိုလည်း သ​ဘောကျမိပါတယ်။ ကျွန်​တော်တို့​တွေ အရမ်းချစ်ရတဲ့ Baifern လည်း ပါပါသေးတယ်။ ဘယ်နေရာမှာလဲ ဆိုတာတော့ စလယ်ဆုံး မလွတ်တမ်းကြည့်ရင် မြင်​တွေ့ရမှာပါ။ တစ်ခု​တော့ရှိပါတယ် ညဘက်​ခေါက်ဆွဲပြုတ်စားရင်း မကြည့်မိပါ​စေနဲ့။ အချက်အလက်များကို Wikipediaမှ ကိုးကားထားပါသည်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ် Genre..... Horror Quality…. 1080p | 720p | 480p File size… 2.1GB | 856MB | 321MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

Crime • Horror • Thriller
5.5 2009 90 mins
Meat Grinder
Mickey’s Tale of Two Witches
6.1

Mickey’s Tale of Two Witches (2021) ========================== ဒီတစ်ခါတော့ CM က Friend zone မဟုတ်တဲ့ Kid zone လေးဖန်တီးပေးလိုက်ပြီနော်။ ငယ်ဘဝကို Nostalgic ဖြစ် စေမယ့် Mickey Mouse movie လေးဆိုပေမယ့် 2021 ထွက်ဖြစ်ပြီး အရင်အဟောင်းလေးတွေလောက် ကလေး တအားမဆန်တဲ့ ဇာတ်အိမ်လေးကြောင့် ငယ်မူပြန်ချင်တဲ့ CM fan တွေအတွက် Recommend ပေးပါတယ်။ Hall- oween story ဖြစ်ပြီး Minnie နဲ့ Daisy အပေါ် အဓိက ထားပြီး ဇာတ်အိမ်တည်ထားပါတယ်။ စုန်းဖြစ်ဖို့ အတူတူ ကြိုးစားနေကြတဲ့ Minnie နဲ့ Daisy တို့သူငယ်ချင်းနှစ်ယောက် ရဲ့ Halloween စွန့်စားခန်းတွေကို ပုံပြင်လေးတစ်ပုဒ်အနေနဲ့ တင်ဆက်သွားမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(930 MB) / (500 MB) Quality…………WEB-DL 1080p / 720p Duration………47Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Adventure Translator…….Hnin Wut Yi Encoder……….Zin Phyo Aung

6.1 2021 46 mins
Mickey’s Tale of Two Witches
Sinkhole Hunting Dragon
5.9

သဲထိတ်ရင်ဖို့ အက်ရှင်ကားလေးတွေကြိုက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက် ဇာတ်လမ်းကောင်းလေး တစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ – စွန့်စားမှုခရီးမှာ ကံဆိုးမှုနဲ့ ကြုံတွေ့ခဲ့ရတဲ့ သမိုင်းလေ့လာရေးပညာရှင် ကျန်းရှောက်ထျန်းရဲ့သားဖြစ်သူ ကျန်းဖုန်းဟာ သူငယ်ချင်းဖြစ်သူ အိုက်ကျား ယောင်းကျီတို့နဲ့အတူ ရှေးဟောင်းပစ္စည်းဆိုင်လေးတစ်ဆိုင် ဖွင့်ထားပါတယ်။ တစ်နေ့မှာ ရှေးဟောင်းပစ္စည်းဆိုင်ကို လီကျုံးရှန်းက ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့က ဖူကျဲဘုရင်သင်္ချိုင်းရဲ့သော့ဖြစ်တဲ့ “နဂါးဘုရင်ကျောက်ခေါင်း” ကိုယူလာခဲ့ပါတယ်။ ကျန်းဖုန်းကလည်း သူ့အဖေအကြောင်းကို စုံစမ်းဖို့အတွက် တွင်းထဲသို့ဆင်းရန် ဆုံးဖြတ်လိုက်ပါတယ်။ တွင်းထဲမှာ နဂါးအော်သံထွက်တဲ့ ပုတ်သင်ညိုကြီးရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ဖူကျဲဘုရင်ရဲ့ နှစ်ပေါင်းထောင်ချီဖုံးကွယ်ထားတဲ့ နဂါးဘုရင်ယဇ်ပူဇော်ခြင်းရဲ့ အမှန်တရားတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ကျန်းဖုန်းတို့အဖွဲ့ တွင်းကြီးထဲမှာ ဘယ်လို အန္တရာယ်တွေနဲ့ ကြုံတွေ့ရမလဲ…… အန္တရာယ်တွေကို ကျော်ဖြတ်နိုင်ပြီး အသက်ရှင်နိုင်ပါ့မလား ….. ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ လိုက်ပါ ခံစားကြည့်ရှုရအောင်နော်။

5.9 2023
Sinkhole Hunting Dragon
NYAD
7.1

Nyad ဆိုတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားလေးမှာ အဓိက ပါဝင်သရုပ်ဆောင်ထားတာကတော့ ဟောလိဝုဒ်နာမည်ကျော် မင်းသမီးကြီးတွေ ဖြစ်တဲ့ Annette Bening နဲ့ Jodie Foster တို့ဖြစ်ပါတယ်။ ၂ ယောက်လုံးက ဝါရင့်သရုပ်ဆောင်တွေ ဖြစ်ကြတာမို့ သူတို့ရဲ့ သရုပ်ဆောင်မှုပိုင်းက အပြစ်ပြောစရာလုံးဝ မရှိပါဘူး.. ဖြစ်ရပ်မှန်ဇာတ်လမ်းကို ကျောရိုးယူပြီးရိုက်ထားတာဖြစ်ပြီး အဓိကပြသွားတဲ့အရာလေး ၂ ခုရှိပါတယ်။ ပထမတစ်ခုကတော့ ငယ်ငယ်ကတည်းက သူငယ်ချင်းတွေ ဖြစ်လာပြီး အခု ကြီးလာတဲ့အထိ တစ်ယောက်နဲ့တစ်ယောက် နက်နက်ရှိုင်းရှိုင်းချစ်ကြတဲ့ သူငယ်ချင်း ၂ ယောက်ကြားက အချစ်တွေ ခွဲခွာခြင်းတွေ ခံစားချက်တွေကို ကိုယ်တိုင်ဖြစ်နေသလို ခံစားရမှာဖြစ်ပါတယ် ဒုတိယတစ်ခုကတော ဇာတ်ကားရဲ့ အဓိကဇာတ်လမ်းဖြစ်တဲ့ Diana Nyad ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ Nyad ဟာ အသက် ၂၈ နှစ်က ကမ္ဘာပေါ်မှာ အဝေးဆုံး သမုဒ္ဒရာဖြတ်ကူး ခရီးစဥ်ဖြစ်တဲ့ ကျူဘားနိုင်ငံကနေ ဖလော်ရီဒါပြည်နယ်ကို လက်ပစ်ကူးခတ်ဖို့ ကြိုးစားခဲ့ပါတယ်။ အခက်အခဲတွေအမျိုးကြောင့် မအောင်မြင်ခဲ့ပဲ လက်လျော့ ခဲ့ရပါတယ်။ အသက် ၆၀ ပြည့်ပြီးတော့မှ ဘဝကို အရှုံးမပေးချင်တဲ့စိတ်နဲ့ အဲ့ခရီးစဥ်ကို ပြန်လည်ကြိုးစားဖို့ ဆုံးဖြတ်ပြီးခဲ့တဲ့နောက်မှာတော့ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း Borney က ကော ဘယ်လို ကူညီနိုင်မှာလဲ အကြိမ်ကြိမ် ထပ်မံကြိုးစားပေမဲ့လည်း မအောင်မြင်နိုင်တဲ့ ဒီခရီးကြမ်းကြီ:ကို သူအောင်မြင်စွာ ကျော်ဖြတ်နိုင်မှာလား… ဇာတ်ကားတစ်ကားလုံး ကိုယ်ကိုယ်တိုင် ပါဝင်ပတ်သတ်နေရသလို ခံစားရမှာ ဖြစ်ပြီး စိတ်ခွန်အားတွေကို တိုးစေမဲ့ ဇာတ်ကားကောင်းလေးတစ်ခုလည်း ဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းပါရစေခင်ဗျာ… File size…3.16GB / 1.60GB Quality…NF WEB-DL 1080p / 720p Format…mp4 Duration….2h 1m Genre ….. Biography , Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

7.1 2023 121 mins
NYAD
Darkest of Lies
4.2

Darkest of Lies (2023) Primeကနေ ပြနေတဲ့ရုပ်ရှင်ပါ။ Horror , Suspense , Thriller ဇာတ်ကို အေးအေးငြိမ့်ငြိမ့်နဲ့ သို့လော သို့လော တစိမ့်စိမ့်ချင်း သည်းထိတ်ရင်ဖိုဖြစ်အောင် ရိုက်ပြထားတယ်။ Thrillerကြိုက်တဲ့လူတွေတော့ ကြည့်လို့ကောင်းမယ့် ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းကတော့ အာဖဂန်စစ်ပြန် တစ်ယောက်ရှိတယ်။ စစ်ပွဲထဲက ဒဏ်တွေကြောင့် သူက ဆေးနည်းနည်းစွဲနေတယ်။ သူ့မိန်းမက သူ့ကိုနာလန်ထူအောင် ပြန်ကြိုးစားလုပ်ပေးရင်း သူတို့တွေ ဘဝကို အသစ်က အတူတူပြန်စဖို့ကြိုးစားခဲ့ကြတယ်။ ဒီလိုနဲ့ သူတို့တွေ နယူးယောက်ကနေ နယ်ဘက်ရောက်တဲ့မြို့ကလေးကိုပြောင်းပြီး သူ့မိန်းမအလုပ်က ပေးတဲ့အိမ်မှာ အတူတူသွားနေကြတယ်။ အဲဒီအိမ်ကို သူ့မိန်းမရဲ့ ကောလိပ်က သူငယ်ချင်းတွေကလည်း အမြဲလာလည်ကြတယ်။ သူ့မိန်းမကလည်း အလုပ်ကနေ တော်တော်နဲ့အိမ်ပြန်မလာတတ်ဘူး။ ဒီအိမ်ကြီးထဲမှာ သူတစ်ယောက်တည်းနေနေရင်း ဒီအိမ်ထဲ တစ်ခုခုရှိနေသလို သူခံစားခဲ့ရတယ်။ ဒီလိုနဲ့ သူဟာ နယ်အသစ်မှာ အလိမ်ပေါင်းများစွာနဲ့ သူကြုံနေရတာ သူသတိထားမိသွားခဲ့တယ်။ သူ့မိန်းမ သူ့ကိုလိမ်ထားတဲ့အလိမ်တွေ , သူ့မိန်းမသူငယ်ချင်းတွေရဲ့အလိမ်တွေ, သူ့မိန်းမရဲ့အလုပ်ကလူတွေရဲ့အလိမ်တွေ ဒီလိုအလိမ်တွေကြားမှာ သူအမှန်ကို သိအောင်လုပ်ဖို့ကြိုးစားရင်း အိမ်ကြီးရဲ့လျှို့ဝှက်ချက်နဲ့ သူ့မိန်းမရဲ့လျှို့ဝှက်ချက်တွေကို တူးဖော်မိတဲ့အကြောင်းကို သည်းထိတ်ရင်ဖိုကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.2 GB) / (670 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Thriller Duration….01:52:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by W

Adventure • Drama
4.2 2023 116 mins
Darkest of Lies
Silent Bite
5

Xmas လည်းနီးလာပြီဆိုတော့ ခရစ္စမတ်အငွေ့အသက်လေးတွေ ပါတဲ့ Horror ဇာတ်ကားလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ Horror အမျိုးအစားဆိုပေမယ့် Dry Humor သဘောကျတတ်တဲ့ သူမျိုးတွေ အကြိုက်တွေ့မယ့် ဒိုင်ယာလော့တွေ ပါတာမို့ ပျင်းခြောက် မနေမယ့် ဇာတ်ကားဖြစ်ပါတယ် ဇာတ်ညွှန်းကတော့…. ခရစ္စမတ်အိဗ် အကြိုနေ့ညနေခင်းမှာ ကောင်တီဘဏ်ကို ဓားပြဝင်တိုက်ခဲ့တဲ့ “ဆန်တာဦးထုပ်ဓားပြအဖွဲ့”လို့ အမည်ပေးထားတဲ့ ဓားပြအဖွဲ့ ဘဏ်ဓားပြတိုက်ပြီး ကားမောင်းပြေးနေတာနဲ့ စထားပါတယ်… သူတို့တွေရဲ့ ကနဦးအစီအစဉ်ကတော့ ရဲတွေ မထင်ထားလောက်မယ့် ဘဏ်နဲ့သိပ်မဝေးတဲ့ ချောင်ကျကျ ဟိုတယ်တစ်ခုမှာ ခေတ္တခြေငြိမ်ပြီး ခိုနေပါမယ် အဖွဲ့ထဲက အယောင်ပြ မောင်းပြေးမယ့် သူတစ်ယောက်က သူတို့နဲ့ ဆန့်ကျင်ဘက်ဒေသဘက်ကို အယောင်ပြ မောင်းပြေးပြီး ရဲတွေကို လမ်းလွှဲမယ်… အခြေအနေ ငြိမ်သွားရင် လူပြန်ဆုံပြီး ဝေစုခွဲကြဖို့ပါပဲ…။ သူတို့ မသိလိုက်တဲ့ အချက်တစ်ချက်က ခိုနေဖို့ ရည်ရွယ်ထားတဲ့ ဟိုတယ်မှာ သူတို့တွေ မထင်ထားတဲ့ အန္တရာယ်တွေနဲ့ ပြည့်နေတယ် ဆိုတာပါပဲ…။ ဒီတော့ ဓားပြအဖွဲ့သားတွေ အန္တရာယ်ကနေ ဘယ်လိုမျိုး လွတ်အောင် ပြေးကြမလဲဆိုတာကိုတော့…..။ File size… (1.15GB) / (523MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5 2024 90 mins
Silent Bite
The Enigma of Arrival
5.7

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် မှုခင်းအက်ရှင်ရုပ်ရှင်ကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- မူးယစ်ဖမ်းဆီးရေးတပ်ဖွဲ့က အဖွဲ့ခေါင်းဆောင် ယုံကျန့်ကို မူးယစ်ဆေးအမှုတစ်ခုကို စုံစမ်းဖို့ တာဝန်ပေးအပ်ခဲ့ပါတယ်။ မှုခင်း စုံစမ်းနေတဲ့အချိန်မှာ သူငယ်ချင်းယွီကျီထုံက မူးယစ်ဂိုဏ်းနဲ့ ပတ်သက်နေတယ်လို့ သံသယဖြစ်စရာတွေ ပေါ်လာခဲ့ပါတယ်။ ယွီကျီထုံဟာ လက်ဝှေ့ချန်ပီယံတစ်ယောက်ဖြစ်ပြီး နေမကောင်းတဲ့သားကို ကုသဖို့အတွက် မူးယစ်ဂိုဏ်းထဲ ဝင်ခဲ့သူ ဖြစ်ပါတယ်။ မူးယစ်ဂိုဏ်းမှာ တစ်ဦးတည်းသော အမျိုးသမီးလူယုံအနေနဲ့ သူ့ကို မနာလိုမုန်းတီးသူတွေလည်း အများအပြားရှိနေပါတယ်။ ဒီလို သူငယ်ချင်းဟောင်းနှစ်ယောက်က ပြန်တွေ့တဲ့အချိန်မှာ ရန်သူတွေ ဖြစ်သွားကြမလား…… မူးယစ်ဂိုဏ်းကို ချေမှုန်းဖို့ ပူးပေါင်းကြမလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.7 2024
The Enigma of Arrival
Screw Mickiewicz Piep*zyc Mickiewicza
4.7

Screw Mickiewicz (2024) IMDb Rating (4.7) ဒီကားလေးမှာ တစ်ကျောင်းလုံးရဲ့ အဆိုးဆုံးကျောင်းသားတွေရှိတဲ့ Bခန်းကို ကိုင်တွယ်ဖို့ဖြစ်လာတဲ့ ဆရာသစ်ဖြစ်သူ Jan Sienkiewicz ရဲ့ ကိုင်တွယ်ပုံအဆန်းတွေကို ရယ်မောရင်း စိတ်ဝင်တစားကြည့်ရှူရမှာပဲဖြစ်ပါတယ်။ ဒီလိုခပ်ဆိုးဆိုးကျောင်းသားတွေကို ကိုင်တွယ်ရတဲ့ ဆရာတွေရဲ့ ဇာတ်ကားတွေ အများကြီးရှိပေမယ့် ဒီကားလေးကတော့ တမူထူးခြားပါတယ်။ စာလုပ်ဖို့ထက် မူးရူးသောင်းကျန်းဖို့ပဲ ပိုစိတ်ဝင်စားတဲ့ ကျောင်းသားတွေကို ပိုလန်စာဆိုတော်ကြီးတစ်ယောက်ရဲ့ စာစီစာကုံး ရေးခိုင်းတဲ့အခါမှာ သူတို့ ဘယ်လိုတုံ့ပြန်ကြမလဲ။ ဆန္ဒပြကြမှာလား။ ဒါမှမဟုတ် တခြားဘယ်လို ပြုမူကြမလဲ။ ဆရာက သူတို့ကို ထုံးစံအတိုင်း သင်မှာမဟုတ်ဘူးဆိုရင် စာပေကို ဘယ်လို သင်ပေးမလဲ။ သူတို့ကရော ဘယ်လို တုံ့ပြန်ကြမလဲ။ ဒါမှမဟုတ် သူတို့ရဲ့ ပုန်ကန်တဲ့စိတ်ကို ပိုပြီး လှုံ့ဆော်ပေးသလို ဖြစ်သွားမှာလား။ ဆရာက သည်းခံမှုရှိရှိ သင်ပေးနိုင်ပါ့မလား။ ဒီဇာတ်လမ်းက သင်ယူမှုနဲ့ ပတ်သက်ပြီး ဘယ်လို အမြင်သစ်တွေ ပေးမလဲ။ ဆရာနဲ့ ကျောင်းသားတွေရဲ့ ဆက်ဆံရေးက ဘယ်လို ပြောင်းလဲသွားမလဲ။ ဒီဇာတ်လမ်းက လူငယ်တွေကို ပညာရေးစနစ်ကို ပြန်လည်သုံးသပ်စေနိုင်မှာလား။ ဒါမှမဟုတ် ဆရာက သူတို့ကို ပြင်းပြင်းထန်ထန်ပဲ ဆုံးမမှာလား.. စသဖြင့် ဇာတ်ကားကြည့်ရင်း ဒီလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းလေးတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mahaw ဖြစ်ပါတယ်။) File size…(2.5 GB) / (1.2 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:41:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Mahaw

Drama • Romance • Comedy
4.7 2024 98 mins
Screw Mickiewicz Piep*zyc Mickiewicza
Unstoppable
6.8

Unstoppable (2024) IMDb Rating (6.8) / Rotten Tomatoes (76%) ဒီဇာတ်လမ်းလေးကတော့ အမေရိကန် ပရော်ဖက်ရှင်နယ် နပန်းအားကစားသမားအန်တိုနီရိုဘယ်ရဲ့ ဘဝဇာတ်လမ်းကိုရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ခြေထောက်တစ်ဖက်တည်းနဲ့မွေးဖွားလာခဲ့သူအန်တိုနီရိုဘယ်က ဘဝရဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို ဘယ်လိုမျိုးရင်ဆိုင်ကျော်ဖြတ်သွားမလည်း၊ အခက်အခဲတွေကြားကနေ ဘယ်လိုမျိုး အောင်မြင်မှုကို ရရှိသွားလည်းဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အဲ့တာအပြင်ကို ကမ္ဘာကျော် အဆိုတော်တစ်ဦးဖြစ်သူ Jennifer Lopez က ဂျူဒီရိုဘယ်အဖြစ် အန်တိုနီရဲ့ မိခင်နေရာကနေ ပါဝင်ထားပါသေးတယ်။ အားကစားဇာတ်လမ်းတစ်ပုဒ် တစ်ဖြစ်လည်း ခံစားချက်ပေါင်းများစွာနဲ့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားမို့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ N ဖြစ်ပါတယ်။) File size…(8.1 GB) / (2.7 GB) / (1.3 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:04:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by N

History • Comedy
6.8 2024 123 mins
Unstoppable
Beyond the Sin
6

ဒီနေ့မှာတော့ မှုခင်းကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်… ဒီကားလေးမှာတော့ ဘယ်ခြေမသန်တဲ့ မိန်းကလေးတွေကို အထူးဒုက္ခပေးပြီး သတ်ပစ်ခဲ့တဲ့ အမှုတစ်ခုအကြောင်းပေါ့… ဒုက္ခပေးခံရတဲ့သူများတော့ ကွင်းဆက်လူသတ်မှုလို့လည်း ထင်ကြေးပေးနေကြတယ်… တစ်ဖက်မှာလည်း ဒီအမှုက အတော်လေး နာမည်ကြီးလာခဲ့တယ်… အကြောင်းကတော့ ရဲအရာရှိဟောင်းတစ်ယောက်ရဲ့ သမီးလေး သေဆုံးသွားတာကြောင့်ပါပဲ… အလုပ်ဟောင်းကြောင့်ကတစ်ကြောင်း… ကလေးဇောကြောင့်ကတစ်ကြောင်းနဲ့… လဲ့အရာရှိကတော့ ရဲတွေရဲ့ စုံစမ်းမှုကို အားမလိုအားမရဖြစ်ပြီး သူကိုယ်တိုင်ရှာဖွေခဲ့တဲ့အထိပါပဲ… ဒီအပြင်မှာ ရဲတွေဖက်က တစ်ဦးတည်းသော သံသယရှိသူကိုပါ လွှတ်ပေးလိုက်သေးတာကြောင့်… ရဲအဖွဲ့ထက် သူ့ကိုယ်သူ ပိုယုံကြည်ပြီး သူတစ်ဦးတည်း အမှုမှန်ဖော်ထုတ်ဖို့ကြိုးစားခဲ့တာပေါ့ ဒီလိုနဲ့ အမှုတစ်ပိုင်းတစ်စချင်းစီ ရှာဖွေရင်း ဖော်ထုတ်ရင်းနဲ့… အဆုံးသတ်မှာ တရားခံကိုရှာတွေ့မှာလား… နောက်ပြီး ဒီအမှုက ဒီလောက်ပဲရိုးရှင်းနေပါ့မလား… စိတ်အပန်းဖြေရင်း ဒီကားလေးကိုကြည့်လိုက်ကြရအောင်နော်

Thriller • Science Fiction • Action • Adventure
6 2025
Beyond the Sin