YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

She and Her Perfect Husband E12 (1080p) CM.mp4

578.66 MB N/A video/mp4 132 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Billiards King
4

ရုပ်ရှင်အမျိုးအစားအတိုင်း ဟာသ‌နှောပြီး ဘိလိယက်အားကစားလောကရဲ့ အခြေခံသဘောတရားတွေကို တစ်ဝကြီးကြည့်ရှုရမဲ့ - Billiard's King_ဘိလိယက်ဘုရင်မဏ္ဍိုင်(东北球王) ရွာတစ်ရွာက အခြေခံလူတန်းစားတစ်ယောက်ဖြစ်ပြီး ဝါသနာတစ်ခုနဲ့ ဘိလိယက်ကိုခုံမင်တဲ့ -ကျိုးသာ့ဖား သူ့ရဲ့အိမ်မက်ကတော့ မြို့ကိုတက်ပြီး "တရုတ်ဘိလိယက် ကမ္ဘာ့အဆင့်မြင့်စိန်ခေါ်ပွဲစဉ်"မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရပြီး ချန်ပီယံဖြစ်‌ဖို့ပဲ ဖြစ်ပါတယ် ဒါပေမဲ့မိခင်ဖြစ်သူဟာ ကျိုးသာ့ဖားကို အတင်းလက်ထပ်ပေးဖို့ စီစဉ်ပါတော့တယ်၊ ဒီလိုနဲ့ ကျိုးသာ့ဖားဟာ ရွာကနေထွက်သွားပြီး အိမ်မက်တွေဆီကိုအရောက်လှမ်းဖို့လုပ်တဲ့အခါ。。。 ∆ရွာမှာရိုးရှင်းစွာဘဝကိုဖြတ်သန်းနေတဲ့သူတစ်ယောက် ရပ်ခြားမြေခြားမှာ ဘယ်လို စိန်ခေါ်မှာတွေကိုရင်ဆိုင်ရမလဲ ဝါသနာနဲ့အလုပ်မှာရော ဘယ်လိုကွဲပြားမှုတွေရှိတာကို သူသိလိုက်ရမလဲ ? ပြိုင်ပွဲအတွက်ကြိုးစားရင်း သိကျွမ်းရတဲ့မိန်းမလှလေးဟောင်ယွင်နဲ့သူ့ကြားက အဆုံးသတ်ဟာရော ဘယ်လိုဇာတ်လမ်းမျိုးနဲ့ ဇာတ်သိမ်းလိမ့်မလဲ...? ∆ချန်ပီယံဆုကိုရော အနိုင်ယူနိုင်ပါ့မလား? ဒီလိုဟာသနှောပြီးပေါ့ပေါ့ပါးပါးရုပ်ရှင်လေးဖြစ်တာမို့ ပိတ်ရက်မှာအနားယူရင်း ကြည့်ရှုနိုင်အောင်တင်ဆက်ပေးလိုက်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Clytie Encoded by LK

Action • Crime • Drama • Thriller
4 2023 84 mins
Billiards King
Noroi: The Curse
6.8

"ဒီကားရဲ့ 1080p HD Version ဟာ မရှိ‌သလောက် ရှားလို့ ခွေဗားရှင်း 480p ကိုပဲ အတော်လေးကြည်အောင် Encode ပေးထားပါတယ်။ တစ်ချိန်ချိန်မှာ 1080p ရှာတွေ့ခဲ့ရင်လည်း update လုပ်ပေးသွားပါမယ်။" ဒီတစ်ခါတော့ ၂၀၀၅ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb rating 6.9/10 အထိရရှိထားတဲ့ Japanese horror movie ကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ Incantation လို vibe မျိုးနဲ့ pseudo-documentary ကို လက်တွေ့ဆန်ဆန်ကြည့်ရှုရတာ နှစ်သက်သူဆိုရင်တော့ လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းအကျဥ်းလေးကတော့ ကိုဘာယာရှိဟာ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကို ရှာဖွေလေ့လာပြီး စာအုပ်တွေပါထုတ်ဝေတဲ့ သတင်းထောက်တစ်ယောက်ဖြစ်ပြီး သူနောက်ဆုံးလေ့လာခဲ့တဲ့ မှတ်တမ်းမှာ လူမျိုးစုတစ်စုဆီက ဆင်းသက်လာတဲ့ ရိုးရာပွဲကနေပေါ်ပေါက်လာတဲ့ အရာတစ်ခုကို လေ့လာရင်း သူကိုယ်တိုင်ဖြစ်ရပ်ဆိုးတွေ ကြုံခဲ့ရပါတယ်။ ဗီဒီယိုကို အစဆုံးမှတ်တမ်းတင်ပြီးချိန်မှာတော့ သူ့အိမ်ပါ မီးလောင်သွားသလို ဇနီးသည်ကိုပါ ဆုံးရှုံးလိုက်ရတယ် ကိုဘာယာရှိကိုယ်တိုင်လည်း ပျောက်ဆုံးသွားခဲ့တယ်။ ဒီဖြစ်ရပ်တွေဟာ မှတ်တမ်းတင်ဗီဒီယိုရဲ့ ကျိန်စာကြောင့်လား တိုက်ဆိုင်မှုလားဆိုတာ ပရိသတ်တို့ပါ တွေးခေါ် ကြည့်ရှု ဖော်ထုတ်ရင်း ဇာတ်လမ်းပြီးသွားတဲ့အခါမှာလည်း စိတ်ထဲ တစ်ခုခုစွဲကျန်ရစ်စေမယ့် ကား​ကောင်းလေးဖြစ်ပါကြောင်း... (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB Quality - 480p IMDb Rating - 6.9/10 Format - mp4 Duration - 1H 55Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Thriller
6.8 2005 115 mins
Noroi: The Curse
xXx: Return of Xander Cage
6.1

XXX ဆိုလို့ 18+ မထင်လိုက်ပါနဲ့ ....2002ခုနှစ်မှာ နာမည်ကြီးခဲ့တဲ့ Vin Diesel ရဲ့အက်ရှင်ကားဖြစ်ပြီး 2005 မှာ xXx-2 ကို မင်းသားပြောင်းလဲရိုက်ကူးခဲ့သလို ၂၀၁၇ မှာ Vin Diesel ပြန်ပါဝင်တဲ့ xXx-3 ကိုလဲ ထပ်မံရိုက်ကူးခဲ့ပါတယ်။ ၃ ကားလုံးက အက်ရှင်ကြမ်းကြမ်းတွေ စတန့်လန်းလန်းတွေကြောင့် နာမည်ကြီးပါတယ်။ xXx: Return of Xander Cage (2017) ဇာတ်ကားမှာတော့ နာမည်ကြီး အာရှမင်းသားမင်းသမီးတွေပါ ထည့်သွင်းပြီး Fun ဖြစ်အောင်ရိုက်ကူးခဲ့ပါတယ်...Vin Diesel,Donnie Yen,Deepika Padukone, Kris Wu ,Ruby Rose ,Tony Jaa,Samuel L. Jackson , Neymar Jr စသည်ဖြင့် နယ်ပယ်စုံက သရုပ်ဆောင်တွေပါ ထည့်သွင်းရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အမျိုးမျိုးသောအန္တရာယ်တွေ၊ သေစေနိုင်လောက်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်နေချိန် အမျိုးမျိုးသောလူစွမ်းကောင်းတွေကို ကမ္ဘာကြီးက လိုအပ်နေချိန်ဖြစ်ပါတယ်... Anarchy 99 ရဲ့ချိန်းခြောက်မှုကိုကယ်တင်ပြီးနောက် ၁၅ နှစ်အကြာ လက်ရှိအချိန်မှာ Xander Cage ဟာ Augustus Gibbons နဲ့ NSA တို့ရဲ့ xXx ပရိုဂရမ်ကနေဝေးဝေးနေချင်တဲ့အတွက်သူ့ကိုသူ သေဆုံးသွားပြီလို့ သတင်းလွှင့်ပြီး ရှောင်ပြေးနေခဲ့ပါတယ်။ ဒီလိုချိန်ခါမှာ Xiang (Donnie Yen) ဦးဆောင်တဲ့ အဆင့်မြင့်မြင့် ဖွဲ့စည်းထားတဲ့ လူဆိုးအဖွဲ့အစည်းတစ်ခုဟာ ဂြိုလ်တုတွေ အားလုံးကို ထိန်းချုပ်နိုင်တဲ့ပန်ဒိုရာသေတ္တာကို ခိုးယူသွားခဲ့ပါတယ်။ ဒါကြောင့် ပန်ဒိုရာဘောက်စ်ကို ပြန်ယူဖို့ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ Cage ဟာ ပြန်လာခဲ့ပြီး xXx အဖွဲ့အသစ်တစ်ခုကို စနိုက်ပါမန်း၊ စတန့်သမား၊ ကွန်ပျူတာကျွမ်းကျင်သူနဲ့ DJ သမားတစ်ယောက်ပါဝင်တဲ့အဖွဲ့တစ်ခုကိုဖွဲ့လိုက်ပါတယ်။ အလန်းစားတွေနဲ့ဖွဲ့စည်းထားတဲ့ X တို့အဖွဲ့ မစ်ရှင်အောင်မြင်သွားမလား ဒီအဖြစ်အပျက်တွေရဲ့နောက်ကွယ်က လက်မည်းကြီးကဘယ်သူလဲဆိုတာ....။ File size…(7.6GB)/(2 GB)/(1 GB) Quality…BluRay 4K HEVC /1080p HEVC / 720p Format…mkv/mp4 Duration….01:47:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Tun Aung Kyaw

Comedy • Drama
6.1 2017 107 mins
xXx: Return of Xander Cage
The Bodyguard from Beijing
6.5

IMDb - 6.5/10______Rotten - 71% ဂျက်လီရဲ့ အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်တဲ့ ဒီဇာတ်ကားက သာမန်သိုင်းချတဲ့အက်ရှင်ကားတွေနဲ့မတူပါဘူး... မြတ်နိုးရတဲ့အချစ်တစ်ခုအကြောင်းကို စီကုံးပြထားတဲ့ မျက်ရည်ပြဇာတ်တစ်ခုလိုပါပဲ... ဂျက်လီကလဲ ငယ်သေးသလို အဓိကမင်းသမီး Christy Chung ရဲ့ အလှဆုံးအချိန်မှာ ရိုက်မိထားတဲ့ အချစ်အက်ရှင်ဇာတ်ကားလေးပါ။ သက်တော်စောင့်လို့ပြောလိုက်တာနဲ့ ကျွန်တော်ကတော့ ဒီဇာတ်ကားထဲက ဂျက်လီဇာတ်ရုပ်ကို ပြေးမြင်မိတာပါပဲ။ သက်တော်စောင့်တစ်ယောက်ရဲ့ ဟန်ပန်အပြည့်အဝနဲ့ စွန့်စားမှု ပေးဆပ်မှုတွေနဲ့ တစ်ခါကြည့်ဖူးရင် မေ့မရတဲ့ဇာတ်ကားမျိုးပါ။ BluRay Quality ထွက်ရှိထားလို့ HEVC Quality နဲ့ အကောင်းဆုံး ပြန်လည်တင်ဆက်လိုက်ပါတယ်။ File size…(2.2 GB) / (900 MB) Quality….BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:32:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nu Mon

Adventure • Drama • Fantasy
6.5 1994 92 mins
The Bodyguard from Beijing
Robust
5.2

Robust (2021) ============ IMDb Rating - 5.7/10 သရုပ်ဆောင်တစ်ယောက်နဲ့ သူ့ကိုယ်ရံတော်ရဲ့ ဇာတ်လမ်း ဆိုပေမဲ့ အချစ်ဇာတ်လမ်းမဟုတ်ပါဘူး။ ဂျော့ဂျ်ဆိုတာက အသက်ကြီးကြီး သရုပ်ဆောင်တစ်ယောက်။ ပြဿနာလည်း ရှာတတ်တဲ့သူ။ တစ်နေ့မှာ သူ့ဘော်ဒီဂတ်က ခရီးသွားစရာရှိလို့ သူ့နေရာမှာ အိုင်အီဆာဆိုတဲ့ ငယ်ငယ်ရွယ်ရွယ်ဘော်ဒီဂတ် မလေးတစ်ယောက်ကို ထားခဲ့ပါတယ်။ ဘော်ဒီဂတ်ဆိုပေမဲ့ ကားမောင်းပို့ရတယ်၊ ဂျော့ဂျ်ရဲ့အချိန်ဇယား တွေလည်း ညှိပေးရတယ်၊ ဇာတ်ညွှန်းလည်းဖတ်ပေးရတယ်။ ဒါတင်မကသေးဘူး ဂျော့ဂျ်က အိုင်အီရှာရဲ့ အချစ်ရေးမှာလည်း ဝင်စွက်ဖက်ပါသေးတယ်။ ဒီလိုနဲ့ပဲ ပုံစံမတူကြတဲ့ သူတို့နှစ်ယောက် ကြား သူငယ်ချင်းဆက်ဆံရေးက ဘယ်လိုတွေဆက်ဖြစ်မလဲ။ ပြီးပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်ထားတယ်လို့ ထင်ရတဲ့ သရုပ်ဆောင် ကြီးဂျော့ဂျ်ရဲ့ ဘဝအစစ်အမှန်ကရော ဘယ်လိုတွေကွာခြားနေမ လဲဆိုတာ ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size..........(960 MB) / (400 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 35Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......EL Encoder..........SWM

Thriller
5.2 2022 95 mins
Robust
Death Note
4.2

ဒီနာမည်နဲ့ ဂျပန်ကားကိုတော့ မသိတဲ့ ရုပ်ရှင်ပရိသတ်အတော်ရှားမှာပါ။ အခုတင်ပေးထားတာကတော့ Netflix က ပြန်လည်ရိုက်ကူးတဲ့ အမေရိကန် death note ပါ။ ဇာတ်လမ်းကျောရိုးအနေနဲ့တော့ ဆင်တူပါတယ်။ Light ပါမယ်၊ L ပါမယ်၊ပန်းသီးကြိုက်တဲ့ သေခြင်းနတ်ဘုရား ပါမယ်ပေါ့။ အရင်ဇာတ်လမ်းမှာ မပါတဲ့ လှည့်ကွက်အသစ်တွေနဲ့ ရိုက်ကူးထားပါတယ်။ ကျွန်တော့်အမြင်ပြောရရင်တော့ အရင်ဇာတ်လမ်းထက် ညံ့တဲ့ လှည့်ကွက်အသစ်တွေနဲ့ အရင်ဇာတ်လမ်းထဲ ညံ့တဲ့ ဇာတ်သိမ်း ပါဝင်တယ်ပဲ ပြောရမှာပါပဲ။ အရင် Death Note ရဲ့ တစ်ဝက်လောက်ပဲ အဆင့်မှီအောင် ရိုက်ကူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် Death Note ကို ကြိုက်နှစ်သက်သေးသူတွေ အမေရိကန်ဗားရှင်းကို မြည်းစမ်းကြည့်ချင်သူတွေအတွက် တင်ပေးထားလိုက်ပါတယ်။ ရုပ်ရှင်ဆိုတာ ကိုယ့်အမြင်နဲ့ကိုယ် ခံစားတာမို့ ကြိုက်တဲ့သူတွေလည်း ကြိုက်ပါလိမ့်မယ်။ မြည်းစမ်းကြည့်နိုင်ပါတယ်။ (ဘာသာပြန်သူတွေကတော့ Scrn နဲ. Little Twinlay ပါ) File Size : (750 MB) and (300 MB) Quality : 720pWebdl Running Time : 1hr 41minutes Format : Mp4 Genre : Fantasy, Horror, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Scrn & Little Twinlay Encode by Thanhtike Zaw

Comedy • Family
4.2 2017 101 mins
Death Note
Under the Tuscan Sun
6.8

ဘဝမှာအဆိုးဆုံးသော နေ့ရက်တွေကိုဖြတ်သန်းနေရပါသလား။ အဆိုးဝါးဆုံးသောအရာတွေကို ကြုံတွေ့နေရပါသလား။ဆော်ပစ် ဘဲပစ်ခံရပြီး ဘဝထဲကအရေးအပါဆုံးသောလူတွေကိုဆုံးရှုံးနေရပါသလား။ အဲ့လိုတွေဖြစ်နေပေမဲ့လဲ စိတ်ဓာတ်လုံးဝမကျသွားပါနဲ့။ ဘဝမှာကိုယ့်အတွက် ကောင်းမွန်တဲ့အရာတွေက အံ့သြစရာအဖြစ်ကိုယ့်ဆီရောက်ရှိလာနိုင်သလို ကိုယ့်ရဲ့ဆုတောင်းတွေကလဲ တစ်ချိန်ချိန်မှာပြည့်ဝလာနိုင်လို့ပဲဖြစ်ပါတယ်။ ဒီကားလေးထဲမှာလဲ အဲ့ဒီလိုမျိုးကံဆိုးမသွားရာ မိုးလိုက်လို့ရွာနေတဲ့ အရမ်းကံ ဆိုးပြီးတော့ ဘဝကြီးကိုအရှုံးပေးချင်နေတဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့ မြင်ရမှာပဲဖြစ်ပါတယ်။ သူကတော့စာရေးဆရာမဖရန်ဆက်ဖြစ်ပြီးတော့ သိပ်မကြာ သေးခင်ကပဲ သူကိုယ်တိုင်ပြုစုပျိုးထောင်ပေးခဲ့တဲ့ သူ့ရဲ့ယောက်ျားဖြစ်သူ စာရေးဆရာ ပေါက်စကနာမည်ကြီးသွားတဲ့အခါမှာ ဖောက်ပြန်ပြီးတော့သူ့ကိုပစ်သွားတဲ့အပြင် လျော်ကြေးငွေပေးရင်ပေး မပေးရင်အိမ်ပေးဆိုလို့အိမ်ကိုပေးခဲ့ရသူပဲဖြစ်ပါတယ်။ ဒီလိုနဲ့ဖရန်ဆက်တစ်ယောက်လဲကွာရှင်းပြီး နောက်ပိုင်း စိတ်ဓာတ်တွေကျနေတုန်း သူငယ်ချင်းတွေရဲ့ကောင်းမှုနဲ့ အီတလီကိုခရီးသွားဖြစ်ခဲ့ပါတော့တယ်။အဲ့ဒီမှာ ရောင်းရန်ဆိုတဲ့ အိမ်လေးတစ်လုံးကိုတွေ့ခဲ့ပြီး ဘာမှတွေးမနေတော့ပဲ တခြားနိုင်ငံက အိမ်တစ်လုံးကိုဝယ်ဖြစ်ခဲ့ပါတော့တယ်။ဒီလိုနဲ့အဲ့ဒီအိမ်လေးမှာနေထိုင်နေရင်း သူ့ရဲ့ဘဝကိုအသစ်ကနေပြန်စတင်ပါတော့တယ်။ဒါပေမယ့်လဲ လေပြေတွေမလာခင် တိုက်ခတ်နေတဲ့ မုန်တိုင်းတွေကိုဖရန်ဆက်တစ်ယောက်ထပ်ကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာ တော့သူ့ဘဝရဲ့ဆုတောင်းတွေဘယ်လိုပြည့်ဝသွားမလဲ ပျော်စရာဘဝကိုရောဘယ်လိုကြုံ တွေ့ရမလဲ ဆိုတာကို စိတ်ခွန်အားတက်စရာအနေနဲ့ ဒရာမာတွေအများကြီးချိုးပြီး ရယ်လိုက်ငိုလိုက်နဲ့ ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်။ File size…3.90GB / 1.39GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 53m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Drama
6.8 2003 113 mins
Under the Tuscan Sun
The Score
5.5

The Score (2022) ဒီရုပ်ရှင်ကတော့ Musical အမျိုးအစားပါ။ ဒါပေမယ့် တခြားဇာတ်ကားတွေနဲ့မတူတာက Crime Musical အမျိုးအစား ဖြစ်ပါတယ် အဓိက ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ ထရိုင်နဲ့မိုက်တို့က ဒုစရိုက်သမား တေလေဂျပိုးတွေပါ ထရိုင်ရဲ့အစ်ကို နဲ့မိုက်နဲ့က အရင်ကတွဲဖက်ဖြစ်ပြီး ကိစ္စတစ်ခု အဆင်မပြေရင်း ထရိုင်ရဲ့အစ်ကို ထောင်ကျသွားခဲ့တယ် အဲမှာ မိုက်က ထရိုင်ကို ခေါ်ပြီး သူ့အစ်ကို ဝှက်ထားခဲ့တဲ့ ပိုက်ဆံတွေနဲ့ အပေးအယူတစ်ခု လုပ်ဖို့ ကော်ဖီဆိုင်တစ်ခုကို ခရီးထွက်ခဲ့ကြတယ် ရလာတဲ့ ပစ္စည်းတွေ အမြတ်တွေလည်း တစ်ယောက်တစ်ဝက်ခွဲကြမယ်ဆိုပြီးတော့ပေါ့ ဒါပေမယ့် ထရိုင်က ကော်ဖီဆိုင်ကိုရောက်တော့ ကော်ဖီဆိုင်က မိန်းကလေးကို စိတ်ဝင်စားသွားခဲ့တယ် အဲမှာ အရာအားလုံးက သူတို့ထင်ထားခဲ့တဲ့အတိုင်းဖြစ်မလာခဲ့တော့ဘူး ပြီးတော့ မိုက်က ထရိုင်ကိုခေါ်လာတဲ့ အဓိက အကြောင်းရင်းကတော့….. Drama, Romance လေး အနည်းငယ် ပါပေမယ့် တခြား Musical ကားတွေလိုတော့ အချစ်သီးသန့်ကား မဟုတ်ဘူး ဒုစရိုက်မှုတွေ အက်ရှင်ခန်းတွေ Musical ခန်းတွေပါတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ကြည့်နေကျ Musical တွေထဲကနေ ကွဲထွက်တဲ့ အရသာတစ်မျိုး ရမယ်ဆိုတာ သေချာပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Kuz ပဲ ဖြစ်ပါတယ်။ Genre…..Crime, Music, Romance Quality…. 1080p | 720p | 480p File size… 1.1GB | 514MB | 262MB Format… mp4 Duration….1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kuz Encoder ….. August

Action • Thriller
5.5 2022 101 mins
The Score
One Hundred and One Dalmatians
7.3

One Hundred and One Dalmatians (1961) ~ IMDb – 7.3/10, Rotten Tomatoes – 98% ~ ပထမဆုံးပြောချင်တာကတော့ Animated Movies တွေကို ရှေးခေတ်က ဖန်တီးတဲ့နေရာမှာ အသုံးပြုခဲ့တဲ့ နည်းလမ်းတွေပေါ့ဗျာ။ ဓာတုဆေးရည်တွေသုံးပြီး အရောင်ခြယ်ပုံတွေ မိတ္တူဆွဲခဲ့ကြတုန်းက အရောင်စိုစိုပြောင်ပြောင်တွေ ရခဲ့တဲ့ခေတ်အပြီးမှာတော့ မင်ခြောက်ကိုသုံးပြီး မိတ္တူဆွဲ Cell ထဲထည့်တဲ့ခေတ်ကို ရောက်လာပါတယ်။ မနှင်းဖြူနဲ့ လူပုလေးတွေ၊ အခုတင်ဆက်မယ့် ဒယ်မေးရှင်း တစ်ရာ့တစ်ကောင် တို့ကစလို့ နှောင်းပိုင်း Animated Movies တွေအထိ ဆင့်ကဲတိုးတက်သုံးစွဲလာတဲ့ နည်းလမ်းတစ်ခုပါ။ မင်ခြောက်ဖြစ်တဲ့အတွက် အရောင်တွေက သဘာဝနဲ့နီးစပ်ပြီး မိတ္တူဆွဲပြီးတာနဲ့ Cell တွေထဲ တစ်ခါတည်းထည့်လို့ Computerized Animation လုပ်လို့လည်း ရသပေါ့လေ။ ဒါပေမဲ့ 101 Dalmatians မှာတော့ Computer ရဲ့ Artificial Intelligence က ဆက်ဆွဲပေးတဲ့ 3D Sensor Automatic Drawing တွေ မပါလို့ တစ်ပုံချင်းဆီကို အသေးစိတ် ဆွဲပေးခဲ့ရပါတယ်။ ဒါ့ကြောင့်မလို့ 101 Dalmatians မှာ ပုံပေါင်း တစ်သိန်းတစ်သောင်းကျော် လက်နဲ့ရေးဆွဲခဲ့ရတာပေါ့ဗျာ။ မျက်လုံးထဲ မြင်အောင်ပြောရရင် ခွေးကလေးက လမ်းလျောက်လာရင်း လမ်းတစ်ဖက်ကို လှည့်ကြည့်လိုက်တဲ့ Cut လေး ဆွဲကြမယ်ဆိုပါတော့။ 3D Sensor နဲ့ ဖတ်ပြီး ဆက်လက်ဆွဲနိုင်ဖို့ မူလ အသေးစိတ်ကျကျပုံ ဆယ်ဂဏန်းလောက် ဆွဲပေးနိုင်ရင် Computer ကနေ အလိုအလျောက် ဆက်ဆွဲပေးပြီး Animated လုပ်ပေးပါတယ်။ လူမပန်းတော့ပါဘူး။ ဒါပေမဲ့ ဒီဇာတ်ကားလုပ်ခဲ့တဲ့နှစ်ကတော့ ပုံတိုင်းကို အသေးစိတ် ရှုတောင့်ပေါင်းစုံကနေ ရေးဆွဲပေးရလို့ လက်ဝင်ပြီး ပင်ပန်းရတာပေါ့။ စာအုပ်တောင့်လေးမှာ ပုံတွေဆွဲပြီး စာရွက်တွေ တဖျပ်ဖျပ်လှန်လိုက်ရင် လှုပ်ရှားလာတဲ့ အခြေခံသဘောတရားပါပဲ။ ဒီဇာတ်ကားမှာ ဒယ်မေးရှင်းတွေရဲ့ ဝိသေသဖြစ်တဲ့ အနက်ရောင် အစက်အပြောက်လေးတွေ သိကြမှာပါ။ ရေးဆွဲသူတွေဟာ ပွန်ဂို အတွက် အစက် ၇၂ စက်၊ ပါဒီတာ အတွက် အစက် ၇၈ စက်၊ ကလေးတစ်ကောင်ချင်းစီအတွက် ၃၂ စက်၊ စုစုပေါင်း ၃၃၁၈ စက် ရှိပါတယ်။ ဒါ့ကြောင့်မလို့ တစ်ရာ့တစ်ကောင်လုံးကို ပြိုင်တူပြတဲ့အခန်းတွေကို မြှောက်ကြည့်လိုက်ရင် အစက်ပေါင်း ၆၄၆၉၉၅၂ စက် ဆွဲခဲ့ရပါတယ်တဲ့။ လူကြီးမင်းကသာ ရေးထားတဲ့ ဂဏန်းတွဲကို ကျော်သွားတာပါ။ တကယ်ရေခဲ့တဲ့သူကတော့ အတည်ကြီး ရေသွားတာဗျ။ အဲဒီအစက်တွေဆွဲဖို့သက်သက်အတွက် အနုပညာအသင်းတစ်ခု ဖွဲ့ခဲ့ရသတဲ့။ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားပြီး ကားထဲက ခွေးဟောင်သံတွေအားလုံးဟာ လူတွေတုပပြီး ဟောင်ထားတဲ့ လူဟောင်သံတွေပါနော်။ သုတ်ဆေး ၉၅၇၉ ပေါင် သုံးစွဲခဲ့ပြီး ဘောလုံးကွင်း ၁၅ ခုကို ဆေးသုတ်ပစ်လို့ရတဲ့ ပမာဏဗျ။ Cruella ကို ဒစ်စနေး က မင်းသမီးတစ်ယောက် နမူနာကြည့်ပြီး ဆွဲထားသတဲ့။ ဘယ်သူလဲ သိချင်ကြလား။ ဒယ်မေးရှင်းအစစ်တွေမှာ အဖြူဆွတ်ဆွတ်ဖြစ်ပေမဲ့လို့ ကာတွန်းထဲမှာတော့ ကာလာသီအိုရီအရ မီးခိုးရောင်ဖျော့ထားရပါတယ်။ ဇာတ်လမ်းကတော့ အားလုံးနီးပါးကြည့်ဖူးကြတဲ့ ‌ဒယ်မေးရှင်းခွေး တစ်ရာ့တစ်ကောင်ဇာတ်ကားအတိုင်းပါ။ Live Action ပြန်ရိုက်ထားပြီး CM မှာလည်း တင်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ မူရင်း Animated ဇာတ်ကားမရှိတာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်တာပါ။ ဒယ်မေးရှင်းခွေးအမျိုးအစားဖြစ်တဲ့ ပွန်ဂိုတစ်ကောင် သခင့်အတွက်ဇနီးလောင်းရှာပေးရင်း ကိုယ်တိုင်လည်း ဇနီးချောလေးတစ်ယောက်ရတာကနေ စတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ပွန်ဂိုနဲ့ သူ့ချစ်ဇနီးလေးတို့က ခွေးပေါက်လေး ၁၅ ကောင်မွေးခဲ့ပါတယ်။ အဲဒါကို ဒယ်မေးရှင်း ခွေးသား‌မွေးအင်္ကျီ ချုပ်ဝတ်ချင်တဲ့ သခင်မရဲ့ သူငယ်ချင်း Cruella က ခွေးပေါက်လေးတွေကို လာဝယ်ပါတော့တယ်။ မရောင်းဘူးပြောပြီး မောင်းထုတ်ခံလိုက်ရတဲ့ Cruella က လူမိုက်ငှားပြီး ခွေးလေးတွေကို ခိုးပါတော့တယ်။ ဒီဇာတ်ကားက ခွေးလေးတွေကို ဇာတ်ဆောင်တင်ရိုက်ရလို့ လူတွေကို ညံ့ဖျင်းသူတွေအဖြစ် သိသိသာသာ ဇောင်းပေးထားရပါတယ်။ သခင်လုပ်သူကလည်း ဘာမှမလုပ်တတ်မကိုင်တတ်၊ သီချင်းရေးဆရာဘဝနဲ့ ငွေမရှာနိုင်သူကြီးပါ။ သခင်မကလည်း ခင်ပွန်းကိုပဲမှီခိုပြီး စားဝတ်နေရေးကို ပင်ပန်းစွာ စီမံနေရသူပေါ့။ စီးပွားရေးညံ့ဖျင်းတာထားပါလေ။ ခွေးပေါက်လေးတွေ ပျောက်တဲ့အချိန်မှာ ရဲကိုတိုင်ပြီး အိမ်မှာငုတ်တုတ်ထိုင်စောင့်နေရလောက်အောင်ကို ညံ့ဖျင်းကြသူတွေပါ။ ဒါတင်မက ခွေးလေးတွေကို ပွန်ဂိုတို့လင်မယားနှစ်ယောက် အခက်ခဲတွေကျော်ဖြတ်ပြီး သွားကယ်ရတဲ့အခါမှာတောင် သူတို့ခွေးတွေ အိမ်ကထွက်ပြေးသွားတယ်လို့ ထင်ကြသူတွေပါ။ အံ့ပါရဲ့လေ။ သူတို့အလိုသာဆို ခွေးပေါက်လေး ၁၅ ကောင်ရယ်၊ အခြားနေရာက ဖမ်းလာတဲ့ ခွေးပေါက်လေး ၈၄ ကောင်ရယ်ပါ သားမွေးအင်္ကျီဖြစ်ရဖို့ရှိပါတယ်။ ဒီလိုနဲ့ ခွေးလေးတွေကိုကယ်ဖို့ ခရီးကြမ်းထွက်ခဲ့ရတဲ့ ဒယ်မေးရှင်းလင်မယားရယ်၊ သူတို့ရဲ့ တစ်ရာ့တစ်ကောင်အိမ်အပြန်ခရီးရယ်ကို အရင်အချိန်တွေ ပြန်သတိရရင်း ကြည့်ရှုနိုင်မှာဖြစ်လို့ လက်လွတ်မခံဖို့ အကြံပေးလိုပါတယ်နော်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 740MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 19Min Genre – Animation, Adventure, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Thriller • Mystery
7.3 1961 79 mins
One Hundred and One Dalmatians
They Shot the Piano Player

ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ ဂီတသမားတစ်ယောက်ရဲ့ documentary ကို animation ပုံဖော်ထားတဲ့ ကာတွန်းဇာတ်လမ်းလေးပါ ဘယ်လို ခေတ်ပေါ် ဂီတမျိုးဖြစ်နေပါစေ တချိန်က ဂီတဂုရုကြီးတွေရဲ့ ဆန်းသစ်မှုကြောင့် ပေါ်ထွက်လာရတာချည်းပါ သူတို့က အချိန်ခဏလောက် ပေါ်လာပြီး ချက်ချင်းမြုပ်သွားတာလည်း ဖြစ်နိုင်တယ်… ပရိသတ်တွေမသိကြရတာလည်းဖြစ်နိုင်တယ် ဒါပေမဲ့ musician တွေကတော့ သူတို့လက်ရာတွေကို လေ့လာသင်ယူပြီး ခေတ်ပေါ်သီချင်းတွေ ဖန်တီးလာကြတာမို့လို့ အများမသိတဲ့ ဂုရုများလို့ ပြောရမလိုပဲ ဒီမှာဆိုရင်လည်း ၁၉၆၀ ကာလ ဘရာဇီး Samba Jazz ဂီတလှုပ်ရှားမှုမှာ ဂုရုတစ်ပါးဖြစ်တဲ့ စန္ဒရားဆရာ Tenório အကြောင်း နောက်ခံရာဇဝင်ကို အမေရိကန် ဂီတ ဂျာနယ်လစ်တစ်ယောက်က အားတက်သရော လိုက်လံမေးမြန်းတာတွေကို တင်ဆက်ထားတယ် ဒါ့အပြင် Tenório က စောစီးစွာ ကြွေလွင့်ခဲ့ရတယ် လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားရတယ် သူ့ရဲ့ ဆွေမျိုးအသိုင်းအဝိုင်းမိတ်ဆွေ ဂီတသမား အစုံအလင်ကို ဂျာနယ်လစ်က လိုက်လံ အင်တာဗျူးရင်း စိတ်ဝင်စားဖို့ကောင်းတဲ့ ဂီတသမားတစ်ယောက်အကြောင်းကို တဖြည်းဖြည်းခံစားမိလာပြီး ဘရာဇီးနဲ့ အာဂျင်တီးနားက အရေးခင်းတွေကိုပါ ပါးပါးလေး ထည့်သွင်းပေးထားတဲ့ စိတ်ဝင်စားဖွယ်ရုပ်ရှင်တစ်ပုဒ် ဖြစ်ကြောင်း ညွှန်းလိုက်ရပါတယ် File size…(1.4 GB)/(772 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Drama, History, Animation Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 2023
They Shot the Piano Player
Mallari
6.7

၂၀၂၃ ခုနှစ်ကထွက်ရှိထားတဲ့ Mallari ရုပ်ရှင်ဟာ Horror အမျိုးအစားဖြစ်ပါတယ်။ အောက်လမ်းအတတ်၊ ရက်ရက်စက်စက်လူသတ်ခန်းတွေနဲ့အတူ သရဲတွေကိုပါ အချိန်ခရီးသွားနိုင်တဲ့ဇာတ်ကောင်တွေနဲ့အတူ ပေါင်းစပ် ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာ၊ အထူးပြုလုပ်ချက်တွေ၊ ရုပ်ရှင်ရိုက်ကူးမှု၊ တည်းဖြတ်မှုနဲ့ သရုပ်ဆောင်ပိုင်းတွေအတွက် ဆုပေးပွဲတွေမှာ အမည်တင်သွင်းခံခဲ့ရသလို ဆုတွေလည်းအများကြီးရထားတဲ့ သရဲကားဖြစ်လို့ Horror ဖန်တွေအကြိုက်ဖြစ်စေမှာကတော့ သေချာပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ပထမဆုံးမှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ဆက်တိုက် လူသတ်သမား Severino Mallari အကြောင်း ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားပြီး ရုပ်ရှင်ထဲမှာ ၁၈၁၂၊ ၁၉၄၈ နဲ့ ၂၀၂၃ ဆိုတဲ့အချိန်ကာလသုံးခုပါဝင်တဲ့အနက် ၁၉၄၀ နဲ့ ၂၀၂၃ အချိန် ကာလကအဖြစ်အပျက်တွေကတော့ စိတ်ကူးယဉ်ဖန်တီးမှု သာဖြစ်ပါတယ်။ ဖိလစ်ပိုင်ကို စပိန်တွေအုပ်စိုးချိန် ၁၉ ရာစုက နာမကျန်းဖြစ်နေတဲ့မိခင်အတွက် လူ ၅၇ ယောက်သတ်ဖြတ်ခဲ့တဲ့ ဖာသာ Severino Mallari ဟာ ကြိုးမိန့်ပေးခံခဲ့ရပါတယ်။ Mallari မိသားစုက မတူညီတဲ့အချိန်ကာလသုံးခုမှာရှိနေတဲ့ Juan Severino၊ Johnrey နဲ့ Jonathan ဆိုတဲ့မျိုးဆက်သုံးခု အကြောင်း ရိုက်ကူးပြသထားပါတယ်။ ၁၈၁၂ က Severino က အစေခံတွေရဲ့ပြုစားတာခံလိုက်ရတဲ့ မိခင်အသက်ကိုကယ်ဖို့ မကောင်းတဲ့လူတွေကိုအပြစ်ပေးတာ ဆိုတဲ့အကြောင်းပြချက်နဲ့ လူ ၅၇ ယောက်ကိုသတ်ပြီး မိခင်ကိုစားစေခဲ့ပါတယ်။ ၁၉၄၈ က Mallari မျိုးဆက်တစ်ဦးဖြစ်တဲ့ Johnrey က မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူဖြစ်ပြီး သူတို့မိသားစုထဲကလူတချို့မှာ အချိန်ခရီးသွားနိုင်စွမ်းရှိတာကို ရှာဖွေတွေ့ရှိခဲ့သူပါ။ Severino မရှိတော့ပေမယ့် လူသတ်မှုတွေကမရပ်သေးလို့ စုံစမ်းရာကနေ Severino ရှိရာ ၁၈၁၂ ကို မှတ်တမ်းရုပ်ရှင် သွားရိုက်နိုင်ခဲ့သလို အနာဂတ်က Jonathan ကိုလည်း အန္တရာယ်ကိုသတိပေးခဲ့သူဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်က Jonathan ကတော့ ဆရာဝန်တစ်ဦးဖြစ်ပြီး အထပ်ထပ်အခါခါမက်နေတဲ့အိပ်မက်ဆိုးတွေကြောင့် မိသားစုအတိတ်ကိုပြန်လည်တူးဆွဖို့ Mallari နေအိမ်ကြီးကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ တကယ်တမ်းမှာ Jonathan က အိပ်မက်မက်နေတာမဟုတ်ဘဲ အချိန်ခရီးသွားနေခဲ့တာသာ ဖြစ်ကြောင်းသိရှိလိုက်ရပြီး အနာဂတ်ကချစ်သူ Agnes ရဲ့ အသက်ကိုကယ်ဖို့အစွမ်းကုန်ကြိုးပမ်းရာကနေ မတူးဖော် သင့်တာတွေကိုပြန်လည်တူးဆွမိခဲ့ပါတော့တယ်။ File size…1.45GB / 628MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 9m Genre ….. Drama , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Thriller • Horror
6.7 2023
Mallari
A Record of Sweet Murder

A Record of Sweet Murderer (2014) ********************************* စိတ္တဇဆေးရုံကနေထွက်ပြေးလွတ်မြောက်ပြီး စိတ္တဇလူသတ်သမား ဘတ်ဆန်းဂျွန်း… ဘတ်ဆန်းဂျွန်းက သူလူသတ်ရတဲ့ အကြောင်းအရင်းတွေကို လူတွေကိုပြောပြချင်ခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ ငယ်သူငယ်ချင်းလည်းဖြစ် သတင်းထောက်လည်းဖြစ်တဲ့ ဂင်ဆိုယွန်းထံ ဖုန်းခေါ်ခဲ့ပါတယ်။ အင်တာဗျူးလုပ်ပေးဖို့အတွက်လည်း ဂျပန်လူမျိုးကင်မရာသမားတစ်ယောက်ကိုပါ ခေါ်ခဲ့ဖို့… ဂင်ဆိုယွန်းကို တောင်းဆိုခဲ့ပါတယ်။ သတင်းထောက်ဖြစ်တဲ့ ဆိုယွန်းကလည်း သူတောင်းဆိုတဲ့အတိုင်း… သူနဲ့ရင်းနှီးတဲ့ ဂျပန်လူမျိုးကင်မရာသမား တာရှီရိုကိုခေါ်ပြီး ချိန်းဆိုတဲ့နေရာကိုသွားခဲ့ပါတယ်။ ဘတ်ဆန်းဂျွန်းရဲ့လူလိုက်သတ်ရတဲ့အကြောင်းပြချက်ကလည်းထူးခြားလှပါတယ်။ အဲဒီအကြောင်းအရင်းကိုဆိုယွန်းအပါအဝင် ဘယ်သူမှမယုံကြည်ကြပါဘူး။ သူလူသတ်ရတဲ့အကြောင်းအရင်းက ဘာတွေဖြစ်မလဲ….အလောင်းရှာမတွေ့သေးဘဲ.. သူသတ်လာတဲ့လူတွေ ဘယ်နှယောက်တောင်ရှိပြီလဲ…. ဘယ်လိုလူမျိုးကိုရွေးသတ်တာလဲ… ဆိုယွန်းနဲ့ တာရှီရိုရော အန္တရာယ်ကင်းနိုင်ပါ့မလား…ဘတ်ဆန်းဂျွန်းရဲ့ လူသတ်ရတဲ့… အကြောင်းအရင်းကရော…ယုတ္တိရှိနေမလား…ရူးနှမ်းမှုသက်သက်ပဲလားဆိုတာ… ဒီ Thriller, Drama ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုကြရအောင်နော် File size… 1.89GB / 780MB Quality…WEB-DL 1080p 720p Genres: Horror, Drama Duration: 1 hr 30 mins Subtitle….Myanmar Subtitle (Hard Sub) Translated By Han Encoded By Heather Oo

0 2014 86 mins
A Record of Sweet Murder
No Mercy
7.4

IMDb 7.4 အထိရရှိထားတဲ့ဇာတ်ကားကောင်းပါ ဇာတ်လမ်းအမျိုးအစားကတော့ Action , Crime , Thriller ဖြစ်ပြီးတော့ 2010 မှာ ထွက်ရှိထားတဲ့ ကိုရီးယားရုပ်ရှင် No Mercy ဟာ ဒါရိုက်တာ Hyeong-Joon Kim က ရိုက်ကူးတင်ဆက်ထားတဲ့ အလန်းစားရုပ်ရှင်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ် One Of The Best Thriller Movie လို့တောင် တင်စားပြောရမလိုဖြစ်နေပါတယ် ဇာတ်လမ်းအညွှန်းကိုတော့ ရှည်ရှည်ဝေးဝေးကြီးသိပ်မပြောလိုတော့ဘူး နာမည်ကြီးဆရာဝန်တစ်ယောက်.ရယ် ငါးပိုင်းပိုင်းပြီးတော့ အသတ်ခံလိုက်ရတဲ့ မိန်းကလေးတစ်ယောက်နဲ့ လူသတ်သမား…ပြီးတော့ ပြည်ပမှာ စာသင်ပြီး ပြန်လာမယ့် မှုခင်းဆရာဝန်ရဲ့သမီးကလည်း ထပ်ပြီးပြန်ပေးဆွဲခံရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကိုယ်တိုင်သာဆက်လက်ခံစားကြည့်ရှုပါ အဆုံးသတ်လေးကလည်း အတော်ကိုထိသွားနိုင်ပါတယ် ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားပါပဲ 18+ အခန်းတွေအနည်းငယ်တော့ပါပါတယ်

Drama • Family • Fantasy
7.4 2010 125 mins
No Mercy
Valiant One
5.2

Valiant One (2025) IMDb Rating (5.2) / Rotten Tomatoes (33%) အက်ဒဝပ် ဘရော့ခ်မန်းဟာ ကွန်ပျူတာရှေ့မှာပဲ အချိန်ကုန်တာများတဲ့ နည်းပညာရှင်တပ်ကြပ်တစ်ယောက်ဖြစ်ပြီး ဆယ်ဘီကတော့ သူနဲ့ ရာထူးအဆင့်တူတဲ့ တပ်ကြပ်တစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူတို့ဟာ တောင်ကိုရီးယားပိုင်နက်မှာ တခြားတပ်ဖွဲ့ဝင်တွေနဲ့အတူ မြေအောက်ခြေရာခံစက်ချို့ယွင်းမှုကို စစ်ဆေးဖို့အတွက် သာမန်စစ်ဆင်ရေးတစ်ခုအနေနဲ့ ရဟတ်ယာဉ်တစ်စီးနဲ့ ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ နည်းပညာချို့ယွင်းမှုကို စစ်ဆေးပြီး ပြန်အလာမှာ ရဟတ်ယာဉ်က စက်ချို့ယွင်းပြီး ပျက်ကျသွားခဲ့ပြီး သူတို့ရဲ့ခေါင်းဆောင်ဗိုလ်မှူးက အပြင်းအထန်ဒဏ်ရာရပြီး ရှေ့ဆက်သွားဖို့မဖြစ်နိုင်တဲ့အတွက် ဘရော့ခ်မန်းကို ဦးဆောင်ဖို့ တာဝန်ပေးအပ်လိုက်ပါတော့တယ်။ သူတို့ဟာ ဂြိုဟ်တုဖုန်းနဲ့ အခြေစိုက်စခန်းကို လာရောက်ကယ်ဆယ်ပေးဖို့ စစ်ကူတောင်းခံတဲ့အခါ သူတို့ဟာ မြောက်ကိုရီးယားနိုင်ငံထဲကို ရောက်ရှိနေမှန်း သိလိုက်ရပါတော့တယ်။ အမေရိကန်ဘက်ကလည်း မြောက်ကိုရီးယားနိုင်ငံပိုင်နက်ကို ဝင်တာနဲ့ စစ်ကြေညာတဲ့သဘော သက်ရောက်သွားမှာဖြစ်တဲ့အတွက် မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနယ်ခြားမျဉ်းက ကိုဩဒိနိတ်တစ်ခုကို အရောက်လာခဲ့မှသာလျှင် ကယ်ထုတ်ပေးနိုင်မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒီတော့ သူတို့တွေ မြောက်ကိုရီးယားကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်ဖို့ ဘယ်လိုကြိုးပမ်းကြမလဲဆိုတာက စိတ်လှုပ်ရှားဖွယ်ရာကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Matteo ဖြစ်ပါတယ်။) File size…(4.4 GB) / (1.5 GB) / (900 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…mp4/ mkv Duration….01:48:00 Genre…War, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Matteo

TV Movie • Drama • Comedy • Romance
5.2 2025
Valiant One
Psycho II
6.6

Psycho II (1983) Review Bates Motel နဲ့ နော်မန်ဘိတ်စ်တို့မိသားစုအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်၊ Series တွေ ရှိတဲ့အထဲမှာမှ 1960 ခုနှစ်က ဒါရိုက်တာ Alfred Hitchcock ရဲ့ Psycho ရုပ်ရှင်ကားကြီး ထွက်ရှိပြီး ၂၃ နှစ်အကြာမှာ နော်မန်ဘိတ်စ်ရဲ့ မပြီးဆုံးသေးတဲ့ဘဝဇာတ်လမ်းကို Psycho II အနေနဲ့ တင်ဆက်လာပါတယ်။ စိတ်ကျန်းမာရေးဆေးရုံက လူကောင်းပကတိအဖြစ်ကို ပြန်ရောက်ရှိပြီဆိုတဲ့ ထောက်ခံချက်နဲ့အတူ တရားရုံးကနေ နော်မန်ဘိတ်စ်ကို လူ့အသိုင်းအဝိုင်းထဲကို ပြန်လည်ဝင်ရောက်ခွင့် ပေးခဲ့ပါတယ်။ ဒေသခံစားသောက်ဆိုင်လေးတစ်ခုမှာ အကူအဖြစ်နဲ့ ဘဝကို ပြန်လည်စတင်ခဲ့တဲ့ နော်မန်ဘိတ်စ်ဟာ လုပ်ဖော်ကိုင်ဖက် စားပွဲထိုးမလေး မေရီကို မျက်စိကျလာခဲ့ပါတယ်။ ရည်းစားပြဿနာကြောင့် တစ်ညတာအိပ်စက်ရမယ့်နေရာပါ အခက်အခဲတွေ့နေတဲ့ မေရီကို သူ့ရဲ့မိုတယ်မှာ တည်းခိုဖို့ နော်မန်က ကမ်းလှမ်းခဲ့ပါတယ်။ သူ့မိုတယ်ကို ပြန်ရောက်ရောက်ချင်းမှာပဲ Bates Motel ဟာဆေးသမားတွေ၊ အပျော်အပါးလိုက်စားသူတွေ ကျက်စားရာ ညစ်ညမ်းဟိုတယ်အဖြစ်ကို ရောက်နေမှန်း မျက်မြင်သိခဲ့ရပါတယ်။ ဟိုတယ်မန်နေဂျာကို နေရာမှာတင် အလုပ်ထုတ်ပြီး မေရီကို သူ့ရဲ့အိမ်ထဲမှာပဲ တည်းခိုခွင့်ပေးခဲ့ပါတယ်။ ဘဝမှာ အခြေကျအနည်ထိုင်ဖို့ အစပြုလာစဉ်မှာပဲ ဟိုတယ်မန်နေဂျာ တွန်းမီရဲ့ စားသောက်ဆိုင်အထိ လာရောက်နှောက်ယှက်မှုတွေ၊ သူ့ရဲ့သေဆုံးသွားပြီဖြစ်တဲ့ အမေဆီက ရောက်လာတဲ့ စာတွေ၊ ဖုန်းကောလ်တွေကြောင့် နော်မန်ရဲ့ဘဝဟာ ခြောက်ခြားဖွယ်ဇာတ်လမ်းတစ်ပုဒ်အဖြစ်ကို ပြန်ရောက်ရှိလာခဲ့ပါတယ်။ စွန့်ပစ်အိမ်ကြီးလိုဖြစ်နေတဲ့ နော်မန်တို့အိမ်ဟာ နှစ်ပေါင်းများစွာ ဆေးသမားတို့ပျော်စံပုန်းခိုရာ ဖြစ်ခဲ့ပါတယ်။ နော်မန်ပြန်ရောက်ပြီးမကြာခင်မှာပဲ သူတို့အိမ်မြေအောက်ခန်းကို ခိုးဝင်ပြီးပျော်ပါးတဲ့ စုံတွဲတစ်တွဲဟာ အဖြစ်ဆိုးတစ်ပတ်ပြန်လည်လာတဲ့အခိုက်မှာ ပဟေဠိလူသတ်သမားကောင်ရဲ့ သားကောင်အဖြစ် ကျရောက်ခဲ့ရပါတယ်။ သူ့ကို စာတိုတွေ၊ ဖုန်းကောလ်တွေနဲ့ နှောက်ယှက်နေတာကရော ဘယ်သူလဲ သူ့ဘဝထဲကို ဝင်လာပြီး ရဲတွေသူ့ကို သံသယဝင်မယ့်အဖြစ်ကနေကာကွယ်ပေးနေတဲ့ မေရီရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကရော ဘာလဲ သူ့အိမ်ထဲမှာ မကြာခဏတွေ့နေရတဲ့ အမျိုးသမီးသဏ္ဌာန်ကရော သူ့အမေအစစ်ပဲလားဆိုတဲ့ မေးခွန်းများစွာနဲ့အတူ အတိတ်က အိပ်မက်ဆိုးကတော့ နော်မန်ဘိတ်စ်ဆီကို တစ်ကျော့ပြန်လာခဲ့ပြီပဲဖြစ်ပါတယ်။ File size… 2.2 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 53m Genre ….. Horror/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Thriller
6.6 1983 113 mins
Psycho II