YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

She and Her Perfect Husband E04 (1080p) CM.mp4

541.17 MB N/A video/mp4 185 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Death Hunt
3

ငယ်ငယ်က တွတ်ပီ ဘယ်စာအုပ်မှာလဲမသိ၊ တွတ်ပီနဲ့ဗိုက်ကလေး ကျွန်းကြီးတစ်ကျွန်းမှာ သောင်တင်ပြီး ကျွန်းပိုင်ရှင်ဘဲက သူတို့ကို လူအမဲလိုက်တဲ့ ဇာတ်လမ်းကို တော်တော်များများလည်း ဖတ်ဖူးကြမယ်ထင်ပါတယ်။ ခု ဒီကားရဲ့ဇာတ်လမ်းဟာ အဲဒီဇာတ်လမ်းနဲ့ ကျောရိုးတစ်ထေရာတည်းနီးပါးတူတဲ့ ဇာတ်လမ်းပါပဲ။ ဆိုတော့ ဒီကားဟာလည်း Survival ရုပ်ရှင်တွေကို ကြိုက်တဲ့သူတွေအတွက် စိတ်အပန်းပြေမယ့် ရုပ်ရှင်တစ်ကားပါပဲပေါ့။ တချို့က အသွေးထဲအသားထဲကနေကို အမဲလိုက်ခြင်းကို ဝါသနာထုံကြပါတယ်။ ဒီလိုဝါသနာထုံကြတဲ့လူတွေထဲ လူသားအမဲလိုက်တဲ့အရသာကို တွေ့သွားကြတဲ့သူတွေလည်းရှိပါတယ်။ လူကိုအမဲလိုက်ရတာ ဘယ်တောကောင်ကို အမဲလိုက်ရတာနဲ့မှမတူပါဘူး။ လူကိုအမဲလိုက်မိရင် ကျန်တာလည်း မတိုးတော့ပါဘူး။ ဒီရုပ်ရှင်မှာတော့ လူကိုအမဲလိုက်ရတဲ့အရသာကို တွေ့သွားတဲ့လူတစ်ချို့ဟာ သားကောင်လူတွေကိုဖမ်းပြီး ကျွန်းကြီးတစ်ကျွန်းမှာ အမဲလိုက်ကြတာကို ရိုက်ပြထားပါတယ်။ ကြည့်ပြီးသူတွေရဲ့ ရဗျူးတွေအရတော့ ၈၀ခုနှစ်က ရုပ်ရှင်တွေလို ခံစားရတယ်လို့ဆိုပါတယ်။ ကျွန်တော်ပဲ အရမ်းကြီးမမျှော်လင့်ထားမိလို့လားတော့မသိပေမဲ့ စစချင်းမှာ ဘာကားကြီးလဲလိုဆိုပြီး ဖြစ်ခဲ့ပေမဲ့ မိနစ်၂၀လောက်အကြာမှာတော့ ဇာတ်လမ်းဟာ စိတ်ဝင်စားစရာ စကောင်းလာပါတယ်။ လူချင်းအမဲလိုက်တာတွေ ပြန်ချတာတွေနဲ့ အက်ရှင်ခန်းတွေလည်း အတော်ပါတာမို့ အက်ရှင်ပရိသတ်တွေလည်းသဘောကျကြမှာဖြစ်သလို ရှားရှားပါးပါး survival ကားမို့ survival ကားပရိသတ်တွေလည်း ပမာဏတစ်ခုအထိတော့ သဘောကျလောက်ပါတယ်။ ဇာတ်လမ်းအမျိုးစားကလည်း Action/Thriller မို့ တိုက်တာခိုက်တာတွေကိုရော ရင်တုန်ရတာတွေရော တဝကြီးကြည့်ရမယ့် စိတ်အပန်းပြေစေမယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.73GB, 840MB Quality - 1080p, 720p IMDb Rating - 5.9/10 Format - mp4 Duration - 1H 32Min Genre - Action, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Drama
3 2022 92 mins
Death Hunt
Transporter 2
6.3

Jason Statham ရဲ့ Transporter ဇာတ်ကားတွေဟာ အက်ရှင်ကားစစ်စစ်တွေလို့ ပြောရလောက်အောင် အထိုးအခုတ်အတိုက်အခိုက် ပေါက်ကွဲရမ်းကားမှုတွေနဲ့ ဆွဲဆောင်မှုရှိခဲ့ပါတယ်။ သူပါဝင်ထားတဲ့ Transporter (၃)ကားထွက်ရှိထားပြီး ၃ ကားလုံး လန်းတယ် ဆိုရပါမယ်။ Frank Martin (Jason Statham) ဟာ စည်းကမ်းတွေနဲ့ အလုပ်လုပ်တတ်တဲ့ သယ်ယူပို့ဆောင်ရေးသမားဖြစ်ပြီး တိကျမှု စမတ်ကျမှု တည်ကြည်ခန့်ငြားမှုတွေအပြင် ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရှင်သန်နေထိုင်တဲ့ တကယ့်ဖိုက်တာတစ်ယောက်ပါ... ဒီလိုလူမျိုးနဲ့မှ လာပတ်သက်မိတဲ့ ဒုစရိုက်သမားတွေ ဘယ်လိုအဗျင်းခံရလဲဆိုတာ အပေါ်စီးကနေ ထိုင်ကြည့်နေယုံပါပဲ။ မင်းသား Jason Statham ရဲ့တည်ငြိမ်တဲ့ပုံစံကြောင့် ဒီဇာတ်ကားဟာ နာမည်ကြီးလူကြိုက်များခဲ့ပါတယ်။ Action ပေါ့ပေါ့ပါးပါးလေးတွေကို ဟာသဆန်ဆန်ကြည့်ရတာ နှစ်ခြိုက်သူများအတွက်တော့ လက်လွတ်မခံသင့်ပါ။ The Transporter 2(2005)ကတော့ IMDb Rating(6.3/10)ရရှိထားပါတယ်။ File size…(2.8 GB)/(1.2 GB) Quality….BluRay Directer's Cut 1080p HEVC / 720p Format…mkv/mp4 Duration….01:34:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Drama
6.3 2005 87 mins
Transporter 2
Front of the Class
8.1

Front of the Class (2008) “Hichki” ဆိုတဲ့ ဘောလိဝုဒ် ဇာတ်ကားတစ်ကားကို လူကြီးမင်းတို့ မှတ်မိကြမှာပါ။ အကြောဆွဲရောဂါရှိပြီး လည်ပင်းတဆတ်ဆတ်၊ အသံပေါင်းစုံ ထွက်နေတဲ့ ဆရာမလေးတစ်ယောက်က လူဆိုးတွေစုဝေးတဲ့ အတန်းတစ်တန်းကို ဘယ်လိုထိန်းကျောင်း သင်ကြားသွားတယ်ဆိုတာပေါ့။ အခုတင်ဆက်မယ့် ဇာတ်ကားကတော့ ဟောလိဝုဒ် ဇာတ်ကားဖြစ်ပြီး အကြောဆွဲရောဂါရှိတဲ့ ကလေးလေးတစ်ယောက်အကြောင်းပါပဲ။ သူများနဲ့မတူ ထူးဆန်းနေပြီး စိတ်အနှောင့်အယှက်ဖြစ်စရာအသံဗလံတွေထွက်နေတဲ့ ကလေးငယ်ဟာ မိဘအတွက်၊ ဆရာတွေအတွက်၊ အတန်းဖော်တွေအတွက် စိတ်ပျက်စရာ ဒုက္ခအိုးလေးဖြစ်နေခဲ့ပါတယ်။ ဒီကောင်လေးကို မိဘက ဆူငေါက်၊ ဆရာတွေက အပြစ်ပေး၊ အတန်းဖော်ချင်းက အနိုင်ကျင့်ကြတယ်။ အချိန်မရွေး ခွေးဟောင်သံလိုလို အသံဗလံတွေ ထွက်နေလေ့ရှိတဲ့သူ့ကို စိတ်ပျက်ကြ၊ ဒေါသဖြစ်ကြ၊ ရွံရှာကြ။ ဒီကလေးက လောကငရဲမှာ လူလားမြောက်ခဲ့ရတဲ့သူ။ ဒီအချိန်မှာ သူ့ကိုနားလည်ပြီး၊ သူ့အခက်အခဲ၊ သူ့သိမ်ငယ်မှုကို အများသိအောင် ပညာသားပါပါ ကြေညာမောင်းခတ်နိုင်တဲ့သူ၊ သူ့ရဲ့ကျေးဇူးရှင် ကျောင်းအုပ်ကြီးကို လေးစားအားကျလွန်းလို့ သူ့ဘဝရည်မှန်းချက်ကို ဆရာတစ်ယောက်ဖြစ်လာစေရေး ပန်းတိုင်သတ်မှတ်ခဲ့တယ်။ သာမန်လူတွေအတွက်တောင် မလွယ်ရေးချမလွယ်တဲ့ ဆရာအလုပ်ကို ဒီအကြောဆွဲရောဂါသည်လေး ဘယ်လိုရအောင်လုပ်မလဲ။ သူ့ကလေးတွေနဲ့ ဘယ်လိုနှစ်ပါးသွားမလဲဆိုတဲ့ ရသမျိုးစုံ ဇာတ်ကွက်လေးတွေကို ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပါပဲ။ မူရင်းစာရေးဆရာ ဘရက်ဒ် ကိုဟန် ရေးခဲ့တဲ့ Front of the Class နာမည်ကိုပဲ တိုက်ရိုက်ပြန်ယူပြီး ဇာတ်ကောင်နာမည်ကလည်း ဘရက်ဒ် ကိုဟန် ပါပဲ။ “ကျွန်တော်မတွေ့ခဲ့ဖူးတဲ့ဆရာတစ်ယောက် ကျွန်တော်ဖြစ်ရမယ်” ဆိုတဲ့စာသားကို ကျွန်တော် သိပ်သဘောကျတာပေါ့။ ဒီဇာတ်ကားက Rating 8.1 ကို ထိုက်ထိုက်တန်တန်ရထားတယ်လို့ ဆိုချင်ပါတယ်။ မင်းသားကြီး James Wolk ရဲ့ လက်ဖျားခါလောက်စရာ သရုပ်ဆောင်ချက်က ဒီဇာတ်ကားကို အဓိက သယ်သွားတာပါ။ သူ့ရဲ့အကြောဆွဲရောဂါကို သူကနာမည်ပေးထားတယ်။ “ထာဝရအဖော်မွန်”တဲ့။ ခြောက်ပေလေးပေ မြေကြီးထဲရောက်တဲ့အထိ အပါခေါ်သွားရမယ့် ရောဂါပေါ့။ ဒီရောဂါက သူ့ကို အနိုင်မယူစေဖို့အရေး၊ ဒီရောဂါက သူ့အိပ်မက်တွေ မတားဆီးနိုင်စေရေး၊ သူကျော်ဖြတ်ခဲ့ရတဲ့ နာရီ တစ်နာရီချင်းစီကို ကျွန်တော်တို့ ကိုယ်ချင်းစာကြည့်လိုက်ရအောင်လားဗျာ။ အညျွန်း နဲ့ ဘာသာပြန်ကတော့ Arr Khun Winchester ပဲ ဖြစ်ပါတယ်။ Genre….. Biography, Drama Quality…. 1080p | 720p | 480p File size… 2.9GB | 1.1GB | 537MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Arr Khun Winchester Encoder ….. Aaron

8.1 2008 95 mins
Front of the Class
The Passion of the Christ
7.2

The Passion of the Christ (2004) ~ IMDb – 7.2/10, Rotten Tomatoes – 49% ~ ခရစ်တော်တို့ မယ်တော်မေရီတို့အကြောင်းဇာတ်ကားတွေ သမ္မာကျမ်းစာလာကားတွေကို ရိုက်ရတယ်ဆိုတာ အင်မတန်အန္တရာယ်ကြီးတဲ့အလုပ်ပါပဲ။ လူပေါင်းမြောက်များစွာ လုပ်ခဲ့ကြပေမဲ့ နာမည်ကြီးဒါရိုက်တာကြီးတွေတောင် အောင်မြင်တစ်လှည့် ရှုံးတစ်လှည့်နဲ့ပေါ့။ ဒီတစ်ခါ “The Passion of the Christ” ဆိုတဲ့ ဇာတ်ကားကိုတော့ Mel Gibson က ရိုက်ထားတယ်။ ဂစ်ဆင်ကိုတော်တော်များများ မင်းသားအနေနဲ့ ပိုသိကြမှာပါ။ ဒါပေမဲ့ သူလည်း သရုပ်ဆောင်သက်တမ်းမနည်းသလို ဒါရိုက်တာသက်တမ်းလည်း အတော်တော့ရှိနေပါပြီ။ Braveheart လို ဂန္ထဝင်တွင်တဲ့ကားတွေ၊ Hacksaw Ridge နဲ့ Apocalypto တို့လို တကယ့်ကားကောင်းတွေရိုက်ခဲ့သလို အခုရုပ်ရှင် The Passion of the Christ ကိုလည်း IMDB rating မှာ 7.2 ရထားတဲ့အပြင် ဆုပေါင်း ၃၀ ကျော် ဆွတ်ခူးထားနိုင်အောင်ရိုက်နိုင်ခဲ့ပါတယ်။ ဒါရိုက်တာအနေနဲ့လည်း တကယ်မခေတဲ့သူပါပဲ။ ခေါင်းစဉ်အတိုင်း ခရစ်ယာန်တွေရဲ့ သမ္မာကျမ်းစာထဲမှာတဲ့ “Jesus Christ” သခင်ယေရှုအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပေမဲ့ သခင်ယေရှုသက်တော်စဉ်ဖြစ်တဲ့ ဘဝတစ်ခုလုံးအကြောင်းရိုက်ပြထားတာပဲမဟုတ်ဘဲ “The Last Supper” လို့ နာမည်ကြီးတဲ့ နောက်ဆုံးညစာစားပွဲပြီး နောက်တစ်နေ့နံနက်အချိန် သခင်ယေရှု လက်ဝါးကပ်တိုင်ပေါ် ကားစင်တင်သတ်မခံရခင် ၁၂ နာရီကာလကို အသေးစိတ်ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ခရစ်တော်အကြောင်းရိုက်တဲ့ကားတွေထဲကမှ ဒီကားကတော့ ထူးထူးခြားခြား အချိန်တိုလေးကို သုံးပြီး ရိုက်ကူးထားတာဖြစ်လို့ အန္တရာယ်ပိုကြီးမှာပေမဲ့ Mel Gibson ကတော့ ကောင်းကောင်းကြီး ပုံဖော်သွားခဲ့နိုင်တယ်ပဲ ပြောရပါမယ်။ ~ ဇာတ်လမ်းအကျဉ်း ~ သခင်ယေရှုဟာ သူရဲ့သာဝက ၁၂ ပါးနဲ့ ပွဲတော်စားပြီးတဲ့အချိန်မှာ နောက်တစ်နေ့မနက် အသတ်ခံရတော့မှာကိုသိတဲ့အတွက် ဂေသရှေမန်ဥယျာဉ်ထဲမှာ ခမည်းတော် အဘဘုရားဆီဆုတောင်းဖို့သွားခဲ့ပါတယ်။ ဆုတောင်းအပြီးမကြာခင်မှာပဲ ရောမရဲမက်တစ်သိုက်နဲ့အတူ သခင်ယေရှုကို ဖာရိရှဲလို့ခေါ်တဲ့ ထိုခေတ်အခါက ကျမ်းတတ်ပုဂ္ဂိုလ်ဆိုတဲ့လူတွေဆီ ငွေအသပြာ သုံးဆယ်နဲ့ရောင်းစားခဲ့တဲ့ သခင်ယေရှုရဲ့တပည့်တော် ၁၂ ပါးထဲမှ သခင်ယေရှုကိုသစ္စာဖောက်ခဲ့တဲ့ ယုဒရှကာရုတ်ဆိုတဲ့ တပည့်တော်လည်းပါပါတယ်။ ဒီလိုအကြောင်းဖန်လာတာကတော့ ဖာရိရှဲတို့က သခင်ယေရှုကို မှားယွင်းတဲ့ဩဝါဒဖြန့်သူ၊ မဟုတ်မမှန်ဘဲ ဘုရားသားလို့ မိမိကိုယ်ကိုခေါ်ဝေါ်သမုတ်သူဖြစ်တယ်ဆိုပြီး ရဲမက်တွေကိုဖမ်းဆီးခိုင်းလိုက်လို့ပဲဖြစ်ပါတယ်။ ယေရုရှလင်(ဂျေရုဆလင်)မြို့ရဲ့ တရားစိုးမိုးမှုအောက်မှာရှိနေတဲ့ သခင်ယေရှုက နောက်ဆုံးမှာ ဘယ်လိုမျိုးကားစင်တင်သတ်ခံသွားရမလဲဆိုတာကို ဒီဇာတ်ကားထဲမှာရှုမြင်ခံစားကြရမှာပဲဖြစ်ပါတယ်။ ခရစ်ယာန်တွေရဲ့ သမ္မာကျမ်းစာထဲက သခင်ယေရှုလက်ဝါးကပ်တိုင်ပေါ်မှာ ကားစင်တင်သတ်ခံရပုံကို သမ္မာကျမ်းစာထဲကအတိုင်း တိကျသေသပ်အောင် ရိုက်ကူးထားနိုင်ခဲ့ရုံတင်မကဘဲ ခရစ်ယာန်တွေရဲ့ နာမည်ကြီးထုံးတမ်းစဉ်လာတွေဖြစ်ကြတဲ့ “ပွဲတော်စားခြင်း”၊ သခင်ယေရှုရဲ့ ငယ်ဘဝအကျဉ်း၊ ကျမ်းတတ်ပေမဲ့လည်း သမာသမတ်မကျတဲ့ ကျမ်းတတ်ပုဂ္ဂိုလ်ဖာရိရှဲတွေရဲ့အကြောင်းကို ကွက်ကွက်ကွင်းကွင်းရိုက်ကူးထားနိုင်ခဲ့ပါတယ်။ လာမယ့် 2024~2025 မှာလည်း ဒီဇာတ်ကားရဲ့အဆက်ဖြစ်တဲ့ သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်း ကောင်းကင်ပေါ်ပြန်မကြွခင်ကာလအကြောင်းဇာတ်ကားကို Mel Gibson ကပဲ ဒါရိုက်တာအနေနဲ့ တာဝန်ယူရိုက်ကူးဦးမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – (8 GB)/ (2.7 GB)/(1.4 GB) Quality – BluRay 4K HEVC /1080p/ 720p IMDb Rating – 7.2/10 Format – mp4 Duration – 2H 7Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

7.2 2004 127 mins
The Passion of the Christ
Wonka
7.3

Wonka (2023) ~ IMDb – 7.3/10, RT – 82%, Meta – 66% ~ အားလုံးမျှော်နေတဲ့ ချစ်စရာ Willy Wonka ရဲ့ မအောင်မြင်ခင်အရွယ်က Musical ဇာတ်လမ်းလေး လာပါပြီ။ ဒီဇာတ်လမ်းမှာ ဝမ်ကာဟာ ငယ်ငယ်က သူ့အမေနဲ့ ထားခဲ့တဲ့ ကတိတစ်ခု ရည်ရွယ်ချက်တစ်ခုကို ဖြည့်ဆည်းဖို့၊ သူ့ရဲ့ ချောကလက်ပညာတွေကို ထုတ်ပြဖို့ မြို့လေးတစ်မြို့ကို ရောက်ခဲ့ပါတယ်။ အောင်မြင်မှုဆိုတာတော့ လွယ်လွယ်နဲ့ မရနိုင်တာ လူတိုင်းအသိပါ။ အလားတူပဲ ဝမ်ကာဟာလည်း သူ့ရဲ့ ပန်းတိုင်ကို လျှောက်လှမ်းတဲ့ ခရီးမှာ အခက်အခဲတွေ ပြဿနာတွေ ရန်သူတွေ မိတ်ဆွေတွေ ရခဲ့ပါတယ်။ မိမိဘက်က လက်မလျှော့သ၍ အိပ်မက်တွေဟာ ပျက်စီးမသွားဘူးဆိုတဲ့ Message လေးကို အကအလှတွေ မြိုင်ဆိုင်တဲ့ သီချင်းတွေ သီဆိုရင်း Timothée Chalamet က အဓိကဦးဆောင် တင်ဆက်ထားပြီး ဟောလိဝုဒ်ရဲ့ အ‌ကျော်အမော်တွေဖြစ်တဲ့ အော်စကာဆုရှင် Olivia Colman, မင်းသားကြီး Rowan Atkinson နဲ့ Hugh Grant တို့အပြင် ဟာသမင်းသား Keegan-Michael Key ကလည်း ဇာတ်ရံနေရာကနေ အကောင်းဆုံးပါဝင်အားဖြည့်ပေးထားပါသေးတယ်။ ဂန္ထဝင်မင်းသားကြီး Gene Wilder နဲ့ Johnny Depp တို့ရဲ့ အရင်နှစ်ကားက Willy Wonka အတိတ်ဘဝဇာတ်ကြောင်းအစစ်ရယ်မဟုတ်ဘဲ Standalone ခွဲထွက်ထားတာဖြစ်လို့ ဒါကြည့်ဖို့ အရင်ကားတွေကို ကြည့်စရာမလိုပါဘူး။ အဲဒီတော့ ဒီအတိုင်း Musical ကားတစ်ကားအနေနဲ့ပဲ အကအလှတွေ ခံစားနားဆင်လိုက်ကြပါဦး။ (အညွှန်းကို Act Molemy ကရေးသားပေးထားပြီး ဇာတ်ကားကိုတော့ Mr. Anderson နဲ့ Act Molemy တို့က တင်ဆက်ပေးထားပါတယ်) Size – 3.8GB, 1.9GB. 1GB Quality – 4K HEVC, 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 56Min Genre – Adventure, Comedy, Family Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson & Act Molemy Encoded by Ka Naung

Drama • Crime • Thriller
7.3 2023
Wonka
The Celebration

IMDb 8.1 / Rotten Tomatoes 91% / Meta score 82% အထိရရှိခဲ့ပြီး ဆုပေါင်း ၂၈ ခုထိအပိုင်သိမ်းခဲ့တဲ့ Drama/Thriller ရှေးရုပ်ရှင်တစ်ခုပါ။ ဇာတ်လမ်းအကျဉ်းကတော့ အဖေကြီးရဲ့ အသက် ၆၀ နှစ်ပြည့်မွေးနေ့ကို စံအိမ်ကြီးတစ်ခုမှကျင်းပဖို့အတွက် သားသမီး မြေးမြစ်တွေအပြင် အသိမိတ်ဆွေတွေပါ လူစုံတက်စုံ ရောက်ချလာကြပါတယ်။အဲဒီည ညစာစားပွဲမှာ သားဖြစ်သူထဲက တစ်ဦးက အဖေကြီးနဲ့ သားသမီးတွေကြားက ရုပ်ဆိုးအကြီးတန်တဲ့လျှို့ဝှက်ချက်တွေကို လူပုံလယ်မှာ ညစာစားပွဲအတွက် မိန့်ခွန်းပြောရင်း ငယ်ကျိုးငယ်နာတွေ အကုန်ဖော်ပစ်လိုက်ပါတော့တယ်။ ဇာတ်အိမ်ကတော့ များများစားစားထပ်မရှင်းပြတော့ပါဘူး။ ဒီရုပ်ရှင်က Dogme ရုပ်ရှင်ပါ။ Dogme 95 ဆိုတာက 1995 ခုနှစ်တုန်းက ဒိန်းမတ်ဒါရိုက်တာတွေ တည်ထောင်ခဲ့တဲ့ ရုပ်ရှင်ဖန်တီးရေးလှုပ်ရှားမှုတစ်ခုပါ။ Dogme ရဲ့ နည်းစနစ်ကတော့ ရုပ်ရှင်တစ်ခုကို အထူးပြုလုပ်ချက်တွေ၊ နည်းပညာတွေမသုံးဘဲ ရိုးရာစံတွေနဲ့အညီပဲရိုက်တာပါ။ ဥပမာအနေနဲ့ပြောရရင် ဒီရုပ်ရှင်ထဲကအသံတွေက အာတီဖီရှယ် လူလုပ်အသံတွေမပါဘဲ အသံအားလုံးကို ရိုက်ကွင်းမှာပဲတန်းသွင်းပါတယ်။ ကင်မရာကိုင်တဲ့နေရာမှာလည်း ဘာစက်ပစ္စည်းကိရိယာအကူအညီကိုမှမယူဘဲ တစ်ကားလုံး ကင်မရာကို လက်နဲ့ပဲကိုင်ပြီးရိုက်ကူးတာပါ။ သရုပ်ဆောင်က ချော်လဲတဲ့အခန်းဆိုရင် ကင်မရာကို ကိုယ်တိုင်ကိုင်ပြီးချော်လဲပြရတယ်။ ရေမရောထားတဲ့ ရုပ်ရှင်စစ်စစ်ကိုမှကြည့်ချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်က သေချာပေါက်မြည်းစမ်းကြည့်ရမယ့်ရုပ်ရှင်ဖြစ်ကြောင်း အကြံပေးလိုက်ပါတယ်။ File size…(2.3 GB)/(2.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

0 1998 105 mins
The Celebration
I Spit on Your Grave Day of the Woman
5.6

I Spit on Your Grave/ Day of the Woman (1978) I Spit on Your Grave ဟာ အဓမ္မမှုကိုရက်ရက်စက်စက်လက်စားပြန်ချေတဲ့ဇာတ်ကားတွေထဲမှာ အထင်ကရဖြစ်ဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်ပြီး 2010 မှာပြန်ရိုက်ခဲ့တဲ့ remake ဇာတ်ကားတွေဟာလည်းအောင်မြင်မှုရခဲ့ပါတယ်။ ခုတင်ဆက်လိုက်တာကတော့ မူရင်း အော်ရဂျင်နယ် ၁၉၇၈ ခုနှစ်က ရုပ်ရှင်ကားဖြစ်ပါတယ်။ ပထမဆုံးဇာတ်ကားစတင်ထွက်ရှိချိန်မှာ သူ့ရဲ့ကြမ်းတမ်းရက်စက်မှုတွေ၊ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းပေါင်း မြောက်များစွာတွေကြောင့် ရုံမတင်ခင်ကတည်းက အငြင်းပွားမှုတွေပြဿနာတွေမျိုးစုံရင်ဆိုင်ခဲ့ရပြီး ဇာတ်ကား ရုံတင်ချိန်မှာလည်းဝေဖန်ရေးဆရာတွေရဲ့ရှုံ့ချမှုတွေကိုအပြင်းအထန်ခံခဲ့ရပါတယ်။ဒါပေမယ့် အခုချိန်မှာတော့ cult classic ဇာတ်ကားတစ်ကားအဖြစ် ရပ်တည်နေခဲ့ပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့… စာရေးဆရာမပေါက်စလေး ဂျနီဖာဟေးလ်ဟာ နယ်စွန်နယ်ဖျားက လူသူဝေးလံတဲ့ တောအုပ်ထဲက အိမ်တစ်လုံးကို စာရေးဖို့ရည်ရွယ်ချက်နဲ့ငှားရမ်းခဲ့ပါတယ်။မြို့အဝင်ဆီဆိုင်မှာတွေ့ခဲ့ရတဲ့ လူရွယ်တစ်စုကို မြို့ကြီးသူပီပီ မိတ်ဖွဲ့ပြီးရင်းရင်းနှီးနှီးစကားဆိုခဲ့မိရာကနေ တောသားငစနူတွေက သူ့ရဲ့ ဖော်ရွေမှုကိုအထာပေးတယ်လို့ယူဆပြီး သူငှားနေတဲ့ အိမ်ကိုလာအုပ်စုဖွဲ့မုဒိမ်းကျင့်ရာကနေ နောက်ဆုံး လက်စဖျောက်ပစ်ဖို့အထိကြိုးစားခဲ့ကြပါတယ်။ဒါပေမယ့် ကံကောင်းထောက်မစွာသေကံမရောက်ခဲ့တဲ့ ဂျနီဖာဟာ သူ့ကိုအဓမ္မကျင့်ခဲ့တဲ့မုဒိမ်းကောင်တွေကို ရက်ရက်စက်စက်ပြန်ပြီးကလဲ့စားချေပါတော့တယ်။ Horror,Thriller အမျိုးအစားဖြစ်ပြီး ကြမ်းတမ်းရက်စက်တဲ့သတ်ခန်းဖြတ်ခန်း ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေပါဝင်တဲ့အတွက် မိသားစုနဲ့ကြည့်ဖို့မသင့်ပါ။

5.6 1978 101 mins
I Spit on Your Grave Day of the Woman
All Your Faces
7

ပြန်လည်ထူထောင်ရေးဆိုင်ရာ တရားမျှတမှုအစီအစဉ်များကို ပြစ်မှုကျူးလွန်သူများနှင့် သားကောင်များအကြား ဆွေးနွေးမှုများအတွက် ပညာရှင်များနှင့် စေတနာ့ဝန်ထမ်းများက ပံ့ပိုးပေးတဲ့လုံခြုံသောနေရာတစ်ခု ပေးခဲ့တယ် ပါဝင်သူများထဲမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူ Chloé , Grégoire၊ Nawelle နှင့် Sabine၊ ဖောက်ထွင်းမှုနှင့် လုယက်မှု သားကောင်များ၊ Nassim၊ Issa နှင့် Thomas တို့က အကြမ်းဖက် လုယက်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခံရသော ပြစ်မှုကျူးလွန်သူများဖြစ်ကြတယ် သူတို့တွေ့ဆုံဆွေးနွေးတဲ့အခါ… ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File size_(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W

7 2023
All Your Faces
Buffalo Soldiers
6.7

ဒီဇာတ်ကားကတော့ Joker ရုပ်ရှင်ရဲ့ Joker ကြီးအဖြစ် လူသိများကြတဲ့ ကျွန်တော်တို့ရဲ့ အော်စကာဆုရမင်းသားကြီး Joaquin Phoenix က အဓိကဇာတ်ကောင်အဖြစ်ပါဝင် သရုပ်ဆောင်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း- ဒီဇာတ်လမ်းလေးကတော့ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလ အနောက်ဂျာမဏီက အမေရိကန်စစ်စခန်းတစ်ခုကို ဇာတ်အိမ် တည်ရိုက်ကူးထားပါတယ်။ စခန်းအတွင်းမှာ ‌အကျင့်ပျက် စစ်သားတွေနဲ့ မှောင်ခိုမှုတွေ၊ မူးယစ်ဆေးအရောင်းအဝယ်တွေနဲ့ ပျက်စီးနေကြတယ်။ ဇာတ်လိုက်မင်းသား အက်ဝု က စခန်းတွင်း ရှိသမျှပစ္စည်းအကုန် စခန်းမှူးမသိအောင်မှောင်ခိုထုတ်ရောင်းနေပြီး ဘိန်းချက်ဆေးရောင်းကအစ အကုန်လုပ်တဲ့သူပါ။ တစ်နေ့မှာတော့ စည်းကမ်းတင်းကြပ်တဲ့ အထက်အရာရှိတစ်ယောက် ရောက်လာတဲ့ အခါမှာတော့ ….. ဒီဇာတ်ကားမှာတော့ အက်ဝုတို့ ဘော်ဒါတစ်သိုက် စခန်းထဲမှာ ဘယ်လိုတွေမွှေကြမလဲ၊ ဘယ်လိုတွေသောင်းကြမ်းကြမလဲဆိုတာ Comedy အမျိုးအစားဇာတ်ကားဖြစ်တာနဲ့အညီ ခွက်ခွက်လှန်ရယ်ရင်း ကြည့်ရှုကြရမှာပါ။ File size…1.61GB / 717MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

6.7 2001
Buffalo Soldiers
Kurangu Bommai
7.9

Kurangu Bommai (2017) “မျောက်ရုပ်” IMDb – 7.9/10 လတ်တလော ဟစ်ဖြစ်နေတဲ့ Maharaja(2024)ရဲ့ ဖန်တီးရှင်ဒါရိုက်တာကြီး Nithilan Swaminathan ရိုက်ကူးထားတဲ့ ၂၀၁၇ခုနှစ်က ဇာတ်လမ်းဟောင်းလေးကို တောင်းဆိုမှုတွေကြောင့် တင်ဆက်ပေးလိုက်ရပါတယ်။ အဂမ်ဘာရမ်ဆိုတာ ရှေးဟောင်းရုပ်တုတွေကို မှောင်ခိုကူးနေတဲ့ လူမိုက်ခေါင်းဆောင်ကြီးတစ်ယောက်။ ဆွန်ဒါရမ်က အဂမ်ဘာရမ်ရဲ့ လုပ်ဖော်ကိုင်ဖက်လည်းဖြစ် ခင်မင်ရင်းနှီးတဲ့မိတ်ဆွေဆိုလည်းဟုတ်။ ဆွမ်ဒါရမ်မှာ ကာဒီရ်ဆိုတဲ့ ချန်နိုင်းမှာ အငှားယာဉ်မောင်းသားတစ်ယောက်ရှိပါတယ်။ ကာဒီရ်က ဗီဂျီဆိုတဲ့ကောင်မလေးနဲ့ ချစ်ခင်စုံမက်တာကြောင့် လက်ထပ်ပေးဖို့သွားကြောင်းလမ်းခဲ့ပေမဲ့ ကောင်မလေးအဖေဖြစ်သူ သဘောမတူတာကြောင့် အဆင်မပြေခဲ့။ မိန်းမတောင်းရာက ယောက္ခထီးနဲ့ပြဿနာတက်လာပြီး ဘူနေတဲ့ ကာဒီရ်တစ်ယောက် ချန်နိုင်းကိုပြန်လာတဲ့အချိန် ဘတ်စ်ကားမှတ်တိုင်မှာ အိတ်တလုံးကို ရူပီးဆယ်သန်း အိပ်ရာအောက်မှာထားအိပ်ဖို့ရည်မှန်းချက်ကြီးနဲ့ ခါးပိုက်နှိုက်က ခိုးပြေးပါရော။ ဒီမှာပဲ ကာဒီရ် ခါးပိုက်နှိုက်ကိုလိုက်ဖမ်းပြီး အိတ်ပြန်ယူလာခဲ့ပေမဲ့ ပိုင်ရှင်ကမရှိတော့။ အဲဒါနဲ့ ဖေ့စဘွတ်မှာ အိတ်ပိုင်ရှင်ပြန်လာယူဖို့ ပို့စ်တင်ချိန်မှာတော့ မထင်မှတ်ထားတဲ့ပြဿနာတွေ သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

7.9 2017
Kurangu Bommai
Detained
5

Plot twistသဘောကျတဲ့ ပရိသတ်ကြီးတို့အတွက် mysteryဆန်ဆန် crime thriller ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ကားဆိုတာထက် mind game တွေ ပိုများတဲ့ရုပ်ရှင်လေးဆိုတော့ ဒီလိုgenre မျိုး နှစ်သက်သူများရှိရင်တော့ အကြိုက်တွေ့မှာပါ။ ရေဗက်ကာတစ်ယောက် နိုးထလာချိန်မှာ အရက်မူးပြီး ကားမောင်းပြီးတော့ စက်ဘီးသမားကိုတိုက်မိလို့ အချုပ်ထဲရောက်နေလေရဲ့။ ကံကဆိုးချင်တော့ မနေ့ညကဘာဖြစ်ခဲ့လဲဆိုတဲ့မှတ်ဉာဏ်က သူ့မှာခေါင်းထဲမှာဗလာဖြစ်နေတော့ ရဲတွေပြောသမျှပဲမှန်နေသလိုလိုပေါ့။ ဒါပေမဲ့ ရဲတွေဘက်က သူ့ကိုမရမကအမှုဆင်နေသလိုဖြစ်နေပြီး ရှေ့နေခေါ်တော့လည်း အမှုကရှေ့မရောက်တဲ့အပြင် သူ့ကိုဖမ်းခေါ်လာတဲ့ ရဲအရာရှိကပါ မသင်္ကာစရာဖြစ်လာတဲ့အခါ….. မနေ့ညက ဘာတွေဖြစ်ခဲ့တာလဲ။ ရေဗက်ကာကရော တကယ်ပဲDUIနဲ့လူသေမှုဖြစ်ခဲ့တာလား။ သံသယဝင်စရာ ရဲအရာရှိရဲ့နောက်ကွယ်မှာ ဘာတွေရှိနေမလဲဆိုတာ ဆက်လက်ရှုစားကြပါဦး။ File size…1.51GB / 754MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TD

Action • Animation • Science Fiction
5 2024 97 mins
Detained
The Body
7.6

The Body (2012) El cuerpo IMDb Rating (7.6) / Rotten Tomatoes (79 %) စပိန်စကားပြော ဇာတ်ကားတစ်ကားဖြစ်တဲ့ The Body (စပိန်ဘာသာဖြင့် El Cuerpo) ဟာ လျှို့ဝှက်သည်းဖိုဇာတ်ကားကောင်းများစွာထဲမှာ တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။ လျှို့ဝှက်သည်းဖိုဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း လှည့်ကွက်များစွာ ကြုံတွေ့ရမှာကို ကြိုသိနေသည့်တိုင်အောင် တစ်ခုကိုဖွင့်ချလိုက်တိုင်း နောက်ထပ်လှည့်ကွက်တစ်ခုက ထပ်ပေါ်လာတဲ့ Russian Doll ဆန်ဆန် ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ နာမည်အတိုင်း ရင်ခွဲရုံကနေ ထူးဆန်းစွာ ပျောက်ဆုံးသွားတဲ့ အလောင်းကောင်တစ်ကောင်နဲ့ စတင်ထားပါတယ်။ ထိုအလောင်းကတော့ ထက်မြက်ပြီး ကုမ္ပဏီများစွာကို ဦးစီးချုပ်ကိုင်နေတဲ့ မေကာ ဖြစ်ပြီးတော့ သူ့ထက်ငယ်ရွယ်တဲ့ အဲလက်စ် နဲ့ လက်ထပ်ထားသူလည်းဖြစ်ပါတယ်။ မေကာ နှလုံးရောဂါဖောက်ပြီးသေဆုံးတဲ့ညမှာပဲ အလောင်းထားရှိရာ ရေခဲတိုက်ရဲ့ညစောင့် အိန်ဂျယ်တောရက်စ်ဟာ ညကြီးမင်းကြီး ရင်ခွဲရုံကနေ တောအုပ်ကို ကြောက်လန့်တကြီး ထွက်ပြေးလာရင်းနဲ့ ကားလမ်းပေါ်အတက်မှာ ကားတစ်စီးက ဝင်တိုက်သွားခဲ့ပါတယ်။ ကားတိုက်ခံရတဲ့ဒဏ်ကြောင့်ပဲ ထိုညစောင့်က ကိုမာဝင်သွားခဲ့ပြီးတော့ သူ ထွက်မပြေးခင်မှာ ရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့တယ်ဆိုတာ သိလိုက်ရပါတယ်။ ထိုအခြင်းအရာကို စုံစမ်းဖို့ ရင်ခွဲရုံကို ရောက်လာတဲ့ စုံထောက်ကြီး ဟိုင်မီနဲ့အဖွဲ့ဟာ မေကာရဲ့အလောင်း ထူးဆန်းစွာပျောက်ဆုံးနေမှန်း မျက်ဝါးထင်ထင် တွေ့လိုက်ရပါတယ်။ တစ်ဖက်မှာတော့ အဲလက်စ်က သူ့ရဲ့ အငယ်အနှောင်းဖြစ်တဲ့ ကာလာနဲ့ တွေ့ဆုံပြီး မေကာ့ကို အစဖျောက်ပစ်လိုက်ကြောင်း ပြောပြနေပါတယ်။ ထိုအချိန်မှာပဲ မေကာရဲ့အလောင်း ရင်ခွဲရုံကနေ ပျောက်ဆုံးသွားတဲ့အကြောင်း အဲလက်စ်ကို အကြောင်းကြားလာပါတယ်။ အဲလက်စ် ရင်ခွဲရုံကို ရောက်လာတဲ့အချိန်မှာ စုံထောက်ကြီးဟိုင်မီက စစ်ဆေးမေးမြန်းနေရင်းနဲ့ အဲလက်စ်အနေနဲ့ မေကာ့ကို မရှိတော့တဲ့လူတစ်ယောက်လို သုံးနှုန်းပြောဆိုနေတာ သတိထားမိပြီး သံသယဝင်လာပါတယ်။ အဲလက်စ်ကို ဆက်လက်စစ်ဆေးဖို့ ရင်ခွဲရုံမှာပဲ ထိန်းသိမ်းထားတဲ့အချိန် ရေခဲတိုက်ထဲက အသံတစ်ခု ကြားရလို့ သွားကြည့်တဲ့အချိန်မှာ သူနေ့ခင်းက မေကာသောက်မယ့်ဝိုင်ခွက်ထဲကို ထည့်ခဲ့တဲ့ TH-16 တံဆိပ်ကပ်ထားတဲ့ အဆိပ်ဆေးပုလင်းကို သော့ဖျက်ထားတဲ့ လော့ဒ်ကာတစ်ခုထဲမှာ တွေ့လိုက်ရပါတယ်။ သောက်ပြီး ၈ နာရီကြာမှ အစွမ်းပြတဲ့ TH-16 ဟာ သဲလွန်စတစ်စုံတစ်ရာ ရှာမတွေ့ဘဲ နှလုံးရောဂါဖောက်ပြီး သေဆုံးအောင် ပြုလုပ်နိုင်တဲ့ ဆေးပုလင်းတစ်ခုဖြစ်နေပါတယ်။ အဲလက်စ်အနေနဲ့ သူ တိတ်တဆိတ် ကြံစည်ထားတဲ့ ဒီဆေးပုလင်းကို သူမျက်စိရှေ့ရောက်အောင် ပို့နိုင်သူဟာ တခြားသူမဟုတ်ဘဲ သေဆုံးဟန်ဆောင်ပြီး သူ့ကို အကွက်ဆင်ဖမ်းမယ့် မေကာပဲလို့ တစ်ထစ်ချ ယုံကြည်နေပါတယ်။ စုံထောက်ကြီး ဟိုင်မီရောက်လာတဲ့အချိန်မှာတော့ အဲလက်စ်ရဲ့ အိတ်ကပ်ထဲက TH-16 ကို တွေ့ပြီးတော့ တစ်ခုခုကို ဖုံးကွယ်ထားမှန်းသိသာနေတဲ့ အဲလက်စ်ကို အလွတ်မပေးဖို့ အကြောင်းပြချက်တစ်ခု တိုးလာခဲ့ပါတယ်။ ဇာတ်လမ်းက ဒီနေရာအရောက်မှာပဲ မေကာက တကယ် မသေဘဲ အဲလက်စ်ကို ထောင်ချောက်ဆင်ဖို့ ကြိုးစားနေတာလား၊ စုံထောက်ကြီးဟိုင်မီကရော အဲလက်စ်ရဲ့ မသမာမှုကို ဖော်ထုတ်နိုင်မှာလား၊ အဲလက်စ်အနေနဲ့ ဒီအခြေအနေက အကောင်းဆုံး ဘယ်လိုရုန်းထွက်နိုင်မလဲ ဒါမှမဟုတ် ဒီကိစ္စတစ်ခုလုံးက သဘာဝလွန်ဖြစ်ရပ်ဆန်းတစ်ခုပဲလား ဆိုတဲ့ မေးခွန်းများစွာကို တောင်းဆိုလာပါတော့တယ်။ တွက်ရခက်တဲ့ပုစ္ဆာရှည်တစ်ပုဒ်ကို တစ်စချင်းစီဆွဲထုတ်ဖြေရှင်းသွားသလိုပဲ ဇာတ်လမ်းအစကနေ အဆုံးအထိ စိတ်အာရုံကို ဖမ်းစားသွားမယ့်ဇာတ်လမ်းတစ်ပုဒ်ကို CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sai Sumali မှ တင်ဆက်ထားပါတယ်။)

Drama • Family • Fantasy • TV Movie
7.6 2012
The Body
PaPa (O naanna)
7.4

PaPa (O naanna) (2025) “ဖခင်မေတ္တာ” မာနီတစ်ယောက် သူ့ချစ်သူဆင်ဒူမှာ ကိုယ်ဝန်ရှိနေပြီဆိုတာကို သိလိုက်ရတဲ့အချိန်0ကျောင်းထွက်ပြီး ဘ၀ကိုရှေ့ဆက်ဖို့ပြင်ခဲ့တယ်။ ဒါပေမဲ့ ကလေးမွေးပြီးချိန်မှာ ဆင်ဒူဆုံးပါးသွားခဲ့ပြီး မာနီနဲ့သားလေးပဲကျန်နေခဲ့တယ်။ ကိုယ်ဝန်ကိစ္စကြောင့် မာနီ့ကို အိမ်ပေါ်ကနေနှင်ချထားတဲ့ မိဘတွေကလည်း ပြန်လက်မခံတဲ့အခါမှာတော့သားဖြစ်သူနဲ့ ဘ၀ကိုရုန်းကန်ဖို့ဖြစ်လာခဲ့တာပေါ့။ ဘာအလုပ်မှ လက်ကြောတင်းအောင်မလုပ်ဖူးတဲ့ မာနီတစ်ယောက် ကလေးတစ်ယောက်နဲ့ ဘာတွေရင်ဆိုင်ရုန်းကန်ရမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

7.4 2025 131 mins
PaPa (O naanna)