YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Shark 2 The Storm (2025) E03 720p TVING WEB-DL [RMC].mp4

196.26 MB N/A video/mp4 36 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Ancestral
6.4

ဒီတစ်ခါမိတ်ဆက်ပေးသွားမယ့် ဇာတ်ကားလေးကတော့ The Ancestral ဆိုတဲ့ သဲထိတ်ရင်ဖို ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Horror ဇာတ်လမ်းလေးဆိုပေမဲ့ ယန်းတို့မိသားစုဝင်တွေကြားက ချစ်ခြင်းမေတ္တာတွေကို အများကြီး ဖော်ပြထားတဲ့ drama ဆန်ဆန်ကားလေးပါ။ ဇာတ်လမ်းအညွှန်းကတော့ ... အိပ်ရင် ဘီလူးစီးတဲ့ ရောဂါကို ခံစားနေရတဲ့ယန်း၊ ယန်းဆိုတာကတော့ ဗီယက်နမ်လူမျိုး မိသားစုလေးတစ်ခုက သမီးလေးပါ။ သူခံစားနေရတဲ့ ဝေဒနာနဲ့ပတ်သက်ပြီး အဖြေရှာဖို့ သူတို့တစ်မိသားစုလုံးက ရှေးဟောင်းအိမ်ကြီးတစ်ခုကို ပြောင်းလာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ယန်းတစ်ယောက်တည်းမဟုတ်တော့ဘဲ အဲ့ဒီ မိသားစုက သမီးငယ်လေးနှစ်ယောက်လုံး ဘယ်သူမှ မမြင်ရတာတွေကို မြင်လာရပါတယ်။ ဒီကိစ္စကိုဖြေရှင်းဖို့ အဖေဖြစ်သူက စိတ်ကျန်းမာရေး အထူးကု နဲ့ ကြိုးစား ကုသပေးပေမဲ့ ကိစ္စတွေက ထင်ထားတာထက်ပိုပြီး နက်နဲနေတဲ့ အခါ ... ဘာတွေဆက်ဖြစ်မလဲ ရုပ်ရှင်ထဲ ကြည့်ရှုရင်း အဖြေရှာလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Eric ပါ။) File Size : 1.7GB, 731MB & 350MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 1hr & 41mins Genre : Horror Translated by Eric Encoded by Kinnov

6.4 2022 101 mins
The Ancestral
7Aum Arivu
6.6

အခုတစ်ခေါက် ဘောလိ၀ုဒ်ချစ်သူ ပရိသတ်ကြီးအတွက် ဟောင်းပေမဲ့ ကောင်းနေဆဲဖြစ်ပြီး IMDB 6.5/10 ရရှိထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးပါရစေ... သိုင်းလောကမှာ ထင်ရှားတဲ့ တရုတ်နိုင်ငံရဲ့ သိုင်းပညာအခြေခံကျောင်းတော်ကြီး "ရှောင်လင်ကျောင်းတော်" ဟာ ဘယ်ကနေ အစပျိုးလာတာလဲ ... တရုတ်သိုင်းပညာဟာ တရုတ်နိုင်ငံကနေ အခြေခံတာမဟုတ်ဘဲ တမီးလ်လူမျိုး ဖြစ်ပြီး ဆေးပညာ သိုင်းပညာနဲ့ အိပ်မွေ့ချပညာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ ဘို့ဒ်ဒီ ဒါမန် ဆိုသူကနေ ဆင်းသက်လာခဲ့တဲ့ သမိုင်းကြောင်း... သမိုင်းကြောင်းအရ ၆ ရာစု တရုတ်ပြည် ကပ်ရောဂါဘေးဆိုက်နေချိန် ဘို့ဒ်ဒီ ဒါမန်ဟာ အိန္ဒိယနိုင်ငံဆီကို ကပ်ရောဂါ မပျံ့နှံ့လာအောင် တရုတ်ပြည်သို့သွားရောက်ပြီး ကပ်ရောဂါဆိုးကြီးကို ကုသပေးခဲ့တယ်.. ၆ ရာစုမှာ ဘို့ဒ်ဒီ ဒါမန် အိန္ဒိယနိုင်ငံကို မရောက်လာအောင် တားဆီးခဲ့တဲ့ ကပ်ရောဂါကြီးဟာ ယနေ့ခေတ်အိန္ဒိယမှာ အစပျိုးလာတဲ့အချိန်.. ကူးစက်ရောဂါဆိုးကြီးက အလိုအလျောက် ပေါ်လာခြင်းမျိုးမဟုတ်ဘဲ တရုတ်နိုင်ငံရဲ့ အိန္ဒိယအပေါ် တိုက်ခိုက်တဲ့ ဇီ၀လက်နက်တစ်ခုဖြစ်နေတဲ့အခါ ဆပ်ကပ်သမားလေး တစ်ဦး ဖြစ်ပြီး ဘို့ဒ်ဒီ ဒါမန်ရဲ့ မျိုးဆက်လည်းဖြစ်တဲ့ အာဗင်ဆိုသူ နဲ့ မျိုးရိုးဗီဇ အင်ဂျင်နီယာကျောင်းသူလေး ဖြစ်တဲ့ ဆူဘာတို့ ဒီကပ်ရောဂါကြီးကို ဘယ်လိုတားဆီးကာကွယ်သွားကြမလဲ သူတို့ ၂ ဦးကို သတ်ဖြတ်ဖို့ စေလွှတ်လိုက်တဲ့ ရှောင်လင်ကျောင်းတော်က ထိပ်တန်းတပည့် ဒွန်းလီရဲ့ လက်ကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်တစား ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် File size…4.34GB / 1.99GB Quality…1080p WEB RIP /720p Format…mp4 Duration….2h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe

Drama
6.6 2011 168 mins
7Aum Arivu
Plan A Plan B
6.1

အခုတစ်ခါထွက်ရှိထားတဲ့ ကားလေးကတော့ မင်းသားရီတေရှ်ဒေရှ်မွခ်နဲ့ မင်းသမီးချောလေး တမန်နားဘာတီယားတို့ရဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်... တစ်ယောက်က ကွာရှင်းပြတ်စဲပေးတဲ့ ရှေ့နေလေး ကော်စီ... နောက်တစ်ယောက်က အောင်သွယ်တော်လုပ်ပေးတဲ့ အိမ်ထောင်ရေးအေဂျင်စီမလေး နီရာလီ... ကော်စီက အတ္တကြီးပြီးတစ်ကိုယ်ကောင်းဆန်တယ် လက်ရှိအိမ်ထောင်ရေးအဆင်မပြေဘူး နီရာလီကတော့ ညှင်သာနူးညံ့လွန်းပြီး သူ့ကိုဖြတ်သွားတဲ့ ရည်းစားကို မမေ့နိုင်သေးတဲ့ ကောင်မလေး... အလုပ်မတူ စာရိတ္တချင်းမတူ စိတ်ဓါတ်မချင်းမတူတဲ့ ဒီလူနှစ်ယောက်ဟာ အဆောက်အဦးတစ်ခုထဲက ဘေးချင်းကပ်အခန်းမှာ ရုံးခန်းကိုယ်စီထိုင်ဖြစ်ကြတဲ့အခါ... သူတို့တွေ ကြောင်နဲ့ကြွက်လိုမျိုး ဘယ်လိုရန်ဖြစ်ကြမလဲ... တလွဲဟာသလေးတွေနဲ့ ဘယ်လိုတွေခွီရမလဲဆိုတာကို ဆက်လက်မြင်တွေ့ရမှာပဲဖြစ်ပါတယ်... အချစ်ဆိုတာက ဆန်းကြယ်တယ်လို့ ပြောစမှတ်တွင်ခဲ့ကြသလိုမျိုးပဲ သူတို့နှစ်ဦးကိုယ်စီကြားမှာ သံယောဇဉ်တွေ ရှိလာနိုင်မလားဆိုတာကို ဇာတ်ကားထဲမှာ ရှုစားပေးကြပါဦးနော် File size…1.8GB /  841MB Quality…1080p NF WEBDL AAC5.1CH / 720p Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pyae & BpL & Taylor

Action • Adventure • Thriller
6.1 2022 106 mins
Plan A Plan B
Dreamy Eyes
6.9

"ဟိုးတုန်းက ကလင်ကလင် မြည်တတ်တဲ့ ဘဲလ်ကလေးပါတဲ့ စက်ဘီးကလေးတစ်စီး ရှိခဲ့ဖူးတယ်..." စက်ဘီးကလေးတစ်စီးနဲ့ လူငယ်ဘဝဟာ ကောင်ကလေးတစ်ယောက်ရဲ့ ဝမ်းနည်းရိပ်မသန်းတဲ့ ရွှေအိုရောင်ကာလတွေပါပဲ။ အဲဒီရွှေအိုရောင်အတိတ်မှာပဲ ဝေဝေရီရီမျက်လုံးလေးတွေနဲ့ ဆုံတွေ့ခဲ့ရတယ်။ ဝေဝေရီမျက်ဝန်းလေးတစ်စုံနဲ့ ကောင်မလေးတစ်ယောက်ဟာ ဘာကိုမှမသိတတ်သေးတဲ့ ကောင်ကလေးတစ်ယောက်ရဲ့ မစားရက်မသောက်ရက် ပိုင်ဆိုင်ချင်ခဲ့တဲ့ ဆင်စွယ်မင်းသမီးရုပ်ကလေးပေါ့။ ဘကြီးအောင်ညာတယ်ဆိုတဲ့ အဖြစ်မျိုးကိုလည်း သူ မသိတတ်ခဲ့ဘူး။ နှင်းဆီခြုံတောထဲ သူမ ဖြတ်လျှောက်သွားတဲ့အခါ... ကတ္တီပါဆံပင်ရှည် သမင်လည်ပြန်မပွင့်တပွင့်အပြုံးတွေ၊ ဝေဝေရီရီမျက်ဝန်းတွေကို ငေးကာမောကာနဲ့၊ ဝေးရမယ်ဆိုတဲ့အသိမှာ အခါခါသေရင်း၊ ကျောင်းသွားဖော်ကောင်မလေးရဲ့ အနောက်ဆီ‌မှာ ရာစုတစ်ထောင်ကျန်ရစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်ဟာ နေဝင်မှာကို သိပ်ကြောက်ရင်း ညဉ့်နက်ခဲ့သူတစ်ယောက်ပေါ့။ တစ်ချိန်က ကောင်မလေး မက်မောခဲ့တဲ့အရာတွေဟာ အခုတော့ လွယ်လင့်တကူများဖြစ်ခဲ့ပြီ။ ပစ္စုပ္ပန် ကောင်မလေး တမ်းတနေတတ်တဲ့အရာတွေဟာ ကောင်လေးမမီနိုင်ရာများဖြစ်ခဲ့ပြီ။ ချစ်ခြင်းမေတ္တာဟာ ဘာများလဲ။ ကိန်းဂဏန်းလား စက္ကူတစ်ရွက်လား ဦးရာလူလား သီချင်းတစ်ပုဒ်လား ဒါမှမဟုတ်... ဒါမှမဟုတ်... ဒါ... မှ.. မဟုတ်။ ထားပါလေ ခရေပွင့်ကြွေကောက် ပြန်လာသူတစ်ယောက်ရဲ့ဇာတ်လမ်းမှာ သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့ ဂုဏ်တင့်ပါတဲ့ မိန်းကလေးတစ်ယောက်ဟာ ဓမ္မတာပဲမဟုတ်လား။ လူသားတို့ ပေါင်းမိရင် ဘာရယ်ကြောင့် အားနည်းသူကို မုန်းတတ်တာလဲလေ...။ ဒီလိုနဲ့ ဒီကမ္ဘာပေါ်က သူရဲကောင်းများစွာတို့လိုပဲ ကောင်လေးဟာ ကျော့ဆုံးကို မမြင်ခဲ့ရဘူး။ နှစ်လသက္ကရာဇ်တွေ ကုန်လွယ်လွန်းလိုက်ပုံများ ရွာဈေးထိပ်က သစ်ပင်အိုကြီးတောင် သေဆုံးခဲ့တာ... ကြာပြီ။ နှင်းဆီခြုံတောကလေးမှာ ဝေဝေရီရီမျက်ဝန်းကလေးတွေဟာလည်း ပုံရိပ်အဖြစ်ပဲ ထင်ကျန်နေရစ်ခဲ့ပြီ။ ငြိမ်းချမ်းတဲ့ကံဇာတာနယ်မှာ လမ်းဖြောင့်ဖြောင့်သာမယ် ထင်မှတ်မှားဖူးခဲ့တဲ့ နေ့ရက်များစွာ ကုန်လွန်သွား...။ ဆော့ရင်းကစားရင်းက သပြေသီးမှည့်အကောက်သွားတဲ့ ကောင်မလေးတစ်ယောက် ထားခဲ့တဲ့ အုန်းလက်နွားကလေးဟာ ဒုတိယနေရာမှာလည်း ပထမအဆင့်နဲ့ ခေါင်းငုံ့ချစ်ခွင့်မရှိဘူးလို့ ဘယ်သူတွေပြောလဲ။ အခုတော့ စက်ဘီးကလေးမှာ ကယ်ရီယာခုံလေးလည်း မဲ့ခဲ့ပြီ။ ရထားချင်းလမ်းကွဲခဲ့ပုံများ တစ်ဘဝလုံးကုန်တာတောင်မှ ငါ့မှာမဆုံခဲ့ရဘူး။ လူအ,တစ်ယောက်လို့ အားလုံးက သမုဒ်ကြပါစေ။ နှင်းဆီခြုံတောအဝင်၀ တည်နေလှပတဲ့ ဝေဝေရီရီမျက်၀န်းတွေကို ဘာပဲဖြစ်ဖြစ် ငါကတော့ ဆက်ချစ်နေမယ်။ ရင်နှင့်အမျှ အလွမ်းရင့် လွမ်းမပြယ်။ " သံသရာကို ဘယ်လိုပဲအမည်ပေးပေး တကယ်တမ်း ဝေးကြရတဲ့အခါ တစ်ပတ်ပြန်လည်မလာမှာကို ကြောက်နေမိသူတစ်ယောက် ရှိတဲ့အကြောင်း သိစေချင်ရုံပါ... ။ နှလုံးသွင်းချင်း မတူညီလို့ လွဲခဲ့ရတဲ့ ဘ၀တွေ… ကမ္ဘာကြီးပေါ်ကျတဲ့ မိုးစက်တို့ထက် ပိုများတယ်ဆိုတာကလေး သိစေချင်ရုံပါ...။ အဲဒီမီးဟာ လောင်ကျွမ်းစေသူရော လောင်ကျွမ်းခံရသူကိုပါ မြှိုက်တယ်ဆိုတာ သိစေချင်ရုံပါ...။ ဟိုးတုန်းက ကလင်ကလင် မြည်တတ်တဲ့ ဘဲလ်ကလေးပါတဲ့ စက်ဘီးကလေးတစ်စီး ရှိခဲ့ဖူးတယ်။ ဒါပေမဲ့.. အဲဒီစက်ဘီးကလေးရဲ့ ကယ်ရီယာခုံလေးအကြောင်းကိုတော့ ပြောပြခဲ့ဖူးရင်လည်း မေ့သာပစ်လိုက်ပါ..။ ချိန်းကြိုးကလေးတွေဟာ နှစ်ဦးသားအတူ အဝေးကိုမှ မသယ်ဆောင်နိုင်ခဲ့တာ...။ " ~ Word and Poetry Ref - နှင်းဆီပွင့်၊ အုန်းလက်နွား၊ ဘကြီးအောင်ညာတယ် (မင်းသုဝဏ်) - မမသည် ငွေ့ရည်ဖွဲ့စ တိမ်ဖြူမွလေးဖြစ်သည် (တာရာမင်းဝေ) - အလွမ်းရင့် လွမ်းမပြယ်၊ ငယ်သူမို့ (စိုးလွင်လွင်) - အချစ်ကိုဦးစားပေးခဲ့သူ (စိုင်းခမ်းလိတ်) (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.05GB, 1.05GB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 1H 57Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama • Romance
6.9 2019 117 mins
Dreamy Eyes
Rough Cut
6.8

အခုတစ်ခါ မိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မင်းသားကြီး So Ji Sub ရဲ့ အက်ရှင်ကားလေးတစ်ကား ဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်းအတွင်းမှာလည်း ဒီမင်းသားကြီး ဦးဆောင်ပါဝင်မဲ့ Doctor Lawyer ဆိုတဲ့ Series လည်း ထွက်လာဦးမှာပါ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... ဂန်ဖယ်ဆိုတာကတော့ အင်မတန်ကြမ်းတမ်းတဲ့ လုပ်ရပ်တွေကြောင့် လူမိုက်ဂိုဏ်းတစ်ခုရဲ့ အဆင့် ၂ နေရာကို ရောက်ရှိလာခဲ့ပါပြီ။ ဒီလို ကြမ်းတမ်းတယ်ဆိုပေမဲ့လည်း တစ်ဖက်မှာတော့ ဂန်ဖယ်ဟာ နူးညံ့တဲ့သဘောရှိပြီး အနုပညာကိုလည်း မြတ်နိုးသူ တစ်ယောက်ပါ။ ဆူထာ ဆိုတာကတော့ အက်ရှင်မင်းသား ဖြစ်ပြီး ခပ်ကြမ်းကြမ်း သရုပ်ဆောင်ရတာကို ကြိုက်နှစ်သက်တဲ့သူပါ။ ကြမ်းတမ်းမှု အဆင့်တွေ သတ်မှတ်လိုက်ရင် ဆူထာ နဲ့ ဂန်ဖယ်တို့က အတူတူလောက်ပါပဲ။ မင်းသားဂျန်ဆူထာက ရိုက်ကွင်းမှာ အတူတူရိုက်ကူးတဲ့ တစ်ဖက်သရုပ်ဆောင်ကို အက်ရှင်ကား ရိုက်ကူးရင်း အမှန်တကယ် ချလိုက်တာကြောင့် ဆေးရုံတင်လိုက်ရလို့ သူနဲ့အတူ တွဲရိုက်ပေးမယ့် သရုပ်ဆောင်တွေ တစ်ယောက်မှ မရှိတော့ပါဘူး။ အဲ့လိုအချိန်မှာ အရင်က အရက်ဆိုင်မှာ တစ်ခါရန်ဖြစ်ဖူးတဲ့ ဂိုဏ်းစတားခေါင်းဆောင် ဂန်ဖယ်ကို သူနဲ့အတူ ရိုက်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဂန်ဖယ်ကလည်း အရင်က ရိုက်ခဲ့ဖူးတဲ့ မင်းသားတွေလို သူနဲ့တကယ်ချနိုင်မယ်ဆိုရင် ရိုက်ကူးပေးမယ်လို့ ပြောခဲ့ပါတယ်။ ဒီလို ခပ်ကြမ်းကြမ်းတွေ လုပ်တတ်ကြတဲ့ သူတို့နှစ်ယောက် ဇာတ်ကားကို အဆုံးထိ ပြီးဆုံးအောင် ရိုက်နိုင်ပါ့မလား? ဂန်ဖယ်ကရော နောက်ဆုံးမှာ ဘယ်လိုတွေ ဆက်ဖြစ်မလဲ? ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် အက်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Yumeko ပါ။) File Size          :  3.3GB, 1GB & 471MB Quality            : 1080p Blu-ray AC3 5.1CH, 720p & 480p Format            : mp4 Duration         : 1hr & 53mins Genre              : Action, Crime, Drama Translated by  Yumeko Encoded by Kinnov

Horror
6.8 2008 111 mins
Rough Cut
Radhe
4.5

၂၀၂၁မှာ မင်းသားကြီးတွေ ပျောက်နေကြပေမဲ့ မင်းသားကြီး ဆယ်လ်မန်ခန်းကတော့ တစ်ကားထွက်လာခဲ့ပါပြီ။ ၂၀၂၀၊၂၀၂၁ခုနှစ်တွေဟာ ကိုဗစ်ကြောင့် အားလုံးအတွက် အဆိုးဆုံးနှစ်တွေ ဖြစ်မှာပါ။ ရုပ်ရှင်လုပ်ငန်းတွေ အားလုံး ရပ်ဆိုင်းလုနည်းပါးဖြစ်နေပေမဲ့ Digital Platformပေါ်က ထုတ်လွှင့်ပြသပေးနေတော့ တကမ္ဘာလုံးနဲ့ တန်းတူကြည့်နိုင်ဖို့ အဆင်ပြေပေမဲ့ တကယ်တော့ ထုတ်လုပ်သူတွေအနေနဲ့ ရုံတင်ရတာလောက် အဆင်ပြေမယ် မထင်ပါဘူး။ ဒါပေမဲ့ ဆယ်လ်မန်ကတော့ ပရိသတ်တွေအတွက် Radheကို ထုတ်လွှင့်ခဲ့ပါပြီ။ ဒီကားထဲမှာတော့ ဆယ်လ်မန်ကို ရဲအရာရှိတစ်ယောက် အနေနဲ့ မြင်ရမှာဖြစ်ပြီး ကြမ်းလွန်းလို့ ရာထူးက ပြောင်းရွှေ့ခံ၊ ရပ်နားခံနေရတဲ့ ရဲအရာရှိတစ်ယောက်ပါ။ ဇာတ်လမ်းအစမှာတော့ မွန်ဘိုင်းတစ်မြို့လုံးမှာ မူးယစ်ဆေးတွေ သုံးစွဲပြီးသတ်သေမှု မြင့်တက်လာတာကြောင့် ရောင်းဝယ်ဖောက်ကားသူတွေကို ဖမ်းဆီးနိုင်ဖို့ ရာထူးက ရပ်နားခံထားရတဲ့ Radheကို အလုပ်ထဲ ပြန်ဝင်ဖို့နဲ့ ဒီအမှုကို လိုက်ဖို့ တာဝန်ပေးအပ်ခြင်းခံရတာက အစပြုထားပါတယ်။ အပျော်တမ်းကြည့်ဖို့ ကောင်းတဲ့ ဇာတ်ကားတစ်ကားလို့ သတ်မှတ်လို့ရမယ်ထင်ပါတယ်။ အိုဗာအက်ရှင်တွေ ပါနေတော့ တချို့အတွက်တော့ လုံးဝအဆင်ပြေမယ် မထင်ပါဘူးဗျာ။ ဒါပေမဲ့ မင်းသမီးလေး ဒီရှားက သင့်ကို ဆွဲဆောင်နေမှာပါ။ ဇာတ်လမ်းအညွှန်းကို Nyi Nyi Koe က ရေးသားပေးထားပြီးတော့ ဘာသာပြန်ကတော့ Nyi Nyi Koe and Myint Thu ပဲ ဖြစ်ပါတယ်။ Enocder - August File size… 1.9 GB and 1.2 GB Quality….WEB-DL 1080p and 720p Format…mp4 Duration…. 2h 15min Subtitle….Myanmar Subtitle (Hardsub) Translator ..... Myint Thu and Nyi Nyi Koe Encoder ..... August

Action • Drama • Thriller
4.5 2021 135 mins
Radhe
Kong: Skull Island
6.5

၁၉၇၃ ကာလ မြင်ကွင်းတွေ နဲ့အတူ ဗီယက်နမ်စစ်ပွဲအပြီးကာ လမှာ Monarch လို့ခေါ်တဲ့ လျှို့ ဝှက် အဖွဲ့အစည်းအတစ်ခုဟာ မြူခိုးတွေနဲ့ အုံ့ဆိုင်းနေတဲ့ အရိုးစု ကျွန်းဆိုတဲ့ ကျွန်းသစ်တစ်ကျွန်း ကို ရှာတွေ့ခဲ့ပါတယ်။ အဲဒီကျွန်း ပေါ်မှာ ထူးဆန်းတဲ့ တိရစ္ဆာန်မျိုး စိတ်တွေရှိနေတဲ့အတွက် သုတေ သနပြုဖို့ ရဟတ်ယာဉ်တွေနဲ့ ထွက်ခွာခဲ့ကြပါတယ်။ တကယ်တော့ အဲဒီကျွန်း ပေါ်မှာ ကောင်ဆိုတဲ့ ဧရာမ မျောက်ဝံကြီးရှိသလို အခြားထူး ဆန်းတဲ့ သတ္တဝါပေါင်းများစွာ လည်း ရှိနေတာပါ။ ရဟတ်ယာဉ် တွေ ကျွန်းပေါ်က ဖြတ်ပျံတုန်း မျောက်ဝံကြီး ရန်ပြုတိုက်ခိုက်ခဲ့ တဲ့အတွက် ရဟတ်ယာဉ်တွေ ပျက်ကျကုန်ပါတော့တယ်။ ကျွန်းပေါ် ရောက်သွားတဲ့ သုတေသီအဖွဲ့ဟာ ကင်းကောင် အပြင် အခြားထူးဆန်းတဲ့ သတ္တဝါ ကြီးတွေနဲ့ပါရင် ဆိုင်ခဲ့ရပါတယ်။ သူနေတဲ့ ကျွန်းပေါ်ကို ကျူးကျော် ဝင်ရောက်လာသူတွေကို ကင်း ကောင်ဟာ ဒေါသတကြီး တိုက် ခိုက်ခဲ့တာမို့ သုတေသီတွေနဲ့ပါ လာတဲ့ စစ်တပ်နဲ့ တိုက်ပွဲတွေအ ပြင်းအထန်ဖြစ်ကြပါတော့တယ်။ ကင်းကောင် ဇာတ်ကား ကြိုက်တဲ့ ပရိသတ်တွေ အနေနဲ့ တော့ ဒုတိယမြောက် ကင်းကောင်ဇာတ်ကားကကော ကျေနပ် လောက်တဲ့ ရသပေးစွမ်းမှာလား ဆိုတာတော့ ကိုယ်တိုင်ကြည့်ပြီး တော့သာ ဆုံးဖြတ်ကြည့်ကြဦး နော်။ သတ္တဝါကြီးတွေရှိတဲ့ကျွန်း ကို ကျူးကျော်ဝင်လာတဲ့လူတွေနဲ့ သတ္တဝါတွေ ထိပ်တိုက်တွေ့တဲ့အ ခါ ဘာတွေဆက်ဖြစ်ကြမှာလဲ။ ကင်းကောင်ကော ဘယ်လိုအခြေ အနေနဲ့ ဇာတ်သိမ်းရမှာလဲဆိုတာ တော့.. ဒီဇာတ်ကားမှာ တော်မ်ဟင် ဒယ်လ်တန်၊ ဆမ်မြူရယ်အယ်လ် ဂျက်ဆင်၊ ဂျွန်ဂွတ်မန်း၊ ဘရီလာဆင်၊ ကျင်းထျန် စတဲ့ သရုပ် ဆောင်တွေ ပါဝင်ထားကြပါ တယ်။ ။ (ဇာတ်လမ်းအညွှန်းကိုတော့ (http://www.7daydaily.com) မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ Han Htoo Zaw ပဲဖြစ်ပါတယ်) File Size : (850 MB) and (440 MB) Quality : Bluray 720p Running Time : 1hr 58minutes Format : Mp4 Genre : Action, Adventure, Fantasy Translated By Han Htoo Zaw Encode By Thanhtike Zaw

Drama • Sci-Fi & Fantasy
6.5 2017 118 mins
Kong: Skull Island
Don’t Worry Darling
6.3

Don’t Worry Darling (2022) ဒီဒရာမာလေးကတော့ ပရိသတ်အချစ်တော်နာမည်ကြီးတွေများပါတယ်။ ဟယ်ရီစတိုင်၊ ဖလောရန့်စ် ပြူ၊ ခရစ္စပိုင်းတို့ အဓိကပါဝင်ထားပါတယ်။ Psycho drama thriller လေးပါပဲ။ ဇာတ်လမ်းထဲမှာ ဗစ်ထရီစီမံကိန်းဆိုတဲ့ ဘာမှန်းမသိတဲ့ ကုမ္ပဏီကြီးတစ်ခုရှိတယ်။ အဲဒီကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ ယောကျာ်းတိုင်းအတွက် အိမ်ရာတစ်ခုရှိပါတယ်။ အဲဒီအိမ်ရာမှာပဲ ဇနီးကိုယ်စီနဲ့ ပျော်ပျော်ရွင်ရွှင်နေကြပါတယ်။ စားစရာသောက်စရာ၊ ငွေကြေး ဘာမှကိုပူစရာမလိုပါဘူး။ အလုပ်ဆင်းတာနဲ့အချိန်တိုင်း ပျော်စရာတွေချည်းပါပဲ။ ပါတီတွေ၊ အားကစားတွေနဲ့ သုခဘုံအစစ်ပါပဲ။ ဒါပေမဲ့ သူတို့တွေ ဘယ်ကနေဒီကိုရောက်လာသလဲ၊ ဘာအလုပ်တွေလုပ်ရလဲဆိုတာ အားလုံးဝေဝေဝါးဝါးပါပဲ။ အဲဒီလူတွေထဲကနေ ဒီလောကကြီးကို သံသယဖြစ်လာသူတွေရှိရင်လည်း အားလုံးက သူ့ကိုရူးနေသလိုပဲထင်ကြပါတယ်။ အဲဒီလို သံသယရှိလာသူတွေထဲမှာ အဲလစ်ပါလာတဲ့အခါ ဒီအရာတွေအားလုံးကိုအဖြေရှာဖို့ ကြိုးပမ်းလာပါတော့တယ်… ဒီဇာတ်ကားကတော့ လက်ရှိဘဝတွေနဲ့လူတွေရဲ့စိတ်တွေကို နိမိတ်ပုံလေးနဲ့ ပြထားတာဖြစ်ပြီး ကြည့်နေရတဲ့လူကိုပါ အားမလိုအားမရ မွန်းကြပ်လာအောင်ဖန်တီးထားတဲ့အမျိုးအစားမို့ တမူထူးခြားပြီးခံစားလို့ကောင်းမယ့် ရုပ်ရှင်တစ်ခုပါပဲ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre….. Drama, Thriller Quality…. 1080p | 720p | 480p File size…1.7GB | 901MB | 495MB Format… mp4 Duration…. 2h 3min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mr.Anderson Encoder ….. August

Action • Crime • Mystery • Thriller
6.3 2022
Don’t Worry Darling
Sicario
7.6

Genre – Action, Crime, Drama IMDB – 7.6/10 ၂၀၁၅ ခုနှစ်တုန်းက အလန်းစားရုပ်ရှင်တွေထဲက တစ်ကားဆို ငြင်းရမယ် မထင်ဘူးဗျာ… သေသပ်လှပတဲ့ ရိုက်ကွက်၊ ပံ့ပိုးပေး ထားတဲ့ နောက်ခံတီးလုံးက စိတ်လှုပ်ရှားစရာ၊ မထင်ထားတဲ့ ဇာတ်လမ်းနဲ့ ဇာတ်ကောင်ဖွဲ့စည်းပုံတွေကြောင့် ပိုမိုက်တဲ့အက်ရှင် ကားကောင်း ဖြစ်သွားခဲ့ရတယ်။ အက်ရှင်ဇာတ်ကားက ကောင်းဆို ရိုက်ထားတဲ့ ဒါရိုက်တာကြီးက Blade Runner တို့ Dune တို့ Arrival တို့ ရိုက်ထားတဲ့ Denis Villeneuve ပေါ့ သူ့ စတိုင်အတိုင်း ခပ်အေးအေးနဲ့ သံစဉ်တွေ အမြင်တွေနဲ့ ဖော်ကျူးထားတယ်။ သရုပ်ဆောင်တွေကလည်း လူတိုင်းသိကြတဲ့ လက်ဖျောက်တီး Thanos ကြီး Josh Brolin ရယ် အမြဲမှုန်ကုပ်ကုပ်နဲ့ သရုပ်ဆောင် လေ့ရှိတဲ့ Benecio Del Toro ရယ် Quiet Place တို့ တွမ်ခရုနဲ့ ရှယ်ကြမ်းထားတဲ့ Edge of Tomorrow ထဲက Emily Blunt တို့က ရှယ်သရုပ်ဆောင်ပေးထားသေးတာ။ နောက်ပြီး ၂၀၁၆ ခုနှစ် အော်စကာမှာလည်း ရိုက်ချက်ဆု၊ အသံတည်းဖြတ်ဆုနဲ့ နောက်ခံ တေးဂီတဆုတို့က မရခဲ့ပေမဲ့ စကာတင် ဝင်ခဲ့သေးတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ အက်ဖ်ဘီအိုင်က စာအုပ်ကြီးအတိုင်း လုပ်နေကြ အေးဂျင့်ကိတ် တစ်ယောက် တစ်ရက်မှာ ပြန်ပေးဆွဲသတင်းရလို့ အိမ်တစ်အိမ် ဝင်စီးရာကနေ လူသေလောင်းပေါင်းများစွာနဲ့ မက်ဆီကို မူးယစ် ဂိုဏ်းကိစ္စတွေဆိုတာ သိလိုက်ရပါတယ်။ အဲဒီအချိန်မှာ ဒီလို ငယ်ရွယ်ပြီး အတွေ့အကြုံရှိတဲ့အေးဂျင့်ကို တရားရေးရာအကြံပေး ဆိုတဲ့ ဘဲကြီးမက်ဆိုတဲ့လူက သဘောကျပြီး သူတို့အသစ်ဖွဲ့ထားတဲ့ ညွန့်ပေါင်းအဖွဲ့ထဲ ဝင်မလားပေါ့ ဒီနေ့ ဒီလူသေအလောင်းတွေအား လုံးရဲ့ လက်သည်တာဝန်ရှိတဲ့လူကို လိုက်ရှာမှာ မင်း စိတ်မပါဘူး လားဆိုတော့ ကိတ်တစ်ယောက် လိုက်ပါသွားခဲ့တယ်။ ဒီလိုသွားတဲ့ အချိန်မှာ စပိန်စကားလည်းရပြီး လူတွေကို မှုန်ကုပ်ကုပ်ကြည့်ပြီး အိပ်ရေးမဝတဲ့ ထူးဆန်းတဲ့ ဘဲကြီးတစ်ပွေကလည်း ပါလာပြန် သေးတယ်။ အဲဒါနဲ့ ညွန့်ပေါင်းအဖွဲ့ စတင်ပြီး မက်ဆီကို မူးယစ်ဂိုဏ်း စစ်ဆင်ရေးတွေ လုပ်ကြတဲ့အခါမှာတော့ ကိတ်အတွက်က မှန်းချက်နဲ့ နှမ်းထွက် မကိုက်သလိုတွေ ဖြစ်ခဲ့ရတယ်။ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်နေကြ ကိတ်နဲ့ ဒီအဖွဲ့အစည်းရဲ့ သမားရိုးကျမဟုတ်တဲ့နည်းတွေ အံ့သြစရာတွေ နောက်ကွယ်က တကယ့်လျှို့ဝှက်ချက်တွေကို ကိတ် သိလိုက်ရတဲ့ခါမှာတော့….။ အဖွဲ့ခေါင်းဆောင်နေရာ ဂွတီးဂွကျနဲ့ ဆော်စရာရှိလည်း အသေဆော်ပြီး ကြမ်းပြတဲ့ Brolin ရော မှုန်ကုပ်ကုပ်နဲ့ တစ်ကားလုံး လုပ်စရာရှိတာကို သွေးအေးအေးနဲ့ လုပ်ပြသွားတဲ့ Del Toro ရယ် လူသစ်လေးနေရာကနေ ဘာမှန်း တစ်လုံးတစ်လေမှ မသိရပဲ နောက်ကနေ အူကြောင်ကြောင်နဲ့ စိတ်အလိုမကျမှုတွေနဲ့ အေးဂျင့် Blunt ကလည်း အကြမ်း။ တစ်ကားလုံး သူ့နေရာကနေ ဝင်ခံစားကြည့်လိုက်ပါ ရင်တစ်ထိတ်ထိတ်နဲ့ ဘာတွေဖြစ်လို့ ဖြစ်နေမှန်းမသိပဲ ဟိုဘဲကြီးနှစ်ပွေနောက် လိုက်နေရတဲ့ ဖီးလ်က သည်းထိတ်ရင်ဖိုကားဆန်ဆန်နဲ့ ပရိုကျကျ ဖြုတ်ကျတာတွေကို ခံစားရမှာပါ။ သာမန်အက်ရှင်ကြည့်နေကြလူတွေအတွက်တော့ နည်းနည်းအသွားအလာလေးပြီး ပျင်းသလို ဖြစ်နိုင်ပါတယ် ဒါပေမဲ့ ပြီးအောင်သာဆက်ကြည့်ကြပါ တကယ်ကောင်းတဲ့ ရုပ်ရှင်တစ်ကားမို့ လက်မလွှတ်စေချင်ပါဘူး။ File size…3.71GB / 1.45GB / 550MB Quality… Blu-Ray 4K HEVC / 1080p / 720p Format…mp4 Duration….2h 1m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Drama • Thriller
7.6 2015
Sicario
[18+] Pornstar 2: Pangalawang Putok
5.7

Pornstar 2 (2021) သမီးလေးကြီးရင် ပွန်းစတားဖြစ်ချင်တယ် ဒုတိယပိုင်းပါ။ ပထမပိုင်းကိုတော့ ဒီလင့် ကနေကြည့်နိုင်ပါတယ်။ ဆရာမကြီးလေးယောက် ပထမအစီအစဉ်က မအောင်မြင်တော့ အသစ်လေးတွေကို ပွဲထုတ်လာပါတယ်။ မင်းသမီးလက်သစ်လေးယောက်ကို သင်တန်းပေးကြမှာပါ။ ငမ်းစရာအရေအတွက်များလာတာပေါ့။ လာလာချင်းမှာတင် မျက်လုံးပြူးစရာတွေနဲ့ စကြိုမယ့် ဇာတ်ကားလေးပါ။ ပထမကားမှာတော့ ဇာတ်ကားရိုက်တဲ့အဆင့်ထိမရောက်လိုက်ပေမဲ့ ဒီကားမှာတော့ အောင်အောင်မြင်မြင် ရိုက်ကူးနိုင်လိုက်ပါတယ်။ သူတို့ရဲ့ ဖိလစ်ပိုင်အောလောကကို ပြန်အသက်သွင်းမယ့် ဒုတိယ စစ်ဆင်ရေးက အောင်မြင်မလားဆိုတာကို ကြည့်ရင်း အဖြေရှာလိုက်ကြရအောင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 6 9 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 805MB Quality – 1080p, 720p IMDb Rating – 5.7/10 Format – mp4 Duration – 1H 35Min Genre – Comedy Subtitle – Myanmar Subtitle (Hardsub) Translated by 6 9 Encoded by RGB

Drama
5.7 2021 95 mins
[18+] Pornstar 2: Pangalawang Putok
Suitable Flesh
5.4

Suitable Flesh (2023) ~ IMDb – 5.4/10, Rotten Tomatoes – 84% ~ စိတ်ဝင်စားဖို့ကောင်းတဲ့ Horror ကားကောင်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကားက ထွက်တာ မကြာသေးတာမို့ IMDb rating ကိုတော့ အတည်မယူသေးပါနဲ့ဦးလို့ သတိပေးချင်ပါတယ်။ မဟုတ်ရင် Rating ကြည့်ပြီး ဆုံးဖြတ်တတ်တဲ့သူမျိုးအဖို့ ကားကောင်းလေးတစ်ကား လက်လွတ်လိုက်ရမှာ စိတ်ပူလို့ပါ။ ဒီရုပ်ရှင်ဟာဆိုရင်ဖြင့် ၂၀ရာစု နှောင်းပိုင်းရဲ့ Horror, Fantasy, Science Fiction စာရေးဆရာတွေအပေါ် တော်တော်လေးလွှမ်းမိုးမှုရှိပြီး “ထူးထူးဆန်းဆန်းနဲ့ကြောက်ဖို့ကောင်းတဲ့ ဇာတ်လမ်း” (Weird Story) တွေရဲ့ တီထွင်သူလို့ အသိအမှတ်ပြုခံထားရတဲ့ H.P. Lovecraft ရဲ့ ဝတ္ထုကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဇာတ်လမ်းအကျဉ်းမပြောတော့ဘဲ ဘယ်လိုစဖွင့်တယ်ဆိုတာလေးပဲ ပြောပြဖို့စိတ်ကူးထားပါတယ်။ အဲဒီလို ဘာမှမသိထားမှလည်း Horror Vibe ပြည့်ပြည့်လေး ခံစားနိုင်မှာမို့ပါ။ ဇာတ်လမ်းအဖွင့်မှာပေါ့… တော်တော်လေး ပုံပျက်ပန်းပျက် အသေဆိုးနဲ့သေထားရတဲ့ လူငယ်လေးတစ်ယောက်အလောင်းကို ရင်ခွဲမယ့်ဆရာဝန်ရယ်၊ စိတ်ရောဂါအထူးကုဆရာဝန်မရယ်က ကြည့်နေကြတယ်။ အဲဒီလူငယ်လေးကို သတ်လိုက်တဲ့သူကိုလည်း ထိန်းသိမ်းထားပြီးသားပါ။ သူကတော့ တခြားသူမဟုတ်ဘဲ ခုန စိတ်ကုဆရာဝန်ရဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်လည်းဖြစ်၊ တစ်ခါက တော်တော်လေး အောင်မြင်ခဲ့တဲ့ စာအုပ်ကိုရေးသားခဲ့ပြီး ကိုယ်တိုင်လည်း စိတ်ကုဆရာဝန်တစ်ယောက်ဖြစ်တဲ့ အဲလိဇဘက်ဒါဘီဆိုတဲ့ ခပ်ချောချောအမျိုးသမီးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားတစ်ခုလုံးကို သင်တို့ဆီ ခေါ်ဆောင်လာပေးတဲ့သူဆိုရင်လည်း မမှားပါဘူး။ ဒီတော့ လူသတ်သမားတစ်ဖြစ်လဲ ဒေါက်တာဒါဘီပြောပြမယ့်ဇာတ်လမ်းက ဘာများလဲ။ ဇာတ်ဖွင့်ဖွင့်ချင်းမှာတွေ့ခဲ့တဲ့ အလောင်းဖြစ်ပြီးသား လူငယ်လေးကရော အသက်ရှင်စဉ်က ဒေါက်တာဒါဘီနဲ့ ဘယ်လိုများ ပတ်သက်ခဲ့မလဲ။ လူနာတွေရဲ့ စိတ်သောကအပူအပင်တွေ၊ စိတ်ဒဏ်ရာတွေကို သက်သာစေခဲ့တဲ့ ဒေါက်တာဒါဘီတစ်ယောက် လူသတ်သမားဖြစ်သွားလောက်တဲ့ထိဖြစ်ရတဲ့ သူ့ရဲ့ ကိုယ်ပိုင်သောက,ကရော ဘာများဖြစ်မလဲ..။ ဆိုတော့ ဒါဟာ စိတ်ရောဂါနဲ့ပတ်သက်တဲ့အကြောင်းပဲလားလို့ မေးစရာရှိပါတယ်။ မဟုတ်ပါဘူး၊ ဆန်းကြယ်တဲ့ ဖြစ်တည်မှုတစ်ခုလည်း ပါဦးမှာမို့ ဟော်ရာဖန်တွေကြိုက်မှာပါ၊ တစ်ခုရှိတာကတော့ Jump Scare တွေ မပါဝင်သမို့ အဲဒီလိုမျိုးမှ ကြိုက်တတ်တဲ့သူမျိုးဆိုရင်တော့ အိုခေမှာမဟုတ်ပါဘူး။ အဲဒီအစား Erotic Scene တွေတော့ ဟိုနားဒီနား ပါသမို့ ကြောက်စရာလေးကြည့်ရင်း စိတ်အမှောင်အမိုက်ကိုလည်း အလိုလိုက်ပေးလို့ရပါတယ်ပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 785MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 40Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

5.4 2023
Suitable Flesh
Minacious

ဖုန်းမှတစ်ဆင့် လုပ်ဆောင်ရတဲ့ အများဝန်ဆောင်မှု လုပ်ငန်းတွေဟာ ပင်ပန်းတဲ့ အလုပ်အမျိုးအစား တစ်မျိုးပါ။ တစ်ခါတစ်ရံ ဖုန်းခေါ်သူနဲ့ ဝန်ထမ်းကြားမှာ စကားအချေအတင်များပြီး အကြမ်းဖက်မှုအထိ ဖြစ်နိုင်တယ်ဆိုရင်ရော ယုံကြည်နိုင်ပါ့မလား။ အစ်ဇဘယ်လာ ရောဘတ်ဆန်ဟာ Regal Union Bank ရဲ့ အများဝန်ဆောင်မှုဌာနမှာ လုပ်ဆောင်နေသူတစ်ဦးပါ။ တနေ့မှာတော့ သူမဟာ ဦးလေးဖြစ်သူတစ်ယောက်အိမ်မှာ တစ်ပတ်တာ အိမ်စောင့်ပေးရမှာ ဖြစ်လို့ အိမ်တည်ရှိရာ လူသူအလှမ်းဝေးတဲ့ နေရာတစ်ခုကို သွားရောက်ခဲ့ပါတယ်။ သူမက အိမ်မှတစ်ဆင့် အလုပ်လုပ်နေသူဖြစ်ကာ ညဆိုင်းဖြစ်တဲ့အတွက် သူမအတွက်တော့ အဆင်ပြေနေပါတယ်။ ဒါပေမဲ့ တညမှာတော့ သူမဟာလည်း ဖုန်းခေါ်သူဆိုဖောက်သည် တစ်ယောက်နဲ့ အချေအတင် စကားများကာ ​အသက်အန္တရယ်အထိပါ ခြိမ်းခြောက်ခံရပါတော့တယ်။ ထိုသူဟာ ခြိမ်းခြောက်ရုံသက်သက်ပဲလား အမှန်တကယ်လား ဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size…(1.1 GB)/(544 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vio La

Drama
0 2022
Minacious
Star Wars: Episode V – The Empire Strikes Back
8.7

Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။ Force ဆိုတာကတော့ သက်ရှိသက်မဲ့တွေ အားလုံး အတွင်းထဲ အပြင်ထဲမှာ ဝိုင်းရံနေတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပြီး Jedi တွေသာ ခံစားနိုင် သုံးစွဲနိုင်ကြပါတယ်။ အဲဒီ Jedi တွေရဲ့ လုံးဝဆန့်ကျင်ဖက်လမ်းစဉ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။ ဒီ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။ စတားဝါးရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့ခုနှစ်အတိုင်း အစဉ်လိုက်ကြည့်ရှုမယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars IV : A New Hope (1977) 2. Star Wars V : The Empire strikes back (1980) 3. Star Wars VI : Return of the Jedi (1983) 4. Star Wars I : Phantom Menace (1999) 5. Star Wars II : Attack of The Clones (2002) 6. Star Wars III : Revenge of The Sith (2005) 7. Star Wars VII: The Force Awakens (2015) 8. Rogue One : A Star Wars Story (2016) 9. Star Wars VIII : The Return of the Jedi (2017) 10. Solo : A Star Wars Story (2018) 11. Star Wars IX : The Rise of the Skywalker (2019) တကယ်လို့ Star Wars Timeline အတိုင်းကြည့်မယ်ဆိုရင်တော့ အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars I : Phantom Menace (1999) 2. Star Wars II : Attack of The Clones (2002) 3. Star Wars III : Revenge of The Sith (2005) 4. Solo : A Star Wars Story (2018) 5. Rogue One : A Star Wars Story (2016) 6. Star Wars IV : A New Hope (1977) 7. Star Wars V : The Empire strikes back (1980) 8. Star Wars VI : Return of the Jedi (1983) 9. Star Wars VII: The Force Awakens (2015) 10. Star Wars VIII : The Return of the Jedi (2017) 11. Star Wars IX : The Rise of the Skywalker (2019) ( Littleneo မှ ဘာသာပြန်တင်ဆက်ထားပါတယ်။) Star Wars ရုပ်ရှင်အားလုံးကို https://channelmyanmar.to/category/special-package/star-wars/ မှာကြည့်ရှုနိုင်ပါတယ်။ 4K ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ +++++++++++++++++++++++++++++ Star Wars: Episode V – The Empire Strikes Back (1980) Star Wars: Episode IV – A New Hope (1977) ရဲ့အဆက်ဖြစ်ပြီး ဒုတိယမြောက် ထွက်ရှိခဲ့တဲ့ စတားဝါးစ်ရုပ်ရှင်ကားဖြစ်ပါတယ်။ ပထမကား Star Wars: Episode IV – A New Hope (1977) မှာ သေမင်းကြယ်ကိုဖျက်ဆီးခဲ့ပြီးနောက် ဒါ့သ်ဗိတ်ဒါဟာ လုခ် စကိုင်းဝေါ်ကာရဲ့နောက်ကို လိုက်ဖမ်းနေပြီး..အင်ပါယာတပ်တွေကလည်း တော်လှန်ရေးတပ်တွေရဲ့ စခန်းကို ပြန်ပြီးတိုက်ခိုက်ချေမှုန်းရာကနေ ဇာတ်လမ်းကိုစထားပြီး ကပ္ပတိန် Han Solo နဲ့ မင်းသမီး Leia Organa တို့လည်း အင်ပါယာတပ်တွေရဲ့လက်ကနေ ဘယ်လိုရှောင်ပြေးကြရမယ်ဆိုတာ…။

8.7 1980 124 mins
Star Wars: Episode V – The Empire Strikes Back
Unseen Enemy

Unseen Enemy (2017) IMDb – 7.3/10 Genre – Documentary ကမ္ဘာမှာ လူဦးရေတွေများပွား၊ လူမှုအဆင့်အတန်းတွေမြင့်တက်လို့ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ နောက်ကနေကပ်ပါလာတာကတော့ အမျိုးမျိုးသော အမည်မဲ့ကပ်ဘေးများပါပဲ။ ရည်ရွယ်ချက်ရှိရှိသော်လည်းကောင်း မတော်တဆသော်လည်းကောင်း ကပ်ဘေးဟေ့လို့ဆိုလိုက်တာနဲ့ ရင်စည်းပြီးခံရတာဟာလည်း ဖန်တီးသူလူသားတွေပါပဲ။ လတ်တလောမှာဖြစ်ပွားခဲ့ပြီး၊ ဖြစ်ပွားနေဆဲဖြစ်တဲ့ ကိုဗစ်ဟာ ကမ္ဘာမှာဖြစ်ခဲ့တဲ့ တစ်ခုတည်းသော ရောဂါကပ်တော့ မဟုတ်ခဲ့ပါဘူး။ ဆားစ်ရောဂါ၊ H1N1 စသည်ဖြင့် ရောဂါကပ်ဘေးတွေအမြောက်အများမှာ အမျိုးမျိုးသော ဖြစ်ရပ်ပေါင်းများစွာနဲ့ ကျွန်မတို့ရင်ဆိုင်ခဲ့ကြရပြီးပါပြီ။ ဒီ Documentary မှာတော့ နာမည်ကြီးရောဂါကပ်တွေမှာ ဘာတွေဖြစ်ခဲ့သလဲ ဘယ်လိုတွေကျော်လွှားခဲ့လဲ ဘာတွေကဖြစ်စေခဲ့လဲဆိုတာကို ကြည့်ရှုရမှာမို့ ရောဂါကပ်တွေနဲ့ပတ်သတ်တဲ့ အသိဉာဏ်ပြတင်းပေါက် တစ်ချပ်လှပ်ပေးလိုက်နိုင်မယ်လို့မျှော်လင့်ရင်း CM မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ File size… 2.8 GB / 1 GB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 37m Genre ….. Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Aditi

Horror
0 2017
Unseen Enemy