YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Shaolin.Boy.2021.480p.WEB-DL.CM.mp4

449.47 MB N/A video/mp4 2432 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The SZN

ရိုမန် ပယ်ရီဟာ ဖခင်ဖြစ်သူရဲ့မာနကြီးမှုတွေ စိတ်ကြီးဝင်မှုတွေကြောင့် မိသားစုကိုမုန်းတီးနေသူပါ။ ဘယ်လောက်ထိ မုန်းတီးနေလဲဆို အလုပ်ကလူတိုင်းကို မိဘတွေဟာ ကားမတော်တဆမှုကြောင့်သေသွားပြီ၊ သူဟာ တစ်ဦးတည်းသောသားပါလို့ လိမ်ညာထားသူပါ။ မွေးချင်း မောင်နှမတွေဖြစ်တဲ့ လန်ဒန် အဗ်ဗာရိုစ်တို့နဲ့လည်း အဆက်အသွယ်ဖြတ်ကာ အလုပ်ကိုသာကြိုးစားနေခဲ့ပါတယ်။ တစ်နေ့ကျတော့ သူ့အလုပ်ရုံးခန်းဆီ လူတစ်ယောက်ရောက်လာပြီး သူ့အစ်ကိုဖြစ်သူ အဗ်ဗာရိုစ်ရဲ့ ရာဇဝတ်မှုအ‌ကြောင်းလာပြောပါတော့တယ်။ မိသားစုအကြောင်းလိမ်ညာထားသူဖြစ်ပေမယ့်လည်း သွေးသားတော်စပ်တဲ့အစ်ကိုဖြစ်သူက ပြဿနာရှာထားပြီဆိုတော့ ကယ်တင်ဖို့အကြောင်းဖန်လာရပါပြီ။ ဒါပေမဲ့ ဒီပြဿနာဟာ ရိုမန် ပယ်ရီကို ရည်ရွယ်ပြီးအကွက်ဆင်ထားတဲ့ သူ့အစ်ကိုရဲ့လက်ချက်ဖြစ်နေတဲ့အခါမှာတော့..... ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ မှန်းလို့မရတဲ့ plotတွေအကြားကြည့်ရှုရမယ့် မိသားစုအရှုပ်တော်ပုံ ဇာတ်ကားပဲဖြစ်ပါတယ်။ File Size :(491MB) and (274MB) Quality : WEB-DL720P, 480p Format…mp4 Duration…01:44:00 Genre : Crime ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated  Themes Encoded by Phyo Pyae

Drama • TV Movie • Thriller
0 2023 90 mins
The SZN
Yashoda
6.6

ဒီတစ်ခါတော့ ဇာတ်လမ်းအစတည်းက ရှုပ်ထွေးမှုတွေ မြှုပ်ကွက်တွေနဲ့ အစပြုထားတဲ့ ကားလေးတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအစမှာ -‌‌ဟောလိဝုဒ်အကျော်အမော်မင်းသမီးဟာ အိန္ဒိယလာပြီး ထူးထူးဆန်းဆန်းသေဆုံးသွားခဲ့တယ် -အိန္ဒိယရဲ့ သူဌေးကြီးတစ်ဦးဟာ သူ့ချစ်သူ Miss India Pageant က ထိပ်တန်းမော်ဒယ်တစ်ဦးအာရူရှီနဲ့အတူ ကားအက်ဆီးဒင့်နဲ့ သေဆုံးသွားခဲ့တယ် ဒီလို အကျော်အမော်နှစ်ဦးကားအက်ဆီးဒင့်ဖြစ်သေဆုံးရတာဟာ သွေးရိုးသားရိုးလား နောက်ကွယ်က အကြောင်းအရင်းတွေရှိနေလားဆိုတာ အားလုံးကသိချင်နေကြပါတယ် လိုက်စစ်ဆေးရင်း အာရူရှီဟာ ကြော်ငြာတွေလက်မခံခင်စစ်ဆေးတတ်တဲ့သူ ဖြစ်ကြောင်းတွေ့ရှိခဲ့တယ် သူ့ရဲ့ မေးလ်တွေထဲကနေ ပစ္စည်းတစ်ခုဟာသံသယဝင်စရာကောင်းတာမို့ စာချုပ်မချုပ်ဖို့ သတိပေးထားတဲ့ မေးလ်တစ်ခုတွေ့ရှိခဲ့တယ် အဲဒီပစ္စည်းဟာ နိုင်ငံအကြီးအကဲတစ်ယောက်နဲ့ ဆက်စပ်သူထုတ်လုပ်တဲ့ပစ္စည်း -တစ်ဖက်မှာလည်း ယာရှိုဒါဟာ သူ့ညီမလေးခွဲစိတ်ခအတွက် အငှားကိုယ်ဝန်ဆောင်ပြီးဖြေရှင်းဖို့ လုပ်နေပါတယ် ဒီမှာလည်း သူ့ရဲ့သားအိမ်အားနည်းချက်ကြောင့် ကိုယ်ဝန်ကို ဒီတစ်ကြိမ်ပဲဆောင်ခွင့်ရတော့မယ်ဆိုတာကို ဆရာဝန်ကထိမ်ချန်ထားပါတယ် ဗိုက်ထဲက ကလေးအတွက် အမည်မသိနေရာတစ်ခုမှာ အသုံးအဆောင်အပြည့်အစုံနှင့် နေရာတစ်ခုမှာ ပိတ်ခံထားရတယ် အဲဒီနေရာကလည်း ဆရာဝန်တွေ ကြီးကြပ်သူတွေ အစောင့်တွေနဲ့ မဝင်ရဇုန်တွေ လျှို့ဝှက်ချက်တွေနဲ့ နေရာကြီးဖြစ်နေတယ် ဒီဖြစ်ရပ်တွေအားလုံး အချိန်နေရာ‌ဒေသအသီးသီးမှာဖြစ်တည်ခဲ့ပေမယ့် ဘယ်လိုဆက်စပ်မှုတွေရှိနေမလဲ ဇာတ်လမ်းအစတည်းက ဆွဲဆောင်သွားမယ့်ကားကောင်းတစ်ကားအတွက် အညွန်းထက်ကြည့်ဖြစ်အောင်ကြည့်ကြည့်ဖို့ပဲ တိုက်တွန်းချင်ပါတယ် File size…3.8GB / 1.8GB / 835MB Quality…4k HEVC /1080p True WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Yunni ~ BpL ~ Hay Man

Comedy
6.6 2022 135 mins
Yashoda
Asterix: The Mansions of the Gods
6.8

ရောမဘုရင် ဂျူးလီယက် ဆီဇာဟာတိုက်ပွဲတိုင်းကိုနိုင်ကာနယ်မြေများစွာသိမ်းပိုက်နိုင်ပေမဲ့လည်း ဂေါလ်လူမျိုးတွေနေထိုင်ရာအာမိုးရခ်ဒေသကရွာလေးကိုတော့ မသိမ်းပိုက်နိုင်ပါဘူး။ အကြောင်းအရင်းကတော့ ဂေါလ်သူရဲကောင်း အက်စတီးရစ်နဲ့ လူသန်ကြီး အော့ဘလိဇ်တို့က ကာကွယ်ပေးနေလို့ပါပဲ။ ရွာကဆရာတော်ရဲ့မှော်ဆေးရည်အစွမ်းကိုလည်းကြောက်ရသေးတာကိုး။ ဒီဇာတ်ကားမှာတော့ ဘုရင် ဆီဇာဟာ အာမိုးရခ်ဒေသကတောအုပ်ထဲမှာ သူ့အိမ်တော်လာဆောက်ချင်တာပါ။ ဘုရင်ဖြစ်တဲ့အတိုင်း အတင်းအကြပ်လာဆောက်တော့ နယ်ခံဖြစ်တဲ့ အက်စတီးရခ်တို့ကလည်း တောအုပ်ကိုကာကွယ်ရင်း ရွာသားတွေနဲ့ ရောမသားတွေ ကြားအလွဲလွဲအချော်ချော်တွေကို ထိုင်ခွီရမယ့်ကားလေးပဲဖြစ်ပါတယ် File Size : (1.3GB) and (652MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:25:00 Genre : Animation, Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Comedy • Drama • History • Horror
6.8 2014 85 mins
Asterix: The Mansions of the Gods
Boss
5.6

ဒီတစ်ခေါက်မှာတော့ IMDb 5.3ထိရရှိထားတဲ့ Action_Comedyဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် နာမည်ကျော်မင်းသားကြီး Akshay Kumar ပါဝင်သရုပ်ဆောင်ထားတာကြောင့် ဇာတ်လမ်းဇာတ်ကွက် အတိုက်အခိုက်တွေမှာတော့အားရစရာနဲ့ကြည့်ကောင်းနေမှာပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းတွင်းလူသတ်မှုကြောင့် ထောင်နန်းစံခဲ့ရတာ‌ကြောင့် ဘောစ့်(Akshay)ကို ဖခင်ဖြစ်သူကသားတစ်ယောက်လိုမဆက်ဆံတော့ပါဘူး ကျခံရမယ့်ထောင်သက်အပြီးထောင်ထွက်လာချိန်မှာတော့ ဂိုဏ်းစတားတစ်ယောက်ဖြစ်လာပေမယ့် အကူအညီလိုအပ်နေတဲ့လူတွေကို လိုက်လံကူညီပေးရင်းဘဝကိုကုန်ဆုံးနေခဲ့ပါတယ် တစ်နေ့မှာတော့ ဆက်ယာကန့်ဆိုတဲ့လူတစ်ယောက်က လူတစ်ယောက်ကိုသတ်ပေးဖို့စာချုပ်ချုပ်ဆိုလာပါတယ် အဲ့ဒီလူကတခြားမဟုတ်ပါဘူး ဘောစ့်ရဲ့ညီလေးဖြစ်တဲ့ ရှိဗ့်ပါ ရှိဗ့်ကတော့ ရဲမှူးတစ်ယောက်ဖြစ်တဲ့ အက်ရှုမန်ရဲ့ညီမဖြစ်သူနဲ့ချစ်ကြိုက်နေတာပါ ဒါကိုသဘောမတူတဲ့ အက်ရှူမန်က ဘယ်လိုတွေလုပ်ကြံမလဲ အဖေဖြစ်သူကသားတစ်ယောက်လိုမဆက်ဆံတာကြောင့် အက်ရှုမန့်ရန်ကနေ ဘယ်လိုအခက်အခဲတွေကြားကမိသားစုကိုကာကွယ်သွားမလဲ ဖုံးကွယ်ထားတဲ့ကျောင်းတွင်းလူသတ်မှုနောက်ကွယ်မှာရောဘာတွေရှိနေမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုဖို့တင်ဆက်ပေးလိုက်ရပါတယ်ရှင် (အညွှန်းရေးသားသူက Yunni ဖြစ်ပါတယ်) File size…2.2GB / 1.8Gb Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Haruko & Yunni

5.6 2013 143 mins
Boss
Playlist
5.8

ဒီရုပ်ရှင်ရဲ့ထူးခြားချက်က ကာတွန်းစာအုပ်ကိုဖြူမည်းရုပ်သံနဲ့ပြန်ရိုက်ထားတာပဲ ဂျပန်မန်ဂါတွေကို Anime အဖြစ်ပြန်အသက်သွင်းထားသလိုပေါ့... ပြင်သစ် Indie ရုပ်ရှင်တစ်ခုဖြစ်ပြီး ဒါရိုက်တာကိုယ်တိုင်ကလည်း ကာတွန်းဆရာပါ သူ့ကာတွန်းကိုရုပ်ရှင်အဖြစ် သူကိုယ်တိုင်ပဲ ပြန်အသက်သွင်းထားတာပါ။ ဇတ်လမ်းအကြောင်းကို ပြောရရင် ကာတွန်းဆရာ မဖြစ်ချင်ပေမယ့် ဖြစ်ချင်တိုင်းမဖြစ်တဲ့ ဘဝကြီးမှာ လည်ပတ်နေရတဲ့ အထွေအထူးစိတ်ဝင်စားစရာမရှိတဲ့ ဆိုဖီရဲ့ဘဝအကြောင်းပါ.... ဇာတ်လမ်းက ကျွန်တော်တို့ဘဝတွေနဲ့အနီးစပ်ဆုံး reality show တစ်ခုကိုကြည့်နေရသလိုပဲ စကားလုံးအသုံးတွေအနည်းငယ်ကြမ်းမယ်....သာမန်အပျင်းပြေရုံကြည့်စရာရုပ်ရှင်တစ်ခုတော့ မဟုတ်တဲ့အတွက် လူတိုင်းအတွက်လို့တော့ ကျွန်တော် မညွှန်းချင်ဘူး...ဒါပေမယ့် ကျွန်တော် ကတော့ ပြင်သစ်သီချင်းဆွဲဆွဲငင်ငင်တွေ  lofi သီချင်းအကြောင်းတွေ ကာတွန်းလောကရဲ့ အကိုးအကားတွေအကြောင်းကို သိရတဲ့အတွက် သဘောကျမိတယ်။ ဘဝက ကောင်းတာတွေနဲ့ ဆိုးတာတွေကို ရောစပ်ထားတဲ့ Playlist တစ်ခုလိုပဲတဲ့၊ ဘာကအရင်လာမလဲ မသိနိုင်တာကိုက ဘဝရဲ့ဆန်းကြယ်မှုတစ်ခုပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။) File Size -(844 MB) / (438 MB) / (208 MB) Quality – WebRip -(1080p) /  (720p) / (480p) Duration - 1hr 24min Subtitle – Myanmar Hardsub Format – MP4 Genre : Drama Translator – Thiha Yan Naing Encoder – San Win Maung

Drama
5.8 2021 84 mins
Playlist
Rustin
6.6

Rustin (2023) ~ IMDb – 6.6/10, Rotten Tomatoes – 85% ~ Bayard Rustin… အမေရိကန်လူ့အခွင့်အရေးလှုပ်ရှားမှုကြီးရဲ့ သမိုင်းဝင် ပုဂ္ဂိုလ်တယောက်… Martin Luther King Jr. ရဲ့ အကြံပေးပုဂ္ဂိုလ်… သမိုင်းဝင် ဝါရှင်တန်ချီတက်ပွဲကြီးရဲ့ ပဲ့ကိုင်ရှင်… အမေရိကန်သမိုင်းတလျှောက် လူ့အခွင့်အရေးလှုပ်ရှားသူတွေအများကြီးထွက်ပေါ်ခဲ့တယ်။ သက်ရောက်မှုအကြီးဆုံးဖြစ်ခဲ့တာကတော့ ပြီးပြည့်စုံတဲ့ ဆန့်ကျင်ဘက်လို့ဆိုကြတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်သမား Martin Luther King နဲ့ တိုက်ယူမယ်ဆိုတဲ့ Malcolm X တို့ပေါ့။ သူတို့ ၂ ယောက်ကလည်းခေတ်ပြိုင်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့နောက်ကွယ်က ပံ့ပိုးခဲ့တဲ့လူတွေကတော့ သိပ်ပြီးနာမည်ထွက်လေ့မရှိဘူး။ အဲဒီလိုလူတွေထဲ မာတင် လူသာကင်းရဲ့ မိတ်ဆွေ၊ အကြံပေး၊ ရှေ့ဆောင်လမ်းပြ ဖြစ်တဲ့ Bayard Rustin လည်းပါဝင်တယ်။ Rustin ဘဝကတော့ အတော်ကို ခက်ခဲကြမ်းတမ်းတယ်။ Quaker (ကွိတ်ကာ) ဆိုတာကတော့ သူ့ကိုပျိုးထောင်ခဲ့တဲ့ ဘာသာရေးအဖွဲ့ပေါ့။ ရိုးရိုးပြောရရင် “မိတ်ဆွေများအသင်း” လို့အဓိပ္ပာယ်ရတယ်။ ပရိုတက်တင့် ခရစ်ယာန်လိုင်းခွဲတစ်ခုပေါ့။ အဲဒီလိုနေရာကနေ ကြီးပြင်းလာတဲ့ လူမည်းတယောက်အနေနဲ့ လူမျိုးရေးခွဲခြားမှုပေါင်းမနည်း ခံစားခဲ့ရတယ်။ အဲဒီအချိန်ကစလို့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်မယ်လို့ သူဆုံးဖြတ်ခဲ့တယ်။ သူက လူမျိုးရေးခွဲခြားကြတဲ့ခေတ်မှာ လူမည်းဖြစ်ရုံတင်မကဘဲ လိင်ခွဲခြားမှုများနေတဲ့အချိန်မှာ ဂေးနေတဲ့အပြင် စစ်အေးကာလမှာလည်း ကွန်မြူနစ်ဟောင်းဆိုတဲ့နာမည်ရှိနေပြန်တယ်။ သူ့အတွက် လုပ်ရကိုင်ရတာ သိပ်ကျပ်စေမယ့်အခြေအနေတွေ စုပြုံခဲ့တာပဲ။ ဒါပေမဲ့ သူနောက်ဆုတ်သလား၊ နောက်မဆုတ်ခဲ့ဘူး။ လူသားအားလုံးအတွက် တန်းတူတရားမျှတမှုအတွက် ကြုံလာသမျှရင်ဆိုင်ခဲ့တယ်။ သူ့ကို အပုပ်ချတာတွေ၊ နှိပ်ကွပ်တာတွေ ခွဲခြားတာတွေ အများကြီးရှိခဲ့တယ်။ သူ့ရဲ့ဖြစ်တည်မှုက လှုပ်ရှားမှုကြီးမှာ အနှောက်အယှက်ဖြစ်မှာစိုးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တော်ရုံကိစ္စတွေမှာတောင် သူ ‌လူရှေ့မထွက်ခဲ့ဘူး။ တနည်းအားဖြင့် နာမည်ဝင်ယူတဲ့အလုပ်မျိုး မလုပ်ခဲ့ဘူးပေါ့။ ဝါရှင်တန်ချီတက်ပွဲကြီးအပြီးမှာလည်း လိင်တန်းတူညီမျှရေးအတွက် ဆက်ပြီးတိုက်ပွဲဝင်ခဲ့တယ်။ သူက ဂန္ဓီရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကိုလည်း သက်ဝင်ယုံကြည်တဲ့လူတယောက်။ “ဂန္ဓီကြီးက အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ အင်ပါယာကြီးကို ဒူးထောက်စေခဲ့တယ်” လို့သူမကြာခဏပြောလေ့ရှိတယ်။ မာတင်လူသာကင်းရဲ့ ငြိမ်းချမ်းရေးဝါဒဟာလည်း သူ့ဆီကနေ တစိတ်တပိုင်း‌မြစ်ဖျားခံခဲ့တယ်။ မာတင်လူသာကင်းရဲ့ “ကျုပ်မှာ အိပ်မက်တစ်ခုရှိတယ်” ဆိုတဲ့ သမိုင်းဝင်မိန့်ခွန်းကြီးကလည်း Rustin ကြောင့်သာမဟုတ်ရင် ရှိလာမှာမဟုတ်ဘူးလို့ မာတင်လူသာကင်းက ပြောခဲ့တယ်။ ဒီလိုလူတယောက်အနေနဲ့ အမေရိကန်သမိုင်းမှာ အချိုးအကွေ့ကြီးတခုဖြစ်စေမယ့် ဝါရှင်တန်ချီတက်ပွဲကြီးကို ပဲ့ကိုင်ခဲ့တယ်။ ဒီချီတက်ပွဲအပြီးမှာ သမ္မတကနေဒီရဲ့ လူ့အခွင့်အရေးမူကြမ်းကို တင်သွင်းနိုင်ခဲ့ပြီး လူမျိုးရေးတန်းတူညီမျှမှုတိုက်ပွဲမှာ ခြေလှမ်းကျယ်ကျယ်လှမ်းနိုင်ခဲ့တယ်။ ဒီရုပ်ရှင်ကတော့ Rustin လို့ပေးထားပေမဲ့ သူ့ရဲ့ ဘဝတလျှောက်လုံးကို ချပြထားတာမဟုတ်ဘဲ ဝါရှင်တန်ချီတက်ပွဲကို ကြိုးစားကြတဲ့ ဘဝတစိတ်တပိုင်းကို ချပြထားတယ်။ အခက်အခဲပေါင်းစုံကြုံရတဲ့အပြင် စိတ်သဘောထားမတိုက်ဆိုင်မှုပေါင်းစုံနဲ့ အောင်မြင်ပါ့မလားမသေချာတဲ့ ပွဲကြီးကို မျှော်လင့်ချက်တခုတည်းကိုင်ပြီး အကောင်အထည်ဖော်ခဲ့ကြပုံကို ရိုက်ကူးထားတာပါ။ Cast တွေအနေနဲ့ Rustin နေရာက Coleman Domingo နဲ့ NAACP ရဲ့ ဥက္ကဋ္ဌ Roy Wilson နေရာမှာ Chris Rock အပြင် တခြား Cast တွေကလည်း လက်တွေ့ဘဝကလူတွေနဲ့ အနီးစပ်ဆုံးတူညီအောင် ရှာသုံးထားတာတွေ့ရတယ်။ Coleman Domingo ကတော့ မျှော်လင့်ထားသလိုပါပဲ၊ သူ့ရဲ့အကောင်းဆုံးမဟုတ်ရင်တောင် ဒီရုပ်ရှင်ကို အတော်လေး ဆွဲခေါ်သွားနိုင်တာတွေ့ရတယ်။ Chris Rock ကိုတော့ ဘုကလန့်လုပ်တဲ့ ဘိုးတော်ကြီးအနေနဲ့ မြင်ရတာ ရယ်ချင်သလိုလိုဖြစ်နေတာတော့ရှိတာပေါ့လေ။ ခြုံပြောရရင်တော့ Cast တွေရွေးထားတာ အတော်အဆင်ပြေပါတယ်။ ဒီထဲမှာ အရေးပါတဲ့အဖွဲ့အစည်းတွေအနေနဲ့ NAACP ဆိုတာကတော့ လူမည်းအခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတစ်ခု၊ ဩဇာအကြီးဆုံးဆိုရင်လည်းမှန်တယ်။ SNCC ကတော့ ကျောင်းသားများ အကြမ်းမဖက် ညှိနှိုင်းရေးအဖွဲ့ဖြစ်ပြီး ၂၀ ရာစုအလယ်ပိုင်းက လူ့အခွင့်အရေးတိုက်ပွဲတွေမှာ ပါဝင်ခဲ့တယ်။ UAW ကတော့ ကားလုပ်သားများ ယူနီယံပါ။ ဝါရှင်တန်ချီတက်ပွဲမပြောပါနဲ့၊ အဲဒီခေတ်တုန်းကဖြစ်သမျှ လူ့အခွင့်အရေးလှုပ်ရှားမှုအားလုံးလိုလိုမှာ သူတို့တက်တက်ကြွကြွပါဝင်ခဲ့တယ်။ ဒီရုပ်ရှင်က မပျင်းရဘဲဆွဲခေါ်သွားနိုင်တဲ့အပြင် တကယ်ပြောခဲ့တဲ့ စကားတွေကိုပါ ထည့်သုံးထားတယ်ဆိုတော့ ကြည့်လို့လည်းကောင်း ဗဟုသုတလည်းရ ဆိုတဲ့ သမိုင်းရုပ်ရှင်မျိုးပါပဲ။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 575MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 46Min Genre – Biography, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Horror • Fantasy • Mystery
6.6 2023
Rustin
Duplicity
6.1

cm ပရိသတ်ကြီးကို ဒီတစ်ခါ ရိုမန်တစ် မှုခင်း ဟာသ ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးကို ဝါရင့်နာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ မင်းသမီးကြီး ဂျူလီယာရောဘတ်နဲ့ မင်းသား ကလိုက်ဗ်အိုဝင်တို့ တွဲဘက်ညီညီ သရုပ်ဆောင် ထားကြပါတယ်။ ဂျူလီယာရောဘတ်ရဲ့ ပရိသတ်ဆိုရင် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကြောင်းက အစိုးရစစ်တပ်ထောက်လှမ်းရေး အရာရှိ ရေးကိုဗယ်ဟာ ဒူဘိုင်းက ပါတီတစ်ခုမှာ စီအိုင်အေ အေးဂျင့်တစ်ဦးဖြစ်တဲ့ ကလဲရာစတန်ဝစ်ကို အကြောင်းမသိဘဲ လူပါးပုလင်းထိ သွားပြီးဇာတ်လမ်း စမိပါတယ်။ ဟိုတယ်ရောက်တော့ ကလဲရာက သူ့ကို ဆေးခတ်အိပ်ပျော်အောင် လုပ်ပြီး သူ့ဆီက လျှို့ဝှက်အရေးကြီး စာရွက်စာတမ်းတွေကို အလစ်သုတ်သွားခဲ့တာပါ။ နောက်သုံးနှစ်အကြာ ရောမမြို့မှာ ပြန်ဆုံမိကြတဲ့အခါ နှစ်ယောက်အတူ အကောင်းစား ဟိုတယ်တစ်ခုမှာ ရက်အတန်ကြာ ပြန်ချိတ်မိခဲ့ကြပါတယ်။ အစိုးရအလုပ်တွေကို ထွက်ပြီး ပြိုင်ဆိုင်မှု များတဲ့ စီးပွားရေး ကော်ပိုရေးရှင်းအလုပ်မှာ ဂျင်ပေါ်ကထုံး လုပ် ပိုက်ဆံများများ ရှာဖို့ အတူကြံခဲ့ကြပြီး အစီအစဉ်တွေ ဆွဲကြပါတော့တယ်။ တခြားသူတွေကို လှည့်စားနိုင်ဖို့အတွက် နှစ်ဦးသား အကွက်ကျကျ ဘယ်လိုတွေ လုပ်ကြမလဲ။ တစ်ဦးခြေလှမ်း တစ်ဦးကြိုမြင်နေကြတဲ့ သူတို့နှစ်ဦး ဘယ်လိုတွေ ကွက်ကျော်ရိုက်ကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးနဲ့ မျောပါရင်း ကြည့်ရှုခံစားကြည့်ကြပါဦး…။ File size…1.66GB , 789MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 5m Genre …..Comedy , Crime , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Drama
6.1 2009 125 mins
Duplicity
Strangers When We Meet
5.9

ထောင်တံခါးဝမှာဆုံခဲ့တဲ့သူစိမ်းနှစ်ယောက်ဟာ အရင်းနီးဆုံးအလေးထားရဆုံးသူတွေဖြစ်လာနိုင်ပါတယ်။ (၂၇)နှစ်ထောင်ကျခဲ့တဲ့အတွက် လူပျိုကြီးဖြစ်နေတဲ့ လောင်ချင်ဟာ မိဘတွေကိုသားတစ်ယောက်တာဝန်ကျေဖို့အတွက် မိန်းမယူဖို့သင့်တော်တဲ့သူရှာနေပါတယ်။ ထောင်(၂)ခါကျဖူးတဲ့အတွက် ဒီကိစ္စဟာမလွယ်ပါဘူး လက်မခံနိုင်တဲ့သူများပြီး လူလိမ်နဲ့သာကြုံခဲ့ရတယ်။ သူနဲ့ဘဝတူလက်တွဲဖော်ရှာမယ်ဆိုပြီး အမျိုးသမီးထောင်ပေါက်ဝမှ ာသွားရှာရင်း အသက်(၂၀)ကျော်ကလေးမလေးတွေ့ဆုံခဲ့ကြတယ်။ နှစ်ယောက်သားအစမ်းလက်ထပ်ခဲ့ပြီး တကယ်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ ကလေးမလေးက တင်တောင်းငွေ (၁၈၄၄၀၀)ယွမ်ကို လက်ခံရရှိပြီးနောက်ပိုင်းမှာတော့ ပျောက်သွားခဲ့ပါတယ်။ လောင်ချင်ဟာလိမ်ခံလိုက်ရပြီလို့ထင်နေတဲ့အချိန်မှာပဲ ဒီငွေပမာဏရဲ့နောက်ကွယ်ကအကြောင်းအရင်းကိုသိသွားပြီးတော့ လင်မယားဆိုတာထပ် ပိုပြီးဖြူစင်တဲ့သံယောဇဉ်တွေဖြစ်လာခဲ့ပါတယ်။ ကံဆိုးသူနှစ်ယောက်ကြားကသံယောဇဉ်အကြောင်း ပုံဖော်ထားတဲ့ ဒရာမာကောင်းလေးပဲဖြစ်ပါတယ်။

TV Movie • Crime • Drama • Mystery • Romance
5.9 2024
Strangers When We Meet
Chef Chidambara
7.8

Chef Chidambara (2024) ==================== ဒီနေ့မှာတော့ ကျွန်တော်တို့ ဘောလိဝုဒ်ပရိသတ်တွေအတွက် ရင်တထိတ်ထိတ်နဲ့ ကြည့်ရကျိုးနပ်မယ့် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDb rating လည်း တော်တော်လေးကောင်းတဲ့ကားမို့ အားလပ်ချိန်မှာကြည့်ရှူဖို့အတွက် သင့်လျော်တဲ့ကားလေးတစ်ကားဖြစ်ပါတယ်ခင်ဗျား။ ဇာတ်လမ်းအကျဉ်း ချီဒူးဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ ဘိုးဘွားပိုင် ကမ်းခြေဘေးက ဟိုတယ်တစ်ခုကို ပေါင်ထားရပြီး ပြန်ရွေးနိုင်ဖို့အတွက် အတော်လေးရုန်းကန်ကြိုးစားနေရပါတယ်။ သတ်မှတ်ထားတဲ့အချိန် ငွေမပေးနိုင်လို့ တစ်လလောက်အချိန်ထပ်ပေးဖို့ သွားပြောရင်း သူဌေးဖြစ်သူရဲ့ အမျိုးသမီးနဲ့ခေတ္တတွေ့ခဲ့ပြီး သူဌေးကိုပေးနိုင်ဖို့ ပိုက်ဆံရှာဖို့ ခေါင်းစားနေတုန်းမှာပဲ ခုနက သူဌေးကတော်ဖြစ်သူက လူအများသိလို့မရတဲ့ အရာတစ်ခုကို ကူညီပေးဖို့ပြောလာပါတယ်။ ဖြစ်ပုံက သူဌေးကတော်ရဲ့ လက်ရှိအိမ်ထောင်မတိုင်ခင်မှာ တွဲခဲ့တဲ့ ဗစ်ကီဆိုတဲ့ ဘဲတစ်ဗွေက သူတို့အတူနေထားတဲ့ပုံတွေ ဗီဒီယိုတွေကို ရိုက်ထားပြီး သူ့ကိုလာပြီး ငွေညှစ်နေတာကို ချီဒူးကိုအဲ့ဒီဖိုင်တွေ သွားယူပြီး သူတောင်းတဲ့ပိုက်ဆံ ၁၀သိန်းကိုပေးခိုင်းဖို့လုပ်ပါတယ်။ ဒါပေမဲ့ အဲ့လိုလုပ်ဖို့ ချီဒူးတိုက်ခန်းဆီ ဗစ်ကီရောက်သွားတဲ့အချိန်မှာ မတော်တဆ အဲ့ဒီလူကသေသွားပါတယ်။ ဒါပေမဲ့ဇာတ်လမ်းက အဲ့ဒီမှစတာပါ။ ပုံတွေ ဗီဒီယိုတွေ ပါတဲ့ဖုန်းက ဗစ်ကီဝရံတာမှာ ဖုန်းထွက်ပြောတုန်း ကားတစ်စီးပေါ်ပြုတ်ကျပြီး ပါသွားတာပါ။ အဲ့ဒါကိုသူလည်းမသိလိုက်ပါဘူး။ ဆိုတော့ ဇာတ်လမ်းက ဘယ်လိုဆက်ဖြစ်မလဲ ဖုန်းကို ဘယ်သူကတွေ့ပြီး ချီဒူးတစ်ယောက် အလောင်းကို ဘယ်လိုရှင်း ဘယ်လိုဆက် ၂ပါးသွားမလဲဆိုတာကတော့ ဇာတ်လမ်းလေးကို အခုပဲဒေါင်းလုပ်ဒ် လုပ်ပြီးကြည့်ရှူနိုင်ပါပြီ။ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်ခင်ဗျ။

7.8 2024
Chef Chidambara
Robin Hood
7.5

Production budger ဒေါ်လာ ၅ သန်းနဲ့ ရိုက်ကူးခဲ့ပြီး Box-office မှာ ဒေါ်လာ ၃၃ သန်းထိ အောင်မြင်မှု ရရှိခဲ့တဲ့ Disney animated musical adventure comedy film လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရော်ဘင်ဟုဒ်ဆိုတာ ကလေးအစ ခွေးအဆုံး မသိတဲ့လူ မရှိ၊ လေးအတတ်မှာ တစ်ဖက်ကမ်းခတ်အောင် ထူးချွန်တဲ့ လေးသမားတစ်ယောက်ပါ။ မြန်မာဒဏ္ဍာရီလာ သူခိုးကြီးငတက်ပြားနဲ့လည်း သူက ခပ်ဆင်ဆင် ရှိပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ရော်ဘင်ဟုဒ်ဟာလည်း ဆင်းရဲသားတွေကို ပြန်ကူညီဖို့ သူဌေးတွေဆီကနေ ပြန်ခိုးသူတစ်ယောက်ပါပဲ။ ရော်ဘင်ဟုဒ်အကြောင်း ဇာတ်လမ်းပုံပြင်တွေကတော့ ဒုနဲ့ဒေးပါပဲ။ တစ်ခုနဲ့တစ်ခုလည်း ကွဲပြားကြပါတယ်။ ဒီဇာတ်လမ်းထဲက ရော်ဘင်ဟုဒ်ကတော့ နော့တင်ဟမ်ဆိုတဲ့ အရပ်ဒေသက မြေခွေးတစ်ကောင်ပါ။ တောဘုရင်ခြင်္သေ့မင်းကတော့ ဒီဇာတ်လမ်းမှာလည်း ရစ်ချက်ဆိုတဲ့ ဘုရင်ကြီးတစ်ပါးပါပဲ။ ပြဿနာက ဒီဘုရင် စစ်ထွက်တိုက်နေတုန်းမှာ ထီးနန်းကို အချောင်လိုချင်တဲ့ သူ့ရဲ့ ညီဖြစ်သူ မင်းသားဂျွန်က အာဏာသိမ်းလိုက်ပါတယ်။ အာဏာရှင်တို့ရဲ့ ထုံးစံအတိုင်း ဘယ်သူသေသေ ငတေမာပြီးရော အချိုးတွေ စချိုးပါတော့တယ်။ နော့တင်ဟမ်က တိုင်းသူပြည်သားတွေကို အခွန်တွေ မတော်မတရားကောက်ပါတော့တယ်။ ဒါပေမဲ့ တစ်ခုရှိတာက သူအုပ်ချုပ်မင်းလုပ်ချင်နေတဲ့ တိုင်းပြည်မှာ ‌ ရော်ဘင်ဟုဒ်ဆိုသူက ရှိနေပါတယ်။ ဒီတော့ မတရားတဲ့ ဘုရင်နဲ့ တရားမျှတမှုကို လိုလားတဲ့ ရော်ဘင်ဟုဒ်တို့ရဲ့ အားပြိုင်မှုတွေကို ဒီဇာတ်လမ်းမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကာတွန်းကားဆိုပေမဲ့လည်း နယ်နယ်ရရတော့ မဟုတ်လှပေပါဘူး၊ အိမ်မှာ မိသားစုနဲ့လည်း အတူကြည့်နိုင်သလို ဖေဖေမေမေများလည်း ကိုယ့်ရဲ့ သားသမီးကို entertainment တစ်ခုနဲ့ life learning တစ်ခုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ Disney ရဲ့ထုံးစံအတိုင်း ဘယ်ကားမဆို ဘဝသင်ခန်းစာ ပေးတဲ့ မက်ဆေ့တစ်ခုတော့ အနည်းဆုံးပါတတ်တာမလို့ ကြည့်ရကျိုးနပ်မဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ကြောင်း ပြောလိုက်ပါရစေ။ File size… 2.5 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 23m Genre ….. Comedy/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Act Molemy

7.5 1973 83 mins
Robin Hood
Kottukkaali aka The Adamant Girl
6.9

Kottukkaali – The Adamant Girl(2024) “ခေါင်းမာသော မိန်းကလေး” IMDb 7.0 ရီဗျူးကောင်းတစ်ချို့ရထားတဲ့ တမီးလ်ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ရုပ်ရှင်ပွဲတော်မှာ ရွေးချယ်ခံရတဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ မီနာဆိုတဲ့ ကောင်မလေးဟာ မတူညီတဲ့မျိုးရိုးက ကောင်လေးတစ်ယောက်နဲ့ မေတ္တာမျှနေတာပါ သူတို့အမျိုးတွေက သဘောမတူကြသလို ဦးလေးဖြစ်သူကလည်း ပန်ဒီဆိုတဲ့ လူနဲ့ လက်ထပ်ပေးဖို့ အတင်းစီစဥ်နေပါတယ် ဒါ့ကြောင့် ခေါင်းမာတဲ့မိန်းကလေးကို မကောင်းဆိုးဝါးဝင်ပူးတယ်လို့ ထင်ပြီး နှစ်ဖက်အမျိုးစုံလင်စွာ ဆရာတစ်ပါးထံ မကောင်းဆိုးဝါးနှင်ဖို့ ခေါ်သွားကြတဲ့အခါ… တကယ်ရော မကောင်းဆိုးဝါးဝင်ပူးတာ ဟုတ်ပါ့မလား လူတန်းစားခွဲခြားမှု၊ အိန္ဒိယကျေးလက်ထုံးစံအယူသီးမှုနဲ့ အချုပ်အနှောင်တွေဟာ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တို့ကို တကယ်ပဲ လွှမ်းမိုးနိုင်သလား ကြည့်ရအောင်ပါ အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ V တို့ပဲ ဖြစ်ပါတယ်

6.9 2024
Kottukkaali aka The Adamant Girl
Seeking a Friend for the End of the World
6.7

Seeking a Friend for the End of the World (2012) *********************************************** IMDb….6.7 ၃ပတ်အတွင်းမှာ ကမ္ဘာကြီးက ဂြိုလ်ဆိုင်တစ်ခုနဲ့တိုက်မိပြီး ကမ္ဘာပျက်တော့မယ်တဲ့ နောက်ဆုံးအချိန်လိုဖြစ်နေတဲ့ (၃)ပတ်မှာ ခင်ဗျားဆိုရင်ရော ဘာတွေဆက်လုပ်မိမှာပါလိမ့်…. Dodgeဆိုတဲ့ အာမခံဝန်ထမ်းတစ်ယောက်ကတော့ အဲဒီသတင်းကို ကြားလိုက်ရပြီး ခဏတာ သွေးပျက်သွားခဲ့သလို တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန်မှာ သူ့မိန်းမကလည်းထားသွားခဲ့တယ်.. ဒါပေမဲ့ သူ့ဘဝကို သူ ပုံမှန်ဆက်သွားဖို့ ကြိုးစားတယ် … Pennyဆိုတဲ့ ကောင်မလေး သူ့မိသားစုဆီသွားဖို့ နောက်ဆုံးလေယာဉ်ကို လွတ်သွားတယ်.. ကမ္ဘာကြီးကလည်း(၃)ပတ်အတွင်း ပျက်သုဥ်းသွားနိုင်သတဲ့… သူတို့၂ယောက်ကအိမ်နီးချင်းတွေ… (၃)ပတ်ဆိုသော ကာလလေးမှာ သူတို့(၂)ယောက်ဟာ ဘယ်လိုဖြတ်သန်းကြမလဲ…. … ဒီကားထဲကဟာသမင်းသားကြီး Steve Carell နဲ့ မင်းသမီးချော Keira Knightleyကိုတော့ ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်… ဟာသဟန်တွေနဲ့ ဘဝနေနည်းတစ်ချို့ကို အချိန်ကိုက်ပြသွားတဲ့ကားလေးမို့ ကြည့်လိုက်ပါဦးလို့……… (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ JtheKoala ဖြစ်ပါတယ်..) File Size : 1.32GB/ 550MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:41:00 Genre : Adventure, Drama, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by JtheKoala Encoded by Tiff

6.7 2012 101 mins
Seeking a Friend for the End of the World
Hide N Seek
7.1

Hide N Seek (2024) “တူတူပုန်းတမ်း” အသစ်ထွက်ရှိထားတဲ့ တေလဂူးလျှို့ဝှက်သည်းဖို မှုခင်းဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောရရင် တစ်ညသောအချိန်မှာ ပစ္စည်းပို့သမားတစ်ယောက် ခေါင်းကိုတုတ်နဲ့ အရိုက်ခံရပြီး သေဆုံးသွားတာကနေ စပါတယ် ဒါကိုအလောင်းစစ်ဆေးရာမှာ ဆိုင်ကယ်မှောက်လို့ ထိခိုက်ပြီးသေဆုံးရတယ်လို့ အတည်ပြုခဲ့ပေမယ့် ရဲစခန်းကိုရောက်လာတဲ့ အမည်မသိစာတစ်စောင်မှာ လူသတ်မှုလို့ ပြောထားပါတယ် နောက်တစ်ခါ ဆေးကျောင်းသားတစ်ယောက်ဖြစ်တဲ့ ရှီဗာတို့ ဆေးကျောင်းမှာ သူငယ်ချင်းဖြစ်သူ တိုက်ပေါ်ကခုန်ချသေကြောင်းကြံသွားတဲ့အခါမှာတော့ အမည်မသိလူက ဒီတစ်ခါမှာတော့ ဒါကိုလူသတ်မှုဖြစ်ကြောင်း မီဒီယာကိုသတင်းပို့လိုက်ခဲ့အခါမှာ ဘယ်လိုအဖြေရှာကြမှာလဲ တရားခံကို ဘယ်လိုဖော်ထုတ်ကြမှာလဲ ပရိသတ်တို့ကပဲ ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ V ~ Zwe Yan ~ ToMo တို့မှ ဖြစ်ပါတယ်

Drama • Romance
7.1 2024 134 mins
Hide N Seek
Fateh
7.3

Fateh (2025) “အွန်လိုင်းကလူလိမ်များ သတိထား” IMDb – 7.3/10 မင်းသားကြီး ဆိုနူးဆွဒ် ဒါရိုက်တာအဖြစ် ပထမဆုံး ဖန်တီးရိုက်ကူးတဲ့ရုပ်ရှင်။ သူ့ကို မြန်မာပရိသတ်တော်တော်များများသိကြတာ Ramaiya Vastavaiya (2013)ရုပ်ရှင်မှာ ညီမဖြစ်သူကိုသိပ်ချစ်ပြီး မြင်းရုပ်ကလေးလုပ်ပေးတဲ့ အစ်ကိုကြီးအဖြစ်နဲ့ပေါ့။ ဒီရုပ်ရှင်မှာတော့ သူကိုယ်တိုင်ပဲ အဓိကနေရာက ပါဝင်ထားပြီး အကြမ်းစားအက်ရှင်တွေနဲ့ ရှယ်ကြမ်းပြထားတာပါ။မင်းသမီးကလည်း ညှို့အားပြင်းလှတဲ့ ဂျာကွာလင်းဖာနန်ဒက်ပဲဖြစ်ပါတယ်။ ခေတ်မီလာတာနဲ့အလျောက် ရာဇဝတ်မှုတွေကလည်း ခေတ်မီပြောင်းလဲလာခဲ့ကြတယ်။ ဒါကိုအမီမလိုက်နိုင်တဲ့ရိုးအလွန်းသူတွေအတွက်က ငွေကြေးရော အသက်ရောဆုံးရှုံးကြရတာကို ပတ်ဝန်းကျင်မှာ ကြားဖူးကြမှာပေါ့။ နည်းပညာကို တီးမိခေါက်မိရှိပါတယ်ဆိုတဲ့သူတွေတောင် ခံကြရတာ ဒုနဲ့ဒေးလေ။ ဒီရုပ်ရှင်မှာလည်း ဆိုက်ဘာရာဇဝတ်ကောင်တွေက ရိုးသားတဲ့လူတွေရဲ့စိတ်ကိုအသုံးချပြီး သူတို့အကျိုးအမြတ်အတွက် ဘာကိုမှမကြည့်ဘဲ မိုက်ရိုင်းရက်စက်ယုတ်မာကြတာကို မြင်တွေ့ရမှာပါ။ ပန်ဂျပ်က ရွာလေးတစ်ရွာမှာ နို့ထွက်ပစ္စည်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ဖာတေ့ဂျ်။ ကျေးလက်သဘာ၀အတိုင်းရပ်ဆွေရပ်မျိုးတွေ မိသားစုလို ချစ်ခင်စွာနေထိုင်ကြတာပေါ့။ တစ်နေ့တော့ ရွာသားတွေကို ကူညီချင်တဲ့တောသူမလေး နင်မ်ရတ်ကြောင့် တစ်ရွာလုံး အွန်လိုင်းကနေ လိမ်ညာခြင်းကိုခံလိုက်ရပါတော့တယ်။ ဒီမှာပဲ အထူးတပ်ဖွဲ့ဟောင်းတစ်ယောက်ဖြစ်ခဲ့သူ ဖာတေ့ဂျ်တစ်ယောက် ငြိမ်မနေနိုင်တော့ဘဲ အွန်လိုင်းဒုစရိုက်လုပ်ငန်းကြီးကို ဖြိုဖျက်ဖို့ရာ ကြိုးပမ်းပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Animation • Family • Comedy
7.3 2025 131 mins
Fateh
Sentimentaaal
5

Sentimentaaal ( 2024 ) မတရားမှုတိုက်ပွဲ Imdb 5/10 မွန်ဘိုင်းမြို့ရဲ့ အထက်တန်းကျတဲ့ ဘဝကနေ ရိုဂူနာသ်ပူလိုမျိုး မတရားမှုတွေ ထူပြောတဲ့ ဒေသလေးဆီကို မမျှော်လင့်ဘဲ ရောက်ရှိလာတဲ့ ရဲအရာရှိဆူရာယာ ဒီဒေသ အကြောင်းပြောရရင် ဒီမှာ မွေးဖွားလာတဲ့ကလေးတွေက အမေဆိုတဲ့စကားလုံးကို အရင်မသင်ရဘဲ ဒီဒီမိုနီဆိုတဲ့ အမျိုးသမီးနာမည်ကို အရင်သင်ရပါတယ် ဒီအမျိုးသမီးက ဒီနယ်မြေတစ်ခုလုံးကို လွှမ်းမိုးထားတာကြောင့်ပါ မတရားမှုတွေမှာ သူ့ကိုမယုံလို့ ရဲဆီသွားတိုင်ရင်တောင် လချီကြာတဲ့အထိ ဘာသတင်းမှမရတဲ့အချိန် ဒီအမျိုးသမီးကတော့ ဘယ်လိုပြဿနာမျိုးကိုမဆို နေ့မကူးဘဲ ဖြေရှင်းနိုင်စွမ်းရှိပါတယ် ဒါပေမဲ့တစ်ဖက်မှာလည်း တရားမဝင်လုပ်ငန်းတွေနဲ့ အုပ်စိုးနေတာကို ဆူရာယာတစ်ယောက် မျက်ကွယ်ပြုနိုင်ပါ့မလား ဆူရာယာနဲ့ ဒီဒီမိုနီတို့ရဲ့ အားပြိုင်မှုကို အဓိက ပုံဖော်ထားတဲ့ဒီကားမှာ မတရားမှုတွေကို တွန်းလှန်ရင်း သူ့ရဲ့မိသားစုနဲ့ ဒေသခံပြည်သူတွေကို ကာကွယ်ဖို့ ဆူရာယာက ဘယ်လိုတွေကြိုးပမ်းသွားမလဲ ဒီလို တိုက်ပွဲဝင်ရင်းနဲ့ပဲ မထင်မှတ်ထားတဲ့ အချစ်ရေးပြဿနာတွေ ဟာသအလွဲလေးတွေနဲ့လည်း ကြုံတွေ့ရဦးမှာဖြစ်လို့ လိုက်ပါကြည့်ရှုလိုက်ပါရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Fantasy • Adventure • Action
5 2024 132 mins
Sentimentaaal