YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

shantaram.s01e04.720p(CM).mp4

524 MB N/A video/mp4 210 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
John Wick: Chapter 4
7.9

IMDb Rating (8.3)/ Rotten Tomatoes (94%) ဒါရိုက်တာကတော့ Chad Stahelski ပါပဲ။ ဒီရုပ်ရှင်ထဲမှာပါတဲ့ ပြင်သစ်မြေအောက်ဘူတာနေရာကိုတော့ "Porte des Lilas" လို့ခေါ်ပြီး ရုပ်ရှင်သမားတွေကို ငှားရမ်းဖို့သီးသန့် ပြင်ဆင်ထားတဲ့ ဘူတာပဲဖြစ်ပါတယ်။ ပြီးတော့ ဇာတ်လမ်းအစရဲ့ သဲကန္တာရကိုလည်း အထူးပြုလုပ်ချက်မသုံးဘဲ နေရာအစစ်မှာ သွားရောက်ရိုက်ကူးထားခဲ့ပါတယ်။ ဒီရုပ်ရှင်မှာ ဂျွန်ဝစ်ဟာ စကားလုံး ၃၈၀ ပဲ ပြောခဲ့ပြီး အရှည်ဆုံးစကားဆိုလို့ "မင်းနဲ့ငါ ဘဝကောင်းကို ထားခဲ့တာ ကြာလှပါပြီ" ဆိုတာလေးပါပဲ။ ၃ ပုံတစ်ပုံလောက်ကတော့ "Yeah" ဆိုတဲ့စကားလုံးတွေပဲဖြစ်လို့ ဘာသာပြန်သူကို အကြိုက်တွေ့စေခဲ့ပါတယ်။ ဇာတ်ပို့တွေထဲမှာ Scott Adkins လည်းပါဝင်ခဲ့ပြီး သူက ကီအာနူးရိဗိရဲ့ အမာခံဖြစ်တာကြောင့် ဒီရုပ်ရှင်မှာပါခွင့်ရတာ အရမ်းကို ပျော်နေခဲ့ပါတယ်။ ဒွန်နီယန်းလည်းပါဝင်ခဲ့ပြီး ဒါရိုက်တာက ပြင်သစ်ရေဒီယိုနာမည်ကို Wuxia လို့ပေးပြီး တရုတ်သိုင်းလောကကိုလည်း အသိအမှတ်ပြုခဲ့ပါသေးတယ်။ ဒါ့အပြင် I am groot ကို နောက်ပြောင်ပြီး I am Klaus ဆိုတဲ့ ကာရိုက်တာကိုပါ ထည့်သွားပေးထားပါသေးတယ်။ ဒီရုပ်ရှင်က ဇာတ်လမ်း အက်ရှင်အားလုံးပြည့်စုံတာမို့ ကောင်းကောင်းကြီး အရသာခံလို့ရမယ့်ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအဆုံးမှာပါတဲ့ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးဆိုတဲ့ သီချင်းကိုလည်း ဒီရုပ်ရှင်ထဲက ဂျပန်မင်းသမီး Rina Sawayama ကပဲ ပြန်လည်သီဆိုပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ကြေးစားလူသတ်သမားလောကရဲ့ ဒဏ္ဍာရီတစ်ယောက်ဖြစ်တဲ့ ဂျွန်ဝစ်ဟာ ကြေးစားလောကကနေ အနားယူပြီးခွေးလေးတစ်ကောင် ကားတစ်စီးနဲ့ အေးအေးဆေးဆေး ဘဝကိုဖြတ်သန်းနေသူပါ။ ဒါပေမဲ့ သူ့အတွက် အရမ်းအဓိပ္ပါယ်ရှိတဲ့ခွေးလေးကို သတ်ပြီး ကားကိုခိုးသွားတဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့သားကြောင့် လူသတ်သမားလောကထဲကို ကလဲ့စားချေဖို့ ပြန်ဝင်လာခဲ့ရပါတော့တယ်။ သူ့ရဲ့မိတ်ဆွေ ဘုံနယ်မြေဟိုတယ်ပိုင်ရှင် ဝန်စတန်ကတော့ သူ့ကို သတိပေးခဲ့ပါတယ်။ ဒီရေကန်မျိုးထဲကိုလက်သန်းလေးပဲ ပြန်နှစ်ကြည့်ရင်တောင် မင်းတကိုယ်လုံးကို ဆွဲချသွားလိမ့်မယ်တဲ့။ တကယ်လည်း ဂျွန်ဝစ်ပြန်ထွက်မရခဲ့ပါဘူး။ လက်စားချေစရာတွေပြီးတော့ လက်စားချေစရာတွေ ထပ်ပေါ်လာတယ်။ ပြန်ရုန်းထွက်ဖို့ ကြိုးစားရင်း ထပ်ထပ်နစ်ဝင်လာပြီး နောက်ဆုံးမှာတော့ ကြေးစားလောကတစ်ခုလုံးရဲ့ အစိုးရလို့ ခေါ်လို့ရတဲ့ အထက်ကောင်စီရဲ့ အလိုအရှိဆုံးရန်သူပါဖြစ်လာခဲ့ပါပြီ။ အပိုင်း ၃ မှာတုန်းက ဝင်စတန်ရဲ့ လက်ချက်ကြောင့် တိုက်ပေါ်က ပြုတ်ကျသွားခဲ့ပြီး အပိုင်း ၄ မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရမှာပါ။ ဂျွန်ဝစ်လိုချင်တဲ့ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုကို ဒီအပိုင်းမှာ ရှာနိုင်ပါ့မလားဆိုတာ...။ File size…(7.91GB)(3.3GB)&(1.3GB) Quality….4K.HEVC,WEB-DL1080p5.1Ch,720P Format…mp4 Duration….02:41:01 Subtitle….Myanmar Subtitle (Hardsub) Encoder…. Phyo Pyae Translated by Mr.Anderson

Action • Comedy • Mystery
7.9 2023 170 mins
John Wick: Chapter 4
Piku
7

IMDb Rating (7.6) / Rotten Tomatoes (89%) Deepika Padukone, Amitabh Bachchan နဲ့ Irrfan Khan တို့လို ထိပ်တန်းသရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်ကတော့ ဘောလိဝုဒ်ရဲ့ ထိပ်တန်းဒရမ်မာရုပ်ရှင်ဖြစ်ပါတယ်။ မင်းသမီးဒီပီကား အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို အခြားဆုပေါင်းများစွာလဲ ရရှိခဲ့ပါတယ်... ဇာတ်လမ်းကတော့... နားက မကောင်း၊လုပ်ချင်ရာ ဇွတ်လုပ်တတ်တဲ့ ဖခင် မစ္စတာဘာနာဂျီမှာ ပီကူးဆိုတဲ့ ဗိသုကာပညာရှင် ထက်မြက်တဲ့သမီးတစ်ယောက်ရှိပြီး သူမကလဲ အဖေတူသမီးပီပီ အမြဲ အလုပ်များနေသလို စိတ်ကလည်း မရှည်တတ်ပါဘူး။ဒါကြောင့်လဲ အဖေနဲ့သမီးဟာ အမြဲလိုလို တကျက်ကျက်နဲ့ ကတောက်ကဆ ဖြစ်နေကျပါ။ဒီလိုနဲ့ သူတို့ သားအဖနှစ်ယောက် ကာလကတ္တားကို ခရီးထွက်ဖို့ ဖြစ်လာတဲ့အခါ ပီကူးတို့ သားအဖ နှစ်ယောက်အကြောင်းကို သိတဲ့ ဘယ်သူမှ ကားအငှားမလိုက်ကြပါဘူး။  ဒါပေမယ့် ဘယ်လိုမှ ငြင်းဆိုမရတဲ့အဆုံး ကားအငှားလုပ်ငန်းပိုင်ရှင် ဖြစ်တဲ့ ရာနာကိုယ်တိုင်  ကားလိုက်မောင်းပေးဖို့ဖြစ်လာရပါတော့တယ် ။ ဒီလိုနဲ့ လမ်းခရီးတစ်လျှောက် သူတို့ ၃ ယောက် ဘယ်လို ၃ ပါးသွားကြမယ်ဆိုတာ.........။ ဒရမ်မာဇာတ်ကားကောင်းဖြစ်တာမလို့ အေးအေးဆေးဆေးထိုင်ကြည့်သင့်တဲ့ရုပ်ရှင်ဖြစ်ပြီး အီရ်ဖန်ခန်းပရိတ်သတ်တွေလဲ အလွမ်းပြေဖြစ်မှာပါ။ File size…(2.8 GB)/ (1 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:02:57 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung

Action • Crime • Drama • Mystery • Thriller
7 2015 123 mins
Piku
Five Fingers
6

စားနပ်ရိက္ခာအစီအစဉ်တစ်ခုကို အစပြုဖို့ဆိုပြီး မာတင်တစ်ယောက် ရစ်တောင်တန်းဆီကို ဂါဗင်ဆိုတဲ့ဧည့်လမ်းညွှန်အကူအညီနဲ့ သွားမှာပါ။ ဒါပေမဲ့ ကားပေါ်ပဲတက်ရသေးတယ်.. နှစ်ယောက်လုံးကို ဖမ်းခေါ်သွား ပါလေရောဗျာ။ ဇာတ်လမ်းက အဲ့ဒီလို တည့်ပဲစထားပါတယ်။ ဘာလို့အဖမ်းခံရတာလဲ၊ ဘယ်သူကဖမ်းတာလဲဆိုတာကိုတော့ ဆက်ကြည့် လိုက်ပါနော်။ အဓိကက အဖမ်းခံရတဲ့အချိန်အတွင်းမှာ သူ့ရည်းစားအကြောင်း တွေ မေးမေးပြီးတော့ မာတင်ရဲ့လက်ချောင်းတွေ တစ်ချောင်းပြီးတစ်ချောင်း အဖြတ်ခံရပါတယ်။ ဒါပေမဲ့ စေတနာကောင်းကောင်းနဲ့ ဖြတ်ထားတဲ့လက် ချောင်းတွေအကုန်လုံးကို ရေခဲနဲ့သိမ်းပေးထားပါတယ်။ လိုချင်တဲ့အဖြေရရင် ပြန်ဆက်ပေးဖို့ပါတဲ့။ အရမ်းသဘောကောင်းတဲ့ ပြန်ပေးဆွဲအဖွဲ့ပေါ့။ ဒီကားလေးမှာ ကမ္ဘာ့အရှေ့ခြမ်းနဲ့အနောက်ခြမ်းဝါဒတွေ၊ နိုင်ထက်စီးနင်းလုပ် တာတွေ၊ ဘက်မတူတဲ့နိုင်ငံရေးအမြင်တွေကို အဖမ်းခံထားရတဲ့အတောအတွင်း အများကြီးပြောပြသွားတာမို့... မသိသေးတဲ့ပဟေဠိတွေကို ရုပ်ရှင်ထဲမှာဆက် အဖြေရှာရအောင်ဗျာ ။ ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.89 GB) / (742 MB) / (415 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 27mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator.......Jo Jo Va Encoder..........SWM

Adventure • Drama • Fantasy
6 2006 87 mins
Five Fingers
Slumber Party Massacre
5.6

(1982)ကထွက်ရှိခဲ့တဲ့ အထက်တန်းကျောင်းသူလေးတွေအပန်းဖြေခရီးထွက်ရင်း လွန်ပူတစ်လက်နဲ့လူလိုက်သတ်တဲ့ လူသတ်သမားနဲ့ကြုံခဲ့ရတဲ့ The Slumber Party Massacreကို အသစ်ပြန်လည်ဖန်တီးရိုက်ကူးထားတဲ့ကားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ လွန်ပူလူသတ်သမားရဲ့လက်ချက်ကနေ တစ်ဦးတည်း သောအသက်ရှင်ကျန်ခဲ့တဲ့သူဖြစ်တဲ့မိခင်အတွက် သမီးဖြစ်သူဒန်နာက ဒီလိုအတိတ်ဆိုးက မိခင်ကိုလွတ်အောင်လုပ်ဖို့စီစဉ်ခဲ့ပါတယ်။ အဲ့ဒါကတော့ မိခင်ကြုံတွေ့ခဲ့ရတဲ့နေရာကို သူငယ်ချင်းတစ်သိုက်နဲ့ခရီးထွက်တာပါပဲ။ သူတို့တွေကအစီအစဉ်ဆွဲပြီးလာခဲ့ပေမယ့် မထင်မှတ်ထားတဲ့အရာတွေနဲ့ကြုံခဲ့ပြီးတော့ အသက်ဘေးတွေနဲ့ရင်ဆိုင်လာခဲ့ရပါတယ်။ ဒီလိုအသက်ဘေးတွေကနေ ဆယ်ကျော်သက်ကောင်မလေးတွေ ဘယ်လိုလွတ်အောင် ရုန်းထွက်မလဲဆိုတာကိုကြည့်ရမယ့် horror ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်) File Size - (1.52 GB) / (674 MB) / (439 MB) Quality – BluRay 1080p / 720p/480p Duration - 1h 26mins Subtitle – Myanmar Hardsub Format – MP4 Genre : Horror, Thriller Translator – Chit Tee Encoder – SWM

Action • Adventure • Fantasy
5.6 2021 86 mins
Slumber Party Massacre
Flux Gourmet
5.5

Flux Gourmet (2022) * သွေးထွက်သံယိုဇာတ်ဝင်ခန်းများနှင့် ညစ်ညမ်းပြကွက်များပါဝင်သောကြောင့် အသက်မပြည့်သူများကြည့်ရှုရန်မသင့်ပါ * ~ IMDb - 5.9/10, Rotten Tomatoes - 85% ~ ဒီရုပ်ရှင်ကို ဘာအကြောင်းလဲလို့မေးရင် နည်းနည်းဖြေရခက်မယ်။ အကြောင်းအရာတွေက ရှုထောင့်ပေါင်းစုံကနေ တစ်မျိုးစီပြထားတာကြောင့်ပေါ့။ ဟင်းချက်တာပါတယ်၊ အနုပညာပါတယ်၊ သီချင်းတွေအသံတွေပါတယ်၊ ဟာသတွေပါတယ်၊ စိတ်အနှောက်အယှက်ဖြစ်စရာတွေပါတယ်၊ ဘာညာကွိကွတွေပါတယ်။ မကြည့်ခင်မှာ အရင်ဆုံး သူတို့တည်တဲ့ ဇာတ်လမ်းနဲ့အလုပ်အကိုင်သဘောတွေအရင်ပြောရပါလိမ့်မယ်။ Sonic Catering ကို ဒီရုပ်ရှင်ထဲကအတိုင်းဆိုရင်တော့ မြန်မာလိုအဓိပ္ပာယ်ခြုံမိဖို့ "ဟင်းသံလုပ်သရုပ်ဆောင်ခြင်း" လို့ခေါ်နိုင်ပါတယ်။ ဒါရိုက်တာ Peter Strickland ကလည်း ဒီရုပ်ရှင်ဟာ သူ့ဘဝနဲ့ အနီးစပ်ဆုံးရုပ်ရှင်ဖြစ်မယ်လို့ပြောထားပါတယ်။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင် အဲဒီလို Sonic Catering Band တစ်ခုကို တည်ထောင်ခဲ့ဖူးလို့ပါတဲ့။ ASMR တွေနဲ့မတူတာက Sonic Catering ဟာ ပြဇာတ်ကသလို ပရိသတ်ရှေ့မှာပဲ ဟင်းချက်တယ်၊ ဟင်းချက်ရာကထွက်တဲ့အသံတွေကိုဖမ်းပြီး အသံညှိစက်တွေနဲ့ အမျိုးမျိုးချိန်ညှိတယ်။ ဓားနဲ့လှီးသံ၊ မီးဖွင့်သံ၊ ရေပွက်သံ အစရှိသဖြင့် အသံတွေကို အနီးကပ် တိုးသင့်တိုး ကျယ်သင့်ကျယ် ချိန်ညှိပြီး ကြည့်တဲ့သူတွေကို နားထဲပျားရည်လောင်းတာမျိုးပေါ့။ အပြင်လောကမှာဆိုရင်တော့ Sonic Caterer ဆိုတာ ဒီလောက်နဲ့ပြီးပေမဲ့ ဒီရုပ်ရှင်ထဲက ဟင်းသံလုပ်သမားတွေက စိတ္တဇဆန်ဆန် သရုပ်ဆောင်ချက်တွေနဲ့ပါ ထပ်တိုး အနုပညာတစ်မျိုး ဖန်တီးကြပါတယ်။ အနုပညာအဆန်လွန်တာလားတော့မသိပါဘူး။ အဲဒီလိုသရုပ်ပြပွဲတွေပြီးတိုင်း စင်နောက်မှာ ပရိသတ်တွေနဲ့အတူ သိုင်းပြိုင်ကြပါသေးတယ်။ ဝိုင်းလုပ်ဝိုင်းစား ဘဝသမားလေးတွေပေါ့လေ။ ရုပ်ရှင်အကြောင်းအကြမ်းပြောရရင် ဟင်းသံလုပ်သရုပ်ဆောင်အဖွဲ့တစ်ခုက သူတို့ကို ငွေကြေးထောက်ပံ့မယ့်အဖွဲ့အစည်းနဲ့အတူ ယာယီအတူနေထိုင်ကြရာ‌ကနေ စထားပါတယ်။ အချင်းချင်းရန်ပတ်ဖြစ်နေတဲ့အဖွဲ့သား ၃ ယောက်ရယ်၊ လေပွပြီး အီးပေါက်ရမှာရှက်တဲ့ အာပလာ စာရေးဆရာတစ်ယောက်ရယ်၊ အလွန်အကျွံဝတ်စားတတ်တဲ့ ဒါရိုက်တာမတစ်ယောက်ရယ်၊ လေကြီးလေကျယ်တအားပြောတဲ့ ဆရာဝန်တစ်ယောက်ရယ်၊ သူတို့ကိုလိုက်နှောက်ယှက်တဲ့ အဖွဲ့တစ်ခုရယ်၊ ဖလန်ဂျာလို့ခေါ်တဲ့ အသံညှိစက်ကလေးတစ်လုံးရယ်။ သူတို့အားလုံးရဲ့စရိုက်တွေကို သတ်မှတ်ထားပေးပုံက အတော်လေး အားရစရာကောင်းပါတယ်။ မထင်ပေါ်ချင်တဲ့လူ၊ အာဏာပြချင်တဲ့လူ၊ ဆရာကြီးလုပ်ချင်တဲ့လူ စသဖြင့် စသဖြင့် ပေါ့လေ။ ဒီရုပ်ရှင်ထဲမှာ အဓိကဇာတ်ဆောင်က ဘယ်သူလဲ၊ ဇာတ်ကိုသယ်တာက ဘယ်သူများလဲလို့ ‌အတိအကျပြောဖို့ခက်ပါတယ်။ အဲလ် ဆိုတဲ့ အဖွဲ့ခေါင်းဆောင်လား၊ နောက်ခံကနေ သူ့အမြင်တွေကိုပြောနေတဲ့ စာရေးဆရာလား၊ ဒါရိုက်တာမကြီးလား ဒါမှမဟုတ် ဖလန်ဂျာလေးလား။ ဇာတ်လမ်းတည်ပုံ၊ ဆင့်ပွားပုံ၊ ဇာတ်ရှိန်အတက်အကျက စလို့ ဒိုင်ယာလော့ခ်တွေအထိ အတော်လေးကောင်းပါတယ်။ ဝေဖန်တဲ့လူတွေကတော့ သူ့ရဲ့ပြကွက်အရစိတ်အနှောက်အယှက်ဖြစ်ဖို့ကောင်းတယ်တို့ဘာတို့ ပြောကြပေမဲ့ အဲဒီလောက်ကြီးစိတ်အနှောက်အယှက်ဖြစ်ရတာမျိုးတော့မဟုတ်ပါဘူး။ ရိုက်တဲ့လူနဲ့ ထုတ်တဲ့ကုမ္ပဏီဟန်ချက်ညီတယ်ဆိုတာ ဒီလိုရုပ်ရှင်မျိုးဖြစ်မှာပါ။ ပေါက်ကရဆို ကောင်းအောင်ရိုက်တတ်တဲ့ ဒါရိုက်တာ Peter Strickland နဲ့ ထုတ်ပေးတဲ့ကုမ္ပဏီက IFC Films ရဲ့ ထူးထူးဆန်းဆန်းရုပ်ရှင်တွေထုတ်ပေးတဲ့အပိုင်း IFC Midnight ကပါ။ Cast တွေအနေနဲ့ကလည်း ကျွန်တော်တို့နဲ့မစိမ်းတဲ့ Gwendoline Christie, Asa Butterfield နဲ့ Ralph Fiennes မတိုင်ခင်က Voldemort ကြီး Richard Bremmer တို့ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ဟာ နိုင်ငံတကာမှာအသံဒီဇိုင်းဆု ၂ ခုရထားပြီး ဒါရိုက်တာ၊ သရုပ်ဆောင်နဲ့ပတ်သက်တဲ့ အခြားဆန်ခါတင်စာရင်းများစွာဝင်ထားပါတယ်။ အနုပညာနယ်ပယ်သစ်တစ်ခုကို စူးစမ်းချင်ပြီး Dark Comedy သဘောကျတယ်ဆိုရင်တော့ ကြည့်သင့်တဲ့ရုပ်ရှင်တစ်ခုပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.2GB, 495MB Quality - 1080p, 720p IMDb Rating - 5.9/10 Format - mp4 Duration - 1H 51Min Genre - Comedy, Drama, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy
5.5 2022 112 mins
Flux Gourmet
Ju-on: The Grudge 2
6.3

Ju-On: The Grudge 2 (2003) ဂျပန်နာမည်ကြီးရုပ်ရှင် ဒါရိုက်တာ Takashii Shimizu ရဲ့ အောင်မြင်ခဲ့တဲ့ Ju-On sequel ကားတွေထဲက ၂၀၀၃ခုနှစ်ထွက် ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ အရင်ထွက်ခဲ့တဲ့ Ju-On ၂၀၀၂ကားရဲ့အဆက်လို့ပြောလို့ရပေမဲ့ တစ်ကားတည်းကြည့်ရင်လည်း အဆင်ပြေပါတယ်။ Ju-On ရုပ်ရှင်တွေက ဂျပန်မှာ အလွန်အောင်မြင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဇာတ်ကားတွေက ထိုခေတ်အခါက တခြားhorrorတွေနဲ့ မတူကွဲပြားတယ်လို့ ဆိုကြပါတယ်။ Howling Villageအပါအဝင် Ox-Head Village,Suicide Forest village ကားတွေရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာပါပဲ။ နဲရိမခရိုင်မှာ သရဲအခြောက်ကြမ်းပြီးကျိန်စာသင့်နေတယ်ဆိုတဲ့ အိမ်တစ်အိမ်ရှိခဲ့ပါတယ်။ အဲဒီအိမ်မှာနေထိုင်တဲ့မိသားစုမှန်သမျှ ကျိန်စာမိပြီး လူစားလဲခံရကာ အကုန်သေဆုံးကုန်ပါတယ်။ အဲဒီအိမ်ရဲ့အရင်ပိုင်ရှင်ဖြစ်သူက သူ့မိသားစုတစ်ခုလုံးကိုပြန်သတ်ပြီး သူကိုယ်တိုင်လည်း သူ့မိန်းမရဲ့ဝိဉာဉ်သတ်လို့ သေဆုံးခဲ့တာပါ။ ဇောကပ်ပြီး သေဆုံးခဲ့ရတဲ့သူ့မိသားစုရဲ့ဝိဉာဉ်တွေ အထူးသဖြင့် မိန်းမဖြစ်သူက မကျွတ်မလွတ်နိုင်ဘဲ အဲဒီအိမ်ထဲကို ဝင်လာသူမှန်သမျှ သေစေဖို့ ကျိန်စာတိုက်ခဲ့ပါတယ်။ တစ်ယောက် သေပြီးရင် နောက်တစ်ယောက်ဆီကို ကျိန်စာကူးပြောင်းကာ ထူးဆန်းစွာနဲ့ ထပ်မံသေဆုံးရပါတယ်။ ဒီကားမှာတော့ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့က သရဲခြောက်တဲ့အိမ်ကြီးအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ အိမ်ထဲကိုဝင်သွားကြမှာပါ။ သရုပ်ဆောင်မဲ့ မင်းသမီးဖြစ်သူ၊ သတင်းထောက်နဲ့ စက်အဖွဲ့သားတွေရော ဘယ်လိုမျိုးခြောက်လှန့်ခံရမလဲဆိုတာ ရုပ်ရှင်ထဲမှာ ဆက်လက်ရှုစားလိုက်ကြပါဦး။ သရဲ တစ္ဆေနဲ့ ကျိန်စာဇာတ်လမ်းတွေနှစ်သက်တဲ့သူတွေအတွက် ကားကောင်းတစ်ကားဖြစ်မှာပါ။ အော်သံတွေနဲ့ ခြောက်လှန့်မှု အဖြစ်အပျက်တွေ ရိုက်ကူးထားပုံက ကိုယ်တိုင်သရဲခြောက်ခံရသလို ခံစားချက်မျိုးကို ရစေတယ်လို့ ဆိုကြပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.4GB) / (700MB) Quality__Blu-Ray_1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__01:36:00 Type__Drama, Horror Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Action • Thriller
6.3 2003
Ju-on: The Grudge 2
Christmas in Paradise
4.6

Christmas in Paradise (2022) ===================== ခရစ်စမတ်စ်လဲမကြာခင်ကျရောက်တော့မှာဖြစ်လို့ မိသားစု တွေနဲ့ အတူတူကြည့်နိုင်မယ့် ခရစ်စမတ်စ်ရုပ်ရှင်ကားလေး တစ်ကားအကြောင်းကိုပြောပြပေးချင်ပါတယ်။ ဂျိုအန်နာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ မကြာခင်ကျရောက် တော့မယ့် ခရစ်စမတ်စ်မှာ သူ့ခင်ပွန်း၊ သူ့ချစ်သမီးလေးတို့နဲ့အတူ မိသားစုသုံးယောက်တည်းပဲ အိမ်မှာနေရင်းသာသာယာယာ၊ ငြိမ်း ငြိမ်းချမ်းချမ်းလေးနဲ့ဖြတ်သန်းဖို့စိတ်ကူးထားသူပါ။ ဒါပေမယ့်လဲ သူ့ညီမဖြစ်သူ ကယ်ရိုလိုင်းဆီကနေဝင်လာတဲ့ဖုန်းက သူ့အတွက် ကံဆိုးမှုတွေသယ်လာခဲ့ပါတယ်။ ဒါကတော့ သူတို့တွေရဲ့ဖခင်ဖြစ်သူ ဂျိမ်းစ်ခရစ်စမတ်စ်တစ်ယောက်ပျောက်သွားတယ်ဆိုတဲ့အကြောင်းပါ။ ဂျိမ်းစ်ဟာ အရင်ကလဲ သူတို့ညီအစ်မတွေကိုထားသွားခဲ့ဖူးတဲ့ ရာဇဝင် ရှိနေတော့ ဒီတစ်ခေါက်လဲထပ်ပြီးထားသွားလေသလား၊ ဒါမှမဟုတ် အကြောင်းတစ်စုံတစ်ရာများဖြစ်နေလေသလား။ ဂျိမ်းစ်တစ်ယောက် ဘယ်တွေမှာရောက်နေပြီးတော့ အရင်က ဘာကြောင့် ဂျိုအန်နာတို့ ညီအစ်မတွေကိုထားသွားခဲ့ရတာလဲ။ အခုကရော ဘာအကြောင်းကြောင့် ပျောက်ဆုံးနေတာလဲ။ ဂျိုအန်နာတို့တွေကရော သူတို့ရဲ့ဖေဖေခရစ်စမတ်စ် ကြီးကို ခရစ်စမတ်စ်မတိုင်ခင်ရှာတွေ့ပြီးတော့ သူတို့မူလကရည်ရွယ်ထားတဲ့ ခရစ်စမတ်စ်အိပ်မက်လေးတွေကို အကောင်အထည်ဖော်နိုင်ပါ့မလား။ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာပဲဆက်လက် ကြည့်ရှုလိုက်ကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size……….(1.82 GB) / (750 MB) / (450 MB) Quality…………Web-DL 1080p / 720p / 480p Duration………2Hr 09mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….Fiona Gillen Encoder……….SWM

Animation • Family • Horror • Mystery
4.6 2022
Christmas in Paradise
The Void

ရဲဝန်ထမ်းဒန်နီရယ်ကာတာက တစ်ညမှာ လမ်းမပေါ်ကင်းလှည့်ရင်း ဒဏ်ရာတွေနဲ့လူတစ်ယောက်ကိုတွေ့ပြီး ဆေးရုံကိုခေါ်လာခဲ့ပေးတယ်။ ဆေးရုံကိုရောက်ပြီးပြီးချင်းမှာပဲ ထူးဆန်းတာတွေတစ်ခုပြီးတစ်ခုဖြစ်လာတယ်။ ဆေးရုံကလူတွေက အကောင်အဖြစ်ပြောင်းသွားတာတွေ၊ အသတ်ခံရတာတွေအပြင် ဆေးရုံအပြင်မှာလည်း အမည်မသိတဲ့အရာတွေက စောင့်ကြပ်ထားလို့ ဒန်နီရယ်တို့ အပြင်ထွက်ပြေးလို့လည်းမရပါဘူး။ ဒီကိစ္စတွေအားလုံးရဲ့လက်သည်က ဘယ်သူလဲ ၊ အဆောင်အအုံထဲမှာရော အပြင်ဘက်မှာရောမလုံခြုံတော့တာကြောင့် ဒန်နီရယ်တို့ ဘယ်လိုတွေရင်ဆိုင်သွားမလဲ။ ဇာတ်လမ်းထဲကလူသတ်သမားမှာ သဘာဝလွန်စွမ်းအားတွေရှိနေတာကြောင့် ကိုးကွယ်ယုံကြည်မှုနဲ့ဆိုင်တဲ့ horror သို့မဟုတ် သိပ္ပံ horror ဆိုပြီးယူဆလို့လည်းရပါတယ်။ File size…(1.1 GB)/(527 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Mystery, Horror, Science fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

0 2016
The Void
Dahmer
5.6

Dahmer (2002) IMDb Rating (5.6) / Rotten Tomatoes (73%) အမေရိကန်နိုင်ငံတစ်ခုလုံးကိုသာမက ကမ္ဘာကိုပါတုန်လှုပ်သွားစေခဲ့တဲ့ကွင်းဆက်လူသတ်သမား ဂျက်ဖရီဒါးမားအကြောင်း ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်နာမည်ကြီးဇတ်ကားဖြစ်ပါတယ်။ ဂျက်ဖရီဒါးမားကို ၁၉၆၀ခုနှစ်မှာမီဝေါကီး ဝစ္စကွန်ဆင်ပြည်နယ်မှာမွေးဖွားခဲ့ပါတယ်။သူက အသက်၁၈ နှစ်အရွယ်မှာပထမဆုံးလူသတ်မှုကိုကျူးလွန်ခဲ့ပါတယ်။ ဂျက်ဖရီဒါးမားဟာ ၁၉၇၈ ကနေ ၁၉၉၁ အတွင်း အရွယ်ရောက်ပြီးယောကျာ်းနဲ့ ယောကျာ်းလေးငယ်ပေါင်း (၁၇) ယောက်ကိုသတ်ခဲ့ပါတယ်။ ဒါးမားကသူ့ရဲ့သားကောင်တွေကို ဂေးဘားတွေစျေးဝယ်စင်တာတွေဘတ်စကားမှတ်တိုင်တွေမှာရှာပြီးလိင်ကိစ္စဒါမှမဟုတ် ပိုက်ဆံနဲ့ဖျားယောင်းပြီးသူ့အခန်းကိုခေါပြီး သတ်ဖြတ်ပါတယ်။ အလောင်းကောင်နဲ့မဖွယ်မရာလုပ်ပြီးတဲ့အခါလောင်းကိုတစ်စစီဖျက်ပြီး စွန့်ပစ်ပါတယ်။ ဦးခေါင်းတွေလိင်အဂ်ါတွေနဲ့ကိုယ်ခန္ဓာအစိပ်အပိုင်းတစ်ချို့ကို အမှတ်တရပစ္စည်းအဖြစ်နဲ့သိမ်းထားတတ်ပါတယ်။ လူသားကိုလည်းစားကြည့်သလို တစ်ချို့သူတွေကိုတော့ခေါင်းကိုDrillနဲ့ဖောက်ပြီးဇွန်ဘီးလိင်ကျွန်လုပ်ပြီးမှသတ်ဖြတ်ပါတယ်။ သူရဲ့သားကောင်တွေကိုသတ်တာနဲ့အလောင်းဖျက်တဲ့ဖြစ်စဥ်အဆင့်ဆင့်မှာ ဓါတ်ပုံမှတ်တမ်းတင်တတ်ပါသေးတယ်။သူဟာ ၁၉၈၁ – ၁၉၈၂ နဲ့ ၁၉၈၆ မှာလည်း အများပြည်သူရှေ့မဖွယ်မရာပြမှုတွေနဲ့ဖမ်းခံရပါတယ်။ ၁၉၉၂မှာဖမ်းခံရပြီး လူသတ်မှု(၁၅)မှုအတွက် စွဲချက်တင်ခံရပြီးထောင်ဒဏ် ၉၅၇နှစ် ပြစ်ဒဏ်ချမှတ်ခံရပါတယ်။ အရက်စွဲနေတဲ့အပြင် လိင်စိတ်မူမမှန်တာရှိနေပြီး လိင်တူချင်းတပ်မက်ရာမှလိုအင်မပြည့်တဲ့အတွက် ဒေါသအလျောက်လူစသတ်မိပြီး လူသတ်တာကိုစွဲလမ်းသွားရာက တစ်ဆင့်ထက်တစ်ဆင့် လူမဆန်တဲ့ဖြစ်ရပ်တွေနဲ့ဆန်းပြားတဲ့အမူအကျင့်တွေကိုလုပ်လာတာဖြစ်တယ် ။ သူရဲ့တိုက်ခန်းကိုရှာဖွေတဲ့အခါသူ့ရဲ့အအေးခန်းသေတ္တာထဲကလူခေါင်းပြတ်တွေနှလုံးတွေကတော့လုပ်သက်(၁၇)နှစ်ရှိတဲ့ရဲတွေကိုတောင်ကြောက်ရွံ့တုန်လှုပ်ပြီး တစ်သက်တာမေ့မရတဲ့မြင်ကွင်းဖြစ်သွားစေခဲ့ပါတယ်လို့ ရဲတွေကပြောပြခဲ့ပါတယ်။ သူ့ကိုလွှတ်ပေးရင်တောင် သူကဒီလိုပဲဆက်သတ်နေမှာပဲလို့သူကရဲတွေကိုဖြေခဲ့ပါတယ်။ထောင်ကျပြီး (၂)နှစ်ကြာတဲ့အခါမှာ ထောင်သားတစ်ယောက်ကရိုက်သတ်တဲ့အတွက် ၁၉၉၄ မှာ ဂျက်ဖရီဒါးမားသေဆုံးခဲ့ပါတယ်။ ဂျက်ဖရီဒါးမားနဲ့ပါတ်သက်လို့စာအုပ်တွေလည်းထွက်ထားသလိုရုပ်ရှင်နဲ့တီဗွီစီးရီးစ်မတွေလည်းထွက်ရှိထားပါတယ်။ Dahmer( 2002) ရုပ်ရှင်ကတော့အစောဆုံးထွက်လာတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဒီဇတ်ကားက ဂျက်ဖရီဒါးမားအဖြစ်သရုပ်ဆောင်တဲ့ Jeremy Renner( ဂျယ်ရမ်မီရမ်းနား) ကိုအောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်စေခဲ့ပါတယ်။ “ယောကျာ်းလေးတွေပဲ ဘာစိတ်ပူစရာရှိလဲ ထောင်အပြင်တန်းမရှိဘူး“ပြောတတ်ကြပေမယ့် လိင်စိတ်မူမမှန်သူတွေရှိနေတတ်တာကို ဒီဇတ်ကားကမီးမောင်းထိုးပြထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size…(3 GB) / (1.6 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Horror, Thriller Duration….01:42:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin Sakar Khin

Comedy • Adventure
5.6 2002 101 mins
Dahmer
Wynonna Earp: Vengeance
5.6

Wynonna Earp: Vengeance (2024) IMDb Rating (5.6) ဝိုင်နုန်နားအာ့ပ် – နာမည်ကျော် ဥပဒေဘက်တော်သားကြီးဝိုင်းယက်အာ့ပ်၊ ကနေဒါ ရော့ကီးတောင်တွေနားက ပါဂတိုရီဆိုတဲ့ မြို့လေးက သူ့ဇာတိ။ မှော်အစွမ်းရှိတဲ့ ငြိမ်းချမ်းချင်သူကြီးဆိုတဲ့ သေနတ်ကိုကိုင်ပြီး နတ်ဆိုးတွေကို ငရဲပြည်ပြန်ပို့ပေးသူ။ ဝေဗာလီဆိုတဲ့ ဘာလာလာအကုန်ဒေါင်းတဲ့ အထန်ညီမတစ်ယောက်နဲ့ အသက်ရာချီရှည်တဲ့ ဒေါက် ဟော်လီဒေးဆိုတဲ့ ချစ်သူရှိတယ်။ ဒါတွေ အားလုံးဟာ Beau Smith ရဲ့ comic book series ကို အခြေခံရိုက်ကူးထားတဲ့ Wynonna Earp ဆိုတဲ့ Supernatural Western ရုပ်ရှင်စီးရီးထဲကပါ။ ၂၀၁၆ ကနေ ၂၀၂၁ ခုနှစ်အထိ season ၄ခုထွက်ထားပါတယ်။ ဆုတွေလဲ အတော်ရဖူးပါတယ်။ ခုရုပ်ရှင်ကတော့ အဆိုပါစီးရီးကို ပြန်အသက်သွင်းတဲ့အနေနဲ့ မူရင်းဇာတ်ကောင်တွေကို အသုံးပြုပြီး ရုပ်ရှင်အဖြစ်ရိုက်ကူးထားတာပါ။ ကြိုပြီးသတိပေးထားချင်တာ တစ်ကားလုံးမှာ ပက်ပက်စက်စက်ကို ဆဲပါတယ်။ စကား ၁၀ခွန်းမှာ ၇ခွန်းခွဲလောက်က Slang တွေ Idiom တွေပါ (ဘာသာပြန်သူ စိတ်အတော်လေရပါတယ် – အမေရိကန်အစစ်တွေတောင် အလုံးစုံနားလည်ရဲ့လား မသိပါ) Straight ‌ရော LGBTရော အခန်းလေးတွေပါပါတယ်။ Horror အဆင့်လောက်တော့ ကြောက်စရာမပါပါဘူး။ စီးရီးကြည့်ဖူးသူတွေကတော့ ပြဿနာမရှိနိုင်ပေမယ့် ခုမှကြည့်ဖူးသူတွေကတော့ အတော်တိုင်ပတ်ပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ပါဂတိုရီဆိုတဲ့ မြို့လေးမှာ ဝိုင်နုန်နားအာ့ပ် ရဲ့ အချစ်ဆုံးသူငယ်ချင်းတစစီဖြတ်ပြီး အသတ်ခံလိုက်ရပါတယ်။ ဝိုင်နုန်နားလဲ ဒီကိစ္စကို စုံစမ်းဖို့ ပြန်လာရင်း တရားခံဟာ လွန်ခဲ့တဲ့ အနှစ် ၂၀လောက်တုန်းက သူနဲ့ ပတ်သတ်ခဲ့ဖူးတဲ့ လူတစ်ယောက်ဖြစ်နေတာကို သိလိုက်ရပါတယ်။ အဲဒီလူက ဘာအကြောင်းကြောင့် သူ့ကို ဦးတည်ပြီး တိုက်ခိုက်နေတာလဲ ဆိုတာကတော့ ဆက်လက်ရှုစားကြပါ။ ဇာတ်ဆောင်တွေအနေနဲ့ Melanie Scrofano, Tim Rozon, Dominique Provost-Chalkley နဲ့ Katherine Barrell တို့က ဦးဆောင်ပါဝင်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ TLone ဖြစ်ပါတယ်။) File size…(1.6 GB) / (950 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Thriller, Drama, Fantasy, Horror Duration….01:36:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by TLone

5.6 2024 96 mins
Wynonna Earp: Vengeance
My Nanny Stole My Life
5.8

မော်လီကတော့ သမီးလေးမွေးဖွားပြီးတာ သိပ်မကြာသေးတဲ့ မေမေအသစ်ကလေး တစ်ယောက်ပါ။ သူ့ခမြာ မီးဖွားပြီးစ မိခင်တွေခံစားရတတ်တဲ့ စိုးရိမ်ပူပန်တာတွေလည်း ခံစားနေရပြီး သမီးလေးကို အမျိုးသမီးတစ်ယောက်က ခိုးယူသွားတယ်ဆိုတဲ့ အိပ်မက်ဆိုးကြီးက ခဏခဏနှိပ်စက်နေလို ကလေးထိန်းခေါ် ဖိုကိုလည်း စိုးရိမ်နေပြန်ပါတယ်။ မော်လီရဲ့ အမျိုးသား ဖြစ်သူ နိုအာ ကတော့ ဆရာဝန်နဲ့ပြပြီး ကုသစေပါတယ်။ ဆရာဝန်ရဲ့အကြံပြုချက်နဲ့ မေမေအသစ် ကလေးတွေရှိတဲ့ အွန်လိုင်းအဖွဲမှာ အဖွဲဝင်ကြည့်ရာကနေ မေမေတစ်ယောက်က သူတိုဆီမှာ လုပ်ဖူးတဲ့ နစ်ကီ ဆိုတဲ့ ကလေးထိန်ကို ညွှန်းပေးပါတယ်။ ဒါနဲ့ နစ်ကီကို တွေ့ကြည့်ပြီး လင်မယား နှစ်ယောက်လုံး သဘောကျသွားလို ငှားလိုက်ရာကနေ ဇာတ်လမ်းစတော့တာပါပဲ။ ဒီလို ငှားပြီးတဲ့နောက် မော်လီရဲ့ စိုးရိမ်ကြောင့်ကြစိတ်တွေက ပိုဆိုး၊ မရှိတာတွေရှိတယ်ထင်ပြီး စိတ်ကယောင်ချောက်ချားတွေ ဖြစ်တော့တာပါပဲ။ နစ်ကီရဲ့ အပြုအမူတွေက သံသယ ဖြစ်ဖို ကောင်းတယ်၊ သူ့ကိုစိတ်ထင်ယောင်ထင်မှားတွေဖြစ်အောင်လုပ်ပြီး ကလေးခိုးဖိုပါကြံနေတယ်လို ခံစားရပေမယ့် သူ့ဘက်မှာဘယ်သူ မှမရှိ၊ အရင်းနှီးဆုံး သူငယ်ချင်း လင်ဆေးကလည်း သူ့ကို နားမလည်နိုင်၊ အားလုံးက သူ့ကိုစိတ်ရောဂါသည်လိုပဲ သတ်မှတ် လာတဲ့နောက် တစ်အိမ်တည်း အတူရှိနေရတဲ့ ကလေးထိန်းရဲ့ လက်ကနေ သမီးကလေးကို မော်လီ တစ်ယောက် ဘယ်လို ကာကွယ်မလဲ၊ အကုန်လုံးထင်နေသလို သူစိတ်ရောဂါ ဖြစ်နေတာလား၊ ဒီလိုတွေဖြစ်အောင် လုပ်နေတဲ့ တရားခံ အစစ်ကကော ဘယ်သူလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။ File size… (1.34GB) / (660MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 28m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mona

Action • Crime • Drama • Thriller
5.8 2024 87 mins
My Nanny Stole My Life
Keshava Chandra Ramavath (KCR)
7.4

KCR(2024) ယုံကြည်ရာဆီသို့ သန်ဒါဆိုတဲ့ရွာလေးမှာ ကီရှာဗာဆိုတဲ့ ကလေးလေးဟာ သူ့မိသားစုနဲ့အတူ ပျော်ရွှင်နွေးထွေးစွာရှိနေတာပါ။ အဖေရယ်၊ အမေရယ်၊ အဘွားရယ်ဟာ သူ့ကို တစ်ဦးတည်း‌သောသား‌လေးရယ်ဆိုပြီး တုန်နေအောင်အချစ်ခံရသူပေါ့။ တောရွာလေးတွေရဲ့ထုံးစံအတိုင်းသူ့ဖခင်ဟာ ဆိတ်ကျောင်းရင်းအသက်မွေးရသူမို့ ငွေကြေးအရာမှာတော့မတတ်နိုင်ရှာကြပါဘူး။ တစ်နေ့သူ့အမေက ချောင်းအလွန်ဆိုးနေတဲ့အတွက် ဆေးခန်းပြဖို့ရာ သူတို့အဘွားရဲ့နားကပ်ကိုရောင်းရဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့စာမဖတ်တတ်တဲ့သူ့ဖခင်ကို ကီရှာဗာက ဦးဆောင်ခေါ်သွားရင်း လမ်းကဆိုင်းဘုတ်တွေလည်း သူပဲဖတ်ပြလာပါတယ်။ ဘဏ်ကိုရောက်သွားတဲ့အခါမှာတော့ သူ့အဘွားရဲ့နားကပ်ဟာ သူတို့တစ်ခါမှတောင်မမြင်ဖူးတဲ့ပစ္စည်းပါဆိုပြီး အပေါင်မရခဲ့ဘဲ ငွေပဲချေးခဲ့ရပါတော့တယ်။ အပြန်လမ်းမှာ ကီ‌ရှာဗာလေးဟာ ဗိုက်အလွန်ဆာလို့ ဆိုင်ကြီးတစ်ဆိုင်ထဲ သားအဖနှစ်ယောက်ဝင်ထိုင်ရုံရှိသေး ဝတ်စားထားတာနွမ်းနေလို့ပါဆိုပြီး နှင်ထုတ်ခံရပြန်ပါတယ်။ အဲဒီလိုနဲ့ တွန်းလှည်းလေးနဲ့ရောင်းတဲ့မုန့်ကိုသားအဖနှစ်ယောက်စားနေရင်း လမ်းဘေးတစ််နေရာ တီဗွီကနေ သူတို့ဘဝတွေကိုပြောင်းလဲပေးပါမယ်ဆိုတဲ့ KCR အမည်ရှိ လူတစ်ယောက်ရဲ့မိန့်ခွန်းပြောနေသံကို တွေ့မြင်ကြားသိခဲ့ရပါတယ်။ သူတို့ရဲ့ဘဝဟာဘာတွေဖြစ်လို့ပြောင်းလဲချင်နေရပါသလဲဆိုရင်တော့ အိမ်နားကဦးလေးဟာ ဘဏ်ကြွေးတွေမဆပ်နိုင်လို့ စိတ်ဖိအားများကာ သေသွားရတာ၊ လယ်ကွင်းထဲရေလွှတ်ရင်း မြွေကိုက်လို့သေသွားရတာ၊ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ယောက် ဆေးရုံသွားမယ့်လမ်းမှာ လမ်းဆိုးလွန်းလို့သေသွားရတာ စသည်ဖြင့် အများကြီးပါပဲ။ ကီရှာ‌ဗာလေးဟာ အဲဒီနေ့ကစပြီး KCR ရဲ့မိန့်ခွန်းတွေနားထောင်ပြီး လေးစားအားကျစိတ်အပြည့်နဲ့ ပါးစပ်ကမချ ဖြစ်သွားပါတော့တယ်။ တစ်ဖက်မှာလည်း ကီရှာဗာဟာ သူ့ကိုအချစ်လေးလို့ချစ်စနိုးခေါ်ပြီး အရိပ်တကြည့်ကြည့်နဲ့ဘေးမှာရှိနေပေးတဲ့ မန်ဂျူဆိုတဲ့ကလေးမလေးဆီကလည်းဂရုစိုက်ခံရလေရဲ့။ ကီရှာဗာကရှေ့ဆက် သူတို့ရွာကိုဘယ်လိုပြောင်းလဲဦးဆောင်မှာလဲ သူ့မိသားစုတွေ‌ကရော ဘယ်လိုတားဆီးပိတ်ပင်မလဲ ထောက်ပံ့အားပေးမလဲ မန်ဂျူကရော ဘေးကနေဘယ်လိုပါရမီဖြည့်ပေးမှာလဲ ဆိုတာ ကြည့်ရှူခံစားပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်

History • Drama
7.4 2024 133 mins
Keshava Chandra Ramavath (KCR)
Daytime Shooting Star
6.7

Daytime Shooting Star (2017) **************************** IMDb….. 6.7 ဒီတစ်ခေါက်မှာတော့ မင်းသမီး Nagano Mei၊ မင်းသား Shirahama Alan နဲ့ Miura Shohei တို့ အဓိကပါဝင်ထားတဲ့ မြူးမြူးကြွကြွ ကျောင်းသားအချစ်ကားလေးကို CM ပရိသတ်ကြီးတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဥ်း- ယိုဆနို ဆုဇုမဲရဲ့ မိဘတွေဟာ အလုပ်ကိစ္စနဲ့ ဘင်္ဂလားဒေ့ရှ်ကို ပြောင်းရွှေ့ဖို့ဖြစ်လာတော့ ဇုဆုမဲလည်း ကျောင်းဆက်တက်ဖို့အတွက် ဦးလေးဖြစ်သူရှိရာ တိုကျိုမြို့ကို ပြောင်းလာခဲ့တော့တယ်။ တိုကျိုရောက်တဲ့ ပထမဆုံးနေ့မှာတင် အိမ်ရှာရင်းမူးလဲတော့ ခပ်ကြောင်ကြောင် လူတစ်ယောက်က ဆုဇုမဲကို အိမ်ပြန်ခေါ်လာပေးပါတော့တယ်။ ဒါပေမဲ့ ဆုဇုမဲမထင်ထားမိတာက အဲဒီလူက သူ့ရဲ့ အတန်းပိုင်ဆရာဖြစ်လာမယ်ဆိုတာပါပဲ။ အထက်တန်းပထမနှစ်တက်ရင်း ဆရာ့ကိုချစ်မိသွားခဲ့တဲ့ ခေတ်လူငယ်ပီပီ ဆုဇုမဲဟာ ဆရာ့ကို ဖွင့်ပြောလုပ်ပါတော့တယ်။ ဒါပေမဲ့ ဆုဇုမဲရဲ့ သူငယ်ချင်းဖြစ်တဲ့ မာမူရက ဆုဇူမဲကို ကြိုက်နေတဲ့ အချိန်မှာတော့… တောသူမလေး ဆုဇုမဲတစ်ယောက် မာမူရနဲ့ ဆရာ့ကြားမှာ ဘယ်လိုသုံးပွင့်ဆိုင်မလဲဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှုနိုင်မဲ့ အချစ်ဟာသကားကောင်းလေးပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Nisarh ပဲ ဖြစ်ပါတယ်။) File Size : 2.54GB/ 1.06GB Quality : Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration…01:59:17 Genre : Romance, Youth, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Nisarh Encoded by Tiff

6.7 2017 119 mins
Daytime Shooting Star