YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Shadow.S01E01.1080p.CM.mp4

626.67 MB 1080p video/mp4 21 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Lord of the Rings: The Fellowship of the Ring
8.4

The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။ စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the rings (LotR) ရုပ်ရှင်တွေဟာ ၂၀၀၁ ကနေ စတင်ပြီးထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံး LotR ရုပ်ရှင် သုံးကားဟာ စုစုပေါင်း Oscar 17 ဆု ရရှိခဲ့ပါတယ်။ ပထမကားက ၄ ဆု၊ ဒုတိယကားက ၂ ဆု နဲ့ သုံးကားမြောက်က ၁၁ ဆု ရရှိခဲ့တာပါ။ သူ့နောက်မှ ထွက်ရှိလာတဲ့ Hobbit သုံးကားကတော့ Oscar တစ်ဆုသာ ရခဲ့ပါတယ်။ LotR ရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ကာလအကန့်အသတ်မရှိ timeless လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ၂၀၀၁ တုန်းက လူတွေကြိုက်ခဲ့သလို ၃၀၀၁ ခုနှစ်မှာလည်း ကြိုက်ကြဦးမှာပါပဲ။ အဓိကကတော့ ဇာတ်လမ်းအတွက် ဝတ်စုံ၊ရိုက်ကွင်းပြင်ဆင်မှုတွေ၊ ရိုက်ချက်တွေ၊ သရုပ်ဆောင်တွေ အသေးစိတ်ကျခဲ့တယ်၊ ခမ်းနားခဲ့တယ်လို့ပြောရမှာပါပဲ။ နောက်ထပ် ချီးကျူးရမှာကတော့ ဇာတ်ညွှန်းပါ။ စာအုပ်ပါ ဖတ်ဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။ အရမ်းကိုကောင်းတဲ့ ဝတ္ထုရှည်ကြီးတစ်ခုကို ကြည့်လို့လည်းကောင်းအောင် အခန်းတွေဖြတ်တောက်ရ၊ ဇာတ်ကောင်တွေ ဖယ်ထုတ်ရတာ မလွယ်လှပါဘူး။ ဒါပေမယ့် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒိုင်ယာလော့တွေ ဇာတ်လမ်းအနိမ့်အမြင့်တွေကိုလည်း အရှိန်တင်ပေးသွားတာ အံ့သြလောက်ပါတယ်။ ဥပမာ - လက်စွပ်ကို ဖျက်ဆီးဖို့ ဆွေးနွေးကြတဲ့အခန်းမှာ ဝတ္ထုအတိုင်းဆို အယ်ရွန်က အားလုံးကို ကြိုတင်မိတ်ဆက်၊ သမိုင်းကို ပြောပြပြီးမှ စတင်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဒီအတိုင်း ဆွေးနွေးကြရင်း ဘိုမီရာက အာရာဂွန်ကို အထင်သေးစကားပြောချိန်မှာ လီဂိုးလက်စ်က ထပြောလိုက်တဲ့အခန်းမျိုး ပြင်လိုက်ခြင်းအားဖြင့် ဇာတ်ရှိန် တက်သွားတာ ရှိပါတယ်။ ပြီးတော့ အာရာဂွန်ဟာ ထီးနန်းကို ဆက်တိုက်ငြင်းပယ်ခဲ့တာ၊ Andúril ဓားကို နောက်ဆုံးအချိန်မှ ပြန်ပြင်တာတွေဟာ ဇာတ်ရှိန်ပိုတက်စေတဲ့ ပညာပါပဲ။ ပြီးတော့ ဆာရူးမန်းကို သေခိုင်းတဲ့ ဇာတ်ညွှန်းမျိုးဟာ အတော်လေးကို ရဲတင်းရာကျပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ စာအုပ်ထဲမှာ ဆာရူးမန်းဟာ ထွက်ပြေးသွားခဲ့ပါတယ်။ လက်စွပ်ကိုဖျက်ဆီးပြီးလို့ ဟော့ဘစ်တွေ ရှိုင်းယားကို ပြန်လာချိန်မှာ ဆာရူးမန်းနဲ့ ထပ်ပြီးရင်ဆိုင်ကြရပါသေးတယ်။ ဒါတွေကို ဖျက်ပစ်လိုက်ပေမယ့် ရုပ်ရှင်က ညံ့မသွားခဲ့တာကို တွေ့မှာပါ။ ဒါကတော့ ဇာတ်ညွှန်းဆရာတွေရဲ့ အရည်အချင်းတွေပါပဲ။ ၁ မျက်နှာ ဖန်တရာတေ ဇာတ်ညွှန်းဆရာတွေ လေ့လာသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း =========== Three Rings for the Elven-kings under the sky, Seven for the Dwarf-lords in their halls of stone, Nine for Mortal Men doomed to die, One for the Dark Lord on his dark throne In the Land of Mordor where the Shadows lie. One Ring to rule them all, One Ring to find them, One Ring to bring them all, and in the darkness bind them, In the Land of Mordor where the Shadows lie. ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။ Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။ လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။ ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာ နတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်………. ဒီလောက်ဆို ဒီရုပ်ရှင်တွေကို ဆက်ပြီးခံစားဖို့ လုံလောက်မှာပါ။ LotR ဇာတ်လမ်းမှာ အရေးပါခဲ့တဲ့ ကဗျာတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ All that is gold does not glitter Not all those who wander are lost; The old that is strong does not wither, Deep roots are not reached by the frost. From the ashes, a fire shall be woken, A light from the shadows shall spring; Renewed shall be blade that was broken, The crownless again shall be king ရွှေအဆင်းအတိနဲ့အရာဟာ တစ်လက်လက် တောက်ပမနေတတ်ပါဘူး လှည့်လည်နေသူတိုင်းဟာလည်း လမ်းပျောက်နေကြတာမဟုတ်ပါ အိုမင်းပေမယ့် ကြံ့ခိုင်သူဟာ ဆွေးမြေ့မလာတတ်ပါ နက်ရှိုင်းလွန်းတဲ့ အမြစ်တွေဟာ သစ်တောနဲ့ အလှမ်းကွာစမြဲ ပြာပုံကြားကနေ မီးတောက်နိုးထလာချိန် အမှောင်တွေထဲက အလင်းတန်းတစ်ခု ဖြန်းပက်လာရင်း ကျိုးပဲ့သွားခဲ့တဲ့ဓားကို ပြန်လည်ပြုပြင်ပြီးချိန်မှာ သရဖူမဲ့နေခဲ့သူဟာ ဘုရင်ပြန်လည်ဖြစ်လာမှာပါ။ (1) The Fellowship of The Ring(အော်စကာ ဆန်ကာတင် ၁၃ နေရာရရှိပြီး အော်စကာ ၄ဆု ရရှိခဲ့) (မူရင်းရုပ်ရှင်ဗားရှင်းမှာ ၃နာရီ ကြာမြင့်ပြီး လက်ရှိ Extended Versionမှာ ၃ နာရီခွဲ ကြာမြင့်) (2) The Two Towers (အော်စကာ ဆန်ကာတင် ၆ နေရာရရှိပြီး ၂ ဆု ရရှိခဲ့) (မူလဗားရှင်းမှာ ၃ နာရီကြာမြင့်ပြီး Ext.version မှာ ၃ နာရီ ၄၀ မိနစ် ကြာမြင့်) (3) The Return of The King (အော်စကာ ဆန်ကာတင် ၁၁ နေရာရရှိခဲ့ရာတွင် ၁၁ ဆုလုံးအား စံချိန်တင်ရရှိသွားခဲ့) (မူလဗားရှင်းမှာ ၃ နာရီ မိနစ် ၂၀ ဖြစ်ပြီး ext.version မှာ ၄ နာရီ ၁၁ မိနစ်ကြာမြင့်) The Lord of the Rings ဟာ ရုပ်ရှင်သမိုင်းရဲ့ အကြီးကျယ်ဆုံး အအောင်မြင်ဆုံးရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပါတယ်။ အောင်မြင်မှုတွေကိုကတော့ တွေ့တဲ့အတိုင်းဖြစ်ပြီး RT မှာ rating 90% အထက် IMDb မှာ 8 အထက်တွေချည်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ခဏဏကြည့်ခဲ့ရပေမယ့် Thea.version နဲ့ Extended Version ၂ ခုလုံးကိုတော့ လူတိုင်းကြည့်ဖြစ်မယ်မထင်သေးပါဘူး။ တကယ်လို့ မိတ်ဆွေဟာ LOTR ကို ၉နာရီအစအဆုံးပဲ runကြည့်ဖူးတယ်ဆိုမပြည့်စုံသေးဘူးလို့ ပြောလိုက်ပါရစေ။ တစ်ခေါက်လောက် ၁၂ နာရီ ဗားရှင်းလေး runကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ File size…(8.1 GB) and (3.4 GB) Quality….Extended BluRay 4K HDR & 1080p HEVC Format…mkv Duration….03:48:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Dr.Nyan

Drama • Sci-Fi & Fantasy
8.4 2001 179 mins
The Lord of the Rings: The Fellowship of the Ring
Vampire Girl vs. Frankenstein Girl
5.7

Vampire girl Vs Frankenstein girl Jungoဆိုတဲ့ကောင်လေးဟာ ကျောင်းမှာပေါ်ပြူလာအရမ်းဖြစ်တဲ့သူပေါ့ အတန်းထဲမှာ သူ့ကိုကြိတ်ကြိုက်နေတဲ့ Keikoဆိုတဲ့ကောင်မလေးနဲ့ ကျောင်းပြောင်းလာတာမကြာသေးတဲ့ကျောင်းသူသစ်Monamiဆိုတဲ့ကောင်မလေးရှိတယ် Keikoရဲ့အဖေက ဒုကျောင်းအုပ်ဆိုပေမဲ့သူကDr.Frankensteinရဲ့ဆက်ခံသူ သိပ္ပံပညာရှင်တစ်ယောက်ပေါ့ တစ်ရက်မှာ Monamiက Jungoကိုချောကလက်လေးပေး‌လိုက်တယ် Jungoကအဲ့ချောကလက်ကိုစားပြီးပြီးချင်း ထူးဆန်းတဲ့အရာတွေကိုစတင်တွေ့လာခဲ့တယ် တကယ်ပဲMonamiကဘာတွေထည့်ကျွေးလိုက်တာလဲ? Jungoကကော Keikoနဲ့Monamiဘယ်သူ့ကိုရွေးမလဲ? ဒီဇာတ်ကားလေးမှာသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကိုစိတ်ပါဝင်စားစွာကြည့်ရှုရမှာဖြစ်ပြီး Monamiကဘာလဲဆိုတာသိချင်ရင်အခုပဲဝင်ကြည့်လိုက်ပါတော့ File Size__(1.3GB) Quality__DVDRip IMDb Rating__5/10 Format__mp4 Duration__01:27:00 Type__Adult Subtitle__Myanmar Subtitle (Hardsub) Translated by Dark Group Encoded by Dark Devil

Action • Drama • History • War
5.7 2009
Vampire Girl vs. Frankenstein Girl
Autobiography
7.4

Autobiography (2022) အင်ဒိုနီးရှားမှာ Best Original Screenplay ဆုရခဲ့ပြီး ကျန် ၇ဆုဆန်ကာတင် စာရင်းဝင်ခဲ့တဲ့ အင်ဒိုကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဒါ့အပြင်ကို ဗင်းနစ် ရုပ်ရှင်ပြပွဲမှာပါ ဆုတွေရခဲ့ပါသေးတယ်။ အင်ဒိုနီးရှားဟာ အနှပညာလောကမှာ အရှေ့တောင်အာရှကို ဖောက်ထွက်ဖို့ကြိုးနေတယ်ဆိုတာ ဒီရုပ်ရှင်မှာတွေ့နိုင်ပါတယ်။ ဇာတ်လမ်း နာမည်လေးကလဲ မြန်မာလိုဆို “ကိုယ်တိုင်ရေး ရာဇဝင်” ပေါ့။ ဇာတ်လမ်းဟာလဲ နာမည်နဲ့အတော်လိုက်တာကို တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ စစ်တပ်မှဗိုလ်ချုပ်ကြီးဟောင်း တစ်ယောက် နိုင်ငံရေးလောကထဲဝင်ပြီး ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်ဖို့ မီးမှန်မှန်ရဖို့ရေး ရေအားလျှပ်စစ်စက်ရုံတွေဆောက်မယ်ပေါ့။ ဒါပေမဲ့ သူက လူတွေကိုကူညီချင်သလိုနဲ့ အာဏာသုံးပြီးလုပ်တတ်တဲ့ အာဏာရှင်ကြီးတစ်ယောက်ပါ။ တနေ့ သူ့တပည့်တစ်ယောက်ရဲ့ သားကို သူ့အတွက်လက်တိုလက်တောင်းခိုင်းဖို့ ခေါ်လိုက်ပါတယ်။ အစကတော့ အကြောင်းမသိသေးလို့ လေးစားအားကျနေခဲ့ရာမှ နောက်ကွယ်ကအဖြစ်မှန်တွေသိပြီးနောက် အဲဒီ အာဏာရှင်လူဆိုးကြီး လက်အောက်က ဘယ်လို လွှတ်အောင်ပြေးပြီး ကိုယ့်ရာဇဝင်ကို ရေးမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Drama, Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.3GB | 635MB | 322MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

Drama • Romance
7.4 2022
Autobiography
Cross the Line

Cross the Line (2022) ဟယ်ရစ် နဲ့ မာယာ တို့ ချစ်သူနှစ်ဦးက အိပ်မက်တွေကိုယ်စီနဲ့ သင်္ဘောကြီးပေါ်မှာ သန့်ရှင်းရေးလုပ်သားအနေနဲ့ လုပ်ကိုင်ဖို့ လာခဲ့ကြတာပါ။ နှစ်ယောက်သားကတော့ ဒီအလုပ်ကို ပိုက်ဆံများများ ရှာနိုင်ဖို့အတွက် ယာယီအနေနဲ့ပါ။ သူတို့ရဲ့ရည်မှန်းချက်ကတော့ နိုင်ငံခြားမှာ အလုပ်သွားလုပ်နိုင်ဖို့ပါပဲ။ မာယာက သူ့အမေရဲ့ကျန်းမာရေးစားရိတ်အတွက် ဝင်ငွေ ပိုရမလားရယ်လို့ လာလုပ်တာပါ။ ဒါပေမဲ့လည်း သင်္ဘောပေါ်မှာ လုပ်ကိုင်ကြရင်းနဲ့ ထင်သလောက် ဝင်ငွေမရကြတဲ့အခါ မာယာကို ခန္ဓာကိုယ် ရင်းပြီး အလုပ်လုပ်ဖို့ လာဆွယ်တဲ့လူရှိတဲ့အခါမှာ မာယာ ဘာလုပ်ဖြစ်မလဲ ဟယ်ရစ်ကလည်း မာယာအတွက် မှောင်ခိုကုန်ကူးလုပ်ငန်းမှာ ဝင်ပြီး လုပ်ရပါတော့တယ်။ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အချစ်လမ်းခရီးက သာယာဖြောင့်ဖြူးပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ SanDaKuu ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 645MB | 346MB Format… mp4 Duration…. 1h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ….. SanDaKuu Encoder ….. Aaron

0 2022
Cross the Line
Detective Dee and the Phantom of Waning Moon
6

ညတစ်ညမှာ ထန်တိုင်းပြည်ကြီးရဲ့မင်းသမီးလေးဟာ ထူးဆန်းတဲ့အိပ်မက်တစ်ခုကိုမက်ခဲ့တယ်။ အိပ်မက်ကိုအဓိပ္ပါယ်ဖော်ခိုင်းလိုက်တော့ နတ်မြင်းပျံထွက်ပေါ်လာတဲ့အတွက် မင်္ဂလာနိမိတ်ကောင်းဆိုပြီးလျှောက်တင်တဲ့အတွက် မင်းသမီးကသဘောကျသွားခဲ့တယ်။ အဲဒီလိုလျှောက်တင်ခဲ့တဲ့ ဆရာမကြီးရွှမ်ကမင်းသမီးလေးရဲ့အပစားပေးတာကိုရခဲ့တယ်။ အဲဒီအချိန်မှာပဲ မိသားစုလိုက်သတ်ခံရတဲ့အမှုတစ်ကို စုံထောက်ကြီးဒီးရန်ကျယ်ကလိုက်နေခဲ့တယ်။ မိသားစုလုံး စုစုပေါင်း(၁၈)ယောက်သတ်ခံရတဲ့အမှုကို ဟာကွက်တွေအများကြီးနဲ့ ပေါ့ပေါ့တန်တန်အမှုပိတ်ခံလိုက်ရတော့။ စုံထောက်ကြီးဒီးဟာ အမိန့်ကိုဆန့်ကျင်ပြီး ဒီအမှုကိုဆက်လိုက်နေခဲ့တယ်။ သူထင်တဲ့အတိုင်းပါပဲ ဒီအမှုရဲ့နောက်ကွယ်မှာပိုပြီးကြီးတဲ့အကြံရှိနေခဲ့တယ်။ မင်းသမီးလေးရဲ့အိပ်မက်နဲ့ ဒီအမှုဟာပတ်သက်နေတယ်ဆိုတာကိုတွေ့လိုက်ရတယ်။ မင်းသမီးလေးရဲ့အိပ်မက်နဲ့ ဒီအမှုဟာဘယ်လိုပတ်သက်နေတာလဲ…… နောက်ကွယ်ကတရားခံကဘယ်သူများဖြစ်နေမလဲ……

6 2024
Detective Dee and the Phantom of Waning Moon
Rendition
6.8

ဒီတစ်ခါ cm ပရိသတ်ကြီးကို ၂၀၀၇ တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားဟောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ မင်းသားချော Jake Gyllenhaal နဲ့ သရုပ်ဆောင်မင်းသမီး Reese Witherspoon တို့ ဆန်ခါတင်စာရင်း nomination တွေရရှိခဲ့ပြီး ၂၀၀၇ Mill Valley ရုပ်ရှင်ပွဲတော်ရဲ့ အကောင်းဆုံး ဇာတ်ကားဆု ရရှိခဲ့ပါတယ်။ ဇာတ်ကြောင်းက တောင်အာဖရိက နိုင်ငံတစ်ခုမှာ အသေခံဗုံးခွဲတိုက်ခိုက်ရေးသမား တစ်ဦးက လူစည်ကားရာ မြို့တော်ရင်ပြင်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တာ အမေရိကန် စီအိုင်အေ အေးဂျင့်တစ်ဦးပါ ဒဏ်ရာရသေဆုံးသွားခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးမှုတွေမှာ အီဂျစ်နိုင်ငံမှာ မွေးခဲ့ပြီး အမေရိကမှာ အခြေချ နေထိုင်နေခဲ့တဲ့ အန်ဝါဆိုတဲ့ ဓာတုဗေဒ ပညာရှင် အင်ဂျင်နီယာတစ်ယောက်ကို ဗုံးတည်ဆောက်ရာမှာ ကူညီမှုနဲ့ သံသယရှိ ဖမ်းဆီးထားပါတယ်။ သူ့ကို ဘယ်လိုမျိုး နှိပ်စက်စစ်မေးကြမလဲ၊ သူကရော အမှန်တကယ် အပြစ်ရှိတဲ့သူတစ်ယောက်လား။ စီအိုင်အေ အရာရှိ ဒေါက်ဂလက်စ်အနေနဲ့ရော မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်မလား….။ File size…1.62GB , 727MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 2m Genre …..Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Adventure • Action • Science Fiction
6.8 2007 120 mins
Rendition
Happy 50 (aka) Plancha
5.4

အိဗ်ရဲ့ အသက်၅၀ပြည့်မွေးနေ့အတွက် သူငယ်ချင်းတွေစုပြီး စပရိုက်အဖြစ် ဂရိခရီးစဉ်စီစဉ်ခဲ့ကြပေမဲ့ လေယာဉ်ချို့ယွင်းမှုကြောင့် ခရီးစဉ်ပျက်ပြီး အဲဒီအစား အိဗ်ရဲ့ဘိုးဘွားပိုင်အိမ်တော်ရှိတဲ့ ဘရော်တာနီဒေသမှာ အားလပ်ရက်ကုန်ဆုံးဖို့ ဖြစ်လာပါတော့တယ်။ ဘရော်တာနီဒေသဟာ မိုးရွာသွန်းမှုများတာကြောင့် နေပူဆာလှုံချင်တဲ့သူငယ်ချင်းတစ်စုအတွက် အခက်တွေ့ခဲ့ရပါတယ်။ ဒီလိုနဲ့ မွေးနေ့ရှင်အတွက် အံ့အားသင့်အောင် လက်ဆောင်အသီးသီး ပြင်ဆင်ခဲ့ကြပေမဲ့ အန်တွိုင်းပြင်ဆင်ပေးခဲ့တဲ့ လက်ဆောင်ကြောင့် အိဗ်ဘဝရဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ကြီးကို သော့လှည့်ဖွင့်သလို ဖြစ်လာရပါတော့တယ်။ ဘရော်တာနီဒေသရဲ့အလှတရားနဲ့ အသက် ၅၀ ဝန်းကျင် လူကြီးပိုင်းတွေစိတ်နေစိတ်ထားကို မြင်တွေ့ရတဲ့ ဒီဇာတ်ကားလေးက အားလပ်ချိန်မှာ ပေ့ါပေါ့ပါးပါးကြည့်သင့်တဲ့ဇာတ်ကားကောင်း‌လေးပါ။ File size…(1.5 GB)/(840 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:40:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina

5.4 2022
Happy 50 (aka) Plancha
Blank
6.1

Blank (2019) “ကွက်လပ်” IMDb – 6.1/10 ၂၀၁၉ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟင်ဒီအက်ရှင်ဇာတ်ကြမ်းကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသာကြီး ဆန်နီဒိုး၊ ငယ်ဘ၀ကတည်း ရုပ်ရှင်တွေ၊ ရှိုးတွေရိုက်ကူးခဲ့တဲ့ မင်းသားကာရန်တို့ အဓိကပါဝင်ထားကြပါတယ်။ မြို့ထဲကို RDXထက် အဆပေါင်းများစွာ ပေါက်ကွဲအားပြင်းတဲ့ ဖောက်ခွဲရေးပစ္စည်း ၂၅ကီလိုကျော်ခိုးသွင်းလာတဲ့ သတင်းကိုသိရပေမဲ့ ဘယ်သူတွေ၊ ဘယ်နှစ်ယောက်၊ ဘယ်ကလာတာလဲ ဘာဆိုဘာမှန်းမသိရဘဲနဲ့ ထောက်လှမ်းရေးတပ်ဖွဲ့တွေ ဗျာများနေရချိန်။ မတော်တဆမှုတစ်ခုကြောင့် ဆေးရုံရောက်လာတဲ့လူနာက အသေခံဗုံးခွဲတဲ့သူဖြစ်နေပြီး အတိတ်ကလည်း မေ့နေတဲ့အခါ…။ ဖောက်ခွဲရေးပစ္စည်းတွေကို အချိန်မီဖမ်းဆီးနိုင်မှာလား…။ အတိတ်မေ့နေတဲ့ အသေခံဗုံးခွဲသမားရဲ့ တကယ့်အကြောင်းအရင်းမှန်ကရော…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ Thura ~ ToMo ~ Alex ~ Zweတို့ပဲဖြစ်ပါတယ်။

6.1 2019 111 mins
Blank
’71
7.2

’71 (2014) ************** IMDb….7.2,,,Rotten….95 (ဆုပေါင်း (၁၂)ဆု ရရှိခဲ့ပြီး အခြားဆုများအတွက် ဆန်ကာတင်(၂၅)ဆုစာရင်းဝင်ခဲ့….) ကျွန်တော်တို့အားလုံးဟာ တိုက်လိုခိုက်လိုစိတ်ပျင်းပြပြီးရန်လိုတဲ့သူတွေ မဟုတ်တဲ့အပြင် တခြားသူဒုက္ခရောက်နေမှ ပျော်နေတဲ့သူတွေမဟုတ်ကြဘူး… သို့ပေမယ့် ဒီလိုအရာတွေနဲ့မကင်းတဲ့ စစ်ကားတွေကို လူကြီးလူငယ်မရွေးဘာကြောင့်ကြိုက်ကြတာပါလိမ့်…… တခြားနိုင်ငံမှရိုက်သည့်စစ်ကားအများစုသည် အဆဲမျိုးစုံပါဝင်သလို အထက်အောက် ပုံစံပေးနည်းမျိုးစုံပါဝင်လေသည်… သို့ပေမယ့် စစ်မြေပြင်ရောက်လျှင်သော်လည်းကောင်း ဒုက္ခမျိုးစုံသော်လည်းကောင်းကြုံသည့်အချိန်မျိုးတွေ အတူပူပေါင်းဖြေရှင်းသည့်ပုံစံများမှာ ကျွန်တော်တို့ကို လွန်စွာမှဆွဲဆောင်နိုင်ပါသည်…ဥပမာ Jarhead (2005) တပ်သားသစ်ဘဝကိုစရိုက်ပြတာ ဆဲတာလည်းစုံ ပညာပေးနည်းလည်းစုံ မီးကြောင့်ရဲရဲနီသည့် သံကွင်းနဲ့တောင် ထိုးကြသေးတယ်.. သို့ပေမယ့် နောက်ဆုံးခန်းရောက်တော့ ကျွန်တော်တို့မျက်ရည်စို့ရတယ်..နောက် Fury (2014) အချင်းချင်းမှဆဲချက်ပေါက်ကရပြောချက်..အသစ်ကောင်လေးကိုလည်း ပုံစံပေးချက်က မညှာတာ…. သို့ပေမယ့် ဒီလူ့အရိုင်းအစိုင်းလို စစ်သားကြီးတွေက ကျွန်တော်တို့ကိုမျက်ရည်စို့ခဲ့ရတယ်.. အခြားစစ်ကားကောင်းများစွာရှိပါသေးသည်… ’71(2014)ဇာတ်လမ်းအညွှန်းကိုအတိုချုံးပြောရမယ်ဆိုရင် တပ်ရင်းတစ်ရင်းဟာ ကက်သလစ်ဂိုဏ်း အဖွဲ့အထိကရုဏ်းဖြစ်တဲ့ Belfast မြို့ကို အရေးပေါ်လုံခြုံရေးသွားယူရတယ်..အဲ့ဒီလုံခြုံရေးယူတဲ့ထဲမှာ သင်တန်းဆင်းခါစ ရဲဘော်သစ်တွေပါတယ်…တစ်နေ့လုံခြုံရေးယူပေးနေရင်း စစ်သည်တစ်ယောက် အသတ်ခံလိုက်ရတယ်….တခြားသူတွေတော့ ထွက်ပြေးလွတ်မြောက်သွားတယ်.. လွတ်မြောက်သွားတဲ့အထဲမှာ တပ်သားသစ် ဟွတ်ခ်ဆိုတဲ့သူလည်းပါတယ်..သူဟာ ထွက်ပြေးနေတုန်းမှာ သူလုံးဝမမျှော်လင့်ထားတဲ့ အဖွဲ့အစည်းတွေနဲ့တွေ့ခဲ့ရတယ်.. ကိုင်း သူတွေ့ခဲ့တဲ့အဖွဲ့အစည်းတွေက ဘာတွေဖြစ်မလဲ… ဒီရဲဘော်သစ်လေး ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး….. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်… File Size : 2.05 GB and 825 MB Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:39:00 Genre : Action, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by AHtet

Comedy • Drama
7.2 2014 99 mins
’71
Daaku Maharaaj
6.3

Daaku Maharaaj (2025)”ဒါကူမဟာရာ့ဂျ်” =============================== တောင်ပိုင်းမင်းသားကြီး နန်ဒါမူရီနဲ့ ဘော်ဘီဒိုးတို့လို ဂန္ထဝင်သရုပ်ဆောင်ကြီးတွေရဲ့ အသစ်ထွက် အက်ရှင်ဒရာမာရုပ်ရှင်ကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ အရင်ဆုံးပြောရရင် ဒီကားက ရုပ်ငြိမ်ဓာတ်ပုံတွေ တော်တော်လှပါတယ်။ ဇာတ်လမ်းကတော့ ကျောင်းအုပ်ဆရာကြီးတစ်ယောက်ရဲ့မြေး ဗိုင်ရှ်နာဗီဆိုတဲ့ မိတဆိုးကလေးမလေးဟာ မထင်မှတ်ထားဘဲ သူ့ရဲ့ခွေးလေး သေသွားတဲ့အတွက် သူ့ခွေးလေးကို သဝာ်တဲ့တရားခံကို ရဲတိုင်ရာကနေ လူဆိုးဂိုဏ်းကြီးတစ်ခုကို ရန်စမိသလိုဖြစ်သွားခဲ့ပါတယ်။ အဲဒီလိုဖြစ်ပြီး ဗိုင်ရှ်နာဗီလေး အသက်အန္တရာယ်တွေ ကြုံလာရတဲ့အတွက် ထောင်ကျနေတဲ့ သူ့ရဲ့ဖခင် မဟာရာ့ဂျ်က ထောင်ဖောက်ပြေးလာပြီး သူ့သမီးရဲ့အိမ်မှာ ဒရိုက်ဗာအယောင်ဆောင်ကာ သမီးဖြစ်သူကို ကာကွယ်ပေးဖို့ကြိုးစားပါတယ်။ မဟာရာ့ဂျ်ကတော့ တချိန်က အင်မတန်နာမည်ကြီးခဲ့တဲ့ ဂိုဏ်းစတားတစ်ယောက်ဖြစ်ပြီး သူ့သမီးကို ကာကွယ်ဖို့ကြိုးစားရင်း နောက်ကလိုက်နေတဲ့ ရဲစုံထောက်တစ်ယောက်နဲ့လည်း ရင်ဆိုင်ရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Crime • Thriller
6.3 2025 147 mins
Daaku Maharaaj
Jail
6.2

Jail (2009) “ဘဝတစ်ကွေ့” ဒီတစ်ခါမှာတော့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက် ၂၀၀၉ ခုနှစ်က ထွက်ရှိထားပြီး တကယ်ကြည့်လို့ကောင်းတဲ့ ဟင်ဒီစကား‌ပြော ဒရာမာဇာတ်‌လမ်းကောင်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပါရာ့ဂ်ဟာ ရုပ်ရည်သန်ပြန့်ချောမောတဲ့ ပညာတတ်လူငယ်တစ်ယောက်ပါ။ ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ကောင်းကောင်းရထားပြီး ချစ်သူချောချောလေးလည်း ပိုင်ဆိုင်ထားပါတယ်။ သိပ်မကြာခင်မှာပဲ အလုပ်ရာထူးလည်းတိုးသွားတာကြောင့် ပါရာ့ဂ်ရဲ့ရှေ့ရေးဟာ ဖြောင့်ဖြူးလို့ပေါ့။ ဒါပေမဲ့ ‌တစ်နေ့တော့ အဲဒီလိုအလားအလာကောင်းနေတဲ့ သူ့ဘဝကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒါကတော့ လူပေါင်းမှားသွားတဲ့ အဖြစ်ပါပဲ။ လူပေါင်းမှားရာက သူပါ ပြစ်မှုတစ်ခုမှာ အပြစ်မရှိဘဲ ရောယောင်အဖမ်းခံလိုက်ရပါတော့တယ်။ အဲဒီလိုနဲ့ အမှုစစ်ဆေးဆဲကာလ ထောင်ထဲမှာ အကျဉ်းသားဘဝနဲ့ ပါရာ့ဂ်တစ်ယောက် ဘယ်လိုအရာတွေကို ရင်ဆိုင်ရမလဲ၊ အကြောင်းတွေတိုက်ဆိုင်လွန်းပြီး သက်သေပြဖို့ခက်တဲ့ အမှုမှာ အမှန်တရားပေါ်ပေါက်လာနိုင်ပါဦးမလားဆိုတာကို ဆက်လက်ရှူစားကြရမှာ ဖြစ်ပါတယ်။ လူပေါင်းတစ်ခါမှားတာနဲ့ တစ်သက်တာ ဘယ်လိုခံစားသွားရနိုင်လဲဆိုတာ ပညာယူစရာ ‌ တွေးတောဆင်ခြင်စရာတွေအများကြီးမို့ တကယ်ကြည့်ရတန်မဲ့ ဇာတ်လမ်း‌ကောင်းတစ်ပုဒ်အဖြစ် ညွှန်းဆိုပေးလိုက်ပါရစေ။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

Horror • Thriller
6.2 2009 155 mins
Jail
Swordsman 2 The Legend of the Swordsman
7.1

Swordsman 2 (1992) The Legend of the Swordsman IMDb Rating (7.1) ဒီဇာတ်ကားကတော့ သိုင်းလောကစိန်ခေါ်သံထဲက လင့်ဟူချုန်းနဲ့ တုန်ဖန်းပုပိုက်တို့ရဲ့ ဇာတ်လမ်းပါပဲ။ ဂျက်လီက လင့်ဟူချုန်းအဖြစ်ပါဝင်ထားပြီး တုန်ဖန်းပုပိုက်အဖြစ်အားလုံးရဲ့ရင်ထဲအစားထိုးမရတဲ့ထိ ကြမ်းချသွားတာကတော့ မင်းသမီး Brigitte Lin ပဲဖြစ်ပါတယ်။ တုန်းဖန်းပုပိုက် သိုင်းလောကသားတွေကို ဒီနေ့ မျှဝေပေးချင်တာက မိန်းမလျာသိုင်းသမားကြီး တုန်းဖန်းပုပိုက်ရဲ့ အကြောင်းပါ။ တုန်းဖန်းပုပိုက် (Dongfang Bubai) ဟာ စာရေးဆရာ ကျင်းယုံရဲ့ သိုင်းလောက၏ စိန်ခေါ်သံ (The Smiling၊ Proud Wanderer) ဝတ္ထုထဲက နာမည်ကျော် ဇာတ်ကောင်တစ်ယောက်ဖြစ်ပါတယ်။ The Smiling၊ Proud Wanderer ကို တက္ကသိုလ်ဝင်းကြွယ်က ၁၉၈၁ ခုနှစ်မှာ “သိုင်းလောကပြက်လုံး” လို့ ဘာသာပြန်ဆို ထုတ်ဝေခဲ့ပြီး တက္ကသိုလ်နေလင်းအောင်ကလည်း ၁၉၈၁ ခုနှစ်မှာပဲ “သိုင်းလောက၏ စိန်ခေါ်သံ” လို့ ဘာသာပြန်ဆိုထုတ်ဝေခဲ့ပါတယ်။ [တုန်းဖုန်းပုပိုက် ဆိုတဲ့ အမည်ကိုတော့ တက္ကသိုလ်ဝင်းကြွယ်က “တုန်းဝှမ်းပုပိုက်” လို့ ဘာသာပြန်ပြီး တက္ကသိုလ်နေလင်းအောင်ကတော့ “တုံးဖန်းပု” လို့ ဘာသာပြန်ပါတယ်] သိုင်းလောကထဲမှာ ကုန်းကုန်းလို့ ခေါ်တဲ့ နန်းတွင်းမိန်းမစိုး (Eunuch) တွေ ပေါများပေမယ့် တုန်းဖန်းပုပိုက်လို LGBT ဇာတ်ကောင်မျိုးကတော့ ရှားပါတယ်။ နာမည်ကျော် နေကြာသိုင်းကျမ်း (Sunflower Manual) ကို လေ့ကျင့်အောင်မြင်ထားသူ တုန်းဖန်းပုပိုက်ဟာ နေလဂိုဏ်းရဲ့ (Sun Moon Holy Cult) ဂိုဏ်းချုပ် ဖြစ်ပါတယ်။ [နေလဂိုဏ်းကို တက္ကသိုလ်ဝင်းကြွယ်က “သူရိန်မျက်နှာမူဂိုဏ်း” လို့ ဘာသာပြန်ပြီး တက္ကသိုလ်နေလင်းအောင်ကတော့ “နေမင်းသခင်ဂိုဏ်း” လို့ ဘာသာပြန်ပါတယ်] ကနဦးမှာ လက်ထောက်ဂိုဏ်းချုပ်အဖြစ် နေလဂိုဏ်းချုပ် လိမ့်ဝေါ်ရှင်း (Ren Woxing) ရဲ့ လက်အောက်မှာ အမှုထမ်းခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဆရာဖြစ်သူကို အကျဥ်းချပြီး ဂိုဏ်းချုပ်နေရာ ရယူခဲ့သူပါ။ [လိမ့်ဝေါ်ရှင်းကို “လင့်ဝေါစိမ်” လို့ တက္ကသိုလ်ဝင်းကြွယ်က ဘာသာပြန်ပြီး တက္ကသိုလ်နေလင်းအောင်က “လင်းရှင်” လို့ သုံးပါတယ်] ပြီးတော့ ဂိုဏ်းချုပ်ဟောင်း လိမ့်ဝေါ်ရှင်းရဲ့ ဘက်တော်သားတွေနဲ့ သူ့ကို သစ္စာမခံကြသူတွေကို ဘိန်းမည်းရောစပ်ထားတဲ့ အဆိပ်ဆေးကျွေးပြီး ထိန်းချုပ်ခဲ့သူ ဖြစ်ပါတယ်။ တုန်းဖန်းပုပိုက်ဟာ နေကြာသိုင်းကျမ်း (Sunflower Manual) ကို လေ့ကျင့်ဖို့အတွက် ယောက်ကျားဘဝကို စွန့်လွှတ်ခဲ့ပြီး အမျိုးသမီးတစ်ယောက်သဖွယ် ပြုမူ နေထိုင်ခဲ့ပါတယ်။ ဂိုဏ်းချုပ်ဟောင်း လိမ့်ဝေါ်ရှင်းကတော့ နေကြာသိုင်းကျမ်းရဲ့ အစွမ်းထက်မှုကို သိရှိထားပေမယ့် ယောက်ကျားဘဝကို မစွန့်လွှတ်နိုင်တာကြောင့် ကြယ်ငင်မိစ္ဆာသိုင်း (Star-Absorbing Skill) ကိုပဲ အထူးပြု လေ့ကျင့်ခဲ့သူပါ။ [နေကြာသိုင်းကျမ်းကို တက္ကသိုလ်ဝင်းကြွယ်က “ပန်းနေကြာစွယ်စုံသိုင်း” လို့ ဘာသာပြန်ပြီး တက္ကသိုလ်နေလင်းအောင်ကတော့ “နေကြာပန်းသိုင်းပေါင်းချုပ်” လို့ ဘာသာပြန်ပါတယ်] နေကြာသိုင်းကျမ်းကို လေ့ကျင့်အောင်မြင်သွားပြီးတဲ့နောက် အနီရောင်အပ်ချည်နဲ့ ပန်းထိုးအပ်ဟာ တုန်းဖန်းပုပိုက်ရဲ့ ထူးခြားတဲ့ လက်နက်ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ချစ်သူကတော့ နေလဂိုဏ်းသား တစ်ဦးဖြစ်သူ ရန်လျန့်ထင်း (Yang Lianting) ဖြစ်ပါတယ်။ တုန်းဖန်းပုပိုက်ဟာ ရန်လျန့်ထင်းနဲ့ ချစ်ကြိုက်ခဲ့ပြီးနောက် ဂိုဏ်းကိစ္စအားလုံးကို ရန်လျန့်ထင်းရဲ့ လက်ထဲ ပုံအပ်ခဲ့ပါတယ်။ [“ယန်းလျန်ထိန်” လို့ တက္ကသိုလ်ဝင်းကြွယ်က ဘာသာပြန်ပြီး တက္ကသိုလ်နေလင်းအောင်က “ရန်လင်း” လို့ သုံးပါတယ်] နောက်ဆုံးမှာတော့ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဂိုဏ်းချုပ်ဟောင်း လိမ့်ဝေါ်ရှင်းဟာ လင့်ဟူချုန်း (Linghu Chong) နဲ့တွေ့ပြီး လွတ်မြောက်လာခဲ့တယ်။ အဲဒီနောက် တုန်းဖန်းပုပိုက်နဲ့ ရင်ဆိုင်ခဲ့ကြတယ်။ အဲဒီတိုက်ပွဲဟာ လွယ်လွယ်ကူကူတော့ မဟုတ်ခဲ့ပါဘူး။ လင့်ဟူချုန်း၊ လိမ့်ဝေါ်ရှင်းနဲ့ ရှန်းဝိန့်ထျန်း (Xiang Wentian) တို့ သုံးယောက်ပေါင်းပြီး အပြင်းအထန် ဝိုင်းဝန်းတိုက်ခိုက်ရတဲ့အပြင် လိမ့်ယဥ်ယဥ်ကပါ ဉာဏ်ကူပြီး ရန်လျန့်ထင်းကို တိုက်ခိုက်တော့မှ အာရုံများသွားရတဲ့ တုန်းဖန်းပုပိုက် တစ်ယောက် သေဆုံးသွားခဲ့ပါတယ်။ ဒါတောင် တုန်းဖန်းပုပိုက်ရဲ့ လက်ချက်ကြောင့် လိမ့်ဝေါ်ရှင်းလည်း မျက်လုံးတစ်ဖက် ကန်းသွားခဲ့ရပါတယ်။ တုန်းဖန်းပုပိုက် ဆိုတာ “အရှေ့ကျွန်း အရှုံးမရှိ” လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီခေတ် အဲဒီအခါက သိုင်းလောကမှာ တုန်းဖန်းပုပိုက်ကို တစ်ယောက်ချင်း ယှဥ်နိုင်သူ မရှိပါဘူး။ ဒါကြောင့် လင့်ဟူချုန်း နဲ့ လိမ့်ဝေါ်ရှင်းတို့ကိုယ်တိုင်က တစ်ယောက်ချင်း မယှဥ်နိုင်တဲ့အကြောင်း၊ သိုင်းလောက ပထမဘွဲ့ကို ရသင့်ကြောင်း ထုတ်ဖော်ဝန်ခံခဲ့ကြရပါတယ်။ တုန်းဖန်းပုပိုက်ဟာ ထက်မြက်သူ၊ ရက်စက်သူ ဆိုပေမယ့် တစ်ဖက်မှာလည်း ချစ်တတ်တဲ့ နှလုံးသားရှိသူပါ။ သူ သေဆုံးခဲ့ရတာဟာ ရန်လျန့်ထင်း အပေါ် ငဲ့ညှာတဲ့ အချစ်စိတ်ကြောင့်လို့ ပြောနိုင်ပါတယ်။ သေဆုံးကာနီး အချိန်မှာတောင် ရန်လျန့်ထင်းကို လွှတ်ပေးဖို့ တဖွဖွ တောင်းဆိုနေခဲ့ပါသေးတယ်။ သိုင်းလောက၏ စိန်ခေါ်သံ (The Smiling၊ Proud Wanderer) ဝတ္ထုထဲမှာ တုန်းဖန်းပုပိုက်ရဲ့ အခန်းကဏ္ဍက ဒီလောက်ပဲဖြစ်ပေမယ့် သူ့အကြောင်းကို အသားပေးပြီး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေကြောင့် နာမည်ပိုကျော်ပါတယ်။ ၁၉၉၂ ခုနှစ်ထွက် Swordsman 2 ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင်ခဲ့တဲ့ လင်ချင်းရှာ (Brigitte Lin Ching-Hsia) ဟာ တုန်းဖန်းပုပိုက် ဇာတ်ကောင်နဲ့ အလိုက်ဖက်ဆုံး ဖြစ်ခဲ့ပါတယ်။ အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည် တည်တံ့ပါစေ။ #တုန်းဖန်းပုပိုက် #DongfangBubai #wikiwuxiathinelawka (တုန်ဖုန်းပုပိုက်အကြောင်းကိုတော့ သိုင်းလောက FB Page ကနေ ကူးယူဖော်ပြထားပါတယ်။)

Comedy • Romance
7.1 1992 107 mins
Swordsman 2 The Legend of the Swordsman