YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Shadow.and.Bone.S02E03.Like.Calls.to.Like.1080p.(CM).mp4

927.86 MB N/A video/mp4 1480 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
What If
6.7

“သူငယ်ချင်းလေးပါပဲ သူငယ်ချင်းလေးပဲတဲ့ကွယ် ဒီလိုအကြိမ်ကြိမ်အခါခါ ပြောပါတယ် ချစ်ရသူရယ်” ဘာရယ်မဟုတ်ဘူး ဒီကားလေး ကြည့်မိတော့ အရင်ဆုံးပြေးမြင်မိတာက ဒီသီချင်းလေး ဖြစ်နေလို့။ အကယ်၍များ ခင်ဗျားတို့ တကယ်အဆင်ပြေနေတဲ့လူတစ်ယောက်ကို တွေ့ပြီဆိုပေမယ့် ရှေ့ဆက်တိုးလို့ မဖြစ်နိုင်တော့ရင် ဘယ်လိုတွေဆက်လုပ်ကြမလဲ... လောကဝတ်ကျင့်ထုံးတွေကို လိုက်နာမလား... မျက်စိမှိတ် ခြေစုံဇွတ်ဝင်တိုးပစ်လိုက်ချင်မလား… ဝေခွဲမရဖြစ်မှာ သေချာပါတယ်။ တစ်လောကလုံးမှာ ကိုယ်ဘယ်လောက်ပဲ ကြောင်တောင်တောင်စကားတွေပြော တလွဲတွေလုပ်ပေမယ့် ဒါမျိုး အတူတူလိုက်ပြော/လိုက်လုပ်နိုင်စွမ်းရှိတဲ့ တခြားဆန့်ကျင်ဖက်လိင်တစ်ယောက်ကို တွေ့ရတာကလည်း ကံကောင်းမှုတစ်ခုပေလား ကံဆိုးမှုများပဲလား…။ ကိုယ်က ဒီလူတစ်ယောက်ကို ဆိုးတူကောင်းဖက် တိုင်ပင်လို့ရတယ် ရင်ဖွင့်လို့ရတယ် အထီးကျန်ချိန် အဖော်လုပ်ပေးနိုင်တယ် ဖေးမကူညီတယ် ဒါပေမဲ့ လူ့စည်း ဘီလူစည်းဆိုတာလေးလည်း ရှိနေတော့ အခက်သားမဟုတ်လား…။ သူငယ်ချင်းကလည်းပြောတယ် မင်း Do or Die လုပ်ပေါ့ မပြတ်မသားဆိုတာ ပိုပြီး ခံရခက်စေတယ်တဲ့ တစ်ဖက်ကလည်း ရေရှည်တွဲလာတဲ့ လက်တွဲဖော်ဆိုတာက ရှိတယ် ပြဿနာဖြစ်ဖို့မပြောနဲ့ အစစအရာရာ ပြေလည်နေတဲ့ စုံတွဲဆိုတော့က မျှော်လင့်ချက်မီးက ခပ်မှိန်မှန်သာ… ဘာဆက်လုပ်ရမလဲ…။ ကိုယ့်မှာကလည်း ငယ်ဘဝက ဒဏ်ရာဒဏ်ချက်ရော ကြီးမှရတဲ့ စိတ်ထိခိုက်စရာရောက ဒီကိစ္စနဲ့လာပတ်သက်နေပြီး ဆုပ်လည်းစူး စားလည်းရူးမယ့်ဘဝဖြစ်နေတော့ ဘာလုပ်ရမလဲ ခင်ဗျားတို့သာ အကြံပေးကြပါတော့လားလို့…။ ချစ်သူကဖောက်ပြန် အထီးကျန်တစ်ယောက်တည်းနေရာမှ ကောင်မလေးကိုတွေ့ခဲ့သူက ဟယ်ရီပေါ်တာမင်းသားဖြစ်တဲ့ ဒယ်နီရယ်ရတ်ကလစ်ဖ် သရုပ်ဆောင်ထားတာပါ၊ ဆရာသမားက ဆရာဆိုသလိုပဲ အကောင်းဆုံး သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ ကောင်မလေးနေရာကတော့ မျက်နှာဝိုင်းဝိုင်း ချစ်စရာသရုပ်ဆောင်တတ်လေ့ရှိတဲ့ ဇိုးကာဇန်ပါ Ruby Spark တို့ Big Sick တို့ ကြည့်ဖူးရင် သိပါလိမ့်မယ်။ ဇာတ်ပို့တွေကလည်း အဒမ်ဒရိုက်ဘာတို့လိုမျိုး မခေသူတွေလည်းပါတဲ့ မော်ဒန်အချစ်ဟာသကားကောင်းလေးပါ၊ ငယ်ငယ်တုန်းက တာရာမင်းဝေတို့ မင်းခိုက်စိုးစန်တို့ရေးတဲ့ မော်ဒန်ဝတ္ထုလေးတွေ သဘောကျခဲ့မယ်ဆို အဲဒီလိုမျိုးကိုမှ ရုပ်လုံးကြွလာစေမယ့် ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွန်းပေးလိုက်ပါရစေဗျာ။ File size…  1.42 GB /  605 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 38m Genre .....  Romance , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Comedy • Romance
6.7 2013 93 mins
What If
(18+) Eaten Alive
5.3

ဇာတ်လမ်း နာမည်မြင်လိုက်တာနဲ့ ဘယ်လိုကားမျိုးဆိုတာ မှန်းလို့ရနေမှာပါ လူတွေဟာ မော်ဒန်ခေတ်မှာ နေနေကြပေမယ့် ကျောက်ခေတ်လိုနေထိုင်ကြတဲ့လူသားတွေလည်း ရှိနေပါသေးတယ် စူပါမားကတ်ကနေ ရေခဲရိုက်အသားတွေဝယ်ချက်မယ့်အစား ဂူအောင်းသားတွေကတော့ ရရာအသားကို အစိမ်းစားသောက်ကြတယ် လူရရင် လူသား မရလည်းမြွေသား ဖွတ်သား ဖားသား ဘာလာလာဒေါင်းကြသူတွေပါ ဇာတ်လမ်းအစမှာတော့ ရှီလာဆိုတဲ့ မိန်းကလေးဟာ သူ့အစ်မ ပျောက်သွားတဲ့ ကိစ္စကို စုံစမ်းရင်း အစ်မဖြစ်သူဟာ ဘာသာရေးအစွန်းရောက်တွေနဲ့ ပတ်သက်မိပြီး ကောက်ကောက်ပါအောင် လိုက်သွားကြောင်း သိလိုက်ရပါတော့တယ် ဒါနဲ့ရှီလာဟာ မာ့ခ်ဆိုသူကို အဖော်အဖြစ်ခေါ်ပြီး New Guinea ကရွာလေးတစ်ရွာကို ရောက်ရှိလာပါတယ် ဘာသာရေးအစွန်းရောက်ခေါင်းဆောင်ဟာ အဲ့ရွာကနေ ယုံကြည်သူနောက်လိုက်တွေကို ခေါ်ပြီး တောအလယ်မှာ ရွာတည်ပြီး သီးသန့်နေထိုင် ခြယ်လှယ်နေပါတော့တယ် ခက်တာက အဲဒီရွာလေးဟာ လူသားစားအရိုင်းမျိုးနွယ်စုရဲ့ အန္တရာယ်ကိုလည်း ရင်ဆိုင်နေရပါတယ် ရှီလာတစ်ယောက် သူ့အစ်မကို ပြန်လည်ရှာတွေ့ပြီး အိမ်အရောက် အပါခေါ်နိုင်မလား သူကိုယ်တိုင်ရော လွတ်မြောက်ပါ့မလားဆိုတာ ကြည့်ရှုခံစားလိုက်ကြပါ ဒီဇာတ်လမ်းမှာထူးခြားတာက မြန်မာ-အင်္ဂလိပ်ကပြား မင်းသမီးMe Me Lai လည်း မုဆိုးမလေးနေရာက ပါဝင်ထားပါသေးတယ် ဒီကားမှာစက်ဆုတ်ရွံရှာစရာ မြင်ကွင်းများကို ပေါ်ပေါ်ထင်ထင် ကွက်ကွက်ကွင်းကွင်းပြသထားတာကြောင့် အသည်းငယ်သူများ ကြည့်ရှုဖို့မသင့်တော်ပါဘူး ဝတ်လစ်စလစ်တွေအပြင် ဘာသာရေးအယူသည်းမှုကနေဖြစ်ပေါ်လာတဲ့ လိင်ခန်းတွေလည််း ပါဝင်သေးတာမို့ ၁၈ယောက်မပြည့်ဘဲ ကြည့်ရှုဖို့မသင့်ပါကြောင်း...။ File Size : (3.8 GB) & (1.3 GB) & (350 MB) Quality : BluRay 1080p & 720p & 360p Running Time : 01:32:31 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Mugiwara Ya Encoded by RGB

5.3 1980 92 mins
(18+) Eaten Alive
Love Affair
5.8

Seong-min ဟာ ကုမ္ပဏီကနေ အနားယူပြီး ဇနီးနဲ့အတူ စာအုပ်ဆိုင် ဖွင့်ထားတဲ့ အိမ်ထောင်ရှင် ဖခင်တစ်ဦးပါ သူ့ဆိုင်ကို အရမ်းလှတဲ့ ဘဲလေးအကဆရာမဖြစ်တဲ့ Ga-hee ရောက်လာပြီးတဲ့နောက် Seong-minက နေ့တိုင်း အကဆရာမလေးအကြောင်းပဲ တွေးမိနေတော့တယ် Ga-hee က သူ့အမေဆေးရုံစရိတ်တွေကြောင့်သာ လက်ရှိခင်ပွန်းနဲ့ ပေါင်းသင်းနေရတာဖြစ်ပြီး ယောက်ျားဖြစ်သူနဲ့ ဆက်ဆံရေးက အေးစက်ပြီး Seong-min နဲ့ ဆက်ဆံရေးကတော့ တစ်နေ့တခြား ပိုပိုနီးစပ်လာပါတယ် ဒီလိုနဲ့ နှစ်ယောက်လုံး အရူးအမူး ချစ်မိသွားကြပြီး ဆင်ခြင်တုံတရားမဲ့သွားပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့.. ဇာတ်လမ်းလည်းကောင်းသလို မိသားစုနဲ့အတူမကြည့်သင့်တဲ့အခန်းများပါဝင်လို့ ကသတိချပ်စေချင်ပါတယ်.. File Size : (1GB) and (437MB) Quality :WEB-DL1080P, 720p Format…mp4 Duration…01:32:00 Genre : Adult, Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  DS Encoded by SD

Drama • Horror
5.8 2014 91 mins
Love Affair
Gasoline Alley
5.5

ခုတစ်ခေါက်မှာတော့ သည်းထိပ်ရင်ဖိုမှုခင်းကားတစ်ကားဖြစ်တဲ့ Gasoline Alley နဲ့မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဉ်းကတော့ လေး‌လောင်းပြိုင်လူသတ်မှုတစ်မှုရဲ့ အခင်းဖြစ်တဲ့နေရာမှာ "Gasoline Alley" လို့ ထွင်းထားတဲ့ မီးခြစ်တစ်ခုကို စုံထောက် Freeman နဲ့ Vargas တို့ကတွေ့ရှိခဲ့ပါတယ်။ "Gasoline Alley"ဆိုတဲ့ နာမည်က အကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ Jimmy Jayne ရဲ့ တက်တူးဆိုင်နာမည်နဲ့လာ‌တူနေတဲ့အပြင်လူသတ်မှုမဖြစ်ခင်ညက Jimmyဟာ အသတ်ခံရတဲ့လေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Stars နဲ့ပတ်သက်မှုရှိနေခဲ့တော့ အမှုရဲ့သံသယရှိသူဖြစ်လာပါတော့တယ်။ အကျဉ်းကျခဲ့ဖူးပေမယ့် ကိုယ်မလုပ်တဲ့ပြစ်မှုအတွက် ထောင်အကျမခံနိုင်ပါဘူးဆိုတဲ့ Jimmy ကသံသယရှိသူဖြစ်လာတဲ့အခါမှာတော့ စုံထောက်နှစ်ယောက်နဲ့ပေါင်းပြီးနာမည်ရှင်းဖို့ရာအတွက် အမှုကိုလိုက်ပြီးစုံစမ်းပါတော့တယ်။ Jimmyတစ်ယောက် ကိုယ့်နာမည်ကိုဘယ်လိုရှင်းမလဲဆိုတာကို ပဟေဠိဆန်ဆန်နဲ့ ကြည့်ရမယ့်ကားလေးမို့ ကြည့်ရှုအားပေးကြပါဦး။ File size…1.25Gb / 700MB / 350MB Quality…1080p WEB RIP  AAC 5.1CH / 720p / 360p Format…mp4 Duration….1h 37mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Allena & Honeyey

Drama • Romance
5.5 2022 97 mins
Gasoline Alley
Dhamaka
7

Bollywood ရဲ့ နောက်ထပ် remake တစ်ကားလာပါပြီ။ The Terror Live ဆိုတဲ့ ရုပ်ရှင်ကို ပြန်လည် ရိုက်ကူးထားတာပါ။ ဒီတစ်ခါတော့ နယ်ကျော်ပြီး ကိုရီးယားရဲ့ 2013 ခုနှစ်ထွက် The Terror Live ကိုလှမ်း remake လုပ်ထားတာပါ။ ဒါပေမယ့် ကြည့်ရတဲ့ရသကတော့ တူမယ်မထင်ပါဘူး။ ဇာတ်ကားတစ်ကားကို မင်းသားမင်းသမီးကွဲရင်တောင် ခံစားရတဲ့ရသ ကွဲသေးတာမို့ နိုင်ငံခြားပါပြီဆိုမှတော့ အကုန်ကွဲပဲမဟုတ်လား။ ဒီတော့ ဘာတွေကွဲလည်းသိရအောင် ကိုယ်တိုင်ပဲ ကြည့်ကြည့်လိုက်တော့ ..။ အစီအစဉ်တင်ဆက်သူအနေနဲ့ အရမ်းနာမည်ကြီးခဲ့တဲ့ Arjun .. ဘယ်လောက်တောင်နာမည်ကြီးခဲ့လဲဆိုရင် “သူပြောသမျှကအမှန်” ဆိုပြီးတော့တောင် အဆိုရှိတယ်။ ဒီလိုနာမည်ကြီးသူတစ်ယောက် တစ်ရက်မှာ TV အစီအစဉ်တင်ဆက်သူအဖြစ်ကနေ အသံလွှင့်အစီအစဉ်ကိုရာထူးချခံရ၊ ချစ်ရတဲ့ သတင်းထောက်မလေးနဲ့ကလည်း အဆင်မပြေ .. ဂြိုလ်ဆိုးများအပေါင်းအဖော်နဲ့ဝင်တယ်ဆိုသလိုပဲ ဒီလိုအဆင်မပြေတာတွေဖြစ်နေရတဲ့အထဲ တစ်နေ့မှာ ပက်လယ်ကူးတံတားဖောက်ခွဲခံလိုက်ရပြီး အကြမ်းဖက်သမားက Arjun တို့စတူဒီယိုကိုဖုန်းဆက်ပါလေရော .. အစိုးရအပေါ် အခဲမကြေတာရှိတာကို အားလုံးကိုပြောချင်ပေမယ့် သူဆင်းရဲမို့ .. သူ့စကားဆိုဘယ်သူမှအလေးမထားတာမို့ .. တိုင်းသိပြည်သိ Arjun ဆီဆက်သွယ်ရင် သူ့စကားသံကိုလူအများကြားလိုကြားငြားနဲ့ဆက်သွယ်လာရာကနေ .. အကြမ်းဖက်သမားလို့ခေါင်းစဉ်တပ်ထားပေမယ့် တကယ့်အကြမ်းဖက်သမားရောဟုတ်ရဲ့လား .. သူကရော နစ်နာသူပဲလား .. တကယ်အကြမ်းဖက်ပြီးဂုတ်သွေးစုပ်နေတာက ဘယ်သူတွေလဲ .. မီဒီယာတွေရဲ့ လူထုအပေါ်လွှမ်းမိုးနိုင်တဲ့အင်အားကဘယ်လောက်တောင်ကြီးလဲ .. စတာတွေကို ဘယ်လိုဆက်ဖြစ်နိုးနိုး အသဲတအေးအေးနဲ့ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးဖြစ်ကြောင်းညွှန်းလိုက်ပါတယ်နော်။ အညွှန်းကိုတော့ Lai Laii က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Team ပဲ ဖြစ်ပါတယ်။ Genre.....Action, Drama, Thriller Quality…. 1080p HEVC and 720p File size…1.5 GB and 1GB Format…mp4 Duration….1h 43min Subtitle….Myanmar Subtitle (Hardsub) Translator ..... CM Team Encoder ..... August

Action & Adventure • Animation • Sci-Fi & Fantasy
7 2021 104 mins
Dhamaka
Steve-O: Guilty as Charged
6.2

Steve-O: Guilty as Charged (2016) ======================== IMDb Rating – 6.2/10 လူတစ်ယောက်ရဲ့အကျင့်ကိုဖျောက်ဖို့ ဆိုတာ ဘေးကနေ မလုပ်နဲ့လို့ ပြောနေတာထက် ကိုယ်တိုင်အသိ၀င်ပြီးမှသာ ပြောင်းလဲလို့ရတာကို သိကြမှာပါ။ စတိဗ်-အိုရဲ့ ဒီ TV special မှာလည်း အဲဒီအချက်ကို အထင်းသားမြင်ရပါတယ်။ ပေါက်ကရစတန့်လုပ်ထားတဲ့ ဟာသဗီဒီယိုတွေ၊ YouTube ဟာသ ဗီဒီယိုအကြည့်များတဲ့သူတွေကတော့ စတိဗ်-အိုကို သေချာပေါက် သိကြမှာပါ။ သူဟာ reality comedy series Jackass နဲ့ Jackass ရုပ်ရှင်တွေနဲ့ လူသိများတဲ့ နာမည်ကျော် အမေရိကန်ဟာသဖျော်ဖြေ ရေးသမား၊ စတန့်သရုပ်ဆောင်နဲ့ YouTuber တစ်ယောက် ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က ထွက်ရှိထားတဲ့ ဒီ TV special မှာတော့ စတိဗ်-အိုရဲ့ ဘ၀ဖြစ်စဉ်နဲ့ အပြောင်းအလဲတွေကို ရယ်ရွှင်ဖွယ်ရှုမြင်နားဆင်ကြရမှာပါ။ ငယ်စဉ်ကတည်းက ပြဿနာအိုး‌၊ ဆေးသမားဖြစ်ခဲ့ပြီး တက္ကသိုလ်က ထုတ်ခံရတဲ့အထိ ဆိုးသွမ်းခဲ့သူပါ။ ဟာသဖျော်ဖြေရေးသမား၊ စတန့် သရုပ်ဆောင်အဖြစ် လုပ်ကိုင်နေတဲ့ ကာလအတွင်း သူပေါက်ကရလုပ် ခဲ့တဲ့ အဖြစ်တွေ၊ သူ့ရဲ့ဆေးစွဲပြဿနာ၊ sex addict ပြဿနာတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားခဲ့လဲ၊ ပုထုဇဉ်လူသားပီပီ မကောင်းမှုမှာ ဘယ်လိုတွေမွေ့လျော်ခဲ့လဲဆိုတာတွေကို ဟာသနှောပြီး တင်ဆက် ထားပါတယ်။ တစ်ယောက်တည်း စင်ပေါ်တက်ပြောနေလို့ ပျင်းရမယ်တော့ မထင်ပါနဲ့၊ သူ့ရဲ့ တဲ့တိုးဆန်တဲ့ ဟာသစကားလုံးတွေ အမူအရာတွေကြားမှာ တခွီးခွီး ရယ်မောရင်း လိုက်မျောပါသွားမှာ သေချာပါတယ်။ သူဟာ သူများတွေလို ဘယ်နှစ်ယောက်ပေါင်းပြီး လောင်းကျော်တာမျိုးမဟုတ်ပါဘူး၊ သူတစ် ယောက်တည်းနဲ့ကို လောင်းကျော်နေသူပါ။ အဲဒါကြောင့် သူ့ရဲ့ဒီရုပ်ရှင်ဟာ ခဏတာရယ်မောရဖို့ အချိန်ပေးကြည့်ဖို့တန်ပါတယ်။ (18+ ဟာသတွေ တစ်ပြုံကြီးပါတာမို့ မိသားစုအတူမကြည့်သင့်ဘူးဆိုတာ တော့ ကြိုတင်သတိပေးပါရစေ။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.06 GB) / (403 MB) Quality…………WEB-RIP 1080p / 720p Duration………50Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….C’mon Encoder……….Zin Phyo Aung

Horror • Mystery • Thriller
6.2 2016
Steve-O: Guilty as Charged
Remp-It 2

Remp-it 2 (2022) 2022 ခုကထွက်ရှိထားတဲ့ မလေးရှားဆိုင်ကယ်ပြိုင်ပွဲကားလေး တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ယခင်က လမ်းမပေါ်မှာတရားမဝင် ဆိုင်ကယ်ပြိုင်ပွဲတွေ ဝင်ပြိုင်နေတဲ့ မဒီ တစ်ယောက်လမ်းပေါ်ကနေဆင်းကာ တရားဝင် ဆိုင်ကယ်ပြိုင်ကွင်းထဲဝင်ပြီး ရိုးရိုးသားသားနဲ့ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ပြီး နေနေပါတယ်။ ဒါ့အပြင်ရွိုင်းဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ပါ ဆိုင်ကယ်မောင်းသင်တန်းဖွင့်ပြီး ဆိုင်ကယ်မောင်းနည်းပြအဖြစ်နဲ့ ဘဝကိုကြိုးစားနေသူပါ။ ဒါပေမဲ့ အရင်ကသူနဲ့ ရန်ငြိုးရှိခဲ့တဲ့ ဆိုင်ကယ် ဂိုဏ်းတစ်ခုက ပြန်လည်ပေါ်လာပြီး အရင်ကရန်ကြွေးတွေ မဒီရဲ့ ဘဝထဲပြန်ဝင်ရောက်လာတဲ့အခါ ဘယ်လိုပြန်လည်ပြီး ရင်ဆိုင်မလဲ။ ကြားထဲကနေ ဘယ်ကမှန်းမသိတဲ့ သူ့ရဲ့သားဆိုတဲ့ ကလေးတစ်ယောက်ပေါ်လာပြီး ပေါ့ပေါ့နေပေါ့ပေါ့စားလုပ်တတ်တဲ့ သူ့အကျင့်တွေနဲ့ ဒီကလေးတစ်ယောက်ကို ဘယ်လို တာဝန်ယူပြီး သားအဖဆက်ဆံရေးကို ဘယ်လိုပြန်လည် တည်ဆောက်မလဲဆိုတာကို ကြည့်ရှုအားပေးလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime, Drama Quality…. 1080p | 720p File size… 2.1GB | 969MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

Western • Crime • Drama • Romance
0 2022
Remp-It 2
Do Not Disturb
6.3

Do Not Disturb (2023) ~ IMDb – 6.3/10, Rotten Tomatoes – 67% ~ COVID Pandemic ရဲ့ရိုက်ခတ်မှုခံခဲ့ရတဲ့ အသက်၅၀ အရွယ် မေတင်ဆိုတဲ့သူရဲ့ စိတ်သောက ပူပန်မှုတွေ ဗျာများနေပုံတွေကို မြင်တွေ့ရမယ့် တူရကီကားတစ်ကားဖြစ်ပါတယ်။ မေတင်က သူ့ဘ၀တစ်လျှောက်လုံး သင်္ဘောသားအဖြစ် ပင်လယ်ပြင်မှာ ကျင်လည်ခဲ့ပြီး ကပ်ရောဂါကြောင့် အလုပ်လည်းပြုတ် ၂နှစ်နီးပါး အိမ်တွင်းအောင်းခဲ့ရသူ… အသိအဆက်အသွယ်နဲ့ ဟိုတယ်တစ်ခုမှာ ညပိုင်းမန်နေဂျာအဖြစ် အလုပ်ရပြီး အလုပ်ရှင်က သူ့ကို ယုံပြီး ဟိုတယ် အပ်ခဲ့တဲ့အခါ… ဟိုတယ်အ၀တ်လျှော်ခန်းမှာ အလုပ်လုပ်တဲ့ သူတို့မိဘတွေချင်း သဘောတူထားတဲ့ မိန်းကလေး ဆူဟာ… သေချင်စိတ်ပေါက်နေတဲ့ ဧည့်သည် ပါမောက္ခ ဘာတီရာ… နောက်ထပ် မှတ်ပုံတင်မပါဘဲ လာတည်းတဲ့ ဧည့်သည် ဒါဗု… စတဲ့လူတွေနဲ့ မေတင်ဆုံစည်းရပြီး တစ်ညအတွင်း ဘယ်လို အဖြစ်အပျက်တွေ ကြုံရမလဲ။ ပင်လယ်မှာပဲ တော်ပြီး ကုန်းပေါ်မှာ အသုံးမကျဘူးလို့ ယူဆထားတဲ့ တာ၀န်ကျေပွန်ချင်တဲ့ မေတင်တစ်ယောက် သူကြုံရတဲ့ကိစ္စတွေကို ဖြေရှင်းပုံကို ဆက်လက်ရှုစားကြည့်ကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 911MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 54Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

6.3 2023 114 mins
Do Not Disturb
Yellow Dragon’s Village
5.8

Yellow Dragon Village (2021) Horror ဖန်တွေအတွက် ဂျပန် Horror အက်ရှင်ဒရာမာကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ကောလိပ်ကျောင်းသားသူငယ်ချင်းအုပ်စုတစ်စုဟာ အပျော်ခရီးတစ်ခုထွက်လာရင်းနဲ့ လမ်းမှာ မမျှော်လင့်ဘဲ ဖုန်းတိုင်မမိတဲ့နေရာမှာမှ ကားဘီးပေါက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ဘေးဘီဝဲယာ အကူအညီရလိုရငြားလိုက်ရှာကြရင်းနဲ့ ရွာတစ်ရွာကို တွေ့သွားပြီးတော့ အကူအညီသွားတောင်းကြပါတော့တယ်။ ရွာက လူကြီးတွေကလည်း သဘောတွေအရမ်းကောင်း စားစရာတွေနဲ့ ဧည့်ခံရင်း တစ်ညအိပ်သွားပြီး မနက်ကားပြင်ပြီးမှ သွားကြဖို့ ပြောရာကနေ အဲဒီရွာမှာပဲ တစ်ညအိပ်ဖို့ အကြောင်းဖြစ်လာပါတယ်။ ဒီလိုနဲ့ သူတို့ အိပ်ရာကနိုးလာတဲ့အခါမှာ ဒီရွာက ပုံမှန်မဟုတ်ဘူးဆိုတာကို ရိပ်မိသွားပြီးနောက်ပိုင်း ဘယ်လိုတွေ ဖြစ်လာမလဲ ….. ကျောင်းသားတွေနဲ့ ဒီရွာနဲ့ ဘယ်လိုတွေ ပတ်သက်နေမလဲ…. နောက်ကွယ်မှာရော ဘယ်လို လျှို့ဝှက်ချက်တွေရှိမလဲ… ဆိုတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။ Genre….. Action, Drama, Horror Quality…. 1080p | 720p File size… 1.6GB | 842MB Format… mp4 Duration…. 1h 6min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Char Ou Encoder ….. Aaron

5.8 2021
Yellow Dragon’s Village
Natsume’s Book of Friends: Ephemeral Bond

Natsume’s Book of Friends: Ephemeral Bond (2018) IMDb Rating – 7.1 ငယ်ငယ်ကတည်းက မိဘတွေကွယ်လွန်သွားတဲ့အတွက် ‌အမျိုးတွေရဲ့အိမ်မှာ လိုက်နေနေရတဲ့ နာဆုမဲတာကာရှိက အဘွားဖြစ်သူ နာဆုမဲရဲခိုရဲ့ ဝိညာဉ်မြင်နိုင်စွမ်းကိုအမွေရရှိခဲ့ပါတယ်။ အဲဒီအစွမ်းအပြင် အဘွားဖြစ်သူရဲ့ပစ္စည်းတွေကိုပါ အမွေရခဲ့ပြီး အဲဒီအမွေပစ္စည်းတွေထဲမှာ စာအုပ်လေးတစ်အုပ် ပါလာပါတယ်။ အဲဒီစာအုပ်ကတော့ အဘွားဖြစ်သူ နာဆုမဲရဲခိုတစ်ယောက် ငယ်စဉ်က မကောင်းဆိုးဝါးတွေကိုအနိုင်ယူပြီး နာမည်တွေစုဆောင်းထားခဲ့တဲ့စာအုပ်လေးပါ… မကောင်းဆိုးဝါးတွေရဲ့နာမည်တွေဖြစ်တဲ့အလျောက် နာမည်ကိုခေါ်လိုက်ရင် အခေါ်ခံရတဲ့မကောင်းဆိုးဝါးက အမိန့်ကိုနာခံရတဲ့အစွမ်းပါရှိပါတယ်။ အဲဒီလိုအစွမ်းကြီးတဲ့စာအုပ်ကို အပိုင်စီးချင်တဲ့မကောင်းဆိုးဝါးတွေရဲ့ရန်ကနေ ထွက်ပြေးရင်း နာဆုမဲတာကာရှိတစ်ယောက်က နာမည်ပိုင်ရှင်မကောင်းဆိုးဝါးတွေကို နာမည်လိုက်ပြန်ပေးနေပါတယ်။ ဒီ 2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ Ephemeral Bond ဆိုတဲ့ရုပ်ရှင်ကားလေးထဲမှာတော့ နာဆုမဲတစ်ယောက် အဘွားကိုသိတဲ့လူတစ်ယောက်နဲ့တွေ့ပြီး ဘယ်လိုမျိုးမကောင်းဆိုးဝါးတွေနဲ့တွေ့ရမယ်၊ အဘွားဖြစ်သူရဲ့ဘယ်လိုဇာတ်ကြောင်းတွေကို သိရှိရမယ်ဆိုတာကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်က Benni ဖြစ်ပါတယ်။ File size… 1.5 GB / 678 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

Action • Thriller
0 2018 104 mins
Natsume’s Book of Friends: Ephemeral Bond
The Door in the Floor

သားလေးနှစ်ယောက်နဲ့ သာယာပျော်ရွှင်သောဘဝလေးကို ဖြတ်သန်းနေတဲ့ စာရေးဆရာတက်ဒ်ကိုးလ်တို့ မိသားစုဟာ သားနှစ်ယောက် မတော်တဆမှုနှင့်သေဆုံးပြီးနောက်မှာတော့ အေးစက်သွားခဲ့ပါတယ်။ လင်မယားနှစ်ယောက် တစ်ယောက်တစ်လှည့်စီ သမီးဖြစ်သူနှင့်နေထိုင်ရင်း ဖြတ်သန်းလာရာမှ တစ်နေ့ သားဖြစ်သူနှင့် ရုပ်ချင်းဆင်သော အက်ဒ်ဝပ်ဆိုသူ လူငယ်လေးတစ်ယောက်မှ နွေရာသီကျောင်းပိတ်ရက်အတွင်း စာရေးဆရာကိုးလ်ရဲ့အိမ်တွင် လက်ထောက်အဖြစ် အလုပ်သင် လုပ်ကိုင်ရန် အကြာင်းဖန်လာပါတော့တယ်။ အက်ဒ်ဝပ်ရောက်ရှိလာမှုက မိသားစုအတွင်း ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲ သူတို့ အိမ်ထောင်ရေး ဘာကြောင့် ယခုလိုအေးစက်သွားရသလဲ စသည်တို့ကို အေးအေးငြိမ့်ငြိမ့်လေးနဲ့ဆွဲခေါ်သွားမည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(837 MB) Quality….Webrip 720p Format…mp4 Duration….01:51:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

0 2004
The Door in the Floor
Triangle
6.9

Melissa George For further information please contact the Icon Press Office on 020 8492 6300 / [email protected] Release date October TBC Certificate TBC Triangle (2009) IMDb Rating (6.9) /Rotten Tomatoes (80%) Triangle (2009) ဇာတ်ကားမှာ horror film queen ကြီးဖြစ်တဲ့ Melissa Suzanne George ခေါင်းဆောင်ပါဝင်ထားပါတယ်။ ဗြိတိန်ထုတ်လုပ်ရေးက ထွက်ရှိလာတဲ့ကားဆိုပေမဲ့ အဘော့အဲအော့ဝါးအား နဲ့ အဂိန်း ဆိုတဲ့ ဗြိတိသျှ အသံထွက်တွေတော့ ကြားရဖို့မရှိပါဘူး။ ဒါပေမဲ့ Australian မင်းသားလေး Liam Hemsworth ရဲ့ နုပျိုတဲ့ ရုပ်သွင်ကိုတော့ မြင်ရဖို့ရှိတယ်ဗျ။ စိတ္တဇအသားပေး လူသတ်နဲ့လျှို့ဝှက်ဆန်းကြယ်ဇာတ်ကားဖြစ်တာနဲ့အညီ ဟိုရောက်ဒီရောက်ဇာတ်ကွက်တွေကို တကွဲတပြား ပြသနေပြီးမှ ဟိုတစ်စ ဒီတစ်စ ဆက်စပ်ယူရတဲ့ ဇာတ်လမ်းမျိုးပါ။ ကြည့်နေဆဲနဲ့ ကြည့်ပြီးအသွားမှာ လူကြီးမင်းတို့ကို တွေးစရာတွေ တပုံတပင် ပေးသွားဖို့လည်းရှိပါတယ်။ ဇာတ်လမ်းရဲ့ကျောရိုးက အပျော်စီးရွက်လှေတစ်စင်းပေါ် လိုက်ပါလာတဲ့လူတစ်စု ပင်လယ်ပြင်မှာ မိုးကြိုးမုန်တိုင်းတစ်ခုနဲ့ ပက်ပင်းတိုးကြပါလေရော။ လုံးဝ မှောက်ခုံကြီးဖြစ်နေတဲ့ ရွက်လှေဗိုက်ပေါ်က လူတစ်စုဟာ အနားမှာ ဘွားခနဲပေါ်လာတဲ့ သင်္ဘောကြီးပေါ်ကို တက်လိုက်ကြတယ်ဆိုပါစို့။ သင်္ဘောပေါ်မှာ လူတစ်ယောက်မှ မပါလာပါဘူး။ ဒါပေမဲ့ စားစရာတွေ သစ်သီးတွေ လျှပ်စစ်တွေ လည်ပတ်နေတဲ့ အင်ဂျင်တွေနဲ့ လူမပါဘဲရွေ့နေတဲ့ သင်္ဘောကြီးပါပဲ။ သင်္ဘောနာမည်က လူတစ်ဦးရဲ့အမည်။ သူက နတ်ဘုရားတွေထဲကမှ သေမင်းကို မတည်နိုင်တဲ့ကတိကိုပေးပြီး လိမ်လည်လှည့်ဖျားခဲ့လို့ တောင်ပေါ်ကို ကျောက်တုံးကြီးတွန်းတင်၊ ထိပ်ပေါ်ရောက်တော့ ကျောက်တုံးကြီးက ပြန်လိမ့်ကျသွား၊ နောက်တစ်နေ့မှာ အစကနေ ပြန်တွန်းတင်ရမယ့် အပြစ်ဒဏ်ကို ခံစားနေရသူ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဟာ သင်္ဘောပေါ်တက်သွားတယ်။ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရလို့ သေကုန်တယ်။ သေမင်းဆီကနေ လွတ်အောင်ပြေးကြရင်း သေမင်းဆီမှာပဲ ပြန်လည်ဝပ်တွားခယရတဲ့ သူတို့တွေရဲ့ကံကြမ္မာဟာ ဘယ်လိုအဆုံးသတ်မလဲ။ သူတို့ကြုံနေရတဲ့ ကျိန်စာကို ဘယ်လိုဖြေမလဲဆိုတာ ကြည့်လိုက်ကြပါဦးစို့။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။) File size…(1.1 GB) / (2.3 GB ) Quality….BluRay 1080p HEVC / 720p Format…. mkv/mp4 Duration….01:39:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Arr Khun Winchester

Drama • History
6.9 2009
Triangle
The Piano Lesson
6.2

August Wilson ရဲ့ The Piano Lesson ပြဇာတ်ကို ပြန်ပြီး မှီငြမ်းရိုက်ကူးထားတဲ့ Netflix ရဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ မိသားစု အမွေအနှစ်နဲ့ ပတ်သတ်ပြီး ဘယ်တွေလုပ်သင့်တယ်။ ဘယ်လိုတွေ အသုံးချသင့်တယ်ဆိုတာကို ပြသထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဘွိုင်းဝီလီဆိုတဲ့ အမျိုးသားဟာ တစ်နေ့မှာ သူ့ရဲ့ ဦးလေးနဲ့ ညီမရှိရာ အိမ်ကို ခဏတာ အလည်ပြန်လာခဲ့တယ်။ ဒီလိုလာရခြင်းကလည်း သူ့ဆီမှာ အကြောင်းပြချက်တစ်ခု ရှိနေပါတယ်။ ဘွိုင်းဝီလီ သူ့အဘိုးအဘွားတွေ လက်ထပ် ကျွန်ခေတ်က တစ်မိသားစုလုံး အလုပ်အကျွေးပြုခဲ့ရတဲ့ ဆက်တာဆိုတဲ့ လူရဲ့ မြေကို ဝယ်ချင်တယ်။ မြေရဲ့ တစ်စိတ်တစ်ပိုင်းကိုလည်း သူဝယ်ထားပြီးပြီ။ ဒါပေမဲ့ အကုန်ဝယ်နိုင်ဖို့ရာမှာ သူ့အတွက် ငွေလိုနေတယ်။ ဒါကြောင့်မလို့ သူဟာ မိဘအမွေဖြစ်တဲ့ စန္ဒရားကြီးကို ရောင်းပြီး ရလာတဲ့ငွေနဲ့ ‌မြေဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြဿနာက သူ့ရဲ့ ညီမဖြစ်သူဟာ ဒီစန္ဒရားကို လုံးဝ ရောင်းခွင့်မပေးပါဘူး။ ဒီစန္ဒရားဟာ နယ်နယ်ရရ မဟုတ်ဘဲ မိသားစုသမိုင်ကြောင်း ရှိတဲ့အတွက်ကြောင့်ပါ။ ဒီလိုနဲ့ အစ်ကိုဖြစ်သူက ရောင်းမယ်။ ညီမဖြစ်သူက မရောင်းဘူး ငြင်းခုံကြရင်း စန္ဒရားကြီးရဲ့ အနာဂတ်က ဘာတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ File size… 1.9 GB / 794 MB Quality… Web-DL 1080p / 720p Format… mp4 Audio… AAC Duration…. 2h 5m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by… Act Molemy & Thiha Yan Naing

6.2 2024 127 mins
The Piano Lesson
Someone Special
7

Someone Special (2004) *********************** အချစ်ဇာတ်လမ်းကောင်းကောင်းလေး ကြည့်ချင်တဲ့သူတွေအတွက် Romance Is A Bonus Book ဇာတ်လမ်းတွဲထဲက မင်းသမီး Lee Na Young နဲ့ The Odd Family : Zombie On Sale ထဲက မင်းသား Jung Jae Young တို့ရဲ့ အချစ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်…။ ဘေ့စ်ဘောကစားသမားဖြစ်တဲ့ ဒုံချီဆောင်းရဲ့ ဘဝက ကံဆိုးမှုတွေအပြည့်နဲ့ပါ။ သူ့ ချစ်သူကောင်မလေး လမ်းခွဲတာကိုလည်းခံရပြီး အဲဒီနေ့မှာပဲ ဆေးရုံက ဆရာဝန်ကလည်း သူ့မှာ အသက်အန္တရာယ်ရှိစေနိုင်တဲ့ အကျိတ်ရှိနေတာကြောင့် ၃လပဲ အသက်ရှင်နေထိုင်နိုင်တော့မယ်လို့ ပြောခဲ့ပါတယ်…။ အဲဒါနဲ့ ဒုံချီဆောင်းက စိတ်ညစ်ပြီး ဘားမှာအရက်သွားသောက်တယ်…။ နောက်တစ်နေ့မနက်နိုးလာတဲ့အချိန်မှာတော့ ဘားက စားပွဲထိုးကောင်မလေး ဟန်အီယောင်းနဲ့ ဟိုတယ်တစ်ခန်းထဲမှာ ရှိနေတယ်…။ မနေ့ညက မှောက်သွားလို့ ကောင်မလေးက သူ့ကို ခေါ်လာခဲ့တာပေါ့…။ အဲဒီလိုကနေ သူတို့ရဲ့ အချစ်ဇာတ်လမ်းလေး စလာတော့တာပါပဲ…။ ဇာတ်ကားလေးက IMDb 7.0 ရှိပြီး အေးအေးဆေးဆေးဇိမ်ယူပြီး ကြည့်လို့ကောင်းတဲ့ ကားကောင်းလေးပါ။ ဒီဇာတ်ကားနဲ့ မင်းသမီး Lee Na Young ကလည်း အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေ အများကြီးရခဲ့သလို ဒီဇာတ်လမ်းကို ကိုယ်တိုင် ရေးသားပြီး ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကလည်း ဇာတ်ညွှန်းဆုတွေ ရခဲ့ပါသေးတယ်…။ (အညွှန်းကို M မှ ရေးသားထားပါတယ်) File size…1.55GB / 828MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 47 min. Genre ….. Comedy, Romance, Melodrama Subtitle….Myanmar Subtitle (Hard Sub) Translated by M Encoded by AHtet

7 2004 107 mins
Someone Special