YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Shadow.2023.S01E08.1080p.CM.mp4

419.59 MB N/A video/mp4 16 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Cinderella
7

ဒီနေ့မှာတော့ CM က Disney ဖန်တွေအတွက် Old but Gold ဆိုတဲ့အတိုင်း ဟောင်းပေမဲ့လည်း ဘယ်အချိန် ကြည့်ကြည့်မရိုးပဲ ကောင်းနေဆဲဆိုတဲ့ ကာတွန်းကားလေး တစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ အဲ့တာကတော့ IMDb မှာ 7.3/10 နဲ့ Rotten Tomatoes မှာ 97% ရထားတဲ့ ကိုယ်တွေငယ်ဘဝရဲ့ အသည်းစွဲ Cinderella (I) 1950 လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ မသိတဲ့သူမရှိသလောက်ပါပဲ။ မိထွေးနဲ့ မိထွေးရဲ့သမီး၂ယောက်ဆီမှာ အစေခံတစ်ယောက်လို အလုပ်လုပ်ပေးရပြီး အနိုင်ကျင့်ခံရတဲ့ စင်ဒရဲလားလေးရဲ့ သနားစရာ ဘဝဇာတ်ကြောင်းလေးပါပဲ။ ဟိုးအဝေးဆီက နန်းတော်ကြီးဆီ လှမ်းမျှော်ကြည့်ပြီး စင်ဒရဲလားလေးဟာ တော်ဝင်ကပွဲကိုတက်ခွင့် ရဖို့စိတ်ကူးယဥ်နေပါသတဲ့။ အဲ့လို စင်ဒရဲလား လေးရဲ့ စိတ်ကူးတွေကို အကောင်အထည်ပေါ်အောင် သူရဲ့သူငယ်ချင်း ကြွက်ကလေးတွေက ဘယ်လိုကူညီကြမလဲ၊ စိတ်ထားမကောင်းတဲ့မိထွေးဆိုးကြီးက ဘယ်လိုယုတ်မာပြမလဲ၊ သူတော်ကောင်းနတ်ကောင်းမ ဆိုတဲ့ စကားအတိုင်း အစောင့်အရှောက်နတ်သမီးဖွားဖွားက ဘယ်လိုတွေ ကူညီပေးမလဲ ဆိုတာကို ငယ်ဘဝကခံစားချက်တွေ နဲ့ ရသစုံလင်စွာ ပျော်ပျော်ရွှင်ရွှင်ခံစားကြည့်ရှုနိုင်ဖို့ CM က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ သီချင်းလေးတွေကအစ သေချာလေးခံစားဘာသာပြန်ပေးထားတာမို့ CM လက်ရာ ကောင်းကောင်းလေးနဲ့ တစ်ဖန်ပြန်လည်ခံစားကြည့်ရှူ ချင်ကြတဲ့ ပရိတ်သတ်ကြီးတို့အတွက် down ရကျိုးနပ်စေမယ့် ကားကောင်းလေးတစ်ကားဖြစ်စေရဖို့ အာမခံပါတယ်လို့ပြောရင်း ... Let's Enjoy Guys ! ! File size…1.05GB / 718MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 14m Genre ..... Animation , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Wai Wai Thin

Crime • Drama • Mystery • Sci-Fi & Fantasy
7 1950 74 mins
Cinderella
Tara vs Bilal
4.2

IMDb 5.1/10 အခုတစ်ခါမှာတော့ Sanam Teri Kasam (ထာဝရထက်နှစ်ဆ) ကားထဲက မင်းသားလေး ဟရှ်ဗရ်ဒန်းရာနေးရဲ့ အချစ်ဟာသကားလေးတစ်ကားကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ တာရားနဲ့ ဗီလားတို့ရဲ့ဇာတ်လမ်းလေးပေါ့နော်။ ယောက်ျားက လက်ထပ်ပြီး နိုင်ငံခြားမှာအခြေချမယ်ဆိုလို့ ရှိတာလေးတွေ အကုန်ရောင်း အိမ်ကိုပါရောင်းပြီး ယောက်ျားဖြစ်သူကို ပိုက်ဆံအားလုံး ပေးလိုက်တဲ့ တာရား...။ ယောက်ျားက နိုင်ငံခြားရောက်တာနဲ့ ရှိသမျှပစ္စည်းအကုန်ဖြုတ်ယူပြီး ထွက်ပြေးသွားပါလေရော...။ အမေ အဖွား အဒေါ်တွေနဲ့နိုင်ငံခြားမှာ အခြေချနေပြီး အိမ်ထောင်ပြုတာကို စိတ်ကုန်နေတဲ့ ဗီလား...။ သူတို့နှစ်ယောက် တွေ့ဆုံခြင်းဟာလည်း စိုပြေမနေခဲ့ပါဘူး။ နောက်တော့ သူတို့နှစ်ယောက်ဟာ မိဘတွေကို နှစ်ကျပ်ကွက်နင်းဖို့ ကြိုးစားလာပါတော့တယ်။ အဲ့ဒါက ဘာတွေများ ဖြစ်လာမလဲဆိုတာကိုတော့ ဖန်သားပြင်ထက်မှာပဲ ရှုစားလိုက်ပါနော်...။ File size…2.16GB / 984MB Quality…1080p HD AVC  /720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ BpL ~ Cherry

Action • Comedy
4.2 2022 126 mins
Tara vs Bilal
How to Steal a Dog
7.3

"လောကကြီးမှာ ရှင်သန်နေထိုင်ရတာ ခက်ခဲပင်ပန်းနေရင်တောင် ဒါက မင်းတစ်ယောက်ထဲ ရင်ဆိုင်နေရာတမဟုတ်ပါဘူး။ မင်းထက် ပိုဆိုးတဲ့ အခြားသူတွေလည်းရှိနေနိုင်ပါတယ်" တဲ့ ကမ္ဘာကျော် Storyteller Aesop ရဲ့ "The hares and the fogs" ဆိုတဲ့ ​ပုံပြင်လေးနဲ့ ဇာတ်လမ်းကို စထားပါတယ်။ ဒီဇာတ်လမ်းမှာ ဂျီဆူဆိုတဲ့ကလေးမလေးတို့ မိသားစုက အိမ်ခြေရာမဲ့အနေနဲ့ ကားထဲမှာ နေထိုင်ရင်း ဘဝကို ဖြတ်သန်းနေရပုံကို ဦးစားပေးရိုက်ကူးထားပါတယ်။ ကားထဲမှာနေရတဲ့ဂျီဆူက ဝမ်၅သန်းနဲ့ အိမ်တစ်လုံးရနိုင်တယ်လို့ထင်သွားတဲ့အခါမှာတော့ ဝမ်၅သန်းရဖို့အတွက် ခွေးတစ်ကောင်ကို သူမရဲ့သူငယ်ချင်းနဲ့အတူ ခိုးဖို့ ကြံစည်ပါတော့တယ်။ ခွေးကိုခိုးပြီးတဲ့နောက် ပိုင်ရှင်က ခွေးပျောက်ကြော်ငြာဝေပြီး ဆုကြေးငွေ ဝမ်၅သန်း ချီးမြင့်မယ်ဆိုရင် ခွေးကို ပြန်ပေးဖို့အတွက် စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ သူခိုးလာခဲ့တဲ့ခွေးက သူ့အမေအလုပ်လုပ်ဖူးတဲ့ မာရစ်ချယ်စားသောက်ဆိုင်ပိုင်ရှင်ရဲ့ ခွေးဖြစ်နေတဲ့အခါ... အခြေအနေတွေက သူမထင်သလို ရိုးရှင်းမနေတဲ့အခါမှာတော့ သူမဘယ်လိုဖြေရှင်းပြီး ကျော်လွှားမလဲ? နောက်ဆုံး သူမလိုချင်တဲ့ ဝမ်၅သန်းကိုရပြီး အိမ်တစ်လုံးပိုင်ဆိုင်နိုင်မှာလားဆိုတာကို ရသစုံလင်စွာနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ P&D ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama, Family Quality…. 1080p | 720p | 480p File size… 1.73GB | 925MB | 406MB Format… mp4 Duration….1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... P&D Encoder ..... August

Drama
7.3 2014 109 mins
How to Steal a Dog
Boon
6.2

ဘုရားကျောင်းကို နေ့တိုင်းမှန်မှန်သွားတယ်ဆိုတဲ့လူတစ်ယောက်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်နိုင်ပါမလဲ တွေးကြည့်ရအောင်။ အဲဒီလိုလူက နှစ်မျိုးရှိနိုင်ပါတယ်။ ပထမတစ်မျိုးကတော့ ဘုရားတရားကို အရမ်းကြည်ညိုပြီး ဘာသာတရားကိုင်းရှိုင်းလှသူမျိုး ဖြစ်မှာပေါ့။ ဒုတိယတစ်မျိုးကတော့ ... ဒုတိယတစ်မျိုးကတော့ သူ့ဘဝမှာ ကျူးလွန်ထားမိတဲ့ ဒုစရိုက်မှုတွေ ၊ အကုသိုလ်တွေ များလွန်းနေလို့ နေ့တိုင်း ဘုရားသခင်ဆီသွားပြီး အပြစ်တွေကို ဝန်ခံရင်း အာပတ်ဖြေနေရသူ ဖြစ်မှာပေါ့လေ။ အမေရိကန်နိုင်ငံရဲ့ အရက်စက်ဆုံး နဲ့ အတော်ဆုံး ကြေးစားလူသတ်သမားတစ်ယောက်ဟာ တစ်နေ့တော့ ရုတ်တရက်စိတ်ပြောင်းသွားခဲ့ပြီး သူ့လုပ်ဖော်ကိုင်ဖက်တွေကိုရော သူ့ရဲ့ဘော့စ်ကိုပါ ပစ်သတ်ပြီး ဇာတ်မြှုပ်ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဒဏ်ရာအပြင်းအထန်ရသာရခဲ့ပြီး မသေခဲ့တဲ့ ဘော့စ်က သူ့အကြောင်းကို အငြိုးကြီးစွာနဲ့ မရမက လိုက်စုံစမ်းပြီး သူ့ကိုသတ်ဖို့ ကြေးစားသေနတ်သမားတွေ စေလွှတ်နေခဲ့တယ်။ အဲဒါတင်မကသေးဘူး။ သူ့ကိုမိလိုက်ရင် တကယ့်အောင်မြင်မှုကြီးဖြစ်မှာပဲလို့ တွက်ပြီး တခြားအမှုတွေဘေးချိတ်လို့ သူ့နောက်ကိုပဲ တကောက်ကောက်လိုက်နေတဲ့ FBI အေးဂျင့်တစ်ယောက်ကလည်း ရှိလို့နေပါသေးတယ်။ လူနေကျဲပါးတဲ့ တောင်ပေါ်မြို့လေးတစ်ခုမှာ ဇာတ်မြှုပ်နေထိုင်နေတဲ့ သံဝေဂနောင်တတွေ အပြည့်ဖြစ်နေတဲ့ ကြေးစားလူသတ်သမားကြီး Boon တစ်ယောက် အတိတ်ရဲ့အရိပ်ဆိုးတွေက သူ့ဆီရောက်အောင်လိုက်လာကြတဲ့အပြင် အဲဒီမြို့ကလေးမှာ မသမာတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦး နဲ့ အဲဒီလူကြီးနှိပ်စက်သမျှ ခေါင်းငုံ့ခံနေရတဲ့ သားအမိနှစ်ယောက်တို့နဲ့ပါ ဆက်ပြီး ပတ်သက်သွားမိတဲ့အခါ ... ။ ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင် Neal McDonough (နီးလ် မခ်ဒါးနား) ဟာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ စစ်ကားတွေ စုံထောက်ကားတွေ အက်ရှင်ကားတွေ တီဗီဇာတ်လမ်းတွဲတွေအပြင် Marvel က ရိုက်ကူးတဲ့ နာမည်ကျော်ရုပ်ရှင်ပေါင်းများစွာမှာ ပါဝင်ခဲ့ပေမယ့် သူက များသောအားဖြင့် ဇာတ်ပို့ဇာတ်ရံ ဗီလိန်နေရာမျိုးတွေကသာ ပါဝင်ခဲ့ရတာမျိုးဖြစ်လို့ သူ့ကို ဒီမှာတော့ လူသိနည်းလိမ့်မယ် ထင်ပါတယ်။ ဒီလူကြီးမျက်နှာ မြင်တော့မြင်ဖူးပါတယ် ၊ ဘယ်ကားထဲမှာပါလိမ့်လို့ တွေးမိရုံလောက်ပဲ သူ့ကိုသိကြမယ်ထင်ပါရဲ့။ ဒါပေမယ့် ဝါရင့်သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့အတိုင်း ဒီဇာတ်ကားမှာတော့ အဓိကဇာတ်ဆောင်အဖြစ် ပီပြင်စွာပဲ သရုပ်ဆောင်ထားတာ တွေ့ရမှာပါ။ ကြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။ File size…(1.3 GB)/(500 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:35:oo Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Thaman Myint

Drama • Fantasy
6.2 2022 95 mins
Boon
My Name Is Khan
7.9

IMDb Rating (7.9) / Rotten Tomatoes (83%) မင်းသားရှရွတ်ခန်းနဲ့ မင်းသမီးကာဂျိုးတို့တွဲရိုက်လိုက်တိုင်း နာမည်ကြီးနေကျဆိုသလို ဒီဇာတ်ကားကလဲ ကမ္ဘာ့အလည်မှာ နာမည်ရခဲ့တဲ့ Bollywood ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ ရှရွတ်ခန်းဟာ ဒီဇာတ်ကားမှာ Asperger’s syndrome ရောဂါဝေဒနာရနေတဲ့သူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး သူ့ရဲ့သရုပ်ဆောင်မှုတွေက ပြောစရာမရှိအောင် ပြည့်စုံခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့…. Khan ဟာ Asperger’s syndrome လူမှုဆက်ဆံရေးချွတ်ချော်တဲ့ရောဂါလို ဂေါက်တောက်တောက်ပုံစံဖြစ်နေတာမလို့ သူ့ညီဖြစ်သူက သူ့ကိုဆို မကြည်ဖြူပေမယ့် မိဘတွေကတော့ သူ့ကိုအချစ်ပိုကြပါတယ်။ဒီလိုနဲ့သူ့မိဘတွေဆုံးတော့ Khan တစ်ယောက် အိန္ဒိယကနေ သူ့ညီရှိရာ အမေရိကကိုပဲ လိုက်ပါသွားဖို့ ဖြစ်လာပါတော့တယ်။ Spoiler Alert….(ဇာတ်ကားကြည့်မည့်သူများ အောက်ကစာကိုမဖတ်ဘဲ ကြည့်သင့်ပါတယ်။) သူဟာ သူ့ညီကုမ္ပဏီက အလှပြင်ပစ္စည်းတွေ ရောင်းချပေးနေရင်း Mandira နဲ့ တွေ့ဆုံမိပြီး မြင်မြင်ချင်းသဘောကျသွားပါတော့တယ်။ Mandira ဟာ အလှပြင်ဆိုင်မှာလုပ်နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့မှာ သားတစ်ယောက်ရှိပါတယ်။ သူ့ယောကျာ်းနဲ့တော့ ကွဲနေပါတယ်။ သူမဟာ မကြာခင် အိမ်ပြောင်းဖို့ရှိနေပြီး ကိုယ်ပိုင်အလှပြင်ဆိုင်လေးတစ်ခုဖွင့်ဖို့ စီစဉ်နေသူပါ။ Khan ကတော့ မကြာခဏ Mandira ဆိုင်ဘက်ခဏခဏရောက်ဖြစ်နေပါတယ်။ Khan ဟာ သာမန်လူတစ်ယောက်မဟုတ်ပေမယ့်လည်း သူ့ရဲ့ရိုးသားမှု ညဏ်ကောင်းတာတွေကို Mandira က သဘောကျသောကြောင့် လက်ထပ်ဖို့သဘောတူလိုက်ပါတယ်။ အစပိုင်း Khan တို့ဖက်က ဒီမင်္ဂလာဆောင်ကိုကန့်ကွက်ပါသေးတယ် . . . Mandira က ဟိန္ဒူဘာသာဝင်ဖြစ်ပြီး Khan တို့က မွတ်စလင်ဘာသာဝင်ဖြစ်နေသောကြောင့်ပါ။ ဒါပေမယ့် Khan ကတော့ Mandira ကိုပဲ ရွေးချယ်လိုက်ပါတော့တယ်။ Khan, Mandira နဲ့ သူတို့သားတို့ ပျော်ပျော်ရွှင်ရွှင်နေထိုင်လျက်ရှိပြီး . . . တစ်ရက်တော့ သူတို့အတွက် ကံကြမ္မာဆိုးလို့ပြောရမယ့် အရာတစ်ခုပေါ်ပေါက်လာပါတော့တယ်။ 9/11 အသေခံဗုံးဖောက်မှုဖြစ်ပွားပြီး လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရပါတယ်။ ထိုကိစ္စကြောင့်အမေရိကန်မှာ မွတ်စလင်နဲ့ တခြားဘာသာခြားတို့ကြား အဆင်မပြေမှုတွေ စပေါ်ပေါက်လာတော့တယ်။ ထိုအဆင်မပြေမှုစနက်တွေကြောင့်ပဲ သူတို့သားဖြစ်သူ ဆုံးရှုံးသွားရပါတောတ့ယ်။ ထို့နောက်သူတို့လင်မယားအဆင်မပြေမှုတွေဖြစ်ပွားပြီး Khan ဟာအိမ်ပေါ်က ဆင်းသွားပါတော့တယ်။ သူ့မိန်းမရဲ့ စကားအတိုင်းပဲ Khan က သမ္မတကြီးနဲ့ တွေ့ဆုံပြီး အကြမ်းဖက် သမား မဟုတ်ဘူးဆိုတာကို ပြောဖို့ ကြိုးစားပါတော့တယ်။ အဲဒီလို ကြိုးစားတဲ့ အခါ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်သွားမှာလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ ဘာသာရေးနဲ့ ပတ်သတ်ပြီး အတုယူစရာတွေကိုလဲ ဒီဇာတ်ကားထဲမှာ အများကြီးတွေ့နိူင်ပါတယ်။ လူတိုင်းကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ကျွန်တော်စာရေးပြီးပြောတာထက်အများကြီးပိုအဓိပ္ပါယ်ရှိပါတယ်။ IMDB Ratings: 7.9/10 ရရှိထားတဲ့ဇာတ်ကားလေးတစ်ခုပါ။ (ရုပ်ရှင်အညွန်းကို MMmovie Guide မှ ကူးယူဖော်ပြသည်)

7.9 2010
My Name Is Khan
Raquel 1:1
6.8

Raquel 1:1 (2022) ~ IMDb – 6.8/10, Rotten Tomatoes – 80% ~ ဒီရုပ်ရှင်ကို ဘယ်လိုရုပ်ရှင်မျိုးလဲ ဒြပ်ခွဲဖို့တော့ နည်းနည်းတော့ခက်လိမ့်မယ်။ ဘာလို့ဆို ဒီရုပ်ရှင်က Concept ကောင်းကောင်းကိုအခြေတည်ပြီးမှ အဲဒီ Concept ကို အခြေတည်ပြီး ရင်းမြစ်ကို အများကြီးပြန်ဖြန့်ပစ်လိုက်တဲ့ ရုပ်ရှင်မျိုးလို့ပြောရမလားပဲ။ နည်းနည်းလည်းဆန်းတော့ဆန်းတယ်။ တခြားဘာသာရေးတွေရဲ့ အမျိုးသမီးဖိနှိပ်မှုတွေအကြောင်း ရုပ်ရှင်တွေကို ကျွန်တော်တို့ တော်တော်များများကြည့်ဖူးကြပေမဲ့ ခရစ်ယာန်ဘာသာရေးမှာလည်း ဒါမျိုးရှိတာကို ကျွန်တော်တော့ မကြည့်ခဲ့ဖူးဘူး။ ကြားလည်းမကြားဖူးခဲ့ဘူး။ ဒီရုပ်ရှင်ရဲ့ Concept က ခရစ်ယာန်ဘာသာရေးက အမျိုးသမီးဖိနှိပ်မှုတွေအကြောင်းလို့ ပြောလို့ရတယ်။ ဒါပေမဲ့ သူက ဒါကြီးကို ဒါပါလို့ ဒဲ့တော့မသွားဘူး။ စစချင်း အမေသေသွားပြီး အဖေနဲ့ အဖေ့ဇာတိမြို့မှာ သွားနေတဲ့ကောင်မလေးတစ်ယောက်အကြောင်းကိုပြတယ်။ နောက် သူကြုံရတဲ့ ဘာသာရေးလိုက်စားတဲ့ မြို့ခံလူတွေပေါ့။ သူလည်း အဲဒီလိုလူတွေထဲက တစ်ယောက်ဖြစ်လာတယ်။ ဒါပေမဲ့ သူ့မှာ စိတ်ဒဏ်ရာကရှိနေတယ်။ သူ့အမေသေတာက သမားရိုးကျသေတာမဟုတ်ဘဲ သူ့အမေရဲ့ ရည်းစားဟောင်းကြောင့်သေတာကိုး။ ဒီလိုနဲ့ ဒီစိတ်ဒဏ်ရာရယ် သူ့ပတ်ဝန်းကျင်ကမြင်ရတဲ့ ဖိနှိပ်မှုတွေရယ် ထိပ်တိုက်တိုးသွားတဲ့အခါ သူကျမ်းစာထဲက ဖိနှိပ်မှုတွေကို ဆန်ကျင်ချင်စိတ်ပေါ်လာပြီး ကျမ်းစာကို ပြန်ပြင်ရေးဖို့ ကြံကြတယ်။ ဒီလိုနဲ့ ဒီဇာတ်ဖြစ်လာတယ်။ ဒီဇာတ်က ဘယ်ကို ဆက်သွားမလဲတော့ ကိုယ်တိုင်ပဲ ကြည့်ကြည့်ကြပေါ့။ Mystery Drama ဇာတ်ပေမဲ့ Thriller လိုလို အရသာလည်း ပေါင်းထားပေးလို့ တော်တော်တော့ သို့လောသို့လောနဲ့ ကြည့်ကောင်းမယ့် ဇာတ်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို M မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.55GB, 680MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 30Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by M Encoded by Y

6.8 2022 90 mins
Raquel 1:1
Mission: Impossible – Fallout
7.7

Mission: Impossible VI – Fallout (2018) ============================= IMDb Rating 7.7/10 MI ရုပ်ရှင်တွေဟာ ပုံမှန်အားဖြင့် တော်တော်လေးမိုက်တယ်။ Action scene တွေ၊ လုပ်သွားတဲ့ အကွက်တွေ ကြမ်းတယ်။ ပစ္စည်းပစ္စယ gadget တွေလည်း စုံတယ်။ တစ်ကားနဲ့ တစ်ကား နည်းနည်းလေးဆင်နေပေမဲ့ ကြည့်ရပျော်တယ်။ ဒါပေမဲ့ Fallout ကတော့ နောက်တစ်ဆင့်တက်သွားပြီလို့ ပြောရမှာပါ။ ဇာတ်လမ်းပိုင်းမှာ ခါတိုင်း MI ကားတွေလိုပဲ ပြဿနာတွေတက်၊ မဖြစ်နိုင်လောက်တဲ့ Impossible တွေလုပ်ပြီး နောက်ဆုံးတော့ “Ethan Hunt saves the day” ဆိုတာအဓိကပဲပေါ့။ ဒါပေမဲ့ မသိမသာနဲ့ သိသိသာသာပြောင်းသွားတာတွေရှိတယ်။ သတိထားမိတာက ဒီကားမှာ အရင်လို လွန်အားကြီးတဲ့ tech တွေ သိပ်မပါတော့ဘူး။ အရင်ကားတွေလို Kremlin ကို ပြောင်ကြီးခိုးဝင်ရလောက်အောင် “မလွယ်လွန်းဘူးလားဟ” ဆိုတာမျိုးတွေ မပါဘူး။ ဇာတ်လမ်းပိုင်းမှာလည်း twist တွေ revelation တွေထည့်ထားပေမဲ့ အရမ်းကြီးလည်း မရှုပ်သလို အရမ်းကြီးလည်း မပေါ့ဘူး။ Fallout ရဲ့ အကောင်းဆုံးကတော့ တင်ဆက်သွားပုံတွေပဲ။ Christopher McQuarrie ကြီးက တကယ်လန်ထွက်နေတယ်လို့ ပြောရမှာပါ။ ရုပ်ရှင်ရဲ့ 70% လောက်က ပြေးလွှား၊ ကားမောင်း၊ ပစ်ခတ်၊ ရဟတ်ယာဉ်မောင်း စတဲ့ action scene တွေ။ ဒါပေမဲ့ လုံးဝ ပျင်းသွားရတယ်ဆိုတာမျိုး မရှိဘူး။ John Wick 2 မှာတုန်းကဆို action scene အရမ်းများ၊ အချိန်တန်သူပဲနိုင်မှာ သိတော့ ပျင်းသွားတဲ့အခိုက်အတန့်ရှိသေးတယ်။ MI ကတော့ creative လည်းဖြစ်၊ ရိုက်ချက်တွေလည်း လှ၊ ကိုယ်တော်ချော Tom Cruise ကိုယ်တိုင် stunt တွေဆိုတော့ တစ်ကားလုံး မျက်လုံးကြီးပြူးပြီး ကြည့်နေရတယ်။ ရိုက်ချက်တွေလှတယ်ဆိုလို့ ထပ်ပြောရရင် ဒီကားမှာ visual တွေက လုံးဝ stunning ပါ။ Action ကားကြီးကို လှအောင်ရိုက်တယ်ဆိုတာ မလွယ်ဘူး။ Scene ကြီးကိုရှယ်ပြလို့ action ပေါ့သွားတာမျိုး၊ action ပိုပြလို့ ရုပ်ထွက်ပျက်သွားတာမျိုးလည်းမရှိဘူး။ ဒီအတိုင်း လေယာဉ်ဆီကို ကားနဲ့ ပုံမှန်လေးမောင်းဝင်လာတဲ့ အခန်းကအစ woah ဆိုပြီးဖြစ်လောက်အောင်ရိုက်ထားတယ်။ ကြမ်းတယ်ဟ ဆိုတာထက် oh sh** moment တွေလည်း များတယ်။ နောက် CGI, Green Screen, stuntman, stunt robot စတာတွေ ပြွတ်ထနေတဲ့ဒီနေ့ခတ်ကြီးထဲမှာ Fallout က တကယ့်အစစ်တွေ သုံးထားတယ်။ ကားတွေ၊ ဆိုင်ကယ်တွေ၊ ရဟတ်ယာဉ်တွေကိုယ် Tom Cruise ကြီးကိုယ်တိုင်မောင်းတယ်။ ရဟတ်ယာဉ်ပေါ်က ရိုက်ချက်တွေ Green screen လေးခံလိုက်ရင် အလွယ်လေးဆိုပေမဲ့ တကယ်ကြီး မိုးပေါ်မှာရိုက်တယ်။ တချို့ တကယ်တမ်း vfx နဲ့ရိုက်မယ်ထင်ရတဲ့ ရှုခင်းလိုနေရာတွေကအစ တကယ်ကြီးခက်ခက်ခဲခဲသွားရိုက်တယ်။ အဲအတွက် ရုပ်ရှင်ဟာ CGI heavy ရုပ်ရှင်တွေထက် အများကြီး weight ရှိတယ်။ ကြည့်နေရတဲ့သူ ပိုပြီး အသည်းယားတယ်။ အကုန်လုံးနီးပါးက အစစ်တွေချည်းကိုး။ ဒီ effort က တကယ်ကိုချီးကျူးရမှာပါ။ Mission: Impossible – Fallout ဟာ တကယ် နောက်တစ်ဆင့်တက်သွားတဲ့ action film ပါပဲ။ Tom Cruise, Henry Cavil တို့ရဲ့ performance လည်းကောင်း၊ ဒါရိုက်တာ Christopher McQuarrie ရဲ့ လန်ထွက်နေတဲ့ vision အောက်မှာ ထပ်အောင်မြင်ဦးမှာ အသေအချာပဲ။ တော်သေးတယ်။ Cavill ရဲ့ မုတ်ဆိတ် မဖျက်လိုက်ရကျိုးနပ်တယ်။ ခါတိုင်း MI ကားတွေမကြိုက်တဲ့သူတွေတောင် action ကားကြိုက်တယ်ဆိုရင်၊ ကားကောင်းကောင်းကြိုက်တယ်ဆိုရင် လုံးဝ ကြည့်ရကျိုးနပ်တဲ့ကားပါ။ (ရုပ်ရှင်အညွှန်းကို Dat Shin မှ ကူးယူဖော်ပြပါသည်။) Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=mission+impossible ကြည့်ပါ။

7.7 2018 147 mins
Mission: Impossible – Fallout
Why Did I Get Married?
5.9

Why Did I Get Married? ဇာတ်ကား နာမည်ကိုက စိတ်ဝင်စားစရာ မေးခွန်းလေးပါ။ ငါ ဘာလို့ အိမ်ထောင်ပြုတာလဲ တဲ့။ စုံတွဲတွေရော အိမ်ထောင်သည်တွေရော FA တွေရော ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားလို့ ပြောရင် မှားမဖြစ်ပါဘူး။ ကြည့်သင့်တဲ့ အချက်တွေထဲက အရေးကြီးဆုံး တစ်ချက်က စုံတွဲတွေကြားမှာ ဖြစ်လေ့ရှိတဲ့၊ စုံတွဲမဖြစ်သေးတဲ့ လူတွေလည်း စိတ်ပူလေ့ရှိတဲ့၊ ကွဲသွားတဲ့ လူတွေလည်း မေးခွန်းထုတ်မိတတ်တဲ့၊ ကွဲမလို ဖြစ်နေတတ်တဲ့ လူတွေလည်း အဖြေထုတ်ချင်တတ်တဲ့ မဟာမေးခွန်းကြီးဖြစ်တဲ့ “သူက Right Person လား” ဆိုတဲ့ မေးခွန်းအတွက် ဘယ်လို အဖြေထုတ်ရမလဲ ဆိုတာ သိရတာပါ။ တကယ့်ကိုလက်တွေ့ကျတဲ့ နည်းလမ်းကို ပြောပြထားတာပါ။ သိပြီးသားဆိုလည်း ဟုတ်မဟုတ်တိုက်ကြည့်ပါဦး။ သူငယ်ချင်း ရှစ်ယောက်/အိမ်ထောင်သည် စုံတွဲ ၄ တွဲရယ်၊ နောက်ထပ် သူတို့နဲ့ ဆက်နွယ်လာတဲ့လူတွေရယ်နဲ့၊ သူတို့တွေ အားလုံးရဲ့ကြားက အချစ် အမုန်း နားလည်မှု သစ္စာတရားအိမ်ထောင်ရေးနဲ့ ပတ်သတ်တဲ့ အယူအဆတွေနဲ့ ဆောင်ရန် ရှောင်ရန်တွေကို အံဝင်ခွင်ကျ ထည့်ပြောပြသွားတဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးပါ။ သစ္စာမရှိ ဖောက်ပြန်လို့ ကွဲသွားရတဲ့ စုံတွဲ အကြောင်းလည်း ပါတယ်။ ပို စိတ်ဝင်စားစရာကောင်းတာက အဲ့လို ဖောက်ပြန်တဲ့လူတွေ အကြောင်းနဲ့ ဆက်စပ်ပြီး တော်တော်ကောင်းတဲ့ ၈၀/၂၀ အချိုး ဆိုတာလေး ပြောပြထားတယ်။ အဲ့ဒီ အချိုးအကြောင်း သေချာပေါက်ရှာကြည့်လိုက်ပါ။ ဖောက်ပြန်တဲ့လူတွေ ဘာဖြစ်သွားလဲလည်း ပါတယ်။ ဖောက်ပြန်ခံရတဲ့လူတွေ ဘယ်လိုကျော်ဖြတ်ကြလဲ ဆိုတာလည်း သင်ယူစရာတွေ ပါတယ်။ ကိုယ့်ကို တန်ဖိုးမထားတဲ့လူနဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ထားတာက ဘယ်လောက်ဆိုးလဲ ဆိုတာလည်း ပါတယ်။ အဲ့လိုကနေ ရုန်းထွက်နိုင်ရင် ဘာတွေရလာနိုင်လဲ ဆိုတာလည်း ပါတယ်။ ပြီးတော့ တကျက်ကျက် ရန်ဖြစ်နေတတ်တဲ့ စုံတွဲတွေနဲ့ သူတို့ သဘောသဘာဝ တွေလည်းပါတာပဲ။ ဘယ်လိုဆိုးကျိုးတွေ ရှိလဲ၊ ဘာတွေတော့ ကောင်းလဲ ဆိုတာလည်း သိရမယ်။ ဘာမှ မပြောဘဲ စိတ်ထဲ ထားတတ်တဲ့ စုံတွဲတွေ ဆိုရင်ရော။သူတို့ ဘာတွေ ကြုံရတတ်လဲလည်းထည့်ပြောထားသေးတာပါပဲ။ ဆိုးဝါးတဲ့ နာကျင်စရာတွေကို တစ်ယောက်ကို တစ်ယောက် ညှာပြီး မပြောမိရာကကနေ ဘာတွေ ဖြစ်လာတတ်သလဲ ဘယ်လို ဖြေရှင်းလို့ ရသလဲတွေထည့်ရိုက်ထားတာပါ။ ပြီးတော့ အလုပ်ပဲ ကြည့်တတ်တဲ့ သားသမီးရတနာ ယူရေး/မယူရေးတွေနဲ့ မပြေလည်မှုတွေရှိလာတဲ့ စုံတွဲအကြောင်းလည်း ပါတယ်။ သူတို့တွေ နောက်ထပ် ထပ်တွဲဖြစ်သွားကြတဲ့ လူတွေအကြောင်းလည်း ပါပါသေးတယ်။ ပိုကောင်းတဲ့ ဆက်ဆံရေးတွေ၊ လက်တွဲဖော်တွေကို ရသွားကြတာလား၊ ထားခဲ့ကြရတာလား ဆိုတာလည်း သိရမှာပါ။ Rating တွေ သိချင်ရင်တော့ Rotten TomatoRating က 48 ဆိုပေမယ့် ပရိတ်သတ်ကတော့ 78မှတ်တောင် ပေးထားတဲ့ ဇာတ်ကားပါ။ IMDb က 5.9ပါတဲ့။ သရုပ်ဆောင်တွေကတော့ Janet Jackson က စလို့ Tyler Perry ထိ ပါ ပါတယ်။ အရမ်းမရင်းနှီးတဲ့ သရုပ်ဆောင်တွေက ပိုများနေတောင် ကြည့်ကြည့်လိုက်ရင် သဘာဝကျလွန်းနေတာ တွေ့ရမှာပါ။ မသိတဲ့ သရုပ်ဆောင် ပိုများတော့ ဇာတ်ကားဆိုတာ မေ့သလိုလို ပိုဖြစ်တာလည်း ပါဦးမှာပါ။ ဇာတ်ကားရဲ့ ဒါရိုက်တာနဲ့ စာရေးဆရာက ဒီဇာတ်ကားထဲကတယ်ရီဆိုတဲ့ ဘဲကြီးပါပဲတဲ့။ ကြည့်လိုက်ရင်တော့ လူတိုင်း တနည်းမဟုတ် တနည်းတွေ့ရရတတ်တဲ့ လူတွေကြားကဆက်ဆံရေးတွေအကြောင်း အများကြီး သိရ၊ ချိန်ညှိကြည့်လို့ရ၊ အဖြေထုတ်လို့ရဖြစ်သွားမှာပါ။ It’s worth it ပါ။ File size… 2.4 GB/ 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 53m Genre ….. Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kaung Myat Thu

Drama • Adventure
5.9 2007 113 mins
Why Did I Get Married?
The Vampire Next Door
4.4

ဒီတစ်ခေါက်မှာတော့ ဒီနှစ်မှာမှ ထွက်ရှိထားတဲ့ Horror ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကမ်မရွန်က အနေအေးတဲ့ introvert လေးတစ်ယောက်ဖြစ်ပြီး လှပ ဆွဲဆောင်မှုရှိတဲ့ ဒိုင်ယန့်ကို အထက်တန်းကျောင်းကတည်းက ကြိတ် crush နေရသူပါ။ ဒိုင်ယန့်ကို သဘောကျပေမဲ့ ဖွင့်မပြောဖြစ်ဘဲ သူငယ်ချင်းစည်းထဲမှာပဲ နေနေရာကနေ သူ့ဘေးအိမ်ကို ကောင်မလေးတစ်ယောက် ပြောင်းလာခဲ့ပါတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ အဲဒီကောင်မလေးက တကယ်တမ်း ဗန်ပိုင်းယားတစ်ယောက်ဖြစ်နေခဲ့ပြီး သူနဲ့ပါ ပတ်သက်ဆက်နွယ်လာခဲ့ချိန်မှာတော့… ကမ်မရွန်တစ်ယောက် crush အလှလေးဒိုင်ယန်နဲ့ အိမ်နီးချင်း အကိတ်ဗန်ပိုင်းယား မမ နှစ်ယောက်ကြားမှာ ဘယ်လိုတွေ ဗျာများရမလဲဆိုတာနဲ့ ဘေးအိမ်ကဗန်ပိုင်းယားက သူနဲ့ဒိုင်ယန့်အတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.7 GB)/(861 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

4.4 2024
The Vampire Next Door
The Eye 2

ဒီဇာတ်ကားကတော့ Shu Qi (ရှုကြည်)အဓိကပါဝင်သရုပ်ဆောင်ထားပြီး IMDb 5.6/10ရရှိထားတဲ့ horrorဇာတ်ကားလေးတစ်ကားပါ။ ဇာတ်လမ်းအညွှန်းကိုပြောရရင်တော့ ရှုကြည်ဟာ သူ့ရည်းစားကသူနဲ့လမ်းခွဲသွားတဲ့အတွက် စိတ်ဓာတ်ကျပြီးတော့ အိပ်ဆေးတွေသောက်ပြီးသတ်သေဖို့လုပ်ရာကနေစပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ သူ့ကိုတွေ့တဲ့သူကတွေ့သွားပြီး ဆေးရုံကိုအမြန်ပို့ကာ အချိန်မှီကယ်လိုက်နိုင်ပေမယ့် အဲဒီနေ့ကစပြီး သူ့ရဲ့ဘဝဟာ အပြောင်းလဲကြီးပြောင်းလဲသွားပါတယ်။ အဲဒါကဘာလဲဆိုတော့ သေခါနီးဖြစ်ရာကနေပြန်ရှင်လာပြီးနောက် သူ့မျက်လုံးကပုံမှန်မဟုတ်တော့ပဲ တစ္ဆေသရဲတွေကိုမြင်လာရတာပါ။ အဲဒီထဲကမှ သူသွားလေရာကိုလိုက်ပြီးခြောက်လှန့်တတ်တဲ့ ထူးဆန်းတဲ့အမျိုးသမီးတစ္ဆေတစ်ကောင်လဲရှိပါသေးတယ်။ ဒီလိုမျိုး နေ့တိုင်းခြောက်ခြားစွာကုန်ဆုံးနေရင်းကနေ သူ့မှာအရင်ရည်းစားနဲ့ကိုယ်ဝန်ရှိနေကြောင်းပါသိလိုက်ရတဲ့အခါ ခံနိုင်ရည်‌ရှိပါတော့မလားဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး။ File size…(1.9 GB)/(959 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero

0 2004
The Eye 2
The Battleship Island
7.1

The Battleship Island (2017) **************************** ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားပြီး ရုံတင်ငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၇သန်းကျော် ရရှိခဲ့တဲ့ အရမ်းအောင်မြင်ခဲ့တဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်… ၂၀၁၇ ခုနှစ်အတွက် တောင်ကိုရီးယားရဲ့ အအောင်မြင်ဆုံး ဇာတ်ကားတွေထဲက တစ်ကားဖြစ်ခဲ့ပြီး သမိုင်းဝင်ဇာတ်ကားတွေထဲမှာလည်း အမြတ်ငွေအများဆုံး ဇာတ်ကားတွေထဲက တစ်ကားဖြစ်ခဲ့ပါတယ်… ဒီဇာတ်လမ်းထဲမှာ အဓိကဇာတ်ဆောင်တွေအဖြစ် မင်းသားကြီး Hwang Jung Minနဲ့အတူ မင်းသား So Ji Sub, Song Joong Ki, မင်းသမီး Lee Jung Hyunတို့က ပါဝင်ထားပါတယ်… ဇာတ်လမ်းအကျဉ်း ————– ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလမှာ ဂျပန်အင်ပါယာလက်အောက်က ဟာရှီးမားကျွန်းပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်တွေကို အခြေခံထားတာပါ… ဒီကျွန်းပေါ်မှာ ဂျပန်တွေက ကိုရီးယားလူမျိုးတွေကို အတင်းအဓမ္မ အလုပ်ခိုင်းပြီး ကျောက်မီးသွေးတွင်းတွေမှာ အလုပ်လုပ်စေခဲ့တယ်… ကျွန်းက လုံခြုံရေးအရမ်းတင်းကျပ်တာကြောင့် ထွက်ပြေးဖို့ လမ်းမရှိသလောက်ပါပဲ…ဂျပန်တွေရဲ့ ဖိနှိပ်မှုဒဏ်ကို မခံနိုင်တော့တဲ့အဆုံးမှာတော့ ကျွန်းပေါ်က ကိုရီးယားအလုပ်သမားပေါင်း ၄၀၀ကျော်ဟာ ထွက်ပြေးဖို့ ကြိုးစားပါတော့တယ်…သူတို့တွေ ဒီကျွန်းကြီးပေါ်ကနေ အမှန်တကယ်ပဲ လွတ်မြောက်သွားနိုင်မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှူခံစားရမှာပဲ ဖြစ်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Phyo Pa Pa Liwn ဖြစ်ပါတယ်… File Size : 3.14GB / 1.24GB Quality : WEB-DL 1080p 5.1ch / 720p Duration : 2h 12m Genres : Action, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Phyo Pa Pa Lwin Encoded by Heather Oo

Animation • Family • Comedy • Fantasy • Adventure
7.1 2017 132 mins
The Battleship Island
Day of Reckoning
5.5

Vampire Diaries နဲ့လူသိများကြတဲ့ မင်းသားချော Zach Roerig ကြမ်းကြမ်းတမ်းတမ်း အက်ရှင် မင်းသားကြီး Scott Atkins နဲ့ Rapper ကြီး Yelawolf တို့ကပါ ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်အားဖြည့် ပေးထားတဲ့ Day Of Reckoning ဆိုတဲ့ အက်ရှင် ဇာတ်ကားကြမ်းအသစ်တစ်ကားကိုတင်ဆက်ပေး လိုက်ပါပြီ။ရဲနဲ့လူဆိုးတို့ယှဉ်ဖိုက်တဲ့ အက်ရှင်ကားဆိုပေမဲ့ မမျှမတကြီးတွေမဟုတ်ဘဲ နှစ်ဖက်လုံးမျှမျှတတ သူ တစ်ပြန်ကိုယ်တစ်ပြန်ကြုံးတဲ့ဇာတ်ကားမျိုးဖြစ်တဲ့အတွက် အက်ရှင်ချစ်သူတွေအတွက်ကတော့ ရှယ်မိုက်မဲ့ကား တစ်ကားပါပဲ။ ဂျွန်ဆိုတဲ့ နယ်မြို့လေးတစ်ခုရဲ့ ရဲမှူးတစ်ယောက်က သူရထားတဲ့ ရဲမှူးဆိုတဲ့ဂုဏ်ပုဒ်နဲ့သေချာကိုက်ညီအောင် မထိန်းသိမ်းနိုင်တဲ့အတွက် အခက်အခဲကြုံတွေ့နေရသူ တစ်ယောက်ဖြစ်ပါတယ်။မိန်းမကလည်း အားမလိုအားမရ တွေဖြစ်ပြီး ဘ၀မှာအဖက်ဖက်ကရှုံးနိမ့်နေသူတစ်ဦး ဖြစ်ပါတယ်။ဒါပေမယ့်တစ်နေ့မှာတော့ သူ့ဘ၀မှာ တောက်ပရမဲ့အခွင့်အရေးတစ်ခုကိုရလာခဲ့ပါတော့တယ်။ အဲ့ဒါကတော့ သူနေနေတဲ့မြို့လေးမှာ ဘဏ်ဓားပြ ၀ရမ်းပြေးရဲ့ကောင်မလေးရှိနေတာပါပဲ။ အဲ့ဒီဓားပြကိုလိုက်ဖမ်းတဲ့ အရာရှိကြီးတွေက အဲ့ဒီ ကောင်မလေးကိုဓားစာခံဖမ်းထားလိုက်ပြီး ဘဏ် ဓားပြလာမှာကိုစောင့်နေတဲ့အချိန်မှာဂျွန်ကလည်း နယ်ခံရဲမှူးအနေနဲ့ တစ်ဖက်တစ်လမ်းကနေ ကူညီ အားဖြည့်ပေးရင်းနဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဘဏ် ဓားပြကြီးကို အမိဖမ်းနိုင်ပါ့မလားဆိုတာတွေကိုရှုစားရမဲ့ ခပ်ကြမ်းကြမ်းအက်ရှင်ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ File size… (1.27 GB) / (808 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 46m Genre …..Action , Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2025 106 mins
Day of Reckoning
Komang
7.8

Komang (2025) ချစ်ရပါသော ကိုမန် Indoတေးရေးတေးဆို ရမ်လာအိုဒီနဲ့ သူ့ရဲ့ဇနီးချောလေး အာဒီတို့ရဲ့ ဖြစ်ရပ်မှန်အချစ်ဇာတ်လမ်းလေးကို အရိုးရှင်းဆုံးသရုပ်ဖော်ထားတဲ့ Docudramaဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါတယ်။ ဘာသာမတူတဲ့လူငယ်နှစ်ယောက်ကြားက သိပ်ကိုရိုးရှင်းပြီး နူးညံ့တဲ့ အချစ်တစ်ခု ဘယ်လိုပေါက်ဖွားလာမလဲ ရှုစားကြပါဦး။ Stand-up comedianပေါက်စ ရမ်လာအိုဒီဟာ ရည်မှန်းချက်ကြီးတဲ့လူငယ်လေးတစ်ယောက်၊ သူ့အိပ်မက်ကလည်း အနုပညာရှင်ကြီးတစ်ယောက် ဖြစ်ချင်တာပါ။ ဒီလိုနဲ့တစ်နေ့မှာ ရမ်လာအိုဒီတစ်ယောက် ဘာလီကနေပြောင်းလာတဲ့ ကိုမန်အာဒီဆိုတဲ့ကောင်မလေးကိုတွေ့ပြီး လူငယ်သဘောသဘာဝ စိတ်ဝင်စားမိပြီး ရင်ထဲပန်းတွေပွင့်လာတာပေါ့။ ဒီလိုနဲ့ အိုဒီတစ်ယောက် အာဒီကိုပိုးပန်းရင်းနဲ့ သူတို့ကြားမှာ သံယောဇဉ်တွေတိုးလာသလို ရင်ခုန်သံတွေလည်း ပိုလို့လာတာပေါ့။ အချစ်ဆိုတဲ့အရာက သိပ်ကိုလှပပေမဲ့ ဘဝကိုတစ်ခုကို အတူတည်ဆောက်ဖို့ ရည်ရွယ်ပြီဆိုရင်တော့ ဖိအားတွေဝင်လာတော့တာပေါ့။ အဲဒီအပြင် တစ်ယောက်ကမွတ်စလင် တစ်ယောက်ကဟိန္ဒူ ဘာသာကလည်းမတူပြန်တော့ နောင်ရေးကိုရင်လေးတာကတစ်ဖက်၊ ဘာသာခြားနေလို့ မိသားစုဖိအားတွေကတစ်ဖုံနဲ့ အခက်အခဲတွေကြားက အိုဒီက အာဒီအပေါ်ထားတဲ့ သူ့ရဲ့အချစ်တွေကို ဘယ်လိုသက်သေပြခဲ့လဲဆိုတာ ရှုစားရအောင်ပါ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM B teamမှပဲဖြစ်ပါတယ်)

Romance • Drama
7.8 2025
Komang