YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Sex Education_S04E07 720p {CM}.mp4

449.62 MB 720p video/mp4 620 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Piggy
6.7

ဆိုက်ကို သည်းထိတ်ရင်ဖို ဇာတ်ကားကြမ်းကြမ်းလေးကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီနေ့မှ လတ်လတ်ဆတ်ဆတ်ထွက်ထားတဲ့ Piggy ဆိုတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးပါရစေ။ နွေရာသီ ကျောင်းပိတ်ရက်မှာ ဆယ်ကျော်သက်အရွယ် ကောင်မလေး ဆာရာဟာ မိဘတွေရဲ့ အသားဆိုင်မှာပဲ နေပြီး အိမ်တွင်းပုန်းနေခဲ့တယ်။ အကြောင်းအရင်းကတော့ ဆာရာဟာ အင်မတန် ဝလွန်းတဲ့ ကောင်မလေးဖြစ်တာကြောင့် အပေါင်းအသင်းတွေကြား အလှောင်ခံ အနိုင်ကျင့်ခံရလို့ပါ။ အမေ ဖြစ်သူဆီကပါ မှိုချိုးမျှစ်ချိုး ပြောခံရတဲ့ ကလေးမလေးပါပဲ။ ဒီလိုနဲ့ တစ်နေ့ မြို့ထဲက ရေကန်လေးတစ်ခုမှာ ဆာရာတစ်ယောက် ရေကူးနေချိန် ရိုစီ မာကာနဲ့ ကလောင်းဒီးရားဆိုတဲ့ ကောင်မလေး ၃ ဦးက ဆာရာ့ကို ပိုက်ကွန်နဲ့ ရေနစ်မလို ဖြစ်တဲ့အထိ အနိုင်ကျင့်ပြီး ဆာရာရဲ့ အဝတ်အစားအိတ်တွေ တဘက်တွေကို ယူသွားခဲ့တယ်။ ဆာရာတစ်ယောက် ဘီကီနီနဲ့ပဲ အိမ်ကို လမ်းလျှောက်ပြန်ခဲ့ရတယ်။ ဆာရာနဲ့ ရေကန်မှာ အတူတူရှိခဲ့ ယောက်ျားတစ်ဦးက ဆာရာကို အနိုင်ကျင့်ခဲ့တဲ့ မာကာကို ကားထဲထည့်ပြီး သွေးသံတရဲရဲနဲ့ ခေါ်သွားခဲ့တယ်။ ဆာရာကိုယ်တိုင်လည်း တွေ့ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ကို အနိုင်ကျင့်ပြီး ရွံစရာလို ဆက်ဆံတဲ့သူကို ဘာလို့ ကယ်တင်ပေးရမှာလဲလို့ ဆာရာ တွေးကြောက်ပြီး ရေငုံနှုတ်ပိတ် နေခဲ့တယ်။ ဒီလိုနဲ့ အလောင်းတွေ ပေါ်လာတဲ့အချိန် ရဲတွေလည်း ပါဝင်ပတ်သက်လာတဲ့အချိန်မှာတော့ ဆာရာတစ်ယောက် ဘယ်လို ဖြေရှင်းမလဲ? အပြစ်လွတ်မှာလား? လူသတ်သမားနဲ့ ပူးပေါင်းမှာလား? လူတစ်ယောက်ရဲ့ ပိန်တာ ဝတာကို အလွန်အကျွံ နှိမ်ချ အနိုင်ကျင့်သူတွေရဲ့ နိဂုံးက ဘာဖြစ်မလဲ? အနိုင်ကျင့်ခံရသူရဲ့ အတွင်းစိတ်ဟာ ဘယ်လောက်ထိ အန္တရာယ်များနိုင်မလဲ? စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားလေးဖြစ်တာမို့ ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ။) File Size          : 1.5GB, 1GB, 412MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 30mins Genre              : Drama, Horror, Thriller Translated by Kit Encoded by Kinnov

Drama
6.7 2022 99 mins
Piggy
[18+]Enter the Void
7.4

(အဖော်အချွတ်နဲ့ SEX အခန်းများပါရှိတာကြောင့်မိသားစုနဲ့အတူမကြည့်သင့်ပါဘူး.) ၂၀၀၉ ခုနှစ်က ထွက်ရှိထားတဲ့ Fantasy/ Drama ဆန်ဆန်ဇာတ်ကားဖြစ်ပြီး after-death သီအိုရီတွေကို visual ပြကွက်အလန်းတွေနဲ့ ပြင်သစ်ဒါရိုက်တာ Gaspar Noe ကတင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကို base ထားတာတော့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာဖြစ်ပါတယ်။ အော်စကာက ဂျပန်မှာ နေနေတဲ့ နိုင်ငံခြားသားလူငယ်တစ်ယောက်ပေါ့။ သူ့အလုပ်က မူးယစ်ဆေးမှောင်ခိုရောင်းတာပါ။ သူ့သူငယ်ချင်းဖြစ်သူ အဲလက်စ်က တခြားအလုပ်ရှာခိုင်းပေမယ့် ကိုယ်တိုင်သုံးရတာကြိုက်တဲ့ အော်စကာက ဆက်ရောင်းမြဲရောင်းနေခဲ့တာပေါ့။ သူ့မှာ လင်ဒါဆိုတဲ့ ညီမတစ်ယောက်ရှိပြီး လင်ဒါက နိုက်ကလပ်မှာ အဖော်ချွတ် အကမယ်လုပ်ပါတယ်။ တစ်နေ့ လက်ထောက်ချခံရပြီး အော်စကာတစ်ယောက် ရဲတွေလက်ကပြေးရင်း သေနတ်နဲ့ပစ်ခံလိုက်ရတဲ့အခါ…. သူတကယ်သေသွားတာလား ဒီလောကထဲမှာ ထပ်ကျင်လည်ရဦးမှာလားဆိုတာကတော့ File Size : (3.6GB)(1.1 GB) and (386 MB) Quality : Blu-Ray1080p5.1CH, 720p Format…mp4 Duration…02:41:00 Genre : Drama , Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by May May Encoded by XYZ

Crime
7.4 2009 161 mins
[18+]Enter the Void
See How They Run
6.5

ဒီရုပ်ရှင်ကတော့ လူသတ်သမားကိုဖော်ရတဲ့ ပဟေဠိအမျိုးအစားပါပဲ။ ဒါပေမဲ့ ဟာသနဲ့ရောစပ်ထားတာမို့ တစ်မျိုးဆန်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ထုံးစံအတိုင်းပါပဲ အဆောက်အဦတစ်ခုထဲမှာ လူတွေ စုနေတဲ့အချိန် လူတစ်ယောက်အသတ်ခံရမယ်၊ သံသယဖြစ်စရာလူတွေရှိမယ်၊ ဝါရင့်စုံထောက်တစ်ယောက်ပါမယ်၊ နောက်ဆုံးမှာမထင်ရဆုံးတစ်ယောက်က တရားခံဖြစ်နေမယ် ဒါမျိုးပေါ့။ ဒီရုပ်ရှင်ထဲမှာတော့ အဓိကနေရာကလန်ဒန်က ပြဇာတ်ရုံကြီးတစ်ခုပါပဲ။ အဲဒီမှာ အက်ဂ်သာခရစ္စတင်းရဲ့ ကြွက်ထောင်ချောက်ဆိုတဲ့ ပြဇာတ်ကိုကပြနေပါတယ်။ လူသတ်ပဟေဠိပြဇာတ်အမျိုးအစားဖြစ်ပြီး အရမ်းအောင်မြင်နေတာကြောင့် အခါ ၁၀၀ လောက် ပြန်ကပြနေရပါတယ်။ အဲဒီပြဇာတ်ရုံကိုပဲ ဒီပြဇာတ်ကို ရုပ်ရှင်ရိုက်ချင်လို့ ရောက်လာတဲ့ အမေရိကန် ဒါရိုက်တာနဲ့ပရိုဂျူဆာတစ်ယောက်ရောက်လာပါတယ်။ အဲဒီမှာ ပြဇာတ် စာရေးဆရာမ၊ ဇာတ်ညွှန်းဆရာ၊ မင်းသား စသည်ဖြင့် လူမျိုးစုံလည်းရှိနေတဲ့အချိန်မှာ အဲဒီအထဲက လူတစ်ယောက် အသတ်ခံလိုက်ရပါတယ်။ အဲဒီအမှုကိုတော့ စုံထောက်ကြီး စတော့ပတ်နဲ့ ရဲမေ ကော့တာ တို့က လာပြီးစုံစမ်းကြတဲ့အခါ ဘာတလွဲတွေဖြစ် ဘာအတည်ပေါက်တွေဖြစ်ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ...ဗြိတိန်လေသံနဲ့ ဗြိတိန်ဟာသတွေပါတော့ တမျိုးလည်းခံစားလို့ကောင်းမှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mr.Anderson ပါ။ ) File Size__(GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__/10 Format__mp4 Duration__01:33:00 Type__Comedy, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Mr.Anderson Encoded by Naing Aung Latt

Action • Fantasy • TV Movie
6.5 2022 98 mins
See How They Run
Ek Villain Returns
5.4

မင်းသားကြီး ဂျွန်အာဘရာဟမ်နဲ့မင်းသားကြီးအရ်ဂျွန်ကပူးနဲ့ မင်းသမီးချောဒစ်ရှာနဲ့ heropantiကချစ်စရာစပ်စလူးစိန်မင်းသမီးလေး တာရာတို့ ရိုက်ကူးထားတဲ့ ရုံတင်ကားသစ်ရပါပြီ ဒီကားက ဗီလိန်နှစ်ယောက်အားပြိုင်တဲ့ကား... တစ်ဖက်သတ်အချစ်တွေ နစ်မွန်းလာတဲ့အခါ လူက စိတ်ထွက်ပေါက်မရှိတော့ဘဲ လုပ်မိလုပ်ရာ လုပ်တတ်ကြရင်း စိတ္တဇဆန်ဆန်ဖြစ်လာတတ်ကြပါတယ်... မပိုင်ဆိုင်ရလည်း တခြားသူလက်ထဲ မပေးအပ်နိုင်ဘူးလို့ စိတ်ဆုံးဖြတ်ပြီးတဲ့နောက် ကိုယ်ချစ်ရသူကို အတ္တဆန်ဆန် အချစ်မျိုးနဲ့ ချစ်လာတတ်ကြပါတယ်... တချို့ကျတော့လည်း ချစ်တော့ချစ်တယ် ဒါပေမဲ့ အသက်အသေခံလိုက်မယ် အရှုံးတော့မခံနိုင်ဘူးဆိုတဲ့ အချစ်မျိုး... ဒီလိုအချစ်မျိုးတွေက လမ်းမှားကိုဆွဲခေါ်သွားနေပေမယ့်လည်း ကိုယ်ကိုယ်တိုင်ကတော့ ဒီအချစ်မျိုးထဲမှာ ပျော်မွေ့နေတတ်ကြပါတယ်... မွန်ဘိုင်းမြို့နယ်အတွင်းမှာ ကောင်မလေးတွေ အသတ်ခံနေရတယ် လိုက်လံစုံစမ်းကြည့်တော့ လူသတ်သမားဟာ ရည်းစားရှိတဲ့မိန်းကလေးတွေကိုပဲ ပစ်မှတ်ထားပြီး ရွေးသတ်နေပါတယ်... ကဲ..ဇာတ်ကားကြည့်ပြီး ဆားပုလင်းနှင်းမောင်သာ လုပ်ပေတော့နော် ဒီဇာတ်ကားမှာ လှည့်ကွက်လေးတွေသုံးထားတာမို့ စိတ်ဝင်တစားကြည့်ရှုရမယ့်အပြင် မင်းသမီးချောလေးနှစ်လက်အပြိုင်ကြဲပြီး လန်းပေးထားလို့ ကြည့်ရကျိုးနပ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်... File size…2.5GB / 1.1GB Quality…1080p Hindi True WEB DL / 720p Format…mp4 Duration….2h 9m Subtitle…Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Drama • Thriller
5.4 2022 127 mins
Ek Villain Returns
The Lord of the Rings: The Fellowship of the Ring
8.4

The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။ စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the rings (LotR) ရုပ်ရှင်တွေဟာ ၂၀၀၁ ကနေ စတင်ပြီးထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံး LotR ရုပ်ရှင် သုံးကားဟာ စုစုပေါင်း Oscar 17 ဆု ရရှိခဲ့ပါတယ်။ ပထမကားက ၄ ဆု၊ ဒုတိယကားက ၂ ဆု နဲ့ သုံးကားမြောက်က ၁၁ ဆု ရရှိခဲ့တာပါ။ သူ့နောက်မှ ထွက်ရှိလာတဲ့ Hobbit သုံးကားကတော့ Oscar တစ်ဆုသာ ရခဲ့ပါတယ်။ LotR ရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ကာလအကန့်အသတ်မရှိ timeless လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ၂၀၀၁ တုန်းက လူတွေကြိုက်ခဲ့သလို ၃၀၀၁ ခုနှစ်မှာလည်း ကြိုက်ကြဦးမှာပါပဲ။ အဓိကကတော့ ဇာတ်လမ်းအတွက် ဝတ်စုံ၊ရိုက်ကွင်းပြင်ဆင်မှုတွေ၊ ရိုက်ချက်တွေ၊ သရုပ်ဆောင်တွေ အသေးစိတ်ကျခဲ့တယ်၊ ခမ်းနားခဲ့တယ်လို့ပြောရမှာပါပဲ။ နောက်ထပ် ချီးကျူးရမှာကတော့ ဇာတ်ညွှန်းပါ။ စာအုပ်ပါ ဖတ်ဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။ အရမ်းကိုကောင်းတဲ့ ဝတ္ထုရှည်ကြီးတစ်ခုကို ကြည့်လို့လည်းကောင်းအောင် အခန်းတွေဖြတ်တောက်ရ၊ ဇာတ်ကောင်တွေ ဖယ်ထုတ်ရတာ မလွယ်လှပါဘူး။ ဒါပေမယ့် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒိုင်ယာလော့တွေ ဇာတ်လမ်းအနိမ့်အမြင့်တွေကိုလည်း အရှိန်တင်ပေးသွားတာ အံ့သြလောက်ပါတယ်။ ဥပမာ - လက်စွပ်ကို ဖျက်ဆီးဖို့ ဆွေးနွေးကြတဲ့အခန်းမှာ ဝတ္ထုအတိုင်းဆို အယ်ရွန်က အားလုံးကို ကြိုတင်မိတ်ဆက်၊ သမိုင်းကို ပြောပြပြီးမှ စတင်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဒီအတိုင်း ဆွေးနွေးကြရင်း ဘိုမီရာက အာရာဂွန်ကို အထင်သေးစကားပြောချိန်မှာ လီဂိုးလက်စ်က ထပြောလိုက်တဲ့အခန်းမျိုး ပြင်လိုက်ခြင်းအားဖြင့် ဇာတ်ရှိန် တက်သွားတာ ရှိပါတယ်။ ပြီးတော့ အာရာဂွန်ဟာ ထီးနန်းကို ဆက်တိုက်ငြင်းပယ်ခဲ့တာ၊ Andúril ဓားကို နောက်ဆုံးအချိန်မှ ပြန်ပြင်တာတွေဟာ ဇာတ်ရှိန်ပိုတက်စေတဲ့ ပညာပါပဲ။ ပြီးတော့ ဆာရူးမန်းကို သေခိုင်းတဲ့ ဇာတ်ညွှန်းမျိုးဟာ အတော်လေးကို ရဲတင်းရာကျပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ စာအုပ်ထဲမှာ ဆာရူးမန်းဟာ ထွက်ပြေးသွားခဲ့ပါတယ်။ လက်စွပ်ကိုဖျက်ဆီးပြီးလို့ ဟော့ဘစ်တွေ ရှိုင်းယားကို ပြန်လာချိန်မှာ ဆာရူးမန်းနဲ့ ထပ်ပြီးရင်ဆိုင်ကြရပါသေးတယ်။ ဒါတွေကို ဖျက်ပစ်လိုက်ပေမယ့် ရုပ်ရှင်က ညံ့မသွားခဲ့တာကို တွေ့မှာပါ။ ဒါကတော့ ဇာတ်ညွှန်းဆရာတွေရဲ့ အရည်အချင်းတွေပါပဲ။ ၁ မျက်နှာ ဖန်တရာတေ ဇာတ်ညွှန်းဆရာတွေ လေ့လာသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း =========== Three Rings for the Elven-kings under the sky, Seven for the Dwarf-lords in their halls of stone, Nine for Mortal Men doomed to die, One for the Dark Lord on his dark throne In the Land of Mordor where the Shadows lie. One Ring to rule them all, One Ring to find them, One Ring to bring them all, and in the darkness bind them, In the Land of Mordor where the Shadows lie. ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။ Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။ လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။ ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာ နတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်………. ဒီလောက်ဆို ဒီရုပ်ရှင်တွေကို ဆက်ပြီးခံစားဖို့ လုံလောက်မှာပါ။ LotR ဇာတ်လမ်းမှာ အရေးပါခဲ့တဲ့ ကဗျာတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ All that is gold does not glitter Not all those who wander are lost; The old that is strong does not wither, Deep roots are not reached by the frost. From the ashes, a fire shall be woken, A light from the shadows shall spring; Renewed shall be blade that was broken, The crownless again shall be king ရွှေအဆင်းအတိနဲ့အရာဟာ တစ်လက်လက် တောက်ပမနေတတ်ပါဘူး လှည့်လည်နေသူတိုင်းဟာလည်း လမ်းပျောက်နေကြတာမဟုတ်ပါ အိုမင်းပေမယ့် ကြံ့ခိုင်သူဟာ ဆွေးမြေ့မလာတတ်ပါ နက်ရှိုင်းလွန်းတဲ့ အမြစ်တွေဟာ သစ်တောနဲ့ အလှမ်းကွာစမြဲ ပြာပုံကြားကနေ မီးတောက်နိုးထလာချိန် အမှောင်တွေထဲက အလင်းတန်းတစ်ခု ဖြန်းပက်လာရင်း ကျိုးပဲ့သွားခဲ့တဲ့ဓားကို ပြန်လည်ပြုပြင်ပြီးချိန်မှာ သရဖူမဲ့နေခဲ့သူဟာ ဘုရင်ပြန်လည်ဖြစ်လာမှာပါ။ (1) The Fellowship of The Ring(အော်စကာ ဆန်ကာတင် ၁၃ နေရာရရှိပြီး အော်စကာ ၄ဆု ရရှိခဲ့) (မူရင်းရုပ်ရှင်ဗားရှင်းမှာ ၃နာရီ ကြာမြင့်ပြီး လက်ရှိ Extended Versionမှာ ၃ နာရီခွဲ ကြာမြင့်) (2) The Two Towers (အော်စကာ ဆန်ကာတင် ၆ နေရာရရှိပြီး ၂ ဆု ရရှိခဲ့) (မူလဗားရှင်းမှာ ၃ နာရီကြာမြင့်ပြီး Ext.version မှာ ၃ နာရီ ၄၀ မိနစ် ကြာမြင့်) (3) The Return of The King (အော်စကာ ဆန်ကာတင် ၁၁ နေရာရရှိခဲ့ရာတွင် ၁၁ ဆုလုံးအား စံချိန်တင်ရရှိသွားခဲ့) (မူလဗားရှင်းမှာ ၃ နာရီ မိနစ် ၂၀ ဖြစ်ပြီး ext.version မှာ ၄ နာရီ ၁၁ မိနစ်ကြာမြင့်) The Lord of the Rings ဟာ ရုပ်ရှင်သမိုင်းရဲ့ အကြီးကျယ်ဆုံး အအောင်မြင်ဆုံးရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပါတယ်။ အောင်မြင်မှုတွေကိုကတော့ တွေ့တဲ့အတိုင်းဖြစ်ပြီး RT မှာ rating 90% အထက် IMDb မှာ 8 အထက်တွေချည်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ခဏဏကြည့်ခဲ့ရပေမယ့် Thea.version နဲ့ Extended Version ၂ ခုလုံးကိုတော့ လူတိုင်းကြည့်ဖြစ်မယ်မထင်သေးပါဘူး။ တကယ်လို့ မိတ်ဆွေဟာ LOTR ကို ၉နာရီအစအဆုံးပဲ runကြည့်ဖူးတယ်ဆိုမပြည့်စုံသေးဘူးလို့ ပြောလိုက်ပါရစေ။ တစ်ခေါက်လောက် ၁၂ နာရီ ဗားရှင်းလေး runကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ File size…(8.1 GB) and (3.4 GB) Quality….Extended BluRay 4K HDR & 1080p HEVC Format…mkv Duration….03:48:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Dr.Nyan

Drama • Sci-Fi & Fantasy
8.4 2001 179 mins
The Lord of the Rings: The Fellowship of the Ring
Fools Rush In
6.1

Fools Rush In (1997) ပညာရှိစကားတစ်ခွန်း ကြားဖူးကြမလား။ အမိုက်အမဲတွေသာ အလျင်စလိုပြုတတ်ကြတယ် တဲ့။ အချစ်ကရော အလျင်စလိုပြုသင့်တဲ့အထဲမှာပါသလား။ အလျင်စလိုလုပ်ခြင်းက အမှားတစ်သိန်းကို ယူဆောင်လာနိုင်တယ်ဆိုရင် လျှပ်တပြက်အချစ်ကရော အမှားအယွင်းတစ်ခုလား။ အို… အချစ်ဆိုတာ အမှားတစ်ခုဆိုရင် ကျွန်တော်ဟာ အမှန်တရားကို အလိုမရှိပါဘူး။ အမှားကမ္ဘာထဲမှာ အချစ်နဲ့နေထိုင်ချင်တယ်။ အချစ်နဲ့တည်ဆောက်တဲ့နန်းတော်မှာ ချစ်သူရဲ့ ရယ်မောခြင်းတေးသံတွေ နားဆင်ချင်တယ်။ ချစ်ခြင်းမှာ သက်ဆင်းဖို့အခွင့်အရေးကို စစ်ခင်းလို့တောင် ယူလိုက်ချင်ပါရဲ့။ အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ အချစ်ကားလေးပါ။ အနုပညာသမား ကင်မရာကိုင်တဲ့ကောင်မလေးနဲ့ ဆောက်လုပ်ရေး ကွင်းဆင်းသမားကောင်လေးတစ်ယောက်ရဲ့ တစ်ညတာ ဖုတ်ဖက်ခါအချစ်ကနေ ကိုယ်ဝန်ရသွားတဲ့အခါမှာ ဇာတ်လမ်းစပါတယ်။ ယဉ်ကျေးမှုမတူ၊ အသိုင်းအဝန်းမတူ၊ အဆိုးဆုံးက ဘာသာမတူ (ဂိုဏ်းကွဲ) ဖြစ်လာတဲ့အခါ အချစ်ကို ပြဿနာတွေက ဖုံးလွှမ်းသွားတဲ့အဖြစ်ရယ်ပေါ့။ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်ကြပြီး ခြောက်ရက်အတွင်း လင်မယားပြတ်စဲမှုအရာရောက်မှာဖြစ်ပေမယ့် ခြောက်ရက်အတွင်းမှာပဲ အပြောင်းအလဲတွေဖြစ်လာတဲ့အခါ သိပ်ကိုလှပတဲ့ ချစ်ခြင်းရဲ့မောင်းနှင်မှုကို လူကြီးမင်းတို့ ရှုစားဖို့ရှိပါတယ်။ မင်းသားကြီးကတော့ Matthew Perry ပါ။ သူ့ရဲ့ ငယ်ရွယ်စဉ် ခံ့ညားတင့်တယ်မှုကို မြင်တွေ့ရဖို့ရှိပါတယ်။ မင်းသမီးကြီးကတော့ မသိသူ မရှိလောက်တဲ့ Salma Hayek ဖြစ်ပြီး သူ့ကို လောလောလတ်လတ် Puss in Boots 2 မှာ Kitty Softpaws အဖြစ် တွေ့မြင်ခဲ့ရမှာပါနော်။ သူတို့နှစ်ဦး ခေါင်းဆောင်တဲ့ ဒီအချစ်ကားလေးကို နွေလေရူးနဲ့အတူ ဆွေးဆွေးမြေ့မြေ့ ရှုစားလိုက်ကြပါဦးလို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 780MB Quality – 1080p, 720p IMDb Rating – 6.1/10 Format – mp4 Duration – 1H 49Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

6.1 1997
Fools Rush In
Forgotten Love
7.6

Forgotten Love (2023) ~ IMDb rating – 7.6/10 ~ ထူးချွန်ပြီး စေတနာထားတဲ့ ဆရာ၀န်ကောင်းတစ်ယောက်အကြောင်း ပိုလန် ဒရာမာ ဇာတ်လမ်းကောင်းလေးလာပါပြီ။ ပါမောက္ခ ရာဖာဝီကျူရာဟာ အရမ်းတော်တဲ့ ခွဲစိတ်ဆရာ၀န်တစ်ယောက်ဖြစ်ပြီး မရှိဆင်းရဲသားတွေအတွက်ပါ ခွဲစိတ်ဌာနဖွင့်ပေးခဲ့တဲ့ နာမည်ကျော် လူအများလေးစားခံရသူပါ။ သူ့အိမ်ထောင်ရေးကတော့ အဆင်မပြေပါဘူး။ ဇနီးဖြစ်သူက သမီးလေးပါခေါ်ပြီး တခြားသူနောက်လိုက်သွားတဲ့အခါ ကြေကွဲပြီး လိုက်ရှာနေရင်း လူမိုက်တစ်အုပ်ဓားပြတိုက်တာခံရပြီး အသတ်ခံရရပါလေရော။ သူအသတ်ခံရတာကို မြင်တဲ့ လုပ်ဖော်ကိုင်ဖက်ဆရာ၀န်က ဝီကျူရာနေရာကိုလိုချင်လို့ မကယ်ဘဲထားခဲ့တဲ့အခါ… အားလုံးက ဇနီးနဲ့သမီးထားခဲ့လို့ ကိုယ့်ကိုယ်ကိုယ်သတ်သေတာဆိုပြီး မှတ်ယူလိုက်ကြပါတယ်။ အမှန်တကယ်က ဝီကျူရာတစ်ယောက် အတိတ်မေ့သွားပြီး ရွာလေးတစ်ရွာမှာ နေနေခဲ့တာပါ။ ဆေးကုတဲ့အတတ်ပညာကတော့ ကျန်နေပြီး ရွာသားတွေကို အခမဲ့ ကုသပေးနေခဲ့ပါတယ်။ ကံတရားအရ ကွဲကွာသွားတဲ့ သမီးလေးမာဟီရှာနဲ့ဆုံခဲ့ပြီး မသိစိတ်ကရင်းနှီးနေရင်း အသက်ပါကယ်‌ပေးဖို့အကြောင်းဖန်လာတဲ့အခါ… အတိတ်မေ့နေတဲ့ ဒေါက်တာဝီကျူရာ ဘယ်လိုပြသာနာတွေကြုံရဦးမလဲ… သမီးလေးကိုရော ပြန်မှတ်မိပါ့မလားဆိုတာ… ဆက်လက်ရှူစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 1GB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 2H 20Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

7.6 2023
Forgotten Love
Let Me Have My Son
7.3

(function(f,b,n,j,x,e){})(); ဒီဇာတ်ကားကတော့ 2023ကမှထွက်ထားပြီး ဖြစ်ရပ်မှန်အကြောင်းရိုက်ထားတဲ့ Dramaကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ စိတ်ကျန်းမာရေးဆေးရုံကိုရောက်နေတဲ့ သားအတွက် စိတ်မချနိုင်ဘဲ စိတ်သောကရောက်နေရရှာတဲ့ အဖေတစ်ယောက်အကြောင်းကို အဓိကထားပြီး ရိုက်ကူးပြထားတာပါ။ ဇာတ်လမ်းအညွှန်းကတော့ အငြိမ်းစားတစ်ယောက်ဖြစ်တဲ့ ဘင်ဂျမင်ဟာ စိတ်ကျန်းမာရေးဆေးရုံကိုရောက်နေတဲ့သားနဲ့ အရမ်းတွေ့ချင်နေသူပါ။ သူ့ဆန္ဒတွေပြည့်ဝတဲ့ တစ်ရက်မှာတော့ ထိုဆေးရုံကနေ ဘင်ဂျမင်ဆီကို ဖုန်းဆက်လာပါတယ်။ ထိုသို့ဖုန်းဆက်တာဟာ သူ့သားနဲ့တွေ့ပေးဖို့တင်မဟုတ်ပဲ သူ့သားက ဆေးရုံကဆင်းခွင့်ရပြီဖြစ်ကြောင်း၊ အိမ်ကိုပြန်ခေါ်သွားလို့ရပြီဖြစ်ကြောင်းဖုန်းဆက်တာပါ။ ဒီတော့ ဘင်ဂျမင်ဟာ အပျော်လွန်ပြီး ချက်ခြင်းပဲ စိတ်ကျန်းမာရေးဆေးရုံကိုထွက်လာပါတော့တယ်။ ဒါပေမဲ့ ဆေးရုံကိုရောက်တော့ သူ့သားကို လုံးဝရှာလို့မတွေ့ဘဲ ဘယ်ပျောက်လို့ပျောက်မှန်းမသိ ပျောက်သွားပါတယ်။ ဆေးရုံကလူတွေတောင် သူ့သားဘယ်ပျောက်သွားလဲဆိုတာကို လုံးဝမသိကြပါဘူး။ အဲဒီလိုနဲ့ သူဟာ သူ့သားကိုပြန်ရှာလို့တွေ့မှာလား? သူ့ကိုဖုန်းဆက်တာကရော တကယ့်ဆေးရုံကဆက်တာဟုတ်ရဲ့လားဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး။ File size…(1.7 GB)/(940 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:59:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero

7.3 2023 120 mins
Let Me Have My Son
Delibal
6.7

“သိပ်ကိုချိုမြတဲ့ပျားရည်တစ်စက်ဟာ တစ်ခါတရံမှာ သိပ်ကိုခါးသက်တဲ့ အဆိပ်တစ်ခွက် ဖြစ်နေတတ်ပါသတဲ့” CM ပရိသတ်ကြီးအတွက် ရိုမန့်စ်ဒရာမာကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ ဗိသုကာပညာဗေဒကျောင်းသားလေး ဘားရစ်စ်က သူ့ဝါသနာဖြစ်တဲ့ သီချင်းတွေကိုလုပ်ရင်း ဘဝကို ပျော်ပျော်ပဲ နေတတ်တဲ့သူတစ်ယောက်ပါ။ ဖူဆွန်ဆိုတဲ့ ကောင်မလေးကို ပထမဆုံးမြင်လိုက်ရတဲ့ အခါမှာတော့ ဘဝမှာ တစ်ခါမှမချစ်ဘူးတဲ့ အချစ်တွေနဲ့ ကောင်မလေးကို မြင်မြင်ချင်း ချစ်မိသွားခဲ့ပါတော့တယ်။ နာမည်လည်း မသိ၊ ကောင်မလေးအကြောင်း ဘာမှမသိဘဲ ချစ်မိသွားလေတော့ ကောင်မလေးကို ရှာပုံတော်ထွက် ရပါတော့တယ်။ သူ့ရဲ့အချစ်တွေက စစ်မှန်ခဲ့တော့ သူချစ်တဲ့ ကောင်မလေးကို ရှာတွေ့သွားပါတယ်။ သူချစ်တဲ့ကောင်မလေး ဖူဆွန်ကတော့ အချစ်ဆိုတာ ဘာမှန်းမသိ အဖေရဲ့ဖြစ်ချင်စေတဲ့ဆန္ဒတွေနဲ့ အတူ ယူအက်စ်မှာ မာစတာဘွဲ့ယူဖို့အတွက် စာဆိုမှစာပဲ လုပ်ပြီး ကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။ ဒီလိုကောင်မလေးမျိုးကို ချစ်မိသွားတဲ့ ဘားရစ်စ်ကတော့ ကောင်မလေးကို ကြိုးစားလိုက်ရင်းနဲ့ နောက်ဆုံးတော့ ကောင်မလေးအချစ်ကို ရသွားပါတော့တယ်။ အဲဒီနောက်ပိုင်းမှာတော့ သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးက ပုံပြင်ထဲက နတ်သမီးပုံပြင်တွေလိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ နှစ်ယောက်သား လက်ထပ်လိုက်ကြပါတော့တယ်။ ချစ်သူဘဝနဲ့ အိမ်ထောင်ရေးဆိုတာ ဆီနဲ့ရေလိုကွာခြားနေတယ်ဆိုတဲ့ အတိုင်းပဲ သူတို့နှစ်ယောက်လက်ထပ်ပြီးနောက်ပိုင်းမှာတော့ ရုတ်တရက်ကြီး ဘာမှမပြောမဆိုနဲ့ ဘားရစ်စ်တစ်ယောက် အစအန မကျန်လောက်အောင် ခြေရာဖျောက်သွားချိန်မှာတော့……. ဒီလောက်ချစ်ကြတဲ့နှစ်ယောက် ဘာပြဿနာတွေများရှိလို့ ဘားရစ်စ် တစ်ယောက်ဒီလိုလုပ်သွားရတာလဲ ဆိုတာကို အဖြေရှာကြည့်ရှူရင်း သူတို့နှစ်ယောက်ရဲ့ ချစ်သူရည်းစားဘဝက တစ်ယောက်အပေါ် တစ်ယောက် ချစ်တတ်ပုံလေးတွေ ကြင်နာတတ်ပုံလေးတွေနဲ့ အကြင်လင်မယားဘဝကို နှစ်ကိုယ်တူဖြတ်သန်းကြပုံလေးကို စောင်ကိုက်ရင်း ကြည့်ရှုခံစားလိုက်ရအောင်ပါ။ File size…1.95 GB / 0.99 GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 57m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TD

6.7 2015
Delibal
Walk Hard: The Dewey Cox Story
6.8

(ကိုယ်လုံးတီးခန်းများ လိင်ဆက်ဆံခန်းများပါဝင်သဖြင့် မိသားစုဖြင့်ကြည့်ရှုရန်မသင့်တော်ပါ) အတ္တုပတ္တိ( Biopic) ရုပ်ရှင်တွေ အထူးသဖြင့် ဂီတလို့ ပြောလိုက်တာနဲ့ ကြည့်ရှုသူ အများစုကတော့ သိကြမှာပါပဲ။ အဆိုတော် ဒါမှမဟုတ် ဂီတလောကရဲ့ အနပညာရှင် တစ်ယောက်ယောက်ဖြစ်မယ်။ လူဖြူလည်းဖြစ်မယ် လူမည်းလည်း ဖြစ်ရင်ဖြစ်မယ်။ သူတို့ရဲ့ ဘ၀ခရီးလမ်း အခက်အခဲတွေ ဘယ်လိုမျိုး ကျော်ဖြတ်လာရမလဲဆိုတာကို ဝေဆာနေအောင် ကွန့်မြူးပြီး ပြောကြမယ်။ ဒါပေမဲ့ ဒီကားကတော့ ဒီလိုမဟုတ်ဘူး။ ဖန်တရာတေဒီဇာတ်ကြောင်းတွေပဲ ထပ်နေတဲ့ ဒီရုပ်ရှင် အမျိုးအစားထဲကကိုမှ တကယ်မရှိတဲ့ ဒူဝီ ကော့စ် ဆိုတဲ့ အဆိုတော်ကို ဖန်တီးပြီး ဒီရုပ်ရှင်တွေကိုပဲ အကြီးအကျယ် ပြန်ဖဲ့သွားတာမျိုးဗျ။ ဥပမာ ပြောရရင် ဒီအဆိုတော်က ငယ်ငယ်က တခုခုကြောင့် စိတ်ဒဏ်ရာရပြီး တစ်ခုခုဖြစ်နေရမယ်။ ဒီကားမှာကတော့ ဘာမဆိုင် ညာမဆိုင် တောခုတ်ဓားတစ်ချောင်းကြောင့် မင်းသားအကိုသေပြီး မင်းသားက စိတ်ဒဏ်ရာ ရသွားတာမျိုးက စလှော်တော့တာပါပဲ။ ဂီတ အကျော်အမော်ကြီးတွေဖြစ်ကြတဲ့Bob Dylan, The Beatles, Elvisက အစ လူပေါင်းစုံရဲ့ စတိုင်တွေ အကုန်ပြောင်။ အဲဒါမှ အားကိုမရသေးရင် အဓိပ္ပါယ်နှစ်ခွနဲ့ အောက်လုံး သီချင်းတွေကို မင်းသားကဆိုပြလိုက်ရမှ။ မကျေနပ်သေးဘူးလား။ ဒါဆိုရင်လည်း ထုံးစံအတိုင်း ဆေးစွဲ မိန်းမရှုပ်တဲ့အခန်းတွေလာမယ်။ ဒါပေမဲ့ ဒိုင်ယာလော့တွေနဲ့ မြင်တွေ့နေကျ ဇာတ်၀င်ခန်းတွေကို လှော်ချက်တွေက တခွီးခွီးရယ်နေရမှာမျိုးတွေပေါ့။ Biopic ကိုမှ ကြိုက်နှစ်သက်ကြတဲ့CMပရိတ်သတ်ကြီးအတွက် နောက်နောင် Biopic တွေကြည့်တိုင်း အမှတ်ရနေမယ့် ကားကောင်းလေး တစ်ခုဖြစ်တဲ့အတွက် ကြည့်ရှုအားပေးကြပါဦးခင်ဗျ။ File size… 2.2 GB / 921 MB Quality… BluRay Extended 1080p / 720p Format… mp4 Duration…. 1h 36m Genre ….. Comedy/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman

6.8 2007 96 mins
Walk Hard: The Dewey Cox Story
Nadanna Sambhavam
6.4

Nandanna Samhbavam (2024) “လွတ်မြောက်ရာ” IMDb – 6.4/10 ခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ မလေယာလမ် မိသားစုဒရာမာ ရုပ်ရှင်ကားလေးပါ။ မလေယာလမ်းမင်းသားကြီး ဘီဂျူးမီနွန် သရုပ်ဆောင်ထားပြီး ရုပ်ရှင်ဝေဖန်သူတို့ရဲ့ ဝေဖန်သံတွေအမျိုးမျိုးကြားက ရုံတင်ငွေ အောင်မြင်ခဲ့တဲ့ကားလေးလဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ကြေးရတတ်အသိုင်းအဝိုင်းတွေနေကြတဲ့ရပ်ကွက်ကို မိသားစုတစ်ခု အိမ်ပြောင်းလာတာကနေစပါတယ်။ ချစ်စရာသမီးလေးရယ် ဇနီးချောလေးရယ်နဲ့ ပျော်ရွှင်တဲ့မိသားစုတစ်ခုကိုဦးဆောင်နေတဲ့ အူနီ။ နေတတ်ထိုင်တတ်တဲ့သူ့ကို ပတ်ဝန်းကျင်က အမျိုးသမီးတွေက အထင်ကြီးလေးစားပြီး အရောတဝင်ရှိကြတာပေါ့။ ဒါကိုပဲ မကြိုက်ကြတဲ့ ခင်ပွန်းသည်တွေ ယောကျ်ားသားတွေက ဒီဘဲ ဘာအထာလားဖြစ်ကြရော။ အမြင်မကြည်တာတွေကနေစပြီး တစ်စတစ်စနဲ့ ပြဿနာတွေတက် ရုံးရောက်ဂါတ်ရောက်ဖြစ်ရာကစ ပိုပိုပြီးကြီးထွားလာတဲ့ ပြဿနာတွေကြားမှာ ဒီမိသားစုလေး ပျော်ရွှင်စွာနေနိုင်ပါ့မလားဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

6.4 2024
Nadanna Sambhavam
Midnight FM
6.5

Midnight FM (2010) ******************* ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အားလုံးရဲ့ အချစ်တော် Ma Dong Seok မင်းသားကြီး Yoo Ji Tae နဲ့ The Flu ထဲက မင်းသမီး Park Soo Ae ပါဝင်ထားတဲ့ Midnigt FM ဆိုတဲ့ မှုခင်းဇာတ်ကားလေးအကြောင်း ပြောပြပေးချင်ပါတယ် .. နာမည်ကြီးရေဒီယိုအစီအစဉ်တင်ဆက်သူ ဂိုဆွန်းယောင်း(Soo Ae) က သမီးဖြစ်သူရဲ့ကျန်းမာရေးကြောင့် ရေဒီယိုဒီဂျေအလုပ်ကနေ အနားယူဖို့စီစဉ်ခဲ့ပါတယ်။ အနားမယူခင်နောက်ဆုံးနေ့မှာ အမှတ်တရဖြစ်သွား‌‌အောင် သူ့အစီအစဉ်ရဲ့ ပရိတ်သတ်‌တွေထဲက တစ်‌ယောက်ဖြစ်တဲ့ ဒေါ့ထယ်(Ma Dong Seok)ကို သူမရဲ့အစီအစဉ်မှာ ပါဝင်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ပုံမှန်အတိုင်း အစီအစဉ် တင်ဆက်နေရင်းနဲ့ ရုတ်တရက် သူမဆီ ဖုန်းဝင်လာပြီးတော့ သူမရဲ့ညီမဖြစ်သူနဲ့ ကလေးတွေကို ဖမ်းဆီးထားပြီး သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်လာခဲ့ပါတယ်။ ညီမဖြစ်သူနဲ့ ကလေး‌တွေကို လူသတ်သမားရန်ကနေ ကယ်တင်နိုင်ဖို့ဆိုရင် လူသတ်သမားပေးတဲ့ မေးခွန်းတွေကို မှန်မှန်ကန်ကန်နဲ့ ဖြေဆိုရမှာပဲဖြစ်ပါတယ်။ ဒီ‌‌တော့ ဂိုဆွန်းယောင်းအနေနဲ့ လူသတ်သမားလက်‌ကနေ ညီမနဲ့က‌လေးတွေကို ဘယ်လိုနည်းနဲ့ကယ်တင်မလဲ။ ဆွန်းယောင်းရဲ့ပရိတ်သတ်ဖြစ်တဲ့ ဒေါ့ထယ်ကလည်း ဘယ်လို‌တွေ ကူညီ‌‌ပေးသွားမလဲဆိုတာကို ဒီကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ပါဦးနော် .. (အညွှန်းကို Estel မှ ရေးသားပေးထားပါတယ်) File size…1.38GB / 591MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 46 min. Genre ….. Action, Thriller, Mystery, Psychological Subtitle….Myanmar Subtitle (Hard Sub) Translated by Estel Encoded by AHtet

6.5 2010 106 mins
Midnight FM
Jin-Roh: The Wolf Brigade

ဒီနေ့မှာတော့ IMDb rating 7.3 ရရှိထားတဲ့ American release anime film လေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Political thriller အမျိုးအစားဖြစ်တဲ့ “Jin-Roh: The Wolf Brigade” anime ထဲမှာဆိုရင် ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နိုင်ငံရဲ့ အခြားတစ်ဖက်မှာ ဖြစ်ပေါ်နေတဲ့ လူမှုရေးမငြိမ်မသက်မှုတွေနဲ့ နိုင်ငံရေးပဋိပက္ခတွေအကြောင်း သည်းထိတ်ရင်ဖိုကြည့်ရှူခံစားရမှာဖြစ်ပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ Kazuki Fuse ဟာဆိုရင် မြို့တော်ရဲအဖွဲ့ရဲ့ အထူးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူ့ရှေ့မှာ မိန်းကလေးငယ်တစ်ဦး ဗုံးဖောက်ခွဲတာကို မျက်မြင်တွေ့ ရှိခဲ့ရပြီးနောက် စိတ်ဒဏ်ရာရသွားခဲ့ပါတယ်။ Fuse နဲ့ အဲ့မိန်းကလေးရဲ့အစ်မနဲ့ ပြန်တွေ့ပြီး ဘာတွေဆက်ဖြစ်ကြမှာလဲ။ Wolf Brigade ကရော ဘယ်လိုအဖွဲ့အစည်းလဲ အစရှိတာတွေကို ဒီ anime ထဲမှာ ဆက်လက်‌ကြည့်ရှုခံစားနိုင်ပါတယ်။ အန်နီမေးရှင်းလက်ရာကလည်း အမိုက်စားမို့ သည်းထိတ်ရင်ဖို anime film ကြည့်ရတာ စိတ်ဝင်စားတဲ့သူတွေအတွက် အကြည့်သင့်ဆုံးလက်ရာတစ်ပုဒ်ဖြစ်ပါတယ်။ File size… (1.3 GB) / (772 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Drama, Romance Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Theint Waddy Lynn

Action • History • Drama • War
0 1999
Jin-Roh: The Wolf Brigade
Risky Business Modal Nekad
6.9

Risky Business (2024) IMDb Rating (6.9) ညီအစ်ကိုသုံးယောက်ရှိတယ်။ အစ်ကိုကြီးက ကွာရှင်းခံထားရပြီး သမီးလေးကိုပါ အုပ်ထိန်းခွင့်မရတဲ့ ငွေမရှိတဲ့သူ။ အလတ်က လိမ်စားညာစား ငတေငပွေ။ အငယ်ဆုံးက ကျောင်းပြီးဖို ရရာအလုပ်လုပ်ရင်း ကြပ်တည်းနေတဲ့လူ။ ဒုက္ခညီအစ်ကို၃ယောက်ပေါ့။ ငွေမရှိကြသလို ငွေကလည်း အရေးတကြီးလိုနေကြတဲ့သူတွေဖြစ်နေတော့ သူတိုတွေ သူဌေးအိမ်က တီဗီတစ်လုံးခိုးဖိုသွားကြတယ်။ အဲဒီတီဗီဈေးကလည်း သန်းနဲ့ချီနေတော့ ငပွေအလတ်ရဲ့ အစီအစဉ်ထဲ ခက်ခဲနေတဲ့ ကျန်တဲ့ညီအစ်ကိုနှစ်ယောက်ပါလာခဲ့တယ်။ ဒါပေမဲ့ သူတိုသွားခိုးတာက ဂန်းစတားကြီးအိမ်ဖြစ်နေတဲ့နောက် ဘာတွေဆက်ဖြစ်လာမလဲ ဟာသတစ်ပုံပင်နဲ့ ကြည့်ရမယ့် အင်ဒိုနီးရှားရုပ်ရှင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.7 GB) / (900 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Crime,Drama Duration….01:48:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Thriller • Crime • Mystery
6.9 2024 107 mins
Risky Business Modal Nekad
Built 2 Kill
4

Built 2 Kill (2024) IMDb Rating (4.0) ၂၀၂၀က ထွက်ရှိခဲ့တဲ့ Built to Killဆိုတဲ့ ဟော်ရာရုပ်ရှင်ရဲ့ နောက်ဆက်တွဲအနေနဲ့ထွက်ရှိလာခဲ့တာပါ။ ပထမရုပ်ရှင်လို ဟော်ရာဇာတ်လမ်းတိုတွေနဲ့ ဆိုက်ကိုဆန်ဆန် ရိုက်ကူးထားတင်ဆက်ထားတာကိုမြင်တွေ့ကြရမှာပါပဲ။ ဇာတ်လမ်းတိုင်းမှာ အမျိုးသမီးဇာတ်ကောင်တွေကိုအဓိကထားပြီး ခပ်ဆန်းဆန်းဇာတ်လမ်းတွေနဲ့တင်ဆက်ထားပါတယ်။ နှစ်သစ်ကူးအကြိုညမှာ ပိုက်ဆံပိုရလို့ ကလေးထိန်းအလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ကောင်မလေးတစ်ယောက်ရဲ့ကြောက်စရာညလိုမျိုး၊ နျူကလီးယားဗုံးရဲ့ ထိပ်ဖူးကို ကိုးကွယ်ကြတဲ့ အစွန်းရောက်အဖွဲ့ဆီဗုံးဖြုတ်ဖို့လွှတ်လိုက်တဲ့ မိန်းကလေးက ကာလာဘလိုင်းဖြစ်နေတာတို့တွေလို ထင်ရာစိုင်းရိုက်ကူးတင်ဆက်ထားတဲ့ခပ်ဆန်းဆန်း ဟော်ရာဇာတ်လမ်းတိုတွေကို ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size…(2.4 GB) / (1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….02:14:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Pyae Phyo

Drama
4 2024 134 mins
Built 2 Kill