YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Sex Education_S04E02 720p {CM}.mp4

423.72 MB N/A video/mp4 1012 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ice Road Killer
5

ဟယ်လန်ဟာ သမီးဖြစ်သူ လော်ရာကို ကောလိပ်သွားကြိုပြီး မြောက်ပိုင်းက သူတို့ရဲ့ သစ်သားအိမ်လေးကို သွားဖို့ ကြံရွယ်ထားခဲ့ပါတယ်။ မြောက်ပိုင်းဟာလည်း ပြင်းထန်တဲ့နှင်းမုန်တိုင်းကြောင့် ရာသီဥတုအခြေအနေ လမ်းအခြေအနေ အတော်ကလေး ဆိုးရွားလို့ နေပါတယ်... ဒီလိုနဲ့ သွားနေရင်း လမ်းခုလတ်မှာ ကားကြုံစီးလိုတဲ့ ကာလီနဲ့ ကြုံဆုံပါတော့တယ်... မိန်းမချင်းလည်းဖြစ် ကာလီကလည်း တစ်ကိုယ်တည်းဖြစ်နေတာမို့ ကားကြုံတင်စီးလေ့မရှိတဲ့ ဟယ်လန်ဟာ ကိုယ်ချင်းစာစိတ်နဲ့ ခေါ်တင်ခဲ့ပါတယ်။ ဟယ်လန်မသိတာကတော့ ကာလီဟာ တစ်ယောက်တည်း မဟုတ်ဘူးဆိုတာပါပဲ... ဟယ်လန်က သမီးဖြစ်သူကို ကြိုပြီး ကားကြုံစီးသူကာလီနဲ့အတူ ခေါင်ဖျားတဲ့ မြောက်ပိုင်းကို ခရီးဆက်တဲ့အခါမှာပဲ ဇာတ်လမ်းက စတင်ပါတော့တယ်... ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(1.6GB) / (650MB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:25:00 Type__Drama, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

Action & Adventure • Comedy • Drama
5 2022 91 mins
Ice Road Killer
(18+) Cruel Intentions 3
4.6

Cruel Intentions ဆိုပြီး ဇာတ်ကားသုံးကားထွက်ရှိဖူးရာမှာ တစ်ကားနဲ့တစ်ကား မင်းသားမင်းသမီးတွေလည်းမတူသလို ဇာတ်လမ်းဇာတ်အိမ်တွေကလည်း သက်သက်စီနီးပါးပါပဲ။ တစ်နဲ့နှစ်မှာဆို အဓိကဇာတ်ကောင်ရဲ့ ကာရိုက်တာချင်းတူပေမဲ့ ၃မှာတော့ သီးခြားစီ ဖြစ်သွားပါပြီ။ ဒီရုပ်ရှင်တွေမှာ တူညီတာတစ်ခုကတော့ လူငယ်တွေကြားက လိင်ပိုင်းဆိုင်ရာ အရှုပ်အထွေးတွေအကြောင်းကို မင်းသားမင်းသမီးချောတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ဖျော်ဖြေမှုအသားပေးတင်ဆက်သွားတာပါပဲ။ ဒီတစ်ခါမှာလည်း ထုံးစံအတိုင်း တက္ကသိုလ်ကျောင်းသားလူငယ်တစ်စုရဲ့ စာသင်နှစ်တစ်ခုအတွင်းက အချစ်ရေးနဲ့လိင်မှုကိစ္စတွေကို ဇာတ်လမ်းအသစ်တစ်မျိုးနဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ အရင်နဲ့မတူတာကတော့ ဒီတစ်ခါမှာ Plot Twist လေးတွေ လှိုင်လှိုင်သုံးပြီး အဆုံးထိဆွဲခေါ်သွားခဲ့တာပါပဲ။ ဇာတ်လမ်းအကျဥ်းကိုပြောရရင်တော့ အဓိကဇာတ်ကောင်သုံးယောက်ဖြစ်တဲ့ ကက်စဒီ၊ ဂျေဆန်နဲ့ပက်ထရစ်တို့ လူလည်လူငယ်သုံးယောက် တစ်ယောက်တစ်လှည့် အချင်းချင်းဖျံကျပြီး အကွက်ပေါင်းစုံရွှေ့ကြတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ အဖော်အချွတ်နဲ့ ပွင့်လင်းလွန်းတဲ့လိင်ဆက်ဆံခန်းတွေလည်း ပါဝင်တာကြောင့် မိသားစုနဲ့အတူကြည့်ဖို့တော့အဆင်မပြေနိုင်ပါဘူး။ ဘ၀ဆိုတာ ခဏလေးပဲ။ ကွေးသောလက် မဆန့်ခင် ဆန့်သောလက်မကွေးခင်မှာ ရေပွက်လို ဒီဘ၀ဟာ စုန်းစုန်းနစ်မြုပ်သွားနိုင်တယ်။ ကောင်းတာတွေ မကောင်းတာတွေကို ဘယ်လိုပိုင်းခြားကြလဲ။ ကိုယ့်ကြောင့် ဘယ်သူမှ မနစ်နာခဲ့ရင် ကိုယ့်လိပ်ပြာကိုယ်လုံနေရင် ဒါကောင်းတယ်လို့ ကျွန်တော်တော့ သတ်မှတ်လိုက်ပြီ။ အပျက်လို့ထင်ရပေမဲ့ ရဲရဲကြီးပျော်လိုက်ကြဖို့ပဲ။ Cruel Intentions ဟာ ကျွန်တော်တို့ကို လိင်စိတ်တွေအကြောင်း ပြပေးလိမ့်မယ်။ ဒီကားမှ မဟုတ်ပါဘူး ဘယ်လောက်ပဲ ညစ်ညမ်းတဲ့ကားဖြစ်ဖြစ် ရဲရဲကြီး ကြည့်လိုက်ကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Khant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.4GB, 652MB Quality - 1080p, 720p Format - mp4 Duration - 1H 25Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Khant Bo Encoded by Y

Action
4.6 2004 85 mins
(18+) Cruel Intentions 3
Trolls World Tour
7.4

Trolls ဆိုတဲ့ ကာတွန်းရုပ်ရှင်လေးကို မှတ်မိကြသေးလားမသိဘူး။ သီချင်းလေးတွေ လှလှပပလေးနဲ့ ဇာတ်လမ်းကောင်းကောင်းလေးလေ။ အခု အဲဒီ Trolls ရဲ့ အဆက်လာပါပြီ။ ဒီတစ်ခါတော့ မှင်စာလေးတွေရဲ့ ကမ္ဘာကြီးကို ချဲ့ပြလိုက်ပါပြီ။ ပေါ့ပီ နဲ့ ဘရန့်ချ်တို့ဟာ သူတို့နေထိုင်တဲ့ မှင်စာမျိုးနွယ်စုဟာ ကမ္ဘာကြီးတစ်ခုလိုထင်ထားပေမယ့် မဟုတ်ခဲ့ပါဘူး။ အခြားသောမှင်စာ မျိုးနွယ်လေးတွေ ရှိပါသေးတယ်။ အဲဒီမျိုးနွယ်တွေက တကယ်တော့ ဂီတအမျိုးအစားအပေါ် အကြိုက်မတူကြလို့ ရှေးရှေးတုန်းက လမ်းခွဲခဲ့ကြတဲ့ မျိုးနွယ်တွေပါပဲ။ ဟာ့ဒ်ရော့ခ်၊ ကလက်စစ်ကယ်၊ တက်ခ်နို၊ ကန်းထရီး၊ ဖန့်ခ်၊ ပေါ့ပ် ဆိုပြီး ၆ ခု ကွဲနေကြတာပါ။ ပေါ့ပီတို့ကတော့ ပေါ့ပ် မျိုးနွယ်စုပါပဲ။ ဟာ့ဒ်ရော့ခ် မျိုးနွယ်စုရဲ့ ဘုရင်မ ဘာ့ဘ်က မျိုးနွယ်အားလုံးကို အနိုင်ယူပြီး မှင်စာအားလုံးကို ရော့ခ် ဂီတတစ်ခုတည်းအောက်မှာ အုပ်ချုပ်ဖို့ ကြိုးစားလာတဲ့အခါ ပေါ့ပီ နဲ့ ဘရန့်ချ်တို့ စွန့်စားခန်းတွေ ထပ်ဖွင့်ပြီး ဘာ့ဘ်ကို တားဖို့ ကြိုးစားရပါတော့တယ်။ ဇာတ်လမ်းဖတ်မိတာနဲ့ ဒီတစ်ခါ ဂီတအစုံ နားထောင်ရတော့မယ်ဆိုတာကို ကြိုသိမှာပါ။ ဇတ်လမ်းကလည်း အတော်ကောင်းတာမို့ အားရပါးရ ကြည့်ပြီး အပန်းဖြေလို့ ရပါပြီ။ Little Neo က ဘာသာပြန်ပေးထားပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်။

Drama • Sci-Fi & Fantasy
7.4 2020 90 mins
Trolls World Tour
Kingslayer
4.1

Kingslayer (2022) ============== အင်္ဂလန်ပြည်ကြီးရဲ့ မင်းသားတစ်ပါး ဖြစ်တဲ့ ရစ်ချတ်ဟာ ရှေးအစဉ်အလာတွေနဲ့ ဆန့်ကျင်ပြီး မြင်းဇောင်းက အစေခံမလေး လီယာနဲ့ ချစ်ကျွမ်းဝင်နေသူပါ။ ဖခင်ဖြစ်သူ ဒုတိယမြောက် ဟင်နရီ ဘုရင်ကြီး နတ်ရွာစံပြီးတဲ့နောက် ရစ်ချတ်ဟာ အင်္ဂလန်ပြည်ရဲ့ ထီးနန်း ကို ဆက်ခံဖို့ ဖြစ်လာပါတယ်။ လီယာကို တမ်းတမ်းစွဲဖြစ်နေတဲ့ ရစ်ချတ်ဟာ နန်းတက်ပွဲ မတိုင်ခင် နှစ်ရက်အလိုမှာ Kingswood လို့ခေါ်တဲ့ တော်ဝင်မျိုးနွယ်တွေပဲ အမဲ လိုက်ခွင့်ရှိတဲ့ တောအုပ်ထဲမှာ ချစ်သူ လီယာနဲ့ ချိန်းတွေ့ပြီး ချစ်ကြည်နူး ကြပါတော့တယ်။ ထီးနန်းကိုချောင်းနေတဲ့ ရစ်ချတ်ရဲ့ ညီဖြစ်သူ ဂျွန်က အဲဒီအခွင့်အရေးကို အမိအရ အသုံးချပြီး Kingswood တောအုပ်ထဲ ကြေးစားတွေလွှတ်ပြီး ရစ်ချတ်ကို အပြတ်ရှင်းဖို့ ကြံစည်တဲ့အခါမှာတော့။ 1189 ခုနှစ်ကနေ 1199 ခုနှစ်အထိ အင်္ဂလန်ပြည်ကို အုပ်ချုပ်သွားခဲ့တဲ့ Lionheart လို့ အမည်တွင်ခဲ့တဲ့ ပထမမြောက် ရစ်ချတ်ဘုရင်ရဲ့ Kingswood တောအုပ်ထဲက စွန့်စားခန်းတွေကို ရှုစားကြရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Roman NoX ဖြစ်ပါတယ်) File Size……….(1.7 GB) / (704 MB) / (417 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 37mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action Translator…….Roman NoX Encoder……….SWM

Action • Crime • Drama • Thriller
4.1 2022
Kingslayer
Casanova
7

Casanova(2005) ************** Heath Ledger ပါဝင်ပြီး ဆုကြီး ၅ ဆုတောင်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်.. ညှို့ဓာတ်ပြင်းလွန်းပြီး မိန်းကလေးတိုင်းလိုလိုကိုဆွဲဆောင်နိုင်တဲ့ ကာဆာနိုဗာ.. အမျိုးသမီးငယ်၊ အပျိုစင်တွေ၊ အိမ်ထောင်ရှိအမျိုးသမီးတွေသာမက မယ်သီလရှင်တွေကိုပါ ဆွဲဆောင်ပြီးအိပ်ရာထဲခေါ်နိုင်တဲ့အတွက် တရားရုံးကပါကြိုးပေးသတ်ချင်နေတဲ့သူ.. အဲဒီလိုလူတစ်ယောက် တစ်နေ့မှာတော့ အရာရှိတွေလိုက်ဖမ်းလို့ပြေးရင်း အမျိုးသမီးတစ်ယောက်ကို အချစ်စစ်နဲ့ချစ်မိသွားပါတော့တယ်.. ထို “ဖရန်ချက်စ်ကာ”ဆိုတဲ့အမျိုးသမီးလေးမှာလည်း စေ့စပ်ထားတဲ့သူရှိတဲ့အခါ.. ကာဆာနိုဗာတစ်ယောက် ဖရန်ချက်စ်ကာ့စေ့စပ်ထားတဲ့သူနေရာက ဟန်ဆောင်ပါတော့တယ်။ ပျိုတိုင်းကြိုက်နှင်းဆီခိုင်ဖြစ်ပေမယ့် ဒီတစ်ခါမှာတော့ တခြားမိန်းကလေးတွေနဲ့မတူထူးခြားတဲ့ သူတကယ်ချစ်တဲ့ဖရန်ချက်စ်ကာရဲ့အချစ်ကို ရနိုင်ပါ့မလား.. အလိမ်တွေရောဘယ်လိုပေါ်ကုန်မလဲ.. File Size :(2.04GB)(1.04 GB) and (293 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:52:00 Genre : Adventure, Comedy ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae

7 2005
Casanova
I, Frankenstein

ဗစ်တာဖရန်ကင်စတိန်းဆိုတာကတော့ သိကြတဲ့အတိုင်းပဲ စာရေးဆရာမ Mary Shelley ရဲ့ နာမည်ကျော်ဇာတ်ကောင်ဖြစ်ပါတယ်။ ခုဇာတ်လမ်းမှာတော့ ဗစ်တာဖရန်ကင်စတိန်းဇာတ်လမ်းထဲက Monster ဖြစ်တဲ့ ဝိဉာဏ်မရှိဘဲအသက်ရှင်နေတဲ့ သတ္တဝါတစ်ကောင်အကြောင်းကို လိုက်ပါခံစားရမှာပါ။ သိပ္ပံပညာရှင် ဗစ်တာဖရန်ကင်စတိန်းရဲ့ မတော်မဆဖန်တီးမှုကနေ လူလိုခံစားချက်နဲ့ လူမဟုတ်တဲ့သတ္တဝါတစ်ကောင်ဟာ မြေအောက်ကမ္ဘာက မကောင်းဆိုးဝါးနတ်ဆိုးတွေနဲ့ နတ်စစ်သည်တွေကြား ကျရောက်လာပြီး ဒီဇာတ်လမ်းတွေရဲ့နောက်ကွယ်မှာ ဘာတွေရှိမလဲဆိုတာ……။ အက်ရှင်ကြမ်းကြမ်းတွေ သတ္တဝါအဆန်းအပြားတွေနဲ့ ရောမခေတ်ဆန်ဆန် သဘာဝလွန်ဖြစ်ရပ်ဆန်းရိုက်ချက်တွေနဲ့ ဒီရုပ်ရှင်ကားက ရုံတင်တုန်းကလဲ လူကြိုက်များခဲ့ပါတယ်။

0 2014
I, Frankenstein
The Sea of Trees

ချစ်ရတဲ့သူ့ကို ချစ်လို့ရတုန်းမှာ အစွမ်းကုန် ချစ်ပေးဖို့ ပြောကြတာဟာ ဆုံးရှုံးလိုက်ရသူတွေရဲ့ ရင်နဲ့ရင်းပြီးပြောခဲ့ကြတဲ့ စကားပါပဲ။ အချစ်တွေနဲ့ ထူထောင်ထားတဲ့ အိမ်ထောင်တစ်ခုဟာ အချိန်တစ်ခုကြာမြင့်လာတဲ့အခါ နွေးထွေးတွေ ချစ်ခြင်းတွေအစား၊ အေးစက်တဲ့ ချစ်ခြင်းတွေကသာ အစားထိုး ဝင်ရောက်လာခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် “ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကားကို ပြော၊ မပြော စဉ်းစားတွေဝေနေစရာမလိုအောင်လို့ဆိုပြီး သိသာသိစေ မမြင်စေနဲ့ ဆိုတဲ့ အခြေအနေနဲ့ပဲ အသေးစိတ်လေးတွေအစ ဖြည့်ဆည်းပေးနေတဲ့ အချစ်ရေးတစ်ခုဟာ ဘယ်လောက်ထိ ကြောက်စရာကောင်းသလဲ တွေးမိဖူးလား။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့က အာအိုခီကာဟာရာဆိုတဲ့တောင်ဟာ ကမ္ဘာအနှံ့အပြားက ဆူဆိုက်လုပ်လိုသူတွေ လာကြတဲ့ နေရာတစ်ခုပဲဖြစ်တယ်။ အမေရိကန်သား အာသာဘာနန်ဟာလဲ အဲအကြောင်းရင်းနဲ့ပဲ အာအိုခီကာဟာရာတောင်ကို ရောက်လာခဲ့တယ်။ တောင်ထဲရောက်ရောက်ချင်းပဲ လမ်းပျောက်နေတဲ့ ဂျပန်လူမျိုး တခုမီ နာခါမူရာ နဲ့ တွေ့ခဲ့ပြီး နှစ်ယောက်စလုံး လမ်းပျောက်သွားခဲ့တယ်။ အေးစက်စက်တောင်ကြီးထဲ မိုးပါရွာလို့၊ ဒီလိုအခြေအနေအောက်မှာ နှစ်ယောက်သား အချင်းချင်းရိုင်းပင်းရင်း ထွက်လမ်းကို အတူတူရှာခဲ့တယ်။ တခုမီက ပြောခဲ့တယ်။ “ချစ်ရတဲ့သူတွေနဲ့ အနီးစပ်ဆုံးအချိန်က ကျုပ်တို့ဘဝရဲ့ အမှောင်မိုက်ဆုံးသောအချိန်တွေမှာပဲ။ သေဆုံးသွားခဲ့ပြီးသားသူတွေတောင်မှ” တဲ့။ တခုမီက ပြောခဲ့တယ်။ “ဝိဉာဉ်တစ်ခု ဖြတ်သွားရင် အဲနေရာမှာ ပန်းပွင့်တယ်လို့ ပြောကြတယ်” တဲ့။ တခုမီကို ခြုံပေးခဲ့တဲ့ သူ့ဂျာကင်အောက်က ပန်းလေးတစ်ပွင့်။ ဇနီးဖြစ်သူက ‌သူ့ကို မေးခဲ့တယ်။ “ကျွန်မ အကြိုက်ဆုံး အရောင်ကို သိလား၊ ကျွန်မ အကြိုက်ဆုံး ရာသီဥတုကို သိလား” တဲ့။ တခုမီက ပြောခဲ့တယ်။ “သူ့မှာ မိသားစုရှိတယ်။ သူ့မိန်းမနာမည်က ခီရို၊ သမီးလေးနာမည်က ဖူရူ”တဲ့ အဓိပ္ပါယ်ကတော့ အဝါရောင်နဲ့ ဆောင်းရာသီတဲ့။ အားလုံးပဲ ရာသီဥတုအေးမြတဲ့ ညဘက်လေးမှာ တငြိမ့်ငြိမ့်နဲ့ အချစ်တစ်ခုကို ခံစားရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…(1.55 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Drama, Fantasy, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Moshi moshi

0 2015 110 mins
The Sea of Trees
The Marine 2

အခုတစ်ခေါက်မှာတော့ IMDb 4.9 / 10ရှိတဲ့ Action/Thriller အမျိုးအစား movie တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဂျိုးဆိုတဲ့ အထူးတပ်သားတစ်ယောက်မှာ အရမ်းချစ်ရတဲ့ ဇနီးသည်တစ်ဦးရှိပါတယ်အားလပ်ရက်တစ်နေ့မှာတော့ ဂျိုးဟာ ချစ်ဇနီးသည်လေးနဲ့တွေ့ဖို့အတွက် သူမ အလုပ်လုပ်တဲ့နေရာကို သွားခဲ့ပေမဲ့ သူ့ရဲ့ဇနီးသည်ဟာဓားစာခံတစ်ဦးအဖြစ် ပြန်ပေးဆွဲခံလိုက်ရတာကို သိသွားပါတော့တယ်ဂျိုးတစ်ယောက် သူရဲ့ဇနီးသည်ကို ကယ်တင်ဖို့အတွက်စွန့်စားခန်းဖွင့်ပုံတွေကို ဒီ movie လေးထဲမှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်File size… 1.2 GB / 843 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by SO Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

0 2009 95 mins
The Marine 2
Star Wars: Episode III – Revenge of the Sith
7.6

Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။ Force ဆိုတာကတော့ သက်ရှိသက်မဲ့တွေ အားလုံး အတွင်းထဲ အပြင်ထဲမှာ ဝိုင်းရံနေတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပြီး Jedi တွေသာ ခံစားနိုင် သုံးစွဲနိုင်ကြပါတယ်။ အဲဒီ Jedi တွေရဲ့ လုံးဝဆန့်ကျင်ဖက်လမ်းစဉ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။ ဒီ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။ စတားဝါးရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့ခုနှစ်အတိုင်း အစဉ်လိုက်ကြည့်ရှုမယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars IV : A New Hope (1977) 2. Star Wars V : The Empire strikes back (1980) 3. Star Wars VI : Return of the Jedi (1983) 4. Star Wars I : Phantom Menace (1999) 5. Star Wars II : Attack of The Clones (2002) 6. Star Wars III : Revenge of The Sith (2005) 7. Star Wars VII: The Force Awakens (2015) 8. Rogue One : A Star Wars Story (2016) 9. Star Wars VIII : The Return of the Jedi (2017) 10. Solo : A Star Wars Story (2018) 11. Star Wars IX : The Rise of the Skywalker (2019) တကယ်လို့ Star Wars Timeline အတိုင်းကြည့်မယ်ဆိုရင်တော့ အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars I : Phantom Menace (1999) 2. Star Wars II : Attack of The Clones (2002) 3. Star Wars III : Revenge of The Sith (2005) 4. Solo : A Star Wars Story (2018) 5. Rogue One : A Star Wars Story (2016) 6. Star Wars IV : A New Hope (1977) 7. Star Wars V : The Empire strikes back (1980) 8. Star Wars VI : Return of the Jedi (1983) 9. Star Wars VII: The Force Awakens (2015) 10. Star Wars VIII : The Return of the Jedi (2017) 11. Star Wars IX : The Rise of the Skywalker (2019) ( Littleneo မှ ဘာသာပြန်တင်ဆက်ထားပါတယ်။) Star Wars ရုပ်ရှင်အားလုံးကို https://channelmyanmar.to/category/special-package/star-wars/ မှာကြည့်ရှုနိုင်ပါတယ်။ 4K ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ +++++++++++++++++++++++++++++ Star Wars: Episode III – Revenge of the Sith (2005) အပိုင်း ၃ လာပါပြီ။ ဒီအပိုင်းမှာတော့ စိတ်မကောင်းစရာတွေများပါတယ်။ ဒီမိုကရေစီကျဆုံးပြီး Sith Lord အာဏာရှင်ဖြစ်လာပုံ။ ဂျီဒိုင်းတွေ အကုန်ပျောက်ကွယ်ရပုံ။ ညီအစ်ကိုရင်းတွေလိုချစ်ကြတဲ့ ဆရာ တပည့် ၂ယောက်ရဲ့ အသေအကြေတိုက်ပွဲ။ Yoda နဲ့ Sith တို့ရဲ့ အကြီးဆုံးတိုက်ပွဲ တွေကိုတွေ့ရမှာပါ။ စွန့်လွှတ်သင့်တာကို မစွန်လွှတ်နိုင်တဲ့စိတ်၊ ကြောက်စိတ်၊ သံသယစိတ်၊ စွမ်းအားကိုတပ်မက်စိတ်တွေက Jedi တစ်ယောက်ကို အမှောင်ခြမ်းကို ဆွဲခေါ်သွားခဲ့ပြီပေါ့ဗျာ။

7.6 2005
Star Wars: Episode III – Revenge of the Sith
They Shot the Piano Player

ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ ဂီတသမားတစ်ယောက်ရဲ့ documentary ကို animation ပုံဖော်ထားတဲ့ ကာတွန်းဇာတ်လမ်းလေးပါ ဘယ်လို ခေတ်ပေါ် ဂီတမျိုးဖြစ်နေပါစေ တချိန်က ဂီတဂုရုကြီးတွေရဲ့ ဆန်းသစ်မှုကြောင့် ပေါ်ထွက်လာရတာချည်းပါ သူတို့က အချိန်ခဏလောက် ပေါ်လာပြီး ချက်ချင်းမြုပ်သွားတာလည်း ဖြစ်နိုင်တယ်… ပရိသတ်တွေမသိကြရတာလည်းဖြစ်နိုင်တယ် ဒါပေမဲ့ musician တွေကတော့ သူတို့လက်ရာတွေကို လေ့လာသင်ယူပြီး ခေတ်ပေါ်သီချင်းတွေ ဖန်တီးလာကြတာမို့လို့ အများမသိတဲ့ ဂုရုများလို့ ပြောရမလိုပဲ ဒီမှာဆိုရင်လည်း ၁၉၆၀ ကာလ ဘရာဇီး Samba Jazz ဂီတလှုပ်ရှားမှုမှာ ဂုရုတစ်ပါးဖြစ်တဲ့ စန္ဒရားဆရာ Tenório အကြောင်း နောက်ခံရာဇဝင်ကို အမေရိကန် ဂီတ ဂျာနယ်လစ်တစ်ယောက်က အားတက်သရော လိုက်လံမေးမြန်းတာတွေကို တင်ဆက်ထားတယ် ဒါ့အပြင် Tenório က စောစီးစွာ ကြွေလွင့်ခဲ့ရတယ် လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားရတယ် သူ့ရဲ့ ဆွေမျိုးအသိုင်းအဝိုင်းမိတ်ဆွေ ဂီတသမား အစုံအလင်ကို ဂျာနယ်လစ်က လိုက်လံ အင်တာဗျူးရင်း စိတ်ဝင်စားဖို့ကောင်းတဲ့ ဂီတသမားတစ်ယောက်အကြောင်းကို တဖြည်းဖြည်းခံစားမိလာပြီး ဘရာဇီးနဲ့ အာဂျင်တီးနားက အရေးခင်းတွေကိုပါ ပါးပါးလေး ထည့်သွင်းပေးထားတဲ့ စိတ်ဝင်စားဖွယ်ရုပ်ရှင်တစ်ပုဒ် ဖြစ်ကြောင်း ညွှန်းလိုက်ရပါတယ် File size…(1.4 GB)/(772 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Drama, History, Animation Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 2023
They Shot the Piano Player
Love Story
6.9

Love Story (1970) ~ IMDb – 6.9/10, Rotten Tomatoes – 63% ~ The Godfather ရုပ်ရှင်ဖြစ်တည်လာပုံအကြောင်း အသေးစိတ်ရိုက်ပြထားတဲ့ The Offer ဆိုတဲ့ စီးရီးကို ကြည့်ဖူးတဲ့လူတွေတော့ ဒီရုပ်ရှင်ကို ရင်းနှီးကြမှာပါပဲ။ The Offer ဟာ The Godfather ရုပ်ရှင်ရဲ့ ဖြစ်တည်ပုံကို အဓိကထားပြထားခဲ့ပေမဲ့ အဲဒီကာလ ပါရာမောင့်ရဲ့ အခြေအနေတွေကိုလည်း ပြသင့်သလောက်ပြထားခဲ့တော့ အဲဒီကာလမှာ ရိုက်ခဲ့တဲ့နာမည်ကြီးရုပ်ရှင်တွေကို ရိုက်ဖြစ်ပုံတွေကိုလည်း နည်းနည်းပါးပါး‌ တွေ့ခဲ့ရတယ်။ အဲဒီထဲ ဒီ Love Story (1970)ကတော့ တော်တော်လေး မြင်သာခဲ့တယ်။ မြင်သာဆို ဘော့အီဗန်ရဲ့စကီဖြစ်တဲ့ Ali MacGraw ရဲ့ကားကိုး။ Love Story ဟာ ဟောလိဝုဒ်ရွှေခေတ်မှာ ဘတ်ဆဲလားစာအုပ်ဖြစ်ခဲ့တဲ့ Erich Segal ရဲ့ Love Story ကို ပြန်ရိုက်ထားတယ်။ ငွေကြေးဖောင်းပွမှုနှုန်းကို ပြန်ချိန်ကိုက်ပြီး စာရင်းထုတ်ထားတဲ့ Highest-grossing Films of All Time စာရင်းထဲလည်း ပါခဲ့သလို အမေရိကန်ရုပ်ရှင်အစည်းအရုံးက စာရင်းပြုစုထားတဲ့ ရိုမန့်တစ်အဆန်ဆုံးရုပ်ရှင်စာရင်းထဲမှာလည်း နံပါတ်ကိုးချိတ်ခဲ့တယ်။ ဇာတ်ကတော့ နှစ်ပေါင်းများစွာကြာသွားပေမဲ့ ရိုးရိုးရှင်းရှင်းကိုပဲ ထိထိခတ်ခတ်ဖြစ်အောင် ရိုက်ပြထားလို့ မဟောင်းသွားသေးဘူး ပြောရမှာပဲ။ အချစ်ရုပ်ရှင်တစ်ကားအနေနဲ့တော့ အဆင့်တစ်ခုမှာရှိနေတယ်။ ကာရိုက်တာတွေကတော့ မဲပြာပုဆိုးဖြစ်နေတဲ့ သူဌေးသားနဲ့ ဆင်းရဲတဲ့ကောင်မလေး ကာရိုက်တာတွေပါပဲ။ ဒါပေမဲ့ ဒီလိုကာရိုက်တာတွေကို ရိုးရိုးရှင်းရှင်းဇာတ်လေးထဲ လှလှပပသွတ်သွင်းပြလိုက်တာကလည်း ကြည့်ရတာ အရသာရှိပါတယ်။ ဒီလို တက္ကသိုလ်နောက်ခံဇာတ်ဖြစ်လာအောင်လည်း ဒီဇာတ်ကို စာရေးဆရာက အဲဒီခေတ်တက္ကသိုလ်ဝန်းထဲ သွားလေ့လာပြီး ရေးခဲ့တယ်။ ၁၉၇၁ အော်စကာဆုပေးပွဲမှာ Best Picture နဲ့ Best Director အပါအဝင် ၇ဆုဆန်ခါတင်ဝင်ခဲ့ပြီး Best Original Score ဆုကိုရသွားခဲ့တယ်။ Oliver’s Story (1978) ဆိုပြီး အဆက်ထွက်ခဲ့ပေမဲ့ ဒီကားရဲ့ ဒါရိုက်တာ Arthur Hiller ရိုက်ထားတာတော့မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ မူရင်းစာရေးဆရာရဲ့ဇာတ်ပဲ။ Love Story (1970) ဟာ Tommy Lee Jones သရုပ်ဆောင်အနေနဲ့ ပထမဆုံးစပါဝင်ထားတဲ့ကားလည်း ဟုတ်တယ်။ Facts တွေသက်သက်ပါပဲ။ The Offer ထဲလည်းရင်းနှီးပြီးသားဖြစ်နေမယ့် ဟောလိဝုဒ်ရွှေခေတ်ကို ချစ်တဲ့လူတွေအတွက်တော့ Love Story (1970) ဟာ ဒီတိုင်းကို ကြည့်ဖြစ်လောက်မယ့် ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ဟာ အချစ်အကြောင်းသက်သက်ပါပဲ။ ကျွန်တော်တို့ရဲ့ ခွင့်လွှတ်လို့မရတဲ့အမှားဆိုတာ အချစ်တွေရဲ့ကမ္ဘာမှာ မရှိတဲ့အကြောင်းပါပဲ။ ~ အချစ်များအကြောင်း ~ ကြယ်တံခွန်တွေကိုလည်း နားလည်ဖို့ မကြိုးစားခဲ့ပါဘူး ဘာမှမဟုတ်သလိုပဲ ရှင်သန်လာတယ် ဘာမှမဟုတ်သလိုပဲ သေဆုံးသွားတယ် ခွင့်လွှတ်လို့မရတဲ့အမှားကိုလည်း သူတို့ရဲ့ကမ္ဘာမှာ ငါ့မှာမတွေ့ခဲ့ရဘူး… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.5GB, 1.2GB Quality – BluRay 1080p HEVC, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 40Min Genre – Dark Romance, Tragedy, Tragic Romance, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller • Action • Crime
6.9 1970
Love Story
Wine Country
5.5

Wine Country (2019) ******************** “ဟဲ့ မသာမကြီး ဟိုကောင်မ” စတဲ့ ခပ်ရိုင်းရိုင်းအသုံးအနှုန်းမျိုးနဲ့ နှုတ်ဆက်ပေမယ့် မျက်နှာတွေကပြုံးချိုနေတဲ့ ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေ လူတိုင်းမှာရှိကြတယ်…အထူးသဖြင့် State ကျောင်းသား ကျောင်းသူဘဝက ငယ်သူငယ်ချင်းတွေပေါ့…အရွယ်လေးရောက်လာတော့ လောကကြီးကိုဖြန့်ကျက်ဖို့ရာ ကိုယ်အားသန်ရာနေရာကိုယ်စီကို လျှောက်လမ်းကြရင်း တဖြည်းဖြည်း ကျွန်တော်တို့ငယ်သူငယ်ချင်းတွေဟာ ဝေးကွာမှန်းမသိဝေးကွာကုန်တယ်… ဘဝကိုယ်စီရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကစဉ့်ကလျားမဖြစ်အောင် အံကြိတ်ထမ်းပိုးရင်း ငယ်သူငယ်ချင်းတွေနဲ့ပြန်ဆုံဖို့ အခွင့်အရေးဆိုတာ နောက်ဆုံးမှလုပ်ရမဲ့ အစီအစဉ်ထဲကိုရောက်မှန်းမသိရောက်ကုန်ကြတယ်… ခရီးအတူထွက်ဖို့ ဆိုင်မှာအတူဆုံပြီးစားကြဖို့မျိုးစုံကြိုးစားကြပေမဲ့ ငယ်သူချင်းတွေနဲ့ပြန်ဆုံဖို့ဆိုတာ တိမ်ထဲမှာစာရေးသလိုပါပဲ… ကိုယ့်ဆန္ဒထက်ဦးစားပေးရမဲ့ လက်ရှိဘဝလေပွေလည်းတစ်ချက်တိုက်လိုက်ရုံနဲ့ ကျွန်တော်တို့အစီအစဉ်တွေအကုန်လုံး ပျက်ကုန်ကြတာပဲမဟုတ်လား…ခင်ဗျားတို့အားလုံး ဒီလိုအဖြစ်မျိုးမကြုံဖူးတဲ့သူ ခပ်ရှားရှားပါပဲ… ဇာတ်လမ်းအညွှန်း ————– ဒီကားထဲမှာတော့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေဟာ သူတို့အုပ်စုထဲက သူငယ်ချင်းတစ်ယောက်ရဲ့ အသက် ၅၀ပြည့်မွေးနေ့အတွက် ခရီးစုထွက်ဖို့ကြိုးစားကြတယ်…ကျွန်တော်တို့လိုတော့မဟုတ်ဘူးပေါ့… သူတို့အဖွဲ့ကတော့ တကယ်ကိုဆုံဖြစ်ခဲ့ကြတယ်…ငယ်သူငယ်ချင်းတွေပြန်ဆုံတော့ တကယ့်ကို ပွင့်ပွင့်လင်းလင်း ပြောစရာရှိပြောကြဆိုကြနဲ့ပေါ့…ဒီကားလေးကိုကြည့်ရင်း ရယ်စရာလေးတွေတွေ့ရသလို ပြန်ဆုံကြတဲ့အခိုက်အတန့်မှာ သူတို့သောင်းကျန်းတဲ့ပုံတွေကိုလည်း ဟာသလေးတွေနှောပြီးတွေ့ရလိမ့်မယ်… ခံစားကြည့်လိုက်ပါဦးလို့ပဲ ပြောပါရစေ… File Size : 2.06GB / 997MB Quality : WEB-DL 1080p 5.1ch / 720p Duration : 01:43:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Jthekoala Encoded by Heather Oo

Drama • War • TV Movie
5.5 2019 103 mins
Wine Country
Fair Rain
5.8

Low-Budget ဆိုပေမဲ့ မဆိုးဘူးလို့ပြောရမဲ့ Fair Rain ဆိုတဲ့ စိတ်ကူးယဉ်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက် ပါတယ်။စိတ်ကူးယဉ်ဇာတ်ကားတွေရိုက်လိုက်ပြီဆိုရင် သိတဲ့အတိုင်း အမေရိကန်ကိုတော့ ခလုတ်မတိုက်ဘဲမနေနိုင် ဘူးဆိုတဲ့အတိုင်း ဒီကားမှာလည်း အမေရိကန်နိုင်ငံမှာပဲ ဇာတ်အိမ်တည်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ဆိုက်ဘာတိုက်ခိုက်မှုကြီးတစ်ခု ဖြစ်ခဲ့ပြီး မီးတွေအချိန်ကြာမြင့်စွာ ပြတ်တောက်သွားတဲ့ အခါမှာတော့ နိုင်ငံလည်းတဖြည်းဖြည်းဆုတ်ယုတ်လာပြီး ပြည်နယ်အခွဲတွေလည်း စိတ်ဝမ်းကွဲလာပါတော့တယ်။ အဲ့ဒီအပြင်ကိုမှ ကလေးပေါင်း ၃ ဘီလီယံကျော်ကလည်း ပျောက်ချင်းမလှကြီးပျောက်ဆုံးသွားတဲ့အတွက်အခြေအနေ တွေကပိုပိုဆိုးလာခဲ့ပါတော့တယ်။နောက်ပိုင်းမှာ အမေရိကန် နိုင်ငံတင်မကဘဲ ကမ္ဘာတစ်ဝှမ်းမှာပါ ဒီလိုတွေဖြစ်လာတဲ့ အခါမှာတော့ အသစ်တက်လာတဲ့ UN ဝန်ကြီးချုပ်ကို နိုင်ငံတွေ အားလုံးအဆင်ပြေအောင် တစ်ကမ္ဘာလုံးဆိုင်ရာအစိုးရဖွဲ့စည်း ခဲ့ပြီး ထိန်းချုပ်ဖို့လုပ်ခဲ့ပါတော့တယ်။ အဲ့ဒါကိုလက်ခံတဲ့လူတွေရှိသလို လက်မခံတဲ့လူတွေလည်း ရှိနေခဲ့ပါတယ်။အစိုးရအသစ်ရဲ့မတရားမှုကိုမခံနိုင်တဲ့လူတွေက ထုံးစံအတိုင်း ပြန်လည်တော်လှန်ဖို့ အဖွဲ့တွေများစွာစုစည်းခဲ့ ကြပေမဲ့ ရက်စက်မှုအပေါင်းသရဖူဆောင်းတဲ့အစိုးရကြောင့် တော်လှန်ရေးအဖွဲ့တွေအားလုံး တဖြုတ်ဖြုတ်နဲ့သေဆုံးကုန် ကြပြီး နောက်ဆုံးမှာတော့ အကြွင်းအကျန်အဖွဲ့လို့ခေါ်တဲ့ တစ်ဖွဲ့ပဲကျန်ခဲ့ပါတော့တယ်။အဲ့ဒါကြောင့် အစိုးရအသစ်က ဒီလိုအကြောတင်းတင်းနဲ့ကျန်ခဲ့တဲ့အဖွဲ့ကို သုတ်သင်ရှင်းလင်းဖို့ အားထုတ်ခဲ့ကြသလို ဒီအဖွဲ့ကလည်း မတရားတဲ့အစိုးရကို တော်လှန်ဖို့ကြိုးစားရင်း နှစ်ဖက်အားပြိုင်ကြပုံတွေကို အက်ရှင်တွေ နိုင်ငံရေးတွေနဲ့ ရောထွေးရှုစားရမှာပဲဖြစ်ပါတယ်။ File size… (1.36 GB) / (710 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Adventure • Family
5.8 2025 97 mins
Fair Rain
A Bloody Aria
6.4

A Bloody Aria (2006) ********************** Memoir Of A Murderer ရုပ်ရှင်ကို ရိုက်ကူးဖန်တီးခဲ့တဲ့ ဒါရိုက်တာကြီး Won Shin Yun ရဲ့ IMDb 6.4 ရှိတဲ့ ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင်…။ ဒါရိုက်တာ Won Shin Yun ရဲ့ ပုံစံအတိုင်း ဇာတ်လမ်းအမျိုးအစားကလည်း Thriller, Black Comedy ပုံစံမျိုးဖြစ်ပြီး ဒါရိုက်တာကိုယ်တိုင်ပဲ ဇာတ်လမ်းကို ရေးသားခဲ့တာပါ…။ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ ဒေါက်တာဂင်(ဂင်ဆာဘူ)အနေနဲ့ လူသိများကြတဲ့ Dr. Romantic စီးရီးထဲက သရုပ်ဆောင် Han Suk Kyu ၊ ကိုရီးယားကား ကြည့်တဲ့သူတိုင်း တစ်ကားကားမှာတော့ မြင်ဖူးနိုင်တဲ့ ဇာတ်ပို့သရုပ်ဆောင်တွေဖြစ်တဲ့ Lee Moon Sik နဲ့ Oh Dal Su တို့အပြင် အမျိုးသမီးဇာတ်ဆောင်အနေနဲ့ Battle For Happiness , Glamorous Temptation စီးရီးတွေမှာ ပါဝင်ခဲ့တဲ့ Cha Ye Ryun တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအစမှာတော့ တက်သစ်စ Opera အဆိုရှင်မလေး အင်ဂျောင်က သူ့ရဲ့ ပါမောက္ခနဲ့အတူ ကျေးလက်ဒေသတစ်ခုကို ခရီးထွက်ခဲ့ပါတယ်။ အင်ဂျောင်က လာမယ့် Opera ဖျော်ဖြေပွဲမှာ လူရွေးပွဲဝင်ခဲ့တော့ လူရွေးပွဲမှာ သူအရွေးခံရနိုင်လားဆိုတာ သိချင်တဲ့အတွက် ပါမောက္ခကို ကပ်နေတဲ့ သဘောပေါ့။ ဒါပေမဲ့ သူ့အစီအစဉ်တိုင်း မဖြစ်ခဲ့ဘဲ ပါမောက္ခက သူ့ကို လူသူမရှိတဲ့ မြစ်ကမ်းဘေးတစ်နေရာကို ခေါ်သွားခဲ့တယ်။ အဲဒီနေရာမှာ လူရွေးပွဲအကြောင်းပြောမဲ့အစား ပါမောက္ခကြီးက အင်ဂျောင်ကို အဓမ္မပြုကျင့်ဖို့ကြံပါတော့တယ်။ အဲဒါနဲ့ အင်ဂျောင်ကလည်း ကားထဲက ထွက်ပြေးတော့တာပေါ့။ ပါမောက္ခကြီးလည်း မြစ်ကမ်းဘေး ကားထဲမှာ တစ်ယောက်တည်း ကျန်ခဲ့ရော။ အဲဒီမှာ ရိုင်းစိုင်းကြမ်းတမ်းတဲ့ ဒေသခံ လူမိုက် ၃ယောက်က မြစ်ကမ်းဘေးမှာ ရပ်ထားတဲ့ ပါမောက္ခကြီးရဲ့ကားကို တွေ့သွားရာကနေ ဇာတ်လမ်းစတော့တာပါပဲ။ အဲဒါအပြင် အင်ဂျောင်ကလည်း ထွက်ပြေးသွားတဲ့နေရာမှာ လူတစ်ယောက်ကို တွေ့လိုက်တော့ သူ့ကို ဆိုးလ်ပြန်လို့ရအောင် ကားဂိတ်ကို ပို့ဖို့ အဲဒီလူကို ပြောလိုက်မိပါတယ်…။ ဒါပေမဲ့ နောက်မှ သိလိုက်ရတာ အဲဒီလူကလည်း လူကောင်းတစ်ယောက်ဟုတ်မနေခဲ့ဘဲ အင်ဂျောင်ကို ကားဂိတ်ခေါ်သွားမယ့်အစား အခြားတစ်နေရာကို ခေါ်သွားပါတယ်။ အဲဒီ လူသူမရှိတဲ့ ကျေးလက်ဒေသ မြစ်ကမ်းဘေးမှာ ဘာတွေဆက်ဖြစ်ကြမလဲ။ Han Suk Kyu ပါဝင်သရုပ်ဆောင်ထားတဲ့ မွန်းဂျယ်ဆိုတဲ့ ရဲဇာတ်ကောင်ကရော ဘယ်လိုနေရာကနေ ဇာတ်လမ်းထဲ ပါဝင်လာမလဲ .. ဒါရိုက်တာကြီးရဲ့ ပုံစံအတိုင်း ဇာတ်လမ်းတစ်လျှောက် ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာမို့လို့ ကြည့်ရှု ခံစားကြည့်ပါဦးနော် .. (အညွှန်းကို M မှ ရေးသားထားပါတယ်) File size…2.4GB / 1GB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 55 min. Genre ….. Thriller, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by M Encoded by AHtet

6.4 2006 115 mins
A Bloody Aria
A Distant Place
6.7

A Distant Place (2020) ************************* Hear Me: Our Summer, Revenant, Weak Hero Class အစရှိတဲ့ ဇာတ်ကားတွေထဲမှ မင်းသား Hong Kyungနဲ့ အတူ၊ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ဖြစ်တဲ့ သရုပ်ဆောင် Kang Gil Wooတို့ နှစ်ယောက် အဓိက သရုပ်ဆောင်များ အဖြစ် ပါဝင်ထားတဲ့ ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဟွာချွန်း နယ်မြို့လေးမှာ ချစ်စရာ သမီးလေးတစ်ယောက်နဲ့ ဇာတ်မြှုပ် နေထိုင်နေတဲ့ သိုးကျောင်းသား ဂျင်ဝူး…. သူဟာ လျှို့ဝှက်ချက်တစ်ခုကို ရင်ဝယ်ပိုက်ရင်း ဆိုးလ်မြို့ပြကနေ ထွက်ပြေးလာသူတစ်ဦးပေါ့။ နယ်ခံတွေရဲ့ နွေးထွေးမှုနဲ့အတူ မိမိရိပ်မြုံလေးကို တည်ဆောက်နေရင်းမှာပဲ… သူရဲ့ အတိတ်က လူ (၂) ဦးရောက်လာတဲ့အချိန်မှာ သူရဲ့အေးချမ်းနေတဲ့ နေရာလေးဟာ တဖြည်းဖြည်းချင်း ပြိုကွဲစပြုလာပါတော့တယ်။ ကန့်သတ်ချက် စည်းဘောင်ကြားက ချစ်ခြင်း မေတ္တာတွေ၊ ဘဝ အဖုံဖုံရဲ့ လှပ ပူဆွေးမှုတွေကို ရသအထွေထွေနဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Esthက ရေးသားထားပါတယ်) File Size – 1.27 GB/ 525 MB Quality – WEB-DL 1080p/ 720p Duration – 1h 57m Format – mp4 Genre – Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Esth Encoded by – Treasure Htet

Horror • Thriller
6.7 2020 119 mins
A Distant Place