YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Seven Years In Tibet [1997] (MM Sub).mp4

879.26 MB N/A video/mp4 512 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Tamilarasan
5

Tamilarasan (2023) IMDb - 6.2/10 တမီးလ်အနုပညာလောကမှာ တေးရေး၊တေးဆို၊ရုပ်ရှင်အယ်ဒီတာ၊အသံဖမ်းအင်ဂျင်နီယာ၊ ဒါရိုက်တာအဖြစ်နဲ့ ဘက်စုံထူးချွန်လှတဲ့ မင်းသားကြီး ဗီဂျေးအန်တိုနီ၊ Ramaiya Vastavaiya (2013)ထဲမှာ ညီမဖြစ်သူကို သိပ်ချစ်ပြီး မြင်းရုပ်လေးလုပ်ပေးတဲ့ အကိုကြီးနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး ဆိုနူး၊ ပရိသတ်အချစ်တော် ဟာသမင်းသား လူရွှတ်ကြီး ယိုဂီဘာဘူတို့ပါဝင်ထားပါတယ်။ မင်းသား ဗီဂျေးအန်တိုနီက ဇာတ်လမ်းရဲ့နာမည်အတိုင်းပဲ တမီးလ်ရာဆန်နေရာကနေ ရဲတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း "ကျွန်တော့်ရင်ထဲကအထက်အရာရှိအပေါ် လေးစားမှုက အပြင်မှာရှိနေတဲ့အရာရှိအပေါ် လေးစားမှုထက်ပိုနေပါတယ် ကျွန်တော့်ရင်ထဲကအရာရှိက ဆရာခိုင်းတာကို မလိုက်နာဖို့ပြောပါတယ်" ဆိုတဲ့ အရာရှိတမီးလ်တစ်ယောက် ဆန္ဒပြပြည်သူတွေကို အသက်အန္တရာယ်ပြုဖို့ ငြင်းဆန်မှုကြောင့် တာဝန်ကရပ်ဆိုင်းခံခဲ့ရပါတယ်။ ချစ်ရတဲ့ ဇနီးရယ်သားလေးရယ်နဲ့ ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားပေမဲ့ သားဖြစ်သူကို နှလုံးအစားထိုးကုသမှရမယ်ဆိုတဲ့ အဖြစ်ဆိုးကြီးနဲ့ကြုံလိုက်ရပါတယ်။သွားတက်မိတဲ့ဆေးရုံကလည်း သပွတ်အူလိုရှုပ်ထွေးလှတဲ့ လူကြီးချင်းလက်ဝါးရိုက်လုပ်နေတဲ့ ကိစ္စတွေများတဲ့ဆီဖြစ်နေတော့ နှလုံးအစားထိုးကုသဖို့ စာရင်းစောင့်နေရတာရယ် ငွေရေးကြေးရေးမပြည့်စုံတဲ့အတွက် ကုသစရိတ်လိုက်ရှာရတဲ့ အရာရှိတမီးလ်တစ်ယောက်၊ သားဖြစ်သူအတွက် အသက်ကိုပါ ပေးဆပ်ဖို့အသင့်ဖြစ်နေတဲ့ တမီးလ်ရာဆန်တစ်ယောက် သူ့အပေါ်ကျရောက်လာမယ့် ကံကြမ္မာဆိုးတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းပြီး အခက်အခဲတွေကို ကျော်လွှားနိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Thaik San ~ chiclon3 ~ Khin Khin ~ BpL ~ Yunni ~Zwe ~ Cherryတို့ပဲဖြစ်ပါတယ်) File size…1.98GB/ 1020MB Quality…1080p WEB DL /720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San ~ chiclon3 ~ Khin Khin ~ BpL ~Yunni ~Zwe ~ Cherry

Drama • War & Politics
5 2023 136 mins
Tamilarasan
The Loved Ones
6.7

အထက်တန်းကျောင်းသား ဘရန့်ဟာ ကားမတော်တဆမှုတစ်ခုမှာ သူ့အဖေကို ဆုံးရှုံးပြီးကတည်းက စိတ်ဒဏ်ရာနဲ့ ဘဝကို ပစ်စလက်ခတ် ဖြတ်သန်းနေတဲ့ သူပါ။သူ့အဖေဟာ သူ့ကြောင့်သေရတာဆိုပြီး ကိုယ့်ကိုကိုယ်အပြစ်တင်တဲ့စိတ်နဲ့ ဆေးခြောက်တွေချတဲ့အပြင် ကိုယ့်ကိုကိုယ်လည်း ဘလိပ်ဓားနဲ့ မွှန်းတတ်ပါသေးတယ်။ တစ်နေ့မှာတော့ လူတစ်ယောက်က သူ့ကိုမေ့ဆေးအုပ်ပြီး ပြန်ပေး ဆွဲသွားပါတယ်။ဘရန့်နိုးလာတဲ့ အချိန်မှာတော့ သူဟာ သူ့အတန်းထဲက ကောင်မလေး လိုလာ တို့အိမ်မှာရောက်နေတာကို တွေ့လိုက်ရပါတယ်။ လိုလာဟာ ဘရန့်ကို ကြိုက်နေသူဖြစ်ပြီး ဘရန့်ကိုလည်း ကျောင်းကပွဲကို သူနဲ့ အတူသွားမလားလို့ မေးခဲ့ပါသေးတယ်။ဒါပေမယ့်လည်း ဘရန့်ကတော့ ငြင်းလိုက်ပါတယ်။ သူငြင်းလိုက်တဲ့ လိုလာနဲ့ သူ့အဖေဟာ စိတ္တဇ လူသတ်သမားတွေဖြစ်ကြပြီး လူတွေကို ရက်ရက်စက်စက်အမဲဖြတ်ရတာကို ပျော်ရွှင်တဲ့လူတွေဖြစ်ကြောင်း ဘရန့်သိလိုက်ရတဲ့ အချိန်မှာတော့ သူဟာ သူတို့သားအဖရဲ့ အကျဉ်းသားဖြစ်နေပါပြီ။ ဘရန့်တစ်ယောက် စိတ္တဇသားအဖနှစ်ယောက်ရဲ့ လက်ကနေ လွတ်မြောက် နိုင်ပါ့မလား ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာတော့ ဒီဇာတ်ကားမှာ အသည်းတယားယားနဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ Horror/Thriller အမျိုးအစားဖြစ်ပြီး သွေးသံတရဲရဲနဲ့ စိတ်ညစ်ညူးဖွယ် အခန်းတွေများတာကြောင့် စိတ်ကျန်းမာရေးမကောင်းသူ၊နှလုံးရောဂါ အခံရှိသူတွေတော့ သတိထားကြည့်သင့်ပါတယ် ခင်ဗျ။ (ဘာသာပြန်နှင့်အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ်) File size…1.16GB / 484MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 24m Genre ..... Crime , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damien

Comedy • Horror
6.7 2009 84 mins
The Loved Ones
A Little Thing Called Love
7.8

ယခင်က DVD 720p အရည်အသွေးသာရှိခဲ့ပေမယ့် ယခုအခါ Netflix WEB-DL 1080p Quality ထွက်ရှိလာလို့ Update လိုက်ပါပြီ။ “Crazy Little Thing Called Love” (သို့မဟုတ်) A Little Thing Called Love (သို့မဟုတ်) First Love မင်းသားချော မာရီယိုနဲ့ မင်းသမီးချော Baifern တို့ရဲ့ နာမည်ကြီးဇာတ်ကားပါ။ ဆယ်ကျော်သက်အရွယ်မှာ ပထမဆုံးအချစ်ဆိုတာ ကျော်ဖတ်သွားလို့ မဖြစ်နိုင်တဲ့ ညှို့အားအပြည့်နဲ့ ဒိုင်ယာရီလေး တစ်အုပ်ပါပဲ... အချစ်တစ်ခုကို အလှဆုံးချရေးပြီး ဘဝတလျှောက်မှာ ဘယ်အချိန်ပြန်ဖတ်ဖတ် လှတယ် အချစ်ရဲ့စွမ်းအားကိုကောင်းတဲ့နေရာတွေမှာ အကျိုးရှိရှိအသုံးချရင်း ဘဝကိုအလှပဆုံးဖန်တီးသွားနိုင်သလို တစ်ခါပြန်မရနိုင်တဲ့အကောင်းဆုံးအမှတ်တရလေးတွေလဲရောက်လာအောင်ဖန်တီးပေးနိုင်ပါတယ် လူတစ်ယောက်ကို ထုတ်မပြောပဲအဝေးကနေငေးပြီး တိတ်တိတ်လေးရော ချစ်ဖူးလား??? အချစ်ဆိုတာ စည်းချက်တစ်ခုလိုပဲ ကိုယ်ပေးချင်တဲ့အချိန်သူကလိုချင်တဲ့အချိန်ဖြစ်မှ သူလိုချင်တဲ့အချိန်ကိုယ်က ပေးနိုင်ခဲ့မှ လွဲချော်သွားခဲ့ရင် အရာရာဟာ ရင်နာစရာပါပဲ... ဒါကြောင့် ဖွင့်ပြောလိုက်ပါ။အစွမ်းကုန်ချစ်ကြည့်လိုက်ပါ။ နူးညံ့တဲ့ ခံစားမှုလေးတစ်ခုဟာလူတစ်ယောက်ကို အရာရာဖန်တီးပေးနိုင်တယ် ဆယ်ကျော်သက်အရွယ်မှာ ပထမဆုံးအချစ်ဆိုတာ မိုးတိတ်တဲ့အခါ ကောင်းကင်မှာ ပေါ်လာတဲ့ သက်တန့်လေးလိုပါပဲ... ရင်ထဲမှာမှိုင်းညှို့ပြီး ဝုန်းဒိုင်းကြဲခံစားချက်တွေ သူ့အပေါ်မရဲတရဲရွာသွန်းခဲ့ရပေမယ့် သူလဲကိုယ့်လို ကိုယ်နဲ့ထပ်တူ ခံစားချက်ရမှန်းသိလိုက်ရတဲ့အခါ အချစ်ဆိုတာ...တစ်ခါရေးရုံနဲ့ တစ်သက်စာလုံလောက်တဲ့ ဒဏ္ဍာရီတစ်ပုဒ်လို... “Crazy Little Thing Called Love” (ရုပ်ရှင်အညွှန်းကို Baifern Myanmar Fans Facebook Page မှကူးယူဖော်ပြပါသည်။) File size…(2.3 GB)/(1 GB) Quality…WEB-DL(NF) 1080p / 720p Format…mp4 Duration….01:58:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Moe-Z & Kyi Nue Zin

Action • Horror • Thriller
7.8 2010 118 mins
A Little Thing Called Love
Torn
5.5

လူသားနဲ့ halfling မျိုးနွယ်ကောင်မလေးကြားက ခပ်ဆန်းဆန်း အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို မိတ်ဆက်‌ပေးချင်ပါတယ်။ ရန်ဟာ halfling တွေကိုလိုက်ဖမ်းရတဲ့ အော်ဒါအဖွဲ့က အဆင့်မြင့် အဖွဲ့၀င်တစ်ယောက်ပါ။ ရန်ရဲ့ချစ်သူအိုင်ဗီကလည်း အော်ဒါအဖွဲ့ထဲ ကဖြစ်ပေမဲ့ ဘယ်သူမှမသိသေးတာက အိုင်ဗီဟာ halfling မျိုးနွယ် ဖြစ်နေတာပါပဲ။ အိုင်ဗီကိုယ်တိုင်တောင် သူ့ကိုယ်သူ တော်တော်နဲ့ မသိခဲ့ပါဘူး။ ရန်လည်း အဲဒီအမှန်တရားကိုမသိခဲ့ပါဘူး။ အော်ဒါအဖွဲ့က သစ္စာဖောက်ပြီးထွက်ပြေးသွားတဲ့ ဗယ်ကို အားလုံးက halfling မျိုးနွယ်လို့ သံသယ၀င်ခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း နတ်သူငယ်တို့ရဲ့မင်းသားက အိုင်ဗီ့ကိုလိုချင်နေပါတယ်။ အိုင်ဗီကလည်း လုံး၀လက်မခံပါဘူး။ အဲဒီလိုနဲ့ အော်ဒါအဖွဲ့၊ halfling မျိုးနွယ်နဲ့ နတ်သူငယ်တွေကြားက အရှုပ်အရှင်းတွေကြားမှာ ဘာတွေဆက်ဖြစ်လာမလဲ၊ အိုင်ဗီဟာ halflingမှန်းသိသွားခဲ့ရင် ရန်တစ်ယောက်ဘာဆက်လုပ်မလဲ၊ အိုင်ဗီကရော ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို စိတ်၀င်တစားကြည့်ကြရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးက ဒဏ္ဍာရီဆန်ဆန်ဆန်းပြားတဲ့ စိတ်ကူးယဉ်အချစ်ဇာတ်လမ်း လေးဖြစ်ပြီး သရုပ်ဆောင်တွေကလည်းအလန်းတွေချည်းမို့ ခဏတာစိတ်အပန်း ဖြေဖို့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ပုဒ်အဖြစ် ညွှန်းပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(2.6 GB) / (750 MB) / (500 MB) Quality............WEB-RIP 1080p, 720p, 480p Duration.........2Hrs 36mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Fantasy, Romance Translator.......C'mon Encoder..........SWM

Crime • Drama • Thriller
5.5 2022 156 mins
Torn
Mary Kom
7

အိန္ဒိယ မြန်မာနယ်စပ်ဘက်က ကမ္ဘာကျော် အမျိုးသမီးလက်ဝှေ့သမား တစ်ယောက်ရဲ့ တကယ့် ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းလေးဖြစ်ပြီးတော့ Bollywood ရဲ့နာမည်ကျော်မင်းသမီး ပရီရန်ကာချော်ပရာက သရုပ်ဆောင်ထားပါတယ်။ ချင်းပြည်နယ် နယ်စပ်တစ်ဖက်ခြမ်း အင်ဖာမြို့က Mary Kom လို့အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဇာတ်လမ်းက အိန္ဒိယ ရုပ်ရှင်လောကမှာတော့ တကယ် အောင်မြင်ခဲ့တဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ India ရဲ့ အိုလံပစ် လက်ဝှေ့ကျော်ဖြစ်လာခဲ့တဲ့ မေရီကွန်းရဲ့ စိတ်ဓာတ်သန်မာမှု တွေ ဖြတ်သန်းရာဘဝတွေနဲ့ ကိုယ်ဖြစ်ချင်ရာ ပန်းတိုင်ကို ရောက်အောင် ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရပုံတွေ တင်ဆက်ထားပါတယ်။ ဇာတ်လမ်းရဲ့အစမှာ အင်ဖာမြို့က မထင်မရှား ကျေးရွာလေးတစ်ရွာက မေရီဆိုတဲ့ ဆတ်ဆတ်ထိမခံ ကျောင်းသူ ကောင်မလေးနဲ့ စထားပါတယ်။ ကျောင်းက ယောက်ျားလေးတွေနဲ့ သူတင်ကိုတင် ထိုးကြိတ်ရန်ဖြစ်တတ်တဲ့ မေရီဟာ တစ်ရက်တော့ အဲဒီမြို့က လက်ဝှေ့ရုံထဲရန်ဖြစ်ရင်းနဲ့ ရောက်သွားပြီး အဲဒီလက်ဝှေ့ရုံမှာ စတင်သင်ကြားပါတော့တယ်။ လက်ရဲဇက်ရဲနဲ့ စိတ်၀င်စားမှုပြင်းထန်တဲ့ မေရီဟာ အဲဒီလက် ဝှေ့ရုံရဲ့ ထင်ရှားတဲ့ လက်ဝှေ့သမားအဖြစ်သာမက ပြည်နယ်တိုင်း ပြိုင်ပွဲတွေအထိပါ တဖြည်းဖြည်း တက်လာတယ်။ ဒီကြားထဲမှာ သူ့မိသားစုကလည်း အဆင်ပြေလှတဲ့မိသားစုမဟုတ်တော့ တစ်ခါတလေ မြေ၀ိုင်းလက်ဝှေ့ပွဲတွေမှာ ယောက်ျားတွေနဲ့ ၀င်ထိုးတဲ့အထိ မေရီက မိုက်ရူးရဲဆန်တတ်သေးတယ်။ လက်ဝှေ့ဇာတ်ကားတွေရဲ့ ဇာတ်လမ်းအသွားအလာအတိုင်း မေရီပြိုင်ပွဲတွေ၀င်ပြိုင်တယ်။ နိုင်ငံအဆင့် အိုလံပစ်အဆင့်အထိ အဆင့်ဆင့်တက်ပြိုင်။ နိုင်သွားတယ်။ ဒီသဘောပါပဲ။ ဒါပေမဲ့ ဒီဇာတ်ကားရဲ့ အလှည့်အပြောင်းကတော့ တက် လမ်းရှိတဲ့ မိန်းကလေးတစ်ယောက် အိမ်ထောင်ကျပြီးနောက်မှာ သူ့ ဘ၀ရဲ့ အောင်မြင်မှုတွေအားလုံး ရေစုန်မျောရမလို ဖြစ်သွားတယ်။ ကံကောင်းတာက မေရီ့မှာ ချစ်စ ရာကောင်းတဲ့ အမြွှာကလေး နှစ် ယောက်အပြင် မေရီရဲ့ လက်ဝှေ့ အားကစားနဲ့ ပတ်သက်ရင် ကိုယ် ကျိုးစွန့်ချစ်တတ်တဲ့ သူယောက်ျားက သူ့တက်လမ်းတွေကို ပြန်ဖွင့် ပေးခဲ့တယ်။ ကြားထဲမှာတော့ စိတ်ဓာတ်ကျစရာတွေ ခါးဆက် ပြတ်သွားတဲ့ လက်ဝှေ့သမားတစ် ယောက်ရဲ့ အခက်အခဲတွေတော့ တစ်ပုံကြီးနဲ့ပေါ့။ ဒီဇာတ်လမ်းက ကြည့်သင့်တဲ့အထဲမှာ ပါပါတယ်။ အထူးသဖြင့် ဒီကားထဲမှာပြောစရာက အိန္ဒိယ နာမည်ကြီးမင်းသမီး Priyanka Chopra ပရီယန်ကာချိုပရာဖြစ်ပါတယ်။ ဒီလို လက်ဝှေ့သမား တစ်ယောက်ရဲ့ သဏ္ဌာန်ကို သရုပ်ဖော်နိုင်တဲ့ ဒီမင်းသမီးကတော့ အထင်ကြီးစရာပါပဲ။ နောက်ထပ် ဒီဇာတ်ကားရဲ့စိတ်၀င်စားစရာတစ်ခုက ဇာတ်ကောင်ရဲ့ မူလဇာတိက မိုရေးမြို့က ဖြစ်တာကြောင့် ချင်းလူမျိုးတွေနဲ့ ရုပ်သွင်ပြင်သာမက နေထိုင်ပုံတွေကပါ ကိုယ့်တိုင်းရင်းသားတွေ ချင်းလူမျိုးတွေကို ကြည့်ရသလားထင်ရပါတယ်။ Review Crd File size…(2.5 GB)/(1.2 GB) Quality…BluRay 1080p HEVC / 720p Format…mkv/mp4 Duration….02:01:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Horror
7 2014 122 mins
Mary Kom
Red Heat
6.2

အမေရိကန်တွေနဲ့ ရုရှားတွေကတော့ ဟိုးပဝေသဏီတည်းက အချင်းချင်း မုန်းကြ၊ အပြစ်ဖို့ကြ၊ ဟားတိုက်ကြနဲ့ ကျောင်းတော်ကရန်စဆို‌တော့ ကမ္ဘာမကြေဖြစ်ကြတဲ့သူတွေပါပဲ။ အခွင့်အရေးရတာနဲ့ ဆော်ကြနှက်ကြတော့တာပဲဗျ။ ခွင်ထဲဝင်လာမိတဲ့ကောင်က ခံရတာမျိုးပေါ့ဗျာ။ စစ်အေးတိုက်ပွဲ ပီသပါပေရဲ့။ ဒီတော့ လက်နက်အင်အားနဲ့ စစ်သည်အင်အား ကြိတ်ပြီး ပြိုင်ဆိုင်ကြသလို ဓနအင်အားလည်း ပြိုင်ဘက်ကောင်းတွေပေါ့။ ဒါပေမဲ့ အန်ကယ်ဆမ်တို့ဘက်က သာတာတစ်ခုတော့ရှိတယ်။ ရုပ်ရှင်တွေပေါ့ဗျာ။ လူသိများတယ်။ တကမ္ဘာလုံးက အားပေးတယ်။ ကိုယ့်ရုပ်ရှင်ထဲမှာ ကိုယ်ကြိုက်တာ ထည့်ရိုက်လို့ရတော့ ဝါဒဖြန့်ချိရေးမှာ အမေရိကန်တွေ နှာတဖျားသာတာ မဆန်းပါဘူး။ အခုတင်ဆက်မယ့်ကားက‌တော့ အမေရိကန်တို့ ရုရှားတွေကို ချစ်ကြည်ရေးလိုလိုနဲ့ အထုပ်ဖြည်ချင်တဲ့ ဇာတ်ကားပေါ့ဗျာ။ အမေရိကန်ရဲလောကရဲ့ အနာအဆာတွေ ပြသလိုလိုနဲ့ ရုရှားကြီးတွေရဲ့ သောက်ကျင့်တွေ ထင်သလိုလုပ်တတ်ပုံတွေကို လှောင်ထားတဲ့ပုံစံပေါ့။ အဆုံးမှာ နှစ်ယောက်သား ရင်းနှီးသွားတယ်ဆိုတာကလည်း မကောင်းတတ်လို့ ထည့်ပေးရတဲ့ပုံ။ ဇာတ်လမ်းအကျဉ်း‌ကတော့ ဆိုဗီယက်ရဲတစ်ယောက်နဲ့ ချီကာဂိုရဲတစ်ယောက် ဘုနဲ့ဘောက်ကျပြီး အမှုအတူလိုက်ရတဲ့ ခွတီးခွကျ ဇာတ်ကားတစ်ကားပေါ့ဗျာ။ ဂျက်ကီချန်းရဲ့ Rush Hour တွေကို သတိရကြပါလိမ့်မယ်။ နိုင်ငံမတူတဲ့ရဲနှစ်ယောက် အမှုအတူလိုက်ရတဲ့ မှုခင်းဟာသလေးတွေပေါ့။ ရုရှားက ရာဇဝတ်ကောင် အမေရိကန်ကိုပြေးလာလို့ လိုက်ဖမ်းတဲ့ ရုရှားရဲကြီးနဲ့ နယ်ခံချီကာဂိုရဲတစ်ကောင်တို့ တိုင်ပတ်ကြ၊ ခွကျကြနဲ့ အမှုစုံထောက်ရပုံပါ။ Cast တွေကတော့ အဲဒီခေတ်ကာလ Legend တွေပါ။ Arnold Schwarzenegger ရယ်၊ James Belushi ရယ်တို့က ခေါင်းဆောင်မင်းသားနှစ်လက်‌ပေါ့။ ဗီလိန်နေရာမှာလည်း ဗီလိန် Legend ကြီး Ed O'Ross ပါဝင်သရုပ်ဆောင်ထားပါတယ်။ CM မှာ old but goodies တွေ တောင်းဆိုရတာခက်လို့ စောင်သည်းပေါက်နေကြတဲ့ လူကြီးမင်းများအတွက် ကြိုးစားပြီး တင်ဆက်ပေးလိုက်ပါတယ်ဗျို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 1GB Quality - Blu-ray 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration - 1H 44Min Genre - Action, Comedy, Crime Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Crime • Drama
6.2 1988 104 mins
Red Heat
Monster Hunter
6.6

Milla Jovovich နဲ့ Tony Jaa တို့ရဲ့ ရုပ်ရှင်အသစ်ထွက်လာပါပြီ။ ဗိုလ်ကြီး အာတီမစ်ဟာ သူ့ရဲ့ အထူးတပ်ဖွဲ့နဲ့အတူ စစ်ဆင်ရေး ထွက်ရင်း မုန်တိုင်းတစ်ခုကြားထဲကို ရောက်သွားခဲ့ပါတယ်။ မုန်တိုင်းထဲကနေ အပြင်ထွက်လာချိန်မှာတော့ မတူတဲ့ ကမ္ဘာသစ်တစ်ခုထဲကိုရောက်နေပြီး အဖျက်စွမ်းအားကြီးလှသလို အချိန်မရွေးလူသားတွေကို အရေခွံဆုတ်နိုင်တဲ့ ထူးဆန်းသတ္တဝါကြီးတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ ရင်ဆိုင်ရင်းနဲ့ ကမ္ဘာသစ်ထဲက လူသားမိတ်ဆွေသစ်တွေရဲ့ အကူအညီကိုယူပြီး မူလကမ္ဘာကိုပါ ပြန်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်... နင်းကန်လန်းတဲ့ အကြမ်းစားအက်ရှင်ခန်းတွေမြင်ရမှာဖြစ်သလို သတ္တဝါဆန်းတွေရဲ့စူပါ ပါဝါတွေကိုလည်း စိတ်လှုပ်ရှားရင်ခုန်စွာနဲ့ ကြည့်ရမှာြဖစ်ပါတယ်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneoပဲဖြစ်ပါတယ်..... File Size : (1GB) and (469 MB) Quality : WEB-DL 720p Format…mp4 Duration…01:43:00 Genre :  Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Phyo Pyae

Crime • Drama • Mystery
6.6 2020 104 mins
Monster Hunter
Ito
6.7

Ito (2021) Love Letter မင်းသား Etsushi Toyokawa အပြင် မကြာသေးခင်က တင်ခဲ့တဲ့ Tomorrow, I Will Be Someone’s Girlfriend ဇာတ်လမ်းတွဲထဲက Mayū Yokota နဲ့ သဘာဝကျတဲ့ပုံစံဘက်သွားတဲ့ မင်းသမီး Ren Komai တို့ အဓိက သရုပ်ဆောင်ထားတဲ့ Ito ဆိုတဲ့ MUBI က ကားသစ်လေးပါ။ Osaka Asian Film Festival မှာ Best Film ဆုလည်းရထားပါတယ်။ ဒီဇာတ်လမ်းရဲ့မင်းသမီး Ito ကတော့ အထက်တန်းကျောင်းသူကလေးပါ။ သူဟာ စကားနည်းပြီး စကားကို လေးလုံးကွဲအောင် မပြောတတ်တဲ့သူလည်းဟုတ်ပါတယ်။ သူနဲ့လူတွေကြားက ကွင်းဆက်ကလည်း ဂီတပဲရှိတယ်။ တစ်နေ့မှာတော့ သူ ဒီဂီတကိုလည်း စိတ်မပါတော့ပါဘူး။ ဒီတော့ သူက အိမ်စေကဖေးလို့ခေါ်တဲ့ စားသုံးသူတွေကို ကိုယ့်အိမ်ကိုယ့်ယာလို ခံစားမိအောင် လုပ်ပေးတဲ့ ကဖေးဆိုင်လေးမှာ အလုပ်ဝင်လုပ်ပြီး လခလည်းရ လူတွေနဲ့ ဆက်ဆံရလို့ စကားလည်းပြောတတ်လာမယ်ဆိုပြီး ဝင်လုပ်ပါတယ်။ အဖေက ပါမောက္ခဆိုတော့ လူအထင်သေးလောက်တဲ့ ဒီအလုပ်မျိုးကို သဘောမကျပေမဲ့ မိတဆိုးလေးမို့ လွှတ်ပေးထားလိုက်တယ်။ ဒီလိုနဲ့ အလုပ်ကလူတွေကိုရော အလုပ်ကိုရော သံယောဇဉ်တွယ်လာပြီးနောက် ဆိုင်ရှင်သူဌေးအဖမ်းခံရရာကနေ ဆိုင်ပိတ်ဖို့အကြောင်းဖန်လာခဲ့ပါတယ်… ဒီဆိုင်လေးတည်မြဲအောင် Ito နဲ့ ဆိုင်ဝန်ထမ်းကောင်မလေးတွေ ဘယ်လိုတွေကြိုးစားကြမလဲဆိုတာကို ဂျပန့်ယဉ်ကျေးမှုအငွေ့အသက်တွေနဲ့အတူ တွဲဖက်ခံစားရမယ့် Coming of Age ဆန်ဆန် ဒရာမာကားကောင်းလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 870MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 56Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy • Crime • Drama
6.7 2021 116 mins
Ito
Linoleum
6.7

Linoleum (2022) ~ IMDb – 6.7/10, RT – 80%, Meta – 80% ~ အသက်၅၀ကျော်အရွယ် ကမ်မရွန်ဟာ ကလေးတွေအတွက် အာကာသသိပွံနဲ့ဆိုင်တဲ့ တီဗီ Program တင်ဆက်သူဖြစ်ပါတယ်။ သူဟာ သိပ္ပံပညာကို ရူးသွပ်ပြီး ငယ်စဉ်က အာကာသယာဉ်မှူးဖြစ်ချင်ခဲ့တာပါ။ လက်ရှိမှာတော့ နက္ခတဗေဒပညာရှင်ဘ၀နဲ့ပဲ တီဗီ Program Host လုပ်နေရတာပါ။ Program က ညသန်းခေါင်မှာလွှင့်တာဖြစ်ပြီး သိပ်မအောင်မြင်တဲ့အတွက် လွှင့်ဖို့အချိန်ကောင်းကိုလည်းမရတဲ့အပြင် တခြားလူဆီကိုပါ ပါသွားပါတယ်။ ကမ်မရွန်နေရာမှာ ၀င်လာတဲ့သူကတော့ ထူးချွန်ပြီး ဆုရထားတဲ့ အာကာသယာဉ်မှူး ကန့်ပါ။ ကန့်က ကမ်မရွန်ဖြစ်ချင်တဲ့အရာတွေကို ပိုင်ဆိုင်ထားတဲ့ အောင်မြင်တဲ့သူပါ။ အလုပ်ကအဆင်မပြေတဲ့အပြင် မိသားစုနဲ့ပါ ကတောက်ကဆတွေဖြစ်လာတော့ ကမ်မရွန်ဟာ သူ့ရဲ့လုပ်နိုင်စွမ်းကို သက်သေပြချင်ပြီး သူ့အိပ်မက်ကို အကောင်အထည်ဖော်ချင်နေခဲ့ပါတယ်။ တစ်နေ့မှာ ရုရှားက ဒုံးကျည်အစိတ်အပိုင်းတစ်ခု ကမ်မရွန်တို့ခြံနောက်ကို မတော်တဆ ပျက်ကျလာတဲ့အခါ ကမ်မရွန်က သူထိုက်တန်တာကို သက်သေပြဖို့ အခွင့်အရေးရလာပါတယ်။ ဒုံးကျည်ပြုတ်ကျတဲ့အတွက် ကမ်မရွန်တို့အိမ်က အစိုးရလုပ်ပိုင်ခွင့်အောက်ရောက်ပြီး ‌လုပ်စရာတွေမပြီးပြတ်ခင်အထိ အိမ်မှာနေလို့မရပါဘူး။ အဲ့အတွက်သူတို့မိသားစုဟာ ကမ်မရွန်ရဲ့ဇနီး အီရင်နဲ့ ညီမဖြစ်သူအိမ်မှာ ခဏသွားနေရပါတယ်။ အဲဒီရပ်ကွက်မှာပဲ သမီးဖြစ်သူက သူတို့လိုပဲ အိမ်ပြောင်းလာတဲ့ ကျောင်းက အသစ်ကောင်လေးနဲ့ တွေ့ပြီး သူငယ်ချင်းတွေဖြစ်ခဲ့ပါတယ်။ အဲ့ကောင်လေးရဲ့အဖေကတော့ တခြားသူမဟုတ်ဘဲ ကမ်မရွန်နေရာကိုလုသွားတဲ့ ကန့်ရဲ့သားဖြစ်နေပါတယ်။ ကမ်မရွန်ကတော့ ပျက်ကျလာတဲ့ ဒုံးကျည်အစိတ်အပိုင်းကနေ သူ့ကိုယ်ပိုင် ဒုံးကျည်ဆောက်ဖို့ လုံးပန်းနေခဲ့ပါတယ်။ အစပိုင်းမှာ ဇနီးဖြစ်သူက သဘောမတူတဲ့အတွက် စကားများခဲ့ပေမယ့် နောက်တော့ ဇနီးဖြစ်သူကလည်း အတူပါ၀င်ပြီး တည်ဆောက်ခဲ့ကြပါတယ်။ အားလုံးပြီးသွားလို့ လွှတ်တင်မယ့်နေ့မှာတော့ ကမ်မရွန်ဟာ သူ့ဘ၀ဟာ သူထင်သလောက်မရိုးရှင်းဘူးဆိုတာ အမှတ်ရလာပါတော့တယ်။ သူတစ်လျှောက်လုံးထင်နေတဲ့ အရာတွေက တကယ့်ဘ၀မှာ တကယ်ကော ဟုတ်ပါ့မလားဆိုတာကို ရသအစုံနဲ့ ကြည့်ပြီး Plot Twist အကြီးစားကြီးနဲ့အတူ စဉ်းစားခန်း၀င်လို့ရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 805MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 41Min Genre – Comedy, Drama, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Adventure • Drama • History
6.7 2022 101 mins
Linoleum
Ronnie O’Sullivan: The Edge of Everything
7.8

Ronnie O’Sullivan: The Edge of Everything (2023) ~ IMDb rating – 7.8/10 ~ ရွန်နီ အို ဆာလီဗန် သို့မဟုတ် စနူကာတျာချင်းတို့ရဲ့ ပဉ္စလက်ရှင် သက္ကလတ်ခင်း စစ်မြေပြင်မှာ ကျူတံဝင့်ပြီး တိုက်ပွဲဝင်ခဲ့သူတွေထဲ “ရွန်နီ အို ဆာလီဗန်“ ဆိုတဲ့ နာမည်တစ်လုံးက အတောက်ပဆုံးဖြစ်တယ်။ ရွန်နီဟာ စနူကာရဲ့ နပိုလီယံ၊ စနူကာရဲ့ ဘီသိုဗင်၊ စနူကာရဲ့ ဒါဗင်ချီ၊ စနူကာရဲ့ စနူကာပဲ။ ကျူတံနဲ့ မှော်ဝင်သံစဉ်တွေဖန်ဆင်းကြတဲ့အခါမှာ ရွန်နီရဲ့တေးသွားတွေက သိပ်ကိုအရသာရှိလွန်းတယ်။ ထိုးချက်တိုင်းမှာ ဘုရားသခင်တန်ခိုးတော်နဲ့ လမ်းကြောင်းပေးတယ်လို့ထင်ရလောက်အောင် သိမ်မွေ့တိကျလွန်းတယ်။ သူကိုယ်တိုင်တော့ အကြီးကျယ်ဆုံးအဖြစ် မခံယူထားပေမဲ့ စနူကာတလောကလုံးက ရွန်နီကို သမိုင်းတလျှောက် အကြီးကျယ်ဆုံး ကစားသမားအဖြစ် လက်ခံထားကြပါတယ်။ ဒါကတော့ ဒီလိုဆာလီဗန်ရဲ့ ဘဝကို ခြေရာကောက်ထားတဲ့ ဒိုကူမန်ထရီတစ်ခုပါ။ နောက်ဆုံးမှာသူပြောသလိုပေါ့။ သူ့ရဲ့ ဖြတ်သန်းမှုတွေကို ဗီဒီယိုမှတ်တမ်းစစ်စစ်နဲ့ ကြည့်ခွင့်ရတာ ကျွန်တော်တို့ သိပ်ကံကောင်းပါတယ်။ ကမ္ဘာ့ချန်ပီယံရှစ်မှာ အသက်အငယ်ဆုံးဆုရှင်အဖြစ် အသက် ၁၇ နှစ်အရွယ်ကစပြီးပြေးလိုက်တဲ့ ဒီပြိုင်မြင်းဟာ ကမ္ဘာ့ချန်ပီယံဆု ၇ ကြိမ်၊ အင်္ဂလန်ချန်ပီယံဆု ၈ ကြိမ်၊ မာစတာဆု ၇ ကြိမ် နဲ့ အဆင့်မြင့်ဆုဖလားပေါင်း ၄၀ လုံးရရှိထားတယ်။ ကမ္ဘာ့နံပါတ်တစ် ကစားသမားအဖြစ် ရပ်တည်နေခဲ့တာလည်း ၃၆၆ ပတ်ရှိပါပြီ။ အင်တာနက်မှာ စနူကာလို့ ရှာလိုက်တာနဲ့ စနူကာနဲ့အတူ ရွန်နီရဲ့နာမည်ကို ဖော်ပြပါလိမ့်မယ်။ သူ့ကစားသမားဘဝသက်တမ်း အနှစ် ၃၀ မှာ ချိုးခဲ့ဖူးတဲ့စံချိန်တွေလည်း မနည်းမနောပါပဲ။ သူ့ရဲ့နာမည်ပြောင် ဒုံးပျံကြီး ဆိုတဲ့အတိုင်း အမြန်နှုန်းနဲ့ပတ်သက်ရင် သူတင်ထားတဲ့စံချိန်တွေမှ မနည်းမနောပဲ။ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဘဝ ပထဆုံးရာသီမှာတင် ၉ကျော့ပွဲကို ၄၃ မိနစ်နဲ့ အနိုင်ထိုးပြီး ဒုံးပျံဆိုတဲ့နာမည်ပြောင်ကိုရခဲ့တယ်။ ဒါက ဘာလို့အထင်ကြီးစရာကောင်းသလဲဆိုရင် ပျှမ်းမျှအားဖြင့် ၉ကျော့ပွဲတွေက ၂ နာရီ ကနေ ၃ နာရီအထိ ကြာတတ်လို့ပါပဲ။ အဲဒါတင်မကသေးပါဘူး။ ရွန်နီက Maximum Break တွေကို သိပ်ကြိုက်တဲ့သူပါ။ အနီ ၁၅ လုံး အမည်း ၁၅ လုံး နဲ့ တခြားအရောင် ၆ မျိုးစလုံး အပြည့်ထိုးမှရတဲ့ ၁၄၇ မှတ်စာ Maximum Break ကို ၁၅ ကြိမ် နဲ့ အများဆုံး စံချိန်တင်ထားပြီး Maximum Break အတွက် အမြန်ဆုံးစံချိန်ကိုလည်း ၅မိနစ် ၈ စက္ကန့်နဲ့ တင်ထားပါသေးတယ်။ ဆာလီဗန်ရဲ့ ကစားပုံတွေကိုကြည့်ရင် ပန်းချီဆရာတယောက် လက်စွမ်းပြနေရတာကို ဘေးကထိုင်ကြည့်နေသလိုပဲခံစားရလိမ့်တယ်။ ပန်းချီဆရာက သူ့ရဲ့အတွေးတွေကို စိတ်တိုင်းချဖြန့်ကျက်ခွင့်ပေးပြီး စိတ်လိုလက်ရ ဆေးခြယ်နေသလို ဆာလီဗန်ရဲ့ ကျူတံကိုင်ရင်း တစ်လုံးပြီးတစ်လုံး အတိမ်းအစောင်းမရှိ တည်ထိုးနေတာတွေကိုမြင်ရတာက ကြည့်ကောင်းသလောက် မယုံနိုင်စရာလည်းကောင်းလွန်းတယ်။ စနူကာဆိုတာ ပန်းချီမဟုတ်ဘူး။ စိတ်တိုင်းကျ စိတ်ကိုလွတ်လပ်ခွင့်ပေးပြီး ကြုံသလိုထိုးရတာမျိုးမဟုတ်ဘူး။ ၁ မီလီမီတာ လောက်အတိမ်းအစောင်းက ဖလားကိုပါ ရင်းလိုက်ရနိုင်တဲ့အထိ ဖိအားများတယ်။ ဒီလိုနယ်ပယ်မှာ ဝုန်းဒိုင်းနဲ့ စဉ်းစားချိန်မယူသလောက်တွေးပြီးထိုးနေတဲ့ ဆာလီဗန်ရဲ့ခေါင်းထဲ ဘာတွေရှိနေမလဲ ရိုးရိုးလေးသိချင်မိမှာပါ။ သူကတော့ သူ့ကိုယ်သူ အတိမ်းအစောင်းမခံနိုင်တဲ့လူ Perfectionist လို့ပြောတယ်။ အဲဒီစိတ်ကြောင့်လည်း သူထမ်းပိုးခဲ့ရတဲ့ ဝန်ထုပ်တွေ သိပ်များလွန်းခဲ့တယ်။ မိသားစုအရေးမှာလည်း သူအချစ်ရဆုံး အနီးကပ်ဆုံးဖြစ်ခဲ့တဲ့ သူ့အဖေက သူ့အသက် ၁၆ နှစ်မှာပဲ ထောင်ကျသွားခဲ့တယ်။ သူ စနူကာထပ်မထိုးတော့ဘူးလို့ သူ့အဖေကတောင် ထင်ခဲ့တာပေါ့။ ဒါပေမဲ့ ရွန်နီက သူလုပ်စရာရှိတာကိုဆက်လုပ်တယ်။ သူ့ရဲ့အောင်ပွဲတွေကို သူ့အဖေနာမည်နဲ့ရည်စူးတယ်။ “အဖေ ကျွန်တော်လုပ်နိုင်ခဲ့ပြီ…” ပြဿနာပေါင်းသောင်းခြောက်ထောင်ရင်ဆိုင်လာတဲ့အခါ စိတ်ထွက်ပေါက်အဖြစ် မူးယစ်ဆေးနဲ့ အရက် ကို လွန်လွန်ကျွံကျွံ စားသုံးခဲ့တယ်။ အဲဒါကြောင့် ပြိုင်ပွဲက ရပ်နားခံရပြီး ဆုဖလားတစ်ခုလည်းသိမ်းယူခံခဲ့ရတယ်။ ဒါပေမဲ့ ဘုရင်ဖြစ်ဖို့ ဇာတာပါတဲ့လူအတွက် ပြန်လာနိုင်စွမ်းဆိုတာအမြဲရှိတဲ့အတိုင်း သူပြန်လာခဲ့တယ်။ အခမ်းနားဆုံးဆိုတဲ့ ဘွဲ့ကိုယူဖို့ သူပြန်လာခဲ့တယ်။ သူ့အတွက် သမိုင်းဝင် သတ္တမအကြိမ်မြောက် ကမ္ဘာ့ချန်ပီယံရှစ်ကို ၂၀၂၂ မှာ ပူပူနွေးနွေးပဲရယူခဲ့တယ်။ ဒါလည်း စံချိန်က ပြေးမလွတ်ပါဘူး။ အသက် ၄၆ နှစ်နဲ့ အသက်အကြီးဆုံး ကမ္ဘာ့ချန်ပီယံ ဖြစ်သွားတယ်။ တခြားအားကစားနယ်ပယ်တွေမှာ လူလွန်မသားလို့ခေါ်ရလောက်အောင်ကောင်းရင် စက်ရုပ်တို့ ဂြိုဟ်သား တို့ဆိုတဲ့နာမည်မျိုးပေးလေ့ရှိတယ်။ ရွန်နီရဲ့ လက်စွမ်းဟာ စကြဝဠာ လွန်ပါတယ်။ ဒါပေမဲ့ သူ့ကို စနူကာစက်ရုပ်ကြီးလို့ ဘယ်သူမှ နာမည်မတပ်ကြဘူး။ အကြောင်းအရင်းက သူ့ရဲ့ လူသားဆန်မှုကြောင့်ပဲဖြစ်လိမ့်မယ်။ ရွန်နီက သူ့ရဲ့ခံစားချက်တွေအပေါ် သိပ်ရိုးသားတဲ့လူပဲ။ သူ့စိတ်ထဲဘာတွေခံစားနေရလဲ၊ ဘာတွေတွေးနေလဲ အမြဲထုတ်ပြောတယ်။ မြိုသိပ်ထားလေ့မရှိဘူး။ သူ့ရဲ့ တမူထူးခြားတဲ့စရိုက်က တခြား စက်ရုပ်စနူကာသမားတွေထက်သာပြီး ရွန်နီအိုဆာလီဗန် ဆိုတဲ့ နာမည်တလုံး ‌ဖြစ်လာစေခဲ့တယ်။ ကမ္ဘာကျော်တွေရဲ့ ဒိုကူမန်ထရီတွေဟာ ကိုယ့်ကိုအမြင်ပွင့်စေပါတယ်။ အောင်မြင်ကျော်ကြားလွန်းတဲ့ သူတို့ရဲ့ ဘဝနေထိုင်ပုံက မျက်မြင်အရဆိုရင် ပြီးပြည့်စုံတယ်လို့ ထင်ရနိုင်ပေမဲ့ သူတို့ကိုယ်တိုင်ထုတ်ပြောလာမှ သူတို့ထမ်းပိုးထားရတဲ့ အစိုင်အခဲတွေကို မြင်ရတယ်။ ဒါကတော့ ‌ဒုံးပျံကြီး ရွန်နီအိုဆာလီဗန်ရဲ့ လျှော့ချနေဆဲ အစိုင်အခဲတွေအကြောင်းပါပဲ။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 915MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 1H 53Min Genre – Documentary Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

7.8 2023 113 mins
Ronnie O’Sullivan: The Edge of Everything
Christmas with the Kranks

ဇာတ်လမ်းအစမှာတော့ လူသာနဲ့ နိုရာတို့ရဲ့ တစ်ဦးတည်းသောသမီးလေးက တောင်အမေရိကမှာရှိတဲ့ ပီရူးနိုင်ငံကို ခရီးထွက်သွားပါတယ်။ နောက်နှစ်ခရစ်စမတ်မှ ပြန်လာတော့မှာ ဖြစ်ကြောင်းလည်း မိဘနှစ်ပါးကို ပြောခဲ့ပါသေးတယ် အထီးကျန်ပြီးကျန်ခဲ့တဲ့ ခရန့်ခ်တို့လင်မယားက ဒီနှစ် ခရစ်စမတ်မှာ သမီးလေးမရှိတဲ့အတွက် ပါဝင်ဆင်နွှဲခြင်းမပြုတော့ဘူးလို့ ရပ်ကွက်ထဲမှာရော အသိမိတ်ဆွေတွေကိုရော လိုက်လံပြောကြားပါတော့တယ်။ ဒါပေမဲ့ ခရစ်စမတ်နေ့ ရောက်မှ သူတို့ရဲ့ သမီးလေးက အိမ်ပြန်လာတဲ့ လမ်းမှာ ရောက်နေပြီဖြစ်ကြောင်း အကြောင်းကြားပြီး မိဘနှစ်ပါးကို အံ့အားသင့်အောင် လုပ်လိုက်တဲ့အခါ သူတို့လင်မယားနှစ်ယောက် ခရစ်စမတ်ပွဲကို အမြန် ဘယ်လိုစီစဉ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ မိသားစုဟာသကားဖြစ်တဲ့အလျောက် ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

0 2004
Christmas with the Kranks
No More Hiding
5.7

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်ကိုကြည့်ပြီး စိတ်ခွန်အားတွေ ပေးနိုင်မယ်လို့ ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ပိရန်ဆိုတဲ့ကောင်လေးဟာ ကလေးဘဝက ကားတိုက်မှုတစ်ခုကြောင့် ခြေထောက်တစ်ဘက်ကြိုးခဲ့ရပြီး မသန်စွမ်းသူ တစ်ဦးဖြစ်ပါတယ်။ သူအသက် ၁၈ နှစ်အရွယ်မှာ မသန်စွမ်းသူမြင်းစီးအဖွဲ့တစ်ခုထဲ ဝင်ရောက်ခဲ့ပြီး ဝှီးချဲပေါ်အမြဲထိုင်ရတဲ့ဘဝကနေ လွတ်မြောက်ခဲ့ပါတယ်။ အဲဒါကြောင့် သူက မြင်းစီးရတဲ့ဘဝကို ပိုပြီးတော့ တန်ဖိုးထားသူ ဖြစ်တာပေါ့။ မြင်းစီးပြိုင်ပွဲကြီး ကျင်းပတော့မှာ ဖြစ်တဲ့အတွက် ပိရန်တို့ အဖွဲ့က ပွဲဦးထွက် ဖျော်ဖြေခွင့်ရမှာ ဖြစ်တဲ့အတွက် မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ မတော်တဆမှုတွေ ဖြစ်ပြီး မြင်းစီးကွင်းက ပိတ်ရခါနီးအခြေအနေကို ရောက်သွားခဲ့ပါတယ်။ အားလုံးရဲ့ သဘောထားကတော့ ပိရန်တို့ မသန်စွမ်းသူမြင်းစီးအဖွဲ့ကို ဖျက်သိမ်းကြမယ်တဲ့။ ဒါပေမဲ့ ပိရန်ကတော့ ဒီလို မတရားမှုမျိုးကို မကျေနပ်တဲ့အတွက် တရားမျှတစွာယှဉ်ပြိုင်ခွင့်တစ်ခုရဖို့ကို တောင်းဆိုခဲ့ပါတယ်။ ပိရန်က အဲဒီအခွင့်အရေးကို ရဖို့အတွက် ကံကြမ္မာကို အံတုပြီး ဘယ်လိုကြိုးစားခဲ့သလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Horror • Thriller
5.7 2024
No More Hiding
Inspector Gadget

ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၁၉၉၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ sci-fi/comedy အမျိုးအစားရှပ်ရှင်လေးပဲဖြစ်ပါတယ်….. ဂျွန်ဘရောင်းဆိုတာကတော့ လူတွေကိုကူညီပေးချင်တဲ့လုံခြုံရေးဝန်ထမ်းလေးပါ….ဒေါက်တာဘရတ်ဖိုဒ့်ရဲ့ဓာတ်ခွဲခန်းကိုလုံခြုံရေးယူပေးရတာပါ….သူကဒေါက်တာဘရတ်ဖိုဒ့်ကိုကြိတ်ကြိုက်နေသူပါ….ဒေါက်တာဘရတ်ဖိုဒ့်ကတော့ အဖေဖြစ်သူနဲ့အတူ gadget ပရောဂျက်လို့ခေါ်တဲ့ လူနဲ့စက်ပစ္စည်းအစိတ်အပိုင်းတွေကိုတွဲစပ်ဖို့ ဖန်တီးနေတဲ့သူပါ…. တနေ့ကျဒေါက်တာဘရတ်ဖိုဒ့်တို့ရဲ့ဓာတ်ခွဲခန်းကို စကိုးလတ်စ်ဆိုသူက‌ဖောက်ခွဲပြီး ဒေါက်တာဘရတ်ဖိုဒ့်တို့တီထွင်ထားတာတွေကိုခိုးသွားပါတယ်….ဒေါက်တာဘရတ်ဖိုဒ့်ရဲ့အဖေဖြစ်သူလည်းသေဆုံးသွားပါတယ်….ထိုအခါဒေါက်တာဘရတ်ဖိုဒ့်က gadget ပရောဂျက်ကို သူတို့ကိုကူညီပေးဖို့ကြိုးစားတဲ့လုံခြုံရေးဝန်ထမ်း ဂျွန်ဘရောင်းကိုသုံးပြီးဆက်လက်စမ်းသပ်ပါတယ်….ထိုအခါဂျွန်ဘရောင်းဟာ စက်ရုပ်တပိုင်းလူတပိုင်းဖြစ်သွားပြီးတော့ စုံထောက် gadget ဆိုပြီးဖြစ်လာခဲ့ပါတယ်…ထို့နောက်ဒေါက်တာဘရတ်ဖို့ဒ်အတွက် တရားမျှတမှုကိုပြန်ရှာပေးတဲ့အနေနဲ့ စကိုးလတ်စ်ကိုလိုက်ဖမ်းပါတော့တယ်….. File size…(1.7 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Action, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by AKM

Mystery • Drama
0 1999
Inspector Gadget
Six Each
7.5

Six Each (2025) “ကနေဒါအိပ်မက်” ဒီတစ်ခါမှာတော့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး အပြောင်အပျက်မဟုတ်တဲ့ ပန်ချာပီဒရာမာဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ် ကနေဒါကို သွားချင်ခဲ့တဲ့ နာဗီဆိုတဲ့မိန်းကလေးဟာ ရှေးရိုးစွဲအမြင်တွေကို ဆန့်ကျင်သူပါ ဒါပေမဲ့ သူ့ဘဝတက်လမ်းအတွက် ငွေရေးကြေးရေးလိုအပ်ချက်ကြောင့် ယောကျာ်းတစ်ယောက်ကို လက်ထပ်ခဲ့ရပါတယ် လက်ထပ်ပြီးခါမှ ငွေတွေယူပြီး ကနေဒါကို တစ်ယောက်တည်းထွက်လာခဲ့တဲ့နောက်မှာ သူ့ယောကျ်ားဖြစ်သူ သေကြောင်းကြံသွားပါတော့တယ် ဒီလိုနဲ့ နာဗီတစ်ယောက် အိန္ဒိယတစ်တိုင်းပြည်လုံးရဲ့ မီဒီယာ တံထွေးခွက်ထဲမျောပြီး ကနေဒါမှာလည်း သူ့သတင်းက နာမည်ကြီးနေတဲ့အခါမှာ ဘယ်လိုတွေဆက်လက်ရင်ဆိုင်ကြုံတွေ့ရဦးမှာလဲ ပရိသတ်တို့ကပဲ ဆက်လက်ကြည့်ရှုပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Horror
7.5 2025 114 mins
Six Each