YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Seeds (2024) 720p WEB-DL [RMC].mp4

784.61 MB 720p video/mp4 4 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Somewhere in Queens
6.8

Somewhere in Queens (2022) ===================== IMDb Rating - 7.0/10 ဒီဇာတ်ကားလေးကတော့ နာမည်ကြီး stand-up comedian တစ်ယောက်ဖြစ်တဲ့ Ray Romano ရိုက်ကူးပြီး ကိုယ်တိုင်သရုပ် ဆောင်ထားတဲ့ မိသားစုဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လီယို နဲ့ သူ့မိန်းမ အန်ဂျလာရူဆို တို့က အီတလီ-အမေရိကန်မိသားစုတစ်ခုဖြစ်တဲ့ ရူဆိုမိသားစု ကပါ။ လီယို ကတော့ရူဆိုမိသားစုရဲ့ဆောက်လုပ်ရေးလုပ်ငန်း မှာပဲအလုပ်လုပ်ပါတယ်။ လီယို မှာဘတ်စကတ်ဘောကစား တာထူးချွန်တဲ့ စတစ် လို့‌ခေါ်တဲ့သားတစ်ယောက်လည်းရှိပါ တယ်။ တစ်နေ့တော့ လီယို ကကျောင်းကဘတ်စကတ်ဘော ပြိုင်ပွဲအပြီးမှာ ကင်းထောက်တစ်ယောက်နဲ့တွေ့ပြီး သူ့သား အတွက်ဘတ်စကတ်ဘောဆော့ရင်း ကောလိပ်တက်နိုင်မယ့် စကောလားရှစ်အခွင့်အရေးကိုတွေ့ရှိခဲ့ပါတယ်။ လီယို ကတော့အဲဒါကိုအရမ်းစိတ်လှုပ်ရှားနေပြီး သူ့သားကို ဖြစ်မြောက်စေချင်တာပါ။ ရူဆိုမိသားစုကတော့အပျက်ဘက် ကပဲမြင်ပါတယ်။ ဒါပေမယ့် စတစ် ကစကောလားရှစ်အတွက် မလေ့ကျင့်ခင်မှာပဲ သူ့ရဲ့ကောင်မလေးကဖြတ်သွားလို့ depression တွေ၀င်ပြီး မစားနိုင်မသောက်နိုင်ဖြစ်သွားခဲ့ပါတယ်။ အဲဒါကို လီယို ကသိတော့မနေနိုင်တော့ပဲ သူ့သားကိုအစွမ်းကုန်မြေ တောင်မြှောက်ပေးတဲ့အခါမှာတော့ ဆက်ပြီးဘာတွေဖြစ်မလဲ ဆိုတာကိုစိတ်၀င်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဖခင် တစ်ယောက်က သားတစ်ယောက်အပေါ်မှာထားတဲ့မျှော်လင့် ချက်ကိုကွက်ကွက်ကွင်းကွင်းမြင်တွေ့ရမှာဖြစ်တဲ့အတွက် ဒီကား လေးကိုကြည့်ဖို့ recommend ပေးပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်) File Size..........(2.11 GB) / (850 MB) / (480 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 46Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Sport Translator.......Theo Kat Encoder..........SWM

Comedy • Drama
6.8 2023 106 mins
Somewhere in Queens
Mojin: Return to the South China Sea
5.5

Adventureကိုကြိုက်နှစ်တဲ့ပရိတ်သတ်တွေအတွက် ဇာတ်လမ်းကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် မင်းသားကတော့ ဆုတံဆိပ်တွေအများကြီးရထားတဲ့ Pan YueMing နဲ့ X Sister နဲ့ပွဲထွက်ထားတဲ့ နာမည်ကြီးမင်းသမီး Zhang YuQiနဲ့ဆိုတော့ ဇာတ်လမ်းကတော့အလွန်ကိုကောင်းလွန်းပါတယ် ရှေးဟာင်းပစ္စည်းတွေကိုရှာဖွေရတာကြိုက်တဲ့ မောကျင်းအဖွဲ့ ဝင် ဟူပါးယီးတို့အဖွဲ့က ကောင်းချင်းအုတ်ဂူမှာအရဲစွန့်ပြီးနောက် အဖွဲ့ကွဲသွားကြတယ် အမေရိကန်ပါမောက္ခချိန်က နန်းဟိုင်းရဲ့သန္တာကျောက်တန်းမှ ချင်ဝမ်အရိုးမှန်ကိုရှာဖွေဖို့အတွက် မောကျင်းအဖွဲ့ ဟူပါးယီးတို့ကိုဖိတ်ခေါ်ခဲ့တယ် ကောင်းချင်းအုတ်ဂူမှာကျိန်စာမိခံရတဲ့ဟူပါးယီးက သွားဖို့ငြင်းဆိုခဲ့ပေမဲ့ အဖွဲ့ဝင်တွေကြောင့် လိုက်ပါခဲ့ပြန်တယ် နန်းဟိုင်းပင်လယ်ကိုသွားတဲ့အချိန်မှာ နှင်းမိုးလေးတွေကျပြီးတော့ ထူးဆန်းတဲ့အရာတွေ အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခုပေါ်လာခဲ့တယ် မောကျင်းတို့အဖွဲ့က ဒီအခက်အခဲတွေကိုကျော်ဖြတ်နိုင်မလား? ရတနာပစ္စည်းကိုဆယ်ယူနိုင်မလား? အဲ့နေရာမှာပဲသေဆုံးကြမလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမှာဖြစ်ပါတယ် [ Reviewed By Hnin Wutt Hmone ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Crime • Drama
5.5 2022 105 mins
Mojin: Return to the South China Sea
Om Shanti Om
7.1

ဒီတစ်ခေါက်မှာတော့ Old But Gold ဇာတ်ကားလေးဖြစ်တဲ့ ရှာရွတ်ခန်းရဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ် အွန်း(မ်)ဆိုတဲ့ ကောင်လေးဟာ အရမ်းကိုမှ မင်းသားဖြစ်ချင်နေတဲ့ သာမန်လူတန်းစားလေးတစ်ယောက်ပေါ့ အဲဒီအချိန်တုန်းက ရှန်တီဆိုတဲ့ ရုပ်ရှင်မင်းသမီးဟာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားတဲ့သူဖြစ်ပြီး အွန်း(မ်)ကလည်း သူ့ကို အသေအလဲသဘောကျနေတာပေါ့ တစ်နေ့ကျတော့ ရှန်တီဟာ ထုတ်လုပ်သူတစ်ယောက်ရဲ့ မီးရှို့သတ်ခြင်းကို ခံခဲ့ရပြီး ဒါကိုမျက်မြင်ကိုယ်တွေ့ မြင်လိုက်တဲ့ အွန်း(မ်)က ဝင်ကယ်ဖို့လုပ်ရင်းနဲ့ သူပါ သေဆုံးသွားခဲ့ရပါတယ် ဒါပေမယ့် သူဟာ မင်းသားကြီးတစ်ယောက်ရဲ့ သားအဖြစ် ပြန်လည်လူဝင်စားလာခဲ့ပြီး နှစ် (၃၀) အကြာမှာတော့ လျှမ်းလျှမ်းတောက်မင်းသားတစ်လတ် ဖြစ်လို့လာခဲ့ပါတယ် အဲဒီလိုနဲ့ တဖြည်းဖြည်းနဲ့ သူ့အရင်ဘဝကို ပြန်အမှတ်ရလာပြီး ရှန်တီအတွက် တရားမျှတမှုရှာပေးဖို့ ကြံစည်ပါတော့တယ် သူဘယ်လိုနည်းနဲ့ ပြန်အမှတ်ရခဲ့တာလဲ ရှန်တီကရော ဘာလို့အသတ်ခံခဲ့ရတာလဲ ရှန်တီအတွက် တရားမျှတမှုကိုရော ဘယ်လိုရှာပေးမလဲဆိုတာ ရှာရွတ်ခန်းရဲ့ နှစ်ဘဝသရုပ်ဆောင်ချက်တွေကို အပြည့်အဝခံစားကာ ကြည့်ရှုရမှာပဲဖြစ်လို့ အခုလိုပဲ တင်ဆက်ပေးလိုက်ရပါတယ် File size…4.35GB / 2.2GB Quality…1080p BluRay /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Sora

Comedy • Drama • Romance
7.1 2007 162 mins
Om Shanti Om
In from the Side
6.8

မာ့ခ်ဟာ ရက်ဂ်ဘီအသင်းက ကစားသမား တစ်ယောက်ဖြစ်ပြီး အသင်းပွဲစဉ် ပြီးဆုံးလို့ ကလပ်တက်ကြတဲ့အခါအမှတ်မထင် ဝါရန်နဲ့ တွေ့ဆုံခဲ့ပါတယ် ထိုတွေ့ဆုံမှုကနေ အစပျိုးခဲ့တဲ့ သူတို့ဆက်ဆံရေးဟာ တကယ်တော့ ရပ်တန့်ပစ်ရမှာပဲဖြစ်ပါတယ်။ အကြောင်းကတော့ မာ့ခ်နဲ့ ဝါရန်မှာ ကိုယ်ဆီကိုယ်ငှဆိုင်သူရှိနေကြလို့ပါ။ သူတို့ရဲ့ ဇာတ်လမ်းလေးကို တိတ်တဆိတ်ပဲ ဆက်လှုပ်ရှားမှာလား… ပတ်ဝန်းကျင်က သတိထားမိသွားမလား… အသိ သတိကပ်ပြီး စိတ်ကို ချုပ်တည်းသွားနိုင်မလားဆိုတာကို ကြည့်ရှုရမှာပါ ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(2.4GB) / (1.2GB) Quality__WEB-DL_1080p, 720p IMDb Rating__6.8/10 Format__mp4 Duration__02:04:00 Type__Drama, Sport Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

6.8 2023 134 mins
In from the Side
Taxi
7

Taxi (1998) IMdb Rating (7.0) / Rotten Tomatoes (81%) Taxi ဇာတ်ကားလို့ ဆိုလိုက်တာနဲ့ ပြင်သစ်က အူကြောင်ကြားရဲနဲ့ မာဆေးလမ်းမတွေပေါ်က မြန်နှုန်းမြင့် လန်ပျံနေတဲ့ တက္ကစီသမားတို့ကို ပြေးမြင်ကြမှာပါ။ Taxi ဇာတ်ကားတွေဟာ အက်ရှင်ဟာသရုပ်ရှင်ကားတွေထဲ Rating မြင့်ပြီး တကယ်လဲရယ်ရတဲ့ဇာတ်ကားတွေပါ… ပြင်သစ်က ရိုက်ကူးထားတဲ့ Taxi ဇာတ်ကား ၅ ကားရှိပြီး ၁ ကနေ ၄ ထိကတော့ မင်းသား၊မင်းသမီး၊ဇာတ်ပို့တွေက အတူတူပါပဲ။ ပြင်သစ်မင်းသားတွေဖြစ်ကြတဲ့ Samy Naceri,Frédéric Diefenthal,Bernard Farcy ၊ မင်းသမီး Marion Cotillard,Emma Wiklund တို့ပါဝင်ထားပြီး တခါတလေ နာမည်ကြီးဧည့်သည်သရုပ်ဆောင်တချို့ ပါလာတတ်ပါတယ်။ Taxi-5 မှာတော့ လူတွေပြောင်းရိုက်ထားပြီး Theme လောက်ပဲ တူတော့သလိုဖြစ်တာကြောင့် သိပ်မကြိုက်ကြပါဘူး။ ၁ ကနေ ၄ ထိကတော့ တကယ်ကိုရယ်ရတဲ့ ဗရုတ်သုတ်ခဇာတ်ကားတွေဖြစ်ပြီး တစ်ကားနဲ့တစ်ကားဆက်စပ်မှုရှိပါတယ်… ဇာတ်လမ်းက ပေါ့ပေါ့ပါးပါးနဲ့ သွက်သွက်လက်လက်တင်ဆက်ထားမှုကြောင့် ကြည့်ရှုနေသူတွေ ချက်ချင်းလိုက်ပါစီးမျောသွားမှာပါ။ ပါသမျှသရုပ်ဆောင်တွေရဲ့ ရုပ်တည်ကြီးနဲ့ လုပ်လိုက်ရင် လွဲသမျှကလဲ ပါးစပ်မစေ့ရအောင် ရယ်နေရမှာပါ။ ပိတ်ရက်မှာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစား အနားယူဖို့ အသင့်တော်ဆုံး Comedy ဇာတ်ကားတွေဖြစ်ပါတယ်။ (Taxi ဇာတ်ကားအားလုံးကို https://channelmyanmar.to/?s=taxi မှာ ကြည့်လို့ရပါတယ်။ )

War • Drama
7 1998
Taxi
The Wolf of Wall Street
8.2

The Wolf of Wall Street (2013) IMDb Rating (8.2) / Rotten Tomatoes (80%) The Wolf of Wall Street ဆိုတာက ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိကိုပြန်ရိုက်ထားတာ… အခုထိ သက်ရှိထင်ရှားရှိနေသေးတဲ့ Jordan Belfort ဆိုတဲ့ဆရာသမား စတော့ရှယ်ယာဈေးကွက်မှာ ဘယ်လိုတွေ လူလည်ဖျံကျပုံ… အချိန်တိုအတွင်း ငွေတွေဒလဟောဝင်ပြီး ဘယ်လိုတွေချမ်းသာသွားပုံ… ချမ်းသာလွန်ပြီး ဘာတွေဆက်ဖြစ်သွားပုံစတဲ့ သူ့ဘဝဇာတ်ကြောင်းကိုရိုက်ထားတာ… မင်းသား လီယိုနာဒိုက Jordan Belfort နေရာကနေ သရုပ်ဆောင်ထားပြီး ဇာတ်ကားရဲ့နောက်ဆုံးပိုင်းမှာ Jordan Belford ကိုယ်တိုင်လဲ ဝင်ရိုက်ထားသေးတယ်။ မင်းသမီးက Margot Robbie …သိတဲ့အတိုင်း ဒီဇာတ်ကားမှာရှယ်ဟော့တာ..သူများလင်ယူထားတဲ့ အငယ်အနှောင်းပုံစံနဲ့ ဟော့တယ် ထိတယ်မိတယ်ပေါ့။ သူမက အဲ့ကာလက တက်သစ်စမင်းသမီးပဲရှိသေးပေမယ့် ဒီဇာတ်ကားမှာ အဟော့ခန်းတွေ အဖော်အချွတ်ခန်းတွေပါမကျန် ဇာတ်နဲ့ကျရာဇာတ်ရုပ်ကို ပီပြင်စွာရိုက်ကူးသရုပ်ဆောင်ခဲ့တာကြောင့် တခါထဲ နာမည်ကြီးမင်းသမီးတန်းဝင်သွားပါတယ်။ မင်းသားလီယိုနာဒိုကတော့ ပြောမနေနဲ့တော့…သူ့ကြောင့်ပဲ ဒီရုပ်ရှင်ကား ဒီလောက်ကောင်းသွားတာ.. Jordan Belfort တောင် သူ့လောက် Jordan Belfort မဖြစ်လောက်ဘူး… လီယိုနာဒိုကမှ တကယ့်လူလည်ပတ်ကား ကျရာပျော် ငွေသမား ဆေးသမား ဆော်သမား အကုန်ကြမ်းတဲ့ တကယ့် Jordan Belfort ။ မူးယစ်ဆေးအမျိုးမျိုးကို နှစ်သက်တဲ့ Jordan Belfort မှာ မူးယစ်ဆေးတွေထက် ပိုယစ်မူးတဲ့ အရာတစ်ခုရှိတယ်… အဲ့ဒါပိုက်ဆံပဲ။ ” ပိုက်ဆံသာ အလုံအလောက်ရှိလာရင် မင်း ဘာမဆိုလုပ်နိုင်လိမ့်မယ် ကမ္ဘာကြီးကိုလည်းသိမ်းပိုက်နိုင်လိမ့်မယ်..မင်းရန်သူတွေကိုလည်းဖျက်ဆီးပစ်နိုင်လိမ့်မယ် ပိုက်ဆံက မင်းကိုဘဝကောင်းကောင်းတစ်ခု ဝယ်ပေးရုံမဟုတ်ဘူး အစားကောင်းကောင်းရော ကားကောင်းကောင်းရော မိန်းမကောင်းကောင်းရောဝယ်ပေးတာ မင်းကိုပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာစေတယ် မင်းကြိုက်တဲ့ဘုရားကျောင်း၊နိုင်ငံရေးပါတီ ကြိုက်တာကိုမင်းလှူလို့ရတယ် စိတ်ပါရင် ဇီးကွက်မျိူးစိတ်တစ်ခုလုံးကိုတောင် ပိုက်ဆံပေးပြီးကာကွယ်ထားလို့ရသေးတယ်။” ဒီလိုခံယူချက်တွေနဲ့ Jordan Belfort ဟာ ဘာမှမရှိတဲ့သာမန်အရောင်းစာရေးဘဝကနေ အချိန်တိုအတွင်း သန်းကြွယ်သူဌေးဖြစ်လာဖို့ အားထုတ်ပါတော့တယ်… ပွဲစားတစ်ယောက် ဈေးရောင်းသူတစ်ယောက် Marketing သမားတစ်ယောက် ဈေးဘယ်လိုရောင်းရမယ်ဆိုတာ Jordan Belfort က ဒီရုပ်ရှင်မှာပြလိမ့်မယ်… လီယိုနာဒိုရဲ့တွဲဖက်က ဟာသမင်းသား Jonah Hill တဲ့…ပွဲကိုသိမ်းရော…နှစ်ယောက်သား တစ်ကားလုံး ဆဲလိုက် မူးလိုက် ပေါက်ကရတွေချည်းဆော်တာ။ မိသားစုနဲ့ကြည့်လို့မပြေအောင်ထိ ဇာတ်ကကြမ်းတယ်…ဒါရိုက်တာက နာမည်ကျော် Martin Scorsese ။ တခါတလေ စိတ်ညစ်လို့ Moti ပျောက်နေပြီဆိုရင် ဒီရုပ်ရှင်ကားက အမြင်တစ်မျိုးနဲ့ Moti ပေးနေပါလိမ့်မယ်။ ၃ နာရီကျော်ကြာပေမယ့် လုံးဝစွဲသွားမှာမလို့ ကြည့်ကြည့်ပါ။ (4K ကိုတော့ HDR Version နဲ့ လုပ်ထားတာမလို့ ခေတ်ပေါ် ဖုန်း pc tv တချို့မှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်…1080p နဲ့ 720p ကတော့ ပုံမှန်အတိုင်းကြည့်လို့ရပါတယ်။)

Mystery • Drama
8.2 2013 180 mins
The Wolf of Wall Street
Toby
8

Toby (2023) “တုနှိုင်းမဲ့မေတ္တာ” IMDb – 8.1/10 ဟာသကားတွေမှာမြင်ရလေ့ရှိတဲ့ ရာ့ဂျ်ဘီရှက်တီကို လူမိုက်ကြီးတစ်ယောက်အနေနဲ့ တွေ့မြင်ရမဲ့ ကန်နေဒါရုပ်ရှင်လေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ရာ့ဂျ်ဘီရှက်တီဆိုတာ ခွေးလေးတစ်ကောင်အနေနဲ့ အကယ်ဒမီရသွားတဲ့ရုပ်ရှင်ထဲမှာ ဒေါက်တာနေရာက သရုပ်ဆောင်ခဲ့တဲ့သူ။ အခုဒီရုပ်ရှင်က ရုံတင်ပြသပြီးတဲ့နောက်မှာပဲ ဝေဖန်ရေးသမားတွေရဲ့ အကြိုက်တွေ့ခဲ့သလို ပရိသတ်တွေကြားမှာလည်း အတော်လေးပြောစမှတ်တွင်သွားခဲ့ပါတယ်။ တိုဘီဆိုတာ အနေအေးတဲ့လူကြီးဖြစ်နေပေမဲ့ ကျေးရွာဥက္ကဌက သူ့ရဲ့မှောင်ခိုလုပ်ငန်းတွေနဲ့ပတ်သက်ပြီး လူသတ်စရာရှိလာရင် ရံဖန်ရံခါ ငှားရမ်းသတ်ဖြတ်ခိုင်းလေ့ရှိတဲ့ ကြေးစားလူသတ်သမားကြီးလည်း ဖြစ်နေပြန်ရော။ သမီးလေးတစ်ယောက်ရှိပြီး ပတ်ဝန်းကျင်ကြမ်းတော့ စရိုက်ခပ်ကြမ်းကြမ်းနဲ့ ကမ်းခြေမှာအသားငါးလုပ်ငန်းလုပ်ရပါတယ်။ အဖေဖြစ်သူကို ထောင်ကနေသွားသွားခေါ်နေရတော့ စိတ်အချဉ်ပေါက်ပြီး ဖခင်တိုဘီကို လူသတ်မှုကျူးလွန်စေသူ ရွာသူကြီးဆီသွားပြီး ပွဲကြမ်းပါတော့တယ်။ အဲဒီကနေစလို့ ပြဿနာတွေကမပြီးဘဲ ဂျန်နီရဲ့ခင်ပွန်းဖြစ်သူက ရွာလူကြီးရဲ့မှောင်ခိုလုပ်ငန်းတွေမှာ အနှောင့်အယှက်အဖြစ်နဲ့ ရွာလူကြီးက မြင်လာတဲ့အခါမှာတော့။ ရွာလူကြီးခိုင်းတာလုပ်ပြီး ခပ်အေးအေးနေတဲ့အရက်သမားကြီး တိုဘီတစ်ယောက် သမီးဖြစ်သူရဲ့အသက်အန္တရာယ်ထိပါ ထိပါးလာချိန်မှာတော့ ရွာလူကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ပါတော့တယ်။ ဖခင်တစ်ယောက်ရဲ့မေတ္တာဖွဲ့လား…လူမိုက်တယောက်ရဲ့သွားရာလမ်းလား…ဆိုတာတော့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

8 2023
Toby
Fallen Leaves
7.5

Fallen Leaves (2023) ~ IMDb – 7.5/10, RT – 98%, Meta – 86% ~ ” ကြီးကျယ်ခမ်းနားတဲ့ အချစ်ဇာတ်လမ်းတွေ ကြားဖူးတယ်မလား။ ဂန္ထ၀င်စာအုပ်တွေလိုမျိုးလေ။ နမ်းခန်းတောင်မပါဘူး။ မနမ်းကြဘူး။ လုံး၀ ဘာမှကိုမဖြစ်ဘူး အရမ်းသန့်စင်တယ်။ ဒါကြောင့်ပဲ ကြီးကျယ်ခမ်းနားတာ။ ထုတ်မပြောထားတဲ့ ခံစားချက်တွေဟာ မမေ့ရက်နိုင်စရာကောင်းတယ်… “ ဒီစကားက တာကော့စကီးရဲ့ Nostalghia ထဲက စကား။ ဘာလို့ ဒီစကားထည့်ပြောရသလဲဆို ဒီရုပ်ရှင်ဟာ အချစ်အကြောင်းမို့ပါပဲ။ ဒါပေမဲ့ အချစ်အကြောင်းလို့မထင်ရအောင်ကို ဒီရုပ်ရှင်ဟာ မကြီးကျယ်မခမ်းနားဘူး။ ခပ်ရှင်းရှင်းပြောရရင် အချစ်ဇာတ်အနေနဲ့ဆို တော်တော်လေး သိမ်ငယ်ရမယ့်အထဲတောင် ဝင်သွားနိုင်တယ်။ ဒါကြောင့်လည်း ဒီရုပ်ရှင်နဲ့သိပ်ဆန့်ကျင်ဘက်ဖြစ်လွန်းတဲ့ တာကော့စကီးပြောတဲ့ ကြီးကျယ်ခမ်းနားတဲ့ အချစ်တွေအကြောင်း သွားပြေးမြင်မိတာပဲ။ ထုတ်မပြောဖို့နေနေသာသာ တန်းပြောတန်းဖြစ်ဆိုတဲ့ သဘောမျိုးတောင် ဆန်တယ်။ ဒါကို ဘာလို့ပြေးမြင်မိသလဲဆို ဘာမှမဆိုင်လို့ပါပဲ။ ” ဘာဆိုင်လို့လွမ်းတာလဲ” ” ဘာမှမဆိုင်လို့ကို လွမ်းတာပါ” ဆိုတဲ့ စကားအတိုင်းပေါ့။ ဒီရုပ်ရှင်က Aki Kaurismäki ရဲ့ ကျောမွဲလူတန်းစားတွေအကြောင်းရိုက်ထားတဲ့ Proletariat Trilogy ထဲကို လေးကားမြောက်ထပ်ဖြည့်ထားတဲ့ကားဆိုတော့ ကျောမွဲလူတန်းစားအကြောင်း ဇာတ်ပဲ။ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်၂ကောင်လုံးက လူမရိုသေရှင်မရိုသေအလုပ်တွေ လုပ်နေရတဲ့ ဒီနေ့အလုပ်မလုပ်ရင် မနက်ဖြန်ငတ်သွားနိုင်တဲ့ လူတွေထဲကလူတွေပဲ။ Kaurismäki ဟာ ဇာတ်ရဲ့ သုံးချိုးတစ်ချိုးလောက်အထိကို သူတို့အချစ်ဇာတ်ကို မပြသေးဘဲ သူတို့ရဲ့ ကျောမွဲလူတန်းစားဘဝကို အရင်ပြတယ်။ တကယ်တမ်း သူတို့ဆုံစည်းခြင်း ချစ်ကြိုက်ခြင်းကိုပြတော့လည်း တာကော့စကီးရဲ့ ကြီးကျယ်ခမ်းနားတဲ့ အချစ်ဇာတ်လမ်းတွေနဲ့ ဆန့်ကျင်စွာပဲ ခုတွေ့ ခုကြိုက် ခုချစ် ပုံစံမျိုးကို ရောက်သွားတယ်။ အမှတ်တမဲ့ဆို မမြင်သာနိုင်အောင်လောက်ပဲ ချစ်တယ်ဆိုတဲ့ စကားလုံးတော့ တစ်လုံးမှမပါခဲ့ဘူး။ ဒါကလည်း မဆန်းပါဘူး။ သက်လတ်ပိုင်း တစ်ကိုယ်တော်လူတစ်ယောက်နဲ့ သက်လတ်ပိုင်း အထီးကျန်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ဘာတွေများ ရွေးချယ်စရာများများစားစားရှိမှာလဲ။ ဒီတိုင်းဘဝဆိုတာကို ဒီတိုင်းလက်ခံလိုက်ကြရမှာပဲ။ ဒါပေမဲ့ ကံက သူတို့ဘက်မရှိပေမဲ့ ဒီအချစ်ကို သူတို့လက်မလျှော့လိုက်တဲ့အချက်ကတော့ သဘောကျစရာကောင်းနေတယ်။ Fallen Leaves ဟာ ရိုးရိုးလေးပါပဲ။ ဒီလိုရိုးရိုးလေးဆိုတဲ့ ဘာထူးထူးခြားခြားမှမပါတဲ့ ဇာတ်လမ်းတွေကို မကြိုက်တတ်ရင် Fallen Leaves ဟာ ခင်ဗျားအတွက်မဟုတ်လောက်ဘူး။ ဒီလို ရိုးရိုးလေးဆိုတဲ့ အရာရာပါနေတဲ့ ဇာတ်လမ်းတွေကို ကြိုက်တတ်ရင်တော့ ဒီဇာတ်လမ်းဟာ ခင်ဗျားအတွက်ဖြစ်လောက်မယ်။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Aki Kaurismäki ဟာ နာမည်ကျော်ဖင်လန် ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ဖင်လန်ရဲ့နာမည်အကျော်ဆုံး ဒါရိုက်တာလည်းဟုတ်တယ်။ သူရိုက်ခဲ့တဲ့ ကားအများစုက ကိန်းမှာဆုအသီးသီးရခဲ့ပြီး အော်စကာဆန်ခါတင်ဝင်ဖူးတာတွေလည်းရှိတယ်။ Fallen Leaves လည်း လက်ရှိမှာ Shortlist ထဲတော့ ဝင်ထားတာပါပဲ။ ပြီးတော့ နောက် တစ်ချက်ရှိတာက ဒီရုပ်ရှင်က သီချင်းတွေက တော်တော်လေးကောင်းတယ်။ Autumn Leaves ခေါ် Fallen Leaves လို ၁၉၄၅ကတည်းက သီချင်းကအစ မျက်မှောက်​ခေတ် ဖင်လန်ပေါ့ဂီတအဖွဲ့ဖြစ်တဲ့ Maustetytöt ရဲ့ ၂၀၂၀ကထွက်ခဲ့တဲ့ Syntynyt suruun ja puettu pettymyksin အဆုံး သုံးထားတယ်။ ရုပ်ရှင်ရဲ့ နာမည်ဖြစ်တဲ့ Fallen Leaves ကတော့ တော်တော်သမိုင်းကြီးတဲ့သီချင်းလို့ပြောရမယ်။ Nat King Cole တို့၊ Frank Sinatra တို့လို ဂီတသမိုင်းရဲ့ အကျော်အမော်တွေပါ ဆိုဖူးတဲ့သီချင်းပဲ။ ဂျတ်ဇ်ဂီတပညာရှင်တွေကတော့ အမေရိကန်ကထွက်တာမဟုတ်တဲ့ထဲ ဂျတ်ဇ်သမိုင်းရဲ့အရေးအပါဆုံးသီချင်းလို့ သမုတ်ကြတယ်။ မိန်းစထွင်းနဲ့ မော်ဒန်ဂျတ်ဇ်သမားတွေချည်း အကြိမ်ပေါင်း ၁၄၀၀လည်း အသံသွင်းဖူးသလို ဂျတ်ဇ်ဂီတရဲ့ ပြန်ဆိုသူအများဆုံးသီချင်းလည်း ဟုတ်နေတယ်။ Syntynyt suruun ja puettu pettymyksin ကတော့ နားထောင်ရတာ တော်တော်လေး နားဝင်လွယ်သလို သူတို့ခေတ် သူတို့နိုင်ငံရဲ့ အခြေအနေကိုလည်း ထင်ဟပ်နေသလို ခံစားရတယ်။ Fallen Leaves ကို Aki Kaurismäki ဟာ မျက်မှောက်ခတ်မှာပဲ အခြေတည်ထားသလို ရုံမှာ သူတို့သွားကြည့်ကြတဲ့ကားကလည်း The Dead Don’t Die ဖြစ်နေပေမဲ့ သုံးထားတဲ့အရောင်တွေက အဟောင်းဆန်နေသလို ရုပ်ရှင်ပိုစတာတွေကလည်း အဟောင်းတွေပါပဲ။ ဂိုးဒတ်တို့ ဘာတို့အကြောင်းတောင် ကောက်ပြောလိုက်ကြသေးတယ်။ ဘာကြောင့်လဲတော့ ရုပ်ရှင်ကိုကြည့်ပြီးတဲ့အခါ ကိုယ်တိုင်ပဲ ဆုံးဖြတ်ပေးလိုက်ပေါ့။ Fallen Leaves ဟာ ဘယ်လိုရုပ်ရှင်လဲဆိုတော့ ဆိုခဲ့သလို ကြီးကျယ်ခမ်းနားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်မဟုတ်တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒါပေမဲ့လည်း နှောင်ကြိုးကလွဲ ဘာမှမပိုင်ဆိုင်နိုင်တဲ့ သူတို့ရဲ့ဘဝမှာတော့ ဒီဇာတ်လမ်းဟာ ကြီးကျယ်ခမ်းနားနေမှာပါပဲ။ Fallen Leaves ထဲက အချစ်ဇာတ်ဟာ သစ်ရွက်ကြွေတို့ရဲ့အတိတ်တစ်ခုပေါ့။ မျက်လုံးကိုမှိတ်ပြီးနားထောင်ကြည့်ရင်တော့ တိတ်ဆိတ်လွန်းတဲ့ သစ်ရွက်ကြွေသံကို ခင်ဗျားကောင်းကောင်းကြားရမှာပဲ။ ဒီရုပ်ရှင်ဟာ အဲဒီသစ်ရွက်အသေတွေအကြောင်းပေါ့။ ဒါဟာ… မလှပခြင်းနဲ့ လှပနေတဲ့၊ လှပခြင်းနဲ့ မလှပနေတဲ့ သစ်ရွက်အသေတို့ရဲ့ ဂီတ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 890MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 21Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.5 2023 81 mins
Fallen Leaves
Pilecki’s Report
6

ဒီဇာတ်ကားကတော့ ဇာတ်ကားပြီးသွားတဲ့အခါ သူရဲကောင်းတွေကို ဘာကြောင့် သတ်ပစ်ကြတာလဲဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်တစား ကြည့်ရမယ့် ဇာတ်ကားမျိုးပါ။၂ နာရီစာ ဒီဇာတ်ကားက တကယ့် ဖြစ်ရန်မှန်ကို အခြေခံထားတဲ့ ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်မှာ ပိုလန် လူမျိုး ဝစ်တိုး ပီလက်ကီဆိုတဲ့ တော်လှန်ရေး တပ်သားတစ်ယောက်ဟာ အရမ်း ဆိုးဝါးတဲ့ အော့ဇ်ဝစ်ချ် ဂျာမန် အကျဉ်းထောင်ထဲကို ဝင်ရောက်ခဲ့ပါတယ်။ စစ်ကြီးပြီးသွားတဲ့အခါမှာတော့ ကွန်မြူနစ် အရာရှိတွေရဲ့ ဖမ်းဆီးခြင်းကို သူ့အနေနဲ့ ခံလိုက်ရတယ်။ စစ်အတွင်းမှာ သူကြုံခဲ့ရတာတွေ .. အော့ဇ်ဝစ်ချ်ဆိုတဲ့ ငရဲခန်းထဲမှာ သူ့ရဲ့ အတွေ့အကြုံတွေနဲ့ မျက်မြင်ကိုယ်တွေ့ သူကြုံခဲ့ရတဲ့ အနိဌာရုံ မြင်ကွင်းတွေအကြောင်း ကွန်မြူနစ်အရာရှိတွေက သိချင် ခဲ့ကြတာဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့ ၁၉၄၈ ခုနှစ်မှာ ဆိုဗီယက်အစိုးရကို ဆန့်ကျင်မှုကြောင့် သူဟာ ကွပ်မျက်ခံလိုက်ရတာပါပဲ။ ပထမ စစကြည့်ချင်းမှာ ဇာတ်ကားကို သိပ်နားမလည်နိုင်ပေမဲ့ နောက်ပိုင်းမှာ အော့ဇ်ဝစ်ချ် အကျဉ်းထောင်ထဲက ရိုက်ကွင်းတွေ ကြောင့် ဇာတ်ကားက ပိုကြည့်လို့ ကောင်းလာပြီး ဇာတ်ရည်လည်း လည်လာမှာဖြစ်ပါတယ်။ သမိုင်း ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ဒီဇာတ်ကားက ကြည့်ရမယ့် ဇာတ်ကားကောင်း တစ်ကားပါပဲ လို့ ပြောရင်း … File size…1.53GB / 700MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Biography , Drama , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

6 2023 119 mins
Pilecki’s Report
Tom and Jerry Snowman’s Land
5.4

ဒီဇာတ်လမ်းလေးမှာ ဂျယ်ရီက ဂွတ်ဘယ်ရီဆိုတဲ့မြို့လေးက အရုပ်ဆိုင်ရှင်ကြီးရဲ့ ကြွက်ကလေးပါ။ သူ့မှာ မျက်လှည့်ရူး တပ်ဖီဆိုတဲ့ တူတစ်ယောက်လည်း ရှိပါသေးတယ်။ အဲဒီမှာ တွမ်ကတော့ ပြိုင်ဖက်အရုပ်ဆိုင်ရှင် ဒက်ဗယ်ဗေးရဲ့ ကြောင်ပါ။ အဲဒီဂွတ်ဘယ်ရီမြို့‌မှာ မှော်အစွမ်းရှိတယ်လို့ နာမည်ကြီးတဲ့ အိုစမိုင်းလီဆိုတဲ့ တောင်တစ်လုံးလည်း ရှိပါတယ်။ တစ်နေ့ဂျယ်ရီရဲ့တူ တပ်ဖီတစ်ယောက် မျက်လှည့်ပြကွက်အသစ် ဖန်တီးရာကနေ နှင်းလူသားတစ်ယောက် ဖန်တီးမိသွားပါတယ်။ အဲဒီနှင်းလူသားက အိုစမိုင်းလီတောင်ရဲ့ မှော်အစွမ်းကြောင့်ဖြစ်လာတာလို့ ယုံကြည်ထားပြီး အဲဒီတောင်ပေါ်ကို ပြန်ပို့ပေးဖို့ ဂျယ်ရီနဲ့ တပ်ဖီတို့ ပြင်ဆင်နေကြပါတယ်။ ဒါကိုသိသွားတဲ့ တွမ်နဲ့ ဒက်ဗယ်ဗေးတို့က အရုပ်နည်းပညာအသစ်လို့ ယူဆပြီး နှင်းလူသားကို ဖမ်းဆီးစမ်းသပ်ဖို့ ကြိုးစားပါတော့တယ်။ ဂျယ်ရီတို့နှစ်ယောက် သူတို့လက်က လွတ်အောင် လုပ်ပြီး နှင်းလူသားကို အဲဒီမှော်တောင်ထိပ်ပေါ်ကို အရောက်ပို့ပေးနိုင်မလား၊ ကြောင်ကြီး တွမ်တို့က သူတို့ကို ဘယ်လောက်ထိ နှောင့်ယှက်သွားမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ File Size : 1 GB, 472 MB Quality : WEB-DL 1080p / 720p Running Time : 1hr 16min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

Drama
5.4 2022 76 mins
Tom and Jerry Snowman’s Land
Flying Swords of Dragon Gate
5.9

Jet Li ရဲ့အမိုက်စားအက်ရှင်တွေနဲ့ သဘာဝကျတဲ့ Effectsအလန်းစားတွေနဲ့ သိုင်းကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နာမည်ကျော် လုံမိန်တည်းခိုခန်းမီးလောင်သွားပြီးတော့ ပိုင်ရှင်ဖြစ်တဲ့သူပျောက်သွားပြီး (၃)နှစ်မှာ တိုင်းပြည်အုပ်ချုပ်ရေးမျာကြီးစိုးနေတဲ့ အာဏာကိုအလွဲသုံးစားလုပ်နေတဲ့ မိန်းမစိုးအင်အားစုကို ကျောက်ဟွိုင်အန်းတို့လူစုက ဖြိုလှဲဖို့ကြိုးစားနေခဲ့ကြတယ်။ တစ်ချိန်ထဲမှာပဲ ကျောက်ဟွိုင်အန်းဆိုတဲ့နာမည်နဲ့ လူတွေကိုကယ်တဲ့သူတစ်ယောက်ရှိလာတယ်။ နန်းတွင်းကိုအပျိုတော်လေးတစ်ယောက်ကိုကယ်ဖို့ကြိုးစားရင်းနဲ့ သဲကန္တာရထဲက လုံမိန်တည်းခိုခန်းကိုရောက်လာခဲ့ကြတယ်။ သိပ်မကြာခင်မှာ သဲမုန်တိုင်းကြီးကျလာတော့မှာဖြစ်တဲ့အတွက် တည်းခိုခန်းထဲမှာ ပိတ်မိမလိုဖြစ်လာတဲ့အခါ သဲမုန်တိုင်းကြားကသူတို့ရဲ့တိုက်ပွဲဟာ ဘယ်လိုတွေပြင်းထန်မလဲဆိုတာကို အမိုက်စားအက်ရှင်တွေနဲ့ကြည့်ရမှာဖြစ်ပါတယ်။ ဒီကားမှာ Jet Li အပြင် မမZhou Xun နဲ့ Chen Kun တို့ကအားဖြည့်ပါဝင်ထားပါတယ်။

5.9 2011
Flying Swords of Dragon Gate
Drop
6.4

Drop (2025) IMDb Rating (6.4) / Rotten Tomatoes (84%) Drop ကတော့ thriller, mystery, drama အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဗိုင်အိုလက်လို့ခေါ်တဲ့ တစ်ခုလပ်ကလေးအမေအမျိုးသမီးတစ်ယောက်ဟာ အွန်လိုင်းအပ်ပလီကေးရှင်းတစ်ခုကနေ လူတစ်ယောက်နဲ့တွေ့ဆုံဖို့ချိန်းဆိုခဲ့ပါတယ်။ အဲဒီလူနဲ့တွေ့ဆုံနေချိန်မှာပဲ သူမရဲ့ဖုန်းထဲကိုစိတ်အနှောင့်အယှက်ဖြစ်စရာ စာတွေတစောင်ပြီးတစောင်ဝင်လာပါတော့တယ်။ အစမှာတော့ အပျော်အပျက်အနေနဲ့အမှတ်မထင်ထားလိုက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူမရဲ့ဘဝကိုအကြီးအကျယ်ခြိမ်းခြောက်မှုတွေပါလာပါတော့တယ်။ ဒီအရာကိုလုပ်ဆောင်နေသူဟာ သူမရဲ့လှုပ်ရှားမှုတိုင်းကိုမြင်တွေ့နေရသလိုထိန်းချုပ်နေပြီး သူမရဲ့အနားမှာရှိနေတဲ့ဘယ်သူမဆိုဖြစ်နေနိုင်တာကိုသိခဲ့ရပြီးနောက်.. ဒီအကြပ်အတည်းကနေ သူမဘယ်လိုပုံစံနဲ့ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Senju ဖြစ်ပါတယ်။) File size… (3.4 GB) / (1 GB) / (650 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Mystery, Thriller Duration…. 01:36:46 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Senju

Drama • Action • Crime
6.4 2025 95 mins
Drop
Halloween H20: 20 Years Later
5.8

Halloween H20: 20 Years Later (1998) IMDb Rating (5.8) / Rotten Tomatoes (56%) ဒီကားကတော့ အထူးတလည် ညွှန်းစရာတောင်မလိုဘူးထင်ပါတယ်။ Thriller ကားတွေထဲမှာဆို classic ပဲ ၊ မိုင်ကယ်မိုင်ရားစ်ဆိုတဲ့ လူဟာ ဇာတ်ဆောင်ကယ်ရီရဲ့ မောင်ဖြစ်သူပါ။ သူ့အစ်မက မိုင်ကယ်မမိအောင် နာမည်တွေပြောင်း ခြေရာတွေဖျောက်ပြီး နေနေပါသော်လည်း ဆရာသမားလေးက သိတဲ့အတိုင်းပဲ ရှာတွေ့ဖြစ်အောင် ရှာတွေ့တာဗျာ။ အဲ့မှာ ကယ်ရီက သူ့သားလေးကိုရော သူ့ချစ်ရသူတွေကိုရော ကာကွယ်ပေးနိုင်ပါ့မလား။ သူဘယ်လို သူ့မောင်လက်ကနေ အသက်ရှင်အောင်နေရမလဲဆိုတာမျိူး ကြည့်ရမှာဖြစ်ပါတယ်။ ဒီကားက Franchise ကြီးတာမို့ တကယ်မိုက်တဲ့ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phyu Thwe Zaw ဖြစ်ပါတယ်။) File size…(1.3 GB) / (610 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:26:13 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Phyu Thwe Zaw

Western
5.8 1998 86 mins
Halloween H20: 20 Years Later
Heads of State
6.7

IMDb Rating (6.5) / Rotten Tomatoes (68 %) အားလုံးရဲ့အချစ်တော် John Cena ကြီးကတော့ Heads of State ဆိုတဲ့ ဇာတ်ကားနဲ့ထပ်မံပြီးတော့ ပွဲထွက်လာပြန်ပါပြီ။ ဒီဇာတ်ကားလေးကတော့ 2025 ထဲမှာပဲ ပူပူနွေးနွေးထွက်ရှိထားတဲ့ ဟာသအက်ရှင် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ မင်းသား John Cena , Idris Elba , မင်းသမီး Priyanka Chopra တို့အဓိက ပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာကတော့ Ilya Naishuller ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++++ သရုပ်ဆောင်လုပ်ရင်း အမေရိကန်နိုင်ငံရဲ့ သမ္မဖြစ်လာသူ Will Derringer(John Cena) နဲ့အင်္ဂလန် နိုင်ငံရဲ့ ဝန်ကြီးချုပ် Sam Clarke(Idris Elba) တို့ဟာ ရန်သူတစ်ယောက်ရဲ့ အကြံအစည်ကြောင့် သူတို့လိုက်ပါလာတဲ့ Air Force One လေယာဉ်ကြီးနှင့်အတူပျက်ကျသွားခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံး ကံကောင်းထောက်မစွာ အသက်ရှင်ပြီးတဲ့နောက်မှာ ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ ဘာတွေရှိလဲ ဘယ်သူတွေရှိလဲဆိုတာတွေကို စုံစမ်းထုတ်ဖော်ဖို့အတွက် မတည့်အတူနေနှစ်ယောက် ပူးပေါင်းဖို့ဖြစ်လာခဲ့ပါတော့တယ်။ လုပ်ကြံသူတွေအနေနဲ့လည်း သူတို့အသက်ရှင်နေသေးတယ်ဆိုတာကို သိလိုက်ရတဲ့အခါ သူတို့ကိုလိုက်ပြီးတော့ ထပ်မံလုပ်ကြံပါတော့တယ်။ Will နဲ့ Clarke တို့နှစ်ယောက် အခက်အခဲတွေကို ဘယ်လိုဖြတ်ကျော်ပြီး ပြဿနာတွေကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ စိတ်ဝင်စားစွာ ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File Size… (7.36 GB) / (2.07 GB) / (1.12 GB) Quality… WEB-DL 4K HEVC/1080p HEVC /720p Format…mkv / mp4 Duration…1h 56m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Benjamin Translated by Nay

Comedy • Romance
6.7 2025 117 mins
Heads of State
Ms. Kanyin
6

စည်းကမ်းတင်းကျပ်တဲ့ ထိပ်တန်းဘော်ဒါကျောင်းတစ်ကျောင်းမှာ ကျောင်းသားတစ်အုပ်စုဟာ အရေးကြီးတဲ့နောက်ဆုံးစာမေးပွဲတွေအတွက် အသည်းသန် ပြင်ဆင်နေကြရပါတယ်။ ဒါပေမယ့် ကျောင်းဝန်းထဲမှာ ဆရာမကန်ရင် ဆိုသူ ရုတ်တရက် ဆန်းကျယ်စွာ ပျောက်ဆုံးသွားတဲ့အခါမှာတော့ ထူးဆန်းပြီး ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တွေ စတင်ဖြစ်ပွားလာပါတော့တယ်။ နိုင်ဂျီးရီးယားကို နောက်ခံရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးဟာ သူငယ်ချင်းတွေကြား ရင်းနှီးမှု၊ ဝမ်းနည်းပူဆွေးမှုနဲ့ စိတ်လှုပ်ရှားဖွယ်ရာတွေကို ရောစပ်ထားပါတယ်။ ထူးချွန်တဲ့ လူငယ်သရုပ်ဆောင်တွေနဲ့ မျှော်လင့်မထားတဲ့ ဇာတ်လမ်းဇာတ်ကွက်မျိုးစုံတို့ဟာ ဘယ်သူ့ကိုယုံကြည်ရမလဲဆိုတာနဲ့ အမှတ်မထင် ကျူးလွန်လိုက်မိတဲ့ လုပ်ရပ်တိုင်းမှာဖြစ်လာမဲ့ အကျိုးဆက်တွေကို စဥ်းစားတွေးခေါ်မိစေမှာလည်းဖြစ်ပါတယ်။ File Size… (1.16 GB) / (644 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 52m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Vic

Comedy • Drama • Crime
6 2025
Ms. Kanyin