YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Secrets.of.Summer.S01E06.Date.Night.1080p.NF.WEB-DL.DUAL.DDP5.1.x264-TEPES.mp4

734.83 MB N/A video/mp4 102 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
97 Minutes
3.3

97 Minutes (2023) လေယာဥ်ပြန်ပေးဆွဲကားကောင်းကောင်း ကြည့်ချင်သူများအတွက် "97 Minutes" ဆိုတဲ့ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ခရီးသည်လေယာဥ်တစ်စီးကို အကြမ်းဖက်တွေက စီးနင်းထားပြီး ဒီလေယာဥ်မှာလဲ လောင်စာက ၉၇ မိနစ်စာပဲကျန်ပါတယ်။ အကြမ်းဖက်တွေကလဲ ဘာမှဆက်သွယ်တောင်းဆိုချက်မျိုးမလုပ်ဘဲ လေယာဥ်ကိုသာထိန်းချုပ်ထားတဲ့အခါ သူတို့ရည််ရွယ်ချက်ကဘာလဲ။ မြေပြင်မှာလဲဒီကိစ္စကိုလှမ်းဖြေရှင်းမယ့် NSA ကဒါရိုက်တာနဲ့လက်ထောက်ဒါရိုက်တာကြားမှာ သဘောထားကွဲလွဲမှုတွေကရှိနေတော့ ခရီးသည်တွေရဲ့ကြမ္မာကဘယ်လိုဖြစ်မလဲ။ ခရီးသည်တွေအတွက် အခွင့်အရေးလေးတစ်ခုရှိနေတာကတော့ အကြမ်းဖက်တွေကြားမှာ အသွင်ယူထားတဲ့အေးဂျင့်တစ်ယောက်ရှိနေတာပါပဲ။ ဒါပေမဲ့ဒီအေးဂျင့်တစ်ယောက်ထဲလဲ ကျန်တဲ့သူအားလုံးကိုနိုင်ဖို့ဆိုတာမလွယ်ကူပါဘူး။ ဒီ ၉၇ မိနစ်အတွင်းမှာ ဒီပြသနာအားလုံးကိုဖြေရှင်းလို့ရနိုင်မလား အကြမ်းဖက်တွေရဲ့ရည်ရွယ်ချက်ကဘာလဲ ခရီးသည်တွေရဲ့ကြမ္မာကရောဘယ်လိုဖြစ်မလဲဆိုတာ plot twist ကောင်းကောင်းနဲ့တင်ဆက်ထားတဲ့ mystery ဇာတ်လမ်းကောင်းပါပဲ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Thriller Quality…. 1080p | 720p | 480p File size… 1.1GB | 570MB | 285MB Format… mp4 Duration…. 1h 33min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron

Horror
3.3 2023 93 mins
97 Minutes
Buffy the Vampire Slayer
5.6

90s ခုနှစ်တွေဆီက Vampire ကားဟောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Rating တွေ သိပ်မကောင်းလှပေမဲ့ Cult Classic အနေနဲ့ နောင်ခေတ်တွေထိ သက်ရောက်မှုကြီးခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ကားလေးပါပဲ။ ဘတ်ဖီဆိုတဲ့မိန်းကလေးဟာ သာမန်အထက်တန်းကျောင်းသူတစ်ဦးဖြစ်ပြီး ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသူပေါ့။ အဲဒီအချိန်မှာပဲ သွေးစုတ်ဖုတ်ကောင်တွေ တစ်ဖန်ပြန်လည်ထကြွလာခဲ့ပြီး ဘဝအဆက်ဆက် Slayer တွေကို လေ့ကျင့်ပေးတဲ့ မဲရစ်ဟာ ဘတ်ဖီဆီကို ရောက်လာခဲ့တယ်။ သောင်းကျန်းနေတဲ့ ဖုတ်ကောင်တွေကို သုတ်သင်ဖို့တာဝန်ဟာ ဘတ်ဖီဆီကို တန်းတန်းမတ်မတ် ရောက်လာတယ်။ သွေးစုပ်ဖုတ်ကောင် ခေါင်းဆောင် လိုသို့စ်ကို နှိမ်နင်းနိုင်ဖို့ လွတ်လပ်တဲ့ဘဝကနေ နေ့ချင်းညချင်းလိုလို သတ်ဖြတ်သူတစ်ယောက်အဖြစ် အရည်အချင်းပြည့်ဝလာအောင် အပြင်းအထန်ကြိုးစားရင်း ဘာတွေဆက်ဖြစ်မလဲ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါ... ၁၉၉၇-၂၀၀၃ အတွင်း ထွက်ရှိခဲ့တဲ့ စီးရီးလည်း ရှိခဲ့ပြီး စီးရီးကတော့ ရုပ်ရှင်နဲ့မတူဘဲ လုံးဝကိုလျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ စီးရီးကိုကျ တင်ဖို့ မလွယ်တာမို့ ရုပ်ရှင်ကိုပဲ ခံစားနိုင်ဖို့ရာ တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 1GB Quality - 1080p, 720p Format - mp4 Duration - 1H 26Min Genre - Action, Comedy, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Drama • Family • Fantasy
5.6 1992 86 mins
Buffy the Vampire Slayer
Heaven, Earth and Hell

အိုလီဗာစတုန်းရဲ့ Vietnam War Trilogy ဟာ နာမည်ကျော် Trilogyတွေထဲ တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး သူ့နာမည်အတိုင်းပဲ အဲဒီသုံးကားဟာ ဇာတ်လမ်းဇာတ်အိမ် ဇာတ်ကောင် လားလားမှမဆိုင်ဘဲ ဗီယက်နမ်စစ်ပွဲကို အခြေပြုထားတာခြင်းပဲ တူနေတဲ့ ၃ကားပါ။ ပထမကားဖြစ်တဲ့ Platoon (1986) ကတော့ အကောင်းဆုံးကားလို့‌ ပြောရမှာပါပဲ။ နောက်တွမ်ခရုစ်ပါတဲ့ Born on the Fourth of July ပါ။ အခုကား Heaven and Earth (1993) ကတော့ တွမ်မီလီဂျုန်းပါဝင်ထားပါတယ်။ အိုလီဗာစတုန်းဟာ သမိုင်းကားတွေ အရိုက်များတဲ့ ဒါရိုက်တာဖြစ်ပြီး ဂျွန်အက်ဖ်ကနေဒီတို့ နက်ဆွန်တို့အကြောင်းလည်း ရိုက်ခဲ့ပါသေးတယ်။ သူကိုယ်တိုင်လည်း ဗီယက်နမ်စစ်ပွဲမှာ တာဝန်ကျဖူးပြီး သူ့စစ်မှုထမ်းအတွေ့အကြုံတွေဟာ ဒီ Trilogy အတွက် ထောက်တိုင်တွေဖြစ်ခဲ့တာမို့ ဒီကားတွေဟာ နာမည်ကျော်တာပါပဲ။ Vietnam War Trilogy ရဲ့ ပထမကားနဲ့ တတိယကားကို တင်ထားပေးပြီးပြီဖြစ်ပြီး ဒုတိယကား တွမ်ခရုစ်ရဲ့ Born on the Fourth of July ကလည်း လာပါလိမ့်မယ်။ စစ်ကားကြိုက်တဲ့လူတွေ လက်မလွှတ်သင့်တဲ့ Trilogy ပါပဲ။ ဗီယက်နမ်စစ်ပွဲကြီးဟာ (၁၉၅၅) ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ စစ်ပွဲတစ်ပွဲဖြစ်ပြီဆိုတာနဲ့ စစ်ရဲ့ဆိုးကျိုးတွေက နောက်ကချက်ချင်းကပ်လိုက်လာပါတယ်။ အမြင်သာဆုံးတစ်ခုကတော့ စစ်ဖြစ်ပြီဆိုတာနဲ့ ပြည့်တန်ဆာတွေ ပေါလာတာပါ။ အားကောင်းမောင်းသန် ယောက်ျားသားတွေ စစ်ထဲလိုက်သွားရတဲ့အချိန် ကျန်ခဲ့တဲ့မိန်းမသားတွေအတွက် စီးပွားရှာရခက်ခဲတဲ့အပြင် ကိုယ့်စိုက်ခင်းလေး ဘယ်အချိန်မီးရှို့ခံရမလဲ ကိုယ့်ပစ္စည်းလေး ဘယ်တော့အခိုးခံရမလဲ ကျီးလန့်စာစားနေရတဲ့ဘဝမို့ ရှာဖွေစားသောက်ရတာ မလွယ်ကူပါဘူး။ "စစ်ကဖြစ်ချင်လို့ကိုဖြစ်တာ ဖာက စားစရာမရှိလို့ဖြစ်တာ" လို့ မမမယ်လီနာက သူ့ဇာတ်ကားထဲမှာ ပြောခဲ့ဖူးပါတယ်။ ဒီဇာတ်ကားလေးကလည်း စစ်ကြောင့်ဘဝပျက်ခဲ့ရတဲ့၊ စစ်ကြောင့် ချစ်တဲ့မြေနဲ့ဝေးခဲ့ရတဲ့၊ စစ်ကြောင့် ချစ်ရတဲ့အရာတွေနဲ့ ဝေးခဲ့ရတဲ့၊ စစ်ကြောင့် ချစ်တဲ့သူတွေနဲ့ ဆုံစည်းခဲ့ရတဲ့ ဗီယက်နမ်အမျိုးသမီးလေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းပါပဲ။ ဇာတ်ကားနာမည်က Heaven and Earth လို့အမည်ရပြီး IMDB rating - 6.8/10 ထိရရှိထားတဲ့ ကားဟောင်းတစ်ကားမို့ မခေဘူးဆိုတာတော့ အသေအချာပါပဲ။ ဇာတ်ကားထဲမှာ ဗီယက်နမ်လူမျိုးတွေနဲ့ အမေရိကန်စစ်သားတွေကြား Communication ကောင်းကောင်းမပေါက်တာကိုပြဖို့အတွက် စကားပြောတဲ့အချိန် Broken English တွေချည်း သုံးထားပေမဲ့ ဗီယက်နမ်လူမျိုးအချင်းချင်းစကားပြောတဲ့နေရာတွေ၊ Narrating လုပ်တဲ့နေရာတွေမှာ ဗီယက်နမ်စကားမသုံးဘဲ အင်္ဂလိပ်စကားကိုပဲပြန်သုံးထားတာကိုတော့ သိပ်သဘောမကျလှပေမဲ့ ဒါကလည်းဇာတ်လမ်းကို အနှောင့်အယှက်ဖြစ်လောက်တဲ့ထိ မဟုတ်တာမို့ War / Drama ကြိုက်သူတွေအနေနဲ့ လေလီရဲ့ဘဝအတက်အကျလေးကို အတူတူလိုက်ခံစားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mariposa မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.1GB, 630MB Quality - 1080p, 720p, 480p IMDb Rating - 6.8/10 Format - mp4 Duration - 2H 20Min Genre - Action, Biography, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Mariposa Encoded by Y

Comedy
0 1993 25 mins
Heaven, Earth and Hell
The Tourist
6.2

ဂျော်နီဒပ်နဲ့အန်ဂျလီနာဂျိုလီတို့ပါဝင်တဲ့ ဒီဇာတ်ကားက Action/Crime ပုံစံ လျှို့ဝှက်သည်းထိတ်ရင်ဖိုရုပ်ရှင်ကားပါ။ အလက်ဇန္ဒား ပီးရက် လို့ခေါ်တဲ့ ရုရှား မာဖီယားဂိုဏ်းတစ်ခုက ငွေထိန်း လူယုံ တစ်ယောက် ။သူ့သူဌေး ဂိုဏ်းခေါင်းဆောင်ဆီက ဒေါ်လာ သန်း ၂၀၀ ကျော် ဘုံးသွားတယ် ။ ဒါ့အပြင် အင်္ဂလန် နာမည်ကျော် စကော့တလန်ယာဒ့် စုံထောက်အဖွဲ့ကြီး ဆီကနေလဲ ပေါင် ၇၃၃ သန်း ဘုံးသွားပါသေးတယ် ။ သူ့ကို ၂ နှစ်လုံးလုံး လိုက်ရှာကြတယ် ။ အစအနတောင် မတွေ့ရခဲ့ပါဘူး ။ စကော့တလန်ယာဒ့် အဖွဲ့က အလက်ဇန္ဒား ပီးရက်ကို မိဖို့ အတွက် ပေါင် ၈ သန်းကျော် အသုံးပြုခဲ့တယ် ။ တစ်နေ့တော့ အထူးစုံထောက် အာချက်ဆင် ခေါင်းဆောင်တဲ့ စုံထောက်အဖွဲ့တွေက အလက်ဇန္ဒား ပီးရက် ရဲ့ ဇနီးသည်နောက်ကို ထပ်ခြပ်မကွာ လိုက်လံစုံစမ်းနေတဲ့ကြားက သူတို့ နှစ်ဦး ဆက်သွယ်မိသွားကြတယ် ။ အလက်ဇန္ဒားဟာ သူ့ဇနီးသည်ကို အချစ်မြို့တော်လို့ခေါ်တဲ့ အီတလီနိုင်ငံ ဗင်းနစ်မြို့မှာ တွေ့ဆုံဖို့ ခေါ်ယူလိုက်တယ် ။ ဇနီးသည် အဲလစ်ဟာ ပဲရစ်ကနေ ဗင်းနစ်သို့ လာရင်း ရထားပေါ်မှာ ကမ္ဘာလှည့်ခရီးသည်တစ်ယောက်နဲ့ ဆုံမိပါတော့တယ် ။ ပြသနာအရပ်ရပ်က အဲဒီအချိန်က စတော့တာပါပဲ ။ ရုရှားလူဆိုးဂိုဏ်းခေါင်းဆောင်ရယ် ... စကော့တလန်ယာဒ့် စုံထောက်တွေရယ် အလက်ဇန္ဒားလို့ ခေါ်တဲ့ သူခိုးရယ်...အဲလစ်ဆိုတဲ့ မိန်းမလှလေးရယ်... အမည်မသိလူတစ်ယောက်ရယ်...ငွေတွေရယ်...ဘယ်လိုစခန်းဆက်ကြမလဲဆိုတာ...။ File size…(4.6 GB)/(1.4 GB)/(730 MB) Quality…WEB-DL 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:43:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Wai Lin Kyaw

Comedy • Mystery
6.2 2010 103 mins
The Tourist
M. Butterfly
6.6

ဒီကားကို ရိုက်တဲ့ဘဲက ဒေးဗစ်ခရိုနင်ဘတ်။ သူ့တော့ သိကြတယ်ဟုတ်။ Crimes of the Future တို့၊ The Fly တို့၊ Crash တို့လို Body Horror တွေအရိုက်များခဲ့တဲ့သူပါပဲ။ Body Horror မာစတာတစ်ပါးအဖြစ်လူသိများတဲ့ ခရိုနင်ဘတ်ဟာ ဒီတစ်ခါတော့ ထူးထူးခြားခြား ဘာညာဘာညာကြတာတောင် ဘော်ဒီမပြတဲ့ ကားကို ရိုက်ချလိုက်တယ်။ မင်းသားက Jeremy Irons ပါ။ ပေါ်ပြူလာအရမ်းဖြစ်တဲ့ထဲ မပါပေမဲ့လည်း သရုပ်ဆောင် တော်တော်ကောင်းတဲ့ ဘိုးတော်ကြီးပေါ့။ မင်းသမီးကတော့ အဲလေ နောက်မင်းသားကတော့ ဂျွန်လုံးပါ။ သူကတော့ ပုရီကားမှာ တော်တော်များများသိကြမှာပါ။ Rush Hour 2 ကတော့ သူ့ကို လူသိအများကြဆုံးကားဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်းကတော့ ပြင်သစ်သံရုံးက စာရင်းကိုင်တစ်ယောက်ဟာ တစ်နေ့ အော်ပရာသွားကြည့်ရင်း ပီကင်းအော်ပရာသမလေးတစ်ယောက်နဲ့တွေ့တယ်။ ဘာမှတော့မသိပေမဲ့ အနုပညာကိုခံစားတတ်သလို ဘာလိုလိုနဲ့ ရောဖောရင်း စကားသွားပြောရာက ငြိတိတိဖြစ်မလိုလို ဖြစ်သွားတာပေါ့။ အဲဒီနောက် တော်တော်ကြာသွားတယ်။ မတွေ့ဖြစ်ကြဘူး။ နောက် သူလက်ထောက်ကောင်စစ်ဝန်ရာထူးတိုးသွားတဲ့အခါမှာ အဲဒီအော်ပရာသမလေးဆီသွားပြီး ချစ်ရေးဆိုရာကနေ ပြင်သစ် တရုတ်အချစ်ဇာတ်လမ်းလေးတစ်ခု ဖြစ်ထွန်းလာတယ်ပေါ့။ စပွိုင်လာလို့ပြောလို့ရပေမဲ့ ဇာတ်ကိုက ဖြစ်ရပ်မှန်ကို ရိုက်ထားတာဆိုတော့ ကျန်တဲ့ပြောမှာတွေက စပွိုင်လာဖြစ်နိုင်တာမို့ မသိသေးရင် ဒီမှာပဲ ရပ်လိုက်ပါ။ မပြောလို့လည်း မဖြစ်တာမို့ ပြောရပါဦးမယ်။ ဒီလိုနဲ့ သူတို့တွေ ချစ်ခင်စုံမက်ပေါင်းဖက်လာလိုက်တာ သားလေးမွေးကြတဲ့အထိပေါ့။ ------------- ပြဿနာက တော်တော်ကြာပြီးမှ တရားရုံးက ခေါ်လို့သွားရာက အမှုအစစ်ဆေးခံရင်းသိလိုက်ရတာက သူမယားအဖြစ်ပေါင်းသင်းခဲ့တဲ့ အော်ပရာအဆိုတော်မက အမမဟုတ်ဘဲ အထီးကြီးဖြစ်နေရှာတာ။ အဲဒီမှာ တစ်လောကလုံးစာ အရှက်တွေကွဲပါလေရော။ ဟိုကလည်း ပိရိသကိုး။ ပီကင်းအော်ပရာသမားတွေက အစကတည်းကိုက အမျိုးသမီးဇာတ်ကောင်နေရာလည်း အမျိုးသားပဲ သရုပ်ဆောင်ကြတော့ အမျိုးသမီးနေရာက သရုပ်ဆောင်သွားတာလည်း သိပ်ကောင်းနေသကိုး။ ဂျင်းအကြီးကြီးမိသွားရှာတာပေါ့။ သို့ပေမဲ့ လိင်ပါဆက်ဆံတာတောင် မသိဘူးလားဆိုတဲ့အမေးတော့ရှိမယ်။ ဒါကတော့ ကားမှာလည်း တစ်ချို့တစ်ဝက်မြင်သာသလို တကယ့်အမှုကိုစစ်ခဲ့တုန်းက ဆေးပညာရှင်ရဲ့ အတည်ပြုချက်အရတော့ သူက ခုခေတ်လည်းသုံးကြတဲ့ Tucking လို့ခေါ်တဲ့ လိင်တံကို မပေါ်အောင် နောက်ပစ်ထားတဲ့နည်းဆိုလား သုံးခဲ့သတဲ့။ နောက် သူက ထူးထူးခြားခြားပဲ သူ့ဝှေးကိုလည်း သူလိုချင်သလိုပုံစံဖြစ်ရအောင် ကြွလို့ရှုံ့လို့ရတဲ့ စွမ်းရည်လည်းရှိသတဲ့။ ဒီတော့ ဗဂျိုင်နာလို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နိုင်ခဲ့သတဲ့။ ဇာတ်ကတော့ တိုနီဆုပါရခဲ့တဲ့ ဘ‌ရော့ဒ်ဝေးပြဇာတ်တစ်ခုကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ အဲဒီပြဇာတ်ကလည်း ပြင်သစ်သံအမတ်နဲ့ Shi Pei Pu လို့ခေါ်တဲ့ တရုတ်အော်ပရာအဆိုတော်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကကို အခြေတည်ထားတာပါ။ ဒီအဖြစ်အတွက် နှစ်ယောက်စလုံး ထောင်ကျပြီး လွတ်လာခဲ့ပါတယ်။ အပြင်မှာတော့ Shi ဟာ မသေခင်မှာ ပြင်သစ်သံအမတ်ကို ကျွန်တော်ကတော့ အစ်ကို့ကို ချစ်တုန်းပဲလို့ ပြောခဲ့သလို ၂၀၀၉အထိအသက်ရှည်ရှည်နေခဲ့ရပြီး ၇၀နဲ့ဆုံးသွားခဲ့ပါတယ်။ ဖြစ်ရပ်မှန်ဆိုပေမဲ့လည်း ဒီဇာတ်လမ်းဟာ သိပ်မယုံနိုင်စရာကောင်းလွန်းနေသလို မူရင်းပြဇာတ်ကို ရေးတဲ့စာရေးဆရာကလည်း " ဒီပြဇာတ်မှာ Gay နဲ့ Straight ကြားက မျဉ်းလေးဟာ အင်မတန်ဝေဝါးပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလူဟာ သူယောက်ျားတစ်ယောက်နဲ့ သံဝါသပြုနေခဲ့တယ်ဆိုတဲ့အချက်ကို သိခဲ့မယ်လို့ထင်ပါတယ်။ ဒါကြောင့်မို့ ပမာဏတစ်ခုအထိတော့ သူ့စိတ်က Gay ဖြစ်နေပုံပါပဲ " တဲ့။ ပြဇာတ်ရေးဆရာရဲ့ ဒီစကားကတော့ ပိုပြီးနှိုင်းဆကြည့်ရလွယ်ပါလိမ့်မယ်။ ပီကင်းအော်ပရာသမားတွေ ဈာန်အဝင်လွန်ပြီး ဒီမျဉ်းအရမ်းပါးလျသွားတာလည်း ဒါဦးဆုံးမဟုတ်ဘူးမို့လား။ Farewell My Concubine မှာလည်း ကျွန်တော်တို့တွေ့ခဲ့ရပြီးပြီပဲလေ... (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 660MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 41Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

6.6 1993 101 mins
M. Butterfly
Sometimes They Come Back
5.7

Sometimes They Come Back (1991) ========================== အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ နာမည်ကျော်လျှို့ဝှက်သည်းဖို ဆရာကြီး Stephen King. ရဲ့ဝတ္ထုတိုကိုပွားထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ မူရင်းအနေနဲ့ Stephen King’s Cat’s Eye ထဲမှာဇာတ်ကားတိုအဖြစ်ပါရှိခဲ့ ပြီး အခုကတော့ သီးသန့်ဇာတ်ကားရှည်အဖြစ်ဖန်တီးထားတာပါ။ ဂျင်မ်နော်မန်ဟာ ငယ်ဘဝစိတ်ဒဏ်ရာတွေခြောက်လှန့်ဆဲဖြစ်တဲ့ တမင်တ ကာစွန့်ပစ်ထားခဲ့တဲ့ မွေးရပ်မြေနယ်မြို့လေးကိုမဖြစ်မနေ အကြောင်းကိစ္စ တစ်ခုကြောင့် ပြန်လာခဲ့ရပါတယ်။ ဂျင်မီအသက်ကိုးနှစ်တုန်းကသူတို့ညီအစ် ကိုနှစ်ယောက်ကို အနိုင်ကျင့်တတ်တဲ့လူငယ်လူရမ်းကားတစ်စုက မီးရထား လှိုဏ်ခေါင်းထဲမှာ လုယက်အနိုင်ကျင့်ရာကနေ သူ့အစ်ကို ဝိန်းသေဆုံးသွား ခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်ထဲမှာပဲ ကားနဲ့အတူထွက်ပြေးဖို့ကြိုးစားတဲ့လူရမ်းကားတစ်စု လည်းရထားတိုက်သေဆုံးသွားခဲ့ပါသေးတယ်။ ဒီတစ်ခေါက်မြို့ကိုပြန်အ ရောက်မှာတော့ ဂျင်မီမှာ သူ့အစ်ကိုအသတ်ခံရမှုအကြောင်းအိမ်မက်ဆိုး တွေပြန်မက်စပြုလာပါတယ်။ မကြာခင်မှာပဲ သူ့အတန်းထဲကကျောင်းသား တွေတစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံးလာခဲ့သလို တစ်ယောက်ပျောက် သွားတိုင်း သူ့အစ်ကိုကိုသတ်ခဲ့တဲ့ အုပ်စုထဲကကျောင်းသားတစ်ယောက် အဲ့ဒီနေရာကိုပြန်ရောက်လာတဲ့အခါမှာတော့..၊ ပြန်ရောက်လာတဲ့လူတွေက သူ့အစ်ကိုကိုသတ်ခဲ့စဉ်က အသက်အရွယ်အတိုင်း ဖြစ်နေပြီး ဂျင်မီကိုလည်းကောင်းကောင်းမှတ်မိနေကြပါတယ်။ ဒါပေမယ့်လည်း အာဏာပိုင်တွေက ကျောင်းသားတွေပျောက်ဆုံးမှုတွေအတွက် သူ့အပေါ်ကို သံသယဝင်စပြုလာပြီး ပြန်ရောက်လာတဲ့ အတိတ်တစ္ဆေတွေကလည်းပိုပြီး ကြမ်းကြမ်းတမ်းတမ်းသောင်းကျန်းလာတဲ့နောက် ဂျင်မီတစ်ယောက် လွန်ခဲ့တဲ့ နှစ် ၃၀ နီးပါးကဇာတ်လမ်းကို အဆုံးသတ်ဖို့ကြိုးစားရပါတော့တယ်။ ’90s Cult Classics တွေထဲကတစ်ကားဖြစ်ပြီး အခုချိန်ထိဇာတ်လမ်းဇာတ်အိမ်တင်ဆက် ပုံတွေဆွဲဆောင်မှုရှိဆဲဖြစ်သလို၊ jump scare တွေမပါပဲနဲ့ကျောထဲကစိမ့်လာ စေတဲ့ချောက်ချားမှုမျိုးပေးနိုင်တဲ့ Horror ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.7 GB) / (640 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 37Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Horror, Thriller Translator…….Alias Encoder……….SWM

5.7 1991 98 mins
Sometimes They Come Back
Armored

ကျည်ကာ ကုန်ကားကုမ္ပဏီကို အလုပ်ဝင်ခါစ စစ်သားဟောင်း တိုင် ဟာ မိဘနှစ်ပါးဆုံးပါးသွားပြီးနောက် တိုင်နဲ့ ညီဖြစ်သူ ဂျင်မီတို့ဟာအကြွေးတွေနဲ့ကျန်ခဲ့ပါတော့တယ်။ မိဘများမှ ဘဏ်တွင်အိမ်ကို အပေါင်ထားထားခဲ့ရာ ဘဏ်မှလည်း အိမ်ကိုသိမ်းမည့်အကြောင်း အကြောင်းကြားစာတွေလည်း အပို့ခံနေရပါတယ်။ ငွေကြေးအကျပ်အတည်း ရင်ဆိုင်နေရတုန်းမှာပဲ ရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်မှ သယ်ယူပို့ဆောင်ပေးရမယ့် ငွေ ၄၂မီလီယံကို ခိုးယူကြဖို့ အကြံပြုလာပါတော့တယ်။ တိုင်တစ်ယောက် ဒုစရိုက်မှုနဲ့ အသိဉာဏ်ကြားလွန်ဆွဲရင်း ဘယ်လိုဆုံးဖြတ်ချက်ချမလဲ။ ဒေါ်လာ ၄၂ မီလီယံခိုးယူမယ့် အစီအစဉ်ရော အောင်မြင်မှာလား။ လောဘဖုံးလွှမ်းသွားရင် လူတွေက ဆင်ခြင်တုံတရားနည်းသွားပုံတို့ကို သည်းထိပ်ရင်ဖိုရိုက်ကူးပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.4 GB)/(711 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Action, Crime, Drma, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

0 2009
Armored
Big Fish & Begonia
7

ပရိသတ်ကြီးတို့ကို တရုတ်ပြည်ရဲ့ နာမည်အကြီးဆုံး animation movie တွေထဲက တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Big Fish and Begonia လို့ခေါ်တဲ့ ဒီဇာတ်ကားဟာ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီးတော့ အဲဒီထဲက Big Fish ဆိုတဲ့ ost ဟာ ဒီနေ့ဒီအချိန်အထိ တရုတ်ပြည်မှာ ရေပန်းအစားဆုံး သီချင်းတစ်ပုဒ်ဖြစ်နေတုန်းပါ။ ဒီဇာတ်ကားကို inspire ယူပြီး cosplay လုပ်တာတွေ performance လုပ်တာတွေ အခုထိ ရှိပါတယ်။ ရုံတင်ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၈၀ အထိ ရထားတဲ့ animation လည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ချွင်လို့ခေါ်တဲ့ ကောင်မလေးနဲ့ သူ့ရွာကလူတွေက လူမဟုတ်သလို နတ်ဘုရားတွေလည်း မဟုတ်ကြပါဘူး။ သူတို့က သဘာဝတရားကြီးရဲ့ နိယာမတွေကို ထိန်းသိမ်းသူတွေဖြစ်ပြီးတော့ လူ့လောကမဟုတ်တဲ့ နေရာမှာ နေကြပါတယ်။ သူတို့လူမျိုးဆီမှာ ထုံးတမ်းတစ်ခုရှိပါတယ်။ အသက် ၁၆ နှစ်ပြည့်သူတိုင်းက လင်းပိုင်နီတွေအဖြစ်နဲ့ ဝဲကြီးကနေတစ်ဆင့် လူသားလောကကို ၇ ရက်တိတိ သွားလေ့လာခွင့် ရကြပါတယ်။ ချွင်ဆိုတဲ့ ကောင်မလေးကလည်း ၁၆ နှစ်ပြည့်ပြီမလို့ လင်းပိုင်နီလေးအဖြစ် လူ့လောကကို သွားရောက်လေ့လာတော့တာပေါ့။ လူ့လောကဘက်ကို စရောက်ချိန် ကမ်းစပ်နားမှာ လူသားမောင်နှမနှစ်ယောက်ကို ချွင် တွေ့ခဲ့တယ်။ ချွင်က လူသားကောင်လေးကို သဘောကျသလို ဖြစ်သွားတယ်။ ၇ ရက်မြောက်နေ့ အိမ်ကိုပြန်ရတော့ချိန်မှာ ချွင်ဟာ ဝဲကြီးထဲကို ပြန်မဝင်နိုင်ဘဲ ထောင်ချောက်မှာ ပိတ်မိခဲ့တယ်။ လူသားကောင်လေးဟာ မြင်သွားပြီးတော့ သူ့ကို ကယ်ထုတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ လူသားကောင်လေးက ချွင်ကိုကယ်တင်ရင်းနဲ့ ဆုံးသွားခဲ့ပါတယ်။ ချွင်ကတော့ သူ့အိမ်ကို ပြန်လာနိုင်ခဲ့တာပေါ့နော်။ ဒါပေမဲ့ ချွင်ဟာ သူ့ကြောင့် တခြားလူ အသက်ဆုံးရှုံးသွားရတာ ဖြစ်တာမလို့ ပြန်ပြီးပေးဆပ်ချင်တယ်။ ဒါကြောင့် ချွင်ဟာ ဝိညာဉ်ထိန်းသိမ်းသူဆီသွားပြီး လူသားကောင်လေးကို အသက်ပြန်သွင်းဖို့ အပေးအယူလုပ်ဖို့ ကြိုးစားပါတော့တယ်။ လူသေတစ်ယောက်ကို အသက်သွင်းတယ်ဆိုတာ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ လုပ်ရပ်မျိုးပါ။ ဒါမျိုး လုပ်ရပ်ကို ကျူးလွန်မယ့် ချွင်ကြောင့် သူတို့ လူမျိုးစုအနေနဲ့ ဘာတွေကို ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ လူသားကောင်လေးကို လူ့လောကဆီ ပြန်လွှတ်ပေးမယ့် အစီအစဉ်အတွက် စိတ်ပါလက်ပါ ကူညီပေးမယ့် ချွင်ရဲ့သူငယ်ချင်းဖြစ်သူ ချိုးရဲ့ ပေးဆပ်မှုတွေကိုလည်း မျက်ရည်အဖြာဖြာနဲ့ ကြည့်ရှုရဦးမှာပါ။ ဒီဇာတ်ကားလေးအပေါ် ဘာသာပြန်သူရဲ့ ထင်မြင်ချက်ကိုပြောရရင်တော့ တစ်ခါတလေမှာ အချစ်ဆိုတဲ့ အရာက သိပ်ကိုဆန်းကြယ်ပါတယ်။ လူတွေဟာ ကိုယ့်ကိုချစ်တဲ့သူကို မသိကျိုးကျွံပြုတတ်ကြပြီး ခက်ခဲတဲ့အချစ်ကိုမှ လိုချင်ကြတယ်ဆိုတာကို ဒီဇာတ်ကားလေးကနေတစ်ဆင့် တွေ့မြင်ရမှာပါ။ ဒါ့အပြင် လူတွေဟာ အချစ်ကြီးသွားတဲ့အခါ မပိုင်ဆိုင်ရလည်းဖြစ်တယ် သူ ပျော်ရင်ရပြီဆိုတဲ့ ရူးမိုက်မှုမျိုးတွေ လုပ်တတ်တာကိုပါ ဒီဇာတ်ကားလေးထဲမှာ ထည့်ပြပေးထားတာမလို့ အချစ်ရေးမှာ ဒုတိယလူဖြစ်ပြီး အရွေးမခံခဲ့ရတဲ့ ပရိသတ်ကြီးတို့အတွက် ကွက်တိဖြစ်စေမယ့် ဇာတ်ကားလေးဖြစ်တာမလို့ ကြည့်ရှုကြဖို့ recommend ပေးလိုက်ပါတယ်။ File size… 1.6 GB / 758MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Drama/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

Drama
7 2016
Big Fish & Begonia
Camp Hideout
4.7

Camp Hideout (2023) ================ လူငယ်ထိန်းသိမ်းရေးစခန်းကနေ လွတ်လာတဲ့ Noah က သူနဲ့ရွယ်တူ ဆယ်ကျော်သက်ကလေးတွေစုထွက်တဲ့ နွေရာသီစခန်းဆီ ဆန္ဒမပါဘဲ ဝင်ခဲ့ရတယ်။ ဖော်ဖော်ရွေရွေမရှိ အမြဲတမ်းစိတ်တိုနေတတ်တဲ့ Noah က စခန်းမှာလည်း လူတွေနဲ့အရောတဝင်မရှိခဲ့ဘူး။ အဲဒီအချိန်မှာ သူအ ရင်ကပတ်သက်ခဲ့တဲ့ လူလိမ်သူခိုးတွေရဲ့ပစ္စည်းက သူ့ဆီ မှားပါနေတာကို သိလိုက်ရပြီး အဲဒီပစ္စည်းကို လူဆိုးတွေလာယူရင် သူ့သူငယ်ချင်းတွေဒုက္ခ မရောက်ဖို့ ကြိုးစားရပါတော့တယ်။ ဒီဇာတ်လမ်းက ဆယ်ကျော်သက်လူငယ်ကလေးတွေရဲ့ ဟာသဇာတ်လမ်း ဖြစ်ပြီး သူငယ်ချင်း​တွေရဲ့ အချင်းချင်းစည်းလုံးပြီးကူညီတတ်တဲ့ဆက်ဆံရေး ကို နားလည်အောင်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.8 GB) / (750 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 40Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Family Translator…….Thwal Htoo Zin Encoder……….SWM

Romance • Drama
4.7 2023 100 mins
Camp Hideout
4 Kings 2
7

4 Kings 2 (2024) ရုံတင်ဝင်ငွေတွေ တော်တော်များများ ရရှိထားတဲ့ 4 Kings 2021ရဲ့အဆက်ဖြစ်တဲ့ 4 Kings 2 ထွက်ရှိလို့လာပါပြီ။ 4Kings 2 ကလည်း Box officeတော်တော်လေးများတဲ့အပြင် good review, good ratingတွေပိုင်ဆိုင်ထားတဲ့ အက်ရှင်ကားကောင်းလေးဆိုတော့ ထိုင်းကားက လင်လုကားတွေ LGBTQ ကားတွေချည်းပဲလားဆိုသူတွေအတွက် အက်ရှင်ကားလေးလည်းရှိပါတယ်လို့ရည်ညွှန်းရင်း… 4 Kings တုန်းကလိုပဲ 4 Kings 2ကလည်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြားမှာ ကျောင်းဆိုတဲ့အရာတွေက ဇိုးအဖွဲ့တွေကြောင့် ကျောင်းသားတွေအတွက် အန္တရာယ်အရှိဆုံးနေရာ ဖြစ်လာနေတာပေါ့။ ဒီတစ်ခါမှာတော့ 2 Kingsကပဲ အဓိကလှုပ်ရှားသွားမှာဖြစ်ပြီး ခိုးဆိုးလုနှိုက်တစ်ပိုင်း ဘုရားစူးကျောင်းသားရိုင်းလေးတွေကြားကရန်ပွဲကိုပဲ ဆက်လက်ရှုစားရမှာပါ။ ဇိုးကိုမှဆရာတင်တဲ့အမှောင်ခေတ်နဲ့အညီ ထုံးစံအတိုင်း ကျောင်းတွေမှာ ဂိုဏ်းတွေကိုယ်စီနဲ့ ဆက်လက်ဆိုးသွမ်းမြဲ သောင်းကျန်းမြဲဖြစ်နေတုန်းပါပဲ။ ဒီတစ်ခါမှာတော့ ဘူရန်ဖွန်ကျောင်းက ဇိုးတစ်သိုက်က ကနော့ကျောင်းက ကျောင်းသားတစ်ယောက်ကို လက်စွမ်းပြရာကနေ ကျောင်းတော်ကရန်စတွေ ပြန်လည်စတင်လာပြန်တာပေါ့။ နဂိုထဲက တစ်ယောက်နဲ့တစ်ယောက် အားပြိုင် မိုက်လုံးချင်းပြိုင်ဘယ်သူဖြစ်နေတဲ့ ကင်းတွေကြားမှာ ရန်စတစ်ခုရသွားချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် လက်စားချေဖို့ အမုန်းပွေပါတော့တယ်။ ဒီရန်ပွဲတွေကြားထဲမှာ ရတ်ဆိုတဲ့ကောင်ဇိုးလေးကတော့ ကြားခံဖြစ်နေတာပေါ့။ ဒါပေမဲ့ ရတ်ကလည်း ကျောင်းတွင်းရန်ပွဲကြောင့် traumaတွေရထားဖူးတဲ့သူဖြစ်နေတဲ့အခါ… 4Kingsရဲ့ထုံးစံအတိုင်းပဲ ဘာမဟုတ်တဲ့ကိစ္စတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဇိုးလို့ခံယူ အရက်သောက်ဆေးချပြီး ကိုယ့်ဘဝကိုယ်ဖျက်နေတဲ့ အမှောင်ခေတ်က ကောင်ဇိုးလေးတွေအကြောင်း ရိုက်ကူးပုံဖော်ထားတာဖြစ်လို့ ရှုစားကြပါဦး။ အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char, Kim, Su တို့ပဲ ဖြစ်ကြပါတယ်။ Genre….. Action, Crime, Drama Quality…. 1080p | 720p File size… 2.59GB | 920MB Format… mp4 Duration…. 2h 13min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary, Char, Kim, Su Encoder ….. Aaron

Drama • Romance
7 2024
4 Kings 2
Miss Peregrine’s Home For Peculiar Children
6.7

2016 စက်တင်ဘာမှာ ရုံတင်သွားတဲ့ ကားကောင်းတစ်ကားကို ဘာသာပြန်ပြီး တင်ပေးထားပါတယ်။ စာရေးဆရာ Ransom Riggs ရဲ့ Bestseller စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Harry Potter, Percy Jackson နဲ့ Narnia တို့လို Fantasy တွေ Adventure တွေကို ချစ်သူတွေအတွက်တော့ နောက်ထပ်လှပတဲ့ ကမ္ဘာသစ်တစ်ခုကို တွေ့မြင်ရဦးမှာပါပဲ။ IMDb 6.7 ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ ဂျိတ်ခ်ဆိုတဲ့ လူငယ်လေးကို အဖိုးဖြစ်သူဟာ ငယ်စဉ်ကတည်းက ဆန်းကြယ်တဲ့ အစွမ်းရှိတဲ့ကလေးတွေနဲ့ သူတို့ကို စောင့်ရှောက်သူ ကျောင်းအုပ်ဆရာမကြီး Peregrineအကြောင်းကို ပြောပြလေ့ရှိပေမယ့် ပုံပြင်တွေအဖြစ်သာမှတ်ယူခဲ့ပါတယ်။ တစ်နေ့မှာတော့ အဖိုးဖြစ်သူဟာ ထူးဆန်းတဲ့သေဆုံးမှုနဲ့သေဆုံးသွားပြီး ဂျိတ်ခ်ဟာ အဖိုးဆီကိုလာတဲ့ ပို့စ်ကဒ်လေးမှတဆင့် ဝေလနယ်ရဲ့ ကျွန်းပေါ်က ကလေးထိန်းအိမ်လေးကို သွားရှာမိတဲ့အခါ…လူတွေမသိတဲ့ အချိန်ကာလတွေ..အစွမ်းတွေ..ရန်သူတွေကြားမှာ သူနဲ့သူ့အဖိုးဟာ ဘယ်လိုအစွမ်းရှိတဲ့လူတွေလဲဆိုတာ သိလာပါတော့တယ်။ File size…(2.5 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:07:00 Genre… Adventure, Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by Mr. Anderson

Adventure • Action • Science Fiction
6.7 2016
Miss Peregrine’s Home For Peculiar Children
Closed Circuit
6.2

Closed Circuit (2013) IMDb Rating (6.2) လန်ဒန် ရဲ့ အထင်ကရဈေးတခုမှာ ပေါက်ကွဲမှုတခု ဖြစ်ပွဲခဲ့ပြီး လူပေါင်း ၁၂၀ ကျော် သေဆုံးခဲ့ပါတယ်… ဒီဖြစ်ရပ်မှာ သံသယရှိသူ တစ်ဦးကို ဖမ်းဆီးပြီး စစ်ဆေးခဲ့ကြပါတယ်… တရားလိုရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်နေတဲ့ ဆိုင်မွန်ဟာ ရုတ်တရတ် သေဆုံးသွားခဲ့ပြီးနောက် ဒီအမှုကိုဆက်လက်စစ်ဆေးဖို့ ရှေ့နေ Martin Rose ကို လွှဲပြောင်းပေးခြင်းခံရသလို တချိန်ထဲမှာပဲ တရားခံဖက်က ရှေ့နေအဖြစ် Claudia Simmons ကို ဆောင်ရွက်စေခဲ့ပါတယ်…ထူးခြားတာက သူတို့ ၂ ဦးဟာ မကြာခင်အချိန်တခုကမှ ပြတ်စဲထားတဲ့ လင်မယားတွေဖြစ်ကြတာကြောင့် ဒီအမှုကို ပေးအပ်လိုက်ချိန်ကစလို့ တဦး နဲ့ တဦး မည်သည့် အကြောင်းနဲ့မှ ပက်သက်ဆက်နွယ်ခွင့်မရှိကြောင်း ကတိပေးထားရပါတယ်.. တရာခံရှေ့နေ Claudia ဟာ MI5 agent Nazrul Sharma ရဲ့ ထိမ်းသိမ်းမှုအောက်မှာသာ လှုပ်ရှားခွင့်ရှိပြီး တရားခံ Farroukh ရဲ့ မိသားစုကိုလဲ လုံခြုံရေးအရ MI5 မှ ကာကွယ်စောက်ရှောက်ထားပါတယ်… Martin ကတော့ မိတ်ဆွေဖြစ်သူ ရှေ့နေ Devlin နှင့်အတူ အမှုမှန်ပေါ်ပေါက်ဖို့ ထောက်လှမ်းနေခဲ့ပါတယ်… Martin ဟာ သူငှားစီးတဲ့ တက္ကစီကို မသင်္ကာရာမှ တရားခံ Farroukh ဟာ MI5 မှ Agent တယောက်ဆိုတာ သိသွားချိန်မှာ … သတ်မှတ်ထားတဲ့ စည်းကမ်း ကို ချိုးဖောက်ပြီး Claudia ကို ဘောလုံးပွဲမှာ လျို့ဝှက်ချိန်းဆိုခဲ့ပြီး Farroukh ဟာ MI 5 တယောက်ဖြစ်ကြောင်း သတိပေးလိုက်ပါတော့တယ်… နောက်တနေ့ သူတို့လိုက်ပါဆောင်ရွက်နေတဲ့ လန်ဒန်ဗုံးကွဲမှုကို စတင်ရုံးတင် စစ်ဆေးရာမှာလည်း လျှို့ဝှက် စစ်ဆေးစေခဲ့ပြီး တရားလိုဘက်မှ နားထောင်ပြန်ကြားခွင့်မရခဲ့ပါဘူး… ဒီလိုနဲ့ Martin နဲ့ Claudia တို့ဟာ Farroukh ရဲ့ သားဖြစ်သူကို ဆက်လက်စစ်ဆေးရာမှာ အစတစ်စကို ဆွဲထုတ်နိုင်ခဲ့ပြီးတော့ လန်ဒန်ဗုံးကွဲမှုရဲ့ တရားခံအစစ် ကို သိရှိသွားတဲ့အခါမှာတော့…။ မင်းသားကြီး Eric Bana , မင်းသမီး Rebecca Hall နဲ့ Julia Stiles တို့အဓိကပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားက အတူတူလိုက်ပါစီးမျောဖို့ကောင်းတဲ့ စိတ်ဝင်စားစရာရုပ်ရှင်ကားဖြစ်ပါတယ်။

Family • Adventure • Drama
6.2 2013
Closed Circuit
The Menendez Brothers
7.1

The Menendez Brothers (2024) Monsters series မှာ ပါဝင်ခဲ့တဲ့ မန်နန်းဒက်စ်ညီအကိုတွေရဲ့ မှတ်တမ်းရုပ်ရှင်ကြီး လာပါပြီ။ ဒီမှတ်တမ်းရုပ်ရှင်မှာကတော့ series နဲ့မတူပဲ မန်နန်းဒက်စ်ညီအကိုတွေ အတူတူ နှစ်၃၀ကြာပြီးတဲ့နောက် ကိုယ်တိုင်ပြောပြချက်တွေ၊ သူတို့ရဲ့ အဖြစ်အပျက်အမှန်နဲ့ အမြင်တွေ၊ ဘဝဇာတ်လမ်းတွေကိုတင်မက တရားခွင် တစ်လျှောက်လုံးက အဖြစ်အပျက်တွေ၊ မှုခင်းမှာ အရေးပါ အရောက်ခဲ့သူတွေရဲ့အမြင်အတွေးတွေကိုပါ ရှုထောင့်မျိုးစုံကနေ ခံစားကြည့်ရှုနိုင်ကြမှာပဲဖြစ်ပါတယ်။ ဇာတ်ညွန်း ၁၉၈၉ ခုနှစ် ဩဂုတ်လ ၂၀ရက်နေ့မှာ အမေရိကန်တစ်နိုင်ငံလုံးသာမက တကမ္ဘာလုံးအထိပါ ဟိုးလေးတစ်ကျော်ကျော်ဖြစ််သွားခဲ့တဲ့ လူသတ်မှုကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ လူသတ်မှုမှာ သားကောင်ဖြစ်ခဲ့ရသူတွေက မန်နန်းဒက်စ်မိသားစုရဲ့ပဲ့ကိုင်ရှင် ဟိုဆေး မန်နန်းဒက်စ်နဲ့ ဇနီးဖြစ်သူ ကစ်တီမန်နန်းဒက်စ်။ သူတို့ကို သတ်ဖြတ်ခဲ့သူတွေက သားဖြစ်တဲ့သူတွေဖြစ်တဲ့ အဲရစ်နဲ့ လိုင်း မန်နန်းဒက်စ်။ ရဲတွေနဲ့ လူတိုင်းလိုလိုက ယုံကြည်ထားတာက သူတို့က ငွေကြောင့်သတ်ခဲ့ကြတာပဲ။ ဒါပေမဲ့ တရားခွင်မှာ ထွက်ပေါ်လာခဲ့တဲ့ မန်နန်းဒက်စ်မိသားစုအတွင်းက မထင်မှတ်ထားတဲ့ နောက်ကွယ်က ဖြစ်ရပ်တွေကြားမှာ ဘယ်သူကမှန်နေခဲ့တာလဲ ဘယ်သူကမှားနေခဲ့တာလဲဆိုတာကို အဖြေရှာမရဖြစ်လာခဲ့တဲ့အခါမှာတော့ မန်နန်းဒက်စ်ညီအကိုတွေရဲ့လူသတ်မှုဟာ နောင်တစ်ချိန်မှာ လူတိုင်းပြောစမှတ်ပြုကြရတဲ့ အမှုတစ်ခု ဖြစ်လာပါတော့တယ်။

7.1 2024 116 mins
The Menendez Brothers
Lubuk
6.7

Lubuk (2024) ***************** အခုတစ်ခါမှာတော့ Lubuk ဆိုတဲ့ Thriller ကားလေးကိုတင်ဆက်ပေးပါရစေ။ ဒီကားလေးဟာ အိမ်ခြေယာခြေမဲ့လူတွေကို စောင့်ရှောက်ပေးတဲ့ ဂေဟာတစ်ခုမှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်ကို ဇာတ်အိမ်တည်ပြီးရိုက်ထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဂေဟာကြီးက စပွန်ဆာပေးတဲ့သူတွေကြောင့်လည်ပတ်နေပြီး အဆောင်သူ အဆောင်သားတွေက ပျော်ရွှင်​စွာနေနေကြပါတယ်။ ဂေဟာကို အဆောင်သားသစ်တစ်ယောက်ရောက်လာတိုင်း အဆောင်သားဟောင်းတစ်ယောက်ကလျော့သွားတတ်တဲ့တိုက်ဆိုင်မှုလေးတွေကစပြီး ဂေဟာကြီးရဲ့ ထူးဆန်းမှုကို အဆောင်သားတွေ သတိထားမိလာကြပါတော့တယ်။ ဘယ်လိုထူးဆန်းမှုမျိုးလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်​ရအောင်ပါ။ ဇာတ်လမ်း​အစကနေအဆုံးအထိတဖြည်း​ဖြည်း​ချင်းဇာတ်ရှိန်တက်လာမယ့် Thriller​ကားလေးမို့လို့ ဇာတ်ကား​ကောင်းကြိုက်နှစ်သက်သူတွေအတွက်အကြိုက်ဖြစ်စေမှာပါ။ (အညွှန်းကို Thura Mg Mg မှ ရေးသားထားပါတယ်) File size…1.16GB / 676MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 25m Genre ….. Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Thura Mg Mg Encoded by AHtet

6.7 2024
Lubuk