~ IMDb rating - 7.1/10 ~
ကြည့်ကိုကြည့်သင့်တဲ့ ဂျပန်ရိုမန့်ရုပ်ရှင်တွေ စာရင်းထဲမှာ ထိပ်ဆုံးက အမြဲတမ်းပါလေ့ရှိတဲ့ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျပန်ရုပ်ရှင်ချစ်သူအားလုံးနီးပါးကြည့်ဖူးကြပြီး ကြိုက်နှစ်သက်ခဲ့ရတဲ့ ကျောင်းသားကားတစ်ကားဆိုလည်း မမှားပါဘူး။
တကုမ-ခခိနိုအုချိဆိုတဲ့ ကောင်လေးက မွေးရာပါနှလုံးရောဂါအခံရှိတာကြောင့် ဆေးရုံခဏခဏတက်နေရတဲ့ကောင်လေးပါ။ ဆရာဝန်ကြီးက သူ့ရောဂါဟာ အဲဒီခေတ်အခါနဲ့ ကုသလို့မရတဲ့ရောဂါဖြစ်ကြောင်းပြောနေတာကို မထင်မှတ်ဘဲ သိခဲ့ရပါတယ်။ သူ့နှလုံးက အသက်၂၀ထိပဲအသက်ရှင်နိုင်မှာမို့ အစားရှောင် အနေဆင်ခြင်နေခဲ့ရပါတယ်။
ဆရာဝန်ကြီးရဲ့သမီးဖြစ်သူ မယု-တနဲဒကတော့ ဆေးရုံကိုလာကစားရင်း တကုမနဲ့ကစားဖော်ဖြစ်လာတဲ့ကောင်မလေးပါ။ ကလေးတွေဆိုပေမဲ့ သာမန်ထက်ပိုတဲ့အချစ်ဦးတွေဖြစ်ကြပြီး ကျန်တဲ့သူတွေက ကလေးလင်မယားဆိုပြီး ချစ်စနိုးစကြတဲ့အထိ တပူးပူး တတွဲတွဲ ရှိနေခဲ့ကြပါတယ်။
၁၆နှစ်အရွယ်ရောက်ကြတော့လည်း မယုက တကုမကိုဆက်ချစ်နေဆဲဖြစ်ပြီး ငယ်ငယ်တုန်းက ကတိအတိုင်းလက်ထပ်ချင်နေခဲ့ပါတယ်။ တကုမကတော့ သူက အချိန်တန်ရင်ထွက်သွားရမဲ့သူမို့ ချစ်ပေမဲ့လမ်းခွဲဖို့ကြိုးစားပါတယ်။
ဒီအချိန်မှာတော့ နှလုံးအစားထိုးကုသမှု ပေါ်နေပါပြီ။ တကုမနဲ့ ကိုက်ညီတဲ့သူကိုတွေ့ပြီး နှလုံးအစားထိုးနိုင်ဖို့စောင့်ဆိုင်းနေတဲ့အချိန်ပါ။ တကုမနဲ့မယုတို့ဆက်ဆံရေးဖြောင့်ဖြူးနေတဲ့အချိန်မှာ ဒီကံကြမ္မာကအကြီးအကျယ်စပြောင်းလဲပါတော့တယ်။ မတော်တဆမှုကြောင့် ဦးနှောက်သေသွားတဲ့ကျောင်းသားလေးဆီက နှလုံးကိုအစားထိုးဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကောင်လေးက တကုမတို့ရဲ့ သူငယ်ချင်း ဖြစ်နေတဲ့အခါ.....
သူငယ်ချင်းရဲ့နှလုံးကိုယူပြီး အသက်ရှင်ဖို့ စိတ်မသန့်တဲ့တကုမရယ်... ငယ်ငယ်ကမျှော်လင့်ခဲ့တဲ့မိသားစုဘဝလေးကိုလိုချင်တဲ့မယုရယ်... သူတို့ဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုယ်တိုင်သာ ဖီးလ်ရင်း ခံစားကြည့်လိုက်ကြပါတော့.....။
(ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်)
Size - 1.83GB, 832MB
Quality - 1080p, 720p
IMDb Rating - 7.1/10
Format - mp4
Duration - 2H 2Min
Genre - Drama, Romance
Subtitle - Myanmar Subtitle (Hardsub)
Translated by Ingyin San
Encoded by Y
7.4
2009
122 mins