YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Second Shot At Love 2025 E01 720p WEB-DL [RMC].mp4

471.64 MB 720p video/mp4 5 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Official Competition
6.8

2021 ခုနှစ်က ထွက်ရှိထားတဲ့ စပိန်ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Rotten Tomatoes 86%၊ IMDb – 7.2 အထိ ရရှိထားတဲ့ Comedy/Drama ဇာတ်ကားအမျိုးစား ဖြစ်လို့ ကြည့်ရှု့ရကျိုးနပ်စေမှာပါ။ နာမည်ကြီး စပိန်မင်းသား Antonio Banderas လည်း ပါဝင်သရုပ်‌ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အသက် ၈၀ ရှိပြီဖြစ်တဲ့ သူ‌ဌေးကြီးတစ်ယောက်ဟာ သူ့ဘဝမှာ မှတ်တမ်းတင်နိုင်စရာ၊ လူတွေ မှတ်မိစေနိုင်တဲ့ တစ်ခုခုကို လုပ်ချင်တဲ့ စိတ်ကူးဖြစ်ပါတော့တယ်။ ထို့အတွက်ကြောင့် သူဟာ အကောင်းဆုံးရုပ်ရှင်ကား တစ်ကားကို ထုတ်လုပ်မယ်ဆိုပြီး နာမည်ကြီး ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ လိုလာ ကွေဗာ့စ် ကို ငှားရမ်းလိုက်ပါတော့တယ်။ လိုလာ‌ ကွေဗာ့စ်ဟာ ထူးချွန်တဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး သူမရဲ့ ရိုက်ကူးနည်းတွေဟာလည်း တမူထူးခြားပါတယ်။ လိုလာဟာ နာမည်ကြီး မင်းသား ၂ ယောက်ဖြစ်တဲ့ ဖီးလစ်နဲ့ အီဗန်တို့ကို ဇာတ်ကားရဲ့ အဓိကဇာတ်ကောင်နေရာတွေမှာ ပါဝင်စေပါတယ်။ မင်းသား ၂ ယောက် စရိုက်ချင်းလည်း မတူ၊ အကြိုက်ချင်းလည်း မတူ၊ သရုပ်ဆောင်ပုံခြင်းလည်း မတူကြပါဘူး။ သူတို့နှစ်ယောက်ဟာ အဆိုပါရုပ်ရှင်မှာမှ ပထမဆုံးအကြိမ်တွဲပြီး အလုပ်လုပ်ဖူးတာပါ။ ဇာတ်ညွှန်းကို အစမ်းလေ့ကျင့်မှုလုပ်ရင်း သူတို့နှစ်ယောက်ကြားက ပြိုင်ဆိုင်မှုတွေကို ဒရာမာ ဇာတ်လမ်းကောင်းကောင်းအနေနဲ့ ဟာသ‌လေးစွက်ရင်းကြည့် ရှု့ရမှာပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Drama Quality….1080p | 720p| 480p File size… 1GB | 476MB | 268MB Format…mp4 Duration….1h 54min Subtitle….Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... August

Comedy • Romance
6.8 2021 114 mins
Official Competition
River Road
7.1

River Road (2022) IMDb – 7.1 ထရာဗစ်က ​နာမည်ရက​​နေဒါ​​ရော့ခ်တီးဝိုင်းတစ်ခုရဲ့ ဂစ်တာသမားဖြစ်ပြီး အဖွဲ့ရဲ့နယ်လှည့်​​ဖျော်​ဖြေပွဲ​​တွေအပြီး ဇာတိ​မြေက​နေဒါက အ​ဒေါ်ဖြစ်သူရဲ့အိမ်မှာ အနားယူဖို့ ​ရောက်ရှိ​နေတာပါ။ အဲဒီအိမ်မှာ ရှိ​နေစဉ်မှာပဲ ဇိုအီဆိုတဲ့ အ​မေရိကန်သူ မိန်းက​လေးတစ်​ယောက်နဲ့ စတင်ဆုံစည်းခဲ့ပါတယ်။ စ​တွေ့ကတည်းက တခြားသူ​တွေနဲ့ မတူ ထူးခြားတဲ့ ဇိုအီကို ထရာဗစ်အ​နေနဲ့ မြင်မြင်ချင်းမှာပဲ စိတ်ဝင်စား သွားခဲ့ပါတယ်။ ဒီလိုနဲ့ ၂​ယောက်သား စ​တွဲရင်း ဟီးရိုးအင်းဆိုတဲ့ မူးယစ်​ဆေးကို သုံးမိပြီး ချစ်သူ၂​​ယောက်ရဲ့ ဘဝ​​တွေ ​ဇောက်ထိုးမိုး​မျှော် စဖြစ်လာသလို မူးယစ်​ဆေးရဲ့သား​ကောင်​အဖြစ် ဥပ​ဒေနဲ့မညီတဲ့ ပြစ်မှု​တွေကိုပါ အတူတူကျူးလွန်မိခဲ့ပါတယ်။ တစ်​နေ့မှာ ထရာဗစ်က ထူးဆန်းတဲ့ဇိုအီရဲ့လျှို့ဝှက်ချက်တစ်ခုကို သိရှိခဲ့သလို အသက်ပါဆုံးနိုင်တဲ့ ကိစ္စတစ်ခုကို ရူးမိုက်စွာ လုပ်ခဲ့ပါ​တော့တယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre….. Drama, Thriller Quality…. 1080p | 720p | 480p File size… 1.5GB | 800MB | 320MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. JimX Encoder ….. August

Drama • Mystery • Romance
7.1 2022 91 mins
River Road
Other Monsters
4.6

စစ်ထွက် လူပေလူတေကြီးတစ်ယောက် ပိုက်ဆံမရှိ နေစရာမရှိ အလုပ်မရှိ လျှောက်သွား တောင်းစား အရက်ကိုမိုးမလင်းသောက် ဘဝရဲ့ အလင်းရောင် ပျောက်နေရှာသူကြီး…. အဲဒီလူကြီးကို သေဘေးကနေ ကယ်တင်ပေးလိုက်တဲ့ ပြည့်တန်ဆာမလေးတစ်ယောက် နေစရာပေး ပိုက်ဆံပေး အလုပ်ခန့် လစာပေး ခန္ဓာကိုယ်ပါပေး နောက်ဆုံး အချစ်တွေပါ ပေးလိုက်ပါသတဲ့ အဲဒီပြည့်တန်ဆာမလေးကို လူတစ်အုပ်က အနိုင်ကျင့်သတ်ဖြတ်ပြီး စစ်သားထွက်ကြီးကို လူသတ်တရားခံ မုဒိမ်းကောင်အဖြစ် အကွက်ဆင်ထားခဲ့ပြီး နံရံတွေနောက် ၁၄ နှစ် ရောက်သွားရတဲ့ ကံဆိုးသူမောင်ရှင်…. သူထွက်လာတဲ့တစ်နေ့မှာ အဲဒီနေ့က လူတစ်အုပ်ကို တစ်ယောက်ချင်း ရှာဖွေလို့ ပြန်လှန်လက်စားချေတဲ့အခါမှာတော့… စစ်သားအိုကြီး နံရံတွေနောက်ကထွက်လာ ‌ေြခတုန်လက်တုန်နဲ့ သေနတ်ကိုင် လက်စားချေခရီးကြမ်းကို အပြီးထိလှမ်းနိုင်ပါ့မလား… ဒီဇာတ်ကားမှာ အပေါ်ပိုင်းဗလာကျင်းတာတွေ လိင်အသားပေးစကားတွေ အဆဲအဆိုတွေကြောင့် မိသားစုနဲ့ အတူတော့ မကြည့်သင့်ပါဘူး ။ File Size__(1.1GB) / (550MB) Quality__WEB-DL_1080p, 720p IMDb Rating__4.6/10 Format__mp4 Duration__01:32:00 Type__Crime , Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Naing Aung Latt

Action • Adventure • Science Fiction
4.6 2022 93 mins
Other Monsters
Take Shelter
7.3

IMDb 7.3 အထိရရှိခဲ့တဲ့ မင်းသားကြီး မိုက်ကယ်ရှန်နန်ရဲ့ ၂၀၁၁ထွက် ဒရာမာရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီရုပ်ရှင်ဟာ ဆုပေါင်း ၄၂ ခု နဲ့ ဆန်ကာတက်ရွေးချယ်ခံရမှု ၄၆ ခု တို့ကိုလည်း ရရှိထားပါသေးတယ်။ မိုက်ကယ်ရှန်နန်က “ကားတစ်”အဖြစ် သရုပ်ဆောင်ထားပါတယ်။ ကားတစ်ဟာ လူလတ်တန်းစားမိသားစုတစုရဲ့ အိမ်ထောင်ဦးစီးတဦးဖြစ်ပြီး ပိုက်လိုင်းတူးဖော်နဲ့ကုမ္ပဏီတခုမှာ လုပ်ကိုင်နေသူပါ။ ကားတစ်မှာ သမီးလေးတဦးရှိပြီး ဟန်နာဆိုတဲ့သမီးလေးတဦးရှိပြီး ဟန်နာဟာ မွေးရာပါဆွံ့အနားမကြားသူတဦးပါ။ ဒီလိုနဲ့ ကားတစ်တို့ရဲ့ ပျော်ရွှင်နေတဲ့မိသားစုဘ၀လေးထဲကို တနေ့မှာတော့ အဖြစ်ဆိုးတခု မမျှော်လင့်ဘဲရောက်ရှိလာခဲ့ပါတယ်။ ကားတစ်ဟာ ညတိုင်းအိပ်မက်ဆိုးတွေမက်လာပြီး ဆိုးရွားတဲ့ လေဆင်နှာမောင်းမုန်တိုင်းတခု ဖြစ်ပွားတော့မယ်လို့ ထင်ယောင်ထင်မှားဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ကားတစ်ရဲ့ ထင်မြင်မှုတွေဟာ မိသားစုနဲ့ ပတ်၀န်းကျင်ကိုပါ ထိခိုက်လာခဲ့အခါမှာတော့ ကားတစ်တယောက် ဒီအခက်အခဲတွေထဲက ဘယ်လိုရုန်းထွက်မလဲ ကားတစ် မြင်တွေ့ခံစားမိနေတဲ့အရာတွေကရော အမှန်တကယ်ဟုတ်ရဲ့လား ကားတစ်ရဲ့ နောက်ကွယ်ကအကြောင်းအရာကရော ဘာများလဲ သူများတွေမမြင်နိုင် မခံစားမိနိုင်တဲ့အရာတွေကို သူတဦးတည်းက ဘာလို့ခံစားမိနေလဲဆိုတာကိုတော့ စိတ်၀င်စားဖွယ် ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ဒီရုပ်ရှင်ထဲက ကားတစ်ရဲ့ သမီးလေးဖြစ်သူ ဟန်နာအဖြစ် သရုပ်ဆောင်ထားတဲ့ မိန်းကလေးငယ်လေးဟာ အပြင်လောကမှာလည်း ဆွံ့အနားမကြားသူတဦးဖြစ်ပြီး ၎င်းရဲ့မိဘနှစ်ဦးဟာလည်း ဆွံ့အနားမကြားကြသူများလို့ဆိုပါတယ်။ ဒီရုပ်ရှင်ဟာ လက်တွေ့လောကက ကျန်းမာရေးပြဿနာတွေအပေါ်မှာ အခြေခံထားပြီး ဇာတ်လမ်းပြီးသွားတဲ့တိုင်အောင် ကြည့်ရှုသူကို အတွေးတခုနဲ့ကျန်ရစ်နေစေခဲ့မယ့် ရုပ်ရှင်ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွှန်းဆိုရင်းနဲ့ပဲ အညွှန်းကိုဒီမှာပဲရပ်လိုက်ပါတယ်။ File size…(2 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre…Drama, Horror, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven khant

7.3 2011
Take Shelter
Aloevera
7.6

Gnomeo & Juliet (2011)ဆိုတဲ့ သိပ်ချစ်စရာကောင်းတဲ့ ကာတွန်းကားလေးကို ကြည့်ဖူးကြမယ်ထင်ပါတယ်။ ဒီရုပ်ရှင်က Gnomeo & Juliet(2011)ကနေ inspiredယူပြီး ရိုက်ကူးထားတဲ့ အာဖရိကန်သား ဂါနာလူမျိုးတွေရဲ့ ရုပ်ရှင်ကားတစ်ကားပါ။ ကြက်ဥနဲ့ ကြက်မဘယ်ကစသလဲနဲ့ တက်သွားတဲ့ ပြဿနာကနေ အသိုင်းအဝိုင်းနှစ်ခု ကွဲသွားပါသတဲ့။ ဇာတ်လမ်းနာမည်ကအတိုင်း အာလိုဆိုတာက တစ်ဖက် ဗယ်ရာဆိုတာကတစ်ဖက်။ နှစ်ဖက်စလုံးက ကြားထဲမှာနယ်နိမိတ်စည်းတစ်ခု ခြားထားပြီး အပ်တိုလေးတစ်ချောင်းတောင် အကျော်မခံကြပါဘူး။ လူတယောက်ပဲဖြစ်ဖြစ် အရာ၀တ္ထုတစ်ခုပဲဖြစ်ဖြစ် နယ်နိမိတ်စည်းကို ကျော်လာတိုင်း တစ်ဖက်စီကနေ သူရဲကောင်းရွေး ယှဉ်ပြိုင်စေပြီး ရှုံးရင် ကျွန်အဖြစ်နဲ့သိမ်းယူပါတယ်။ ဒီလို တစ်ဖက်နဲ့ တစ်ဖက်မသင့်မြတ်တဲ့ကြားကနေပဲ နှစ်ဖက်အသိုင်းအဝိုင်းခေါင်းဆောင်ကြီးတွေရဲ့ သားနဲ့သမီးဖြစ်သူတို့ ချစ်မိသွားကြတဲ့အခါမှာတော့ အာလိုဗယ်ရာဆိုတဲ့ လှပတဲ့ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.3 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre…Drama, Fantasy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

7.6 2020
Aloevera
Love on the Right Course
6.2

Love on the Right Course (2024) ~ IMDb – 6.2/10, Rotten Tomatoes – 60% ~ Pro Golfer တစ်ယောက်ရဲ့ ဖိအားတွေ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ကိုယ်လိုချင်တဲ့အရာကို နောက်ဆုံးမှာ ရှာတွေ့သွားတဲ့ Romance ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင် ဝှစ်တနီက သူ့‌အမေလိုပဲ Pro Golfer ဖြစ်ပြီး မိခင်ဖြစ်သူ အဲလစ်စ်က နည်းပြအဖြစ်နဲ့ ပွဲစဉ်တွေတစ်လျှောက် အနိုင်ယူခဲ့ပါတယ်။ သို့ပေမဲ့ အဲလစ်စ်ဆုံးသွားပြီးတည်းက ဝှစ်တနီက အလုပ်မှာ မပျော်တော့ဘဲ လက်ရည်ကျလာပါတယ်။ နောက်တော့ သူ့အဖေရှိတဲ့ ဘူတာပက်စ်မြို့နားမှာ လုပ်မယ့် ချန်ပီယံပွဲမှာ ပြိုင်ဖို့ ကပ်သီလေးပါသွားပါတယ်။ ဖိအားတွေများပြီး Golfer အဖြစ် ဆက်လုပ်ချင်သေးလားဆိုတာ အဖြေရှာဖို့ ဝှစ်တနီက လေ့ကျင့်တဲ့ကာလကို ဖခင်ရှိတဲ့အိမ်ကို ပြန်လာခဲ့ပါတယ်။ ဝှစ်တနီရဲ့ဖခင်က ဂေါက်ကွင်းဖွင့်ထားတာဖြစ်ပြီး ဇနီးဖြစ်သူကို သတိရစိတ်နဲ့ အကုန်ရောင်းချပြီး တခြားနေရာမှာသွားနေဖို့ စီစဉ်နေတာပါ။ အထီးကျန်နေတဲ့ ဖခင်ကို အဖော်ရအောင်လုပ်ပေးပြီး ပြိုင်ပွဲအတွက် ကွင်းမှာလေ့ကျင့်ရင်း ကက်ဒီ ဒယ်နီရယ်နဲ့ဆုံခဲ့ပါတယ်။ ဒယ်နီရယ်က ဝှစ်တနီကို ကိုယ်လုပ်တဲ့အရာကို ချစ်ဖို့ လမ်းညွှန်ပေးရင်း ပြိုင်ပွဲအတွက် ကူပေးခဲ့ပါတယ်။ အတားအဆီး‌တွေကိုကျော်ဖြတ်လို့ နောက်ဆုံးမှာ ဝှစ်တနီတစ်ယောက် အမေ့ခြေ‌ရာနင်းပြီး ချန်ပီယံဆုဖလားအနိုင်ရရုံမက အချစ်ကိုပါ တွေ့သွားတာကို ကြည့်ကြရပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.69GB, 695MB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 24Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Comedy • Drama • Action
6.2 2024 84 mins
Love on the Right Course
Painted Skin: Love is Destroyed
5.8

ဒီဇာတ်ကား‌လေးကတော့ တရုတ် ဒဏ္ဍာရီထဲက ရှေးခေတ်မြေခွေးတွေ နဂါးတွေနဲ့အတူ ခွင်းလွင်တောင်က အမတနတ်မျိုးနွယ်တွေပါဝင်ပြီး ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ – လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀ ခန့်က မိစ္ဆာဘုရင်မ‌ရဲ့သောင်းကျန်းမှုကြောင့်သက်ရှိတွေ ထိခိုက်အနာတရတွေအများကြီးဖြစ်ခဲ့ပါတယ် ။ ဒီလိုနဲ့ အဲဒီမိစ္ဆာဘုရင်မကို ဖိနှိပ်ဖို့အတွက် အရှေ့ပင်လယ်နဂါးမျိုးနွယ်စုနဲ့ခွင်းလွင်တောင်ရဲ့ အမတနတ်မျိုးနွယ်တွေပူးပေါင်းပြီး နှိမ်နင်းရတော့တာပေါ့ ။ အဲဒီအချိန်မှာ မိစ္ဆာဘုရင်မရဲ့နတ်ဆိုးဝိညာဉ်ကို နဂါးမျိုးနွယ်စုရဲ့ တတိယမင်းသမီးရဲ့ကိုယ်ထဲမှာ ချိတ်ပိတ်ခဲ့ကြပါတယ် ။ ဒါပေမဲ့ မထင်မှတ်ထားဘဲ အဲဒီနတ်ဆိုးဝိညာဉ်ဟာ ပြန်ပြီးတွန်းကန်လာခဲ့ပါတယ် ။ အဲဒါကိုသိတဲ့ ခွင်းလွင်တောင်ကသခင်လေးက သူ့ကိုယ်သူစတေးပြီး တတိယမင်းသမီးလေးကိုကယ်တင်ခဲ့ပါတယ် ။ အဲဒီလိုနဲ့သူလည်းသေဆုံးသွားပြီးလူ့လောကမှာလူဝင်စားသွားဖြစ်ချိန်မှာတော့… နဂါးမင်းသမီးလေးကလည်း သူ့ကိုလိုက်ရှာ ၊ နောက် နဂါးမင်းသမီးမှာရှိနေတဲ့ ချစ်ရွှမ်းဝိညာဉ်သစ်ရွက်ကိုလည်းလိုက်ရှာနေ‌တဲ့ မိစ္ဆာအုပ်စုတွေကလည်းရှိသေးပြန် ။ ဒီလိုနဲ့သူတို့၂ယောက် အဲဒီမိစ္ဆာတွေကိုဘယ်လိုရင်ဆိုင်ကြမလဲ ? မိစ္ဆာဘုရင်မကရောပြန်ပေါ်လာမှာလား ? ပေါ်လာရင်ဘယ်လို ဂြိုလ်မွှေအုံးမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာစောင့်ကြည့်ပေးကြပါဦး

5.8 2024
Painted Skin: Love is Destroyed
Tales of Halloween
5.5

Tales of Halloween (2015) IMDb Rating (5.5) / Rotten Tomatoes (77%) Tales of Halloween ဟာအချင်းချင်း အနည်းငယ်ချိတ်ဆက်ထားတဲ့ Halloween Horror ဇာတ်လမ်းတို ဆယ်ပုဒ်နဲ့ဖွဲ့စည်းထားတဲ့ ရာသီစာ anthology တစ်ကားဖြစ် ပါတယ်။ ဟော်လိုဝင်းနောက်ခံကားဖြစ်တဲ့အတွက်အပိုင်းတိုင်းအပိုင်းတိုင်းမှာ ဟော်လိုဝင်းအငွေ့အသက်တွေအပြည့်နဲ့ပျော်ပျော်ကြီး ကြည့်ရမယ့် ဇာတ်ကားမျိုးပါ။ လူသားစား ဖရုံသီး၊ ‌Trick or treat လာလုပ်တဲ့ ဂြိုလ်သားတွေကအစ၊ အုပ်စုဖွဲ့အနိုင်ကျင့်တတ်တဲ့ ဘူလီတွေပညာပေးခံရတာမျိုး၊ လူသတ်ကားတွေ၊ တစ္ဆေတွေပါ ဇာတ်လမ်းတစ်ခုချင်းစီမှာ ရသစုံပါဝင်ပါတယ်။ အပိုင်းတိုင်းက ပေါ့ပေါ့ပါးပါးသရော်ထားတဲ့ ဟာသဘက်ကိုသွားထားပေမယ့် သွေးသံရဲရဲသတ်ဖြတ်ခန်းတွေထိတ်လန့်စရာတွေမှာလည်း လျော့မသွားပါဘူး။ Horror ပရိသတ်တွေအတွက် လုံး၀ Must Watch ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.6 GB) / (760 MB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:38:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

5.5 2015 97 mins
Tales of Halloween
Kill Bill: Vol. 2
8

Kill Bill : Vol. 1 (2003) & Kill Bill : Vol. 2 (2004) IMDb Rating (8.2) / IMDb Rating (8.0) ဒီဖက်ခေတ်ရဲ့ လွှမ်းမိုးမှုအရှိဆုံးဒါရိုက်တာတွေထဲက တစ်ဦးဖြစ်ပြီး ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့ ၄ ကားမြောက်ရုပ်ရှင်ဖြစ်ပြီး Volume 1/2 အဖြစ် ၂ ပိုင်းခွဲ ထွက်ရှိခဲ့ပါတယ်။ ဇာတ်လမ်းကတော့…. အမေရိကန်နိုင်ငံ၊ တက္ကဆပ်ပြည်နယ် အယ်လ်ပါဆို မြို့ကလေးရဲ့ ဘုရားကျောင်းငယ်လေးတစ်ခုက လပ်ထပ်ပွဲတစ်ခုမှာ ကိုယ်ဝန်ဆောင် သတို့သမီးတစ်ယောက်အပါအဝင် လူကိုးဦး၊ (သတို့သမီး ဗိုက်ထဲကကလေးပါ ပါရင် ၁၀-ဦး)တို့ဟာ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ သူတို့ကို သတ်ခဲ့တဲ့သူတွေက “မရဏမြွေပွေး” လို့ခေါ်တဲ့ ကြေးစားလူသတ်သမားအဖွဲ့တစ်ခုကဖြစ်ပြီး သူတို့တစ်ကယ်သတ်ချင်ခဲ့တာကတော့ သူတို့ရဲ့ အဖွဲ့ဝင်ဟောင်းလည်းဖြစ်၊ အဖွဲ့ခေါင်းဆောင် ဘီလ် ရဲ့ ညာလက်ရုံး…ချစ်သူဟောင်းလည်းဖြစ်တဲ့ “သူတို့သမီး”(Uma Thurman) ကိုပဲ ဖြစ်ပါတယ်။ “သတို့သမီး”ဟာ ကံကောင်းထောက်မစွာ အသက်မသေပဲ ဒဏ်ရာအပြင်းအထန်နဲ့ “ကိုမာ”(မေ့မြော)ရပြီး ဆေးရုံမှာ ဆေးကုသမှုယူနေရင်း လေးနှစ်လောက်အကြာမှ ပြန်လည်နိုးထလာခဲ့ပါတယ်။ အဲဒီအခါမှာတော့ သတို့သမီးဟာ သူနဲ့သူ့ရဲ့မမွေးလိုက်ပဲ သေဆုံးခဲ့ရတဲ့ကလေးအတွက် သူ့ရဲ့ မိတ်ဆွေဟောင်းတွေနဲ့ ချစ်သူဟောင်းဖြစ်တဲ့ ဘီလ်တို့ကို လက်စားချေဖို့ ကြံစည်ပါတော့တယ်။ ဇာတ်လမ်အသွားကတော့ အင်မတန်ရိုးရှင်းပါတယ်။ စတင်ရိုက်ကူးစဉ်က တစ်ကားတည်းနဲ့အပြီး ထုတ်လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ပြသချိန် ၄ နာရီကျော်ကြာမြင့်မှာဖြစ်တဲ့အတွက် Kill Bill Vol.1(2003) Vol.2 (20014) ဆိုပြီး နှစ်ပိုင်းခွဲပြီး ထုတ်လုပ်ပြသခဲ့ပါတယ်။ Kill Bill (2003) ဟာ ဒါပေမယ့် အမေရိကန်-ဂျပန် ဖက်စပ်ရှင်ရှင်ဖြစ်ပြီး Box Office မှာ ဒေါ်လာ သန်း ၁၈၀ လောက်အမြတ်အစွန်းရရှိခဲ့တဲ့၊ ငွေကြေးအရရော အနုပညာအရပါ အောင်မြင်ကျော်ကြားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ရိုးစင်းတဲ့ ဇာတ်လမ်းကျောရိုးပေါ်မှာ မှီတည်ပြီးရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားအောင်မြင်ခဲ့ရတာကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ညွန်းနဲ့ဒါရိုက်တာ ဖြစ်တဲ့ Quentin Tarantino ရဲ့ ဇာတ်လမ်းတင်ပြပုံ၊ ဒိုင်ယာလော့ခ် စတာတွေက အဓိကကျတယ်လို့ ပြောလို့ရပါတယ်။ နောက်တစ်ချက်က Uma Thurman ရဲ့ ဇာတ်ရုပ်ဖြစ်တဲ့ The Bride@Black Mamba@Beatrix Kiddo ပါ။ Kill Bill ရဲ့ Main Character ဖြစ်တဲ့ ဒီဇာတ်ကောင်ဟာ Empire Film Magazine က ရွေးချယ်ခဲ့တဲ့The 100 Greatest Movie Characters ထဲမှာ Harry Portter…Bane…Captain Kirk….Neo….Wolverine….Bilbo Baggins….V..တို့ရဲ့အထက်မှာ အဆင့် ၂၃ နေရာကို ရရှိခဲ့ပါတယ်။ အက်ရှင်ခပ်ကြမ်းကြမ်းတွေကို ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် စွဲလန်းသွားစေလောက်မယ့် ဇာတ်ဝင်ခန်းတွေအများအပြားပါဝင်ပြီး IMDb 8.2/10….RT 85%…Roger Ebert 4/4 စတဲ့ Rating မြင့် ဂန္ဓဝင်ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် CM ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ရပါတယ် ခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Kaung Thant Sin မှ တင်ဆက်ထားပါတယ်။)

Mystery • Thriller
8 2004 136 mins
Kill Bill: Vol. 2
The Outfit
7

ဒီရုပ်ရှင်လေးကတော့ neo-noir film တွေ စတင်ပေါ်ပေါက်ခဲ့တဲ့ ၁၉၇၀ ခုနှစ်ဝန်းကျင်ကာလမှာ ထွက်ရှိခဲ့တဲ့ crime/drama အမျိုးအစားပါ IMDb rating 7 နဲ့ Letterboxd မှာ 3.6 ထိ ရထားပါတယ် Neo-noir ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်းပဲ ဒီဇာတ်လမ်းမှာ လူကောင်း လူဆိုး ဆိုတာရယ်လို့ ကွဲကွဲပြားပြားမရှိနေဘဲ ဇာတ်ကောင်တွေရဲ့ စိတ်တွင်းကစရိုက်ကို မြင်သာအောင် ရိုက်ပြထားပါတယ် အဓိကဇာတ်ဆောင်အဖြစ် Legendary actor လို့ တင်စားကြတဲ့ Robert Duvall က သရုပ်ဆောင်ထားပါတယ် သူနဲ့ ဆိုးဖော်ဆိုးဖက်အဖြစ် tough guy ကာရိုက်တာတွေမှာ တော်တော်များများတွေ့ရတတ်တဲ့ Joe Don Baker က ပါဝင်ထားပါတယ် ဒီရုပ်ရှင်ဟာ ဒီဇာတ်လမ်းရဲ့ main villain အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Robert Ryan ရဲ့ နောက်ဆုံးရုပ်ရှင်လည်း ဖြစ်ပါတယ် neo-noir style အလင်းအမှောင်၊ ဇာတ်လမ်းဇာတ်ကွက်၊ ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ၁၉၇၀ ခုနှစ်ကာလတွေရဲ့ သရုပ်ကို ကောင်းကောင်းရိုက်ပြထားတဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ ဇာတ်လမ်းအကျဉ်းကတော့ ဒုစရိုက်သမားတစ်ယောက်ဖြစ်သူ မက်ကလင်ဟာ ထောင်ကနေထွက်လာချိန် သူ့ရဲ့ညီဖြစ်သူ အက်ဒီတစ်ယောက် The Outfit ဆိုတဲ့ဂိုဏ်းရဲ့ အသတ်ခံလိုက်ရတာကို သိလိုက်ရပါတယ် သူ့ညီအတွက် လက်စားပြန်ချေဖို့ တွဲဖက်ဟောင်းကြီး ကိုဒီနဲ့ ပြန်ပူးပေါင်းပြီး The Outfit ဂိုဏ်းကို တိုက်ဖို့ စီစဉ်ပါတော့တယ် ဇာတ်လမ်းကတော့ ရိုးရိုးရှင်းရှင်း လူဆိုးလူမိုက်တွေရဲ့ မျက်လုံးတစ်လုံးအတွက် မျက်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း ဆိုတာမျိုးပါပဲ အချင်းချင်း အပြန်အလှန် သတ်ဖို့ချောင်းနေကြတဲ့အချိန်မှာ ကံကောင်းတဲ့ကောင်က အသာစီးရတတ်သလိုပေါ့ သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်နဲ့ တစ်ထပ်တည်းကျတဲ့ သရုပ်ဆောင်မှု၊ neo-noir ရုပ်ရှင်ရသ၊ crime, drama ရသကို အပြည့်အဝ ခံစားရမှာပါခင်ဗျ…. File size…(2.1 GB)/(1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:43:00 Genre… Heist, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khey Ki

Comedy
7 1973 103 mins
The Outfit
Sleep of the Crow Karganin Uykusu
6.1

Sleep of the Crow (2024) IMDb Rating (6.1) “ကျီးကန်းရဲ့အိပ်စက်ချိန်”ဇာတ်ကားဟာ တူရကီဒရာမာဖြစ်ပြီးဟာ တူရကီဒရာမာဖြစ်ပြီး ”Ankara Film Festival” မှာ အကောင်းဆုံးရုပ်ရှင်ဆုရထားတဲ့အပြင် Best Actorဆု၊ Best Cinematography ဆု၊ Best Original Music ဆုနဲ့ Audience Award တွေကိုပါတန်းစီရထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအဖွင့်ကတော့… နာဆစ်ဟာ ဇနီးဖြစ်သူဆုံးသွားတဲ့နောက် ကျန်ခဲ့တဲ့သားလေးကို မွေးစားမဲ့သူရှာနေခဲ့တယ် သူဟာဒီကလေးနဲ့လဲ တစ်အိမ်ထဲမအိပ်ပဲ အပြင်ဆောင်မှာ ညအိပ်တိုင်းကိုယ့်ကိုယ်ကို​ခြေကျင်းခတ်ပြီးအိပ်လေ့ရှိတယ်။ သူဟာတစ်ခုခုကိုစိုးရိမ်နေပြီး ဒီကလေးကိုအစစအရာရာ ကိုယ်တိုင်လုပ်တတ်အောင် သင်ပေးနေတယ်။ ဒီကလေးကိုသူဘာလို့ပေးပစ်ချင်နေတာလဲ? ရှေ့ဆက်ရောဘာတွေဖြစ်လာမလဲ? သူ့မိန်းမကရော ဘာကြောင့်ဆုံးသွားတာလဲ? ဆိုတာ ဆက်လက်ခံစားကြည့်ကြပါနော်။ ဖခင်တစ်ယောက်ရဲ့ရင်ထဲကမေတ္တာတွေ သားအတွက်စိုးရိမ်ကြောင့်ကြမှုတွေကို စကားလုံးတွေများများစားစားမသုံးဘဲ ရိုးရိုးလေးဖော်ပြထားပြီး ခံစားကြည့်ရင်​ကြည့်သလောက် လေးနက်မှုရှိတဲ့ ဇာတ်ကားကောင်းလေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Shwe eain si ဖြစ်ပါတယ်။) File size…(780 MB) / (470 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:31:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Shwe eain si

Drama
6.1 2024 88 mins
Sleep of the Crow Karganin Uykusu
Jack Frost
5.5

Jack Frost (1998) IMDb Rating (5.5) ဟိုး… 1998 ခုနှစ်က ထွက်ရှိခဲ့တဲ့ Jack Frost ဆိုတဲ့ မိသားစုဒရာမာကားလေးအကြောင်း ပြောပြမယ်နော်။ ဒီဇာတ်ကားက နွေးထွေးတဲ့ မိသားစုအချစ်အကြောင်းနဲ့ ခရစ္စမတ်ရဲ့ မှော်ဆန်တဲ့ခံစားချက်ကို ရောစပ်ထားတဲ့ ကားလေးပါ။ နည်းနည်းတော့ ရင်ထဲထိမယ် ဒါပေမယ့် ရယ်လည်းရယ်ရတယ် ကလေးတွေရော လူကြီးတွေရော ကြည့်လို့အဆင်ပြေတဲ့ ဇာတ်လမ်းမျိုးပေါ့။ ဇာတ်လမ်းက ဂျက် ဖရော့စ် (မိုက်ကယ် ကီတန်) ဆိုတဲ့ ဂီတသမားတစ်ယောက်အကြောင်းပါ။ ဂျက်က သူ့ရဲ့ ဂီတအဖွဲ့နဲ့ နာမည်ကြီးဖို့ အမြဲအိပ်မက်မက်နေတဲ့သူ။ ဒါပေမယ့် သူ့ရဲ့ အိပ်မက်တွေနဲ့ တစ်ခါတလေ သူ့မိသားစုကို မေ့သွားတယ်။ သူ့မှာ ချစ်စရာဇနီးလေး ဂါဘီ နဲ့ သားလေး ချာလီ ရှိတယ်။ ဂျက်က ချာလီကို အရမ်းချစ်ပေမယ့် အလုပ်ကိစ္စတွေကြောင့် သားဖြစ်သူနဲ့ အချိန်မပေးနိုင်ဖြစ်နေတတ်တယ်။ ဒီလိုနဲ့ တစ်နေ့မှာ ကံဆိုးစွာနဲ့ ဂျက်တစ်ယောက် ကားမတော်တဆမှုဖြစ်ပြီး ဆုံးပါးသွားပါလေရော။ ဒါပေမယ့် ဇာတ်လမ်းက ဒီမှာမပြီးဘူးနော်။ တစ်နှစ်အကြာမှာ ခရစ္စမတ်ကာလမှာ မှော်ဆန်တဲ့အရာတစ်ခု ဖြစ်လာတယ်။ ချာလီက သူ့အဖေပေးခဲ့တဲ့ ဟာမိုနီကာလေးကို တီးလိုက်တဲ့အခါ ဂျက်ရဲ့ဝိညာဉ်ဟာ နှင်းလူသား (Snowman) တစ်ယောက်အဖြစ် ပြန်ပေါ်လာတယ်။ ဒီလိုနဲ့ ဂျက်တစ်ယောက် သူ့သားလေးနဲ့ အချိန်ပြန်ရဖို့ အခွင့်အရေးရလာတယ်။ ဒါပေမယ့် နှင်းလူသားဖြစ်နေတော့ သူလုပ်ချင်တာ လုပ်ဖို့ မလွယ်ဘူးလေ။ ဒီလိုနဲ့ ဂျက်နဲ့ ချာလီတို့ အတူတူ အချိန်ကုန်ဆုံးရင်း ဘဝရဲ့အဓိပ္ပာယ် မိသားစုရဲ့တန်ဖိုးကို နားလည်လာကြတယ်။ ဇာတ်လမ်းထဲမှာ ရယ်ရတဲ့အခန်းတွေလည်း အများကြီးပါတယ်။ ဂျက်က နှင်းလူသားဖြစ်နေတော့ လှုပ်ရှားလို့မလွယ်ဘူး အအေးဓာတ်လည်း လိုတယ် ဒါကြောင့် သူ့ရဲ့ ဟာသဆန်တဲ့အလွဲလွဲအချော်ချော်တွေက ကြည့်ရတာ တကယ်ကိုပျော်ဖို့ကောင်းတယ်။ ဥပမာ နှင်းလူသားဖြစ်နေတဲ့ဂျက်က ချာလီကို ဟော်ကီဆော့ဖို့ သင်ပေးတဲ့အခန်းဆို တကယ်ကိုချစ်စရာကောင်းတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာ ရင်ထဲထိတဲ့ အခန်းတွေလည်း ရှိတယ်။ ဂျက်က သူ့သားကို ဘယ်လောက်ချစ်ပြီး သူမရှိတုန်းက လစ်ဟာခဲ့တဲ့အချိန်တွေကို ပြန်ဖြည့်ဆည်းပေးချင်တဲ့ စိတ်က ကြည့်ရင်း မျက်ရည်လည်လာစေတယ်။ မိသားစုနဲ့အတူ ခရစ္စမတ်ကာလမှာ ကြည့်လို့ရမယ့် နွေးထွေးတဲ့ ကားလေးပါပဲ။ ကလေးတွေအတွက်လည်း နှင်းလူသားရဲ့ ဟာသတွေက အရမ်းပျော်ဖို့ကောင်းပြီး လူကြီးတွေအတွက်လည်း ဘဝမှာ တကယ်အရေးကြီးတဲ့အရာက ဘာလဲဆိုတာ ပြန်တွေးမိလာစေမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Khant ဖြစ်ပါတယ်။) File size… (1.8 GB) / (870 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Drama, Family, Fantasy Duration…. 01:42:21 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Min Khant

Thriller • Romance • Mystery
5.5 1998 101 mins
Jack Frost
Padre no hay más que uno 4: Campanas de boda Father There is Only One 4
5.2

Padre no hay más que uno 4: Campanas de boda (2024) IMDb Rating (5.2) ဒါကတော့ စပိန်ဟာသကားလေးပါ ။ ဒါရိုက်တာ Santiago Segura မှရိုက်ကူးထုတ်လုပ်ထားပြီး အရှေ့မှာထွက်ခဲ့တဲ့ Father There Is Only One (2019), Father There Is Only One 2 (2020), Father There Is Only One 3 (2022) တို့ရဲ့အဆက်ပဲဖြစ်ပါတယ်။ ဇာတ်ညွန်းကတော့ ကလေးအများကြီးရှိတဲ့မိသားစုတွေမှာ တစ်နေ့တစ်မျိုးမရိုးရတတ်ပါဘူး။ တစ်ယောက်တည်းတောင် ထိန်းမနိုင်တာ၊ အရွယ်မတူတဲ့ သုံးလေး‌ယောက်လုံးပြိုင်ပြီး ဗရုတ်သုတ်ခပေါင်းစုံဖြစ်လာတော့ အရှုပ်တော်ပုံပေါ်လာတော့တာပါပဲ။ နာမည်ကြီးခရေဇီသမီးဖြစ်သူ၊ ဉာဏ်ကြီးရှင်ယောင်ယောင်သားငယ်၊ ကြောင်နဲ့ကြွက်လိုမျိုး အငယ်ဆုံးကလေးနှစ်ယောက်၊ သူသိသူတတ်သမီးလတ်နဲ့ ၁၈ ပြည့်လို့ ယောကျာ်းယူတော့မယ်ဆိုတဲ့ သမီးကြီးတို့အပြင် အသက်ကြီးပေမဲ့ အိမ်မခွဲသေးတဲ့ ယောက္ခမတို့ကြား၊ လင်မယားကြားမှာ ဘယ်လိုမျိုးမိသားစုပြသာနာပေါင်းသောင်းခြောက်ထောင်ဖြစ်လာမလဲဆိုတာကို ကြည့်ရှု့ရမဲ့မိသားစုဟာသကားလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Serenity ဖြစ်ပါတယ်။) File size…(2.3 GB) / (1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Family Duration….01:39:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Serenity

5.2 2024 99 mins
Padre no hay más que uno 4: Campanas de boda Father There is Only One 4
Badmashulu

Badmashulu (2025) “နှစ်ယောက်ပေါင်း လောင်းကျော်” ‌ဒီတစ်ခါမှာတော့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက် တေလဂူစကားပြော ဟာသ-ဒရာမာ ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သမားရိုးကျ ချစ်ကြိုက်ကွဲညားမဟုတ်ဘဲ ကျေးလက်သဘာ၀ကို နောက်ခံထားပြီး အလွဲပေါင်းစုံနဲ့ ရယ်ရယ်မောမော ကြည့်ရှုကြရမှာပါ။ ကျေးရွာလေးတစ်ရွာမှာ တစ်ဦးတည်းသော စက်ချုပ်ဆရာနဲ့ ဆံသဆရာတို့ ရှိပါတယ်။ စက်ချုပ်ဆရာကလည်း အရပ်ထုံးစံအတိုင်း အင်္ကျီတစ်ခါလာအပ်ထားရင် နေ့ရွှေ့ညရွှေ့နဲ့ တော်တော်နဲ့ပြန်မရတတ်ပါဘူး။ တစ်ခါတလေ ပိတ်စတွေမှားပေးတာ ပြန်ရောင်းစားလိုက်တာနဲ့ ပြဿနာပေါင်းကလည်း သောင်းခြောက်ထောင်ပါ။ ဆံသဆရာကလည်း ဆိုင်မှာဆံပင်ညှပ်သူတွေ ပုံနေပေမဲ့ သူကအမြဲအပြင်ရောက်နေတတ်ပါတယ်။ အများအားဖြင့်ကတော့ စက်ချုပ်ဆရာနဲ့ဆံသဆရာပေါင်းပြီး အရက်သောက်နေကြတာကများပါတယ်။ သူတို့နှစ်ယောက်ပေါင်းပြီး ဘယ်လိုပြဿနာတွေရှာကြမလဲ၊ ဘယ်လိုအခွီတွေကြည့်ကြရမလဲ၊ အလုပ်ကိုအလေးမထားတဲ့ သူတို့နှစ်ဦး ဘာတွေကြုံရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)

Adventure • Science Fiction
0 2025
Badmashulu