YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Second Act [2018] (MM Sub).mp4

1.12 GB 1080p video/mp4 387 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Messy Temple

မကောင်းဆိုးဝါး မှော် မိစ္ဆာတွေနှစ်သက်တဲ့ CMပရိသတ်ကြီးအတွက် Wu Long Yuan ဆိုတဲ့ မိစ္ဆာနှိမ်နင်းတဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင်တော့...... ဝူလုံဘုန်းကြီးကျောင်းက တပည့်ကြီးအားလျန့်ဟာ ဂုဏ်ရှိန်ကြီးမားတဲ့ မိစ္ဆာနှိမ်နင်းသူတစ်ယောက်အရမ်းကိုဖြစ်ချင်ပါတယ်။ ဒါပေမယ့် ပညာရည်မပြည့်မီပဲ သူများတွေလေးစားအထင်ကြီးအောင် လိမ်လည်ခြင်းသာလုပ်တတ်ပါတယ်။ ချောမောတဲ့ လင်နန်ရှားမျိုးနွယ် ရှားခယ့်ယန်ကတော့ လင်နန်ရှားမျိုးနွယ်ဆိုတဲ့ဂုဏ်သရေရှိ မိစ္ဆာနှိမ်နင်းသူမျိုးနွယ်ကဆင်းသက်လာသူပါ။ သူကမိသားစုအညှိုးအတေးအတွက် မိစ္ဆာတွေကိုအမြစ်ကနေနှိမ်နင်းချင်းသူတစ်ယောက်ပဲ။ သူတို့နှစ်ယောက်ဟာ ဝူလုံဘုန်းကြီးကျောင်းက ဆရာတော်ကြီးပေးအပ်တဲ့တာဝန်အရ လွတ်မြောက်လာတော့မယ့် မိစ္ဆာဘုရင်ကြီးကိုပြန်လည်ချုပ်နှောင်ဖို့အတွက် အသွားလမ်းခရီးမှာ မိစ္ဆာနှိမ်နင်းခြင်းဝတ္ထုကိုဖြစ်အောင်ရေးမယ်ဆိုပြီး ရည်မှန်းချက်ထားထားတဲ့ အိုက်ဖေးနဲ့လမ်းမှာတွေ့ကြပြီး ၃ယောက်သား မိစ္ဆာဘုရင်ကြီးကိုနှိမ်နင်းဖို့သွားပါတော့တယ်။ လမ်းခရီးတစ်လျှောက်ကြုံတွေ့လာတဲ့မိစ္ဆာတွေကိုဘယ်လိုနှိမ်နင်းကြမလဲ...... မိစ္ဆာဘုရင်ကြီးကိုရော ဒီလူငယ်လေး၃ယောက်က ရင်ဆိုင်နိုင်ပါ့မလားဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ တခြားမိစ္ဆာကားတွေလိုဖန်တက်စီဆန်ဆန်ရိုက်ထားတာမဟုတ်ပဲ ကြောက်စရာနည်းနည်းကောင်းတဲ့အတွက် အဖော်လေးနဲ့ကြည့်ကြပါလို့ မှာချင်ပါတယ်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Comedy , Thriller Runtime : 1h 33min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Crime • Mystery • Thriller
0 2022
Messy Temple
A Christmas Karen
8

ကာရင်' ဆိုတဲ့စကားလုံးကို ဒီခေတ်မှာ သိပ်မစိမ်းကြတော့ဘူးလို့ ထင်ပါတယ်။ 'ကာရင်' ဆိုတာ နေရာမရွေး ကွိုင်ရှာတတ်တဲ့ ပြဿနာအိုး၊ လူမျိုးရေးခွဲခြားဆက်ဆံတတ်တဲ့ သက်လတ်ပိုင်း အမေရိကန် လူဖြူအမျိုးသမီးကြီးတွေကို ခေါ်ဆိုတဲ့ ဗန်းစကားတစ်ခုပါ။ ကာရင်တွေရဲ့ ထစ်ခနဲရှိ လက်သုံးစကားတွေက 'ငါ ရဲခေါ်လိုက်မယ်' 'မန်နေဂျာနဲ့ စကားပြောမယ်' 'နင်တို့နေတဲ့နိုင်ငံကိုသာ ပြန်သွား' ဆိုတာတွေပါ။ 'ကာရင်' ဆန်ပြီး ကာရင်လို့အမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ ခရစ္စမတ်အကြိုညမှာ အရင်က သူဌေးမဟောင်းနဲ့ ပြန်ဆုံခဲ့ပါတယ်။ သူမရဲ့ သူဌေးဟာ လွန်ခဲ့တဲ့ နှစ် ၂၀ က ခရစ္စမတ်ညမှာ ဆုံးပါးသွားခဲ့သူပါ။ တစ္ဆေအဖြစ်နဲ့ လာရောက်ခြောက်လှန့်ခဲ့တဲ့ သူမရဲ့ သူဌေးဖြစ်သူဟာ ရှင်သန်နေစဥ်ကာလမှာ လုပ်ခဲ့မိတဲ့ ပြစ်ဒဏ်တွေကြောင့် ကြေးချွတ်သန့်စင်ဘုံမှာ ပြစ်ဒဏ်ခံနေရသူတစ်ဦးလည်း ဖြစ်ပါတယ်။ လေလွင့်တစ္ဆေဖြစ်နေတဲ့သူမဟာ အသက်ရှိနေစဥ်ကာလမှာ သူတစ်ပါးရဲ့ယောကျာ်းတွေနဲ့ အိပ်မိခဲ့တဲ့အတွက် အပြစ်ကြွေးဆပ်နေရပါတယ်။ ဒါပေမဲ့ ထိုအပြစ်ကြွေးကြောင့် ဘယ်လိုမျိုးများ ချုပ်နှောင်ခံနေရသလဲ...။ သူမလို မဖြစ်စေဖို့ ကာရင့်ကို လာရောက် သတိပေးတဲ့အခါမှာရော ဘယ်လိုမျိုးတွေ ဆက်ဖြစ်မလဲ...။ ဒီလိုနဲ့ ကာရင်တစ်ယောက် သူမရဲ့ သူဌေးဟောင်း လွှတ်ပေးလိုက်တဲ့ တစ္ဆေတွေနဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလတွေရဲ့ ခရစ္စမတ်တွေကို ပြန်လည်သွားရောက်ခဲ့တဲ့အခါမှာရော ဘယ်လိုအကြောင်းအရာတွေကို သိရှိလိုက်ရမလဲ။ ပြဿနာအိုး ကာရင်နဲ့ တစ္ဆေတို့ရဲ့ ခရီးလမ်းဟာရော ဖြောင့်ဖြူးပါ့မလား... ပြဿနာ တက်ရော တက်ပါ့မလား...။ ဒီလိုနဲ့ ကာရင်တစ်ယောက် ခရစ္စမတ်ပေါင်းများစွာ ပြန်လည်ဖြတ်သန်းရချိန်မှာ တွေ့ကြုံရမယ့်ဖြစ်ရပ်တွေနဲ့ ကိစ္စရပ်တွေကို ရယ်စရာ မောစရာ ဒေါသထွက်စရာ စုံလင်စွာနဲ့ ကြည့်ရှုနိုင်တော့မှာပါ။ ​ရာသီဥတုအေးတဲ့ဆောင်းညတွေမှာ Christmas Vibe အပြည့်နဲ့ အပန်းဖြေဖို့ဆိုရင် ဒီလိုဇာတ်ကားကောင်းလေးတစ်ခုကိုလည်း လက်မလွတ်ပါစေနဲ့နော်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shin Mann Htet Myat မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 880MB Quality - 1080p, 720p Format - mp4 Duration - 1H 38Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Shin Mann Htet Myat Encoded by Y

8 2022 98 mins
A Christmas Karen
Beauty Dart

ဒီဇာတ်ကားလေးဟာဆိုရင် သူရဲကောင်း မိန်းမလှလေး လေးယောက် ယောကျာ်းတွေနဲ့ရင်ဘောင်တန်းပြီး တာဝန်တွေကိုယ်စီထမ်းရွက်ကြတဲ့ အကြောင်းလေးကို ရိုက်ကူးထားတဲ့ ကားလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဥ်းလေးကတော့ - တိုင်းပြည်ရဲ့ အခြေအနေ မတည်မငြိမ်ဖြစ်နေချိန်....! ဝိဉာဥ်ဂိုဏ်းရဲ့ လက်ရှိဧကရာဇ်ဟာ အသတ်ခံရပြီး အိမ်ရှေ့စံလေးဟာ ပျောက်ဆုံးလို့နေခဲ့ပါတယ် ။ အဲဒီအချိန်မှာ သေချာလေ့ကျင့်ထားတဲ့ သစ္စာခံအဖွဲ့တစ်ဖွဲ့ဟာ လျှို့ဝှက်ရတနာမြေပုံကို ယူဆောင်ပြီး တာဝန်တစ်ခုလုပ်ဆောင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ် ။ လမ်းခရီးမှာ အကြောင်းအမျိုးမျိုးကြောင့် မိန်းမလှလေး(၄)ယောက် တွေ့ဆုံမိပြီး ပေါင်းမိသွားကြတဲ့ အခါ...? အဲဒီ သစ္စာခံထားတဲ့ သူရဲကောင်းအဖွဲ့ထဲမှာ အိမ်ရှေ့စံကိုယ်တိုင် ပါဝင်နေတဲ့အခါ....? ❏ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ သူတို့ တွေ့ကြုံရမလဲ? ❏ သူတို့ ယူဆောင်လာတဲ့ လျှို့ဝှက်ရတနာမြေပုံကရော ဘယ်လိုတွေ အရေးကြီးသလဲ ? ❏ အိမ်ရှေ့စံမင်းသားတစ်ယောက် သစ္စာခံ မိန်းမလှလေးတွေတွေနဲ့ ပူးပေါင်းပြီး ပြည်သူတွေရဲ့ ငြိမ်းချမ်းမှုအတွက်ဘယ်လိုမျိုး ပြန်လုပ်ပေးမလဲဆိုတာ ? ကြည့်ရှုရမှာပဲဖြစ်ပါတယ် ။ သိုင်းလောကရဲ့ ဂိုဏ်းတွေပါ ပါတာမို့ ဓားသိုင်းယှဥ်တာတွေ သိုင်းလောကရဲ့ အရှုပ်အထွေးတွေ ကြိုက်နှစ်သက်တဲ့ သူတွေကတော့ ဒီဇာတ်ကားလေးကိုနှစ်သက်မယ်လို့ထင်ပါတယ် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Drama , Fantasy Runtime : 1h 23 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Crime • Thriller
null 2022
Beauty Dart
BTS: Permission to Dance on Stage - LA
9.1

ကျွန်မတို ARMY တွေ အလုအယက် မှောင်ခိုကြည့်ခဲ့ရတဲ့ ဒီ LA Concert ကြီးကို သီချင်းတွေက အစ မြန်မာဘာသာပြန်နဲ့ CM မှာ အကြည်အပြည့်အဝကြည့်ရပါတော့မယ် သီချင်းစာသားတွေကအစ ခရမ်းရောင်ကို သုံးပေးထားပါတယ်။ ကိုဗစ်ကာလနားနေခဲ့ရာမှာ ပြန်လည်စတင်ခဲ့တဲ့ BTS ရဲ့ PTD Concert တွေထဲက တစ်ခုဖြစ်ပြီး LA က ARMY ပေါင်းများစွာနဲ့ အကြီးအကျယ်ကျင်းပခဲ့တဲ့ ဖျော်ဖြေပွဲကြီးဖြစ်ပါတယ် သီချင်းပေါင်း များစွာကိုဖျော်ဖြေသွားတဲ့အပြင် အမှတ်တရစကားလေးတွေ ပြောသွားကြတာ အရမ်းကြည်နူးစရာကောင်းပြီး မန်ဘာ ၇ ယောက်နဲ့ ARMY တွေအတွက် မမေ့နိုင်စရာ ပျော်စရာအခိုက်အတန့်လေးတွေဖြစ်ခဲ့တာပေါ့နော် ကျွန်မတိုကိုယ်တိုင် အတူမရှိခဲ့ရပေမဲ့ ဒီပွဲဟာ ကိုယ့်အနားမှာ ဖျော်ဖြေနေသလို ခံစားရစေတဲ့အတွက် (မှောင်ခိုကြည့်ပြီးသားဆိုရင်လည်း) အမှတ်တရဒေါင်းပြီး သိမ်းထားလိုက်တော့နော် BTS ?ARMY BORAHAE!! အညွှန်းကိုတော့ Khaing Khin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM ARMY ပဲ ဖြစ်ပါတယ်။ Genre..... Music Quality…. 1080p | 720p | 480p File size… 5.78GB | 2.74GB | 1.18GB Format… mp4 Duration…. 2h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ..... CM ARMY Encoder ..... August

Drama • Mystery • Thriller
9.1 2022 130 mins
BTS: Permission to Dance on Stage - LA
Enemies Closer
5.2

မင်းသားကြီး Van Damme ကိုယ်တိုင်ဗီလိန်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ Enemies Closer ဆိုတဲ့ဇာတ်ကားလေးကို CM ကနေတင်ဆက်ပေးလိုက်ပါပြီ။ ဟင်နရီကအမေရိကန်နဲ့ကနေဒါနယ်နမိတ်ကတောအုပ်အတွင်းမှာ အလုပ်လုပ်နေတဲ့သူပါ။တစ်နေ့မှာတော့ သူ့ရဲ့အတိတ်ကပြဿနာတစ်ခုကြောင့်သူ့ကို သတ်ဖို့ကြိုးစားတဲ့ ကလေး ဆိုသူရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ကလေးရဲ့ဟင်နရီကိုလုပ်ကြံသတ်ဖြတ်မှုကမအောင်မြင်ခဲ့ပဲ မူးယစ်ဆေးရောင်းဝယ်ရေးအဖွဲ့တစ်ခုက သူတို့ရှိနေတဲ့တောအုပ်ထဲကိုရောက်လာခဲ့ပါတယ်။ ဟင်နရီတို့နှစ်ယောက်ရန်သူအဖြစ်ကနေပူးပေါင်းသွားကြပြီး မူးယစ်ရာဇာတွေကိုဘယ်လိုအနိုင်ယူတိုက်ခိုက်ကြမလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာဆက်လက်ကြည့်ရှုခံစားနိုင်ပါတယ်။

Adventure • Animation • Comedy • Family • Fantasy
5.2 2013 85 mins
Enemies Closer
Vivarium
6.1

Sci-fi / Thriller ကားကောင်းကြိုက်သူများအတွက် လတ်တလောထွက်ထားပြီး Now you see me တို့ Zombie Land တို့ထဲက မင်းသား Jesse Eisenberg ပါဝင်ထားတဲ့ကားလေး။ လူငယ်စုံတွဲ တတွဲက အတူနေဖို့အိမ်လေး တအိမ်ကိုလိုက်ရှာနေခဲ့တယ်။ အိမ်ရာစျေးနှုန်းတွေကလည်း သိတဲ့အတိုင်း တဖြည်းဖြည်းမြင့်တက်လာနေတယ်။ အသိတယောက်ကလည်း အိမ်ရာကောင်းကောင်းတွေ့ရင် လက်မနှေးဖို့ ရတုန်းယူထားဖို့အကြံပေးသွားသေးတယ်။ အဲနေ့ညနေမှာပဲ သူတို့စုံတွဲက အိမ်ရာတွေရောင်းတဲ့နေရာမှာ အိမ်ခြံမြေအကျိုးဆောင်နဲ့ သွားတွေ့ ခဲ့ကြတယ်။ အကျိုးဆောင်ပုံစံကတော့ တမျိုးကြီးပဲ။ ထောင့်မကျိုးတာလည်း မဟုတ် ရိုင်းစိုင်းတာလည်းမဟုတ် တမျိုးကြီးဖြစ်နေပေမယ့် အပြောကောင်းတော့ သူတို့အိမ်ရာကို ပုံထဲတင်မဟုတ်ပဲ ကိုယ်တိုင်ကိုယ်ကျ လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အကျိုးဆောင်အပြောအရ နေရာကလည်းအဆင်ပြေမယ့်ဆင်ခြေဖုံးနေရာ အိမ်ရာတွေကိုလည်း လူတွေကဝယ်ပြီး နေရာရွှေ့လာကြတော့မှာ။ အိမ်ရှာနေတာလည်း ကြာနေပြီမလား။ အဆင်ပြေရင်တော့ ဝယ်လိုက်ကြမယ်စိတ်ကူးနဲ့ပေါ့။ အဲလိုနဲ့ သူတို့အိမ်ရာတွေဆီသွားခဲ့ကြတယ်။ အိမ်တွေကတော့ ပုံစံတူတွေပဲ။ အဲလိုနဲ့ သူတို့ကြည့်ရမယ့် အိမ် အမှတ်ကိုးကိုရောက်လာကြတယ်။ အိမ်အကြောင်းကို ရှင်းပြနေရင်း သူတို့နောက်ဘက်ကိုသွားလိုက်ချိန်မှာပဲ အကျိုးဆောင်က ထွက်ခွာသွားတော့တယ်။ အဲဒါနဲ့ သူတို့လည်း အဲအိမ်ရာဝင်းထဲကနေ ပြန်ထွက်ဖို့ လုပ်တဲ့အခါမှာတော့ ဝင်္ကပါလိုဖြစ်ပြီး အိမ်အမှတ်ကိုး ကိုပဲ ပြန်ရောက်လာလာနေတယ်။ သူတို့ ဘယ်လိုပဲ ထွက်ဖို့ ကြိုးစား ကြိုးစား ထွက်မရခဲ့တဲ့အပြင် သူတို့ဆီကို မမျှော်လင့်တဲ့ အရာတခုပါ ရောက်လာတဲ့ အခါမှာတော့ သူတို့ ဘယ်လိုဆက်ဖြစ်ကြမှာလဲ ထွက်နိုင်သွားမှာလားဆိုတာတွေကို စိတ်ပါဝင်စားစွာ ကြည့်ရမယ့် ကားလေးဖြစ်ပါတယ်။ ကဲ Stay Home ကာလမှာ အိမ်ထဲကနေထွက်ဖို့ကြိုးစားတဲ့ ကားလေးကို ကြည့်လိုက်ကြပါအုံး။ နောက်ပြီး အပြင်ကပြန်ရောက်တိုင်း လက်ဆေးဖို့မမေ့ကြပါနဲ့။ လက်ဆေးတိုင်းလည်း စက္ကန့် ၂၀ကြာအောင် ဆေးကြပါစို့။ Stay Home Watch Movie and save lives .. File Size : ( 917 MB , 334 MB) Quality : WEB-DL 720p Running Time : 1 hr 37 min Format : Mp4 Genre : Comedy , Horror , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by NightFury Encoded by Moe Myint Lwin

Drama • Science Fiction
6.1 2019 97 mins
Vivarium
Thousand and One Lies
8

1001 Nunakal (2022) IMDb-8.0/10 ဇာတ်လမ်းတင်ဆက်ပုံခပ်ဆန်းဆန်းလေးနဲ့ အိမ်ထောင်သည်တွေ၊ အိမ်ထောင်တခုထူထောင်ဖို့ စဉ်းစားနေသူတွေကို အသိလေးတခုပေးနိုင်တဲ့ အိန္ဒိယကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းနာမည်က မုသားစကား ၁၀၀၁တဲ့။ ဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်တွေကို မျက်နှာသစ်သရုပ်ဆောင်တွေ သုံးထားပေမယ့် ကျရာဇာတ်ရုပ်နဲ့လိုက်ဖက်အောင် ပါဝင်နိုင်ကြတာကို စိတ်ဝင်တစားနဲ့ကြည့်ကြရမှာပါ။ နေရာတခုတည်းမှာပဲ အဓိကတည်ပြီး ရိုက်ထားတဲ့ဇာတ်လမ်းတွေကိုကြည့်လိုက်ရင် စိတ်ဝင်စားစရာကောင်းရင်ကောင်း မဟုတ်ရင် ပျင်းစရာကောင်းလာရော။ကျွန်တော့်အမြင်အရကတော့ ဒီဇာတ်လမ်းကစိတ်ဝင်စားစရာပဲ။ဘာလဲဆိုတော့ ကြုံဖူးသိဖူးနေကြအကြောင်းရာတွေပါသလို ဘာတွေဖြစ်လာဦးမလဲ ဘာတွေပေါ်လာဦးမလဲဆိုတာမျိုးကို သိချင်စိတ်ဖြစ်အောင် ရိုက်ထားနိုင်လို့။ ဇာတ်လမ်းအကျဉ်းကိုပြောရရင် အဆောက်အဦးကြီးတခုမီးလောင်တယ်။အဲဒီမှာနေတဲ့ တိုက်ခန်းတွေက မိသားစုနှစ်ခုက သူတို့သူငယ်ချင်းအရင်းကြီးတယောက်အိမ်မှာ ခဏလာတည်းတယ်။ညစာစားကြရင်း နောက်ရက်မှာ အိမ်ရှင်လင်မယားရဲ့ ဆယ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့ရောက်မယ်ဆိုတာသိတော့ ပြန်မယ့်ဟာ မပြန်ကြသေးဘဲ ပွဲလေးကျင်းပကြတာပေါ့။တကယ်ခင်မင်ကြတဲ့ သူငယ်ချင်းအရင်းကြီးတွေပဲစုပြီးပွဲလေးလုပ်ရော။ အဲဒီမှာ သူငယ်ချင်းတွေဝိုင်းထိုင်ကြရင်း သူတို့တွေပြောကြတဲ့အကြောင်းအရာတွေ အဖြစ်အပျက်တွေက ဇာတ်လမ်းကိုဆွဲခေါ်သွားတာပဲ။ကွဲပြားတဲ့အမြင်တွေ အယူအဆမတူညီကြတာတွေကနေ သူတို့ရဲ့ဘ၀တွေကို စကားတွေကနေတဆင့် တင်ဆက်ပြသသွားတာကို ကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~Zwe~Yunniတို့ဖြစ်ပါတယ်) File size…1.37GB  /  613MB  Quality…1080p WEB DL  / 720p Format…mp4 Duration….1h 45mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  V~BpL~Zwe~Yunni

Drama • Mystery
8 2022 104 mins
Thousand and One Lies
Cosmoball

2020 ထွက် ရုရှားသိပ္ပံစိတ်ကူးယဉ်ကားကောင်လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အနာဂတ်ကာလမှာ စကြဝဠာစစ်ပွဲကြီးဖြစ်သွားခဲ့ပြီး ကမ္ဘာမြေရဲ့ လပျက်စီးခြင်းနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။ ကမ္ဘာ‌ေပါ်မှာလည်း လူသားတွေမဖိတ်ခေါ်ပဲရောက်လာတဲ့ စစ်ပွဲအန္တရာယ်ကြောင့် ရာသီဥတုပြောင်းလဲမှုတွေ၊ ရောဂါအသစ်တွေပေါ်ပေါက်လာခဲ့ပြီး ဒုက္ခတွေရောက်နေကြရပါတယ်။ ဒီလိုဒုက္ခရောက်နေကြပေမဲ့လည်း ကမ္ဘာပေါ်ကလူသားတွေရဲ့ ဆင့်ကဲတိုးတက်မှုဖြစ်စဉ်နောက်တစ်ဆင့်တက်ချိန်ဖြစ်နေတာကြောင့် တယ်လီပို့ လုပ်နိုင်စွမ်းရှိသူ သုံးယောက် ပေါ်လာခဲ့ပါတယ်။ မော်စကိုမြို့ ပေါ်မှာလည်း “ဒုဓလီ” လို့ခေါ်တဲ့ အားကစားရုံယာဉ်ပျံကြီးရောက်နေပြီး အားကစားနည်းအသစ်ဖြစ်တဲ့ ကော့စမိုဘော ဆိုတဲ့ ဘောလုံးအားကစားနည်းကို တယ်လီပို့လုပ်နိုင်စွမ်းရှိတဲ့ အားကစားသမားတွေက ကစားရပါတယ်။ အန်တွန်ကတော့ ခေတ်ပျက်ကြီးထဲမှာမွေးဖွားလာခဲ့တဲ့သူဖြစ်တဲ့အပြင် လုပ်သမျှအလုပ်တိုင်းကလည်းအလွဲလွဲအချော်ချော်ဖြစ်နေတဲ့လူပါ။ တစ်နေ့မှာ သူ့အမေအတွက် ဆေးတွေလိုအပ်လို့ ဆေးဆိုင်မှာသွားခိုးရင်း ရဲကလိုက်ဖမ်းလို့ပြေးတဲ့လမ်းမှာ ကားဖြတ်တိုက်တာခံလိုက်ရပြီး သူ့ရဲ့တယ်လီပို့လုပ်နိုင်စွမ်း ပေါ်ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ ကော့စမိုဘော ဆော့ဖို့အတွက် သူ့ကိုလာစည်းရုံးကြပြီး လေ့ကျင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ကော့စမိုဘောကစားပွဲတွေရဲ့ နောက်ခံအကြောင်းအရင်းတွေက ထင်သလောက်မရိုးရှင်းတဲ့အခါမှာတော့ အန်တွန်တစ်ယောက် ဘယ်လိုဖြစ်ရပ်တွေကို ဆက်ပြီးကြုံတွေ့လာရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး Quality….Webrip 1080p / 720p Format…mp4 Duration….01:55:00 Genre…Science Fiction, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2020
Cosmoball
A Heidelberg Holiday
6.9

ခရစ္စမတ် ရောက်ခါနီးပြီဆိုတော့ ခရစ္စမတ်လို သေချာပေါက် ခံစားစေရမယ့် IMDb 6.9အထိ ရရှိထားတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ A Christmas Spectacularနဲ့ Broadway Risingတို့လို့ Christmas ရုပ်ရှင်တွေကို သရုပ်ဆောင်ရာမှာ ပိုင်နိုင်လှတဲ့ မင်းသမီး Ginna Claire Masonက All you need နဲ့ The Cruise Doctorလိုမျိုး ရုပ်ရှင်ကောင်းတွေထဲက မင်းသား Frédéric Brossierနဲ့ အတူ လိုက်ဖက်စွာ ပွဲထွက်လာပါတယ်။ ဂျာမနီနိုင်ငံက ဟိုက်ဒယ်လ်ဘာ့ဂ်ဆိုတဲ့ မြို့လေးက ခရစ္စမတ်ရောက်တိုင်း စျေးပွဲတော် ကျင်းပလေ့ရှိပါတယ်။ အဲဒီစျေးပွဲတော်က ခရစ္စမတ်ကာလရဲ့ ပြရုပ်တစ်ခုလို အင်မတန်မှ ​ကျော်ကြားပါတယ်။ ဒါပေမယ့် အဲဒီ ခရစ္စမတ် စျေးပွဲတော်က တော်ရုံနဲ့ ဝင်ခွင့် မရပါဘူး။ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့ကို အစွဲပြုပြီး နာမည်ပေးထားတဲ့ ဟိုင်ဒီ ဟိုက်ဒယ်လ်ဘာ့ဂ်လို့ခေါ်တဲ့ ကောင်မလေးက အမေရိကန်-ဂျာမနီသူလေးပါ။ သူက Snow balls ဖန်လုံးလေးတွေကို ဒီဇိုင်းဖော်တဲ့ အနုပညာသည်လေးပါ။ ဟိုင်ဒီက ဟိုက်ဒယ်လ်ဘာ့ဂ်က စျေးကွက်ထဲကို ဝင်ခွင့်ရဖို့ နှစ်တိုင်း ကြိုးစားနေပေမယ့် အငြင်းခံနေရသူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်တော့ ကံကောင်းစွာနဲ့ပဲ ဟိုင်ဒီတစ်ယောက် ဟိုက်ဒယ်လ်ဘာ့ဂ် စျေးထဲ ဝင်ခွင့်ရသွားပါတော့တယ်။ အနီးကပ်မှ ဝင်ခွင့်ရတော့ ပစ္စည်းပို့ဖို့ နေဖို့ထိုင်ဖို့ အကုန်လုံးကို ကမောက်ကမနဲ့ အဆင်ပြေသလို စီစဥ်ရပါတော့တယ်။ အကုန်လုံးကို စီစဉ်ပြီး အခက်ခဲတွေကြားကနေ ဟိုက်ဒယ်လ်ဘာ့ဂ်ကို ရောက်သွားတဲ့အခါမှာတော့ လူးကတ်စ်နဲ့ တွေ့ဆုံဖို့ ကံကြမ္မာဖန်လာပါတော့တယ်။ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့မှာ လူးကတ်စ်နဲ့အတူတူ ကြုံတွေလာရတဲ့ အခက်ခဲတွေကို ဖြေရှင်းကြပုံတွေ၊ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့ရဲ့ ခရစ္စမတ်ကာလ အလှတရားတွေ၊ အေးချမ်းလှတဲ့ ဆောင်းရာသီမှာ နွေးထွေးလှတဲ့ အချစ်ဓာတ်လေးကို ခံစားရစေမယ့် ရုပ်ရှင်လေး ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုကြည့်မယ်ဆိုရင် သင့်ရဲ့ဘေးနားမှာ ချောကလက်ပူပူလေးတစ်ခွက်နဲ့ လက်မှာ ကိုင်ထားစရာ ရည်းစားရဲ့လက်ကလေး၊ မှီစရာ ရည်းစားရဲ့ ရင်ခွင်လေး ရှိနေရင်တော့ ရုပ်ရှင်ကို အပြည့်ဝခံစားနိုင်မှာဖြစ်ပါတယ်။ ရည်းစား မရှိတဲ့လူတွေကတော့ ဖက်လုံးလေးပိုက်ရင်းနဲ့ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့က အလှတရားတွေနဲ့ ချစ်ခြင်းမေတ္တာရယ်ကို အတူတူ အားကျလိုက်ရအောင်လို့ ပြောရင်း နိဂုန်းချုပ်အပ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Family, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Minn Khant Kyi Win

6.9 2023 84 mins
A Heidelberg Holiday
The Medallion

CM ပရိသတ်ကြီးအတွက် အချစ်တော်အက်ရှင်မင်းသားကြီး ဂျက်ကီချန်းရဲ့ 2003 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဟာသအက်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရှေးခေတ် အရှေ့တိုင်းဒဏ္ဍာရီတွေအရ သေဆုံးသူတွေကို အသက်ပြန်သွင်းပေးနိုင်ပြီး သဘာဝလွန်အစွမ်းတွေပါ ပေးနိုင်တဲ့ လည်ဆွဲပြားတစ်ပြားရှိပါတယ်။ ဒါပေမဲ့ ဒီလည်ဆွဲပြားက နှစ်ခြမ်းရှိနေပြီး နှစ်ပေါင်းတစ်ထောင်ပြည့်တိုင်း ဒီလည်ဆွဲပြားကိုပေါင်းစည်းပေးနိုင်မဲ့ ကလေးငယ်တစ်ယောက်ကိုရွေးချယ်ပါတယ်။ အက်ဒီက‌တော့ ဟောင်ကောင်ရဲဌာနရဲ့ ရဲအုပ်စုံထောက်တစ်ယောက်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ အင်တာပိုနဲ့ ပူးပေါင်းစစ်ဆင်ရေးမှာ မြွေခေါင်းဆိုတဲ့ မှောင်ခိုသမားကို ဖမ်းဆီးဖို့ လုပ်နေကြတာပါ။ မြွေခေါင်းကလည်း သူတို့ထင်ထားသလို မှောင်ခိုပစ္စည်းနောက်လိုက်နေတာမဟုတ်ဘဲ လည်ဆွဲပြားနဲ့ ရွေးချယ်ခံကောင်လေးနောက်ကို လိုက်နေမှန်းသိလိုက်ရတဲ့အခါမှာတော့ အက်ဒီတစ်ယောက် လည်ဆွဲပြားကိုရော ကောင်လေးကိုပါ ဘယ်လိုကာကွယ်မလဲ၊ လည်ဆွဲပြားကရော ဒဏ္ဍာရီထဲကအတိုင်း တကယ်အစွမ်းရှိမလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ မင်းသားကြီးဂျက်ကီချန်းရဲ့ အက်ရှင်စွန့်စားခန်းအလန်းတွေနဲ့ ဟာသတွေကိုတဝကြီးကြည့်ရှုရမှာဖြစ်လို့ ပရိသတ်တွေအကြိုက်တွေ့မဲ့ ကားကောင်းတစ်ကားဖြစ်မှာအသေအချာပါပဲဗျ။ File size…(2.4 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:28:00 Genre…Action, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT

0 2003 88 mins
The Medallion
Mortdecai
5.5

ဒီဇာတ်ကားက ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Johnny Depp, Paul Bettanyနဲ့ Gwyneth Paltrowတို့လို နာမည်ကြီးတွေပါဝင်ထားတဲ့ ဟာသအက်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပန်းချီပွဲစား၊နယ်စားမော့ဒီကိုင်းတစ်ယောက် လူမွဲစာရင်း သွင်းခံရမဲ့အချိန် ပန်းချီကား ပြုပြင်ထိန်းသိမ်းရေးသမားတစ်ဦး အသတ်ခံရပြီး ပန်းချီကားတစ်ချပ်ပျောက်သွားတဲ့အမှုကို စုံစမ်းပေးဖို့ MI5က သူ့ရဲ့ မိတ်ဆွေဟောင်းစုံထောက်မာ့တ်လန်းက အမှုလာအပ်ပါတယ်။ အမှုလိုက်နေရင်းနဲ့ အဲဒီ ပန်းချီက ဟိုးယခင် စပိန်ဘုရင်ခေတ်ကတည်းက လက်ရာကောင်း တစ်ခုဖြစ်နေပြီး ဒုတိယကမ္ဘာစစ်ပြီးကထဲက ပျောက်ဆုံးနေတဲ့ ပန်းချီကား ဖြစ်နေခဲ့တာပါ။ ဒါ့အပြင် အဲဒီပန်းချီကားရဲ့ ကျောဘက်မှာ ပန်းချီကားကို နောက်ဆုံးပိုင်ခဲ့သူက သူ့ရဲ့လျှို့ဝှက်ဘဏ်နံပါတ်ကို ချရေးခဲ့တယ်ဆိုတဲ့ ကောလာဟလကြောင့် အဲဒီပန်းချီကားဟာ ပန်းချီလောကမှာ နာမည်ကြီးပြီး လိုချင်သူတွေ ဝိုင်းဝိုင်းလည်နေတာပါ။ အဲဒီပန်းချီကားကို မော့ဒီကိုင်း တစ်ယောက် အရယူနိုင်ပါ့မလား။ ဘယ်လိုလူမျိုး‌တွေ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ပြိုင်လုရမလဲဆိုတာ Jonny Deppရဲ့ သရုပ်ဆောင်ချက်နဲ့ အတူ ခံစားလိုက်ပါဦး File Size : 1.9 GB, 792 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 47min Format : Mp4 Genre : Action, Comedy, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

5.5 2015 107 mins
Mortdecai
Tòkunbọ̀
5

Tòkunbọ̀ (2024) *************** ဒီတစ်​ခေါက်ဇာတ်လမ်း​လေးက​တော့ Nigeria နိုင်ငံက ဇာတ်လမ်း​လေးတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းက​တော့ Tokunboလို့​ခေါ်တဲ့ ​ကားမှောင်ခိုသမားတစ်​ယောက် က​​လေးရလာတဲ့အခါမှာ အလုပ်က​နေအနားယူလိုက်ပါတယ်။ ဒါ​ပေမဲ့ ​ငွေး​ကြေးအကျပ်အတည်းဖြစ်လာတဲ့အခါမှာ အရင်အလုပ်ပြန်လုပ်ဖို့ကြိုးစားရင်း သူတင်သွင်းဖို့ပစ္စည်းက က​လေးမ​လေးတစ်​ယောက်ဖြစ်လာပါတယ်။ Tokunbo တစ်​ယောက် က​လေးမ​လေးကို ပို့ဖို့ကြိုးစားရင်း ဘယ်လိုအခက်အခဲ​တွေ ရင်ဆိုင်ရမလဲ က​​လေးမ​လေးက​ရော ဘယ်သူလဲ ဆိုတာကို​တော့ ဇာတ်လမ်း​လေးမှာရှု့စားကြပါဦးခင်ဗျား။ (အညွှန်းကို Jack မှ ရေးသားထားပါတယ်) File size…1.66GB / 750MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 52m Genre ….. Action, Crime, Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Jack Encoded by AHtet

5 2024 113 mins
Tòkunbọ̀
Parthenope
6.8

Parthenope (2024) IMDb Rating (6.8) / Rotten Tomatoes (49%) ဒါရိုက်တာ Paolo Sorrentino ရိုက်ကူးထုတ်လုပ်ထားတဲ့ဒီရုပ်ရှင်ဟာဆိုရင် အီတလီသူအမျိုးသမီးလေးတစ်ဦးရဲ့ဘ၀အကြောင်းကိုပုံဖော်ရိုက်ကူးထားခြင်းပါ ။ လူတွေကတိုတောင်းတဲ့ဘ၀ကြီးမှာ ငွေ၊ဂုဏ်၊အလှတရားတွေနောက်ကိုသာလိုက်ရင်းကုန်ဆုံးတတ်ကြပါတယ် ။ ပါတဲလိုပီမည်သူအမျိုးသမီးလေးကတော့ အကုန်ပြည့်စုံပေမယ့် ပျော်ရွှင်မှုဆိုတာဘာလဲဆိုတာအဓိပ္ပာယ်ရှာချင်သူဖြစ်တယ် ။ လှပလွန်းတဲ့ရုပ်ရည်ကြောင့် ချစ်ခင်သူပေါများပေမယ့် တကယ်တမ်းမှာ အထီးကျန်ဆန်လွန်းတဲ့သူ့ဘ၀လေးကို ပါတဲလိုပီတစိယောက်ဖြည်းဖြည်းချင်း‌အဖြေရှာသွားပုံကို အတူစီးမျောခံစားလိုက်ကြနော် ။ ကြည့်ပြီးပြီဆို‌ရင် ရင်မှာဟာတာတာကြီးကျန်ခဲ့မယ့်ရုပ်ရှင်မျိုး ၊ မေးခွန်း‌အများကြီးချန်ထားခဲ့တဲ့အတွေးအခေါ်ရုပ်ရှင်မျိုးတွေကို သဘောကျကြရင်တော့ ဒီကားက အဲ့လူတွေအတွက်ပါပဲ File size…(6.6 GB) / (1.7 GB) / (967 MB) Quality….Blu-Ray 4K HEVC / Webrip 1080p / 720p Format…mkv / mp4 Duration….02:00:00 Genre…Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phu Thet Khin

Drama • Thriller
6.8 2024
Parthenope
Dog Man
6.4

Dog Man (2025) IMDb Rating (6.4) / Rotten Tomatoes (79%) ဒီရုပ်ရှင်ကတော့ နာမည်ကြီး အန်နီမေးရှင်း စတူဒီယို Dreamwork ရဲ့ Captain Undepant Comic စီးရီးထဲက ဇာတ်လမ်းကိုခွဲထုတ်ရိုက်ကူးထားတဲ့ ခွေးတစ်ပိုင်းလူတစ်ပိုင်း ခွေးလူသား စူပါရဲတစ်ယောက်အကြောင်းပါ.. ဉာဏ်အရမ်းကောင်းတဲ့ ခွေးလေးနဲ့ ဒုစရိုက်မှုတွေကို နှိမ်နင်းလာခဲ့တဲ့ ရဲအရာရှိ ဂရက်ဟာ တစ်နေ့တော့ ဗီလိန် ကြောင်ပီတီကြီးရဲ့ ဗုံးလက်ချက်ကြောင့် နှစ်ယောက်လုံး မသေမရှင်ဖြစ်နေတဲ့အခါမှာ သိပ္ပံပညာရှင်တွေက ခွေးခေါင်းနဲ့ ဂရက်ရဲ့ခန္တာကိုယ်ကို ဆက်ပေးလိုက်ပြီး ဉာဏ်အရမ်းကောင်းပြီး သန်မာတဲ့ ခန္တာကိုယ်နဲ့ စူပါရဲတစ်ယောက်ဖြစ်သွားပါတယ်။ သူ့ရဲ့မဟာရန်သူပြိုင်ဘက် ကြောင်ပီတီကိုလည်း ဖမ်းဆီးဖို့အတွက် ကြိုးစားပါတော့တယ်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Thiha Yan Naing ဖြစ်ပါတယ်။) File size…(4.4 GB) / (1.8 GB) / (1 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…mp4/ mkv Duration….01:48:00 Genre…Family, Animation, Comedy, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thiha Yan Naing

Music
6.4 2025
Dog Man
Five Star Princess (aka) Putri Bintang Lima

Five Star Princess (aka) Putri Bintang Lima (2024) “ရွှေဘုံစံမင်းသမီးနဲ့ ကော်ဖီအဖျော်ဆရာလေး” အားလပ်ချိန်မှာအပျင်း‌ပြေဖို့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမဲ့ အင်ဒို-အချစ်ဟာသ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အချစ်ဟာသဆိုပေမဲ့အရှေ့တောင်အာရှနိုင်ငံ တော်တော်များများက ဘွဲ့ရလူငယ်တွေရဲ့ လက်တွေ့ဘ၀ကိုလည်း ထင်ဟပ်ပြထားပါတယ်။ ဇာတ်လမ်းထဲမှာ ပါဒန်နာဟာ မာစတာဘွဲ့ရထားတဲ့ အလုပ်လက်မဲ့လူငယ်တစ်ယောက်ပါ။ ဘွဲ့ရပေမဲ့လည်း အလုပ်ရှားပါးတာကြောင့် အိမ်မှာဒီတိုင်းနေနေတဲ့ ပါဒန်နာကို အဖေဖြစ်သူက ကြည့်မရပါဘူး။ ထုံးစံအတိုင်း ပါဒန်နာကို နေ့စဉ်နဲ့အမျှ အလုပ်လုပ်ဖို့ ဖိအားပေးတတ်ပါတယ်။ အဲဒီအလုပ်အကိုင်ကိစ္စကြောင့်ပဲ ပါဒန်နာဟာ လက်ရှိရည်းစားဖြစ်သူနဲ့ ဝေးရကိန်းဆိုက်ပါတော့တယ်။ သူ့ရည်းစားရဲ့အဖေက အမေရိကမှာ အခြေချမှ သူ့သမီးနဲ့ပေးစားမယ်ပြောလိုက်လို့ပါ။ ဒါကြောင့် ပါဒန်နာလည်း အလုပ်တစ်ခုရှိမှဖြစ်မယ်လို့ ဆုံးဖြတ်ပြီး သူငယ်ချင်းတွေနဲ့ စပ်တူကော်ဖီဆိုင်လေး ဖွင့်ပါတော့တယ်။ ဇာတ်လမ်းက အဲဒီတော့မှ စတာပါ။ ပါဒန်နာတို့ကော်ဖီဆိုင်ရဲ့ရှေ့နားမှာ အိမ်ကြီးအိမ်ကောင်း တစ်အိမ်ရှိပါတယ်။ တစ်နေ့တော့ အဲဒီအိမ်က ပါကျန်ကာဆိုတဲ့ ကောင်မလေးနဲ့ ပါဒန်နာတို့ အကြည့်ချင်းဆုံပြီး ရင်တွေခုန်ကြပါတော့တယ်။ ပါကျန်ကာရဲ့အဖေဟာ အငြိမ်းစားစစ်ဘက်အရာရှိကြီးတစ်ဦးဖြစ်ပြီး သမီးဖြစ်သူအပေါ် အရမ်းစည်းကမ်းတင်းကျပ်သူပါ။ ပါကျန်ကာကလည်း အဲဒီလိုအဖေလက်အောက်မှာကို ရည်းစားတွေ နေရာစုံအောင်ထားလာတဲ့ လက်လက်ထကောင်မလေးပေါ့။ ဒီလိုနဲ့ ရွှေဘုံစံမင်းသမီးလေးပါကျန်ကာနဲ့ သာမန်ကော်ဖီအဖျော်ဆရာလေးပါဒန်နာတို့ရဲ့ဇာတ်လမ်း ဘယ်လိုဆက်ဖြစ်မှာလဲ၊ ကောင်မလေးမိဘတွေ လက်ခံအောင် ပါဒန်နာကရော ဘယ်လိုဉာဏ်နီဉာဏ်နက်တွေထုတ်သုံးမလဲ ဆိုတာ ရယ်ရယ်မောမော ကြည့်ရှုကြည့်ရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~Zwe Yan~Star~ToMo ပါ။)

Drama
0 2024
Five Star Princess (aka) Putri Bintang Lima