YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Seasons.of.Blossom.S01E08.1080p.CM.mp4

662.46 MB N/A video/mp4 227 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Chained
6.7

ဒီတခါတင်ဆက်ပေးမှာကတော့ သည်းထိတ်ရင်ဖို စိတ္တဇလူသတ်သမား ကားကောင်းလေးတကားပါ။ သွေးထွက်သံယိုပြကွက်တွေပါဝင်တာ ကြောင့် ကလေးသူငယ်များကြည့်ရှုရန်မသင့်တော်ပါဘူး။ ဇာတ်လမ်းလေးအကျဉ်းကတော့ ယုန်လေးဟာ ငယ်ငယ်လေးကတည်းက သူ့ရဲ့ အမေနဲ့ ရုပ်ရှင်အတူကြည့်ပြီး အိမ်အပြန်လမ်းမှာစိတ္တဇလူသတ်သမားတယောက်ဖြစ်တဲ့ တက္ကစီသမား "ဘော့ဘ်" က ပြန်ပေးဆွဲတာကိုခံလိုက်ရပြီး သူက‌တော့ "ဘော့ဘ်" ရဲ့အိမ်မှာပဲ အဖမ်းခံထားရရင်း "ဘော့ဘ်" ကခိုင်းသမျှကို နှစ်ပေါင်းများစွာ လုပ်ပေးခဲ့ရတဲ့ ကောင်လေးတယောက်ပါ။ ဖမ်းလာတဲ့အချိန်ကနေ အရွယ်ရောက်တဲ့အထိ ခြေထောက်မှာသံကြိုးနဲ့ခတ် ထားတာကိုခံရပြီး "ဘော့ဘ်" လုပ်သမျှသွေးတွေကိုသန့်ရှင်းရေးလုပ်လိုက်၊ အလောင်းတွေကိုမြေမြုပ်လိုက်လုပ်ပေးနေရာကနေ တနေ့မှာတော့ "ဘော့ဘ်" ကသူ့ရဲ့ ခြေရာကိုလိုက်နင်းနိုင်ဖို့ ယုန်လေးကိုလည်း လူသတ်သမား တယောက်ဖြစ်လာအောင် လေ့ကျင့်ပေးဖို့ လုပ်ပါတော့တယ်။ ယုန်လေးကပဲ "ဘော့ဘ်" ရဲ့ ခြေရာကိုလိုက်နင်းပြီး စိတ္တဇလူသတ်သမား တယောက်ဖြစ်လာမလား၊ ပုံမှန်ဆိုရင် ကောင်မလေးတွေကိုပဲ ပြန်ပေးဆွဲပြီး သတ်လေ့ရှိတဲ့ "ဘော့ဘ်" က သူနဲ့ သူ့ရဲ့အမေ နှစ်ယောက်ကိုမှရွေးပြီးဘာလို့ ပြန်ပေးဆွဲခဲ့တာလဲ ဒီအကြောင်းအရာရဲ့ နောက်ကွယ်မှာရောဘယ်လို အကြောင်းအရာတွေရှိနေမလဲဆိုတာကို စိတ်ဝင်စားစရာ ရင်တထိတ်ထိတ်နဲ့ ဆက်လက်ကြည့်ရှုပေးပါဦးခင်ဗျ။ File size…1.16GB / 514MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 34m Genre ..... Horror , Crime, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt

Action • Horror
6.7 2012 94 mins
Chained
I Give My First Love to You
7.4

~ IMDb rating - 7.1/10 ~ ကြည့်ကိုကြည့်သင့်တဲ့ ဂျပန်ရိုမန့်ရုပ်ရှင်‌တွေ စာရင်းထဲမှာ ထိပ်ဆုံးက အမြဲတမ်းပါလေ့ရှိတဲ့ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျပန်ရုပ်ရှင်ချစ်သူအားလုံးနီးပါးကြည့်ဖူးကြပြီး ကြိုက်နှစ်သက်ခဲ့ရတဲ့ ကျောင်းသားကားတစ်ကားဆိုလည်း မမှားပါဘူး။ တကုမ-ခခိနိုအုချိဆိုတဲ့ ကောင်လေးက မွေးရာပါနှလုံးရောဂါအခံရှိတာကြောင့် ဆေးရုံခဏခဏတက်နေရတဲ့ကောင်လေးပါ။ ဆရာဝန်ကြီးက သူ့ရောဂါဟာ အဲဒီခေတ်အခါနဲ့ ကုသလို့မရတဲ့ရောဂါဖြစ်ကြောင်းပြောနေတာကို မထင်မှတ်ဘဲ သိခဲ့ရပါတယ်။ သူ့နှလုံးက အသက်၂၀ထိပဲအသက်ရှင်နိုင်မှာမို့ အစားရှောင် အနေဆင်ခြင်နေခဲ့ရပါတယ်။ ဆရာဝန်ကြီးရဲ့သမီးဖြစ်သူ မယု-တနဲဒကတော့ ဆေးရုံကိုလာကစားရင်း တကုမနဲ့ကစားဖော်ဖြစ်လာတဲ့ကောင်မလေးပါ။ ကလေးတွေဆိုပေမဲ့ သာမန်ထက်ပိုတဲ့အချစ်ဦးတွေဖြစ်ကြပြီး ကျန်တဲ့သူတွေက ကလေးလင်မယားဆိုပြီး ချစ်စနိုးစကြတဲ့အထိ တပူးပူး တတွဲတွဲ ရှိနေခဲ့ကြပါတယ်။ ၁၆နှစ်အရွယ်ရောက်ကြတော့လည်း မယုက တကုမကိုဆက်ချစ်နေဆဲဖြစ်ပြီး ငယ်ငယ်တုန်းက ကတိအတိုင်းလက်ထပ်ချင်နေခဲ့ပါတယ်။ တကုမကတော့ သူက အချိန်တန်ရင်ထွက်သွားရမဲ့သူမို့ ချစ်ပေမဲ့လမ်းခွဲဖို့ကြိုးစားပါတယ်။ ဒီအချိန်မှာတော့ နှလုံးအစားထိုးကုသမှု ပေါ်နေပါပြီ။ တကုမနဲ့ ကိုက်ညီတဲ့သူကိုတွေ့ပြီး နှလုံးအစားထိုးနိုင်ဖို့စောင့်ဆိုင်းနေတဲ့အချိန်ပါ။ တကုမနဲ့မယုတို့ဆက်ဆံရေးဖြောင့်ဖြူးနေတဲ့အချိန်မှာ ဒီကံကြမ္မာကအကြီးအကျယ်စပြောင်းလဲပါတော့တယ်။ မတော်တဆမှုကြောင့် ဦးနှောက်သေသွားတဲ့ကျောင်းသားလေးဆီက နှလုံးကိုအစားထိုးဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကောင်လေးက တကုမတို့ရဲ့ သူငယ်ချင်း ဖြစ်နေတဲ့အခါ..... သူငယ်ချင်းရဲ့နှလုံးကိုယူပြီး အသက်ရှင်ဖို့ စိတ်မသန့်တဲ့တကုမရယ်... ငယ်ငယ်ကမျှော်လင့်ခဲ့တဲ့မိသားစုဘဝလေးကိုလိုချင်တဲ့မယုရယ်... သူတို့ဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုယ်တိုင်သာ ဖီးလ်ရင်း ခံစားကြည့်လိုက်ကြပါတော့.....။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.83GB, 832MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H 2Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

7.4 2009 122 mins
I Give My First Love to You
Playlist
5.8

ဒီရုပ်ရှင်ရဲ့ထူးခြားချက်က ကာတွန်းစာအုပ်ကိုဖြူမည်းရုပ်သံနဲ့ပြန်ရိုက်ထားတာပဲ ဂျပန်မန်ဂါတွေကို Anime အဖြစ်ပြန်အသက်သွင်းထားသလိုပေါ့... ပြင်သစ် Indie ရုပ်ရှင်တစ်ခုဖြစ်ပြီး ဒါရိုက်တာကိုယ်တိုင်ကလည်း ကာတွန်းဆရာပါ သူ့ကာတွန်းကိုရုပ်ရှင်အဖြစ် သူကိုယ်တိုင်ပဲ ပြန်အသက်သွင်းထားတာပါ။ ဇတ်လမ်းအကြောင်းကို ပြောရရင် ကာတွန်းဆရာ မဖြစ်ချင်ပေမယ့် ဖြစ်ချင်တိုင်းမဖြစ်တဲ့ ဘဝကြီးမှာ လည်ပတ်နေရတဲ့ အထွေအထူးစိတ်ဝင်စားစရာမရှိတဲ့ ဆိုဖီရဲ့ဘဝအကြောင်းပါ.... ဇာတ်လမ်းက ကျွန်တော်တို့ဘဝတွေနဲ့အနီးစပ်ဆုံး reality show တစ်ခုကိုကြည့်နေရသလိုပဲ စကားလုံးအသုံးတွေအနည်းငယ်ကြမ်းမယ်....သာမန်အပျင်းပြေရုံကြည့်စရာရုပ်ရှင်တစ်ခုတော့ မဟုတ်တဲ့အတွက် လူတိုင်းအတွက်လို့တော့ ကျွန်တော် မညွှန်းချင်ဘူး...ဒါပေမယ့် ကျွန်တော် ကတော့ ပြင်သစ်သီချင်းဆွဲဆွဲငင်ငင်တွေ  lofi သီချင်းအကြောင်းတွေ ကာတွန်းလောကရဲ့ အကိုးအကားတွေအကြောင်းကို သိရတဲ့အတွက် သဘောကျမိတယ်။ ဘဝက ကောင်းတာတွေနဲ့ ဆိုးတာတွေကို ရောစပ်ထားတဲ့ Playlist တစ်ခုလိုပဲတဲ့၊ ဘာကအရင်လာမလဲ မသိနိုင်တာကိုက ဘဝရဲ့ဆန်းကြယ်မှုတစ်ခုပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။) File Size -(844 MB) / (438 MB) / (208 MB) Quality – WebRip -(1080p) /  (720p) / (480p) Duration - 1hr 24min Subtitle – Myanmar Hardsub Format – MP4 Genre : Drama Translator – Thiha Yan Naing Encoder – San Win Maung

Drama
5.8 2021 84 mins
Playlist
Love At First Lie

Right Person ကို Dating app ကနေတဆင့် ရှာနေတဲ့ ထက်မြက်တဲ့အမျိုးသမီးလေး ကိတ်ဟာဆိုရင် ဝေါ်ကာဆိုတဲ့ လူချောလူခန့်နဲ့ တွေ့ကြပါတော့တယ်။ မောင်လူချောက ပိုက်ဆံတွေသုံးပြီး ကိတ်ကို အချိုတွေကျွေးတော့ ကိတ်လည်း တစ်လအကြာမှာ သူဖွင့်ပြောတော့ ချက်ချင်းပဲလက်ခံပြီးတော့ တွဲခဲ့ကြတာပေါ့။ မောင်လူချောအကြောင်းသိထားတာဆိုလို့ ရုပ်ချော ရေလျှံတဲ့ အနုပညာပစ္စည်းကုန်သည်ဆိုတာအပြင် ဘာမှမရှိတော့ အချစ်ဆုံးသူငယ်ချင်းကလည်း သိပ်မယုံနိုင်ဖြစ်နေတော့ ကိတ်ခမျာ ချစ်သူဘက်ကကာပြီး သူ့ကို ဘယ်လောက်ထိချစ်ကြောင်းတွေပြောရတော့တာပေါ့။ တစ်နေ့တော့ ဝေါ်ကာတစ်ယောက် လူဆိုးတွေအလိုက်ခံရာကနေစပြီး သူတို့ကြားမှာ မသင်္ကာစရာတွေဖြစ်လာတော့ ဝေါ်ကာအကြောင်းစုံစမ်းရင်းကနေ ချစ်သူကောင်လေးအကြောင်းသိပြီးတော့ သူတို့တွေဘယ်လိုဆက်ပြီးနှစ်ပါးသွားကြမလဲဆိုတာကို ဒီဇာတ်လမ်းမှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Love at First Lie ဆိုတဲ့ ဒီဇာတ်ကား‌လေးက IMDb 4.9/10 ရရှိထားတာမလို့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမဲ့ ဇာတ်ကားလေးဖြစ်မှာပါခင်ဗျာ။

Action & Adventure • Drama • Mystery
0 2023 87 mins
Love At First Lie
Naked Truth
5.6

Naked Truth (2022) ကန်၊ ကွင်လန်၊ လင်ဒန်နဲ့ ကမ်မီတို့ဟာ တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်ကြပြီး တစ်ယောက်အတွက်တစ်ယောက် အမြဲရှိပေးကြတဲ့သူငယ်ချင်းလေးယောက်အုပ်စုပါ။ ကမ်မီကတော့ အိမ်ထောင်ကျပြီးသားသူ၊ ကျန်တဲ့သုံးယောက်‌ကတော့ လူလွတ်တွေပေါ့။ ဒီလိုနဲ့နေလာရင်းက တစ်နေ့မှာ သူငယ်ချင်းလေးယောက်သား ပြဿနာတက်ဖို့ကြုံလာပါတော့တယ်။ အဲ့ဒီပြဿနာကိုဖြေရှင်းဖို့ကြိုးစားကြရင်းက လေးယောက်သား အသက်အန္တရာယ်တွေထိ ထိလိုက်ဖို့ဖြစ်လာပါတယ်။ သူငယ်ချင်းအချစ်နဲ့အိမ်ထောင်ရေးကြားပြဿနာတွေကို ရိုက်ပြထားတဲ့ဇာတ်ကားဖြစ်ပြီး IMDb ratingကလည်း 5.8ထိရှိတာမလို့ ကြည့်ရကျိုးနပ်တဲ့ဇာတ်ကားအဖြစ်ညွှန်းပေးရင်း တင်ဆက်ပေးလိုက်ရပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Zaw Pyae Sone Hein ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size… 1GB | 535MB | 250MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Zaw Pyae Sone Hein Encoder ….. August

Horror
5.6 2023 92 mins
Naked Truth
The Up Rank

The Up Rank (2023) ဖွံ့ဖြိုးတိုးတက်နေတဲ့ ယနေ့ခေတ်ကြီးမှာ ဂိမ်းကိုအရူးအမူးစွဲလမ်းကြတဲ့လူငယ်တွေလည်း အများကြီးရှိလာပါတယ်။ Rank မှ Rank ဖြစ်နေပြီး Rank ချင်းပြိုင်ရင် နိုင်ချင်ကြသူတွေလည်း အများကြီးပါပဲ။ ဒီထဲကမှ ယူဆိုတဲ့ကောင်လေးဟာ ဂိမ်းကို ထမင်းမေ့ဟင်းမေ့ အဖေနဲ့ရည်းစားကိုပါမေ့ပြီး အရူးအမူးဆော့တဲ့ Ace rank ID ပိုင်ရှင်‌ပါ။ တစ်နေ့မှာတော့ သူနဲ့ပွဲတစ်ပွဲမှာဆုံတဲ့အကောင့်တစ်ခုက ဂိမ်းဆော့ရင်းပိုက်ဆံရမယ်ဆိုတဲ့ စာပို့လာတဲ့အခါ ယူတစ်ယောက် သံသယလေးတစ်ဖက်နဲ့ စိတ်ဝင်စားလာပါတော့တယ်။ ဂိမ်းဆော့ရင်းပိုက်ဆံရပေမဲ့ ဂိမ်းစည်းမျဉ်းတွေနဲ့ ဆန့်ကျင်နေတဲ့ rank တင်တဲ့အလုပ်… ဒီအလုပ်ရဲ့နောက်ကွယ်မှာ ဘာတွေရှိမလဲ။ လောဘပေါ်လောဘဆင့်လာတဲ့ လူတွေရဲ့အငြိုးအာဃာတတွေ၊ ဆက်ဆံရေးတွေ ပျက်စီးလာရလောက်တဲ့အထိ ရူးသွပ်ကြပုံတွေ… စတာတွေကို IMDb 6.6 ရထားတဲ့ ဒီထိုင်းကားလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime, Drama Quality…. 1080p | 720p | 480p File size… Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Xing Egg Encoder ….. Aaron

0 2023 108 mins
The Up Rank
An Officer and a Spy
7.2

၁၉၈၄ခုနှစ်ဝန်းကျင် ပြင်သစ်အရာရှိတစ်ဦးအကြောင်းဖြစ်ရပ်မှန်ဝတ္ထုကို ဇာတ်လမ်းပြန်လည်ရိုက်ကူးထားတဲ့ကားလေးဖြစ်ပြီး… 2020ခုနှစ်အတွက် ပြင်သစ်ရုပ်ရှင် ဆုပေးပွဲ César Awardsမှာဆိုရင် အကောင်းဆုံး ဒါရိုက်တာ၊ဇာတ်ညွှန်းနဲ့ ဝတ်စုံဒီဇိုင်းဆုတွေပါရရှိထားပါတယ်…။ ဇာတ်လမ်းအကျဥ်းဟာဆိုရင်တော့… ၁၉၈၄ခုနှစ်မှာ ဒရက်ဖုစ်ဆိုသူ ပြင်သစ်စစ်ရေးသံတမန်လေးဟာ ဂျာမန်တွေအတွက် သူလျှိုလုပ်ပေးတယ်ဆိုပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရပါတယ်…။ ဆန်းတာက ဒီအမှုအတွက် သက်သေဆိုလို့ စာရွက်အပိုင်းအစလေးတစ်စောင်ပဲရှိပါတယ်…။ ဒီသက်သေတောင်မှ သူ့နာမည်လည်းအတိအကျမပါ…သူ့ကိုညွှန်းဆိုထားတာလဲ ရေရေရာရာမပါဘဲ လက်ရေးတူနေလို့ဆိုတဲ့အချက်လေးတစ်ချက်နဲ့တင် အမိန့်ချခံရတာပါ…။ အဲ့ဒီခေတ်က ဂျူးဆိုရင်မျက်မုန်းကျိုးတဲ့ ဓလေ့လည်းရှိတာကြောင့် ဂျူးလူမျိုးတစ်ယောက်ဖြစ်တဲ့ ဒရက်ဖုစ်ဟာ အပြစ်ကင်းကြောင်းပြန်လည်ချေပခွင့်တောင်မရလိုက်ဘဲ နိုင်ငံ့သစ္စာဖောက်ဖြစ်သွားပါတယ်…။ ဒါပေမဲ့ ပြင်သစ်စုံစမ်းထောက်လှမ်းရေးဌာနကကို ပီကရာဆိုတဲ့ အရာရှိအသစ်ပြောင်းလာပြီးနောက်မှာတော့ ဒီအမှုဟာ တစ်ဆစ်ချိုးပြောင်းလဲလာခဲ့ပါတယ်….။ လက်ရေးမူတစ်ခုတည်းနဲ့ စီရင်ချက်ချတာ… တရားခံရဲ့ ရည်ရွယ်ချက်၊ပြစ်ချက်ကိုရှင်းလင်းသည်အထိမစစ်ဆေးဘဲ အလောတကြီးပြစ်ဒဏ်ချမှတ်တာတွေဟာ မှန်ကန်မှုမရှိဘူး တွေ့ရာပုဒ်မတပ်လို့မရဘူးလို့ ယုံကြည်တဲ့ အရာရှိအသစ် ပီကရာဟာဒီအမှုနောက်ကို တစ်ဇွတ်ထိုးလိုက်ရင်း သပွတ်အူလိုရှုပ်ထွေးတဲ့ နိုင်ငံရေးကစားကွက်ထဲတိုးဝင်မိသွားတဲ့အခါ…။ အမှန်တရားနောက်ကိုလိုက်ရင်းနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီ”အရာရှိတစ်ဦးနဲ့ သူလျှိုတစ်ယောက်”အကြောင်းဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ…။ File size…1.71GB / 727MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 12m Genre ….. Drama , History , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Action
7.2 2019
An Officer and a Spy
Spartacus

ဒါကတော့ ကျွန်တော်တို့ ကိုးဆယ်ဖွားတွေ လူပျိုဘ၀မှာစွဲလန်းခဲ့ရတဲ့ ဇာတ်ကောင်ကြီး စပါတာကတ်စ်ရဲ့ ပထမဆုံးရုပ်ရှင်လို့ဆိုရမှာပေါ့။ မင်းသားကြီး Kirk Douglas စပါတာကတ်စ်နေရာကပါဝင်ထားပြီး သူ့ခေတ်သူ့အခါမှာ အတော်လေးအောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ကားပါပဲ။ စပါတာကတ်စ်ဇာတ်ကောင်အကြောင်းကတော့ အတော်များများသိပြီးတဲ့အတိုင်းပဲ ရောမခေတ်မှာ ကျွန်စနစ်ကိုတွန်းလှန်ခဲ့တဲ့ ခေါင်းဆောင်တွေထဲကတစ်ယောက်။ အထက်တန်းစားတော်ဝင်မျိုးနွယ်တွေ ငွေကြေးနဲ့ဝယ်ပြီး ဂလက်ဒီရေတာသတ်ကွင်းမှာ အသက်သေတဲ့ထိ တိုက်ပွဲဝင်ခိုင်းကြတဲ့ ဂလက်ဒီရေတာတွေထဲကတစ်ယောက်။ သုံးနာရီကျော်ကြာတဲ့ ဒီရုပ်ရှင်ထဲမှာတော့ စပါတာကတ်စ်ဇာတ်ကောင်ကို ခပ်သွက်သွက်လေး ပုံဖော်ရိုက်ကူးပြထားပါတယ်။ခေါင်းဆောင်စိတ်ဓာတ်ရှိတဲ့ စပါတာကတ်စ်၊ အမျိုးသမီးတွေကို လေးစားကြင်နာစွာ ဆက်ဆံတတ်တဲ့စပါတာကတ်စ်၊ သွေးသောက်ညီကိုစိတ်ဓာတ်နဲ့ အသက်ပေးဖို့ဝင်မလေးတဲ့ စပါတာကတ်စ်ကို ရှုမြင်ခံစားကြရမှာပါ။ စပါတာကတ်စ်လို့ဆိုလိုက်တာနဲ့ ခေါင်းကြီးတို့မျှော်လင့်တဲ့အခန်းတွေတော့ ပါဝင်မှာမဟုတ်ကြောင်း အသိပေးပါရစေ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(3.4 GB)/(1.7 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… War, Drama, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

0 1960
Spartacus
Crossing
7.5

IMDb – 7.5/10 “ပျောက်သောသူရှာလျှင်တွေ့” တဲ့…စကားအရလွယ်ပေမယ့် လက်တွေ့မှာတော့မလွယ်ကူလှပါဘူး… အထူးသဖြင့် ကိုယ်ရှာနေတဲ့လူက အခြားနိုင်ငံတစ်ခုကိုရောက်သွားပြီး ဘာအဆက်အသွယ်မှလည်းမရှိခဲ့ရင်ပေါ့ ဒီ Crossing ဆိုတဲ့ဇာတ်ကားလေးမှာတော့ အငြိမ်းစားကျောင်းဆရာမ လီယာဆိုသူဟာ ပျောက်ဆုံး‌နေတာကြာပြီဖြစ်တဲ့ သူမရဲ့တူမ တက်ခ်လာ ကိုလိုက်ရှာဖို့ အစ္စတန်ဘူလ်ကိုခရီးထွက်လာခဲ့ပါတယ်…ခရီးစဉ်မှာမအေတူဖအေကွဲအကိုနဲ့အတူနေထိုင်ရတဲ့ မိဘမဲ့ အီချီဆိုတဲ့လူငယ်လေးက သူမကိုလိုက်လံကူညီပေးခဲ့ပါတယ်…အီချီကလည်း သူ့ရဲ့အမေကအစ္စတန်ဘူလ်အလုပ်လုပ်နေလို့လိုက်ရှာရင်းနဲ့ပါ… ဒီ‌ဇာတ်ကားရဲ့နောက်ထပ်အဓိက‌ဇာတ်ကောင်ကတော့ အစ္စတန်ဘူလ်မှာနေထိုင်တဲ့ အီဗရင်လို့ခေါ်တဲ့ လိင်ပြောင်းအမျိုးသမီးပဲဖြစ်ပါတယ်….သူမကရှေ့နေတစ်ဦးဖြစ်ပြီးတော့ သူမရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လိင်ပြောင်းအမျိုးသမီးတွေအတွက် မတရားမှုတွေ၊မမျှတမှုတွေကိုတိုက်ခိုက်ရင်း သူမရဲ့ဖြစ်တည်မှုကိုလက်မခံတဲ့လူ့အဖွဲ့အစည်းမှာ ကြံ့ကြံ့ခံမှုကိုပြသနေသူပဲဖြစ်ပါတယ်…. ဒီလိုနဲ့ တက်ခ်လာကိုလိုက်ရှာနေကြတဲ့လီယာနဲ့အီချီတို့ဟာ အီဗရင်နဲ့တွေ့ဆုံခဲ့ပြီး အီဗရင်ကပါကူညီလိုက်ရှာပေးခဲ့ပါတယ်…. ဒီဇာတ်ကားမှာ လိင်ပြောင်းအမျိုးသမီးတွေရဲ့အခွင့်အရေးတွေ၊ ယဉ်ကျေးမှုတွေနဲ့ ကိုယ့်ကိုယ်ကိုရှာဖွေမှုကို ဖွင့်လှစ်ပြသထားပါတယ်…. File size…(1.7 GB)/(890 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:46:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Akm

Crime • Drama • Mystery
7.5 2024
Crossing
Behind Enemy Lines
6.4

အရမ်းကြိုက်ပြီး ခဏခဏပြန်ကြည့်မိတဲ့ဇာတ်ကားမို့ CM ပရိသတ်အတွက် တင်ပေးလိုက်ပါတယ်။ ဒီကားက IMDb Rating 6.4 ရထားပြီး Box office မှာ 92 million ဝင်ခဲ့ပြီး အဲဒီအချိန်က ဟယ်ရီပေါ်တာရဲ့မှော်ကျောက်တုံးဇာတ်ကားပြီးရင် ဒီကားက လူကြည့်အများဆုံးဒုတိယနေရာကိုယူခဲ့ပါတယ်။ ဆုအနေနဲ့ကတော့ World Stunt award-2002 မှာ Best Aerial Award ဆုရခဲ့ပါတယ်။ ဒီဇာတ်လမ်းလေးက တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး ရိုက်ထားတာပါ။ ၁၉၉၅ ခုနှစ် ဘော့စနီးယားမှာလေယာဉ်ပစ်ချခံခဲ့ရပြီး ၆ ရက်တာ ရန်သူ့နယ်မြေမှာပြေးလွှားခဲ့ရတဲ့ အမေရိကန်ပိုင်းလော့ဒ်တစ်ဦးအကြောင်းပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ၁၉၉၅ မှာ ဘော့စနီးယားမှာပြည်တွင်းစစ်ပွဲတွေဖြစ်ပွားနေခဲ့ပါတယ်။ ဒီစစ်မီးငြိမ်းဖို့ နေရာတကာပါတဲ့ NATO တပ်ဖွဲ့ကလည်း ပါလာရပါပြီ။ စစ်ပြေငြိမ်းရေးသဘောတူညီချက်တွေ ချုပ်ဆိုပြီးလို့ NATO တပ်တွေလည်း ဆုတ်ခွာခါနီးနေပါပြီ။ NATO အဖွဲ့ဝင်ဖြစ်တဲ့ အမေရိကန် Navy ကလည်းလေယာဉ်တင်သင်္ဘောတွေနဲ့ ပင်လယ်ပြင်က စောင့်ကြည့်နေပါတယ်။ သူတို့ရဲ့တာဝန်ကတော့ ဘော့စနီးယားပေါ်ကို သတ်မှတ်ထားတဲ့လမ်းကြောင်းကနေ ပြည်တွင်းအခြေအနေကို ဝေဟင်ကနေမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးဖို့ဖြစ်ပါတယ်။ ခရစ္စမတ်နေ့ အားလပ်ရက်တာဝန်အနေနဲ့ ပိုင်းလော့ဒ်စတက်ဟောက် နဲ့ သူရဲ့လေကြောင်းလမ်းပြဗိုလ် ဘားနက်တို့ ဒစ်ဂျစ်တယ်ကင်မရာအသစ်စက်စက်တပ်ဆင်ထားတဲ့ F-18 တိုက်လေယာဉ်နဲ့ဘော့စနီးယားဝေဟင်ကို သတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်း လိုက်လံစစ်ဆေးနေခဲ့တယ်။ မောင်းနှင်နေရင်း ဘော့စနီးယားတို့ သတ်မှတ်ပေးထားတဲ့ မပျံသန်းရတဲ့နယ်မြေစစ်မဲ့ကင်းမဲ့ဇုံဆိုတဲ့နေရာမှာ မသင်္ကာစရာကို ရေဒါကနေတွေ့ရှိလိုက်လို့ သတ်မှတ်လမ်းကြောင်းအတိုင်း မဟုတ်ဘဲ မှတ်တမ်းတင်ဖို့ ပျံသန်းခဲ့မိပါတယ်။ ဒီအချိန်မှာ သူတို့ မထင်မှတ်တာကို မြင်တွေ့မှတ်တမ်းတင်လိုက်ပေမယ့် သူတို့တိုက်လေယာဉ်ပျံကိုလည်း လေယာဉ်ပစ်အမြှောက်တွေနဲ့ ပစ်ချခံလိုက်ရပါတယ်။ အချိန်မီထိုင်ခုံကို တွန်းကန်ပြီး ခုန်ထွက်နိုင်ပေမယ့် ဘော့စနီးယားနယ်မြေထဲမှာပဲပိုင်းလော့ဒ်က ခြေထောက်ဒဏ်ရာနဲ့မို့ ပစ်သတ်ခံလိုက်ရပြီး ဗိုလ်ဘားနက် တစ်ယောက်တည်း ကျန်ခဲ့ပါတယ်။ သူတို့ ဘာကို မှတ်တမ်းတင်မိလို့ ပစ်ချခံခဲ့ရတာလဲ ရန်သူ့နယ်မြေကနေ လွတ်အောင် ဘယ်လိုကြိုးပမ်းခဲ့ရသလဲဆိုတာ ဇာတ်ကားထဲမှာကြည့်ရှုလိုက်ပါ။ အမေရိကန်ကို လူတိုင်းက စစ်အင်အားကြီးတဲ့နိုင်ငံလို့ လက်ခံထားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုအမေရိကန်စစ်ကားတွေတော်တော်များများမှာ သူတို့ရဲ့နည်းပညာ လက်နက်အင်အား ခေတ်မှီလက်နက်တွေကို သူတို့ကထုတ်ပြထားတယ်။ မီဒီယာကနေ အများကြီး ထိုးဖောက်လွှမ်းမိုးနိုင်တယ်ဆိုတာ တကယ်တမ်းအပြင်မှာ ဒီလောက်ကောင်းတဲ့လက်နက်မျိုး ရှိမရှိ လုပ်နိုင်မလုပ်နိုင် ဘယ်သူမှ သေချာမပြောနိုင်ဘူး ဒီကားထဲမှာဆိုလည်း ဂြိုဟ်တုကနေ တိုက်ရိုက် လူ့ခန္ဓာကိုယ်အပူချိန်ကို ရိုက်ကူးနိုင်တဲ့ကင်မရာနဲ့ လူကိုရှာပြသွားတယ်။ တကယ်အပြင်မှာလုပ်နိုင်လား မလုပ်နိုင်လားတော့ မသိဘူး ဒါပေမယ့် အားလုံးကတော့ အမေရိကန်ကိုဒီလိုမျိုးတွေလုပ်နေနိုင်လောက်ပြီလို့ လက်ခံကြပါတယ်။ နောက်ဒီဇာတ်ကားထဲမှာ တခြားအတုယူမြင်နိုင်တဲ့ အချက်တွေလည်း အများကြီးပါတယ်။ မီဒီယာရဲ့အခန်းကဏ္ဍပါပဲ။ ဗိုလ်ချုပ်ကြီးတွေ မစွမ်းနိုင်တဲ့ကိစ္စကို မလုပ်နိုင်တဲ့အခြေအနေမှာ မီဒီယာကို ကောင်းကောင်းအသုံးချနိုင်လို့ ချက်ချင်းကိုပြေလည်သွားတဲ့ကိစ္စမျိုးတွေ။ နှစ်နိုင်ငံဆက်ဆံရေးမှာ အပေါ်ယံပြောတိုင်းလည်း ယုံကြည်လို့မရနိုင်တွေ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးလုပ်တတ်တာတွေပေါ့။ ဗဟုသုတအနေနဲ့ ဒီကားရုံတင်တော့ တကယ့်ဖြစ်ရပ်မှန်ထဲက ပိုင်းလော့ဒ်က ရုပ်ရှင်ထုတ်လုပ်ရေးကို တရားစွဲပါတယ်။ သူ့ဇာတ်ကောင်ကို ဖျက်ဆီးမှုနဲ့ပါ။ တကယ့်အပြင်မှာ ပိုင်းလော့ဒ်က ဒီဇာတ်ကားထဲကလို ဂျစ်ကန်ကန် ဆဲတတ်တဲ့လူမဟုတ်ပါဘူးတဲ့။ အပြင်ဖြစ်ရပ်မှန်နဲ့အနည်းငယ်ကွာခြားမှုရှိပါတယ်တဲ့ အပြင်မှာ အရပ်သားတွေနဲ့ဆုံတွေ့ခဲ့ခြင်းမရှိသလို ရန်သူတပ်တွေနဲ့ နောက်ဆုံးခန်းကလိုအပြန်အလှန် တိုက်ခိုက်ခဲ့ခြင်းမရှိပါဘူးတဲ့ သူမောင်းနှင်ခဲ့တဲ့ တိုက်လေယာဉ်က F-18 မဟုတ်ဘဲ F-16 တိုက်လေယာဉ်သာဖြစ်ပါတယ်။ တရားရုံးမှာတော့ ပြေလည်အောင်ညှိုနှိုင်းနိုင်လိုက်ပါတယ်…. File size…(2.8 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:46:00 Genre… Action, Drama, Thriller, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Myat Noe Yamone

Drama • Comedy • Romance
6.4 2001 106 mins
Behind Enemy Lines
Better Man
7.7

Better Man (2024) IMDb Rating (7.7) / Rotten Tomatoes (88%) ဒီရုပ်ရှင်ကတော့ ဗြိတိန်ရဲ့ အအောင်မြင်ဆုံးအဆိုတော်တွေထဲကတစ်ယောက်ဖြစ်တဲ့ ရော်ဘီဝီလီယံရဲ့ ဇာတ်ကြောင်းပါပဲ။ သူရခဲ့တဲ့ ဗြိတိန်ဂီတဆုတွေကို မီတဲ့သူ မရှိပါဘူး။ဒီရုပ်ရှင်တစ်ခုလုံးမှာ ရော်ဘီကို မျောက်တစ်ကောင်အဖြစ်ပုံဖော်သွားပါတယ်။ ဒါကတော့ သူ့ရဲ့ ဂီတလောကထဲက ခံစားချက်အတိုင်း ဆပ်ကပ်မှာ ဖျော်ဖြေနေရတဲ့ မျောက်တစ်ကောင်လိုဖြစ်နေတာရယ်၊ သူ့ကိုယ်သူ သိမ်ငယ်ခဲ့တဲ့အတိတ်တွေရယ်ကိုကိုယ်စားပြုထားတာပါ။ အင်တာဗြူးမှာတော့ ရော်ဘီက “ဒီရုပ်ရှင်မှာကျုပ်လိပ်ခေါင်းကလွဲပြီး ကျန်တာအကုန်ချပြထားတယ်” လို့ကိုပြောသွားတာပါ။ အနုပညာရှင်ပါရမီရှင်တစ်ယောက်ရဲ့ အတိတ်ကဒဏ်ရာတွေ၊ စိတ်ကျရောဂါတွေ၊ အရက်တွေ ဆေးတွေနဲ့ ရုန်းကန်နေရတာတွေကနေ ပြန်တည်ဆောက်ရတာတွေကို တွေ့ရမှာပါ။ အထူးပြုလုပ်ချက်နဲ့ အော်စကာ စကာတင်ထားတာမို့ ရိုက်ကွင်းနဲ့ဖန်တီးချက်တွေ ဘယ်လောက်တောင် ကောင်းလဲ တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ************ အဖေဖြစ်သူက အနုပညာအလုပ်တွေလုပ်ချင်လွန်းလို့ ပစ်သွားတဲ့ခံခဲ့ရတဲ့ကောင်လေးတစ်ယောက်။ အဖေဆီက ရတဲ့ အနုပညာပိုးကြောင့်ကြိုးစားရင်း ၁၅ နှစ်မှာတင် နာမည်ကြီး ယောကျာ်းလေးအဆိုအဖွဲ့မှာTake That မှာပါလာပြီး ကမ္ဘာကျော်ခဲ့ပါတယ်။ ဒါပေမဲ့ အဖွဲ့ရဲ့ အရိပ်ကနေ ထွက်လာရပြီး တစ်ယောက်တည်းပြန်တည်ဆောက်ဖို့ ကြိုးစားရာမှာ အခက်အခဲမျိုးစုံ ကြုံခဲ့ပြီးမှနောက်ဆုံးမှာ ဗြိတိန်သမိုင်းရဲ့ အကောင်းဆုံး ပေါ့အဆိုတော်တွေထဲကတစ်ယောက်ဖြစ်လာပုံတွေကို တွေ့ရမှာပါ။ ရိုက်ချက်ကောင်းကောင်း သီချင်းကောင်းကောင်းတွေနဲ့ ဂီတဇာတ်လမ်းကောင်းကြိုက်သူတွေအတွက် လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ပါပဲ။ File size…(12.3 GB) / (2.67 GB) / (1.38 GB) Quality… WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….2h 15m Genre ….. Drama , Biography , Fantasy , Musical Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

7.7 2024 135 mins
Better Man
Raduaa Returns
5.4

Raduaa Returns (2024) ဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်ထဲမှာထွက်ရှိခဲ့တဲ့ Bollywood SciFi ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ မင်းသား Nav Bajwa အဓိကပါဝင်ထားပြီးတော့ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းကိုလည်း Nav ကပဲ ရိုက်ကူးရေးသားထားပါတယ်။ ဇာတ်လမ်းအကျဉ်း 2018 ကထွက်ရှိခဲ့တဲ့ Raduaa ရဲ့ sequel ဖြစ်ပြီးတော့ Nav တို့ မိတ်ဆွေလေးယောက် အချိန်ခရီးသွားစက်နဲ့ 1955 ကနေ သူတို့ရဲ့ အချိန် 2018 ကိုပြန်မရောက်လာပဲ 2255 ခုနှစ်ဆီကို ရောက်သွားခဲ့ပြီး သူတို့နေထိုင်ရာ အချိန်ကို ပြန်သွားနိုင်ဖို့အတွက် အဖြေရှာရင်း ဘယ်လိုပြဿနာတွေဖြစ်လာမလဲ နောက်ဆုံးမှာရော သူတို့ရဲ့ အချိန်ကို ပြန်သွားနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။) File size… (2.6 GB) / (1.4 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Sci-Fi Duration….02:17:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Nay

5.4 2024 137 mins
Raduaa Returns
Sarzameen

Sarzameen (2025) “လွန်ဆွဲပွဲ” နာမည်ကြီးသရုပ်ဆောင်တွေ မြိုင်မြိုင်ဆိုင်ဆိုင်ပါ၀င်ထားတဲ့ ဟင်ဒီစကားပြော သည်းထိတ်ရင်ဖို-ဒရာမာ ဇာတ်လမ်းကောင်း တစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းမှာ မလေယာလမ်းနာမည်ကြီးမင်းသားချော ပရီသ်ဗီရာ့ဂ်ျဆူကူမာရန်၊ ဟင်ဒီမင်းသမီးကြီး ကာဂျိုးနဲ့ (ဆေ့ဖ်အလီခန်းရဲ့သား) အီဘရာဟမ်အာလီခန်းတို့ ပါ၀င်ထားတာမို့ ဘောလိဝုဒ်ရုပ်ရှင်ချစ်သူတို့ မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ ဇာတ်လမ်းထဲမှာတော့ ဗီဂျေးဟာ အရည်အချင်းပြည့်၀ပြီး အကြမ်းဖက်သမားတွေကိုရဲရဲဝံ့ဝံ့နှိမ်နင်းလာတဲ့ စစ်တပ်အရာရှိကြီးတစ်ဦးပါ။ ဒါပေမဲ့ သူ့မှာရှ်တဲ့ တစ်ဦးတည်းသောသားဖြစ်သူ ဟာမန်ကတော့ ဖခင်နဲ့လုံး၀မတူဘဲ အရမ်းကြောက်တတ်တဲ့ ကောင်လေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ အကြမ်းသမားတွေကိုနှိမ်နင်းနေသူဖြစ်တာကြောင့် ရန်သူတွေ ပတ်လည်ဝိုင်းနေတဲ့ ဗီဂျေးတစ်ယောက် တစ်နေ့မှာ သားဖြစ်သူနဲ့ ခြိမ်းခြောက်တာကို ခံရတဲ့အခါ… အရမ်းကြောက်တတ်တဲ့ ဟာမန်တစ်ယောက် ဘာတွေကြုံတွေ့ရမလဲ ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ရဦးမလဲ၊ သူတို့မိသားစု ရှေ့ဆက်ဘာဖြစ်မလဲ ဆိုတာတွေကို သည်းထိတ်ရင်ဖိုဇာတ်၀င်ခန်းတွေနဲ့အတူ ဒရာမာပါနှောပြီး ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym ~ ToMo ~ KKKZ ~ V ~ Alex ဖြစ်ပါတယ်။)

Drama
0 2025 137 mins
Sarzameen
Monster Island Orang Ikan
5.1

Monster Island (2024) IMDb Rating (5.1) / Rotten Tomatoes (54%) ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တပ်ဖွဲ့တွေဟာ မဟာမိတ်စစ်အကျဉ်းသားတွေကို ရဲဘက်လုပ်သားအဖြစ်ခိုင်းစေဖို့အမိမြေကိုပြန်ပို့လေ့ရှိကြပါတယ်။ အဲ့ဒီလိုသယ်ယူပို့ဆောင်ရာမှာသုံးတဲ့သင်္ဘောတွေဟာ ငရဲသင်္ဘောတွေအဖြစ်နာမည်ဆိုးနဲ့ကျော်ကြားပြီး မဟာမိတ်တပ်ဖွဲ့တွေရဲ့မှားယွင်းတိုက်ခိုက်မှုကိုမကြာခဏခံရလေ့ရှိတဲ့အတွက် ဒီခရီးစဉ်တွေမှာ ဂျပန်စစ်သားနဲ့မဟာမိတ်စစ်သား ၃၀၀၀၀ ကျော်ပျောက်ဆုံးခဲ့ရပါတယ်။ ဆိုင်တိုနဲ့ဘရွန်ဆင်ကတော့ ဒီသင်္ဘောခရီးစဉ်တစ်ခုပေါ်က စစ်သုံ့ပန်းနှစ်ယောက်ပါ။ ဆိုင်တိုကတော့ ဂျပန်စစ်သားဖြစ်ပေမယ့်သစ္စာဖောက်မှုနဲ့စွပ်စွဲခံထားရပြီးဗြိတိန်စစ်သားဖြစ်သူဘရွန်ဆင်ကိုတော့ ထွက်ပြေးရန်ကြံစည်မှုနဲ့ နှစ်ယောက်လုံးကို ဂျပန်နိုင်ငံအရောက်မှာစံပြအဖြစ်ကွပ်မျက်မှာဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ကိုသံကြိုးနဲ့တွဲချည်ခတ်ထားခဲ့ပါတယ်။ ကံကောင်းချင်တော့ အဲ့ဒီအချိန်မှာပဲ ရန်သူလေယာဉ်တွေရဲ့ဗုံးကြဲတိုက်ခိုက်မှုကိုခံခဲ့ရပြီး သူတို့နှစ်ယောက်လုံးဟာ ပစိဖိတ်သမုဒ္ဒရာထဲက လူသူမနီးတဲ့ကျွန်းတစ်ကျွန်းမှာ သွားပြီးသောင်တင်ခဲ့ပါတယ်။ ကံဆိုးချင်တော့အဲ့ဒီကျွန်းဟာ အဲ့ဒီဒေသဘက်မှာရှိတဲ့ အယူအဆတွေထဲက ဒဏ္ဍာရီလာမွန်းစတားဖြစ်တဲ့ အိုရန်အီကန်အခြေချနေထိုင်ရာဖြစ်နေပြီး မျှော်လင့်မထားနိုင်တဲ့အန္တရာယ်အသွယ်သွယ်ဟာ သူတို့ကိုစောင့်ကြိုနေပါတယ်။ စစ်ပွဲတစ်ပွဲရဲ့ ဘက်နှစ်ဘက်ဆီက မဟာရန်သူတော်နှစ်ယောက်၊ ဒီဘေးဒုက္ခတွေကို အတူတကွဘယ်လိုဖြတ်ကျော်မလဲ? လွတ်မြောက်နိုင်စရာလမ်းစရောရှိသေးရဲ့လား? ဆက်လက်ရှုစားကြပါ။ စင်္ကာပူ၊အင်ဒိုနီးရှား၊ ဂျပန်နဲ့ ယူကေ နိုင်ငံတို့ရဲ့ပူးပေါင်းတင်ဆက်မှုဖြစ်ပြီး အက်ရှင်၊ အထူးပြုလုပ်ချက် နဲ့ သရုပ်ဆောင်တွေပါအပြစ်ပြောနည်းပါးသေသပ်တဲ့မွန်းစတား ဟော်ရာ/အက်ရှင် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1.3 GB) / (700 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Fantasy,Horror,Thriller Duration…. 01:24:38 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by Alias

5.1 2024 83 mins
Monster Island Orang Ikan