YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Seasons.of.Blossom.S01E04.1080p.CM.mp4

293.67 MB N/A video/mp4 332 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Young Detective Dee: Rise of the Sea Dragon
6.3

Young Detective Dee: Rise of the Sea Dragon (2013) IMDb Rating (6.5)/ Rotten Tomatoes (53%) Mark Chao သရုပ်ဖော်တဲ့ ဒီးလျန်ကျယ် ခေါ် စုံထောက် ဒီး ဒီဇာတ်လမ်း ဟာ ၂၀၁၀ ခုနှစ်ကထွက်ရှိထားတဲ့ Detective Dee and the Mystery of the Phantom Flame ရုပ်ရှင်ရဲ့ Prequel ဖြစ်ပါတယ် ...ဒါကြောင့် စုံထောက်ဒီးကိုငယ်စဉ်ဘဝကပုံစံနဲ့တွေ့ရမှာပါ။ မင်းသား Mark Chao ကစုံထောက်ဒီးအဖြစ်ပါဝင်ထားပြီး မင်းသမီးကတော့ Angelababy ဖြစ်ပါတယ်။ ကိုရီးယားမင်းသား Kim Bum လဲအရံပါဝင်ထားပါတယ်။ Andy Lou နဲ့ ဒီးလျန်ကျယ် ကို ရင်းနှီးခဲ့ရတဲ့ ကျွန်တော်တို့ဟာ Mark Chao နဲ့ ရုတ်တရက်ကြုံလိုက်ရတော့ အသားမကျဖြစ်လိုက်ရသေးတယ်။ ဒါပေမဲ့ ဒီဇာတ်ကားပုံဖော်လိုက်တဲ့ ဒီးလျန်ကျယ် က တောစာရေးလေးတစ်ယောက် လူးရန်မြို့ကြီးကို ရောက်လာတဲ့ပုံစံ ဒီး အငယ်စားလေးဆိုတော့ ကွက်တိဖြစ်နေပြန်ရော။ ဧကရာဇ်မင်းကြီး နတ်ရွာမစံမီ၊ ဧကရာဇ်ဘုရင်မကြီး ဝူ နဲ့ တိုင်းပြည်ကို အတူအုပ်ချုပ်ချိန်ကို ဇာတ်လမ်းတည်ပါတယ်။ အတူအုပ်ချုပ်တယ်ဆိုတာ နားခံသာအောင်ပြောတဲ့စကားပေါ့။ တကယ်တော့ အရုပ်ဘုရင်ကို မျောက်ပြစားပြီး ဝူ ဧကရာဇ်မ တန် နိုင်ငံတော်ကို ကြိုးကိုင်ချိန်ပါပဲ။ တန် နိုင်ငံတော်နဲ့ ဖူယု နိုင်ငံတော် စစ်မက်ဖြစ်ပွားချိန် ရေကြောင်းစစ်ချီမှုတစ်ခုမှာ ရေတပ်ကြီးတစ်ခုလုံးကို စိတ်ရှိလက်ရှိ ရိုက်ချိုးဖျက်ဆီးသွားတဲ့ ပင်လယ်သတ္တဝါကြီးတစ်ကောင်ကြောင့် တန် နိုင်ငံတစ်ခုလုံး ဟိုးလေးတကြော် ကြောက်လန့်တကြားဖြစ်ကုန်ပါတယ်။ ပင်လယ်နဂါးကြီး အမျက်ထွက်တယ်လို့ ယုံကြည်ကြတဲ့ မြို့သူမြို့သားတွေက လူးရန်မြို့ရဲ့ ပြည်ကြီးတန်ဆာ၊ အထက်တန်းပြည့်တန်ဆာမလေး ယင်ယူကျီ ကို ပင်လယ်နဂါးကျောင်းတော်မှာ ဥပုသ်စောင့်ဖို့ ရွေးချယ်လိုက်ပါတယ်။ ပင်လယ်နဂါးကြီး အမျက်ပြေစေရန်အတွက်ပါ။ အဲဒီအချိန်မှာ ဘင်း စီရင်စုကနေ နေပြည်တော်ကို အဆင့် ၇ အရာရှိမင်းအဖြစ်ရောက်လာတဲ့ ဒီးလျန်ကျယ် က သဲလွန်စတစ်ခုကို ဖော်ထုတ်မိပြီး မမျှော်လင့်ဘဲ နောက်ထပ်ရေသတ္တဝါငယ်တစ်ကောင်နဲ့ ဆုံရပြန်ပါတယ်။ ပင်လယ်ထဲမှာ ရေနဂါးတစ်ကောင်၊ လူးရန်မြို့ထဲမှာ ရေနဂါးတစ်ကောင်၊ တော်တော်ရှုပ်တဲ့ဇာတ်ပေါ့။ ပင်လယ်နဂါးတွေက အပျင်းပြေ လူ့ပြည်အလည်လာတာမဟုတ်ဘဲ တန်နိုင်ငံတော်ကြီးကို တစ်စစီဖျက်ဆီး၊ ဘုရင်အသစ်အဖြစ် ထီးနန်းကိုသိမ်းပိုက်ရန် ကြံစည်နေတဲ့သူရဲ့ အိမ်မွေးတိရစ္ဆာန်‌တွေဆိုတာ ဒီးလျန်ကျယ်တို့ မကြာခင်ပဲ သိလိုက်ရပါတယ်။ ဧကရာဇ် ဝူ ရဲ့ အပျင်းပြေ လူသတ်ချင်နေတဲ့စိတ်ဓာတ်၊ မထင်မရှား အရာရှိလေးကို မလေးမစား တန်ဖိုးမထားသူတွေကြား၊ နိုင်ငံနဲ့ချီတဲ့ ကပ်ဆိုးကြီးကို အချိန်အကန့်အသတ်နဲ့ ဖြေရှင်းရဖို့ဖြစ်လာတဲ့အခါ ရေမကူးတတ်တဲ့ ဒီးလျန်ကျယ် တစ်ယောက် ပင်လယ်ပြင်မှာ သင်္ဘောမှောက်တော့ ဘယ်မေခလာ လာကယ်မလဲ။ ပင်လယ်နဂါးတစ်ကောင်ကို သတ်၊ နောက်ပင်လယ်နဂါးတစ်ကောင်ကို ကယ်တင်ရမယ့် ဂွကျကျဇာတ်လမ်း၊ ပြည့်တန်ဆာမလေးရဲ့ အဖြူထည်နှလုံးသားကို စာနာမိလို့ အသက်နဲ့ပါ လောင်းကြေးထပ်ခဲ့တဲ့ ဒီးလျန်ကျယ် ဘယ်လိုဇာတ်သိမ်းရမယ်ဆိုတာ ကြည့်လိုက်ကြစို့ရဲ့။ ဒီဇာတ်လမ်းမှာ ဒီးလျန်ကျယ် က ခေါင်းသုံးတဲ့နေရာမှာ ကျွမ်းကျင်ပေမယ့် အတိုက်အခိုက်မှာတော့ တော်တော်လိုနေသေးတာကို တွေ့ရတယ်။ သူတာဝန်ထမ်းဆောင်နေတဲ့ တလီစီရုံးတော်က အကြီးအကဲ ယုချီ နဲ့ယှဉ်လိုက်ရင် သိသာပါတယ်။ ရေတောင်မကူးတတ်သေးဘူးပေါ့လေ။ ပြီးတော့ ဒီးလျန်ကျယ် စုံစမ်းစစ်ဆေးရေးမှူး အရာရှိမင်းတစ်ယောက် ဘယ်လိုဖြစ်လာလဲ၊ သူ့ရဲ့ ဝိသေသ နဂါးနိုင်ဓား ခေါ် ကျိုင်းတော်ကို ဘယ်လိုရခဲ့တယ်ဆိုတာ ဒီဇာတ်ကားမှာ မြင်တွေ့နိုင်ပြီး ပလ္လင်လုမယ့် ဧကရာဇ် ဝူ မျက်လုံးထဲက သွေးချောင်းစီးလူသတ်ပွဲကိုပါ ကြိုတင်ခန့်မှန်းမိပုံတွေပါ ပါဝင်နေလို့ ကျော်ခဲ့လို့မရတဲ့ ဒီး ဇာတ်လမ်းပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ Arr Khun Winchester ဖြစ်ပါတယ်။) File size…(2.9 GB)/(1.7 GB) Quality….BluRay 1080p HEVC/ 720p Format…mkv/mp4 Duration….02:14:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Thriller
6.3 2013 133 mins
Young Detective Dee: Rise of the Sea Dragon
Hermitage Girl

ပြဿနာစုံ ဂယက်စုံနဲ့ အခန်းတွင်းအောင်းပြီး ဂိမ်းဆော့ဖို့ပဲသိတဲ့ကောင်လေးတစ်ယောက်ရဲ့အိပ်မက်ကတော့ ရုပ်ရှင်ဇာတ်လမ်းထဲက မကောင်းသူပယ် ကောင်းသူကိုကယ်တင်မဲ့ သူရဲကောင်းကြီးပေါ့။ ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ သူ့ဆီမှာ သူရဲကောင်းနဲ့တူတာဆိုလို့ ရင်းရှုံဆိုတဲ့ သူရဲကောင်းလို့အဓိပ္ပာယ်ရတဲ့ သူ့နာမည်ပဲရှိပါတယ်။ တစ်နေ့တစ်နေ့ ဂိမ်းဆော့လိုက် တစ်ကိုယ်တော် အာသာဖြေလိုက်နဲ့ ဘာမှမဖြစ်မြောက်တဲ့ရင်းရှုံဟာ သူ့ရဲ့ငွေမပေးရတဲ့အိပ်မက်ကိုတော့ ခဏခဏစိတ်ကူးနဲ့ပုံဖော်လေ့ရှိပါသတဲ့။ ရင်းရှုံရဲ့အိမ်မှာ အိမ်ငှားလာနေတဲ့ နာ့နာ့ဆိုတဲ့ကောင်မလေး တစ်နည်းအားဖြင့် ရင်းရှုံအကျင့်ဆိုးသမျှ ညစ်ပတ်သမျှခံနေရသူလေးပေါ့။ အပြင်က မိန်းမလှလေးကို ကယ်တင်ချင်နေတဲ့ သူရဲကောင်းရူးရူးနေတဲ့ရင်းရှုံဟာ သူ့ရဲ့အိမ်ငှား နာ့နာ့အပေါ်တော့ သဘောကောင်းတဲ့အိမ်ရှင်မဟုတ်ပါဘူး။ ဒီလိုနဲ့ မီးမီးဆိုတဲ့ အင်တာနက်ဆယ်လီရဲ့လိုက်ဖ်ကိုကြည့် ဒုက္ခရောက်နေတဲ့မီးမီးကို ဟီးရိုးကြီးလုပ်ကယ်တင်မယ်ဆိုပြီး တထစ်ချဆုံးဖြတ်လို့ အိမ်ကနေပြေးထွက် ကားတိုက်ခံရလုဆဲဆဲမီးမီးကိုဝင်ကယ်ရင်းနဲ့ မနက်မိုးလင်းတဲ့အခါ မီးမီးရဲ့ခန္ဓာကိုယ်နဲ့ ကိုယ့်ကိုယ်ကိုယ် မြင်လိုက်ရတဲ့အခါ... တစ်ညတာကာလအလွန်မှာ ညစ်ပတ်တဲ့ဂိမ်းရူးကနေ အချောလေးဖြစ်သွားတဲ့ရင်းရှုံတစ်ယောက် ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲ။ နေသားမကျဖြစ်နေတဲ့သူ့ကို နာ့နာ့နဲ့သူငယ်ချင်း‌တွေကရော ဘယ်လိုကူညီပေးမှာလဲ။ သူ့ခန္ဓာကိုယ်ကရော နေ့ချင်းညချင်း ဘာလို့မိန်းမဖြစ်သွားရတာလဲဆိုတာ အားလုံးအတူကြည့်ရှုရင်းနဲ့ ရယ်မောခြင်းဖြင့် အပန်းဖြေလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Mystery Quality…. 1080p | 720p | 480p File size…834MB | 435MB | 211MB Format… mp4 Duration….1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary Christ Encoder ..... August

0 2017 83 mins
Hermitage Girl
Hide and Seek
6.5

“မကြာသေးခင်က ကျွန်မတို့ရပ်ကွက်မှာ ထူးဆန်းတဲ့ကောလဟာလတစ်ခု စပျံ့လာခဲ့တယ်။ သူများတကာရဲ့အိမ်ထဲကိုမသိအောင်ဝင်ပြီး တိတ်တိတ်လေးပုန်းပြီးနေတဲ့ ကျူးကျော်သူတွေအကြောင်းပေါ့။” အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ “ဆွန်းဆူ” က “မင်ဂျီ” လို့ခေါ်တဲ့ ဥစ္စာပေါရုပ်ချောဇနီးသည်ရယ် သားတစ်ယောက် သမီးတစ်ယောက်ရယ်နဲ့ ပြီးပြည့်စုံတဲ့မိသားစုဘဝကို ပိုင်ဆိုင်ထားသူပါ။ ခေတ်မီဆန်းသစ်တဲ့တိုက်ခန်းအကောင်းစားမှာနေထိုင်ပြီး လိုလေးသေးမရှိတဲ့ဘဝကိုပိုင်ဆိုင်ထားတဲ့ “ဆွန်းဆူ” က တကယ်တော့ သူဌေးရဲ့မွေးစားသားတစ်ယောက်ပါ။ သားအရင်းဖြစ်သူ မွေးစားအစ်ကိုရဲ့အမွေတွေအားလုံးကိုမောင်ပိုင်စီးပြီး အခုလိုချမ်းချမ်းသာသာနေနေတဲ့ “ဆွန်းဆူ” ဆီကို တစ်နေ့မှာတော့ အဆက်အသွယ်ပြတ်တာကြာပြီဖြစ်တဲ့ အစ်ကိုဖြစ်သူရဲ့ပျောက်ဆုံးမှုနဲ့အတူ ပဟေဠိဆန်တဲ့ဖြစ်ရပ်တွေ ရောက်လာပါတော့တယ် ။

အတိတ်ကအမှားတွေကိုနောင်တရပြီး အစ်ကို့ကိုရှာချင်တဲ့ “ဆွန်းဆူ” တစ်ယောက် အစ်ကိုဖြစ်သူနေတဲ့တိုက်ကို ရောက်သွားရာကနေ ဘယ်လိုမူမမှန်မှုတွေကို ကြုံတွေ့ရမလဲ .. ပျောက်ဆုံးနေတဲ့အစ်ကိုနဲ့ ပြန်တွေ့ခွင့်ရပါ့မလား .. သူ့အစ်ကိုနေတဲ့တိုက်က မူမမှန်မှုတွေရဲ့အရင်းခံက ဘာအကြောင့်ဖြစ်နေတာလဲ .. ဘယ်လိုလူတွေကြောင့်ဖြစ်နေရတာလဲ .. စတာတွေကို အသည်းတအေးအေးကြည့်နိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre..... Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.4GB | 660MB | 331MB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lai Laii Encoder ..... August

Drama • History • Romance
6.5 2013 107 mins
Hide and Seek
American Made
6.9

Online Shopping တွေကနေ ပစ္စည်းမှာရင် Delivery လာပို့တဲ့သူတွေကို သိကြမှာပါ။ ကမ္ဘာပေါ်မှာ ပစ္စည်း Delivery ပို့တဲ့ အလုပ်လုပ်ပြီး ပိုက်ဆံတွေထားစရာနေရာမရှိအောင် ချမ်းသာသွားတဲ့သူအကြောင်း သိချင်ပါသလား။ ဒါဆိုရင်တော့ ဒီ American Made ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားက မကြည့်မဖြစ် ကြည့်ရှူ့သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ 1980 မတိုင်ခင်ကစပြီး အမေရိကန်နိုင်ငံတွင်းကို အမေရိကအလယ်ပိုင်းကနေတဆင့် တရားမဝင်မူးယစ်ဆေးတွေ မှောင်ခိုသွင်းလာကြပါတယ်။ အဲ့ထဲမှာ သမီးဖြစ်သူ ဆောင်းတွင်း အရမ်းချမ်းလို့ ဒေါ်လာ ၂ သန်းကို မီးရှို့ပြီး အနွေးဓာတ်ရအောင်လုပ်ပေးဖူးတယ်ဆိုတဲ့ နာမည်ကျော်မူးယစ်ရာဇာကြီး Pablo Escobar လဲ အပါအဝင်ပါပဲ။ ဒီဇာတ်ကားမှာတော့ ခေါင်းဆောင်မင်းသား Tom Cruise က Barry Seals လို့ခေါ်တဲ့ လေယာဉ်မှူးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ အစပိုင်းမှာ TWA လေကြောင်းလိုင်းရဲ့ လေယာဉ်မှူးကောင်းတစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်နေရာကနေ သူ့ရဲ့ လေကြောင်းကျွမ်းကျင်မှုကို သတိထားမိလာကြတဲ့အခါ CIA က စတင်ပြီး တရားမဝင်အလုပ်တွေကို ခိုင်းစေလာခဲ့ပါတယ်။ နောက်ပိုင်းမှာ CIA အပြင် Pablo Escobar ရဲ့ မူးယစ်ဂိုဏ်း၊ သူ့မိတ်ဆွေ ရှိတ်ဖာဆီမှ ရုရှားလက်နက်မှောင်ခိုသွင်းလုပ်ငန်းတို့တွင်ပါ ပါဝင်လုပ်ကိုင်လာခဲ့ပြီး သူရဲ့ အဓိကတာဝန်ကတော့ ကိုကင်း၊ AK-47 သေနတ်၊ လူမှောင်ခိုတို့ကို နယ်စပ်စစ်ဆေးရေးနဲ့ လေတပ်က မမြင်အောင် တစ်နိုင်ငံကနေ တစ်နိုင်ငံကို လျှို့ဝှက်ပို့ဆောင်ပေးရတာပါ။ Barry Seals တစ်ယောက် သူဋ္ဌေးဖြစ်အောင် ဘယ်လိုလုပ်ရသလဲ၊ သူ့မှာ သေချာတဲ့အနာဂတ်ရော ရှိရဲ့လား၊ မိတ်ဆွေအပေါင်းအသင်းတွေကရော တကယ်ယုံကြည်ရသလား ဆိုတာတွေကိုတော့ ဇာတ်ကားကြည့်ပြီး ဆက်လက်ခံစားကြပါ။ လက်ရှိ Imdb rating 7.3 ရရှိထားပါပြီး ဝေဖန်မှုကောင်းတွေ ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုအာကာဖြိုးပါ) File Size : (900 MB) Quality : Blu-Ray 720p Running Time : 1hr 55min Format : Mp4 Genre :Action, Biography, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Arkar Phyo Encoded by Thanhtike Zaw

Drama
6.9 2017 115 mins
American Made
Paa (2009) Father
7.1

IMDb Rating (7.1) အမီတာဘဂျမ်းတို့ သားအဖ အတူတွဲပြီး သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေထဲမှာ ဒီဇာတ်ကားက အငိုရဆုံးနဲ့အထိဆုံးပါပဲ။ ဒီထဲမှာတော့ အမီတာဘဂျမ်းက ၁၂ နှစ်အရွယ် သားအဖြစ် သရုပ်ဆောင်ထားပြီး အဗီရှိတ်ဘဂျမ်းက ဖခင်နေရာကနေ ပြောင်းပြန် သရုပ်ဆောင်ထားကြပါတယ်။ အမီတာဘဂျမ်း တဖြစ်လဲ Auro ဆိုတဲ့ကောင်လေးဟာ ရှားပါးရောဂါဖြစ်တဲ့ Progeria (မျိုးဗီဇချို့ယွင်းမှုကြောင့် အိုမင်းမြန်တဲ့ရောဂါ) ခံစားနေရတာကြောင့် အသက် ၁၂ နှစ်မှာပဲ အလွန်အမင်းအိုမင်းရင့်ရော်တဲ့ကလေးငယ်လေးတစ်ယောက်ဖြစ်နေပါပြီ။ ဒါပေမယ့်သူဟာ ဉာဏ်ရည်ထက်မြက်တဲ့ကောင်လေးဖြစ်ပါတယ်။ အဗီရှိတ်ဘဂျမ်း တဖြစ်လဲ Amol Arte ကတော့ တက်ကြွတဲ့နာမည်ကြီးနိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး Auro ရဲ့ဖခင် ဖြစ်ပေမယ့် လူသိမခံထားပါဘူး။ မင်းသမီး Vidya Balan တဖြစ်လဲ Dr. Vidya ကတော့ Auro ရဲ့မိခင်ဖြစ်ပြီး ရောဂါသည် သားလေးကို စောင့်ရှောက်နေသူလေးပါ။ ထူးဆန်းတဲ့ရောဂါသည်သားလေးနဲ့ သားကိုသိပ်ချစ်တဲ့မိခင်နဲ့ သားကို လူသိမခံဝံ့တဲ့ ဖခင်နိုင်ငံရေးသမားနဲ့တို့ကြားမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ……….။ ဒီဇာတ်ကားက ဆုပေးပွဲများစွာမှာ Best Actor,Best Actress ဆုတွေနဲ့ တခြားဆုပေါင်းများစွာ ရရှိခဲ့တဲ့ ဘောလိဝုဒ်ရဲ့ နာမည်ကြီးဇာတ်ကားဖြစ်ပါတယ်။ ခံစားကြည့်ကြပါဦး။ (ဒီဇာတ်ကားကို Zwe Mann မှ ဘာသာပြန် ခံစားတင်ဆက်ထားပါတယ်။)

Science Fiction
7.1 1900 133 mins
Paa (2009) Father
Ticket to Paradise
6.2

Ticket to Paradise (2022) ဟောလိဝုဒ်ရဲ့ ရွှေခေတ်နှောင်းကာလလောက်မှာမှ ဒီကို ဟောလိဝုဒ်ရွှေခေတ်လောက်ကကားတွေ ရောက်လာပြီးနောက် ကြည့်ခဲ့ကြတဲ့သူတွေကတော့ ဂျော့ကလူးနေးနဲ့ ဂျူလီ‌ယာရောဘတ်တို့ကို ကောင်းကောင်းကြီး ရင်းနှီးကြမှာပါ။ ကလူနေးက‌တော့ သူ့ခေတ်က ထိပ်တန်းမင်းသားတစ်လက်ဖြစ်ခဲ့သလို လူကြိုက်များတဲ့ကားကောင်းတွေ ရိုက်ခဲ့တာလည်း မနည်းမနောပါပဲ။ Batman & Robin နားဝန်းကျင်မှာ စချာလာခဲ့ပေမဲ့လည်း အစဉ်အလာကြီးခဲ့တဲ့ လျှမ်းလျှမ်းတောက် မင်းသားကြီးအဖြစ်ကနေတော့ မရွေ့လျောသွားဘူးဆိုရမှာပါပဲ။ ဒီကားကတော့ သူနဲ့ သူ့လိုပဲ အစဉ်အလာကြီးတဲ့ မင်းသမီးကြီးဖြစ်တဲ့ ငယ်ဘဝရဲ့ Celebrity Crush မမစာရင်းထဲအပါအဝင်ဖြစ်တဲ့ ဂျူလီယာရောဘတ်နဲ့အတူ တွဲဖက်ပါဝင်ထားတဲ့ ရုပ်ရှင်အသစ်တစ်ကားပါပဲ။ ဒေးဗစ်နဲ့ ဂျော်ဂျီယာက ကောလိပ်အပြီးမှာပဲ လက်ထပ်ယူခဲ့ကြတဲ့ ငယ်ချစ်တွေပေမဲ့ ကံမပါခဲ့တော့ သမီးလေးလီလီကိုမွေးပြီး အိမ်ထောင်သက်ငါးနှစ် အရောက်မှာပဲ ခွာပြဲခဲ့ကြတယ်။ အဲဒီကနေ ၁၄ နှစ်အကြာမှာတော့ ဆုံလိုက်တိုင်း တဗျစ်တောက်တောက် ဖြစ်တတ်ကြတဲ့ အဖေနဲ့အမေရဲ့ အုပ်ထိန်းမှုကြားမှာ လီလီတစ်ယောက် ဥပဒေဘွဲ့နဲ့ ကျောင်းပြီးသွားခဲ့တယ်။ ဒါပေမဲ့ သူအလုပ်မဝင်ခင်မှာ ဘာလီကို အပန်းဖြေခရီးထွက်ရာကနေ သူ့ဘဝဆုံးဖြတ်ချက်တွေကို ပြန်ဒွိဟဖြစ်လာစေတဲ့ အချစ်မျိုးနဲ့ ကြုံလိုက်ရပြီးတော့ ရှေ့နေဘဝကိုစွန့်ပြီး အဲဒီမှာပဲအခြေချဖို့ လုပ်ချိန်မှာတော့ သမီးဖြစ်သူကို ဆုံးမပြီးတော့ အိမ်ပြန်ခေါ်သွားဖို့ မောင်းတင်ပြီးတော့ ကျွန်းကိုလိုက်လာကြတဲ့ ဒေးဗစ်နဲ့ ဂျော်ဂျီယာတို့ပါ အတိတ်ကရွေးချယ်မှုတွေကို ပြန်သုံးသပ်ရင်း သူတို့ရဲ့နှလုံးသားအဟောင်းတွေကို အသစ်ပြန်မွေးဖွားစေဖို့ ဖြစ်လာကြတော့တယ်။ ရိုမန့်ဟာသ အမျိုးအစားကားပေမဲ့ ဂျော့ကလူးနေးနဲ့ ဂျူလီယာရောဘတ်တို့ကို သူတို့အသက်အရွယ်နဲ့လည်း လိုက်ဖက်ပြီး သူတို့ သရုပ်ဆောင်စကေးကို ပြန်မြင်ရစေမယ့် ရုပ်ရှင်ဆိုတော့ ပရိသတ်ဟောင်းတွေလည်း ကြည့်သင့်သလို သူတို့ကို သိပ်မရင်းနှီးသေးတဲ့သူတွေ ရှိများရှိခဲ့ရင်လည်း ကြည့်ကြဖို့သင့်တဲ့ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 845MB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 44Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Action
6.2 2022
Ticket to Paradise
Brace for Impact (or) Final Destiny
4.8

Brace for Impact (or) Final Destiny (2016) ============================== Thriller IMDb – 4.8/10 ဒီတစ်ခေါက် ပရိတ်သတ်ကြီးကို လေယာဉ်ပျက်ကျမှုအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ Thriller ဆန်ဆန် ဇာတ်လမ်းကောင်းလေး တစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့.. ရာထူးက ရပ်နားခံထားရတဲ့ လေယာဉ်ပျက်ကျတာတွေကို စစ်ဆေး ရတဲ့အေးဂျင့်ဖြစ်တဲ့ ဆိုဖီယာတစ်ယောက် ရာထူးက ရပ်နားခံရပြီး အားလပ်ရက်ရထားတာကြောင့် သူ့အစ်ကိုနဲ့အတူတူလေယာဉ်စီးဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ လေယာဉ်ပျက်ကျတာတွေကို စစ်ဆေးရတဲ့ အေးဂျင့်ပီပီ လေယာဉ်ထွက်ခါနီးမှာပျက်ကျမှာကို စိုးရိမ်ပြီး ဆင်း လာခဲ့ပါတယ် သူ့အစ်ကိုကိုကတော့ လေယာဉ်ပေါ်မှာ ပါသွားတာပေါ့။ အဲဒီလေယာဉ်ဟာ ပျက်ကျသွားတဲ့အချိန်မှာတော့ ဆိုဖီယာတစ်ယောက် ရာထူးရပ်နားခံထားရပေမဲ့ အေးဂျင့်တစ်ယောက်ရဲ့စိတ်ခံစားမှုအရ ဒီကိစ္ စကို သူ့ဘာသာစတင် စုံစမ်းပါတော့တယ်။ စုံစမ်းစစ်ဆေးနေတဲ့အချိန် အတွင်း ဆိုဖီယာဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲ၊ သဲလွန်စတွေ က များလွန်းလို့ သူရှာတွေ့ထားတာက တကယ့်ကိုခိုင်လုံတဲ့သဲလွန်စဖြစ် ရဲ့လား။ ဒီလေယာဉ်ပျက်ကျမှုနောက်ကွယ်က ဖြစ်ရပ်မှန်ကို တကယ်ဖော် ထုတ်နိုင်မှာလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ကြည့်ရှူရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်) File Size……….(1.62 GB) / (600 MB) / (337 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 28Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….June Encoder……….SWM

4.8 2016 91 mins
Brace for Impact (or) Final Destiny
Sunshine Cleaning
6.8

Genre – Comedy, Drama IMDB – 6.8/10 ရှယ်မင်းသမီးတွေဖြစ်တဲ့ Amy Adams နဲ့ Emily Blunt တို့ အပြိုင်သရုပ်ဆောင်ထားကြတဲ့ ဘဝသရုပ်ဖော် ဒရမ်မာဟာသ ကားလေးပါ။ ရို့စ်ဆိုတာက အော်စကာဆိုတဲ့ သားငယ်လေးနဲ့ စင်ဂယ်အမေတစ်ယောက် သားကိုကျောင်းထားပြီး အလုပ်ပေါင်းစုံလုပ် ရုန်းကန်နေရတာ။ ဒီလို ရုန်းကန်နေရတဲ့ထဲ ဖခင်ကလည်း တမှောင့်ပေါ့ နောက်ပြီး ပိုဆိုးတာက ညီမဖြစ်တဲ့သူ နိုရာ၊ အလုပ်တွေလည်း မမြဲ ဆေးချလိုက် အရက်သောက်လိုက် ပေါ့ပျက်ပျက်နေလိုက် သူ့သားကိုလည်း ပေါက်ကရတွေ ခေါင်းထဲရိုက်သွင်းပေးနေတဲ့ အဒေါ်ဆိုးပေါ့လေ။ ပြီးတော့ လက်ရှိတွဲနေတဲ့ ရဲအရာရှိဆိုတာက ငယ်တုန်းက ရည်းစားဟောင်း ဒါပေမဲ့ သူကလည်း မိန်းမနဲ့ ကလေးနဲ့ ခိုးစားနေရတဲ့ဘဝမျိုးပေါ့လေ။ အဲဒီအချိန်မှာပဲ အဒေါ်ဖြစ်သူ သင်ပေးထားတာ ပေါက်ကရလုပ်ရင်း သားဖြစ်သူကို ပုဂ္ဂလိကကျောင်းပဲ ထားရတော့မယ့်အခြေအနေရောက်လာပါတယ် ပိုက်ဆံလည်း ပိုလို လာပါတယ်။ အဲဒါကြောင့် ခိုးစားနေတဲ့ ရဲအရာရှိကြီးကို ရင်ဖွင့်မိတဲ့အခါ မှာတော့ လူသေမှုတွေဖြစ်တဲ့ အခင်းဖြစ်ပွားတဲ့နေရာတွေကို သန့်ရှင်း ရေးလုပ်ရတာ ငွေကောင်းကောင်းရတယ်ဆိုပြီး ပြောလိုက်တဲ့အခါ ရို့စ်တစ်ယောက် ဘာမှမသိမကန်းနဲ့ ငွေဇောတိုက်ပြီး ညီမဖြစ်သူပါခေါ် ပြီး ဒီလို မှုခင်းတွေကို သန့်ရှင်းရေးလုပ်ရဖို့ ကြိုးစား ရုန်းကန်တဲ့အခါ ဘာတွေဆက်ဖြစ်မလဲ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ပြီး အောင်မြင်နိုင်မလား စသဖြင့် ဘဝသရုပ်ဖော်ကားလေးပဲ ဖြစ်ပါတယ်။ လုံးဝကို အပူသည်နေရာက Amy Adam က ပိုင်နိုင်ပြီး ပေါ့ပျက်ပျက် ညီမနေရာကလည်း Emily Blunt တို့က သရုပ်ဆောင်ထားကြတာပါ။ File size…1.67GB / 528MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 31m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Drama
6.8 2008 91 mins
Sunshine Cleaning
Corner Office
6

ကိုယ်လုပ်နေရတဲ့ရုံးအလုပ်တွေမှာ စိတ်တွေမွန်းကြပ်လွန်းလာရင် တချို့လူတွေကစိတ်ထွက်ပေါက်ရှာတတ်ကြပါတယ်။ဒီ Corner Office ဆိုတဲ့ကားထဲက အော်ဆန်ဆိုတဲ့လူရဲ့စိတ်ထွက်ပေါက်ကတော့ အရမ်းထူးဆန်း လွန်းပါတယ်။ အော်ဆန်က သူ့ရဲ့ရုံးအသစ်ကိုရောက်ပြီး သိပ်မကြာခင်မှာပဲ ဘယ်သူမှမသုံးတဲ့ အခန်းတစ်ခန်းကိုတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့သူအဲ့ဒီအခန်းထဲကို သုံးလေးခေါက်ဝင်ပြီးတဲ့နောက်မှာတော့ အဲ့ဒီအခန်းကိုအရမ်းစွဲလမ်းသွားခဲ့ ပါတော့တယ်။ အဲ့ဒီအခန်းကသူ့အတွက်စိတ်ကိုအေးချမ်းစေပြီး အလုပ်တွေ လုပ်ရတာ ပိုကောင်းစေတဲ့ အခန်းတစ်ခုဖြစ်တဲ့အပြင် သူ့ရဲ့လုပ်ငန်းခွင်က လူတွေ အားလုံးရဲ့ အဝေးကိုထွက်သွားစေနိုင်တဲ့စိတ်ထွက်ပေါက်လေးပဲဖြစ်ပါတယ်။ ပြဿနာလေးတစ်ခုပဲရှိပါတယ်။ အဲ့ဒီအခန်းက အမှန်တကယ်မရှိပါဘူး။ အော်ဆန်ကတော့ အဲ့ဒီအခန်းကိုစိတ်ကြိုက်ဝင်ထွက်သွားလာနေပေမဲ့ တခြားလူတွေကတော့ အဲ့ဒီအခန်းနေရာမှာ နံရံကြီးတစ်ခုကိုပဲ မြင်ရပြီးတော့ သူအခန်းထဲဝင်သွားတယ်ဆိုတာလဲ နံရံကြီးရှေ့မှာကြောင်တောင်တောင်ကြီး မတ်တပ်ရပ်နေတာကိုပဲ မြင်ရတာဖြစ်ပါတယ်။ဒီလိုနဲ့အော်ဆန်က သူ့ရဲ့လုပ်ဖော် ကိုင်ဖက်တွေအပြင် သူဌေးနဲ့ပါပြဿနာတွေတက်ခဲ့ပါတယ်။ ဒါပေမယ့်နောက်ပိုင်း သူပြောပြောနေတဲ့ အခန်းထဲကိုသွားပြီးအလုပ်တွေကြိုးစားလိုက်တဲ့အခါမှာ သူဌေးကသဘောကျပြီးရာထူးတွေဘာတွေတက်သွားပြီး နောက်မှာ သူ့ရဲ့အဲ့ဒီအခန်းကို စွဲလမ်းစိတ်က ပိုပြင်းထန်လာပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို Storytelling ပုံစံနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.19GB / 407MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 41m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Romance
6 2022 102 mins
Corner Office
Darkland
6.6

Darkland (2017) ~ IMDb – 6.6/10, Rotten Tomatoes – 56% ~ ဒီကားလေးက ဒိန်းမတ် အက်ရှင်ဒရာမာမှုခင်းကားလေးတစ်ကားဖြစ်ပါတယ်။ ဇိတ်က အောင်မြင်တဲ့နှလုံးခွဲစိတ်ဆရာ၀န်တစ်ယောက်ဖြစ်ပြီး စတိိန်းလို့ခေါ်တဲ့ ဇနီးချောချောလေးတစ်ယောက်ရှိတဲ့အပြင် သားတစ်ယောက်လည်းရတော့မှာပါ။ သောကြာညတစ်ညမှာ မိတ်ဆွေတွေနဲ့ ညစာစားနေတုန်း ညီဖြစ်သူ “ရာဇင်း” ရောက်လာပြီး အကူအညီလာတောင်းပါတယ်။ ဇိတ်ကငြင်းလိုက်ပြီး နောက်တစ်ရက်မှာတော့ ညီဖြစ်သူက ဆေးရုံရဲ့အရေးပေါ်ခန်းကို ဒဏ်ရာအပြည့်နဲ့ရောက်ရှိလာပြီး သေဆုံးသွားပါတော့တယ်။ အဲဒီနောက်ပိုင်း ဇိတ်ရဲ့ဘ၀က ကမ္ဘာကြီးပြောင်းပြန်လှန်လိုက်သလိုဖြစ်သွားတော့တာပါ။ အမှုကို ရဲတွေလက်အပ်ထားခဲ့ပေမဲ့ ဒီကကိုလှရွှေတွေလိုပဲ သိပ်အကူအညီမဖြစ်တော့ အပြစ်ရှိစိတ်ရှိနေတဲ့ဇိတ်က သူကျင်လည်ခဲ့ဖူးတဲ့ဘ၀ကိုပြန်သွားပြီး ညီဖြစ်သူအတွက် တရားမျှတမှုကို လိုက်ရှာပါတော့တယ်။ ဒီကားရဲ့ဇာတ်ညွှန်းဆရာတစ်ဖြစ်လဲ ဒါရိုက်တာက သူ့ရဲ့ညီ ဂိုဏ်းတစ်ခုနဲ့ပတ်သက်မိပြီး ဒုက္ခရောက်ခဲ့ဖူးတဲ့ လက်တွေ့ဘ၀အတွေ့အကြုံကိုမူတည်ပြီး ရိုက်ခဲ့ပါတယ်လို့ဆိုထားပါတယ်။ ‌ဆုတွေလည်း (၇)ခုလောက် ရထားပြီး Nomi (၁၉)ခုလောက်ရထားတဲ့ ဒီကားလေးကို အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 910MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 52Min Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

6.6 2017
Darkland
Shade
6.3

Genre – Crime, Thriller IMDB – 6.3/10 သူများ မျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်တာမျိုး ကတုံးပေါ် ထိပ်ကွက်တာမျိုး တစ်ပတ်ရိုက်တာမျိုးတွေ သဘောကျသပါ့ဆိုရင်တော့ ဒီ ပိုကာဖဲကားလေး လာပြီဗျို့။ Ocean Trilogy တို့ 21 တို့ Rounders တို့လို လောင်းကစားကို အခြေခံပြီး စိတ်ဝင်စားဖွယ်ရာ ဇာတ်ကွက်တွေ မထင်ထားရလောက်အောင် ဖြစ်သွားတဲ့ လှည့်ကွက်တွေနဲ့ ဇာတ်ကားမျိုးတွေ ကျွန်တော်တို့ သိပ်သဘောကျခဲ့ကြတာပေါ့။ လူတွေကို အယုံသွင်း အားနည်းချက်ကို အခွင့်ကောင်းကိုယူ လူလိမ်ချင်းတောင် နည်းနည်းလျှော့တွက်မိရင် ခံရတာမျိုးတွေကို အပြင်ကနေကြည့်ရင်း အားကျမိတာမျိုး ရှိသလို လက်တွေ့ဘဝအတွက်လည်း သင်ခန်းစာရတာတွေလည်း ရှိခဲ့ကြပါတယ်။ ကဲ ကြာပါတယ် ဇာတ်ကားအကြောင်း ပြောကြတာပေါ့။ ဇာတ်လမ်းက တိုတိုပြောရရင် ဒါမျိုးကားတွေက အညွန်းရေးရတာ မကောင်းဘူး Spoiler တွေ ပါကုန်မှာစိုးလို့ တကယ်တမ်း ဒီကားဆို နာရီဝက်လောက်ကတည်းက လှည့်ကွက်တွေက စသုံးနေပြီ။ ဒီတော့ ပထမဆုံး ဒီကားအခြေခံထားတာက အယ်အေ ပိုကာဖဲလောကပေါ့နော် အဲဒီမှာ ဘုရင်တစ်ဆူ ရှိတယ် နံပါတ် ၁ ပေါ့ သူ့ကို ဒင်းန်လို့ သမုတ်ကြတယ်။ ပြီးတော့ လူတွေကို ရိုက်စားလုပ်နေတဲ့ ချာလီနဲ့ တွဲဖက်မိန်းကလေး တစ်ဖနီဆိုတာရှိတယ်။ သူတို့က ဖဲဆော့တာ လက်ရည်ကောင်းလို့ဆိုပြီး ပါလာတဲ့ ဂျန်နင်းရှိမယ်။ တတိယလူအဖြစ် ဖဲကိုင်တဲ့နေရာမှာ ဆရာကျပြီး ချာလီနဲ့ အလုပ်တွဲ လုပ်ဖူးတဲ့ ဗာနွန်ပါလာမယ်။ ဒီအုပ်စုကြီးက ဒီ ဒင်းန်ဆိုတဲ့ ဆရာကြီးကို ဝိုင်းဖြုတ်ကြမယ်ပေါ့။ တစ်ဖက်မှာလည်း လူမိုက်ဂိုဏ်းတို့ဘာတို့ကလည်း တစ်ဇာတ်လမ်းပေါ့လေ ကြည့်ရင်းနဲ့တော့ ရှင်းသွားပါလိမ့်မယ် သိပ်အများကြီး ပြောလို့မရဘူး ဖြစ်နေတော့။ သရုပ်ဆောင်တွေကလည်း ဆရာတွေနော် The Usual Suspect ထဲက မင်းသားကြီး Gabriel Byrne တို့ မင်းသား Jamie Foxx တို့ Stallone တို့ MI 2 ထဲက မင်းသမီးတို့ နောက်ပြီး အဲဒီခေတ် Queen of the Damned တို့နဲ့ မိုက်ခဲ့တဲ့ မင်းသား Stuart Townsend တို့ အစုံအလင် ပါဝင်ထားကြတာပါ။ သိပ်လေရှည်လို့ မရတဲ့ကားဆိုတော့ သွားကြည့်တာပဲ ကောင်းပါလိမ့်မယ် မိတ်ဆွေတို့။ File size…1.84GB / 784MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 41m Genre ….. Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

6.3 2003
Shade
Star Wars: Episode V – The Empire Strikes Back
8.7

Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။ Force ဆိုတာကတော့ သက်ရှိသက်မဲ့တွေ အားလုံး အတွင်းထဲ အပြင်ထဲမှာ ဝိုင်းရံနေတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပြီး Jedi တွေသာ ခံစားနိုင် သုံးစွဲနိုင်ကြပါတယ်။ အဲဒီ Jedi တွေရဲ့ လုံးဝဆန့်ကျင်ဖက်လမ်းစဉ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။ ဒီ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။ စတားဝါးရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့ခုနှစ်အတိုင်း အစဉ်လိုက်ကြည့်ရှုမယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars IV : A New Hope (1977) 2. Star Wars V : The Empire strikes back (1980) 3. Star Wars VI : Return of the Jedi (1983) 4. Star Wars I : Phantom Menace (1999) 5. Star Wars II : Attack of The Clones (2002) 6. Star Wars III : Revenge of The Sith (2005) 7. Star Wars VII: The Force Awakens (2015) 8. Rogue One : A Star Wars Story (2016) 9. Star Wars VIII : The Return of the Jedi (2017) 10. Solo : A Star Wars Story (2018) 11. Star Wars IX : The Rise of the Skywalker (2019) တကယ်လို့ Star Wars Timeline အတိုင်းကြည့်မယ်ဆိုရင်တော့ အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars I : Phantom Menace (1999) 2. Star Wars II : Attack of The Clones (2002) 3. Star Wars III : Revenge of The Sith (2005) 4. Solo : A Star Wars Story (2018) 5. Rogue One : A Star Wars Story (2016) 6. Star Wars IV : A New Hope (1977) 7. Star Wars V : The Empire strikes back (1980) 8. Star Wars VI : Return of the Jedi (1983) 9. Star Wars VII: The Force Awakens (2015) 10. Star Wars VIII : The Return of the Jedi (2017) 11. Star Wars IX : The Rise of the Skywalker (2019) ( Littleneo မှ ဘာသာပြန်တင်ဆက်ထားပါတယ်။) Star Wars ရုပ်ရှင်အားလုံးကို https://channelmyanmar.to/category/special-package/star-wars/ မှာကြည့်ရှုနိုင်ပါတယ်။ 4K ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ +++++++++++++++++++++++++++++ Star Wars: Episode V – The Empire Strikes Back (1980) Star Wars: Episode IV – A New Hope (1977) ရဲ့အဆက်ဖြစ်ပြီး ဒုတိယမြောက် ထွက်ရှိခဲ့တဲ့ စတားဝါးစ်ရုပ်ရှင်ကားဖြစ်ပါတယ်။ ပထမကား Star Wars: Episode IV – A New Hope (1977) မှာ သေမင်းကြယ်ကိုဖျက်ဆီးခဲ့ပြီးနောက် ဒါ့သ်ဗိတ်ဒါဟာ လုခ် စကိုင်းဝေါ်ကာရဲ့နောက်ကို လိုက်ဖမ်းနေပြီး..အင်ပါယာတပ်တွေကလည်း တော်လှန်ရေးတပ်တွေရဲ့ စခန်းကို ပြန်ပြီးတိုက်ခိုက်ချေမှုန်းရာကနေ ဇာတ်လမ်းကိုစထားပြီး ကပ္ပတိန် Han Solo နဲ့ မင်းသမီး Leia Organa တို့လည်း အင်ပါယာတပ်တွေရဲ့လက်ကနေ ဘယ်လိုရှောင်ပြေးကြရမယ်ဆိုတာ…။

8.7 1980 124 mins
Star Wars: Episode V – The Empire Strikes Back
The Isle
5.7

ဒီကားလေးကတော့ စိတ်ဝင်စားစရာ horror ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ၁၈၄၆ခုနှစ်က ဒဏ္ဍာရီဆန်ဆန်အဖြစ်အပျက်လေးကိုပုံဖော်ရိုက်ကူးထားတာပါ။ ကုန်သည်သင်္ဘောတစ်စီးမှောက်ရာက ရှင်သန်လွတ်မြောက်သူကုန်သည်သုံးယောက်ဟာ လှေတစ်စီးနဲ့ ပင်လယ်ထဲမျှောနေရင်းမြူတွေဆိုင်းနေတဲ့ကျွန်းစုလေးပေါ်ရောက်သွားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ကျွန်းပေါ်မှာလူသားလေးယောက်ပဲရှိတယ်။ တံငါသည်ဟောင်းတစ်ယောက်၊ လယ်သမားတစ်ယောက် သူ့ရဲ့တူမနဲ့စိတ်မမှန်သူအမျိုးသမီးတစ်ယောက်ပါ။ ကျိန်စာမိထားသလိုထူးဆန်းမှုတွေဆက်တိုက်ဖြစ်လာတဲ့အခါ သူတို့မသိခဲ့တဲ့ဒီကျွန်းရဲ့သမိုင်းကြောင်းက ဘာတွေဖြစ်မလဲသူတို့ဒီကျွန်းပေါ်ကလွတ်မြောက်နိုင်မလားဆိုတာကတော့ ဆက်လက်ကြည့်ရှုလိုက်ပါ…. အညွှန်းနဲ့ ဘာသာပြန်ကတော့ Noe ပါ File size… 1.3 GB / 597 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 36m Genre ….. Fantasy/Mystery/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Noe

5.7 2018 96 mins
The Isle