YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

(Season - 2) Tang 29mmsub MWM.mp4

433.18 MB 720p video/mp4 6 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Wicked Games
4.4

Wicked Games (2021) ================ Wicked Games (2021) ဂိမ်းတစ်ခု ဆော့ကြမယ်။ အနိုင်ရသူက တစ်ယောက်တည်း။ ကျန်တဲ့သူတွေ အကုန်သေလမ်း။ ဆိုတော့ ဒီဂိမ်းက သေရင်မြေကြီး ရှင်ရင်ရွှေထီးပဲ။ သူတို့ဆော့ကြမယ့် ဂိမ်းကတော့ ဒီလို။ ကီးလ် နဲ့ ဟာလီတို့က အွန်လိုင်းပေါ်ကနေ တွေ့ကြပြီး ချစ်သူတွေ ဖြစ်လာကြတဲ့သူတွေပေါ့။ တစ်ရက်မှာတော့ ဟာလီတစ်ယောက် ကီးလ်ရှိတဲ့ဆီ လာတွေ့ခဲ့ပြီး မကောင်းသတင်းတွေ ပျံ့နေတဲ့ ကီးလ် ရဲ့ မိသားစုစံအိမ်တော်ဆီကို လိုက်လာခဲ့တယ်။ အဲဒီစံအိမ်တော်မှာ ကီးလ်ရဲ့ မိဘနှစ်ပါးစလုံး ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်သွား ကြပြီး အဲဒီအိမ်ဝန်းအတွင်းမှာပဲ မြှုပ်နှံထားခဲ့တယ်တဲ့။ စံအိမ်ကိုရောက်ပြီး နောက်တစ်နေ့မှာ ဟာလီတစ်ယောက် ဝုန်းကနဲ အသံကျယ်ကြီးတစ်ခု ကြားလိုက်ရပြီး ကီးလ်က သွေးအိုင်ထဲမှာ လဲကျသေဆုံးနေတာကို တွေ့လိုက်ရတယ်။ ဒီလိုနဲ့ ၉၁၁ ကို ဖုန်း ဆက်လိုက်တဲ့အချိန်မှာပဲ ဂိမ်းစတင်ပြီဆိုတဲ့ အသံနဲ့ မျက်နှာဖုံးစွပ် လူတွေရောက်လာပြီး သူမကို သတ်ပစ်ဖို့ အသည်းအသန်လိုက် ကြပါတော့တယ်။သူတို့တွေ ဆော့ကြတဲ့ဂိမ်းမှာ ဘယ်သူအနိုင် ရသွားမလဲဆိုတာကတော့......။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.9 GB) / (785 MB) / (440 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 27Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......May Thet Khine Soe Encoder..........SWM

Drama
4.4 2021 87 mins
Wicked Games
The Devil Wears Prada
7.4

The Devil Wears Pradaဆိုတဲ့ ဇာတ်လမ်းနာမည်လေးအတိုင်းပါပဲ။ Prada‌ဒေါက်ဖိနပ်စီးပြီး ဖက်ရှင်မဂ္ဂဇင်းလောကရဲ့ ဒိတ်ဒိတ်ကြဲအမျိုးသမီးတစ်ဦးနဲ့ ကြုံဆုံခဲ့ရပုံကို ရိုက်ကူးထားတဲ့ကားလေးပါပဲ။ ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ကြည့်ကောင်းပြီး ဆုတွေအများကြီးရခဲ့တဲ့ကားပါ။ ဇာတ်လမ်းထဲက မဂ္ဂဇင်းအယ်ဒီတာချုပ် မီရန်ဒါ ပရိစ်စလီဟာဆိုရင် အလုပ်ကို အရမ်းကြိုးစားသူ၊ လက်အောက်ငယ်သားတွေက စက်စက်ယိုအောင်ကြောက်ရသူပေါ့၊ တစ်ခါတလေကျ သူ့လက်ထောက်ကို ဖြစ်နိုင်မဖြစ်နိုင်မသိ ခိုင်းချင်ရာခိုင်းပြီး ကြပ်တတ်ပါသေးတယ်။ ဘယ်လိုလဲဆိုရင်တော့ ဟယ်ရီပေါ်တာစာအုပ်ရဲ့ မထွက်သေးတဲ့ စာမူကိုရအောင်ယူခိုင်းတာမျိုးပါ။ ဒီဇာတ်ကောင်နဲ့ သူ့ရဲ့ ဟာသတချို့ဟာ အင်္ဂလန်ဘုရင်မ Queen Elizabeth IIကို ဇာတ်လမ်းထဲပုံဖော်ထားပါ။ လက်ထောက်ဖြစ်သူက ကော်ဖီလာမပို့သေးလို့ "ကော်ဖီမရောက်သေးပါလား၊ သူသေသွားပြီလား"မေးလို့မေး ဟာရီကိန်းမုန်တိုင်းတိုက်နေတာကို "မိုးဖွဲလေးကျနေတာပါ"လို့ ပြောလို့ပြော တစ်ခုခုခိုင်းပြီးရင် "ဒါပဲ"ဆိုပြီး ပြောလွှတ်တတ်တဲ့ မူဟန်လေးတွေထည့်သွင်းရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ သတင်းထောက်ဖြစ်ချင်သူ အန်ဒီဟာ အလုပ်ရှာနေရင်းနဲ့မှာ နာမည်ကြီးဖက်ရှင်အယ်ဒီတာချုပ်ရဲ့လက်ထောက်အဖြစ်အလုပ်ရသွားပါတယ်။ သူလုပ်ချင်တာတော့ စာရေးချင်တာပါ။ ဒါပေမဲ့ ဒီအလုပ်မှာတော့ ကော်ဖီယူပေး ဖုန်းကိုင်ပေးနဲ့ စာမရေးရတဲ့အပြင် အယ်ဒီတာ့စိတ်ကြိုက်အတိုင်းနေပေးရပါတယ်။ ဖက်ရှင်အယ်ဒီတာ့စိတ်ကြိုက်ဆိုတော့လည်း အဝတ်အစားအပိုင်း အပြင်အဆင်ကအစ ခန္ဓာကိုယ်အချိုးအစားပါ ဖက်ရှင်ကျအောင်နေပေးရရင်းက ကိုယ်ပိုင်ဘဝလေးကိုပါထိခိုက်လာရော။ အလုပ်ကိုအရမ်းကြိုးစားရင် ကိုယ့်ဘဝမှာအချိန်ပေးရမှာတွေကို ပေးသင့်သူတွေကို လျစ်လျူရှုမိတာ ဓမ္မတာပဲလေ၊။ ဒီတော့ အန်ဒီတစ်ယောက် အယ်ဒီတာက ခဏခဏကြပ်တဲ့အလုပ်မှာပဲ ဆက်လုပ်မလား ဘာတွေရွေးချယ်ရင်း ဘယ်လိုခရီးဆက်မယ်ဆိုတာကို ဇာတ်လမ်းလေးထဲမှာ ပျော်ပျော်လေးကြည့်ရှုနိုင်ပါပြီ။ (နာမည်ကြီး Fashion brandတွေ၊ Designer နာမည်တွေ၊ Studioနာမည်တွေအများကြီးပါတာမို့ မြန်မာလိုနာမည်ပြန်မရေးဘဲထားခဲ့တာ မျက်စိရှုပ်မသွားပါနဲ့ဦးဗျ)

Action • Adventure • Science Fiction
7.4 2006 109 mins
The Devil Wears Prada
Dragon Blade
5.9

Dragon Blade (2015) =============== IMDb Rating – 5.9/10 ဒီကားကို ငွေရှာဖို့ရည်ရွယ်ချက် ခပ်များများနဲ့ ရိုက်ကူးခဲ့သလို ငွေလည်း တော်တော်ပြန်ရလိုက်တဲ့ဇာတ်ကားပါ။ Battle Scene တွေ တော်တော်ကောင်းတယ်လို့ ပြောနိုင်သလို တဆိတ်ရှိရင် ဖုန်တလုံးလုံးထ CGI တွေပဲ တွင်တွင်သုံးထားတယ်လို့လည်း ပြောလို့ရပါရဲ့။ ဘယ်လိုပဲပြောပြော တရုတ်ကားတွေထဲမှာ သူတို့ ယဉ်ကျေးမှုပဲအ‌ကောင်း၊ သူတို့ပဲ အာဇာနည်၊ သူတို့ပဲ ပညာရှိတဲ့ ဇာတ်ကွက်ကသွေဖည်လို့ နှစ်ဖက်မျှမျှတတ သမိုင်းစစ်စစ်ကို ထုတ် ပြသွားတယ်လို့ ယူဆရပါလိမ့်မယ်။ တရုတ်သိုင်းနဲ့ ရောမအသတ် အပုတ်ကို ယှဉ်ပြတဲ့အခါ အလှအပဟန်ကဲတဲ့ တရုတ်သိုင်းဟန်နဲ့ အင်အားသုံးပြီး ရန်သူကို အချိန်တိုအတွင်း အပြီးသတ်လိုတဲ့ ရောမ ဂလက်ဒီယေတာဟန်ကိုလည်း ကွဲကွဲပြားပြား မြင်ခဲ့ရပါတယ်။ မြို့တော်တည်ဆောက်ရေးလုပ်ငန်းမှာ ဗိသုကာပညာပိုင်းယှဉ်လာတော့ ရောမမြို့ကြီးကို လှပခံ့ညားစွာဆောက်ခဲ့တဲ့ ရောမသားတွေရဲ့ သိပ္ပံနည်း စနစ်ကျကျ တည်ဆောက်ရေးပညာက တရုတ်တို့ ရက် ၁၀၀ စီမံကိန်းကို ၁၅ ရက်နဲ့ အပြီးသတ်တည်နိုင်ခဲ့တာမျိုး။ ကျောက်တုံးကြီးတွေနေရာမှာ ကျောက်စရစ်ခဲသံသေတ္တာနဲ့ အစားထိုးပြီး မြို့တံတိုင်းထိုးခဲ့ပုံတွေ။ တရုတ် တွေ အလေးအပင်တွေကို လူအားနဲ့ ကြိုးဆွဲပြီး မချိမဆန့်တင်နေရချိန်မှာ ရောမသားတွေရဲ့ အားပြောင်းအားလွှဲဝန်ချီစက်ကြောင့် အချိန်လုပ်အား သက်သာရတာတွေကို အသားပေးထားလို့ တရုတ်ကားမှ ဟုတ်ပါလေစလို့ ထင်မှတ်ရတဲ့အထိပါပဲ။ တရုတ်တို့ရဲ့ အသောက်အစား ရေမြေတောတောင်ကိုဖွဲ့တဲ့ ဂီတသံအပြီးမှာ ရောမတို့ရဲ့ နိုင်ငံချစ်စိတ်၊ သူရဲကောင်းစိတ်ဓာတ်၊ အမှန်တရားကို မြတ်နိုး တတ်ပုံတွေကို အတိုင်းသားမြင်ရတဲ့ ဂီတသံကို တရုတ်တို့ အံ့ဩဘနန်းဖြစ် ရပုံလည်း မြင်ရပါဦးမယ်။ ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတာပါတဲ့။ ရောမအင် ပါယာကြီးကနေ ထွက်ပြေးလာတဲ့ အိမ်ပြေး ဗိုလ်ချုပ်တစ်ယောက်နဲ့ ပိုးလမ်း မကြီးထက်က နိုင်ငံရာဇဝတ်သား ရဲဘက်အလုပ်သမား တရုတ်ဗိုလ်မင်းတစ် ယောက်တို့ရဲ့ ၁၅ ရက်တာ ခင်မင်မှုကနေ အသက်ပေး ချစ်ခင်ရသူ မိတ်ဆွေ ကြီးတွေ ဖြစ်ခဲ့ရတဲ့ဇာတ်လမ်းပါ။ ရောမအင်ပါယာမှာ လက်ရှိတရားသူကြီး ချုပ် (ဘုရင်) ရဲ့ အကြီးဆုံးသားက ထီးနန်းဆက်ခံသူ ညီအငယ်ဆုံးကို မျက် ကန်းဖြစ်အောင် အဆိပ်ခပ်လိုက်တဲ့အခါ သစ္စာရှိဗိုလ်ချုပ် လူစီးယက်စ်က သားတော်လေးကို ကယ်တင်ထွက်ပြေးလာပြီး တရုတ်နဲ့ အနောက်ဒေသနယ် စပ် ပိုးလမ်းမကြီးထက်က ငန်းရိုင်းဂိတ်တံခါးကို ရောက်လာပါတယ်။ တရုတ်အင်ပါယာ ဟန် မင်းဆက် ပိုးလမ်းမကြီးကာကွယ်ရေး တပ်ခွဲလေးတစ် ခုက ခေါင်းဆောင်ဗိုလ်မင်း ဟိုအန် က သူ့ရဲ့လက်ထောက် သစ္စာဖောက်တဲ့ အတွက် ရွှေမှောင်ခိုလုပ်တဲ့အမှုတွဲတပ်ခံရပြီး ရာဇဝတ်သားဖြစ်ခဲ့ရတယ်။ သူ့ကို ငန်းရိုင်းဂိတ်တံခါးမှာ ရဲဘက်အလုပ်သမားအဖြစ် တာဝန်ပေးခံရချိန် ဂိတ်တံခါးကို ခြိမ်းခြောက်လာတဲ့ ရောမတပ်မဟာကြီးကို ရင်ဆိုင်လိုက်ရပါ တယ်။ နောက်ဆုံး လူစီးယက်စ် နဲ့ ဟိုအန် စီးချင်းထိုးဖို့ဖြစ်လာပြီး တိုက်ပွဲဝင် နေစဉ်မှာ သဲမုန်တိုင်းတိုက်လာတဲ့အတွက် ဟိုအန် က လူစီးယက်စ် ကို မြို့ထဲ အဝင်ခံပြီး တစ်ညတာ တည်းခိုခွင့်ပေးခဲ့ပါတယ်။ နောက်ပိုင်း ဟိုအန် ရဲ့ မြို့ တော်တည်ဆောက်ရေးလုပ်ငန်းမှာ လူစီးယက်စ် ကဝင်ကူရင်း သွေးချင်းညီ နောင်သဖွယ် ညီအစ်ကိုရင်းချာလို မိတ်ဆွေတွေဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန် မှာပဲ ရောမအင်ပါယာက ကောက်ကျစ်တဲ့ သားကြီးဩရသက ညီငယ်နောက် လိုက်လာပြီး သူ့ရဲ့တပ်မဟာကြီးနဲ့ ငန်းရိုင်းဂိတ်တံခါးကို ဝိုင်းလိုက်တဲ့အချိန်မှာတော့ … Jackie Chan ရယ်၊ 2012 ကမ္ဘာပျက်ကားထဲမှာ သရုပ်ဆောင်ခဲ့တဲ့ John Cusack တို့က ခေါင်းဆောင်မင်းသားတွေဖြစ်ပြီး The Pianist ဇာတ်ကား ထဲက မင်းသားကြီး Adrien Brody က ဗီလိန်အဖြစ် ဝေဝေဆာဆာ ပါဝင် သရုပ်ဆောင်ထားတာမလို့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါကြောင်း ပြောကြားရင်း တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size……….(2.66 GB) / (1.53 GB) Quality…………BLU-RAY 1080p / 720p Duration………2Hr 07Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Drama, Fantasy Translator…….Arr Khun Winchester Encoder……….Zin Phyo Aung

Thriller • Mystery • TV Movie • Drama
5.9 2015 127 mins
Dragon Blade
Perjanjian Gaib
8.4

Perjanjian Gaib 2023 (သို့) ငွေနောက်လိုက်လူမိုက်များ IMDb-8.4/10 ညဆို စောင်ခေါင်းမြီးခြုံပြီး သရဲကားလေးကြည့်ရမှဇိမ်ရှိသူတွေအတွက် 2023ထွက် အင်ဒိုသရဲကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီ။ အင်ဒိုသရဲကားတွေ နောက်ပိုင်းမှာ အဆင့်မြင့်လာပြီး ratingကောင်းလာကြပြီဆိုတော့ ဒီကားလေးလည်း ဘယ်လိုလာမလဲဆိုတာ ရှုစားကြပါဦး။ အန်ဒရီနဲ့ဝတီတို့လင်မယားဟာ စိတ်တူကိုယ်တူရှိတဲ့လင်မယားနှစ်ယောက်ပီပီ ဖြတ်လမ်းနည်းနဲ့ချမ်းသာချင်တာကအစတူညီပြီး ချမ်းသာဖို့ဆို သင်္ချိုင်းသွားပြီး အုတ်ဂူပေါ်ဆုတောင်းဖို့ပါ ဝန်မလေးသူတွေပါ။ ခိုးဖို့လည်း လက်ယဉ်နေလေးတော့ အလောင်းဆီကပိုက်ဆံအိတ်အနှိုက်ကောင်းပြီး အန်ဒရီတစ်ယောက် ရင်ခွဲရုံသန့်ရှင်းရေးအလုပ်ကပါ ပြုတ်သွားပါတော့တယ်။ အိမ်လခကမပေးနိုင် အလုပ်ကပြုတ်နဲ့ လမ်းဘေးရောက်တော့မယ့်လင်မယားနှစ်ယောက် တိုက်တိုက်ဆိုင်ဆိုင်ပဲ ထူးထူးဆန်းဆန်းလခအရမ်းများနေတဲ့ အဘွားအိုကိုစောင့်ရှောက်ပေးရမယ့်အလုပ်ကို မျက်စိကျပြီး အလုပ်လျှောက်ဖို့သွားရာက အိမ်ကြီးတစ်လုံး‌ဆီ ရောက်လာတဲ့အခါ တိုက်တိုက်ဆိုင်ဆိုင်ပဲ စောင့်ရှောက်ပေးရမယ့်အဘွားကြီးကလည်း သူတို့စနက်မကင်းစွာနဲ့ ရုတ်တရက်ဆုံးသွားတဲ့အပြင် လက်စလက်နကလည်းရှိကြတဲ့လင်မယားနှစ်ယောက် ဗီဇလေးတွေပေါ်လာပြီး အိမ်ကတန်ဖိုးရှိတာတွေခိုးပြီးထွက်ပြေးကြဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ရအောင်ပါ။ (အညွှန်းကို Alexမှရေးသားပြီး ဘာသာပြန်ကတော့ ToMo ~ Yunni ~ Alexတို့ပဲဖြစ်ပါတယ်)

Comedy
8.4 2023
Perjanjian Gaib
Blow Up My Life
6.7

“Blow Up My Life” (2022) ရုပ်ရှင်ဟာ ဒါရိုက်တာ Ryan Dickie နဲ့ Abigail Horton တို့က ရိုက်ကူးထားတဲ့ ဟာသသည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဆိုးရွားတဲ့ opioid vape ပူးပေါင်းကြံစည်မှုကို မတော်တဆတွေ့ရှိခဲ့တဲ့ အရှက်ကွဲတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်း Jason ရဲ့နောက်ဆက်တွဲအဖြစ်ကို ရိုက်ကူးထားတာပါ။ သူနဲ့သူ့ရဲ့ဝမ်းကွဲ Charlie တို့ဟာ အိုင်တီနည်းပညာကိုအသုံးချပြီး ရာဇ၀တ်မှုတွေကို ဖော်ထုတ်ဖို့ ကြိုးပမ်းခဲ့ကြရာမှာ ကမောက်ကမဖြစ်စဉ်တွေကြားထဲက ရယ်စရာအလွဲတွေကို ခံစားကြည့်ရှုရမှာဖြစ်ပြီး ဒီဇာတ်ကားထဲမှာတော့ မျှော်လင့်မထားတဲ့ အလှည့်အပြောင်းတွေနဲ့ ထူးခြားတဲ့ဇာတ်ကောင်စရိုက်ကို စောင့်မျှော်ကြည့်ရှုကြရမှာပါ။ File size…1.14GB / 487MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 20m Genre …..Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

6.7 2024
Blow Up My Life
Raghu Thatha
7.1

Raghu Thatha (2024) “အရိုင်းပန်းပုံပြင်” =============================== နာမည်ကြီးဗီဂျေးတွေထဲကတစ်ယောက်ဖြစ်တဲ့ မင်းသားကြီး ရာဗင်ဒရာဗီဂျေးနဲ့ မင်းသမီးချောလေး ကီရ်သီဆူရက်ရှ်တို့ရဲ့ အသစ်ထွက် ကျေးလက် ဟာသဒရာမာရုပ်ရှင်လေးကို စီအမ်ကနေ တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ ကာယာဟာ မဟုတ်မခံစိတ်ရှိတဲ့ ဆတ်ဆတ်ကြဲ မိန်းမလှလေးတစ်ယောက်ပါ။ သူဟာ မိန်းကလေးစာရေးဆရာတွေကို အားမပေးတဲ့ ရှေးရိုးစွဲ လူ့အဖွဲ့အစည်းထဲမှာ ယောက်ျားလေးနာမည်နဲ့ စာရေးပြီး အတော်အသင့်အောင်မြင်နေသူလည်းဖြစ်ပါတယ်။ အသက် ၂၅ နှစ်ရောက်ပေမဲ့ အိမ်ထောင်မကျသေးတာကြောင့် တစ်ရွာလုံးက တွေ့တဲ့အချိန်တိုင်း ဘယ်တော့စားရမှာလဲလို့မေးတာခံနေရတဲ့သူဖြစ်ပြီး သူကလည်း မေးတဲ့သူတိုင်းကိုဂရုမစိုက်ဘဲ ကိုယ့်ခံယူချက်နဲ့ကိုယ် နေထိုင်သူဖြစ်ပြီး သူ့ရဲ့ ခံယူချက်တွေနဲ့ အများကသတ်မှတ်ထားတဲ့စည်းမျဉ်းတွေကြားမှာ မဖြစ်မနေရွေးချယ်ရမယ့်အခြေအနေ ဖြစ်လာတဲ့အခါမှာတော့…။ ကျေးလက်မြင်ကွင်းစိမ်းစိမ်းစိုစိုလေးတွေနဲ့ ရယ်ရမောရတဲ့ ရုပ်ရှင်လေးဖြစ်လို့ ပရိသတ်တွေ ခေတ္တစိတ်အပန်းပြေစေဖို့အတွက် ချန်နယ်မြန်မာရဲ့ ဘောလိဝုဒ်အဖွဲ့သားတွေကနေ ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။

Horror • Thriller • Drama
7.1 2024 134 mins
Raghu Thatha
Jilla
6.2

Jilla (2014) “ဂျီလ်လာ” IMDb 6.2 တမီးလ်မင်းသား Vijay နဲ့ မင်းသမီးချော Kajal Aggarwal တို့ ပါဝင်ထားတဲ့ အက်ရှင်ဇာတ်လမ်းဟောင်းလေးကို ပြန်လည်တင်ဆက်လိုက်ပါတယ် ရုံတင်ငွေ ရူပီး ၈၅ ကုဋေရရှိတဲ့ ဒီရုပ်ရှင်လေးမှာ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ ရှန်သီက လူမိုက်ခေါင်းဆောင်တစ်ယောက်ရဲ့ ညာလက်ရုံးမွေးစားသားတစ်ယောက် ငယ်ငယ်က သူ့အဖေကို ရဲတစ်ယောက်က သတ်သွားလို့ ရဲဆိုရင်ဇွတ်မုန်းနေပြီး အိန္ဒိယရဲတွေဝတ်တဲ့ ကာကီရောင်ဝတ်လာတဲ့ လုံခြုံရေးကို ရန်လုပ်လို့လုပ် ရဲသားကြီးဖြစ်ချင်တယ်လို့ ထဖြေတဲ့ ကျောင်းသားတစ်ယောက်ကိုလည်း ထောက်ချွန်နဲ့သွားထိုးတဲ့ အထိပါပဲ ဒါပေမဲ့ သူ့မွေးစားအဖေ လူမိုက်ခေါင်းဆောင်က သူအကာအကွယ်ရဖို့ ရှန်သီ့ကို ရဲတပ်ဖွဲ့ထဲ ဝင်ခိုင်းတဲ့အခါမှာတော့ ဘယ်လိုအလှည့်အပြောင်းတွေဆက်ဖြစ်ဦးမလဲ ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ ToMo ~ Bluri ~ Kyaw Htay ~ Yunni တို့မှ ဖြစ်ပါတယ်

Drama • Romance
6.2 2014 169 mins
Jilla
Killer Ex
5

Killer Ex (2024) ***************** အပျင်းပြေကြည့်လို့ကောင်းမဲ့ Killer Ex ဆိုတဲ့ ဘက်ဂျက်အက်ရှင်ဇာတ်ကားလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဘက်ဂျက်ဆိုတဲ့အတိုင်းပဲ မင်းသားမင်းသမီးတွေကနာမည်မကြီးသလို ရိုက်ချက်တွေ အက်ရှင်ခန်းတွေက ဇာတ်ကားကြီးတွေလောက်တော့ သိပ်မကောင်းပေမဲ့ သူ့ဟာနဲ့သူတော့ အပျင်းပြေကြည့်လို့ကောင်းတဲ့ အခြေအနေမှာ ရှိပါတယ်။ ဒီဇာတ်ကားမှာအဓိကပေးချင်တဲ့ Message ကတော့ လူတိုင်းမှာအတိတ်တွေရှိပြီး အဲ့ဒီအတိတ်တွေကတစ်ခါတစ်လေမှာ ကိုယ့်ဆီမှာပြန်လိုက်လာတတ်တဲ့အတွက် တတ်နိုင်သလောက် မကောင်းတဲ့အတိတ်တွေကို မဖန်တီးဖို့ ပြောချင်တာပဲဖြစ်ပါတယ်။ ဗစ်တာဆိုတဲ့လူက လူသတ်ပြီးတော့ အသက်မွေးဝမ်းကြောင်းလုပ်တဲ့ လူတစ်ယောက်ဖြစ်ပြီး သူ့အလုပ်မှာလည်း သူကအရမ်းတော်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်ကြာလာတော့ လူသတ်ရတာကိုစိတ်ကုန်လာပြီး မိသားစုလေးထူထောင်ကာ တည်ငြိမ်တဲ့ဘ၀ကိုဖြတ်သန်းဖို့ စီစဉ်ခဲ့ပါတော့တယ်။အဲ့ဒါကြောင့် သူ့ချစ်သူ လုပ်ဖော်ကိုင်ဖက်ကောင်မလေးကို သူနဲ့အတူ ဒီလောကထဲကထွက်ပြီး အတူတူအခြေချဖို့နားချခဲ့ပေမဲ့ ကောင်မလေးဘက်က လက်မခံခဲ့တာကြောင့် သူ့ဘာသာသူခွဲထွက်ကာ ပျော်ရွှင်သာယာတဲ့မိသားစုဘ၀လေးကိုထူထောင်ခဲ့ပါတော့တယ်။ ဒါပေမယ့်တစ်နေ့မှာတော့ ဇာတ်ကားနာမည်အတိုင်း သူ့ရဲ့လူသတ်သမားရည်းစားဟောင်းလေးနဲ့ ပြန်တွေ့ဖို့ကံကြမ္မာပါလာခဲ့ပါတော့တယ်။ သူ့ရည်းစားဟောင်းကို လူတွေလိုက်သတ်နေတဲ့အတွက် သူ့ဆီမှာအကူအညီလာတောင်းတာဖြစ်ပြီး ဗစ်တာလည်းသံယောဇဉ်လက်ကျန်လေးနဲ့ ပြန်လည်ကူညီရင်းနဲ့မှ သူ့နောက်လိုက်လာတဲ့အတိတ်ကိုဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းကို Saw Lay မှ ရေးသားထားပါတယ်) File size…1.78GB / 778MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 36m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Translated by Saw Lay Encoded by AHtet

Crime • Drama • Romance
5 2024 94 mins
Killer Ex
Udaan
8.1

Udaan (2010) ************** IMDb….8.1 တစ်ချို့သောမိဘတွေဟာ သူတို့ရဲ့ချစ်ခြင်းမေတ္တာ၊သားသမီးအပေါ်ထားတဲ့ စေတနာ၊အကြင်နာတွေကို ကလေးအိပ်ပျော်သွားတဲ့အချိန်ရောက်မှ ခိုးနမ်းရင်း ပြကြတယ်… ဘာဖြစ်လို့ အဲဒီလိုလုပ်ကြလဲမေးရင် သူတို့ရဲ့ပျော့ညံမှုကို သားသမီးတွေ မမြင်စေလိုတာရယ်တစ်ကြောင်း တအားချစ်မှန်းသိရင် ကလေးကို ဆုံးမရခက်မှာစိုးရိမ်လို့ဆိုတဲ့စကားမျိုးဖြေကောင်းဖြေကြပါလိမ့်မယ်….မိဘတစ်ချို့ဟာ ကလေးစကားစပြောတတ်ပြီဟေ့ ဆိုတာနဲ့ အများဆုံးဘာသင်လဲဆိုတော့ သားလေး သမီးလေး ကြီးလာရင်ဘာလုပ်မလဲဆိုတဲ့အမေးစကားကို ဆရာဝန်ကြီးလုပ်မယ်… အင်ဂျင်နီယာကြီးလုပ်မယ်ဆိုတဲ့အဖြေစကားပါပဲ….ဧည့်သည်တွေ ဆွေမျိုးတွေကြားထဲမှာ ဒီကလေးတွေရဲ့အဖြေဟာ ဂုဏ်ယူစရာဖြစ်ခဲ့သလို အရွယ်ရောက်လာရင်လည်း ဒီလိုမျိုးတွေဖြစ်လာဖို့ ပြုစုပျိုးထောင်ပုံသွင်းကြတယ်…တချို့သောကလေးတွေအတွက် အဆင်ပြေပေမဲ့ ၀ါသနာနဲ့ နှလုံးသားရဲ့ မြတ်နိုးရာ လမ်းကြောင်းတစ်ခုကို ကိုယ်တိုင်ရှာဖွေတွေ့ရှိသွားတဲ့ကလေးတွေအတွက် အနာဂတ်ဟာ ဝေ၀ါးသွားတတ်တယ်.. ..နားလည်ပေးနိုင်တဲ့မိဘမျိုးဆိုအဆင်ပြေပေမဲ့ အတ္တအနည်းငယ်ကြီးတဲ့မိဘမျိုးရှိသူ ကလေးအတွက်တော့ လမ်းမှားတောင်ရောက်သွားနိုင်ပါတယ်.. ..ဒီကားက အင်ဂျင်နီယာကြီးဖြစ်စေချင်တဲ့ မိဘနဲ့ စာရေးဆရာ ကဗျာဆရာဖြစ်ချင်တဲ့ သားတစ်ယောက်အကြောင်းရိုက်ပြထားတာပါ….. အိန္ဒိယရုပ်ရှင်တွေရဲ့အကောင်းဆုံး (၄၆) ကားစာရင်းထဲပါခဲ့သလို အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံးဇာတ်လမ်းဆု၊ အကောင်းဆုံးဇာတ်ပို့ဆုနဲ့ အခြေားဆုပေါင်းများစွာရရှိထားပါတယ်…. ဒီကားမဒေါင်းခင်ကြိုပြောလိုတာက မင်းသမီးမပါသလို ခမ်းနားထည်ဝါတဲ့ အကတွေ သမီးရည်းစားအချစ်ခန်းတွေမပါဘူး…. ပညာပေးကားတွေရိုက်တဲ့နေရာမှာ အိန္ဒိယကားတွေဟာ အဆန့်အတန်းရှိကြောင်း ခင်ဗျားဟာ ဒီကားကြည့်ပြီး သတိထားမိသွားလိမ့်မယ်… အယ် အစကထဲက သတိထားမိပြီးသားဆိုရင်လည်း ခင်ဗျားတို့ကြိုက်တဲ့ အဆင့်အတန်းရှိပညာပေးကားစာရင်းမှာ Udaan ဆိုတဲ့ကားကို စာရင်းထပ်သွင်းလိုက်မှာ ကျွန်တော်ရဲရဲကြီးအာမခံရဲတယ်…. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Lyric Lynn Khant ဖြစ်ပါတယ်…..) File Size… 3.64GB/ 1.11GB Quality…Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…02:14:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Lyric Lynn Khant

Horror • Science Fiction
8.1 2010 138 mins
Udaan
Space Cowboys
6.5

Space Cowboys (2000) IMDb Rating (6.5) / Rotten Tomatoes (78%) “Space Cowboys” ဇာတ်ကားမှာ အနားယူသွားတဲ့ NASA အဖွဲ့ဟောင်းတစ်ဖွဲ့ကို အာကာသဂြိုလ်တု Ikon ရဲ့ ပြုပြင်ရေးအတွက် တာဝန်ခေါ်ယူလာတဲ့အခါ စွန့်စားခန်းအသစ်တစ်ခု စတင်ခဲ့ပါတယ်။ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ Clint Eastwood, Tommy Lee Jones, Donald Sutherland, James Garner တို့ရဲ့ သရုပ်ဆောင်တာတွေကတော့ ဇာတ်ကားကိုပိုကောင်းမွန်စေပါတယ်။ ဇာတ်လမ်းမှာ Ikon ကတော့ အန္တရာယ်များတဲ့ ရုရှားလက်နက်နဲ့ ပြည့်နေပြီး ကမ္ဘာပေါ်မှာ ထိခိုက်မှုတွေ ဖြစ်စေနိုင်တဲ့အခါ NASA က အာကာသစွန့်စားခန်းလုပ်ဖို့ အဖိုးကြီးတွေကို ပြန်ခေါ်ရပါတော့တယ်။ ဒီအဖွဲ့ဟောင်းဟာ ၄၀ နှစ်ကြာပြီးမှ အလုပ်ပြန်လုပ်ရတာကြောင့် အခက်အခဲတွေနဲ့ ကြုံရပေမယ့် သူတို့ရဲ့ အရင်အတွေ့အကြုံတွေကြောင့် အခက်အခဲကို အေးဆေးကျော်ဖြတ်နိုင်ခဲ့ပါတယ်။ Clint Eastwood ရဲသရုပ်ဆောင်ချက်က အဖွဲ့ခေါင်းဆောင်တစ်ဦးရဲ့ သတ္တိနဲ့ အစွမ်းအစကို ပြသနိုင်ခဲ့တယ် Tommy Lee Jones ရဲ့ ဟာသတွေက ဇာတ်ကားကို အပန်းဖြေစေပါတယ်။ ဇာတ်ကားဟာ အာကာသနည်းပညာနဲ့ လူ့စိတ်ခံစားမှုတို့ကို ပေါင်းစပ်ပြသပြီး သက်ကြီးသူတွေရဲ့ စွန့်စားမှုအသစ်တွေကို ပြထားပါတယ်။ ဟာသ၊ ဒရာမာနဲ့ အာကာသထဲ စွန့်စားခန်းတွေကို ပြတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး အာကာသနဲ့ စွန့်စားမှုကို စိတ်ဝင်စားသူတွေအတွက် “Space Cowboys” ဟာ မဖြစ်မနေကြည့်သင့်တဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(2 GB) / (1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Thriller Duration….02:11:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

Comedy • Drama
6.5 2000 130 mins
Space Cowboys
Revenge of the Boogeyman
3.2

Revenge of the Boogeyman (2025) IMDb Rating (3.2) ကယ်ဗင်က မကြာသေးခင်ကမှ Rehab ကထွက်လာခဲ့တာဖြစ်ပြီး သူ့သူငယ်ချင်းတစ်စုဟာ သူ့ကိုမူးယစ်ဆေးတွေအရက်တွေ ပြန်မသုံးစွဲမိအောင် ကူညီတဲ့အနေနဲ့ လူသူကင်းဝေးတဲ့ တောအုပ်ထဲကအိမ်တစ်လုံးမှာအားလပ်ရက်ကို အတူတကွဖြတ်သန်းကြဖို့စီစဉ်ထားပါတယ်။ အဲ့ဒီတောအုပ်ဟာ ဘူဂီမန်းတစ်ကောင်သောင်းကျန်းနေပြီး လူတွေခဏခဏပျောက်တယ်လို့ နာမည်ထွက်နေတဲ့ တောအုပ်ပါပဲ။ တကယ်တမ်း သူတို့ရောက်သွားချိန်မှာလည်း ထူးခြားတဲ့ ပုံရိပ်တွေအသံတွေ၊ အိမ်မက်တွေကို ကယ်ဗင်တွေ့ကြုံလာရပါတယ်။ သူ့သူငယ်ချင်းတစ်စုကတော့ ဆေးကြောင်ပြီး ထင်ရာမြင်ရာတွေမြင်နေကြတယ်လို့ယူဆကြတဲ့အတွက် ကယ်ဗင့်ကိုမယုံကြပါဘူး။ သူမြင်နေရတဲ့ ထူးဆန်းပြီး ကြောက်မက်ဖွယ်အာရုံတွေဟာ တကယ်လား? သူ့ရဲ့စိတ်လှည့်စားမှုတွေလား ? ဆိုတာကို ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.2 GB) / (620 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Horror Duration….01:23:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Drama
3.2 2025
Revenge of the Boogeyman
Café Noir
7.5

Café Noir (2009) ************************** IMDb – 7.5 ဒီတစ်ခါမှာတော့ Extreme Job, Beyond Evil, The Auditors အစရှိတဲ့ ဇာတ်ကားတွေနဲ့ ပရိသတ်တွေ သိလာကြတဲ့ မင်းသားကြီး Shin Ha Kyun နဲ့ မင်းသမီး Moon Jeong Hee, Jung Yu Mi တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Cafe Noir ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါ့မယ်။ ရုရှားစာရေးဆရာ Fyodor Dostoyevsky ရဲ့ “White Nights” နဲ့ ဂျာမန်စာရေးဆရာ Johann Wolfgang von Goethe ရဲ့ “The Sorrows of Young Werther” စာအုပ်ကို အခြေခံထားပြီး အချစ်နဲ့အလွမ်းအဆွေးကို တစ်ပြိုင်နက်တည်း ခံစားရနိုင်တဲ့ ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ******************** ယောင်းဆူ (Shin Ha Kyun) ဟာ ဂီတဆရာတစ်ဦးဖြစ်ပြီး ကျောင်းသားမိဘဖြစ်တဲ့ မီယွန်း (Moon Jeong Hee) နဲ့ ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ ဒါပေမဲ့ မီယွန်းရဲ့ ခင်ပွန်းဖြစ်သူ ပြန်လာတဲ့အခါမှာ မီယွန်းက လမ်းခွဲသွားခဲ့တဲ့အတွက် မီယွန်းရဲ့ ခင်ပွန်းကို သတ်ဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ နောက်ဆုံးမှာတော့ သူချစ်ရတဲ့အမျိုးသမီးကို ပျော်ရွှင်စေဖို့အတွက် ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုမျိုး စိတ်ဒဏ်ရာတွေနဲ့ ယောင်းဆူဟာ တစ်နေ့မှာ ဆွန်းဟွာ (Jung Yu Mi) ဆိုတဲ့ အမျိုးသမီးနဲ့ တွေ့ဆုံပြီးနောက် ဆွန်းဟွာရဲ့ ဇာတ်ကြောင်းတွေကို နားထောင်ပေးရင် ချစ်မြတ်နိုးမိလာပါတော့တယ်။ ဒါပေမဲ့ ဆွန်းဟွာနဲ့ ပတ်သက်ပြီးတော့လည်း ထပ်တူညီတဲ့ စိတ်ဒဏ်ရာကိုပဲ ထပ်ရလာတဲ့အခါမှာတော့…. ဇာတ်အိမ်က ရုတ်တရက်ကြည့်ရင်တော့ ရိုးရှင်းတယ်ထင်ရပေမဲ့ ဇာတ်သိမ်းပြီးသွားတဲ့အခါမှာတော့ တွေးစရာတစ်ခု ချန်ထားပေးနိုင်တဲ့ ရုပ်ရှင်လို့ပဲ ပြောရပါလိမ့်မယ်။ ချစ်ခြင်းမေတ္တာနဲ့ အလွမ်းအဆွေးတွေအကြောင်းကို အနုပညာဆန်ဆန် ကြည့်ရှုခံစားလို့ရနိုင်တဲ့ ရုပ်ရှင်ကောင်းလေးဖြစ်တာကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Nyein Sandiက ရေးသားထားပါတယ်) File Size – 3.68 GB/ 1.31 GB Quality – WEB-DL 1080p/ 720p Duration – 3h 41m Format – mp4 Genre – Romance, Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Nyein Sandi Encoded by – Treasure Htet

7.5 2009 198 mins
Café Noir