YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Sea.of.Hope.S01E12.720p.CM.mp4

555.31 MB N/A video/mp4 660 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Breaking Girl Code

အန်ဒီဟာဘွဲ့ရပြီး‌နောက် နယူးယော့ခ်မြို့မှာ အလုပ်သင်ဆင်းခဲ့ပေမဲ့ သူ့ရဲ့ကောင်လေးနဲ့နီးဖို့အတွက် ဘော့စတွန်ကိုပြောင်းလာခဲ့ပြီး အလုပ်တစ်ခုကိုရှာနေသူပါ။ အလုပ်အများစုကလည်းအလုပ်မခန့်ကြတဲ့အပြင် မြို့အသစ်ကိုပြောင်းလာတဲ့သူဖြစ်တာကြောင့် သူငယ်ချင်း အသိမိတ်ဆွေကလည်းမရှိဖြစ်နေပါတယ်။ ဒီလိုနဲ့ Be Friend ဆိုတဲ့ အက်ပ်တစ်ခုကိုစမ်းသုံးကြည့်ရင်း ဖာရာဆိုတဲ့ မြို့ခံကောင်မလေးတစ်ယောက်တွေ့ပြီး ရင်းနှီးသွားခဲ့ကြပါတယ်။ တစ်နေ့မှာတော့ ဖာရာခေါ်သွားတဲ့ ကလပ်ကိုလိုက်သွားရင်းနဲ့ ဖာရာရဲ့ကောင်လေး အီသန်ဟာ သူ့ရဲ့သူငယ်ချင်းတွေနဲ့ပေါင်းပြီး ကလပ်ကိုလာတဲ့ မိန်းကလေးတွေကိုဆေးခတ်ကာ ကိုယ်ထိလက်ရောက်ကျူးလွန်ကြတာတွေကို အန်ဒီတစ်ယောက်သိရှိသွားတဲ့ အခါမှာတော့ ဘယ်လိုအရှုပ်အထွေးကြီးထဲကို အန်ဒီဝင်ပါနေမိပြီးသားဖြစ်နေမလဲ၊ အီသန်တို့ကကျူးလွန်နေတာတွေကိုရော အန်ဒီတားဆီးနိုင်မလား၊ သူပါပြဿနာတွေတက်ကုန်မလားဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.2 GB)/(600 MB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMMT

Comedy • History • Music
0 2023 90 mins
Breaking Girl Code
Revealer
5.4

ဒီကားက ​​​ပြောရရင် ငစားကားဗျ၊ ရိုးရိုးမစားဘဲ ဘာသာ​​ရေးပိုင်းနဲ့ စားတာဆို​တော့ အကျွမ်းတဝင်မရှိတဲ့သူဆို နှစ်ဆတိုးစားသွားမှာ။ ဒီကားထဲမှာ ကိုးကားထားတာက သမ္မာကျမ်းသစ်ထဲက ​နောက်ဆုံး ဖြစ်တဲ့ Revelationအ​ကြောင်းပါ။ ကမ္ဘာရဲ့​နောက်ဆုံး​နေ့ရက်များ အ​ကြောင်း​ပေါ့။ ဇာတ်လမ်းက စားသလို ​သွေးထွက်သံယိုအခန်း နည်းနည်းပါပြီး အ​ပြောအဆိုလည်း နည်းနည်း​လေးကြမ်းပါတယ်။ တစ်ကားလုံးမှာ အဓိကဇာတ်​ဆောင်က ​ကောင်မ​လေး၂​ယောက်ပဲပါတာပါ။ အန်ဂျီက ကလပ်က အ​ဖော်အချွတ်အကမယ်၊ ဆယ်လီဆိုတဲ့ တစ်​​ယောက်ကျ​တော့ ဘာသာ​ရေးအကိုင်းရှိုင်းလွန်း​နေသူ၊အန်ဂျီတို့လို မိန်းက​လေး​တွေ​ကြောင့် ဒီကမ္ဘာကြီးမှာ အပြစ်​တွေနဲ့ညစ်ညမ်းရတယ်ဆိုပြီး အ​ဖော်အချွတ်ကလပ်​တွေကို ဆန္ဒပြ​နေသူတစ်​ယောက်​ပေါ့။ တစ်​ရက်မှာ​တော့ အန်ဂျီကလည်း သူ့ဟာသူက၊ ဆယ်လီကလည်း သူ့ဘာသူပြတုန်း ​​​ကောင်းကင်တစ်ခွင်လုံးက မိုးပြိုမလို နီရဲလာပြီး ထူးဆန်းတဲ့အရာ​တွေ မိုးရွာသလို တရဟောကျလာ​သတဲ့။ ကလပ် အပြင်မှာ ဆန္ဒပြ​နေသူတွေက​တော့ အဲဒါ​တွေအန္တရာယ်​ပေးတာကို ခံလိုက်ရပြီး အချင်းချင်းစိတ်ရိုင်း​ဝင်ပြီး သတ်ကြပါ​လေ​ရော။ ဘာသာ​ရေးကိုင်းရှိူင်းသူ​လေး ဆယ်လီ​က​တော့ အဲဒါ​တွေရန်က​​နေ လွတ်ပြီး အ​ဖော်အချွတ်ကလပ်ထဲ​ ဝင်သွားနိုင်ပြီး အထဲမှာရှိ​နေတဲ့ အန်ဂျီနဲ့ ၂​ယောက်တည်း ၁ကမ္ဘာ ပိတ်မိ​သွားသတဲ့။ ကျမ်းစာ​တွေ ထုံးလို​မွှေ​ရေလို​နှောက် ဖတ်ထားတဲ့ ဆယ်လီက​ ဒီလက္ခကာ​တွေကကမ္ဘာကြီး​မှာ Sinner​တွေများလာလို့ ကပ်​ဆေးတာလို့ အတွင်တွင် ​ပြောသလို အန်ဂျီကလည်း စွာ​တေး ကလပ်မယ်ပီပီ ဘုနဲ့​ဘောက်နဲ့ပြန်​ပြောရင်း ကလပ်ထဲက​နေလွတ်​အောင်၊ မိုး​​ပေါ်က​နေ ကျလာတဲ့ အရာ​တွေ ရန်ကလည်းဝေး​အောင် ၂​ယောက်သားကြိုးစားကြရင်း ​နောက်ထပ်ပြဿနာ​တွေနဲ့ ရင်ဆိုင်ရပါ​တော့တယ်။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူက‌တော့ Jim X ပါ ) File Size__(1.5GB) / (750MB) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:26:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Action • Comedy • Thriller
5.4 2022 86 mins
Revealer
Merrill's Marauders
6.2

ဒုတိယကမ္ဘာစစ်အတွင်းက ဗမာပြည်စစ်မြေပြင် Burma Campaign ရဲ့ နာမည်ကြီးတိုက်ပွဲဖြစ်တဲ့ မြစ်ကြီးနားတိုက်ပွဲကိုဆင်နွှဲခဲ့တဲ့ ဗိုလ်ချုပ် Merrill နဲ့ သူ့ရဲ့တပ်ဖွဲ့ Merrill's Marauders အကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကားပါ...ဂျပန်တွေလက်ထဲက မြစ်ကြီးနားကို သိမ်းဖို့ ပြောက်ကျားတပ်ဖွဲ့ ၂ ဖွဲ့ ဖွဲ့ခဲ့ပြီး တစ်ခုက မရောက်ဒါးတပ်ဖွဲ့နဲ့ နောက်တစ်ဖွဲ့က Levi Scout (Kachin Scout) လို့ခေါ်တဲ့ ကချင်လူမျိုးတွေအများဆုံးပါဝင်တဲ့တပ်ဖွဲ့ပါ။ "ယမ်းငွေ့ဟာ ပန်းမွေ့ယာဖြစ်မလာနိုင်ဘူး" တဲ့။ "စစ်တိုက်တယ်ဆိုမှတော့ ပန်းတွေနဲ့ပေါက်ကြတာမှ မဟုတ်ဘဲလေ"။ "စစ်" ဆိုတဲ့ ကဗျာခေါင်းစဉ်လေးအောက်မှာ "ဒုံးဒုံးဒက်ဒက်၊ တုံးလုံးပက်လက်" ဆိုပြီး နှစ်ကြောင်းထဲနဲ့ စစ်ရဲ့ အနိဌာရုံကို ထင်ဟပ်နိုင်သလိုပေါ့။ လူတွေဟာ စစ်တိုက်ဝါသနာ ပါသလားမသိ။ အခုထိ ကမ္ဘာ့စစ်ပွဲကြီး နှစ်ကြိမ်ဖြစ်ပြီးသွားပြီ။ ဒါပေမဲ့ စစ်တိုက်တယ်ဆိုတာနဲ့ လူအများပြေးမြင်တာက ကျည်ဆံတွေ ပလူပျံနေတုန်း ပြေးကြ လွှားကြ၊ သွေးသံရဲရဲ သေပွဲဝင်ကြ၊ ကိုယ့်ရဲဘော် ကျဆုံးသွားတဲ့အခါ မျက်ဝန်းနီကြီးတွေနဲ့ အံတင်းတင်းကြိတ်ပြီး မိုက်ရူးရဲ ရှေ့တက်ပစ်ခတ်ကြ။ ဒါပေမဲ့ ဒီကားမှာတော့ အဲဒီမြင်ကွင်းတွေကို သိပ်ပြီး မြင်ရဖို့မရှိပါဘူး။ စစ်တိုက်တယ်ဆိုတာ သေနတ်နဲ့ပစ်ရဲရမယ်။ ကိုယ့်ကိုကျည်ဆံမှန်ရင်လည်း သေရဲရမယ်။ သေရဲသတ်ရဲရမယ်ဆိုတာနဲ့တင် ပြီးတာမဟုတ်ဘူး။ ရိက္ခာမလုံလောက်၊ အဖျားရောဂါထူနေဆဲမှာ လမ်းခရီးကြမ်းကြီးကို တိုက်ပွဲဝင်လက်နက်၊ ကျည်ဆံ၊ လက်နက်ကြီးတွေကို အပါသယ်ပြီး ချီတက်နိုင်တာကလည်း သိပ်အရေးပါတဲ့ စစ်ရေးစွမ်းရည်တစ်ခုပါ။ ဒီဇာတ်ကားကတော့ ဖက်ဆစ်နာဇီဂျာမန်တပ်နဲ့ ဂျပန်တပ်တို့ကို ဒုတိယကမ္ဘာစစ်မှာ မဟာမိတ်တပ်ပေါင်းစုနဲ့ ပြန်လည်ထိုးစစ်ဆင် ဟန့်တားရတဲ့အကြောင်းပါပဲ။ ဂျာမန်တပ်တွေကလည်း ကမ္ဘာ့အရှေ့ခြမ်းကို လမ်းပွင့်အောင် အပြင်းအထန် တိုက်စစ်ဆင်လာပြီး ဂျပန်ကလည်း ဂျာမန်တပ်တွေနဲ့ ပူးပေါင်းနိုင်အောင် ကမ္ဘာ့အနောက်ခြမ်းကို ချီတက်နေချိန်ပေါ့။ ဗမာပြည် (မြန်မာနိုင်ငံ) ကနေ ဆုတ်ခွာခဲ့ရတဲ့ ဗြိတိလျှတပ်တွေဟာ မဟာမိတ်အဖွဲ့တွေနဲ့ စုပေါင်းပြီး အိန္ဒိယကနေ ဗမာပြည် မြစ်ကြီးနားကိုပြန်သိမ်းဖို့ ကြိုးစားရပါတယ်။ ဂျပန်ဟာ ဗမာပြည်ကိုသိမ်းပိုက်ပြီးတော့ လေကြောင်းအချက်အချာကျရာမြို့ဖြစ်တဲ့ မြစ်ကြီးနားကို အပိုင်တပ်ထိုင်ထားတယ်။ ဂျပန်ဘုရင့်တပ်မတော် အမှတ် (၁၈) လို တိုက်ခိုက်ရေး နာမည်ကြီးတပ်ကိုယ်တိုင် ထိမ်းထားခြင်းဖြစ်လို့ မြစ်ကြီးနားရဲ့ အရေးပါပုံကို ခန့်မှန်းနိုင်ပါတယ်။ အဲဒီမှာပဲ စေတနာ့ဝန်ထမ်းလုပ်လာတဲ့ လူမျိုးပေါင်းစုံကို အမှတ် (၅၃၀၇) တပ်ပေါင်းစု (ယာယီ) အဖြစ်ဖွဲ့စည်းခဲ့ပြီး အင်အားသုံးထောင်ရှိပါတယ်။ ဗမာပြည်ကို ပြန်သိမ်းဖို့ကြိုးစားတဲ့ တပ်တွေထဲက တစ်စိတ်တပိုင်းဖြစ်လာခဲ့တာပေါ့။ သူတို့တပ်ကြီးဟာ ဂျပန်နယ်မြေထဲကို မိုင် (၂၀၀) ကျော်အထိ အင်မတန်ကြမ်းတမ်းတဲ့ တောတောင်ခရီကြမ်းနှင်လို့ တိတ်တဆိတ်ချဉ်းကပ်ဝင်ရောက်လာပြီး ဂျပန်တွေရဲ့ ရိက္ခာထောက်စခန်းဖြစ်တဲ့ Walawbum ကို သိမ်းပိုက်ခဲ့ကြတယ်။ သူတို့ရဲ့ ချီတက်ရေးနဲ့ စစ်ဆင်ရေးဟာ ကြမ်းတမ်းလွန်းလို့ အကြီးအကျယ်စစ်ပန်းနေကြပေမယ့် သူတို့ဟာ Shaduzup က ရထားဘူတာကို စိမ့်နွံအိုင်မြေထဲကိုဖြတ်ပြီး ချီတက်ရပြန်ပါတယ်။ ဆရာဝန်တစ်ယောက်ရဲ့ သုံးသပ်ချက်ကတော့ စစ်တိုက်ရန် မဖြစ်နိုင်လောက်အောင် ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေး မရှိကြသော ဂျုံးဂျုံးကျ တပ်သားများပေါ့။ ကိုယ့်သူငယ်ချင်း ကိုယ့်မိတ်ဆွေတွေဟာ ကိုယ့်ရှေ့မှာပဲ သေကြကြေကြလွန်းတော့ လူတွေဟာ စိတ်ခံစားချက်တွေ ထုံသွားကြတယ်။ လူတစ်ယောက်လဲသေတယ်။ ငုံကြည့်လိုက်ကြတယ်။ ပြီးတော့ ကိုယ်နဲ့မဆိုင်သလို ဆက်လျှောက်သွားကြတယ်။ မျက်ရည်ခြူ စစ်ပေါကားတွေလို မေးရိုးကြီးတွေထောင်မနေဘူး။ လက်စားချေမယ်ကွလည်း မအော်ဘူး။ သတ်စရာရှိ သတ်လိုက်ကြတယ်။ သေစရာရှိ သေလိုက်ကြတယ်။ ကဲ ဂျုံးဂျုံးကျစစ်သားကြီးတွေနဲ့ သူတို့ရဲ့ နှလုံးရောဂါသည် ဗိုလ်ချုပ် (အမှန်ကတော့ ဗိုလ်မှူးချုပ် ပါ။ အဲဒီအခါက စစ်တပ်မှာ အခေါ်ရခက်တဲ့ ရှည်တဲ့ရာထူးဆိုရင် ခေါ်ရလွယ်တဲ့ တစ်ဆင့်မြင့်ရာထူးတပ်ခေါ်လိုက်ကြတာပါပဲ။) တို့ဟာ နောက်ထပ် မိုင် ၃၀၀ လောက်ကျန်သေးတဲ့ မြစ်ကြီးနားကို စစ်ပန်းလွန်းလို့ သေလုဆဲဆဲအခြေအနေမှာ ဝင်တိုက်ပေးဖို့ တောင်းဆိုခံရပါတယ်။ အစတည်းက ဖွဲ့ထားတဲ့တပ်က စစ်ပြန်တွေကို ပြန်စုစည်းထားတဲ့ စေတနာ့ဝန်ထမ်းတပ်။ စေတနာ့ဝန်ထမ်းတပ်ဆိုတာက လစာမရတဲ့ တပ်လို့ပြောတာ မဟုတ်ပါဘူး။ ခက်ခဲကြမ်းတမ်းတဲ့ စစ်ဆင်ရေးကို ဝါရင့်ပုဂ္ဂိုလ်ကြီးတွေက တိုက်ပေးပါ့မယ်ဆိုပြီး ကမ္ဘာပေါ်မှာ ဖက်ဆစ်စနစ်မစိုးမိုးဖို့ စေတနာ့ဝန်ထမ်း တိုက်ပေးတာကိုပြောတာပါ။ သူတို့ဟာ မဖြစ်နိုင်တာကို လုပ်ပြခဲ့ကြတယ်။ ကမ္ဘာ့အခက်ခဲ အကြမ်းတမ်းဆုံး ခရီးကြမ်းကြီးကို အပြင်းအထန်စစ်ပန်းနေတုန်းမှာ ချီတက်ခဲ့ကြပြီး ရောက်ရောက်ချင်း မြစ်ကြီးနားကိုသိမ်းတဲ့ တိုက်ပွဲကြီးကိုလည်း ဆင်နွှဲနိုင်ခဲ့တယ်။ ပြီးတော့ မြစ်ကြီးနားကို သိမ်းပိုက်နိုင်ခဲ့တယ်။ အမေရိကန်အစိုးရရဲ့ ဂုဏ်အယူရဆုံး တပ်ဖွဲ့ကြီးပေါ့။ သူတို့ကို သူတို့ဗိုလ်ချုပ်နာမည် မီရီလ် ကို အစွဲပြုပြီး "မီရီလ် ရဲ့ လှည့်လှည်ကျက်စား သားရဲများ" လို့ အမည်ပေးခဲ့ကြပါတယ်။ ဇာတ်ကားရဲ့ အမည်ဖြစ်သလို သူတို့တပ်ရဲ့ အမည်လည်းဖြစ်ပါတယ်။ မရောက်ဒါးတပ်ဖွဲ့ကြီးမှာ ချင်းလူမျိုးတွေနဲ့ ကချင်လူမျိုးတွေ ပါဝင်တိုက်ပွဲဝင်ခဲ့ပြီး သူရဲကောင်းဆုတံဆိပ်တွေလည်း ရခဲ့ကြပါတယ်။ ‌ရုပ်ရှင်ပညာ မထွန်းကားသေးတဲ့အချိန်က ရိုက်ကူးခဲ့တာဖြစ်လို့ အားနည်းချက်တွေ ရှိနေပေမယ့် သမိုင်းကြောင်းအရရော၊ ရုပ်ရှင်ရသအရရော ကြည့်ရှုသင့်တဲ့ ဇာတ်ကားဖြစ်ပါကြောင်း။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားတာပါ။) File size…(2.3 GB)/(900 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:38:04 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Crime • Thriller
6.2 1962 98 mins
Merrill's Marauders
Spider-Man: Far From Home
7.5

Endgame အပြီးမှာ ထွက်လာတဲ့ကားတွေကို ကြည့်ရတာ သိပ်အားရပါတော့မလားလို့ တွေးမိပေမယ့် မာဗယ်ကတော့ ပိုပိုကောင်းအောင် လုပ်ပြနိုင်တုန်းပါပဲ။ ဒီစပိုက်ဒါမန်းကားကို အကြိုက်တွေ့ကြမှာပါ။ ဇာတ်လမ်းအကျဉ်း… သားနို့စ်နဲ့တိုက်ပွဲအပြီးမှာ ကမ္ဘာကြီးဟာ အပြိုင်စကြဝဠာတွေနဲ့ ချိတ်ဆက်တဲ့ ဝင်ပေါက်တွေ ပေါ်လာခဲ့ပါတယ်။ ကမ္ဘာတစ်ခုက သူရဲကောင်း မစ်စ်တီးရီယိုဟာ သူ့ရဲ့ကမ္ဘာကို ဖျက်ဆီးသွားတဲ့ သတ္တဝါဆိုးတွေ လက်ရှိ စပိုက်ဒါမန်းတို့ ကမ္ဘာကို ရောက်လာတာကြောင့် လိုက်လံတိုက်ခိုက်ရင်း နစ်ခ်ဖြူရီ၊ စပိုက်ဒါမန်းတို့နဲ့ မိတ်ဆွေဖြစ်လာပါတယ်။ စပိုက်ဒီနဲ့ မစ်စ်တီးရီယိုတို့ ပေါင်းပြီး ဒီအန္တရာယ်တွေကို ရင်ဆိုင်ရပါလိမ့်မယ်…… (ဘာသာပြန်ပေးထားသူကတော့ Littleneo ပါ) File size…(5.7 GB)/(2.1 GB)/(1 GB) Quality….IMAX 4K HEVC/ DS4K 1080p / 720p Format…mkv/mp4 Duration….02:09:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo

Action • Crime
7.5 2019 129 mins
Spider-Man: Far From Home
Where the Tracks End
7.2

Where the Tracks End (2023) ~ IMDb rating – 7.2/10 ~ ” လောကကြီးမှာ ရှင်သန်နိုင်ဖို့ ပုတ်သင်ညိုလို ပတ်၀န်းကျင်နဲ့လိုက်ပြီး လိုက်လျောညီထွေနေတတ်ရမယ် ” တဲ့။ ဒီကားထဲက အဓိကကျတဲ့ဒိုင်ယာ‌လော့ပါ။ အဓိပ္ပါယ်ရှိပါတယ်။ ဘ၀မှာ ရေကြည်ရာမြက်နုရာ နေထိုင်ရင်း ဆက်လက်ရှင်သန်ဖို့ ကြိုးစားရမှာပါ။ အေးအေးငြိမ်ငြိမ်လေးကြည့်ရမယ့် စပိန်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အီကာဆိုတဲ့ကောင်လေးနဲ့ သူ့သူငယ်ချင်းကလေးတွေက အဓိကဇာတ်လိုက်တွေပါ။ အီကာရဲ့အဖေက ရထားလမ်းဖောက်တဲ့အလုပ်သမားဖြစ်တဲ့အတွက် သူတို့မိသားစုက ရထားလမ်းဖောက်ရာ မြို့တွေတစ်မြို့ပြီးတစ်မြို့ ပြောင်းရွှေ့နေထိုင်ရပါတယ်။ ဒီလိုနဲ့ မက်ဆီကိုက နယ်မြို့လေးတစ်မြို့ကို ရောက်လာပါတယ်။ ဒီ‌နေရာလေးမှာ သူချစ်ခင်ရတဲ့ သူငယ်ချင်းတွေ၊ ဆရာမနဲ့ ခွေးလေးကို ရခဲ့ပါတယ်။ နယ်မြို့လေးဆိုတော့ စာသင်ကျောင်းလေးကလည်း ကျောင်းသားအနည်းစုပဲရှိပြီး ကျောင်းအုပ်ဆရာမတစ်ယောက်တည်းကပဲ စာသင်ပေးပါတယ်။ အဲဒီဆရာမက အီကာကို စာဖတ်တတ်အောင် သင်ပေးပါတယ်။ သူက အီကာကို ပုတ်သင်ညိုတစ်ကောင်လို နေနိုင်ရမယ်လို့ ‌ဆုံးမခဲ့သူပါ။ အီကာချစ်ခင်ရတဲ့ သူငယ်ချင်းတွေလည်းရလာပြီး သူတို့နဲ့ အတူ ကလေးသဘာ၀ဆော့ကစားရင်း အီကာက ဒီမြို့လေးကနေ မပြောင်းချင်တော့ပါဘူး။ ရထားလမ်းဖောက်တဲ့နေရာမှာလည်း အလုပ်ရှင်က အလုပ်သမားတွေကို ညှာတာမှုမရှိဘဲ အလုပ်မြန်မြန်ပြီးအောင် ခိုင်းတာပါ။ နောက်တော့ အီကာမပြောင်းချင်တာကိုသိတဲ့ မိဘတွေက အလုပ်ထွက်ပြီး ဒီမြို့လေးမှာပဲအခြေချဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အီကာပျော်နေတုန်းမှာပဲ သူ့အဖေက အလုပ်ထဲမှာမတော်တဆဖြစ်ပြီးဆုံးသွားတဲ့အခါ….. အဖေမရှိတော့တဲ့အတွက် အီကာတို့သားအမိ ဘယ်လိုဆက်လုပ်ကြမလဲ… အီကာက ဆရာမပြောသလို ပုတ်သင်ညိုလို ဘယ်နေရာမှာမဆို ရှင်သန်နိုင်အောင် ကြိုးစားမှာလား… သိချင်ရင်တော့ ဆက်လက်အားပေးလိုက်ကြပါဦး။ တစ်ခုခုတော့ ရင်ထဲကျန်ခဲ့မှာသေချာပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 750MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 35Min Genre – Comedy, Drama, Family Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

7.2 2023
Where the Tracks End
The Spies
6.2

The Spies 2012 အညွှန်း စပိုင်ကားတွေ ကြိုက်ပါတယ်ဆိုတဲ့လူတွေအဖို့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ မြောက်ကိုရီးယားစပိုင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ IMDB 6.2/10 ရရှိထားပြီး Box office 8.3 မီလီယံရရှိထားတာက ၂၀၁၂ ခုနှစ်က အတိုင်းအတာနဲ့ဆို တော်တော်လေး အောင်မြင်ခဲ့တဲ့ ကားလေးတစ်ကားဖြစ်ခဲ့တာပေါ့။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ၁၉၉၀ ‌ခေတ်ကာလက မြောက်ကိုရီးယားစပိုင်တွေ တော်တော်ခေတ်ထခဲ့တဲ့ကာလဖြစ်ပါတယ်။ မြန်မာနိုင်ငံက အာဇာနည်ဗိမာန်ဗုံးဖောက်ခွဲမှုကလည်း မြောက်ကိုရီးယားစပိုင်လက်ချက်ပါပဲ။ မြောက်ကိုရီးယားစပိုင်တွေကို တောင်ကိုရီးယားဆီ စေလွှတ်ခဲ့ပြီး နိုင်ငံရေးအခြေအနေကို ထောက်လှမ်းနေခဲ့ကြပါတယ်။ အဲထဲမှာမှ အဖွဲ့မှူးဂင်ကတော့ ရောက်တာကြာနေပြီး မိသားစုကို ဗီရာဂရာ (လိင်ကြီးဆေး) တွေရောင်းပြီး ခက်ခက်ခဲခဲ ရှာကျွေးနေရတာပါ။ တစ်နေ့ကျတော့ မြောက်ကိုရီးယားက ဝန်ကြီးတစ်ယောက် တောင်ကိုရီးယားကိုသစ္စာဖောက်ပြီး နိုင်ငံရေးခိုလှုံခွင့်တောင်းဆိုလာတဲ့အခါမှာတော့ အရှုပ်အထွေးတွေ စတင်လာပါတော့တယ်။ အဲအချိန်မှာ မြောက်ကိုရီးယားဘက်က စစ်ဆေးရေးခေါင်းဆောင်ကို စေလွှတ်ပြီး အဖွဲ့မှူးဂင်တို့ဆီ ဆက်သွယ်ကာ တောင်ကိုရီးယားမှာ ရောက်နေတဲ့ မြောက်ကိုရီးယားစပိုင်အဖွဲ့ကို ပြန်လည်စုစည်းပြီး ဝန်ကြီးကို လုပ်ကြံဖို့ ကြိုးစားကြပါတော့တယ်။ အဲလိုကြိုးစားတဲ့နေရာမှာ ဘယ်လိုတွေဆက်ဖြစ်မလဲ အောင်မြင်ပါ့မလား ဘယ်လိုအလွဲလေးတွေ ပေါ်လာမလဲဆိုတာ CM ဖန်သားပြင်ပေါ်က ကြည့်ရှုလိုက်ပါဦးနော် ဒီကားထဲမှာ မင်းသားအနေနဲ့ အားလုံးပဲသိကြတဲ့ ‌Detective K ရုပ်ရှင်တွေထဲက မင်းသားရယ် စုံထောက်ကားတွေဆို ပါနေကြဖြစ်တဲ့ မင်းသားကြီး Yu Haejin ရယ်ကောပါဝင်ထားတာဖြစ်လို့ အက်ရှင်ကို ဟာသလေးနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ် Genre….. Horror Quality…. 1080p | 720p File size… 1.9GB | 783MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator …..Kaung Set Encoder ….. Aaron

6.2 2012
The Spies
Chhota Bheem MahaShaitaan Ka Mahayudh
9.1

Chhota Bheem Mahashaitaan Ka Mahayudh (2023) ချိုတာဘီးမ်နှင့် မဟာရှိုက်တန်နတ်ဆိုးကြီး IMDb- 9.1/10 ကျွန်တော်တို့ ငယ်ငယ်ကကြည့်ခဲ့ရတဲ့ ချိုတာဘီးမ်ကာတွန်းကားလေး ဇာတ်ကားအနေနဲ့ထွက်လာခဲ့ပါပြီ။ လောလောလတ်လတ် အဗာထာကြည့်ပြီးတဲ့သူတွေဆို ပိုပြီးတော့ သဘောခွေ့ကြမှာပါ။ မီး,ရေ,လေ နဲ့ မြေဆိုတဲ့ ချက္ကရာလေးခုသာရှိနေသေးပြီး အာကာသချက္ကရာဆိုတဲ့ ငါးခုမြောက်ချက္ကရာ မပွင့်သေးချိန် မဟာရှိုက်တန်လို့ခေါ်တဲ့ နတ်ဆိုးကြီးက ကမ္ဘာမြေကိုသိမ်းပိုက်ဖို့အတွက် ကမ္ဘာမြေကြီးပေါ်ကိုရောက်ရှိလို့လာခဲ့ပါတော့တယ်။ ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ကြံစည်ရင်း မဟာရှိုက်တန်ဟာ သူ့တပည့် ရန်ဂနာကို လူသားတွေကို ဇွန်ဘီးနဲ့ ဗန်ပိုင်းယားတွေဖြစ်အောင်ပြောင်းခိုင်းပြီး လူသားတွေအကုန်မျိုးပြုတ်အောင်ကြံစည်ပါတော့တယ်။ ဒီလို ကမ္ဘာကြီးကို အုပ်စိုးဖို့လာခဲ့တဲ့ မဟာရှိုက်တန်နဲ့ ချိုတာဘီမ်းတို့သူငယ်ချင်းတစ်သိုက်နဲ့ တွေ့ကြတဲ့အခါမှာတော့ ချိုတာဘီးမ်တို့ သူငယ်ချင်းတစ်သိုက်က ကမ္ဘာကြီးကို ကယ်တင်ဖို့ ဘယ်လိုတွေ လုပ်ဆောင်သွားမလဲ…….. ငါးခုမြောက်ချက္ကရာကရော ပွင့်သွားမလား …… ဆိုတာတွေကို ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ V ~ BpL ~ Alex ~ ToMo ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

9.1 2023
Chhota Bheem MahaShaitaan Ka Mahayudh
The Green Hornet
5.8

The Green Hornet (2011) နာမည်ကျော်ဟာသမင်းသား seth rogen အော်စကာဆုပိုင်ရှင် သရုပ်ဆောင်ဆရာကြီး Christoph Waltz , တရုတ် ကိုရီးယား အမေရိကန် ဂျပန် ကားမျိုးစုံကို ရိုက်ခဲ့တဲ့ ထိုင်ဝမ်အဆိုတော် မင်းသားJay Chou တစ်ခေတ်တစ်ခါက အလှနတ်ဘုရားမဖြစ်ခဲ့ဖူးတဲ့ Cameron Diaz ဒီလိုနာမည်ကြီးတွေ အစုံပါတဲ့အပြင် seth rogenရဲ့ ဘော်ဒါ ဂျိန်းဖရန်ကိုကလည်း ဧည့်သည်အဖြစ်သရုပ်ဆောင်ပေးထားသေးတယ်။ ဒီဇာတ်လမ်းကတော့ ကျွန်တော်တို့ငယ်ငယ်လေးကတည်းက နာမည်ကြီးခဲ့ဖူးတဲ့ စူပါဟီးရိုးရုပ်ရှင်ပဲဆိုတော့ တော်တော်များများရင်းနှီးပြီးသားဖြစ်မှာပါ။ ချမ်းသာတဲ့ သတင်းစာတိုက်ပိုင်ရှင်ရဲ့သားနဲ့ သိုင်းလည်းတော် တီထွင်တာလည်းတော်တဲ့ တရုတ်ကလေးတစ်ကောင်ပေါင်းပြီး မြို့ကြီးကို ကယ်တင်ဖို့ ဘတ်မန်းလိုလို စူပါဟီးရိုးထလုပ်တဲ့ ဇာတ်လမ်းပါပဲ။ ထူးတာက ဒီကားက စူပါဟီးရိုးဇာတ်ဖြစ်ပေမဲ့ ရိုက်တဲ့ဒါရိုက်တာက Michel Gondryပါ။ Eternal Sunshine of the Spotless Mindရဲ့ ဒါရိုက်တာပေါ့။ ကြည့်ဖူးရင်လည်း အမှတ်တရပြန်ကြည့်ဖို့ကောင်းသလို မကြည့်ဖူးရင်လည်း မြည်းစမ်းကြည့်သင့်တဲ့ ပေါ့ပေါ့ပါးပါးဟာသတွေနဲ့ ပေါ့ပေါ့ပါးပါးရုပ်ရှင်လေးပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File size_(2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Action, Comedy, Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by WiRa Aung

Horror
5.8 2011
The Green Hornet
House of Flying Daggers
7.6

House of Flying Daggers (2004) IMDb Rating (7.5) / Rotten Tomatoes (87%) Hero တို့ The Great Wall တို့ Full River Red တို့ စတဲ့နာမည်ကျော်တရုတ်ကားတွေရဲ့ ဒါရိုက်တာ Zhang Yimou ရဲ့ ဂန္တဝင်ရုပ်ရှင်ကားကြီးပါ။ မင်းသားကြီး Andy Lau ရဲ့ ပျိုမြစ်မှုကုန်ဆုံးကာစ ကျက်သရေရှိခံ့ညားထည်ဝါမှုတွေ ရောက်လာကာစအချိန် သူ့ရဲ့ prime time မှာ ဒီဇာတ်ကားကို သရုပ်ဆောင်ခဲ့ပါတယ်။ နောက်မင်းသားကတော့ ထိုင်ဝမ်နွယ်ဖွား ဂျပန်မင်းသားကြီး Takeshi Kaneshiro ပါ။ မင်းသမီးကတော့ တရုတ်မင်းသမီးတွေထဲ တကယ့်ထိပ်တန်းဆိုတဲ့ အလှပဂေးလေး Zhang Ziyi ပါပဲ။ ဇာတ်လမ်းကတော့ …… ဂန္ဓာလရာဇ်ပြည် တန်မင်းဆက်ရဲ့ နေဝင်ဆည်းဆာအချိန်ပေါ့ဗျာ။ မင်းဧကရာဇ်ရဲ့ ညံ့ဖျင်းမှု၊ ဝိသမလောဘသား အကျင့်ပျက်အစိုးရ အရာရှိမင်းတွေရဲ့ ပြည်သူအပေါ် နှိပ်စက်မှုတွေကြောင့် ဒုက္ခရောက်နေကြတဲ့ ပြည်သူပြည်သားတွေဟာ အဖွဲ့အစည်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ဧကရာဇ်နဲ့တကွ အစိုးရကို တော်လှန်ပုန်ကန်လာကြတဲ့ ခေတ်ပျက်ကာလကို အခြေတည်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဓားပျံအိမ်တော် ဆိုတဲ့ တော်လှန်ရေးမြေအောက်အဖွဲ့အစည်းတစ်ခုအကြောင်း ရိုက်ကူးတင်ဆက်ထားပါတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့ဟာ သမိုင်းမှာ တကယ်ရှိခဲ့တာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီကာလက ပေါ်ပေါက်ခဲ့တဲ့ မြေအောက်အဖွဲ့အစည်း အမျိုးမျိုးကို ကိုယ်စားပြုနေပါတယ်လေ။ စီရင်စုရဲမတ်အရာရှိမင်းနှစ်ယောက်ဖြစ်တဲ့ ချင် နဲ့ လျို တို့ဟာ ဓားပျံအိမ်တော် မြေအောက်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာ ပါဝင်ခဲ့ကြသူတွေပါ။ အဲဒီအချိန် လုပ်ကြံခံခေါင်းဆောင်ရဲ့ မျက်မမြင်သမီးလေး ရှောင်မေ က ပန်းနီဆောင်ကြာမြိုင်မှာ ရုတ်တရက် ပေါ်လာခဲ့ပါတယ်။ ဒီတော့ ပေါ်ထွက်လာတဲ့ ခေါင်းဆောင်အသစ်ကို လုပ်ကြံဖို့ အမိန့်ပေးခံရတဲ့ ရဲမတ်အရာရှိမင်းနှစ်ယောက်က အကွက်ချကြံစည်ပြီး ရှောင်မေ‌ ကိုအယုံသွင်းလို့ ဓားပျံအဖွဲ့ဆီ ဆက်သွယ်နိုင်အောင် ကူညီပေးနေကြတာပေါ့။ အကြံသမား ရဲမတ်အရာရှိမင်း လျို နဲ့ ချင် တို့ဟာ ကွက်ကျော်မြင်တတ်တဲ့ အရည်အချင်းရှိ အရာရှိတွေဖြစ်သလို ရှောင်မေ ဟာလည်း ဉာဏ်ထက်သ‌လောက် ဉာဏ်များလွန်းလှတဲ့ အလှပဂေးမလေးပါ။ ဒီလိုနဲ့ အသွင်ယူအရာရှိ ချင် နဲ့ ရှောင်မေ တို့က ဓားပျံဌာနချုပ်ရှိရာ မြောက်အရပ်ကို ဦးတည်ထွက်ခွာလာခဲ့ပါတယ်။ အရာရှိ လျို ကတော့ တိတ်တဆိတ် လိုက်ပါကူညီလျှက်ပေါ့။ ဒါပေမဲ့ ဂျင်ပေါ်က ထုံးတွေဖြစ်ကြသူတွေ ဖြစ်တာနဲ့အညီ အပြန်အလှန်လှည့်ကွက်တွေ၊ အသုံးချစတေးမှုတွေကြားမှာ လှပသလောက် နာကျင်ဖွယ် လွမ်းမောဖွယ် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ခု ဖြစ်တည်လာတဲ့အခါ …။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

7.6 2004
House of Flying Daggers
Haunted Wedding
6.3

Haunted Wedding ကတော့ သရဲခြောက်မယ့်မင်္ဂလာဆောင် အကြောင်းရိုက်ကူးထားတာဖြစ်ပေမယ့် Romance အချစ် ဇာတ်လမ်းချိုချိုလေးကို ဟာသနှောရိုက်ကူးထားတာကြောင့် ပေါ့ပေါ့ပါးပါးအပန်းဖြေကြည့်ရှုရမယ့်ရုပ်ရှင်ကားဖြစ်ပါတယ်။ Billionaire Ransom နဲ့ Vampire Academy ကမင်းသားချော ဖြစ်တဲ့ Dominic Sherwood က အဓိကပါဝင်သရုပ်ဆောင် ပေးထားပါတယ်။ ဘရိုင်ယန်နဲ့ဂျန်နာတို့ဟာ သရဲကိုသိပ္ပံနည်းကျလိုက်လံရှာဖွေရတာကို ဝါသနာထုံသူဖြစ်ကြပါတယ်။ တစ်ရက်မှာတော့ ဘရိုင်ယန်က ဂျန်နာကိုလက်ထပ်ခွင့်တောင်းခဲ့တာကြောင့် ဝါသနာတူနှစ်ဦးဖြစ်တဲ့ ဘရိုင်ယန်နဲ့ဂျန်နာဟာ သရဲအရမ်းခြောက်လို့နာမည်ကြီးတဲ့ကီးစတုန်း အိမ်ကြီးမှာ မင်္ဂလာပွဲကျင်းပဖို့ ရွေးချယ်လိုက်ကြပါတယ်။ ကီးစတုန်းအိမ်ကြီးမှာ ရာစုနှစ်ပေါင်းများစွာလူတွေကိုခြောက်လှန့်လာခဲ့တဲ့ သရဲမလေးအန်ဂျယ်လစ်ဟာ သူနဲ့စေ့စပ်ထားပြီးလက်ထပ်ဖို့ရောက် မလာခဲ့တဲ့မယ်လ်ကွန်ကို မျှော်လင့်စောင့်စားနေတုန်းမှာပဲ ကီးစတုန်းကို ရောက်လာတဲ့ဘရိုင်ယန်ဟာ မယ်လ်ကွန်နဲ့ရုပ်ချင်းချွတ်စွပ်တူနေတာကို တွေ့လိုက်ရပါတော့တယ်။ ဘရိုင်ယန်နဲ့ဂျန်နာတို့အကူအညီနဲ့ မယ်လ်ကွန် ကလည်း သူ့လိုပဲမကျွတ်လွတ်သေးဘဲရှိနေတာကိုသိလိုက်ရပြီးတဲ့ နောက်မှာတော့ အန်ဂျယ်လစ်ဟာ သူတို့နှစ်ဦးပြန်ပေါင်းဖက်နိုင်ဖို့အရေး ဆက်ကူညီမပေးဘူးဆိုရင် ဘရိုင်ယန်နဲ့ဂျန်နာတို့မင်္ဂလာပွဲကိုဖျက်မယ်လို့ ခြိမ်းခြောက်လာတဲ့အခါ အန်ဂျယ်လစ်နဲ့မယ်လ်ကွန်တို့ပြန်ပေါင်းစည်း နိုင်မှာလား။ ဘရိုင်ယန်နဲ့ဂျန်နာတို့မင်္ဂလာပွဲကိုကျင်းပနိုင်မှာလားဆိုတာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… 1.59GB / 803MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 24m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.3 2024
Haunted Wedding
Jeepers Creepers
6.1

Jeeper Creeper ဇတ်ကားဟာဆိုရင် 2001ခုနှစ်ကထွက်ရှိခဲ့တဲ့ အမေရိကန်Horrorဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ 2001ခုနှစ်ကထွက်ရှိခဲ့တယ်ဆိုပေမယ့် တကယ့်ကို Horror ဆန်ပြီး ကြည့်ရှုသူတွေကို စိတ်လှုပ်ရှားမှုရသအပြည့်ပေးနိုင်တာကြောင့် အောင်မြင်လူကြိုက်များခဲ့လို့ အပိုင်း2နဲ့အပိုင်း3ကို ဆက်လက်ရိုက်ကူးခဲ့ပါတယ်။1938မှာကျော်ကြားခဲ့တဲ့ Jeeper Creeperသီချင်းကို ယူပြီးဇာတ်ကားထဲမှာ ရိုက်ကူးခဲ့ပါတယ်။ Horrorကားတွေကြိုက်တဲ့ ပရိတ်သတ်တွေတော့တကယ်ကိုကြည့်သင့်ဇာတ်လမ်းကောင်းပါ။Jeeper Creeper ဆိုတဲ့ သတ္တဝါကြီးဟာ နှစ်အပိုင်းအခြားတစ်ခုရောက်တိုင်း လူလောကကိုလာပြီး လူတွေကိုသတ်ဖြတ်စားသောက်တဲ့ သတ္တဝါကြီးတစ်ကောင်ပါ။ သူဘယ်သူလဲဆိုတာသေချာမသိရသလို သတ်ဖြတ်စားသောက်တယ်ဆိုတာလည်း သူ့ကိုယ်သူပြန်လည်လာရောက်တည်ဆောက်တဲ့သဘောပါ။သတ်တဲ့အခါမှာလည်း တွေ့သမျှ လူတိုင်းကို သတ်လေ့မရှိဘဲ လူတွေရဲ့အကြောက်တရားကိုအခြေခံထားပြီး သတ်လေ့ရှိတာပါ။ ဇာတ်ဝင်ခန်းတွေက တကယ်ကိုအသက်ပါပြီး ရင်တထိတ်ထိတ်ကြည့်ရမှာမို့လို့ Horror ပရိသတ်တွေသေချာပေါက် ကြိုက်ကြမှာပါ။အားပေးကြလွန်းလို့ နောက်ထပ် ၂ကားပါဆက်ရိုက်ထားတဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့…….. နွေရာသီအားလပ်ရက်တွေမှာ ဒယ်ရီနဲ့သရစ်ရှာတို့မောင်နှမနှစ်ယောက်ဟာ အိမ်ကိုပြန်လာခဲ့ကြပါတယ်။လမ်းမှာ ကားတစ်စီးနဲ့တိုက်မိမလိုဖြစ်ပြီး အဲ့ကားကိုမောင်းတဲ့သူက လမ်းမကြီးဘေးမှာရှိတဲ့ ဘုရားကျောင်းအိုကြီးထဲကို ပိုက်လုံးတွေထဲကနေ လူသေအလောင်းကိုပစ်ချနေတာတွေ့လိုက်ကြတယ်။ အဲ့မှာ သူတို့မောင်နှမ နှစ်ယောက်ကစိတ်ဝင်စားပြီးသွားကြည့်တဲ့အခါမှာတော့ လူသေအလောင်းတွေကိုတစ်ယောက်နဲ့တစ်ယောက်သီပြီးဘုရားကျောင်းနံရံတွေမှာချုပ်ထားတာတွေ့လိုက်ရပါတယ်။အဲ့မှာတင်ပဲ မောင်နှမနှစ်ယောက်ဟာ အနီးဆုံးမှာရှိတဲ့လမ်းဘေးစားသောက်ဆိုင်ကိုသွားပြီးရဲစခန်းကိုဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ အဲ့မှာအမျိုးသမီးတစ်ယောက်ရဲ့ဖုန်းဝင်လာပြီး၊ အဲ့ဒီဘုရားကျောင်းထဲကလူဟာဆိုရင် Jeeper Creeperဖြစ်ကြောင်း၊သူဟာ 23ကြိမ်မြောက်နွေဦးရာသီရောက်တိုင်းရောက်တိုင်း 23ရက်ကြာအောင်လူတွေကိုစားပစ်ကြောင်းပြောပါတယ်။ ဘယ်လိုလူတွေကိုသူကစားလဲဆိုတော့…..လူတွေရဲ့အကြောက်တရားကိုအနံ့ခံပြီး သူကြိုက်တဲ့လူကိုစားပစ်ပါတယ်။အဲ့လိုသူကြိုက်တဲ့လူကိုစားဖို့လိုက်ဖမ်းပြီဆိုရင် ဘယ်လိုမှတားဆီးမရပါဘူး။အဲ့ဒီ သရစ်ရှာနဲ့ဒယ်ရီတို့မောင်နှမနှစ်ယောက်လည်း Jeeper Creeper-သေမင်းတမန်တော်လက်က ဘယ်လိုမျိုးလွတ်အောင်ပြေးပြီးအိမ်ကိုအရောက်ပြန်နိုင်ခဲ့မလား၊ ဒါမှမဟုတ် သေမင်းတမန်တော်လက်ထဲမှာပဲ ကျရှုံးခဲ့သလားJeeper ကြီးဟာဘယ်လိုသတ္တဝါလည်း ဘာကြောင့်လူတွေကိုသတ်စားရတာလဲ ဆိုတာကိုတော့ တကယ်ကိုသဲတထိတ်ထိတ်ရင်တဖိုဖိုနဲ့ ဒီဇာတ်ကားလေးထဲမှာပဲ ဆက်လက်ရူ့စားလိုက်ပါ…….. File size…(1.7 GB)/(907 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ye Yint

6.1 2001
Jeepers Creepers
Sinakagon
7.2

Sinakagon (2024) ******************* မလေးရှားရှေးဒဏ္ဍာရီတစ်ပုဒ်ဖြစ်တဲ့ Huminodun folkloreကို အခြေခံရိုက်ကူးထားပြီး မလေးရှားနိုင်ငံရဲ့ သိပ်လှတဲ့ ဆားဘားကျွန်းမှာ ရိုက်ကကူးထားတာဖြစ်လို့ ရှုခင်းလှလှလေးတွေပါ ရှုစားရမယ့် horrorကားလေးပေါ့လေ .. အညွှန်းကိုမစခင် အရင်ရှင်းပြရမှာကတော့ ဟူမီနိုဒွန် ‌ခေါ် ဆန်နတ်ရဲ့ ဒဏ္ဍာရီ တစ်စွန်းတစ်စပေါ့ .. ကီနိုအင်ဂန်နဲ့ ဆူမွန်ဒူတို့က လူသားတွေရဲ့ဖန်ဆင်းရှင်ဖြစ်ပြီး သူတို့မှာ ပိုနွမ်ပူလန်ဆိုတဲ့ သားတစ်ယောက်နဲ့ ပိုနွမ်ပူအန်ဆိုတဲ့သမီးတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ ပိုနွမ်ပူလန်က သူ့ရဲ့မိဘတွေဖြစ်တဲ့ ဖန်ဆင်းရှင်နဲ့ လူသားတွေကိုရန်တိုက်ပေးပြီး ပုန်ကန်ဖို့ကြိုးစားရာကနေ ဖန်ဆင်းရှင်ကီနိုအင်ဂန်က အမျက်တော်ရှပြီး သားကိုလည်း ပြည်နှင်ဒဏ်ပေးခဲ့သလို လူသားတွေကိုလည်း ကျိန်စာဆိုး ၇ ခု သက်ရောက်စေခဲ့ပါသတဲ့။ ဒီထဲက နောက်ဆုံးကျိန်စာက ရေရှားပါးပြီး ငတ်မွတ်ခေါင်းပါးစေတဲ့ကပ်ဘေးပါပဲ။ ဒီကျိန်စာဆိုးကိုပယ်ဖျက်ဖို့ သမီးတော် ပိုနွမ်ပူအန်ကိုစတေးလိုက်ရပြီး သူ့ရဲ့ဝိညာဉ်က‌နေ ဟူမီနိုဒွန်ဆိုတဲ့ ဆန်နတ်ရယ်လို့ ဖြစ်လာတာဖြစ်ပြီး ဟူမီနိုဒွန်ကို ကိုးကွယ်ရင် ကောက်နှံအထွက်တိုးတယ်ဆိုတဲ့ အယူအဆလည်းရှိပါတယ်။ အခုဒီဇာတ်ကားလေးမှာတော့ အိဗ်တစ်ယောက် ဟူမီနိုဒွန်အထိမ်းအမှတ်အနေနဲ့ နှစ်စဉ်ကောက်ရိတ်သိမ်းပွဲမှာ ကျင်းပတဲ့ အလှမယ်ပြိုင်ပွဲမှာ အနိုင်ရလာပြီး သူငယ်ချင်းဖြစ်သူ လီဆာဆီကို အလည်ရောက်လာပါတယ်။ ဒီအချိန်မှာပဲ ရွာမှာ ကြက်တွေအစုအပြုံလိုက်သေတာကစလို့ ကပ်ဆိုက်သလိုဖြစ်စဉ်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာတဲ့အတွက် လီဆာရဲ့အဖေ နတ်ဆရာကြီးလည်း ခေါင်းခဲနေတာပေါ့။ ဒီအချိန်မှာ အသံတစ်သံက ကပ်ဘေးကိုရပ်တန့်ချင်ရင် ဟူမီနိုဒွန်ရဲ့မျိုးဆက်ကို စတေးရမယ်။ ဒီဟူမီနိုဒွန်ရဲ့မျိုးဆက်က သူတို့ထဲမှာပဲရှိနေတယ်လို့ ပြောလိုက်ချိန်မှာတော့….. (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…1.76GB / 781MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 56m Genre ….. Horror, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by CharOu & Mary Christ Encoded by AHtet

Crime • Drama • Mystery
7.2 2024
Sinakagon
Cinta Dari Timor
4.9

Cinta Dari Timor (2024) IMDb Rating (4.9) “ငါတို့နာမည်တွေကလိုက်ဖက်တယ်” “ဘာလို့လိုက်ဖက်တာလဲ” “ကြယ်တွေရှိတဲ့နေရာမှာ ကောင်းကင်ရှိတယ်လေ” “ကြယ်” လို့အဓိပ္ပာယ်ရတဲ့ဘင်တန်ဆိုတဲ့ကောင်မလေးနဲ့ “ကောင်းကင်” လို့အဓိပ္ပာယ်ရတဲ့လန်ဂစ်ဆိုတဲ့ကောင်လေးဟာ ၁၉၉၉ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံရဲ့အကောင်းဆုံးတက္ကသိုလ်တစ်ခုမှာ ချစ်ကြိုးသွယ်မိခဲ့ကြပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားကနေ အရှေ့တီမောခွဲထွက်တဲ့လူထုဆန္ဒခံယူပွဲကြောင့် ဘင်တန်တို့မိသားစုက အရှေ့တီမောကိုပြန်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ အင်ဒိုနီးရှားမှာပဲ လန်ဂစ်နဲ့အတူနေခဲ့ချင်တဲ့ဘင်တန်ဟာ အိမ်ကထွက်ပြေးပြီး လန်ဂစ်လာအခေါ်ကိုစောင့်ဆိုင်းနေခဲ့ပေမယ့် ရောက်မလာခဲ့တဲ့လန်ဂစ်ကြောင့် စိတ်အနာကြီးနာခဲ့ရပါတယ်။ ရှစ်နှစ်ကြာအောင် လန်ဂစ်ကြောင့်ခံစားနေရဆဲဖြစ်တဲ့ဘင်တန်တစ်ယောက် တစ်ရက်မှာတော့ မမျှော်လင့်ဘဲ လန်ဂစ်ကိုပြန်တွေ့လိုက်ရပြီး သူသိခဲ့တဲ့လန်ဂစ်မဟုတ်တော့ဘဲ အပြောင်းလဲကြီးပြောင်းလဲနေခဲ့ပါပြီ။ လန်ဂစ်တစ်ယောက် သူသိပ်ချစ်ခဲ့တဲ့ချစ်သူဘင်တန်ဆီ ဘာလို့ရောက်မလာခဲ့တာလဲ။ ရှစ်နှစ်အကြာမှာ လန်ဂစ်က ဘာလို့ပြောင်းလဲနေခဲ့တာလဲဆိုတာ ရုပ်ရှင်မှာဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အင်ဒိုနီးရှားအချစ်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပြီး အင်ဒိုနီးရှားရဲ့နိုင်ငံရေးသမိုင်းကြောင်းနောက်ခံတွေကိုပါ ထည့်သွင်းရိုက်ကူးထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Aye Yu Naing ဖြစ်ပါတယ်။) File size…(1.4 GB) / (640 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:22:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Aye Yu Naing

Mystery • Drama • TV Movie
4.9 2024 80 mins
Cinta Dari Timor