YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Sea in Love(2022)Ep.15.mp4

453.13 MB 720p video/mp4 161 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Me Before You
7.9

Datshin Review : Me Before You (2016) Drama, Romance --- Plot --- . အသက် ၂၆ နှစ်အရွယ်ရှိ Louisa Clark ဟာ စားပွဲထိုးအလုပ်ကနေ ပြုတ်သွားပြီး အတူနေ မိဘနဲ့ ညီမသားအမိကို ထောက်ပံ့ဖို့ လိုတဲ့အတွက် အလုပ်သစ်တစ်ခု အသည်းအသန်ရှာရတဲ့အခါမှာ မသန်စွမ်းတစ်ယောက်ကို စောင့်ရှောက်ရမယ့် အလုပ်ကို လက်ခံခဲ့ပါတယ်။ သူစောင့်ရှောက်ရတဲ့သူက လွန်ခဲ့တဲ့ နှစ်နှစ်က မော်တော်ဆိုင်ကယ် မတော်တဆမှုမှာ တစ်ကိုယ်လုံးသေ (လက်ချောင်းတစ်ချောင်းနှစ်ချောင်းနဲ့ ခေါင်းလောက်ပဲ လှုပ်နိုင်တော့တဲ့) Will Traynor ပါ။ Will ဟာ မတော်တဆမှု မတိုင်ခင်က အောင်မြင်နေတဲ့ လူငယ် ဘဏ်လုပ်ငန်းရှင်လဲဖြစ်ပြီး ချမ်းသာတဲ့မိဘက ပေါက်ဖွားလာလို့ ရုပ်လဲချော ပညာလဲတတ် ကျားကျားယားယားလဲရှိနဲ့ အရာအားလုံး ပြည့်စုံနေတဲ့သူ ဖြစ်ခဲ့သူပေါ့။ ကို့ယို့ကားယား ကြောင်တောင်ကျားတား ဝတ်စားတတ်ပြီး ပေါ့ပေါ့ပါးပါးနေတတ်သူ Lou နဲ့ အရာရာကို စိတ်အချဉ်ပေါက်ပြီး တစ်ချိန်လုံးဒေါသထွက် လောကကြီးကို မကောင်းမြင်နေတဲ့ Will တို့နှစ်ယောက်ရဲ့ ကံကြမ္မာဟာ သူတို့ထင်ထားတာထက်ပိုပြီး ယှက်နွယ်လာခဲ့ကြပါတယ်။ . --- Review --- . Jojo Moyes ရဲ့ Best seller ဝတ္တုကို ပြန်ရိုက်ထားတဲ့ ဒီကားကို သေချာပေါက် ကြိုက်မယ့်လူ ၂မျိုးရှိပါလိမ့်မယ်။ ၁) The Fault in Our Stars လို မငိုငိုအောင် လုပ်ထားတဲ့ ဇာတ်လမ်းမျိုး ကြိုက်တဲ့သူတွေရယ် ၂) British accent ကို ကြိုက်ပြီး အင်္ဂလန်တောတောင်ရေမြေသဘာဝအလှကို ကြိုက်တဲ့သူတွေရယ်။ . ဘယ်နေရာကိုမဆို သွားနိုင်လာနိုင်တဲ့အခွင့်အရေးရှိနေပါရက်နဲ့ ဒီမြို့လေးကလွဲရင် ဘယ်ကိုမှ မသွားချင် မသွားဖူးတဲ့ မိန်းကလေးနဲ့ ကမ္ဘာကြီးရဲ့ အလှအပတွေကို ကိုယ်တိုင်မြင်ဖူးခဲ့ပြီးမှ ဘယ်မှ သွားလို့မရပဲ ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ အချိန်ကုန်နေရတဲ့ အမျိုးသားတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အားကျနေကြရတာပေါ့။ လူတိုင်းက သူ့ဆို ငပေါ ဉာဏ်ထိုင်းလို သဘောထားတဲ့အပေါ် အသားကျနေတဲ့ Lou ကို အမြဲတမ်းထိပ်ဆုံးမှာပဲ နေချင်တဲ့ Will က အားမရဖြစ်၊ ချမ်းသာပြီး အရာအားလုံးပြည့်စုံ (ကျန်းမာရေးကလွဲ)နေရဲ့သားနဲ့ အားလုံးကလဲ ဝိုင်း ဂရုစိုက်နေရဲ့သားနဲ့ ဂျစ်ကန်ကန်ဖြစ်နေရလားဆိုပြီး Lou က သိပ်သည်းမခံချင်။ ဒါပေမယ့် သံယောဇဉ်တွေ အပြန်အလှန်တွယ်ခဲ့ပြီး Lou ရဲ့ အမြင်တွေ တဖြည်းဖြည်း ပြောင်းလဲလာပြီးမှ ဘာကြောင့် သူ့ကို ခြောက်လပဲ ငှားရမ်းရလဲ ဆိုတာရဲ့ အကြောင်းပြချက်ကို သိသွားတဲ့အခါမှာ Lou ဘက်ကကော Will Traynor ရဲ့ စိတ်ကို ပြောင်းလဲနိုင်ပါ့မလားဆိုတာကတော့ ကိုယ်တိုင်ပဲ ကြည့်ကြည့်ပါတော့။ . အင်္ဂလိပ်ကားတို့ ထုံးစံအတိုင်း ရှုခင်းလှလှလေးတွေ မြင်ကွင်းလှလှလေးတွေနဲ့ လှတပတလေး ရိုက်ထားတာပါ။ နောက်တစ်ခုက မင်းသားမင်းသမီးတွေက မြင်ဖူးနေကြမျက်နှာတွေပါပဲ။ Louisa Clark အဖြစ် GOT ရဲ့ အသည်းကျော် နဂါးမေမေ Emilia Clarke ဖြစ်ပြီး Will Traynor အဖြစ် hottie လေး Sam Claflin တို့ပါ။ နောက် Harry Potter ထဲက Neville Longbottom ဖြစ်တဲ့ Matthew Lewis၊ နောက် Doctor Who series ထဲက Doctor’s Companion လေး Clara Oswald ဖြစ်တဲ့ Jenna Coleman တို့လဲ ပါဝင်ပါတယ်။ နဂါးမေမေပါတယ်ဆိုပြီး GOT ထဲကလိုတော့ မထင်ထားကြပါနဲ့ဦး။ Emilia Clarke တို့ ဒီကားထဲမှာ လုံခြုံချက်များ ဘာဆို ဘာမှ မပေါ်ပါဘူး။ . အချစ်ဇာတ်လမ်းလို့ပြောပေမယ့် ဖက်ရမ်းနမ်းရှုံ့အခန်းတွေတောင် မပါမဖြစ်နေရာလောက်လေးပဲ ပါတဲ့အတွက် ကလေးတွေကြည့်လို့ရပါတယ်။ တစ်ခုပဲ… British accent နဲ့ဆိုတော့ သူတို့ပြောတာတွေ ဖမ်းမိဖို့ တော်တော်မလွယ်။ စာတန်းထိုးနဲ့ ကြည့်မှပဲ ဇာတ်ကားအရသာကို ကောင်းကောင်း ဖမ်းမိမယ် ထင်ပါတယ်။ . အစမှာ ပြောခဲ့သလိုပဲ ဝမ်းနည်းလာတာ ဝမ်းနည်းလာတာဆိုတာ မျက်ရည် ဘူးသီးလုံးလောက်ကျရပါတယ်။ သရုပ်ဆောင်ကောင်းလွန်းလို့တော့ မဟုတ်လှဘူး။ မင်းသားကော မင်းသမီးကောက ကားစ ကားဆုံး ရုပ်သေနေသလိုပဲ။ မင်းသားကတော့ ထားပါတော့ သူ့ဇာတ်ကောင်ကိုက တစ်ကိုယ်လုံးသေနေတာဆိုတော့။ ဇာတ်လမ်းကပေးချင်တဲ့ message ကိုက ဝမ်းနည်းစရာကောင်းနေတာဆိုတော့ ဘာပဲဖြစ်ဖြစ် ငိုရမယ်ဆိုသလိုပါပဲ။ ဒီကားပြီးရင်တော့ စဉ်းစားစရာလေးတွေ ကျန်ခဲ့မှာပါ။ အသက်ရှင်နေထိုင်ဖို့ ဘာလိုလဲ။ ဘဝကို ဘယ်လိုနေမလဲဆိုတာ စိတ်ကြိုက်ရွေးချယ်ခွင့်ရှိရင် ဘယ်လိုသေမလဲဆိုကော ရွေးချယ်ခွင့် ရှိပါ့မလား။ စိတ်ဒဏ်ရာပေးခဲ့တဲ့ အတိတ်ရဲ့ အရိပ်ဆိုးတွေကို လက်မြှောက်အရှုံးပေးလိုက်တော့မှာလား။ Will ပြောသလို “Will you let this moment define you?”.. စသဖြင့် စသဖြင့် မေးခွန်းတွေ ကိုယ့်ကိုကိုယ်ပြန်မေးမိမှာပါ။ ဒဿနိကပိုင်းအရ အရမ်းနက်နဲလှတယ် မဆိုနိုင်ပေမယ့် အသက်ရှင်နေရခြင်းကို bite size စဉ်းစားစရာလေးတွေ ပေးမှာပါ။ စာအုပ်ဖတ်ပြီးသားလူတွေကတော့ ဖြစ်နေကြအတိုင်း သိပ် စိတ်တိုင်းကျမယ် မထင်ပါဘူး။ . --- Movie Info --- Director: Thea Sharrock Top-billed Cast: Emilia Clarke, Sam Claflin Runtime: 1 hour 50 min Screenplay: Jojo Moyes, Scott Neustadter, Michael H. Weber Distribution : Warner Bros. Budget : $20 Million Box Office : $157.8 Million --- Ratings --- Datshin: 3.5/5 IMDb: 7.6/10 Rotten Tomatoes: 43% -Jen (ရုပ်ရှင်အညွှန်းကို DatShin Facebook Page မှ ကူးယူဖော်ပြပါသည်။) File size…(3.2 GB)/(1.3 GB)/ (830 MB) Quality….WEB-DL 4K HEVC /1080p HEVC/720p Format…mkv/mp4 Duration….01:50:12 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by ^May^

Action & Adventure • Animation • Comedy • Sci-Fi & Fantasy
7.9 2016 110 mins
Me Before You
Funny People
5.9

လူတစ်ယောက်ဟာ အပြင်ပန်းမှာပျော်နေသလို၊ ရယ်မြူးနေသလို ထင်ရပေမယ့် အတွင်းစိတ်မှာတော့ ပူပန်မှုတွေ၊ စိုးရိမ်သောကတွေ၊ အထီးကျန်ဝမ်းနည်းစိတ်တွေနဲ့ ရှင်သန်နေရတာမျိုး လူ့လောကမှာရှိတတ်ကြတာ သဘာဝပါ။ အငြိမ့်စင်ပေါ်မှာ ကပြအသုံးတော်ခံနေတဲ့ လူရွှင်တော်တိုင်းဟာ သူတို့ထုတ်လိုက်တဲ့ပြက်လုံးတွေထဲကလို ဘဝကအမြဲရယ်မောပျော်ရွှင်စရာကောင်းချင်မှ ကောင်းပါလိမ့်မယ်။ ဒါဟာ လူ့ဘဝရဲ့ ပုံမှန်ပြယုဂ်ပါပဲ။ အခက်အခဲ၊ အကျပ်အတည်းနဲ့ စိတ်အလိုမကျစရာတွေက "ဪ၊ သူကတော့ ပြက်လုံးတွေထုတ်တတ်တဲ့ လူရွှင်တော်ပဲ"ဆိုပြီး မကျရောက်လာတာမျိုး မရှိပါဘူး။ ဒီလောကဓံတရားရဲ့ပြကွက်ကိုတော့ အခုဇာတ်ကားလေးထဲမှာ ခြယ်မှုန်းလှစ်ဟပြသထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျော့ခ်ျဆင်မွန်ဟာ အောင်မြင်တဲ့ တစ်ခန်းရပ်လူပြက်တစ်ယောက်ဖြစ်ပါတယ်။ တီဗီဇာတ်လမ်းတွေ၊ ဟာသရှိုးတွေဝက်ဝက်ကွဲရိုက်ရပြီး ပြောင်မြောက်တဲ့ ပြက်လုံးတွေကြောင့် ပရိသတ်ကြားရေပန်းစားရတဲ့ အထင်ကရလူပြက်တစ်ယောက်ပါ။ ကိုယ်ပိုင်အိမ်၊ခြံဝန်းနဲ့ စတိုင်ကျကျနေနိုင်ပြီး ဂျက်လေယာဉ်ဝယ်စီးနိုင်လောက်တဲ့အထိ ဝင်ငွေကောင်းပါတယ်။ ဒါပေမယ့် ကံအကြောင်းမလှစွာနဲ့ပဲ သူ့မှာ AML လို့ခေါ်တဲ့သွေးအားနည်းရောဂါဆန်းတစ်မျိုး စွဲကပ်လာပါတယ်။ ရောဂါအသစ်ဖြစ်လို့ ကုသနိုင်မယ့်ဆေးမရှိသေးတာကြောင့် ဘဝကိုလက်လျှော့အရှုံးပေးရမလိုဖြစ်နေချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ကိုအထင်ကြီးအားကျတဲ့ လူပြက်ပေါက်စ အိုင်ရာရိုက်နဲ့ ဆုံမိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့............... ဒီဇာတ်ကားကိုကြည့်ရင်း မိတ်ဆွေတို့လည်း ကိုယ့်ဘဝကိုယ်တစ်ချက်လည်ပြန်စောင်းငဲ့ကြည့်မိကြမှာပါ။ အဒမ်ဆန်ဒလာ၊ ဆာ့သ်ရော်ဂန်နဲ့ လက်စ်လီမန်းတို့ဦးဆောင်ပါဝင်ထားတဲ့ဒီဇာတ်ကားဟာ review ကောင်းတွေလည်းရရှိထားတာဖြစ်ပါတယ်။ File Size :(4.05 GB) (1.4 GB) and (445 MB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:26:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ninja Encoded by Phyo Pyae

Horror
5.9 2009 146 mins
Funny People
The Debt
6.6

ဆာရာဆိုတဲ့ အမျိုးသမီးဟာ သူရေးထားတဲ့ စာအုပ်တစ်အုပ်ရဲ့အကြောင်းကို စင်ပေါ်မှာ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ‌အမှတ်တရစကားပြောနေလေရဲ့ .... ဒီလို ဂုဏ်ယူနေရတဲ့ အကြောင်းရင်းကလည်း ဒီစာအုပ်ဟာ သူ့ရဲ့မိခင် ရေချယ် စင်းဂါး ဒေးဗစ် ပဲရိစ် နဲ့ စတက်ဖန်ဂိုး တို့ရဲ့ ဘ၀ဇာတ်ကြောင်းဖြစ်နေလို့ပါ။ အခုချိန်မှာ အိုမင်းရင့်ရော်သွားပြီဖြစ်တဲ့ ဒီလူ ၃ ယောက်ရဲ့ ငယ်ဘ၀ဟာ ဂုဏ်ယူချီးကျူးစရာတွေ အပြည့်ပေါ့ ။ မိုဆက်အေးဂျင့် ၃ ယောက်ဖြစ်တဲ့ သူတို့ဟာ ဘာလင်ကို နိုင်ငံတော်အဆင့် မစ်ရှင်တစ်ခုနဲ့ တာ၀န်ကျခဲ့တယ် ... သူတို့ရဲ့တာ၀န်က ဆရာ၀န်အမည်ခံပြီး လူ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သူ ၁၅ နှစ်တာလုံး ဘယ်လိုမှ မဖမ်းမိသူ ဒေါက်တာ ဗိုဂယ်ကို ဖမ်းဆီးဖို့ပေါ့.... ဒီလို ဂုဏ်ယူစရာ အဖြစ်အပျက်ကို သမီးဖြစ်သူက စင်ပေါ်မှာ ၀မ်းပန်းတသာ ပြောနေပေမဲ့ ကာယကံရှင် ဖြစ်သူ ရေချယ်ကိုယ်တိုင်ကတော့ ရွှင်ပျမနေခဲ့တာ ဘယ်သူမှ သတိမထားမိခဲ့ပါဘူး ... လူတကာက သူတို့ရဲ့ လုပ်ရပ်ကို ချီးကျူးနေကြပေမဲ့ ဒီအဖြစ်ရဲ့ နောက်ကွယ်မှာ ကိစ္စတစ်ခု ရှိနေသေးတာကို ရေချယ်၊ စတက်ဖန်နဲ့ ဒေးဗစ်တို့ သုံးယောက်သာ သိပါတယ် IMDb 6.8 RT 77% ရှိရရှိထားပြီး မင်းသမီးကြီး Helen Mirren၊ မင်းသမီးချော Jessica Chastain ၊ မင်းသား Sam Worthington နဲ့ Tom Wilkinson တို့လို အကောင်းစားကြီးတွေ ပါ၀င်ထားပြီး ဇာတ်အိမ်အသွားအလာကလည်း အကောင်းစားကြီးဖြစ်တာမို့ လက်မလွတ်တမ်း ကြည့်ရှုလိုက်ကြပါဦး File size…(1.7 GB)/(600 Mb)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Yoon Sandi Aung

Action & Adventure • Crime • Drama
6.6 2010 113 mins
The Debt
Monster Hunter
6.6

Milla Jovovich နဲ့ Tony Jaa တို့ရဲ့ ရုပ်ရှင်အသစ်ထွက်လာပါပြီ။ ဗိုလ်ကြီး အာတီမစ်ဟာ သူ့ရဲ့ အထူးတပ်ဖွဲ့နဲ့အတူ စစ်ဆင်ရေး ထွက်ရင်း မုန်တိုင်းတစ်ခုကြားထဲကို ရောက်သွားခဲ့ပါတယ်။ မုန်တိုင်းထဲကနေ အပြင်ထွက်လာချိန်မှာတော့ မတူတဲ့ ကမ္ဘာသစ်တစ်ခုထဲကိုရောက်နေပြီး အဖျက်စွမ်းအားကြီးလှသလို အချိန်မရွေးလူသားတွေကို အရေခွံဆုတ်နိုင်တဲ့ ထူးဆန်းသတ္တဝါကြီးတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ ရင်ဆိုင်ရင်းနဲ့ ကမ္ဘာသစ်ထဲက လူသားမိတ်ဆွေသစ်တွေရဲ့ အကူအညီကိုယူပြီး မူလကမ္ဘာကိုပါ ပြန်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်... နင်းကန်လန်းတဲ့ အကြမ်းစားအက်ရှင်ခန်းတွေမြင်ရမှာဖြစ်သလို သတ္တဝါဆန်းတွေရဲ့စူပါ ပါဝါတွေကိုလည်း စိတ်လှုပ်ရှားရင်ခုန်စွာနဲ့ ကြည့်ရမှာြဖစ်ပါတယ်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneoပဲဖြစ်ပါတယ်..... File Size : (1GB) and (469 MB) Quality : WEB-DL 720p Format…mp4 Duration…01:43:00 Genre :  Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Phyo Pyae

Crime • Drama • Mystery
6.6 2020 104 mins
Monster Hunter
Hotel Artemis
6

သောက်ရေရှားပါးမှုကြောင့် ရေသန့်ကိုထိန်းချုပ်ထားတဲ့ သူတွေကို ဆန္ဒပြနေတဲ့ပြည်သူတွေနဲ့ မီးခိုးတလူလူဖြစ်နေတဲ့ Los Angeles မြို့မှာ တရားဥပဒေနဲ့မလွတ်ကင်းသူတွေရဲ့ ဆေးရုံလို့ခေါ်လို့ရတဲ့ ပုံပြင်ဆန်ဆန် တည်ရှိနေတဲ့ Hotel Artimis မှာ ဖြစ်ပျက်ခဲ့တဲ့တစ်ညတာအကြောင်းပါ။ ၂၂ နှစ်လုံး Hotel ထဲကမထွက်တဲ့ Nurse ဖြစ်သူ Genie Thomas က Hotel ကိုဦးစီးနေပါတယ်။ သူ့ရဲ့ Hotel ရဲ့တည်းခိုသူတွေကတော့ လက်နက်ကုန်သည်တစ်ယောက်ဖြစ်တဲ့ Acapulco ၊ Honolulu လို့ခေါ်တဲ့ အလုပ်လုပ်ရာမှာ ကျွမ်းကျင်တဲ့ဓားပြတစ်ဦးပေမယ့် ညီဖြစ်သူကြောင့် ဒုက္ခအမြဲရောက်ရတတ်တဲ့ Sharman ၊ လှသလောက်အဆိပ်ပြင်းတဲ့ Nice ခေါ် Niragra ဆိုတဲ့ ကြေးစားလူသတ်သမားမလေး၊ LA မြို့တစ်ဝက်လောက်ကို ပိုင်ဆိုင်ထားတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင် ဝံပုလွေဘုရင် နဲ့ တခြား မမျှော်လင့်ထားခဲ့တဲ့တည်းခိုသူ ရဲမေတစ်ယောက်ဖြစ်ပါတယ်။ သူတို့တွေ လူထုအုံကြွမှုအဆိုးဆုံးဖြစ်နေတဲ့ ညတစ်ညထဲမှာ အတူတူလာစုံစည်းကြပြီးဘာတွေဖြစ်ကြမလဲဆိုတာတော့ IMDB Rating 6.1 ရရှိထားတဲ့ Hotel Artemis(2018) ဇာတ်ကားထဲမှာကြည့်လိုက်ကြပါတော့ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ) File Size : (750 MB) and (330 MB) Quality : Blu-Ray 720p Running Time : 1hr 34min Format : Mp4 Genre : Action , Crime , Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-Replica Translated by d3mon Encoded by Thanhtike Zaw

Comedy • Romance
6 2018 94 mins
Hotel Artemis
Before I Fall
7

သင်သာနေ့ရက်တရက်တည်းမှာပဲပိတ်မိနေမယ်ဆိုရင်ဘယ်လိုလုပ်မလဲ။ ဘာတွေလုပ်မလဲ။ အဲဒီနေ့ရက်တွေမှာဘာတွေပြင်မလဲ။ ကိုယ့်ဘဝမှာထင်ခဲ့တာတွေလုပ်ခဲ့တာတွေကိုဘယ်လိုဆန်းစစ်မလဲ။ ကိုယ့်ရဲ့တနေ့တာကိုဘယ်လိုအသုံးချမလဲ။ ဆမ်မန်သာကင်းစတန်ဆိုတဲ့ကောင်မလေးဟာအထက်တန်းကျောင်းသူတယောက်ဖြစ်ပြီး ကျောင်းကနာမည်ကြီးကောင်လေးတယောက်နဲ့လည်းချစ်သူတွေပါ။ အနာဂတ်ဟာသူ့အတွက်ဖြောင့်ဖြူးနေသယောင်ရှိနေပေမယ့် ရုတ်တရတ်ပါတီတခုကပြဿနာဖြစ်ပြီးအပြန်ကားမှောက်ကသူသေဆုံးသွားပါတယ်။ ဒါပေမယ့်ထူးဆန်းစွာပဲသူအဲဒီနေ့ကိုပဲပြန်လည်နိုးထလာတယ်။ အဲဒီနေ့မှာပဲအဲဒီဖြစ်စဉ်တွေကိုပြန်လည်ဖြတ်သန်းခဲ့ရပါတယ်။ တရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ်အဲဒီနေ့တနေ့တည်းမှာပဲထပ်ခါထပ်ခါပိတ်မိနေပါတယ်။ အဲဒီလိုနဲ့သူ့ရဲ့အနီးနားကလူတွေအကြောင်းကိုသတိထားမိလာပါတယ်။ သူတို့ရဲ့လျို့ဝှက်ချက်တွေသိလာတယ်။ တကယ့်သရုပ်မှန်တွေသိလာတယ်။ လူ့သဘောသဘာဝကိုနားလည်လာတယ်။ ဘာကလုပ်သင့်ပြီးဘာကမလုပ်သင့်တာကိုသိလာခဲ့တယ်။ ဒါ့အပြင်နေ့တနေ့တည်းရဲ့အစွမ်းကဘယ်လိုခြားနားမှုတွေကိုလုပ်နိုင်တယ်ဆိုတာသိလာပါတယ်။ ဇာတ်လမ်းအဆုံးသတ်လေးဟာပရိတ်သတ်ရင်ကိုဆွဲယူနိုင်မှာပါ။ ဒီဇာတ်ကားလေးကနေတွေးစရာတွေအများကြီးရလာမယ်လို့ထင်ပါတယ်။ ကြည့်ရတာတန်စေမယ့်ကားလေးပါ။ ဆိုတော့ဆမ်မန်သာဆိုတဲ့ကျောင်းသူလေးဘယ်လိုတွေကျော်ဖြတ်မလဲဆိုတာကြည့်လိုက်ရအောင်ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Fridays ပဲဖြစ်ပါတယ်) File Size : 700 MB/250MB Quality : Bluray 720p Running Time : 1hr 38minutes Format : Mp4 Genre : Drama, Mystery Translator : Fridays Encoder :Thanhtike Zaw

Comedy • Drama
7 2017 98 mins
Before I Fall
Matching Jack
6.4

Matching Jack (2010) ================= IMDb Rating – 6.4/10 ဒီတစ်ခေါက်မှာတော့ imdb မှာ 6.4 ထိရရှိထားတဲ့ အင်္ဂလိပ်မိသားစု ဒရမ်မာ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ သွေးကင်ဆာဆိုတဲ့ ရောဂါဟာ ခြင်ဆီအစားထိုး ကုသမှပျောက်ကင်းနိုင်တဲ့ရောဂါမျိုးပါ။ ခြင်ဆီအစားထိုးဖို့ ဆိုရင်တောင် ထပ်တူညီတဲ့ ခြင်ဆီရဖို့ မွေးချင်းညီအစ်ကို မောင်နှမကြားတောင် သုံးပုံတစ်ပုံပဲအခွင့်အရေးရှိပါတယ်။ ဒီဇာတ်လမ်းမှာ အိုင်တွေ့တိုင်းခြေဆေးတတ်တဲ့ ဖခင်နဲ့ သားကိုသခင် လင်ကိုဘုရားအသွင် ကိုးကွယ်ထားတဲ့ မိခင်တို့ရဲ့အချစ်ဆုံးသားလေး တစ်ယောက် သွေးကင်ဆာဖြစ်လာတဲ့အခါ၊ သားလေးရဲ့ခြင်ဆီနဲ့ထပ်တူညီတဲ့ ခြင်ဆီအလှူရှင်ရနိုင်ဖို့ မိခင်တစ်ယောက်အနေနဲ့ ဘယ်လိုများကြိုးစားမှာလဲ သူတို့အိမ်ထောင်ရေးအဆင်မပြေမှုတွေကရော ကလေး အပေါ်ဘယ်လိုအကျိုးသက်ရောက်မလဲ ကလေးရဲ့ ခြင်ဆီနဲ့ ကိုက်ညီတဲ့ ခြင်ဆီအလှူရှင်ကိုရော ရနိုင်မလားဆိုတာတော့ ရုပ်ရှင်မှာပဲ လိုက်ပါစီးမျော ခံစားလိုက်ပါဦး… ဒီဇာတ်လမ်းဟာရောဂါအသားပေးဆိုတာထက် မိဘမေတ္တာကို အဖက်ဖက်က ပုံဖော်ရိုက်ကူးထားပြီး ကလေးသရုပ်ဆောင်တွေရဲ့ ပီပြင်မှုကြောင့် ရင်ထဲတော့ တစ်ခုခု ကျန်ခဲ့မယ်လို့ ညွှန်းပါရစေဗျာ… (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Htoo Aung ဖြစ်ပါတယ်)

Drama • History
6.4 2010
Matching Jack
Operation Mayfair
6.3

Operation Mayfair ( 2023 ) ========================= IMDb 7.3/10 အသစ်ထွက်ထားတဲ့ အိန္ဒိယ မှုခင်း၊ သည်းထိတ်ရင်ဖိုရုပ်ရှင်မိုက်မိုက်လေးတစ်ခုကို ချန်နယ်မြန်မာကနေ တင်ဆက်ပေးချင်ပါတယ်။ မေဖဲရ်လူသတ်ကောင်ဆိုတဲ့ လူသတ်သမားဟာ ချောပေ့၊ လှပေ့ဆိုတဲ့ အရွယ်ကောင်း မိန်းကလေးတွေကိုမှ ရွေးပြီးသတ်တတ်ပါတယ်။ သူက လူသတ်ရင် ပစ်မှတ်မိန်းကလေးကို မျက်လုံးအောက်မှာ မျက်ရည်ပုံစံ အနက်ရောင်ဆေးရည်တွေသုတ်တယ်၊ နောက်ကျောကိုကြာပွတ်နဲ့ရိုက်ပြီး သေသွားရင်လည်း အလောင်းကနေ လက်ညှိုးကို ဖြတ်ယူသေးတယ်။ အဲဒီ မေဖဲရ်လူသတ်သမားဟာ ခြေရာဖျောက်သွားခဲ့ပြီး သုံးနှစ်နေမှ ပစ်မှတ်အသစ်နဲ့အတူ ပြန်ပေါ်လာခဲ့ပါတယ်။ စုံထောက် အာမာဆင်းဂ်ကတော့ အဲဒီလူသတ်သမားကို ဖမ်းဖို့ကြိုးစားခဲ့ပေမဲ့ မမိခဲ့တာကြောင့် စိတ်ဖိအားတွေနဲ့ စုံထောက်ဘဝကနေ အနားယူပြီး အောက်စ်ဖို့ဒ်တက္ကသိုလ်မှာ ပါမောက္ခလုပ်နေတဲ့သူပါ။ လူသတ်သမား ပြန်ပေါ်လာတဲ့နောက်မှာတော့ ပါမောက္ခအအမရ်ဆင်းဂ်လည်း မပြီးပြတ်သေးတဲ့အမှုအတွက် စုံထောက်အဖွဲ့ထဲကို ပြန်ဝင်ပြီး လူသတ်သမားကို မိအောင် ကြိုးစားဖမ်းဖို့ဖြစ်လာပါတော့တယ်။ ဒီ Operation Mayfair ဆိုတဲ့ရုပ်ရှင်ဟာဆိုရင် မြင်နေကျအတိုင်း ပရိသတ်ဘက်က လူသတ်သမားဘယ်သူဆိုတာကို သိဖို့ကြိုးစားရတာမျိုးမဟုတ်ဘဲ လူသတ်သမားကို သိသိကြီးနဲ့ စုံထောက်တွေ ဖမ်းဖို့ကြိုးစားနေတာကို အသည်းတယားယား ကြည့်ရှုရမှာပါ။ ရုပ်ရှင်က ဇာတ်လမ်းအစကတည်းက Thriller vibe အပြည့်နဲ့ ဆွဲခေါ်သွားမှာဖြစ်လို့ မှုခင်းကားကြိုက်တဲ့ ပရိသတ်တွေအတွက် စီအမ်က တင်ဆက်ပေးလိုက်ပါတယ်…။

Romance • Comedy
6.3 2023 116 mins
Operation Mayfair
My Best Part
5.5

My Best Part (2020) =============== ဘဝဆိုတာ အလှည့်အပြောင်း အချိုးအကွေ့များစွာနဲ့ ခက်ခဲလွန်း လှပါတယ်။ ခက်ခဲလှတဲ့ ဘဝကြီးမှာ ကိုယ် ရင်ထဲထိနင့်နေအောင် သိပ်ချစ်ရတဲ့သူတစ်ယောက်ဟာ ကိုယ်ဘယ်တော့မှာ ပြန်မချစ်ချင် တော့တဲ့သူတစ်ယောက်ဖြစ်သွားတဲ့ အခိုက်အတန့်လောက် နာကျင် ခက်ခဲရတာ မရှိပါဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့ဟာ ဒီအခိုက် အတန့်တွေကိုကျော်ဖြတ်ရင်းနဲ့ ရှေ့ဆက်လျှောက်ကြရဖို့လိုအပ်ပါ တယ်။ အချစ်ဆိုတာပြဇာတ်တစ်ပုဒ်လိုပါပဲ၊ ပြဇာတ်ကြောင့် လူတွေ ပျော်ရွှင်၊ ကြည်နူး၊ ငိုကြွေးရသလို၊ အချစ်ကြောင့်လည်း လူတွေပျော် ရွှင်၊ ကြည်နူးငိုကြွေးရပါတယ်။ဒါပေမဲ့ လူတိုင်းအချစ်နဲ့ မကင်းနိုင် သေးပါဘူး။ ဒီဇာတ်ကားလေးထဲမှာလည်း အချစ်ကြောင့် ခံစားခဲ့ရတဲ့ ပြင်သစ် လူငယ်လေးတစ်ယောက်ရဲ့ အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါ တယ်။ ထူးခြားတာက သာမာန်အချစ်ဇာတ်လမ်းတွေလိုမဟုတ်ပဲ LGBT အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ LGBT တို့ကြားက အချစ်ရေးအပြင် LGBT တစ်ယောက်ရဲ့ စိတ်ခံစားချက် ဘဝဇာတ် ကြောင်းတွေကိုပါ ပေါင်းစပ်ပုံဖော်ရိုက်ကူးထားတဲ့ My Best Part ဆိုတဲ့ ဇာတ်ကားလေးကိုကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.71 GB) / (759 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 49Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Thetti Tun Encoder……….SWM

Comedy • Fantasy • Family
5.5 2020 108 mins
My Best Part
Secret Woman
5.8

စိတ်ကောင်းရှိတဲ့မြေခွေးမလေး ရှင်းရှစ်စစ်ညန်နဲ့ ကျောင်းသားလေးဖုန်ရှန်းတို့ရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ ရှစ်စစ်ညန်ဟာကောင်းမှုကုသိုလ်တွေလုပ်ပြီး နတ်ဖြစ်အောင်ကြိုးစားနေတဲ့ စိတ်ထားဖြူစင်တဲ့ မြေခွေးမလေးတစ်ကောင်ပါ။ သူဟာနတ်ဖြစ်ဖို့ကျင့်ကြံရင်း လူ့လောကရဲ့အတိဒုက္ခကိုခံယူဖို့ လိုအပ်နေတဲ့အချိန်မှာ ဖုန်ရှန်းဆိုတဲ့ ကျောင်းသားတစ်ယောက်နဲ့ တောထဲမှာတွေ့ခဲ့ပြီး မြင်မြင်ချင်းချစ်မိသွားကြတယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်ကလက်ထပ်လိုက်ကြပြီး ဘဝကို အတူဖြတ်သန်းနေတဲ့အချိန်မှာ ရှစ်စစ်ညန်ရဲ့နတ်သမီးလို လှပတဲ့ရုပ်ရည်ကိုမက်မောပြီး မကောင်းကြံချင်သူတွေရှိလာပါတယ်။ မြေခွေးမိစ္ဆာထက် လူတွေရဲ့အတွင်းစိတ်ထဲမှာရှိတဲ့ မကောင်းဆိုးဝါးစိတ်ဓာတ်ကပိုကြောက်ဖို့ကောင်းတာကိုသိလိုက်ရပါတော့တယ်……

Drama • Romance
5.8 2023
Secret Woman
The Execution
6.7

The Execution (2022) IMDb Rating (6.7) / Rotten Tomatoes (92%) ဒီဇာတ်လမ်းကတော့ ရုရှားအစိုးရအနေနဲ့ ဆယ်နှစ်ကျော်လိုက်လံရှာဖွေအဖြေထုတ်ခဲ့ရတဲ့ ကွင်းဆက်လူသတ်သမားအမှုအကြောင်း တကယ့်ဖြစ်ရပ်မှန်ဖြစ်ပြီး အမျိုးသမီးနဲ့ကလေး အယောက်50ကျော် သတ်ခဲ့တဲ့ ရုရှားကွင်းဆက်လူသတ်သမား Andrei Chikatilo ရဲ့ လူသတ်မှုတွေကို inspireယူပြီး ရိုက်ကူးထားတာပါ။ ဒီဇာတ်လမ်းထဲမှာတော့ အမျိုးသမီးတွေအများကြီးကို ရက်ရက်စက်စက်သတ်ခဲ့တဲ့ ရုရှားရဲ့နာမည်အကြီးဆုံး ကွင်းဆက်လူသတ်သမားကို 10နှစ်ကျော်ရှာဖွေခဲ့ရာက နောက်ဆုံးမှာ ဖမ်းမိခဲ့တယ်။ ဒါပေမဲ့ အဲဒီသံသယရှိသူက သူ့အပြစ်ကိုဝန်မခံဘဲ သူ မသတ်ကြောင်းငြင်းဆန်ရာကနေ သံသယရှိသူနဲ့ စစ်ဆေးမေးမြန်းသူတို့ကြား တင်းမာမှုတွေပြင်းထန်လာပြီး ဘယ်လိုကိုယ်ရေးကိုယ်တာကိစ္စတွေပါလာမလဲ၊ ထင်မှတ်မထားတဲ့လှည့်ကွက်တွေကရော ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမယ့် ရုရှားမှုခင်း ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။

Drama
6.7 2021 130 mins
The Execution
[18+] Butas
5

နိုဝယ်နဲ့ကေလာတို့ဟာ အဆောင်တစ်ခုတည်းမှာနေထိုင်ကြတဲ့ ချစ်သူတွေဖြစ်ပြီး အဆောင်ပိုင်ရှင်ကေလာအဒေါ်မသိအောင် တိတ်တိတ်လေးကြိတ်ပုန်းခုတ်နေရပါတယ်။ ကေလာကတော့ အဒေါ်ဖြစ်သူရဲ့ ကျေးဇူးမကင်းတာအပြင်ရှေးရိုးစွဲအယူအဆမျိုးရှိတာကြောင့် လိင်ကိစ္စနဲ့ပတ်သက်ရင် နိုဝယ်ကိုလိုက်လျောပေမယ့် သစ်တုံးကြီးလိုပဲ နေတာကြောင့်အကွက်ဆန်းတွေနဲ့ကြမ်းချင်တဲ့ နိုဝယ်မှာ မချင့်မရဲဖြစ်နေရပါတယ်။ တစ်နေ့တော့ သူတို့အဆောင်ကို မေယက်ဆိုတဲ့ အပြင်အဆင်ခေတ်ရှေ့ပြေးသလို ဆက်ဆံရေးပွင့်လင်းရဲတင်းတဲ့ အဆောင်သူအသစ်တစ်ယောက် ရောက်လာချိန်မှာတော့ သူတို့ဘ၀တွေမှာအပြောင်းအလဲတစ်ချို့နဲ့ကြုံဆုံရဖို့ဖြစ်လာပါတော့တယ်။ ( အညွှန်းနဲ့ ဘာသာပြန်ဆိုထားသူကတော့ alias ပါ ) File size_(1.8GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:55:00 Genre_Adult, Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

Drama
5 2024 112 mins
[18+] Butas
Speak No Evil
7.1

ဒီရုပ်ရှင်ကတော့ ၂၀၂၂ တုန်းက ထွက်ခဲ့တဲ့ Speak No Evil ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာပါ။ မူရင်းကားတုန်းက အရမ်းနာမည်ကြီးခဲ့တဲ့ အခန်းတစ်ခန်းပါပါတယ်။ စိတ္တဇလူသတ်သမား စုံတွဲကို သားကောင်လင်မယားက မေးတဲ့အခန်းပေါ့။ “မင်းတို့ ဘာလို့ ဒီလိုရက်စက်ရတာလဲ” “မင်းတို့ လုပ်ခွင့်ပေးနေလို့ပဲ” ဒီရုပ်ရှင်မှာတော့ အဲဒီအခန်းမှာတင် အားမလိုအားမရနဲ့ ဇာတ်မသိမ်းဘဲ သားကောင်မိသားစုက အသက်ရှင်ရေးအတွက်ပြန်တိုက်ခိုက်တဲ့ ဇာတ်ကွက်တွေ ထည့်ထားပြီး ဆိုက်ကိုဟော်ရာ thriller အဖြစ် ပြောင်းလဲထားတာပါ။ ရုံတင်တုန်းကလည်း အားပေးမှုများခဲ့ပြီး IMDb မှာလည်း 7.1 အထိ ရထားတာမို့ ကောင်းကောင်းအရသာခံကြည့်လို့ရမဲ့ ဟော်ရာ ကားကောင်းတစ်ကားပါပဲ။ ဒါရိုက်တာက James Watkins ဖြစ်ပြီး အဓိက ဗီလိန်နေရာမှာ X-Men Charles မင်းသားကြီး James McAvoy ပါဝင်သရုပ်ဆောင်ထားပါတယ်။ File Size : 6.8 GB, 1.8 GB, 866 MB Quality : WEB-DL HEVC 4K / 1080p / 720p Running Time : 1hr 50min Format : Mkv and Mp4 Audio : AAC, E-AC-3 Genre : Drama, Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Mr. Anderson Encode by : Thit San Khant

7.1 2024
Speak No Evil
April, Come She Will
6.3

April, Come She Will (2024) IMDb Rating (6.3) စိတ်ကျန်းမာရေး ဆရာဝန် Fujishiro ဟာ တိကု ဆရာဝန်မလေး Yayoi နဲ့ စေ့စပ်ထားပါတယ်။ သူတို့ နှစ်ယောက် မင်္ဂလာဆောင်ဖို့အထိ ဆုံးဖြတ် စီစဉ်နေကြချိန်မှာ Fujishiro ရဲ့ ရည်းစားဟောင်း Haru ဆီကနေ စာတစ်စောင်ကို လက်ခံရရှိလာပါတယ်။ Yayoiကို သူမအကြောင်းတွေ သေချာပြောပြလိုက်ပါတယ်။ ဒါနဲ့ Yayoi ရဲ့မွေးနေ့မှာတင် Yayoi ဟာ Fujishiro နဲ့ ဝေးရာကို အသိမပေးဘဲ ထွက်ခွာသွားပါတော့တယ်။ Fujishiro က လိုက်လံရှာဖွေ စုံစမ်းပေမယ့် ရှာမတွေ့ခဲ့ပါဘူး။ Japanese drama တွေရဲ့ ထုံးစံအတိုင်း ခံစားချက် အသားပေးဇာတ်လမ်း ဖြစ်တာကြောင့် ချစ်သူတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းတွေကို ထင်ထင်ရှားရှားပြသထားတာမို့ အေးအေးငြိမ့်ငြိမ့်လေးနဲ့ လိုက်ခံစားလို့ကောင်းမယ့် ရုပ်ရှင်တစ်ကားအဖြစ် ညွှန်းလိုက်ပါတယ်။

6.3 2024 108 mins
April, Come She Will
Disturbing Behavior
5.7

Disturbing Behavior (1998) IMDb Rating (5.7) / Rotten Tomatoes (35%) စတီဗန်တို့မိသားစုဟာ အစ်ကိုအကြီးဆုံးဖြစ်တဲ့”အာလန်”သေဆုံးပြီးနောက်မှာ ခရစ်ဒယ်ဘေးကျွန်းသို့ မိသားစုလိုက်ပြောင်းလာကြပါတယ်။ အဲ့ကအထက်တန်းကျောင်းမှာတက်ရင်း ဂါဗင်,ရေချယ်တို့နဲ့သူငယ်ချင်းဖြစ်လာပါတယ်။ ဒါပေမဲ့ အဲ့ဒီအထက်တန်းကျောင်းက ကျောင်းသားတွေဟာဝါသနာတူရာစုပြီးအုပ်စုတွေကွဲနေကြပါတယ်။ အဲ့လိုအုပ်စုတွေအများကြီးရှိတဲ့အထဲကမှ “အပြာရောင်ဖဲပြား”ဆိုတဲ့ စာတော်ပြီးထူးချွန်ထက်မြက်တဲ့အဖွဲ့ကသူတွေဟာ အရင်ကနဲ့မတူဘဲပြောင်းလဲလာပါတယ်။ ဂါဗင်ကိုယ်တိုင်ကလည်း အပြာရောင်ဖဲပြားအဖွဲ့ဝင်”အန်ဒီ”က မယ်ရီဂျိုးဆိုတဲ့အတန်းဖော်ကောင်မလေးကိုသတ်ပစ်တာကို မျက်မြင်ကိုယ်တွေ့မြင်လိုက်ရပါတယ်။ ဒါပေမဲ့ ရဲအရာရှိကော့ခ်စ်က အားလုံးကိုဖုံးကွယ်ပေးခဲ့တာကြောင့် သက်သေလည်းမရှိဘဲနှုတ်ပိတ်နေခဲ့ရပါတယ်။ ဂါဗင်ဟာ အဲ့အဖွဲ့ဝင်တွေကို မကောင်းတဲ့အမှောင်စွမ်းအင်တစ်ခုခုကထိန်းချုပ်စေခိုင်းနေတယ်လို့သံသယဝင်မိတယ်လို့ သူငယ်ချင်းတွေကိုပြောပြပေမဲ့ ဘယ်သူကမှမယုံခဲ့ကြပါဘူး။ နောက်တော့ သူကိုယ်တိုင်အဲ့အဖွဲ့ဝင်ဖြစ်သွားပြီး အပြုအမူတွေပြောင်းလဲလာတော့မှ စတိဗ်နဲ့ရေချယ်တို့နှစ်ယောက် နောက်ကွယ်ကလျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ကြိုးစားကြပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။) File size…(1.8 GB) / (840 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Mystery,Science Fiction Duration….01:24:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Rubyjane

War • Action
5.7 1998 84 mins
Disturbing Behavior