YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Sea in Love(2022)Ep.13.mp4

434.91 MB 720p video/mp4 154 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
42
7.1

ဒီတစ်ခါ CM Fan တွေ အတွက် Black Panther ရုပ်ရှင်ကားနှင့် ပိုပြီးလူသိများ ကျော်ကြားခဲ့သော ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသားChadwick Boseman ရဲ့ ရုပ်ရှင်ကားကောင်း တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် ၁၉၄၅ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးတော့ အမေရိကန်နိုင်ငံရဲ့ ရှေ့တန်းထွက်နေရတဲ့သူအားလုံး အမိမြေကိုပြန်လာကြပါတယ်။ အဲဒီမှာ အာဖရိကန်-အမေရိကန်လူမျိုးတွေလည်းပါပါတယ်။ သူတို့ဟာ နာဇီစစ်တပ်ရဲ့လူမျိုးရေးခွဲခြားမှုကို တိုက်ခိုက်အနိုင်ယူခဲ့ကြပေမယ့် အမိမြေပြန်ရောက်တဲ့အချိန်မှာတော့ သူတို့အပေါ် လူမျိုးရေးခွဲခြားမှုကြီးက စောင့်ကြိုနေပါတယ်။ သူတို့ဟာ လူဖြူတွေနဲ့ အိမ်သာအတူတူသုံးခွင့်မရှိဘူး၊ ရေချိုးခန်းတစ်ခန်းထဲအတူသုံးခွင့်မရှိဘူး၊ ဟိုတယ်ထဲတည်းခွင့်မရှိဘူး စတဲ့ခွဲခြားမှုပေါင်းမျိုးစုံရှိနေတာပါ။ ဒီလိုအဖြစ်မျိုးက အမေရိကန်တစ်နိုင်ငံလုံးမှာဖြစ်ပျက်နေတာပါ။ ဘေ့စ်ဘောလောကမှာလည်း အတူတူပါပဲ။ ၁၉၄၆ ခုနှစ်မှာ စာရင်း၀င်ဘေ့စ်ဘောအသင်း ၁၆သင်းရှိခဲ့ပြီး စာရင်း၀င်ကစားသမား အယောက် ၄၀၀ရှိခဲ့ပါတယ်။ အဲဒီအယောက် ၄၀၀လုံးကလည်း လူဖြူတွေပါ။ ဒါပေမယ့် ၁၉၄၇ ခုနှစ်ရောက်တော့ ဘရွတ်ကလင်ဒေါ့ဂျာစ်အသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ မစ္စတာရစ်ကီဟာ လူမည်းကစားသမား ဂျက်ကီရော်ဘင်ဆင်ကို ခေါ်ယူခဲ့ပါတယ်။ ဒီလိုခေတ် ဒီလိုအခါမှာ လူမည်းကစားသမားကိုထခေါ်တော့ ကန့်ကွက်သူပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပြီး ကျောနံပါတ်၄၂ ဂျက်ကီရော်ဘင်ဆင်ကလည်း ကစားပွဲထဲမှာရော ကစားပွဲပြင်ပမှာပါ လူမျိုးရေးခွဲခြားမှုတွေ၊ ခြိမ်းခြောက်စာမျိုးစုံကိုပါ ရခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ ဒီခွဲခြားမှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီး အနိုင်ရဖို့ ကြိုးစားအားထုတ်ခဲ့ကြတာကိုတွေ့ရပြီး ဘေ့စ်ဘောလောကကြီးက လူမျိုးရေးခွဲခြားမှုကို ဘယ်လိုမျိုးပြောင်းလဲခဲ့လဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…  1.82 GB /  894 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h 8m Genre .....  Drama, Sport Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka

Comedy • Romance
7.1 2013 128 mins
42
Land of the Dead
6.2

Zombies apocalypse ရုပ်ရှင်တွေ အရိုက်များလာတဲ့​နောက် Old but gold zombie ကား​​​ကောင်းတစ်ကားကို CM fan​တွေ မကြည့်ဖူးမရှိရ​​အောင် တင်​​​ဆက်​ပေးလိုက်ပါတယ် 2005ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6.2, RT 74% rating ရထားပါတယ်။ အမျိုးအမည်မသိရတဲ့ကပ်​ဘေးတစ်ခု​ကြောင့် တစ်ကမ္ဘာလုံးက လူ​အများစု ဖုတ်​ကောင်​တွေ ဖြစ်သွားတဲ့​နောက် ​လူကုံထံ​တွေက လုံခြုံ​ရေးအထပ်ထပ်နဲ့ မြို့သစ်တွေတည်ပြီး​​​နေထိုင်ကြပါတယ်၊ ကပ်​ဘေးကလွတ်လာတဲ့ မျက်နှာမွဲလူဆင်းရဲ​တွေကို​တော့ မြို့ရဲ့အစွန်ဆုံး၊ ခြံစည်းရိုး​တွေနဲ့ အနီးဆုံးမှာပဲ ​ပေး​နေပါတယ်၊ ရိက္ခာကို​တော့ ကြေးစားလူစွန့်စား​တွေကို ငှားရမ်းပြီး ဖုတ်​​ကောင်​တွေပြည့်နေတဲ့ မြို့ပျက်ငယ်​တွေမှာ ရှာ​​ဖွေခိုင်းပြီး အသက်ဆက်​နေကြတာပါ။ ရိုင်​လေ နဲ့ ချိုလိုဒယ်မိုရာတို့က အဆိုပါ​​ ကြေးစားအဖွဲ့ဝင်​တွေပဲ ဖြစ်ပါတယ်၊ အစပိုင်းမှာ​တော့ ဖုတ်​ကောင်​တွေက လမ်း​လျှောက်တတ်တဲ့ လူ​သေ​ကောင်သာသာပဲမို့လို့ စားနပ်ရိက္ခာ ရှာ​ဖွေရာမှာ သိပ်အခက်အခဲမရှိခဲ့ပေမယ့် တစ်​​နေ့မှာ​တော့ ဆင့်ကဲ​ပြောင်းလဲတတ်တဲ့ သဘာဝအတိုင်း အချင်းချင်း ဆက်သွယ်တတ်တာကစလို့ ကမ္ဘာဦးလူသား​တွေလို အစာရှာဖို့၊ ကိုယ့်ကိုယ်ကိုယ်ခုခံဖို့ နားလည်လာပြီး ​မြို့ပျက်​တွေက​နေ လူကုံထံ မြို့သစ်​တွေဆီကို အစာရှာဖို့ တက်လာကြပါ​တော့တယ်၊ ဒီလိုနဲ့ပဲ ရိက္ခာရှာ​ပေးရတဲ့ ရိုင်​လေတို့အဖွဲ့ဟာ ဖုတ်​ကောင်​တွေရဲ့ ရန်ကိုပါ ကာကွယ်ရမယ့် တာဝန်ရှိလာပါ​တော့တယ်။ ​သွေးသံရဲရဲနဲ့ 2005ထွက် ဇာတ်ကားနဲ့ မတူ​အောင် ပြကွက်​တွေက အ​တော်​လေးကြမ်း​လို့ သွေးလန့်တတ် သူ​တွေ၊ ​ရွံစရာ​တွေကို sensitiveဖြစ်သူ​တွေ သတိထားပြီး ကြည့်ဖို့ ​ပြောချင်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.9GB) / (950MB) Quality__Blu-Ray_1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__01:33:00 Type__Horror, Sci-Fi, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Crime • Drama
6.2 2005 93 mins
Land of the Dead
Goodbye I
6

CM Chinese Fanလေးတွေအတွက် ဆန်းဆန်းပြားပြားခမ်းနားကြီးကျယ်တဲ့ အသုဘတစ်ခုဖြစ်လာအောင်စီမံတဲ့ဇာတ်ကားလေးတစ်ပုဒ်တင်ဆက်ပေးလိုက်ပါတယ်။ ဖန့်တမင်ပိုင်ဟာတုံးပေမှာအဖြူရောင်လုပ်ငန်း(သုဘရာဇာလုပ်ငန်း) လုပ်ငန်းလုပ်ကိုင်တဲ့သူတစ်ယောက်ဖြစ်တယ်။ သူများနဲ့မတူတာက ထောင်ကထွက်လာတဲ့သူတွေကိုအလုပ်အကိုင်ပေးလက်ခံပေးခဲ့တယ်။ တစ်နေ့မှာတော့ နျိုရင့်လန်ဆိုတဲ့လူတစ်ယောက်ရောက်ချလာပြီး အသုဘတစ်ခုအတွက် ယွမ်သိန်း၃၀သုံးမယ်လို့ဆိုပါတယ်။ ဖန့်တမင်ပိုင်တို့အဖွဲ့ကအရမ်းကိုအံ့ဩခဲ့ရတာပေါ့….. ဒီလိုနဲ့အသုဘအခမ်းအနားပြင်ဆင်နေတဲ့အချိန်မှာ ကျောက်တမင်ပိုင်နဲ့နျိုရင့်လန်က သူတို့နှစ်ယောက်ကြားက ရေစက်ဟာဒီလောက်ပဲမဟုတ်ဘူးဆိုတာသိလိုက်ရတယ်…… သူတို့နှစ်ယောက်ကြားမှာရောဘယ်လိုဆက်စပ်မှုတွေရှိနေသေးလဲ…… ယွမ်သိန်း၃၀တန်အသုဘအခမ်းအနားကြီးဟာဘယ်လိုဖြစ်လာမလဲ…… ဒီဇာတ်ကားလေးရဲ့အတွဲ ၂ ကြည့်မယ်ဆိုရင် အောက်ကလင့်မှာဝင်ကြည့်ပါ Goodbye 2 ( 2023 ) – Channel Myanmar

6 2022
Goodbye I
Oh! My Assistant: The Movie

Oh! My Assistant : The Movie (2022) ရင်ခုန်ဖို့ကောင်းပြီး ပေါ့ပေါ့ပါးပါး ဟာသ‌လေးနှောထားတဲ့ Korea BL Movie လေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ ရှင်းဆွန်းဟိုကတော့ လူကြီးပိုင်းကာတွန်းတွေကိုရေးရာက‌နေ နာမည်ကြီးလာတဲ့ကာတွန်းဆရာတစ်ယောက်ဖြစ်ပါ။ အလုပ်တွေပုံလာတဲ့ ဆွန်းဟိုတစ်ယောက် လက်ထောက်တစ်ယောက်ငှားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီး သူ့ကမ္ဘာထဲကို အေးတိအေးစက်ပုံစံပေါက်ပေမယ့်ကြင်နာတတ်တဲ့ ကောင်လေးတစ်ယောက်ဝင်လာခဲ့ပါတော့တယ်။ ဂိုမူယောင်းကတော့ ကာတွန်းဆရာရှင်းဆွန်းဟိုရဲ့ အကြီးစားဖန်ဖြစ်တာမို့ လက်ထောက်လုပ်ဖို့ဆုံးဖြတ်လိုက်တဲ့ Bisexual ကောင်လေးပါ။ ကာတွန်းဆရာရှင်းဆွန်းဟိုကို တိတ်တိတ်လေးသဘောကျနေတဲ့ မူယောင်းရယ် ဆွန်းဟိုတို့ရဲ့ကြားမှာ အရက်သောက်ရင်းအတူတူရှိဖြစ်ခဲ့ကြတဲ့ညကစပြီး တွယ်ငြိတဲ့ခံစားချက်တွေက ပိုပိုတိုးလာပါတော့တယ်။ မူယောင်းရဲ့ ငယ်ငယ်ကတည်းကခ‌င်ရတဲ့ ဂျွန်ဆော့ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ကလည်း မူ‌ယောင်းအပေါ်စပြီး သဘောကျလာမိတဲ့အခါ ….. ၃ ပွင့်ဆိုင်အချစ်ကို ဟာသနှောထားတဲ့ဇာတ်လမ်းလေးမို့ သေချာပေါက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော် အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတကတော့ Shin Shin, Cali, Thantsin, Lai Laii တို့ပဲ ဖြစ်ကြပါတယ်။ Genre….. BL, Drama, Romance Quality…. 1080p | 720p | 480p File size… 1GB | 518MB | 216MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Shin Shin, Cali, Thantsin, Lai Laii Encoder ….. August

0 2023
Oh! My Assistant: The Movie
Batman: The Doom That Came to Gotham

Btaman : The Doom that came to Gotham (2023) Batman: The Doom that came to Gotham ဟာဆိုရင် ၂၀၀၀ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ ထွက်ရှိခဲ့တဲ့ အပိုင်းသုံးပိုင်း ပါဝင်တဲ့ နာမည်တူ Comic book ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီနာမည်ဟာဆိုရင် Sci-Fi horror မှာ ဆရာကြီး တစ်ပါးဖြစ်တဲ့ H.P. Lovecraft ရဲ့ The Doom that came to Sarnath ကို မှီငြမ်းပြီး ပေးထားတာပါ။ ဒီရုပ်ရှင်ဟာဆိုရင် Horror အရသာတွေပါသလို Detective ပိုင်းကို မလစ်ဟင်းအောင် ‌ပေါင်းဖက်ထားတဲ့ ရုပ်ရှင်ကောင်းတစ်ခုပါပဲ။ ၂၀၂၃ ထဲမှာ ကျွန်တော် မျှော်နေတဲ့ ဇာတ်ကားတွေထဲက တစ်ခုအပါအဝင်ပါပဲ။ မျှော်လင့်ရကျိုးနပ်တယ်ပဲ ပြောရမလား တကယ်ကို ကြည့်လို့ကောင်းပါတယ်။ Horror အရသာတွေကို ကောင်းကောင်းပေးနိုင်ပြီး Detective ပိုင်းမှာဆိုရင်လည်း Plot twist တွေလည်း ဆွဲခေါ်သွားနိုင်ပါတယ်။ Action အပိုင်းတွေကိုလည်း ရိုးအီမနေအောင် ထည့်ပေးထားလို့ ရသမျိုးစုံ ခံစားနိုင်မှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ အန္တာတိကမှာ ရှာဖွေရေးလုပ်နေတဲ့ အော့စ်ဝဲလ်ကိုဘယ်ပေါ့တ်တို့ လူတစ်စု ပျောက်ချင်းမလှ ပျောက်သွားလို့ ဘရု့စ်ဝိန်လည်း သူ့ရဲ့ မွေးစားသား တစ်သိုက်နဲ့အတူ လိုက်ပြီး ရှာဖွေခဲ့ပါတယ်။ ဒီလိုနဲ့ ကိုဘယ်ပေါ့တ်တို့အဖွဲ့ကို သေဆုံးလျှက်ပြန်ရှာတွေ့ခဲ့ပေမယ့် အော့စ်ဝဲလ်နဲ့ တခြားတစ်ယောက်ကတော့ ပျောက်ဆုံးနေပါသေးတယ်။ အဲမှာပဲ အော့စ်ဝဲလ်ရဲ့ မှတ်စုစာအုပ်ကိုတွေ့သွားပြီး ဂေါ်သမ်မြို့‌ပေါ်ကို ကျရောက်တော့မယ် ကြမ္မာဂြိုဟ်ဆိုးကြီးအကြောင်းကို ဘရု့စ် သိသွားပါတော့တယ်။ ဂေါ်သမ်မြို့ကနေ ထွက်ခွာလာတာ အနှစ် ၂၀ နီးပါးရှိဖြစ်တဲ့ ဘရု့စ်လည်း ချက်ချင်းဆိုသလို ဂေါ်သမ်ကို ပြန်လာခဲ့ပါတော့တယ်။ ဂေါ်သမ်ကို ပြန်ရောက်တော့ အဲဂြိုဟ်ဆိုးကြီး ကျရောက်အောင် လုပ်မှာဘယ်သူလဲ၊ ဘာကြောင့်လဲဆိုတာကို ဘရု့စ်တစ်ယောက်လိုက်စုံစမ်းရင်း မြို့ကြီးရဲ့ အမှောင်ဖက်ခြမ်းက အကြောင်းကို သိလိုက်ရတဲ့အချိန်မှာတော့…. ဘယ်လို plot twist တွေနဲ့ တင်ဆက်သွားမလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှု့လိုက်ပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Animation, Fantasy, Horror Quality…. 1080p | 720p | 480p File size… 1.4GB | 542MB | 266MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

Comedy
0 2023
Batman: The Doom That Came to Gotham
Moscow Square (Moszkva Ter)
7.8

IMDb 7.8 အထိရရှိထားတဲ့ ဟန်ဂေရီ ရိုမန့်စ် ကော်မဒီ ကျောင်းသား ဒရာမာ ရုပ်ရှင်ကောင်းလေးတစ်ခုပါ။ ၁၉၈၉ နွေရာသီရဲ့ တက္ကသိုလ်၀င်တန်းစာမေးပွဲ နေ့ရက်များဆီသို့… ၁၉၈၉ ဟာ ဟန်ဂေရီနိုင်ငံရဲ့ နိုင်ငံရေး‌အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့တဲ့နှစ်ဖြစ်တယ်။ ပတ်ယာတို့ သူငယ်ချင်းတစ်အုပ်အတွက်တော့ ဒီကိစ္စတွေဟာ တက္ကသိုလ်၀င်တန်းစာမေးပွဲလောက် ခေါင်းထဲမှာမရှိကြ။ သူတို့ဟာအထက်တန်းပြီး‌ကြတော့မယ်။ မကြာခင် တက္ကသိုလ်ဆက်တက်သူကတက်၊ အလုပ်ခွင်၀င်မယ့်သူက၀င်နဲ့ ဘ၀အတွက် အရေးပါတဲ့ဆုံးဖြတ်ချက်တွေကို ချကြရတော့မယ်။ ပတ်ယာတို့ခေတ်မှာက အခုခေတ်လို ကွန်ပြူတာတွေ ဖုန်းတွေသုံးနိုင်ဖို့နေနေသာသာ အပြာဗီဒီယိုကြည့်ရင်တောင် သူငယ်ချင်းတစ်ယောက်အိမ်မှာဝိုင်းစုရင်း ကြည့်ကြရတာ။ ပတ်ယာတို့ လူငယ်လေးတွေအတွက်တော့ လူငယ်ဘ၀မှာ ကျောင်းလစ်၊ ဘီယာဆိုင်ထိုင်၊ ညဖက် ကပွဲပါတီတွေခိုးသွားတာတွေကလွဲရင် တခြားလုပ်စရာ များများစာစားမရှိဘူး။ သူငယ်ချင်းအုပ်စုတွေရဲ့ ထုံးစံအတိုင်း သူတို့အုပ်စုထဲမှာလည်း စော်ကြည်ဘဲပါတယ်၊ ပြိုင်ကား စီးနိုင်တဲ့ သူဌေးသားပါတယ်၊ လေးလုံးနဲ့ စာဂျပိုးပါတယ်၊ အားလုံးထက်ပိုထွားပြီး လူရည်ပိုလည်တဲ့ကောင်ပါတယ်၊ ဇာတ်လိုက်ကျော် ကောင်မလေးတစ်ယောက် စသဖြင့် လူပေါင်းစုံ ပါကြတယ်ပေါ့။ စာသင်နှစ်တစ်နှစ်လုံး ပျော်ချင်တိုင်းပျော် ဆိုးချင်တိုင်းဆိုးခဲ့ကြပေမဲ့ အချိန်တန်တော့လည်း အများနည်းတူ စာမေးပွဲကိုအောင်သွားချင်ကြသူချည်းပဲမဟုတ်ပါလား။ ဒီလိုအောင်ချင်တဲ့သူတွေထဲမှာ အချိုအချောင်နဲ့အောင်ဖို့နည်းလမ်းကို ဖင်ကုန်းဆုတောင်းနေကြတဲ့ ပတ်ယာတို့အုပ်စုလည်း အပါအ၀င်ပဲ။ ကံကောင်းချင်တော့ ၁၉၈၉ ဟန်ဂေရီနိုင်ငံရေးပြောင်းလဲမှုတွေကြောင့် ပတ်ယာတို့အုပ်စုဟာ နေရင်းထိုင်ရင်း ထီထပေါက်ပါတော့တယ်။ ၂၀၀၁ မှာရိုက်ခဲ့တယ်ဆိုပေမဲ့ ၁၉၈၉ ကာလနဲ့ တကယ်တူအောင် ရိုက်ကူးနိုင်ခဲ့တယ်။ သရုပ်ဆောင်တွေ၊ ဒိုင်ယာလော့‌တွေဟာ ကိုယ်တစ်ခါမှမကြုံ‌တွေ့ခဲ့ရဖူးတဲ့ ၁၉၈၉ က စာမေးပွဲကြီးဖြေခါနီး နွေရာသီနေ့ရက်တွေကို ပြန်လည်ပတ်လို့ရအောင် ခေါ်ဆောင်ပေးသွားလိမ့်မယ်။ ဟန်ဂေရီရုပ်ရှင်ဖြစ်တာကြောင့်လည်း ဇာတ်ကောင်နာမည်တွေ၊ ဘာသာစကားတွေဟာ ကြည့်ဖူးနေကျ ရုပ်ရှင်တွေထက် ပိုမိုကွဲထွက်နေဦးမှာပါ။ ဟန်‌ဂေရီရုပ်ရှင်သမိုင်းထဲမှာ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ညွှန်းဆိုကြတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ဒီရုပ်ရှင်လေးနဲ့အတူ အထက်တန်းကျောင်းသားဘ၀ကို ပြန်လည်လွမ်းဆွတ်တမ်းတလိုက်ကြပါဦးလို့ ညွှန်းဆိုပေးရင်းနဲ့ပဲ… File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01281:00 Genre…Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Drama • Romance
7.8 2001 88 mins
Moscow Square (Moszkva Ter)
Camino
7.4

မက်ဒရစ်မြို့မှာ နေထိုင်တဲ့ ၁၁ နှစ်အရွယ် ကာမီနိုဆိုတဲ့ကောင်မလေးဟာ ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ ဘဝကို ပျော်ရွင်စွာဖြတ်သန်းနေတဲ့ သာမန်ကျောင်းသူလေးတစ်ဦးဖြစ်ပါတယ်။ သူမတို့မိသားစုဟာ ဘာသာရေးကိုင်းရှိုင်းပြီးတော့ အမေဖြစ်သူဟာ ကာမီနိုအပေါ်မှာ ချုပ်ချယ်တတ်လို့ ကာမီနိုဟာ အမေထားပေးတဲ့ အချက်အပြုတ်သင်တန်းကို တက်နေရပေမယ့် ပြဇာတ်ကိုသာ စိတ်ဝင်စားနေရှာတာပါ။ ပြီးတော့ ကာမီနိုလေးဟာ ကျောရိုးအဆစ်လွဲနေတဲ့အတွက် ပုံမှန် ဆေးစစ်ရပါတယ်။ ဒီလိုနဲ့ တစ်နေ့ ကာမီနိုလေးတစ်ယောက် ကျောရိုးက မခံမရပ်နိုင်အောင် နာကျင်လာတဲ့အတွက် ဆေးရုံမှာ ဆေးစစ်တဲ့အခါ ကျောရိုးအဆစ်လွဲနေတာမဟုတ်ဘဲ ကျောရိုးအဆစ်ပေါ်မှာ ကင်ဆာအကြိတ် တည်နေတယ်ဆိုတာကို သိလိုက်ရတဲ့အခါ ပုံမှန်ဆယ်ကျော်သက်ကျောင်းသူလေး ကာမီနိုရဲ့ ဘဝဟာ တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ရပါတော့တယ်။ ဒီဇာတ်ကားလေးမှာ ကာမီနိုက အရွယ်နဲ့မလိုက်အောင် ဘာသာရေးကိုင်းရှိုင်းပြီး ရင့်ကျက်ပုံတွေ၊ သာမာန်ကျောင်းသူတွေလို မနေရဘဲ ကင်ဆာကုသဖို့ စွန့်လွတ်လိုက်ရတာတွေ၊ ဘုရားသခင်အပေါ် သက်ဝင်ယုံကြည်မှုကို မေးခွန်းထုတ်လာမိတာတွေကို ဝမ်းနည်းဖွယ်ရာရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်အခြေခံဇာတ်ကားလေးဖြစ်ပါတယ်။ File size…(2.6 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:18:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

7.4 2008
Camino
Gemencheh Boys
8.3

Gemencheh Boys 2024 (ဂမန်ချန်းက လူဆိုးလေးများ) IMDb- 8.3/10 ဒီတစ်ခါမှာတော့ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးတင်ဆက်ပေးထားတဲ့ ဆရာ့မေတ္တာဒရာမာဇာတ်လမ်းလေးတစ်ပုဒ်ကို CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဂမန်ချန်းရွာ မူလတန်းကျောင်းက နှလုံးသားလေးနွေးထွေးစေမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့၊ အဲဒီကျောင်းလေးမှာ သောက်ကလေး၆ကောင်လို့ နာမည်ကြီးတဲ့ လူဆိုးလေး၆ယောက်ရှိပါတယ်။ သူတို့တွေဟာ အရမ်းဆိုးလွန်းလို့ ဘယ်လောက်အပြစ်ပေးခံရခံရ လုံးဝကို မမှတ်တဲ့ ကောင်ဆိုးလေးတွေပါ။ တစ်နေ့တော့ ကျောင်းအုပ်ကြီးက စည်းကမ်းထိန်းသိမ်းရေးဆရာကို သူတို့ကျောင်းရဲ့ ယိုယွင်းစပြုနေပြီဖြစ်တဲ့ ခရစ်ကတ်အဖွဲ့ကို ဦးစီးခိုင်းတဲ့အချိန်မှာတော့ စည်းကမ်းထိန်းသိမ်းရေးဆရာဖြစ်တဲ့ ဆရာအာ့စ်မန်းဟာ လူဆိုးလေး၆ယောက်ကိုပါ ခရစ်ကတ်အဖွဲ့မှာ ထည့်သွင်းဆော့ခိုင်းပါတော့တယ်။ လူဆိုးလေး၆ယောက်ဟာလည်း ခရစ်ကတ်ကိုလုံးဝစိတ်မဝင်စားဘဲ ထရိန်နင်ကို ဘယ်လိုလစ်ရမလဲဆိုတာကိုပဲ ချောင်းနေပါတော့တယ်။ ဒီလိုနဲ့ သူတို့က လစ်လိုက် ဆရာဖြစ်သူက လိုက်ဖမ်းလိုက်နဲ့ နောက်ဆုံးမှာတော့ ချစ်ကြည်ရေးပြိုင်ပွဲတစ်ခုကစားရာမှာ အနိုင်ရခဲ့ရင် ခရစ်ကတ်အဖွဲ့ကနေ ထွက်ခွင့်ပေးမယ်ဆိုတဲ့ ကတိပေးလိုက်မှ ပြိုင်ပွဲကိုနိုင်ဖို့ ကြိုးစားကြပါတော့တယ်။ ဒါပေမဲ့လည်း စိတ်မကောင်းစွာနဲ့ ပြိုင်ပွဲမှာ ရှုံးလာတဲ့နောက်မှာတော့ ….. ရှုံးနိမ့်မှုကို မကြိုက်တဲ့သူတို့၆ယောက် အနိုင်ရဖို့ ဘယ်လိုတွေပြန်ကြိုးစားမလဲ ….. ဆရာဖြစ်သူနဲ့ တပည့်ဖြစ်သူလူဆိုးလေးတွေ ဘယ်လိုအပေးအယူတည့်သွားကြမလဲ ….. လူဆိုးလေးတွေကနေ ဘယ်လိုထူးချွန်ထက်မြက်တဲ့ကောင်လေးတွေ ဖြစ်လာမလဲ ဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းကိုတော့ ToMo ကရေးသားပြီး ဘာသာပြန်ကတော့ ToMo, Suri ပဲဖြစ်ပါတယ်)

8.3 2023 107 mins
Gemencheh Boys
The Wedding March
6.3

The Wedding March (2016) IMDb – 6.3/10 ခြောက်ကားမြောက်ထိထွက်ရှိခဲ့တဲ့ အမေရိကန်-ကနေဒီယန် rom-comရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲက ပထမဆုံးရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကျော် Before trilogyလို ရသမျိုးကို သူ့နည်းသူ့ဟန်နဲ့ ခံစားရစေမယ်လို့ ထင်ပါတယ်။ ရည်းစားဦးကို မြေးဦးရတဲ့ထိတောင် မေ့မရပါဘူးတဲ့။ မစ်ခ်နဲ့ အိုလီဗီယာဆိုတဲ့ စုံတွဲလေးကလည်း ငါ့ကို အသဲခွဲသွားတာဆိုတဲ့ တစ်ဖက်သက်ခံစားချက်ကိုယ်စီနဲ့ ဝေးကွာခဲ့ကြတဲ့ရည်းစားဦးတွေ။ မစ်ခ်ကတော့ သမီးတစ်ယောက်အဖေ မုဆိုးဖိုအဖြစ်နဲ့ သာယာလှပတဲ့ရေကန်အနီးက ဟိုတယ်အသေးစားလေးကို ဦးစီးလုပ်ကိုင်နေသူတစ်ယောက်။ ငယ်ရွယ်စဉ်က အောင်မြင်တဲ့အဆိုတော်ဖြစ်ခဲ့ပေမဲ့လည်း အကြောင်းကြောင်းကြောင့် ပရိသတ်တွေနဲ့ဝေးကွာသွားခဲ့သူ။ တစ်နေ့ သူ့ဟိုတယ်လေးမှာ မင်္ဂလာဆောင်မဲ့ အောင်မြင်နေတဲ့အိမ်ခြံမြေပွဲစားတွေအတွက် မဖြစ်မနေ ဧည့်ခံသီချင်းဆိုပေးဖို့ ကြုံလာပါတော့တယ်။ ဖြစ်ချင်တော့ သတို့သမီးက သူ့ငယ်ချစ်ဦး အိုလီဗီယာဖြစ်နေပါရော။ အိုလီဗီယာမှာလည်း ပထမအိမ်ထောင်နဲ့ရတဲ့ မစ်ခ်ရဲ့သမီးနဲ့ရွယ်တူ သမီးတစ်ယောက်ရှိနေပါတယ်။ ငါ့အသဲကိုခွဲသွားတာဆိုတဲ့ ခံယူချက်ကိုယ်စီနဲ့ မျက်နှာချင်းဆိုင်မရဖြစ်နေရာကနေ အကြောင်းအရင်းမှန်ကို သိလိုက်ရတဲ့နောက်မှာ။ မစ်ခ်နဲ့ အိုလီဗီယာတို့ရဲ့ ဇာတ်လမ်းလေးကို တစ်ကားချင်းစီမှာ ရသအမျိုးမျိုးခံစားရစေမှာမို့ အားပေးကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်) Genre….. Comedy, Drama, Family Quality…. 1080p | 720p File size… 1.3GB, 678MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

6.3 2016
The Wedding March
The Angry Black Girl and Her Monster
5.4

ဗကေးရီးယားဆိုတာ အသက် ၅ နှစ်သားထဲက အမေကိုဆုံးရှုံးခဲ့ရသူဖြစ်ပါတယ်။ မောင်လေး ခရစ်စ်ကလည်း မကောင်းတဲ့လူတွေနဲ့ပတ်သက်မိပြီး အသက်ဆုံးခဲ့ရပါတယ်။ ဒါပေမဲ့ ဗကေးရီးယားမှာ မှတ်ယူထားတာတစ်ခုရှိတယ်။အဲဒါကတော့ သေခြင်းတရားဆိုတာရောဂါတစ်မျိုးပဲ။ ရောဂါဆိုရင်ကုသလို့ရရမယ်။ သေခြင်းကိုကုသချင်တဲ့ ဗကေးရီးယားဆိုတဲ့ဆယ်​ကျော်သက်ကောင်မလေးရဲ့အကြံက တကယ်ပဲအလုပ်ဖြစ်ပါ့မလား။ ရုပ်ရှင်ခေါင်းစဉ်မှာ ဒေါသထွက်နေသော လူမည်းကောင်မလေးနှင့်သူမ​၏ မကောင်းဆိုးဝါး ဆိုတာမလို့ မကောင်းဆိုးဝါးတွေရောပါလာဦးမှာလား…. File size…(2.1 GB)/(920 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:31:00 Genre…Drama, Fantasy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucifer Maximoff

5.4 2023
The Angry Black Girl and Her Monster
[18+] Throuple
5

အခုနောက်ပိုင်းလူပြောများလာတဲ့ ခေတ်ပေါ် Relationship ပုံစံတစ်မျိုးဖြစ်တဲ့ Throuple ကိုအခြေခံထားတဲ့နောက်ထပ်ဇာတ်ကားတစ်ကားပါ။ ယဆေးနဲ့ဟန်နာဆိုတဲ့ မိန်းကလေးနှစ်ယောက်၊ပြီးတော့ ဟွမ်ချိုဆိုတဲ့ကောင်လေးတို့ဟာ သုံးယောက်တစ်တွဲပေါင်းသင်းနေထိုင်တဲ့ချစ်သူတွေပါ။တစ်နေ့မှာတော့ သုံးယောက်ထဲက တစ်ယောက်ကိုမတော်တဆဆုံးရှုံးလိုက်ရတဲ့အခါ ကျန်ရစ်သူနှစ်ယောက်ဟာMove on လုပ်ဖို့ ခံစားချက်တွေနဲ့ရင်ဆိုင်ဖို့ အစရှိတဲ့ပြဿနာတွေနဲ့အတူ စိန်ခေါ်မှုအသစ်တွေကိုကြိုးစားရုန်းကန်ရပါတော့တယ်။Sahara Bernales နဲ့ Audrey Avila တို့အပြင် Arah Alonzo ဆိုတဲ့မင်းသမီးအသစ်လေးကို Main Role နေရာကနေ ပွဲထုတ်ထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(950MB)/(450MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:11:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

Action • Family • Music • Romance
5 2024
[18+] Throuple
River of Ghosts
5

Horror, Thriller အမျိုးအစားတွေ ကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ River of ghosts ဆိုတဲ့ movie လေးကို တင်ဆက်လိုက်ပါ တယ်… ဇာတ်လမ်းအညွှန်း +++++++++ Stanford တက္ကသိုလ်ရဲ့ စိတ်ရောဂါအထူးပြု ကျောင်းသားတစ်ယောက် ဖြစ်တဲ့ ရှောန် ဟောလ်တန်က သူ့ရဲ့မွေးရပ်မြေမြိုလေးကို ပြန်ပြီး အိပ်မွေ့ချကုထုံး ဆရာဝန်တစ်ယောက်အနေနဲ့ လူတွေရဲ့နာကျင်မှု တွေကို ကုစားဖို ကူညီပေးနေခဲ့တယ် ကတ်သီကတော့ နှစ်ရှည် လပေါင်းများစွာ ကုသလိုမရနိုင်တဲ့ ခါးနာကျင်တဲ့ဒဏ်ကို ခံစားနေရပြီး သူမရဲ့သူငယ်ချင်းရဲ့ ညွှန်ပေးမှုကြောင့် ဒေါက်တာရှောန် ဟောလ်တန်ဆီ ရောက်လာခဲ့တယ်… ခါးနာတာလိုမျိုး ကိုယ်ခန္ဓာနာကျင်တဲ့ ရောဂါကိုရော အိပ်မွေ့ချ ဆရာဝန်တစ်ယောက်က ကုသပေးနိုင်မှာလား တစ်ဖက်မှာလည်း ဘရိုင်ယန်ကတော့ သူ့ဇနီးဖြစ်သူ ပျောက်နေပြီး မြိုအနှံမှာ လိုက်ရှာနေခဲ့တယ်… ထူးဆန်းတာတစ်ခုကတော့ ဘရိုင်ယန်ရဲ့ အိမ်မှာညတိုင်း သရဲခြောက်တဲ့ ဖြစ်ရပ်တွေကို ကြုံတွေ့နေရတယ်… အဲဒါကြောင့် ဘရိုင်ယန်လည်း ဆွေးနွေးမှုလုပ်ဖို ဒေါက်တာရှောန် ဟောလ်တန်ဆီကို သွားခဲ့တယ် ဘရိုင်ယန်ရဲ့ ဇနီးကရော ဘယ်ကို ရောက်နေတာဖြစ်မလဲ… သရဲခြောက်တဲ့ဖြစ်ရပ်ကရော ဘယ်လိုကြောင့် ဖြစ်နေရတာလဲ… မြိုထဲကလူတွေ အိမ်မွေ့ချဆရာဝန်ဆီမှာ လာရောက်စုံကြပြီး ဘယ်လိုဖြစ်ရပ်တွေဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားစရာကောင်းစွာ ကြည့်လိုက်ကြပါဦးနော်…. ( ဇာတ်လမ်းအညွှန်းကို Vanessa မှ ရေးသားထားပါတယ် ) File size… (1.37GB) / (756MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre ….. Fantasy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Vanessa

5 2024 102 mins
River of Ghosts
Don’t. Get. Out!
5.8

Don’t. Get. Out! (2018) ********************** IMDb….5.8 အရင်တုန်းက အခွေထိုးကြည့်ခဲ့ရတဲ့ Speed ဆိုတဲ့ ဘတ်စ်ကားပေါ်မှာ ဗုံးထောင်ထားတဲ့ကားကိုတော့ အနည်းနဲ့အများမှတ်မိကြဦးမှာပါ။ အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကလည်း အဲဒါမျိုးခပ်ဆင်ဆင် ရင်ခုန်စိတ်လှုပ်ရှားစေတဲ့ Feeling မျိုးရစေမဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Don’t Get Out! ဖြစ်ပြီး IMDb Rating 5.8 အထိရရှိထားပါတယ်။ ၂၀၁၈ ခုနှစ်တုန်းကထွက်ရှိခဲ့တာဆိုပေမဲ့ အခုပြန်ကြည့်ရင်တောင်မှ ကောင်းနေဆဲလို့ပြောလို့ရပါတယ်။ ဇာတ်ကားအစမှာ ကားလ်ဆိုတဲ့ အိမ်ခြံမြေစီမံကိန်းအကျိုး‌ဆောင်တစ်ယောက်က ကွာရှင်းလုဆဲဆဲမိန်းမဖြစ်သူနဲ့ ကလေးတွေဆီလာတဲ့ခရီးလမ်းကိုတွေ့ရမှာပဲဖြစ်ပါတယ်။ စစချင်းတုန်းကတော့ ၁၅ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်မလို့ ချစ်ကြည်နူးတစ်တီတူးဖို့ စိတ်ကူးနဲ့လာခဲ့ပေမဲ့ မိန်းမဖြစ်သူက အဆင်မပြေတဲ့အတွက် ရန်ဖြစ်‌ပြီး ကလေးနှစ်ယောက်ကို ကျောင်းပို့ဖို့ သူ့ကားနဲ့ထွက်လာခဲ့ပါတော့တယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာ ဘယ်ကမှန်းမသိတဲ့ ဖုန်းတစ်လုံးက သူ့ကားပေါ်ရောက်နေပြီး ဖုန်းဝင်လာခဲ့ပါတော့တယ်။ အဲ့ဒီဖုန်းကိုကိုင်လိုက်တဲ့အချိန်မှာ သူ့ကားပေါ်မှာ ဖင်ကြွလိုက်တာနဲ့ ပေါက်ကွဲမဲ့ဗုံးထောင်ထားကြောင်းသိခဲ့ရပြီး ခြိမ်းခြောက်ငွေညှစ်တာကိုခံခဲ့ရပါတော့တယ်။ စစချင်းတုန်းကမယုံပေမဲ့ ကလေးတွေအသက်ကို မစွန့်စားရဲတဲ့အတွက် ကားလ်က အဲဒီခြိမ်းခြောက်ငွေညှစ်သူရဲ့စကားအတိုင်း တသဝေမတိမ်းလိုက်နာခဲ့ပြီး နောက်ပိုင်းမှာ ရဲတွေပါ ပါဝင်ပတ်သတ်လာတဲ့အခါမှာတော့ အရှုပ်အထွေးတွေဖြစ်ကုန်ပြီး ကားလ်နဲ့သူ့ကလေးတွေ ဒီဗုံးရန်ကလွတ်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ရှုစားရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Saw Lay ပဲဖြစ်ပါတယ်…) File Size : 1.87GB/ 940MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:49:00 Genre : Action, Thriller, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Saw Lay Encoded by Tiff

Thriller • TV Movie
5.8 2018 105 mins
Don’t. Get. Out!
Leg Piece
7.2

Leg Piece (2025) တစ်ပိုင်းတစ်စ မွေးတည်းက ရွှေဇွန်းကိုက် မွေးဖွားလာသူမျိုးမဟုတ်ရင် အသက်ရှင်ရပ်တည်ရေးအတွက် ပုံစံမျိုးစုံနဲ့ ရုန်းကန်ရတာပါပဲ။ ဒီဇာတ်လမ်းလေးထဲမှာလည်း ရုန်းကန်လှုပ်ရှားနေတဲ့ လူလေးဦးရဲ့ ဘဝကိုယ်စီကို ဖော်ပြထားပါတယ်။ ဘယ်သူမဆိုရဲ့အသံကို တုပပြောဆိုနိုင်တဲ့အရည်အချင်းရှိသူတစ်ဦး။ သူက ဈေးထဲကဈေးသည်တွေကိုယ်စား သူတို့လိုချင်တဲ့အသံအတိုင်း ‌ပြောပေးပြီး ကူညီရောင်းချပေးရင်းနဲ့ ဝမ်းစာရှာဖွေရသူပေါ့။ နောက်တစ်ဦးကတော့ ဘရိတ်လည်းမကောင်း ဟွန်းလည်းပျက်နေတဲ့ ဆိုင်ကယ် အစုတ်လေးနဲ့ တစ်လမ်းဝင် တစ်လမ်းထွက် ဆံပင်လိုက်ဝယ်ရင်း အသက်မွေးဝမ်းကျောင်း နေရသူပါ။ နောက်တစ်ယောက်က မွေးတည်းက ထူးခြားတဲ့စွမ်းရည်ရှိတယ်လို့ သူ့ကိုယ်သူ သတ်မှတ်ထားတဲ့ နာနာဘာဝတွေကိုမြင်နိုင်နေတာပါ။ အိမ်ဟောင်း မြေဟောင်းတွေက မကျွတ်မလွတ်သေးတဲ့သူတွေကို ထွက်ခွာစေဖို့လို မကောင်းဆိုးဝါးနှင်တဲ့အလုပ်လုပ်ပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့ ကြက်တူရွေးလေးနဲ့ ဗေဒင်ဟောတာပါ။ လက္ခဏာလည်းနည်းနည်းပါးပါး ကြည့်တတ်တဲ့ ဗေဒင်လက္ခဏာပညာရှင်ပေါ့။ ဒီလိုနဲ့တစ်နေ့ သူတို့လေးဦးဟာ လမ်းဆုံတစ်ခုမှာအမှတ်မထင်တွေ့ဆုံပါတယ်။ လေးယောက်တစ်ပြိုင်တည်း ပိုက်ဆံကောက်ရဝာာပါ။ ညီတူမျှတူဝေခွဲရင်း စားသောက်ဆိုင်တစ်ခုမှာ ဘဝအကြောင်း စကားစမြည်ပြောဆိုရင်း ဘဝအလှည့်အပြောင်း ကြုံလာရပုံကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

Comedy • Fantasy
7.2 2025
Leg Piece
I Dreamed A Dream
5.6

I dreamed a dream ဆိုတဲ့ဇာတ်ကား‌က ရွှေကျင်းလို့ခေါ်တဲ့ ကောင်မလေးနဲ့ ယောဂအိပ်မက် နည်းပြဆရာကြီး လီရှီဟောင် (ရွှေကျင်းရဲ့အဖေ)တို့ရဲ့ အိပ်မက်ခရီးစဉ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် ရွှေကျင်း ငယ်ငယ်ထဲက သူ့အိပ်မက်ထဲမှာ စူးရှတဲ့အလင်းတန်းကိုအမြဲတွေ့နေရခဲ့တယ် အဲ့အလင်းတန်းကို ဘာဖြစ်လို့အမြဲမြင်နေရလဲဆိုတာ သူကိုယ်တိုင်လည်းနားမလည်ခဲ့ဘူး သူ့အဖေက နတ်နဂါးရဲ့မျက်လုံးဆိုပြီး တင်စားပြီးပြောဆိုခဲ့တယ် နတ်နဂါးမျက်လုံးဆိုတာတော့ အိပ်မက်ထဲကစိတ်ကူးယဥ်ကမ္ဘာနဲ့ ကျွန်တော်တို့အပြင်လောက ကမ္ဘာနှစ်ခုကြားကို ဆက်သွယ်ပေးတဲ့ လိုဏ်ခေါင်းတစ်ခုလို့သတ်မှတ်နိုင်ပါတယ် အရမ်း‌ချမ်းသာလွန်းတဲ့ သူဌေးလီရှီဟောင်က သူ့သေခါနီးအချိန်မှာ ပိုင်ဆိုင်ခဲ့တဲ့ရှယ်ယာတွေအားလုံးကို သူ့ရဲ့တစ်ဦးတည်းသောဖြစ်တဲ့ သူ့သမီးရွှေကျင်းကိုမပေးခဲ့ပဲ သူ့ရဲ့ ငယ်ဘဝက အချစ်ဦးဖြစ်သူ ကျူးလိယင်းကိုပေးခဲ့လိုက်တယ် ကျူးလိယင်းနဲ့ လီရှီဟောင်က ကိုယ့်အိမ်ထောင်နဲ့မိသားစုတွေရှိနေပြီး အချင်းချင်းအဆက်သွယ်မရှိတာလဲကြာခဲ့ပါပြီ ဒါပေမဲ့ ရုတ်တရက်ကြီး ရှယ်ယာတွေကို ကျူးလိယင်းလက်ထဲအပ်ခဲ့လဲဆိုတာ ရွှေကျင်းကအံ့ဩတဲ့အတွက် ကျူးလိယင်းအကြောင်းကိုလိုက်ပြီးစုံစမ်းရာမှ မထင်မှတ်ပဲ လျှို့ဝှက်ချက်များကိုသိခဲ့လိုက်ရပါတယ် အဲ့လျှို့ဝှက်ချက်တွေကို ရွှေကျင်းကလိုက်စုံစမ်းရင်း သေခါနီး comaဖြစ်နေတဲ့သူ့အဖေရဲ့ အတွင်းစိတ်အိပ်မက်ထဲကို ယောဂအိပ်မက်ကတစ်ဆင့် ဘယ်လိုကြည့်ရှုခဲ့ပါတယ် ကျူးလိယင်းနဲ့ ဒီလျှို့ဝှက်ချက်ကြားမှာ ဘယ်လိုပတ်သက်နေတာလဲ ယောဂအိပ်မက်ဆိုတာက ဘာလိုမျိုးဖြစ်မလဲ နောက်ဆုံးအမှန်တရားနဲ့ အိပ်မက်ထဲအမြဲမြင်နေခဲ့ရတဲ့ အလင်းတန်းကရော ဘာဖြစ်နိုင်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်ဗျာ

5.6 2021
I Dreamed A Dream