YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Scrooge.A.Christmas.Carol.2022.480p.(CM).mp4

698.36 MB N/A video/mp4 236 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
What's Love Got to Do with It?
6.2

IMDb Rating - 6.4/10 ဘာမှမညွှန်းခင် အရင်ဆုံးပြောချင်တာကတော့ ဒီကားကို တီတီတာတာလုပ်စရာ ရည်းစားမရှိတဲ့သူတွေ ကြည့်သင့် တယ်ဗျ။ "ရည်းစားမရှိလည်း အေးဆေးပါ အချိန်တန်ရင် အိမ်ကစီစဉ်ပေးလိမ့်မယ်" ဆိုတဲ့သူတွေဆို အပြေးကို ကြည့် သင့်တဲ့ကားမျိုးပါ။ အဲ....အိမ်ကတောင် စီစဉ်ပေးစရာလူ မရှိဘူးဆိုရင်တော့ ဘုန်းကြီးကျောင်းမှာသာ တိုကင်ပေး ထားလိုက်ပါတော့။ အဖြစ်ကတော့ ဒီလို။ ကက်ဇ် က "အိမ်ထောင်ရေးမှာ အချစ်ဆိုတာက ပါမွှားပါ၊ နောက်ကျ သူ့အလိုလိုအဆင်ပြေသွားလိမ့်မယ်" ဆိုတဲ့ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လန်ဒန်မှာမွေးတဲ့ ပါကစ္စတန်သား ဆရာဝန်တစ်ယောက်။ ဇိုဝီကတော့ မှတ်တမ်းရုပ်ရှင်တွေ ဖန်တီးတဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ဆုတွေပါ ရရှိထားတဲ့ ဗြိတိန်သူလေး။ "ယောက်ျားယူတာ ကောင်းတယ်ဆိုတာ ပုံပြင်တွေထဲမှာပဲ ရှိတယ် အပြင်မှာတော့ ယောက်ျားတွေက အလကားပဲ" ဆိုတာ သူ့ဆောင်ပုဒ်ပေါ့။ သူတို့နှစ်ယောက်က ငယ်စဉ်တည်းက အိမ်နီးချင်းတွေဖြစ်ပြီး မိသားစုချင်းကလည်း ပြောမနာဆိုမနာတွေဆိုပါတော့။တစ်ရက်မှာ ကက်ဇ်ရဲ့မိဘတွေက သူတို့ရဲ့ ပါကစ္စတန်ရိုးရာအတိုင်း သူ့ကို အိမ်ထောင်ချပေးဖို့ စီစဉ်ကြပါလေရော။ အဲဒီမှာ ဇိုဝီက ကက်ဇ်ရဲ့ မိဘတွေအချင်းချင်း စီစဉ်ကြတဲ့ လက်ထပ်ပွဲကို မှတ်တမ်းတင် ရုပ်ရှင် ရိုက်ကူးမယ်ဆိုပြီး ဖြစ်လာခဲ့တာပေါ့။ ဆိုတော့ ပါကစ္စတန် သားတွေရဲ့ အိမ်ထောင်ဖက်ရှာကြပုံတွေ၊ မိဘတွေစီစဉ်တဲ့ အိမ် ထောင်ရေးအကြောင်းတွေကို ရယ်စရာလေးတွေနှောပြီး ကြည့်ရှု့ ရမဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ဒါလေးပဲလားတော့ ဘယ်ဟုတ်မလဲလေ။ ဇာတ်ရဲ့အလှည့်အပြောင်း တွေကတော့ ရှိစမြဲပေါ့။  ဒါကိုတော့ ပရိသတ်တို့ ကိုယ်တိုင်ပဲ ကြည့်ရှု့ ကြည့်လိုက်ပါဗျာ။ အချိန်တစ်နာရီခွဲဝန်းကျင်အတွင်း စိတ်ပျော်သွား ရဖို့တော့ အာမခံပေးနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.8 GB) / (735 MB) / (422 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 48Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......May Thet Khine Soe Encoder..........SWM

Action • Drama • Thriller
6.2 2023 109 mins
What's Love Got to Do with It?
I Don't Want to Sleep Alone
6.5

" Tsai Ming-liang ကားတွေ ထုံးစံအတိုင်း အကြည်ရဖို့မလွယ်လို့ 480p ကိုပဲ ကြည့်ရအဆင်ပြေအောင် ကုတ်ပေးလိုက်ပါတယ် " ပူလောင်အိုက်စက်နေတဲ့ ရာသီဥတုမှာ မွေ့ယာဟောင်းကြီးတစ်ခုကို သူစိမ်းတွေနဲ့ အတူမျှသုံးရမယ်ဆို ဘယ်လိုနေမလဲ။ ဒါပေမဲ့ ကိုယ်ကချစ်ရတဲ့သူနဲ့ဆိုရင်ကော။ တစ်မျိုးတမည် ပြောင်းသွားမယ်ထင်ပါတယ်။ ဒါပေမဲ့ အဲဒီထက်ပိုပြီး ကိုယ်ကချစ်ရတဲ့သူရဲ့ ချစ်ရတဲ့သူနဲ့ပါဆိုရင်ကော...။ ကိုယ်ရယ် သူရယ် သူ့ချစ်သူရယ် ခင်းမွေ့ယာကြီးတစ်ခုမယ်ပေါ့။ ဘဝက အထီးကျန်ဆန်လွန်းတဲ့အခါ ချစ်ခြင်းမေတ္တာက အတိုင်းနယ်လွန်သွားတဲ့အခါ သူ့အနားရှိဖို့မှတစ်ပါး တခြားတွေးဝံ့နိုင်ပါ့မလား...။ မလေးရှားမှာ အလုပ်လာလုပ်တဲ့ ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းလုပ်သားလေးတစ်ယောက်ဟာ တစ်ညမှာ လူဆိုးတွေရိုက်နှက်ခံထားရလို့ လမ်းပေါ်လဲကျနေတဲ့ လူတစ်ယောက်ကို သူနေတဲ့ ဆောက်လက်စ တိုက်ကြီးဆီကို ခေါ်သွားပြီး ပြုစုပေးခဲ့ပါတယ်။ နာလန်ပြန်ထလာတဲ့ အဲဒီလူဟာ စားပွဲထိုးမလေးတစ်ယောက်ကို ချစ်မိသွားခဲ့ပါတယ်။ တကယ်တမ်းတော့ ဒီရုပ်ရှင်ဟာ ဇာတ်အသွားအလာအကြောင်း ဇာတ်လမ်းအကြောင်းပြောရမှာမဟုတ်ဘဲ ခံစားမှုတွေနဲ့အတူ စီးမျှောရမှာပါ။ Slow Cinema ကို အရမ်းကြီး မရင်းနီးသူတွေအတွက်တော့ စိတ်ရှည်နိုင်စွမ်းကို စမ်းသပ်နေသလို ရုပ်ရှင်အသွားဟာ နည်းနည်းနှေးကောင်းနှေးနေနိုင်ပါတယ်။ ဒါပေမဲ့ ဒိုင်ယာလော့ ခပ်နည်းနည်း၊ Long shot ခပ်များများ သုံးတတ်တဲ့ Tsai Min-liang ရဲ့ ပရိတ်သတ်တွေအတွက်တော့ ဒီကားကပေးတဲ့ စိတ်ခံစားမှုဟာ အဖိုးဖြတ်နိင်မယ်မထင်ပါဘူး။ ဒီကားထဲက အဓိကဇာတ်လိုက်ဖြစ်တဲ့ မွေ့ယာအလယ်ကလူနေရာမှာတော့ ထုံးစံအတိုင်း ဆိုင်းမင်းလျံရဲ့ အချစ်တော်ကောင်လေး လီကန်ရှန်းကပဲ သရုပ်ဆောင်ထားပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ရုပ်ရှင်အစကနေ အဆုံးထိ အများစုသတိမထားမိနိုင်မယ့် နောက်တစ်နေရာမှာလည်း လီကန်ရှန်းပဲ သရုပ်ဆောင်သွားခဲ့တာပါ။ ဒီကားက လူတိုင်းအတွက်မဖြစ်နိုင်ပေမယ့် ဆိုင်းမင်းလျံပရိသတ်မှ ကြည့်ရမယ်ဆိုတာမျိုးမဟုတ်ဘဲ ခံစားတတ်တဲ့သူတိုင်း ဒီကားရဲ့အထိအတွေ့ကို စမ်းသပ်ကြည့်သင့်ပါတယ်။ တကယ်ဆို ခံစားမှုဆိုတာ လူကသာ အရင်းခံတာပဲ မဟုတ်ပါလား...။ မလေးရှားဆင်ဆာအဖွဲ့က ဒီရုပ်ရှင်ဟာ ယဉ်ကျေးမှုနဲ့ လူ့ကျင့်ဝတ်တွေအတွက် အပျက်သဘောဆောင်တယ်ဆိုပြီး ပိတ်ပင်ခဲ့တာမို့ မလေးရှားပြည်တွင်းမှာတော့ ဆင်ဆာအဖွဲ့က ညွှန်ကြားတဲ့အတိုင်း ဖြတ်တောက်ထားတဲ့ အတိုလေးကိုပဲ ပြခွင့်ရခဲ့ပါတယ်တဲ့။ ဒါပေမဲ့ ကမ္ဘာ့အကြီးကျယ်ဆုံး "Big Six" ထဲက နိုင်ငံတကာရုပ်ရှင်ပွဲတော်တစ်ခုဖြစ်တဲ့ Venice Film Festival မှာတော့ ဆုရခဲ့တဲ့ရုပ်ရှင်ပါ။ ကြည့်မလား/မကြည့်ဘူးလားကတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်ကြပါ... (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.1GB Quality - 480p IMDb Rating - 6.9/10 Format - mp4 Duration - 1H 55Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Crime • Mystery • Thriller
6.5 2006 118 mins
I Don't Want to Sleep Alone
Next Sohee
7.3

Next Sohee (2023) Bae Doo Na ရဲ့ Comeback Movie လို့ ပြောလို့ ရပါတယ်။ ပျောက်နေတာ အတော်ကြီး ကြာပြီးမှ ပြန်လာသလို ပြန်လာတဲ့ကားကလည်း အတော့်ကို ကောင်းတဲ့ကားပါ။ "ထပ်တိုး ဆိုဟီး" ဆိုတဲ့ ရုပ်ရှင်ကားလေးနဲ့ ပြန်လာခဲ့တဲ့ သူမရဲ့ရုပ်ရှင်ကားက ဘယ်လို အကြောင်းအရာများ ဖြစ်မလဲ? တစ်ချက် ကြည့်လိုက်ရအောင်ပါ။ လူဟာ အိပ်မက်နဲ့ရှင်သန်ကြတယ်ဆိုပေမဲ့ အိပ်မက်တွေက တစ်ခါတလေတော့လည်း အိပ်မက်ဆန်လွန်းတယ်။ ဒီလိုနိုင်ငံမျိုးမှာတော့ ဖြစ်ချင်တာတွေနောက်လိုက်ဖို့ မဖြစ်ချင်တာတွေလုပ်ရတဲ့ အခြေအနေမျိုးကို အားလုံးကျော်ဖြတ်ခဲ့ဖူးကြမှာပဲ။ ဖြစ်ချင်တာတွေဟာ ဘယ်တော့မှဖြစ်မလာတော့တဲ့ဘဝတွေလည်း ရှိကောင်းရှိကြမှာပဲ။ ဒီရုပ်ရှင်ဟာ အဲဒီလိုဘဝမျိုးတွေအကြောင်းပဲ။ အထက်တန်းကျောင်းသူကောင်မလေး ဆိုဟီးဟာ ကျောင်းက ချိတ်ပေးတဲ့ အလုပ်မှာ အလုပ်သင်အနေနဲ့ဝင်လုပ်တယ်။ ဒါပေမဲ့ အဲဒီအလုပ်ဟာ မတရားမှုတွေ အပြည့်ရှိနေသလို လစာကိုလည်း ရတဲ့နေရာကနေ ဘက်စုံနှိမ်တတ်တဲ့ အလုပ်မျိုး။ ဒီလိုနဲ့ အထက်တစ်ဆင့်ကနေ အောက်တစ်ဆင့်ကိုပြန် အမြတ်ထုတ်ရင်း အဆင့်ဆင့်သွားတတ်တဲ့ စနစ်မျိုးမှာ သူရှင်သန်ခဲ့ရတယ်။ ဒါပေမဲ့လည် ရွေးစရာတော့မရှိဘူး။ ဆိုဟီးမှ မဟုတ်ဘူး။ ဆိုဟီးလို ရွေးစရာမရှိတဲ့ ကလေးတွေအကုန် ဒီလမ်းပဲ သွားကြရတာပဲ။ လူ့စနစ်ကြီးကတော့ ဒီလိုအခြေအနေကို သည်းညည်းခံပြီး‌ ကျော်ဖြတ်ပြီး အိပ်မက်တွေဖြစ်လာရင်ဖြစ်လာ မဖြစ်လာရင်လည်း ဒီလိုလူကြီးတစ်ယောက်ပဲဖြစ်လာဖို့ဆီ ဦးတည်ထားလားပဲ။ ဆိုဟီးကတော့ တတ်နိုင်သလောက် သည်းညည်းခံပေမဲ့ လူငယ်ဆိုတော့ ဒီလိုပဲ ပေါက်ကွဲထွက်သွားတယ်။ လူငယ်တစ်ယောက် ပေါက်ကွဲသွားတဲ့အခါ လူကြီးတွေဟာ... ( စကားလုံးမှားသွားမလားပဲ ) လူကြီးဆိုတဲ့လူတွေဟာ ဘာကြောင့်ပေါက်ကွဲသွားသလဲဆိုတဲ့ အကြောင်းရင်းကို နားလည်ပေးကြမှာမဟုတ်တာကတော့ သဘာဝတစ်ခုလိုလိုပါပဲ။ ပိုဆိုးတာကတော့ လူကြီးဆိုတဲ့ လူတွေဟာ သူ့ဟန်ကိုယ်ဖို့ (နားလည်လွယ်အောင်ပြောရရင်) လူကြားကောင်းဖို့နဲ့ သူတို့အချင်းချင်းကြားက ဆက်ဆံရေး မပျက်ဆီးသွားဖို့ ပြဿနာရဲ့အဖြေကို လူငယ်တွေရဲ့ ဆိုးကွက်တွေကိုပဲ ဖိနင်းပြောချပစ်ကြမှာပဲ။ ဆိုဟီးလည်းပဲ ဒီလိုအခြေအနေကို ကြုံခဲ့ရတယ်။ အိပ်မက်ကို လက်လျှော့ခဲ့ရတယ်။ ဒီလိုနဲ့ မရွေးသင့်တဲ့လမ်းကို ရွေးမိသွားတယ်။ ဒီရုပ်ရှင်က တကယ်ဆို နှစ်ခြမ်းခြမ်းထားတယ်။ ဆိုဟီးအလွန်မှာ ဒီလိုတွေကြုံကောင်း ကြုံခဲ့ရပေမဲ့ ဒီလိုလူကြီး မဖြစ်လာခဲ့တဲ့ Bae Doo Na ရဲ့ဇာတ်ကောင်ပါ။ ဆိုဟီးအမှုကို စုံစမ်းတယ်။ ဆိုဟီးအတွက် အမှန်တရားကို ရှာပေးတယ်။ ပြောခဲ့သလိုပဲ လူကြီးတွေက ဟန်ကိုယ့်ဖို့လုပ်ရင်း ဆိုဟီးကိုပဲ ပုံချလိုက်ကြတယ်။ Bae Doo Na ရဲ့ ဇာတ်ကောင်ဟာ ဒေါသထွက်ရပေမဲ့လည်း အားလုံးကြားကောင်းအောင် အပေါ်ယံတွေ တည်ဆောက်ထားတဲ့ စနစ်ကြီးကို သူတို့တွေလည်း မကျော်လွှားနိုင်ခဲ့ဘူး။ ဦးလှိုင်ရဲ့ လူငယ်တယောက်ရဲ့သွေးတွေဆိုတဲ့ကဗျာထဲကလို " သူတို့က မှားသွားလည်းလှတယ် ...... ကမ္ဘာမြေကို မဖျက်ဆီးဘူး " ဆိုတဲ့ ကမ္ဘာမျိုးပေါ်မလာနိုင်သရွေ့တော့ အရင်ဆိုဟီးတွေရော နောက်ထပ်ဆိုဟီးတွေရော အဆက်ဆက်ပေါ်လာကြဦးမှာပဲ။ အစ်ကိုတစ်ယောက်ပြောဖူးတယ်။ "ကျွန်တော်တို့ကမ္ဘာဟာ နောက်လူငယ်တွေအတွက်" တဲ့။ ဒီရုပ်ရှင်ကတော့ ခင်ဗျားတို့ ကျွန်တော်တို့ ကြုံခဲ့ရတဲ့ အဖြစ်မျိုးတွေ နောက်လူငယ်တွေ မကြုံစေဖို့ ကျွန်တော်တို့လည်း လူငယ်တွေဖြစ်ခဲ့ကြတာကို မမေ့ဖို့အတွက်ပေါ့။ အညွှန်းကိုတော့ WiRa Aung က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.74GB | 541MB | 272MB Format… mp4 Duration…. 2h 14min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Joyz Encoder ..... Aaron

Action • Comedy
7.3 2022 135 mins
Next Sohee
The Florida Project
7.4

IMDb - 7.6/10_____Rotten - 96% CM ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းကတော့ “The Florida Project” ဆိုတဲ့ဇာတ်လမ်းဖြစ်ပါတယ်… အညွှန်း— ခြောက်နှစ်အရွယ် ကောင်မလေး Moonee ဟာ သွက်လက်ပြီး စူးစမ်းချင်စိတ်ပြင်းပြတဲ့ကလေးတစ်ယောက်ပါ… သူဟာ မိခင်ဖြစ်သူ Halley နဲ့ Magic castle ဆိုတဲ့ မိုတယ်တစ်ခုမှာ နေထိုင်ခဲ့ပါတယ်. Magic castle ဟာ Florida က ရုပ်ရှင်ချစ်ပရိတ်သတ်တို့ သိကြတဲ့ Walt Disney World အနားမှာရှိတဲ့ နေရာတစ်ခုပါ… Magic castle ရဲ့ မန်နေဂျာကတော့ Bobby ဖြစ်ပြီး သူက ကလေးတွေ အန္တရာယ်ကင်းအောင် စောင့်ရှောက်ပေးတတ်ပါတယ်… Moonee လေးဟာ မိုတယ်က သူနဲ့သက်တူရွယ်တူ ဘော်ဒါတွေ ဖြစ်တဲ့ Scooty, Dicky တို့နဲ့ ကစားဖော်တွေဖြစ်ခဲ့ပါတယ်.. တစ်နေ့တော့ Jancey ဆိုတဲ့ မိန်းကလေးတစ်ယောက် မိုတယ်ကို ပြောင်းလာခဲ့ပါတယ်… Jancey ဟာ Moonee တို့နဲ့ သက်တူရွယ်တူလောက်မို့ Moonee တို့အုပ်စုထဲဝင်သွားခဲ့ပါတယ်.. ကလေးတွေ ဆိုတဲ့အတိုင်း တစ်နေ့တစ်နေ့ မရိုးရအောင် သောင်းကျန်းခဲ့ကြပါတယ်… တစ်နေ့တော့ ပြဿနာအကြီးအကျယ်တက်ပါလေရော.. ဒါကို ကြားတဲ့ Dicky ရဲ့ ဖခင်ဟာ သားဖြစ်သူကို Moonee တို့မျောက်တစ်သိုက်နဲ့ တွေ့ခွင့်ပိတ်ခဲ့ပါတယ်.. Moonee ရဲ့ မိခင် Halley အကြောင်းပြောပါရစေ.. Halley ဟာ အသက်ငယ်ငယ်နဲ့ Moonee ကို မွေးခဲ့တာပါ… ပိုက်ဆံကလဲမရှာတတ်တော့ မိုတယ်ခတောင် အနိုင်နိုင်ပေးခဲ့ရပါတယ်.. ဒါတွေကို သိတဲ့ Halley သူငယ်ချင်း Ashley ဟာ Halley တို့သားအမိကို ကူညီပေးခဲ့ပါတယ်… Halley ဟာ သမီးနဲ့ စားဝတ်နေရေးအတွက် ပြည့်တန်ဆာအလုပ်လုပ်ပါတော့တယ်.. သူ့ဖောက်သည်တွေလာတဲ့အချိန်ဆို Moonee လေးကို ရေချိုးခန်းထဲပိတ်ထားခဲ့ပါတယ်… ကဲ ဒီတော့ Moonee ဒီအရှုပ်တွေထဲက ဘယ်လို ထွက်ပြေးမယ်… သားအမိနှစ်ယောက် ဘယ်လိုရုန်းကန်ရလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ…. ကလေးလေးတွေ သောင်းကျန်းတာမြင်တော့ ကိုယ့်ကလေးဘဝကို ပြန်ပြီးအမှတ်ရစေပါတယ်.. ဇာတ်လမ်းရှုခင်းတွေကလဲ အရောင်စုံပြီး တကယ်လှတာမို့ ကြည့်ရတာတန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါကြောင်း… ဆက်ဆက်ကြည့်ရှုကြပါလို့ တိုက်တွန်းလိုက်ပါတယ် CM ပရိတ်သတ်တို့.. File Size : (900 MB) Quality : WEB-DL 720p Running Time : 1hr 51min Format : Mp4 Genre :Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-FGT Translated by Lex Luthor Encoded by Thanhtike Zaw

Drama • Mystery • Thriller
7.4 2017 112 mins
The Florida Project
Madhi
9.3

Madhi(2022) IMDb-9.3/10 မာဒူးနဲ့အာဘီတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်။ ငယ်ငယ်တည်းက အိမ်ချင်းကပ်လျက်နေလာတဲ့ မာဒူးဆိုတဲ့ကောင်မလေးကို တလျောက်လုံးစိတ်မဝင်စားခဲ့ပေမယ့် တစ်နေ့လမ်းမှာ စကူတာအဝါလေးစီးပြီးဖြတ်သွားတာကို မြင်လိုက်တဲ့အခိုက်မှာတော့ အာဘီတစ်ယောက် တဖြုတ်ဖြုတ်ကြွေခဲ့မိတယ်။ လျောက်ပြန်သံပေးအဆင့်ကနေ တဖြည်းဖြည်းအဆင့်တွေတိုးလာတော့ ချစ်သူတွေဘ၀ကိုရောက်သွားခဲ့ပေါ့။ အချစ်စစ်တို့မည်သည် ဖြောင့်တန်းရိုးမရှိဆိုတဲ့စကားလို သိပ်ချစ်ကြတဲ့သူတို့နှစ်ဦးအတွက် မျိုးရိုးဇာတ်မတူတာကြောင့် အခက်အခဲတွေနဲ့ကြုံလာပါရော။ချစ်ရတဲ့အာဘီရဲ့အသက်အန္တရာယ်အတွက် ချစ်သူကိုစွန့်လွှတ်ဖို့ မိဘပေးစားတဲ့သူနဲ့ယူဖို့ မာဒူးတစ်ယောက် ဆုံးဖြတ်လိုက်ပေမယ့် နှစ်ဦးသား အရင်အတိုင်း ဆက်ချစ်နေဖို့ဆုံးဖြတ်လိုက်တဲ့အခါ။ နောက်ဆုံးမှာ သူတို့နှစ်ဦး ပျော်ရွှင်စွာပေါင်းဖက်သွားနိုင်မလားဆိုတာကတော့။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ BpL~Cherry~Yunni~Zwe~Vတို့ပဲဖြစ်ပါတယ်)

Romance • Comedy • Drama
9.3 2023
Madhi
Adik Sa’Yo
6.7

Adik Sa’Yo(2023) *************** ‌လူတွေဟာ တစ်ခုခုကို စွဲလမ်းတတ်ကြတာ သဘာဝပါ၊ နေ့စဉ်ကြုံတွေ့ခံစားရတဲ့ လောကဓံပင်လယ်ရဲ့ ကံကြမ္မာလှိုင်းလုံးကြားမှာ မြုပ်ချည်ပေါ်ချည် ရုန်းကန် ရှင်သန်ရင်း စိတ်ထွက်ပေါက် စိတ်သက်သာရာ ရှာတဲ့အခါ မတူညီတဲ့ ရွေးချယ်မှုတွေအမျိုးမျိုးနဲ့ပေါ့ တစ်ချို့က ဂိမ်းကစားရင်း စိတ်ထွက်ပေါက်ရှာတယ် တစ်ချို့က လောင်းကစားတွေလုပ်ပြီး စိတ်ပျော်ရွှင်မှု ရှာကြတယ် တစ်ချို့က အရက်ဘီယာသောက်စားပြီး စိတ်ကိုအပန်းဖြေ ထွက်ပေါက်ရှာကြတယ် ဒီဇာတ်ကားထဲမှာ ကောင်လေးက ငယ်ငယ်ထဲက အဖေက စွန့်ပစ်သွားတဲ့အချိန် အမေနဲ့ ကျန်ရစ်တဲ့ ညီလေးနဲ့အတူ ဘဝကိုရှင်သန်နေထိုင်လာခဲ့တယ် မိသားစုရဲ့ဝင်ငွေကိုရှာဖွေဖို့ အမေဖြစ်သူက ကြိုးစားရင်း မိသားစုဝင်အချင်းချင်း နားလည်မှုဖေးမမှုနဲ့ ဝေးကွာလာတဲ့အချိန် ကောင်လေးက ကျောင်းမှာ သူငယ်ချင်းတစ်ချို့နဲ့ Band တစ်ခုမှာ ဂီတအဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့တယ် ,,, စိတ်ထွက်ပေါက်အတွက်ပဲဆိုဆို မြည်းစမ်းချင်လို့ပဲဆိုဆို အချိန်တစ်ခုရောက်တဲ့အချိန်မှာ ကောင်လေးဟာ ဆေးစသုံးကြည့်ပြီး တစ်ဖြည်းဖြည်း ဆေးစွဲတဲ့အထိ ဖြစ်လာခဲ့တယ် … သူ့မှာ ငယ်စဉ်ထဲက အရင်းနှီးဆုံး သူငယ်ချင်းမလေး တစ်ယောက်ရှိတယ် ကောင်လေးအနားမှာ တစ်ကောက်ကောက်လိုက် သူလုပ်သမျှလိုက်ထိန်းရင်း ကောင်မလေးအတွက်တော့ ကောင်လေးဟာ သူ့ဘဝမှာ မရှိမဖြစ် စွဲလမ်းချစ်ခင်နေရသူပါ ကောင်လေးရဲ့ မိသားစုနဲ့တိုင်ပင် ဆေးဖြတ်စခန်းကို ရောက်အောင်ပို့ပြီး လမ်းမှန်ပေါ်ပြန်ရောက်အောင် တွန်းတင်ပေးရင်းသူ့အချစ်ကိုပြခဲ့တယ် ကောင်မလေးဘက်က အရူးအမူး သူ့အချစ်ကိုပြနေပေမယ့် ကောင်လေးဘက်က မထုံတတ်တေး အရင်းနှီးဆုံးသူငယ်ချင်း တစ်ယောက်လိုပဲ မြင်နေခဲ့တာ ကောင်လေးဆေးဖြတ်စခန်းက ပြန်လာပြီးနောက်ပိုင်း Delivery အလုပ်လုပ်ရင်း ဘဝသစ်ကိုကြိုးစားပုံဖော်နေတဲ့အချိန်နောက်ပိုင်း အလှည့်အပြောင်းလေးတွေဖြစ်လာပါတော့တယ်… ဒီကားလေးက သမားရိုးကျ ဖန်စီအချစ်ဇာတ်လမ်းကနေ ကွဲထွက်ပြီး မိသားစုကိုတန်ဖိုးထားတတ်ဖို့နဲ့ လမ်းကြောင်းမှန်ကို လျှောက်ရမှာမကြောက်ဖို့ လှလှပပလေး တင်ဆက်ထားတာပါ ဆင်ခြင်စရာလေးအနေနဲ့ကတော့ လိုတာထက်ပိုပြီး ဘယ်အရာကိုမှ မစွဲလမ်းတာ အကောင်းဆုံးပေါ့ဗျာ… File Size : (1.6GB) &(763MB) Quality : WEB-DL 1080p,720p Format…mp4 Duration…01:42:00 Genre :Drama Subtitle : Myanmar Subtitle (Hard Sub) Translated by AOI Encoded by Phyo Pyae

6.7 2023
Adik Sa’Yo
Gurren Lagann the Movie: The Lights in the Sky Are Stars
8

Gurren Lagann the Movie: The Lights in the Sky Are Stars (2009) =============================================== Gurren Lagann The Movie ဒုတိယပိုင်းဖြစ်တဲ့ ” The Lights in the Sky are Stars ” ဟာ ပထမ Movie ထက် Rating ပိုများပြီး IMDb 8.0 အထိ ရရှိခဲ့တဲ့ Anime ရုပ်ရှင် ကားကောင်းတစ်ခုဖြစ်ခဲ့တဲ့ အချက်ကနေ စပြောချင်ပါတယ်။ ” အမြင့်မှန်းတဲ့ လူသားအရိုင်းအစိုင်းတွေ သောင်းကျန်းလာရင် စန္ဒာလကတောင် ငရဲတမန် ဖြစ်လာပြီး Spiral ကမ္ဘာကို ချေမှုန်းလိမ့်မယ်။ ” …… အကြီးမားဆုံးရန်သူကို နှိမ်နင်းပြီးတဲ့ အခါမှာတော့ လူသားတွေအားလုံး မြေအောက်ထဲမှာသာအခြေချဖို့ အတင်းအဓမ္မဖိနှိပ်ခံရာ ကနေ လွတ်မြောက်ခဲ့ပါပြီ။ Spiral King ရဲ့ နောက်ဆုံးစကားကို မေ့မေ့ပျောက်ပျောက်ဖြစ် ပြီး မြို့ပြရပ်ကွက်တွေနဲ့စည်ကားနေတဲ့ Kamina City ကတော့ နေ့နေ့ညည အသက်ဝင်လို့ နေပါတယ်။ လွတ်လပ်ရေးဆောင်ကျဉ်းသူ Dai-Gurren အဖွဲ့ဝင်တွေထဲမှာ မြို့သစ်၊ ပြည် သစ်ရဲ့ အစိုးရအဖွဲ့သားတွေဖြစ်လာကြသူတွေရှိသလို သာမန်ဘဝလေးကို ရွေးချယ်သွားကြ သူတွေလည်း ရှိကြတာပေါ့။ Kamina မရှိတော့တဲ့နောက်မှာ အစိုးရအဖွဲ့အသစ်ကို ဦးဆောင်ရတာကတော့ Simon ပါပဲ။ တစ်မြို့လုံးရဲ့ အားပေးထောက်ခံမှု၊ ချစ်ခင်လေးစားမှုကို ရရှိထားတဲ့ Dai Gurren အဖွဲ့သား တွေရဲ့ တစ်ချိန်က တိုက်ပွဲဝင်ဖော်ဝင်ဖက် Gunmen တွေလည်း ငြိမ်းချမ်းတဲ့ကာလရဲ့ အရိပ် အောက်မှာ အနားယူနေဆဲပေါ့။ ဒီလိုအပူအပင်ကင်းတဲ့ ခေတ်ကာလမှာ Gunmen တွေ မြေ ပြင်ပေါ်ပြန်ရောက်မယ့် အရေးကိစ္စကြီးတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှထင်မထားခဲ့ကြ ပါဘူး။ ဒီလိုနဲ့ Spiral King ရဲ့ သတိပေးချက် အမှန်ဖြစ်လာမယ့်‌ တစ်နေ့မှာတော့ …. ” လက် ထပ်ရအောင် နိယ ” ရယ်လို့ Simon ရဲ့ အရဲစွန့်ခွင့်ပန်စကားလေး အဖြေကြားလိုက်ရချင်းမှာ တင် ရုတ်တရက်ပြောင်းလဲသွားတဲ့ နိယရဲ့ ထူးဆန်းတဲ့အပြုအမူတွေကြောင့် …. Happy ending နဲ့ စခဲ့တဲ့ဇာတ်လမ်းဟာ ဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်လာမလဲဆိုတာကိုတော့ Rating ကောင်းတွေကိုယုံပြီး ဆက်လက်ကြည့်ရှုလိုက်ကြပါလို့ပဲ Suggest လုပ်ချင်ပါတယ်။ Part 1 မကြည့်ရသေးသူများက ဒီလင့်ကနေ ကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Hnin Wut Yi မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူ များကတော့ Hnin Wut Yi, Ngwe Zin တို့ ဖြစ်ပါတယ်) File Size……….(2.71 GB) / (1.21 GB) Quality…………BLU-RAY 1080p / 720p Duration………2Hr 06Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Drama Translator…….Hnin Wut Yi, Ngwe Zin Encoder……….SWM

Action • Comedy
8 2009 126 mins
Gurren Lagann the Movie: The Lights in the Sky Are Stars
Which Brings Me to You
5.6

အားလုံးပဲ ဘဝမှာ တစ်ချိန်တစ်ခါက ကိုယ်စီအချစ် ဇာတ်လမ်းလေးတွေရှိကြမှာပါ…။ အဲ့ဒီအချစ်ဇာတ်လမ်းလေးတွေကို ပြန်တွေးကြည့်လိုက်ရင် ရသတစ်မျိုးစီ၊ အ‌ရောင်တစ်မျိုးစီ နှလုံးသားနဲ့ချီပြီး ခံစားကြရတယ်မလား။ နှလုံးသားမှာ ဒီလိုပုံပြင်လေးတွေ၊ အရောင်လေးတွေများလာရင် မွန်းကြပ်လာရပြီး ထပ်ချစ်မိဖို့ နောက်ထပ်အချစ်တစ်ခုအစပြုဖို့လည်း စိုးထိတ်သွားရလေ့ရှိတယ်တဲ့။ ထပ်ချစ်ဖို့မကြိုးစားတော့ဘဲ သွေးသားဆန္ဒကိုသာဦးစားပေးတတ် သူတွေ ဖြစ်သွားတတ်တာပေါ့၊ ဒီလိုအချိန်မှာ အကောင်းဆုံးနည်းလမ်းက အရင်ကဇာတ်လမ်းလေးတွေဆီကို တစ်ခေါက်ဆီအလည်သွားပြီး တစ်ယောက်အကြောင်းတစ်ယောက်သိအောင် ကြိုးစားဖို့ပါပဲ..။ အခုဇာတ်လမ်းလေးဟာ ဒီလိုဇာတ်လမ်းလေးပါပဲ။ ဝီလ်နဲ့ ဂျိန်းဟာ မင်္ဂလာဆောင်တစ်ခုမှ စတွေ့ခဲ့ရတဲ့သူစိမ်းတွေပေါ့…။ တွေ့တွေ့ချင်းမှာပဲ အဝတ်လဲခန်းထဲသွားပြီး ချစ်ကြည်နူးဖို့သာ စိတ်ကူးမိကြပါသတဲ့။ သို့ပေမဲ့ ရှေးဟောင်းနှောင်းဖြစ်အချစ်ဒဏ်ရာလေးတွေကို ပြန်ပြောမိရင်းက တစ်ယောက်နဲ့တစ်ယောက် တကယ်စိတ်ဝင်စားလာတဲ့အခါမှာတော့…. အရင်အချိန်တွေကို တစ်ခါပြန်အောင့်မေ့ရတဲ့အချစ်ဇာတ်လမ်းမျိုးကိုမှ သဘောကျရင် ဒီကားလေးကိုသာ ကြည့်လိုက်ပါတော့ဗျာ…။ File size…1.48 GB / 639 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.6 2024 98 mins
Which Brings Me to You
Pusher 3

Pusher 3 2005 ဒါရိုက်တာ Nicolas Winding Refn က သူ့ရဲ့လက်ရာမြောက်လှတဲ့ Pusher trilogy ကို သေမင်းတမန်လို့အမည်ပေးထားတဲ့ ‌တတိယမြောက်ဇာတ်ကားနဲ့ လှလှပပပိတ်သိမ်းခဲ့ပါတယ်။ ဒီကားလည်း IMDb 7.3 ပါပဲ။ Pusher 3 ထဲမှာပြန်အလှည့်ကျလာတဲ့ဇာတ်ကောင်ကတော့ ဘိန်းဖြူရောင်းရင်းရတဲ့ငွေမည်းတွေကို ငွေဖြူပြောင်းဖို့ ဟင်းမချက်တတ်ဘဲ စားသောက်ဆိုင်ဗန်းပြဖွင့်ထားတဲ့ မူးယစ်ဆေးဒိုင်ကြီး မီလို ပါပဲ။ ဒီတတိယမြောက်ရုပ်ရှင်မှာက ရှေ့နှစ်ကားထဲကလို အောက်ခြေကအချာပင်လေးတွေအကြောင်းမဟုတ်ဘဲ သူတို့အထက်က သူတို့ထက်ပိုပြီးဆရာကျတဲ့ခေါင်ကြီးတွေအကြောင်းကိုမြင်ရမှာပါ။ ဇာတ်လမ်းအစမှာတော့ စားသောက်ဆိုင်ပိုင်ရှင် မီလိုကြီးက သူ့သမီးရဲ့ ၂၅ နှစ်ပြည့်မွေးနေ့အတွက် ပါတီကြီးတစ်ခုကျင်းပပေးဖို့ရာစီစဉ်နေပါတယ်။ သမီးကိုတုန်နေအောင်ချစ်တဲ့ မီလိုကြီးက ပါတီပွဲကို တဆွေလုံးတမျိုးလုံးကိုဖိတ်ထားပြီး ဧည့်ခံကျွေးမွေးမယ့်အစားအသောက်တွေကိုလည်း ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးဖို့ရာ တာ၀န်ယူထားပါတယ်။ ဖြစ်ချင်တော့ အဲဒီနေ့မှာပဲ မူးယစ်ဆေးအရောင်းအ၀ယ်တစ်ခုကိုလုပ်ဖို့ရာ တပည့်တစ်‌ယောက်ကိုခိုင်းလိုက်မိပြီး တလွဲတချော်တွေဖြစ်ကုန်ပါတော့တယ်။ သမီးရဲ့‌မွေးနေ့ပါတီပွဲကိုလည်းမပျက်သွားစေချင်တဲ့ မီလိုကြီးတစ်ယောက် ဧည့်ခံကျွေးမွေးတဲ့ကိစ္စကတစ်ဖက် ချွတ်ချော်သွားတဲ့အရောင်းအ၀ယ်ကိစ္စကို စုံစမ်းဖြေရှင်းဖို့ကတစ်ဖက်နဲ့ အလုပ်တွေများကုန်ပြီး မူးယစ်ရာဇာ ဒုစရိုက်သမားတို့ထုံးစံအတိုင်း အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့ဖြေရှင်းဖို့လုပ်ရပါတော့တယ်။ ရှေ့နှစ်ကားတုန်းက မန်းရှင်းဖို့မေ့သွားတဲ့ pusher trilogy ရဲ့ထူးခြားချက်တွေကတော့ ဒီရုပ်ရှင်တွေထဲကဇာတ်ကောင်အများစုက အပြင်လောကမှာလည်း ရာဇ၀တ်သားအစစ်တွေပါ။ ဒီကားထဲက မူးယစ်ဆေးစွဲ‌နေသူ ပြန်လည်ထူထောင်ရေး အစည်းအဝေးတွေကိုတက်ခဲ့ကြတဲ့သူတွေကလည်း တကယ်ဆေးစွဲနေတဲ့သူတွေပါ။ မူဟာမက်ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့တဲ့ Ilyas Agac ဟာဆိုရင် ဒီရုပ်ရှင်အပြီးမှာ ထောင်ထဲကိုပြန်၀င်ခဲ့ရတာမလို့ ဒါရိုက်တာ Nicolas က ‌ရုပ်ရှင်ကိုအပြီးသတ်ရိုက်ကူးပြီးတဲ့အချိန်မှာ Ilyas Agac အတွက် ထောင်ထဲအထိလိုက်လံပြသ‌ပေးခဲ့ရပါတယ်တဲ့။ ဆိုတော့ကာ Pusher သုံးကားထဲမှာ ဒီကားကအကောင်းဆုံးလို့ပြောရပါမယ်။ ဆေးဖြန့်တဲ့ တရားမ၀င်လုပ်ငန်းကို ပရော်ဖက်ရှင်နယ်ဆန်ဆန်ကိုင်တွယ်နေတဲ့ အလယ်အလတ်တန်းစား သူဌေးတစ်ယောက်အနေနဲ့ အောက်ခြေကငချွတ်လေးတွေနဲ့မတူဘဲ သက်ဆိုးရှည်နေတဲ့အချက်ကတော့ ပြဿနာတွေ ကွိုင်တွေတက်လာရင်လည်း ပရော်ဖက်ရှင်နယ်ဆန်ဆန်ဖြေရှင်းတာလို့ပြောရပါမယ်။ ဖြေရှင်းဖို့အတွက်လည်း လူအင်အားကော ငွေကြေးပါပြည့်စုံတာကိုး။ ဒီကားထဲမှာတော့ ရှေ့ကားတွေထက်ပိုကြမ်းတဲ့ အလောင်းဖျောက်တာ ဘာညာတွေကို သေချာ စ လယ် ဆုံး ရိုက်ကူးပြထားတာမလို့ သွေးသံရဲရဲဇာတ်၀င်ခန်းတချို့ကိုလည်းမြင်ရမှာပါ။ မီလိုကြီးတစ်ယောက် မိသားစုကိစ္စနဲ့ စီးပွားရေးကိစ္စကို တညတည်းမှာဘယ်လိုကိုင်တွယ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ရှုစားလိုက်ပါဦး။ File size…(2.8 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Horror
0 2005
Pusher 3
From Embers
5

မိသားစုနဲ့အတူ ကြည့်ဖို့ Family ဇာတ်ကားကောင်းလေး တစ်ခုကို CM ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ ခင်ပွန်းသည်က ဓာတ်ခွဲခန်း မီးလောင်ပေါက်ကွဲမှာ သေဆုံးသွားပြီးနောက်ပိုင်း အော်တစ်ဇင်သားငယ်နဲ့အတူ ဘဝကို ရုန်းကန်ကြိုးစားနေတဲ့ လီလီရှုဆိုတဲ့ အမျိုးသမီး၊ အရက်စွဲနေတဲ့ အနုပညာဂီတသမား တစ်ယောက် ဖြစ်သလို သမီးတစ်ယောက်ဖခင်ဖြစ်တဲ့ မာတီ။ လီလီအနေနဲ့ ခင်ပွန်းဖြစ်သူ သေဆုံးပြီးနောက်ပိုင်း အသက်အာမခံ ပရီမီယံကြေး ထုတ်ယူဖို့ ကြိုးစားရာကနေ ခင်ပွန်းဖြစ်သူ သေဆုံးခဲ့ရမှုဟာ သာမန်ပေါက်ကွဲမှု မဟုတ်ဘဲ သံသယဖြစ်ဖွယ် အချက်တွေကို သိလာပြီးနောက်ပိုင်း အမှုမှန် ပေါ်ပေါက်ဖို့အတွက် ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ။ ဘယ်လိုအန္တရာယ်တွေ စောင့်ကြိုနေမလဲဆိုတာ အားပေးကြည့်ရှုလိုက်ကြပါဦးလို့…။ File size… (1.24GB) / (641MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 39m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Thriller
5 2024 99 mins
From Embers
The Hustler
7.9

ဒီဇာတ်ကားဟာ ၁၉၅၉ ခုနှစ်ထွက် အမေရိကန်စာရေးဆရာ Walter Tevis ရဲ့ အမည်တူစာအုပ်ကို အခြေခံရိုက်ကူးထားတဲ့ Edward “Fast Eddie” Felson ဆိုသူ pool player တစ်ယောက်ရဲ့ အနိုင်အရှုံးတွေအကြောင်းပါ။ အက်ဒီဟာ နယ်လှည့်ကာ ကျူထိုးရင်း အသက်မွေးနေတဲ့သူတစ်ယောက်ပါ။ ကစားပွဲအစမှာ မကစားတတ်ချင်ယောင်‌ဆောင်ပြီး နောက်မှကြေးမြှင့်ကာ အနိုင်ယူတတ်တဲ့ Hustler တစ်ယောက်။ သူ့ရဲ့ရည်မှန်းချက်ဟာ ၁၅ နှစ်လုံး ဘယ်သူမှအနိုင်မယူနိုင်ခဲ့တဲ့ ဂန္ဓ၀င်ကစားသမားကြီး Minnesota Fats ကိုအနိုင်ယူဖို့ဖြစ်တာကြောင့် စိန်ခေါ်လိုက်တဲ့အချိန်မှာ နိုင်နိုင်ရှုံးရှုံး ဘယ်အချိန်ရပ်ရမယ်မှန်းမသိဘဲ အရည်အချင်းတစ်ခုပဲရှိတဲ့ အက်ဒီတစ်ယောက် ဘယ်လိုမျိုးတွေဖြစ်လာမလဲ။ နှဲသမားပါးစပ်လို ပိန်‌လိုက်ဖောင်းလိုက်ဖြစ်နေတဲ့ သူ့ဘ၀ရဲ့အဆိုးဆုံး အခြေအနေမှာ ဆာရာဆိုသူမိန်းကလေးတစ်ယောက်နဲ့လည်း ဆုံဖြစ်ခဲ့တယ်။ ဇာတ်လမ်းအစကနေ အဆုံးထိ အက်ဒီဟာ တကယ့်ကို ငယ်ရွယ်တဲ့လောင်းကစားသမားတစ်ယောက်ပီသခဲ့ပါတယ်။ File size…(1.8 GB)/(810 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:14:00 Genre… Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Drama
7.9 1961 134 mins
The Hustler