YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Scorpion.2007.FRENCH.720p.BluRay.(CM).mp4

854.25 MB N/A video/mp4 284 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
42
7.1

ဒီတစ်ခါ CM Fan တွေ အတွက် Black Panther ရုပ်ရှင်ကားနှင့် ပိုပြီးလူသိများ ကျော်ကြားခဲ့သော ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသားChadwick Boseman ရဲ့ ရုပ်ရှင်ကားကောင်း တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် ၁၉၄၅ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးတော့ အမေရိကန်နိုင်ငံရဲ့ ရှေ့တန်းထွက်နေရတဲ့သူအားလုံး အမိမြေကိုပြန်လာကြပါတယ်။ အဲဒီမှာ အာဖရိကန်-အမေရိကန်လူမျိုးတွေလည်းပါပါတယ်။ သူတို့ဟာ နာဇီစစ်တပ်ရဲ့လူမျိုးရေးခွဲခြားမှုကို တိုက်ခိုက်အနိုင်ယူခဲ့ကြပေမယ့် အမိမြေပြန်ရောက်တဲ့အချိန်မှာတော့ သူတို့အပေါ် လူမျိုးရေးခွဲခြားမှုကြီးက စောင့်ကြိုနေပါတယ်။ သူတို့ဟာ လူဖြူတွေနဲ့ အိမ်သာအတူတူသုံးခွင့်မရှိဘူး၊ ရေချိုးခန်းတစ်ခန်းထဲအတူသုံးခွင့်မရှိဘူး၊ ဟိုတယ်ထဲတည်းခွင့်မရှိဘူး စတဲ့ခွဲခြားမှုပေါင်းမျိုးစုံရှိနေတာပါ။ ဒီလိုအဖြစ်မျိုးက အမေရိကန်တစ်နိုင်ငံလုံးမှာဖြစ်ပျက်နေတာပါ။ ဘေ့စ်ဘောလောကမှာလည်း အတူတူပါပဲ။ ၁၉၄၆ ခုနှစ်မှာ စာရင်း၀င်ဘေ့စ်ဘောအသင်း ၁၆သင်းရှိခဲ့ပြီး စာရင်း၀င်ကစားသမား အယောက် ၄၀၀ရှိခဲ့ပါတယ်။ အဲဒီအယောက် ၄၀၀လုံးကလည်း လူဖြူတွေပါ။ ဒါပေမယ့် ၁၉၄၇ ခုနှစ်ရောက်တော့ ဘရွတ်ကလင်ဒေါ့ဂျာစ်အသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ မစ္စတာရစ်ကီဟာ လူမည်းကစားသမား ဂျက်ကီရော်ဘင်ဆင်ကို ခေါ်ယူခဲ့ပါတယ်။ ဒီလိုခေတ် ဒီလိုအခါမှာ လူမည်းကစားသမားကိုထခေါ်တော့ ကန့်ကွက်သူပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပြီး ကျောနံပါတ်၄၂ ဂျက်ကီရော်ဘင်ဆင်ကလည်း ကစားပွဲထဲမှာရော ကစားပွဲပြင်ပမှာပါ လူမျိုးရေးခွဲခြားမှုတွေ၊ ခြိမ်းခြောက်စာမျိုးစုံကိုပါ ရခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ ဒီခွဲခြားမှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီး အနိုင်ရဖို့ ကြိုးစားအားထုတ်ခဲ့ကြတာကိုတွေ့ရပြီး ဘေ့စ်ဘောလောကကြီးက လူမျိုးရေးခွဲခြားမှုကို ဘယ်လိုမျိုးပြောင်းလဲခဲ့လဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…  1.82 GB /  894 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h 8m Genre .....  Drama, Sport Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka

Comedy • Romance
7.1 2013 128 mins
42
Haywire
5.7

ဒီတစ်ခါမှာတော့ ၂၀၁၁ ခုနှစ်ကထွက်ရှိခဲ့တဲ့ အက်ရှင်ဇာတ်ကြမ်းကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်. . မင်းသမီးကတော့ Deadpool တို့ The Mandalorian တို့ထဲက မင်းသမီးချောလေး Gina Carano ပါဗျာ... တစ်ချိန်က MMA Fighter တစ်ယောက်ဖြစ်ခဲ့တဲ့မင်းသမီးလေးဆိုတော့ ဒီလိုတစ်ကိုယ်တော် ကြမ်းဟဲ့ ရမ်းဟဲ့ဆိုတဲ့ကားမျိုးကျ မိုက်မိုက်မိုက်ပေါ့ဗျာ... ဇာတ်လမ်းအကျဉ်းကတော့ မရိန်းတပ်သားတစ်ယောက်ဖြစ်တဲ့ မယ်လိုရိကိန်းဟာ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ကိုကယ်ဖို့အတွက် ပုဂ္ဂလိကုမ္ပဏီတစ်ခုကငှားရမ်းတဲ့အတွက် သွားရောက်ဆောင်ရွက်ပေးခဲ့ပါတယ်...ဒါပေမဲ့ သူ့ကိုအလိုမကျသူတစ်ယောက်ရဲ့ အကွက်ကျတဲ့စီစဉ်မှုတွေအောက်မှာ သူဟာ လူသတ်သမားရယ်လို့ ဝရမ်းထုတ်ခံရပြီး သူ့နောက်ကိုလည်း ကြေးစားလူသတ်သမားတွေလိုက်လံသတ်ဖြတ်လာတဲ့အခါမှာတော့ အက်ရှင်အသားပေးကားမို့ ရုပ်ရှင်ပရိသတ်တွေကော MMA ပရိတ်သတ်တွေကော အကြိုက်တွေ့မယ့်ကားတစ်ကားပဲဖြစ်ပါတယ်.. File Size :(1.89GB)(0.98 GB) and (385 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:33:00 Genre : Action ,Thriller , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae

Mystery • Thriller
5.7 2011 93 mins
Haywire
The Unforgivable
7.5

အမှားမကျူးလွန်ဖူးတဲ့ ပုထုဇဉ်လူသားဆိုတာ လက်​​တွေ့ဆန်ဆန်​ ပြောရရင် မရှိနိုင်ပါဘူး။ လူတိုင်းအနည်းနဲ့အများ​​တော့ မှားခဲ့ဖူးတဲ့ အခိုက်အတံ့​တွေရှိမှာပါ၊ အဲဒီအမှားက ကြီးလား ​သေးငယ်လား၊ ခွင့်လွှတ်လို့ရလား မရဘူးလားဆိုတာက​တော့ ကိုယ့်အမှား​ကြောင့် နစ်နာသွားတဲ့ တစ်ဖက်လူရဲ့ Perspective​ပေါ်မှာပဲ မူတည်​နေမှာပါ ဒီရုပ်ရှင်ဟာ Netflixက အသစ်ထွက်ရှိထားတဲ့ Drama, Thriller ကားစစ်စစ်ဖြစ်ပြီး ဝါရင့်မင်းသမီးကြီး Sandra Bullockကိုယ်တိုင် ​ခေါင်း​ဆောင် ပါဝင်ထားပါတယ်။ 2009 ခုနှစ်က ထွက်ရှိခဲ့တဲ့ စီးရီးတို The Unforgiven ကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် Ruth Slater ဟာ ငယ်စဉ်ကကျူးလွန်ခဲ့တဲ့ ပြစ်မှုတစ်ခု​ကြောင့် နှစ်ရှည်​ထောင်ဒဏ် ချမှတ်ခံခဲ့ရသလို ညီမ​ဖြစ်သူ Katherineနဲ့ ​ဝေးခဲ့ရပါတယ်။ ထောင်ကလွတ်လာတဲ့အချိန်မှာ​တော့ ညီမဖြစ်သူကို ရှာ​ဖွေဖို့နဲ့ လူ့အသိုင်းအဝိုင်းထဲကို ပြန်ဝင်ဆံ့ဖို့ Ruthတစ်​ယောက် ကြိုးစားရပါ​တော့တယ်။ ဒါ​ပေမဲ့Ruthလွတ်လာတာကို မ​​ကျေနပ်တဲ့ Ruthရဲ့ အမှားကို ခွင့်လွှတ်နိုင်စွမ်းမရှိ​သေးတဲ့ နစ်နာသူမိသားစုက ကလဲ့စား​ချေဖို့ အပြင်းအထန်ကြိုးစားလာခဲ့တဲ့အခါ.... Ruth ကျူးလွန်ခဲ့တဲ့အမှားက ဘာများလဲ၊ ဘာ​ကြောင့် နစ်နာသူ​တွေ ခုချိန်ထိ ခွင့်မလွှတ်နိုင်ကြတာလဲ၊ အငြိုးနဲ့ အာဃာတ​တွေကြားထဲက Ruth အ​နေနဲ့ ညီမ​ဖြစ်သူနဲ့ ပြန်လည်ဆုံစည်းခွင့်ရမလားဆိုတာကို မင်းသမီးကြီးနဲ့အတူ ကိုယ်တိုင်လိုက်ပါ စီး​မျောခွင့်ရမယ့် တန်းမြင့် Dramaကားစစ်စစ်ပဲ ဖြစ်ပါတယ် အညွှန်းကို JimX က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ JimX နဲ့ Pyi Ti Nyein ပဲ ဖြစ်ပါတယ်။ Genre.....Crime,Drama Quality….WEB-DL 1080p and 720p File size… 1.8GB and 1 GB and 350MB Format…mp4 Duration….1h 52min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX and Pyi Ti Nyein Encoder ..... August

Drama • Romance
7.5 2021 112 mins
The Unforgivable
Sakura
6.3

Sakura (2020) မင်းသမီးလေး Nana Komatsu ပါဝင်ထားပြီး iMDB rating 6.3/10 ရရှိထားတဲ့ မိသားစုဒရာမာ ရုပ်ရှင်ဖြစ်ပါတယ်။ အိုဆာကာမှာနေထိုင်ကြတဲ့မိသားစုလေးတစ်ခုမှာ သားသမီး၃ယောက်ရှိပါတယ်။ ဆာကူရာဆိုတာကတော့ သူတို့ငယ်ငယ်တည်းကမွေးထားတဲ့ခွေးလေးရဲ့နာမည်ပါ။ အကြီးဆုံးသား ဟာဂျိမဲ၊သားလတ် ခအိုရုနဲ့ အငယ်ဆုံးကတော့ သမီးလေး မိခိပါပဲ။ အငယ်ဆုံးကျမှ သမီးလေးမွေးတာမို့ မိဘတွေရော အစ်ကိုတွေကပါချစ်ပြီးအလိုလိုက်ကြပါတယ္။ ဒါကြော်င့မိခိက တစ်ကိုယ်ကောင်းဆန်ပြီး တဇွတ်ထိုး သူဖြစ်ချင်တာပဲသိပါတယ်။ အစ်ကိုကြီး ဟာဂျိမဲက အားကစားထူးချွန်ပြီး ဂုဏ်ယူရတဲ့သားတစ်ယောက်ပါ။ သားလတ် ခအိုရုကတော့ သူ့လောက်မတော်ဘဲ အစ်ကိုကြီးနဲ့အမြဲနှိုင်းယှဉ်ခံရပေမဲ့ မနာလိုစိတ် အလျဉ်းမရှိခဲ့သူပါ။ အစ်ကိုကြီးရည်းစားထားတော့လည်း မိခိက သဘောမကျဘဲ ကလန်ကဆန်တွေလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ပွင့်လင်းနွေးထွေးတဲ့ အားကျစရာမိသားစုလေးလိုပါပဲ။ ဒီလိုနဲ့ အားလုံးက အားကိုးချစ်ခင်ရတဲ့ သားကြီး ဟာဂျိမဲကို taxiတစ်စီးကဝင်တိုက်ပြီး အောက်ပိုင်းချိ မျက်နှာထိခိုက်သွားတဲ့အခါမှာတော့ မိသားစုအခြေလေး ပျက်ခဲ့ရပါတော့တယ်။ ဒီလိုမထင်မှတ်ထားတာတွေနဲ့ မိသားစုလေးက ဘယ်လိုရုန်းကန်ဖြတ်သန်းခဲ့ကြပြီး ပြန်လည်ကုစားခဲ့ကြလဲဆိုတဲ့အကြောင်းတွေကို ကြည့်ရှုရမှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(2.1GB) / (830MB) Quality__WEB-DL_1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:59:00 Type__Drama, Family Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Crime • Drama • Thriller
6.3 2020
Sakura
Love You Ram
8.4

Love You Ram ( 2023 ) ===================== IMDb 8.4/10 ‌ဒေဗီယာဆိုတဲ့ ကောင်မလေးဟာ မိသားစုအဆင်မပြေမှုတွေကြောင့် လူတောမတိုးရဲသူပါ။ ဒါပေမဲ့ တစ်နေ့မှာ သူဟာ ရမ်ဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့စကားကြောင့် သတ္တိတွေရှိသွားခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပြန်ရလာတဲ့အပြင် ရမ့်ကိုလည်း တိတ်တခိုးချစ်မိသွားခဲ့ပါတယ်။ ဒီလိုနဲ့ အရွယ်တွေရောက်လာပြီး ပြန်ဆုံတွေ့ကြတဲ့အခါ ဒေဗီယာဟာ ရမ်ရဲ့စကားအတိုင်း တစ်သက်လုံးနေခဲ့ပေမဲ့ ရမ်ကတော့ အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်တတ်တဲ့ ကြောင်သူတော် စီးပွားရေးသမား တစ်ယောက်ဖြစ်နေတဲ့အခါမှာတော့…။ ပရိသတ်တွေ အချိန်ပေးရတာ တန်စေမဲ့ ၂ ရာရီစာ တေလေဂူးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်…။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, Cherry, Moon, V နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ )

8.4 2022
Love You Ram
The Outwaters
4

Found-footage အမျိုးအစားဝင် ၂၀၂၂ ခုနှစ်ထွက် အမေရိကန် horror ရုပ်ရှင်ကားတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ပုံမှန် horror ရုပ်ရှင်ကားပုံစံထက် မှတ်တမ်းဗီဒီယိုရုပ်သံကို ပြန်ခံစားရတဲ့ မှတ်တမ်းဇာတ်လမ်းပုံစံမျိုး တမူထူးခြားတဲ့ ရသကိုခံစားမိရမှာပါ။ Horror ကားဆိုပေမယ့် Nope (2022) တို့လို အစပိုင်းမှာ sci-fi ဆန်ဆန်ဆွဲခေါ်သွားပြီး ဇာတ်လမ်းတစ်ဝက်အကျော်မှသာ horror ရသကို သွေးသံရဲရဲနဲ့အပြည့်အဝခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ ကုန်ကျစရိတ် ဒေါ်လာ ၁၅,၀၀၀ ဝန်းကျင်သာသုံးထားပေမယ့် Rotten tomatoes မှာ rating 74% ထိရပြီး ဆုအနေနဲ့လည်း ၂၀၂၂ ခုနှစ် Unnamed Footage Festival နဲ့ Dead of night film featival မှာ Best feature ဆုတွေရထားတာဖြစ်လို့ အောင်မြင်တယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။ သရုပ်ဆောင် Robbie Banfitch ကိုယ်တိုင် ရေးသားရိုက်ကူး ပါဝင်သရုပ်ဆောင်ထားပြီး အခြားသရုပ်ဆောင်များကတော့ Angela Basolis၊ Michelle May၊ Scott Schamell၊ Leslie Ann Banfitch၊ Christine Brown နဲ့ Aro Caitlin တို့ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ကယ်လီဖိုးနီးယားတောင်ပိုင်း မိုဟာဗီးသဲကန္တာရထဲမှာ သီချင်းဗီဒီယို outdoor ရိုက်ကွင်းရိုက်ဖို့သွားတဲ့ သူငယ်ချင်းလေးယောက် ရော်ဘီ၊ အန့်ဂျ်၊ စကော့တ်နဲ့ မစ်ရှယ်လ်တို့အကြောင်းဖြစ်ပါတယ်။ ဇာတ်ရဲဌာနကို ဖုန်းခေါ်တိုင်ကြားတဲ့အသံနဲ့ memory card တစ်ခုကို ရဲဌာနက စစ်ဆေးကြည့်ရှုတဲ့မြင်ကွင်းနဲ့ ဇာတ်လမ်းကိုစဖွင့်ထားပါတယ်။ရော်ဘီနဲ့ စကော့တ်က ညီအစ်ကိုတွေဖြစ်ပြီး အဆိုတော်ပေါက်စဖြစ်တဲ့ မစ်ရှယ်လ်အတွက် သီချင်းဗီဒီယိုရိုက်ကွင်းသွားဖို့ ခရီးထွက်ကြပါတယ်။ အစပိုင်းမှာ ပြသနာမရှိပေမယ့် မိုဟာဗီးသဲကန္တာရထဲမှာ စခန်းချတဲ့အချိန်မှာ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေ၊ သဘာဝအတိုင်းမဟုတ်တဲ့ အသံဗလံတွေကြားလာရပါတယ်။ စခန်းချတဲ့ဒုတိယညမှာ မိုးချုန်းသံလိုလိုဘာလိုလိုအသံနဲ့ ထူးထူးဆန်းဆန်းလေသံတွေကြားလို့ စကော့တ်နဲ့ ရော်ဘီတဲပြင်ထွက်ကြည့်မိရာကနေ သူတို့လေးယောက်အတွက် နောက်ပြန်မလှည့်နိုင်မယ့် ကံဆိုးမိုးမှောင်ကျမှုနဲ့ ဖြစ်ရပ်ဆန်းတွေကို ကြုံတွေ့လိုက်ကြရပါတော့တယ်။ File size…(2.25 GB)/(1.26 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:50:00 Genre…Horror, Sci-Fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

Documentary • War • History • Drama
4 2022 110 mins
The Outwaters
Club Zero
5.9

Club Zero (2023) ~ IMDb – 5.9/10, Rotten Tomatoes – 63% ~ Club Zero က Alice in Wonderland တို့၊ Crimson Peak တို့၊ Stoker တို့ရဲ့ မင်းသမီး Mia Wasikowska ကို တမူကွဲပြားတဲ့ ပုံစံနဲ့မြင်ရမယ့် ရုပ်ရှင်ပဲ။ အဲလစ်ထဲက ကလေးမလေးက သူရောဟုတ်ရဲ့လားထင်ရလောက်အောင် ရုပ်လည်းတော်တော်ကျသွားသလို သရုပ်ဆောင်တာလည်း ကြမ်းလာတယ်။ Club Zero က Palme d’Or ဆန်ခါတင်ဝင်ခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ နောက်ခံတေးဂီတဆုတွေတော့ တခြားရုပ်ရှင်ပွဲတော်တွေမှာ တော်တော်လေးရထားတယ်။ ဒါရိုက်တာဖြစ်တဲ့ Jessica Hausner ကတော့ သိပ်တော့မရင်းနှီးပေမဲ့ ဟိုးကတည်းက ကိန်းစ်မှာ ဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ ဒါရိုက်တာပဲ။ ဒီကားကတော့ သူ့အရင်ကားတွေနဲ့ Genre မတူဘူး။ Black Comedy, Thriller လို့ဆိုတဲ့ ဒီကားကိုတော်တော်များကတော့ Fail တယ်လို့‌ပြောကြတယ်။ ဇာတ်က ဈေးကြီးကြေးကြီးကျောင်းတစ်ကျောင်းမှာ ဇာတ်အိမ်တည်ထားတယ်။ အဲဒီကျောင်းကို ဆရာမအသစ်ရောက်လာတယ်။အဲဒီဆရာမသင်ပေးတာက အစားစားဖို့။ အစကတော့ သတိနဲ့အစားစားဖို့ သင်ပေးတာပဲ။ အစားကို ငါစားနေပြီ ငါစားနေတယ် ငါမျိုချလိုက်ပြီ သေချာသတိလေးနဲ့စားရင် ဗိုက်ခဏခဏမဆာဘူးလို့တော့ ဆိုတာပဲ။ အဲဒီလိုစားတာကလည်း အများကြီးစားရင် ခန္ဓာကိုယ်အတွက်မကောင်းဘူး။ နည်းသည်ထက်နည်းအောင်စား ဆိုပြီး ဇာတ်လမ်းက စလာတယ်။ အဲဒီလိုစရင်းနဲ့မှ အစားစားဖို့သင်ပေးတာကနေ အစားမစားဖို့ သင်ပေးတာဖြစ်သွားတယ်။ အကုန်လုံးအငတ်ခံဆန္ဒပြသလိုကို နေနေကြဖို့ တိုက်တွန်းထားတယ်။ သူ့အမျိုးအစားက ဘလက်ကော်မဒီဆိုပေမဲ့ Satire လိုလိုတော့ သွားထားတာပဲ။ သူ့ပြဿနာက ဘာကိုသရော်ချင်လို့ သရော်ချင်မှန်း သိပ်မသည်းကွဲနေဘူး။ ဒါကလည်း ကြည့်တဲ့လူတိုင်းနီးပါးဖြစ်တဲ့ပြဿနာပဲ။ ဘာပဲဖြစ်ဖြစ် ဘာပေါ်တာမပေါ်တာတွေ အသာထား ဒီတိုင်းကြည့်မယ်ဆိုရင်တော့ ဇာတ်က ဘလက်ကော်မဒီအရသာတော့ပေးနေတုန်းပဲ။ ဆိုတော့ တော်တော်ကြောင်တောင်တောင်နိုင်တဲ့ဇာတ်ကို ခပ်စားစားတင်ဆက်ထားတာ အပျင်းပြေကြည့်ချင်ရင်တော့ တော်တော်ကြည့်ရပျော်တယ်။ ကြည့်လို့ကောင်းတယ်။ အစားဆုံးကတော့ စားသည်ထက်စားလာရင်း နောက်ဆုံးအထိ စားသည်ထက်စားသွားတာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 930MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 50Min Genre – Comedy, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

5.9 2023 110 mins
Club Zero
Lost in Perfection
6

အလုပ်လုပ်ရာမှာအရမ်းစေ့စပ်သေချာပြီးနာမည်ကြီးသတင်းထောက်ဖြစ်တဲ့ ဟွမ်လိမေဟာ လူတိုင်းကလေးစားအားကျ အတုယူနေတဲ့သတင်းထောက်တစ်ယောက်ပါ မကြာခင်မှာသွားအထူးကုဆရာဝန်နဲ့လက်ထပ်တော့မယ့်သူပေါ့ ဒီလိုနဲ့တစ်နေ့ရာထူးတိုးအိမ်ပြန်လာတဲ့အချိန် အိမ်မှာ အဖေဖြစ်သူကတစ်တိုက်တည်းနေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ချင်ကြောင်းပြောလာခဲ့တယ်။ ဟွမ်လိမေကတော့ မိထွေးဖြစ်သူကို အစတည်းကမကြည်ခဲ့ပါဘူး တစ်နေ့မှာတော့လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့လို့ သတင်းထောက်ပီပီ သတင်းစုံစမ်းရာကနေ သေဆုံးသူက သူ့မိထွေးဖြစ်လာမယ့်သူ ဟယ်ရိူ့လန်နဲ့ ပတ်သက်နေတာသိလိုက်ရတယ်။ ဟယ်ရိူ့လန်ဆိုသူကတော့ငယ်ရွယ်စဉ်မှာ ဆင်းရဲတဲ့မိသားစုကနေမွေးပြီး အနှိပ်ခန်းမှာအနှိပ်နှိပ်ပေးရင်း ခန္ဓာကိုယ်ရောင်းစားလေ့ရှိတဲ့အမျိုးသမီးပေါ့။ သူနဲ့ပတ်သက်တဲ့ လူမှန်သမျှမီးဖိုကထွက်တဲ့မီးသွေးငွေ့နဲ့ အသက်ရူကျပ် အဆုံးစီရင်ပြီးကိုယ့်ကိုယ် သတ်သေသွားကြတယ်။ ဒါကိုဟွမ်လိမေ အပါအဝင်မီဒီယာအကုန်လုံး တစ်နိုင်ငံလုံးက ဟယ်ရိူ့လန့်တစ်ယောက် ယောကျ်ားတွေကိုချူစားပြီးသတ်ပစ်တဲ့အသားစားဘီးလူးမလို့ နာမည်တွင်ကြတာပေါ့။ဟွမ်လိမေကလည်း အဖေဖြစ်သူအသတ်ခံရမှာစိုးလို့ရဲစခန်းနဲ့ပေါင်းပြီး ဟယ်ရိူ့လန်ကိုထောင်ချရန် အမှုဖော်ထုတ်ကူညီပေးခဲ့တယ်။ ဒီလိုနဲ့ဟွမ်လိမေ တစ်ယောက်ထောင်ကျသွားတဲ့အချိန်မှာပဲ ဟွမ်လိမေတစ်ယောက် သူ့အဖေအေးချမ်းနေလို့ရပြီ ထင်ထားခဲ့ပေမဲ့ သူ့အဖေကောအဖွားပါ သေဆုံးသွားရာကနေ သူ့အဖေသေဆုံးရတဲ့အကြောင်း သတင်းပေးပို့လာတဲ့အခါမှာဟွမ်လိမေတစ်ယောက် ဘယ်လိုတွေဆက်လုပ်ကြမလဲ။ သူ့အဖေကကော ဘာကြောင့်များ သေဆုံးရတာလဲ ဟယ်ရိူ့လန်ကကောဘာကြောင့် သူနဲ့ပတ်သက်ခဲ့ဖူးတဲ့လူတွေအကုန်လုံးသေဆုံးတဲ့အချိန် တူညီတဲ့နည်းလမ်းအတိုင်းသုံးထားရတာလဲ။တရားခံကကော စတဲ့မေးခွန်းထုတ်စရာတွေကို ဒီဇာတ်လမ်းလေးထဲမှာစောင့်မျှော်ကြည့်ရူလိုက်ရအောင်

Science Fiction • Action • Adventure • Animation • Crime • Drama • Fantasy • Thriller
6 2023
Lost in Perfection
Forget Me Not

Forget me not 2024 မေ့မရတဲ့ချစ်ဒုက္ခ အချစ်ဟာလိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလားဆိုတာတော့မသိပေမဲ့ နှလုံးသားနဲ့ဦးနှောက်ရဲ့ အားပြိုင်မှုအောက်မှာ မကြာခဏဆိုသလို လမ်းပျောက်ရတတ်တာကတော့ ဒီအချစ်ဆိုတဲ့အရာပါပဲ။ အော်သီရဲ့နှလုံးသားကို အချစ်ဆိုတဲ့အရာနဲ့ မိတ်ဆက်ပေးခဲ့တဲ့ဖာဟင်းတစ်ယောက် သူ့ရဲ့နှလုံးသားမှာ ဒီအချစ်မျိုးစေ့လေး အမြစ်တွယ်ခါမှ ရုတ်တရက်ကြီး ခြေရာဖျောက်သွားပါတော့တယ်။ အော်သီလည်း ဒွိဟသံသယတွေနဲ့ ဒေါသတွေ ရောပြွန်းကျန်ရစ်ဖြစ်ပြီး မိုတူဇာဆီကနေ လက်ထပ်ခွင့်တောင်းခံရပြီးမှ ပျောက်နေတဲ့ဖာဟင်းက ဘယ်ကမှန်းမသိ ပြန်ပေါ်လာပါတော့တယ်။ အချစ်ဦးဆိုတာ အနှစ် ၁၀၀ မမေ့နိုင်သူဆိုတော့ အော်သီတစ်ယောက် လက်ထပ်ခွင့်တောင်းတာကို လက်ခံပြီးမှ စိတ်ခံစားချက်တို့ လွန်ဆွဲနေချိန် ဖာဟင်းက ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားချိန်မှာတော့ …. ဖာဟင်းတစ်ယောက် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတာဘာကြောင့်လဲ။ ချစ်ခဲ့ပြီးမှ ဘာလို့ရုတ်တရက် ခြေရာဖျောက်ဂို့စ်သွားတာလဲ။ အော်သီကရော ဒါတွေကိုစုံစမ်းရင်းနဲ့ သူ့နှလုံးသားထဲကမေးခွန်းရဲ့အဖြေကို ရှာတွေ့နိုင်မလားဆိုတာကတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ BpL ~ Yunni တို့ပဲဖြစ်ပါတယ်)

0 2024 90 mins
Forget Me Not
Parshawan
6.8

Parshawan2024 (ညီအစ်ကို ချစ်သံယောဇဉ်) ဟာမန်နဲ့ ဂုရုတို့ဟာ မိဘတွေမရှိတော့ကတည်းက အတူတူနေထိုင်လာကြပြီး အရမ်းကိုချစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်ပေါ့။ ဟာမန့်မှာတော့ ချစ်စရာဇနီးလေးရှိပြီးတော့ ဂုရုကတော့ မိဘတွေရဲ့ဆန္ဒအတိုင်း အရာရှိစာမေးပွဲဖြေဆိုဖို့အတွက် စာအုပ်ပုံကြားထဲနစ်နေသူတစ်ဦးပေါ့။ဒီလိုနဲ့နေလာကြရင်း မရီးဖြစ်သူက ဂုရုအပေါ်မှာ စာအုပ်ပုံတွေကြားပဲနေနေပြီး အစ်ကိုဖြစ်သူကို အလုပ်ကူမလုပ်တဲ့အတွက် အမြင်မကြည်မှုတွေဖြစ်လာပါတော့တယ်။ အဲဒီနောက်မှာ မရီးဖြစ်သူဟာ သူ့ညီမဖြစ်သူနဲ့ ဂုရုကို ပေးစားပြီးတော့ အိမ်ကြီးကို အုပ်စိုးချင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ မရီးဖြစ်သူနဲ့ ဂုရုတို့ ပြဿနာဖြစ်ကြရင်း ဂုရုရဲ့စာအုပ်တွေကို မရီးဖြစ်သူက မီးရှို့ပစ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ဂုရုတစ်ယောက်အိမ်ပေါ်ကနေ ဆင်းလာခဲ့တော့တာပေါ့။ အရမ်းချစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက် မိန်းမတစ်ယောက်အတွက်နဲ့ ဝေးကွာသွားပြီး ဘယ်လိုတွေ ခရီးဆက်ကြမလဲ ……. ဂုရုတစ်ယောက်ရော သူရည်မှန်းထားတဲ့ အရာရှိစာမေးပွဲကို အောင်မြင်အောင်လုပ်နိုင်မှာလား …… ဂုရုရဲ့ ချစ်ခရီးလမ်းကရော ဘယ်လိုတွေ ကြမ်းတမ်းပြီးတော့ သူတို့ မိသားစုတွေ ပြန်လည်ပြေလည်သွားကြမလား ….. ဆိုတာတွေကို ကြည့်ရှုရမယ့် ပန်ဂျာပီကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo ~ V~ Alex ဖြစ်ပါတယ်)

6.8 2024
Parshawan
Genius
6.5

Maxwell Perkins ဟာ နာမည်ကျော် အမေရိကန်စာရေးဆရာကြီးများဖြစ်တဲ့ The Great Gatsby ကို ရေးသားခဲ့သူ F. Scott Fitzgerald နဲ့ စာပေနိုဘယ်ဆုရှင် Ernest Hemingway တို့ကို တွေ့ရှိစင်တင်ပေးခဲ့သူ အယ်ဒီတာတစ်ဦးဖြစ်ပြီး ၁၉၂၉ ရဲ့ တစ်ခုသောနေ့မှာ သူ့ဆီကို စာမျက်နှာပေါင်း တစ်ထောင်ကျော်တဲ့ စာမူတစ်ထပ်ကြီး ရောက်လာပါတယ်။ အဲဒီစာမူပိုင်ရှင်က Thomas Wolfe ဆိုတဲ့ မထင်မရှား လူငယ်စာရေးဆရာတစ်ဦးဖြစ်ပြီး Maxwell ကလည်း စာမူကို အကြမ်းသဘော ဖတ်မိရာကနေ တစ်ပတ်တာလုံးလုံး ဇနီးနဲ့သမီးတွေကိုတောင် ဂရုမစိုက်အားဘဲ စာမူကို လက်ကမချစတမ်း ဖတ်ရှူမိပါတော့တယ်။ နောက်ဆုံးမှာ Maxwell ဟာ Thomas Wolfe နဲ့ တွေ့ဆုံပြီး ဒီစာမူကို စာအုပ်အဖြစ်ထုတ်ဝေဖို့ စာချုပ်ချုပ်လိုက်ရာကနေ “Look Homeward, Angel” ဆိုတဲ့ စာအုပ်ဖြစ်လာပြီး Thomas Wolfe ဟာလည်း အမေရိကန်စာပေသမိုင်းမှာ အရေးပါဆုံး စာရေးဆရာတစ်ဦး ဖြစ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာလည်း Maxwell နဲ့ Thomas တို့အကြားမှာလည်း ထူးခြားလေးနက်တဲ့ ဆက်ဆံရေးမျိုးနဲ့ မမေ့နိုင်စရာ အဖြစ်သနစ်တွေ ပေါ်ပေါက်လာပါတော့တယ်။ ဒီဇာတ်ကားကို တိုနီဆုရ ဒါရိုက်တာ Michael Grandage ရိုက်ကူးထားပြီး ဉာဏ်ကြီးရှင် အယ်ဒီတာလို့ လူသိများတဲ့ Maxwell Perkins နဲ့ ဉာဏ်ကြီးရှင် စာရေးဆရာလို့ ထင်ရှားတဲ့ Thomas Wolfe တို့နှစ်ဦးအကြားက မတူကွဲပြားတဲ့ အယူအဆတွေနဲ့ လေးနက်တဲ့ ဆက်ဆံရေးအပြင် သူတို့မိသားစုတွေအပေါ် သက်ရောက်လာတဲ့ အကျိုးဆက်တွေကို ဖွဲ့ဆိုတင်ဆက်ထားတဲ့ Drama/History ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အက်ဖ်စကော့ ဖစ်ဂျရယ်နဲ့ အားနက်စ်ဟဲမင်းဝေးတို့နဲ့ အဲဒီခေတ် အမေရိကန်စာပေလောကကိုလည်း တစေ့တစောင်း မြင်တွေ့နိုင်ပါသေးတယ်။ Maxwell အဖြစ် Collin Firth ၊ Thomas Wolfe အဖြစ် Jude Law ၊ Thomas ရဲ့ အတူနေချစ်သူအဖြစ် Nicole Kidman ၊ Scott Fitzgerald အဖြစ် Guy Pearce ၊ Ernest Hemingway အဖြစ် Dominic West တို့လို နာမည်ကျော် သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ ဒရာမာ နှစ်သက်သူတွေ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(1.6 GB)/(750 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:44:00 Genre… Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

6.5 2016 104 mins
Genius
The Keeper
6.2

အလုပ်တစ်ခုကိုစလုပ်ပြီးရင် ပြီးအောင်လုပ်ဖို့ Moti လိုနေတဲ့ သူတွေအတွက် ဖြစ်ရပ်မှန်ဇာတ်ကားလေးတစ်ကားကို တင်ဆက် ပေးလိုက်ပါတယ်။ဒီဇာတ်ကားလေးကတော့ ၂၀၂၁ ခုနှစ်တုန်းက ဂျော့ဂျ်လို့ခေါ်တဲ့ အမေရိကန်စစ်ပြန်တစ်ယောက် လမ်းလျှောက် တောင်တက်ခဲ့တဲ့ခရီးစဉ်ကိုရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ နာမည်ကိုတော့ The Keeper လို့ပေးထားပြီး လက်ရှိ IMDb Rating 6.2 အထိရရှိထားပါတယ်။ သူလမ်းလျှောက်တောင်တက်တာဘာထူးဆန်းလို့လဲမေးရင်တော့ သူနဲ့အတူတူတိုက်ပွဲဝင်ခဲ့တဲ့ စစ်ပြန်ရဲဘော်တွေထဲကမှ ပြန်လာပြီး သိပ်မကြာခင်မှာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့ကြတဲ့ စစ်ပြန်ပေါင်း ၃၆၃ ယောက်ရဲ့နာမည်ပြားတွေကိုသူ့ရဲ့ခရီးသွားလွယ်အိတ်ကြီးမှာ အလေးခံချိတ်ဆွဲပြီး အပလာချီယန်လမ်းကြောင်းကို မိုင်ပေါင်း ၂၁၉၃ မိုင် သွားခဲ့တဲ့ခရီးဖြစ်နေလို့ပဲဖြစ်ပါတယ်။သူ့ရဲ့အဓိကရည်ရွယ်ချက်ကတော့ အဲ့ဒီနာမည်ပြားတွေထဲမှာပါတဲ့လူတွေအတွက်ရည်ရွယ်ပြီး ဂုဏ်ပြုဖို့ အတွက်ပဲဖြစ်ပါတယ်။အသက်လည်းနည်းနည်းရနေပြီဖြစ်တဲ့ ဂျော့ဂျ်တစ်ယောက်အတွက် ခရီးလမ်းကခက်ခဲပေမဲ့ လမ်းမှာတွေ့တဲ့ တခြားသောစစ်ပြန်တွေပေးတဲ့ခွန်အားတွေနဲ့ရှေ့ဆက်ပြီး မလျှော့သော ဇွဲနဲ့ပန်းတိုင်ကိုအရောက်လှမ်းခဲ့တဲ့ခရီးစဉ်ကိုစိတ်ဝင်စားစရာရှုစားရမှာ ဖြစ်တဲ့အတွက် ဖြစ်ရပ်မှန်ဇာတ်ကားလေးတွေသဘောကျတဲ့လူတွေ အတွက်တော့ အကြိုက်တွေ့စေမှာအသေအချာပါပဲ။ File size… (1.56GB) / (855MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.2 2024 111 mins
The Keeper
Romeo + Juliet
6.7

Romeo + Juliet (1996) IMDb Rating (6.7) / Rotten Tomatoes (72 %) အကယ်၍များ တစ်ဦးတစ်ယောက်က ကျွန်တော့်ကို အကြီးအကျယ်ဆုံး အချစ်ဝတ္တုတစ်ပုဒ်လို့ မေးလာရင် William Shakespeare ရဲ့ ရိုမီရို ဂျူးလိယက်ကို အရင်ဆုံးသတိရမိမှာပါ။ စစ်မှန်တဲ့ အနုပညာလက်ရာကောင်းတစ်ခုက ခေတ်တွေကို ဖြတ်ကျော်နိုင်တယ်ဆိုသလိုပဲ Romeo & Juliet ဟာလဲ သက္ကရာဇ်၁၅၀၀ကျော်ကနေ ယနေ့ ၂၀၀၀ကျော်အထိ ထင်ရှားဆဲ အနုပညာပစ္စည်းတစ်ခုအဖြစ် ဖြစ်တည်နေဆဲပါပဲ။ ရှိတ်စပီးယားရဲ့ ရိုမီရို ဂျူးလိယက်ပြဇာတ်ဟာ Star-Crossed Lover လို့ခေါ်တဲ့ သူက ကိုယ့်အတွက်.. ကိုယ်က သူ့အတွက် ဖြစ်တည်ပါတယ်လို့ သတ်မှတ်ပြီးသား ချစ်သူ ၂ယောက်ရဲ့ ကြယ်တွေဆီမှာ သတ်မှတ်ပြီးသား ကံကြမ္မာတွေကို လွန်ဆန်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ” Romeo must die “လို့ပြောတဲ့အထိ အာဃာတအချို့နဲ့ ကမ္ဘာကြီးရဲ့ အကျည်းတန်မှုနဲ့ ချစ်ခြင်းမေတ္တာရဲ့လှပမှုကို အချိုးကျကျ ရောစပ်ထားပါတယ်။ ရုပ်ရှင်ပြန်ရိုက်တဲ့အခါမှာလည်း အကြိမ်ကြိမ် Reboot ရိုက်ကူးကြပေမယ့် ဒီနေ့ထိတိုင် ဟောင်းမသွားသေးတဲ့ ရိုမန့်ရုပ်ရှင်တစ်ကားအဖြစ်ရပ်တည်နိုင်ဆဲဖြစ်ပါတယ်။ ဒီ Versionမှာတော့ Modern ပုံစံနဲ့ ပြန်အသက်သွင်းထားပေမဲ့ ရှိတ်စပီးယားရဲ့ ပြဇာတ်ကစကားတွေအကုန်ယူသုံးထားပါတယ်။ ဒါကလည်း ဒီကားရဲ့ တစ်မူထူးခြားချက်ပါပဲ။ သုံးထားတဲ့ မင်းသားကလည်း Leonardo ဖြစ်နေတဲ့အပြင် Juliet နေရာက Claire Danes ရဲ့ နတ်သက်ကြွေတဲ့ အလှကြောင့်ပါ အတော်ရုပ်လုံးကြွတဲ့ Characterတွေ ဖြစ်လာပါတယ်။ ဒီ Versionက Romeo Juliet တွေထဲ ကျွန်တော့်အကြိုက်ဆုံး version ဆိုလည်းဟုတ်ပါတယ်။ ကမ္ဘာကြီးက Romantic မဆန်ပါဘူး ချစ်သူတွေကပဲ ကမ္ဘာကြီးကို Romantic ဆန်စေခဲ့တာပါ။ ဟိုးငယ်ငယ်တုန်းကတော့… ဒီဇာတ်လမ်းရဲ့ Endingကို Sad Ending လို့ ကျွန်တော်ထင်မှတ်ဖူးခဲ့ပေမဲ့ သေချာတွေးကြည့်မိရင် မလွယ်ကူတတ်တဲ့ ဒီလိုကမ္ဘာကြီးမှာ လူနှစ်ယောက်အပြန်အလှန် အဆုံးမဲ့ချစ်ရဲပြီးတဲ့နောက် သူတို့ရဲ့ ဖြစ်တည်မှု အဓိပ္ပါယ်တစ်စုံတစ်ရာရပြီးတဲ့နောက် အတူတူအဆုံးသတ်ခဲ့ရခြင်းကို Sad Ending လို့ကျွန်တော် မဆိုချင်တော့ပါဘူး။ ကဗျာတစ်ပုဒ်ထဲကလိုပါပဲ.. “အနုပညာမှာ..ဘဝမှာ…အချစ်မှာ… အဆုံးသတ်ရန်တစ်နေရာမှာတော့ အဆုံးသတ်လိုက်ရတာပါပဲ။” (ရုပ်ရှင်အညွှန်းကို ဝီရအောင်မှရေးသားပြီး ဘာသာပြန်ကို Demon မှ တင်ဆက်ထားပါတယ်။)

Action • Crime • Romance • Comedy
6.7 1996 120 mins
Romeo + Juliet
Little Siberia
5.8

စိတ်ဝင်စားစရာကောင်းတဲ့ နယ်မြို့လေးတစ်မြို့က အဖြစ်အပျက်တွေကိုစိတ်ကူးယဉ်တီထွင်ပုံဖော် ရိုက်ကူးထားတဲ့ ဖင်လန်ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကတော့ Little Siberia ဖြစ်ပြီး လက်ရှိ IMDb Rating 5.8 ရရှိထားပါတယ်။ ကိုယ်နဲ့မရင်းနှီးတဲ့ နယ်မြို့လေးကိုပြောင်းသွားခဲ့တဲ့ သင်းအုပ်ဆရာလင်မယားနဲ့ အဲ့ဒီမြို့လေးမှာဖြစ်လာမဲ့ ထူးဆန်းတဲ့အဖြစ်အပျက်တွေအကြောင်းကို ဟာသ ဒရာမာ သည်းထိပ်ရင်ဖိုတို့နဲ့ပေါင်းစပ်တင်ဆက်ထားတဲ့ အတွက်အပျင်းပြေရှုစားလို့ကောင်းမဲ့ ဇာတ်ကားလေး တစ်ကားပဲဖြစ်ပါတယ်။ အထက်မှာပြောခဲ့တဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့သင်းအုပ် ဆရာလင်မယားက ကလေးရဖို့အရေးကြိုးပမ်းနေခဲ့ကြပေမဲ့ လက်တွေ့ အကောင်အထည်မပေါ်လာသေးလို့ အနည်း အကျဉ်းတော့စိတ်ညစ်နေရသူတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့ပြောင်းလာတဲ့နယ်မြို့လေးမှာ တစ်ယောက်တစ်မျိုး လူထုအကျိုးသယ်ပိုးရင်းနဲ့နေထိုင် နေခဲ့ကြပါတော့တယ်။ဒီလိုနဲ့သိပ်မကြာခင်မှာ သူတို့ မြို့လေးဆီဥက္ကာခဲတစ်လုံးကြွေကျလာခဲ့ပြီး တစ်မြို့လုံး ဗြောင်းဆန်သွားပါတော့တယ်။ဒီဥက္ကာခဲကို ရောင်းစား ချင်တဲ့သူတွေ ခရီးသွားဆွဲဆောင်ဖို့ပြထားချင်သူတွေ ကိုယ့်မြေပေါ်ကျလို့အပိုင်သိမ်းချင်သူတွေနဲ့ရှုပ်ရှတ်ခတ် နေခဲ့ပြီး နောက်ဆုံးမှာတော့ ပြတိုက်ထဲပဲရောက်သွားပါ တော့တယ်။ဒါပေမယ့်ဒီဥက္ကာခဲရဲ့တန်ဖိုးက မနည်းမနော ဖြစ်တဲ့အတွက် ညဖက်ကင်းစောင့်ဖို့လူလိုလာပါတော့တယ်။ ဒီအခါမှာ အရင်တုန်းကစစ်သားဖြစ်ခဲ့ဖူးတဲ့အတွက် သင်းအုပ် ဆရာက လုပ်အားပေးကင်းစောင့်ပေးဖို့ဆုံးဖြတ်ပြီးနောက်ပိုင်း ဒီဥက္ကာခဲကိုအရင်းခံပြီး ဘယ်လိုအဖြစ်အပျက်မျိုးတွေ ဖြစ်လာဦးမယ်ဆိုတာကို ရှုစားရမဲ့ စိတ်ဝင်စားစရာ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.17 GB) / (702 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 45m Genre …. Comedy , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Thriller • Crime
5.8 2025 105 mins
Little Siberia